Subscribe to our RSS Feed

မဲဆောက်တွင် 7 July အခမ်းအနား လုပ်ဖို့ပြင်တုန်း ထိုင်းရဲက မလုပ်ခိုင်းတာကြောင့် ဘယ်သူမှ ဘာမှပြန်မပြောရဲပဲ အသာလေး အိမ်ပြန်လာကြရ



ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ OTOP ခမ်းမ မှာ
ဇူလိုင် (၇) ကျင်းပဖို့ ပြည်ပြေးကျောင်းသားများ စုပေါင်း စီစဉ်ခဲ့ပေမယ့် လုပ်ဖို့ပြင်တုန်း ထိုင်းရဲက မလုပ်ခိုင်းတာကြောင့် ဘယ်သူမှ ဘာမှပြန်မပြောရဲပဲ အသာလေး အိမ်ပြန်လာကြရကြောင်း သတင်းရရှိပါတယ်။

ထိုင်းရဲများက နဲနဲလောက် ဖြဲချောက် လိုက်အပြီးမှာ ၁၉၇၄ ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးအောင်စောဦး ဆိုသူက "ဒီအခမ်းအနားကို ၀မ်းနည်းစွာနဲ့ ရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ။" ဟု ပြောဆိုကာ အားလုံး သုတ်ခြေတင် အိမ်ပြန်သွားကြကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာလည်း ၇ ဇူလိုင် နှစ် ၅၀ ပြည့်အခမ်းအနား ကြောင့် ကျောင်းသားများ ထိန်းသိမ်းခံရတယ်လို့ သတင်းများထွက်ခဲ့ပေမယ့် ထိန်းသိမ်းခံရတဲ့ ကျောင်းသားတွေထဲမှာတော့ အသက် ၅၀ ကျော်တာ တစ်ယောက်မှ မပါဘူးလို့ သိရပါတယ်။

Myanmar Express

ဦးဌေးဦး ဒုသမ္မတ သေချာ


ဒုသမ္မတ တစ်ဦး ပြန်လည်ရွှေးချယ်မှုတွင် ပြည်ခိုင်ဖြိုး ပါတီမှာ အထွေအထွေအတွင်းရေးမှုး ဦးဌေးဦးမှာ အသေချာဆုံးနေရာ တစ်ခုတွင် ရှိနေပြီဟု သတင်းရရှိသည်။

ဦးဌေးဦးသည် ယနေ့တွင် ဟင်္သတမြို့ တွင်ရောက်ရှိနေပြီး အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနားတွင်ရောက်ရှိနေ၍ ဒုသမ္မတ ကိစ္စနှင့်ပတ်သတ်ပြီး သတင်းထောက်များကို အခုလို ပြောကြားခဲ့သည်။

"ပထမအချက်အနေနဲ့ပြောရရင် အဲဒီလိုထင်တဲ့သူတွေကို ကျေးဇူးတင်တာပေါ့ဗျာ။ ဒါမကောင်းတဲ့နေရာမှ မဟုတ်ဘဲ။ ကောင်းတဲ့နေရာကို ပြောကြတာပဲ။ ပြောတဲ့ ပရိသတ်တွေကတော့ အများကြီးပဲ။ မေးတဲ့ပရိသတ်တွေကလည်း အများကြီးပဲ။ ဒီအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရမည်ဆိုရင်တော့ အကုန်လုံးက အရေးကြီးတာပဲ။ နေရာတွေ၊ ရာထူးတွေ ဆိုတာထက် အကျိုးရှိအောင် လုပ်ဆောင်မှုက ပိုပြီးအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်လည်း ကျွန်တော့်နေရာမှာ လုပ်နေရတယ်။ အကျိုးရှိအောင်လုပ်နိုင်တယ်ဆိုရင် ကျွန်တော်ပျော်တာပါပဲ။ လူတိုင်းတစ်နေရာထဲမှာ သွားစုနေရင် မဖြစ်နိုင်ဘူး။ နေရာပေါင်းစုံမှာ တာဝန်တွေ ခွဲဝေယူကြရလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ အရေးအကြီးဆုံးက နေရာတွေထက်စာရင် ကိုယ်နေတဲ့နေရာမှာ ကိုယ့်ပြည်သူတွေအတွက် အကျိုးရှိအောင် ဘယ်လောက်လုပ်ပေးနိုင်သလဲ။ ဒါက အရေးကြီးတယ်။ ဒီရာထူးရခဲ့သည်ရှိသော်လို့ဆိုရင် ကျွန်တော်က ဘယ်နေရာပဲရောက်ရောက် ကောင်းအောင် ဆောင်ရွက်သွားမှာပါ။ ရတယ်၊ မရဘူးဆိုတာ ကျွန်တော့်သဘောလည်း မဟုတ်ဘူး။ အခု ပြောနေကြတဲ့သူတွေရဲ့ သဘောလည်းမဟုတ်ဘူး။ ဘယ်သူ ရ၊ မရ ဆိုတာ ရွေးပြီးမှ သိမှာပေါ့။ အခုတော့ ကျွန်တော်လည်း မသိဘူး။ ဇူလိုင် ၁၀ ရက်နေ့မှာ တင်ကြမယ်လို့ ပြောကြတယ်။ တင်ပြီးရင်တော့ အတည်သိရမှာပေါ့။"ဟု ပြန်လည်ဖြေကြားခဲ့သည်။


ဦးဌေးဦးသည် စိတ်ကောင်းရှိပြီး လူထု၏ ဆန္ဒကို အလေးထားသူ တစ်ဦး အဖြစ် နာမည်ကြီးသူ တစ်ဦးဖြစ်သည်။

"ကျွန်တော် တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်၊မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ"

ဦးဌေးဦး (အထွေထွေအတွင်းရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီ)


"သာမန်လူတစ်ယောက်ကလည်း ကိုယ့်ကိုကိုယ် ငါကနိုင်ငံရဲ့ ခေါင်းဆောင်ပဲဆိုတဲ့ စိတ်နဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးကြပါ။ မဲပေးတဲ့ နေ့မှာတော့ ပါတီကိုမလွဲစေနဲ့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးပါ"

ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ ၊ NLD )

Myanmar Express

ပညာမကြိုးစားပဲ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် လုပ်နေသော ကျောင်းသားအချို့အား ပညာကိုသာ ဦးစားပေးသင်ယူပြီး ကြီးမှ နိုင်ငံရေးလုပ်ရန် ခေါ်ယူဆုံးမ


ပညာမကြိုးစားပဲ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် လုပ်နေသော ကျောင်းသားအချို့အား အသက် ငယ်သေးသည့်အတွက် ပညာကိုသာ ဦးစားပေးသင်ယူပြီး ကြီးမှ နိုင်ငံရေးလုပ်ရန် သက်ဆိုင်ရာက ခေါ်ယူကာ ဆုံးမ သြဝါဒ ပေးလိုက်ကြောင်း သတင်းရရှိပါတယ်။

ပညာမကြိုးစားသူများဖြစ်ကြသော ရန်ကုန်မြို့နေ မောင် Dငြိမ်းလင်း၊
မောင်စည်သူမောင်၊ မောင်ရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့ကို သက်ဆိုင်ရာက ယနေ့ညနေ၇နာရီ ၀န်းကျင်တွင် ၄င်းတို့၏အိမ်များသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးမြို့မှ ပညာမကြိုးစားသူ မောင်အောင်မှိုင်းဆန်း၊ မောင်မိုးထက်နေ၊ မောင်သန်းထိုက်၊ မောင်မင်းခန့်တိုနှင့် ရွှေ ဘိုမြို့မှ မောင်ဝသန်၊ မောင်ပြည့်ဖြိုးကျော်၊ မောင်ဝက်သိုး(ခ) ခင်ခင်ဦး၊ မဌေးဌေးဝင်းတို့ကိုလည်း ခေါ်ယူ ဆုံးမခဲ့ကြောင်း သိရပါတယ်။ လားရှိုးမြို့မှ ဟိုယောင်ဒီယောင် လုပ်နေသော မ၀င်းလဲ့ရွှေ၊ မောင်အာကာကိုကို၊ မောင်သိန်းထိုက်ဇော်၊ မောင်စိုးကြည်သာ၊ မောင်ကျော်ကျော်ဦးတို့လည်း ပါပြီး ၄င်းတို့အား ဇူလိုင်၆ရက်ည ၁၀နာရီဝန်းကျင်က သြဝါဒ ခံယူရန် ယဉ်ယဉ်ကျေးကျေး ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

ဆုံးမခံရသော ကျောင်းသားတစ်ဦးရဲ့ မိခင် တစ်ဦးကတော့ အခုလို ပြောပြပါတယ် "သားက အိမ်မှာ စာမကြိုးစားဘူး... နိုင်ငံရေး သမားဆိုပြီး ယောင် ၆၀ ဆယ် လုပ်နေတာ ကြာပြီ... သူ့အဖေကလည်း အားပေးနေတယ်လေ... အခုလို သက်ဆိုင်ရာက ခေါ်ယူ ဆုံးမ ပေးလို့ အရမ်းကျေးဇူးတင်တယ်...." လို့ ဆိုပါတယ်။ ထို ကျောင်းသားရဲ့ ဖခင်ကတော့ "သားကို နိုင်ငံရေး သမားကောင်း ဖြစ်စေချင်တယ်... ဗဟုသုတတွေ လေ့လာပြီး ကျောင်းပြီးရင် ပါတီနိုင်ငံရေးလောက ထဲကို ဝင်ခိုင်းမယ်... ကျောင်းသားဝတ်နဲ့ လုပ်တဲ့ နိုင်ငံရေး သမားတွေလို မဟုတ်ပါဘူး... အဲလို ကျောင်းသားယောင်ယောာင် နိုင်ငံရေး သမားယောင်ယောင် တွေကိုတော့ အထင်လည်းမကြီးဘူး... သားကိုလည်း အတုယူ မမှားစေချင်ဘူး..." လို့ ဆိုပါတယ်။

ပညာမကြိုးစားပဲ ယောင်နန လုပ်နေသော ကျောင်းသားများအား သက်ဆိုင်ရာမှ အသက်ငယ်သေးသည့်အတွက် ပညာကိုသာ ဦးစားပေးသင်ယူပြီး ကြီးမှ နိုင်ငံရေးလုပ်ရန်၊ နဲ့ စာကြိုးစားကြရန် မှာကြားလိုက်ကြောင်း သိရပါတယ်။ သို့သော် ခံဝန်လက်မှတ်ရေုးထိုးခဲ့ရခြင်းမျိုး မရှိကြောင်း သတင်းရရှိပါတယ်။

Myanmar Express

မလေးရှာရောက် အိုဗာစတေးဖြစ်ပြီး အလုပ်ရှာနေသော အစ်မ / ညီမများသို့.....................

မလေးရှားရောက် အိုဗာစတေးဖြစ်နေသော အစ်မ / ညီမများ အတွက် HAPPY TOGETHER RESTAURANT စားသောက်ဆိုင်မှ အခုရက်အတွင်း မိန်းကလေး(၁)ဦးအလိုရှိနေပါသည် .ဆိုင်တည်နေရာကတော့ KUANTAN PAHANG ..မှာပါ .


်ဆုံးဆိုင်ဖြစ်လိမ့်မယ်လိုထင်မိပါသည် ဘာကြောင့်လဲဆိုတော့ အခုဆိုင်က မိသားစုဆိုင်အသေးလေးဖြစ်နေခြင်းကတစ်ကြောင်း ..သူဌေးက kuantan မှာ ဆိုင်ရာလူကြီးတွေကို (၁)လ rm 200 ပေးဆောင်ထားလို့ဘာအစစ်ဆေးမှမလာပါ ..လာမယ်ဆိုရင်လဲ မိနှစ်၂၀ အကွာလောက်မှာကြိုတင်အသိပေးတက်ပါတယ် ပြီးတော့ (အဲယားကွန်းမှန်လုံဆိုင်)လေးဖြစ်နေတာကြောင့် မလေးရောက် မြန်မာ အိုဗာစတေးဖြစ်နေတဲ့ အစ်မ ညီမများအတွက် သင့်တော်လိမ့်မယ်လို့မျော်လင့်မိပါတယ် ( လစာကတော့ အလုပ်စဝင်ချိန်မှာ rm .800 ကျော် rm ..850 ပါ နောက်လုပ်တက်ကိုင်တက်ရင် တိုးပေးမှာပါ မလေးစကား (သို့မဟုတ်) တရုတ်စကားအနည်းငယ်တက်ရင်အဆင်ပြေပါတယ် ..စားသောက်စရာတွေချပေးရုံ သိမ်းရုံလောက်ပါပဲ ကျန်တဲ့စားစရာတွေကတော့ သူဌေးမကိုယ်တိုင် အော်ဒါကောက်ပါတယ် ..ဆိုင်မှာ စပွဲဝိုင်းအားလုံးမှ (၁၁) ဝိုင်းသာရှိပါတယ် စားပွဲဝိုင်း (၃) ဝိုင်းသာလျှင် လူ (၈ )ယောက်လောက်ထိုင်ရပါတယ် အခြားဝိုင်းတွေက လူ (၄)ယောက်ထိုင်လို့ရတယ် ဝိုင်းတွေကြည့်ပါဗျာ ..နားရက်ကတော့ တစ်လကို (၂)ကြိမ်ပါ နှစ်ပတ် (၁) ရက်ပေါ့ ....အလုပ်လုပ်ရတာကလဲသက်သာပါတယ် စနေ တနင်္ဂနွေ (၂) ရက်ကလွှဲရင် တစ်နေကုန်ရောင်းမှ လူဦရေ(၄၀) (၅၀) လာချင်မှလာပါတယ်ဗျာ တစ်ခါတစ်လေ 12.AM မှ 3.00pm အထိ လူတစ်ယောက်မှမလာတာကိုလဲ ကျနော်(၂)နှစ်အတွင်းမှာ (8)ရက်လောက်ကြုံဖူးပါတယ် .စနေ တနင်္ဂနွေမှာလဲ ညပိုင်း (၇)နာရီလောက်ကနေ (၉)နာရီ၁၅ မိနှစ်လောက်သာလူကျတက်ပါတယ် ..ကျန်တဲ့ (၅)ရက်ကတော့ အေးအေးဆေးဆေးပါပဲဗျာ ..နေစရာကတော့ သူဌေးမိသားစုအိမ်မှာပဲနေရပါ့မယ် သူဌေးမဆိုင်လာတဲ့အချိန် မနက် (၁၁)နာရီမှာ ကားနဲ့လိုက်လာရပါမယ် နေစရာအတွက် ရေချိုးခန်းအပါ အခန်းတစ်ခန်းပေးပါ့မယ် ...သူဌေးမိသားစုကလဲ (၃)ယောက်သာရှိပါတယ် လွတ်လွတ်လပ်လပ်နေလို့ရပါတယ်ဗျာ ( ကဲရေး၇တာလဲညောင်းသွားပီ ..စိတ်ဝင်စားပြီးအလုပ်လုပ်ချင်တဲ့ အမိမြန်မာပြည်က အစ်မ၊ ညီမလေးများအမြန်ဆက်သွယ်ကြပါ ။။မှတ်ချက် ကျနော်က ပွဲစားမဟုတ်ပါ ..HAPPY TOGETHER RESTAURT မှာ အလုပ်လုပ်နေတဲ့မြန်မာတစ်ယောက်သာဖြစ်ပါသည် ...ကူညီနိုင်တာရှိရင်ကူညီပေးပါ့မယ်ဗျာ ပွဲစားလိုလူရအောင်ကောင်းတာတွေရေးတင်ထားခြင်းလုံးဝမဟုတ်ပါကြောင်း .မိသားစုဆိုင်အသေးလေးဖြစ်တဲ့အတွက် အန္တရာယ်ကင်းပါတယ် အဖမ်းဆီးမကြောက်ရပါ .သူဌေးကိုယ်တိုင်ချက်ပါတယ် သူဌေးမကိုယ်တိုင် စားစရာ သောက်စရာ အော်ဒါကောက်ပါတယ် ....အခုအလုပ်လုပ်ချင်သူက စားစရာ သောက်စရာများချပေး ...သိမ်းပေးရပါ့မယ် ...စိတ်ဝင်စားရင်တော့ အမြန်ဆုံး ဆက်သွယ်ကြပါရန် မလေးရှာရောက် အိုဗာစတေးအစ်မ ..ညီမများ ပါမစ်ရှိလဲရပါတယ် ...ဆက်သွယ်ရန် .. ၀၁၆ ၉၈၈၅၅၄၀...........016 9885540..



