Subscribe to our RSS Feed

ရွှေတောင်မြို့ လက်ဖက်ရည်ဆိုင်တွင် ထိုင်လျှက်ကြီးသေဆုံးခဲ့

From : ..ပြည်သတင်း


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက် ဆိုင်းတန်းလမ်း တွင်နေထိုင်သော ရွှေတောင် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီ ပါတီဝင် အမှတ်(7/21/000013) ဦးငြိမ်း (77) နှစ်သည် 30.7.2013 ရက်နေ့ မနက်(113း0) အချိန်ခန့်တွင် ရွှေတောင်မြို့ (၁၀)နာ
ရီဈေး အနီး (ဆွေသဟာ)လ္ဘက်ရည်ဆိုင်တွင် လ္ဘက်ရည်မှာပြီး မသောက်သုံးခင်မှာ ၄င်းထိုင်လျှက်ရှိသော ထိုင်ခုံပေါ်တွင် ထိုင်လျှက်သေဆုံးသွား
ခဲ့သည်။ ထိုကဲ့သို့ လ္ဘက်ရည် မှာအပြီးတွင် ရုတ်တရက် သေဆုံးမှူ့ကြောင့် အနားနေပြည်သူများမှ ရွှေတောင်ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့လို့
ရွှေတောင်ရဲစခန်းမှ ရဲအရာရှိများ နျင့် တာဝန်ရှိရဲဝန်ထမ်းများလာရောက်စစ်ဆေးလျှက်ရှိခဲ့ပြီး ထို့နောက်နေ့လည် (123း0)ခန့်မှာ ရွှေတောင်မြို့ ပြည်သူ့
ဆေးရုံကြီးသို့ ပို့ဆောင်ဆေးစစ်ခဲ့ပါသည်။ နေ့လည် (23း0)ခန့်တွင်အဆိုပါဆေးစစ်ချက်များအရ ( နှလုံးသွေးခဲ)သွားသည်ဟုသိရှိခဲ့ရပါတယ်
အဆိုပါ ဦးငြိမ်း(77) နှစ်၏ ရုပ်အလောင်းအား နေ့လည် (3း00)ခန့်လောက်မှ ရွှေတောင်မြို့ ပရဟိတ နာရေးကူညီမှူ့အသင်း၏ အကူအညီနှင့် ဦး
ငြိမ်း(77) နှစ် ရုပ်အလောင်းအား နေအိမ်သို့ ပြန်လည်းပို့ဆောင်ခဲ့ပြီး ယနေ့ 31.7.2013 ရက်နေ့ ညနေ(3း00)နာရီအချိန်မှာ ရွှေတောင်မြို့ ဒရယ်
ချောင်း သုသန်တွင် မီးသဂြိုလ်ခဲ့ပါသည်။ အဆိုပါ ဦးငြိမ်း (77) နှစ်သည် ရွှေတောင်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (နာယက)ကြီးတစ်ဦး
ဖြစ်သလို (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ဦးကိုကိုကြီး(စမ်းချောင်း) ၏ ဦးလေးဟုလည်းသိရပါသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်