Subscribe to our RSS Feed

ယောက်ျားမိန်းမ ထိုကိစ္စ

From : ..ခလေးလေး



ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော
သတင်းတပုဒ်ပါရှိလာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ
သန်လျင် GTCကျောင်း၏ စာသင်ခန်းအတွင်း ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး
နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာနက်ပေါ်လွှင့်တင်လိုက်ရာ
ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက်  ယခုအခါ ဗွီဒီယိုအခွေများအဖြစ်
ရောက်ရှိလာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည်
ဆိုသည့်သတင်း ဖြစ်သည် ၊ မိမိစိတ်က ပထမဆုံးအကြိမ်ထွက်ရှိသောMelody World
တေးစီးရီးတွင်ပါဝင်လျှက် နာမည်ထွက်လာခဲ့သော အဆိုတော်မလေးတစ်ယောက်
ကိုလည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည်လည်း GTCကျောင်းသား
ကျောင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊ သူမအတွက် ပိုဆိုးတာက
သူမသည် ပြည်သူသိ အဆိုတော်တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့်
သူမအနုပညာပါ သေသွားရသည် ၊ ယခုအခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင်
မသိရတော့၊ သူမအကြောင်းတွေးမိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊
ထို့နောက် နှမျှောစိတ်လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း
မကင်းနိုင်သည့်ကိစ္စတစ်ခုကြောင့် ဘ၀နှင့်ရင်းထားရသော အနုပညာလမ်းကြောင်းမှ
သွေဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင်
ဘယ်လောက်များအရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများရပ်တည်နေရမလဲ
ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊
ထို့ပြင် အဆိုတော်တစ်ယောက်ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး
တစ်ယောက်၏ ဟိုတယ်ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း
အင်တာနက်ပေါ်ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေတို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက်
ဖြစ်ခဲ့ရသည် ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော
အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုးအပြစ်ဆိုစရာ ဖြစ်ခဲ့ရသည် ၊
အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသားသားပြောရလျှင် ရိုင်းသည်ဟုလည်း
မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက်
ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝသာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊
ဘာသာရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင်
ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသောမိန်းမယောက်ျားတိုင်း ကင်းနိုင်သော
အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်းသာ ကွာမည်၊ ဘ၀၏ကန့်လန့်ကာနောက်ကွယ်
မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမယောက်ျားတိုင်းအတွက် ကြီးမားသော
အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရားအနိုင်ကျင့်မှုမျိုး
မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊
အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန်အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊
ဤအဆိုသည် ယေဘုယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင်
လူနှင့်တိရစ္ဆာန် များစွာ ခြားနားခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့သည်
သူတို့၏ စိတ်အလိုဆန္ဒပြည့်ဝရေးအတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦးသဘောတူ ကျင့်ကောင်း
ကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်းလွတ်သည်သာ
ဖြစ်သည် ၊ ဤအဆိုကို တစ်ချို့လူကြီးလူကောင်းများက ခပ်ရှက်ရှက်နှင့် ငြင်းကောင်းငြင်းမည်
ဖြစ်သော်လည်း သဘာဝတရားကို အနည်းငယ်စဉ်းစားထောက်ဆကြည့်လျှင်တော့ ငြင်းဆိုဖို့
အလွန်ခဲယဉ်းပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊
ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာနက်ပေါ်ရောက်နေသော
မြန်မာအမျိုးသားအမျိုးသမီးတို့၏ ဖိုမသဘာဝလိင်ကိစ္စတို့ကို အကာအကွယ်ပေးနေခြင်းမဟုတ်၊
ကိုယ့်အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ
ကြသော လူကြီးလူကောင်းများ စဉ်းစားဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု
တရားကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား
ထားရှိရေးပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည်
နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ၊
ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ်မရအောင်
အလွယ်တကူ ရိုက်ကူးထားနိုင်သော စက်ပစ္စည်းများ ပေါများသော ခေတ်ဖြစ်သည် ၊
မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော်ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့်
ပြဿနာမရှိနိုင်သော်လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ
များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿနာများ ဖြစ်နိုင်စွမ်းရှိသည် ၊
အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမသဘာဝ လိင်ကိစ္စတွင်
နာမည်ပျက်စရာဖြစ်လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက်သည် ၊
ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင်
ကင်မရာထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာဆင်ခြင်သင့်သည် ၊အမျိုးသားလုပ်သူက
“ ပြန်ဖျက်ပါ့မယ် “ ဟု ပြောတိုင်းလည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ်
တွေ့ရသော မြန်မာညစ်ညမ်းဇာတ်ကားအများစုသည် ပြန်ဖျက်ပါ့မယ်ဟူသောစကားကို
ယုံကြည်မှုမှ ပေါက်ထွက်လာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည် ၊ ဤနေရာတွင်
ယောက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင်ပါသည် ၊ ယောက်ျားအများစုသည်
ကျန်သောကိစ္စများထက် လိင်ကိစ္စတွင် အချင်းချင်းကြွားလိုသော စိတ်သဘာဝရှိကြသည် ၊
ထိုစိတ်သဘာဝနှင့်ပင်  သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို
သူ့အပေါင်းအသင်း တစ်ဦးမဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊
တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက်ရောရောပင် မျှဝေပေးလိုက်ပါသေးသည် ၊
 ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး၏ အရှက်နှင့်သိက္ခာအတွက်တော့ တွေးဝံ့စရာ
မရှိတော့၊ အယုံအကြည်လွန်ကဲသော အမျိုးသမီးများ တစ်ခုသတိထားဖို့က မိမိနှင့်ဆက်ဆံ
သော မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျားသည် မိမိနှင့် အစဉ်ထာဝရ
အဆင်ပြေနေမည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက်
 အဆင်မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦးမည်သာ ဖြစ်သည် ၊
 ထိုအခါ ယောက်ျားလုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို
ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းစသည်များလည်း ကျန်ရှိမည်ဆိုလျှင် မိမိ၏အရှက်နှင့်
သိက္ခာကတော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံ
ပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲမှာပင် ပြီးပြတ်တာအကောင်းဆုံး ဖြစ်သည် ၊
ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင်GTCကျောင်း၏အဖြစ်အပျက်ကဲ့သို့
မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေးအောင် လုံခြုံမှုကို အထူး
ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း
ယခုလို လိင်ကိစ္စများကို နှစ်နှစ်ခြိုက်ခြိုက်ခံစားနေကြသည်ကား မှန်၏ ၊ သို့ရာတွင်
ကမ္ဘာဦးကတည်းက ဖြစ်တည်လာသောလူ့စည်းမျဉ်းဥပဒေက ကွယ်ကွယ်ဝှက်ဝှက်သာ
ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုးအတိုင်း
“ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော်ပြပါ
Melody World မှ တက်လာသောအဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည်
အလွဲမသွေ ပျောက်ဆုံးပါလိမ့်မည်၊ ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါး
လေးကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စတို့ဖြင့်နာမည်ထွက်သော bloggerဆိုဒ်
များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်းသလို ရယ်စရာလည်းကောင်းသည်၊
ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင်
တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊
ဒီကောင်မလေးတွေ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊
ဖော်ချွတ်ပြတတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊
(ဤစကားရပ်တွင် တကယ့်ကို ဣနြေ္ဒသိက္ခာကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊
မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီးများစွာ
ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့လာကြည့်ပြီးနောက်
အမှတ်မထင်သုံးသပ်မိသော အတွေးမျှသာ ဖြစ်ပါသည်၊ )
vzoချက်ရာတွင် ၀ါသနာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့်ပဲဖြစ်ဖြစ် ဖော်ချွတ်
ပြခြင်းသည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်သည် ၊
ပြဿနာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူထားပြီး
အင်တာနက်ပေါ်လွှင့်တင်ခြင်းပင် ဖြစ်သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို
မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊
ထို့ကြောင့် ခပ်လွယ်လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သောကောင်မလေးများ
အနေဖြင့် ဘာမဟုတ်သည့်ကိစ္စလေးတစ်ခုနှင့် မိမိတို့၏ရည်မှန်းချက်များ ၊ အနာဂတ်ဘ၀များ
အဖုအထစ်မဖြစ်စေရန် လေးလေးနက်နက်တွေးတောဆင်ခြင်သင့်ပါသည် ၊
ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ်မထင်ပြုမူလိုက်မိသောကိစ္စရပ်လေးတစ်ခုက မိမိ၏
မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါသည်၊
ဤဆောင်းပါးတွင် မြန်မာ့လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့်
နည်းမျိုးစုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြောချင်မိ
သော်လည်း မိမိ၏ ပြောစကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက်
ကုရာနတ္ထိ ဆေးမရှိပေ ၊ နှမချင်း ကိုယ်ချင်းစာနာတတ်သောစိတ်ကလေး နည်းနည်းလောက်
ထားပေးနိုင်ကြလျှင်တော့ အထူးဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်၊
အထက်ပါစကားရပ်တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား
အနိုင်ကျင့်စော်ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါးလင်ယောက်ျားနှင့်
နောက်မီးလင်းခြင်းကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတို့၏
နှစ်ဦးသဘောတူချစ်ရည်လူးသည့်ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊
ဒီကိစ္စသည် ဘ၀တစ်ခုအတွက် အရေးပါသောစည်းစိမ်ဖြစ်သည် ၊ ခံစားလိုက ခံစားပိုင်ခွင့်
ရှိသည် ၊ ဘာသာရေးပုဂ္ဂိုလ်အနည်းငယ်မှတစ်ပါး အနန္တစကြာဝဠာတစ်ခုလုံး ဒီစည်းစိမ်ကို
ခံလည်း ခံစားနေကြသည် ၊သို့ရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံထားသော
လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏
အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာရိုက်ကူး၍
အင်တာနက်ပေါ်လွှင့်တင်ခြင်းမျိုးမဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက်
သောကြောင့် ထင်ထင်ရှားရှားဖြစ်လာသောချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း
ယဉ်ကျေးမှုအမြင်ဖြင့် အပြစ်ရှုထောင့်ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်
ပေးနိုင်ကြစေရေးသည် ဤဆောင်းပါး၏ ပဓာနရည်ရွယ်ရာ ဖြစ်ပါသည် ၊
မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူးပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူးတင်ပါသည် ……..။

