Subscribe to our RSS Feed

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်တွင် လူဆယ်ဦးထက် မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သော မြင်ကွင်း

From : ..eleven


DSC 0211 copy
မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်တွင် လူဆယ်ဦးထက် မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သော မြင်ကွင်း

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်တွင် လူဆယ်ဦးထက် မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သော မြင်ကွင်းနှင့်ပတ်သက်၍ ယခုဓါတ်ပုံကိုမတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က မိတ္ထီလာမြို့ ၀န်ဇင်း ရပ်ကွက် ၊ မိတ္ထီလာ-မြင်းခြံလမ်းပိုင်း စည်းခုံကြီး ကန်ဘောင် (ဒေသအခေါ် စည်းခုံကြီး တံတား) နေရာတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။

ဓာတ်ပုံကို ဖော်ပြခြင်းသည် အခြားသော ရည်ရွယ်ချက်မျိုး မဟုတ်ဘဲ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လူသား မဆန်သော ပြစ်မှု ကျုးလွန်ခြင်း ဖြစ်၍ ထိုကဲ့သို့ နောက်နောင် ထပ်မံ မဖြစ်ပွားရန် အချိန်မီ ဟန့် တားမှုနှင့် ကာကွယ် တားဆီမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ဓာတ်ပုံတွင် ပါဝင်သူများမှာ မည်သည့် လူမျိုး ဖြစ်သည်ကို မီးလောင်ကျွမ်းမှုများအရ ခန့်မှန်းရန်ပင် ခက်ခဲပါသည်။

ယမန့်နေ့က အရေးပေါ် အခြေအနေ ကြေညာ၍ ထိန်းသိမ်းခဲ့ရာ ယနေ့တွင် တည်ငြိမ်မှုများ ရှိလာသဖြင့် တရားဥပဒေ အရ အရေးယူ ဖော်ထုတ်နိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ ဤဓာတ်ပုံကို ဖော်ပြရန် အတွက် အကျိုး၊ အပြစ်အားလုံးကို ဆန်းစစ်ပြီးမှ အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခု ဖြစ်စဉ်တွင် ဤမျှ ဆိုးဝါးခဲ့ခြင်းသည် လုံခြုံရေး တပ်ဖွဲ့များ၏ အရေးယူ ဆောင်ရွက်မှု နှောင့်နှေးခဲ့ရခြင်းမှာလည်း အကြောင်းတစ်ခု ဖြစ်ပါသည်။

နောက်နောင်တွင် နမူနာ ယူနိုင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လျင်မြန်သော ဟန့်တား ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန် အပါအ၀င် အားလုံး သိရှိနိုင်ရန်အတွက် ယခု ဓာတ်ပုံကို ဖော်ပြခြင်း ဖြစ်ပါသည်။

.. www.MyanmarExpress.net
 

မတ္ထီလာမြို့နယ် တည်ငြိမ်အေးချမ်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကော်မတီများဖွဲ့စည်း

From : ..myanma age

ပြီးခဲ့သည့်(၂ဝ)ရက်နေ့မှ စတင်ကာ အကြမ်းဖက်မှုများ
ဖြစ်ပွားခဲ့သော မတ္ထီလာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်း
စေရေးအတွက် ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး အစိုးရ
အဖွဲ့မှ သက်ဆိုင်ရာ ကော်မတီ အသီးသီးကို ယမန်နေ့က
စတင်၍ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ
သိရသည်။

အဆိုပါ ကော်မတီများတွင် ဗဟိုကွပ်ကဲမှုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်မှ တာဝန်ယူ
ဆောင်ရွက်ပြီး ဗဟို ကွပ်ကဲမှုအဖွဲ့၊ လုံခြုံရေးကော်မတီ၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၊ တရား
ဥပဒေ စိုးမိုးရေး ကော်မတီ၊ ပညာရေးကော် မတီ၊ ကျန်းမာရေး
ကော်မတီ၊ သာသနာရေးဆိုင်ရာ ကော်မတီနှင့် ပြန်ကြားရေး
ကော်မတို့ ပါဝင်ကာ စုစုပေါင်း တာဝန်ရှိသူ (၅ဝ)ဦးဖြင့် ဖွဲ့စည်း
ထားကြောင်း သိရသည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် သေဆုံး
သူ (၁၁) ဦး၊ ဒဏ်ရာ ရရှိသူ (၃၉) ဦး ရှိကြောင်း သိရပြီး နိုင်ငံ
တော်သမ္မတရုံးမှ မတ်လ(၂၂)ရက်နေ့က အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်သည့် နောက်ပိုင်း မိတ္ထီလာမြို့နယ်အတွင်း တည်ငြိမ်းအေးချမ်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဝဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး
စခန်း(၆)ခု ဖွင့်လှစ်ထားရှိသည့်အပြင် ပြည်သာယာမြောက်ပိုင်း ရတနာဦးဘုန်းကြီးကျောင်းတွင်လည်း ဒုက္ခသည်(၆ဝဝ)ခန့်အား ကယ်ဆယ်ထားကာ စုစုပေါင်း ဒုက္ခသည်ဦးရေ (၉ဝဝဝ)ခန့်
ရှိကြောင်း သိရပြီး ကယ်ဆယ်ရေးစခန်းများမှ မိမိနေအိမ်သို့
ပြန်လိုသူများကိုလည်း သက်ဆိုင်ရာမှ တာဝန်ယူ ပို့ဆောင်ပေး
နေကြောင်း သိရသည်။


.. www.MyanmarExpress.net

မိတ္ထီလာမှာ စစ်တပ် ချထား

From : ..bbc


မိထ္ထီလာမှာ အရေးပေါ် အခြေ အနေ ကြေညာ ပြီးနောက် စစ်တပ်ကို ချထား လိုက်ပြီး စစ်သား တွေဟာ မြို့ လမ်းမတွေ ပေါ်မှာ ကင်းလှည့် သွားလာ စောင့်ကြည့် နေကြ ပါတယ်။

အခုတော့ အခြေ အနေတွေ ပြန်တည် ငြိမ်လာပြီ ဖြစ်ပြီး၊ အရင် သုံးရက်က ဖြစ်ပွား ခဲ့တဲ့ အဓိက ရုဏ်းတွေ အတွင်း မှာတော့ အနည်းဆုံး ၃၀ လောက် သေဆုံး သွားခဲ့ ရပါတယ်။

ဗလီ ၅ ခု အပါ အဝင် မွတ်ဆလင်တွေ ပိုင်တဲ့ အိမ်နဲ့ ဆိုင်ခန်း အတော် များများလည်း မီးရှို့ ခံလိုက် ရပါတယ်။

နှစ်ဘက် စလုံးက ဒုက0x081ခသည် အရေ အတွက် ၂ သောင်း လောက်ရှိ မယ်လို့ ဒုက0x081ခသည် ဒေသခံ တွေက ပြောပါတယ်။ အခုတော့ ဒုက0x081ခသည်တွေ အတွက် ကယ်ဆယ် ရေး ပစ0x081စည်းတွေ ရောက်ရှိ လာနေ တယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက် ရှိတဲ့ အထဲမှာ မွတ်ဆလင် လူဦးရေက ခန့်မှန်းခြေ ၄ ရာခိုင်နှုန်း လောက် ရှိပါတယ်။


.. www.MyanmarExpress.net
 

မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ်နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံတပ်ရင်းများစသော တပ်ရင်းများမှ တပ်မတော်သားများက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျက်ရှိ

From : ..7day

မတ်လ ၂၃ ရက်တွင် မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ်နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံတပ်ရင်းများစသော တပ်ရင်းများမှ တပ်မတော်သားများက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ ဒုက္ခသည်များအတွက် ရေနှင့် အစားအသောက်များ၊ အညစ်အကြေးစွန့်ရန် အိမ်သာများ လိုအပ်နေကြောင်း အဆိုပါဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

"ဒုက္ခသည်စခန်းမှာ မီးအသုံးပြုခွင့်မပေးဘူး။ အဲဒါကြောင့် အစားအသောက်ခြောက်တွေ၊ ရယ်ဒီမိတ်တွေပဲ စားသုံးနေတယ်" ဟု ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသော အင်န်အယ်လ်ဒီပါတီမှ ကိုတေဇာက ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ပုဂံညောင်ဦးအပါအ၀င် အခြားမြို့များမှ သံဃာတော်များ၊ လူမှုရေးအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ဒုက္ခသည်များအတွက် အစားအသောက်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

မိတ္ထီလာမြို့တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် သုံးရက်အတွင်း ၁၁ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၅၂ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး၊ ကား နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင်ကယ် တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ကြောင်း အစိုးရက မတ်လ ၂၂ ရက်ညတွင် သတင်းထုတ်ပြန်သည်


 .. www.MyanmarExpress.net
 

မိတ္ထီလာမြို့၌ ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့အထိ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရသူ (၃၉) ဦးရှိ မတ်လ (၂၂) ရက်မှစ၍ မိတ္ထီလာခရိုင်၌ အရေးပေါ်အခြေအနေကြေညာထား ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာအောင် ပြည်သူများက တာဝန်ရှိသူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထား

From : ..YMG

မန္တလေးတိုင်းဒေကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့ ညနေပိုင်းအထိရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ (၁၁) ဦး၊ ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှုအနေဖြင့် နေအိမ် (၁၅၂) လုံး၊ မော်တော်ယာဉ် (၂) စီး၊ ပညာရေးမှူးရုံး (၁)လုံး၊ ဆိုင်ကယ် (၁) စီး၊ သုံးဘီးဆိုင်ကယ် (၂) စီး၊ ဘာသာရေး အဆောက်အအုံ (၁၃) လုံးရှိကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပြီး ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်းအေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရေး အတွက် မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်အပါအဝင် မြို့နယ်လေးမြို့နယ်အား ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာထား သည်။

