Subscribe to our RSS Feed

အမေစု သား/သမီး ဆိုသူများ မိုက်ရိုင်းမှု အရှိန်အဟုန် မြင့် လာသဖြင့် အချင်းချင်း သတိပေးနေရ


"အမေစု.. အမေစု" လို့ အော်နေသူ အားလုံးနီးပါးဟာ အလွန်မိုက်ရိုင်းပြီး အောက်တန်းကျလာတာကြောင့် အခြား မနေနိုင်သည့် အမြင်မတော် သူများက လိမ္မာဖို့ ပြောနေရပြီ ဖြစ်ပါတယ်။ အင်တာနက်ပေါ်နှင့် facebook ပေါ်တွင် "အမေစု" လို့ ခေါ်သူ များဟာ အမြဲ ဆဲဆိုနေတတ်ကြပြီး ခေတ်တွေ နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း ၎င်း တို့ရဲ့ စကားအသုံးအနှုံးများ က ခါးအောက် ကနေ ခုထိ မတက်နိုင်သေးဘူး ဖြစ်ပါတယ်။ အခြား အင်တာနက်သုံးသူ မိန်းကလေး အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံ တိုးတက်စေဖို့ ထက် အမေစု သား/သမီးတွေ အသိအလိမ္မာ တိုးတက်စေဖို့ ကို အရင် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ လူရွှင်တော် ဇာဂနာ ကတော့ ညစ်စုတ်ပတ်စုတ်တွေ ပြောလွန်းလို့ facebook မသုံးချင်တော့ဘူးလို့ ပြောပါတယ်။

မြန်မာလူမျိုးအချင်းချင်း လဲနေသူ ထူပေးရန်၊ အားငယ်သူ အားပေးရန်လိုအပ်တာကြောင့် အသိအလိမ္မာ အားနည်းသော အမေစုသား လူရမ်းကားများကို တက်နိုင်သမျှ သည်းခံပြီး ဒီမိုကရေစီ နိုင်ငံသစ်အတွက် စိတ်သစ်လူသစ် မွေးခိုင်းကာ လက်တွဲခေါ်ကြဖို့ Myanmar Express Group အဖွဲ့ဝင်များက ကြိုးစားကာ အမြင်မှန်ရရေး ဆက်လက် ကြိုးစား သွားမယ်လို့ မြန်မာအိပ်စပရက် မှ အယ်ဒီတာချုပ် က မှတ်ချက်ပေးပါတယ်။

Myanmar Express

Myanmar Express ဘယ်သူလဲ၊ ဘယ်ကလဲ.. ကောလဟာလ များထွက်ပေါ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ကိုယ်စားပြု ဖွင့်လစ်ရေးသားထားတဲ့
မိုးသီးဇွန်း ဘလော့မှာတော့ Myanmar Express ကို နေအောင် နှင့် မိုးအောင် တို့ တည်ထောင်တယ်လို့ ဆိုပါတယ်

http://komoethee.blogspot.com/2011/12/blog-post_2688.html



ဒီလှိုင်း ဘလော့ တွင် တော့ NLD IT သမားများရဲ့ ဖော်ထုတ်ချက် အရ
အမေရိကား မှ ဇနီးမောင်နှံလို့ ဆိုပါတယ်

http://democraticwave.blogspot.com/2012/06/myanmar-express.html


ရဲရင့်ငယ် ဘလော့မှာ ၂၀၁၁ တုန်းက ရှာဖွေ တွေ့ရှိထားတာကတော့
ရုရှားပြန် စစ်ဗိုလ်ဟောင်း တစ်ဦးလို့ ဆိုပါတယ်


ဘယ်သူလဲ ၊ ဘယ်ကလဲ ဆိုတာတော့ ကိုယ်ကိုယ်တိုင်တောင် အတိအကျ မသိရတော့ ပါဘူး.. လောလော ဆယ်မှာတော့ ဆွေမျိုးတွေနဲ့တွေ့ဖို့ ဗြိတိန်မှာ ဒေါ်အောင်ဆန်းစုကြည်အရင် ကြိုသွားနှင့်တဲ့ ခင်ရွှန်းလဲ့ဝေ နေတဲ့ မြို့မှာ ရှိနေပါတယ်။ တွေ့လိုသူများ အီးမေး ပို့ပြီး ချိန်းဆိုနိုင်ပါတယ် ခင်များ....။

