Subscribe to our RSS Feed

မြန်မာနိုင်ငံထဲက ဒုက္ခသည်တွေကို သနားလှပါတယ်ဆိုတဲ့ UNHCR က ယခင် ဖောရှော ဒုက္ခသည်များထက် ပိုဆိုးသည့် နေစရာမြေတောင် မရှိသူများကိုတော့ မကူညီ၊ မခေါ်ချင်တော့

မြန်မာနိုင်ငံထဲက အိမ်မရှိ၊ အလုပ်မရှိ၊ ပညာမရှိ၊ စားစရာမရှိတဲ့ ဒုက္ခသည်တွေကို သနားလှပါတယ်ဆိုပြီး အစိုးရကို အပြစ်တင်ကာ နာမည်ကောင်းယူ ကူညီနေတဲ့ UNHCR နဲ့ တတိယ နိုင်ငံများ က မြန်မာနိုင်ငံမှ သနားစရာ ယခင် ဖောရှော ဒုက္ခသည်များထက် ပိုဆိုးသူ နေစရာမြေတောင် မရှိသူများကိုတော့ မကူညီ၊ မခေါ်ချင်တော့ တာကြောင့် တတိယနိုင်ငံသို့ ပို့ပေးရန် မဖြစ်နိုင်ဟု ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နေထိုင်ပြီး အမျိုးသားဆိုလျှင် ရွာမီးရှို့ခံရသည်ဟု ပြောကြ၊ အမျိုးသမီးဆိုလျှင် စစ်တပ်က မုဒိန်းကျင့်သည်ဟု ပြောကြပြီး ဒုက္ခသည်ပါ ဟု အမည်ခံကာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလုံ သူများကို အမြဲ ကြင်နာ သနားတတ်တဲ့
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဟာ ယခင် ဒုက္ခသည် အမည်ခံထားသူများထက် အဆ ပေါင်းများစွာ ဒုက္ခရောက်နေတဲ့ နေစရာတောင် မြေမရှိ၊ နိုင်ငံမရှိသော ရိုဟင်ဂျာ ဒုက္ခသည် စစ်စစ်များကိုတော့ ဒုက္ခသည် သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ထိုသူများကို တတိယနိုင်ငံတွင် အခြေချနေ ထိုင်ရန် စီစဉ်ပေးနိုင်မည်မဟုတ်ဟု သတင်းစာရှင်းလင်းပွဲမှာ UNHCR ၏ မဟာမင်းကြီး Mr. Antonio Guterres က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲတွင် အကြောင်းပြပုံမှာ "UNHCR က စီစဉ်ပေးတဲ့ တတိယနိုင်ငံ အခြေချတဲ့အစီအစဉ်ဟာ နိုင်ငံတနိုင်ငံကနေ တနိုင်ငံကို အခြေအနေ တခုခုကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် ဖြစ်ပါတယ်။ အခု ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေဟာ UNHCR က သတ်မှတ်တဲ့ ဒုက္ခသည်စာရင်းထဲမှာ မဝင်ပါဘူး။ UNHCR မှ ချမှတ်ထားသော ဒုက္ခသည် သတ်မှတ်ချက်နှင့် ညီမှ တတိယနိုင်ငံသို့ ပို့ပေးမှာဖြစ်ပါတယ်။" လို့ ကြာသပတေးနေ့ ညနေ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားပါတယ်။

အမှန်တကယ်မှာ ဘင်္ဂလီ ရိုဟင်ဂျာ များမှာ UNHCR ပြောတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ တနိုင်ငံမှ တစ်နိုင်ငံ အခြေအနေ တစ်ခု ကြောင့် ထွက်ပြေးလာသူများ ဖြစ်ကြသော်လည်း UNHCR က တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

UNHCR ၏ ဗြောင်ကျကျ လိမ်လည်မှုကြောင့် UNHCR အပေါ် လူအများက ဝေဖန်ခဲ့ကြပြီး ယခင် ဒုက္ခ သည်များ ကို ကူညီတယ်ဆိုပြီး ငွေကြေးအထောက်အပံ့များ ကောင်ခံမှုကိုလည်း လူအများက သံသယ ရှိတဲ့ အပြင် ယခင် က ဒုက္ခသည် အမည်ခံပြီး တတိယနိုင်ငံ ခိုလုံသွားသူများကိုလည်း စက်ဆုတ်ရွံရှာလာကြပါတယ်။

ဒုက္ခသည် နှင့် ရိုဟင်ဂျာ ပြဿနာနှင့်ပတ်သက်ပြီး ဝါရင့် နိုင်ငံရေးအကဲခက်တစ်ဦးကတော့ ယခင်တုန်းက ဒုက္ခဆိုပြီး သူများနိုင်ငံကို ထွက်ပြီး သူများနိုင်ငံအတွက် အကျိုးပြု အလုပ်လုပ်နေကြသူများ နေရာမှာ ယခု ကိုယ့်နိုင်ငံသား မဟုတ်တဲ့ သူများနိုင်ငံသားတွေ သာ အစားထိုးသင့်ကြောင်း၊ ကိုယ့်နိုင်ငံသား များက ကိုယ့်နိုင်ငံမှာ မလုပ်အကျွေး ပြုသင့်ကြောင်း အခုလိုပြောပြပါတယ်။

"တကယ်တမ်းဖြစ်သင့်တာက ကိုယ့်နိုင်ငံသား မဟုတ်တဲ့ လူတွေကိုပဲ သူများနိုင်ငံတွေကို ပို့သင့်တယ်... ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ ဒုက္ခသည်ဆိုပြီး ကျွန်ခံနေကြတာ တပုံကြီးပဲ... သူတို့တွေကို အထဲပြန်လာပြီး သူတို့နေရာမှာ ရိုဟင်ဂျာတွေကို အစားထိုးသင့်တယ်ဗျ... အခု နိုင်ငံခြားမှာ ကျွန်ခံနေတဲ့ ဒုက္ခသည်ဆိုတဲ့ လူတွေ သွားကြည့်ပါလား.. တကယ်ဒုက္ခသည်တွေမှ မဟုတ်တာ.. အစိုးရကလည်း ပြန်လာဖို့ပြောပြီးပြီ... ပြန်လာတဲ့ လူတွေလည်း ပြန်လာပြီ... တကယ်ဒုက္ခရောက်နေတာ က ရိုဟင်ဂျာတွေဗျ.. သူတို့က မှ ဒုက္ခသည်အစစ်... " လို့ ဆိုပါတယ်။

အမေရိကန်၊ သြောစတေးလျှ ၊ နော်ဝေ နဲ့ ဂျပန်နိုင်ငံရောက် မြန်မာဒုက္ခသည်များကတော့ ရိုဟင်ဂျာတွေကို UNHCR က လက်မခံတဲ့ အပေါ်မှာ အလွန် ဝမ်းသာ နေကြပြီး ယခင်တုန်းက အလွန်စိုးရိမ်နေကြကြောင်း သိရပါတယ်။

"တကယ်လို့ ရိုဟင်ဂျာတွေရောက်လာရင် ကျွန်တော်တို့နဲ့ သူတို့က ကျွန်တော်တို့နဲ့ တန်းတူဖြစ်သွားမှာဗျ... အဲလိုမဖြစ်ပါစေနဲ့လို့ ညတိုင်း ဆုတောင်းလိုက်ရတာ.. အခုတော့ ဝမ်းသာတာပေါ့.. ကျွန်တော်တို့နေရာကို ဖယ်မပေးနိုင်ဘူးလေ...
လာချင်တဲ့လူတွေ အများကြီးရှိနေတဲ့ကြားက ကံကောင်းလို့ ရောက်လာတာလေ.. လွယ်လွယ်ကူကူ နေရာဖယ်လို့ ဖြစ်မလား... ကျွန်တော်တို့က တစ်သက်လုံးနေဖို့ ဆုံးဖြတ်ပြီးမှ လာတာ.. နောင် သားစဉ်မြေးဆက် လည်း ဒီမှာပဲ ဆက်နေမယ်... အလုပ်အကိုင်တွေအားလုံး နေသားတကျဖြစ်နေပြီလေ... " လို့ သြေဇီမှ ကိုကျော်နိုင်က ပြောပါတယ်။

Mr. Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့ ဗုဒ္ဓဟူးနေ့တွေ့ဆုံမှုတွင် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံ၍ ဒုက္ခသည်စခန်းအဖြစ်ထားရှိရန်၊ UNHCR မှ ကျွေးမွေးစောင့်ရှောက်ထားရန်၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် လည်း ပို့ပေးမည်ဟု သမ္မတ၏ ဆွေးနွေးမှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းကို Mr. Antonio Guterres က ပြန်လည်ဖြေကြားခဲ့ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်၏ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်အပေါ်မှာ လူထုတစ်ရပ်လုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံ ခဲ့ကြပြီး မပြတ်မသား လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပိုမိုစိတ်ပျက်လာကြောင်း သိရပါတယ်။

ကုလသမ္မဂနဲ့ UNHCR အပါအဝင် NGO တွေ ပြောနေကျ လူသားချင်း ညှာတာ စာနာ မှု၊ လူ့အခွင့်အရေး ဆိုတဲ့ စကားတွေကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပြီး မြန်မာလူထုကတော့ UNHCR နဲ့ NGO များကိုပါ ရိုဟင်ဂျာနဲ့အတူ မောင်းထုတ်လိုကြကြောင်း သိရပါတယ်။

Mr. Antonio Guterres ဟာ သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပြင်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့နှင့် လည်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

Myanmar Express

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် တို့ တွေ့ဆုံဆွေးနွေး


From : သမ္မတရုံး

ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်တို့သည် ဇူလိုင် (၁၃) ရက် ညနေ (၅) နာရီ (၄၅) မိနစ်တွင် ခေတ္တတည်းခိုသည့် ဆီရမ်ရိမြို့ Sokha Angkor Resort Hotel ၌ တွေ့ဆုံ၍ အာဆီယံအဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ- ကမ0x081ဘေဒီးယား နှစ်နိုင်ငံ အကျိုးတူ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများ စသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေး ကြသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်
သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

Myanmar Express

နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လတ် ရှင်နာဝပ်တို့ တွေ့ဆုံ ဆွေးနွေး


From : သမ္မတရုံး

ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လတ်ရှင်နာဝပ်တို့သည် ဇူလိုင် (၁၃) ရက် ညနေ (၃) နာရီခွဲတွင် ခေတ္တတည်းခိုသည့် ဆီရမ်ရိမြို့ Sokha Angkor Resort Hotel ၌ တွေ့ဆုံဆွေးနွေးကြသည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်
သမ္မတကြီး၏ ထိုင်းနိုင်ငံ ခရီးစဉ်နှင့် စပ်လျဉ်းသည်များ၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် Sanction များ ရုပ်သိမ်းရေးအတွက် ထိုင်းနိုင်ငံမှ ထောက်ခံပေးခဲ့မှုများ၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကြောင့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှ ထိတွေ့ဆက်ဆံမှု များပြားလာမှုများ၊ အမေရိကန်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံရန် ပြင်ဆင်နေမှုများ၊ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပိုမိုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ စသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ညှိနှိုင်း ဆွေးနွေးကြသည်။




အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်
သမ္မတ နှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ ကြသည်။

Myanmar Express

ပိတ်ဆို့မှုများ ဖြေလျှော့ အပြီးတွင် ကလင်တန်မှ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ

From : MRTV-4

မြန်မာနိုင်ငံ အပေါ် ခွဲခြားထားသည့် လုပ်ရပ်များကို အဆုံးသတ်ရန် အတွက် သမ္မတ ဦးသိန်းစိန်မှ ပြောကြားမှုများ အပြီးတွင် သောကြာနေ့က

အမေရိကန် ပြည်ထောင်စုမှ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဟီလာရီ ကလင်တန်မှာ သမ္မတ ဦးသိန်းစိန်ကို လာရောက် တွေ့ဆုံခဲ့ကြောင်း channelnewsasia သတင်းတွင် ဖော်ပြသည်။

၎င်းတို့ နှစ်ဦးမှာ ကမ္ဘောဒီးယား နိုင်ငံရှိ ခရီးသွား မြို့တော်ဖြစ်သော Siem Reap တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကာ အမေရိကန် ပြည်ထောင်စုရှိ စီးပွားရေး လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုလိုက် အပြီးတွင် ယခုလို တွေ့ဆုံခြင်းလည်း ဖြစ်သည်။ ယခုလို ဖြေလျော့မှုနှင့် အတူ အမေရိကန်တို့ အနေဖြင့် စနစ်တကျ ရွေးချယ်ထားသည့် ကိုယ်စားလှယ် တစ်ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီး စီးပွားရေး အခွင့်အလမ်းများကို လေ့လာစေမည် ဖြစ်ကာ ယင်းအထဲတွင် ရေနံနှင့်သဘာဝ ဓါတ်ငွေနှင့် ဆိုင်သည့် ရင်းနှီး မြှုပ်နှံမှုများကိုလည်း လေ့လာမည် ဖြစ်သည်။ ယခုလို တွေ့ဆုံမှုမှာ ကလင်တန် အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှု တစ်ခုလည်း ဖြစ်သည်။

source : channelnewsasia.com





Myanmar Express

နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို ပုဂ္ဂလိက ဘဏ် ၄ ခု၌ စတင်ဆောင်ရွက်