.. www.MyanmarExpress.net
 

ဆင်ဆာမဲ့ခွေများရောင်းချသူ၏ ကွင်းဆက်အရဆက်လက်ဖမ်းဆီးရာ ဆင်ဆာမဲ့ခွေ(၁)သိန်းကျော်ဖမ်းဆီးရမိ

From : ..News of Myanmar


၃၁.၇.၂၀၁၃ ရက်နေ့၁၇၄၅ အချိန် တာမွေမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိနှင့်အဖွဲ့သည်ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ သက်သေများနှင့်အတူ တာမွေမြို့မရဲစခန်း(ပ)၃၁၇/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ၃၂(က)/(ခ) အမှုအားကွင်းဆက်ဖေါ်ထုတ်စစ်ဆေးချက် အရ ကျောက်တံတားမြို့နယ်၊(၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ သန့်ဇင်(ဘ)ဦးမြင့်သိန်း၊ သာကေတမြို့နယ် နေသူ၏MOVIE MART ဆိုင်သို့ ၀င်ရောက်ရှာဖွေရာ ဆိုင်၏မြေညီထပ်မ ခေါက်စားပွဲ (၁၈)လုံးပေါ်တွင် ရောင်စုံပလပ်စတစ်ခြင်းမျိုးစုံ(၁၄၂)ခြင်းဖြင့် ထည့်လျက်နိုင်ငံခြားဆင်ဆာမဲ့ သီချင်း/ဇာတ်လမ်း/ ကာတွန်း ရုပ်ပုံများပါDVD ခွေမျိုးစုံ(၆၁၂၀၀)ချပ်၊ ငွေစက္ကူရောရာ (၁၆၀၀၀၀)ကျပ်၊ဆိုင်အပေါ်ထပ်မှMOVIE MARI လိပ်စာကဒ် (၅၀)ကဒ်နှင့် စုပုံထားသော ဆင်ဆာမဲ့နိုင်ငံ ခြားဇာတ်လမ်း/ကာတွန်း/သီချင်းရုပ်ပုံများပါDVD ခွေမျိုးစုံ (၄၁၉၄၀)ချပ်၊ စုစုပေါင်းDVDခွေမျိုးစုံ(၁၀၃၁၄၀)ချပ်အား တွေ့ရှိဖမ်းဆီးရမိသဖြင့် ဆင်ဆာမဲ့ခွေများ ရောင်းချသူ သန့်ဇင်အား ကျောက်တံတားမြို့မ ရဲစခန်း(ပ) ၂၇၄/၂၀၁၃၊ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)/(ခ)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

.. www.MyanmarExpress.net
 

ကမ္ဘာ့ သရဲအခြောက်ဆုံး ဆေးရုံ

From : ..မောင်စိုင်း (ကနောင်)

Beechworth Lunatic Asylum ဆေးရုံဟာ ဗစ်တိုးရီးယားမြို့၊သြစတေးလျ မှာရှိပါတယ်။နှစ်ပေါင်း ၁၂၈ နှစ်ကျော်ပါပြီ။Mayday Hills Lunatic Asylum က မူလနာမည်ဖြစ်ပါတယ်။

အဲဒီဆေးရုံဟာ စိတ်ကျန်းမာရေးဆေးရုံဖြစ်ပြီးတော့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ဒီဆေးရုံက လူနာတွေဟာ ထူးဆန်းစွာ မဖော်ထုတ်နိုင်ဘဲ သေဆုံးခဲ့ကြပြီးတော့ အချို့ကတော့ ဆေးရုံထဲမှာပဲ ထူးဆန်းစွာပျောက်ဆုံးပြီး နောက်ထပ်ပြန်မပေါ်လာတော့ပါဘူး။

ဒီဆေးရုံမှာ နှစ်ပေါင်း ၁၀၀ အတွင်း လူ ၉၀၀၀ ခန့် ထူးဆန်းစွာပျောက်ဆုံးခဲ့ကြပါတယ်တဲ့။၁၉၉၅ ခုနှစ်မှာ အစိုးရက အဲဒီဆေးရုံကို ပိတ်ပစ်ခဲ့ပါတယ်။

ကမ္ဘာ့ သရဲအခြောက်ဆုံးဆေးရုံ၁၀ရုံစာရင်းမှာ နံပါတ် ၁ နေရာချိတ် ခဲ့ပါတယ်။
 

.
. www.MyanmarExpress.net
 

ဂျပန်ရင်းနှီးမြှုပ်နှံမှု သုံးနှစ်ကျော်အတွင်း ထိပ်ဆုံးသို့ရောက်လာနိုင်

From : ...popular


မြန်မာ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်တန်းသုံးနိုင်ငံစာရင်းသို့ ဂျပန် ၃ နှစ်ကျော်ကာလအတွင်း ဝင်ရောက် လာနိုင်ကြောင်း သမ္မတ၏ စီးပွားရေး အကြံ ပေး ဒေါက်တာဇော်ဦးက ပြောသည်။ ၁၉၈၈-၁၉၈၉ ခုနှစ်ကစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းတွင် တရုတ်၊ ထိုင်းနှင့် ထိုင်ဝမ် သုံးနိုင်ငံက ထိပ်ဆုံးပိုင်း တွင် နှစ် ၂ဝ ကျော် နေရာယူခဲ့သည်။
”အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာကို ဂျပန်က ရင်းနှီးမြှုပ်နှံမှု အကောင်း ဆုံးအနေနဲ့ သတ်မှတ်ထားပြီးပြီလို့ သိထားရ ပါတယ်” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ် အတွင်း ဂျပန်က ရင်းနှီးမြှုပ်နှံမှု အလုံးအ ရင်းဖြင့် ဝင်လာလိမ့်မည်ဟုလည်း ဒေါက်တာ ဇော်ဦးက သုံးသပ်ပြီး လက်ရှိ၌လည်း လာ နေကြပြီဟု ထောက်ပြသည်။ရင်းနှီးမြှုပ်နှံမှု ကော်မရှင်စာရင်းအရ လက်ရှိတွင် ဂျပန်၏ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံ ၏ အဆင့် ၁၁ နေရာတွင် ရှိနေသည်။
ဂျပန်ကုမ္ပဏီ ၃၅ ခုမှာ ၂ဝ၁၃ ခုနှစ် ဇွန် ၃ဝ အထိ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၂၇ဝ ဒသမ ၂၈၃ သန်းဖြင့် စက်မှု၊ ကုန် ထုတ်၊ သတ္တုလုပ်ငန်းစသည်တို့တွင် လုပ်ကိုင် မှုပြုနေကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးတင့်က ပြော သည်။ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးက ၎င်း၏ ရုံးခန်းသို့ လာ ရောက်ဆွေးနွေးမှု အများဆုံးမှာ ဂျပန် သာဖြစ်၍ ဂျပန်၏ အနာဂတ်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ များလာနိုင်ကြောင်းသုံးသပ်သည်။သို့သော် အစိုးရသစ်တက်ပြီး သက် တမ်းတစ်ဝက်ကျော်တွင် တရုတ်၏ ရင်းနှီး မြှုပ်နှံမှုမှာမူ ထိပ်ဆုံးတွင် ရှိနေသေးကြောင်း ၎င်းထံမှ သိရသည်။စာရင်းများအရ ကဏ္ဍအလိုက် ရင်းနှီး မြှုပ်နှံမှုတွင် လျှပ်စစ်၊ စွမ်းအင်နှင့် သတ္တု ကဏ္ဍတို့က အားလုံး၏ ၈ဝ ရာခိုင်နှုန်းခန့်တွင် ရှိနေဆဲ ဖြစ်သည်။

. www.MyanmarExpress.net
 

တက္ကသိုလ်ခုနစ်ခု တောင်တက်၍ SEA Games ကြိုမည်

From : ..the voice

တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း (အောက်မြန်မာပြည်) မှ တက္ကသိုလ်ခုနစ်ခု စုပေါင်း၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကို ကြိုဆိုဂုဏ်ပြုသော အစီအစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်ရှိ ၇၅၅၄ ပေမြင့်သော တောင်မဲတောင်ထိပ် သို့ အောက်တိုဘာလ ၂ ရက်မှ ၁၀ ရက်နေ့ထိ တက်ရောက်မည် ဖြစ်ကြောင်း ဘားအံတက္ကသိုလ် ဓာတုဗေဒဌာန ကထိက ဒေါ်ဆွေဆွေအုန်းက ပြောကြားသည်


 တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း (အောက်မြန်မာပြည်) တွင် တက္ကသိုလ်ပေါင်း ၁၉ ခုရှိသည့်အနက် တက္ကသိုလ်ခုနစ်ခု စုပေါင်း၍သွားရောက်ခြင်း ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)၊ ပညာရေးတက္ကသိုလ် (ရန်ကုန်) နှင့် ဘားအံတက္ကသိုလ်တို့ ပါဝင်ကြမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ခရီးစဉ်တွင် ကျောင်းသားဦးရေ ၁၀၀ ခန့်နှင့် အုပ်ချုပ်သူဆရာ၊ ဆရာမ ၁၄ ဦးခန့် ပါဝင်မည်ဖြစ်ပြီး ခရီးစရိတ်အတွက် တစ်ဦးလျှင် ကျပ်ငါးသောင်းကောက်ခံမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