Myanmar Express

ပုဂ္ဂလိက လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးခြင်းအား ဖိတ်ခေါ်

From : ခေတ်လူငယ်


နိုင်ငံတော်အနှံ့ လျှပ်စစ်မီးများ အမြန်ရရှိစေရေး နိုင်ငံတော် အစိုးရနှင့်အတူ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကများလည်း ပါဝင်ရင်းနှီးပေးပါရန် အထူးလိုအပ်လျက်ရှိပါသည်။ မဟာ ဓာတ်အားလိုင်းသို့ လျှပ်စစ်မီးဓာတ်အား လိုင်းထည့်ဝင်ခြင်း၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရယူဖြန့်ဖြူးခြင်း၊ မဟာဓာတ်အားလိုင်းမှ အပ အခြားသင့်တော်မည့် နေရာများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မဟာဓာတ်အားလိုင်းမှလည်း အဆိုပါ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ဝယ်ယူမည်ဖြစ်ပါသည်။ အသေးစိတ်ညှိနှိုင်းရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဖုန်း -၀၆၇ -၄၀၆၃၃၄၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဖုန်း - ၀၆၇-၄၁၁၀၇၁၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဖုန်း -၀၆၇- ၄၁၀၂၀၃ နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖုန်း -၀၆၇-၄၀၅၀၅၀ တို့သို့ ဆက်သွယ်နိုင်ကြောင်း  သိရှိရသည်။
 

 Myanmar Express 

မြန်မာ-အိန်္ဒိယ တိုးတက်ရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး အတွက် ဟောပြော ဆွေးနွေး

From : MRTV4


အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းမှ မြန်မာနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့ အကြား ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများနဲ့ ပတ်သက်ပြီး ဟောပြောမူကို မေလ ၂၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဟောပြောပွဲမှာ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းမှ  ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေ အတွက် အချက်အချာ ဒေသတစ်ခု ဖြစ်လာနိုင်တဲ့ ဒေသ ဆိုင်ရာ စီးပွားရေး အင်အား တစ်ရပ်ကို ထူထောင်ဖို့ အတွက် မြန်မာနိုင်ငံကို အတူ လက်တွဲ လုပ်ကိုင်ဖို့ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အရောင်းအ၀ယ် လုပ်ငန်းများ အဆင်ပြေ စေရန် နှစ်နိုင်ငံဘဏ် လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက် ဖို့လည်း စီစဉ် လျက်ရှိပြီး စွမ်းအင်၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးတွေ၊ အိုင်စီတီ ကဏ္ဍတွေနဲ့ ပတ်သက်ပြီးလည်း ဟောပြော ခဲ့တယ်လို့ သိရပါတယ်။

 Myanmar Express 

ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်း တာဝါတိုင်များ ပြုပြင်ပြီးစီး

From : ကြေးမုံ


၁၈.၅.၂၀၁၂ ရက်နှင့် ၁၉.၅.၂၀၁၂ ရက်တို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပန်ကနိုင်းကျေးရွာအနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓါတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃) နှင့် မုန်းဝီးကျေးရွာအနီးရှိ တာဝါတိုင်အမှတ် (၂၀၆၊ ၂၀၇၊ ၂၀၈) တို့အား မိုင်းခွဲဖျက်ဆီးခံရသဖြင့် တာဝါတိုင်များ၏ အောက်ခြေ ခြေထောက်များ ပြတ်ထွက်ခြင်း၊ မြေပြင်သို့ ပြိုလဲပျက်စီးခြင်းတို့ကြောင့် ရွှေလီရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံမှ ဓါတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှုမရှိခဲ့ရာ ပြည်သူလူထုထံသို့ ဓါတ်အားဖြန့်ဖြူးမှု ထိခိုက်ခဲ့သည်။ ဓါတ်အားစနစ်အတွင်း ၂၀၀ မဂ္ဂါဝပ် လျော့နည်းခဲ့သဖြင့် အဆိုပါ တာဝါတိုင်များအား မြန်မာ့လျှပ်စစ် ဓါတ်အားလုပ်ငန်းမှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများနှင့် လိုင်းဝန်ထမ်းများက ၂၀.၅.၂၀၁၂ ရက်မှစတင်၍ ကြိုးစားပြုပြင် ဆောင်ရွက်ခဲ့ရာ ၁.၆.၂၀၁၂ ရက် ညနေ ၄ နာရီတွင် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍ ရွှေလီဓါတ်အားပေးစက်ရုံမှ ဓါတ်အားပေးစက်များအား ပြန်လည်မောင်းနှင်ပြီး အဆိုပါ ဓါတ်အားလိုင်းသို့ ညနေ ၅ နာရီ ၅ မိနစ်တွင် ဓါတ်အားပို့လွှတ်၍ နိုင်ငံတော်ဓါတ်အားစနစ်ဖြင့် ချိတ်ဆက်ကာ ဓါတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။
 
