Subscribe to our RSS Feed

ဗန်းမော်-လွယ်ဂျယ်လမ်းတွင် ကုန်တင်ယာဉ်အားကေအိုင်အေမှ ခြိမ်းခြောက်ငွေတောင်းခံ

From : .http://www.kachindailynews.com/2013/01/blog-post_7664.html

KIA မှ ဗန်းမော်လွယ်ဂျယ်လမ်းကို ၂၃ရက်နေ့က ပိတ်လိုက်သည်ဟု ကြေငြာချက်ထွက်ပြီး လွယ်ဂျယ် သို့ ရောက်ရှိနေသော ကုန်တင်ကားတစ်စီးမှ ကုန်များတင်ဆောင်ခြင်းမရှိဘဲ လွယ်ဂျယ်မြို့မှ ယမန်နေ့မနက်က ထွက်ခွာလာစဉ် မနက်၉နာရီခွဲလောက်တွင် မိုင်တိုင် ၂၇/၂၈ကြားတွင် KIA အဖွဲ့မှ ယာဉ်အားတားကာ ချိန်းခြောက် ငွေတောင်းခံခဲ့ကြောင်းသိရှိရသည်။ KIA အဖွဲ့မှ ယာဉ်မောင်းကို “ ကားအားမိုင်းခွဲခံမှာလား ပါလာသည့် ပိုက်ဆံပေးမည်လား” ဆိုပြီးချိန်းခြောက်ခဲ့ပါသည်။ 

      ယာဉ်မောင်းမှ KIA ၏ခြိမ်းခြောက်မှုကြောင့် ၎င်းတွင်ပါလာတွေငွေသုံးသိန်းအားပေးဆောင်ခဲ့ရကြောင်း ၎င်း၏ပြောပြချက်အရသိရှိရသည်။ ကားမှကုန်တွေပါဝင်ခြင်းမရှိကြောင်း ပြောဆိုသော်လည်း KIA က လုံးဝ လက်ခံခြင်းမရှိဘဲ ပါလာသည့်ငွေများကို ဓါးမြတိုက်သလိုတောင်းခံခဲ့ကြောင်း၊ သေနတ်တွေနဲ့ မထင်ရင် မထင် သလိုလုပ်တက်သော ၎င်းတို့၏လုပ်ရပ်တွေကြောင့် ကုန်သည်များနှင့် ယာဉ်မောင်းများက   ကျေနပ်ခြင်းမရှိ ပေမယ့် ပေးဆောင်ခဲ့ရပါသည်။ တစ်ခုတည်းကျန်သော ဗန်းမော်- လွယ်ဂျယ်လမ်းအား KIA မှပိတ်လိုက်၍ ဒေသခံများ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပစ္စည်းရှားပါးမှုများကြုံတွေ့လာနိုင်သည်ဟု ဗန်မော်မြို့ခံတစ်ဦးမှ ပြောဆို ခဲ့သည်။
. www.MyanmarExpress.net

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။

ဒေါ်စု သမ္မတဖြစ်ဖို့ဖွဲ့စည်းပုံပြင်ရေး မအောင်မြင်ဘူးဆိုလျှင်