Subscribe to our RSS Feed

ရင်ကိုလာထိသော ဒေါ်ခိုင်ခိုင်နွယ်

From : ဒေါက်တာဆိပ်ဖွား

ဒီနေ့ ILO ကွန်ဖရင့်စ်ကို အချိန်ပေးပြီး စောင့်ကြည့်ခဲ့ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ၊ တဆက်တည်းဆိုသလိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုကြည့်ခဲ့ပါတယ် ၊ သတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားဆိုတာ လက်ခံပါသလားဆိုပြီး သတင်းထောက်တစ်ယောက်ကမေးတယ် ၊နောက် တစ်ယောက်ကျော်မှာပဲ နောက်သတင်းထောက်တစ်ယောက်က ခုနမေးခွန်းကိုပဲ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားပါသလည်း လို့ထပ်မေးပြန်တယ် ၊ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်း ၂ခုလုံးကို Rule of Law အတိုင်းသာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။ ပါးနပ်တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ အဖြေမျိုးပါပဲ ကောင်းပါတယ် ၊ ရင်ထဲကိုတော့လာမထိပါဘူး ။

နောက် ၀န်ကြီးဦးအောင်ကြည်နဲ့ သတင်းထောက်တစ်ယောက်အမေးအဖြေတွေကြည့်လိုက်ပါတယ် ၊ အစိုးရရဲ့ ပြောနေကျစကားတွေအတိုင်းပဲ ၀န်ကြီးက ထိန်းထိန်းသိမ်းသိမ်း ဖြေသွားပါတယ် ၊ ၀န်ကြီးရဲ့အဖြေတွေလည်း ကောင်းတာပါဘဲ ၊ ဒါပေမယ့် ရင်ထဲကိုတော့လာမထိပါဘူး ။

ကျွန်ုပ်ရင်ကိုလာထိသော အဖြေများကို ဖြေကြားခဲ့ ပြောဆိုခဲ့သူမှာ ရွှေပြည်သာ စက်မှုဇုံက အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ကိုယ်စားပြုတက်လာတဲ့ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်ဖြစ်ပါသည် ၊ သူမ ပြောဆိုခဲ့သောစကားများသည် ကျွန်ုပ်၏ ရင်ကိုလာပြီးထိပါသည် ၊ ကျွန်ုပ်ပြောချင်သောစကားများနှင့် ထပ်တူဖြစ်ပါသည် ၊ သူမသည် ဆန်ရှင်ကြောင့် မြန်မာအလုပ်ရှင် အလုပ်သမားတို့ ကမ္ဘာ့အလယ်မှာ ဈေးကွက်မရှိ ၊ ရွေးချယ်စရာမရှိ ၊ တန်းတူအခွင့်အရေးမရပဲ ဖြစ်နေပုံတို့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည့်စကားလုံးများ ပြောနေသော်လည်း မျက်နှာသည်အပြုံးမပျက် ၊ အပြုံးမပျက်ဟုဆိုသော်လည်း သူမ၏မျက်နှာနှင့် မျက်လုံးတို့တွင် ခံစားချက် ၊ ခံပြင်းမှုတို့ အထင်းသားပေါ်၏ မျိုးချစ်စိတ် ပေါ်လှ၏ ၊ တော်လှ၏ သူသာသရုပ်ဆောင်လုပ်ပါမူ ယနေ့သရုပ်ဆောင်များ ထမင်းငတ်ဖွယ်ဖြစ်၏ နိုင်ငံအတွက် တာဝန်ကျေလှ၏ ၊ မြန်မာအမျိုးသမီးတစ်ဦး၏ သတ္တိကို မြင်ရ၏ ၊ ရဲရင့်မှုကိုတွေ့ရ၏၊ အသိအမှတ်မပြုပဲမနေနိုင်အောင် ဖြစ်ရ၏ ၊ ဤကဲ့သို့ စိတ်ထားရှိသောမြန်မာအမျိုးသမီးမျိုး တိုင်းပြည်တွင် များများလို၏ ။



Myanmar Express

ရခိုင် ဒုက္ခသည်များ ရေသန့်၊ စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်


From : The Voice

ဆူပူ အကြမ်းဖက်မှုများကြောင့် ဒုက္ခသည် ဦးရေ လေးသောင်းကျော်ထိ မြင့်တက်လာသော ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ ရေသန့်၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အိမ်သာများ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ရခိုင်ဒုက္ခ သည်များ အရေးကို လိုက်ပါဆောင်ရွက်ပေးနေသူများက ပြောကြားသည်။

“၀မ်းရောဂါ အရမ်းပြင်းထန်လာပြီ။ အသည်းရောင် အသားဝါ ရောဂါတွေ ထပ်တိုးလာတယ်။ အစိုးရအဖွဲ့ကလည်း ဘာမှ မထောက်ပံ့ဘူး“ ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ပြောကြား သည်။

ဆူပူ အကြမ်းဖက်မှု များကြောင်း နေရပ်စွန့်ကာ အိုးမဲ့ အိမ်မဲ့ထွက်ပြေး တိမ်းရှောင်နေကြ ရသည့် ဒုက္ခသည်များ ကိုကူညီစောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို ရခိုင်လူငယ်များ အဖွဲ့စည်းနှင့် ရခိုင်ပြည်နယ်ဘေး ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တို့က ပေးဝယ်နိုင်ရန်စီစဉ်လျှက်ရှိကြောင်း ရခိုင်လူငယ်များ အဖွဲ့အစည်းထံမှ သိရသည်။

ရခိုင်လူငယ်များ အဖွဲ့အစည်းနှင့် ရခိုင်ပြည်နယ် ဘေးဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တို့မှ တစ်ဆင့် ရခိုင် ဒုက္ခသည်များကို လှူဒါန်းလိုပါက-
ဦးခင်မောင်လင်း (ရခိုင်လူငယ် အဖွဲ့အစည်း၊ စစ်တွေမြို့) ဖုန်း ၀၉၇၃၀၁၈၉၄၂၊
ဦးမောင်လေး (ရခိုင်လူငယ် အဖွဲ့အစည်း၊ ရမ်းဗြဲမြို့နယ်) ဖုန်း ၀၉၄၂၁၀၁၁၃၆၇၊
ဦးရဲမင်းဦး (ရခိုင်လူငယ် အဖွဲ့အစည်း၊ သံတွဲမြို့နယ်) ဖုန်း ၀၉၄၅၀၀၃၄၂၃၁၊
ဦးကျော်မင်း (ရခိုင်လူငယ် အဖွဲ့အစည်း၊ ကျောက်ဖြူမြို့နယ်၊ လေးတောင် ရပ်ကွက်) ဖုန်း ၀၉၇၃၀၇၅၆၉၇၂၊
ဦးသန်းကြည် (ရခိုင်လူငယ် အဖွဲ့အစည်း၊ မင်းပြား) ဖုန်း။ ၀၉၇၃၀၁၀၇၅၄၊
ဦးဖြူချေ (ရခိုင်လူငယ် အဖွဲ့အစည်း၊ ပေါက်တောမြို့နယ်) ဖုန်း။ ၀၉၇၃၁၅၀၈၇၁၊
ရခိုင်ပြည်နယ်ဘေး ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့ ကော်မတီရုံး၊ ဓည၀တီ သာသနာပြု ကျောင်းတိုက်၊ ဦးထင် ပေါ်လမ်း၊ ဗဟန်းမြို့နယ်။ ဖုန်း -၀၉၄၂၀၁၀၇၄၀၀။ ၀၉၄၂၀၁၀၄၅၇၀၊
စစ်တွေမြို့ရှိ ဒုက္ခသည်များကို လှူဒါန်းလိုပါက -
ဦးအောင်ကျော်ဝင်း (၀ံလက်လူမှုရေးအဖွဲ့အစည်း) ဖုန်း ၀၉-၄၂၁၇၁၁၅၈၈