Myanmar Express 

ဟံသာဝတီလေယာဉ်ကွင်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရ

From : ခေတ်လူငယ်


ဟံသာဝတီလေယာဉ်ကွင်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟံသာဝတီ လေဆိပ်တည်ဆောက်မည့် နေရာသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်လေယာဉ်များ ပျံသန်းဆင်းသက် အသုံးပြုရန် တည်ဆောက်ခဲ့သည့် လေယာဉ်ကွင်းဟောင်းနေရာတစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုမှ မြေမျက်နှာပြင်အား လုပ်ငန်းလုပ်ကိုင်နိုင်မှု အခြေအနေရှိမရှိ လေ့လာဆန်းစစ်မှု ပြုလုပ်ပြီး ရွေးချယ်အတည်ပြုပေးခဲ့သည့် နေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ ယင်းနေရာတွင် ကိုရီးယားနိုင်ငံ Archon & Interregional Investment Limited မှ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် လေဆိပ်တည်ဆောက်ရေးအတွက် ၁၉၉၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပန္နက်တင် အခမ်းအနားပြုလုပ်ခဲ့ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရသည်။ ဟံသာဝတီလေယာဉ်ကွင်းသည် ရန်ကုန်မြို့မှ မိုင် ၅ဝ ကွာဝေးပြီး ပဲခူးမြို့၏ အနောက်ဘက် နှစ်မိုင်အကွာတွင် တည်ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ပြည်တွင်းပြည်ပ ခရီးသည် ဝင်ထွက်သွားလာမှုများ နေ့စဉ်တိုးတက်လျက်ရှိသည်ဟု သိရသည်။ ''ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ဒီနှုန်းအတိုင်း ခရီးသည် ဝင်ထွက်မှု တိုးတက်နေမယ်ဆိုရင် ၂ဝ၁၂ ခုနှစ်အကုန်မှာ ခရီးသည် လက်ခံနိုင်တဲ့ပမာဏကို ကျော်လွန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းပြည်ပက ခရီးသွားတွေ လွယ်ကူအဆင်ပြေစွာ ဝင်ထွက်သွားလာနိုင်ဖို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုကို မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်လာတဲ့အတွက် အခုလို ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတည်ဆောက်ဖို့ စီစဉ်ခြင်းဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာလေဆိပ် အသစ်တည်ဆောက်ရာတွင် လိုအပ်လာမည့်ဖြစ်စဉ်များနှင့် လိုက်လျောညီထွေ ရှိစေရန် ပြည်တွင်းပြည်ပ လေယာဉ်ပျံသန်းလမ်းကြောင်းများနှင့် လွတ်ကင်းမှုရှိခြင်း၊ လေယာဉ်ကွင်းမှ/သို့ ဆင်းသက်ပျံသန်းမည့် လေယာဉ်များအတွက် နိုင်ငံတကာလေယာဉ် ပျံသန်းလမ်းကြောင်းများသို့ လွယ်ကူစွာ အဝင်အထွက် ပြုလုပ်နိုင်ခြင်း၊ လုံလောက်သည့် မြေနေရာ အကျယ်အဝန်းရှိခြင်း၊ နိုင်ငံ၏အချက်အချာကျသည့်မြို့များ၊ အဝေးပြေးလမ်းများ၊ ရထားလမ်းများနှင့် ဆက်သွယ်မှုကောင်းမွန်ခြင်း၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်း၊ ပြည်တွင်းပြည်ပ လေယာဉ်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးများအတွက် ဆုံရပ်ဖြစ်ခြင်း စသည့်အချက်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