တောင်တက်ခရီး သွားရောက်ရာတွင် အဖွဲ့သားများ၏ အရေးပေါ်ကျန်းမာရေး အတွက် တက္ကသိုလ်များမှ ကြက်ခြေနီ လူငယ်များနှင့် ဆရာဝန်များလည်း လိုက်ပါမည် ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြော ကြားသည်။

အောက်တိုဘာလတွင် ထွက်ခွာမည့် အဆိုပါခရီးစဉ် အတွက် အပတ်စဉ် နံနက်တိုင်း ရန်ကုန်တက္ကသိုလ်မှ ရှစ်မိုင်လမ်းဆုံထိ လမ်းလျှောက်လေ့ကျင့်နေပြီ ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါမည့် ဒဂုံတက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာတစ်ဦးက ဆိုသည်။


 .. www.MyanmarExpress.net

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသားပျက်စီးနိုင်

From : ..myit ma kha


အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုဗေဒဆေးများပါဝင်သော အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးထံမှ သိရသည်။
ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဓာတုဗေဒပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏသုံးစွဲပါက သန္ဓေသားကို ခြေပျက်လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇတစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။
 ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီးရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့နွားနို့ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က ပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အစားအသောက်ကိစ္စများတွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းဆံပင်ဆေးဆိုးခြင်းသည်လည်းသန္ဓေသားကို အန္တရာယ်ဖြစ်စေသည့်အတွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။
ဆံပင်ဆိုးဆေးတိုင်းတွင် ဓာတုပစ္စည်းများပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အသုံးပြုမိပါက ကိုယ်ဝန်ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျစမ်းသပ်ထားခြင်းများ မရှိသော်လည်း အဆိုပါဓာတုပစ္စည်းများသည်လူ၏အရေပြားမှတစ်ဆင့် သွေးကြောအတွင်းသို့စိမ့်ဝင်လာသည့်အတွက် သန္ဓေသားအား အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ် ဒါကိုအမျိုးသမီးတွေက သိပ်သတိမထားကြဘူး အရမ်းဆိုးချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝမဆိုးမိပါစေနဲ့  ၆လကျော်ရင် ဆိုးချင်ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ်ကင်းတယ်လို့တော့ မဟုတ်ဘူး အကြံပေးချင်တာက ကိုယ်ဝန်ဆောင်နေစဉ်မှာ လုံးဝမဆိုးတာ အကောင်းဆုံးပါပဲ ဟု ဒေါက်တာသန်းထိုက်ကဆက်ပြောသည်။
ကိုယ်ဝန်(၃)လအရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိကအင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။
အစားအသောက်ကို ဆင်ခြင်စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင်ထားဘူး။ ဆံပင်ဆိုးတာက ကလေးကိုထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီးတိုင်းလည်း ဒါကိုသတိထားမိမှာ မဟုတ်ဘူးသိထားရင် ရှောင်သင့်တာရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။

.. www.MyanmarExpress.net
 

NLD မြစ်သားမြို့နယ် အတွင်းရေးမှူး ဦးဇော်ဇော် ဆင်းကတ် အလွဲသုံးစား ပြုလုပ်

From : ...http://myanmarheadline.blogspot.com/2013/08/nld.html
 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အတွင်းရေးမှူးကို သြဂုတ်လတွင် ပါတီအတွက် ဝေစုရသည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များ အလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ တိုင်းဒေသကြီး ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ထံသို့ သြဂုတ်လ ၅ ရက်နေ့က တိုင်ကြားခဲ့ကြောင်း အဆိုပါမြို့နယ် မြို့မ အနောက် ရပ်ကွက် NLD ပါတီ ဥက္ကဋ္ဌ ဦးခင်အောင်လင်းက The Voice သို့ ပြောကြား သည်။

ပါတီအတွက် ရရှိသည့် နံပါတ် ၂၅၆၀၀ ဖြင့်စသော GSM ဆင်းကတ် သုံးကတ်အား ပါတီ အဖွဲ့ဝင်များ ကို ချထားပေးခြင်း မရှိဘဲ တစ်ကတ်လျှင် ကျပ်တစ်သိန်းဖြင့် ရောင်းချခဲ့ခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ထံလည်း တိုင်ကြားထားကြောင်း သြဂုတ်လ ၂ ရက်နေ့တွင် နံပါတ် ၃၃၄၂ ဖြင့်စသော CDMA ဆင်းကတ် နှစ်ကတ်ကို ကျပ် ခြောက်သောင်းဖြင့် ထပ်မံ ရောင်းချခဲ့ခြင်းကြောင့် တိုင်းဒေသကြီး ပါတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံသို့ တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဆင်းကတ် ရောင်းချမှုအတွက် အလုပ် အမှုဆောင် အစည်းအဝေး ခေါ်ယူကာ စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့၍ ဖြေရှင်း မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသောင်းက ပြောကြားသည်။


 . www.MyanmarExpress.net
 

ကချင် နှင့် ရခိုင် သို့ မသွားဖို့ ဗြိတိန်ထုတ်ပြန်

From : ..VOA


မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားနိုင်တဲ့ အနေအထားရှိလို့ဆိုပြီး အဲ့ဒီဒေသတွေဆီ ခရီးမသွားကြဖို့ ဗြိတိသျှအစိုးရက အင်္ဂါနေ့ကပဲ သတိပေးချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်ကို မဖြစ်မနေကလွဲလို့ မသွားရောက်ကြဖို့ ဗြိတိသျှနိုင်ငံခြားရေးရုံးက သတိပေးထားတာ ဖြစ်ပါတယ်။ ဘယ်လို အနေအထေားမျိုးကြောင့် စိုးရိမ်တာလဲ ဆိုတာကိုတော့ တိတိကျကျ ပြောမထားပါဘူး။
လူအုပ်စု ၂ စုကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေ ဆိုးလာနိုင်တယ်လို့ ဗြိတိသျှအစိုးရက အဲဒီ သတိပေးချက်မှာ ပြောထားပါ တယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား သူပုန်တွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်ကိုလည်း မသွားကြဖို့ တားမြစ်ထားတာပါ။

ကချင်ဒေသမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားပြီ ဆိုပေမဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မယ့် အန္တရာယ် ရှိသေးတယ်လို့လည်း ပြောထားပါတယ်။ အဲ့ဒီဒေသတွေအပြင် ပြီးခဲ့တဲ့လပိုင်းတွေက လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့တချို့ဆီလည်း မသွားဖို့ သတိပေးထားတာပါ။

၂၀၁၁ ခုနှစ်မှာတော့ ဗြိတိန်နိုင်ငံကနေ မြန်မာနိုင်ငံကို သွားလည်သူ (၇၀၀၀) ကျော်ရှိခဲ့ပြီး ဘာပြဿနာမှ သိပ်မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ လူအများအပြား စုဝေးမှုတွေ တွေ့ရင် ရှောင်ဖို့ စစ်သားတွေကို ဓာတ်ပုံ ဗွီဒီယို ရိုက်တာမျိုးတွေ သွားမလုပ်ဖို့လည်း ပြောထားပါတယ်။
စစ်တပ်က အင်အားသုံး ထိန်းချုပ်ခဲ့လို့ ကျောင်းသားနဲ့ ပြည်သူ ရာချီ သေဆုံး ခဲ့ရတဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့်တော့မယ့်အချိန်မှာပဲ အခုလို ဗြိတိသျှအစိုးရရဲ့ ခရီးသွား သတိပေးချက် ထွက်လာတာလည်း ဖြစ်ပါ တယ်။


.
. www.MyanmarExpress.net
 

သေမင်းတမန်တောင်ကိစ္စ စုံစမ်းစစ်ဆေးမှုစတင်

From : .. Yangon Times

မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ် သေမင်းတမန်တောင်တွင် ရှိသော ရွှေသတ္တုမိုင်းတစ်ခုတွင် ဂမ်းရောဂါဖြင့် အလုပ်သမားများ နှစ်စဉ်သေဆုံးနေသည့် လုပ်ငန်း ခွင်ကို သက်ဆိုင်ရာအဖွဲ့ အစည်း များ ကသွားရောက်စစ်ဆေးမှုပြု လုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ၁၉၉၅ခုနှစ်ဝန်းကျင်က စတင်လုပ်ကိုင်နေပြီး ယနေ့အထိ တူးဖော်နေသော မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ် ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာ ရှိ 'မီးလန်း'ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် ဒေသအခေါ် 'ဂမ်း'ရောဂါကြောင့် အလုပ်သမား သေဆုံးမှုသည် ယခုနှစ်အထိ လူ ၃ဝဝကျော်သေဆုံးခဲ့ကြောင်း ကျေး ရွာသားများ ပြောကြားချက်အား ဩဂုတ်၁ရက်ထုတ် ရန်ကုန် တိုင်းမ် နေ့စဉ် ထုတ်သတင်းစာ အတွဲ(၁) အမှတ်(၈၀)တွင် ဖော်ပြခဲ့ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းဖြစ်စဉ် ကို ဩဂုတ်၂ ရက်က သက်ဆိုင်ရာတာဝန်ရှိသူများသိရှိသဖြင့် ကွင်းဆေးစစ်ဆေး မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း ချောင်း ကြီးကျေး ရွာသားများ ၏ပြောကြား မှုအရ သိရသည်။ ''ရွာမှာ ဒါမျိုးဖြစ်နေတာကို အခုမှသိကြတယ်နဲ့တူတယ်။ ဩ ဂုတ်၁ရက်က သတင်းသတင်းစာ တစ်စောင်ရဲ့ မျက်နှာဖုံးသတင်း အဖြစ် ရွာက ဖြစ်ရပ်တွေပါပြီး နောက်ပိုင်း အဖွဲ့အစည်း အစုံအ လင် ရောက်လာ ကြတာတွေ့တယ်။ ရွာက 'ဂမ်း'ရောဂါကြောင့် သေ ဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုတွေ ကို တွေ့ဆုံမေးမြန်းတာတွေ ပြု လုပ်သွားကြတယ်။ တိုင်းဒေသ ကြီးဘက်က အဖွဲ့အစည်းတွေဖြစ် ပုံရတယ်''ဟု ချောင်းကြီးကျေး ရွာသား ဦးဉာဏ်ဝင်း က ပြောသည်။