ဦးသိန်းဝင်း (၀ံလက်လူမှုရေးအဖွဲ့အစည်း) ဖုန်း ၀၉-၄၉၆၆၂၅၆၈

ဦးသိန်းထွန်းအေး (၀ံလက်လူမှုရေးအဖွဲ့အစည်း) ဖုန်း ၀၉-၄၃၁၅၄၀၁၂

ဦးစံကျော်လှ (ရခိုင်တိုင်းရင်းးသားများ တိုးတက်ရေးပါတီ ၊ စစ်တွေမြို့ဗဟိုဌာန) ဖုန်း ၀၉၈၅၀၀၈၁၆

ရခိုင်တိုင်းရင်းးသားများ တိုးတက်ရေးပါတီ ( ရန်ကုန်ရုံးချုပ်၊ မလွှကုန်းလမ်း၊ တာမွေ၊ ကျောက်မြောင်း) ဖုန်း ၀၉၇၃၀၄၄၉၂၇
ရသေ့တောင် ဒုက္ခသည်များကို လှူဒါန်းလိုသူများသည် ရန်ဘုံငွေ ကူညီစောင့်ရှောက်ရေး အဖွဲ့ ဦးကျော်စိန်လှ ဖုန်း- ၀၉၄၉၆၇၆၁၁၁၊ ဦးထွန်းလှ ဖုန်း- ၀၉၈၅၃၂၃၅၉၊ ဦးဦးသာဇံ ဖုန်း- ၀၉၄၉၆၇၆၀၆၇ တို့ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားပေးရေး မှ တစ်ဆင့် ရခိုင်ပြည် ဒုက္ခသည်များ လှူဒါန်းလိုပါက
ညွှန်ကြားရေးမှူးချုပ် မီးသတ်ဦးစီးဌာန ဖုန်း ၀၁- ၅၆၀၃၅၁၊
ဦးဝင်းထွဋ်ဦး၊ ညွှန်ကြားရေးမှူး (စီမံ) ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ နေပြည်တော်၊
ဖုန်း - ၀၆၇- ၄၀၄၃၁၆

Myanmar Express

စစ်တွေ၊ မောင်တောနှင့် ကော့စ်ဘဇား သတင်း

From : နာရိစ်ရ

ဇွန်လ ၁၄ ရက်နေ့နဲ့ ဇွန် ၁၅ ရက်အကြား ညဥ့် ၁ နာရီမှာ စစ်တွေ မြို့သူကြီး ရပ်ကွက် (ခေါ်) ရွေပြား ရပ်ကွက်ကို မွတ်ဆလင် တချို့က ၀င်ရောက်မီးရှို့တဲ့ အတွက် နေအိမ် (၆) လုံးမီးထဲ ပါသွားခဲ့ပါတယ်။ သူတို့အိမ်ကို သူတို့ မီးလာရှို့ပြီး အသင့်စောင့်နေတဲ့ စက်လှေနဲ့ ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

တရားသီးစု ရပ်ကွက် လမ်းပေါ်မှာ ကင်းယူနေတဲ့ ရခိုင် လူငယ် (၇) ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာ ခုချိန်ထိ ပြန်မရောက်သေးဘူးလို့ သိရပါတယ်။

မောင်တောမှာတော့ အမှတ် (၅) ရပ်ကွက်က ဗလီမှာ ဘုရားဝတ်ပြုဖို့ လာတဲ့ လူ ၅ ဦးပါ အဖွဲ့ တစ်ဖွဲ့ကို ရဲက မိုးပေါ်ထောင်ပစ်ပြီး ဟန့်တားတဲ့ အတွက် လူစု ခွဲပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

မောင်တောမြို့ပြင် မြို့သူကြီး ရပ်ကွက်မှာတော့ စစ်သားတွေ အလုံးအရင်း ရောက်နေပြီး တပ်ဖြန့်ချထားတယ်လို့ ပြောပါတယ်။ ဒီကနေ့ဟာ သောကြာနေ့ ဖြစ်တဲ့ အတွက် ဆူပူမူတွေ ထပ်ဖြစ်မှာကို စိုးရိမ်တဲ့ အတွက် အခုလို လာရောက်ကြတာ ဆိုတာကတော့ သဲကွဲစွာ မသိရသေးပါဘူး။

————– ————————————–

ဒီကနေ့ ဘင်္ဂလာဒေခ်ျ့က ထုတ်တဲ့ The Daily Star သတင်းစာမှာ Myanmar Claims Jammat Link ခေါင်းစဉ်နဲ့ သတင်း တစ်ပုဒ်ပါလာပါတယ်။

အဲဒီ သတင်းမှာ ဘင်္ဂလာဒေခ်ျ့ ပါလီမာန်မှာ နိုင်ငံခြားရေ ၀န်ကြီး ဒီပူရ် မူနီက မနေ့က ပြုလုပ်တဲ့ ပါလီမာန်မှာ အခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ ပြဿနာကို ဘင်္ဂလာဒေခ်ျ့ ဘာသာရေး ပါတီ တစ်ခုဖြစ်တဲ့ ဂျာမတ် အီစလန်မစ် အဖွဲ့က ဘင်္ဂလာမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေကို လက်နက်တွေ ကူညီပြီး ဆူပူအောင် လုပ်တယ်ဆိုပြီး မြန်မာ အစိုးရက စိုးရိမ်ကြောင်း သူနိုင်ငံရဲ့ သံတမန်တွေကို ထုတ်ဖေါ် ပြောတယ်လို့ ပြောဆိုသွားပါတယ်။ အခုလို ပြောဆိုတာတွေ ရှိနေတဲ့ သူ့နိုင်ငံ လုံခြုံရေး အတွက် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံက လူတွေကို လုံးဝ လက်ခံလို့ မရဘူးလို့ ပြောဆို သွားခဲ့ပါတယ်။

ကော့စ်ဘဇားခရိုင်မှာ ရှိတဲ့ ရခိုင်ရွာတွေမှာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး ရခိုင်တွေကို ဒီကနေ့မှာ အိမ်ပြင်ကို မသွားလာဖို့ ရဲအဖွဲ့က တိုက်တွန်းထားပါတယ်။ ဈေးဆိုင်တွေကိုလည်း ပိတ်ထားခဲ့ကြပါတယ်။ ဒီနေ့ သောကြာနေ့ ၀တ်ပြု အပြီးမှာ ဘာသာရေး ခေါင်းဆောင်တွေက ဆန္ဒပြဖို့ ခွင့်တောင်းတာကို ဒေသ အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကော့စ်ဘဇားမှာ အခြေအနေဟာ ငြိမ်နေတယ်လို့ ပြောပါတယ်။

ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီမြို့နယ် အတွင်းက မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ ရွာတွေမှာတော့ ရွာကို စွန့်ခွာသွားတဲ့ ရခိုင်တွေ ရှိသလို အများစုကတော့ သတိနဲ့ နေထိုင်နေကြတယ်လို့ သိရပါတယ်။

Myanmar Express

ဘေးလွှတ်ရာကို ထွက်ပြေးရာမှ ဘူးသီးတောင်သို့ ရောက်ရှိသွားသူ ဒုက္ခသည်များကို မောင်တောသို့ ပြန်ခေါ်လာ

From : ရခိုင်းသတင်းဌာန

ကျေးရွာများ မီးရှို့ခံရပြီး အသက်လု ထွက်ပြေးခဲ့ကြရသော မောင်တောင်မြို့နယ် တောင်ပိုင်းမှ ဒုက္ခသည် ၃၀၀ ကျော်ကို အာဏာပိုင်များက ဘူးသီးတောင်ကနေ မောင်တောသို့ ယမန်နေ့က ပြန်လည် ခေါ်ယူလာကြောင်း သတင်း ရရှိသည်။