From : MRTV-4

ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်တွေမှာ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်မှု ဆောင်ရွက်နိုင်ဖို့အတွက် စီစဉ် လျက်ရှိရာ ဇူလိုင်လ ၉ ရက်နေ့က စတင်ပြီး ပုဂ္ဂလိကဘဏ်

၎ ခုမှာ စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဘဏ်တွင်း စာရင်းစစ်နဲ့ ဘဏ်လုပ်ငန်းများ ကြီးကြပ် စစ်ဆေးရေး ဌာနက တရားဝင် ခွင့်ပြုချက် ထုတ်ပြန် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဇူလိုင်လ ၉ ရက်နေ့မှ စတင် လုပ်ကိုင်ခွင့် ရရှိတဲ့ ပုဂ္ဂလိကဘဏ် တွေကတော့ ကမ္ဘောဇ ဘဏ်လီမိတက်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ် လီမိတက်နဲ့ ယူနိုက်တက် အမရဘဏ် လီမိတက် စတာတွေ ဖြစ်ပါတယ်။

ဒီလို လုပ်ကိုင်ခွင့် ရပြီဖြစ်တဲ့ ဘဏ်တွေမှာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို စာရင်းရှင် အပ်ငွေ စတင် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုမှာ အမေရိကန် ဒေါ်လာ၊ FEC ၊ စင်္ကာပူ ဒေါ်လာ၊ ယူရိုစတဲ့ ငွေကြေး အမျိုးအစား ၄ မျိုးအတွက် အပ်နှံနိုင်တာ ဖြစ်ပါတယ်။ ဒီလို အပ်နှံရာမှာ အဆိုပါငွေ အမျိုးအစား ၄ မျိုးထဲက တစ်မျိုးကို ငွေသား ၁၀၀ ရှိရုံနဲ့ စာရင်း ဖွင့်လှစ် နိုင်မှာဖြစ်ပြီး အပ်ငွေကိုတော့ ငွေသားနဲ့ ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ပါက စာရင်းဖွင့် လျှောက်လွှာ၊ နိုင်ငံခြားငွေ ရရှိတဲ့ အထောက်အထားများနဲ့ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား စတာတွေ လိုအပ်တယ်လို့ ကမ္ဘောဇဘဏ် လီမိတက်မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို နိုင်ငံခြား ငွေစာရင်းသွင်းမှု အနေနဲ့ ကုမ္ပဏီ ဒါမှမဟုတ် အသင်းအဖွဲ့ တွေက နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ပါက သင်းဖွဲ့ မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်း၊ သွင်းကုန်၊ ပို့ကုန် လုပ်ကိုင်သူ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် စတဲ့ အချက်အလက်တွေ လိုအပ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ပုဂ္ဂလိက ဘဏ် ၄ ခုမှာသာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို စတင် လုပ်ကိုင် ဆောင်ရွက် နေတာဖြစ်ပြီး အခြားဘဏ်တွေ ကတော့ လုပ်ကိုင်ဖို့ ရှိပေမယ့် လိုအပ်ချက် အနည်းငယ် ရှိနေသေး တာကြောင့် ဆောင်ရွက်မှု မရှိသေးတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

ရန်ကုန်မြို့တော်ဘဏ်နှင့် ရိုးမဘဏ်၊ မြ၀တီဘဏ်တို့ အပြန်အလှန် ငွေလွှဲနိုင်ပြီ


From : ခေတ်လူငယ်

ရန်ကုန်မြို့တော်ဘဏ် လီမိတက်၊ ရန်ကုန်မြို့တော်ဘဏ်မှ ရိုးမဘဏ်၊ မြ၀တီဘဏ်တို့နှင့် အပြန်အလှန် ငွေလွှဲပေးပို့နိုင်ရန် ၀န်ဆောင်မှုများ ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အပြန်အလှန် ငွေလွှဲပေးပို့နိုင်ရန် ၀န်ဆောင်ပေးမှုကို ဇူလိုင် ၂ ရက်တွင် ရိုးမဘဏ်နှင့်လည်းကောင်း၊ ဇန်န၀ါရီ ၂ ရက်တွင် မြ၀တီဘဏ်နှင့် လည်းကောင်း ချိတ်ဆက်ဆွေးနွေးကာ စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်ဘဏ်နှင့် ရိုးမဘဏ်တို့ အပြန်အလှန် ငွေလွှဲနိုင်သော ဘဏ်များမှာ မင်္ဂလာတောင်ညွန့်ရှိ ရန်ကုန်မြို့တော်ဘဏ် ရုံးချုပ်၊ ရန်ကုန်မြို့တော်ဘဏ် (ကျောက်တံတားဘဏ်ခွဲ)၊ ရိုးမဘဏ်၏ ရန်ကုန်ဘဏ်ခွဲများဖြစ်သော ရန်ကုန်ပင်မ၊ FMI စင်တာ၊ မြေနီကုန်း၊ ဗိုလ်တထောင်၊ လမ်းမတော်၊ ကျောက်တံတား၊ ရန်ကင်း၊ မင်္ဂလာဈေး၊ သင်္ဃန်းကျွန်း၊ အလုံ၊ ဘုရင့်နောင်၊ လှိုင်သာယာ၊ အင်းစိန်၊ မရမ်းကုန်း၊ စော်ဘွားကြီးကုန်း၊ ရိုးမဘဏ်။ မန္တလေးဘဏ်ခွဲများဖြစ်သော မန္တလေး(ပင်မ)၊ မန်းမြို့ဈေး (၇၈)လမ်း၊ ဆိုင်တန်း၊ ကျွဲဆည်ကန်၊ ရိုးမဘဏ်၏ အခြားမြို့များမှ ဘဏ်ခွဲများမှာ ပြင်ဦးလွင်၊ မူဆယ်၊ လားရှိုး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မုံရွာ၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ ကလေး၊ အောင်ပန်း၊ ကျောက်မဲ၊ ပြည်၊ မကွေး၊ အောင်လံ၊ တောင်တွင်းကြီး၊ မြောင်းမြ၊ ပုသိမ်၊ စစ်တွေ၊ ဘားအံ စသည့်ဘဏ်များဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်ဘဏ်နှင့် မြ၀တီဘဏ်တို့ အပြန်အလှန် ငွေလွှဲနိုင်သော ဘဏ်များမှာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်မြို့တော်ဘဏ် ရုံးချုပ်၊ ရန်ကုန်မြို့တော်ဘဏ် (ကျောက်တံတားဘဏ်ခွဲ)၊ မြ၀တီဘဏ် (ရန်ကုန်)၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ဖားကန့် (အထူးဒေသ)၊ ပုသိမ်၊ ဘုရင့်နောင်ဘဏ်ခွဲ (ရန်ကုန်)၊ ကျောက်ဆည်၊ ပျဉ်းမနား၊ မြိတ်၊ နေပြည်တော်၊ မကွေး၊ မော်လမြိုင်၊ ပျော်ဘွယ်၊ ဟင်္သာတ၊ သင်္ဃန်းကျွန်း၊ ပြည်၊ စစ်တွေ စသည့်ဘဏ်များ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်ဘဏ်သည် ဧပြီ ၁ ရက်မှစ၍ ငွေစုဘဏ် အပ်ငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၀၀ ရာခိုင်နှုန်းဖြင့် ခြောက်လတစ်ကြိမ် အတိုးထည့်ပေးလျက်ရှိပြီး စာရင်းသေ အပ်ငွေများကိုလည်း သုံးလအပ်လျှင် အတိုး ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအပ်လျှင် ၈ ဒသမ ၅၁ ရာခိုင်နှုန်း၊ ကိုးလအပ်လျှင် ၈ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် လက်ခံဆောင်ရွက်နေကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

မလေးမှာအလုပ်သွားလုပ်ဖို့ထွက်လာတဲ့ပျောက်ဆုံးနေတဲ့မလင်းလင်းအေး


မ လင်းလင်းအေး ဆိုသူပါ။မြန်မာပြည်မှ မလေးရှား အလာ ထိုင်းနှိင်ငံ အရောက်မှာ ပျောက်သွားတာ။ရန်ကုန်က နေပို့ပေးလိုက်တဲ့ သူ့ရဲ့ ပွဲစားတွေက ဘယ်ဆီကိုသွားမှန်း မသိတောဘူးဖြစ်နေပြီ။ ။ကျေးဇူးပြုပြီး သတင်းပို့ပေးကြပါဗျာ။ကျောက်ထူး မြို့နယ် ပန်ဆန်းရွာ ကပါ။ရှာမရတော့တာ ၂၇.၆.၂၀၁၂ ကနေ့နဲ့ဆို နှစ်လကျော်သွားပါပြီ။

မြန်မာပြီ ဖုန်း ၀၀၉၅၉၄၀၁၅၀၀၈၇၉။

မလေးရှား ဖုန်း +၆ ၀၁၁၁ ၃၃၁၀၅၃၃၊၀၁၀ ၄၆၀၀၈၇၉၊၀၁၂ ၂၇၇၂၃၀၅

Myanmar Express

အာဆီယံမှ မြန်မာသို့ တင်သွင်းသည့် ကုန်ပစ္စည်း ၇၅၀၀ ကျော်ကို အကောက်ခွန် ကင်းလွတ်ခွင့်ပြု


From : ခေတ်လူငယ်

အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းသော ကုန်ပစ္စည်းပေါင်း ၇၅၀၀ ကျော်ကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန် ကာကွယ်ရေးဌာနခွဲမှ သိရသည်။ ယင်းမှာ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) ထူထောင်ရေး သဘောတူညီချက်အရ ဖြစ်ကြောင်း ယခု ၂၀၁၂ ခုနှစ်တွင် အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းသော ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းအား အခွန်မကောက်ရန် သတ်မှတ်ထားရာတွင် အခွန်ကင်းလွတ်ခွင့်ပြုမည့် အမျိုးအစားများကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးထံ တင်ပြထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန် ကာကွယ်ရေးဌာနခွဲ၏ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ယခု ၂၀၁၂ ခုနှစ်အတွက် အာဆီယံဒေသမှ တင်သွင်းသည့် သတင်းဆက်သွယ်ရေးနှင့် နည်းပညာပစ္စည်းများ အပါအဝင် ပစ္စည်းအမျိုးအစားပေါင်း ၉၅၅၈ မျိုးရှိနေပြီး ယင်းအနက် ၈၀ ရာခိုင်နှုန်း၊ ကုန်ပစ္စည်း အမျိုးစားပေါင်း ၇၅၀၀ ကျော်မှာ အခွန်ကင်းလွတ်ခွင့် ပြုရမည်ဖြစ်ကြောင်း အာဆီယံစီးပွားရေး အသိုက်အဝန်း အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကပင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) ထူထောင်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၈ ခုနှစ်မှ စတင်ကာ အာဆီယံဒေသမှ သွင်းကုန် ၆၀ ရာခိုင်နှုန်းရှိသည့် အမျိုးအစားပေါင်း ၅၀၀၀ နီးပါးကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) သတ်မှတ်ချက်များအရ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှာ အာဆီယံနိုင်ငံများမှ သွင်းကုန်များကို ယခု ၂၀၁၂ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း အခွန်ကင်းလွတ်ခွင့် ပေးရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပုဂ္ဂလိကဘဏ်မှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်သူ များပြားနေ


