Subscribe to our RSS Feed

လူဦးရေ တစ်သိန်းအထက်ရှိသော အချက်အချာမြို့ကြီး ၃၁ မြို့ကို အဆင့်မြှင့်တင်မည်


From : ခေတ်လူငယ်

လူဦးရေ တစ်သိန်းအထက် နေထိုင်သော နိုင်ငံတစ်ဝန်းရှိ စီးပွားရေးအချက်အချာကျသည့် မြို့ကြီး ၃၁ မြို့ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြစ်နိုင်ခြေ လေ့လာစစ်တမ်း ကောက်ယူမှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ၁၁.၇.၂၀၁၂ ရက်က သိရသည်။ မြို့ကြီး ၃၁ မြို့တွင် မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်၊ မြိတ်၊ မအူပင်၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ စစ်တွေ၊ ကလေး၊ ရွှေဘို၊ မိုးကုတ်၊ မိတ္ထီလာ၊ မြင်းခြံ၊ မကွေး၊ မုံရွာ၊ ဗန်းမော်၊ မြစ်ကြီးနား၊ လားရှိုးနှင့် ချောက် အစရှိသော မြို့များ ပါဝင်နေကာ ယင်းမြို့များအပါအဝင် စီးပွားရေး အချက်အချာကျနေသော မြို့ကြီးများကို ဦးစားပေး ဆောင်ရွက်ရန် ရှိနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းများအရ သိရသည်။ “လူဦးရေ တစ်သိန်းအထက် မြို့တွေကို ပြုပြင်တိုးချဲ့ အဆင့်မြှင့်တင်တာတွေက လုပ်သင့်ပါတယ်။ ဒါပေမယ့် နယ်မြို့တွေမှာ ဆိုရင်တော့ အထပ်မြင့်တိုက်တွေထက် နှစ်ထပ်၊ သုံးထပ်လောက်ပဲ ဆောက်လုပ်ကြရမှာပါ။ ပြီးတော့ မြို့ကွက်ချဲ့တာတွေ လုပ်ချင်လုပ်ကြရလိမ့်မယ်” ဟု Golden Gate International ဆောက်လုပ်ရေးအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ပြောကြားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆင့်မြှင့်တင်မှုများတွင် အိမ်ရာများ ဖော်ဆောင်မှု သီးသန့်မဟုတ်ဘဲ မြို့၏သပ်ရပ်ခံ့ညားမှုနှင့် စံပြမြို့များ ဖြစ်စေရန်နှင့် စနစ်ကျနသော မြို့များဖြစ်စေရန် ဦးတည်လုပ်ဆောင်နေသည်ဟု သိရသည်။ “လူဦးရေတိုးမှု အလားအလာနဲ့ မြို့ပြဖွံ့ဖြိုးမှုကို တွက်ဆပြီး အခုကတည်းက ပြင်ဆင်ထားတာ ပိုပြီးကောင်းမှာပါ။ ဥပမာပြောရရင် မြို့တစ်မြို့မှာ လူဦးရေ တစ်သိန်းရှိမယ်။ အဲဒီလူဦးရေက ထပ်ပြီးတိုးပွားဦးမှာ ဖြစ်သလို၊ သူတို့နေဖို့ နေစရာတွေက ထပ်ပြီးလုပ်ရဦးမှာပဲ။ ဒီမှာပဲ ပြည်ပက ဝင်လာမယ့် လုပ်ငန်းစုတွေနဲ့ပေါင်းပြီး မြို့ပြရဲ့ နေရာလိုအပ်ချက်က မြင့်တက်လာဖို့ပဲ ရှိနေတာ။ ဒါကို ကြိုတင်ပြီး ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ၄င်းက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

အမျိုးသမီး နဲ့ အမျိုးသား နေရာ

From : ရွှေဘ


ရွှေဘ။ မမရေ.... မင်္ဂလာပါနော်၊

မဟေမာန်ကို။ အင်း.... မင်္ဂလာပါကွယ်... မောင်လေးရေ၊

ရွှေဘ။ ဟုတ်.... မမနဲ့ကျနော် ခင်မင်ကြတာ သိပ်မကြာသေးဘူးဆိုပေမယ့်

ကျနော် မေးချင်တာလေး တစ်ခု ရှိနေလို့ မေးပါရစေ မမရယ်၊

မဟေမာန်ကို။ အင်း ရပါတယ် မောင်လေးရဲ့ သမီးရည်းစား အရေးက လွဲရင်ပေါ့နော်၊

ရွှေဘ။ ဟုတ်... မမ၊ စိတ်ချပါ၊ အဲ့ဒီ မေးခွန်း မဟုတ်ပါဘူး၊

မမမှာ ချစ်သူရှိတာ ကျနော် သိပါတယ်... ဟီး၊ ဒါပေမယ့်.. ဟို.... ဟိုလေ....

အပျိုဂျီး ဖြစ်ရတာကောင်းကြောင်း ပို့စ်တွေကို ပိုက်စိုးပက်စက် အားပေးပြီး

ကျနော်တို့ မိန်းမမုန်းတီးရေး ပို့စ်တွေကိုတော့ အားမပေးဘူးနော် မမ၊

မဟေမာန်ကို။ အင်း..... ဒါကတော့ မောင်လေးရယ်..... အမှန်တွေမို့ပါကွ၊

ရွှေဘ။ ဟာဗျာ.... မမကလည်း မိန်းခလေးတွေရဲ့ဘ၀ ရခဲလေခြင်း ဆိုပြီး

မမရေးနေတာတွေကို တစ်ချို့ မိန်းခလေးတွေက တကယ်မှတ်ပြီး

လိုက်လုပ်ကြရင် မကောင်းဘူးထင်တယ် မမရဲ့...

မဟေမာန်ကို။ အယ်.... လုပ်ပါစေလေ... အမှန်တွေပဲကိုးးးးး၊

ရွှေဘ။ အာာာာာာာာာာ မဟုတ်သေးဘူးလေ မမရာ၊

ကမ္ဘာ့လူသား အရင်းအမြစ် ဖွံ့ဖြိုးမှု ဆိုတာကိုလည်း

ထည့်သွင်း စဉ်းစားဦးလေ၊

အဲဒီလူသားတွေကို မွေးထုတ်ပေးရမှာက မမတို့တာဝန်လေ၊

မိန်းခလေးတွေက အပူ မရှာချင်ဘူး ဆိုပေမယ့်၊

ခေတ်အမြင်တော့ ရှိသင့်တာပေါ့ဗျာ၊

မဟေမာန်ကို။ ဟဲ့.... ရွှေဘ၊ တော်စမ်း၊ နင်လိုရာ ဆွဲမပြောနဲ့၊

အပျိုကြီးတွေချည်း ဖြစ်ကုန်ကြတော့

အပူအပင် ကင်းတာပေါ့ဟယ်၊ ပိုတောင် ကောင်းသေး၊

ရွှေဘ။ အင်း.......... စိုးရိမ်လို့ပါ... မမရယ်...

မဟေမာန်ကို။ ဘာာာာာာာာာာ ဘာပြောတယ် ရွှေဘ၊

ရွှေဘ။ သြော်.... မမကလည်း... ဟို... ဟို....... ဟိုလေ.....

မမတို့ မိန်းခလေးတွေက အရွယ်လေး ရလာရင်

နဲနဲ နန့်ပေးရတယ် သိလား၊

ဘာဖြစ်လို့လဲ ဆိုတော့... မမတို့က ပုတ်ကုန်တွေလေ၊

ဥပမာဗျာ......

ဈေးထဲမှာ ဂေါ်ဖီထုတ်တွေရောင်းတာ တွေ့ဖူးတယ်မို့လား၊

ဒီနေ့ရောင်းလို့ မကုန်ရင် အပေါ်ကတစ်ဖတ် ...ခွာလိုက်တယ်၊

နောက်နေ့တစ်ခါ ရောင်းမကုန်ရင်.... နောက်တစ်ဖတ် ခွာလိုက်တယ်၊

တဖြည်းဖြည်း လုံးပါးပါးပြီး

နောက်ဆုံး ရောင်းမကုန်ပဲ ပုတ်ကုန်တော့ ပစ်လိုက်ရရောလေ၊

မဟေမာန်ကို။ အောင်မာ..... ငါတို့က ပုတ်ကုန်တွေဆိုရင်

နင်တို့ကကော ဘာကုန်တွေလဲ၊

နင် လူစကားတော့ပြောနော် ရွှေဘ၊

လိပ်စကားမပြောနဲ့... ရှင်းတယ်နော်၊

ရွှေဘ။ ဟီးးး ဟုတ်.... ကျနော်က မျှမျှတတပဲ ပြောမှာပါ၊

လိပ်စကား မပြောပါဘူးဗျ၊

ဥပမာ တစ်ခုပြောမယ်...

စက်မှုတွေ မထွန်းကားခင်က မြေကြီးတွေ ညီညာ မျှတအောင်

ကျနော်တို့ လူသားတွေဟာ ဘာနဲ့ညှိရလဲ၊

မဟေမာန်ကို။ သြော်.... ဒါများ.. ပေါက်တူးနဲ့ ညှိရတာပေါ့ဟဲ့၊

ရွှေဘ။ ဟာာာာာာ တော်တယ်ဗျာာာာ ကျနော့်မမ အမှတ်(၁၀၀) အပြည့်၊

ဒါကြောင့် ကျနော်က အခု ပေါက်တူး စကားပြောမယ်.... ဟီးးးး၊

ကျနော်တို့ ယောက်ျားလေးတွေက ငရုပ်သီးလိုမျိုးလေ၊

နေလှန်းလိုက် ရေလေးတောက်လိုက်နဲ့

ဘယ်လောက်ပဲ ကြာကြာထားထား

ဘယ်အချိန်ပဲ ကိုက်ကြည့် ကိုက်ကြည့် စပ်နေတာပဲလေ.... အဟိ၊

မဟေမာန်ကို။ တော်စမ်းပါ ရွှေဘရယ်..... အကောင်းမှတ်လို့ နားထောင်နေတာ

ပေါက်တူး စကားဆိုတာကလည်း ကိုယ့်ဖက်ကိုယ်ယက်တဲ့ စကားပဲကိုးးးးး

ဒီမယ်.... ရွှေဘ၊ နင်တို့ ငရုတ်သီးက ခူးခါစမှာပဲ စပ်တာပါဟာ၊

နေလှန်းလိုက် ရေတောက်လိုက်နဲ့ ကြာလာရင်

ထိပ်တွေတွန့်ပြီး ဖလံဖြူဖြစ်သွားတာပါ၊

ရွှေဘ။ တိန်.......

မဟေမာန်ကို။ အေး..... ငါတို့ ကော်ဖီထုတ်တွေကတော့ အဖတ် တစ်ဖတ် ခွာလိုက်တိုင်း

ကျန်နေတဲ့ဟာက သစ်လွင်ပြီး တင်းကျစ်နေတာပဲဟဲ့၊

မသိရင် မှတ်ထား.......ငရုပ်သီးရဲ့။

ရွှေဘ။ ဗျာာာာာာာာာာာာာာာာာာာာာ

Myanmar Express

မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ ပြုလုပ်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ ၀င်ရောက်လာပါက ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည့် နယ်ပယ်၊ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ သွားရောက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်ဆွေးနွေးမည့် သူများမှာ စီးပွားရေးအရင်းအမြစ်ဌာန ကော်မတီမှ ဥက္ကဋ္ဌ ဦးဇော်နိုင်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုသီရိ၊ စက်မှုဇုန် စီးပွားရေးပညာရှင် ဦးကောင်းငြိမ်းစိုးနှင့် ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအတိုင်ပင်ခံ ဒေါ်ချိုချိုမြင့်တို့ ဖြစ်သည်။ “မြန်မာနိုင်ငံအကြောင်း ပိုမိုသိစေလိုတဲ့အတွက် မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံမှာ သွားရောက်ပြုလုပ်ဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။ ပြောမယ်ဆို ကိုယ့်နိုင်ငံကိုယ် ကြော်ငြာတာပေါ့။ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေး အခွင့်အလမ်းတွေ ရှိတယ်ဆိုတဲ့အကြောင်း သိစေချင်တဲ့အတွက် ဒီအကြောင်းအရာကို အဓိက မိတ်ဆက်ပြောကြားသွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်နိုင်က သွားရောက် ပြုလုပ်မည့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ Asia Knowledge Institute (AKI) ၌ ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံမှ တက်ရောက်လိုသူများ အနေဖြင့်လည်း MBE သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း၊ ဆွေးနွေးပွဲနှင့် ပတ်သက်၍ www.akiedu.org သို့ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ကနေဒါသံရုံး မြန်မာနိုင်ငံတွင် ဖွင့်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံတွင် ကနေဒါနိုင်ငံ သံရုံးတစ်ခုကို ဖွင့်လှစ်ရန် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်တွင် ဆုံးဖြတ်လိုက်သည်ဟု ကနေဒါနိုင်ငံထုတ် calgaryherald သတင်းက ရေးသားဖော်ပြလိုက်သည်။ မြန်မာနိုင်ငံတွင် ထင်မြင်သိသာသော ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး နိုင်ငံတကာကလည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆောင်ရွက်နေကြချိန်တွင် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်ဟု ၎င်းသတင်းစာတွင် ရေးသားထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွင့်လှစ်ထားသော ကနေဒါသံရုံးမှ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက် သံတမန် ဆက်သွယ်မှုကို ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံရုံး၏ ထုတ်ပြန်ချက်အရ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘဲယာဒ်က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဖော်ဆောင်မှုများ တိုးတက်လာသည်ကို အသိအမှတ်ပြုကြောင်း သိရသည်။ ကနေဒါသံရုံး မြန်မာနိုင်ငံတွင် ဖွင့်ရန် ရည်ရွယ်ခြင်းမှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်မှုများကို မြှင့်တင်ရာတွင် ကူညီနိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို အထောက်အပံ့ဖြစ်စေရန် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

အခန်းခ ပိုမို တောင်းခံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအား လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ သွားမည်


From : MRTV-4

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရှိ ဟိုတယ် လုပ်ငန်းမှာ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ ဟိုတယ် တွေဟာ အခန်းခ ပိုမိုတောင်းခံခြင်းများ ပြုလုပ်ပါက လိုင်စင်များ ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ ဟိုတယ် တွေမှာ Standard Room အခန်းခ နှုန်းထား တွေကို အမေရိကန် ဒေါ်လာ ၁၅၀ အထက် ပိုမိုကောက်ခံခြင်း မပြုဖို့ သတ်မှတ် ထားပါတယ်။