ပြည်သူများအနေဖြင့် ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ကြပါရန်အတွက် ယခုဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို ဦးဆောင်ပြု လုပ်ခဲ့သူများ၊ ထပ်မံ၍ အလားတူလုပ်ဆောင်ရန် ကြံစည်သူမျာအား တွေ့ရှိပါက အရေးယူနိုင်ရေးအတွက် သတင်းပေးပို့ ကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။


 .. www.MyanmarExpress.net

မိတ္ထီလာ အဓိကရုဏ်းကိုထိန်းသိမ်းဖို့ တပ်ရင်း ၁၀ ရင်းထပ်မံရောက်ရှိ

From : ..rfa

သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့နယ်နဲ့မလှိုင်၊ဝမ်းတွင်းနဲ့သာစည်မြို့ရဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရန်ကုန်အခြေစိုက် အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းဟာ မနေ့ညက မိတ္ထီလာမြို့ကို ရောက်ရှိလာပါတယ်။

ဒီတပ်ရင်းတွေဟာ ကြိုတင်ရောက်ရှိနေတဲ့ တပ်မ ၇၇ ရဲ့တပ်ရင်းသုံးရင်းနဲ့ ပူးပေါင်းပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်လေးမြို့နယ်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့နယ်မြေတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

"မိတ္တီလာမှာ တပ်မ ၇၇ကသုံးရင်းနဲ့စကခက ၆ ရင်း တပ်စွဲထားမယ်"လို့ အဲဒီအရာရှိက ဆက်လက် ဆိုပါတယ်။

ယမန်နေ့ညက စပြီး မိတ္ထီလာမြို့အတွင်းမှာ စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး အခြေအနေတည်ငြိမ်အောင် ဆောင်ရွက်နေတာတွေရှိပေမယ့် ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ အခြေခံစားသောက်ကုန်ကြီးမြင့်နေတယ်လို့ မိတ္ထီလာမြို့ခံ ဦးသိန်းဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကြက်ဥတစ်လုံးကို ၃၀၀ လောက်ဖြစ်နေတယ်။ကြက်သား၊ဝက်သားတစ်ပိဿာကို ၇ ထောင်လောက် ဖြစ်နေတယ်
၊ပိုက်ဆံရှိတာတောင် ဝယ်ချင်သလို ဝယ်လို့မရဘူး"ကိုပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း မိတ္ထီလာမြို့မှာ ကုန်ဈေးနှုန်းတွေကျဆင်းဖို့အတွက် မန္တလေးမြို့ကနေ ကြက်ဥနဲ့အသားတွေကို တီအီးကားလေးစီးစာ ပေးပို့ထားတယ်လို့ သိရပါတယ်။


.. www.MyanmarExpress.net
 

မိတ္ထီလာ သို့ စစ်တပ်ဝင်လာပြီးနောက် ဒီမိုကရေစီ မြန်မာလူထု အထူး စည်းကမ်းရှိ ၍ နယ်မြေတည်ငြိမ်အေးချမ်းလာ


သောကြာနေ့ ညနေပိုင်း က စပြီး အရေးပေါ်အခြေအနေ ကြေညာ ပြီး စစ်တပ်များ ဝင်လာသည့် နောက် ပိုင်း မိတ္ထီလာမြို့ သိသိသာသာ ငြိမ်သက်မှုရှိလာ ပါတယ်။

အဲဒီနေ့ နေ့လည်ပိုင်း အထိ မီးရှို့မှုတွေ ရှိနေဆဲဖြစ်ပေမယ့် စစ်တပ်ဝင်လာတဲ့ ညနေပိုင်း က စပြီး လူအုပ်စုဖွဲ့ တိုက်ခိုက် တဲ့ သတင်းမျိုး မကြားရသေး ဘူးလို့ အဲဒီ မြို့မှာရောက် နေတဲ့ သတင်းထောက် တဦး ပြောပါတယ်။

မီးရှို့တာတွေကြောင့် မြို့မှာ အဆောက်အဦ အတော်များများ မီးသင့် ပျက်ဆီးနေပြီလို့ လည်း သူ ကပြောပါတယ်။

မီးရှို့ထားတဲ့ ရုပ်အလောင်းတွေ ကိုလည်း ကိုယ်တိုင် မြင်ခဲ့ ရကြောင်းနဲ့ သူတွေ့ တာ ရန်ကုန် မန္တလေး ကားလမ်း အဟောင်း ပေါ်မှာ အဲဒီလို ရုပ်အလောင်း၂ လောင်း နဲ့ မိတ္ထီလာ ကန်ဘောင် ဘက်မှာ ၁၀ လောင်း လောက် မြင်ခဲ့ ရကြောင်း ပြောပြပါတယ်။

ကြောက်လန့်မှုတွေ နဲ့ လူတွေ အပြင် မထွက်ရဲတာကြောင့် မြို့ဟာ တိတ်ဆိတ် နေပြီး ဈေးဝယ်ရ လည်း ခက်ခဲ နေပြီ ဖြစ်တဲ့ အကြောင်း အိမ်ရှင်မ တဦး က ပြောပါတယ်။


.. www.MyanmarExpress.net

 

အဓိကရုဏ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်

From : .rfa

မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြောကြားပါတယ်။

ရဲစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူ ၅၃ ဦးအထဲမှာ မိတ္ထီလာမြို့ကမဟုတ်ဘဲ အနီးအနားမြို့တွေက ဒေသခံ တွေပါဝင်တယ်လို့လဲ အဲဒီအရာရှိက ပြောပါတယ်။

မိတ္ထီလာမြို့တွင်းမှာ ပစ္စည်းများကိုင်ဆောင် သွားလာနေတဲ့ မင်္သကာဖွယ်သူအချို့ကို အဓိကရုဏ်းစတင်ဖြစ်ပွားရာ မတ်လ ၂၀ ရက်နေ့ကတည်းက စတင်
ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မနေ့က မတ်လ ၂၂ ရက်နေ့နေ့လယ်က စပြီး အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် အမှတ်(၂)ရဲစခန်းနယ်မြေအတွင်းမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး တုတ်၊ဓားကိုင်ဆောင်ပြီး မိတ္ထီလာမြို့တွင်း သွားလာနေသူအချို့မှာပါရှိတဲ့ တုတ်တွေ၊ဓားတွေကို သိမ်းဆည်းခဲ့တယ်လို့ မိတ္ထီလာ အမှတ်(၂)ရဲစခန်းက တာဝန်ရှိသူက RFA ကို မတ်လ ၂၂ ရက်နေ့ညနေက ပြောပါတယ်။


မိတယ်။
.
.. www.MyanmarExpress.net
 

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်

From : ..the voice

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ်ဆယ်ထောက်ပံရေး လုပ်ငန်းများ ကိုဆောင်ရွက်ရန် သံင်္ယာတော်များ၊ဒေသအာဏာပိုင်များးနင့် မြိုခံလူမှုရေး အဖွဲအစည်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပိုသည်။

အရေးပေါအခြေအနေ ကြေညာပြီးနောက် မိတ္ထီလာမြို့တွင် တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိစေရန်အတွက် အမှတ်၇၇ ခြေမြန်တပ်မလက်အောက်ခံ တပ်ရင်းများ၊ မိတ္ထီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန် တပ်မ လက်အောက်ခံတပ်ရင်းများသာမက တပ်မတော် (လေ )တပ်ဖွဲဝင်များ က လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ခရိုင်အားကစားကွင်းက မွတ်စလင်ဘာသာဝင်ဒုက္ခသည်တွေကို ဘုန်းတော်ကြီးတွေက သွားရောက်အားပေး နေတယ်။အမိုးအကာတွေ ခုထိမရသေးဘူး၊ ရေသန့်ဗူးတွေ ဆန်အိတ်တွေ ပေးနေတယ်ဟု The Voice Weekly သတင်းထောက်က ဆက်လက်သတင်းပေးပိုသည်။

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်လ ၂၂ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှုအနေဖြင့် နေအိမ် ၁၅၁ လုံး၊ မော်တော်ယာဉ် ၁ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ပျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။


 .. www.MyanmarExpress.net
 

မိတ္ထီလာ အဓိကရုဏ်းကြောင့် မြို့ခံတွေ နေအိမ်စွန့်ခွာ

From : ..rfa

mikehtila-police-305.jpg
မိတ္ထီလာမြို့အတွင်း သွားလာနေသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေစဉ်
 
မတ်လ ၂၀ ရက်နေ့ကနေ ဒီကနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာနှင့် ဆေးရုံတက်ရောက်ကုသနေရသူ ၂၅ ဦးရှိတယ်လို့ မိတ္ထီလာဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။
လက်ရှိဆေးရုံတက်နေရတဲ့ လူနာ ၂၅ ယောက်ထဲမှာ ဒဏ်ရာပြင်းထန်ရသူတွေ မပါဝင်ပဲ၊ ဒဏ်ရာပြင်းထန်သူအချို့ကိုတော့ မန္တလေးဆေးရုံကြီးထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
မိတ္ထီလာဆေးရုံကတော့ သူတို့ထံရောက်ရှိတဲ့ စာရင်းအရသာ ပြောဆိုတာဖြစ်ပြီး တကယ်သေဆုံးသူစာရင်းကို လက်ရှိအခြေအနေမှာ အတည်ပြုပြောရခက်ခဲပါတယ်။ RFA က ဒေသခံတွေကို မေးမြန်းချက်အရ သေဆုံးသူဟာ ၄၀ ပတ်ဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ဒီနေ့မှာတော့ မိတ္ထီလာမြို့အတွင်းမှာ တုတ်၊ ဓား လက်နက်ကိုင်ဆောင်ပြီး သွားလာနေသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက အဲဒီလက်နက်တွေကို သိမ်းဆည်းနေပြီး အခြေအနေ ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
၃ ရက်ကြာ အဓိကရုဏ်းကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ မြို့ခံတစ်ထောင်ခန့်ကတော့ မိတ္ထီလာမြို့နယ် အမှတ် (၁) ရဲစခန်းနဲ့ ခရိုင်အားကစားကွင်းမှာ ခိုလှုံနေပါတယ်။
မိတ္ထီလာမြို့မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုကျော်ဇောဝင်းကို မသူဇာက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မိတ္ထီလာမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။
မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးဆန်းလှိုင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။

