From : shan news
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ လက်မပင်ရပ်ကွက်တွင် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ညနေ ပိုင်း အချိန်က အိမ်မီးလောင်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အောင်ပန်းမြို့၊ လက်မပင်ရပ်ကွက်တွင်နေထိုင်သူ ဦးကောင်းဖေသည် မိသားစုဝင်များ အပြင်သွားနေ ခိုက်တွင် အရက်သေစာ သောက်စားမူးယစ်ပြီး အိပ်ပျော်သွားချိန်တွင် ဖယောင်းတိုင် မီးမှတစ်ဆင့် မီးစတင်လောင် ကျွမ်းခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ မီးသတ်တပ်ဖွဲ့ ၀င်များနှင့် ပြည်သူ လူထုမှ မီးဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သဖြင့် နာရီဝက်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပါသည်။ မီးလောင်ကျွမ်း မှုကြောင့် နေအိမ်အခင်းများသာ ပျက်ဆီးသွားခဲ့သော်လည်း ဦးကောင်းဖေသည် မီးလောင် ကျွမ်းကာ သေဆုံးသွားခဲ့သည်။
ဦးကောင်းဖေသည် မီးလောင်ကျွမ်းပြီးသေဆုံးခဲ့သော်လည်း အောင်ပန်းရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူခံထားရကြောင်း သိရသည်။ ဦးကောင်းဖေသည် ယခင်အချိန် များမှာလည်း အရက်သေစာ အမြဲတမ်းသောက်စားမူးယစ်နေသူဖြစ်ကြောင်း ရပ်ကွက်အတွင်းရှိ လူများ ထံမှသိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။