အဆိုပါ လာရောက်စစ်ဆေး သည့်အဖွဲ့အစည်းတွင်ဒေသစစ် တပ်ရင်းမှတာဝန်ရှိသူများ၊ သတ္တု တွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ ကျန်းမာရေးတာဝန်ရှိသူများက ကျေးရွာတွင်းမှယင်းရောဂါ ကြောင့် သေဆုံးခဲ့သည့်မိသားစု များ၊ လက်ရှိ ရောဂါဖြစ်ပွား နေသူ များကို တွေ့ဆုံဆွေးနွေးမေးမြန်း ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။ ချောင်းကြီးကျေးရွာသား ဦးဟိန်းလင်းထွန်းက ''ကျွန်တော် တို့နယ်က စစ်ကြောင်းမှူးကိုယ် တိုင်ပါ တယ်။ ဒီသတင်း ကိုသတင်း စာပေါ်မှာပါလာတယ်။ အထက် ကလဲ ညွှန်ကြားတယ်။ အင်တာ နက်မှာလဲ သတင်းက ပျံ့နေတဲ့ အတွက် လာစစ်ဆေးကြတာလို့ ပြောတယ်။ မိသားစုတွေနဲ့တွေ့ ပြီး မေးမြန်းမှုတွေကို သူတို့လုပ် ကြတယ်။ သတင်း စာ ကို ဒီရောဂါ အကြောင်း ပြောကြားခဲ့သူတွေ ရဲ့ မှတ်ပုံတင်တွေကို မှတ်တမ်း ယူသွားကြတယ်''ဟု ဩဂုတ် ၂ ရက်ကစစ်ဆေးရေးအဖွဲ့များလာ ရောက်စဉ် ကိုယ်တိုင်လိုက်ပါပို့ ဆောင်ပေးခဲ့သူ ချောင်းကြီးကျေး ရွာသားက ပြော သည်။

''ဆအဖအဖွဲ့ကဆိုရင် ဒီလို နှစ်ပေါင်းများစွာ ရောဂါဖြစ်ပွား မှုကို မသိဘူးဆိုတာ ဒီသတင်း တွေကို အကာအကွယ်ပေးထား တာမျိုးများ ရှိနေလားမသိဘူး။ အဲဒါကို သူတို့လဲသိချင်တယ်ဆို ပြီး ပြောတာမျိုးရှိတယ်''ဟု ယင်း က ဆက်လက်ပြောသည်။ အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကျေးရွာတွင်းမှရောဂါ ကြောင့် သေဆုံးခဲ့သူများ၊ လတ် တလော သေဆုံးသူများနှင့်တွေ့ ဆုံပြီး ယခုကဲ့သို့ဖြစ်ရပ်များကြောင့် ကုမ္ပဏီဘက်မှ လျော်ကြေးပေးမှု များရှိ မရှိကို မေးမြန်းကြကြောင်း၊ ရောဂါကြောင့်သေဆုံးခဲ့သူ မိသား စုများဘက်မှ မိမိပိုက်ဆံဖြင့်သာ ဆေးကုသရခြင်းဖြစ်ပြီး လျော် ကြေးပေးတာမျိုးမရှိကြောင်း စစ် ဆေးသူများကို ပြန်လည်ဖြေကြား ခဲ့ကြောင်း ရောဂါကြောင့် သေ ဆုံးခဲ့သည့် မိသားစုဝင်အိမ်များ ကို စစ်ဆေးရေးအဖွဲ့အစည်းများ ကို လိုက်ပါပို့ဆောင်ပေးသူ ဦး ဟိန်းလင်းထွန်းထံမှ သိရသည်။

ဦးဉာဏ်ဝင်းက ''သူတို့လာ စစ်ဆေးတဲ့နေ့မှာပဲ ရွာထဲမှာ 'ဂမ်း' ရောဂါနဲ့ သေဆုံးခဲ့သူတစ်ဦးရဲ့ အသုဘနဲ့ဆုံသွားလို့ ဝင်ရောက် မေးမြန်းကြတယ်။ ရွာမှာလူဦးရေ ၃ဝဝကျော် သေဆုံးခဲ့ပြီဆိုတာ ကို ရွာသားတွေကပြောကြတယ်'' ဟုပြောသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် အလုပ်သမားများ ရော ဂါရရှိနေသည့် မီးလန်းသတ္တုတွင်း လုပ်ငန်းကိုလည်း သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ''သတ္တုတွင်းကို ဝင်စစ်ဆေး တော့ ၄ဝလောက်ပဲ ဒီရောဂါနဲ့ သေတာလို့ပြော တယ်။ အဲဒီမှာ ရွာသားတွေက ရွာမှာ ၃ဝဝကျော် သွားပြီလို့ ပြန်ပြောခဲ့ကြတယ်''ဟု ချောင်းကြီးကျေးရွာသားတစ် ဦးက ပြောသည်။

အဆိုပါချောင်းကြီးရွာရှိ မီးလန်းသတ္တုတွင်း၌ ဝင်ရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သ မားများတွင် ရွှေလုပ်ငန်းခွင်၌ လေ ဂမ်းဖြင့် သတ္တုကိုမှုတ်ပေးသည့် လုပ်ငန်းတွင်လုပ်ကိုင်ရသည့် အ လုပ်သမားများသာ ယခု 'ဂမ်း'ရောဂါကို စွဲကပ်ကြခြင်းဖြစ်ပြီး လုပ်ငန်းခွင်ဝင်ပြီး သုံးနှစ်မှငါးနှစ် အတွင်း ယင်းရောဂါစွဲကပ်သေ ဆုံးခြင်းဖြစ်ကြောင်း သိရသည်။



.. www.MyanmarExpress.net
 

ရှစ်လေးလုံး ငွေရတု ပထမနေ့ ရန်ပွဲ ဓာတ်ပုံများ



ဒေါ်ချိုချိုကျော်ငြိမ်း။  ။စစ်ထောက်လှမ်းရေး ဆိုပီးသတ်ခံရတဲ့ကျောင်းသား တပ်မတော် ကမောင်မောင်ကြွယ်က ငါ့မွေးစားသား ဒီကိစ္စ မင်းတာဝန်ယူရမယ်.... မင်းမှာကလေးရှိလား ဆိုတော့မရှိဘူး.... မင်းတနေ့ဝဋ်လည်မယ်...


တရားခံ ၈၈ ကျောင်းသား နိုင်အောင်။  ။ အန်... အဲဒါ... ဒါက ဒီလိုရှိပါတယ်... ကျွန်တော်တို့ကျောင်းသားတွေက ခုနကပြောသလို... အစိုးရမကောင်းတော့ အခြေအနေရ သတ်ရတာပါ..


ကျောင်းသား တပ်မတော် ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ကို ဒေါ်ချိုချိုကျော်ငြိမ်းက သူမ၏မွေးစားသား အ.က.သ က ကိုမောင်မောင်ကြွယ် ကို ၈၈ မျိုးဆက် ကျောင်းသားများက ကျာင်းသားအချင်းချင်းသတ်ဖြတ်ခဲ့တာနဲ့ပတ်သပ်လို့ပြောဆိုနေတာဖြစ်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့သူ  ဒေါက်တာနိုင်အောင်ဟာ ကျောင်းသား တပ်မတော်  မြောက်ပိုင်း ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ခေါင်းဖြတ် သတ်ခံရမှု အတွက် ကိုထွန်းအောင်ကျော်ရဲ့မိခင်က လူသတ်မှုဖွင့် ထားတာကိုခံထားရသူ ဖြစ်ပြီး အလားတူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန် မှာလည်း လူသတ်မှုဖြင့် အမှုဖွင့် ခံထားရသူဖြစ်ပါတယ်။ ယခု ကျင်းပတဲ့ ရှစ်လေးလုံး ငွေရတု ပွဲကြီးမှာ ကျောင်းသားအချင်းချင်းသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရသူ အဆိုပါ နှစ်ဦးက အသတ်ခံရသူ ကျောင်းသားများရဲ့ မျက်နှာကို မထောက်ပဲ မျက်နှာပြောင်တိုက်ကာ မိန့်ခွန်းတွေ တက်ပြောပြီး အခြား ကျောင်းသားဆိုသူများ ကလည်း သေဆုံးသူ ကျောင်းသား တပ်မတော်သားများ အတွက် တခွန်းမှ မပြောခဲ့ကြပေ။ 