..
 www.MyanmarExpress.net
 

အရေးပေါ်ကြေညာပြီး မိတ္ထီလာငြိမ်သက်

From : ..voa

မိတ္ထီလာမြို့တွင်း မီးလောင်မှု၊ အကြမ်းဖက်မှုတွေ ဖြစ်ရာနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားကြသော တပ်ဖွဲ့ဝင်များ။ (မတ်လ ၂၂၊ ၂၀၁၃)


.အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက် ဆူပူမှုတွေကို မတွေ့ရတော့ဘူးလို့ ဒေသခံ NLD ပါတီဝင် ဒေါက်တာသိန်းလွင်က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေကိုတော့ ဗွီအိုအေ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းချိန်မှာ ဒေါက်တာ သိန်းလွင်က အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ လမ်းတွေအားလုံးကို စစ်တပ်က တာဝန်ယူလိုက်ပါပြီ။ စစ်ဥပဒေကြေညာပြီးတော့ ပြဌာန်းလိုက်ပြီ။ စစ်တပ်က အကုန်တာဝန်ယူလိုက်ပြီ။ ညနေ ၆ နာရီကနေ မနက် ၆ နာရီထင်ပါတယ်။ မာရှယ်လော-က။ အဲဒီကာလမှာ ကိုယ့်အိမ်ထဲမှာကိုယ် နေကြပေတော့-ပဲ။”

မေး။ ။ အခု ဘယ်နှစ်နာရီ ရှိပြီလဲ ဆရာ။

“အခု ကျနော်တို့ဆီမှာ ၈ နာရီ ရှိပါပြီ။”

မေး။ ။ --ဆိုတော့ လမ်းပေါ်မှာ လူမရှိတော့ဘူးပေါ့။

“မရှိတော့ဘူး။ အသွားအလာတွေ အကုန်လုံး ရပ်ဆိုင်းသွားတယ်။”

မေး။ ။…ဆိုတော့ ဆူဆူ ပူပူ ဖြစ်တဲ့ ကိစ္စတွေလည်း ရပ်စဲသွားပြီလို့ ဆိုနိုင်တာပေါ့။

“ဆူဆူပူပူဖြစ်တဲ့ ကိစ္စတွေလည်း ငြိမ်သက်သွားပါပြီ။ ဒီနေ့ဆိုရင် တော်တော်လေး ရှင်းသလောက် ဖြစ်သွားပြီ။ ၃ ရက်လောက် နေပြီးမှာ မာရှယ်လောက ထွက်တယ်။ မာရှယ်လော စောစောစီးစီးက ထုတ်ထားလည်း ပြီးတာပဲ။ အခုတော့ နောက်ကျတယ်။”

မေး။ ။ မီးလောင်တာတွေရော ငြိမ်သက်သွားပြီလား ခင်ဗျ။

“မီးလောင်တာတွေတော့ ငြိမ်သက်သွားပါပြီ။ ပြီးတော့ နောက်ဆက်တွဲ ပြဿနာတစ်ခုက မွတ်ဆလင်တွေပိုင်တဲ့ စတိုးဆိုင်တွေကို ဖျက်ဆီးပြီးတော့ ပစ္စည်းတွေ ယူတဲ့ ကိစ္စတွေပေါ့။ ဒီနေ့ဆိုလို့ရှိရင် အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တို့- ရေခဲသေတ္တာတို့-အဲလိုပစ္စည်းတွေကို သယ်ထုတ်နေတယ်။ ဆိုင်ကယ်တွေနဲ့သယ်ကြ၊ ကားတွေနဲ့သယ်ကြ၊ သုံးဘီးငှားပြီး လာသယ်တဲ့သူတောင် ရှိသေးတယ်။ အဲဒါမျိုးတွေက မဖြစ်သင့်ဘူးပေါ့။”

မေး။ ။ အရေးပေါ် ဖြစ်ပြီးတဲ့နောက်မှာ အဲဒီလို ဆိုင်တွေကို ဖောက်ထွင်းယူတာတွေလည်းပဲ ငြိမ်သက်သွားပြီပေါ့။-

“အတော် ငြိမ်သက်သွားပါပြီ။ အခုတော့ အတော်များများ ငြိမ်သက်သွားပါပြီ။ ကျနော်တို့ အမှတ် (၁) စခန်းမှာ ရှိတဲ့ ဒုက္ခသည်စခန်းကို ကျနော်တို့ သွားကြည့်ပါတယ်။ ဦးဝင်းထိန်နဲ့ ကျနော်နဲ့ပေါ့။ လိုအပ်တဲ့အကူအညီတွေ ကျနော်တို့ လုပ်ပေးပါတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင်လည်း ကလေးတွေက အစာမစားရ-မပြုရဆိုတော့ ကျန်းမာရေး ချို့တဲ့မှုတွေရော- ဘာတွေရော-ကျနော်တို့ ရှိနေတော့ လွတ်လွတ်လပ်လပ်တော့ သွားပြီး အကူအညီပေးလို့ မရသေးဘူးပေါ့။ မာရှယ်လောက ၄ နာရီမှာ စပြီးတော့ ထုတ်တာ။ ကျနော်တို့ ခရိုင်ရုံးရောက်တဲ့အချိန်မှာမှ ဝန်ကြီးချုပ်က ဖတ်ပြတယ်။ အဲဒီတော့မှ ကျနော်တို့ မာရှယ်လော ထုတ်ထားတယ်ဆိုတာ သိတယ်။ အဲဒီတော့ တုတ်၊ ဓား၊ လက်နက်တွေကိုတော့ သိမ်းချင်သိမ်းပါ။ ဒါပေမဲ့ လူတွေကိုထိန်းတဲ့ ကိစ္စကတော့ လက်ရှိအခြေအနေမှာ လူတိုင်းက တုတ်၊ ဓား၊ လက်နက် ကိုင်ကြမှာပဲ။ ကိုင်တယ်ဆိုတာက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ကိုင်တာပါ။ အဲဒါလေးကိုတော့ ဝန်ကြီးချုပ်အနေနဲ့ စဉ်းစားပြီးတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အဲဒါကိုတော့ ကျနော် တောင်းဆိုပေးလိုက်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ နောက်တခုက နောက်ဆုံး ဆရာတို့ သိရတဲ့အထိ အသတ်ခံရတဲ့သူ၊ သေတဲ့သူ ဘယ်နှစ်ယောက်ရှိတယ်လို့ အကြမ်းဖျင်းသိရပါသလဲ ခင်ဗျ။

“အကြမ်းဖျင်းတော့ ကျနော်ထင်ပါတယ်- ထုတ်ပြန်ကြေညာချက်ကတော့ နည်းတယ်ပေါ့လေ။ သူတို့က ၅ ယောက်ပဲ ကြေညာထားတာ။ ဒဏ်ရာရတာ ၃၄ ယောက်ပေါ့။ တကယ်တန်းဆိုရင် အဲလောက် မကပါဘူး။ ကျနော်တို့မြင်တာကို ၇ ယောက်လောက် ရှိတယ်။ ဒါတောင် ကျနော်တို့ မျက်မြင်ပဲ ရှိသေးတယ် နော်။ ဟိုနားဖြစ်လိုက်၊ ဒီနားဖြစ်လိုက်ဆိုတဲ့ ပြဿနာ၊ မီးရှို့ထားတဲ့ အလောင်းတွေနဲ့ဆိုရင် လမ်းပေါ်မှာ အခုထိ မသိမ်းသေးဘူး။”
ဒေါက်တာသိန်းလွင်ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းခဲ့တာပါ။

. www.MyanmarExpress.net

၂၀၁၂-၂၀၁၃ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၅၀၀၀ ခန့် ပျက်ကွက်

From : ..myanma age
 
အောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀တွင် လာရောက်မဖြေသူ ၁၅၀၀၀ ကျော်ခန့် ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီးဌာန အောက်မြန်မာပြည်မှ သိရသည်။

ယင်းကဲ့သို့ လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒဘာသာတွဲ
တွင် စာရင်းရှိ ၃၁၃၅၁တွင် ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒ ဘာသာတွဲတွင် စာရင်းရှိ ၁၂၄၂၉၀ တွင်ပျက်ကွက်သူ ၁၂၀၉၂ ဦး ရှိပြီး ဝိဇ္ဇာတွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦးရှိကြောင်း သိရှိရ
သည်။

၂၀၁၁-၂၀၁၂နှစ်က အောက်မြန်မာပြည်တွင် စာရင်းရှိ ၁၅၁၁၉၆ ဦးတွင် ဖြေဆိုရန်ပျက်ကွက်သူ ၁၆၄၄၈ ဦး ရှိပြီး ပျက်ကွက်သူ ၉.၂ ရာခိုင်နှုန်းခန့်ရှိပြီး၂၀၁၂-၂၀၁၃ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက
ယခုနှစ်တွင် စာမေးပွဲလာရောက်မဖြေဆိုသူ ပိုများကြောင်း
သိရသည်။

ပညာရေးဝန်ကြီးဌာန အောက်မြန်မာပြည်တွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ပါဝင်ကြောင်း သိရသည်။
 