“ သူတို့က မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိတဲ့ ကိုင်းကြီး၊ သရေကုန်ဘောင်မှာ နေထိုင်ကြတဲ့ ရခိုင်နဲ့ ဗမာ လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ရွာတွေ မီးရှို့ခံရတော့ မေယူတောင်ကို ကျော်ဖြတ်ပြီး ထွက်ပြေး သွားကြတဲ့ သူတွေ ဖြစ်ကြပါတယ်။ မနေ့က အာဏာပိုင်တွေက ဘူးသီးတောင်ကနေ မောင်တောကို ကားတွေနဲ့ ပြန်ခေါ်လာပြီး မောင်တောမှာ နေရာချပေးထားပါတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။

ပြန်လည်ခေါ်ယူလာသူ ရွာသား အရေအတွက်မှာ ၃၀၀ ကျော်ဖြစ်ပြီး ထိုအထဲမှ ၂၇၀ အား ရပ်ကွက် (၃) မူလတန်းကျောင်းတွင် နေရာချပေးထားကာ ၇၂ ဦးကို အမှတ် (၁) ရက်ကွက် မူလတန်းကျောင်းတွင် နေရာချပေးထားသည်ဟု သူက ပြောသည်။

“ သူတို့ကိုတော့ အုပ်စု (၂) ခုခွဲပြီး နေရာချပေးထားပါတယ်။ အဲဒီအထဲမှာ ကျောင်းဆရာမတွေလည်း အတူပါလာတာကို တွေ့ရပါတယ်။ သူတို့အတွက် ထမင်းကိုတော့ မြို့ထဲက လူတွေက ထမင်းထုတ် ကောက်ပြီး သွားပို့နေပါတယ်” ဟု သူက ဆက်ပြောသည်။

မောင်တောတောင်ပိုင်းရှိ ကျေးရွာတချို့တွင် စာပြနေသော ဆရာမ အများအပြားလည်း ဆူပူ အကြမ်းဖက်မူ အတွင်း ပျောက်ဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

“ ဆရာမတွေက ရွာသားတွေနဲ့ အတူ ထွက်ပြေး လွှတ်မြောက်သွားခဲ့ကြပါတယ်။ အများစု ဆရာမတွေက မိဘတွေရှိတဲ့ နေရပ်ရင်းတွေကို ပြန်သွားကြတယ်လို့ သိရပါတယ်။ သူတို့ ခုလို အေးအေးချမ်းချမ်း ဖြစ်သွားတာကို ကြားရတဲ့ အတွက် ဒေသခံတွေကတော့ စိတ်ချမ်းသာရာ ရခဲ့ကြပါတယ်” ဟု သူက ပြောသည်။

ယခုအခါ မောင်တောမြို့ပေါ်တွင် ကယ်ဆည်ရေး စခန်း (၇) ခုဖွင့်လှစ်ပြီး ဒုက္ခသည် တစ်သောင်းကျော်ကို လက်ခံထားကြောင်း သိရသည်။ ယခုလက်ရှိ မောင်တောတွင် ခိုလုံနေသူ ဒုက္ခသည်များမှာ အစိုးရနှင့် တခြား အဖွဲ့အစည်းများမှ အကူအညီများ ရရှိနေသော်လည်း လူဦးရေများသဖြင့် ကူညီ ထောက်ပံ့မူများနှင့် မလုံမလောက် ဖြစ်နေကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်တွင် မြို့မ အလက (၁) တွင် ဒုက္ခသည် တစ်ထောင်ကျော် ဆက်လက် ခိုလုံနေတုန်း ဖြစ်ပြီး အများစုမှာ မောင်တောမြို့နယ်မှ တောင်ကျော် ထွက်ပြေးလာသူများ ဖြစ်ကြောင်း သိရသည်။

Myanmar Express

ဘူးသီးတောင်၊ မောင်တောဒေသ UNDP တာဝန်ခံ ဒေါက်တာထွန်းအောင်ထံမှ လက်နက်နဲ့ စာရွက်စာတမ်းများမိ

From : RFA

စစ်တွေမြို့မှာ ဒီကနေ့ မီးရှို့မှုများ ဆက်လက်ဖြစ်ပွားနေပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတချို့လည်းရှိခဲ့
တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာရှိတဲ့ NGO ရုံးတချို့ကို အာဏာပိုင်တွေက ဒီကနေ့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။


[Photo:RFA/စစ်တွေမြို့တွင် ပဋိပက္ခကြောင့် မီးလောင်နေသော အိမ်များကို ဒေသခံများ မီးငြိမ်းသတ်နေကြစဉ်။]
စစ်တွေမြို့အတွင်း နာဇီရပ်ကွက်နဲ့ ဓည၀တီရပ်ကွက်တွေမှာ မွန်းတည့် ၁၂ နာရီလောက်ကစပြီး မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမူတွေ ရှိနေပါတယ်။

မီးလောင်တဲ့ နေရာမှာ ရောက်နေတဲ့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

" မီးကွင်းပစ်တာက ရခိုင်အိမ်တွေကို မီးကွင်းပစ်ပါတယ်ခင်ဗျ။ ရခိုင်အိမ်နဲ့ သူတို့အိမ်က ကပ်ရက်ပါ။ ဓညဝတီဆိုတဲ့ ရပ်ကွက်နဲ့ နာဇီရွာဆိုတဲ့ ရပ်ကွက်က အကုန်လုံး ကပ်ရက်ပါ။ မီးရှို့တဲ့အချိန်မှာ ရခိုင်တွေကလည်း ထပ်ပစ်တယ်။ ရှို့ပါတယ်ခင်ဗျ။ ဘယ်လိုခေါ်မလဲ။ လေက ရခိုင်ဘက်ကိုတိုက်တဲ့ အချိန်မှာ သူတို့က စပြီး မီးရှို့ပါတယ်။ ဆိုတဲ့သဘောက လေတိုက်ရာကို မီးကပါမဲ့ သဘောဖြစ်တဲ့အတွက် ရခိုင်ရွာတွေဘက်ကို လေတိုက်နေတဲ့ အချိန်မှာ သူတို့ကစပြီး မီးရှို့တာပါ။ ဆိုတော့ ရခိုင်တွေက ကိုယ့်အိမ်ကို မီးငြိမ်းဖို့ ကြိုးစားကြပါတယ်။ အဲနားမှာ လေကပြောင်းသွားတော့ သူတို့ဘက်ကို အခုစလောင်နေပါပြီ"

ဒီမီးလောင်မှု ဖြစ်ပွားတဲ့ရပ်ကွက်က အစ္စလာမ်ဘာသာဝင် ၁၀၀၀ ကျော်ကို နာဇီရွာကနေ ဘူးပင်ရွာဘက်ကို အာဏာပိုင်တွေက ပြောင်းရွေ့ ပေးပါ တယ်။ လောင်နေတဲ့မီးဟာ ကွက်ကြားဖြစ်ပြီး မီးသတ်ကား သုံးလေးစီးနဲ့ မီးငြိမ်းနေရတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း စစ်တွေမြို့က NGO ရုံးတချို့ကို လုံထိန်းတပ်ဖွဲ့တွေ ၀ိုင်းပြီး ရှာဖွေရေးတွေ လုပ်တယ်လို့သိရပါတယ်။

စစ်တွေမြို့မှာ ရောက်နေတဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က အခုလိုပြောပါတယ်။