ဒါပေမယ့် ယခုလက်ရှိမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် အချို့ဟာ အခန်းခ နှုန်းထား တွေကို ပိုမိုကောက်ခံခြင်း များရှိတဲ့ အတွက် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနကို ပြည်တွင်း ခရီးသွား လုပ်ငန်းများမှ တင်ပြမှုများ ရှိလာပါတယ်။ ဒါ့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနဟာ ပြည်တွင်းရှိ ခရီးသွား လုပ်ငန်း အဖွဲ့အစည်းများနဲ့ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် လုပ်ငန်းရှင် များကို တွေ့ဆုံကာ ဟိုတယ် အခန်းခ နှုန်းထား တွေကို သတ်မှတ်ပေး ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို သတ်မှတ်ချက်နဲ့ ကောက်ခံမှု ရှိတဲ့ ဟိုတယ်တွေ ကိုတော့ ဟိုတယ် လိုင်စင် ပိတ်သိမ်း ခြင်းများ၊ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခွင့် သက်တမ်း တိုးမြှင့် မပေးခြင်းများနဲ့ ဟိုတယ်များရှိ နိုင်ငံခြားသား များကို ဗီဇာ သက်တမ်း ထောက်ခံပေးမှု ရပ်ဆိုင်းခြင်း တွေပြုလုပ်ကာ အရေးယူ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ဟိုတယ် အခန်းခ နှုန်းထား တွေဟာ ဒေသ အတွင်းရှိ နိုင်ငံများနဲ့ နှိုင်းယှဉ်ပါက ဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ယခုလို ဈေးနှုန်း မြင့်တက်မှုဟာ မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်း တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့ အတွက် ယခုလို အခန်းခ နှုန်းထားများ သတ်မှတ် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။


Myanmar Express

ကမ္ဘာတ၀ှမ်းအစ္စလာမ်ဘာသာဝင်တွေကလည်း သူတို့ရဲ့ လူဦးရေအား၊ အင်တာနတ်အားကို သုံးပြီး ဓာတ်ပုံအတုတွေနဲ့ လိမ်လည်နေကြ


From : ကော့မှူးသား

ကမ္ဘာတ၀ှမ်းအစ္စလာမ်ဘာသာဝင်တွေကလည်း သူတို့ရဲ့ လူဦးရေအား၊ အင်တာနတ်အားကို
သုံးပြီး ဓာတ်ပုံအတုတွေနဲ့ လိမ်လည်နေကြ
အခုတလော အာရပ်ကမ္ဘာက သတင်းဌာနတွေမှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့
ပတ်သက်လို့ ရေးသားတာတွေ များလာတယ်။ အီရန်က ၀ါဒဖြန့်ချီရေး PressTV ကတောင်
ဘင်္ဂလီကိစ္စကို သီးသန့်ကဏ္ဍတစ်ခုအဖြစ် ဆွေးနွေးနေတာတွေ တွေ့ရတယ်။
တချို့ဆိုရင် ရိုဟင်ဂျာ ဆိုတဲ့ နာမည်နဲ့ မြန်မာနိုင်ငံမှာ နေတဲ့
အစ္စလာမ်ဘာသာဝင်တွေကို ခွဲခြားမသိပဲ ရမ်းတုတ်နေကြပြန်တယ်။ ဘာသာရေး
အသွင်ကို အရှိန်တိုးမြှင့်ပြီး တွန်းပို့နေကြတယ်။ နိုင်ငံတကာ
သတင်းဌာနတွေမှာ အထူးသဖြင့် Op Ed အတွေးအမြင် ကဏ္ဍတွေမှာ
လူ့အခွင့်အရေးအမည်ခံ အဖွဲ့တွေက စာတွေ ရေးသားပေးပို့ပြီး တဘက်စောင်းနင်း
ပြောဆိုရေးသားလာကြတယ်။ ကမ္ဘာတ၀ှမ်းအစ္စလာမ်ဘာသာဝင်တွေကလည်း သူတို့ရဲ့
လူဦးရေအား၊ အင်တာနတ်အားကို သုံးပြီး ဓာတ်ပုံအတုတွေနဲ့
လိမ်လည်နေကြပြန်တယ်။

ဘင်္ဂလီတွေက ဦးဆောင်ပြီး ဒေါ်စုကို အပြင်းအထန် ဝေဖန်လာကြတယ်။
စော်ကားလာကြတယ်။ ကိုကိုကြီး၊ ကိုမင်းကိုနိုင်နဲ့ ၈၈၈၈ ကျောင်းသားတွေကို
တာဂတ်ထား နာမည်ဖျက်ဖို့ လုပ်လာကြတယ်။ အမှန်တရားဘက်ကို ရပ်တည်နေတဲ့
မြန်မာပြည်သူပြည်သားတွေကို မိုက်မိုက်ရိုင်းရိုင်း
သုံးနှုန်းပြောဆိုမှုတွေ ပြင်းထန်လာတာကို တွေ့ရတယ်။ ဘင်္ဂလီတွေဟာ
မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံခေါင်းဆောင်များ၊
တိုင်းရင်းသားခေါင်းဆောင်များ၊ အတိုက်အခံမဟာမိတ်အဖွဲ့များ စတဲ့
မြန်မာပြည်မှာ အေးအတူပူအမျှနေထိုင်လာတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့
အမှန်တရားအသိနိုးကြားမှုကို မတွန်းလှန်နိုင်တော့လို့ အပြင်ကိုထွက်ပြီး
အာရပ်ကမ္ဘာတို့၊ တခြားပြည်ပနိုင်ငံတွေဆီကို ပိုမိုဦးတည်ပြီး
လှုပ်ရှားလာနေကြတယ်။

ပြည့်အင်အားဟာ ပြည်တွင်းမှာပဲ ရှိတယ်။ မြန်မာပြည်တိုင်းရင်းသားတွေ
စည်းစည်းလုံးလုံး ရပ်တည်နေသရွေ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ ဘယ်တော့မှ
တိုင်းရင်းသား မဖြစ်ဘူး။ မြန်မာ့မြေကိုလည်း တစ်လက်မမှ ဆုံးရှုံးခံမှာ
မဟုတ်ဘူး။ သူတို့တွေ ပြည်ပအင်အားကို အားကိုးတယ်ဆိုရင် ပြည်ပကိုပဲ
ထွက်ခွာသွားပါတော့ လို့ပဲ ပြောလိုက်ချင်တယ်။

Myanmar Express

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားသည့် အက်ဥပဒေ သုံးနှစ်သက်တမ်းတိုး



မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားသည့် အမေရိကန်ပြည်ထောင်စု၏ ၂၀၀၃ ခုနှစ် မြန်မာပြည် ဒီမိုကရေစီရေးနှင့် လွတ်မြောက်ရေး အက်ဥပဒေကို ဇူလိုင် ၁၈ ရက်နေ့၌ နောက်ထပ်သုံးနှစ်အထိ သက်တမ်းတိုးမြှင့်လိုက်ပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်ဖြစ်ပေါ်လာပါက အချိန်မရွေး ဆိုင်းငံ့ရန်၊ ရပ်ဆိုင်းရန် သို့မဟုတ် ဖယ်ရှားနိုင်ရန် သမ္မတအိုဘားမား ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့သို့ အမေရိကန်လွှတ်တော်က လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခဲ့သည်။ ဇူလိုင် ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် အဆိုပါအက်ဥပဒေကို အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက စိစစ်ပြီးနောက် နိုင်ငံခြားဆက်ဆံရေး ကော်မတီကို ဆက်လက်ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Myanmar Express

ရိုဟင်ဂျာတွေ ဘာကြောင့်ဖိနှိပ်ခံရသလဲ


From : ဆရာမ ဝေေ၀

“ရိုဟင်ဂျာ” ဆိုတဲ့လူမျိုးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်လူမျိုးထဲက မျိုးနွယ်တစ်ခု ဖြစ်တယ်။ ဒီမျိုးနွယ်ကိုလူတွေက မသိဘဲ- အလွယ်တကူ ဘင်္ဂလီလို့ပဲ လူအများစုက နားလည်ထားခဲ့တယ်။သမိုင်းကိုကြည့်ရင် သူတို့ဟာ ဟိန္ဒူဇတ်နိမ့်တစ်မျိုးက တစ်ဆင့် ဟိနယာန ဗုဒ္ဓဘာသာတွေဖြစ်ခဲ့ တယ်- အဲ့ဒီက တစ်ဆင့် ဆူဖီ ခေါ် မွတ်စလင်ဝိပသနာဂိုဏ်းတွေက သာသနာပြုရင်းအစ္စလာမ် ဘာသာဝင်တွေ အဖြစ် ကူးပြောင်းလာခဲ့တယ်။

“ရိုဟင်ဂျာ” စကားက ဘင်္ဂလီစကားထက်- ကသဲ(ကောသလ) စကား၊ နီပေါလ် (ခေါ်ရခါး) စကားများ နဲ့ ပိုပြီးနီးစပ်တယ်။ ရခိုင်ဘုရင်တွေခေတ်က ရခိုင်ပြည်မှာ သူတို့ကို လယ်ယာချောင်းမြောင်း လုပ်ကိုင် ဘို့ ကျေးကျွန်အဖြစ်သတ်မှတ်ခဲ့တာကို တွေ့ရတယ်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်ကလူတစ်ဦးကို နိုင်ငံခြားသားတွေက “သင် မြန်မာလူမျိုး ဖြစ် သလား၊”လို့ မေးမယ့်အစား“သင် တရုတ်လူမျိုး မဟုတ်ဘူးလား၊” လို့ မေးလေ့ရှိသကဲ့သို့၊ ရိုဟင်ဂျာ ဆိုတဲ့လူတစ်ယောက်ကို တွေ့ရင်လည်း “သင် မြန်မာလူမျိုး ဖြစ်သလား၊” ဆိုတဲ့ မေးခွန်းအစား“သင် ဘင်္ဂလီ လူမျိုး ဖြစ်သလား၊”လို့ မေးခံရခြင်းက များကြောင်း တွေ့ဘူးပါတယ်။-ရိုဟင်ဂျာများရဲ့ ရုပ်ဆင်း သဏ္ဍာန်က မြန်မာထက် ဘင်္ဂလီ လူမျိုးများနဲ့ ပိုပြီးတူပါတယ်။
မြန်မာနိုင်ငံမှာ မျိုးဆက် နှစ်ဆက်သုံးဆက် သူတို့ကို ဖျောက်ဖျက်ထားလို့- မြန်မာတွေက သူတို့ကို “ရိုဟင်ဂျာ”လူမျိုးအဖြစ် မသိခဲ့ဘူး၊ “ဘင်္ဂါလီ”လို့ပဲ သိနေတယ်။

သူတို့ဟာလည်း လူသားတွေပါ။ လူသားတွေဖြစ်လျှက်နဲ့ သူတို့တွေကို အခြားသူတွေက လူရာ မသွင်း ချင်ဘူး ဖြစ်နေတယ်။ ဒါ--ဘာကြောင့်လဲ လို့ စဉ်းစားကြည့်ရင်၊- နံပါတ် (၁) တရားခံက သူတို့ကိုယ် တိုင်ပဲဖြစ်နေတယ်လို့ ကျွန်မ မြင်တယ်။ ကျွန်မဟာ မွတ်စလင်တစ်ဦး ဖြစ်ပါတယ်။ သူတို့နဲ့ ဘာသာတူဖြစ်လို့ သူတို့အပေါ်မှာ သနားစာနာမှု ရှိပါတယ်။ သူတို့ကို အလ္လာဟ်က မကူညီဘူးလားလို့တစ်ခါ တစ်ခါ အလ္လာဟ်အရှင်ကိုတောင် ပြစ်မှားမိတာတွေ ရှိပါတယ်။ တကယ်မှာသူတို့ကိုယ်တိုင်က မွတ်စလင်လို့ ပြောနေပေမယ့် အစ္စလာမ်သာသနာနဲ့ အကြီးအကျယ်လွဲချော်နေတဲ့ လူတွေ ဖြစ်နေပြီး ဘာသာရေးထက် သူတို့ရဲ့ ခေတ်ဟောင်းဟိန္ဒူအယူဝါဒကိုမြတ်နိုးတွယ်တာနေသူတွေပဲ ဖြစ်ပါတယ်။

(၁) သူတို့ဟာ အလွန်တရာအတင်းပြောတတ်တဲ့ လူတွေ ဖြစ်တယ်၊ ညီအစ်ကို အရင်းချင်းတောင် တစ်ဦးနဲ့ တစ်ဦးကောက်ကျစ်မှု အပြည့်ရှိတယ်၊ အတင်းပြောတယ်၊ အာဏာပိုင်တွေကို ပေါင်းပြီး အချင်းချင်းအကြီးအကျယ် ဒုက္ခပေးတတ်တယ်။- အချင်းချင်း ကြွားဝါမောက်မာတတ်တဲ့လူမျိုး ဖြစ်ပါ တယ်။အစ်ကိုအရင်း ဖြစ်သူက- သူ့ကြက်ကို သူရိုတ်သတ်ပြီး တစ်ဘက် ညီအရင်းရဲ့ ခြံထဲကို ပစ်ချထက်လိုက်တယ်- ထို့နောက် အစ်ကိုက ရဲကို ငွေ နှစ်သောင်းလောက်ပေးလိုက်တယ်၊ပိုက်ဆံပေးလိုက်တဲ့ ရဲကို ကျွန်တော့ညီက ကျွန်တော့ကြက်ကို ခိုးတယ်- သူ့ကို ဖမ်းပါ၊ပါးရိုတ်ပါလို့ လိမ်ညာပြီးတိုင်တယ်။ ဒီအခါ ရဲက ပိုက်ဆံလည်းရ- ပါးလည်း ရိုက်ရဆိုတော့ လွယ်လွယ်ကူကူပဲ အဲ့ဒီ အလုပ်ကို လုပ်လိုက်ပါတယ်။- ဒီလို အဖြစ်မျိုးတွေက“ရိုဟင်ဂျာ”တို့ရဲ့ အရပ်မှာ နေ့စဉ် ရှိနေပါတယ်။

(၂) သူတပါး လူမျိုးကို အလွန်တရာအထင်အမြင်သေး- အတင်းပြောလေ့ရှိတယ်။ ကျွန်မ-တို့ မွတ်စလင် ချင်း တောင် ကျွန်မကိုခေတ်ပညာတတ် ကျောင်းဆရာမ ဖြစ်ရမလားလို့- ကျွန်မရဲ့ မြန်မာ မွတ်စလင် လူမျိုးတစ်မျိုးလုံးကိုနေ့စဉ်ကြိမ်ဆဲနေတာမျိုး ကြုံရပါတယ်။ မိန်းကလေးက ကာဖိရ်စာကို သင်ပြီး ကာဖိရ်လိုနေတယ်လို့ စွပ်စွဲနေတယ်။ နောက်ကွယ်မှာ နားနဲ့ မဆန့်လောက်အောင် အတင်းပြောဆိုတယ်။