 .. www.MyanmarExpress.net
 

မိတ္ထီလာပဋိပက္ခ ၁၀ ဦးထက်မနည်း သေဆုံး

From : ..irrwady

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သေဆုံးသူ ၅ ဦးရှိပြီဟု အစိုးရက သတင်းထုတ်ပြန်ထားသော်လည်း အမှန်တကယ်သေဆုံးသည့်အရေအတွက်မှာ ၁၀ ဦးအထက်တွင်ရှိနေကြောင်း သတင်းရရှိသည်။

မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တခုတွင်ဖြစ်ပွားခဲ့သော ရန်ပွဲမှ အစပြုကာ ဘာသာရေးနှင့်လူမျိုးရေး အဓိကရုဏ်းပုံစံအသွင်ပြောင်းသွားပြီး  အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးဆိုင်များ၊  အစိုးရုံးအချို့၊ လူနေအိမ်များကို ကို မီးရှို့ခြင်း၊ ပစ္စည်းများလုယက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုအရေအတွက် များပြားကြောင်း၊ အစိုးရသတင်း ထုတ်ပြန်ချက်တွင်မူ သံဃာတော်တပါးနှင့် လူ ၄ ဦးသေဆုံး ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်တွင်မူ သေဆုံးမှုအရေ အတွက်သည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည့်အတွက် အရေအတွက် တိတိကျကျ မသိရှိရသေးကြောင်း သိရှိရသည်။

မိတ္ထီလာမြို့နယ်ဆေးရုံကြီးမှ တာဝန်ရှိသူတဦးက-”အခုအချိန်အထိ ဆေးရုံကို ရောက်လာတဲ့ သေဆုံးသူအရေအတွက် မနေ့ကရော၊ ဒီနေ့ပါ စုစုပေါင်း ၁၀ ဦးရှိပါတယ်။ အတွင်းလူနာ ၂၅ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်က ပဋိပက္ခများကြောင့် သေဆုံးရသူ အရေအတွက်မှာ အနည်းဆုံး ၂၀ ဦးကျော်သေဆုံးကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်ကိုယ်တိုင် သေဆုံးနေတဲ့သူတွေ မျက်စိနဲ့ လိုက်ရေတွက်ထားတာချည်းပဲ ၂၀ ကျော်တယ်။ ဒါ ဆေးရုံပေါ်က စာရင်းမဟုတ်ဘူး။ ကျနော်ကိုယ်တွေ့စာရင်းချည်းပဲပြောတာ။ စုစုပေါင်း ၂၀ ကျော်နေပြီ” ဟု ဦးဝင်းထိန်က ပြောသည်။

မိတ္ထီလာမြို့ပေါ်တွင် ရောက်ရှိသော ဧရာဝတီသတင်းထောက်ကမူ လမ်းမများပေါ်တွင် မီးရှို့ခံထားရသော လူသေအလောင်း များကိုတွေ့မြင်ရပြီး အာဏာပိုင်များအချင်းချင်းစကားပြောစက်များနှင့် ဆက်သွယ်ပြောဆိုချက်များအရ သေဆုံးသူ ဒါဇင်ချီရှိနေ သည်ဟု ကြားသိနေရကြောင်း ပြောသည်။

မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတဦးကမူ လတ်တလော သေဆုံးသူစာရင်းနှင့် အပျက်အစီးစာရင်း ကောက်ယူနေဆဲဖြစ်သည့်အတွက် စာရင်းအတိအကျ မထုတ်ပြန်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။

ယနေ့တွင် မိတ္ထီလာမြို့ရှိ ဘာသာရေးအဆောက်အအုံများ၊ ဈေးဆိုင်များ၊ လူနေအိမ်များ၊ အစိုးရရုံးအချို့  မီးရှို့ခံရပြီး  ပျက်စီးမှုအများဆုံး ရပ်ကွက်များမှာ ချမ်းအေးရပ်ကွက်နှင့် သာယာကုန်းရပ်ကွက်များဖြစ်ကြောင်း၊ မီးရှို့မှုများ ပြလုပ်သည့် လူအုပ်အချို့တွင် ဘုန်းကြီးအချို့ဦးဆောင်ပါဝင်နေကြောင်း၊  မိတ္ထီလာတမြို့လုံး လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ် နေကာ လုံခြုံရေး တာဝန်ရှိသူများက မြို့ခံလူထုထံမှ တုတ်၊ ဓားလက်နက်များကို   လိုက်လံ သိမ်းဆည်းခဲ့ကြောင်း၊ ဒေသခံ အများစုမှာ အစားအစာ ပြတ်လပ်မှု ခံစားနေရကြောင်း၊ ဈေးဆိုင်နှင့် လူနေအိမ်များကို ဖောက်ထွင်းမှုများလည်း ယနေ့တွင် စတင်ဖြစ်ပွားပြီး တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း မိတ္ထီလာမြို့ခံများက ပြောသည်။

”ဘာမှမဖြစ်ပဲနဲ့ အလကားနေရင်း လျှောက်လျှောက်အော်နေတဲ့သူတွေရှိ တယ်။ တချို့ သက်ကြီးရွယ်အိုတွေက ကြောက်ပြီး လန့်တက်တာမျိုးတွေ ရှိတယ်။ညပိုင်းဆိုလည်း အရမ်းကြောက်ပြီးညလုံးဝ မအိပ်တဲ့သူတွေ ရှိတယ်”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

လုံခြုံရေးတာဝန်ရှိသူများက မိတ္ထီလာမြို့ပေါ်ရှိ အစ္စလမ်ဘာသာဝင်အများစုကို ခရိုင်အားကစားကွင်းအတွင်းသို့ ပို့ဆောင်ပေးနေကြောင်း၊ ဒေသခံများ ကိုယ်တိုင် မိမိရပ်ကွက်ကို မိမိအစီအစဉ်ဖြင် ကင်းစောင့်နေရမှုများလည်းရှိ ကြောင်း၊ ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေရသူ အနည်းဆုံး ၂၀၀၀ ထက်မနည်းရှိနေကြောင်း၊  ဘုန်းကြီးကျောင်းများက  ဒုက္ခသည်များကို လက်ခံစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်အတွင်းတွင် ပိတ်မိနေသော  ဒေသခံအစ္စလမ်ဘာသာဝင် ၁၅၀၀ ကျော်ကို ယနေ့ညနေပိုင်းတွင် လုံခြုံရေးတာဝန်ရှိသူများက ခရိုင်အားကစားဝင်းအတွင်းသို့ လုံခြုံရေးအစောင့်အရှောက်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒေသခံများတွင် မိန်းမနှင့် ကလေး၊ သက်ကြီးရွယ်အို အများစုဖြစ်ကြောင်း မိတ္ထီလာရောက် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။

မိတ္ထီလာမြို့ပေးတွင် ဒုက္ခရောက်နေကြသည့် ဒေသခံများကို ကူညီရန် မန္တလေးအခြေစိုက်သံဃာတော်များဖြစ်ကြသည့် ဘုရားကြီးကျောင်းတိုက်မှ ဆရာတော် ဦးခေမာစာရ နှင့် ဦးတေဇနိယ၊ ငွေငါးကျောင်းတိုက်မှ ဦးကာဝိယ၊ ရေတော်ကျောင်းတိုက်မှ ဦးဝိသုတ တို့ဦးဆောင်သော မိတ္ထီလာလူမှုကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ဗုဒ္ဓဘာသာဝင်များ၊ အစ္စလမ်ဘာသာဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့ သည် ဘာသာရေး၊ လူမျိုးရေးမခွဲခြားဘဲ ဒုက္ခရောက်သူတိုင်း ကူညီသွားမည်ဖြစ်ပြီး ယနေ့ ညနေပိုင်းတွင် မန္တလေးမှ မိတ္ထီလာမြို့သို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထွက်ခွာသွားပြီဖြစ်ကြောင်း အဖွဲ့တွင်ပါဝင်နေသူ ကိုဝင်းမြင့်ထွန်းက ဧရာဝတီသို့ပြောသည်။

သမ္မတဦးသိန်းစိန်က မိတ္ထီလာခရိုင်တွင် အခြေအနေများဆိုးဝါးလာသောကြောင့်  အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး စစ်တပ်၏ အကူအညီဖြင့် ဒေသ တည်ငြိမ်အေးချမ်းဆောင်ရွက်ရန် အမိန့်ညွှန်ကြားချက်တရပ်ထုတ်ပြန်လိုက်ပြီဖြစ်သည်။


.. www.MyanmarExpress.net
 

စစ်အုပ်ချုပ်ရေးမဟုတ်ဘဲ မိတ္ထီလာခရိုင်(၄)မြို့နယ်သို့ တပ်မတော် ၀င်ရောက် ထိန်းသိမ်း

From : ..Myit Makha Mediagroup on 22 Mar, 2013

 


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်အား တပ်မတော်မှအကူအညီရယူမည့် အစီအစဉ်ကို နိုင်ငံတော်သမ္မတမှ အရေးပေါ်အခြေအနေအဖြစ် ကြေငြာသည်။
 
ဤအမိန့်သည် ယနေ့(မတ်လ-၂၂ရက်နေ့)မှစ၍ နောက်အမိန့်တစ်စုံတစ်ရာထုတ်ပြန်မှု မရှိမချင်း အတည်ဖြစ် ကြောင်းကိုလည်း သိရသည်။
 
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၄၁၃)၊ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။
 
ထိုကြေငြာချက်နှင့်ပတ်သက်၍ ဒေသခံပြည်သူများမှာ စိုးရိမ်နေကြောင်း လူမှုရေးစာမျက်နှာများက တဆင့် သိရသည်။
 
