Subscribe to our RSS Feed

ကာမစိတ်ထကြွစေသည့် ဆေးများဖမ်းဆီးရမိ

From :ရဲဇာနည်

၁၂-၂-၂ဝ၁၃ ရက်နေ့ ၁၆၃၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ဇေယျဝတီရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဇေယျဝတီတိုက်နယ်ဆေးရုံမှ ဒေါက်တာ ဇော်သိန်းကျော် တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဈေးပိုင်း ရပ်ကွက်အတွင်းရှိ ဦးအုန်းပရာကပ်၏ နေလဆေးစတိုးဆိုင်အား သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှိဖွေရာ ဦးအုန်းပရာကပ် (၅၅)နှစ်၏ ဆိုင်အတွင်းမှ POSH,POLY WAY,MAX MAN,DrX-100, CHAMP,FOOTBALL HELPMEET,POWER VIGIRA, SPIDER KING,RED SPIDER,TIANLONGSHE-120J စာတမ်းများပါ ကာမစိတ်ကြွအားဆေး (၄၆)ဗူးနှင့် (၂၆)ထုပ်အား သိမ်းဆည်းရမိခဲ့၍ ဦးအုန်းပရာကပ်အား ဇေယျဝတီရဲစခန်း (ပ)၅၂/၂ဝ၁၃၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့်အမှုဖွင့်အရေးယူခဲ့သည်။

အလားတူ ၁၇၃၅ အချိန် အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးပိုင်းရပ်ကွက်
အတွင်းရှိ ကိုစူစီကျန်း၏ စံပြဆေးစတိုး ဆိုင်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းမှ BIG BOY,LADY VIRGLS,BECK HAN,VIRGIN,DrX-100, BIOTIN တံဆိပ်များပါ ကာမစိတ်ကြွအားဆေးပါ
(၁၃)ဗူး အားရှာဖွေတွေ့ရှိခဲ့၍ ကိုစူစီကျန်းအား ဇေယျဝတီရဲစခန်း
(ပ)၅၃/၂ဝ၁၃၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ အဖြင့်အမှုဖွင့်ခဲ့သည်။

ထို့ပြင် ၁၇၅ဝ အချိန် အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးပိုင်းရပ်ကွက်ရှိ ကိုရာကျမ်း(၂၂)နှစ်၏ အေးရတနာ ဆေးစတိုးဆိုင်နှင့် ကိုပရမနန်း
(၄၇)နှစ်၏ မြစံပယ်ဆေးစတိုးဆိုင်တို့အား ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကိုရာကျမ်း၏ အေးရတနာဆေးစတိုးဆိုင်အတွင်းမှ
BIOTIN စာတမ်းပါ အမျိုးသားကာမအားဆေး(၂)ဗူးအား ရှာဖွေ
တွေ့ရှိခဲ့၍ ဇေယျဝတီရဲစခန်း(ပ)၅၄/၂ဝ၁၃၊ အမျိုးသားဆေးဝါး အက်ဥပဒေပုဒ်မ ၁၈ အရ လည်းကောင်း၊ ကိုပရမနန်း(၄၇)နှစ်၏ မြစံပယ်
ဆေးစတိုးဆိုင်မှ CHAMP နှင့် DrX-100 စာတမ်းပါ အမျိုးသား ကာမစိတ်ကြွအားဆေးပါ (၆)ဗူးအား တွေ့ရှိခဲ့၍ ကိုပရမနန်းအား (ပ)၅၅/၂ဝ၁၃၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း
အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ထို့အတူ ၁၃-၂-၂ဝ၁၃ ရက်နေ့ ၁၄ဝဝ အချိန် ရမည်းသင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ ဝန်ထမ်းများသည် သက်သေများနှင့်အတူ မန္တလေး
တိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်၊ သလဝလမ်း
တောင်ဘက်ခြမ်းရှိ စိုးလွင်(၄ဝ)နှစ်၏ ‘‘ဦးဟာရွန် မိသားစု ဆေးနှင့်
စတိုးဆိုင်’’ အား ဝင်ရောက်ရှာဖွေခဲ့ရာ CHAMP, POSH, CRAN DINO DONG-77, MAX MAN CAPSULES စာတန်းပါ ကာမစိတ်ကြွဆေး ၃ဝ၅ ဘူးနှင့် အထုပ် ၁၄ ထုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးလွင်အား ရမည်းသင်းရဲစခန်း(ပ)၃၂ /၂ဝ၁၃၊ အမျိုးသားဆေးဝါးများ အက်ဥပဒေ
ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။



  www.MyanmarExpress.net
 

8 comments:

Cover girl is Htain Win( Htain Pin )'s wife.