ကျား၊ မ ခွဲခြား ဆက်ဆံမှု ဗြိတိန်တွင် ဆိုးရွားနေ

From : MRTV4


အသစ် ထုတ်ပြန်လိုက်သည့် စစ်တမ်း တွေ့ရှိမှု တစ်ခုအရ ဗြိတိန် နိုင်ငံရှိ အမျိုးသမီး အလုပ်သမားများမှာ အလုပ်ခွင် အတွင်း နေ့စဉ်နှင့်အမျှ
လိင်ပိုင်းဆိုင်ရာ ခွဲခြား နှိမ့်ချ ဆက်ဆံ ခံနေရကြောင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

အဆိုပါ ရလဒ်အရ အလွန် များပြားသည့် ဗြိတိန် အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြား နှောက်ယှက်မှုကို ခံစားရမည်ကို ကြောက်ရွံသဖြင့် ပူလောင်သည့် လများတွင်ပင် မိမိတို့ကိုယ်ကို လုံခြုံအောင် ဝတ်စား ဆင်ယင်ကြကြောင်း သိရကာ ရုံးအတွင်းတွင် မလိုလားအပ်သော သတိထားမှုများကို ရင်ဆိုင်ရခြင်း မရှိစေရေး အတွက် ဖြစ်သည်ဟု Daily Mail သတင်းတွင် ဖော်ပြခဲ့သည်။

အမျိုးသမီးပေါင်း ၃၄၀၀ ကို ပျံကျ မေးမြန်းရာမှ တစ်ဆင့် ရရှိလာသည့် အဖြေအရ  နှစ်ဦးလျင် တစ်ဦးမှာ  ကျား ၊ မ ခွဲခြား ဆက်ဆံမှုကို ခံခဲ့ရကြောင်း ဖြေကြားခဲ့ပြီး အချို့မှာ လိင်ပိုင်းဆိုင်ရာ မှတ်ချက်ပြု ခံရခြင်းနှင့် အချို့မှာ ခွဲခြား ဆက်ဆံခံရခြင်းများ ရှိခဲ့ကြောင်း သိရသည်။ ယခုလို မေးမြန်းခံရသူများထဲမှ ၁၂၀၀ ကျော်မှာ ယခုလို ခံစားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယခုလို မေးမြန်းခံရသူများထဲတွင် ဆယ်ဦးလျင် လေးဦးမှာ စိတ်မသက်မသာသော ကိုယ်ထိလက်ရောက် ထိတွေ့မှုကို ခံစားခဲ့ရကာ ၂၇ ရာနှုန်းမှာ ၎င်းတို့ ငြင်းပယ်ခဲ့သော်လည်း တစ်စုံတစ်ဦး၏ အနမ်းပေးခြင်းကိုပင် ခံခဲ့ရကြောင်း ဖြေကြား သွားခဲ့သည်။
 

 Myanmar Express 

အိန္ဒိယအကူအညီဖြင့် အိုင်တီတက္ကသိုလ်တစ်ခု မန်းတွင်ဖွင့်မည်

From : ခေတ်လူငယ်


လာမည့် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် Information Technology University တစ်ခုမန္တလေးမြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ မန္တလေးမြို့ရှိ လက်ရှိစွယ်တော်ဘုရားအနီး ဖွင့်လှစ်ထားရာမှ စစ်ကိုင်းသို့ ပြောင်းရွှေ့သွားသည့် တိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နေရာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်ကို သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားသူ ပညာရှင်များအပါအဝင်၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး မြန်မာနိုင်ငံမှ ဆရာများက ကောင်းစွာ သင်ကြားပေးနိုင်သည့် အချိန်တွင်တက္ကသိုလ်အား အပြီးလွှဲပြောင်းရယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏အကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ အလားတူ တောင်ကိုရီးယားနိုင်ငံရှိ Korea Development Institute( KDI) ကဲ့သို့ Myanmar Development Institute တစ်ခုကိုလည်း တောင်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အင်စတီကျုဒ် တည်ထောင်ခြင်းသည် နိုင်ငံအတွက် လိုအပ်နေသည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရန်လိုအပ်နေသော သင်ကြားရေး အစီအစဉ် မြှင့်တင်မှုပင်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ပြောသည်။ ဦးကိုကိုလှိုင်က ရန်ကုန်မြို့ ချင်းတွင်းလမ်းရှိ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံး၌ ကျင်းပသည့် မီဒီယာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