"လန်ကက်စတာ အင်တာနေရှင်နယ် ဆိုတဲ့ရုံးကို အာဏာပိုင်တွေက သွားရောက်ရှာဖွေရာမှာ ကျွန်တော်ကိုယ်တိုင်စောင့်ကြည့် နေခဲ့ပါတယ်ခင်ဗျ။ တခြား NGO အဖွဲ့ ရုံးတွေကိုလည်း ဝင်ရောက်ရှာဖွေတယ်လို့ သိရပါတယ်ခင်ဗျ။ အစကတော့ AZV NGO အဖွဲ့ပါခင်ဗျ။ အဲဒီ AZV အဖွဲ့၊ ရခိုင်ပြည်နယ်ရဲ့ အကြီးအကဲပေါ့လေ။ ရှေ့နေဟောင်း ဦးကျော်လှအောင် ဆိုတာ AZV အကြီးအကဲပေါ့နော်။ သူ့ဆီမှာလည်း အယ်ခိုင်းဒါးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ တွေ့ရတယ်။ သူ့ကိုလည်း အဲဒီကိစ္စနဲ့ပဲ ဖမ်းလိုက်တယ်။ လက်နက်လည်းသူ့ဆီက ရရှိတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် စစ်တွေဘက်မှာ ထွက်နေပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က အခုထက်ထိ တစုံတရာ ထုတ်ပြန်အတည်ပြုတာ လုံးဝ မရှိသေးပါဘူးခင်ဗျ"

မနေ့ကလည်း ဘူးသီးတောင်၊ မောင်တောဒေသ UNDP တာဝန်ခံ ဒေါက်တာထွန်းအောင်ဆိုသူနဲ့ သားတွေထံကနေ လက်နက်နဲ့ စာရွက်စာတမ်းတွေ မိတယ်ဆိုတဲ့ သတင်းတွေရသလို မနေ့ ညပိုင်းကလည်း ဒေါက်တာထွန်းအောင်ရဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးသုံးဦးကို စစ်တွေလေဆိပ်မှာ အာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်နက်မိတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ စစ်တွေမြို့က အာဏာပိုင်တစ်ဦးက RFAကို အတည်ပြုပေမဲ့ အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။

လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ သေဆုံးသူ ၂၅ ဦး ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၁ ဦး ရှိတယ်လို့ AFP သတင်းတရပ်က အစိုးရအရာရှိ တစ်ဦးကို ကိုးကားပြီး ရေးသားထားပါတယ်။

Myanmar Express

မျိုးချစ်စိတ်ဓါတ်ကို အပုပ်ချဆောင်းပါးဖြင့် ထိပါးစိန်ခေါ်လာသော ဧရာဝတီမီဒီယာ


From : Myo Set

ဧရာဝတီမဂ္ဂဇင်းကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို မီဒီယာကနေ တရားဝင်စိန်ခေါ်လိုက်ပြီဖြစ်ပါတယ်။

ဇွန်လ ၁၅ရက်နေ့ ၂ဝ၁၂ ခုနှစ် ဧရာဝတီမဂ္ဂဇင်းစာမျက်နှာရေးသားထားတဲ့ သတင်းတစ်ပုဒ်ဟာဖြင့် ရခိုင်ပြည်နယ်ကို ရခိုင်တွေ ဆက်လက် ပိုင်ဆိုင်ခွင့်ရှိဦးမလား ဆိုတာကို ရိုဟင်ဂျာဘင်္ဂါလီများဖက်မှ ထုံးစံအတိုင်းရပ်တည်သော သတင်းဆောင်းပါးတစ်ပုဒ်ဖြင့် စတင် သွေးတိုးစမ်းစိန်ခေါ်နေပြီဖြစ်ပါတယ်။

သတင်းအကျဉ်းချုပ်က ရခိုင်အရေးအခင်းဟာ အင်တာနက်သုံးစွဲသူမြန်မာများကြောင့် ပိုမိုပြင်းထန်လာပြီး အစိုးရရဲ့ အရေးပေါ်ကြေငြာချက်ဟာ ဒီ အင်တာနက်သုံးစွဲသူ မြန်မာတွေကြောင့်လို့ စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

နောက်ထပ် ရေးသားထားတဲ့အချက်ကတော့ သြစတေးလျသုတေသီတစ်ဦးနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ထဲက လူတစ်ဦးရဲ့ စကားကို ကိုးကားလို့ ရေးသားထားတာဖြစ်ပါတယ်။ ရေးထားတဲ့အချက်က ရိုဟင်ဂျာတွေဟာ မြန်မာ့တိုင်းရင်းသား မဟုတ်ဘူးဆိုတာ မြန်မာတွေက တစ်ဖက်သတ် မျက်စိမှိတ်ယုံကြည်နေကြတယ်လို့ဖြစ်ပါတယ်။ သို့သော်လည်း အပြစ်တင်မှုတွေကို ရှောင်ထွက်ဖို့အတွက် ရခိုင်ပြည်နယ်ထဲက အင်တာနက် သုံးစွဲမှုအခြေအနေကို အစိုးရက ကန့်သတ်ထားတဲ့အတွက် အတိအကျ ပြောဖို့ခက်ခဲနေတယ်ဆိုတာကို ဖော်ပြပြီး ထွက်ပေါက်ချန်ထားတာကိုလည်း တွေ့ရပါတယ်။

သတင်းတစ်ပုဒ်မှာ သတင်းခေါင်းစဉ်ဟာအရေးအကြီးဆုံး Main Message ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်က "အင်တာနက်အသုံးပြုသူအချို့ကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခ ပိုမိုဆိုးရွားခဲ့ရ" ဆိုပြီးဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကပေးတဲ့ မက်ဆေ့ခ်ျက အင်တာနက်အသုံးပြုပြီး ရခိုင်အရေးအခင်းမှာ ရခိုင်တွေဖက်က ပြတ်ပြတ်သားသား ၇ပ်တည်ခဲ့တဲ့ လူတွေကို စိန်ခေါ်လိုက်သလို လက်ညှိုးထိုးစွပ်စွဲလိုက်တာပဲဖြစ်ပါတယ်။

ရခိုင်အရေးအခင်း ဖြစ်လာတဲ့အချိန်မှာ ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ အလဲဗင်း၊ သဗွိုက်စ်တို့မှာ ထိထိမိမိ မဖော်ပြနိုင်သေးပေမယ့် အင်တာနက်သုံးစွဲသူ မြန်မာလူငယ်များလက်ထဲကိုတော့ သတင်းအချက်အလက်များကို ဆိုရှယ်နက်ဝေါ့တွေက တစ်ဆင့် ချက်ခြင်းဆိုသလို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရိုဟင်ဂျာရှေ့နေ နာမည်ကြီး ဘီဘီစီနဲ့ ကျန်သော မီဒီယာများဖြစ်တဲ့ RFA, Mizzima, VOA, DVB, Irrawaddy တို့ဟာ အထိုက်အလျောက်နှာစေးနေခဲ့ကြပါတယ်။ မောင်တောမှာ စတင်ပေါက်ကွဲလာခဲ့တဲ့ ဒီဘင်္ဂါလီတွေရဲ့ လှုပ်ရှားမှုကို မသိချင်ယောင်ဆောင်ခဲ့ကြတာဟာ ဒီမီဒီယာတွေပဲ ဖြစ်ပါတယ်။ နောက်ပြီး မဖြစ်တော့လို့သတင်းဖော်ပြခဲ့ရတဲ့ အချိန်မှာတော့ ဧရာဝတီက ဆန္ဒပြမွတ်စလင်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တယ်ဆိုတဲ့ ခေါင်းစဉ်အကြောင်းအရာကို ဆူးလေမှာ ဆန္ဒပြနေတဲ့ မွတ်စလင်တစ်ဦးပုံနဲ့ တွဲဖက်ဖော်ပြကာ မြန်မာပြည်တွင် မွတ်စလင်များကို ယနေ့ ထူးထူးကဲကဲ နှိပ်စက်နေပါတယ်ဆိုတဲ့ ပုံစံ ရေးသားတင်ဆက်ခဲ့တာဟာ ဧရာဝတီမဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး နာမည်ကြီးဘီဘီစီရဲ့ ဖော်ပြပုံတွေမှာ