(၃) အထူးသဖြင့် ရိုဟင်ဂျာအမျိုးသမီးများရဲ့ ဘ၀ နစ်နာလွန်းလှတယ်။ သူတို့ခမြာ လူ ဖြစ်လျှက်နဲ့ အိမ်ကျွန်တွေဖြစ်နေရတယ်။ အမျိုးသမီးများကို သူတို့ဆက်ဆံပုံက အစ္စလာမ့်တရားတော်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်။

(က) မိန်းကလေးနဲ့ ယောက်ျားလေးမင်္ဂလာဆောင် ပေးစားရင် မိန်းကလေးက ယောက်ျားလေး မိဘများကို ပိုက်ဆံပေးရတယ်၊လုပ်ကိုင်စားဘို့ လယ်ယာ၊ နွား၊ ဆိတ်တွေ ပေးရတယ်။ ဒါကြောင့် မိဘတွေက သမီးမိန်းကလေးမွေးမှာကို စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်နေတယ်။

(ခ) မိန်းကလေး တစ်ဦးက အသက် ၁၁နှစ်ကျော်လာရင် အပြင်ထွက်ခွင့်မရှိ အိမ်တွင်းပုန်းဘ၀နဲ့ နေထိုင်ရတော့တယ်။- သားမယားရှိပြီး ဖြစ်တဲ့ အသက် ၆၀ လောက် ဗလီဆရာကြီးက လိုချင်တယ် ဆိုရင်လည်း အဲ့ဒီဗလီဆရာကြီးကို သမီးပျိုလေးကို ဆက်သပေးစားရတယ်။ မိန်းကလေးမှာ ရွေးချယ် ခွင့်မရှိ၊ရွေးချယ်ဘို့လည်း အသိပညာမရှိ- အမှောင်ထဲက ဘ၀တွေ ဖြစ်နေတယ်။ ဒါကြောင့် အစိုးရကအိမ်ထောင်ရေး ကန့်သတ်မှုကို ပြဌာန်းလိုက်ရခြင်း အခြေခံ ဖြစ်ပါတယ်။

(ဂ) ဇနီးမယားတွေကိုလည်း ရိုက်ချင်သလိုရိုက်ထောင်း နှိပ်စက်လေ့ရှိတယ်။ ဒါကို ဘာသာတရားလို့ စွဲမှတ်ခံယူထားတယ်။ သားချင်းသမီးချင်းပေးစားကတည်းက “လင်ယောက်ျားက ရိုက်နှက်ဆုံးမရင် လည်း ခံပါ့မယ့်လို့-ကတိက၀တ်တွေ ပြုရတယ်။

လူများစု ဘာသာခြားများက ကိုယ့်ကိုဖိနှိပ်ချုပ်ချယ်တာကို မခံချင်ဘူး ပြောနေပေမယ့်- ကိုယ်ကိုယ် တိုင်က ကိုယ့်ညီမ၊ကိုယ့်အမေ၊ ကိုယ့်သမီးတွေကို “လူ”လို မဆက်ဆံတာကို မြိန်ရေယှက်ရေ ရှိနေ တယ်။သာသနာအဖြစ် ခံစားနေတယ်-။

ဒီလို ဓလေ့၊ ကိစ္စများဟာအခြေခံလူတန်းစား တောသူ တောင်သားများမှာသာ ရှိနေတယ် ဆိုရင် ပညာတတ်လာတဲ့ အုပ်စုတွေကနယ်သူနယ်သားတွေကို ပြုပြင်ပေးဘို့ လမ်းစ ရှိနိုင်တယ်။- အခုတော့ ရိုဟင်ဂျာထဲကပညာတတ် ဆိုတဲ့ လူတန်းစားမှာလည်း ဒီရောဂါဆိုးကို မြတ်မြတ်နိုးနိုး သိမ်းဆည်း ထားတာတွေ့ရပါတယ်။

ကျွန်မ သူငယ်ချင်းတစ်ဦးက ရိုဟင်ဂျာအမျိုးသား ဆရာဝန်တစ်ဦးနဲ့ အိမ်ထောင်ပြုတယ်၊ သူ့ခမြာ စိတ်ချမ်းသာရတဲ့ နေ့ တစ်နေ့မှမရှိဘူး ဆိုပြီး သူ့ယောက်ျားနဲ့ လမ်းခွဲခဲ့ရတယ်။ ယောက်ျား ဖြစ်သူက နေ့စဉ်စိတ်တိုင်းမကျမှု တစ်ခုခု ဖြစ်နေတယ်။ ဖြစ်သမျှ စိတ်ခံစားမှုကို အပြစ်မရှိအပြစ်ရှာပြီး မိန်းမ ကိုပဲ ဒုက္ခပေးတယ်။ ကျွန်မသူငယ်ချင်းက ကမန် မွတ်စလင်အမျိုးသမီး- သူတို့ဓလေ့မှာ လင်နဲ့ မယား တစ်ဦးနဲ့ တစ်ဦး ကြောက်လန့်ရိုက်ထောင်းခံနေရတာမျိုး မရှိတော့-၊ လင်က ရိုက်ရင် လင်ကို ရတာဆွဲ ပြီး ပြန်ရိုက်ပြန်ထုလေ့ရှိတယ်။ ဒါကြောင့် လင်က နောက်ပိုင်းမှာ မရိုက်ရဲဘူး ဖြစ်လာတယ်။ ဒါပေမယ့်နေ့စဉ်ဆဲဆို ကျိန်းမောင်းတာကို ခံနေရတယ်လို့ ဆိုတယ်။ ပြီးတော့ ပြောလိုက်ရင်“ဘာသာရေး ဘာသာရေး” ပြောတယ်၊ အစ္စလာမ် ဘာသာနဲ့ ကိုက်ညီအောင်လည်း ဘာမှမနေထိုင်ဘူး”လို့ သူက သူ့ယောက်ျား အကြောင်းကို ပြောပြတယ်။ မောင်းတောမှာကျောင်းဆရာမ လုပ်နေတဲ့ ကျွန်မကို ဘာသာတူတယ် ဆိုပြီး လင်ရွေးမမှားဘို့ ဆုံးမတာဖြစ်ပါတယ်။

ကျွန်မတို့ မွေးရပ်မှာဘင်္ဂလီလူမျိုးတွေ ရှိတယ်။ သူတို့က မြန်မာ၊ ကရင် အမျိုးသမီးတွေကို ယူတယ်၊ အလုပ်အကိုင်လုပ်ကျွေးတယ်၊ သားမယားကို ကောင်းကောင်းမွန်မွန်ထားတယ်-၊ ယေက္ဖ၊ ယောက္ခမ များကိုလည်းတတ်နိုင်သမျှ ပြုစု စောင့်ရှောက်တယ်။- အခြားလူမျိုးများကဲ့သို့ လင်မယား ရန်ဖြစ်တာမျိုးတော့ ရှိတတ်တယ်- ဒါပေမယ့် ဘင်္ဂလီစစ်စစ်တွေက ရိုဟင်ဂျာ လူမျိုးလို မိန်းမကိုနှိပ်စက်တယ် လို့ မကြားမိခဲ့ဘူး။ “ရိုဟင်ဂျာ”တွေဟာ သူတို့နဲ့ ဘင်္ဂါလီ မတူညီဘူးဆိုတာ- မိန်းမရိုက်ခြင်းနဲ့ သက်သေပြ နေသလားလို့တောင် ထင်စရာ ဖြစ်နေတယ်။

အလ္လာဟ် ဖန်ဆင်းတဲ့ အရာတွေထဲမှာလူသားဟာ အမြင့်မြတ်ဆုံး ဖြစ်တယ်။ ဒါပေမယ့် သူတို့က ယောက်ျားကိုပဲ လူသားရယ်လို့သတ်မှတ်နေတယ်။ မသိစိတ်မှာလည်း ဒီအတိုင်းပဲ ကိန်းဝပ်နေတယ်။ လူသား မိန်းမများရဲ့လူ့အခွင့်အရေးကို လုံးဝ မေ့ပစ်ထားတယ်။ မိန်းမတွေကို လူ လို့ သတ်မှတ်ရမှာ-ငရဲကျဘို့ ကြောက်နေကြတယ်။ ကုရ်အာန်ကိုလည်း ရိုဟင်ဂျာ ဗလီဆရာများက သူတို့လိုချင်သလို မဟာဖိုဝါဒနဲ့ ဘာသာပြန်ကြတယ်။

ဒါတွေကို မပြုပြင်သ၍- သူတို့ဆီကိုသူတို့ပြုမူမှုနဲ့ ညီမျှတဲ့ အသာ့ဗ် အပြစ်ဒဏ်ခံရမှုက အမြဲကိန်း ဆိုက်နေမှာပါ။ဘယ်သူကမှ ၀င်ကယ်လို့ ရမှာ မဟုတ်ဘူး။

ရိုဟင်ဂျာ ပညတ်တတ်တွေ ကိုယ်တိုင်ကမိမိကိုယ်မိမိ ပြန်လည် ဆန်းစစ်ရမယ်၊ ပြုပြင်ရမယ်၊ နယ်သူ နယ်သား တွေကို ပညာပေးသင်တန်းတွေ ဖွင့်ရပါမယ်။ ပညာတတ်တွေ ကိုယ်တိုင် မိမိကျူးလွန်နေတဲ့ ပြစ်မှု၊ မိမိကပြုပြင်ရကောင်းမှန်း မသိ၊ ယေက္ဖ၊ ယောက္ခမတွေကို တိုင်းထွာဆဲဆိုတတ်တဲ့အကျင့်၊ အစွဲတွေကို အရင်ဖျောက်ပစ်ရပါမယ်။

သူများက ကိုယ့်ကို ရိုက်တော့နာကျင်မှုကို ခံစားတတ်တယ်၊ မိမိက မိန်းမကို ရိုက်တော့ နာကျင် လေမလားလို့ကိုယ်ချင်းမစာတတ်တဲ့ စိတ်တွေကို အရင်ဆုံး ကုရ်ဘာနီ လုပ်ပစ်ရပါမယ်။ မိမိကို သူများကအတင်းပြော သတင်းမှား လွှင့်တော့ ခံစားရခက်တယ် - မိမိ အချင်းချင်း ညီအစ်ကို အရင်းကိုတောင် ယုတ်မာကောက်ကျစ်မှုတွေကို ပြုမူတော့- “ငါ- ဟိုကောင့်ကို ပညာပေးလိုက်ပြီ၊”လို့ပီတိ ဖြစ်နေတဲ့ စိတ်မျိုးကို အရင်ပြင်ဘို့ မေ့နေတာများ အံ့သြဘို့ ကောင်းပါတယ်။

စိတ်ကောင်းနှလုံးကောင်းရှိတဲ့ရိုဟင်ဂျာများ အနေနဲ့ မိမိ အမျိုးသားအတွင်း အတွင်းပိုင်းဆိုင်ရာ စိတ်ဓါတ်ပြုပြင်ရေး၊ စိတ်ဓါတ်တော်လှန်ရေးများ မဖြစ်မနေ ဆောင်ရွက်ဘို့ လိုအပ်နေပါပြီ။--လို့ သတိပေးပါရစေ။

Myanmar Express

PEPSI အချိုရည် ပြန်လည်လုပ်ကိုင်မည်


From : The Voice

ကမ္ဘာကျော် အမေရိကန် အချိုရည် ကိုကာကိုလာက မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်မည်ဟု အတည်ပြုပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း ဈေးကွက်ဝေစုရခဲ့သော နာမည်ကျော် PEPSI (ပက်စီ) အချိုရည်သည်လည်း ပြန်လည်လုပ်ကိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်က ပြောကြားသည်။ မန္တလေးမြို့ Hotel Mandalay တွင် ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီက ပြုလုပ်သော “ထိန်းညှိခြင်းလား၊ ထိန်းညှိခံလား” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲတွင် ဒေါက်တာနေဇင်လတ်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ “ဒီမလာခင် မြန်မာလ်ဂိုးဒင်းစတား ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ စကားပြောခဲ့တယ်” ဟု ၄င်းကဆိုသည်။ ကမ္ဘာကျော် အမေရိကန် အချိုရည်လုပ်ငန်း ကုမ္ပဏီ ကိုကာကိုလာက မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းမှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်ခြင်း ဖြစ်ကြောင်း BBC သတင်း၌ ဖော်ပြထားသည်။ PEPSI အချိုရည်သည် အမေရိကနှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပြည်တွင်း၌ မလုပ်ကိုင်တော့သည်မှာ ဆယ်စုနှစ်ကျော်ပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်သည် မန္တလေးမြို့၌ ဇွန်လ ၃၀ ရက်နေ့တွင် Sedona Hotel နှင့် Hotel Mandalay တို့တွင် နှစ်ကြိမ်ဟောပြောခဲ့သည်။