 “ယခု နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်သည့် အမိန့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ အပ်နှင်းထားသည့် အခွင့်အာဏာကို ရယူခြင်းသာဖြစ်၍ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း သိစေအပ်ပါသည်။ အရေးပေါ်အခြေအနေ အဆင့်(၂)ဆင့်ရှိသည့်အနက် စစ်အုပ်ချုပ်ရေး မဟုတ်သော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဟု မှူးဇော်၏ဖေ့ဘွတ်စာမျက်နှာတွင်  ဖော်ပြ ထားသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ခြင်း အတွက် ပြဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းပြဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့်သုံးခြင်း မရှိသေးပါ ဟုလည်း ၎င်းမှ ဆက်ရှင်းလင်းပြောကြားထားသည်။
 
အရေးပေါ်အခြေအနေအဖြစ်ကြေငြာခံရသော မြို့နယ်များမှာ မိတ္ထီလာမြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်တို့ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတရုံးဝဘ်ဆိုဒ်တွင်ဖော်ပြထားသည်။
 
ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ မနိုင်တော့ စစ်တပ်ကိုအကူအညီတောင်းရတာပါ၊ ၁၄၄ နဲ့မနိုင်ရင် ဒီလိုအရေး ပေါ်ကြေငြာချက်ထုတ်လို့ ရပါတယ်၊ ကျွန်တော်တို့ခေတ်အဆက်ဆက်ကလည်း ဒီလိုလုပ်လာတာပါပဲ၊ အခြေအနေမကောင်းလို့ ၀င်ထိန်းတာပေါ့ ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
 
လက်ရှိတွင် နိုင်ငံပိုင်မီဒီယာများမှလည်း အဆိုပါသတင်းအား ထုတ်ပြန်လျက်ရှိသည်။

.. www.MyanmarExpress.net
 

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

From : ..rfa

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိ တ္ထီ လာ ခရိုင်အတွင်းက မိတ္ထီလာမြို့ အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေ မှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေ အနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း မှာ အဓိက ရုဏ်းဖြစ်ရာဒေ သ နဲ့ နီးစပ်ရာမြို့တွေကို သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့ညနေက ရန်ကုန်ကနေ ထွက်ခွာ ခဲ့ပါ တယ်။
ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက် ညွှန် ကြား မှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်လို့ အဲဒီဒေ သကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။
မိတ္ထီလာမြို့ရဲ့ အဓိကရုဏ်း အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းတဲ့ ရဲတပ်ရင်းသုံးရင်းနဲ့ ရမည်းသင်း ရဲသင်တန်းကျောင်း က ရဲတပ်ဖွဲ့ဝင်တွေကို မိတ္ထီလာမြို့ကို သွားရောက်ပြီး လုံခြုံရေးတာဝန်ယူစေပေမယ့် အခြေအနေတွေဟာ တည်ငြိမ်မှုမရှိပဲ ပိုမိုဆိုးရွားလာတဲ့အတွက် အခုလို တပ်မတော်က သမ္မတအမိန့်နဲ့ တာဝန်ယူလိုက်ရတာပါ။
 
.. www.MyanmarExpress.net
 

လုံခြုံရေးတင်းကြပ်ရန် အဘက်ဘက်မှ တိုက်တွန်းကြသော်လည်း မိတ္ထီလာ အရေးပေါ်ကြေညာချက်မှာ စစ်အုပ်ချုပ်ရေး မဟုတ်သေးကြောင်း သမ္မတရုံး ရှင်းလင်း

From : ..7day

မိထ္တီလာခရိုင်တွင် အရေးပေါ်အခြေအနေကြေညာခြင်းမှာ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးက သူ၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင်ရေးသားထားသည်။
 
မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေ ညာခြင်း ဖြစ်ပါသည်။

ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်၊ စာပိုဒ်(၃) တွင် ဖော်ပြထားသည်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)
ပါပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။" ဟူ၍ ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ခြင်းအတွက် ပြဌာန်းထားခြင်း ဖြစ်ပါသည်။
ယင်းပြဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့်သုံးခြင်း မရှိသေးပါ။

ယခု နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်သည့် အမိန့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါပြဌာန်းချက်အရ အပ်နှင်းထားသည့်
အခွင့်အာဏာကို ရယူခြင်းသာ ဖြစ်၍ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း သိစေအပ်ပါသည်။ အရေးပေါ်အခြေအနေ အဆင့်(၂)ဆင့်ရှိသည့်အနက်
စစ်အုပ်ချုပ်ရေးမဟုတ်သော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

အချုပ်အားဖြင့် ယခုထုတ်ပြန်သည့်အမိန့်မှာ "စစ်အုပ်ချုပ်ရေးအမိန့် Military Administrative Order ပါဝင်ခြင်း မရှိသော မိတ္ထီလာခရိုင်အား
"State of Emergency ကြေညာခြင်း"သာ ဖြစ်ကြောင်း ရှင်းလင်းအပ်ပါသည်။

(မှတ်ချက်။ စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီ ဟူ၍ နားလည်မှု လွဲမှားနေသူအချို့ ရှိနေခြင်းကြောင့် သိရှိစေရန် ရှင်းလင်းရခြင်း ဖြစ်ပါသည်။)

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၄၁၃ တွင် အောက်ပါအတိုင်းဖော်ပြထားသည်။

ပုဒ်မ ၄၁၃။ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာသည့် ကိစ္စရပ်တွင် -
(က) အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက
တည်ဆဲဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။

(ခ) နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေးအမိန့်တွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်
တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း (သို့မဟုတ်)
သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်ကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီးအောက်ပါအတိုင်းပြောကြားသည်။

လက်ရှိအချိန်တွင် မိထ္တီလာမှ ရရှိသော မြေပြင်သတင်းများမှာ အမျိုးမျိုး ကွဲပြားနေသောကြောင့် ကြုံတွေ့နေရသည့် အခြေအနေပေါ်မူတည် ၍ နိုင်ငံတော် သမ္မတရုံးက အရေးပေါ်အခြေအနေထုတ်ပြန်
ကြေညာခဲ့ရကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
“ပဋိပက္ခတွေကအခုချိန်ထိ ကွက်ကျားလေးတွေဖြစ်နေတယ်။ တချို့ကလည်း လုံထိန်းတွေက ထင်သလောက်မလုပ်ဘူးပြောတယ်။ တချို့နေရာမှာလည်း စစ်တပ်က အလွန်အကျွံလုပ်နေတယ်ပြောတယ်။ သတင်းတွေက တစ်ယောက် တစ်ပေါက်ဖြစ်နေလို့ဒီအမိန့်ကိုထုတ်ရတာပါ။ဘယ်အချိန်ပြန်ရုတ်သိမ်းမလဲဆိုတာတော့ မသိရသေးပါဘူး။”ဟုပြောကြားသည်။
မြို့၏ပဋိပက္ခအတွင်းပိတ်မိနေသောသတင်းထောက်များ ဘေးကင်းလုံခြုံစွာ ပြန်လည်ထွက်ခွာရန်ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ပဋိပက္ခမှ သေဆုံး ဒဏ်ရာရ စာရင်းကို ယနေ့ည ရုပ်မြင်သံကြား သတင်းများတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

 
.. www.MyanmarExpress.net
 

သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရသူ (၃၉) ဦးရှိ ကြောင်း အစိုးရသတင်းထုတ်

From : ..YMG
 
မန္တလေးတိုင်းဒေကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့ ညနေပိုင်းအထိရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ (၁၁) ဦး၊ ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှုအနေဖြင့် နေအိမ် (၁၅၂) လုံး၊ မော်တော်ယာဉ် (၂) စီး၊ ပညာရေးမှူးရုံး (၁)လုံး၊ ဆိုင်ကယ် (၁) စီး၊ သုံးဘီးဆိုင်ကယ် (၂) စီး၊ ဘာသာရေး အဆောက်အအုံ (၁၃) လုံးရှိကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပြီး ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်းအေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရေး အတွက် မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်အပါအဝင် မြို့နယ်လေးမြို့နယ်အား ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာထား သည်။

ပြည်သူများအနေဖြင့် ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ကြပါရန်အတွက် ယခုဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို ဦးဆောင်ပြု လုပ်ခဲ့သူများ၊ ထပ်မံ၍ အလားတူလုပ်ဆောင်ရန် ကြံစည်သူမျာအား တွေ့ရှိပါက အရေးယူနိုင်ရေးအတွက် သတင်းပေးပို့ ကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။
 

 .. www.MyanmarExpress.net
 

အရေးပေါ်မကြေညာမီ မိတ္ထီလာအခြေအနေ

From : .voa

.
.အရေးပေါ် အခြေအနေ မကြေညာခင်အထိ မိတ္ထီလာမြို့တွင်းက အခြေအနေတွေကို ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီညိမ်းက မိတ္ထီလာမြို့ကနေ တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။

မိတ္ထီလာမြို့ပေါ်မှာ ပုဒ်မ ၁၄၄ ထုတ်ထားပေမဲ့လည်း အားလုံးက လူစုလူဝေးတွေနဲ့ လမ်းတွေပေါ်မှာ သွားလာနေကြသလိုပဲ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေနဲ့လည်း သွားလာနေကြတာကို ကျနော်ကိုယ်တိုင် တွေ့နေရပါတယ်။ ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့လည်း ညဘက်တွေမှာလည်း ညနက်တဲ့အထိ သွားလာနေကြသူတွေ ရှိသလိုပဲ ဒီလို တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ ပတ်သက်ပြီးတော့ မိတ္ထီလာမြို့နယ်၊ NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က အခုလို ပြောပါတယ်။