From : ခေတ်လူငယ်

နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တချို့မှာ လာရောက်စာရင်းဖွင့်သူ ဦးရေဟာ သည်နေ့ နေ့တစ်ဝက်မှာတင် ရာကျော်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရထားပြီး နိုင်ငံတကာဘဏ် ကွန်ရက်စနစ် (SWIFT system) ထူထောင်ပြီးတဲ့ ပုဂ္ဂလိကဘဏ်တချို့ သည်နေ့ကစပြီး နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဖို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးဇော်လင်းထွဋ်က “သောကြာနေ့ (ဇူလိုင်လ ၆ ရက်နေ့)က ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ရပြီး ဒီနေ့ ၉ ရက်နေ့ကစပြီး နိုင်ငံခြားငွေစာရင်း စဖွင့်ခွင့်ရပါတယ်၊ လာဖွင့်တဲ့သူ တော်တော်များတယ်၊ နေ့ဝက်မှာတင် စာရင်းဖွင့်သူ နှစ်ရာ၊ သုံးရာလောက်ရှိပြီ” လို့ ပြောပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာနဲ့ အက်ဖ်အီးစီ စတဲ့ နိုင်ငံခြားငွေစာရင်းတွေ ဖွင့်နိုင်ပါတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တချို့က ငွေစာရင်းကို ပတ်စ်ပို့လို စာအုပ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ပေးတဲ့ မှတ်တမ်းက တစ်ဘဏ်နဲ့ တစ်ဘဏ် တူညီမှာ မဟုတ်ပါဘူး။ စီဘီဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “စာရင်းဖွင့်မယ်သူတွေ ရွေးချယ်ခွင့် ပိုရလာမယ်၊ တစ်ဘဏ်နဲ့ တစ်ဘဏ် ဝန်ဆောင်မှုချင်းတော့ တူမှာမဟုတ်ဘူး၊ စာရင်းဖွင့်ရင် ကျွန်တော်တို့ဘဏ်က စာအုပ်နဲ့ မဟုတ်ဘူး” လို့ ပြောပါတယ်။ အစိုးရဝန်ထမ်း၊ အစိုးရပိုင် စီးပွားရေးမှာ လုပ်ကိုင်နေသူ၊ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေသူနဲ့ သံတမန် ဆောင်ရွက်နေသူတွေကတော့ အစိုးရဘဏ်တွေမှာသာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်တယ်လို့ ညွှန်ကြားချက်မှာ ပါဝင်ကြောင်း သိရတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်ဖို့ဆိုရင် စာရင်းရှင်အပ်ငွေ ဖွင့်ရပါမယ်။ တရားဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရှိသူလို့ ညွှန်ကြားချက်မှာ ပါဝင်လို့ အထောက်အထား အနေနဲ့ တရားဝင် နိုင်ငံခြားငွေ ရောင်းဝယ်ရေးစင်တာတွေမှာ ဝယ်ယူထားတဲ့ ဖြတ်ပိုင်း ပြရပါမယ်။ အမေရိကန် ဒေါ်လာ ၁၀၀၀၀ ထက်ကျော်တဲ့ ပမာဏဆိုရင်တော့ သည်ဝင်ငွေ ဘယ်ကရရှိတယ်ဆိုတဲ့ အထောက်အထား ပြရမှာပါ။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ လက်ရှိမှာ စာရင်းဖွင့်ရုံသာရှိပြီး နောက်ပိုင်းမှာတော့ L/C ဖွင့်ခွင့်တွေ ရရှိလာမှာ ဖြစ်တယ်။ ပုဂ္ဂလိကဘဏ်တွေ အခုလို နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတာ နှစ်ပေါင်း ၂၀ ကျော်မှ ပထမဆုံး စတင်ရရှိတာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံခြားငွေလွှဲကောင်တာတွေ စတင်ဖွင့်ခွင့်ရရှိပြီး နိုဝင်ဘာလမှာ အေတီအမ်စက် သုံးစွဲခွင့်ရရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ဟင်္သာတမြို့ ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ၂၀၁၁ - ၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက် အကောင်းဆုံးကျောင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ (၈) ရက်နေ့၊ နံနက် (၉း၀၀) နာရီတွင် ဟင်္သာတမြို့၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


၂၀၁၁ - ၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်း နှင့် ထူးချွန်ကျောင်း သား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား၌ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး မှ အဖွင့်အမှာစကားပြောကြားစဉ်

အဆိုပါ ဟင်္သာတမြို့နယ် ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက် အကောင်းဆုံးကျောင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်း သူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်မှ အမှာစကား ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်မှ အမှာစကား ပြောကြားစဉ်

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး က အောင်ချက် အကောင်းဆုံး အထက်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃) ကျောင်း နှင့် (၆) ဘာသာဂုဏ်ထူးရှင် (၁၁) ဦးကို ဂုဏ်ပြုဆုချီးမြှင့်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပါသည်။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး က အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃) ကျောင်း နှင့် (၆) ဘာသာဂုဏ်ထူးရှင် (၁၁) ဦးကို ဂုဏ်ပြုဆုချီးမြှင့်စဉ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်က ဟင်္သာတ တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ပါမောက္ခများ၊ (၄) ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသော ကျောင်းများနှင့် (၅) ဘာသာ ဂုဏ်ထူးရှင် (၄) ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်သည်။


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်က ဟင်္သာတ တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ပါမောက္ခများ၊ (၄) ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသော ကျောင်းများနှင့် (၅) ဘာသာ ဂုဏ်ထူးရှင် (၄) ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်စဉ်

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး က အောင်ချက် အကောင်းဆုံး အထက်တန်းကျောင်း (၃) ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၃) ကျောင်းတွင် လက်ရှိသင်ကြားနေသည့် ဆရာ၊ ဆရာမ များအား၊ လက်ရှိ တက်ရောက်လျက်ရှိသည့် ကျောင်း သား၊ ကျောင်းသူများက အာစရိယပူဇော်ပွဲ ကျင်းပဆောင်ရွက် နိုင်ရန်အတွက် တစ်ကျောင်းလျှင် (၁၀) သိန်း စီဖြင့် ငွေကျပ်သိန်း (၆၀) အရင်းမပျောက် မတည်ငွေ၊ ငွေပဒေသာပင် စိုက်ထူချီးမြှင့်ပါသည်။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး က အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်း (၃) ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၃) ကျောင်းအား တစ်ကျောင်းလျှင် (၁၀) သိန်းစီဖြင့် ငွေကျပ်သိန်း (၆၀) အရင်းမပျောက် မတည်ငွေ၊ ငွေပဒေသာပင် စိုက်ထူချီးမြှင့်စဉ်

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့သည် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဟင်္သာတမြို့အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသော ကျောင်းသား/ကျောင်း သူများနှင့် စုပေါင်း၍ အမှတ်တရ ဓါတ်ပုံရိုက်ကူးကြသည်။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဟင်္သာတမြို့အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် စုပေါင်း၍ အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်

Myanmar Express

ဒီမိုကရေစီစနစ်တွင် စစ်တပ်က အုပ်ချုပ်ရေးပိုင်းမှာ မပါဝင်တော့ကြောင်း သမ္မတပြောကြား


From : ခေတ်လူငယ်

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဖြင့် ရှေ့ဆက်သွားနေကြောင်း နိုင်ငံ၏ အုပ်ချုပ်ရေးကဏ္ဍတွင် စစ်တပ်မပါဝင်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇွန် ၁၁ စင်ကာပူနိုင်ငံ The Straits Times သတင်းစာနှင့် မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမယ့် အစိုးရမူဝါဒပိုင်းမှာ မပါဝင်ဘူး” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံ၏ လုံခြုံရေး၊ ပြည်ပမှ ထိပါးလာမည့် အန္တရာယ်များအား ကာကွယ်ရေးအတွက် တိုင်းပြည်က အချိန်ကာလ ကြာမြင့်စွာ စစ်တပ်ကို အားကိုးခဲ့ရသည်ဟု ပြောကြားခဲ့သည်။ တပ်မတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘောင်အတွင်း၌သာ အကန့်အသတ်ဖြင့် ပါဝင်နေရပြီး အစိုးရ သို့မဟုတ် အစိုးရ၏ မူဝါဒရေးရာများတွင် တိုက်ရိုက်ပါဝင် ပတ်သက်မှု မရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မကြီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် တိုင်းရင်းသား လူနည်းစုများနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများ ချုပ်ငြိမ်းမှသာ နိုင်ငံရေးပိုင်းတွင် ခေါင်းဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက် မပြီးပြတ်သေးသည့် KIA ကချင်လွတ်မြောက်ရေး တပ်မတော်နှင့်လည်း အောင်မြင်စွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

နေပြည်တော်ရှိဘုန်းတော်ကြီးကျောင်းများ ပြောင်းရွှေ့ဖယ်ရှားခြင်းကိစ္စ ပြန်ကြားရေးမှ ရှင်းလင်း


From : ခေတ်လူငယ်

နေပြည်တော် ဒက္ခိဏသီရိ၊ ဥတ္တရသီရိနှင့် တပ်ကုန်းမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းအား သက်ဆိုင်ရာမှ ပြောင်းရွှေ့ဖယ်ရှားပေးရန် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ယင်းဘုန်းတော်ကြီးကျောင်း များမှာ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း၌ ဖြစ်နေပြီး မြို့နယ်သံဃနာယက၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ကျောင်းများဖြစ်နေကြောင်း သတင်းထုတ်ပြန်ချက် တစ်ခုကို ဇူလိုင် ၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျေးရွာ ချင်းဆက်လမ်းများ ဖောက်လုပ်ရန် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့စဉ် ယင်းကဲ့သို့ စိစစ်တွေ့ရှိခဲ့ရခြင်းဖြစ်ရာ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ သံဃနာယက ဆရာတော်များမှ သစ်တောဧရိယာ ဖြစ်နေခြင်း၊ ခွင့်ပြုချက်မရယူဘဲ ဆောက်လုပ်ထားခြင်း၊ ဘုန်းတော်ကြီးကျောင်း အင်္ဂါရပ်များနှင့် ညီညွှတ်မှုမရှိခြင်းနှင့် ထိုကျောင်းများရှိ သံဃာအချို့မှာလည်း သာသနာဝင် မှတ်တမ်းများ မရှိခြင်းတို့ကြောင့် ပြောင်းရွှေ့ဖယ်ရှားပေးရန် မိန့်ကြားထားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ပြောင်းရွှေ့ရာတွင်လည်း လက်ရှိ ကျောင်းများ၏ ကုန်ကျစရိတ်အား အလှူငွေအဖြစ် ကျောင်းအလိုက် ဝတ္ထုငွေများ ထောက်ပံ့လှူဒါန်းခြင်း၊ အလိုရှိသည့် ပစ္စည်းများ သယ်ယူနိုင်ရန် ယာဉ်များ စီစဉ်ပေးခြင်းတို့ကို သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်ပေးထားသည်ဟု ဆိုသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းအနက် ၁၃ ကျောင်းမှာ ကျောင်းအလိုက် ထောက်ပံ့လှူဒါန်းသည့် ဝတ္ထုငွေများ လက်ခံရယူ၍ အလိုရှိသည့် ပစ္စည်းများ ယူဆောင်ပြီး ပြောင်းရွှေ့ ဖယ်ရှားသွားခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။ ပြောင်းရွှေ့ရန် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း ကျန်ရှိနေပြီး ယင်းတို့အား မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကိုမူ ဖော်ပြထားခြင်း မရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီးအား တွေ့ဆုံ

From : ပြည်သူ့လွှတ်တော်


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန၀န်ကြီး H.E.Mr. Meng Jianzhu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံပြီး

မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး တိုးတက် ဖြစ်ထွန်းမှုများ၊ နိုင်ငံတကာအရေးကိစ္စရပ်များ တွင် မြန်မာနိုင်ငံဘက်မှ မှန်ကန်စွာ ရပ်တည်ပေးခဲ့မှုများ၊ နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် ယခုထက် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွား အစီအစဉ် များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ဦး၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၊ ပြည်သူ့လွှတ်တော် ကော်မတီနှင့် ကော်မရှင်တို့မှ လွှတ်တော်ကိုယ်စားလှယ် များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွားနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar Express

ဘင်္ဂလီ ရိုဟင်ဂျာတို့၏ မီဒီယာ အားကိုးဖြင့် အကြံပက်စက်ယုတ်မာမှု


ဒီနေ့ မြန်မာအစိုးရ ဦးသိန်းစိန်နဲ့ UNHCR က ကော်မရှင်နာမင်းကြီး Antonio Guterres တို့ နေပြည်တော်မှာ ရိုဟင်ဂျာအရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်..။ ရိုဟင်ဂျာကိစ္စများကို ဒုက္ခသည်စခန်းများဖြင့်ထား၍ UNHCR က တိုင်တွယ် ဖြေရှင်းပြီး၊ ကျွေးမွေးစောင့်ရှောက်ကာ တတိယနိုင်ငံသို့ စေလွှတ်ရန် ပြောကြားခဲ့ပါတယ်…။ ရိုဟင်ဂျာ အရေးဟာ နိုင်ငံတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနေတဲ့ အတွက် ဤကိစ္စ ကိုင်တွယ်ရန် စဉ်းစားနေကြောင်း ဖြစ်ပါတယ်………။

ဒီလို စီစဉ်ပြောကြားတာ ဟာ နိုင်ငံတစ်ခုရဲ့ သမ္မတ တစ်ယောက်က တစ်ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည် မဟာမင်းကြီးကို သံတမန်ရေးရာ ဆွေးနွေးမှုမှ ပြောစကားတစ်ခု၊ ဆွေးနွေးညှိနှိုင်းမှုတစ်ခု ဖြစ်ပါတယ်..။

မကြာမီ နာရီပိုင်းအတွင်းက သတင်းဌာနတစ်ခု ရေးသားထားတာက

http://www.huffingtonpost.com/huff-wires/20120712/as-myanmar-sectarian-unrest/
ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးက မြန်မာအစိုးရရဲ့ ဆွေးနွေး ပြောဆိုချက်ကို ငြင်းပယ်လိုက်တယ် လို့ဆိုပါတယ်…။ ရိုဟင်ဂျာတွေကို နိုင်ငံတကာမှာ UNHCR က ကိုင်တွယ်နေရာ ချထားဖို့ ဆွေးနွေးတာကို ငြင်းပယ် လိုက်တယ်လို့ ဆိုပါတယ်…..