Myanmar Express

ရွှေတိဂုံစေတီတော်ခြေရင်းမှာ ဗလီဆောက်တဲ့ခေတ်မရောက်နိုင်ဘူးလို့ ဘာလို့ထင်လည်း


From : Bandoola Banposted

ကုလားတစ်ယောက်ကအသေသာခံသွားမယ်..Halal foodမဟုတ်ရင်လုံးဝမမြိုဘူး...သူတို့ဘုရားကလွဲရင်...ဘာအကြောင်းပြချက်နဲ့မှ ဘယ်နတ်ဘယ်ဘုရားကိုမှဒူးထောက်ပြီးမကန်တော့ဘူး..
ငါတို့ကတော့ 786 ဆိုလည်းအားပေးတာပဲ.....နတ်ကန်တော်ကိုလည်းကန်တော့တာပဲ...
မွတ်စလင်ဘာသာကို အယူမှားနေတယ်လို့ငါတို့ဗုဓ္ဒဘာသာတွေကသတ်မှတ်တယ်
....ဒါပေမဲ့ငါမြင်သလောက်....မွတ်စလင်တွေလောက်လောက်သူတို့ဘုရားအပေါ်သစ္စာရှိတဲ့သူ ငါမမြင်ဖူးဘူး....တစ်နေ့ ၅ ကြိမ်မပြတ်မကွက်ဝတ်ပြုတယ်...
သူ့တို့ဘုရားအတွက်သူတို့ဘာသာအတွက်အသက်ပေးတယ်.......
ဘယ်ခေတ်ဘယ်အချိန်မဆို...ဘယ်လိုအခြေနေမျိုးမဆို............သူတို့ဘာသာရေးမြေကို ဘယ်ဘာသာရဲ့လွှမ်းမိုးမှုမှမခံဘူး....
Macca မှာ တစ်ခြားဘာသာတွေရဲ့ဘာသာရေးအဆောက်အုံရှိဖို့နေနေသာသာ..သူတို့အလေးထားတဲ့ နေရာ (ငါတို့အမြင်ကတော့ အလကာားအယူတိမ်းတဲ့သူတွေရဲ့နေရာ)ကိုတောင် ဘာသာခြားတွေကိုဝင်ခွင့်မပြုဘူး
ဘယ်မှာလည်းငါတို့ဗုဒ္ဒဘာသာတွေရဲ့ သာသနာအပေါ်ကာကွယ်ထိန်းသိမ်းမှုတွေ
ငါတို့ ဘာသာအပေါ်မှာတာဝန်ကျေရဲ့လား
မွတ်စလင်ကုလားကိုသတ်ဖို့ဝါဒဖြန့်နေတာမဟုတ်ဘူး......
နှိုင်းယှဉ်ကြည့်ဖို့ပြောနေတာ
မြန်မာဘုရင်တွေလက်ထက်မှာ ဆူးလေးဘုရားတစ်ဆူပဲရှိခဲ့တယ်
အခု စေတီတော်ဘေးမှာ ဗလီရောက်လာတာ
ငါတို့အထင်သေးတဲ့ မိစ္ဆာအယူဝါဒီတစ်ယောက်ကသူ့ဘာသာအပေါ်မှာထားတဲ့သစ္စာတရားလောက်တောင် ငါတို့တွေရင်ထဲမှာရှိရဲ့လား.........
ရွှေတိဂုံစေတီတော်ခြေရင်းမှာဗလီဆောက်တဲ့ခေတ်မရောက်နိုင်ဘူးလို့ ဘာလို့ထင်လည်း
မြန်မာ့မြေကနေဗုင်္ဒ္ဒသာသနာမပျောက်နိုင်ဘူးလို့ ဘာအတွက်ယုံကြည်စိတ်ချနေတာလည်း
ဆူလေးစေတီတော်ဘေးမှာ မိစ္ဆာတို့ရဲ့ဗလီတည်ရှိနေသရွှေ့ငါတို့တွေငါတို့ဘာသာသာသနာအပေါ် သစ္စာမဲ့နေတာကိုအမြဲသိနေပါ

Myanmar Express

ဒီမိုကရေစီ အမေရိကန်တွင် ရုပ်ရှင်ရုံအတွင်း ရမ်းကားပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံး

From : planet

သေနတ်သမားအား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရုပ်ရှင်ရုံ၏ ကားရပ်နားသည့်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က CNN သို့ ပြောကြား

အမေရိကန်တွင် ရုပ်ရှင်ရုံအတွင်း ရမ်းကားပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးအမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ Century 16 ရုပ်ရှင်ရုံတွင် သောကြာနေ့ (ဇူလိုင် ၂၀ ရက်)က နံနက်အစောပိုင်း၌ သေနတ်သမားတစ်ဦး၏ ရမ်းကားပစ်ခတ်မှုကြောင့် ရုပ်ရှင်လာရောက်ကြည့်ရှုသူ ၁၂ ဦးသေဆုံးပြီး ၇၁ ဦးဒဏ်ရာရရှိသွားသည်။ အဆိုပါရုပ်ရှင်ရုံတွင် Batman ဇာတ်ကားသစ် The Dark Knight Rises ပြသနေခြင်းဖြစ်သည်။


james holmes

(ရုပ်ရှင်ရုံအတွင်း သေနတ်ဖြင့် ရမ်းကားပစ်ခတ်ခဲ့သည့် ဂျိမ်းစ်ဟုမ်းလ်)

သေဆုံးသူများအနက် အသက်အငယ်ဆုံးအဖြစ် ၁၂ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူများအနက် အသက် ၃ လအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။ ရုပ်ရှင်ပြသနေစဉ် မှောင်မဲနေသော ရုပ်ရှင်အတွင်း ဓာတ်ငွေ့ကာမျက်နှာဖုံး ဝတ်ဆင်ထားသည့် သေနတ်သမားက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပစ်ခတ်ခံရသည့် ရုပ်ရှင်ကြည့်ပရိသတ်များမှာ သွေးအလိမ်းလိမ်းနှင့် အော်ဟစ်ညဉ်းညူလျက် ရုပ်ရှင်ရုံအပြင်ဘက်သို့ အလုအယက် ထွက်ပြေးလာခဲ့ကြသည်။

aurora cinema

(ပစ်ခတ်မှုဖြစ်ပွားရာ အော်ရိုရာမြို့ရှိ ရုပ်ရှင်ရုံ)

ဒဏ်ရာရရှိသူ အများအပြားအား ဆေးရုံသို့ တင်ပို့ထားရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ လူသတ်သမားမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်း မပြုမီ ရုပ်ရှင်ရုံအတွင်း မျက်ရည်ယိုဗုံး ပစ်ခဲ့သေးကြောင်းလည်း သိရသည်။ အဆိုပါ သေနတ်သမားအား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရုပ်ရှင်ရုံ၏ ကားရပ်နားသည့်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က CNN သို့ ပြောကြားသည်။

james holmes

(သေနတ်သမားအသုံးပြုခဲ့သည့် မော်တော်ကားကို ရှာဖွေစစ်ဆေးစဉ်)

ပစ်ခတ်မှုကျူးလွန်သူမှာ အသက် ၂၄ နှစ်အရွယ်ရှိ ဂျိမ်းစ်ဟုမ်းလ်အမည်ရှိ အော်ရိုရာမြို့သားတစ်ဦးပင် ဖြစ်သည်။ ၎င်းထံမှ ရိုင်ဖယ်သေနတ် အပါအဝင် သေနတ် ၄ လက်ကို သိမ်းဆည်းရမိခဲ့ပြီး လာမည့် တနင်္လာနေ့တွင် ကော်ရိုရာဒိုတရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။ ဂျိမ်းစ်ဟုမ်းလ်၏ နေအိမ်တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ မီးလောင်လွယ်စေသော ပစ္စည်းများနှင့် အခြား ဓာတုဗေဒပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။ အမေရိကန်သမ္မတ အိုဘားမားက ရုပ်ရှင်ရုံ ပစ်ခတ်မှုအတွင်း သေဆုံးရသူတို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဇူလိုင် ၂၅ ရက် ညနေ နေဝင်ချိန်အထိ အလံတစ်ဝက် လွှင့်ထူထားရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

Myanmar Express

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ခရီးသွားဝင်ရောက်မှု အလျင်မြန်ဆုံး တိုးတက်သည့် နိုင်ငံဖြစ်ကြောင်း UNWTO ထုတ်ပြန်


From : ခေတ်လူငယ်

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် ပြီးခဲ့သည့်နှစ်များနှင့် ခရီးသွား ၀င်ရောက်မှုချင်း နှိုင်းယှဉ်ပါက အလျင်မြန်ဆုံး တိုးတက်လာသည့် နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် World Tourism Organization (UNWTO) က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ တစ်နိုင်ငံချင်းအလိုက် ခရီးသွား ၀င်ရောက်မှုများ၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်တို့၌ ရာခိုင်နှုန်း အတက်အကျ နှိုင်းယှဉ်မှုများအပေါ် သုံးသပ်မှုများကို ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်ရာ၌ ယင်းသို့ ပါရှိခဲ့သည်။ အရှေ့တောင်အာရှ၌ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့သည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့ကို နှိုင်းယှဉ်ရာ၌ သိသိသာသာ မြင့်တက်ခဲ့ကြောင်း၊ မြန်မာသည် ၂၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရှိနေကာ ယင်းနောက်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းက ၂၀ ရာခိုင်နှုန်းစီ၊ ဗီယက်နမ်က ၁၉ ရာခိုင်နှုန်းစီ ရှိခဲ့ပြီး ထိုင်းနိုင်ငံသည် ခရီးသွားဦးရေ အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း UNWTO က ထုတ်ပြန်ခဲ့သည်။ “ဒီအချိန်ဟာ ခရီးသွားလုပ်ငန်း အလားအလာ ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ အလားအလာ အကောင်းဆုံး အနေအထား ရှိပါတယ်” ဟု UNWTO Asia Pacific မှ ညွှန်ကြားရေးမှူး Mr.Xu Jing က ရန်ကုန်မြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ၂၀၁၁ ခုနှစ်အတွင်းမှ စတင်ကာ ခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အပြီးတွင်မူ ကမ္ဘာတစ်ဝန်း ခရီးသွား စိတ်ဝင်စားမှု၌ ထိပ်တန်းနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ “မြန်မာနိုင်ငံမှာ ခရီးသွားတွေ စိတ်ဝင်စားနိုင်မယ့် သဘာဝရင်းမြစ်တွေ များပြားပါတယ်၊၊ နိုင်ငံတကာပုံစံနဲ့စာရင် Home Stay လို ပြည်တွင်း ပုံစံတွေကို ပိုစိတ်ဝင်စားနိုင်ပါတယ်” ဟု UNWTO မှ Mr.Hans Carl Jacobsen က ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်၌ အာရှပစိဖိတ်ဒေသတွင် အရှေ့တောင် အာရှသည် ခရီးသွားစုစုပေါင်း၏ ၃၅ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး မြန်မာနိုင်ငံက ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်က UNWTO ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်၌ ခေတ္တဆိုင်းငံ့ခဲ့သည်။ ၂၀၁၂ ခုနှစ် မေလဆန်းပိုင်းက UNWTO ၏ အထွေထွေအတွင်းရေးမှူးချုပ် Dr. Taleb Rifai သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ UNWTO သို့ ပြန်လည် ၀င်ရောက်ရန် နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား လာမယ့် အောက်တိုဘာ လတွင် အပြီးဆောက်လုပ် သွားရန် ခန့်မှန်း


From : MRTV-4

ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ဗိုလ်တထောင် ဆိပ်ကမ်းရှိ အမှတ် ၆ ဆိပ်ခံ တံတားမှာ ရေပေါ်ဟိုတယ် ပြုလုပ်ဖို့ စီစဉ် ဆောင်ရွက် လျက်ရှိပြီး အဆိုပါ ဟိုတယ်ကို လာမယ့် အောက်တိုဘာ လမှာ ပြီးစီးဖို့ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဟိုတယ်ကို လှလှပပ ကုမ္ပဏီ လီမိတက်မှ တည်ဆောက် မှာဖြစ်ပြီး ရေပေါ် ဟိုတယ်ပြု လုပ်ဖို့ အတွက် ဗိုလ်တထောင် ဆိပ်ခံ တံတား အထက်နဲ့အောက် ပြုပြင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက် ရာမှာ ပထမဆုံး အနေနဲ့ အမှတ် ၆ ဆိပ်ခံ တံတားကို ဖြတ်ထုတ်ခြင်း၊ အမှတ် ၆ အောက် ချဉ်းကပ် တံတားကို ပြန်လည် ပြုပြင်ခြင်း စတာ တွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိပ်ခံဗော၊ တံတားခံဗော၊ သံမဏိ ပေါင်းကူး တံတား ပြုပြင်ခြင်း စတဲ့ လုပ်ငန်းတွေကို အဆင့် အလိုက် ဆောင်ရွက် သွားမှာဖြစ်ပြီး စက်တင်ဘာလ နောက်ဆုံးပတ်မှာ ပြီးစီး နိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဒီလို ပြင်ဆင် ပြီးစီးပါက အဆိုပါ ဆိပ်ခံ တံတားမှာ ရပ်နားကာ ရေပေါ်ဟိုတယ် အဖြစ် အသုံးပြုမယ့် သင်္ဘောမှာ နှစ်စီးဖြစ်ပြီး အလျား ၂၂၈ ပေ၊ အနံပေ ၅၀ ရှိတဲ့ သင်္ဘော တစ်စီးနဲ့ အလျား ၂၃၆ ပေ၊ အနံပေ ၅၀ ရှိတဲ့ သင်္ဘောတစ်စီး ပါဝင်မှာ ဖြစ်ပါတယ်။

သင်္ဘော တစ်စီးမှာ အခန်းပေါင်း ၇၂ ခန်းနဲ့ နှစ်ယောက်ခန်းများ ဖြစ်တဲ့အတွက် လူဦးရေ ၁၄၄ ဦးအထိ တည်းခို နိုင်တာ ဖြစ်တယ်လို့ အဆိုပါ ရေပေါ် ဟိုတယ် တည်ဆောက်ရေး စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် ရေပေါ် ဟိုတယ် တည်ဆောက်မှု ပြီးစီးပါက လူဦးရေ ၂၈၈ ယောက်အထိ တည်းခိုနိုင်မှာ ဖြစ်ပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ် နိုင်မယ့် ရေပေါ်ဟိုတယ် သင်္ဘော အရေအတွက်၊ ရေပေါ်ဟိုတယ် ငှားရမ်းခများ၊ တည်ဆောက်ရေး ကာလနဲ့ ကုန်ကျ စရိတ်များ အစရှိတာတွေကို စီးပွားရေး အရ တွက်ချက်ပြီး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရေပေါ်ဟိုတယ် တည်ဆောက်ခြင်းမှာ ရေပေါ်ဟိုတယ်၊ စားသောက် ဆိုင်ခန်းတွေ ထားရှိကာ ရန်ကုန် ဆိပ်ကမ်းကို တိုးချဲ့မှု ပြုလုပ်ရာမှာ ဆိပ်ကမ်း ၀န်းကျင် စည်ပင်သာယာ လာစေဖို့ အတွက် ဖြစ်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

Myanmar Express

ဆော်ဒီ သတင်းစာ တွေ၊ ဆော်ဒီ ကာတွန်း ဆရာတွေက လုပ်ကြံနေတယ်.. ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ

ဆော်ဒီသတင်းစာ မှာ ကာတွန်းတွေမှာ ရိုဟင်ဂျာတွေက ကိုယ့်ကိုယ်ကို မီးရှို့နေကြတဲ့အကြောင်း ၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေက လက်ခုပ်တီး ဟားတိုက်ရယ်မောနေကြောင်း၊ သမ္မတကြီးက လက်နောက်ပစ် ပြုံးကြည့်နေကြောင်း၊ စစ်တပ်က ဓာတ်ပုံရိုက်နေကြောင်း ရေးထား၊ စွဲထားကြတယ်

မြန်မာ မီဒီယာတွေ ဘာလုပ်နေကြလဲ
မြန်မာ ကာတွန်းဆရာတွ ဘာလုပ်နေကြလဲ
ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေ ဘာလုပ်နေကြလဲ

ဘယ် ကုလား တစ်ယောက်မှ ကိုယ့်ကိုယ်ကို မီးမရှို့ပါ
ဘယ်ဘုန်းကြီးမှ လက်ခုပ်တီး မရယ်ပါ
ဘယ်စစ်သားမှ ဓာတ်ပုံလိုက်ရိုက်မနေပါ
ဦးသိန်းစိန်လည်း လက်နောက်ပစ် ပြုံးမနေပါ

BBC, VOA, DVB, RFA က မြန်မာတွေ ဘာလုပ်နေကြလဲ .. ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ

ဧရာဝတီ၊ မဇ္ဈိမ၊ မိုးမခ နဲ့ ပြည်ပ ဒေါ်လာစား မြန်မာသတင်းထောက်တွေ ဘာလုပ်နေကြလဲ .. ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ

Eleven, The Voice, Popular, Myanmar Post, Myanmar Times, Yangon Times, Messenger နဲ့ လျှပ်တပြက် က မြန်မာ တွေ ဘာလုပ်နေကြလဲ .. ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ

ကာတွန်း အော်ပီကျယ်၊ ဟန်လေး၊ အောင်မော်၊ စောငို၊ ဟာကျူလီကသာ တို့ ဘာတွေလုပ်နေကြလဲ .. ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ

ရွှေညဝါ ၊ ဦးဝီယသူ တို့ ဘာလုပ်နေကြလဲ ..