“အခုထိတော့ အဖမ်းအဆီး မရှိသေးဘူး၊ ဆူပူသောင်းကြမ်းနေတဲ့သူတွေကို ဖမ်းတာဆီးတာ ဘယ်သူမှ မလုပ်ဘူး၊ မလုပ်တဲ့အခါကျတော့ အခုကြည့်- မော်တော်ဆိုင်ကယ် စီးတဲ့သူတွေ ဆိုလို့ရှိရင် အကုန်လုံးက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့လား၊ သူများကို ချဖို့လား-မသိဘူး။ တုတ်တွေ၊ ဓားတွေ ကိုယ်စီကိုယ်ငှ ပါတယ်။”

အစိုးရရဲ့သတင်းတွေက အခြေအနေတွေကို ထိန်းသိမ်းထားလို့ရတယ်၊ သေဆုံးသူ ၅ ဦးလောက်ပဲ ရှိတယ်လို့ ပြောပေမဲ့လည်း တကယ်တန်းမှာ ဒိထက်မက ရှိနေပါတယ်။ ကျနော်ကိုယ်တိုင်က သတ်ဖြတ်မှုတွေ၊ အလောင်းတွေ မီးရှို့တာတွေကို မတွေ့ရပေမဲ့လည်း ကိုယ်တိုင်တွေ့ရှိရတဲ့ ဦးဝင်းထိန်ကတော့ အခုလို ပြောပြပါတယ်။

“သီရိမင်္ဂလာရပ်ကွက်မှာ လမ်းပေါ်မှာ ၃ လောင်းလောက် တွေ့ခဲ့တယ်။ ဒဏ်ရာရတာတော့ မခန့်မှန်းတတ်ဘူး။ ဒဏ်ရာရတာက အများကြီး မရှိဘူးထင်တယ်၊ အခုဟာက အပြတ်ရှင်းကြတာ။ အဓိကရုဏ်းဖြစ်ပြီးတော့မှ ထိုးကြိတ် ရိုက်နှက်တာ မဟုတ်ဘူး၊ မိတဲ့သူကို သတ်ပစ်လိုက်တာ၊ သတ်ပြီး မီးရှို့ပစ်လိုက်တာ။ နောက်ပြီးတော့ လမ်းပေါ်မှာ ပစ္စည်းတွေပုံပြီး မီးရှို့နေတယ်၊ နောက်ပြီး မွတ်ဆလင်အိမ်တွေကို ဖောက်ပြီးတော့မှ လုတာတွေ ရှိနေတယ်။”
ရဲက လူအုပ်ကို လူစုခွဲ ပစ်ခတ်မှုတစ်ခု သူကြုံခဲ့ရတာကိုလည်း ဦးဝင်းထိန်က ပြောပါတယ်။

“မနေ့က ဖြစ်တာကတော့ မင်္ဂလာဇေရုံရပ်မှာ မွတ်ဆလင် ၁၀၀ လောက်ကို လူအုပ်က ဝိုင်းပြီးတော့ တောင်းဆိုတယ်၊ ရိုက်တယ်၊ အဲဒီကြားထဲကမှ ဝင်လုတဲ့သူတွေကို ပစ်တာ၊ ပစ်တော့ ၂ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ပေါင်မှန်တာပေါ့။ ခါးအောက်ပစ်တာပေါ့။ အဲဒါပဲ သိတယ်၊ ကျန်တာတွေတော့ မသိဘူး။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်း၊ ဒေသကြီး ဝန်ကြီးချုပ်ဆီကို သူကနေတဆင့် အမှာစကားပြောကြားတာကိုလည်း ဦးဝင်းထိန်က ပြောပြပါတယ်။

“ MRTV-4 သတင်းမှာတော့ လူ ၅ ယောက်ပဲ သေပြီးတော့ ၃၉ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ဒါပေမဲ့ မနေ့ကတည်းက ၂၀ လောက်ဖြစ်နေပြီ။ ဒီနေ့ပါနဲ့ ပေါင်းရင် ၂၅ ယောက်လောက် ဖြစ်သွားနိုင်တယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ ကြိမ် သတင်းပို့တယ်လေ။ ပို့တဲ့အချိန်မှာ- မနက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုရင်- ဝန်ကြီးချုပ်ကို အကြောင်းကြားလိုက်ပါ။ ပုဒ်မ ၁၄၄ ထုတ်ပြီးတဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့ကို အသုံးပြုပြီးမှ ထိထိရောက်ရောက် ဆောင်ရွက်ပါ-လို့  ပြောလိုက်တော့ ဝန်ကြီးချုပ်ကတော့ လုပ်ပါမယ်-ဒါလည်း ကျနော်တို့နဲ့ အတူတူပါပဲ။ ကျနော်တို့လုပ်မယ့် မူနဲ့ အတူတူပါပဲ-လို့ ပြောတယ်။ ပြောသာပြောနေတာ- နေ့ခင်းတခုလုံး မြို့ထဲမှာ အကဲခတ်တဲ့အခါကျတော့ မော်တော်ဆိုင်ကယ်နဲ့လမ်းသလားပြီးတော့ အော်ဟစ်ပြီးတော့ နေတာတွေက နေရာတိုင်းမှာ ဖြစ်နေတယ်။ နေရာတကာမှာ ရှိနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ညနေမှာ သူ့ကို တခါ သွားတွေ့ပြီးတော့- ခင်ဗျားတို့ ရပ်ကွက်တွေမှာ ကင်းလှည့်ပြီးတော့ အော်ရမယ်၊ ထိန်းချုပ်ရမယ်-ဆိုတော့ - လုပ်နေတယ်-လို့ ပြောတာပဲ။

ဒါပေမဲ့ ကိုယ်တော့ မတွေ့ဘူး။ နောက်တစ်ခုက ညနေဆိုလို့ရှိရင် မွတ်ဆလင်အိမ်တွေပေါ့- မွတ်ဆလင်အိမ်တွေက လူမရှိတော့ဘူး။ အဲဒီအိမ်တွေက ဖောက်တာတွေ ဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ လုံခြုံရေး ချပေးပါ-လို့ ပြောခဲ့တယ်။ သူက ချပေးပါမယ်လို့တော့ ဝန်ခံတာပဲ။ အဲလို ဖြစ်နေတဲ့ကြားထဲက အခုနတုန်းက ပြောတာတွေ အကုန်ဖြစ်တယ်၊ မီးရှို့တာတွေ၊ အဖောက်ခံရတာတွေ၊ လက်လွတ်စပယ် အသတ်ခံရတာတွေက အဲဒီလို ရှိတယ်။ အစိုးရ version ကတော့ Everything is enough control. ပေါ့- အားလုံး ထိန်းချုပ်လို့ရပြီလို့ ယူဆထားတာ။ အန်ကယ်လ်တို့က မထင်ဘူး။”

ငွေကြေးတတ်နိုင်ကြတဲ့ မွတ်ဆလင်တွေက ကားတွေနဲ့ တခြား တမြို့တရွာတွေကို ထွက်ခွာ သွားနေကြပါပြီ။ ဆင်းရဲသား မွတ်ဆလင်တွေကတော့ သူတို့နေထိုင်ရာ ရပ်ကွက်တွေမှာပဲ နေထိုင် ရတာ မလုံခြုံတဲ့အတွက် သူတို့တွေကို လူ အုပ်လိုက်၊ အုပ်လိုက် ပြောင်းရွှေ့ နေရာ ချပေးထားတာ ကိုလည်း ကျနော် ကိုယ်တိုင် တွေ့ရပါတယ်။ မနေ့တုန်းက ဆိုလို့ရှိရင် ခရိုင်အားကစားကွင်းထဲကို အမှတ် (၁) လမ်းမတော် လမ်းမကြီးအတိုင်း ထောင်နဲ့ချီတဲ့ မွတ်ဆလင် မိသားစုတွေကို ရဲ အစောင့်အရှောက် အခြံအရံတွေနဲ့ ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

မွတ်ဆလင်မဟုတ်တဲ့ ဗမာလူမျိုးတွေကလည်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။ သူတို့တွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားဝင်းတွေမှာ ခိုလှုံနေကြရပါတယ်။ သူတို့တွေ ဒုက္ခသည်ဖြစ်ရတာကတော့ မွတ်ဆလင်ရပ်ကွက်အနီးမှာ နေထိုင်ကြတဲ့ သူတို့အိမ်တွေပါ မီးလောင်လို့ရှိရင် မီးကူးစက်ခံရမှာ စိုးတာကြောင့် အထုတ်တွေပိုက်ပြီးတော့မှ ဘုရားဝင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်ကြတာကို ကျနော်ကိုယ်တိုင် တွေ့ရပါတယ်။ မွတ်ဆလင်တွေက ကိုယ့်အိမ်ကို ကိုယ် ပြန်ပြီး မီးရှို့နေကြတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့အိမ်ပါ မီးလောင်သွားရတယ်လို့ ပြောပြတဲ့သူတစ်ဦးကိုလည်း ကျနော် တွေ့ခဲ့ရပါတယ်။

“မနေ့ကဆိုလို့ရှိရင် ကိုးနဝင်း ဘုန်းကြီးကျောင်း စာသင်တိုက်ထဲကို ကျနော်တို့ရပ်ကွက်ကို မီးရှို့ပြီးတော့မှ သူက ဝင်လာလိုက်တာ။ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးတဲ့အခါကျတော့ သူ မီးရှို့တာကို စစ်လိုက်တဲ့အခါကျတော့ မာမူကိုဝင်းကိုက ပိုက်ဆံပေးလို့ သူ ဝင်ရှို့ရပါတယ်ဆိုပြီး သူက ဖြောင့်ချက်ပေးတယ်။ ဖြောင့်ချက်လည်းပေးတယ်။ သူ့ကို ရပ်ကွက်ထဲက ရှိတဲ့ သံဃာတော်တွေကရော၊ ရပ်ကွက်ထဲကလူတွေကရော ရိုက်သတ်ပစ်လိုက်ပြီးတော့ အခါကျ လမ်းမပေါ် ဆွဲထုတ်သွားပြီးတဲ့အခါကျတော့ သူ့ကို မီးရှို့လိုက်တယ်။”