Myanmar Express

ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် အဖွဲ့ စစ်တွေသို့ရောက်ရှိ

From : မောင်အေး (narinjara)


ပြည့်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

သူရ ဦးရွှေမန်းနှင့် အတူ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးမောင်ညို၊ ဒေါ်ခင်စောဝေနှင့် ဦးဘရှင်တို့လိုက်ပါလာကြောင်း ရတပ ပါတီခေါင်း ဆောင်တဦးက ပြောသည်။

“ ဟုတ်ကဲ့ ဒီနေ့မနက်ပိုင်းက ရောက်ပါတယ်။ ကျွန်တော်တို့ပါတီက ပြည့်သူက လွှတ်တော် ကိုယ်စားလှယ် သုံးဦး လည်းပါတယ်။ ကျွန်တော်တို့နဲ့တော့ မတွေ့ရသေးဘူး။ နေ့လည်ပိုင်း လောက်မှ တွေ့ရမယ်လို့ သိရတယ်” ဟု အဆိုပါ ရတပ ပါတီခေါင်းဆောင်ကပြောသည်။

ဦးရွှေမန်း ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှာ မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင် မြို့များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ဦးရွှေမန်းနှင့်အဖွဲ့မှာ ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး လာရသူ ဒုက္ခသည်များနှင့် နေအိမ်များမီးရှို့ခံရသည့် ဒုက္ခသည်များကို လွှတ်တော် ကိုယ်စားလှယ်များ၏ သုံးရက်စာ စရိတ် သိန်းပေါင်း ၁၂၀ ကျော်ကို လှူဒါန်းရန် လာရောက်ခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

ယခုလက်ရှိ စစ်တွေမြို့ တွင် နေအိမ်မပြန်နိုင်သည့် ဒုက္ခသည်အများအပြားရှိပြီး လုံးခြုံရေးအရလည်း ပိုသတိထားနေရကြောင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦး ဖြစ်သူ ကိုအောင်ကျော်ညွန့်က ယခုကဲ့သို့ ပြောသည်။

“လုံခြုံရေးအခြေအနေက အခုပိုသတိထားရတယ်။ ဘာကြောင့်လည်းဆိုတော့ အရင်ကလို အုပ်စုလိုက် တိုက် ထိုက်တွေ့ တာမရှိပေမဲ့ မသမာသူတွေက ဟိုက တယောက် ဒီက တယောက် ပေါ်လာပြီး နေအိမ်တွေကို မီး လျှို့ဖို့ကြိုးစားတာတွေရှိနေတယ်” ဟု ပြောသည်။

ဇွန်လ ၅ ရက်နေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အမ်းမြို့နယ် မဲဆန္ဒနယ်မြေမှ ဦးသိန်းဆွေက ရခိုင် ပြည်နယ် တွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေသည့် ဒေသခံဒုက္ခသည်များအား မိမိတို့နေ့ စားစရိတ် ၃ ရက်စာကို စုပေါင်းလှူဒါန်းရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီနှင့် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့က ပြည်သူ့လွတ်တော် များပါဝင်သည့် အဖွဲ့ တဖွဲ့စေလွှတ်ရန် တိုက်တွန်းခဲ့သည်။

Myanmar Express

ရန်ကုန်ရောက် တရုတ်မင်းသားကို မြန်မာလူထုက နွေးထွေးစွာကြိုဆို

ရန်ကုန်ရောက် တရုတ်မင်းသားကို မြန်မာလူထုက နွေးထွေးစွာကြိုဆို ခဲ့ကြကြောင်း သတင်းရရှိသည်။ ဂျက်ကီချန်းသည် မန္တလေးလေဆိပ်မှ ဇူလိုင်(၇)ရက် နံနက် ၉ နာရီ ၁၀ မိနစ် ခန့်က လေယာဉ်ဖြင့် ထွက်လာပြီး ယခု ၁၀ နာရီ ၃၀မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ရောရှိလာကာ ရွှေကျင်ကျောင်းတိုက်သို့ ဆက်လက် ထွက်ခွာသွားသည်။












မြန်မာပြည်သူတို့ အသဲစွဲ တရုတ်မင်းသား ဂျက်ကီချန်းက ဆီဒိုးနားဟိုတယ်တွင် ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ကျော်တွင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး သတင်းဌာန များမှ သတင်းထောက်ပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့သည်။

““ မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ပတ်သက်လို့ ပညာရေး၊ လူကုန်ကူးမခံရရေး၊ HIV/AIDS ကူးစက်မှုတာဆီးရေးနဲ့
မိဘမဲ့ကလေးတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားဖို့ရှိပါတယ်”” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဂျက်ကီချန်းကပြောသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော ကလေးငယ်များနှင့်ပတ်သက်၍ အကူအညီ တောင်းခံလာမည်ဆိုပါက လိုအပ်သော အကူအညီများကို မိမိအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ဂျက်ကီချန်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ခရီးစဉ်တွင် ဇူလိုင် ၅ ရက်က မန္တလေးမြို့၊ ၆၂လမ်းနှင့် လမ်း ၃၀ထောင့်ရှိ မြန်မာနိုင်ငံ ဗုဒ္ဒဘာသာမိဘမဲ့ ကလေးများ စောင့်ရှောက်ရေးကျောင်းသို့
သွားရောက်ခဲ့ပြီး ယင်းနေရာမှ ကလေးငယ်များနှင့်တွေ့ဆုံခဲ့သလို
့ဇူလိုင်လ ၆ ရက် ညနေပိုင်းတွင် ပြည်ကြီးတံခွန် မြို့ နယ် အမှတ် ( ၂၂ ) အခြေခံပညာ အလယ်တန်းကျောင်း၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းနှင့်တိုင်းရဲတပ်ဖွဲ့ရုံးသို့
သွားရောက်ခဲ့သည်။

၎င်းသည် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်ကရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ
ရွှေကျင်မြို့နယ်အသင်း ဓမ္မာရုံသို့ သွာရောက်ခဲ့ကာ ကလေးသူငယ်များနှင့်တွေ့ဆုံခဲ့သည်။

““ မြန်မာပြည်မှာ ကျွန်တော့်ကိုတွေ့တဲ့ ကလေးတိုင်းလိုလိုက
ကျွန်တော်ကို အားကျနေတယ်။ လူကုန်ကူးခံရတဲ့ကလေးတွေရော ယောကျာ်းလေး မိန်းကလေး၊ သူတို့ကိုသူတို့ ပိုမိုကောင်းမွန်တဲ့ ဘ၀တွေ
တည်ဆောက်သွားနိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ သူတို့ရဲ့အကောင်းမြင်တဲ့ စိတ်ဆန္ဒတွေကို ကျွန်တော် လှိုက်လှိုက်လှဲလှဲလေးစားမိပါတယ်”” ဟု ဂျက်ကီချန်းက တွေ့ဆုံခဲ့ရသည့် လူကုန်ကူးခံရသောကလေးငယ်များနှင့် ပက်သက်၍ သူ၏အမြင်ကိုပြောသည်။

၎င်းသည် မြန်မာနိုင်ငံတွင် ၃ ရက်ကြာနေထိုင်ပြီးနောက် ဇူလိုင် ၈ ရက် နံနက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၄င်းအတွက် အသစ်အဆန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင်အချိန်များက မြန်မာနိုင်ငံနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုသာ သိရှိခဲ့ခြင်းသည် မိမိသိရှိသော အရာအားလုံးဖြစ်ကြောင်း ၄င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် ဇူလိုင် ၈ ရက် တွင်တရုတ်နိုင်ငံဘေဂျင်းသို့ ထွက်ခွာမည်ဖြစ်ပြီးဘေဂျင်းမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အာဖကန်နစ်စတန်သို့သွားရောက်မည်ဟုသိရသည်။


Myanmar Express

စစ်တွေတွင် ရခိုင်အမျိုးသမီး အလောင်းနှင့် လူမပါသော သရက်သီး အပြည့်ဖြင့် သမ္ဗာန်နှစ်စီး ဆယ်ယူရရှိ

From : narinjara

စစ်တွေမြို့ ကျေးတော ရွာမ ပိုက်ဆိပ်တွင် ရခိုင် အမျိုးသမီး အလောင်းတစ်လောင်းနှင့် လူမပါသော သရက်သီး သမ္ဗာန် နှစ်စီးကို ဆယ်ယူ ရရှိခဲ့သည်ဟု သတင်း ရရှိသည်။

“ သီးခြားစီ ရရှိတာပါ ခင်ဗျား။ အမျိုးသမီး အလောင်းကို ရေထဲက သက်သက် ဆယ်ယူ ရရှိခဲ့တာ ဖြစ်ပါတယ်။ သရက်သီး အပြည့်နဲ့ သသမ္ဗာန် နှစ်စီးကိုလည်း ကမ်းကပ်လာတဲ့ အတွက် သီးခြားစီ ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ စစ်တွေရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးမှာ မည်သူ မည်ဝါ ဖြစ်သည်ကို ယခု အချိန်ထိ မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။

သရက်သီး သသမ္ဗာန်နှစ်စီးတွင်လည်း သရက်သီး အပြည့်ပါရှိပြီး လူများ မပါရှိကြောင်း သူက ဆိုသည်။

“ အခုက စုံစမ်းတုန်းဘဲ ရှိသေးတယ်။ ဘယ်လို ဖြစ်ပြီး အလောင်းရော သသမ္ဗာန်တွေရော ဒီနေရာမှာ ကမ်းလာပါးသလဲဆိုတာ စုံစမ်းတုန်းဘဲ ရှိပါသေးတယ်” ဟုသူက ဆက်ပြောသည်။

စစ်တွေ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ကျေးတော ပိုက်ဆိပ်မှာ သူတို့စခန်း အပိုင် မဟုတ် သဖြင့် မပြောကြားနိုင်ကြောင်း ပြောကြားပြီး ဖုံးချသွားခဲ့သည်။

၎င်းပြင် ပေါက်တောမှ စစ်တွေသို့ ထွက်ခွာလာသော စက်လှေ တစ်စီးကိုလည်း မသမာသူ ဆူပူ အကြမ်းဖက်သမားများက မြစ်မှ ဖြတ်၍ တိုက်ခိုက်ခဲ့သည် ဆိုသော် သတင်းများ ထွက်ပေါ်နေကြောင်း၊ သို့သော်လည် လောလောဆယ်တွင် အတည်မပြုနိုင်သေးကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးမှ ပြောကြားသည်။

Myanmar Express

အစားထိုးယာဉ် တင်သွင်းခွင့်အတွက် အစီးရေ ၅ သောင်းကျော် ထုတ်ပေးပြီးဖြစ်


From : MRTV-4

ပည်တွင်းမှာ မြို့ပြ အင်္ဂါရပ်နဲ့ ကိုက်ညီစေဖို့ အတွက် သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ အိုဟောင်း ယာဉ်များကို အပ်နှံစေကာ အစားထိုးယာဉ် တင်သွင်း ခွင့်ပြု ယာဉ်များ

အတွက် ပါမစ် ထုတ်ပေးလျက် ရှိပါတယ်။ ဒီလို အစားထိုး တင်သွင်းခွင့်ပြု ယာဉ်များ အတွက် ပါမစ်ထုတ်ပေး လျက်ရှိရာ ဇွန်လ ၂၉ ရက်နေ့ အထိ ပါမစ် ထုတ်ပေးပြီး မှုဟာ အစီးရေ ၅၁၀၁၈ စီး ရှိနေပြီ ဖြစ်တယ်လို့ ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်တဲ့ သတင်းများ အရ သိရပါတယ်။

ဒီလို အိုဟောင်း အစားထိုး တင်သွင်းခွင့်ပြု ယာဉ်များ အတွက် ပါမစ် ထုတ်ပေး ထားတဲ့ ယာဉ်အစီးရေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ ကစပြီး ယခု ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ထိ ပါမစ် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အိုဟောင်း ယာဉ်များ အစားထိုး ယာဉ်တင်သွင်းမှုဟာ အနိမ့်ဆုံး ၉၆ မော်ဒယ် ကနေ အမြင့်ဆုံး ၂၀၀၆ မော်ဒယ် အထိ ကားအမျိုးအစားများကို တင်သွင်း ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို အိုဟောင်း အစားထိုး ယာဉ်များ အစားထိုး တင်သွင်းရာမှာ ဇွန်လ ၂၉ ရက်နေ့ အထိ ရရှိထားတဲ့ စာရင်းများအရ လူစီးယာဉ် အစီးရေ ၄၇၁၆၁ စီး၊ ကုန်တင်ယာဉ် အစီးရေ ၂၉၃၆ စီးနဲ့ ခရီးသည်တင် ယာဉ် ၉၂၁ စီး စုစုပေါင်း အစီးရေ ၅၁၀၁၈စီး ကို ပါမစ် ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

ခွပ်ဒေါင်းအလံသည် ဗကသ ရဲ့ အမှတ်တံဆိပ် Symbol , Trade Mark ဖြစ်တယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ ဗကသ မရှိမခြင်း ဒီအလံကို အသုံးမပြုသင့်ဘူး