လွတ်တာနဲ့ ပြောပြီဆိုတဲ့ ဇာဂနာ၊ နေရာတကာပါ ချစ်ဦးညို နဲ့ လူထုခေါင်းဆောင် အောင်ဆန်းစုကြည် တို့ ဘာလုပ်နေကြလဲ .. ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ

ဆော်ဒီ သတင်းစာ ဆိုက် ကို http://www.saudigazette.com.sa/index.cfm?method=home.Cartoons&cid=201207182692
မှာ သွားကြည့်နိုင်ပါတယ်။

http://www.facebook.com/profile.php?id=100004064259820 ကို သွားကြည့်ပါ... အောက်ပါ ဓာတ်ပုံ နှင့် facebook အကောင့်တစ်ခုကိုတွေ့ရပါလိမ့်မယ်..။ ဒီတော့ ခင်ဗျား တို့ ဘာလုပ်သင့်သလဲ... အရင်ဆုံးလုပ်သင့်တာကတော့ ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ..။


Myanmar Express

အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် ကားဈေးထပ်မံ လျော့ကျနိုင်


From : ခေတ်လူငယ်

ဈေးနှုန်းများ ကျဆင်းလျက်ရှိသော ရန်ကုန်မော်တော်ကား ဈေးကွက်အတွင်း နောက်ပိုင်းကာလများတွင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါရှိသည့် အခွန်နှုန်းထားအတိုင်း ဝယ်ယူမည်ဆိုပါက ဈေးထပ်မံကျဆင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ အာဆီယံနိုင်ငံများသာမက ဂျပန်၊ ကိုရီးယား၊ အိန္ဒိယစသော အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများတွင်ပါ မိမိဝယ်ယူမည့် ကုမ္ပဏီကို အဆိုပါ သဘောတူစာချုပ် တောင်းယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းဆွေးနွေးဖက် နိုင်ငံများ၏ အကောက်ခွန်နှုန်းထား သက်သာခွင့်တွင် အာဆီယံ-တရုတ်အတွက် Form E ၊ အာဆီယံ-ဂျပန် အတွက် AJ Form နှင့် အာဆီယံ-ကိုရီးယားအတွက် AK Form တို့ပါရှိလျှင် သက်ဆိုင်ရာ သဘောတူစာချုပ်များအလိုက် အခွန်လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ “နောက်ပိုင်း လျှောက်လွှာတွေနဲ့ လာလျှောက်လို့ အခွန်သက်သာခွင့်ရရင် မော်တော်ယာဉ်ဈေးနှုန်း ထပ်ကျနိုင်သေးတယ်။ အကန့်အသတ် လုပ်ထားတဲ့ ပမာဏက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့အတွက် ဈေးထပ်ကျနိုင်ပါတယ်။ အားလုံးကလည်း အဲဒီအခြေအနေကို မျှော်လင့်ထားကြတယ်။ ဘယ်လောက်ထိ ဈေးကျမယ် ဆိုတာကိုသာ ခန့်မှန်းလို့ မရသေးတာ” ဟု ၄င်းက ပြောသည်။ အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းမည်ဆိုလျှင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form D ပါရှိလာလျှင် အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည်ဟု ပါရှိသည်။ ထို့ကြောင့် Form D အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပါရှိရန် လိုအပ်ပြီး မရှိလျှင် မြန်မာ့အကောက်ခွန်နှုန်းထား ၂၀၁၂ ပါ ဇယားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

Express Times ၀က်ဘ်ဆိုက် hack ခံရ


Express Times သတင်းဂျာနယ်၏ တရားဝင်ဝက်ဘ်ဆိုက်ကို ပြည်တွင်းအခြေစိုက် လွပ်လပ်သောမူဆလင်အဖွဲ့အစည်း Freedom For Muslims In Borma ဟု အမည်ခံသည့်အဖွဲ့အစည်းတစ်ခုမှ hacked လုပ်ထားသဖြင့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ ဆောင်ရွက်ရရှိတော့ခြင်း မရှိတော့ကြောင်း Weekly Express Times မှ သတင်းထောက်၏ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံအတွင်း Weekly Express Times သတင်းဂျာနယ်အနေဖြင့် လုပ်ဆောင်လျက်ရှိသည့် ဘာသာရေးအရ ဖိနှိပ်ဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အစိုးရအနေဖြင့် မူဆလင်အဖွဲ့အစည်းအပေါ် ဖိနှိပ်ဆောင်ရွက်မှုများကို ဖိအားပေးရပ်တန့်ရန် သတိပေးချက်ဖော်ပြထား သည်။

သတိပေးချက်အောက်တွင် ၎င်းတို့၏ သတိပေးချက်ကို လိုက်နာဆောင်ရွက်ပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက လက်စားချေခြင်းခံရမည်ဖြစ်ပြီး မိမိတို့ဘ၀ကို ကယ်တင်လိုပါက ၎င်းတို့၏ တောင်းဆိုမှုကို လိုက်လျောရန် ခြိမ်းခြောက်ထားသည်ကို တွေ့ရှိရသည်။

Weekly Express Times သတင်းဂျာနယ်အနေဖြင့် လွပ်လပ်သော မီဒီယာအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များတွင် မျှတသော၊ ဘက်မလိုက်သော အတွေးအခေါ်၊ ရပ်တည်ချက်ဖြင့် ရသမျှသော အချက်အလက်များအပေါ် အခြေခံရေးသားခဲ့ပါသည်။ ယနေ့အချိန်အထိ မည်သည့် မူဆလင်အဖွဲ့အစည်းအပေါ်ကိုမျှ တစ်ဖက်စောင်းနင်းရေးသားခဲ့ခြင်းမရှိပါသော်လည်း ယခုကဲ့သို့ အစွန်းရောက်အဖွဲ့အစည်းတစ်ခု၏ တုန့်ပြန်မှုသည် အင်မတန်ကြောက်မက်ဖွယ်ရာ၊ ၀မ်းနည်းဖွယ်ရာ ကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်ပါသည်။

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကိုသာ မျက်မှောက်ပြုသော ကျွန်ုပ်တို့ မီဒီယာအပေါ် ရည်ရွယ်ချက်ရှိရှိ ယခုကဲ့သို့ တိုက်ခိုက်မှုသည် လူကြီးလူကောင်းမဆန်သော ညစ်ထေးသောလုပ်ရပ်တစ်ခုဖြစ်သဖြင့် အတိအလင်း ကန့်ကွက်ရှုံချကြောင်း ကြေညာအပ်ပါသည်။

၎င်းတို့၏ လုပ်ရပ်သည် ကျွန်ုပ်တို့အနေဖြင့် မူဆလင် လူ့အဖွဲ့အစည်းများအပေါ် ထားရှိသော သဘောထားအမှန်ကိုလည်း အထူးတလည် ထိခိုက်စေနိုင်ပါသည်။

ထို့ပြင်အခြားသော မီဒီယာများကိုပါ အလားတူခြိမ်းခြောက်မှုများပြုလုပ်ရန် အစီအစဉ်များရှိကောင်းရှိနိုင်သဖြင့် မီဒီယာများ မိမိတို့၏ ၀က်ဘ်ဆိုက်များ၏ လုံခြုံရေးကို အထူးသတိထားကြရန် သတိပေးအပ်ပါသည်။

လေးစားစွာဖြင့်
အယ်ဒီတာအဖွဲ့

Myanmar Express

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ယခု နှစ်ကုန်တွင် လက်ခံ နိုင်မည့် ခရီးသည် ပမာဏထက် ကျော်လွန် နိုင်


From : MRTV-4

ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ လက်ခံနိုင်တဲ့ ခရီးသည် ပမာဏဟာ ယခုနှစ်ကုန်မှာ ပိုမိုများပြား လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ဟာ ခရီးသည် လက်ခံနိုင်မှု အနေနဲ့ ၂.၇ သန်း ၀င်ဆံ့တဲ့ အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီ လေဆိပ်ကို ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့က တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ပြည်တွင်း ခရီးသည်များ တိုးတက် ၀င်ရောက်လာမှုဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၅ နှစ်တာ ကာလအတွင်း ခရီးသွား ၂၃ ရာခိုင်နှုန်း တိုးတက် လာခဲ့ပါတယ်။ အဆိုပါ တာဝန်ရှိသူရဲ့ ပြောပြချက် အရ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ဟာ ယခုအတိုင်း ခရီးသည် ၀င်ရောက်မှု ဆက်လက် တိုးတက် လာမယ် ဆိုပါက ယခုနှစ်ကုန်မှာ လေဆိပ် လက်ခံနိုင်တဲ့ ခရီးသည် ပမာဏထက် ကျော်လွန် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာမှုတွေ အရ ပြည်ပ ခရီးသွားများ ၀င်ရောက်လာမှု ကလည်း ပိုမို များပြား လာပြီး လာမယ့် ၂၀၁၃ ခုနှစ် မှာလည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲနဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် အစီအစဉ်တွေကြောင့် ပြည်ပ ခရီးသွားများ ၀င်ရောက်မှု တွေဟာ ပိုမိုများပြား လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၀င်ရောက် လာတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသည် အရေအတွက်ဟာ နှစ်ကုန်မှာ သတ်မှတ်ပမာဏ ထက်ကျော်လွန် သွားနိုင် တာကြောင့် ပဲခူးတိုင်းေ ဒသကြီး ပဲခူးမြို့မှ ၂ မိုင်ခန့် ကွာဝေးတဲ့ နေရာမှာ ဟံသာဝတီ လေဆိပ် စီမံကိန်းကို ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။



အဆိုပါ လေဆိပ် စီမံကိန်းဟာ ရန်ကုန်မြို့မှ ၄၈ မိုင်အကွာမှာ တည်ရှိပြီး စီမံကိန်း လျာထားမြေ ၉၇၄၂ ဧက ကျယ်ဝန်းပြီး ပင်လယ် ရေမျက်နှာပြင် အထက် ၁၃၅.၇၇ ပေရှိတဲ့ တည်ဆောက်ဆဲ လေဆိပ် စီမံကိန်း တစ်ခု ဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တည်ဆောက် ထားမှုဟာ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလမှာ ခရီးသည် ၃ သန်းဆံ့တဲ့ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ခရီးသည် ၃.၅ သန်း ၀င်ဆံ့တဲ့ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို တည်ဆောက် ပေးထားပြီး ယခု လက်ရှိ တည်ဆောက် နေတဲ့ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ကတော့ မြန်မာနိုင်ငံမှာ နောက်ထပ် အသစ် ထွက်ပေါ် လာမယ့် အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

Myanmar Express

ကမ္ဘာပေါ်တွင် နေထိုင်စားသောက်စရိတ် အမြင့်ဆုံးမြို့ကြီးများ စာရင်းတွင် ရန်ကုန်မြို့သည် အဆင့် ၃၅ အထိ ခုန်တက်


From : ခေတ်လူငယ်

ကမ္ဘာပေါ်ရှိ နေထိုင်စားသောက် ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီးများ စာရင်းတွင် ရန်ကုန်မြို့မှာ အဆင့် ၃၅ အထိ ခုန်တက်လာခဲ့ကြောင်း ဈေးကွက်သုတေသနဆိုင်ရာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Mercer တွင် ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးနှင့် စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့တွင် နေထိုင်စားသောက် ကုန်ကျစရိတ်မှာ ကမ္ဘာ့မြို့ကြီးများ စာရင်းတွင် အဆင့် ၁၅၉ အထိသာ ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ အဆင့် ၇၀ သို့ ခုန်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်မူ အဆင့် ၃၅ သို့ ဆက်တိုက် ခုန်တက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့နာမည်ကျော် မြို့ကြီးများဖြစ်သည့် မီလန်၊ ရိုးမား၊ ဗီယင်နာ၊ မက်ဒရစ်၊ ဘာစီလိုနာ၊ မြူးနစ်၊ ဘာလင်၊ ဒူဘိုင်းကဲ့သို့သော မြို့ကြီးများကို နှစ်နှစ်အတွင်း ဆက်တိုက်ဖြတ်ကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ယခုစာရင်းမှာ ၂၀၁၂ မတ်လအထိ သုတေသနပြု ကောက်ယူထားသည့် စာရင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တွက်ချက်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ အဓိကမြို့တစ်မြို့တွင် သယ်ယူပို့ဆောင်ရေး၊ အိမ်ငှားနှုန်း၊ အိမ်ခြံမြေ ဈေးနှုန်း၊ အစားအသောက်ဈေး၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်း ဈေးနှုန်း၊ အပန်းဖြေ ကုန်ကျစရိတ်များ အပါအ၀င် အချက်ပေါင်း ၂၀၀ အား ထည့်သွင်း တွက်ချက်ခြင်းဖြစ်ကြောင်း၊ နယူးယောက်မြို့ ကုန်ကျစရိတ်ကို အခြေခံပြီး အခြားနိုင်ငံစုံမှ မြို့ကြီး ၂၁၄ မြို့အတွက် တွက်ချက်ထားချက်များအရ ထွက်ပေါ်လာသည့် စာရင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံမှာလည်း ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီးများ စာရင်းတွင် ၂၀၁၁ ခုနှစ်တွင် အဆင့် ၈ မှ ၂၀၁၂ ခုနှစ်တွင် အဆင့် ၆ သို့ ခုန်တက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့အနေဖြင့် ယခုအခါတွင် လန်ဒန်မြို့နှင့် အဆင့် ၁၀ ဆင့်သာ ကွာခြားပြီး နယူးယောက်မြို့နှင့် အဆင့်နှစ်ဆင့်သာ ကွာခြားသည်အထိ မြင့်တက်ခဲ့ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။ ထူးခြားချက်အနေဖြင့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ကုန်ကျစရိတ်မှာ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးနား၊ တရုတ် စသည့်ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ မြို့ကြီးများကို ကျော်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီး ၅၀ စာရင်းတွင် အာရှမှ ဆိုပါက မြန်မာနိုင်ငံ အပါအ၀င် ၆ နိုင်ငံသာ ပါရှိပြီး အဆိုပါ ၆ နိုင်ငံမှ မြို့ကြီး ၁၁ မြို့သာ ပါဝင်ပြီး တရုတ်နှင့် စင်ကာပူမှလွဲ၍ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း၊ ဒေသတွင်းဟူသည့် နိုင်ငံမှမြို့ကြီးများ ပါဝင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ ဘန်ကောက်၊ မနီလာ၊ ကွာလာလမ်ပူ၊ မွမ်ဘိုင်း၊ နယူးဒေလီ၊ ဟန်နွိုင်း၊ ဒါကာမြို့ကြီးများသည်ပင် ရန်ကုန်မြို့ Cost of Living ကဲ့သို့ မြင့်မားသည့် အဆင့်တွင် ရှိမနေကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဒီမိုကရေစီ မိတ်ဆွေများ ပါတီ (၁၀) ပါတီမှ ခေါင်းဆောင်များအား တွေ့ဆုံ ဆွေးနွေးသည့် အကြောင်းအရာ အပြည့်အစုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်
ဒီမိုကရေစီမိတ်ဆွေများပါတီ(၁၀)ပါတီမှ ခေါင်းဆောင်များအား တွေ့ဆုံ
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး



From : နိုင်ငံတော် သမ္မတရုံး

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့နံနက် ၉ နာရီ အချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တောနေအိမ် ရှင်းလင်းဆောင်တွင် ဒီမိုကရေစီ မိတ်ဆွေပါတီ(၁၀)မှ ပါတီခေါင်းဆောင်များအား တွေ့ဆုံခဲ့ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ Myanmar Egress မှ ဦးတင်မောင်သန်းနှင့် ဦးလှမောင်ရွှေ၊ သမ္မတဦးစီးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးရဲမင်းနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများမှ တက်ရောက်ခဲ့ကြသူများမှာ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) မှ ဥက္ကဌ ဦးခင်မောင်ဆွေနှင့် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဌ ဦးသုဝေနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ (DPP) မှ ဥက္ကဌ ဦးအောင်သန်းနှင့် အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (RNDP) မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစော၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ(SNDP) ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) ဒုတိယဥက္ကဌ ဦးနိုင်လှအောင်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ(PUP)မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းရွှေ၊ ချင်းအမျိုးသားပါတီ(CNP) မှ ဥက္ကဌ ဦးဇန်ကျင်ဖုံ(ခ)ဦးဇိုဇမ်၊ ပြည်ထောင်စုဒီမိုကရေစီ ပါတီ (UDP) မှ ဥက္ကဌ ဦးသောင်းဝင်း၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) မှ ဥက္ကဌ ဦးစောသိန်း အောင် တို့ တက်ရောက်ကြသည်။

ပထမဦးစွာ နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် သဘောထားများအကြောင်းကို ဦးစွာ ရှင်းလင်းပြောကြားလိုကြောင်း၊ မိမိတို့အားလုံးသည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကြသူ များ ဖြစ်ကြောင်း၊ နိုင်ငံရေးအရ မတူကွဲပြားသည့် ခြားနားမှုများ ရှိသော်လည်း မိမိတိုင်းပြည်အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထိုသို့ တူညီသည့် ဘုံအကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ဒီမိုကရေစီမိတ်ဆွေပါတီများမှ ခေါင်း ဆောင်များကို တွေ့ ဆုံရခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ အသိအမြင်နှင့် ဒီမိုကရက်တစ် အလေ့အထများ အားနည်းခဲ့ရကြောင်း၊ ထိုသို့  အားနည်းချက်များ ရှိခဲ့သဖြင့်လည်း လျှောက်လှမ်းနေ သော ခြေလှမ်းတိုင်းကို သတိကြီးကြီးထားပြီး လျှောက်လှမ်းနေရခြင်း ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် မကျွမ်းကျင်သော ကိစ္စရပ်များ အများကြီးရှိသော်လည်း တတ်ကျွမ်းနားလည်သည့် ပညာရှင်များနှင့် မပြတ်ဆွေးနွေးတိုင်ပင်ပြီး နိုင်ငံနှင့် ပြည်သူ အကျိုးစီးပွား မထိခိုက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်၏အကျိုး စီးပွားအတွက် စေတနာထား၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ယနေ့ ကြွရောက်လာကြသည့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်၏ အကျိုးစီးပွားအတွက် ရဲရဲတင်းတင်း ဝေဖန်ကြပါ၊ အကြံဥာဏ်ပေးပါ ဟု ပြောကြားလိုကြောင်း၊ ထိုသို့ ဝေဖန်အကြံပေးကြသလိုပဲ တိုင်းပြည်အကျိုးစီးပွားအတွက် မိမိတို့ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြ ရန်လည်း ဖိတ်ခေါ်လိုကြောင်း။

စနစ်တစ်ခုမှ စနစ်သစ်တစ်ခုသို့ ကူးပြောင်းရာတွင် အချိန်ယူ၍ စနစ်တကျ ဆောင်ရွက်ရပါ ကြောင်း၊ အချို့ သော အပြောင်းအလဲများတွင် မှားယွင်းသွားပါက ပြိုလဲသွားနိုင်သည့် အနေအထားတွင် ရှိနေကြောင်း၊ ဥပမာ ငွေကြေးပြုပြင်ပြောင်းလဲရေးကိစ္စတွင် အဘက်ဘက်မှ သတိကြီးကြီးထားကာ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့တွင် ဒီမိုကရက်တစ် အတွေ့အကြုံများ နည်းပါးသည့်အတွက် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို အထူး သတိထားပြီး လျှောက် လှမ်းနေပါကြောင်း။
မိမိတို့အားလုံးသည် အမိုးအကာတစ်ခုတည်းအောက်တွင် နေထိုင်နေကြရသူများ ဖြစ်ကြောင်း၊ ဤနိုင်ငံကို မိမိတို့ ပိုင်ဆိုင်သလို မိတ်ဆွေများလည်း ပိုင်ဆိုင်ကြောင်း၊ နိုင်ငံသား အားလုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ မိမိနိုင်ငံ တိုးတက်ကောင်းစားရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီနိုင်ငံတော်သစ်ကို အတူတစ်ကွပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် ဖြစ် ကြောင်း၊ ဤသည်မှာ မိမိတို့၏ ရိုးသားပွင့်လင်းသော သဘောထားဖြစ်ကြောင်း၊ တိုင်းပြည်အပေါ် ထား ရှိသည့် စစ်မှန်ရိုးသားသည့် စေတနာလည်း ဖြစ်ကြောင်း။

တစ်ဆက်တည်းတွင် ယနေ့ နိုင်ငံတော်အစိုးရက လုပ်ဆောင်နေသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို ရှင်းလင်းပြောကြားလိုကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ သဘောထားကို အဓိကထား၍ လေ့လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေသန်း(၆၀)ကျော် ရှိ၍ ဆန္ဒပေါင်း သန်းနှင့်ချီ၍ ရှိနိုင်ကြောင်း၊ သို့သော်လည်း ယင်းတစ်ဦးချင်းဆန္ဒ သဘောထားများတွင် တူညီသော ဆန္ဒ၊ တူညီသော သဘောထားများ၊ တူညီသော လိုလားချက်များ ရှိနေကြောင်း၊ ပြန်လည် စိစစ်လေ့လာကြည့်လျှင် နိုင်ငံသားများသည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်လိုကြောင်း၊ နောက်တစ်ချက်မှာ နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဆန္ဒများစွာ ရှိသော် လည်း တူညီသော အချက်များ စုစည်းလိုက်လျှင် ဤ(၂)ချက်သာ အဓိက ဖြစ်ကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် အဆိုပါ ပြည်သူများ၏ အခြေခံဆန္ဒ၊ သဘောထား(၂)ရပ်ကို အခြေခံ၍ အလေးထားဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးတွင် (၂)ပိုင်း ရှိကြောင်း၊ တစ်ပိုင်းမှာ နိုင်ငံရေး တည်ငြိမ်ရန် ဖြစ်ကြောင်း၊ ဒုတိယအပိုင်းမှာ ငြိမ်းချမ်းရေး ရရှိရန် ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရ လျှင် အဆိုပါ ပြည်သူလူထုဆန္ဒကို အလေးထား၍ နိုင်ငံရေးအမြင်များ ကွဲပြားခြားနားနေခဲ့သော ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်း(၂၀)ကျော် ကျောခိုင်းခဲ့ကြသူများ မျက်နှာချင်းဆိုင်လာစေရန်၊ ၄င်းနောက် မတူညီသည်များ ဘေးဖယ်ထားပြီး တူညီသည့်ကိစ္စများတွင် ဘုံ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ကို ဝန်းရံနေသော ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းများသည်လည်း အထိုက်အလျောက် တည်ငြိမ်မှု ရရှိခဲ့ကြောင်း၊ ယခုဆိုလျှင် အားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ် ပေါ်ထွန်းလာရန်ပင် မျှော်မှန်းနိုင်ပြီ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့သည်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်လမ်းကြောင်း ပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ အလားတူ ၈၈ မျိုးဆက်ကျောင်းသားများသည်လည်း လူထု အခြေပြုနိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း။


ပြည်ပနိုင်ငံရေးမှာလည်း ပြည်တွင်းနိုင်ငံရေးနှင့် ချိတ်ဆက်ပတ်သက်နေခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း အပြောင်းအလဲများပေါ် မူတည်ပြီး ပြည်ပနိုင်ငံရေးအခြေအနေများလည်း ဆက်စပ် ပြောင်းလဲ လာခဲ့ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများ၊ ဖိအားပေးမှုများသည်လည်း တဖြည်းဖြည်းချင်း လျော့ပါးလာ ရန်လည်း ကြိုတင်မျှော်တွေး ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးဖိအားများ လျော့ပါးလာသည်နှင့်အမျှ စီးပွားရေးပိတ်ဆို့မှုများ တဖြည်းဖြည်းချင်း လျော့ကျလာခဲ့ကြောင်း။
ဒုတိယအချက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးပင် ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရရှိပြီး နောက် ဖြစ်ပေါ်လာခဲ့သော ပြည်တွင်းပဋိပက္ခသည် ယနေ့အထိ မပြီးနိုင်သေးကြောင်း၊ ကမ္ဘာပေါ်တွင် အရှည်ကြားဆုံး ပြည်တွင်းစစ်ဟုပင် ဆိုနိုင်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးသည် ဒီမို ကရေစီဖော်ဆောင်ရေးအတွက် အထူးပင် အရေးကြီးသော အခြေခံအချက်ဟူ၍ မိမိတို့ ခံယူထားပါ ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ပထမအဆင့် ပြည်နယ်အဆင့်၊ ဒုတိယအဆင့် ပြည်ထောင်စုအဆင့်၊ တတိယအဆင့် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သော ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး စသည်အားဖြင့် အဆင့်(၃)ဆင့် ချမှတ်ကာ ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၁၁)ဖွဲ့ ရှိရာ (၁၀)ဖွဲ့မှာ သဘောတူညီချက်များ ရရှိထားပြီး ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တစ်ခုသာလျှင် ကျန်ရှိတော့ကြောင်း၊ ယင်းဆွေးနွေးမှုများမှာလည်း တိုးတက်မှုများ ရရှိ ထားပါကြောင်း၊ မကြာခင်အချိန်တွင် နှစ်ဦးနှစ်ဘက် သဘောတူညီမှုများ ရှရိလာမည်ဟုလည်း မျှော်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကချင်ပြည်နယ်အရေးကိစ္စမှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်နေ ကြောင်း၊ မိုးမကျခင်က ဖယောင်းတိုင်ထွန်း၍ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရာ ကချင်ပြည်နယ်အတွင်းရှိ တာဝါ တိုင်များကို မိုင်းခွဲဖျက်ဆီးခဲ့သည့် အခြေခံဖြစ်ရပ်များ ရှိခဲ့ကြောင်း၊ အချို့သော လျှပ်စစ်စီမံကိန်းအချို့မှာ လည်း ကချင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ စစ်ဖြစ်ပွား ခြင်းကြောင့် သေကြေပျက်စီးရသည်များ ရှိသည့်အပြင် ကျောင်းနေအရွယ် ကလေးသူငယ်များမှာလည်း ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း၊ KIA စစ်သည်များ သေကြေပျက်စီးရခြင်း၊ တပ်မတော်သားများ သေကြေပျက်စီးရခြင်း စသည်တို့မှာ အတူတူပင် ဖြစ်ကြောင်း၊ မိမိတိုင်းရင်းသားများ သေကြေနေရခြင်း ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွက် ဆုံးရှုံးမှုများဖြစ်သလို နိုင်ငံတော်အတွက် ဆုံးရှုံးမှုများလည်း ဖြစ် ကြောင်း၊ တွေးကြည့်လျှင် မိမိတို့ ညီအစ်ကိုများပင် ဖြစ်ကြောင်း။