လုယက်မှုတွေ စတင်ဖြစ်ပေါ်နေပြီးတော့ ဒီလုယက်မှုတွေကို မြို့ခံတွေက ကျူးလွန်ကြတာ မဟုတ်ဘဲ နဲ့ မိတ္ထီလာမြို့ အနီးတဝိုက်က လူတွေ ရောက်လာကြပြီး မွတ်ဆလင်တွေရဲ့ဆိုင်တွေကို ဖောက်ပြီး ယူနေကြတာပါ။ မြို့လည်ခေါင်က လျှပ်စစ်ပစ္စည်းဆိုင်ကို ဖောက်ထွင်းနေကြတဲ့ သူတွေဟာ တုတ်၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်ထားကြပြီးတော့ သူတို့တွေကို ရပ်ကွက်သူ ရပ်ကွက်သားတွေ ကလည်း မတားဆီးနိုင်ကြဘဲနဲ့ ဆိုင်ကို မီးမရှို့ဖို့နဲ့ မီးရှို့လို့ရှိရင် အိမ်နီးချင်းတွေကိုပါ မီးကူးစက်မှာ စိုးရိမ်တယ်လို့ တောင်းပန်နေကြပြီးတော့ ကြိုက်တာကိုသာ ယူသွားကြ- လို့ ပြောဆိုနေတာတွေ ကိုလည်း ကျနော်ကိုယ်တိုင် တွေ့ရပါတယ်။ မိတ္ထီလာမြို့ခံတွေကတော့ ဒီလို ဖောက်ထွင်း ပစ္စည်း ယူနေကြတာကို မနှစ်မြို့ကြပါဘူး။ ရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ ဖမ်းဆီးတာတွေကို လုပ်နေပေမဲ့လည်း အခု ဖြစ်ပွားနေတာနဲ့စာလို့ရှိရင် ရဲအင်အားက မိတ္ထီလာမြို့ပေါ်မှာ နည်းပါး လွန်းတာကို ကျနော် သတိထားမိပါတယ်။

အခု မန္တလေးတိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကိုယ်တိုင် မိတ္ထီလာခရိုင် ထွေ/အုပ်ရုံးမှာ လာရောက်ထိုင်ပြီးတော့ အခြေအနေတွေကို ထိန်းသိမ်းနေပါတယ်။ ဒေသခံ အစိုးရ အဖွဲ့အစည်း အနေနဲ့ အခြေအနေတွေကို တမင်သက်သက် လွှတ်ထားတာ မဟုတ်ဘဲနဲ့ ရုတ်တရက်ပေါ်ပေါက် လာတဲ့ အခြေအနေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ကျွမ်းကျင်မှု မရှိတာကို တွေ့နေရတယ်လို့ မြို့ခံတွေက ပြောနေကြပါတယ်ခင်ဗျာ။
.
 www.MyanmarExpress.net

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ခိုးဝင်ဘင်္ဂါလီ ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

From : .eleven

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ၊နယ်မြေ (၂) အတွင်း ခိုးဝင်ဘင်္ဂါလီ ၄ ဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်းနှင့် အဆိုပါ ဘင်္ဂါလီများသည် ဓါးပြတိုက်မှုများကို ကျူးလွန်နေသူများဖြစ်ကြောင်း မင်္ဂလာညွန်စံပြကျေးရွာ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဘင်္ဂါလီများထဲမှ ၂ ဦးအား မတ်လ ၁၉ ရက်နေ့ ညဆယ်နာရီခန့်က မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၂) အပိုင်၊ သက်ကိုင်းညာကျေးရွာအနီး ကားလမ်းပေါ်မှ ထော်ဂျီထက်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်ဖြစ်ပြီး၊ ၂၀ ရက်နေ့နံနက် ကိုးနာရီခန့်တွင် တမန်းသားကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးတွင် နောက်ထပ်တစ်ဦးနှင့် မင်္ဂလာညွှန့်စံပြကျေးရွာ အနီးရှိ လမ်းမပေါ်တွင် နောက်ထပ်တစ်ဦး ထပ်မံဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကာ အဆိုပါ ဖမ်းဆီးရမိသူများ၏ ဖွင့်ဆိုပြောကြားချက်အရ ၀ှက်ထားသောသေနပ်တစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျည်ဆံတို့အား သစ်တုံးနားခွဆုံကျေးရွာအုပ်စု၊ လက်ယာချောင်းကျေးရွာ အပြင်အရှေ့ဘက် ၁ ဖာလုံခန့်အကွာရှိ ကောက်ရိုးပုံတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
ကျည်ဆံအမျိုးအစားမှာ အမေရိကန်လုပ် ၁၂ ဗို့အားကျည် ၂ တောင့်၊ အီတလီလုပ် ၄ တောင့်၊ လုပ်သေနပ်တစ်လက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး လက်ကိုင်ဖုန်းတစ်လုံးတို့အား ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ဓါးပြတွေ ၀င်လာတယ်ဆိုတာ သတင်းရထားတယ်။ အဲဒီအချိန်မှာဘဲ ၁၇ ရက်နေ့က ဘူးတောင်မြို့နယ်၊ ပန်ဇီကျေးရွာက အဒူရော်မန်နဲ့ အာလီအာမတ်ဆိုတဲ့ လူတွေရဲ့ နေအိမ်တွေကို ဓါးပြ၀င်တိုက်သွားတာကို သိရတယ်။ ဓါးပြခေါင်းဆောင်က မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာအုပ်စု၊ အစံဘော်ရွာကလို့ သိထားတယ်။ ဒါကြောင့် မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တယ်။ အဲဒီနောက် ၁၉ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ် ခန့်မှာ သက်ကိုင်ညာကျေးရွာအနီးမှာ ထော်လာဂျီနဲ့ လိုက်ပါလာတဲ့ ဘင်္ဂလီခြောက်ဦးကို စစ်ဆေးတဲ့အခါ ၂ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်။ နောက်နေ့မနက်ပိုင်း ဖောင်ဆိပ်မှာ တစ်ယောက်မိတယ်။ ၁၀ နာရီလောက်မှာ မင်္ဂလာညွန်စံပြကျေးရွာနီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးကို ထပ်မိတယ်။ အဲဒါကို ဘူးသီးတောင်ရဲစခန်းက အမှုဖွင့်ပါတယ်" ဟု မင်္ဂလာညွန်စံပြကျေးရွာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ဖမ်းဆီးရမိသူများမှာ (၁) ဘူးသီးတောင်မြို့နယ်၊ ပန်ဇီကျေးရွာနေ၊ မူဟာမတ်အိနုစ်၊ အသက်-၄၂ နှစ် (ဘ)နူရ်အာမောက်၊ (၂) ရသေ့တောင်မြို့နယ်၊ ချွတ်ပြန်ကျေးရွာနေ၊ အဒူရော်ဇော်၊ ၂၆ နှစ်၊ (ဘ)အဘူမော်ဂျီ၊ (၃) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ခေါ်တူးပလောင်ဒေသမှ တရားမ၀င် ၀င်ရောက်ပြစ်မှုကျူးလွန်သူ၊ ကာမာလ်၊ ၂၇ နှစ် (ဘ)အဒူကော်ရိန်၊ (၄) မောင်တောမြို့နယ်၊ ကျွန်းပေါက်ကျေးရွာအုပ်စု၊ ပဲလင်းရွာနေ၊ အာလီ (ခ)ပေါတူး၊ ၂၆ နှစ်၊ (ဘ)အဒူကော်ဖုရ်တို့ ဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်တွင် ဓါးပြတိုက်မှု မဖြစ်ပွားမည် အချိန်ကလည်း မောင်တောမြို့နယ်၊ နယ်မြေ (၂)အပိုင်၊ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ မန်ဇလီရွာတွင်လည်း ဖေဖော်ဝါရီလ ၂ ရက်နေ့ကတစ်ကြိမ် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါအမှုများနှင့် ဆက်စပ်နေသူများ ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇/၁၃(ပ) ၃၈၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

... www.MyanmarExpress.net
 

မတ်လကုန်မှစ၍ မထသ ဗဟို လက်အောက်သို့ တက္ကစီ ယာဉ်များ အပြီး လွဲပြောင်းမည်

From : ..MRTV4

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီ ယာဉ်များ အားလုံးရဲ့ ယာဉ်မှတ်ပုံတင်ခြင်းနဲ့ အခြား လုပ်ငန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန် မှစပြီး မထသ ဗဟို
လက်အောက်သို့ ပြောင်းရွှေ့ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တက္ကစီ ယာဉ်များ မှတ်ပုံတင်ခြင်းကို မထသ ဗဟို လက်အောက်ရှိ ခရိုင်ရုံး များမှာ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပြီး စည်းကမ်း ထိန်းသိမ်းရေးပိုင်း၊ တက္ကစီနဲ့ ပတ်သက်ပြီး အသင်းအဖွဲ့ ဖွဲ့စည်ခြင်းနဲ့ယာဉ်လိုင်း တွေရဲ့ စည်းကမ်း တွေကိုပါ ပိုမိုတင်းကျပ် ကွပ်ကဲနိုင်ဖို့ အတွက် လွှဲပြောင်းပေး လိုက်တာ ဖြစ်တယ်လို့ မထသ ဗဟို မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနရုံးမှ စာရင်းဇယား များအရ ဒီဇင်ဘာလမှာ မှတ်ပုံတင် ထားတဲ့ တက္ကစီ စီးရေ ၂၄၀၀၀ ကျော်ခန့်ရှိပြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနရဲ့ စာရင်းအရ ကုမ္ပဏီများ လက်အောက်ရှိ တက္ကစီများ အပါအ၀င် A A Taxi အရေအတွက်မှာ ၂၆၉၀၀၀ ကျော်ခန့် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အရေအတွက်မှာ အတည်မပြု ရသေးဘဲ အကုန် လွှဲပြောင်းပြီးချိန် မတ်လကုန် မှသာ တက္ကစီ ကားအရေအတွက်ကို အတည်ပြု ကြေညာမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။
.. www.MyanmarExpress.net