"တောင်ကုတ်တွင် မွတ်စလင်ဆယ်ဦးကို လူအုပ်ကြီးက ဆွဲချသတ်ဖြတ်" ဆိုတဲ့ခေါ်င်းစဉ်နဲ့

"မောင်တောတွင် မွတ်စလင်များ ဆန္ဒပြ" ဆိုတဲ့ ခေါင်းစဉ်နဲ့ မရှေးမနှောင်းဖော်ပြခဲ့ပါတယ်။ တစ်ကယ်က အကြမ်းဖက် ဆူပူခြင်း ဖြစ်စဉ်...ယနေ့အဓိကရုဏ်းရဲ့အစဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဓပြတယ်လို့ပဲ ဘက်လိုက်ဖော်ပြခဲ့ပါတယ်။

သောကြာနေ့မှာ ဗလီဆင်းချိန် လူစုပြီး ကမ္ဘောဇဘဏ်ရှေ့က အဖီတွေကိုဖျက်ဆီးလို့ တည်းခိုခန်းတစ်ခုကို မီးတင်ရှို့ခဲ့တဲ့လုပ်ရပ်ကို "ဆန္ဒပြသူများကို ရဲမှပစ်ခတ်"ဆိုတဲ့ အသွင်အနေနဲ့ ဧရာဝတီ၊ ဘီဘီစီနှင့်တစ်ကွ သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံတကာမီဒီယာတွေမှာ တစ်ပြိုင်နက် ဖော်ပြခဲ့ကြပါတယ်။

တစ်ဆက်တည်းမှာပဲ ဇွန်လ ၉ရက် ၂ဝ၁၂ ခုနှစ်မှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) စာမျက်နှာမှာတော့ ပီတာအောင်ဆိုတဲ့ သတင်းရေးသူက ရွှေတိဂုံဘုရားမှာ ဆန္ဒပြမှုဟာ မောင်တောမြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးမှု၊ လူတွေကိုသေကြေအောင်လုပ်မှု ဖြစ်အပြီးမှာ ရန်ကုန်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေက ပြုလုပ်ခဲ့ကြတာ ဖြစ်တယ် လို့ ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အဖြစ်မှန်တွေကို ဖုန်းသတင်းတွေကတစ်ဆင့် အဆက်မပြတ်ဖြန့်ဝေနေကြတဲ့ အင်တာနက်သုံးစွဲသူလူငယ်တွေကြာကို ပျံ့နှံ့လာခဲ့ချိန်မှာတော့ လူငယ်တွေဟာ ဒေါသပေါက်ကွဲခဲ့ကြပါတော့တယ်။

ထိုအချိန်မှာ အဓိကရုဏ်းကြောင့် ဘင်္ဂါလီအများစု၇ှိနေတဲ့ မောင်တောမြို့နယ်မှာရှိတဲ့ ရခိုင်တွေဟာ သေရေးရှင်ရေးနဲ့ကြုံတွေ့နေခဲ့ရပြီဖြစ်ပါတယ်။ မီးလောင်မှုများနဲ့အတူ ဦးတည်ရာမဲ့ ထွက်ပြေးနေကြတဲ့ ရခိုင်လူအုပ်ထဲကို မောင်တောမြို့ငွေပွဲစား ဇော်ဟိန်း ဆိုတဲ့သူရဲ့ နေအိမ်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းများထွက်ပေါ်နေပေမယ့် ထိုသတင်းဌာနတွေဟာ မောင်တောမြို့မှာရှိတဲ့ ရခိုင်လူမျိုးအနည်းစုရဲ့ ဘေးအန္တရာယ်နဲ့ပတ်သက်လို့ တစ်လုံး တစ်ပါဒမှ ဖော်ပြခြင်းမပြုဘဲ ထိုအရေးအခင်းဟာ ဘာသာရေးအဓိကရုဏ်း အသွင် ဇောင်းပေးဖော်ပြလာခဲ့ပါတယ်။

မကြာခင်မှာပဲ ပြည်တွင်းအင်အားကြီးမီဒီယာ အလဲဗင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ အင်တာနက်စာမျက်နှာတွေမှာ ရခိုင်ပြည်သူတွေရဲ့ သတင်းကို အဆက်မပြတ်ဖော်ပြပေးလာခဲ့ပါတယ်။ ဖုန်းဆက်နေရင်း ရုတ်တရက်ဖုန်းချ ထွက်ပြေးသွားရလောက်အောင် မတည်ငြိမ်မှုတွေဖြစ်နေပြီး နေ့ရောညပါ ကျီးလန့်စာစား ဖြစ်နေခဲ့ရတဲ့ စစ်တွေမြို့ အဓိကရုဏ်းဖြစ်စဉ်မှာ သေဆုံးသူ ရခိုင်လူမျိုးများရဲ့ ဓါတ်ပုံတွေ အများကြီးတက်လာခဲ့ပေမယ့် ဒီသတင်းဌာနတွေဟာ လုံးဝဖော်ပြခြင်းမပြုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘီဘီစီ မြန်မာပိုင်းရဲ့ သတင်းဓါတ်ပုံဖော်ပြမှုမှာဆိုရင် ဘင်္ဂလားတစ်ဦးရဲ့ ဆိုင်ကယ်ကို ရခိုင်များက မီးရှို့ထားတဲ့ပုံ၊ ဓါးကိုင်၊ ဝါးချွန်ကိုင်ပြီး ကိုယ့်အိမ်ကို စောင့်ကြပ်နေကြရတဲ့ ရခိုင်များရဲ့ ပုံကိုသာ ဖော်ပြပေးထားတာကို တွေ့၇မှာဖြစ်ပါတယ်။ ဒီလိုဖော်ပြခြင်းအားဖြင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများက ကိုယ့်အိမ်ကိုယ် ကာကွယ်နေကြတဲ့ ရခိုင်လူမျိုးများကို အစွန်းေ၇ာက် တာလီဘန်များသဖွယ်မြင်တွေ့သွားကြမှာ ဖြစ်ပါတယ်။

ဒီလို ပြည်ပမြန်မာမီဒီယာများနဲ့ နိုင်ငံတကာမီဒီယာများရဲ့ တစ်ဖက်သတ်ဖော်ပြကာ ရခိုင်လူမျိုးများအပေါ် လျစ်လျူရှုမှုများကို မခံမရပ်နိုင်ဖြစ်လာကြတဲ့ ပြည်တွင်း၊ပြည်ပမှ အင်တာနက်သုံးစွဲသူများဟာ ပြည်တွင်း Citizen Journalists များ၊ ပြည်တွင်းမှ အွန်လိုင်းသတင်းဌာနများနဲ့ ပြည်တွင်းမီဒီယာများမှ သတင်းတိုများ၊ သတင်း၇ှည်များကို အင်္ဂလိပ်လို ပြန်ဆိုရေးသားကာ ဖြန့်ဝေလာခြင်းဖြင့် စံနစ်တကျ ဖွဲ့စည်းထားကြတဲ့ နိုင်ငံရေးသမားများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပ မြန်မာမီဒီယာများနဲ့ နိုင်ငံတကာမီဒီယာများ၊ အိမ်နီးချင်း ထိုင်း၊စင်ကာပူတို့မှ သတင်းမှားများကို နာရီပေါင်းများစွာ ဆန့်ကျင်ချေပလာခဲ့ကြပါတယ်။ ဒီလို တစ်ဖက်သတ် သတင်းတွေကို မြင်တွေ့လာရတဲ့ အင်တာနက်သုံးသူ ပြည်သူများရဲ့ မကျေမနပ် ဒေါသပေါက်ကွဲသံများဟာ ပြည်တွင်းမီဒီယာများရဲ့ မှတ်ချက်ပြုခွင့်ပေးထားတဲ့နေရာများမှာ လျှံတက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြည်သူတွေ မကျေမနပ်ဖြစ်နေတာကို လုံးဝ လျစ်လျူရှုခဲ့ကြတာကတော့ ထိုပြည်ပ မြန်မာမီဒီယာများပဲ ဖြစ်ပါတယ်။