===== ဘယ်အစည်းအဝေး မှာ ငြင်းဆိုသလဲ..။ ဘယ်တုန်းကလဲ..။ သတင်းထောက်တွေကို Antonio Guterres ကပြောတယ်လို့ပဲ ပါတယ်…။ Antonio Guterres က သူ့အေဂျင်စီဟာ ရိုဟင်ဂျာတွေကို နေရာပြန်လည် ချထားရေး အလုပ်နဲ့ မသက်ဆိုင်ပါဘူးလို့ ရေးထားပါတယ်..။ ဒါက အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် မဟာမင်းကြီးတစ် ဦး ပြောဆိုနိုင်စရာ မရှိပါဘူး..။ UNHCR က သတင်းမှန်သမျှ ကို www.unhcr.org မှာ တင်လေ့ရှိပါတယ်..။ ဒီသတင်းက ခုထိ မတင်သေးတဲ့ အတွက် ဒါဟာ လုပ်ကြံ သတင်းပါ..။ နောက်ပြီး သတင်းမှာ ရေးသားထားတာက ဗုဒ္ဓဘာသာနဲ့ မူဆလင် အရေးခင်း ဆိုထားတဲ့ အတွက် နိုင်ငံတကာ ရိုဟင်ဂျာ ၀ါဒဖြန့် သတင်းဌာနပဲ ဖြစ်ပါတယ်..။

သံတမန်ရေးရာ ဆွေးနွေးမှုသည် နေ့ချင်း အတည်ပြုခြင်း၊ ငြင်းဆိုခြင်း ပြုလေ့မရှိပါ..။ ရခိုင်လူမျိုးတို့က ရိုဟင်ဂျာကို တရားမ၀င် ၀င်ရောက်သူတွေလို့ မြင်တယ်လို့ ရေးထားပါတယ်.. ။ ဒီလိုရေးတာဟာ မကြာခင်တုန်းက ရိုဟင်ဂျာအကြမ်းဖက်တွေ သောင်းကျန်းစဉ်ကာလမှာ နိုင်ငံတကာ ရိုဟင်ဂျာ နောက်လိုက် သတင်းဌာနတွေ သုံးတဲ့ အသုံးပါ..။ ဒီသတင်းရေးသူဟာ ဘင်္ဂလီရိုဟင်ဂျာနောက်လိုက်… ဖြစ်ရမယ်..။ ဘင်္ဂလီ ရိုဟင်ဂျာလည်း ဖြစ်နိုင်တယ်..။

ဒါကြောင့် ဒီသတင်း ဟာ.. ၀ါဒဖြန့် မဟုတ်မမှန်လုပ်ကြံတဲ့ သတင်းဖြစ်တယ် ဆိုတာ သေချာသလောက်ပါပဲ.. ။ ဘင်္ဂလီ ရိုဟင်ဂျာတွေ ရဲ့ အကြံပက်စက်မှု နောက်ဆုံး ဖွတ်မရ ဓားမဆုံးတော့မယ့် အနေထားမှာ၊ အကျင့်ယုတ်မှု တစ်ခုလို့ ပဲ သတ်မှတ်ပါတယ်…။ ဆက်လက်ရေးပါမည်…။

Myanmar Express

မြန်မာအပါအ၀င် အာရှ ငါးနိုင်ငံကို ဖွံ့ဖြိုးရေး ရန်ပုံငွေ ဒေါ်လာ သန်းငါးဆယ် ပေးအပ်သွားမည်ဟု ဟီလာရီ ကလင်တန် ပြော



မြန်မာအပါအ၀င် အာရှ ငါးနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရန်ပုံငွေ ဒေါ်လာ သန်းငါးဆယ်ကို လာမည့် သုံးနှစ်အတွင်း အရစ်ကျ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဖနွမ်းပင်တွင် ကျင်းပသော အာဆီယံစီးပွားရေး ဆွေးနွေးပွဲတွင် ယနေ့ ပြောကြားလိုက်ကြောင်း သိရသည်။

ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာတို့ကို ရန်ပုံငွေများ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Express

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဥက္ကဋ္ဌ ANTONIO GUTERREs တို့တွေ့ဆုံ

From : ပြည်သူ့လွှတ်တော်


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဥက္ကဋ္ဌ ANTONIO GUTERREs နှင့် ယနေ့ နံနက် ၉ နာရီတွင် ပြည်သူ့လွှတ်တော် အဆောက်အအုံရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ANTONIO က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ရည်ရွယ်ချက် အနေဖြင့် ဒုက္ခသည်များအား ကိုယ့်အိမ်ကိုယ့်ရာ ပြန်နိုင်ရေး ကူညီပေးရန်၊ ဒုက္ခသည်များ ကိုယ့်ဒေသ ပြန်ရောက်သည့် အခါ ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်နိုင်သည်အထိ ကူညီဆောင်ရွက်ပေး ရန်နှင့် ဒုက္ခကြုံတွေ့နေရသည့် ရခိုင်တိုင်းရင်းသားများအတွက်လည်း တစ်ပြိုင်တည်း ကူညီဆောင်ရွက်ပေးလို သည့် ရည်ရွယ်ချက်များ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး တိုင်းပြည် ပျောက်နေသည့် မွတ်စလင်များအား ကူညီပေးရန်၊ ၎င်းတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်သွားနိုင်ရန်ကူညီပေးမည် ဖြစ်သကဲ့သို့ ရခိုင်တိုင်းရင်းသားများ အမြင်မှာလည်း ဘင်္ဂါလီများကိုသာ ကူညီပေးသည်ဆိုသည့် အမြင်မျိုး မမြင်စေလိုဘဲ ရခိုင်တိုင်းရင်းသားများကိုလည်း အကူညီများ ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ မွတ်စလင်များအား နိုင်ငံသားအဖြစ် အသိအမှတ် မပြုသော်လည်း ၎င်းတို့အတွက် အထောက်အထားဖြစ်စေမည့် စာရွက်စာတမ်း တစ်ခုခု ထုတ်ပေးစေလိုကြောင်း၊ နိုင်ငံသားတိုင်း ဂုဏ်သိက္ခာရှိရှိ အသက်ရှင် ရပ်တည်ရေး၊ မြေယာပိုင်ဆိုင်ခွင့်ရရှိရေးနှင့် မြေယာဥပဒေသည် အရေးကြီး ပါကြောင်း၊ အစိုးရ အဖွဲ့အနေဖြင့် အကူအညီလိုအပ်ပါက ၎င်းတို့အနေဖြင့် အကူအညီပေးရန် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း၊ ကုလသမဂ္ဂဒုက္ခဆိုင်ရာ မဟာမင်းကြီးရုံး အနေဖြင့် အာဆီယံ ဒေသအတွင်း ဖြစ်ပေါ် နေသည့် လူကုန်ကူးမှုပပျောက်အောင် ဆောင်ရွက်ရေးနှင့် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အတွက် ဆောင်ရွက်ပေးနေကြောင်း ဆွေးနွေးသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက အဆွေတော်လာရောက်ခြင်းသည် လွှတ်တော်ကို အသိအမှတ်ပြုရာ၊ အားပေးရာရောက်သဖြင့် ဂုဏ်ယူပါကြောင်း၊ တစ်ချိန်ကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း လွှတ်တော်ကိုလာရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းကြောင့် လွှတ်တော်အတွက်ကော၊ လွှတ်တော်အမတ်များအတွက်ပါ အားတက်စေကြောင်း၊ ယခု အဆွေတော် ရှင်းလင်းဆွေးနွေးသည့်များ အတွက် ကျေးဇူးတင်ပါကြောင်း၊ အခါအခွင့်သင့်လျှင်လည်း သမ္မတကြီးအား ဆက်လက် တင်ပြပေးမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် ပြည်သူ့လွှတ်တော် ကော်မတီနှင့် ကော်မရှင်ဝင်များ၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar Express

အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်များ၏ လစာအား တိုးမြှင့်ပေးသွားမည်


From : ခေတ်လူငယ်

စွမ်းဆောင်ရည် မြင့်မားပြီး လူမှုစီးပွား အဆင့်အတန်း မြင့်မားလာစေရန်အတွက် အလယ်တန်း ကျောင်းအုပ် ရာထူးနှင့် မူလတန်း ကျောင်းအုပ် ရာထူးများ၏ လစာနှုန်းထားများကို ပြင်ဆင်တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုသို့ သီးခြားလစာစရိတ် တိုးမြှင့်ပေးမှုမှာ လက်ရှိ အစိုးရလက်ထက်တွင် ပထမဆုံးသော အစီအစဉ် ဖြစ်သကဲ့သို့ ပညာရေးလောက အတွက်လည်း ထူးခြားသော အစီအစဉ်တစ်ရပ် ဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းများမှ ပုဂ္ဂိုလ်များက သုံးသပ်ခဲ့ကြသည်။ ‘နိုင်ငံတော်အနေနဲ့ ရှေ့အလားအလာကို ကြည့်ပြီး လုပ်ဆောင်တာဖြစ်လို့ ကြိုဆိုပါတယ်။ ပညာရေး လောကရဲ့ လိုအပ်နေတဲ့ အနေအထားကို တွေ့မြင်လို့ ပြင်ဆင်ပေးတာလို့လည်း ယူဆလိှု့ရတယ်’ ဟု အငြိမ်းစား ကျောင်းအုပ်ဆရာမတစ်ဦးက သုံးသပ်သည်။ အလယ်တန်း ကျောင်းအုပ်ဆရာတစ်ဦး၏ လက်ရှိလစာ ၆၄၀၀၀ ကျပ်ဖြစ်ပြီး နောင်တွင် ကျပ်တစ်သိန်းတစ်သောင်းသို့ လည်းကောင်း၊ မူလတန်း ကျောင်းအုပ်ရာထူး၏ လက်ရှိလစာ နှုန်းထားမှာလည်း ကျပ် ၅၈၀၀၀ မှ နောင်တွင် ၆၄၀၀၀ ကျပ်သို့ တိုးမြှင့်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။ ‘လစာနှုန်းထား တိုးပေးမယ်ဆိုတော့ ပိုပြီး လုပ်ကိုင်လာနိုင်တယ်။ ဒါက ကျွန်တော်တို့ မျှော်လင့်မထားဘဲ ရလာတဲ့ အခွင့်အရေးပါ’ ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလယ်တန်း ကျောင်းအုပ်ဆရာတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် အလယ်တန်း ကျောင်းအုပ် ၂၂၃၁ ဦး၊ မူလတန်းကျောင်းအုပ် ၃၆၁၆၈ ဦးရှိကာ လက်ရှိဝန်ထမ်းများ၏ အရည်အသွေး အရည်အချင်းများကို စိစစ်ပြီး တိုးမြှင့်ပေးသင့်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက နိုင်ငံပိုင် သတင်းစာသို့ ပြောကြားထားချက်အရ သိရသည်။ ထို့အပြင် မူလတန်းပြဆရာ၊ ဆရာမ ၆ သောင်းကိုလည်း လုပ်သက်၊ ပညာအရည်အချင်းများ စိစစ်ပြီး အလယ်တန်းပြများအဖြစ် ရာထူးတိုးမြှင့်ပေးဖို့ ရှိကာ နိုင်ငံတော်အနေဖြင့် မူလတန်းပြဆရာတစ်ဦး လစာ ၅၂၀၀၀ ကျပ် အလယ်တန်းပြ လစာ ၅၈၀၀၀ ကျပ် ပေးထားကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတဝှမ်း ကျောင်းများအတွက် ထပ်မံခန့်အပ် ဖြည့်ဆည်းပေးရမည့် ဆရာ၊ ဆရာမ အရာထမ်း ၆၉၅ ဦး ၊ အမှုထမ်း ၁၉၇၇၀ ၊ ဝန်ထမ်း ၄၄၂၂ ဦး စုစုပေါင်း ၂၄၈၈၇ ဦးတို့ကို နှစ်အလိုက် တိုးချဲ့ခန့်သွားရန်ရှိပြီး ယင်းဝန်ထမ်းများ၏ တစ်လ လစာစရိတ် ငွေကျပ် ၁၃၄၀ ဒသမ ၇၆၂ သန်းနှုန်းဖြင့် တစ်နှစ်အတွက် ငွေကျပ် ၁၆၀၈၉ ဒသမ ၁၄၄ သန်း ကျခံ သုံးစွဲသွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဒေါ်နန်းဝါနု၏ အဆိုကို လွှတ်တော်က အတည်ပြု


From : ပြည်သူ့လွှတ်တော်

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကွန်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့ စာဖြင့်ရေးသားပြီး အဆို

တစ်ရပ်အဖြစ် တင်ပြလာခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဌ ခွင့်ပြုခဲ့ပါသည်။

ယင်း အဆိုမှာ “ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသောဒီမိုကရေစီစနစ် ဖော်ဆောင်ရာ တွင် အဟန့်အတား ဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်း ပေးရန် လွှတ်တော် နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ’’ ဖြစ်ပြီး အဆိုရှင်ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက အဆို တင်သွင်းပြီးနောက် မြိတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၊ ရသေ့တောင် မဲဆန္ဒနယ် မှ ဒေါ်ခင်စောဝေ၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးနိုင်ငံလင်း၊ လသာ မဲဆန္ဒနယ်မှ ဦးကြည်မြင့်၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့က ဆွေးနွေး ခဲ့ကြပါသည်။