From : ရဲဘော်အောင်ထက်

ပြောချင်တာက ခွပ်ဒေါင်းအလံသည် ဗကသ ရဲ့ အမှတ်တံဆိပ် Symbol , Trade Mark ဖြစ်တယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ ဗကသ မရှိမခြင်း ဒီအလံကို အသုံးမပြုသင့်ဘူးလို့ဆိုတာပါ။ မူပိုင်ခွင့် ကိုပြောတာပါ။ ပြည်တွင်းမှာ စစ်မှန်တဲ့ဗကသကို အကြောင်းအမျိုးမျိုးကြောင့်မဖွဲ့နိုင်ဘူး၊ ခုပဲကြည့် ဗကသ (၇၅)၊ ဗကသ (၈၈) ၊ဗကသ (၉၆)၊ ဗကသ (၂၀၀၇) ဆိုပြီး အမျိုးမျိုးကွဲနေတာ၊ စဉ်းစားကြည့်ပေါ့ဗျာ။ ဘယ်သူ့ကို ဒီအလံအပ်မှာတုံး။ မဖွဲ့နိုင်သေးလို့ သင့်ရာယူသုံးမယ်ဆိုလို့သင့်တော်ပါ့မလား၊ အဖေဘယ်ရောက်နေမှန်းမသိလို့ အိမ်ရောင်းပြီးအမွေခွဲလိုက်ပြီဆိုတဲ့ သားသမီးတွေလို ဖြစ်မှာပေါ့။ ခွပ်ဒေါင်းဆိုတဲ့အလံသာမက ခွပ်ဒေါင်းဆိုတဲ့ အသုံးအနှုန်းက အရင်မြန်မာစာမှာ မရှိပါ။ ဗကသ ဖွဲ့တော့မှာ ခေတ်စမ်းစာရေးဆရာများက တီထွင်ပေးခဲ့တာပါ။ ( တို့ဗမာအစည်းအရုံးသမိုင်းစာအုပ် ကို ကြည့်ပါ။) ရှေးယခင်က ရှိပြီးသားစကားမဟုတ်ပဲ စာရေးသူတစ်ဦးထွင်သုံးတဲ့စကားကို လိုက်သုံးလို့ မြန်မာစာပေလောကမှာ မူပိုင်ခွင့်တရားတစ်ဘောင်ဖြစ်တာ သိပုံမရပါ။ ဥပမာ လေအေးလို့ သုံးရင် ဘယ်သူသုံးသုံး ရပါတယ်။ ဒါပေမယ့် လေနုအေး လို့သုံးရင်တော့ ဆရာတာရာကို ခွင့်တောင်းရမယ်။ ဒီသဘောပါ။

Myanmar Express

မိမိရင်သွေး ဆုံးရှုံးရတဲ့ထိတော့ မချက်လိုက်ပါနဲ့ ကြူကြူမမရယ်


ထမင်းမေ့ ၊ဟင်းမေ့ ထိုင်ချက်နေတာ၊ အွန်လိုင်းထိုင်သုံးနေမိတာလောက်ကို လွန်လှပြီးလို့ တွေးနေမိတာ။ ထိုထက် အဖြစ်ဆိုးသူတွေလဲ ရှိနေပါလား။

ပြီးခဲ့တဲ့လက ဂျပန်နိုင်နိုင်ငံမှာ Yumiko Takahashi ဆိုတဲ့ အမျိုးသမီးကို ချက်တင်ထိုင်ရာမှ မိမိကလေးကို မေ့လျော့ပြီး ကလေးသေဆုံးသည့်အထိ ဖြစ်ပွားခဲ့လို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

Yumiko Takahashi ရဲ့ ၁၉ လအရွယ်သားလေး Neo ဆိုတဲ့ သားလေးဟာ ဇွန်လ(၂၄)ရက်နေ့က စပြီး ကိုယ်အပူချိန်တွေ အရမ်းမြင့်တက်နေတာကိုတော့ မိခင်က သတိထားမိပါတယ်။ ဒါပေမဲ့လဲ ကလေးကို အိပ်ရာပေါ်မှာ လှဲသိပ်ထားပြီး ချက်တင်ဝင်နေရာတာနဲ့ နေမကောင်းတဲ့ ကလေးကို မေ့လျော့နေလိုက်တာ ကလေးက ဇွန်လ(၂၆)ရက်နေ့ (၂)နာရီ ၀န်းကျင်လောက်မှာ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားလို့ မိခင်က ချက်ချင်းသိသေးတာ မဟုတ်ပါဘူး။ သနားစရာကလေးလေး အမေလုပ်သူ ထိုင်ချက်နေလိုက်တာ သေဆုံးနေတဲ့ အသက်မဲ့ ခန္ဓာကို (၂၇)ရက်နေ့ မနက်ကျမှပဲ သိခဲ့ရတာပါ။ သေဆုံးပြီး တစ်ရက်နီးပါး နောက်ကျပြီးမှ သိခဲ့ရတာပါ။

Takahashi, 29ကို ကလေးငယ်သေဆုံးမှုနဲ့ သက်ဆိုင်ရာက အရေးယူခဲ့ပါတယ်။ သူမရဲ့ ၀န်ခံချက်အရ သူမ၏ ကလေး သေဆုံးမှုမှာ ယခုတစ်ကြိမ်သာ မဟုတ်ခဲ့ရပါကြောင်း။

ပထမ ရင်သွေးလေးမှာ မွေးဖွားပြီး ရက်အနည်းငယ်တွင် သေဆုံးသွားခဲ့ရပြီ၊ဒုတိယ သားလေးမှာလဲ သူမအိမ်ရဲ့ ၀ရံတာမှ လိမ့်ကျကာ သေဆုံးခဲ့ရပါတယ်။

ကျွန်မရဲ့ ဒုတိယသားလေး ၀ရံတာမှ လိမ်ကျသေဆုံးပြီးခဲ့ချိန်က စပြီး ဖြေမဆည်နိုင်ခဲ့တဲ့ ကျွန်မ အွန်လိုင်းပေါ်မှာ အချိန်တွေ ကုန်စေရင်း မွန်းကြပ်နေတဲ့ စိတ်ကို ဖြေဖျောက်ခဲ့တာပါ။ ဒီ (၃) နှစ်ဆိုတဲ့ အချိန်ကို အွန်လိုင်းပေါ် ချက်တင်ထိုင်ရင်းနဲ့ ကုစားနေခဲ့တာ ဒီအွန်လိုင်းရောဂါကြီး ဆွဲပြီး ခုလို ဖြစ်သွားတဲ့ အထိပါပဲလို့ ထွက်ဆိုခဲ့ပါတယ်။

ဝေဒနာကို ကုစားဖို့ ချက်တင်ဝင်ချင်တဲ့သူများ မိမိရောဂါ မလွန်ကျွံပါစေနှင့်။ Takahashi ကို သတိပြုပြီး မိမိကိုယ်ကို ထိန်းသိမ်းနိုင်ကြပါစေ။

Myanmar Express

ဘာလဲဟဲ့ ဗကသ


From : ရဲဘော်အောင်ထက် ( ဒေါင်းယောင်ဆောင်သူများ )

မြန်မာသမိုင်းမှာ ဒေါင်း ဟာ အထင်ကရအမျိုးသားလက္ခဏာဖြစ်တယ်။ မြန်မာဘုရင်များနဲ့ ဘီအိုင် အေ၊ ဘီဒီအေ တပ်များရဲ့အလံတွေမှာ ကဒေါင်း ကိုသုံးခဲ့တယ်။ အင်္ဂလိပ်လက်အောက်မှာ ရန်ကုန် တက္ကသိုလ်ပေါ်လာတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂက ခွပ်ဒေါင်းအလံကို သုံးခဲ့တယ်။ အဲဒီအချိန်ကစလို့ ခွပ်ဒေါင်းနဲ့ကျောင်းသားလှုပ်ရှားမှုကို တွဲမြင်ခဲ့တယ်။

ဒါပေမယ့် အဲဒီအချိန်က ဗကသ ဟာ ကျောင်းသားအရေး၊ ပညာရေး ဒါတွေကိုပဲ လုပ်ခဲ့တယ်။ ဗကသ ၀င်ကျောင်းသားများဟာ နိုင်ငံရေးကို လေ့လာတာရှိတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့် နိုင်ငံရေးလုပ်တာနဲ့ ဗကသ ကထွက်ပြီး သခင်ဘွဲ့ကို ခံယူခဲ့တာပါ။ ဒါ့ကြောင့် ဗကသ ခေါင်းဆောင် ကိုအောင်ဆန်းဟာ ဗကသ ကထွက်ပြီး သခင်အောင်ဆန်းအဖြစ်နဲ့ နိုင်ငံရေးလုပ်ခဲ့တယ်။ ကိုနုက သခင်နုဖြစ်သွားခဲ့တယ်။ ဗကသ ထဲမှာ ကျန်ခဲ့တဲ့ ကိုဗဆွေ၊ ကိုကျော်ငြိမ်း တို့က သခင်ဘွဲ့မခံခဲ့ဘူး။ ဒါ့ကြောင့် ဂျပန်ဝင်လာတဲ့အထိ ဦးဗဆွ၊ ဦးကျော်ငြိမ်းအဖြစ်နဲ့ရှိနေခဲ့တယ်။ အဲဒီအချိန်က ဗကသ ကို ရန်ကုန်တက္ကသိုလ်မှာ ရှိတဲ့ကျောင်းသားများက တစ်ညီတစ်ညွတ်တည်းရွေးခဲ့ တာပါ။ ဗကသအဖွဲ့ဝင်ဖြစ်ရမယ့်သူကို တိကျတဲ့ စည်းကမ်းချက်တွေနဲ့ သတ်မှတ်ခဲ့တယ်။ အခုလို လေးတန်းကျောင်းသား၊ ဘုန်းကြီး ကျောင်းသား၊ အဝေးသင်ကျောင်းသား၊ ပိုလီကျောင်းသား၊ ကျောင်းထွက်ပြီး စတေးရှောင်နေသူများ ဗကသ နံမည်ခံခွင့်မရှိဘူး။ ဒါ့ကြောင့် ဗကသ ဟာ ကျောင်းသားထုအများစုကို ကိုယ်စားပြုတယ်။ ဗကသရဲ့ အလံ ခွပ်ဒေါင်းဟာလည်း ကျောင်းသားထုကို ကိုယ်စားပြုတယ်လို့ လက်ခံခဲ့ကြတယ်။

လွတ်လပ်ရေးရလာတော့ တက္ကသိုလ်ထဲမှာ တိုးတက်၊ DSO ၊ ရဲခေါင် စသည်ဖြင့် နိုင်ငံရေးပါတီ လက်ဝေခံကျောင်းသားအဖွဲ့တွေ ပေါ်လာတယ်။ ဗကသ ဟာ ကျောင်းသားထုကို ကိုယ်စားပြုတာ မဟုတ်တော့ဘဲ ပါတီတွေက ကျောင်းသားလောကကို ချုပ်ကိုင်ဖို့ ပြိုင်တဲ့နေရာ ဖြစ်လာခဲ့တယ်။ အဲဒီမှာ ဗကသ ရဲ့ အခန်းကဏ္ဍရော၊ ခွပ်ဒေါင်းရဲ့အခန်းပါ ပျောက်ခဲ့တယ်။ ဗကသ ရွေးချယ်ပွဲတွေမှာ လွှတ်တော် ရွေးကောက်ပွဲတွေလိုပဲ မဲဆွယ်ကြ၊ အပုတ်ချကြနဲ့ ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရတယ်။

၈၈ အရေးအခင်းကျတော့ ကျောင်းသားလှုပ်ရှားမှုက နှစ်ခြမ်းကွဲခဲ့တယ်။ ရန်ကုန်တက္ကသိုလ် ထဲမှာ အခြေပြုတဲ့ မင်းဇေယျာတို့က မကသ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ) ၊ ဆေးရုံကြီးမှာ အခြေပြုတဲ့ မိုးသီးဇွန်တို့က ဗကသ ဆိုပြီး လုပ်တယ်။ တကယ်တော့ ကျောင်းသား အများစုဆန္ဒမဲနဲ့ ရွေးခဲ့တာလည်းမဟုတ်ဘူး၊ တူရာ လူနှစ်ဆယ်သုံးဆယ်စု။ မကသ ဖွဲ့တယ်ကွာ၊ ဗကသ ဖွဲ့တယ်ကွာဆိုပြီး ချခဲ့ကြတာ။ ဘွဲ့နှင်းသဘင်ထဲမှာ ဗကသ၊ မကသ ဖွဲ့တော့ မကသ က ခန်းမကြီးထဲမှာ အစည်းအဝေးလုပ်ပြီး ဖွဲ့တယ်။ မိုးသီးတို့က နောက်ဘက်က အခန်းထဲမှာ ဗကသ ဆိုပြီးဖွဲ့တယ်။

ပြီးတော့ ဘွဲ့နှင်းသဘင်ရှေ့က စင်ပေါ်တက်ပြီး ကိုကိုကြီးက ကျွန်တော်တို့ ဗကသ ဖွဲ့ပါမယ်။ ခေါင်းဆောင်အဖြစ် ဒီလူတွေကို အမည်စာရင်းတင်ပါတယ်ဆိုပြီး မိုးသီးတို့ မင်းကိုနိုင်တို့ပါတဲ့ အမည်စာရင်းကို ဖတ်ပြ၊ သဘောတူရင် လက်ခုတ်တီးပါဆိုပြီး ပြော၊ မြက်ခင်းပြင်မှာ ထိုင်ပြီး စင်ပေါ်ဘယ်သူတက်တက် လက်ခုတ်တီးတဲ့ ပရိတ်သတ်ကြီးက လက်ခုတ်တီး။ ဒါဆို ဖွဲ့ပြီးပြီ။ ဒီလိုနဲ့ ဗကသ ၊ မကသ၊ ရကသ ဗကသ ( အထက်မြန်မာပြည်)၊ ဆိုပြီးပေါ်လာကြတယ်။ ဗကသ နဲ့ မကသ ဘယ်သူက ပိုအကောင်ကြီး တယ်ဆိုပြီး မိုးသီးနဲ့ မင်းဇေယျာ စားမာန်ခုတ်ခဲ့ကြတယ်။ အဖွဲ့အားလုံးကတော့ ဒေါင်းအလံကတစ်ပြားသားမှ မလျှော့ခဲ့ဘူး။

၈၈ မှာ စစ်တပ်က အာဏာသိမ်းပြီး ပါတီတွေ ဖွဲ့ခွင့်ပေးတော့ ကျောင်းသား အခြေခံတဲ့ ပါတီပေါင်း လေးဆယ်နီးပါး ပေါ်လာခဲ့တယ်။ ဒီတစ်ခါတော့ ကျောင်းသားတွေ ခွပ်ဒေါင်းမသုံးခင် အင်န်အယ်လ်ဒီက ခွပ်ဒေါင်းကို ဦးအောင်ယူသွားခဲ့တယ်။ ဒါကြောင့် အေးလွင်တို့အုပ်စုက အင်န်အယ်လ်ဒီကို စာရေးပြီး ခွပ်ဒေါင်းက ကျောင်းသားတွေနဲ့ပဲ ဆိုင်တယ်။ ပြန်ပေးဆိုပြီး ကန့်ကွက်ခဲ့တာပါ။