What's wrong with that drug? Men who need them could have it.

ဒီလိုဖမ်းယုံနဲ့တော့ လွှတ်မပေးလေနဲ့.... ဆိုင်ပိတ် ..ပစ္စည်းချိတ်ပိတ်... လူထောင်ချ... အဲဒါလဲ မူးယစ်ဆေးလိုပဲ...မန်နေဂျာကိုပဲတာဝန်ရှိတယ်ဆုံးဖြတ်ပြီး.... အရောင်းဝန်ထမ်းကိုပဲထောင်ချခဲ့တဲ့ဖြစ်စဉ်တွေလိုထပ်မဖြစ်စေနဲ့...ပိုင်ရှင်အစစ်ကိုပါ ဥပဒေအတိုင်းအရေးယူပေး...လိုင်စင်ကို လုံးဝသိမ်းပစ်... ဘယ်လိုလူမျိုး... ဘယ်ဘာသာပဲဖြစ်ဖြစ်.. အဲဒီလို ငတေ ကောင်တွေကို မလှုပ်ရဲအောင်အရေးယူပစ်...တာဝန်ရှိသူများရေ...ဒီကောင်တွေ အထုပ်ကြီးကြီးနဲ့ဝင်လိမ့်မယ်နော်....အဲဒါတွေကြောင့် ဒီလိုကောင်တွေ မတရားချမ်းသာနေကြတာ...ဘာဆေးတွေမှန်းမသိပဲ ရောင်းပေးပါဆိုလို့တင်ရောင်းပေးထားတာ ဆိုတဲ့ စကားမျိုးထွက်လိမ့်မယ်...ရှက်စရာ၊ ခံပြင်းစရာ၊ ပြည်ထောင်စုသားတွေရဲ့ ကျန်းမာရေးနဲ့ အရှက်သိက္ခာတွေ ကို ချနင်းတဲ့ ယုတ်မာတဲ့စီးပွားရှာနည်းတစ်ခုဖြစ်ပါတယ်..ပြည်သူ့ရဲတွေကို ကျေးဇူးတင်ပါတယ်....ဒါတို့ပြည်သူ့ရဲကွလို့ ၀ံ့ဝံ့ကြွားကြွား ကြွေးကြော်လိုက်ပါတယ်... ပြည်သူ့ရဲတွေ ကျန်းမာကြပါစေလို့ ပထမဦးဆုံး...ဆုတောင်းပေးလိုက်ပါတယ်..သုံးလုံး၊ နှစ်လုံးတို့ ..တစ်လုံး တို့ဒိုင်သေးသေးလေးတွေကို အဖမ်းမပြပဲ ဒိုင်ချုပ်တွေကိုပဲဖမ်းပေးကြပါဦး....ကျေးဇူးပါ...