.. www.MyanmarExpress.net
 

NLD အမတ် ဦးကျော်သီဟ မှ လက်မထပ်ပဲ ကာမ ရယူကာ မယားစရိတ် လေးသိန်း ထုတ်ပေးခြင်းအား တိုင်ကြားသူ မခိုင်ဝတ် ရည်သန္တာမောင် ကို NLD ပါတီဝင်များမှ မတရား ရိုက်နှက်ခဲ့မှု ဆက်လက်စစ်ဆေးနေ

From : ..http://myanmarheadline.blogspot.com/2013/08/nld-nld.html

 

ပြင်ဦးလွင်သို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ်က ဝင်ခွင့်တောင်းခံခဲ့ရာ တွင် ဒီချုပ်လုံခြုံရေးများက ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရသူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်ကစွဲဆို သောအမှုအား မြို့နယ်တရားရုံးမှ တရားလိုပြများကို ဆက်လက်စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။
 ”ကျွန်မနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟနဲ့ ဖြစ်နေတဲ့အမှုကို အမေစု ကို အကူအညီပေးဖို့တောင်းခံတဲ့စာကို ပေးမလို့ဝင်ခွင့်တောင်းတာ။ ပထမအမျိုးသမီး နှစ်ယောက်က လာထိန်းတယ်။ ပြီးတော့ အမျိုးသားတွေရောက်လာပြီး ထိန်းသိမ်း သလိုနဲ့ ကျွန်မကို ရိုက်တယ်။ လည်ပင်းညှစ် တယ်။ ဗိုက်ကို လက်သီးနဲ့ ထိုးတယ်။ ကျွန်မက ဘာမှ ပြန်မလုပ်နိုင်ဘူး” ဟု ရိုက်နှက်ခံရသူ မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။
ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်သည် ဦးကျော်ဆန်းဦး ပါလေးဦးအား ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၂၃ (နာကျင်စေမှု)၊ ၃၅၄ (ကာယိနြေ္ဒဖျက်ဆီးမှု)၊ ၅ဝ၆ (ဆဲရေး ကြိမ်းမှု) တို့ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
ယခုအခါ တရားလိုအား ဇူလိုင်လကုန်တွင် စစ်ဆေးပြီးဖြစ်ပြီး တရားလိုပြများကို ဆက်လက်စစ်ဆေးမည်ဖြစ်ကာ တရားလိုနှင့် တရားလိုသက်ေ သများအရ စွဲဆိုထားသည့် ပြစ်မှုမြောက်လျှင် တရားရုံးမှစွဲချက်တင်မည်ဖြစ်ပြီး ပြစ်မှုမမြောက် လျှင် တရားရှင်လွတ်မြောက်မည်ဖြစ်ကြောင်း   ပြင်ဦးလွင်ဒီချုပ်ပါတီဝင်များဘက်မှ ရှေ့နေလိုက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
”အမှုကပေါ်ပါတယ်။ သူနဲ့ ဒီလူတွေက ရန်ငြိုးရန်စမရှိဘူးဆိုတာ ပေါ်ပါတယ်။ လုံခြုံရေးတာဝန်ထမ်းဆောင်နေတယ်ဆိုတာ ပေါ်တယ်။ အဲ့ဒီဝင်း ထဲကို ဘယ်သူမှ ဝင်ခွင့်မရှိဘူးဆိုတာလည်း ပေါ်တယ်။ ဒီိကိစ္စမှာနောက်ကွယ်က မရိုးသားတဲ့ လုပ်ကြံမှုတွေပါတယ်” ဟု ဦးသိန်းသန်းဦးက ပြော သည်။
အထက်ပါအမှုမတိုင်မီ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်နှင့် ပြင်ဦးလွင်ဒီချုပ်လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟတို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်း စားဖြစ်ခဲ့ကြကြောင်း၊ ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်အား လက်ထပ်ပါမည်ဟု ယုံကြည် အောင်ပြောဆိုကာ ကာမရယူခဲ့ပြီး ကိုယ်ဝန် ရရှိခဲ့ကြောင်း၊ ကလေး၏အသက် ၁နှစ် နှင့် ခြောက်လအရွယ်တွင် လက်ထပ်ရန် တောင်းဆိုသော်လည်း ငြင်းဆိုခဲ့ကြောင်း ဦးကျော်သီဟအား စွဲဆိုထားသည့်အမှုရှိခဲ့သည်။ ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေး ရာအဖွဲ့ထံ တိုင်ကြားခဲ့ပြီး ဦးကျော်သီဟနေထိုင်သည့် ရပ်ကွက်မှလူကြီးများက ညှိ နှိုင်းပေးသဖြင့် မယားစရိတ်၊ ကလေးစရိတ်အဖြစ် ငွေကျပ်လေးသိန်းအား ပေးချေ ခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့မှုမပြုလုပ်တော့ေ ကြာင်း  အဆိုလွှာတွင် ပါရှိသည်။

.. www.MyanmarExpress.net
 

ဆင်ဆာမဲ့ နှင့် ညစ်ညမ်းခွေများ ဖမ်းဆီး


၆.၈.၂၀၁၃ ရက်နေ့ ၁၂၄၀ အချိန် လှိုင်သာယာမြို့နယ်၊
သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ဆင်ဆာမဲ့ခွေများ
ရောင်းချနေကြောင်းသတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အနော်ရထားလမ်းဘေးရှိ
ရွှေကမ်းသာယာဆိုင်ခန်းသို့ဝင်ရောက်ရှာဖွေရာ ဆိုင်ရှေ့စားပွဲပေါ်တွင် သူရစိုး(ခ)စိုးသူရခိုင် (ဘ)ဦးကြည်စိုးအား ဆင်ဆာမဲ့မြန်မာသီချင်း
ဒီဗီဒီခွေ (၃၀၀)ချပ်၊ နိုင်ငံခြားဒီဗီဒီခွေ(၅၅၀)ချပ်နှင့်
ခွေရာင်းရငွေကျပ်(၂၁၀၀)တို့နှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိသဖြင့်
သောင်ကြီးနယ်မြေရဲစခန်း(ပ)၄၅၀/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)
ဖြင့်လည်းကောင်း၊ ညစ်ညမ်းဒီဗီဒီခွေ (၂၃)ချပ်သိမ်းဆည်းရမိသဖြင့် (ပ)၄၅၁/၂၀၁၃၊ပုဒ်မ ၂၉၂ဖြင့်လည်းကောင်း အရေးယူထားရှိပါသည်။

အလားတူ ၁၉၀၀အချိန်လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ခွေများရောင်းချ နေကြောင်းသတင်းအရ သက်သေများနှင့်
အတူ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်၊ ဇကားဝါလမ်းမဘေးတွင်
ဝေယံဖြိုး (ဘ)ဦးဘိုကြီး၊ အင်းစိန်မြို့နယ် နေသူ၏
ခွေအရောင်းဆိုင်အားရှာဖွေရာ ဆင်ဆာမဲ့မြန်မာသီချင်းဒီဗီဒီခွေ
(၃၁၀)ချပ်၊ ဆင်ဆာမဲ့မြန်မာအငြိမ့်ဒီဗီဒီခွေ (၈၀)ချပ်၊ ဆင်ဆာမဲ့မြန်မာ တရားဒီဗီဒီခွေ (၁၀၀)ချပ်၊ နိုင်ငံခြားဇာတ်လမ်းဒီဗီဒီခွေ (၈၉၀)ချပ်၊
နိုင်ငံခြားသီချင်း ဒီဗီဒီခွေ (၁၈)ချပ်၊ ခွေရောင်းရငွေကျပ် (၁၆၀၀၀)တို့နှင့်
အတူတွေ့ရှိ သိမ်းဆည်းရမိသဖြင့် လှိုင်သာယာမြို့မရဲစခန်း
(ပ)၈၇၈/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) ဖြင့်အရေးယူ
ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါ သည်။

.
. www.MyanmarExpress.net
 

အတိတ်က သူရဲကောင်းတွေလား၊ ပစ္စုပ္ပန် အာဇာနည်တွေလား၊ အနာဂတ် ခေါင်းဆောင်တွေလား ???

From : ..မေတ္တာရေချမ်း


၈၈ ခုနှစ်တုန်းက ကျုပ် ၁၃ နှစ် အရွယ်ကလေးပါ၊ တောရွာမှာပေါက်ဖွားကြီးပြင်းခဲ့တော့ မြို့ကြီးပြကြီးတွေမှာ ၈၈ ခုနှစ်တုန်းက ဆန္ဒပြတာကိုမကြုံဘူး၊ မတွေ့ဘူးခဲ့ပါဘူး၊ ကလေးသဘာဝဆိုတော့ကျောင်းပိတ်တာကိုပဲ ပျော်နေရတာပေါ့ဗျာ... အဲ့နောက်တော့ရွာကလူကြီးအိမ်မှာ လူတွေစုရုံးစုရုံးနဲ့မို့ ကလေးသဘာဝသွားပြီးစပ်စုမိတယ်...