တကယ်တော့ ခွပ်ဒေါင်းအလံဟာ ဗကသရဲ့ တရားဝင်အလံပါ။ အဲဒီဗကသ ကလည်း ဗိုလ်ချုပ်တို့တုန်းကလို ကျောင်းသားအားလုံးက တစ်ညီတစ်ညွတ်တည်း မဲပေးရွေးထားတဲ့အဖွဲ့ ဖြစ်ရပါမယ်။ နှစ်ယောက်တစ်ပိုင်းနဲ့ဖွဲ့ပြီး ဗကသ အမည်ခံလို့မရပါဘူး။ ပါတီတစ်ခုက ယူပြီး သုံးလို့လည်း မရပါဘူး။ ဒါ့ကြောင့် လွတ်လပ်ရေးရထဲက ခွပ်ဒေါင်းအလံကို တရားဝင်သုံးခွင့်ရှိတဲ့ ကျောင်းသားအဖွဲ့ မပေါ်သေးဘူးလို့ ဆိုရမှာဖြစ်တယ်။

အခုလဲ အင်တာနက်ပေါ်မှာ ခွပ်ဒေါင်းကို အလွဲသုံးစားလုပ်တဲ့လူတွေ ပေါ်လာပြန်ပြီ။ ဒေါင်းကွင်း သို့မဟုတ် ဒေါင်းတို့ဘုံယံသာ ဆိုပဲ။ သူတို့ရေးတာ ဖတ်ကြည့်တော့လည်း အစိုးရကို အတင်းပြော၊ အစိုးရဘက်က ရပ်တည်တယ်လို့ထင်တဲ့ ဘလော့ဂ်တွေကို ဝေဖန် ဒါဘဲလုပ်နေတာ တွေ့ရတယ်။ ဒီလူတွေက ပြည်တွင်းလှုပ်ရှားမှုတွေမှာ မပါခဲ့ဘူးပဲ ပြည်ပရောက်နေရာကနေ သူများယောင်လို့ ၀င်ယောင်တဲ့ ခါတော်မီ ဒီိမိုကရေစီတွေဆိုတာ ထင်ရှားတယ်။ ဘာလို့လည်း ဆိုတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ နကန်းတစ်လုံးတောင်မသိဘူး၊ စက်တင်ဘာအရေး အခင်းကို အင်တာနက်နဲ့ ရုပ်သံမှာကြည့်ပြီး စစ်တပ်ကို ချမယ်ဆိုပြီး ထလုပ်တဲ့ နိုင်ငံရေးသူငယ် နှပ်စားတွေပါ။ တစ်ချို့ကတော့ စားကောင်း၊ သောက်ကောင်းအောင် အနေချောင်အောင် ၀င်ယောင်တဲ့လူတွေဆိုတာ သူတို့ပြောတာ၊ ရေးတာကြည့်ရင် သိနိုင်တယ်။ အလှုရှိလို့ ၀င်ရုပ်ရုပ် လုပ်ပြီး ထမင်းစားတဲ့ အပေါက်မျိုးပါ။ ဥပမာ စင်္ကာပူ ပိုလီကကောင်တွေလိုပေါ့။ ဒီလိုလူတွေ က ဒေါင်းနံမည်ခံတာကတော့ ခုနက ပြောတဲ့ ပြည်တွင်းမှာ နှစ်ယောက်တစ်ပိုင်းနဲ့ အဖွဲ့ဖွဲ့တဲ့ကောင်တွေထက် ပိုပြီး ရင်နာဖို့ကောင်းပါတယ်။

ကျွန်တော်က စာရေးတော့ ရဲဘော်အောင်ထက်၊ သူတို့ C Box ထဲမှာ တုတ်ကြီး ဆိုတဲ့ နံမည်နဲ့ ၀င်ပြောတော့ ကျွန်တော့်ကို ကောင်းကောင်းဝေဖန်တယ်။ ခက်တာက စာရေးသူ တစ်ယောက်ဟာ ရေးချင်တဲ့ အကြောင်းအရာ၊ ရေးတဲ့နေရာ၊ ရေးတဲ့ပုံစံကိုလိုက်ပြီး ကလောင်အမည် အမျိုးမျိုးထားတယ်ဆိုတာ သိပုံမရပါ။ စာလည်းဖတ်ဖူးဟန်မတူပါ။ ဆရာမြသန်းတင့်မှာ ကလောင်အမည်ခွဲတွေ အများကြီးရှိခဲ့တယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတောင်မှ မစိန်ညွန့်ဆိုတဲ့ ကလောင်နဲ့ မော်လမြိုင်နတ်လမ်းညွှန်ဆိုတဲ့ စာတွေရေးဖူးတယ်ဆိုတာ သိပုံမရပါ။ ဘလော့ဂ်ပေါ်လာမှ ကိုယ့်ဘာသာကိုယ်ကြိုက်တာရေး၊ ကိုယ်ပဲ အယ်ဒီတာနဲ့ ထင်ရာစိုင်းနေပုံပါပဲ။ ပြီးတော့ C box မှာအချင်းချင်းပြန်မြှောက်နဲ့ မနော တွေ့နေပုံပါဘဲ။ သူတို့တွေ ဘလော့ဂ်စင်မြင့်ပေါ်တက်ပြီး မပီကလာ ပီကလာ ပြောနေပုံကို ဖတ်ရင် အူတက်မတတ် ရယ်ရပါတယ်။

ဒီလိုလူတွေက ဒေါင်းနံမည်ခံတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပဲ။ သူတို့ထက် ၀ါရင့်တဲ့ မိုးသီးတို့အုပ်စုတောင် မသုံးသင့်ရင် ဒီဒေါင်းကွင်းအမည်ခံ ကိုယ်တော်များက ပိုပြီး ဝေးတာပေါ့။ ခွပ်ဒေါင်း ဆိုတာ မြန်မာ့သမိုင်းဖြစ်တယ်။ ကျောင်းသားထုကို အမှန်တကယ် ကိုယ်စား ပြုတဲ့အဖွဲ့မှသာလျှင် ဗိုလ်ချုပ်တို့ခေတ်က ဗကသ အမွေကို ခံယူပြီး ဒီအလံ၊ ဒီသင်္ကေတကို သုံးရမှာဖြစ်တယ်။

အခု ဒေါင်းကွင်းက မောင်တွေလုပ်နေပုံက ဗကသ သာရှိနေသေးရင် ကျွန်တော်တို့ ဗကသ သည် ကျောင်းသားထုအားလုံးက တရားဝင်ရွေးချယ်ထားသော အဖွဲ့ဖြစ်ကြောင်း၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား နိုင်ငံများသို့ ခွပ်ဒေါင်းအမည်ဖြင့် အလှုခံများ၊ သူတောင်းစားများ စေလွှတ်ခြင်း မရှိကြောင်းဆိုပြီး သတင်းစာထဲမှာ ကြေညာရမယ့်ကိန်းဆိုက်နေပြီ။ ကြည့်လဲလုပ်ကြပါဦး၊

Myanmar Express

၂၀၁၂ ဇူလိုင်လ (၉) ရက်နေ့ တွင် ကမ္ဘာတစ်လွှားက Internet Server များ ခေတ္တ Shutdown ချမည်

From : http://mee-pya-tite.blogspot.com/




၂၀၁၂ ဇူလိုင်လ (၉) ရက်နေ့ မှာ ကမ္ဘာတစ်လွှားက Internet Server များ ခေတ္တ Shutdown ချမည်ဖြစ်၍ ထိုနေ့တွင် အင်တာနက်အသုံးပြုမှု မရရှိနိုင်ပါ။

ဟက်ကာတွေရဲ့  DNSChanger malicious software (malware) ဖြင့် DNS (Domain Name System) များကို တိုက်ခိုက်မှုကြောင့် နိုင်ငံတကာမှာ ရှိကြတဲ့ အင်တာနက်သုံးစွဲသူ သန်းပေါင်းချီပြီ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံ FBI ကနေ လာမယ့် ဇူလိုင်လ (၉) ရက်နေ့ မှာ ကမ္ဘာတစ်လွှားက အင်တာနက်သုံးစွဲမှုတွေကို ခေတ္တရပ်ဆိုင်းပြီး အဆိုပါ CNSChanger ပြဿနာကို ဖြေရှင်းမှာဖြစ်တယ်။

အင်တာနက်သုံးစွဲသူတွေအနေနဲ့  မိမိတို့ ရဲ့  ကွန်ပျူတာမှာ ဒီ DNSChanger malicious software (malware) တိုက်ခိုက်ခံထားရမှု ရှိ မရှိကို ဖေါ်ပြပါ အင်တာနက်စာမျက်နှာတွေမှာ ၀င်ရောက်စစ်ဆေးနိုင်ပါတယ်။

http://www.dns-ok.us/
http://www.dns-ok.ca/
http://www.dns-ok.gov.au/

မိမိ၏ ကွန်ပျူတာ DNSChanger malicious software (malware) တိုက်ခိုက်ခံထားရမှု ရှိပါက သက်ဆိုင်ရာ Internet Service Provider သို့ ဆက်သွယ်ပြီး အဆိုပါ Malware အား ဖယ်ရှားပေးရန် အကူအညီတောင်းပါ။





FBI Warns Of Internet Outage Next Monday

o check whether a computer is infected, users can visit a website run by the group brought in by the FBI: http://www.dcwg.org.

(CBS/AP) Next Monday hundreds of thousands of people could lose Internet access, if their computers are infected with malicious software from 2007.

The warnings about the Internet problem have been splashed across Facebook and Google. Internet service providers have sent notices, and the FBI set up a special website.

Hundreds of thousands may lose Internet in July

But people around the world may still lose their Internet service unless they do a quick check of their computers for malware that could have taken over their machines more than a year ago.

Despite repeated alerts, the number of computers that probably are infected is more than 277,000 worldwide, down from about 360,000 in April.

Users whose computers are still infected Monday will lose their ability to go online, and they will have to call their service providers for help deleting the malware and reconnecting to the Internet.

The problem began when international hackers ran an online advertising scam to take control of more than 570,000 infected computers around the world. When the FBI went in to take down the hackers late last year, agents realized that if they turned off the malicious servers being used to control the computers, all the victims would lose their Internet service.

In a highly unusual move, the FBI set up a safety net. They brought in a private company to install two clean Internet servers to take over for the malicious servers so that people would not suddenly lose their Internet.

But that temporary system will be shut down at 12:01 a.m. EDT Monday (0401 GMT), July 9.

The FBI released this statement in March to clarify why the servers were going down:


"To assist victims affected by the DNSChanger malicious software, the FBI obtained a court order authorizing the Internet Systems Consortium (ISC) to deploy and maintain temporary clean DNS servers. This solution is temporary, providing additional time for victims to clean affected computers and restore their normal DNS settings. The clean DNS servers will be turned off on July 9, 2012, and computers still impacted by DNSChanger may lose Internet connectivity at that time."


Most victims don't even know their computers have been infected, although the malicious software probably has slowed their Web surfing and disabled their antivirus software, making their machines more vulnerable to other problems.

Popular social networking sites and Internet providers have gotten more involved, reaching out to computer users to warn of the problem.

According to Tom Grasso, an FBI supervisory special agent, many Internet providers are ready for the problem and have plans to try to help their customers. Some, such as Comcast, already have reached out.

The company sent out notices and posted information on its website. Because the company can tell whether there is a problem with a customer's Internet server, Comcast sent an email, letter or Internet notice to customers whose computers appeared to be affected.

Grasso said other Internet providers may come up with technical solutions that they will put in place Monday that will either correct the problem or provide information to customers when they call to say their Internet isn't working. If the Internet providers correct the server problem, the Internet will work, but the malware will remain on victims' computers and could pose future problems.

In addition to individual computer owners, about 50 Fortune 500 companies are still infected, Grasso said.

Both Facebook and Google created their own warning messages that showed up if someone using either site appeared to have an infected computer. Facebook users would get a message that says, "Your computer or network might be infected," along with a link that users can click for more information.

Google users got a similar message, displayed at the top of a Google search results page. It also provides information on correcting the problem.

To check whether a computer is infected, users can visit a website run by the group brought in by the FBI: http://www.dcwg.org.

The site includes links to respected commercial sites that will run a quick check on the computer, and it also lays out detailed instructions if users want to actually check the computer themselves.




Myanmar Express

ပိန်ချင်ရင် သရက်သီးအခွံစားပါ



အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး

စားတဲ့ အခါ အခွံပါစားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီ များတွေ့ရှိခဲ့ကြတာကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီကလာပ်စည်း ဖြစ် ပေါ်ခြင်းကို ကာကွယ်တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။ သရက်သီးအခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်းဖြစ်ပေါ်နေသော လုပ်ငန်းစဉ်ဖြစ်သည့် Adipogenesis ကို နှိမ်နင်းပေးတယ်လို့ ဆိုပါတယ်။

အပူပိုင်းသစ်သီးများထဲက တစ်မျိုးဖြစ် တဲ့ သရက်သီးများထဲမှာ အမျိုးမျိုးကွဲ ပြားခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။ သရက်သီးထဲမှာ အပင်ထွက် ဓာတုပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုးဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။

သရက်သီးအခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက တော့ အဆီကလာပ်စည်းများဖြစ်ပေါ် အဆီကလာပ်စည်းများက ပို၍ကြီးလာ ပြီး အဲဒီလို ကလာပ်စည်းမျိုးဟာ အမျိုးအစား(၂)ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေနိုင်တယ်လို့ဆိုပါ တယ်။ ဓာတ်ခွဲခန်းအတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ဆိုပါတယ်။


Myanmar Express

ဇူလိုင် ၂၂ ရက်နေ့တွင် သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံသွားမည်


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဒီလ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို လာရောက် ဆွေးနွေးမှာ ဖြစ်ကြောင်း ထိုင်းအစိုးရ ထိပ်တန်း အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသားပါတယ်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် Yutthasak Sasiprapa က - သမ္မတ ဦးသိန်းစိန် ဟာ ဇူလိုင်လ ၂၂ ရက်နေ့ ကနေ ၂၄ ရက်နေ့အထိ လာရောက် လည်ပတ်မှာ ဖြစ်ပြီး မိမိတို့ အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို ကြိုဆိုရေးအတွက် အစည်းအဝေး ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မေလ ကုန်ပိုင်းက ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အရှေ့အာရှဒေသ ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ညီလာခံကို တက်ရောက်ဖို့ ရှိခဲ့ပေမယ့် ရန်ကုန်စက်မှုဇုန်မှ အလုပ်သမားများ၏ လိုအပ်ချက် ပြဿနာကြောင့် ဖျက်သိမ်းခဲ့ ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားမယ့်ခရီးစဉ်ကိုလည်း ရခိုင်အဓိကရုဏ်းကြောင့် ဖျက်သိမ်းထားကြောင်း သတင်းရရှိပါတယ်။