ဲပြည်သူ့ရဲတွေကိုချီးကျူးပါတယ်... တစ်လုံး နှစ်လုံးသုံးလုံး ဒိုင်သေးတွေကို အဖမ်းမပြပဲ..ဒိုင်ချုပ်တွေကိုပဲဖမ်းပေးကြပါဦး...စိတ်ကြွှဆေးမှုက မူးယစ်ဆေးမှုလိုပဲ...ပစ္စည်းသိမ်း..ဆိုင်ချိတ်ပိတ်...လိုင်စင်သိမ်း...ပေးပါ...ကျွန်တော်တို့ ဘာဆေးမှန်း မသိပဲနဲ့တင်ရောင်းမိတာပါဆိုတဲ့ ထွက်ဆိုချက်မျိုးတွေပေးလိမ့်မယ်....အဲ့ဒါတွေနဲ့ရထားတဲ့ ခပ်ကြမ်းကြမ်းအမြတ်တွေနဲ့လည်း....ပစ်ခတ်ဝင်လိမ့်မယ်....အဲဒီလိုစီးပွားရှာမှုတွေကိုလုံးဝခွင့်လွှတ်မပေးကြပါနဲ့....အဲဒါ ပြည်ထောင်စုသားတွေရဲ့.. အရှက်...သိက္ခာ....ကျန်းမာရေး...အဲဒါတွေကိုချနင်းတဲ့စီးပွားရှာမှုတစ်ခုပါ...လုံးဝ သန့်စင်မှုမရှိပါ.....ယုတ်မာပြီး အောက်တန်းကျတဲ့ စီးပွားရှာနည်းတစ်ခုပါ....ပြည်သူ့ရဲတွေကို ပထမဦးဆုံး အနေနဲ့ ဒါတို့ပြည်သူ့ရဲကွလို့ ကြွေးကြော်ပြီး ......ပြည်သူ့ရဲအားလုံး ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ဲပြည်သူ့ရဲတွေကိုချီးကျူးပါတယ်... တစ်လုံး နှစ်လုံးသုံးလုံး ဒိုင်သေးတွေကို အဖမ်းမပြပဲ..ဒိုင်ချုပ်တွေကိုပဲဖမ်းပေးကြပါဦး...စိတ်ကြွှဆေးမှုက မူးယစ်ဆေးမှုလိုပဲ...ပစ္စည်းသိမ်း..ဆိုင်ချိတ်ပိတ်...လိုင်စင်သိမ်း...ပေးပါ...ကျွန်တော်တို့ ဘာဆေးမှန်း မသိပဲနဲ့တင်ရောင်းမိတာပါဆိုတဲ့ ထွက်ဆိုချက်မျိုးတွေပေးလိမ့်မယ်....အဲ့ဒါတွေနဲ့ရထားတဲ့ ခပ်ကြမ်းကြမ်းအမြတ်တွေနဲ့လည်း....ပစ်ခတ်ဝင်လိမ့်မယ်....အဲဒီလိုစီးပွားရှာမှုတွေကိုလုံးဝခွင့်လွှတ်မပေးကြပါနဲ့....အဲဒါ ပြည်ထောင်စုသားတွေရဲ့.. အရှက်...သိက္ခာ....ကျန်းမာရေး...အဲဒါတွေကိုချနင်းတဲ့စီးပွားရှာမှုတစ်ခုပါ...လုံးဝ သန့်စင်မှုမရှိပါ.....ယုတ်မာပြီး အောက်တန်းကျတဲ့ စီးပွားရှာနည်းတစ်ခုပါ....ပြည်သူ့ရဲတွေကို ပထမဦးဆုံး အနေနဲ့ ဒါတို့ပြည်သူ့ရဲကွလို့ ကြွေးကြော်ပြီး ......ပြည်သူ့ရဲအားလုံး ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

အဲဒီလိုရောင်းလို့ ဖမ်းမယ်ဆိုရင်တော့ မြန်မာပြည်မှာရှိတဲ့ ထောင်တောင်ဆန့်မှာ မဟုတ်ဘူး ။ တစ်ခြားနိုင်ငံတွေမှာ တရားဝင်ရောင်းတယ် ။ ဒါပေမယ့် အသက် ၂၁ နှစ်အောက်ကိုတော့ ၀ယ့်ခွင့်မပြုပါဘူး။ အဲဒီလိုသာ ဖမ်းမယ်ဆိုရင် ထုတ်တဲ့သူကိုသာ ဖမ်းမှပဲ ထိရောက်မှု ရှိလိမ့်မယ်ထင်တယ် ..

ဆို င် ပို င် များ သ ည် ကု လား များြ ဖ စ်ေ န သ ည်

ဗ ဟု သု တ မ သိ သော မိန်း ခ လေး များ အ တွက် စိုးရိမ် စရာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်