မခံနိုင်တော့တဲ့အဆုံးမှာ မျိုးချစ်ရခိုင်ရဟန်းတော်များနဲ့ ရခိုင်များနှင့်တစ်ကွ ကျန်တိုင်းရင်းသားညီအစ်ကိုများဟာ ဒုက္ခပင်လယ်ဝေနေကြတဲ့ ရခိုင်များအတွက် မိမိတတ်နိုင်တဲ့နည်းနဲ့ ရွှေတိဂုံစေတီမှာ ဆန္ဒထုတ်ဖော် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ ထို ဆန္ဒထုတ်ဖော်သူများလက်မှာ "DVB, BBC, ပြည်ပမိဒီယာများအလိုမရှိ" စတဲ့ စာသားများနဲ့ သဘောဆင်တူတဲ့ ဆိုင်းဘုတ်များကို ကိုင်စွဲဆန္ဒထုတ်ဖော်ခဲ့ကြတာကို ပြည်တွင်းမီဒီယာများနဲ့ တာဝန်သိ Citizen Journalists များရဲ့ အင်တာနက်စာမျက်နှာများမှာတွေ့ရပေမယ့် ဘီဘီစီနဲ့တစ်ကွ ကျန် မြန်မာမီဒီယာများ မှာတော့ ဆန္ဒပြ ရဟန်းတော်များနဲ့ ဘင်္ဂါလီများကို အလိုမရှိကြောင်း သတင်းဓါတ်ပုံမျာကိုသာ ရွေးချယ်ဖော်ပြခဲ့တာကိုလည်း တွေ့ရပြန်ပါတယ်။

ထို့နောက် မျိုးချစ်တိုင်းရင်းသားညီအစ်ကိုများပူးပေါင်းပြီး ဆူးလေမှာ ဆန္ဒထုတ်ဖော်တဲ့ပွဲစဉ်တွေမှာလည်း ထိုပြည်ပမီဒီယာတွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ပေမယ့် အလားတူစွာပဲ မည်သည့် ပြည်ပမြန်မာမီဒီယာများနဲ့ နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးအနေနဲ့ အင်္ဂလန် သံရုံးရှေ့မှာ ဒီမီဒီယာတွေရဲ့ သတင်းမှား ဖြန့်ဝေမှုကို ဆန္ဒပြနေတဲ့ ပြည်သူတွေကို ပြည်တွင်းမီဒီယာများကလွဲလို့ ဘယ်မီဒီယာကမှ ဖော်ပြခဲ့တာကို လက်လှမ်းမီသလောက်မတွေ့ခဲ့ရပါ။ ဒီလို ဆန္ဒ ထုတ်ဖော်တာဟာ ပြည်သူ့ ဆန္ဒဖြစ်ပါတယ်။ မီဒီယာဆိုတာ အရှိကိုအရှိအတိုင်းဖော်ပြရတဲ့ ကျင့်ဝတ်ရှိပေမယ့် ပြည်ပမီဒီယာတွေရဲ့ အကျင့်ပျက်ဘက်လိုက်မှုကြောင့် လူထုက လက်မခံနိုင်ဘူးဆိုတာကို အခုလို နည်းလမ်းများနဲ့ ပြသလိုက်တာဖြစ်ပါတယ်။ ပြည်တွင်းအင်တာနက်စာမျက်နှာများမှာလည်း ဒီဗွီဘီဝက်ဘ်ဆိုက်ကို မခံမရပ်နိုင်ဒေါသပေါက်ကွဲနေတဲ့ ပညာတတ်လူငယ်များက တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်ကိုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် မှာ ဒီလိုတိုက်ခိုက်ခဲ့ဖူးတယ်ဆိုတဲ့ အရေးအသားနဲ့ နှပ်ကြောင်းပေးပြီး ကိုယ့်ရဲ့ ရုပ်ပျက်ဆင်းပျက် ဘက်လိုက်သတင်းဖော်ပြမှုကြောင့် ဒီလို ဖြစ်ရတာကို ဖုံးကွယ်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ကွန်ယက်ဖြန့်ကျက်မှုဟာ အိမ်နိးချင်း ထိုင်း၊မလေးရှားတို့နဲ့ ယှဉ်ရင်များစွာနည်းပါးပါတယ်။ ဒါ့အပြင် ဖြစ်စဉ်တွေမှာ ပြည်မက လူတွေသိ၇တာဟာ သတင်းတွေတက်လာမှ သိ၇တာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောမှာ အဓိကရုဏ်းဖြစ်ပြီဆိုတဲ့ သတင်းဟာ တစ်ကယ့်ဖြစ်စဉ်နဲ့ အနည်းဆုံး သုံးလေးနာရီ ကွာပြီးမှသာ သိကြရတာဖြစ်ပါတယ်။ နောက်ပြီး အဓိကရုဏ်းဟာ စစ်တွေမြို့ရဲ့ ပတ်ချာလည်နဲ့မောင်တောမြို့ပတ်ချာလည်ရွာတွေမှာ ဖြစ်ပွားနေပြီးမှသာ စစ်တွေမြို့ပေါ်ကိုကူးစက်လာတာဖြစ်ပါတယ်။ ဒီလို လျှပ်စစ်မီးတောင်ကောင်းကောင်းမရှိဘဲ အင်တာနက်ဆိုတာ ဝေလာဝေး ဖြစ်နေတဲ့ ရွာတွေမှာ အခြေပြုပေါက်ကွဲလာတဲ့ အဓိကရုဏ်းတွေဟာ အင်တာနက်သုံးစွဲသူမြန်မာများကြောင့် ဖြစ်လာရတယ်ဆိုတာကတော့ ရယ်ချင်ဖွယ်ဟာသပြက်လုံးတစ်ခုပဲ ဖြစ်ပါတယ်။ သြစတေးလျသုတေသီရဲ့ လက်ထဲမှာ စစ်တွေမြို့ရှိ အင်တာနက်ကွန်ယက် လွှမ်းခြုံမှု ရာနှုန်းနဲ့ ဒီဆိုရှယ်နက်ဝေါ့ကို အခင်းဖြစ်ရာဒေသက လူတွေ ဘယ်လောက်အထိ လက်လှမ်းမီသလဲ ဆိုတဲ့ ဒေတာအချက်အလက်တွေကို ရရှိထားပြီးမှ "အင်တာနက်သုံးစွဲသူတွေကြောင့် ပဋိပက္ခပိုအရှိန်မြင့်" ဆိုတဲ့ မှတ်ချက်ကို ပေးလိုက်တာလား လို့ပြန်မေးချင်ပါတယ်။