အလားတူ မိမိတို့နိုင်ငံတွင် စားဝတ်နေရေးအတွက် စဉ်းစားကြည့်လျှင် လူပေါင်းသန်း(၆၀) အတွက် စားနပ်ရိက္ခာ ဖူလုံစေရန် အရေးကြီးကြောင်း၊ လောလောဆယ် မိမိတို့ အစဉ်အဆက် လယ်ယာ စိုက်ပျိုးရေးကို အလေးပေး ဆောင်ရွက်ခဲ့၍ ထိုက်သင့်သော ဖူလုံမှု ရှိကြောင်း၊ နောင် နှစ်ပေါင်း(၃၀)၊ (၄၀)ခန့် ကြာလာလျှင် လူဦးရေမှာ သန်း(၁၀၀)ခန့် ရှိလာမည် ဖြစ်ကြောင်း၊ ထိုသို့ တိုးပွားလာမည့် လူဦး ရေ သန်း(၁၀၀)အတွက်ပါ ရည်မှန်း၍ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အလေးထား ဆောင် ရွက်လျက် ရှိကြောင်း၊ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် သားစဉ်မြေးဆက် အခြေအနေ ကောင်းများ ဖြစ်ပေါ်လာစေရန် စိုက်နည်းစနစ်၊ မျိုး စသည်တို့ကိုပါ ပြောင်းလဲ၍ ကြိုးပမ်းဆောင်ရွက် သွားရန် လိုအပ်ကြောင်း။
တစ်ဆက်တည်းမှာပင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို လည်း စီမံချက်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အထူးအရေးပါ သော ရင်းနှီးမြုပ်နှံမှုများ ရရှိရေးအတွက်လည်း ဥပဒေများ ပြင်ဆင်ခြင်း အပါအဝင် ဘက်စုံ ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မြင့်မားလာရေးအတွက်လည်း မူဝါဒအသစ်များ ချမှတ်ဆောင်ရွက်နေသည့် အခြေအနေများ၊ သဘာဝအရင်းအမြစ်များကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ အကျိုးရှိရှိ တင်ပို့ရောင်းချရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ အကြီးစားစက်မှုလုပ်ငန်းများ ထူထောင်ရေးဆောင်ရွက်နေမှုများ၊ Information Technology နှင့် Telecommunication ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ စသည်တို့ကို နိုင်ငံတော်သမ္မတက အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။


ယင်းနောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဥက္ကဌ ဦးခင်မောင်ဆွေက ခုံသမာဓိဥပဒေ ပြင်ဆင်ပြဌာန်းပြီး အသုံးချနိုင်ရေး၊ ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ ယာဉ်အို ယာဉ်ဟောင်းအပ်နှံသည့် လုပ်ငန်းစဉ်မှ ရရှိလာသော မော်တော်ကားအင်ဂျင်များကို မီးစက်များအဖြစ် ပြောင်းလဲအသုံးချနိုင်ရေးအပါအဝင် ကျေး လက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် အကြံပြုချက်များကို တင်ပြသည်။

၎င်းနောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး၊ အထူးသဖြင့် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation System) သို့ ကူးပြောင်းဆောင်ရွက်ရေးဆိုင်ရာ အကြံပြုချက်များကို တင်ပြသည်။

ယင်းနောက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ပါတီဥက္ကဌ ဦးသုဝေက ဒီမိုကရေစီမိတ်ဆွေများပါတီ များအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံတော် သမ္မတကြီးက မိမိတို့ ဒီမိုကရေစီမိတ်ဆွေပါတီများကို လက်တွဲခေါ်ဆောင်သွားရန် အကြံပြုချက်များကို တင်ပြသည်။

၎င်းနောက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြည်ပ ရောက် မြန်မာများ ပြည်တော်ပြန်လာရေးအတွက် နိုင်ငံတော်သမ္မတကြီး၏ တရားဝင် ဖိတ်ခေါ်ကမ်း လှမ်းချက်များနှင့်အညီ အမည်မည်းစာရင်းများ ပြန်လည်စိစစ်ပေးနိုင်ရေးကို တင်ပြသည်။

ယင်းနောက် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအောင်သန်းက ဥပဒေစိုးမိုးရေးနှင့်စပ် လျဉ်း၍ နည်းဥပဒေမရှိသေး၍ အသက်မဝင်သေးသည့် ဥပဒေများ၊ ဥပမာ-၁၉၇၅ ခုနှစ်နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်ပေးသည့်ဥပဒေ စသည်တို့ကို အသက်ဝင်လာအောင် ဆောင်ရွက်ရေး၊ တရား စီရင်ရေးတွင် အရေးကြီးသည် တရားရုံး အင်္ဂါရပ်နှင့်အညီ တရားရုံးဥပဓိရုပ်များ မြှင့်တင်ရေး၊ တရား စီရင်ရေးတွင် Law Enforcement အဖွဲ့ဝင်များဖြစ်သော တရားသူကြီး၊ ရဲတပ်ဖွဲ့နှင့် ရှေ့နေရှေ့ရပ်များ ပေါင်းစည်း၍ အဂတိလိုက်စားမှုများ တားမြစ်ထိန်းသိမ်းပေးရေး စသည်တို့ကို တင်ပြသည်။

၎င်းနောက် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်က ရေရှည် တည်တံ့ခိုင်မာသော ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် နိုင်ငံတော်သမ္မတ၏ အကောင်အထည် ဖော် ဆောင်ရွက်နေမှုများအပေါ် ဒီမိုကရေစီမိတ်ဆွေပါတီများ၏ ထောက်ခံမှု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး ယှဉ်တွဲနေသည့် အကြောင်းခြင်းရာများ စသည်တို့ကို တင်ပြသည်။

ယင်းနောက် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရွှေက လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ စသည်တို့ကို ပြန်လည်လေ့လာသုံးသပ် စိစစ်ရန် လိုအပ်ချက်များကို တင်ပြသည်။

၎င်းနောက် ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးသောင်းဝင်းက အဂတိလိုက်စားမှုတိုက်ဖျက် ရေးနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍအကြောင်းကို တင်ပြသည်။

ယင်းနောက် ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှ စောက ရခိုင်ပြည်နယ်အရေးကိစ္စ၊ ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေး၊ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု၌ ဒေသခံဆရာဝန်များ ခန့်အပ်ပေးရေး စသည်တို့ကို တင်ပြသည်။

၎င်းနောက် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ အခွန်အကောက်ကိစ္စရပ်များ၌ ပြည်နယ်/တိုင်းဒေသကြီး များကို လုပ်ပိုင်ခွင့် ပိုမို ခွဲဝေပေးရေးကို တင်ပြသည်။

ယင်းနောက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဒုတိယဥက္ကဌ ဦးနိုင်လှအောင်က တိုင်းရင်း သားဒေသများတွင် တိုင်းရင်းသားဘာသာစကားများ သင်ကြားပေးရေးကိစ္စကို တင်ပြသည်။

၎င်းနောက် ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇန်ကျင်ဖုံ(ခ)ဦးဇိုဇမ်က ဝန်ကြီးများ၊ သံအမတ်ကြီးများ ခန့်အပ်ရာတွင် တိုင်းရင်းသားများ ပါဝင်စေရေး၊ တိုင်းရင်းသားဒေသများတွင် ဝန်ထမ်းများ ခန့်ထား ရာတွင် တိုင်းရင်းသားများ အချိုးကျခွဲဝေပေးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် ချင်းပြည်နယ်ကို အလေးထား ဆောင်ရွက်ပေးရေး၊ လူမှုဖူလုံရေးတွင် သက်ကြီးရွယ်အိုများကို ဥပဒေပြဌာန်းပြီး စောင့် ရှောက်ပေးရေး ကိစ္စများကို တင်ပြသည်။

ယင်းနောက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစောသိန်းအောင်က ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်ရေး၊ ပဋိပက္ခဒေသများတွင် ကျန်ရှိသော မြေမြုပ်မိုင်းများ ရှင်းလင်းရေး ကိစ္စများကို တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြန်လည် ဖြေရှင်း ဆောင်ရွက်ပေးပြီး ဒီမို ကရေစီ မိတ်ဆွေ ပါတီများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်း၍ နိုင်ငံတည်ဆောက်ရေးကို ကူညီဆောင်ရွက်သွားရေး၊ ပြည်သူလူထုအကျိုးအတွက် အကြံပြုလိုသည်များ၊ ဝေဖန်လိုသည်များကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပေးကြရန် နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒီမိုကရေစီမိတ်ဆွေပါတီများမှ ခေါင်းဆောင်များနှင့် အမှတ် တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး တွေ့ဆုံပွဲကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

Myanmar Express

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ သွားမည်


မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို တပတ်ကြာ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ
သြဂုတ်လ သုံးရက်နေ့မှာ အိန္ဒိယ ကာကွယ်ရေး ၀န်ကြီး A K Antony ဦးဆောင်တဲ့ ထိပ်တန်း ခါင်းဆောင် သုံးဦးဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Nirmal Verma၊ လေတပ် အကြီးအကဲ N A K Browne နဲ့ ဗိုလ်ချုပ်ကြီး Bikram Sign တို့ နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရပြီး အိန္ဒိယ ရေတပ် အရှေ့ခြမ်းရေတပ်ဌာနချုပ်ရှိရာ ကလက္ကတားမှာ အိန္ဒိယ အရှေ့ခြမ်း စစ်ဌာနချုပ်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ခမ်းခမ်းနားနား ကြိုဆိုဖို့ အိန္ဒိယ ဖက်က စီစဉ်ထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းကပဲ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ပြီး သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံတွင် ၁ ရက် နေ့မှ ၈ ရက်နေ့ထိ သွားရောက်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Myanmar Express

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင်အဓိကရိုဏ်းတွင် အဓိက ဦးဆောင်ခဲ့သူ ဦးခင်မောင်လှ ရန်ကုန်မှာ တိမ်းရှောင်နေ


From: arakantimes

ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ အဓိက အဓိကရုဏ်း ဖြစ်စေအောင် သွေးထိုးလှုံ့ဆော်ဖန်တီးပေးသူဖြစ်သည့် ဘင်္ဂလီမူဆလင် ဦးခင်မောင်လှသည် ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင်အဓိကရိုဏ်းတွင် အဓိက ဦးဆောင်ခဲ့သူ ဦးခင်မောင်လှသည် စစ်တွေမြို့ နာဇီဈေးတွင် ဈေးအကောက်ခွန်ကို လေလံဆွဲထားသူ တစ်ဦးဖြစ်ပြီး၊ ယင်းဈေးတွင် နွားသတ်လိုင်စင်ကို အာဏာပိုင်များဖြင့်ပူးပေါင်း၍ ၁၀နှစ်ကျော်ခန့် ရရှိထားသူလည်းဖြစ်ကြောင်းသိရှိရသည်။

“သူက နာဇီဈေး (စက်ရုံစုရပ်ကွက်)မှာ -၁၀-နှစ်ကျော်လောက်နွးသားသတ်လိုင်စင်ကို ထောက်လှမ်းရေးနဲ့ ကပ်ပေါင်းပြီး တဦးတည်းလေလံဆွဲခွင့် ရထားသူဖြစ်တယ်။ ငွေကြေးတောင့်တင်းသူမို့  ရဲ တွေထောက်လှမ်းရေးတွေဟာ သူ့ တပည့်လုံးလုံးဖြစ်ကြရတယ်။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ စစ်တွေမြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ခဲ့တယ်။ အခုအဖမ်းဆီး ခံနေရတဲ့ AFZက ရှေ့နေဦးကျော်လှအောင်နဲ့  အတူတူ ၀င်ရောက်ခဲ့ကြတာဖြစ်တယ်။ လန်ဒန်က ထွန်းခင်၊ ၀ါကာအူဒင်၊ ဘစိန်၊ မောင်စိန်၊ နုရုအာလမ်တို့နဲ့ အဆက်သွယ်တွေလည်းရှိတယ်။ မနေ့က ဖမ်းဆီးရမိတဲ့ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးအယောင်ဆောင် သင်္ကန်းစည်းပြီး နေအိမ်တွေကို မီးရှို့ နေတာတွေ၊ လူသတ်နေတာတွေကို အကွက်ကျကျလုပ်ဖို့ စေခိုင်းနေတာဖြစ်တယ်။ မနေ့က မွတ်ဆလင် ဘင်္ဂလီ ပြောတဲ့ဖြောင့်ချက်အရ သူက ရခိုင်လူမျိုးတဦးကို လည်လှီးပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရတယ်။ ဒီလိုသတ်ဖြတ်ဖို့အတွက် ဦးခင်မောင်လှက အမိန့်ပေးခဲ့တယ်လို့  ဖြောင့်ချက်ပေးနေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာအဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတဲ့ ဦးခင်မောင်လှကို အမြန်ဆုံးဖမ်းဆီးနိုင်မှဖြစ်မယ်။ သူက အခု ရန်ကုန်ကို တိမ်းရှောင် ရောက်ရှိနေပြီး ရန်ကုန်ကဘဲ ကြိုးကိုင် စေခိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။”ဟု ကိုခိုင်ထွန်းမှ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

စစ်တွေတွင် မေလ ၇ရက်၊ ၂၀၁၂ခုနှစ်က ဦးခင်မောင်လှ လေလံဆွဲထားသော နာဇီဈေးတွင် ဈေးအကောက်ခွန်မြင့်တက်နေမှုနှင့် ဈေးသည်များ၏အခက်အခဲပြဿနာများကိုဖြေရှင်းပေး ရန် ဈေးသည်များ ရခိုင်ပြည်ဝန်ကြီးချူပ်အိမ်အထိ ချီတက်ပြီး ဈေးအကောက်ခွန်လျှော့ချရန်နှင့် ၄င်းတို့၏အခက်အခဲများကိုဖြေရှင်းပေးရန် တောင်းဆိုခဲ့ရကြောင်း၊ ဦးခင်မောင်လှမှာ ဒေသခံအာဏာပိုင်များအား လာဒ်ငွေအမြောက်အမြားပေးပြီး အာဏာပိုင်များမှတစ်ဆင့် ဒေသခံရခိုင်တိုင်းရင်းသား ဈေးသည်များအား မတရားဈေးခွန်ကောက်မှုများ ပြုလုပ်ခဲ့သူလည်း ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

ဆီးဂိမ်းပြိုင်ပွဲ ဖျော်ဖြေမှုတွင် လူဦးရေ သုံးထောင်ကျော် ပါဝင် တင်ဆက် သွားရန်ရှိ

From : MRTV-4


လာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖျော်ဖြေ တင်ဆက်မှုမှာ ဖျော်ဖြေသူ ဦးရေ

သုံးထောင်ကျော် ပါဝင်ကပြ တင်ဆက် သွားမှာ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကပြဖျော်ဖြေရာမှာ သီဆိုမှု၊ ကပြမှုများနဲ့ တင်ဆက် သွားမှာဖြစ်ပြီး ကပြမှု မှာတော့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်ခဲ့တဲ့ နိုင်ငံ၊ ခိုင်မြဲတဲ့ နိုင်ငံ၊ နိုင်ငံထဲမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နေထိုင်တဲ့ နိုင်ငံဖြစ်ကြောင်း အစရှိတာတွေနဲ့ ပတ်သက်တဲ့ သရုပ်ဖော်မှုတွေနဲ့တင်ဆက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေ တင်ဆက်မှုများ၊ အရှေ့တောင် အာရှ နိုင်ငံများနဲ့ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့တဲ့ အစဉ်အလာကို ဖော်ကျူးတဲ့ သရုပ်ဖော် ကပြမှုတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အခုလို ကပြ တင်ဆက်ဖို့ အတွက် အဆင့်မြင့် ပညာဦးစီး ဌာနအောက်ရှိ ကျောင်းသူများ၊ နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူများ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အနုပညာရှင် ၀န်ထမ်းများနဲ့ အနုပညာ ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ အစရှိသူတွေက ဖျော်ဖြေ တင်ဆက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲရဲ့ ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ အားကစားရုံမှာ ပြုလုပ်သွား မှာဖြစ်ပြီး ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ တို့မှာရှိတဲ့ အားကစား ရုံများမှာ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။