ဆီးရီးယား နိုင်ငံမှာ ဆိုးရွားလှသည့် ပြည်တွင်းစစ်ကို ရင်ဆိုင်နိုင်ကြောင်း ကုလ အကြီးအကဲပြော

From :MRTV4


ကုလသမ္မဂ္ဂ အကြီးအကဲ ဖြစ်သူ ဘန်ကီမွန်းမှာ  ကြာသပတေး နေ့က ဆီးရီးယား နိုင်ငံ အနေဖြင့် ဆိုးရွား ပြင်းထန်လှသည့် ပြည်တွင်းစစ်ပွဲ တစ်ခု
ဖြစ်လာနိုင်သည့် အနေအထားသို့ ကျရောက်နိုင်ကြောင်း သတိပေး ပြောကြားလိုက်ကာ နိုင်ငံအတွင်း ပစ်ခတ်မှုများနှင့်အတူ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရက်စက် ရမ်းကားမှုများကို သိရှိခဲ့ ရပြီ ဖြစ်ကြောင်း သိရကာ အမေရိကန် ပြည်ထောင်စုမှာ ရုရှား နိုင်ငံမှ ကုလသမ္မဂ္ဂ၏ ပိုမို တင်းကြပ်မည့် လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့ကြောင်း လည်း သိရသည်။

ဆီးရီးယားရှိ တော်လှန်ရေးသမားများမှာ သမ္မတ အာဆက် အစိုးရ အနေဖြင့် သောကြာနေ့တွင် ကုလသမ္မဂ္ဂနှင့် အာရပ် အဖွဲ့တို့မှ ပူးပေါင်းထားသော အဖွဲ့၏ အချက် ၆ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို သဘော မတူညီပါက ၎င်းတို့၏ တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်ပြီ ဖြစ်သည်။ အစ္စတန်ဘူတွင် ဘန်မှ မိန့်ခွန်း ပြောကြားရာ၌ ၎င်းအနေဖြင့် ဆီးရီးယား နိုင်ငံမှာ ကိုဖီအာနန်၏ အစီအစဉ်ကို အကောင်အထည် ဖော်စေလိုကြောင်းလည်း ပြောခဲ့သည်။ မိမိ အနေဖြင့် ဆီးရီးယား နိုင်ငံ အနေဖြင့် ကိုဖီအာနန် သတ်မှတ်ပေးခဲ့သော အစီအစဉ် အတိုင်း လိုက်နာရန် တောင်းဆိုလိုကြောင်း ပြောကြား သွားခဲ့သည်။


 Myanmar Express 

ကိုယ်ဝန်လွယ်ထားပြီး လက်ထပ်ခါနီးစုံတွဲ မိဘချင်းပေးတွေ့မှ မောင်နှမဖြစ်နေမှန်း သိလိုက်ရ


လောကကြီးဟာ ဆန်းကြယ်လွန်းတယ်... မရည်ရွယ်ပေမယ့်လည်း လူသားတွေကို အပြစ်တွေကျူးလွန်မိစေတယ်။ တိုက်ဆိုင်မှုတွေကလည်း တခါတလေမှာ ထူးဆန်းလွန်းလှပါတယ်။

ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ စုံတွဲဟာ တခြား သာမန် လူတွေလိုပါပဲ... တက္ကသိုလ်မှာ ကျောင်းတက်ရင်း နှစ်ဦးသားတွေ့ခဲ့ရာကနေ ချစ်ကြိုက်မိပြီး ငါးနှစ်ကြာ အတူနေထိုင်ခဲ့ပါတယ်။ ကောင်မလေးက ကိုယ်ဝန်လွယ်ထားတာ နောက်လထဲ မွေးဖွားရတော့မယ့် အခြေအနေမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး သူတို့ဆီက ထုံးစံအတိုင်း မိဘချင်းပေးတွေ့ပြီး လက်ထပ်ကိစ္စစီစဉ်ဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြတဲ့ မောင်နှမတွေမှန်း သိခဲ့ကြရပါတယ်။