အဆိုနှင့် စပ်လျဉ်းပြီး အဆိုပါလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဌက ယခုအဆိုသည် နိုင်ငံတော်၊ ပြည်သူများနှင့် တိုင်းရင်းသားများအတွက် အလွန်အရေးကြီးသော အဆို တစ်ရပ်ဖြစ်ကြောင်း အောက်ပါအတိုင်း ရှင်းလင်းဆွေးနွေး တင်ပြရာ

ယနေ့နိုင်ငံအတွင်းရှိပြည်သူများ ဒုက္ခဆင်းရဲရောက်ပြီး လူမှုစီးပွားရေးဘဝ အဆင့်အတန်း နိမ့်ကျနေခြင်းသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ် ပိတ်ဆို့အရေးယူမှု များကြောင့် ဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြား၍ ပဋိပက္ခဖြစ်စေပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင်လည်း အခက်အခဲ အဟန့်အတားများ ဖြစ်ပေါ်စေကြောင်း၊ ယခုကဲ့သို့ ကန့်သတ်အရေးယူ ပိတ်ဆို့ထားမှု များသည် မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံး နေသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် များစွာအခက်အခဲ အဟန့်အတား ဖြစ်စေကြောင်း၊ထို့အပြင် ဆင်းရဲဒုက္ခများစွာ ခံစားနေရသည့် လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်စေရန် လည်း အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း၊ သို့ဖြစ်၍ အဆိုရှင်၏ တင်ပြချက်သည် မိမိအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ နှင့် နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်သည့် အတွက် ဆောင်ရွက်နိုင်သူများပါဝင်ဆောင်ရွက်နိုင်ရေးလိုအပ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြပြီးနောက် ဒေါ်နန်းဝါနု၏ အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း နှင့် သဘောတူကြောင်း ကိုယ်စားလှယ်များ၏ ဆန္ဒရယူဆုံးဖြတ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက် အတည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

Myanmar Express

ယဉ်တိုက်မှုကြောင့် ဖြူဖြူကျော်သိန်း မထနိုင်


From :The Voice Weekly

နေပြည်တော် ဟိုတယ်ဇုံအနီးတွင် နိင်ငံကျော် အမျိုးသမီး အဆိုတော် ဖြူဖြူကျော်သိန်း အပါအ၀င် ဂီတသစ် အလွှာ တစ်ချို့ ပါသောကား ကို နောက်မှပါလာသော ကားက ၀င်တိုက်မှု တစ်ခု ဇူလိုင်လ ၁၁ ရက်နေ့ ဗုဒ္ဒဟူးနေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဖြူဖြူကျော်သိန်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

ပြည်သူလွှတ်တော် အားကစား၊ ယာဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဖိတ်ကြားချက်အရ မြန်မာနိင်ငံ ဂီတအစည်းအရုံး (ဗဟို)အလုပ်အမှုဆောင်သစ် ရွေးကောက်ပွဲတွင် ခေတ်သစ် ဂီတ အလွှာ ထည့်သွင်းနိင်ရေးအတွက် နေပြည်တော်သို့ သွားရောက် တင်ပြ ဆွေးနွေးပွဲမှ အပြန် ည၁၀နာရီ ၀န်းကျင်ခန့်၌ တော်ဝင် နေပြည်တော် ဟိုတယ်ရှေ့တွင် ဖြူဖြူကျော်သိန်း၏ REFINEယာဉ်နှင့် DOUBLE CUP တို့ ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဖြူဖြူကျော်သိန်းက ပြောကြားသည်။

ဖြူဖြူကျော်သိန်းသည် ခါးတွင် ဒဏ်ရရှိခဲ့ပြီး ကားဖြင့် ပြန်လာ၍ မဖြစ်နိင် ၍လေယာဉ်နှင့် ပြန်လာရကြောင်း ယခုအခါ သက်သာနေပြီ ဖြစ်သည်ဟု ၄င်းကဆိုသည်။

”စောင့်ပြီး ရိုက်လိုက်သလို ဖြစ်သွားတယ် ကားကလည်သွားတယ် ကားလည်း မောင်းလို့မရဘူး ရှေ့လေကာမှန်တွေ ကွဲသွားတယ်”ဟု ဖြူဖြူကျော်သိန်းက အတွေ့အကြုံကို ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ပါဝင်ပြီး မျက်နှာနှင့် ခေါင်းတွင် ဒဏ်ရာရရှိခဲ့သူ တေးရေး မြင့်မိုးအောင်က ဂီတလောက တိုးတက် ဖွံ့ဖြိုးရေးအတွက် ပြည်သူလွတ်တော် ကော်မတီများနှင့် သွားရောက်တွေဆုံမှုကို အားရ ကျေနပ်ကြောင်း ပြည်သူလွှတ်တော် ဥက္ကဌ ဦးရွှေမန်းကလည်း ဖုန်းနှင့် အရေးတယူ သတင်းမေးမြန်းကြောင်း မှတ်ချက်ပြု ပြောကြားသည်။

ပြည်သူလွှတ်တော်ရေးရာ ကော်မတီက ဂီတအစည်းအရုံး ပြန်လည် ဖွဲ့စည်းမှုကို ညှိုနှိုင်းမှုများ မပြီးမခြင်း ဆိုင်းငံ့ထားရန် ဂီတအစည်းအရုံးထံ စာပို့ထားကြောင်း မနက်ဖန် စနေတွင် ဂီတအစည်းအရုံးနှင့် ၈မိုင် ရန်ကုန် ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဆက်လက် ရှင်းပြသည်။

Myanmar Express

ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးမည်


လက်ရှိအချိန်ကာလ၌ ဗဟိုဘဏ်၏ နိုင်ငံခြား ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလျံထိရှိနေပြီး မကြာမီ ကာလအတွင်း ဗဟိုဘဏ်တွင် ရှိနေသော ရွှေ၊ ငွေနှင့် နိုင်ငံခြားငွေများအား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ဇူလိုင်လ ၅ရက်နေ့ Chatrium Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ''အရင်တုန်းက ဗဟိုဘဏ်မှာရှိတဲ့ ရွှေ၊ ငွေကို တစ်ပတ်တစ်ခါ ကြေညာခဲ့တယ်။ နိုင်ငံ့ပိုင်ဆိုင်မှုကို ပြည်သူသိအောင် မထုတ်ပြန်တာ ကျွန်တော်တို့ နိုင်ငံပဲ ရှိတော့တယ်။ မကြာခင် ကာလအတွင်းမှာ ဗဟိုဘဏ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးပါလိမ့်မယ်'' ဟု ကမ္ဘောဇဘဏ်၊ ဒုတိယဥက္ကဌ-၂ ဖြစ်သူ ဦးသန်းလွင်က ပြောကြားခဲ့သည်။ လက်ရှိအချိန်၌ ဗဟိုဘဏ်၏ နိုင်ငံခြားငွေစာရင်းတွင် အမေရိကန် ဒေါ်လာ ၇ ဘီလျံရှိနေကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ငွေဈေးနှုန်း မတည်ငြိမ်မှုများကိုလည်း ဗဟိုဘဏ်မှ ၀င်ရောက် ထိန်းသင့်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။ ''နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှုကို အားလုံးသိအောင် လုပ်ရမယ်။ အခုကျတော့ ဗဟိုဘဏ်က ငွေဖောင်းပွမှာကြောက်ပြီး ဘာမှမလုပ်ပဲ ငြိမ်နေတယ်။ တကယ်ဆို ဒေါ်လာဝယ်ပြီး ကျပ်ငွေကို တည်ငြိမ်အောင် လုပ်ရမယ်။ တန်ဖိုးမြင့်အောင် ချိတ်ဆက်ရမယ်။ ဒီလိုလုပ်လို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူး။ အစိုးရက ဒါကို intervention လုပ်ရမယ်။ နောက်ပြီး price spots ပေးရမယ်။ တောင်သူ စပါးပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ်စိုက်လို့ ရှုံးရင် အစိုးရက price spots ပေးရမယ်။ အစိုးရက သိမ်းကျုံးဝယ်ရမယ်။ နိုင်ငံတော်က တချိန်လုံး အမြတ်ရဖို့ချည်းပဲ မတွေးရဘူး။ အရှုံးခံပြီးလည်း ၀ယ်သင့်တယ်။ တောင်သူလယ်သမားတွေ နစ်နာနေရင် ၀င်ထိန်းရမယ်။ အခုတော့ ဘာတစ်ခုမှ လုပ်မပေးတဲ့အတွက် ဗဟိုဘဏ်ရဲ့တာဝန်မကျေမှုကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်'' ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိအခြေအနေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည့်အတွက် အမေရိကန်ဒေါ်လာအား လက်ဝယ် ကိုင်ဆောင်ထားလိုသူ များပြားနေကြောင်း၊ သို့အတွက်ကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားထက် ၀ယ်လိုအား များပြားနေကြောင်း၊ ဗဟိုဘဏ်၏ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ငွေဈေးနှုန်း အတက်အကျကို ထိန်းကျောင်းနိုင်သည့် အရည်အချင်းလည်း မရှိသေးကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် လယ်ယာ စိုက်ပျိုးသူများအတွက် အဆင်ပြေစေနိုင်သည့် ငွေလဲနှုန်းထားတစ်ရပ် ဖြစ်ပေါ်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံတကာတွင် ဗဟိုဘဏ်သည် သီးခြားရပ်တည်သည့် ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ငွေလဲနှုန်းကိုလည်း ဈေးကွက်နှင့် ညီမျှအောင် ဗဟိုဘဏ်မှ ဆောင်ရွက်နိုင်ကြောင်း၊ ထို့ပြင် မကြာမီကာလအတွင်း ဗဟိုဘဏ်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်မှ ခွဲထွက်၍ သီးခြား ရပ်တည်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်တွင်းမီဒီယာများသို့ ထုတ်ပြန်ချက်များအရ သိရှိရသည်။

Myanmar Express

အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်၊ မြန်မာ) နှင့် ဓာတ်ပုံများ


From : http://myanmargazette.blogspot.com/

မင်္ဂလာပါ-

လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြသော ဧည့်သည်တော်များခင်ဗျား-


ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။


ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း(၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြားတည်ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတအရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။

ရာစုနှစ် ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး ညင်သာတဲ့အပြောင်းအလဲနဲ့ နိုင်ငံသစ် တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။ စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှ ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရရဲ့ ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ် ဆိုတာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိလည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့ အကဲခတ် စောင့်ကြည့်ခဲ့ကြသော်လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့ စစ်မှန်တဲ့ သဘောထား၊ မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ထောက်ခံ အားပေးလာကြပြီ ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စာနာ နားလည်ကြသူ တွေလည်း အများအပြား ရှိနေပါတယ်။

ဧည့်သည်တော်များခင်ဗျား-

အစိုးရသစ် အပြောင်းအလဲဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို လိုလားလျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိ ပါတယ်။

ပထမဆုံးပြုပြင်ပြောင်းလဲမှုကတော့ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက် နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဘဲ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကဏ္ဍ ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။ ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲ ရမှာ ဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စာပေ/စာနယ်ဇင်းသမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ ပါတယ်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် မျှော်မှန်းပြီး ပြန်လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိန်းချုပ် ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ ပြန်လာနိုင်အောင် လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး စိစစ်မှုလုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။ မကြာခင်ကာလမှာ လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယပြုပြင်ပြောင်းလဲမှုကတော့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီ သို့ လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ရာမှာ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေ သေးတဲ့ ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး စရိုက်လက္ခဏာများ ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်လျောညီထွေရှိမယ့် အသေးစား ချေးငွေဆိုင်ရာ ဥပဒေများကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ်ပါတယ်။ မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးမျိုး အဖုံဖုံ ဖြစ်နေတဲ့ ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့အညီ ဖြစ်ပေါ် လာအောင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့ အထူးကြိုးစားရပါတယ်။ ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့ အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ ပါတယ်။

ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ် ပညာတွေ သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ပါတယ်။ ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ပါတယ်။ ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့ မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ အကြံဉာဏ်များ ရယူဆောင်ရွက်လျက် ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ယနေ့ အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေများ ထားရှိကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးအနေအထားသို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ် ပါတယ်။ ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာ ဖြစ် တယ် လို့ ခံယူမိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ RICH ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊ မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။



Statement To Be Delivered By H.E. U Thein Sein, President Of The Republic Of The Union Of Myanmar At The U.S-ASEAN Business Forum
Siem Reap, Cambodia – 13 July 2012

Mingalabar….

Honorable Heads of Governments of ASEAN Member States,
Honorable Madame Secretary Hillary Clinton,
Honorable Secretary-General of the ASEAN, and
Distinguished Guests,

I am very delighted to be here today. And I have the pleasure to apprise you on our development endeavors and the democratic reforms process that are being undertaken in Myanmar.

Myanmar regained her independence in 1948 and today, at this very moment, we have reached a turning point in our history. Our country is resided by over 60 million of population with over 100 ethnic nationalities with their own languages and cultures. Geographically, we are situated between two major nations – China and India. In addition, Myanmar is located at a strategic location in Southeast Asia Region with abundant untapped natural resources, however, our country has lagged behind in development compared to other countries in the world.