နောက်ပြီး စစ်တွေမြို့ကို ကူးစက်လာချိန်မှာ မြို့ရဲ့ အဓိကရပ်ကွက်ကြီးများမှာ နေရာတိုင်း တင်းမာမှုတွေ ဖြစ်နေပြီး သတင်းရယူသူ သတင်းထောက်များပင်လျှင် အသက်အန္တရာယ်ကိုစိုးရိမ်နေကြရတာဖြစ်ပါတယ်။ ဒိလိုအချိန်မှာ အေးအေးလူလူ အင်တာနက်ထိုင်သုံးနေကြပြီး ဒီအင်တာနက်က ဝါဒဖြန့်မှုတွေက အရေးအခင်းဖြစ်ရာ စစ်တွေရှိ ၇ခိုင်လူထုနဲ့ ဘင်္ဂါလီလူထုထဲကို ထိုးဖောက် ပျံ့နှံ့နိုင်တယ်ဆိုတာကတော့ ၇ယ်ချင်စရာပဲ ဖြစ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ မွတ်စလင်များစွာ၇ှိပါတယ်။ ဒီမွတ်စလင် အသိုင်းအဝိုင်းတွေနဲ့ ကျန်တဲ့ အာရပ်နိုင်ငံ ပဋိပက္ခတွေလို မျိုးဖြုတ်သတ်ဖြတ်မှုတွေ မြန်မာနိုင်ငံမှာ လုံးဝမရှိခဲ့တာလည်းအမှန်ပဲ ဖြစ်ပါတယ်။ ဘာသာရေးအဓိကရုဏ်းတွေ ရှိခဲ့ပေမယ့် နိုင်ငံရေးပယောဂတွေကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာရဟန်းတော်များကိုယ်တိုင် အစ္စလာမ်ဗလီများကို စောင့်ရှောက်ပေးခဲ့ဖူးတဲ့ သာဓကတွေလည်းရှိပါတယ်။ ထို့ပြင် ရခိုင်သုတေသီသမိုင်းပညာရှင်များရဲ့ စံနစ်တကျပြုစုထားတဲ့ သုတေသနစာတမ်းများရှိပေမယ့် ဒိလိုစာတမ်းတွေကို လျစ်လျူရှုပြီး မြန်မာလူထုတွေက တစ်ဖက်သတ်ဇာတ်လမ်းတွေကိုပဲ ယုံကြည်နေတယ်ဆိုတဲ့ Phil Robertson ဆိုသော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က လူရဲ့ မှတ်ချက်ကလည်း အပေါ်ယံအင်မတန်နေပါတယ်။

မူဂျာဟစ်သူပုန်များအဖြစ်ရပ်တည်ခဲ့ပြီး ယနေ့အချိန် ရိုဟင်ဂျာများဟာ အယ်လ်ခေးဒါးများနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သတင်းများထွက်ပေါ်လာတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။ AZG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကိုလည်း အယ်လ်ခေးဒါးဆက်စပ်အနေနဲ့ ဖမ်းဆီးထားတယ်ဆိုတာကို 7Days သတင်းဂျာနယ်ကို အတည်ပြုပြောကြားခဲ့ပေမယ့် ဒီသတင်းလို နိုင်ငံတော်လုံခြုံရေးအတွက် ထိပ်တန်းတမျှ အရေးကြီးလှတဲ့ သတင်းမျိုးကို ဘယ်ပြည်ပမီဒီယာကမှလည်း အလေးအနက်ဖော်ပြခဲ့ခြင်းမရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့လုပ်ရပ်ဖြစ်တဲ့ ဘင်္ဂါလီများက ရခိုင်အိမ်များကို မီးတင်ရှို့သောဖြစ်စဉ်များကို လုံးဝ ဖော်ပြခဲ့ခြင်းမရှိတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက နေ့စဉ်ရက်ဆက် ဒီရိုဟင်ဂျာတွေနဲ့ မွတ်စလင်အကြမ်းဖက်တွေရဲ့ ပတ်သက်မှုကို အသိအမှတ်ပြုပြောဆိုနေပေမယ့် ဒီ ဧရာဝတီမဂ္ဂဇင်းနဲ့တစ်ကွ မည်သည့်မီဒီယာများက အလေးအနက်ထား ဖော်ပြခဲ့ခြင်းမရှိတာဟာ ဘာသဘောပါလဲ။ မူဂျာဟစ်သူပုန်ဆိုတာ အစဉ်အလာရှိတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ခဲ့ပါတယ်။ ဒီလူတွေရဲ့ နောက်မျိုးဆက်တွေ အနေနဲ့ ရခိုင်ပြည်နယ်ကို အချိန်မရွေးတိုင်းပြည်ကနေ ဖဲ့ယူသွားလောက်အောင် ခြိမ်းခြောက်နေတဲ့အနေအထားမှာ ဘာကြောင့် ဒီပြည်ပမီဒီယာတွေအနေနဲ့ လျစ်လျူရှုနေပါသလဲ။ သေချာတာကတော့ ကိုယ်ကျိုးကြည့်လွန်းနေကြပြီ ဆိုတာပဲဖြစ်ပါတယ်။

နာမည်ကြီး စာမျက်နှာတွေဖြစ်တဲ့ Myanmar Express နဲ့ ဒေါက်တာဆိတ်ဖွား တို့ က အင်နဲ့အားနဲ့ အနှိပ်စက်ခံ ရခိုင်ပြည်သူတွေအတွက် အမျိုးသာရေးမှာသွေးမကွဲဘဲပူးပေါင်းခဲ့ကြပေမယ့် ဒီပြည်ပမီဒီယာတွေဟာ ၇ခိုင်ပြည်နယ်ကို လက်သိပ်ထိုးပြိး ဘင်္ဂလားများထံရောင်းစားခဲ့ကြပါတယ်။ ဒီအရေးအခင်းကို ကြိုတင်ကြံစည်ထားကြောင်းကို ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်က ယခုနှစ် (၂ဝ၁၂) ဇန်နဝါရီလမှာ ဖော်ပြထားခဲ့ပါတယ်။ ဒီဟာကို အခုအချိန်မှာ လေ့လာတွေ့ရှိသူများက ထုတ်ဖော်တင်ပြကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ စကားနဲ့ ဆက်စပ်ကိုးကားကာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသူများအဖြစ် မီးမောင်းထိုးပြနေပေမယ့် ဧရာဝတီအပါအဝင် ပြည်ပမီဒီယာတွေအတွက်ကတော့ ဒီလို ခြိမ်းခြောက်မှုအန္တရာယ်များဟာ မြန်မာ့အရေးသုတေသီလား ဘာသုတေသီမှန်း မသိတဲ့ လူတစ်ဦးရဲ့စကားကို ကိုးကားဖို့လောက် အရေးမပါဘူးဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒီပူးမိုနီ လို အစိုးရထိပ်တန်းအရာရှိကြီးရဲ့ စကားထက် Human Right Watch က လူတစ်ဦးရဲ့ စကားကို ပိုမို ကိုးကားလိုနေပါတယ်။

ချုပ်ပြောရရင် ဧရာဝတီဟာ ရခိုင်လူထုကို ပါးရိုက်လိုက်တာပါပဲ။ ဒုက္ခပင်လယ်ဝေနေတဲ့ ရခိုင်များနဲ့ မျိုးချစ်မြန်မာများရဲ့ သတ္တိသွေးကို စိန်ခေါ်လိုက်တာပါပဲ။ အနှိပ်စက်ခံရခိုင်လူထုနဲ့ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးလာနိုင်မှုကို ဘယ်လိုမှ ဂရုမထားနိုင်တော့ဘဲ ငွေကြေးရဖို့သက်သက်သာ လုပ်ဆောင်နေဟန်တူနေပါတယ်။

ဧရာဝတီရဲ့လင့်ခ်ပါ


Myanmar Express

ကူညီထောက်ပံပေးပါရန်

လှုဒါန်းနိုင်တဲ့နေရာများ ထပ်ဖြည့်ပေးပါရန်နှင် share ပေးကျပါရန်အနူးအညွတ် တောင်းဆိုပါသည်


(ရန်ကုန်အခြေစိုက် မြန်မာလူငယ်ပရဟိတအဖွဲ့များသည် သဘာဝဘေးဒဏ်နှင့်အရေးပေါ်အခြေအနေများကြုံလာတိုင်း စုပေါင်း၍ အများအားဖြင့်ကူညီခဲ့သည့်အလေ့အထများရှိပါသည်။ ယခုအခါ ရခိုင်မီးဘေး ဒုက္ခသည်များအတွက် လိုအပ်ချက်များရှိနေသည်ကိုသိရသည့်အတွက် လူငယ်အဖွဲ့များ စုပေါင်းကူညီပါမည်။