သူတို့နှစ်ဦးစလုံးကို ယခုချိန်ထိ မိဘတစ်ဦးစီက ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး ကောင်လေးက သူ့တို့အဖေနဲ့ ကောင်မလေးက သူတို့အမေနဲ့ ကြီးပြင်းခဲ့ကြတာပါ။ သူတို့ အဖေနဲ့ အမေဟာ ကောင်လေး အသက် ၂နှစ်ခန့်အရွယ်၊ ကောင်မလေး အသက် ၈လအရွယ်ခန့်မှာ အငြင်းပွားဖွယ် လင်မယားကွဲကွာခဲ့ကြပြီး အဲဒီတုန်းက အဖေဖြစ်သူက အမေဖြစ်သူကို သူ့အပေါ်လိမ်ညာနေတယ်လို့ ပြောပြီး ၁၉၈၃ခုနှစ်ကတည်းက သူမကိုစွန့်ခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်လုံး သူတို့မှာ မောင်နှမရှိခဲ့ကြမှန်း လုံးဝ မသိခဲ့ပါဘူး...

သူတို့နှစ်ယောက်လုံး အခုချိန်ထိ အံ့သြပြီး ရှော့ခ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ... ကောင်မလေးက ရှင်းပြရာမှာ ကျွန်မတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာပါ။ အဲအချိန်ကစပြီး ကျွန်မတို့ ရှေ့ရေးအတွက်ပဲ စဉ်းစားခဲ့ကြပြီး ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့ မစဉ်းစားခဲ့ကြပါဘူး.. ကျွန်မတို့ ကလေးတွေ အများကြီးယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုကို ဖန်တီးဖို့ ရိုးရိုးလေးပဲ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အခုဒါကို သိလိုက်ရတဲ့အချိန်မှာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခံစားရပါတယ်။ ကောင်လေးကတော့ ကွဲကွာနေတဲ့ မိသားစုနှစ်ခုနဲ့ ဒီပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ထပ်ဖို့ကိစ္စကို လုံးဝ ဖျက်ပစ်လိုက်ကြပါပြီး...

သူတို့လူမှုအဖွဲ့အစည်းမှာတော့ သွေးနီးချင်း နှီးနှောတာကို လုံးဝလက်မခံတတ်ပါဘူး... ဒါဟာ စဉ်းတောင်မစဉ်းစားသင့်တဲ့ ကိစ္စလို့ ယုံကြည်ထားတဲ့ လူတွေဖြစ်ပါတယ်။ ဗြိတိန်က ဆေးဂျာနယ်ရဲ့ သုတသနမှာတော့ ဒီလိုကိစ္စဟာ မောင်နှမအရင်း၊ တစ်ဝမ်း နှစ်ဝမ်းကွဲမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ကြီးလာမှ ပြန်တွေ့ကြတဲ့အခါ ကာမရာဂနဲ့ ချစ်ကြိုက်မိတဲ့ စိတ်တွေ ဖြစ်ပေါ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို မောင်နှမနဲ့ ၀မ်းကွဲအချင်းချင်း အတူကြီးပြင်းခဲ့ရင်တော့ ဒီစိတ်တွေဟာ သွေးချင်းနှီးနှောလို့ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကာမရာဂစိတ်တွေကို တွန်းလှန်ပြီးသား ဖြစ်သွားတယ်လို့ ဒီသုတေသနက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါကို သူတို့က Genetic Sexual Attraction (GSA) လို့ အမည်ပေးထားပါတယ်။ အောက်မှ အသေးစိတ် ရှင်းပြထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူး... သတင်းဖတ်ပြီး ကိုယ်တိုင်လည်း အင်မတန်မှ ရှော့ခ်ရပြီး ကြောက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ်တွေ ဗုဒ္ဓဘာသာအမြင်နဲ့ဆိုရင် ၀ဋ်ကြွေးလို့ပဲ ပြောရမလားပါပဲ။

THE POWER OF GENETIC SEXUAL ATTRACTION

Genetic Sexual Attraction (GSA) is a term that describes the phenomenon of sexual attraction between close relatives, such as siblings, first and second cousins or a parent and offspring who first meet as adults.