Today, after nearly half a century, Myanmar has embarked on democratic path in building a new nation through peaceful transition. Myanmar is at a crucial juncture, where she has evolved from the military administration putting an end to armed conflict to achieve sustainable peace and moving toward a new democratic era while endeavoring for the development of the country.

The Government has already anticipated to encounter many difficulties and obstacles in building a new democratic society and a new nation for our people. As such, we are still facing numerous challenges. When the new Government started to assume state responsibilities, many have looked upon us with suspicion and uncertainties. But with the passage of time and because of our transparency and genuine goodwill efforts, we have started to enjoy the support of many nations.

At the same time, there are still others who wish to observe our situation and maintain pressure on our country. But there are also many nations that understand our true situation and actual difficulties and challenges that our government is encountering.

Distinguished guests,

With the establishment of a new Government in Myanmar, the people of Myanmar wish to see true changes in the country. The Government is striving to fulfill the wishes of our people. Therefore, the Government has been simultaneously implementing the three reform measures.

The first reform measure is to walk out from a centralized system that the country had practiced for half a century and eventually build a matured democratic State. Democratic practice has been vanished from our country for many years and building a democratic State will be the biggest challenge for our people and our country. To be able to build a strong democratic foundation, there will be a need to take necessary reform measures in Executive, Legislative and Judiciary bodies. At the same time we are also taking necessary measures to review or revoke existing laws that no longer attend to our new system and this new era. Furthermore, we must also reform the bureaucratic system and the mindset of the Government Officials.

As you are well aware of the fact that we have also met with Daw Aung San Suu Kyi, the leader of the National League for Democracy (NLD) and have invited her to hold discussions openly so that we could set aside our differences and work together based on common grounds. Today, she is a parliamentarian and she is at the Hluttaw. At the same time, we were able to engage also with leaders of ethnic nationalities, political parties, entrepreneurs, civil society and foreign and domestic intelliengencia and those from all walks of life.

With the aim to achieving national reconsolidation, we have granted amnesty to many prisoners. We have also taken necessary measures to relax regulations on media and telecommunications so that our people may have better access and enjoy the facilities openly. We have also invited our expatriates to return to their homeland. We have eased our printing and censorship procedures on a step-by-step basis. We have already committed ourselves to enact a Media Law for media freedom and transparency in the near future.

We have also permitted the formation of political parties, civil societies in accord with the existing laws. We have already enacted necessary laws that would protect the fundamental rights of our citizens such as formation of labor union and to enjoy freedom of assembly and freedom of speech.

The second reform measure that we are undertaking is to achieve a long lasting peace in the country. It has been over sixty years that the conflicts have emerged in our country since Myanmar’s independence. And last year, we launched a new mode of operadi and coordination through a new dialogue enabling to sign ceasefire agreements with the ten ethnic armed groups. With the intention of achieving peace, we have made necessary engagement with the KIO/KIA group from the Kachin State as well.

The third reform measure that we are undertaking is to transform the centralized economy into a market-oriented economy. As part of micro-economy exertion we are implementing rural areas development and poverty alleviation. We have also enacted Micro-finance Act. We have sought necessary assistance from domestic and foreign intelligencia and experts from international organizations for sustainable micro-economic policy. We have also adopted the managed float exchange rate system in our country.

While implementing these three reforms measures in parallel we face numerous challenges like the recent situation in Rakhine State which we were able to successfully calm down and bring to normalcy.

It is regrettable that we do not receive any assistance from international monetary institutions and organizations such as World Bank, IMF, ADB and UNDP in our democratic nation building endevours due to sanctions imposed on Myanmar. And to best serve the interest of our people and our country, we have the fervent desire to seek technical know-how and to set up economic engagement with other countries but the challenge is that sanctions are still restricting us from doing so.

Myanmar is inviting foreign investors to invest in our country. In this context, the Myanmar Investment Commission has also laid down the four principles with regard to foreign investments- namely (a) to protect the interest of Myanmar citizen; (b) to protect the dignity of the State; (3) to protect national sovereignty; and (4) to allow environmental friendly investment. We are preparing to enact Myanmar Foreign Investment Law that will be of international standard. In doing so we are also seeking the advice from international experts. With the enactment of Myanmar Foreign Investment Law, we are hoping to attract more investments that will both serve the interest of our nation and investors.

Conclusion

Excellencies, Distinguished guests,

To conclude, I would like to underscore the growing importance of the development of Asia in the world. We are confident that based on mutual respect among the countries and abiding by rules and procedures that all countries can live up to, we will be able to establish mutually beneficial cooperation. Here, I would like to further underscore that we shall work toward achieving our objectives through green economy so that we will be able to protect our environment and also prevent natural disasters that comes with technical advancement. I believe that if our Asian countries work together we will be able to overcome these obstacles, achieve regional developments and also contribute to the maintenance of world peace, stability and prosperity.

Myanmar has lagged behind in development for the past sixty years. We are resolute to strive our all out efforts to achieve recognition and respect from our friendly nations as a developed democratic state. We would like to reiterate our commitment to actively participate in attaining the ASEAN aims of achieving “Rich ASEAN 2030” and at the same time build mutual understanding with countries of the world based on friendship and cooperation to overcome the challenges that we may encounter.

Thank you.





Myanmar Express

ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ အရေးကြီးအဆိုတင်သွင်း


From : ပြည်သူ့လွှတ်တော်

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌ၊ပြည်သူ့ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များရှင်--မင်္ဂလာပါလို့နုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျမကတော့ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်က ရှမ်းတိုင်းရင်းသူ၊ ဒေါ်နန်းဝါနု ဖြစ်ပါတယ်ရှင်။ မြန်မာပြည်သူပြည်သားများနှင့် တိုင်းရင်းသားများတို့ရဲ့ အကျိုးစီးပွားအတွက် ကျွန်မက ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ -၁၃၃ အရ အရေးကြီးအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ် ရှင်။

အဆိုမှာ-

`ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်နေ သော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ၊ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆို´ ဖြစ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင်-

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှာ အစိုးရအဖွဲ့နဲ့ လွှတ်တော်များက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာများကို ကျင့်သုံးလျှက် မြန်မာပြည်သူများအတွက် အထူးလိုအပ်လျှက်ရှိတဲ့ ဒီမိုကရေစီပြုပြင်ဖော်ဆောင်ရေးများကို အားသွန်ခွန်စိုက် ဖော်ဆောင်လျှက် ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြပြီး အားပေးထောက်ခံမှုများလည်း ရရှိနေပြီ ဖြစ်ပါတယ်ရှင့်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ပိုမိုဖြစ်ထွန်း တိုးတက်စေရန်အလို့ငှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံအပေါ်မှာ အမေရိကန် ပြည်ထောင်စုမှ ချမှတ်အရေးယူထားတဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအနက် ရင်းနှီးမြှပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများကို တစ်နှစ်တိတိ ဆိုင်းငံ့ပေးခဲ့ပါတယ်။ ဥရောပ သမဂ္ဂကလည်း အလားတူ ချီးမြှင့်ပေးခဲ့ပါတယ်။ အဲဒီလို အပြုသဘောဆောင်တဲ့ ပံ့ပိုးဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်လျက်ရှိပါတယ်။ ဒီလိုအပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုများ ကို ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများက အထူးလိုလားလျက် ရှိပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်

စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ကျမအနေဖြင့် နှစ်ပိုင်းခွဲခြား ဆွေးနွေးလိုပါတယ်ရှင်။

(၁) နိုင်ငံတော်အပိုင်းနဲ့ (၂) တိုင်းရင်းသားများအပိုင်းတို့ ဖြစ်ပါတယ်။

(၁) နိုင်ငံတော်အပိုင်းအနေနဲ့ ယခု အချိန်မှာ နိုင်ငံတော်က ဒီမိုကရေစီစနစ် ဖော်ဆောင်ရာ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာမှာ အားသွန်ခွန်စိုက် ပြုလုပ်နေကြပါတယ်။ ကျမတို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ တစ်ဦးတည်း တစ်ဖွဲ့တည်း ချုပ်ကိုင်ခဲ့ရာမှာ ယခုအခါမှာတော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုပြီးတော့ အာဏာသုံးရပ်ကို ခွဲခြားကျင့်သုံးခဲ့ပါပြီ။ ယခင်က အပြန်အလှန် ထိန်းကျောင်းခြင်းစနစ် မရှိခဲ့၍ စိတ်မကောင်းဖွယ်ရာများ ဖြစ်ပွားခဲ့သော်လည်း ယခုအခါမှာ အပြန်အလှန် ထိန်းကျောင်းခြင်းအားဖြင့် Reciprocal, Check & Balance ပြုလုပ် ခွင့် ရခဲ့ပြီး ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီသက်တမ်းဟာ တစ်နှစ်ကျော်ဘဲ ရှိသေးတဲ့ အတွက် အလွန်နုနယ်နေပါသေးတယ်။ ဒါကို အများက နားလည်သဘောပေါက်ပြီး ကျမတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဒီမိုကရေစီစနစ် ရှင်သန်ထမြောက်ဖို့ရာ အတူတကွ ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်-

စီးပွားရေး ပိတ်ဆို့အရေးယူမှုဟာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆောင်ရွက်လိုတဲ့ ကျမတို့နိုင် ငံအတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ ချမှတ်ရာမှာ များစွာ အဟန့်အတားဖြစ်နေပါတယ်။ ကျမတို့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ကို စတင်တက်လှမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပို့ကုန်အခြေပြုတဲ့ စီးပွားရေးနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အလေးပေး ထူထောင်ရာမှာ ဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဥပဒေတွေကြောင့် ပို့ကုန်လုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်ခြင်း မရှိလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများနဲ့ လုပ်သားပြည်သူများအတွက် ပို့ကုန်တင်ပို့မှု ရရှိလာမယ့် အကျိုးအမြတ်များကို ခံစားခွင့် မရှိ ဖြစ်နေပါတယ်။

ဥက္ကဋ္ဌကြီးရှင့်-

စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍ များစွာ အရေးကြီးတဲ့ အချက်မှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှု များဟာ ယခင် အစိုးရအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်ခဲ့ သော်လည်း ယခုလက်ရှိ အစိုးရသစ် လွှတ်တော်နဲ့ ပြည်သူတစ်ရပ်လုံး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကောင်အထည်ဖော်ရန် တစိုက်မတ်မတ် ကြိုးပမ်းနေမှုများအပေါ် အဓိက အဟန့်အတားတစ်ခု ဖြစ်နေတာ ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်

ဒုတိယအပိုင်းအနေနဲ့ ကျမက တိုင်းရင်းသားအရေးကိစ္စများနဲ့ ဆက်စပ်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ရှင်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ Sacntion ဟာ သွယ် ၀ိုက်၍ ဆက်စပ်နေပါတယ်။ စီးပွားရေးပိတ်ဆို့ အရေးယူမှုဟာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အကျိုးသက်ရောက်မှု များစွာရှိနေလို့ တိုင်းရင်းသားများအတွက်လည်း အလွန်အရေးပါလှပါတယ်ရှင်။

ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရ ငြိမ်းချမ်းရေး တို့အတွက် နိုင်ငံတော်က ကနဦးအနေဖြင့် စီးပွားရေး အခွင့်အလမ်းများကို ရေးရပါတယ်။

ဒါကို အခြေခံပြီး တိုင်းရင်းသားများက တိုင်းဒေသကြီး(သို့) ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တန်းတူညီမျှရရှိစေရေး တို့အတွက် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးရယူရာမျာ ၄င်းတို့ရဲ့ တပည့်လက်သားများ များစွာအတွက် အခြေခံစားဝတ်နေရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် စီပွားရေးကို မဖြစ်မနေ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ နိုင်ငံခြားတိုင်းပြည်များနှင့် ကူးသန်းရောင်းဝယ်မှုများလည်း ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။

ဒီအချက်ကို အကြောင်းပြုပြီး တိုင်းရင်းသားများရဲ့ လူမှုဘ၀ ၊ စီးပွားရေးနှင့် နိုင်ငံရေးများလည်း တိုးတက် လာပြီး တန်းတူညီမျှ အခွင့်အရေးကို လျှင်မြန်စွာ ရရှိလာမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးများအပါဝင် နိုင်ငံတော် တစ်ခုလုံးကို ထိခိုက်စေပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အမျိုးသား ပြန်လည် စည်လုံးညီးညွတ်ရေး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ များစွာ အနှောက်အယှက် အဟန့်အတား ဖြစ်ပါတယ်။

ဥက္ကဌကြီးရှင့်

နိုင်ငံတော်က တိုင်းဒေသကြီး(သို့) ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများအတွက် ဒီထက်ပိုသော တန်းတူညီမျှ အခွင့်အရေးပေးသင့်သလို ၊ နိုင်ငံတကာကလည်း တိုင်းရင်းသားများ မှီတင်း နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများအား လျင်မြန်စွာ ရုပ်သိမ်းပေး သင့်ပါတယ်။ ဒါမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေးစီစနစ် ဖောင်ဆောင်မှုတို့ကို အားပေး ကူညီရာရောက်ပါတယ်ရှင်။