အား..လား...ကြောက်စရာလန့်စရာပါလားဗျာ၊ ဘေးကဦးလေးကို ဘာလဲလို့မေးကြည့်တော့ ၈၈ အရေးအခင်းက ဖြစ်ရပ်မှန်ဇာတ်ကား လှိုင်းကြီးလေထန်ဖြစ်ရပ်မှန် ကားတဲ့... ကျွန်တော်လဲကြောက်တာနဲ့ တစ်ယောက်ထဲ အိမ်မပြန်ရဲတော့ ဦးလေးကိုစောင့်ရင်း မရဲတရဲကြည်လိုက်ခေါင်းလွဲလိုက်နဲ့ပေါ့ဗျာ... လူတွေလဲသတ်တယ်ဗျာ၊ မီးတွေလည်းရှို့တယ်ဗျာ၊

အချို့ဆိုရက်ရက်စက်စက်ခေါင်းဖြတ်အသတ်ခံရတယ်ဗျာ၊ အမျိုးသမီးတစ်ယောက်ဆို ခေါင်းဖြတ်ခံရတာများ ခြေထောက်တွေတောင် တစ်ဆက်ဆက်တုန်နေရှာတယ်၊ အခုခေတ်လူသားစား လူရိုင်းကားလိုအင်မတန်ရက်စက်ကြမ်းကြုတ်တဲ့မြင်ကွင်းတွေပါဗျာ... အဲ့ဒီလို ကြည့်ရင်းလွှဲရင်းနဲ့ နောက်ဆုံး ငြိမ်းချမ်းသွားတဲ့အချိန်ကတော့ စစ်တပ်တွေဝင်လာတဲ့အချိန်ပါဘဲ။ ကြည့်ဘူးကြတဲ့ သူတိုင်းသိပါတယ်။

အဲ...အဲ့ဒီကနေပြီး ငြိမ်းချမ်းလာခဲ့တာ ဒီနေ့ အင်တာနက်စာမျက်နှာတွေမှာ ၈၈ မျိုးဆက်တွေက ၈ လေးလုံးငွေရတုကို ခြိမ့်ခြိမ့်သဲလုပ်နေကြတယ်ဆိုတဲ့အကြောင်းတွေ့တော့ ဟိုးငယ်ငယ်တုန်းကကြည့်ဘူးတဲ့ ဗွီဒီယိုကားကို ဘယ်လိုအသက်သွင်းကြအုံးမလဲလို့ စဉ်းစားမိတယ်...

တဖြည်းဖြည်းလည်းဆက်ပြီး စဉ်းစားမိတာ ၈၈ မျိုးဆက် ခေါင်းဆောင်များဆိုတော့ ၈၈ ခုနှစ်အရေးအခင်းဟာ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ဦးဆောင်ခဲ့တာလား၊ အဲ့ဒါဆို ဘာလို့အဲ့လောက်အကျည်းတန်အရုပ်ဆိုးအောင် ဦးဆောင်ခဲ့ကြတာလဲ... ဘာကြောင့်များ လူသားချင်းစာနာ ထောက်ထားမှုမရှိခဲ့တာလဲ၊

အဲ့ဒီအချိန်က နိုင်ငံတော် ရုပ်ဆိုးအကျည်းတန်ခဲ့မှုများကိုဘာကြောင့် မတားဆီး၊ မထိန်းသိမ်းခဲ့သလဲ၊ အခုရော ဘယ်လိုရည်ရွယ်ချက်နဲ့ ၈ လေးလုံးငွေရတုဆိုပြီး ၈၈ ခုနှစ်ကအကျည်းတန်မှုကို အသက်သွင်းချင်ရသလဲ၊ ယနေ့ခေတ် တည်ငြိမ်အေးချမ်းတိုးတက်နေတဲ့ အမိနိုင်ငံတော်ကို နောက်တစ်ကြိမ် ဆူပွက်အကျည်းတန်အောင်လုပ်ချင်နေကြလို့လား... စသဖြင့်ပေါ့ဗျာ


 .. www.MyanmarExpress.net
 

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် မျိုးနွယ်စုဝင်များ ဘင်္ဂါလီ တိုက်ခိုက်မှုကြောင့် အိန္ဒိယနယ်စပ် ထွက်ပြေးနေရ၊ ကင်တားနား နှင့် နိုဘယ်ဆုရှင်များ စိုးရိမ်ကြောင်းမပြောသေး

From : ..the voice


ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီ မြို့နယ်တွင် နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဘင်္ဂါလီများ က တိုက်ခိုက်မှုကြောင့် ၁၅၀၀ ဦးခန့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရ ဒေသ များသို့ ထွက်ပြေး ခိုလှုံနေရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။

ဘင်္ဂါလီ အမျိုးသား ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ရခိုင် တိုင်းရင်းသား များက ပြန်ပေးဆွဲထားသည်ဟု ကောလာဟလ သတင်း ထွက်ပေါ်ပြီးနောက် သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ် သည့် မရာမာ၊ သက်၊ ဒိုင်းနက် မျိုးနွယ်စုဝင် အချို့ သတ်ဖြတ်ခံရပြီး နေအိမ် များ မီးရှို့ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် ကျေးရွာ ၃ ရွာခန့် မီးရှို့ ဖျက်ဆီးခံရပြီး အိမ်ခြေ ၆၀ ခန့် ပျက်စီးသွားကာ လူ ၁၅၀၀ ကျော် အိန္ဒိယနယ်စပ် ကျေးရွာများတွင် ထွက်ပြေး ခိုလှုံနေကြာင်း ဦးဦးထွန်းလှက ထပ်မံပြော ကြားသည်။

ခါ့ရ်ခရဆော်ရီ မြို့နယ်အတွင်း ကျန်နေသော ဌာနေ တိုင်းရင်းသား ကျေးရွာ များမှာလည်း ဆက်လက် မနေထိုင်ရဲသဖြင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံ နေထိုင်ခွင့် တောင်းခံနေကြကြောင်း အာတီးဗာသိ (မွတ်ဆလင် မဟုတ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသား များ အဖွဲ့) အဖွဲ့ထံမှ သိရှိရသည်။

တိုက်ခိုက်မှုများသည် သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သုံးရက် ကြာ ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့မှ သိရှိရသည်။

ဆိုင်ကယ် ကယ်ရီသမား ပြန်ပေးဆွဲခံရသည် ဆိုသည့်သတင်း မဟုတ်မှန်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်း မီဒီယာများတွင် ဖော်ပြခဲ့ကြောင်း ဖလောင်းချိတ် မြို့တွင် နေထိုင်သူ ဦးနိုင်နိုင်မှ ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို တားဆီးပေးရန် သြဂုတ်လ ၅ ရက်နေ့က ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်များ နှင့် ပျက်စီး ဆုံးရှုံးမှုများကို အစိုးရ က ဖြေရှင်းပေးရန်၊ ယခင် ဆုံးရှုံးထားသည့် လယ်ယာမြေများကို ပြန်ပေးရန် ဖလောင်းချိတ်မြို့တွင် ရခိုင် တိုင်းရင်းသားများ ဆန္ဒပြခဲ့ကြကြောင်း ဖလောင်းချိတ် ဒေသခံများက ပြောကြားသည်။
 


 .. www.MyanmarExpress.net
 

ရှစ်လေးလုံး ငွေရတု တွင် အထိမ်းအမှတ်ပွဲ၊ အမှတ်တရပဲ ကျင်းပခြင်းထက် ပညာရေး၊ ကျန်းမာရေးအတွက် လှူဒါန်းရန် မေသင်္ကြန်ဟိန်းပြောဆို

From : ..မေသင်္ကြန်ဟိန်

.သေချာတာကတော့ ငွေကျပ် သိန်းသုံးထောင်ဝန်းကျင်ဆိုတဲ့
ငွေကြေးက အခြေခံလူတန်စားတွေအတွက်တော့ ထိထိရောက်ရောက် ပြုလုပ်ပေးနိုင်တာတွေက အများကြီးပါ။


အဆင်းရဲဆုံး တိုင်းပြည်ကနေ ငွေကြေးအကုန်အကျအများဆုံး ပွဲတွေ ကျင်းပနေကြတာကို ငေးကြည့်ရင်း ...

ငွေကျပ် သိန်း သုံးထောင်နဲ့
မြန်မာပြည်မှာ အထက်တန်းကျောင်း မရှိသေးတဲ့ ကျေးရွာတွေမှာ ကျောင်း ဘယ်နှစ်ကျောင်းလောက် ဆောက်လှူနိုင်မလဲ။

ငွေကျပ် သိန်းသုံးထောင်နဲ့
မြန်မာပြည်က မိဘမဲ့ ကျောင်းသား ဘယ်နှစ်ဦးအတွက် ပညာရေး ပဒေသပင် စိုက်ထူပေးနိုင်မလဲ။

ငွေကျပ် သိန်း သုံးထောင်နဲ့
မြန်မာပြည်မှာ ရေတွင်းရေကန်မရှိသေးတဲ့ ရေချို အခက်အခဲရှိနေတဲ့ ကျေးရွာတွေမှာ ရေတွင်း ဘယ်နှစ်တွင်းလောက် တူးပေးနိုင်မလဲ။

ငွေကျပ် သိန်းသုံးထောင်နဲ့
မြန်မာပြည်မှာ ဆေးပေးခန်းမရှိသေးတဲ့ ကျေးရွာတွေမှာ ဆေးခန်းနဲ့ ဆေးဝါး တွေ ဘယ်လောက် လှူဒါန်းပေးနိုင်မလဲ။

...သေချာတာကတော့ ငွေကျပ် သိန်းသုံးထောင်ဝန်းကျင်ဆိုတဲ့
ငွေကြေးက အခြေခံလူတန်စားတွေအတွက်တော့ ထိထိရောက်ရောက် ပြုလုပ်ပေးနိုင်တာတွေက အများကြီးပါ။

အထိမ်းအမှတ်တွေ၊ အမှတ်တရတွေကို ပွဲတွေကိုကျင်းပခြင်းထက်ပိုတဲ့ အနှစ်သာရမျိုး နဲ့ ပြည်သူလူထုအတွက် တကယ့်အထိမ်းအမှတ် ပီပီသသနဲ့ အကျိုးရှိရှိ ဖြစ်စေချင်တယ်...ရှင်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။