လိုင်ဇာမြို့ ပုံမှန်ပြန်ဖြစ်နေပြီဟုဆို

From : ..7day


ကချင်လွတ်မြောက်ရေးအဖွဲ့မှ ထိန်းချုပ်ထားသော နယ်စပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှာ ပုံမှန်အနေအထား ပြန်ရောက်နေပြီဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ရွှေလီမြို့တွင် ပြောကြားခဲ့သည်။

“လိုင်ဇာကတော့ ပုံမှန်ပြန်ဖြစ်ပြီလို့ ပြောလို့ရပါပြီ”ဟု ဗိုလ်ချုပ်ဂွန်မော်က မတ်လ ၁၁ ရက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲခေတ္တနားစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်နိုင်ငံနယ်စပ်တွင် တည်ရှိသော လိုင်ဇာမြို့သည် နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်သွယ်ရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်တန့်သွားခဲ့သည်။

၂၀၁၂ နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဇန်န၀ါရီလအတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စဉ် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းသို့ပင် လက်နက်ကြီးများကျရောက်ကာ လေကြောင်းတိုက်ခဲ့မှုများသည်လည်း လိုင်ဇာမြို့အနီးသို့ ရောက်ရှိခဲ့သည်။

လူဦးရေ ၈၀၀၀ ကျော်ရှိသော လိုင်ဇာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ထိုဒုက္ခသည်စခန်းများတွင် နိုင်ငံတကာအဖွဲ့အစည်း အချို့နှင့် ကုလသမဂ္ဂမှ အကူအညီများ စတင်ရောက်ရှိနေပြီဖြစ်သော်လည်း အစားအသောက်နှင့် မကြာမီရောက်ရှိလာတော့မည့် မိုးရာသီအတွက် လုံခြုံသော အဆောက်အအုံများ လိုအပ်လျက်ရှိနေသေးသည်။

လိုင်ဇာမြို့သို့ ရန်ကုန်မှ ဇန်န၀ါရီလ၂၁ ရက်ကတည်းက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သော အဖွဲ့သည်လည်း မတ်လ ၁၈ ရက်တွင် လိုင်ဇာသို့ ရောက်ရှိသွားပြီဖြစ်ပြီး ယင်းတို့သည် မြစ်ကြီးနား-လိုင်ဇာလမ်းအတိုင်း လမ်းလျှောက်
ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

လိုင်ဇာမြို့သို့ မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများနှင့် ငြိမ်းချမ်းရေးအတွက် သွားရောက်သော ပန်းရဲလမ်းငြိမ်းချမ်းရေးအဖွဲ့တို့သည် မတ်လ ၁၃ နှင့် ၁၅ ရက်တို့က အစိုးရတပ်များ တပ်စွဲထားရာ လဂျားယန်ဂိတ်မှ ဖြတ်သန်းကာ လိုင်ဇာမြို့သို့ အသီးသီး ရောက်ရှိခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်းရာတွင် လဂျားယန်ဂိတ်ရှိ မိုင်းကွင်းများကို ဖြတ်သန်းရာ၌ အစိုးရတပ်က ကူညီပေးခဲ့ပြီး မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် ဘုန်းတော်ကြီးများပါ ပါဝင်ရာ ဘုန်းတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ပြီး လမ်းလျှောက်အဖွဲ့များအား နေ့လယ်စာ စီစဉ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၁၁ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကေအိုင်အိုနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပထမဆုံးအနေဖြင့် တပ်ဘက်ဆိုင်ရာများကို ဆွေးနွေးကာ အပစ်အခတ်ရပ်စဲရေးရသည်အထိ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြ
သည်။ ကေအိုင်အေနှင့် အစိုးရတပ်အကြား တိုက်ပွဲများ လျော့နည်းသွားပြီဆိုသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံလွယ်ယာဒေသတွင် မတ်လ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


.. www.MyanmarExpress.net
 

အစိုးရမှ စရိတ်ထုတ် ကုပေးနေသော လက်ပံတောင်း ဒဏ်ရာရ ဆရာတော် ဦးတိက္ခဥာဏ ထိုင်းဆေးရုံကဆင်း

From : ..rfa

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုမှာ ဒဏ်ရာရခဲ့လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မောင်းဂွတ်ဘုရင့်စစ်ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကစပြီး ရက်ပေါင်း ၁၀၀ နီးပါး ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာတော် ဦးတိက္ခဥာဏကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

အသားအစားထိုး ကုသစရာတွေမလိုတော့ပဲ၊ လေ့ကျင့်ခန်းလုပ်ရန်သာ လိုတဲ့အတွက် ဆေးရုံကဆင်းခိုင်းတာဖြစ်ပြီး လာမယ့်မတ်လ ၂၆ ရက်နေ့မှာ ဆေးရုံကဆင်းကာ မန္တလေးမြို့ရှိ သီတဂူဆေးရုံသို့သွားနိုင်ရန် စီစဉ်နေကြောင်း ဆရာတော်ကို အနီးကပ်ပြုစုနေတဲ့ ဆရာတော်ရဲ့ အကြီးဆုံးသား ကိုနေသီဟက RFA ကို ပြောပါတယ်

“ဒီအပေါ်ပိုင်းကုသမှုတွေက operation တွေတော့ ပြီးသလောက်ဖြစ်သွားတော့ ဆေးရုံကလည်း ဒါဆင်းလို့ရပြီလို့ ပြောတယ်ခင်ဗျ၊ ဒါကြောင့်မို့လို့ ဆင်းဖို့ မှန်းထားတော့ ၂၆ ရက်နေ့လောက် ဆင်းဖို့မှန်းထားတယ်ခင်ဗျ၊ ကျနော်တို့အဲဒီ ဗမာပြည်ပြန်ရောက်တာနဲ့ သီတဂူဆေးရုံတန်းပို့ပြီးတော့ သီတဂူဆေးရုံမှာ လိုအပ်တဲ့ကုသမှုတွေ ထပ်လုပ်မယ်ဗျ၊ သူဒီမှာ လေ့ကျင့်ခန်းတွေလုပ်နိုင်တဲ့ အခြေအနေပေါ်ကို မူတည်ပြီးတော့မှ တိုးတက်မှုပြောလို့ရမှာ”

ဆရာတော်က အချိန်အကြာကြီး မထိုင်နိုင်သေးတဲ့အတွက် အဆင်ပြေအောင် လေယာဉ်ပျံနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက၊ သံမှူးကြီး ဦးမျိုးတင့်က ပြောပါတယ်။

"ဆေးရုံကဆင်းခိုင်းနေပြီ၊ ဒီဆရာတော်ကြီးကလည်း ကုသတာပြီးပြီတဲ့ ဆက်ပြီးတော့ အသားအစားထိုး ကုသတာတို့ ခွဲစိတ်တာတို့မလိုတော့ဘူး၊ လက်ရှိဟာကိုပဲ dressing လုပ်ဖို့လောက်ပဲ ပြန်နလန်ထူဖို့လောက် ဒီလောက်ပဲလိုတော့တာပေါ့နော်၊ အဲဒါကြောင့်မို့လို့ ဆင်းပါဆိုပြီးတော့ သူကအဲဒီလိုပြောတာ တခုရှိတာက ကျနော်တို့က လေယာဉ်ပဲ၊ လေယာဉ်ပေါ်မှာ ဆရာတော်ကို ကောင်းကောင်းမထိုင်နိုင်သေးဘူး၊ သူကထိုင်လည်း တနာရီလောက်ပဲ ထိုင်နိုင်မှာပေါ့၊ သိပ်ပြီးကြာကြာ မထိုင်နိုင်သေးဘူး၊ အဲဒါကြောင့် လေယာဉ်နဲ့ညှိပြီးမှ သွားရမှာပေါ့လေ"

ဆရာတော်ရဲ့ ဘယ်ဘက်ဖနောင့်၊ ညာတင်ပါးနဲ့ ကျောတွေမှာ အနာအနည်းငယ်သာကျန်ပြီး ကြာရှည်မထိုင်နိုင်တာနဲ့ မကွေးနိုင်တာပဲ ရှိတော့တယ်လို့ ကိုနေသီဟက ပြောပါတယ်။


.. www.MyanmarExpress.net
 

တောင်ကိုရီးယားနိုင်ငံတွင် စကတ်အတိုအပြတ်များမ၀တ်ဆင်ရ ဥပဒေထုတ်ပြန်

From : ..SkyNet TV Browser

ေ

SkyNet TV Browser
.
 အပြတ်များအား ၀တ်ဆင်ခွင့်မပြုတော့သော ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း
သိရသည်။ ယခုအခါ၌ ကိုရီးယားနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်
များသည် သရုပ်ပျက်လောက်သော စကတ်အတိုများကို ၀တ်ဆင်လာ
သဖြင့် အမြင်မတင့်တယ်မှုများကို ကြုံတွေ့နေရသဖြင့် ၎င်းဥပဒေအား
ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုဥပဒေအား ဖောက်ဖျက်ပါက
အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာ ဒဏ်ငွေပေးဆောင်ရန် ပြဋ္ဌာန်း
ထားကြောင်း သိရသည်။


. www.MyanmarExpress.net
 

ဒေါ်စု သမ္မတဖြစ်ဖို့ဖွဲ့စည်းပုံပြင်ရေး မအောင်မြင်ဘူးဆိုလျှင်