It is not the same as incest, though this is what it is called if a sexual relationship is then entered into.

The term GSA was coined 30 years ago by American Barbara Gonyo. She wrote a book about the lust she felt for the adult son she had given up for adoption 26 years earlier.

She never acted on her feelings.

GSA is rare between people raised together in early childhood due to a reverse sexual imprinting known as the Westermarck effect, which desensitizes them from sexual attraction.

Experts believe that this effect evolved to prevent inbreeding.

News Source:
http://www.dailymail.co.uk/news/article-2057081/Engaged-couple-disc...

သတင်းကိုဖတ်ပြီးတော့စိတ်မကောင်းပါဘူး

Myanmar Express

သြစတြေးလျ ဖျက်သင်္ဘောများ ဂျပန်ဆိပ်ကမ်းသို့ ဆိုက်ရောက်

From : MRTV4


လာမယ့် သီတင်းပတ်အတွင်း ပစိဖိတ်ဒေသမှာ အမေရိကန် ပြည်ထောင်စု၊ ဂျပန်နိုင်ငံတို့နဲ့အတူ စစ်ရေးလေ့ကျင့်မယ့် သြစတြေးလျနိုင်ငံရဲ့
 ရေတပ်သင်္ဘောတွေ ဂျပန်ဆိပ်ကမ်းကို ဆိုက်ကပ် ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ၃ရက်ကြာမြင့်မယ့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဂျပန်နိုင်ငံ ကျူးရှူးဒေသရဲ့ အရှေ့တောင်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပြီး စစ်သင်္ဘောတွေ၊ ကင်းလှည့်စောင့်ကြည့်ရေး လေယာဉ်တွေပါဝင်မှာ ဖြစ်ပါတယ်။

အဆိုပါပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောတွေကို လိုက်လံဖမ်းဆီးခြင်း၊ စုံစမ်းထောက်လှမ်းခြင်းတို့နဲ့ ပတ်သက်ပြီး လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မယ့် သြစတြေးလျ ဖျက်သင်္ဘောတွေက ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားစီရင်စုရှိ Kure ရေတပ်အခြေ စိုက်စခန်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို သြစတြေးလျနိုင်ငံရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဂျပန်နဲ့သြစတြေးလျ နိုင်ငံတို့အကြား ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေမှာဖြစ်ကြောင်း ဂျပန်ရေတပ် အခြေစိုက်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခုလို အမေရိကန် ပြည်ထောင်စု၊ ဂျပန်နဲ့ သြစတြေးလျ သုံးနိုင်ငံ ပူးပေါင်းတဲ့ စစ်ရေး လေ့ကျင့်မှုကို ၂၀၀၇ခုနှစ်ကတည်းက ၄ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခုနှစ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား တိုးမြှင့်မှုကို ရင်ဆိုင်ဖို့ဖြစ်ကြောင်း သိရပါတယ်။

 Myanmar Express 

တက္ကသိုလ်လေးခုကို စံပြပညာရေးဗဟိုဌာနအဖြစ် မြှင့်တင်ရန် စီစဉ်

From : ခေတ်လူငယ်


နိုင်ငံတကာတက္ကသိုလ်များ၏ အကူအညီဖြင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များကိုလည်းကောင်း၊ မန္တလေးတွင် မန္တလေးတက္ကသိုလ်ကိုလည်းကောင်း စံပြပညာရေး ဗဟိုဌာန Center of Excellence များအဖြစ် မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ရန်အတွက် အမေရိကန်နိုင်ငံရှိ John Hopkins တက္ကသိုလ်၊ တောင်ကိုရီးယားနိုင်ငံမှ တက္ကသိုလ်များ၊ ဥရောပမှ တက္ကသိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတက္ကသိုလ်များ၏ ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာ နည်းလမ်းတစ်ရပ်မှာ တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ပျိုးထောင်ရေးဖြစ်ပြီး၊ ဆရာ၊ ဆရာမများအား အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲမြှင့်တင်ပေးရန် ဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် John Hopkins တက္ကသိုလ်တို့ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

နေပြည်တော်၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု တစ်နေ့လျှင် ၅၀ မဂ္ဂါဝပ်ရှိခဲ့ရာမှ မဂ္ဂါဝပ် ၃၀ အထိ လျော့ချသုံးစွဲထားကြောင်း သိရ