.. www.MyanmarExpress.net
 

ရန်ကုန်နှင့် နေပြည်တော်အသင်း၏ ဝဏ္ဏသိဒ္ဓိကွင်းကြီးမှ ပြဿနာကို ရက်ပိုင်းအတွင်း အရေးယူမည်

From : .. ပြည်မြန်မာ



အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး၏ ဖွင့်ပွဲပိတ်ပွဲကို ကျင်းပပေးရမည့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ကွင်းကြီးတွင် ပထမဆုံး MNL ပွဲအဖြစ် ကျင်းပခဲ့သော နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းတို့၏ ပြိုင်ပွဲ၌ နှစ်ဖက် ကစားသမားများအပြင် လာရောက်ကြည့်ရှုသည့် ပရိသတ်များ ပါ နှစ် ဖက်ပြဿနာ ဖြစ်ပွားခဲ့မှုကို စည်းကမ်းထိမ်းသိန်းရေး ကော်မတီက ရက်ပိုင်းအတွင်း အရေးယူ မှု ပြုလုပ် သွားမည်ဖြစ်ကြောင်း ၅-၈-၂၀၁၃ ရက်က ကျင်းပသည့် ရန်ကုန်ယူနိုက်တက်၏ ဆုဖလားဂုဏ်ပြုပွဲ အခမ်း အနားတွင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြား လိုက်သည်။ နှစ်ဖက် အသင်းကြား ဖြစ်ပေါ် ခဲ့သော အခြေအနေများကြောင့် ပွဲကိုရပ်နားလိုက်ရပြီး ရန်ကုန်ယူနိုက်တက်ကို တစ်ဂိုး၊ ဂိုးမရှိ ဖြင့် ဆုံးဖြတ်အတည်ပြု အနိုင်ပေးခဲ့သည့် အဆိုပါပွဲ ဖြစ်စဉ် သည် ပြည်သူအကြား တွင် ဝေဖန်စရာ များစွာ ဖြစ်ပေါ် ခဲ့ရသည်ဟု သိရသည်။ 

“အစွန်းရောက် ပရိသတ်တွေကြောင့် ဖြစ်ရတာပါ။ ဒါကိုလည်း ထိရောက်စွာ အရေးယူသွားပါမယ်။ လုံခြုံရေးအားနည်းလို့ မဟုတ်ပါဘူး။ လုံခြုံရေးက သူအပိုင်းနဲ့ သူရှိပါတယ်။ လုံခြုံရေး အပြည့်အဝရှိတဲ့ နိုင်ငံခြားက ပွဲတွေမှာတောင် ဒါထက်ဆိုးတာတွေ ဖြစ်ခဲ့ကြသေးတာပဲ။ မမျှော်လင့်တဲ့ အချိန်မှာ ဖြစ်သွားတာဆိုတော့ အဲဒီအချိန်မှာ သတင်းတွေကလည်း လွှင့်ချင်သလို လွှင့်လိုက်တာပဲ။ ကွင်းပျက်စီးတယ်ဆိုတာ အနည်းငယ်လေးပါ” ဟု ဘောလုံးအဖွဲ့ချုပ်မှ ဦးဘန်နီတင်အောင် က ပြောကြား သည်။
“Report မှာကြည့်ပြီးတော့ အစည်းအဝေးထိုင် ဆုံးဖြတ်ကြမယ်။ အရေးယူသင့်တာကို အရေးယူမှာပါ” ဟု ဦးစိုးမိုးက လည်းပြောကြားသည်။ “အပြစ်ပေးဖို့ အပိုင်းကတော့ Report တွေဖတ်ပြီးမှစည်းကမ်း ထိန်းသိမ်းရေး က ဆုံးဖြတ်မှာပါ။ Report တွေက မနေ့က ရောက်ပါတယ်။ ဒီတစ်ရက်နှစ်ရက်အတွင်း ဆုံးဖြတ်မှာပါ” ဟု ဦးဘန်နီတင်အောင်က ပြောကြားသည်။ “မမျှော်လင့်ဘဲနဲ့ ဖြစ်သွားတာဆိုတော့ ပြောရတာခက်ပါတယ်။ ကစားသမားတွေကိုလည်း ဘယ်သူကိုမှ အပြစ်မပြောလိုပါဘူး။ ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထ တော့ရှိပါတယ်” ဟု မြန်မာ့လက်ရွေးစင် တိုက်စစ် မှုး ကျော်ကိုကိုက ပြောကြားသည်။ နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းကြီး၏ လုံခြုံရေးကို  လည်း ပြည်သူများ က မေးခွန်းထုတ်နေကြပြီး နှစ်ဖက်အသင်း ပြဿနာ ဖြစ်ပွားမှုကြောင့် ကွင်းအတွင်းခုံအချို့ ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
.. www.MyanmarExpress.net
 

ရှစ်လေးလုံး ဖြစ်ရပ်မှန် (၁၃)

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အဆိပ်ခတ်သည်ဟု အခြေအမြစ်မရှိ စွတ်စွဲချက်ဖြင့် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြသည်...





.. www.MyanmarExpress.net
 

အမေရိကန်မှ ရက်ရက်စက်စက် ဗုံးကျဲမှု ၆၈ နှစ်ပြည့် အခမ်းအနား ကျင်းပ

From : .. planet






(၁၉၄၅)ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့က အမေရိကန် လေတပ်၏ နျူကလီးယားဗုံး ကြဲချမှုကြောင့် ဟီရိုရှီးမား ကျွန်းပေါ်တွင် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံးခဲ့ရ 
 
ဟီရိုရှီးမားဖြစ်ရပ် ၆၈ နှစ်ပြည့် အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပ
 နှစ်ပတ်လည် အခမ်းအနားကို ဝမ်းနည်း ကြေကွဲစွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ (၁၉၄၅)ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့က အမေရိကန် လေတပ်၏ နျူကလီးယားဗုံး ကြဲချမှုကြောင့် ဟီရိုရှီးမား ကျွန်းပေါ်တွင် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံးခဲ့ရသည်။ နောက်(၃)ရက်အကြာ နာဂါစကီ မြို့ပေါ်သို့ ကြဲချသော ဗုံးကြောင့် ယခုထက် ပိုမို အသေအပျောက် များပြားခဲ့ပြီး ဂျပန်တို့ စစ်ရှုံးကာ ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခဲ့ရသည်။ (၆၈)နှစ်မြောက် ဟီရိုရှီးမားနေ့ နှစ်ပတ်လည် အခမ်းအနားကို အဆိုပါမြို့တွင် ကျင်းပရာ လူပေါင်း (၅၀၀၀၀)ကျော် တက်ရောက်ပြီး (၁)မိနစ် အသံတိတ် ငြိမ်သက်ခြင်းဖြင့် ဝမ်းနည်း ကြေကွဲမှုကို ပြသခဲ့သည်။



ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး အပါအဝင် ဂျပန်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးသမား အများအပြားလည်း ယခု အခမ်းအနားကို တက်ရောက်ခဲ့သည်။ ဂျပန်သည် နျူကလီးယား ဘေးဒုက္ခနှင့် စပ်လျဉ်းပြီး မကြာသေးမီ နှစ်ပိုင်းကလည်း ပြဿနာတစ်ရပ် တွေ့ကြုံခဲ့ရသေးသည်။ (၂၀၁၁)ခုနှစ်က ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်ခြင်းကြောင့် ဖူကူရှီးမားရှိ နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု ဖြစ်ပွားရာ လူပေါင်း (၁၀၀၀၀၀)ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ယခုနှစ် ဟီရိုရှီးမားနေ့ အခမ်းအနားတွင် လူအများ စုရုံးက အမွှေးတိုင်များ ထွန်းညှိကြပြီး သေဆုံးသွားသူများအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။



"ဒါဟာ ငြိမ်းချမ်းရေး ကြေညာချက် တစ်ခုလည်း ဖြစ်ပါတယ်"ဟု ဟီရိုးရှီးမား မြို့တော်ဝန် ကာဇူမီ မတ်ဆူအီက ဆိုသည်။ "မြို့ပေါ် ကျရောက် ပေါက်ကွဲခဲ့တဲ့ အက်တမ်ဗုံးဟာ ရက်စက် ကြမ်းတမ်းလွန်းတဲ့ လက်နက် တစ်ခုဖြစ်ပြီး တကယ့် မကောင်းဆိုးရွားကြီးပါပဲ။ ကျွန်တော်တို့ဟာ ဒီအက်တမ်ဗုံးရဲ့ ငရဲဆန်မှုကို သိရှိထားပြီးပါပြီ။ ဒီမကောင်းဆိုးရွားကို ကျွန်တော်တို့ တိုက်ထုတ်ရပါမယ်"ဟု ဆိုသည်။ ဟီရိုရှီးမား ဒေသခံများသည် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု ပြဿနာတွင် ထိခိုက်ခဲ့သူများကို ထောက်ခံရပ်တည်ကြောင်းလည်း ပြောကြားခဲ့ကြသည်။ အဆိုပါ ဓာတ်ပေါင်းဖိုတွင် ရေဒီယို သတ္တိကြွ ဖြာထွက်မှု အခြေအနေကို ထိန်းချုပ်ရန် ရုန်းကန်နေရဆဲဟု ဓာတ်ပေါင်းဖိုကို တည်ဆောက်ခဲ့သည့် တိုကျို အီလက်ထရောနစ် စွမ်းအင် ကုမ္ပဏီက ဝန်ခံထားသည်။

o
 

ရှစ်လေးလုံးက သူရဲကောင်းအစစ်အမှန်များ

From : ..http://newmyanmarpyi.blogspot.com/2013/08/blog-post_1900.html


၈၈ အရေးခင်း ကာလမှာ သူများ ယောင်လို့ လိုက်ယောင်မိခဲ့ရင်း လမ်းပျောက်ဖူးတယ် ။
စစ်မှန်သော ကံကြမ္မာရဲ့ သွန်သင်မှုကြောင့် လမ်းမှန်ကို မြင်ခဲ့ရဖူးတယ် ။
ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ စေ့စေ့ကြည့်ပြီး မေးကြည့်ပါလား ။
ငါ မှားယွင်းနေလား ၊ မှန်နေလားလို့ ... ။