သမ္မတဦးသိန်းစိန်မှ ပြည်တွင်းတိုင်းရင်းသားများနဲ့ အလုပ်သမားများရဲ့ လိုအပ်ချက်များကို ရှေ့တန်းတင်ကာ နိုင်ငံခြားခရီးစဉ်များကို ဖျက်သိမ်းတာတွေ လုပ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကတော့ ပြည်ပခရီးစဉ်ကိုသာ ရှေ့တန်းတင်ပြီး ရခိုင်တိုင်းရင်းသားတို့ရဲ့ လိုအပ်ချက်ကို မျက်ကွယ်ပြုခဲ့ပါတယ်။

Myanmar Express

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့၏ ထူးချွန်မှုကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သံတမန် အဆက်အသွယ် ထူထောင်ရန် နိုင်ငံပေါင်း ရှစ်နိုင်ငံမှ အဆိုပြု


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သံတမန်အဆက်အသွယ် ထူထောင်ရန် နိုင်ငံပေါင်းရှစ်နိုင်ငံမှ အဆိုပြု လာကြောင်း ဇူလိုင်လ ၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းနိုင်ငံများမှာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊ မာလာဝီသမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ လတ်ဗီးယားသမ္မတနိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၂ နှင့် နည်းဥပဒေ ၁၂၁ တို့အရ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ရေး ဆောင်ရွက်ရန်ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိရေးအတွက် တင်ပြခြင်းဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံများအကြား သံတမန်ဆက်သွယ်မှု ထူထောင်တဲ့ နိုင်ငံပေါင်း ၁၀၃ နိုင်ငံ ရှိခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ် ပြုလုပ်လိုသည့် နိုင်ငံပေါင်း ရှစ်နိုင်ငံတို့မှ အဆိုပြုလာတယ်။ ယင်းနိုင်ငံများမှ အဆိုပြုချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေးများတွင် တင်ပြ၍ ကနဦး သဘောတူညီချက်များ ရယူခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါနိုင်ငံများနှင့် သံတမန်ဆက်သွယ်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီပြီးဖြစ်ပါက သံတမန်ဆက်သွယ်ရေး ထူထောင်ပြီးသည့်နိုင်ငံ စုစုပေါင်း ၁၁၁ နိုင်ငံရှိလာမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

Myanmar Express

လမ်းမတော် မြို့နယ်မှ မီးရှို့ လူသတ်မှု ၄၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးခဲ့


From : MRTV-4

မေလ ၃၀ ရက်နေ့က လမ်းမတော် မြို့နယ် ၇ လမ်း အမှတ် ၇၆ ဒုတိယထပ်မှာ မိန်းကလေး တစ်ဦးအား မီးရှို့ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မိန်းကလေးကို မီးရှို့

သတ်ဖြတ်ခဲ့တဲ့ တရားခံအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၄၄ နာရီ အတွင်းမှာ ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို တရားခံကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ တရားခံ ကိုမျိုး(ခ) မျိုးလွင်ကို ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီခန့်က ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

တရားခံ အနေနဲ့ အခုလို လူသတ်မှု ကျူးလွန် တာဟာ သေဆုံးသူ မဆုစန္ဒီအောင် အသက် ၁၆ နှစ်ရဲ့ မိခင်နဲ့ ချေးငွေကိစ္စ အပေါ် မကျေနပ်ဘဲ နာကျည်း မုန်းတီးတဲ့ အတွက် အခုလို ပစ္စည်းယူ လူသတ်မှု ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ၀န်ခံ ထွက်ဆို ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမူဖြစ်ပွား ရာမှာ တရားခံ အနေနဲ့ မေလ ၃၀ ရက် နံနက် ၁၀ နာရီမှာ နေအိမ်က ထွက်လာပြီး ရွှေပုစွန် မုန့်တိုက်မှ မုန့်အချို့ကို ၀ယ်ယူကာ လမ်းမတော် ၇ လမ်းရှိ သေဆုံးသူရဲ့ မိခင်နေအိမ်ကို သွားရောက်ကာ မဆုစန္ဒီအောင်နဲ့ တွေ့ဆုံ ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက် မှာတော့ တရားခံမှ မုန့်လာပို့သည်ဟု ဆိုကာ အိမ်ထဲကို ၀င်ရောက်ခဲ့ပြီး တံခါးပိတ် နေစဉ် နောက်မှ ဓါးဖြင့် ၄ ချက်ခန့် ဆင့်ခုတ်ခဲ့ ကြောင်း၊ အဲ့ဒီနောက်မှ အလောင်းပေါ်ကို ခေါင်းအုံး၊ ဂွမ်းကပ်၊ စောင်များ၊ အ၀တ်အထည်များ ပုံပြီး မီးရှို့ သတ်ဖြတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ တရားခံ ကိုမျိုး (ခ) မျိုးလွင် အနေနဲ့ မှုခင်း ဖြစ်ပွားရာ နေအိမ် အတွင်းရှိ ဗီရို အတွင်းမှာ သိမ်းဆည်း ထားတဲ့ စုစုပေါင်း ငွေကျပ် တစ်ရာ့ လေးသိန်း ငါးသောင်း တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ယူဆောင် သွားခဲ့ ပါတယ်။ အဆိုပါ တရားခံ ကိုမျိုး (ခ) မျိုးလွင်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ထိရောက်စွာ ပြစ်ဒဏ် ချမှတ်နိုင်ရေး အတွက် ဆောင်ရွက်လျှက် ရှိတယ်လို့ သိရပါတယ်။

Myanmar Express

နည်းပညာတက္ကသိုလ် ပညာသင်နှစ်တစ်နှစ်ထပ်တိုးကာ ၀င်ခွင့်ကျောင်းသား အနည်းငယ်လျော့လက်ခံမည်


From : ပေါ်ပြူလာ

ပညာသင်နှစ်တစ်နှစ်တိုးပြီးဖြစ်တဲ့ နည်းပညာတက္ကသိုလ်က ယခုပညာသင်နှစ်တွင် ၀င်ခွင့်ကျောင်းသား အနည်းငယ်လျော့လက်ခံမည် ဟု သိပ္ပံနှင့်နညှ်းပညာဝန်ကြီးဌာနမှ သိရသည်။

အရည်အတွက်မည်မျှလျော့ လက်ခံမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမပြုပေ။

တစ်နိုင်ငံလုံးတွင် နည်းပညာတက္ကသိုလ် ၄၂ ခုရှိပြီး ယခင်ပညာသင်နှစ်က ကျောင်းသား နှစ်သောင်းခွဲခန့် လက်ခံမည်ဟု ထုတ်ပြန် ခဲ့သည်။

နည်းပညာတက္ကသိုလ်သည် စာသင်နှစ် တိုးမြင့်လိုက် ၍ B.E ဘွဲ့ ရရှိရန် စုစုပေါင်းငါးနှစ်တတ်ရောက်ရတော့မည်ဖြစ်သည်။

Myanmar Express

အများပိုင် တက္ကစီကုမ္ပဏီ တည်ထောင်ရန် ဆာကူရာမှ စီစဉ်


From : ခေတ်လူငယ်

အများပိုင်တက္ကစီ ကုမ္ပဏီကို ဆာကူရာအော်တိုအောရှင်စင်တာမှ ဦးစီးပြီး တည်ထောင်မယ်လို့ သိရပါတယ်။ “စိတ်ဝင်စားတဲ့ တက္ကစီယာဉ်မောင်းတွေအနေနဲ့ ကုမ္ပဏီကို ကျပ်သိန်း ၃၀ ရှယ်ယာထည့်ဝင်ပြီး ကုမ္ပဏီပိုင် တက္ကစီတစ်စီး မောင်းနှင်ခွင့်ပြုပါမယ်။ နေ့စဉ်ကြေး တစ်ရက် ကျပ် ၁၂၅၀၀ နဲ့ စုစုပေါင်း သုံးနှစ်သွင်းရပါမယ်။ သုံးနှစ်ပြည့်ရင် ယာဉ်မောင်းကို ကိုယ်တိုင်မောင်းခဲ့တဲ့ တက္ကစီကို လွှဲပြောင်းပေးပါမယ်။ တက္ကစီကုမ္ပဏီရဲ့ စည်းမျဉ်းအတိုင်း နောက်ထပ်နှစ်နှစ်ကို ကုမ္ပဏီနာမည်နဲ့ ဆက်လက်မောင်းနှင်ရပါမယ်။ စုစုပေါင်းငါးနှစ်မှာ သုံးနှစ်သာ နေ့စဉ်ကြေး ပေးသွင်းရပါမယ်။ ကျန်နှစ်နှစ်ကတော့ နေ့စဉ်ကြေးပေးသွင်းမှု မလိုဘဲ ကားအခွန်၊ လိုင်စင်ကိစ္စတွေအတွက် ကုမ္ပဏီကတစ်ဆင့် နှစ်စဉ်ကြေးသာ ပေးသွင်းရပါမယ်” လို့ ဆာကူရာမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကုမ္ပဏီမှ တက္ကစီအဖြစ်ပေးမယ့် ကားတွေက ပရိုဘောက်နဲ့ အေဒီဗင်(ဓါတ်ဆီ) ကားတစ်ခုခု ဖြစ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်အပိုပစ္စည်းနဲ့ ဆားဗစ်စင်တာ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဆာကူရာမှ အထွေထွေမန်နေဂျာ ဦးသိန်းထိုက်က “အခုအခြေအနေတွေ ပြောင်းလဲမှုက မြန်ဆန်နေတော့ အများအလုပ်လုပ်လို့ရအောင် စဉ်းစားပြီး ကျွန်တော်တို့ အခုအစီအစဉ်ကို အကောင်အထည် ဖော်တာပါ။ တချို့ အငှားယာဉ်တွေ ဖျက်သိမ်းတဲ့အထဲ ပါသွားတော့ အခက်အခဲဖြစ်တဲ့ အငှားယာဉ်မောင်းတွေလဲ ရှိတယ်။ ဒါကြောင့် အငှားယာဉ်မောင်းတွေလဲ အဆင်ပြေအောင် အခုလိုမျိုးလုပ်ဖို့ စီစဉ်ဖြစ်တာပါ” လို့ ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေကြမ်း နှစ်ရပ်ပြဋ္ဌာန်း


From : ခေတ်လူငယ်

၂၀၁၂ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ---- ၊ဖြင့် ပြည်ထောင်စု လွှတ်တော်သည် ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်သည်။ ဤဥပဒေကို ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေ (The Public Utilities Protection Act) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ ထို့အတူ ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ---- ၊ဖြင့် ပြည်ထောင်စုလွှတ်တော်သည် ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်သည်။ ဤဥပဒေကို နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၆) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖြော်ပထားပါသည်။

Myanmar Express

ပေါတောတော အတိုက်အခံ နှင့် ကြောင်တောင်တောင် မီဒီယာ


" ဇူလိုင် ၇ ရက်အထိမ်းအမှတ်အခမ်းအနား တရက်ကြိုတင်ပြီး လျှို့ဝှက်စွာကျင်းပ " ဆိုတဲ့ ခေါင်းစဉ်နဲ့ Yangon Press International ရဲ့ facebook စာမျက်နှာမှာ လွန်ခဲ့တဲ့ တစ်နာရီက စတင်ဖော်ပြလိုက်ပါတယ်။

ပေါတောတော အတိုက်အခံများက လျှို့ဝှက်စွာ ကျင်းပခဲ့တဲ့ ပွဲကို ဂျာနယ်လစ် ကို ဓာတ်ပုံရိုက်ခိုင်းခဲ့ပြီး ကြောင်တောင်တောင် မီဒီယာကလည်း လျှို့ဝှက်စွာ ကျင်းပ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံများကို ဖော်ပြထားပါတယ်။

လျှို့ဝှက်စွာ ကျင်းပခဲ့တဲ့ လျှို့ဝှက် ကိစ္စ က လူအများသုံးနေတဲံ facebook ပေါ် ဓာတ်ပုံနှင့်တကွ ရောက်လာခြင်းအတွက် facebook သုံးသူ မြန်မာများကလည်း နားမလည်ဖြစ်နေကြပါတယ်။

၎င်း သတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး ဝါရင့် သတင်းစာ ဆရာကြီး တစ်ဦးမှ အခုလို သုံးသပ် ထားပါတယ်

"ဒါကို ကြည့်ချင်းအားဖြင့် အခုခေတ် မီဒီယာတွေ ဘယ်လောက် ညံ့ဖျင်းလာလဲဆိုတာ သိလာစေတယ်... မီဒီယာ သတင်းအခွင့်အရေးတွေ အတင်းတောင်းတာ ကြားရတယ်၊ စိစစ်ရေးတွေ ဖျက်ခိုင်းကြတယ်... ကိုယ်တိုင်ကျတော့ ဘာမှသုံးစားမရပြန်ဘူး... ဒီလိုသတင်းမျိုးကို နိုင်ငံတကာက ဖတ်ကြရင် ဘယ်လောက် ရှက်စရာကောင်းသလဲ...." လို့ ဝေဖန်ထားပါတယ်။

အစိုးရသစ်လက်ထက်မှာ ဂျာနယ်အများအပြားကို ထုတ်တင် ခွင့်ပြုခဲ့ပြီး ပြည်ပမှ ကျွမ်းကျင်သူများနှင့် ပူပေါင်းကာ မြန်မာ့ မီဒီယာ ကဏ္ဏဖွံ့ဖြိုးအောင် ဥပဒေ၊ နည်းဥပဒေများ ရေးစွဲကာ နည်းမျိုးစုံဖြင့် ကြိုးစားနေပေမယ့်လည်း ညံ့ဖျင်းသော ဂျာနယ်လစ်များနှင့် အသုံးမကျသော အယ်ဒီတာ များက ပေါတောတော အတိုက်အခံများ နှင့် ပေါင်းကာ ကြောင်တောင်တောင် မီဒီယာ ဖြစ်နေကြကြောင်း သတင်းရရှိပါတယ်။

Myanmar Express

မူပိုင်ခွင့် ထိပါးမှု ဆန့်ကျင်ရေး သဘော တူညီချက်ကို အီးယူ ပယ်ချ


From : MRTV-4

ဥရောပ ပါလီမန်မှာ မူပိုင်ခွင့် ချိုးဖောက်မှု အပေါ် ပိတ်ပင်မည့် သဘောတူညီချက်နှင့် ပတ်သက်ပြီး ပယ်ချလိုက်ပြီ ဖြစ်ကာ မူပိုင်ခွင့် ချိုးဖောက်မှု များနှင့်