အောက်ပါလူငယ်အဖွဲ့တာဝန်ခံများကိုဆက်သွယ်လှူဒါန်းနိုင်ပါသည်။

မတင်မြတ်ထက် (myanmar youths in action) ၀၉၇၃၁၁၇၈၄၉

ကိုသန့်ဇင်စိုး ( myanmar storytellers) ၀၉၄၂၅၀၁၈၄၇၆

ကိုဇင်ဖြိုးထက် ( voluntary internship program) ၀၉၅၀၄၁၆၄၇

ကိုခိုင်စိုးလင်း (myanmar youths in action) ၀၉၅၄၀၈၃၀၅

ကိုဇော်လွင်ဝင်း ( mutd) ၀၉၄၃၁၁၃၃၉၀

ကိုသီရိစု (BAD boys) ၀၉၅၁၁၉၈၂၈)

(ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း အိုးအိမ်ဥစ္စာများ ပျက်စီးရှူံးသွားရသော ဒုက္ခသည်များအတွက် အလှူငွေများအား ရခိုင်အသင်း(စင်္ကာပူ)သို့
ထည့်ဝင်ပေးလှူဒါန်းရန်အတွက် သဒ္ဒါတရားနည်းများမဆို လှူဒန်းလိုသော မိတ်ဆွေများအနေဖြင့် အောက်ပါဆက်သွယ်ရန်ပုဂ္ဂိုလ်များအား ဆက်သွယ်၍လှူဒန်းနိုင်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ကျော်သူစိုး . - 8337 3123

သီဟမောင်မောင် - 9003 5845

လှလွန်းဆွေ - 9230 0580 .)



(ရခိုင်ပြည်နယ်အတွင် ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် ဒေသခံများဖြင့် ယာယီအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့ကို လှူဒါန်းလိုသူများအနေဖြင့် နာရေးကူညီမှုအသင်း (စစ်တွေ) ဖုန်း ၀၄၃-၂၂၄၇၅, ဦးမောင်ထွန်းကျော် ၀၉၈၅၀၀၉၄၄၊ ဦးသန်းရွှေ ၀၉၈၅၀၀၂၄၁၊ ဦးရွှေထွန်းအောင် ၀၉၈၅၀၀၅၉၀၊ ဦးအောင်ကျော်ဇံ ၀၉၈၅၀၀၄၅၀ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။)

Myanmar Express

လုံခြုံရေး တိုးမြှင့်ထားသော်လည်း ဘင်္ဂလာ ရခိုင်များ စိုးရိမ်မူ တိုးပွား

From : ထွန်းထွန်း

ဘင်္ဂလားဒေ့ခ်ျ အစိုးရမှ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော မတည်ငြိမ်မူများကြောင့် သူ့နိုင်ငံ အတွင်းရှိ ရခိုင်ကျေးရွာများတွင် လုံခြုံရေး တိုးမြှင့်ချထားသော်လည်း ရခိုင်အမျိုးသားများ အကြား စိုးရိမ်စိတ် တိုးပွားနေကြောင်း သတင်း ရရှိသည်။

ဇွန်လ ၁၅ ရက် သောကြာနေ့ ဗလီတက် ၀တ်ပြု ဆုတောင်းပွဲ အပြီး တစ်ခုခု ဖြစ်လာမည်ကို ဒေသခံ ရခိုင်အမျိုးသားများ အကြား စိုးရိမ်မူများရှိနေကြောင်း ဒေသခံများက ပြောသည်။

“ ဟုတ်။ မဟုတ်တော့ မသိဘူးဗျာ။ မနက်ဖြန် သောကြာနေ့မှာ ဗလီတွေမှာ ရခိုင် ဖြစ်တဲ့ ကိစ္စနဲ့ အစည်းအဝေး လုပ်မယ်ဆိုပြီး ကောလဟလတွေ ထွက်နေတဲ့ အတွက် ဒီမှာရှိနေတဲ့ ရခိုင်တွေကို တစ်ခုခု ပြဿနာများ ရှာလာမလားဆိုပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စိုးရိမ်မူများကြောင့် ကော့စ်ဘဇားရှိ သိမ်ကျောင်းတွင် ရခိုင်အမျိုးသားများက အစည်းအဝေး တစ်ရပ် ပြုလုပ်လိုကြောင်း ခရိုင်ကော်မရှင် မင်းကြီးကို တင်ပြရာ ပြုလုပ်ခွင့် မပေးကြောင်း၊ လုံခြုံရေး အတွက် စိုးရိမ် စရာ မရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ဇွန်လ ၁၃ရက်နေ့က တက်ကနက်နှင့် ကော့စ်ဘာဇားမြို့ အကြား ပြေးဆွဲနေသော ကားတွင် လိုက်ပါလာသူ ရခိုင်တချို့ ပျောက်ဆုံးသည်ဆိုသော ကောလဟလ သတင်းထွက်ပေါ်နေသဖြင့် ဒေသခံ ရခိုင်များ အကြား စိုးရိမ်မူများ တိုးပွားကာ ကော့စ်ဘဇား မြို့တွင်းနှင့် မြို့ပြင်သို့ သွား လာမှု နည်းပါးသည်ကို တွေ့နေရကြောင်း ပြောသည်။

ကော့စ်ဘဇားခရိုင်ရှိ ရခိုင်အမျိုးသားများ နေထိုင်ရာ ငယှက်ကြီးကျေးရွာအား ဇွန်လ ၁၅ရက်နေ့တွင် တိုက်ခိုက်မည် ဆိုသည့် ကောလဟလ သတင်းများကြောင့် ကျေးရွာသားများ အကြောင်းကြား၍ ဘင်္ဂလာရဲတပ်ဖွဲ့ မှ ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး စိုးရိမ်စရာ မရှိကြောင်း၊ လူစိမ်းများ ၀င်ရောက်ပါက ချက်ချင်း အကြောင်းကြားရန် ပြောကြားခဲ့သည်ဟု သိရသည်။

၎င်းနည်းတူ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်နှင့် မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသော ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် သက်ဆိုင်ရာမှ အိမ်ထောင်စု စာရင်းကောက်ခံ နေကြောင်း သိရသည်။

“ရွာတော်မြို့မှာ ခုဆို လူတွေကို စစ်ဆေးနေပါတယ်။ လာမား၊ အလယ်ခွာတောင်၊ ယောင်သာ၊ ဆောင်း ကူဝ၊ အင်းသုံးဆယ်နဲ့ တခြားရွာတွေမှာ အိမ်ထောင်စု စာရင်းအတိအကျ ကောက်နေပါတယ်။ ကိုယ့်နိုင်ငံသား မဟုတ်တဲ့ တချို့လူတွေကို ဖမ်းဆီးသွားတာ ရှိနေပါတယ်” ဆောင်းကူဝ ရွာမှ ကိုအောင်သိန်းနုက ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇားခရိုင်တွင် လူနည်းစု ရခိုင်များ အများဆုံး နေထိုင်ကြပြီး ယခင်က တစ်ကြိမ်မျှ ဘာသာရေး လူမျိုးရေး အဓိဂရုဏ်းပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၁၉၄၂ ခုနှစ်တွင် ရခိုင်ဘက်တွင် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းများ ပေါ်ပေါက်ခဲ့သော်လည်း ထိုအချိန်က ဗြိတိသျှတို့ အုပ်စိုးသော ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် တစ်စုံတစ်ရာ ပြဿနာ ပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Myanmar Express

နောက်ဆုံးရ ရခိုင်ပြည်နယ်မှ ဓာတ်ပုံများ (၁၆-၀၆-၂၀၁၂)































































Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