လူ ၁ ဦး ၁ ယောက်၏ နှလုံးသားဖြင့် ခံစားပြီး ဦးဏှောက်ဖြင့် ရွေးချယ် ခဲ့သော ဖြစ်ရပ်မှန် ။

မေ့မရနိုင်ခဲ့သောပုံရိပ်များ

၈၈ အရေးအခင်းကာလကပေါ့ .........
ဖေဖေကကျောက်တလုံး ခ.လ.ရ(၈၁) မှာတပ်ခွဲမှူး ဗိုလ်မှူးဘဝနဲ့ ရှေ့တန်း မဲသဝေါစခန်းမှာ အသေအကြေတိုက်နေချိန် ကျွန်မကတော့ရန်ကုန်မှာဆန္ဒပြဖို့စီတန်းလာတဲ့အဖွဲ့ တွေများစွာကို လမ်းထိပ်ထွက်ကြည့်လက်ခုပ်တီးအားပေးလို့ဝေလားဝါးလားပျော်နေချိန်ပေါ့အရေးအခင်း

ကာလကျောင်းတွေပိတ်သွားတော့အမေကတပ်ကိုမိသားစုနဲ့နေဖို့လှမ်းခေါ်ပါရော ....

ကျွန်မတပ်ကိုလည်းရောက်ရောအမေရဲ့စိုးရိမ်ပူပန်မှုတွေတပ်မိသားစုတွေရဲ့စိတ်ပင်ပန်းဆင်းရဲမှုတွေ

ကျဆုံးစစ်သည်တွေရဲ့မိသားစုမျက်ရည်တွေ တွေ့ လိုက်ရတော့ကျွန်မနှလုံးသားအရောင်ပြောင်း သွားခဲ့ပါတယ် ။ အဲ့ဒီ့အချိန်မှာမဲသဝေါတိုက်နေတဲ့တပ်မ ၆၆ အောက် ကျောက်တလုံး ၈၁ ဆိုတော့စဉ်းစားကြည့်ကြပေါ့ရှင် ....

ကျွန်မရောက်ပြီး နောက်ပိုင်း ဖေဖေရှေ့တန်းမှာဒဏ်ရာရလို့ ဖားအံဆေးရုံကို လိုက်သွားရပါတယ် ။ဖားအံဆေးရုံ လည်းရောက်ရောကျွန်မတွေ့ ခဲ့ရတာတွေကို ဒီနေ့ထိအမှတ်ရနေတုန်းပါ
ဆေးရုံဝင်းထဲလမ်းလျှောက်တဲ့ကော်ရစ်တာမှာရောမြေကွက်လပ်တွေမှာရော တာလပတ်တွေနဲ့ခင်းပြီးဒဏ်ရာရစစ်သည်လူနာတွေဟာအများကြီးပါ ဖေဖေရှိရာအဆောင်ကိုသွားဖို့

အဲ့ဒီ့လူနာတွေကိုကျော်ခွပြီးလျှောက်လမ်းတလျှောက်ခြေချစရာမရှိအောင်ရှောင်သွားရပါတယ်။

နေရာတိုင်းမှာသွေးနံ့တွေနဲ့ညှီပြီး ယင်ကောင်တွေကလည်းအနာတွေနားမှာတရုန်းရုန်းနဲ့ပါ ခြေထောက်အပြတ်ကိုမပြီးအော်ဟစ်

ညီးညူနေတဲ့သူတွေခွဲခန်းထဲကနေ ထော်လီနဲ့တွန်းပြီးတင်လာတဲ့လူနာတွေရဲ့အော်ညီးသံတွေ

ဆရာဝန်ဆရာမတွေပြေးလွှားနေတာတွေအကုန်မြင်တွေ ခဲ့ရပါတယ် ။

ခုနကကော်ရစ်တာလမ်းတလျှောက်ကလူနာတွေဟာလည်းဒဏ်ရာသေးလို့အပြင်ပို့ထားတာ

မဟုတ်ပါလူနာထားစရာနေရာမရှိတော့လို့ပါသွေးသံရဲရဲခြေပြတ်လက်ပြတ်နဲ့ဒဏ်ရာရထားတဲ့

သူတွေပါသွေးညှီနံ့ဟာလည်းနေရာတိုင်းပါ။အဲ့ဒီ့မြင်ကွင်းတွေတွေ့ခဲ့ရကြုံခဲ့ရတဲ့ကျွန်မဟာ

ရန်ကုန်ပြန်ရောက်ရင်ငါဘာလုပ်သင့်သလဲဆိုတာသေချာသိလိုက်ပါတော့တယ် ။

တပ်မ ၆၆ ခလရ ၈၁ ကျောက်တလုံးရှိတပ်မတော်သားများနှင့်မဲသဝေါတိုက်ပွဲဝင်တပ်မတော်သားများအား

အစဉ်ဦးညွှတ်လျှက်...


.. www.MyanmarExpress.net
 

ရှမ်းပြည်နယ် NLD လူငယ် နှင့် လူကြီး နှစ်ခြမ်းကွဲ

From : ..mizzima

သြဂုတ် ၄ ရက်က တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ရုံးတွင် ကျင်းပခဲ့သည့် (NLD) ဗဟိုလူငယ် ညီလာခံ ကျင်းပရေးအတွက် ရှမ်းပြည်နယ် လူငယ်ညီလာခံ ကော်မရှင်ဖွဲ့စည်းရေး အစည်းအဝေးအရ ညီလာခံတွင် လူငယ်များ ပါဝင်လာနိုင်ဖွယ် မရှိပေ။

ညီလာခံမှာ လူငယ်ညီလာခံဟုဆိုသော်လည်း လူလတ်ပိုင်းအရွယ် ၃၅ နှစ်မှ အသက် ၄၀ ကြား ပါတီဝင်များနှင့် ဖွဲ့စည်းသွားမည် ဖြစ်သောကြောင့် လူငယ်များ ပါဝင်လာနိုင်ရန် အခွင့်အရေးနည်းပါးသွားပြီဖြစ်သည်။

“လူငယ်ညီလာခံဆိုပေမယ့် လူလတ်ပိုင်းအရွယ် ၃၅ နှစ်ကနေ ၄၀ကြားတွေနဲ့ ဖွဲ့စည်းမှာပါ” ဟု တောင်ကြီး ခရိုင် NLD ဥက္ကဋ္ဌ ဦးတင်တောင်တိုးက မဇ္ဈိမကို ပြောသည်။

ယခု ဖွဲ့စည်းရေးအတွက် ရည်ရွယ်ချက်မှာ လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးကဏ္ဍများတွင် စွမ်းဆောင်ရည် မြင့်တက်လာစေရန် လူငယ်ညီလာခံမှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအထိ ပေါ်ပေါက်လာစေရန် ဖြစ်သည်။

NLD လူငယ်ညီလာခံကျင်းပရေးအတွက် ကျင်းပရေး ကော်မရှင်ဖွဲ့စည်းရာတွင် ဝေဖန်သံများထွက်ပေါ်လျှက်ရှိပြီး ဇူလိုင်နောက်ဆုံးပတ်က မကွေးမြို့တွင် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဖွဲ့နိုင်ရန်အတွက် အသက် ၁၆ နှစ်မှ ၃၅ အကြား လူငယ်များကို စည်းရုံးဆောင်ရွက်ခဲ့သေးသည်။

ပါတီဝင် လူငယ်များကို အောက်ခြေမြို့နယ်မှစကာ တစ်ဆင့်ချင်း ဗဟိုအဆင့်အထိ အဆင့်ဆင့် ရွေးချယ်သွားမည် ဖြစ် သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုလူငယ်ညီလာခံ ကျင်းပရေးအတွက် ဗဟိုကော်မရှင်အဖွဲ့ကို အဖွဲ့ဝင် ၂၄ ဦးဖြင့် ဇူလိုင်လ ၉ ရက်က ဖွဲ့စည်းခဲ့သည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်များအား နေရာပေးလိုကြောင်း ပြောလေ့ရှိပြီး အောက်ခြေမှ မဲပေးနည်းစနစ်ဖြင့် ရွေးချယ်ပေးကာ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်မှု ပုံစံများကိုမူ
ဝေဖန်မှုများ ရှိနေသည်။

NLD ၏ ပါတီလုံးကျွတ် ညီလာခံတွင် အောက်ခြေအဆင့်တွင် ရွေးချယ်မဲပေးသည့် ပုံစံဖြင့် ရွေးချယ်လာခဲ့သော်လည်း ဗဟိုအဆင့်သို့ ရောက်သောအခါ အမှုဆောင်ကော်မတီဝင်ကို ဒေါ်အောင်ဆန်းစုကြည်ကသာ ရွေးချယ်ခဲ့သဖြင့် ဝေဖန်မှုအများအပြား ရှိခဲ့သည်။ 


.. www.MyanmarExpress.net
 

ဒေါ်စု သမ္မတဖြစ်ဖို့ဖွဲ့စည်းပုံပြင်ရေး မအောင်မြင်ဘူးဆိုလျှင်