ပတ်သက်ပြီး တိုက်ဖျက်နေချိန် အတွင်း ယခုလို လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။ အင်တာနက် လွတ်လပ်ခွင့်ကို ထိပါး လာနိုင်သည့် အတွက် ယခုလို ပယ်ချလိုက်ခြင်း ဖြစ်ကာ ယင်းသို့ ပိတ်ပင်သည့် အဆိုပြုချက်ကို ကန့်ကွက်မဲ ၄၇၈ မဲဖြင့် ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ACTA ခေါ် Anti-Counterfeiting Trade Agreement ဟု ခေါ်သည့် သဘော တူညီချက် အတွက် စုစုပေါင်း မဲပေးသူ ၁၆၅ တွင် ၃၉ မဲသာ ထောက်ခံခဲ့ကြောင်းလည်း သိရသည်။ ယခုလို အဆိုပြုချက် အတွက် ဥရောပ ကော်မရှင် အနေဖြင့် ပြန်လည် ဆွေးနွေးကြရတော့မည် ဖြစ်ကာ အဆိုပါ ဥပဒေကြမ်းသာ အတည်ဖြစ်ခဲ့ပါက အင်တာနက် အတွင်း ဖိုင်များ ဝေမျှခြင်းနှင့် သီချင်းများ ဝေမျှခြင်း တို့အတွက် အပြစ်များ သဖွယ် ဖြစ်လာတော့မည် ဖြစ်သည်။ ဥရောပ တစ်လွှားတွင် အဆိုပါ ဥပဒေကြမ်း အတွက် လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြကာ ယင်းဥပဒေ အရ တာဝန်ရှိသူများ အနေဖြင့် အွန်လိုင်း သုံးစွဲသူများ၏ လုပ်ဆောင်ချက်များကို ဝင်ရောက် ကြည့်ရှု့နိုင်ကြောင်းလည်း သိရသည်။

Myanmar Express

ဟံသာဝတီလေဆိပ်အား ၂၀၁၆ နှစ်ကုန် အပြီးတည်ဆောက်မည်


From : မြန်မာတိုင်းမ်း

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်အ၀င် သိသိသာသာ တိုးတက်များ ပြားလာသည်နှင့် အမျှ နိုင်ငံတကာလေကြောင်း လိုင်းသစ်များလည်း တိုက်ရိုက်ပြေးဆွဲရန် စီစဉ်နေရာ လက်ရှိရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တိုးတက် များပြားလာသည့် ခရီးသည် အရေအတွက်ကို လက်ခံဆောင်ရွက်ပေးရန် အခက်အခဲရှိလာ တော့မည်ဖြစ်၍ ပဲခူးမြို့အနီးရှိ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ်အား အစွမ်းကုန် တည်ဆောက်ရန်လိုအပ်နေပြီဟု လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးတင်နိုင်ထွန်းက ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သည့် လေဆိပ်များ ပုဂ္ဂလိက အခန်းကဏ္ဍပါဝင် ဆောင်ရွက် နိုင်ရေး ရှင်းလင်းပွဲ တွင် ပြောကြားသည်။

သို့ဖြစ်၍ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးစီမံကိန်းအဖြစ် နိုင်ငံတကာအဆင့်မီလေဆိပ်တစ်ခု တည်ဆောက် သွားရန်နှင့် လက်ရှိအပြည်ပြည် ဆိုင်ရာ လေဆိပ်များ၊ ပြည်တွင်းလေဆိပ်များအား နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်လာစေရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသူ များနှင့် ဘီအိုတီ၊ ပူးတွဲလုပ်ကိုင် စနစ်နှင့် အငှားစနစ်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲလုပ်ကိုင်ရာတွင် ပုံမှန်အားဖြင့် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စများသဖြင့် နှစ်နှစ်နီးပါးမျှ ကြာသော်လည်း ယခုဟံသာဝတီလေဆိပ်စီမံကိန်းအား ၁၁ လ အတွင်း အပြီးလုပ်ငန်းစတင်ရန် ဆောင်ရွက် မည်ဟု သိရှိရသည်။

"၁၁ လအကြာ ၂၀၁၃ ခုနှစ်၊ ဇွန်လမှာ ကျွန်တော်တို့က လုပ်ငန်းစတင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ အကြို အရည်အသွေးစစ်ဖို့ ခေါ်ယူမှာဖြစ်ပါတယ်။ ခေါ်တဲ့ အကြောင်းအရင်းက ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီရဲ့ နည်းပညာပိုင်းနဲ့ ငွေကြေး တောင့်တင်းမှုကို လေ့လာသိရှိဖို့ ဖြစ်ပါတယ်။နောက် ဒီကနိုင်ငံတကာ သံရုံးတွေကတစ်ဆင့်လည်း ပို့ခိုင်းပြီး သက်ဆိုင်ရာနိုင်ငံတွေ ကိုဖြန့်ဝေ ခိုင်းမှာ ဖြစ်ပါတယ်။ လာမယ့် ဇူလိုင် ၉ ရက်နေ့ မှာ သတင်းစာကတစ်ဆင့် ကြေညာမှာဖြစ်ပါတယ်။ နောက်ဆုံးပိတ် ရက် တော့ စက်တင်ဘာ လ ၉ ရက်နေ့ပါ။ အဲဒီ ၂ လ အတွင်းလာလျှောက်တဲ့ ကုမ္ပဏီတွေထဲကမှ ရွေးချယ်လိုက်တဲ့ ကုမ္ပဏီတွေကို တင်ဒါတင်ဖို့ဖိတ်ခေါ်မှာဖြစ်ပါ တယ်"ဟု ဦးတင်နိုင်ထွန်းကပြောသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အား ၂၀၁၃ ခုနှစ်၊ ဇွန်လမှ စတင်အကောင် အထည်ဖော်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။

"ကျွန်တော်တို့ အခုသွားမယ့် စနစ်က တည်ဆောက်ရေးသာမက စီမံအုပ်ချုပ်ရေး အပိုင်း၊ လုပ်ငန်းလည်ပတ်မှုအပိုင်းနဲ့ ပြုပြင် ထိန်းသိမ်းရေးအပိုင်းတွေလည်း လုပ်ရမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆက်ပြောသည်။

သို့ဖြစ်၍ လက်ရှိကာလအပါအ၀င် ဟံသာဝတီ လေဆိပ်တည်ဆောက်မည့်ကာလ စုစုပေါင်း လေးနှစ်ကာလအထိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဆက်လက် အသုံးပြုသွားရမည်ဖြစ်ရာ ပြုစုထားသော စာရင်း အရ လက်ရှိလက်ခံဆောင် ရွက်နိုင်သည့် ခရီးသည်ပမာဏ မကြာမီ ကျော်လွန်တော့မည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ရေးနှင့် ပြန်လည်ပြုပြင်ရေး အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား လာမည့် စက်တင်ဘာလတွင်ဖိတ်ခေါ်ပြီး အကြိုအရည် အသွေးစစ်မည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အား နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် ပြန်လည် ပြင်ဆင်နေကြောင်း သိရှိရသည်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် တစ်နှစ်ခရီးသည် ၂ ဒသမ ၇ သန်းအထိ သာ လက်ခံဆောင်ရွက်နိုင်ပြီး လေယာဉ် ဆိုက်ကပ်ကာ ခရီးသည် ထွက်ခွာနိုင်သည့် လှေခါး အဆက် လေးခုသာရှိကြောင်း ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်း ကျော်က ပြောသည်။

ထို့ပြင် လေဆိပ်တွင် လက်ရှိ အဲဘတ်စ်အေ-၃၂၀ လေယာဉ် ငါးစင်း၊ ဘိုးယင်း ၇၃၇-၄၀၀ ခြောက်စင်း၊ ဖော်ကာ-၂၈ နှင့် အေတီ အာရ်-၇၂ ခြောက်စင်း စုစုပေါင်းလေယာဉ် ၁၇ စင်းသာ ရပ်နားနိုင်သည့် အကျယ်အ၀န်းသာရှိကြောင်း ၎င်းကဆက်ပြောသည်။

ပြည်တွင်းပြည်ပ လေကြောင်းလိုင်း ဆင်းသက် မှုကြိမ်ရေ စာရင်းအရ ၂၀၁၀ ပြည့်နှစ်တွင် ၁၇,၈၂၈ ကြိမ်သာရှိရာမှ ၂၀၁၁ ခုနှစ်တွင် ကြိမ်ရေ ၁၉,၀၉၅ အထိ မြင့်တက်လာခဲ့သည်။

ဌာနမှ ရရှိသော စာရင်းအရ ၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ ခရီးသည် ၁ ဒသမ ၅၃ သန်းအထိ ၀င်ရောက်ခဲ့ပြီး နှစ်ကုန်တွင် ၃ သန်း အထိ မြင့်တက်လာနိုင်ကြောင်း ဒေါ်နွယ်နီဝင်းကျော် က ပြောသည်။

"တကယ်တမ်း လေဆိပ်လက်ခံနိုင်စွမ်းက ၂ ဒသမ ၇ သန်းသာဖြစ်ပေမယ့် အခုစာရင်းအရဆို နှစ်ကုန်ပိုင်းမှာ လက်ခံနိုင်စွမ်း ထက်ကျော်တော့ မှာ ဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်း ဆက်တက်မယ်ဆို ၂၀၁၅ ခုနှစ်မှာ ခရီးသည် ၅ ဒသမ ၅ သန်းလောက်အထိ မြင့်တက်လာနိုင် ပါတယ်။ ဒါကြောင့် လက်ရှိ ရန်ကုန်လေဆိပ် ကို အစွမ်းကန်တိုးချဲ့မှဖြစ်မှာပါ။ ဈေးကွက် အခြေအနေအရလည်း တိုးချဲ့သွားဖို့ ရှိပါတယ်" ဟု ၎င်းကဆက်ပြောသည်။

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြည်တွင်းလေကြောင်းလိုင်း ခြောက်လိုင်းနှင့် နိုင်ငံ တကာလေကြောင်းလိုင်း ၁၄ လိုင်း တိုက်ရိုက်ပြေးဆွဲနေသည်။

သို့ဖြစ်၍ ရန်ကုန်လေဆိပ်ဧရိယာ အကျယ် အ၀န်းအရ ထပ်မံတိုးချဲ့ တည်ဆောက်ရန် နေရာအခက်အခဲရှိနေပြီး ၂၀၁၅ နှစ်နောက်ပိုင်း တွင် ခရီးသည်ဝင်ရောက်မှု ပိုမိုများပြားနိုင်သည့် အတွက် ရန်ကုန်မြို့အနီးတစ်ဝိုက်တွင် လေဆိပ် တစ်ခု တည်ဆောက်ရန် မဖြစ်မနေ လိုအပ်နေ ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့နှင့် မိုင် ၅၀ အတွင်း လေဆိပ်သစ် တစ်ခု တည်ဆောက်ရန် စီစဉ်ပြီး ဟံသာဝတီ အပါအ၀င်၊ မအူပင်၊ ထန်းတပင်၊ မှော်ဘီ၊ လှည်းကူး၊ အင်းတိုင်၊ တိုက်ကြီး၊ ဖူးကြီးနှင့် သန်လျင်မြို့များကို တွက်ချက်လေ့လာပြီး နောက်ဆုံး လေယာဉ်ကွင်းတည်ဆောက်ရန် အသင့်လျော်ဆုံးဖြစ်သည့် ဟံသာဝတီအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟံသာဝတီလေဆိပ်သည် ပဲခူးမြို့နယ် အတွင်းတည်ရှိပြီး မြေဧက ၉,၆၉၀ ရှိသည်။ ၁၉၉၄ ခုနှစ်၊ မတ်လတွင် လေဆိပ်တည်ဆောက် ရေးစီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် ရပ်ဆိုင်းခဲ့သည်။

ပြေးလမ်း (၁၂,၀၀၀ x ၂၀၀)ပေ၊ သွားလမ်း (၁၂,၀၀၀ x ၁၀၀)ပေနှင့် ရပ်နားနေရာ (၂၀၀ x ၈၀၀)ပေရှိသည်။

အကြို အင်ဂျီနီယာလုပ်ငန်းနှင့် မြေကြီးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်သည်။


Myanmar Express

မန္တလေးသားတို့ချစ်တဲ့ တရုတ်မင်းသား ဗုဒ္ဒဘာသာမိဘမဲ့ ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ ရောက်ရှိ

မန္တလေး ဇူလိုင်လ(၆)ရက်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ အထူးသံတမန် ဖြစ်သူ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူးမင်းသား ဂျက်ကီချန်း သည် ယနေ့နံနက်ပိုင်းက မန္တလေး တောင် မြောက်ဘက် ဘုန်းတော်တိုးရပ်ရှိ လူမှုဝန်ထမ်းဦးစီး ဌာန ၏ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းသို့သွားရောက်ပြီး သင်တန်းသူများနှင့်တွေ့ဆုံအားပေးခဲ့သည်။ ထို့နောက် ဂျက်ကီချန်း သည် ၆၆ လမ်း ၊၃၀ နှင့် ၃၁ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တွင်ဖွင့်လှစ်ထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး ရုံးသို့သွားရောက်ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနောက် ယမန်နေ့က မတွေ့ဆုံနိုင်ခဲ့သော မန္တလေးမြို့ ၆၂ လမ်း နှင့် လမ်း ၃၀ ထောင့်ရှိ မိဘမဲ့ကျောင်း Myanmar Buddhist Orphanage Association (MBOA)၊ ငါးစို့တိုက်ကျောင်းသို့ ရောက်ရှိကာ ကျောင်းသားများကိုတွေ့ဆုံ အားပေးခဲ့ကြောင်းသိရှိရသည်။

ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ဟာသနှင့် ကွန်ဖူးမင်းသား ဂျက်ကီချမ်းမှာဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းအချိန်က မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(Unicef)၏ သံတမန်တစ်ဦးဖြစ်သူ ဂျက်ကီချမ်းမှာ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅း၅၀ မိနစ်အချိန်တွင် မန္တလေးမြို့၊ ၆၂လမ်းနှင့် လမ်း ၃၀ထောင့်ရှိ မြန်မာနိုင်ငံ ဗုဒ္ဒဘာသာမိဘမဲ့ ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ထိုကျောင်းတွင် ၇ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး လာရောက်ကြိုဆိုသည့် ပရိသတ်ကြောင့် ကျောင်းဝင်းအတွင်း လှည့်လည် လှည့်ပတ်ခြင်း မပြုဘဲ ၅း၅၇ မိနစ်တွင် ၄င်းကျောင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ဂျက်ကီချမ်းမှာ မန္တလေးမြို့တွင် ဇူလိုင်လ ၆ ရက်နေ့အထိ ရှိနေမည်ဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများသို့ သွားရောက်မည်ဖြစ်ကြောင်း Unicef တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တရုတ်မင်းသား ဂျက်ကီချမ်းသည် မနေ့က ရောက်ရှိလာချိန်တွင် မန္တလေးလူထုက သောင်းသောင်းဖျဖျကြိုဆိုကြခြင်းကြောင့် ပိတ်ဆို့မှုများဖြစ်ကာ အစီအစဉ်များကို ဖျက်သိမ်းခဲ့ရသည်။

Myanmar Express


မြန်မာပြည်သူပြည်သားတိုင်းဖတ်သင့်ပါသည်။ သမိုင်းလိမ် ရိုဟင်ဂျာတွေဟာ မြန်မာပြည်ကို အာရပ်မူဆလင်အစွန်းရောက်လက်ထဲရောင်းစား နေခြင်း။