Myanmar Express

စစ်တွေ GTC ၌ ကျောင်းသားဦးရေ သုံးပုံတစ်ပုံသာ ကျောင်းတက်


From : The Voice

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရ နည်းပညာ ကောလိပ် GTC အား ဇူလိုင်လ ၁၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း ကျောင်းတတ်သူ ဦးရေမှာ သုံးပုံ တစ်ပုံပင် ပြည့်မီခြင်း မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ယာယီ ဖွဲ့စည်းထားသော သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဦးလှသိန်းက The Voice Weekly သို့ ပြောကြားသည်။

စစ်တွေမြို့ နည်းပညာကောလိပ် ကျောင်းအနီးရှိ ရေချမ်းပြင်ရွာနှင့် ကုတင်ပိုက် ကျေးရွာမှဘင်္ဂါလီများ စုပေါင်း၍ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ စီးနင်းလာသည့်ကားကို လမ်းပေါ်မှ ဖြတ်တားကာ တုတ်၊ ဓါးများဖြင့် ဝင်ရောက် ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်မှုကြောင့် ယခုကဲ့သို့ ကျောင်းတက်သူ ဦးရေ နည်းပါးသွားခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့က ကျောင်းတတ်သူ ဦးရေမှာ ၁၈ ဦးသာ ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ အစိုးရနည်းပညာ ကောလိပ်ကျောင်းမှာ စစ်တွေမြို့နှင့် ၇ မိုင်ကျော်ခန့် ဝေးသည့် စစ်တွေမြို့နယ် ရေချမ်းပြင် ကျေးရွာအနီးတွင် တည်ဆောက်ထားပြီး အဆိုပါကျောင်းသို့ ပြေးဆွဲနေသော ကျောင်းကားများတွင် ယခုအခါ လုံခြုံရေးအဖြစ် တပ်မတော်သား နှစ်ဦးက တာဝန်ယူ လိုက်ပါပေး နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

“ကျောင်းဖွင့်တယ် ဆိုပေမဲ့ မိဘတွေကလည်း သားသမီးတွေကို ကျောင်းမလွှတ်ရဲ ကြတော့ဘူး။ ပြီးတော့ ဒီလို အကြမ်းဖက်မှုတွေက တစ်နေ့မဟုတ် တစ်နေ့ ဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ ကျောင်းသားတွေထဲမှာ မိန်းကလေးရော ယောက်ျားလေးရော ပါနေတာဘဲ။ အခုလည်း ကျောင်းကားတွေမှာ လုံခြုံရေးတွေ ချထားရတယ် ဆိုတာ ဘယ်လောက် ရုပ်ဆိုးသလဲ။ ပြီးတော့ ဒီအကြမ်းဖက်မှုတွေက ဒီကလူတွေ မျက်လုံးရှေ့မှာတင် ဖြစ်သွားတာ ဆိုတော့ ဘယ်သူမှ ယုံကြည်မှု မရှိကြတော့ဘူး” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ စစ်တွေပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ဒေသ၏ အခြေအနေကို ရှင်းပြသည်။

Myanmar Express

အခြေခံ လုပ်ခလစာ တွက်ချက်ရန် အတွက် UMFCCI ထံမှ သဘောထား မှတ်ချက်ရယူ

From : MRTV-4

ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံ တွေမှာ လုပ်ကိုင် နေကြတဲ့ လုပ်သားတွေ အတွက် ထိုက်သင့်တဲ့ အခြေခံ လုပ်ခလစာ ညှိနှိုင်းပေးနိုင်ဖို့ တွက်ချက်မှုနဲ့ ပတ်သက်ပြီး UMFCCI ထံမှ သဘောထား မှတ်ချက် ရယူ ထားတယ်လို့ အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရပါတယ်။ အခုလို အခြေခံ လုပ်အားခကို သတ်မှတ် ပေးဖို့ အတွက် လုပ်ငန်း အမျိုးအစား အလိုက် နေရာ ဒေသအလိုက် နှုန်းထားတွေ မတူညီဘဲ ကွာခြား နိုင်တာ ဖြစ်ပါတယ်။ UMFCCI မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ လက်ရှိမှာ အခြေခံ လုပ်ခလစာ တိုးမြှင့်မှုဟာ ခေတ္တ ဖြေရှင်းမှုသာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ ပါတယ်။

အဆိုပါ ပြောကြားချက် အရ လုပ်ခလစာ တိုးမြှင့်ရာမှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး နှစ်ဖက် အစဉ်ပြေ စေဖို့ အတွက် အရည်အချင်း ရှိတဲ့ လုပ်သား တွေဖြစ်ဖို့ လိုအပ်သလို လုပ်ငန်းရှင် တွေဘက် ကလည်း တိုးမြှင့် ပေးလိုက်တဲ့ လစာ နဲ့အညီ ထုတ်ကုန် ကောင်းမွန်ဖို့၊ ထုတ်ကုန် ၀ယ်လိုအား ကောင်းမွန်ဖို့ တွေလည်း လိုအပ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်သားတွေ ရေရှည် အဆင်ပြေစေဖို့ လုပ်ခလစာ တိုးမြှင့်မှု သာမက ကျန်ရှိတဲ့ ကုန်ကျ အသုံးစရိတ် တွေပါ ကျဆင်း လာဖို့ လိုအပ် တယ်လို့ သုံးသပ် ထားပါတယ်။

လက်ရှိ မှာတော့ အလုပ်သမား ၀န်ကြီး ဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ၊ လုပ်သားတွေ ညှိနှိုင်းပြီး အထည်ချုပ် လုပ်သားတွေ အတွက် တစ်နေ့ကို လုပ်ခကျပ် တစ်ထောင် အခြေခံ အဖြစ် အဆိုပြု ပေးခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ စုပေါင်းပြီး စက်ရုံ၊ အလုပ်ရုံရှိ အလုပ်သမား ကိစ္စရပ်တွေရဲ့ စုပေါင်း တောင်းဆိုမှု တွေကို လိုက်လံ ဖြေရှင်းပေး ရာမှ ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံ တစ်ရုံသာ ကျန်ရှိတော့ တယ်လို့ သိရပါတယ်။ ဒီလိုဖြေရှင်း ပေးမှုတွေကို ပြုလုပ်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်ရုံ အလုပ်ရုံပေါင်း ၇၀ ကျော် မှာလည်း လုပ်သား တွေရဲ့ စုပေါင်း တောင်းဆိုမှုတွေ ဖြေရှင်းပေးပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


Myanmar Express

မောင်တော ဆူပူမူနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ဒေါက်တာ ထွန်းအောင်ကို စစ်တွေ တွင် ရုံးတင်

From : နိရဉ္စရာ

မောင်တောမြို့တွင် ဖမ်းဆီးခံရပြီး စစ်တွေ အကျဉ်းထောင်သို့ လွဲပြောင်းခံရသူ ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား ယမန်နေ့က စစ်တွေ ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

“ နေ့လည် ၂ နာရီခွဲမှာ မနေ့က ရုံးထုတ်ပါတယ်။ ကျွန်တော်တို့လည်း နားထောင်ခွင့်ရမလားလို့ သွားတာ အထဲကို ၀င်ရောက်ခွင့်မရတဲ့ အ တွက် အပြင်ကဘဲ နားထောင်ရပါတယ်။ အပြင်က နားထောင်တော့ ဘာမှ မကြားရပါ” အမည်မဖေါ်လိုသူ စစ်တွေ ဒေသခံ တစ်ဦးက ပြော သည်။

ဒေါက်တာ ထွန်းအောင်အား အင်္ဂါနေ့က နေ့လည်တွင် ရုံးထုတ်စဉ် ရန်ကုန်မှ ရှေ့နေ အမျိုးသမီးကြီး တစ်ဦးလည်း သူ့အမူကို လိုက်ပါ ဆောင် ရွက်ရန် ရောက်ရှိသည်ဟု သူက ပြောသည်။

“ ရန်ကုန်က ရှေ့နေ အမျိုးသမီး တစ်ဦးရောက်ပါတယ်။ ရဲတွေလည်း အများကြီး လုံခြုံရေး ယူထား ပါတယ်။ နောက်တစ်ပတ်ကို ရုံးချိန်းပေး လိုက်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

ဒေါက်တာ ထွန်းအောင်အား မည်သည့်အမူနှင့် စွဲချက်တင်ပြီး တရားရုံးလွတ်လပ်ခွင့် မည်မျှထိ ရှိသည်ကို နိရဉ္စရာမှ ဆက်လက် စုံစမ်း မေးမြန်း နေတုန်း ဖြစ်ပါသည်။

ဇွန်လ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်) နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။ ဒေါက်တာ ထွန်းအောင်အားဇွန်လ ၈ ရက်နေ့က စတင်ခဲ့သော မောင်တော အကြမ်းဖက် ဆူပူမူတွင် တာဝန်ရှိသူဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့ မောင်တောမြို့ ငြိမ်းချမ်းစွာ ဘာသာရေး ဆုတောင်းပွဲကို ဘာပြဿနာမှ မဖြစ်စေရဟု အာ ဏာပိုင်များထံမှ အာမခံ ခွင့်တောင်းကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေ ဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ် ခဲ့သည်။

အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG ၀န်ထမ်း တဦးဖြစ်သူ မွတ်ဆလင် လူမျိုး ဦးကျော်လှအောင်ဆိုသူကိုလည်း စစ်တွေမြို့တွင် ရုံးထုတ် စစ်ဆေးနေသည် ဆိုသော သတင်းများ လက်ခံ ရရှိသော်လည်း နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။


Myanmar Express

ဟက်ကာများကြောင့် အင်တာနက်လုံခြုံရေး တိုးမြှင့်သင့်ကြောင်း သုံးသပ်မှုများရှိ


From : ခေတ်လူငယ်

ဦးတည်ရာမဲ့ တိုက်ခိုက်လျက်ရှိသည့် ပြည်တွင်းပြည်ပရှိ ဟက်ကာအချို့ကြောင့် အင်တာနက် အသုံးပြုသူများ၊ ဝက်ဘ်ဆိုက်တည်ထောင်သူများ၊ ဌာနဆိုင်ရာများ အနေဖြင့် အင်တာနက် လုံခြုံရေးဆိုင်ရာ ကာကွယ်မှုများကို ပိုမိုတိုးမြှင့်သင့်ပြီဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် နည်းပညာအသိုင်းအဝိုင်းမှ ပညာရှင်များက သုံးသပ်ပြောကြားသည်။ “အခြေအနေက ပြည်တွင်းမှာ စိုးရိမ်စရာ အကောင်းဆုံးအချိန်လို့ ပြောလို့ရတယ်။ တိုက်ခိုက်တဲ့သူတွေက သူတို့ Internet User ကို တိုက်ခိုက်ချင်တာလား၊ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို တိုက်ချင်တာလား မသိဘူး။ ဘာရည်ရွယ်ချက်မှ မရှိဘဲ လုပ်တာတွေ တွေ့ရတယ်။ အဆိုးဆုံးက User နဲ့ Admin တွေပဲ။ တော်တော်များများ ကိုယ့်အီးမေးလ်၊ ကိုယ့်ဝက်ဘ်ဆိုက်မှာ အခြေခံကာကွယ်မှုတွေ ရှိသင့်တယ်ဆိုတဲ့ Awareness တောင် မရှိကြဘူး” ဟု လက်ရှိ တိုက်ခိုက်နေမှုများ အပေါ် နိုင်ငံတကာအသိအမှတ်ပြု MST သင်တန်းကျောင်းမှ ပညာရှင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၀ နောက်ပိုင်းမှ စတင်၍ ပြည်တွင်းရှိ ဝက်ဘ်ဆိုက်များ၊ User တစ်ဦးချင်းထံ တိုက်ခိုက်မှုများမှာ ဆက်တိုက်ဖြစ်ပွားလာရာ တဖြည်းဖြည်းနှင့် အကျိုးမဲ့တိုက်ခိုက်လိုသူ အရေအတွက်မှာ ပိုမိုများပြားလျက် ရှိနေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးအောင်ဇော်မြင့်က ပြောသည်။ လက်ရှိ ပြည်တွင်း User များ တိုက်ခိုက်ခံရမှုများတွင် Virus ပါဝင်သည့် Link များ ပေးပို့ခြင်း၊ ဥပမာအားဖြင့် G mail, G talk ကျော်ဝင်နိုင်သည့် ဝက်ဘ်ဆိုက်များ ဝေမျှပေးခြင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းပုံစံမှာ နိုင်ငံအများစုမှ ဟက်ကာများ ကျင့်သုံးသည့် Phishing စနစ်ဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို ခံရပါက မိမိ၏ E-mail မှတစ်ဆင့် Facebook, Twitter များမှ မိမိ၏ စာမျက်နှာများကို ထိန်းချုပ်နိုင်ခြင်း၊ Post လုပ်နိုင်ခြင်း၊ Share လုပ်ခြင်းများအထိ ထိန်းချုပ်နိုင်ကြောင်း သိရသည်။ နည်းအမျိုးမျိုး အသုံးချ၍ တိုက်ခိုက်လျက်ရှိသည့် ဟက်ကာများနှင့် ပတ်သက်၍ ၄င်းတို့၏ ရည်ရွယ်ချက်အား ပညာရှင်များက အမျိုးမျိုးသုံးသပ်ကြသည်။ တိုက်ခိုက်သူများတွင် အချို့က နိုင်ငံရေး အမြတ်ထုတ်ရန် တိုက်ခိုက်ခြင်း၊ အင်တာနက် အသုံးပြုသူများအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့စေရန် ရည်ရွယ်ခြင်းနှင့် အဆိုးရွားဆုံးမှာ ဟက်ကာအမည်ခံ၍ တိုက်ခိုက်လိုသူများအနေဖြင့် ပြည်တွင်းအင်တာနက် သုံးစွဲသူများ၏ အရည်အချင်းများ နိမ့်ကျစေရန်၊ အွန်လိုင်းကျွမ်းကျင်သူ အရေအတွက် နည်းပါးစေရန် ပြုလုပ်ကြခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