အချုပ်အားဖြင့်ဆိုသော် မြန်မာ ဒီမိုကရေစီ ဖြစ်ထွန်းအောင်မြင်ရေးအတွက် စီးပွားရေး ပိတ်ဆို့မှုများကြောင့် နိုင်ငံသားနှင့် တိုင်းရင်းသားနှင့် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ရှိနေခြင်းမှ လွတ်မြောက်ရန် အတွက် တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အဟန့်အတား ဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ ညှိနှိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို ကိုဆုံးဖြတ် အတည်ပြုပေးပါရန် တင်သွင်းအပ်ပါတယ်ရှင်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးမြင့်မှ ထောက်ခံဆွေးနွေးရာ-

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေပြီး ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ် ခင်ဗျား-

ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနှင့် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါ နု တင်သွင်းသော ခေတ်မှီဖွံ့ဖြိုး တိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီ ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေးသွားပါမယ်ခင်ဗျား။

ကျွန်တော်တို့ရဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဒေသအနှံ့ တိုင်းရင်းသားပေါင်းစုံ နေထိုင်လျက်ရှိပြီး ဒေသခံပြည်သူများအားလုံးသည် မိမိဒေသများ ဖွံ့ဖြိုးလာအောင် မငြိမ်းချမ်းသေးသည့် ဒေသများ ငြိမ်းချမ်းလာအောင် ပုံစံအမျိုးမျိုးနှင့် အထူးကြိုးစား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်ရေး ပြည်သူများ စီးပွား ဖွံ့ဖြိုးတိုးတက်စေပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှ မြှင့်တင်လာစေလျှက် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသား ပြည်သူများအားလုံးမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ဒါ့အပြင်၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီပါတီစုံဒီမိုကရေစီလမ်းကြောင်းအရနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား ဖော်ဆောင်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် အစိုးရအဖွဲ့တို့မှ အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိနေသော အချိန်အခါ သမယလည်းဖြစ်ပေသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အာဆီယံဒေသတွင်းရှိ နိုင်ငံများ နိုင်ငံတကာ အဖွဲ့အစည်းများတို့က ၀ိုင်းဝန်းကြိုးဆိုခဲ့ကြပြီး အားပေးထောက်ခံမှုများလည်း ရရှိနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ပိုမို ဖြစ်ထွန်းတိုးတက်စေရန် အလို့ငှာ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံအပေါ်တွင် ဥရောပ သမဂ္ဂမှ ချမှတ်အရေးယူထားသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအနက်မှ ရင်းနှီးမြှပ်နှံမှုနှင့် ငွေကြေး ဆိုင်ရာ ပိတ်ဆို့မှုများကို တစ်နှစ် ဆိုင်းငံ့ပေးခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုမှလည်း ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပါသည်။ ယင်းကဲ့သို့ အပြုသဘောဆောင်သော ဆောင်ရွက်မှုများအတွက် အထူးကျေးဇူး တင်လျက်ရှိပါသည်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပါဝင်ပြီး နိုင်ငံနှင့် လူမျိုးအားလုံး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပွင့်လင်းမြင်သာသော နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ တရားစီရင်ရေးစနစ်တို့နှင့်အတူ သတင်းမီဒီယာကဏ္ဍ အသီးသီးကိုလည်း ဒီမိုကရေစီလမ်းကြောင်းနှင့်အညီ အရှိန်အဟုတ်ဖြင့် ပြောင်းလဲလုပ်ဆောင်လျက် ရှိပါသည်။

ယင်းသို့ ပြောင်းလဲဆောင်ရွက်ချိန်တွင် ကဏ္ဍအားလုံးမှ အချိုးညီညီ လိုက်ပါနိုင်ရေးအတွက် ပြည်သူ များသည် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ စီးပွားရေး အင်အားတောင့်တင်း ဖို့ အထူးအရေးကြီး လိုပ်အပ်ပါမည်။

ဥပမာ ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့သော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတစ်ခုဖြစ်သည့် Burmese Freedom and Democracy Act ကြောင့် အထည်ချုပ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကြောင့် ပြည်သူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

ဒါ့အပြင် ပြည်ပနိုင်ငံများ၏ Sanction များကြောင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်သူများသည် နှစ်ရှည်လများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး မိမိထုတ်လုပ်သော ကုန်ပစ္စည်းများ တန်ရာတန်ကြေး မရရှိ သည့်အပြင် မိမိတို့ ၀ယ်ယူတင်သွင်း သုံးစွဲရသော စက်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊နည်းပညာတို့သည်လည်း တားဆီးပိတ်ပင်မှုများကြောင့် တန်ရာတန်ကြေးထက် ပိုမိုပေးဆောင် ၀ယ်ယူခဲ့ကြရပါသည်။ ငွေရေးကြေးရေး စနစ်၊ ဘဏ်စနစ်များမှာလည်း မျာစွာခေတ်နောက်ကျန်မှုနှင့် ရင်ဆိုင်ကြုံတွေ့လျက် ရှိပါသည်။

၎င်းတို့၏ အကျိုးရလာဒ်မှာ ပြည်သူများ ဆင်းရဲမွဲတေမှုမျာစွာ ဖြစ်ပေါ်စေ၍ အလုပ်အကိုင် ရှားပါးလာ သည်အထိ ဖြစ်ပေါ်လာစေပြီး အချို့သော မိမိနိုင်ငံသားများ တိုင်းရင်းသားများသည် အခြားနိုင်ငံများသို့ သွားရောက်ကြပြီး ရရာအလုပ် လုပ်ကိုင်နေကြည်ရသည့် ခါးသီးသော အတွေ့အကြုံများကို လက်တွေ့ ခံစားနေ ကြရပါသည်။

သို့ဖြစ်ပါ၍ မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် Burmese Freedom and Democracy Act ဖြင့် တားဆီးပိတ်ပင်မှုအား အမေရိကန် ပြည်ထောင်စု ဆီးနိတ်လွှတ်တော်တွင် ထပ်မံသက်တမ်းတိုးမြှင့် ဆောင်ရွက် ခြင်း မပြုဘဲ ဖြေလျှော့မှုကို ပြုလုပ်ပေးရန် ပြည်သူတစ်ရပ်လုံးမှ မျှော်လင့်စောင့်စား လိုလားလျှက် ရှိပါသည်။

သို့မှသာ ဒေသတွင်း ထွက်ကုန်များဖြစ်ကြသော လယ်၊ ယာ၊ ကိုင်း၊ ကျွန်း လုပ်ငန်းမှ ထွက်ရှိသော သီးနှံမျိုးစုံများ မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသော အသား၊ ငါးနှင့် ရေထွက်ပစ္စည်းများ၊ သယံဇာတကို အခြေခံ ပြီး ထုတ်လုပ်သော ကုန်ချောပစ္စည်းများ၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်း များ၊ လူ့အရင်းအမြစ်ကို အသုံးပြုပြီး ထုတ်ုလပ်သော ထုတ်ကုန်ပစ္စည်းများ စသည်တို့ကို နိုင်ငံတကာ ဈေးကွက် သို့ တင်ပို့ရောင်းချခွင့် ရရှိရေးနှင့် ငွေကြေးလွှဲပြောင်းမှု၊ ဘဏ်စနစ်ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှပ်နှံမှုစသည့် ကဏ္ဍ အသီးသီးကို အခြားနိုင်ငံသားများနည်းတူ ရရှိစေပြီး ပြည်တွင်းပြည်ပတွင် ယှဉ်ပြိုင်နိုင်ခွင့်နှင့် ပါဝင် လုပ်ကိုင် ခွင့်ကိုပါ ရရှိမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ဖော်ဆောင်နိုင် မည် ဖြစ်ပါသည်။

ဒါကြောင့် လက်တွေ့တွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုကို အမြန်ဆုံး ရုပ်သိမ်းပေးခြင်းဖြင့် ပြည်သူအများ အလုပ်အကိုင် ရရှိစေပြီး ဆင်းရဲခြင်းမှ လွတ်ကင်း ကြကာ ယနေ့ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နိုင်ငံရေး အပြောင်းအလဲများနှင့် ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုများကို များစွာ အထောက်အကူရနိုင်မည် ဖြစ်ပါသည်။

မိမိပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ၀င်ရောက်ခြင်းလုပ်ငန်းတစ်ခုတည်းဖြင့် မိမိတိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ပြည်သူများအားလုံး ပါဝင်နိုင် သည့် ကုန်ထုတ်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတို့အပြင် နည်းပညာ မြှင့်သော လုပ်ငန်းများ၊အရင်းအနှီးများသော လုပ်ငန်းများတွင် ပါဝင်စေလျက် နိုင်ငံတကာ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားခွင့်၊ အကျိုးတူလုပ်ကိုင်ခွင့်၊ အသီးသီးရရှိကြမှသာ နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူများ အားလုံးအပါအ၀င် အခြေခံ လူတန်းစားများဖြစ်သော လယ်သမား၊ အလုပ်သမားများသည် ပြောင်းလဲလာသော နိုင်ငံရေး၏ ဆုလာဘ်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရရှိသည့် ဒီမိုကရေစီ အသီးအပွင့်များကို ခံစားရရှိစေမည် ဖြစ်သည်။

သို့ရာတွင် ယနေ့အချိန်ထိ အဟန့်အတားဖြစ်စေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး၊ ငွေရေးကြေးရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ပက်သက်သည့် ပိတ်ပင်တားဆီးမှု မှန်သမျှကို သက်ဆိုင်ရာ နိုင်ငံအားလုံးမှ ပြန်လည်စဉ်းစားသုံးသပ်ပြီး အမြန်ဆုံး ဖယ်ရှားပေးပါရန်နှင့် ပိတ်ပင်တားဆီးမှု သက်တမ်းတိုးမြှင့်ခြင်းကိုလည်း ဖြေလျှော့ ဆောင်ရွက်ခြင်း လုပ်ဆောင်ပေးကြပါရန် တောင်းဆိုအပ်ပါသည်။

ပြုပြင်ပြောင်းလဲရေးများကို အမှန်တကယ် ဆောင်ရွက်နေသော မိမိနိုင်ငံအတွက် ပိတ်ပင်တားဆီးမှု ဆောင်ရွက်လျှက်ရှိသည့် နိုင်ငံအချို့တို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်စေသည့်အပြင် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် ဆုတ်ယုတ်မှုများ ဖြစ်ပေါ်နေခြင်း ကြောင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရှရိစေရေးကို ထိခိုက်လျှက် ရှိပြီး ပြည်သူများ၏ စားဝတ် နေရေးအတွက် မှန်ကန်သောနည်းလမ်းဖြင့် ၀င်ငွေရရှိရေးကိုပါ ထိခိုက်လျှက် ရှိပါသဖြင့် ပိတ်ဆို့တားဆီးခြင်း များ ပြုလုပ်လျက်ရှိသော သက်ဆိုင်ရာနိုင်ငံများအနေဖြင့် တားဆီးပိတ်ပင်မှုအားလုံး အမြန်ဖယ်ရှား နိုင်ရေး အတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို၊ မည်သည့်နည်းကို အသုံးပြု၍ဖြစ်စေ၊ အမျိုးသားရေး တာဝန်တစ်ရပ် မှတ်ယူ၍ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ၀ါဒစွဲများ မထားဘဲ ပြည်သူများအတွက် ပြည်သူ့ဘက်မှ ရပ်တည်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတဆင့် ပြည်သူ့လွှတ်တော်သို့ တင်ပြရင်း အဆိုရှင် ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ တင်သွင်းသွားသော ခေတ်မှီ ဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူကိုမဆို မည်သည့်နည်းလမ်းကို အသုံပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆို အား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကျိုးငှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံးမှ ပူးပေါင်းပါဝင် တောင်းဆိုကြပါစို့လို့ တိုက်တွန်းရင်း လေးလေးနက်နက် ထောက်ခံတင်ပြအပ်ပါသည်ခင်ဗျား။

ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်)

ဥက္ကဌကြီးရှင့် သဘာဝသယံဇာတ ဒေသတွင်းစီးပွားရေးနောက်ကိုသာ အခြေပြပြီး လူအနည်းကသာ ထိုစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိနေတဲ့ အချိန်များမှာ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုမှာ ယခင်စနစ်ဟောင်းက အစိုးရနှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များအပေါ် ဖိအားတစ်စုံတစ်ရာသက်ရောက်မှုမရှိသေးပါဘူး၊ ယခုပေးသော ပြည်သူတစ်ရပ်လုံးကို အကြိုးဖြစ်ထွန်းစေမည့် ဒီမိုကရေစီဖေါ်ဆောင်ရေးကို ကြိုးပမ်းနေရတဲ့အချိန်မှာ ထိုအက်ဥပဒေကို ချမှတ်ထားရှိနေဦးမယ်ဆိုလို့ရှိရင် ပြုပြင်ပြောင်းလဲရေးမူဝါဒများ ချမှတ်ရာမှာ အဟန့်အတား ကြုံတွေ့ရမှာဖြစ်ပြီးတော့ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ထိခိုက်နစ်နာစေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ လူနည်းစုသာ လုပ်ကိုင်ခွင့်ရရှိနေတဲ့အခြေအနေမှ လူအများစုပါဝင်လုပ်ဆောင်နိုင်သည့် အခြေအနေသို့ရောက်ရှိနိုင်ရန် အတွက် နိုင်ငံတကာ ဈေးကွက်အတွင်းဝင်ဆံ့နိုင်ရန်အထူးတလည် လိုအပ်လှပါသည်။။

နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်နိုင်ခဲ့ခြင်း မရှိ၍ မြန်မာနိုင်ငံသည် လုပ်သားအင်အားပေါများပြီး ပို့ကုန်အခြေပြုသည့် စီးပွားရေးဖြင့် အောင်မြင်လျှက်ရှိသော ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် များစွာမှပင်နောက်ကျ ကျန်ခဲ့ပြီဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် ထားရှိသည့် မူဝါဒများ ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးအတွက်ဟုဆိုထားသော်လည်း နိုင်ငံရေးအရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းမရှိသည့် နိုင်ငံများနှင့်ပင် စီးပွားရေးအရလွတ်လပ်စွာ ကုန်သွယ်မှုပြုနေ သည်များလည်း ရှိနေသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းမှုများမှာ ထိုနိုင်ငံများနှင့် ယှဉ်လျှင် များစွာမှပင် သာလွန်မှုရှိနေသည် ဖြစ်သဖြင့် အမေရိကန်ပြည်ထောင်စုအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်မှုပြုလုပ်နိုင်ရန် ခက်ခဲမှုရှိနိုင်လိမ့်မည် မဟုတ်ဟု ယူဆပါသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ချိတ်ဆက်နိုင်သည့် အချိန်အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကူးသန်းရောင်းဝယ်ရေးအရ ချိတ်ဆက်နိုင်သည့် အခြေအနေတွင် အမေရိကန်-မြန်မာ့ဆက်ဆံရေးမှာ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်ပိုမို အကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။ စင်စစ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများက နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို များစွာအထောက်အကူ ပြုနိုင်သည်ဖြစ်ရာ မြန်မာ့စီးပွားရေးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း မည်သို့မျှ ကင်းကွာ၍ မရတော့သည့် အနေအထားသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် မြန်မာနိုင်ငံအပေါ်ထားရှိသည့် နိုင်ငံတကာသဘောထားအမြင်နှင့် မူဝါဒများမှာလည်း မိမိတို့နိုင်ငံအတွက်ပိုမို အကျိုးသက်ရောက်မှုရှိလာနိုင်ပါသည်။ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု (Burmese Freedom and Democracy Act) ဆက်လက်ထားရှိခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက်စေရန်အတွက် ဆိုခဲ့သလို နိုင်ငံတကာဈေးကွက်နှင့် ထိရောက်စွာ ချိတ်ဆက်ထားခြင်းမရှိသည့် မိမိတို့နိုင်ငံအတွက်မူ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်သာ အဟန့်အတားဖြစ်စေပြီး နိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုများ အတွက်မူ လုံလောက်သည့် နိုင်ငံတကာ ဖိအားမျိုးမသက်ရောက်နိုင်ပါ။

ထို့ကြောင့် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမည့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ပေါ်တွင် ကြီးမားစွာအကျိုးသက်ရောက်မှုရှိတဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုကိုပြန်လည် ရုပ်သိမ်းခြင်းမရှိတဲ့အချက်ဟာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုများ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကိုလည်း ထိခိုက်စေပြီး ကျွန်မတို့၏ဖွံ့ဖြိုးမှုနည်းပါးနေသော ဒေသများမှတိုင်းရင်းသားများကိုလည်း ထိခိုက်နစ်နာစေ ပါတယ်။ မြန်မာနိုင်ငံအပေါ်တွင် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းမှာလည်း မြန်မာနိုင်ငံရှိ ပြည်သူများနှင့်တိုင်းရင်းသားများအပေါ် အကူအညီပံ့ပိုးပေးရာ ရောက်ပါလိမ့်မယ်။

သို့ပါ၍ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၏ အဆိုဖြစ်သော “ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖေါ်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံး ရုတ်သိမ်းပေးပါရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူမည်သူကိုမဆို မည်သည့်နည်းလမ်းကိုအသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း”အဆိုကို ကျွန်မဒေါ်ခင်စောဝေမှ လှိုက်လှိုက်လှဲလှဲ ထောက်ခံဆွေးနွေးအပ်ပါတယ်ရှင့်..

ဦးနိုင်ငံလင်း (ဒက္ခိဏသီရိမဲဆန္ဒနယ်)

ဒီအဆိုဟာ ထောက်ခံဆွေးနွေးတာနဲ့ မလုံလောက်တဲ့ အဆိုတစ်ခု ဖြစ်ပါတယ်။ အကြေအလည်ညှိနှိုင်းဆွေးနွေးရမည့် အဆိုတစ်ခုဖြစ်ပါတယ်။ ဥပဒေကြမ်းဆိုရင် ဥပဒေကို နောက်ပိုင်း ဆွေးနွေးခွင့်ရှိပါတယ်။ ဒီလိုအဆိုမျိုးဟာ နောက်ပိုင်းဆွေးနွေးဖို့ အခက်အခဲရှိပါတယ်။ ကျွန်တော်က တိုင်းရင်းသားကိုယ်စားလှယ်ကြီးများက တင်ပြသွားတဲ့အတွက်ကြောင့် အလေးအနက်ထားပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။ မေးချင်တဲ့မေးခွန်းတွေရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့လည်း လိုလားတယ်။ သို့သော်လည်း ဒီစီးပွားရေးပိတ်ဆို့မှုတွေဖယ်ရှားပြီဆိုရင် တကယ်တိုးတက်မှုကို ရမှာလား၊ တိုင်းရင်းသားတွေနဲ့ ပြည်သူတစ်ရပ်လုံး ခံစားခွင့်ရမှာလား၊ ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေတောင်မှ နိုင်ငံတကာနှင့် စီးပွားရေးလုပ်တဲ့အခါမှာ ပညာတတ်လူတန်းစား၊ အထက်တန်းလွှာတွေပဲ ခံစားခွင့်ရတာပါ၊ ဒီအဆိုဟာ ထောက်ခံသင့်တယ်ဆိုပေမယ့် အကြေအလည်ညှိနှိုင်းရမယ့်အဆိုဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ အနေနှင့်ရော ပြည်သူလူထုစီးပွားရေး ပိတ်ဆို့မှုတွေကို ရပ်တန့်လိုက်ပြီဆိုလျှင် တကယ်တန်း လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး အားလုံးကို အာမခံချက်ပေးနိုင်ပြီလား ဒါမျိုးတွေကို ဆွေးနွေးဖို့လိုပါတယ်။ အဓိကပြောချင်တာက ဒီအဆိုကို ထောက်တော့ထောက်ခံတယ်။ သို့သော်လည်း အချက်အလက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ ထောက်ခံသင့်တယ်လို့ ကျွန်တော် ယုံကြည်မိပါကြောင်း တင်ပြလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးကြည်မြင့်(လသာမဲဆန္ဒနယ်)

ကျွန်တော့်အနေနဲ့က မနေ့က မနက်ကပဲ အင်တာနက်ဖွင့်ကြည့်လိုက်တော့ မြန်မာနိုင်ငံကို ပထမဦးဆုံးသော ၁၉၆၂ ကစပြီးတော့ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို ခန့်အပ်လိုက်တယ် ဆိုတဲ့ နောက်မှာ လွန်ခဲ့သော ၇နာရီက သတင်းပါ။ အမေရိကန်သမ္မတကြီး အိုဘားမားကိုတိုင်က မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီးမြုပ်နှံကြတော့ ဆိုပြီး ခွင့်ပြုလိုက်တဲ့တာ ကျွန်တော်ဖတ်လိုက်ရပါတယ်။ ကျွန်တော်တို့က သိပ်ပြီးလောနေစရာမလိုတော့ဘူး ဆိုတဲ့ အဆင့်ကို ရောက်နေပါတယ်။ ကျွန်တော်တို့ စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့ထားတယ်ဆိုတဲ့စကားလုံးတွေ ဖြေလျှော့ထားတယ်ဆိုတဲ့ စကားလုံးတွေလည်းရှိတယ်။ လုံးဝရုပ်သိမ်း တယ်ဆိုတဲ့ စကားလုံးမရောက်သေးတာ ပဲရှိပါတယ်။ Wait and See ပေါ့၊ တစ်ဖက်ကလည်း အခြေအနေ အချိန်အခါအလျှောက် ဖြေလျှော့ပေးရာ နောက်ဆုံးလုံးဝရုပ်သိမ်းတာ ရောက်ရှိမယ့်အနေအထားရှိ ပါတယ်။ မြင်သာပါတယ်။ ကျွန်တော်တို့ဘက်ကလည်းပဲ လုပ်စရာကိုင်စရာတွေကတော့ မကျန်ဘူးမဟုတ် ကျန်ပါတယ်။ ဒါကျွန်တော်တို့ဘက်က ဝန်ခံရမယ့် ကိစ္စတွေ၊ ဆောင်ရွက်ရမယ့်ကိစ္စတွေရှိပါတယ်။ အဲဒီသတင်း နောက်ဆက်တွဲမှာ ပါပါသေးတယ် မြန်မာနိုင်ငံကြီးဟာ သူတို့အတွက် မက်လောက်တဲ့ စီးပွားရေးသယံဇာတ သိုက်ကြီးပဲဆိုတဲ့ စကားလုံး Very Lucrative Treasure ပေါ့၊ သူတို့မလာပဲမနေပါဘူး၊ လာပါမယ်၊ လာနိုင်ဖို့အတွက် လမ်းမဖွင့်ဘဲမနေပါဘူး၊ ဖွင့်ပါလိမ့်မယ်။ သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုလည်း မရောင်းချင်ပဲမနေပါဘူး၊ ရောင်းပါလိမ့်မယ်။ တချို့စီးပွားရေးသမားတွေပြောတဲ့စကားလုံးတွေလည်း ပါပါတယ်။ ငါတို့သိပ်နောက်ကျနေပြီဆိုတာမျိုးပေါ့၊ မြန်မာနိုင်ငံရဲ့ ရေနံနှင့် ဓာတ်ငွေ့တွေက ကိုရီးယားတွေ တရုတ်တွေ၊ အိန္ဒိယတွေ လက်ဦးနေပြီ ငါတို့လည်း သွားရဖို့အတွက်ပြင်ဆင်ကြရမယ်ဆိုတာမျိုးလည်း ပါပါတယ်။ ခုဏပြောတဲ့အဆိုကမှန်ပါတယ်။ ပြီးခဲ့တဲ့နှစ်လောက်ကဆိုရင်တော့ ဒါတော်တော်လေးလိုအပ်တဲ့အဆိုပါ။ သို့သော်လည်း ယခုအချိန်ယခုကာလမှာတော့ ဒီအဆိုဟာ မလိုအပ်တော့ဘူးလို့ မြင်တဲ့အတိုင်း ကျွန်တော်အနည်းငယ်ပါဝင်ပြီးတော့ ဆွေးနွေးရခြင်းဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဦးစိန်ဝင်း (မအူပင်မဲဆန္ဒနယ်)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား တိုင်းပြည်တစ်ပြည်ရဲ့ ကြီးပွားတိုးတက်မှုဟာ အုပ်ချုပ်တဲ့သူရယ်၊ အုပ်ချုပ်ခံရသူရယ်၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ နှစ်ခုကြားမှာရှိတဲ့ စနစ်ရယ် အဲဒီအချက် သုံးချက်က အရမ်းအရေးကြီးပါတယ်။ တစ်ဖက်က Sanction ကိစ္စကို၊ တစ်ဖက်က တွန်းလှန်တဲ့ ကိစ္စများ ဆောင်ရွက်တာကို ကျွန်တော် ထောက်ခံပါတယ်။ ဒါပေမယ့် အဲဒါတစ်ခုတည်းနဲ့ နိုင်ငံကြီးက မတိုးတက်ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ အချက် ၃ ချက်က အရေးကြီးပါတယ်။ ဒီအချက် ၃ ချက်ကို အုပ်ချုပ်တဲ့သူရယ်၊ အုပ်ချုပ်ခံရတဲ့သူရယ် စနစ်ရယ်ဟာ အံဝင် ခွင်မကျဘူးဆိုရင် အမေရိကန် (၃) နိုင်ငံလာလည်း ကျွန်တော်တို့ အတွက် စီးပွားတိုးတက်မှု အလားအလာ မရှိပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ တင်ပြဆွေးနွေးချင်တာ ကတော့ Sanction ကို တစ်ဖက်က လုပ်ပါ။ ကျွန်တော်တို့ရဲ့ အတွင်းအားကို ကျွန်တော်တို့ တည်ဆောက်ဖို့ လိုပါတယ်လို့ ကျွန်တော်တင်ပြဆွေးနွေးချင်ပါတယ်။

Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