From : Phyu Pyar

အခု ကျွန်တော်တင်ပြမယ့်အကြောင်းအရာက ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ထဲကို ဒုတိယကမ္ဘာစစ်အတွင်း အကြမ်းဖက်မှုတွေနဲ့ စိမ့်ဝင်ပျံနှံ့ စတင်ထိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေနဲ့ တကမ္ဘာလုံးက အလေးထားနေတဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေပါ..။
ရိုဟင်ဂျာအကြမ်းဖက်မှုရဲ့ မူလအစ မူဂျာဟစ်
ဘင်္ဂါလီတွေ မြန်မာပြည်တွင်း လာရောက်အလုပ်လုပ်ချိန် ..။ ၁၉၄၂အင်္ဂလိပ်တွေပြန်ဆုတ်ချိန်တွင် အလယ်သံကျော်ရွာအဓိကရုဏ်း ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီရွှာကြီးဟာအရင်က ရခိုင်ရွာကြီးပါ..။ ၁၉၄၂ခုနှစ် အင်္ဂလိပ်အဆုတ်၊အုပ်ချုပ်ရေးမဲ့နေချိန်မှာဖြစ်တဲ့ အဓိကရုဏ်းမှာ အိမ်ခြေ၂၀၀ကျော်ရှိတဲ့ အလယ်သံကျော်တစ်ရွာလုံးမီးလောင်ပြာကျသွားခဲ့ရပါတယ်..။ အဲဒီတုံးက ရခိုင်တွေက တောင်ကိုကျော်ပြီး ဘူးသီးတောင်၊ ရသေ့တောင်ဘက်ကို ပြေးဖို့ ကြိုးစားတယ်..။ အင်္ဂလိပ်က V force ဆိုပြီး ကာကွယ်ရေး တပ်ဖွဲ့ပေးခဲ့တဲ့ ဘင်္ဂါလီတွေက လက်နက်ရတော့ ရွာတွေကို ဖျက်တယ်..။ ထွက်ပြေးဖို့ ကြိုးစားတဲ့ ရခိုင်တွေကို တောင်ကျော်လမ်းတွေက စောင့်သတ်တယ်..။ ဒါ့ကြောင့် ရခိုင်တွေကစစ်တွေဘက်ကို မပြေးနိုင်ဘဲ အိန္ဒယပြည်က ဒိန္နာပူရ်ဘက်ကို ထွက်ပြေးရတယ်..။ အဲဒီမှာ ရခိုင်၄၀၀၀ လောက်ကို အင်္ဂလိပ်ကဒုက္ခသည်စခန်း ထားတည်ပေးခဲ့ရတယ်။ အဲဒီသတ်မှုကြီးမှာ ရခိုင်သုံးသောင်းလောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ရခိုင်တွေပြောကြားချက်အရ သိရှိရပါတယ်..။အဲဒီ အချိန်ကစပြီး အလယ်သံကျော်ဟာ ကုလားရွာဘ၀ရောက်သွားခဲ့ရပါ တယ်..။ နောက်တော့ ဂျပန်အုပ်ချူပ်မှုစတင် တဲ့အခါမှာတော့ ရခိုင်တွေကို သတ်တဲ့အဲဒီဘင်္ဂါလီတွေဟာ ဘာသာရေးအသွင်ပြောင်း ဂျမေယာတူ-အိုလမာအသင်းဆိုပြီးဖွဲ့လိုက်ကြပါတယ်.။ အနောက်ပါကစ္စတန်(ယခုပါကစ္စတန်)မှ ဘာသရေးအစွန်းရောက် အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုဖိတ်ခေါ်ပြီး မူဂျာဟိန်းအဖွဲ့ ဖွဲ့လိုက်ပါတယ်..။ သူတို့ရည်ရွယ်ချက်က ပါကစ္စတန်ထဲကို ရခိုင်ပြည်ထည့်သွင်းရေးပါပဲ..။ရခိုင်တွေအခေါ်တော့ မူဂျာဟစ်၊ စစ်တပ်အခေါ်(ကုလားဆိုး) လို့ခေါ်ကြတယ်..။ လွတ်လပ်ရေးရအပြီးမှာ ဗူးသီးတောင်မောင်းတောကို သိမ်းထားတဲ့ မူဂျာဟစ်တွေကို စစ်တပ်ရောက်လာပြီး စစ်ဆင်တိုက်ခိုက်တော့ မြန်မာစစ်တပ်နဲ့ပေါင်းပြီး ကိုယ့်သဘောနဲ့ကိုဝင်တိုက်တဲ့ ရခိုင်အမျိုးသားတွေရဲ့ ပူးပေါင်းမှုနဲ့ တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်..။
အဲဒါနဲ့ပဲ မစ္စတာဂေါ်ဖားဆိုသူက ရိုဟင်ဂျာဆိုပြီး လူမျိုးသစ်တခုကို
၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းပေးလိုက်တယ်..။
အဲဒါ ရခိုင်ပညာတတ် တော်တော်များများ သိနေတဲ့ ရိုဟင်ဂျာရဲ့ အစ ပါ..။
ရိုဟင်ဂျာတို့ရဲ့ နယ်မြေတောင်းဆိုမှုများ..။
အဲဒီ အရေးအခင်းဖြစ်ခဲ့တဲ့ အလယ်သံကျော်ရွာမှာ ၁၉၅၁ ဇွန်လမှာ အစ္စလာမ်ညီလာခံကျင်းပပါတယ်..။ ဒီညီလာခံကို ဦးနုရဲ့ ဖဆပလအမတ် ဆူလတန်မာမွတ်ခေါင်းဆောင်တဲ့ ဘင်္ဂါလီနွယ် ပါလီမန်အမတ်တွေက စီစဉ်တာပါ..။ အဲဒီညီလာခံမှာ ရခိုင်မှာ အခြေကျစပြုနေတဲ့ ဘင်္ဂါလီတွေက အောက်ပါအချက်တွေကို တောင်းဆိုပါတယ်..။
(၁) ရခိုင် မြောက်ပိုင်းကို ကရင်၊ ချင်း၊ ကရင်ဒေသတွေလို လွတ်လပ်သော အစ္စလာမ်ပြည်နယ်အဖြစ်ဖွဲ့စည်းရန်၊ ပြည်နယ်စစ်တပ်၊ ပြည်နယ်ရဲ၊ ပြည်နယ်လုံခြုံရေး စသည်ဖြင့် ခါးပိုက်ဆောင်တပ် ဖွဲ့စည်းခွင့်ပြုရန်..။
(၂) စစ်တွေမြို့ကို ရခိုင်တောင်ပိုင်းနှင့် မြောက်ပိုင်း ပူးတွဲမြို့တော်အဖြစ် သတ်မှတ်ရန်၊ မြို့တော်နှင့် ဆိပ်ကမ်းကွပ်ကဲမှုအား ရခိုင်နှင့် မူဆလင် ငါးဆယ်ရာခိုင်နှုန်းဆီ အုပ်ချုပ်ရန်၊ ပထမဆုံး မြို့တော်ဝန်နှင့် တိုင်းမင်းကြီးအား ၄င်းတို့ဘက်မှ ခန့်ထားရန်..။
(၃) ရခိုင်ပြည် လက်နက်ကိုင်တပ်ဖွဲ့တွင် မူဆလင်ဘာသာဝင် ၅၀ ရာခိုင်နှုန်းပါဝင်ရန်..။
(၄) ဗဟိုအစိုးရတွင် မူဆလင်ဆိုင်ရာဝန်ကြီး ခန့်ထားရန်..။
(၅) လူမျိုးစုလွှတ်တော်သို့ အခြားပြည်နယ်များနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွှတ်ရန်
(၆) မူဆလင်ကောင်စီ ထားရှိခွင့်ပြုရန်..
(၇) မူဆလင်အထက်တန်းကျောင်းနှင့် ကောလိပ်များတည်ထောင်ခွင့်ပြုရန်.။ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်..။
အဲဒီညီလာခံမှာ ရခိုင်ရောက်ကုလားများက သူတို့ကိုယ်သူတို့ ရခိုင်မွတ်စလင် (ရခိုင်ကုလား)ဟုသော အသုံးအနှုန်း စတင်သုံးနှုန်းခဲ့ပါတယ်..။ ဒါပေမယ့် ရခိုင်များက “ရခိုင်လူမျိုးဟာ ဘယ်တော့မှ မွတ်စလင် မဖြစ်ခဲ့ဘူး” လို့ ကန့်ကွက်ခဲ့တဲ့အတွက် မူဂျာဟစ်၊ ရခိုင်မူဆလင် ဆိုတဲ့ အသုံးအနှုန်းအစား ရိုဟင်ဂျာဆိုပြီး ဘင်္ဂါလီတွေက နာမည်တစ်ခု သုံးနှုန်းခဲ့တာပါ..။
နောက်တော့ ဖဆပလ ရွေးကောက်ပွဲဝင်တော့ သန့ှ်ရှင်းဖဆပလ(ဦးနု) ကိုမဲပေးတဲ့အတွက် ဘင်္ဂလီတွေကို မေယုပြည်နယ်အစား မေယုခရိုင်ဖွဲ့ပေးလိုက်ပါတယ်..။ အဆိုးဆုံးကက မှတ်ပုံတင်တွေ လိုသလောက် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်..။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေး နဲ့ ဟင်္သာစစ်ဆင်ရေးတွေမှာ ခိုးဝင်လာသူမှန်းသိပေမယ့် မှတ်ပုံတင်တွေရှိနေတော့ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး..။
ရိုဟင်ဂျာများ၏ ဘာသာရေးဘက်ကို စတင်လွမ်းမိုးသော ယုတ်မာမှု
၁၉၈၅ ခုနှစ်ခန့်က ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ အာမက်ရှား ရဲ့ ဘူးသီးတောင် မောင်တောဘက်မှာ ဘင်္ဂါလီတွေကို ဖြန့်ဝေခဲ့တဲ့ကက်ဆက်ခွေကြောင့် အဓိကရုဏ်းဖြစ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်..။ အဲဒီအခွေနဲ့ လက်ကမ်းကြောငြာမှာ မေယုဒေသက အစ္စလာဘာသာဝင်မဟုတ်သူတွေကို ဒေသက ထွက်သွားရန် မောင်းထုတ်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဖြန့်တဲ့ လက်ကမ်းကြော်ငြာမှာ ရခိုင်မိန်းမပျိုလေးများပုံကို ဖော်ပြထားပြီး သင်တို့နေထိုင်ရာဒေသတွင် အစာရှားပါးသည်..။ သင်တို့နေရာ၏ တစ်ဖက်ကမ်း မြန်မာဘက်တွင် ဆန်နှင့် အစားအစာ ပေါများလှသည် ။ လမ်းဘေးတွင် လုံခြည်ရင်လျားနှင့် ရေခပ်နေသော အမျိုးသမီးလေးများကို တွေ့နိုင်သည်..။ သင်တို့ အစာဝအောင်စားဖို့ ထိုနေရာသို့သွားကြ။ အမျိုးသမီးလေးများကို အိမ်ထောင်ပြုပြီး အစ္စလာမ်သာသနာ ပြန့်ပွားအောင်လုပ်ကြ .. လို့ ဖော်ပြထားပါတယ်..။ အဲဒီစာတွေနဲ့ ကက်ဆက်ခွေတွေကြောင့် အဓိကရုဏ်းဖြစ်လုနီးပါး ဖြစ်သွားပါတယ်..။ မဆလ အာဏာပိုင်တွေက ၀င်ထိန်းလို့ .. ပွဲပြီးသွားခဲ့ပါတယ်..။
၈၈ မောင်းတောအရေးအခင်း..
ပြည်တွင်းမှာ ရှစ်လေးလုံးအရေးတော်ပုံ စတင်ချိန်နဲ့ အချိန်ကိုက်အခွင့်ကောင်းယူပြီး ၁၉၈၈ မေလ ၁၃ ရက်နေ့ မောင်တောမြို့နယ်ပတ်ဝန်းကျင်မှာ ဘင်္ဂါလီကုလားရွာများမှ ကုလား ငါးသောင်းလောက်က ဓားလှံလက်နက်မျိုးစုံကိုင်ဆောင်ကာ လူအားကိုးနဲ့ မောင်းတောမြို့နယ်ကို ၀င်စီးဖို့ လုပ်ခဲ့ပါတယ်..။ ၄ ရပ်ကွက် ဘုန်းကြီးကျောင်း အဖျက်ဆီးခံလိုက်ရပါတယ်..။ ရခိုင်ရပ်ကွက်တွေကိုဝိုင်းပြီး မီးရှို့ဖို့ ကြံစည်ခဲ့ပါတယ်..။ မောင်းတောရဲစခန်းနဲ့ ဘူးသီးတောင်မောင်တော လမ်းမမှာရှိတဲ့ လုံထိန်းတပ်မှ အချိန်မီရောက်ရှိလာပြီး အတင်းဝင်ရောက်ပစ်ခတ်ကာကွယ်ခဲ့တဲ့အတွက် မြို့ကို ကယ်နိုင်ခဲ့ပါတယ်..။ တောင်ကြီးနဲ့ ပြည် တို့မှာ ကုလား ဗမာ ပြဿနာဖြစ်ခဲ့တာကို အခွင့်ကောင်းယူတာဖြစ်ပါတယ်..။ အဲဒီအဖြစ်တွေအားလုံးဟာ .. အဖြစ်အမှန်တွေပါ..။ ဒေသခံ ရခိုင်တွေကို စုံစမ်းလို့ရပါတယ်..။
(ရှစ်လေးလုံးအပြီး ရိုဟင်ဂျာကို နိုင်ငံတကာ ဇာတ်ခုံပေါ် တင်ပေးခဲ့တဲ့ကိစ္စတွေနဲ့ အထောက်အထားတွေကိုတော့ ခေါင်းစဉ်တစ်ခုနဲ့ သီးသန့်တင်ပြပါ့မယ်..)
၁၉၉၂ ခုနှစ်က ရိုဟင်ဂျာလက်နက်ကိုင်ကြမ်းဖက်မှုကိုကြိုတင်တားဆီးနိုင်ခြင်း..။ (ကိုယ်တွေ့ကြုံသူတစ်ဦး ရေးသားချက်)
တချိန်တုန်းက ၁၉၉၂-၉၃ လောက်က ရိုဟင်ဂျာ အမည်ခံ သူပုန်တွေကို နအဖ အစိုးရတပ်က ပြုတ်လုနီးပါးတိုက်ထုတ်ခဲ့တယ်....သူတို့က ..မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေတစ်လျှောက်ကနေတစ်ဆင့်..လူ ၁၅၀၀ လောက်စက်လှေတွေနဲ့ဝင်လာတယ် လက်နက်မပါပဲနဲ့ပေါ့..ဒီဘက်ကသူတို့အနွယ်တွေဆီကို လက်နက်ကျည်ဆံတွေကား ၇စီးတိုက်စာလောက် ကြိုပို့ထားတယ်လေ
လူနဲ့လက်နက်နဲ့ မတွဲမိခင်မှာ နအဖ စစ်တပ်တွေကပိတ်ဆို့ ရှင်းလင်း လိုက်နိုင်ပါတယ်
တကယ်ဖြစ်ခဲ့တာပါ........ကျောက်ပန်းနု ရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာဖွက်ထားတဲ့ လက်နက်တိုက်ကိုလဲသိမ်းမိပါတယ်၊ လက်နက်တွေအများကြီးလို့ဒေသခံတွေဆီကသိရပါတယ်
သူတို့နဲ့လက်နက်နဲ့သာတွဲမိလိုက်ရင်.......မလွယ်ပါဘူး...
အဲဒီတုန်းကရိုဟင်ဂျာဒုက္ခသည်တွေ ကိစ္စ မီဒီယာတွေအေရမ်းအော်ခဲ့ကြပါတယ်....ဘီဘီစီ နဲ့ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ............
.ဒေသခံတွေရဲ့ပြောစကားအရတော့ မြန်မာဘက်ကမ်းမှာရှိနေခဲ့တဲ့အမာခံတွေအများစုကိုပါရှင်း
လင်းခဲ့တယ်လို့သိရပါတယ်၊အဲဒီတုန်းကစပြီးနစကတပ်ဆိုတာစဖွဲ့စည်းပြီးသူတို့ကိုထိန်းချုပ်ခဲ့တာလို့သိရပါတယ်။
နောက်တစ်ချက်ကတော့ အမေရိကန်က အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲဆင်နွဲနေစဉ်မှာ ရိုဟင်ဂျာတွေဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိပြီး ပူးပေါင်းလှုပ်ရှားနေတဲ့အထောက်အထားတွေကို ရရှိခဲတဲ့ အချက်တွေပါ..။ အဲဒါတွေကို ၂၀၁၁ သြဂုတ်မှာ ပေါက်ကြားလာတဲ့ wikileak ကြေးနန်းမှာ ဖော်ပြထားပါတယ်..။
http://www.wikileaks.ch/cable/2002/10/02RANGOON1310.html
https://www.facebook.com/note.php?note_id=255875664459062 (မြန်မာဘာသာပြန်)
အဲဒီဖော်ပြချက်တွေထဲက တချို့ကို ဘာသာပြန်ပြရရင်..။
ARNO အဖွဲ့ဝင် 19 ဦးဟာ လစ်ဗျားနှင့် အာဖဂန် နစ်စတန်တွင် 2001 သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် ပြောက်ကျားစစ်သင်တန်း၊ အမျိုးမျိုးသော ဖောက်ခွဲရေးသင်တန်း၊ လက်နက်ကြီးသင်တန်းများအား တက်ရောက်ရန် ရွေးချယ်ခံခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များထဲမှ 13 ဦးဟာ ဖောက်ခွဲရေးနှင့် လက်နက်ကြီးသင်တန်းများမှာ ပူးပေါင်းတက်ရောက်ခဲ့ပါတယ်။ Zai-La-Saw-Ri စခန်းတွင်ရှိသည့် ARNO ရုံးချုပ်သို့ တာလီဘန် အဖွဲ့ဝင်များ ဖြစ်ကြသည့် အယ်ဟာဆက်နှင့် အယ်ဂျာဟစ်တို့ဟာ 2001 နိုဝင်ဘာ 2 ရက်နေ့တွင် RSO ၏ Kann-Grat-Chaung စခန်းမှ ရောက်ရှိခဲ့ပါတယ်။
သူတို့ဟာ ဥက္ကဌ Nur Islam၊ အတွင်းရေးမှူး ဇဖာအာမက်၊ စစ်ဆင်ရေးအကြီးအမှုး ဖာရော့အာမက်၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး RSO နှင့် ARNO အား ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပါတယ်။ ထိုမှတဆင့် ARNO/RSO နှင့် တာလီဘန်အဖွဲ့အစည်းတို့ဟာ 2001 နိုဝင်ဘာ 15 ရက်နေ့မှာ အစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ခဲ့ပါတယ်။ ARNO ဥက္ကဌ Nur Islam ဟာ ARIF နှင့် RSO တို့ဟာ ARNO ၏ပူးပေါင်းအဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် သဘောတူခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ သို့သော်လည်း RSO မှ မူလာဒီမာဟာ အဆိုပါ ပူးပေါင်းခြင်းအား သဘောမတူခဲ့ပဲ ၎င်း၏နောက်လိုက်နောက်ပါများနှင့် ခွဲထွက်သွားခဲ့ပါတယ်။
တိုင်းတပါး အဆက်အသွယ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်မှ ဘာဒါဘန်၊ GOB မှ စုံစမ်းဆဲဖြစ်သည့် ဟာဆာအာမက်နှင့် နိုင်ငံခြားသားနှစ်ယောက်တို့ဟာ Zai-La-Saw-Ri စခန်းရှိ ARNO ရုံးချုပ်သို့သွားရောက်ခဲ့ပြီး Salein တပ်သားများ၏ အကြီးအကဲ စစ်ရေးလှုပ်ရှားမှု တာဝန်ခံနှင့် တွေ့ဆုံခဲ့ပါတယ်။
wikileak တွင်ပါဝင်သော အမေရိကန်အစိုးရမှ အကြမ်းဖက်သမားခေါင်းဆောင်ဟု သတ်မှတ်ထားသည့် Nurul Islam
(အင်္ဂလန်ရောက်ပြီး ကြောင်သူတော်ယောင်ဆောင်ထားသော လက်နက်ကိုင် အကြမ်းဖက်ARNO ဥက္ကဌ Nurul Islam နှင့် ရိုဟင်ဂျာအား မြန်မာတိုင်းရင်းသားအဖြစ် သွတ်သွင်းရန်ကြိုးစားနေသည့် ဟန်ညောင်ဝေ တို့အား တွေ့ရပုံ)
နောက်ပြီး အဲဒိလို ရိုဟင်ဂျာတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပတ်သတ်တဲ့ ရေးသားတင်ပြချက်တွေကို အောက်ပါ link တွေမှာ ဖော်ပြထားတာကို လေ့လာကြည့်နိုင်ပါတယ်..။ ရေးသားတဲ့သူတွေထဲမှာ Eastern Economic Review မှ ကမ္ဘာကျော် စာနယ်ဇင်းဆရာ Bertil Lintner လည်း ပါဝင်ပါတယ်..။
http://www.atimes.com/atimes/South_Asia/DI21Df06.html
http://www.hrcbm.org/NEWLOOK/quandary_news2.pdf
http://www.weeklyblitz.net/830/bin-laden-eyes-on-bangladesh
http://www.hudson.org/files/pdf_upload/terrorismPDF.pdf
http://www.scribd.com/doc/12774699/Rohingya-Organizations-Quoted-in-the-History-of-Terrorism-Book
အောက်က စာအုပ်က University Of California က ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေပြဌာန်းထားတဲ့ History Of Terrorism ဆိုတဲ့ စာအုပ်မှာ ပါတဲ့ ရိုဟင်ဂျာအကြောင်းပါ..။
http://books.google.com/books?id=YmpfgNqmVXYC&pg=PA422&lpg=PA422&dq=rohingya+terrorists+group&source=bl&ots=oLK0qz3Sbs&sig=6rNKSZs7ehX18ELIuRlAziijqYE&hl=en&ei=qVriSencCIXR-AbVmNyACQ&sa=X&oi=book_result&ct=result&resnum=10
ထိုင်းနိုင်ငံတောင်ပိုင်းက အကြမ်းဖက်မှုတွေမှာလည်း Rohingya တွေ ပါဝင်ပတ်သတ်ကြောင်း အထောက်အထား တွေရှိပါတယ်..။ ယခင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်ကိုယ်တိုင် စိတ်ဝင်စားခဲ့တဲ့ အဖြစ်တွေပါ..။ အာက်ကလင့်တွေမှာ လေ့လာကြည့်နိုင်ပါတယ်..။
http://www.bangkokpost.com/news/local/18647/abhisit-plays-down-rohingya-terror-link
http://www.bangkokpost.com/news/local/18583/rohingya-terrorist-suspects-captured
ဧရာဝတီ သူ့အတွေး သူ့အမြင်မှာ မှာ ကိုအောင်တင်က ထိုင်းတွေ ရိုဟင်ဂျာတွေကို လှေနဲပြန်မောင်းထုတ်တာကို အပြစ်တစ်ခုလိုပြောခဲ့ပါတယ်..။ ရိုဟင်ဂျာတွေကြောင့် ထိုင်းတောင်ပိုင်းမှာ စစ်တေသွေးကြွတွေ ထပ်တိုးလာတာကို မသိချင်ယောင်ဆောင်ခဲ့တာလား.. .မတွေးခဲ့တာလား..။
နောက်ဆုံးဗျာ Google မှာ rohingya terrorism/ Rohingya treeorist လို့သာ ရိုက်ပြီး ရှာလိုက် .. အထောက်အထားတွေ၊ သတင်းတွေ၊ ဆောင်းပါးတွေ၊ e book တွေ တန်းစီပြီး ထွက်လာလိမ့်မယ်..။ လက်ညိုးထိုးမလွဲဘူး..။ အဲဒါကိုတော့ အာ မ ခံ ပါတယ်..။ လေ့လာလို့ မဆုံးဘူး.။
အခု တင်ပြထားတဲ့ အပေါ်က သမိုင်းတွေနဲ့ တကမ္ဘာလုံးက သတင်းတွေဆောင်းပါးတွေကို ကြည့်လိုက်ရင် ၀ါဒဖြန့်ထားတဲ့အချက် တစ်ခုမှ မပါပါဘူး..။ အဲဒါတွေက စစ်တပ်ကရေးတာမဟုတ်သလို၊ ဒီမိုတွေရေးတာလည်းမဟုတ်ဘူး..။ တကမ္ဘာလုံးက စုပြီးသုံးသပ်ထားတဲ့ အထောက်အထားတွေပဲ.။ ရခိုင်က အရေးအခင်းတွေ သမိုင်းတွေကိုလည်း ဒေသခံရခိုင်ရှေ့မှီနောက်မှီတွေကို စုံစမ်းလို့ရပါတယ်..။
အဲဒီတော့ အဲဒီလို သမိုင်းမှာ သူတို့အတွက် ဒေသတစ်ခုရဖို့ ငွေကြေးအင်အား၊ NGO တွေအင်အား၊ မီဒီယာအင်အားနဲ့ အစွမ်းကုန်ကြိုးစားနေတဲ့ ရိုဟင်ဂျာဟာ.. သိုးယောင်ဆောင်တဲ့ ၀ံပုလွေဆိုတာ ထင်ရှားနေပါတယ်..။ အစိုးရက လူ့အခွင့်အရေးအရ နိုင်ငံသားအဖြစ် ခွင့်ပြုခဲ့ရင်တောင် နောင်ဖြစ်လာမယ့်အကျိုးဆက်တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ လိုပါတယ်..။
သိပ်မကြာခင်က ၂၀၁၁ ဇူလိုင် ၃၀ ရက်နေ့က စစ်တကောင်းတောင်တန်းဒေသမှာ ရခိုင်မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်တာကို သူ့ရဲ့ မိဘမောင်ဘွားတွေက ကာကွယ်ရင်း ဘင်္ဂလီတွေရဲ့ အသတ်ခံလိုက်ရတဲ့ သုံးလောင်းပြိုင်လူသတ်မှု ဖြစ်သွားပါတယ်..။
ပုံတွေကို ကြည့်ပါ..။
ဘင်္ဂါလီများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံရသည့် ကလေးငယ်
ဇူလိုင်လ အတွင်းက မုဒိမ်းကျင့်ရန် ကြိုးပမ်းခံရသည့် အမျိုးသမီးပုံ
ကာကွယ်ရင်း ရက်စက်စွာ အသတ်ခံရသည့် အမျိုးသမီး၏ မိဘမောင်ဘွားများ
§ http://khutdownnge.blogspot.co.uk/2012/01/blog-post_9437.html
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် တာလီဘန် ၁၃ ဦးကို ဖမ်းဆီး ~ ခွပ်ဒေါင်းငယ်
khutdownnge.blogspot.com
မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက် လာသည့် တာလီ ဘန် ၁၃ဦးကို ဖမ်းဆီး ထားကြောင်း သ...ိရသည်။ အဆိုပါ ဖမ်းဆီးမှုကို ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက နေပြည် တော် တွင် ယနေ့က ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။

Myanmar Express

ပဋိပက္ခဒေသများတွင် စောင့်ကြည့်ရန် စစ်မြေပြင်စည်းကမ်းရေးဆွဲလျက်ရှိ


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ဖြစ်ပွးလျက်ရှိသည့် လက်နက်ကိုင် တိုင်းရင်းသားများအကြား ပဋိပက္ခများကို စောင့်ကြည့်လေ့လာမည့် စစ်မြေပြင်စည်းကမ်း ရေးဆွဲလျက်ရှိသည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့က ပြောကြားသည်။ “ယာယီဖွဲ့စည်းဆဲ ကာလမှာတော့ ပြဿနာဖြစ်တယ်ဆို အဲဒီ စောင့်ကြပ်စစ်ဆေးရေးအဖွဲ့က ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ နောက်များကာလမှာတော့ စည်းစနစ်ကျလာမှာပါ” ဟု ဦးအောင်မင်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးမည့် စစ်မြေပြင် စောင့်ကြည့်ရေး၌ ပထမအဆင့်တွင် ပြည်တွင်းစောင့်ကြည့်ရေး အဖွဲ့၌ စစ်ဘက်အဖွဲ့၊ ပြည်တွင်းမီဒီယာများ၊ တစ်ဖက် (လက်နက်ကိုင်အဖွဲ့) အဖွဲ့က ခန့်ထားသည့် သမာဓိလူကြီးများက အမှား၊ အမှန် စစ်ဆေးမည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် နိုင်ငံတကာ စစ်မြေပြင် စောင့်ကြည့်ရေးအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းတို့က ထောက်ပြစစ်ဆေးမည်ဖြစ်ကာ တတိယအနေဖြင့် မည်သူမဆို လာရောက် စစ်ဆေးနိုင်သည်အထိ ဆောင်ရွက်သွားမည်ဟု သိရသည်။ “စောင့်ကြည့်ရေး စနစ်က အလွန်အရေးကြီးပါတယ်။ ခုလည်း နိုင်ငံတော် မီဒီယာတွေက လိုက်ကြည့်လေ့လာတာတွေက စောင့်ကြည့်တာပဲ။ ကျွန်တော်တို့ကို အဓိက အထောက်အကူ ပေးနေတဲ့နော်ဝေရဲ့ ဒုတိယဝန်ကြီးကိုယ်တိုင် ကျွန်တော်တို့ ပြောတဲ့နေရာကို လာကြည့်တယ်။ ဒီစနစ်ကြောင့် ယုံကြည်တာပေါ့ဗျာ” ဟု နော်ဝေနိုင်ငံ အစိုးရ၏ စစ်မြေပြင် လာရောက်လေ့လာမှုကို ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