From : ခေတ်လူငယ်


နေပြည်တော်၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ယခင်က တစ်နေ့လျှင် ၅၀ မဂ္ဂါဝပ် သုံးစွဲခဲ့ရာမှ ယခုရေနည်းကာလတွင် မဂ္ဂါဝပ် ၃၀ ခန့်သာ သုံးစွဲတော့ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။ နေပြည်တော် အ၀န်းအ၀ိုင်းအတွင်းရှိ သီရိ ၅ မြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များနှင့် အထင်ကရ လမ်းမကြီးများဖြစ်သည့် ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီး၊ ဧက ၁၀၀၀၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီး၊ အစိုးရ၀န်ကြီးဌာနရုံးများမှ စစ်ရုံးချုပ်သို့သွားသည့် လမ်းမကြီးများပေါ်ရှိ လမ်းမီးတိုင်များရှိ အရေးကြီးနေရာများတွင်ပင် ယခင်ကဲ့သို့ လမ်းမီး အပြည့်အ၀ ထွန်းမှု မရှိတော့ကြောင်း သိရသည်။ ''နေပြည်တော်အ၀န်းအ၀ိုင်း အတွင်းမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွေကို ဒီလ ၂၂ ရက်နေ့ကစပြီး အရင်သုံးစွဲတဲ့ ပမာဏအတိုင်း သုံးစွဲမှုမရှိတော့ပါဘူး။ အရင်ကဆိုရင် နေပြည်တော်ရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုက တစ်နေ့ကို ၅၀ မဂ္ဂါဝပ် ရှိခဲ့ပါတယ်။ အခုတော့ လျှပ်စစ်ဓာတ်အား ရရှိမှုအပေါ် မူတည်ပြီး တစ်နေ့ကို ၃၀ မဂ္ဂါဝပ်အထိ လျော့သုံးတဲ့နေ့ရှိသလို ၄၀ မဂ္ဂါဝပ် သုံးတဲ့နေ့တွေလည်း ရှိပါတယ်'' ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ၎င်းက ဆက်လက်ပြောကြားခဲ့ရာတွင် ''အဓိကကတော့ ရေအားလျှပ်စစ်ဓာတ်အားလိုင်းဟာ ရေရရှိမှုအပေါ်မှာ မူတည်ပါတယ်။ အခုဆိုရင် အားလုံးသိတဲ့အတိုင်းပဲ အပူချိန်မြင့်တက်ပြီး မိုးခေါင်တော့ ဆည်တွေ၊ ချောင်းတွေ မြစ်တွေမှာ ရေနည်းပါးလာတော့ လျှပ်စစ်ထုတ်လွှတ်ရာမှာ အခက်အခဲ ဖြစ်လာပါတယ်။ အဲဒီတော့ လျှပ်စစ်ထွက်ရှိမှု နည်းလာတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေတဲ့ ပမာဏလည်း နည်းသွားတာပေါ့။ လမ်းမီးတိုင်တွေမှာ မီးလုံးအရေအတွက် လျော့ထွန်းထားတဲ့အပြင် အရေးကြီးတဲ့ နေရာတွေမှာတောင် လမ်းမီး လျော့ထွန်းထားပါတယ်'' ဟု ဆက်လက်ပြောကြားခဲ့သည်။ နေပြည်တော်လမ်းမကြီးများရှိ လမ်းမီးအသုံးပြုမှု လျော့ချသကဲ့သို့ နေပြည်တော် အ၀န်းအ၀ိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း မီးဖြတ်တောက်မှု ရှိသော်လည်း အချိန်သတ်မှတ်၍ ဖြတ်တောက်ခြင်း မရှိသေးဘဲ လိုအပ်မှသာ ခေတ္တမီးဖြတ်လျက်ရှိပြီး မိုးတွင်းကာလ ရောက်ရှိပြီး ရေများလာပါက လျှပ်စစ်မီး အပြည့်အ၀ ပြန်လည်ရရှိနိုင်ကြောင်း သိရှိရသည်။
 
 Myanmar Express 

၂၀၁၂ မေလအတွင်း ထူးခြားလူကြိုက်အများဆုံးသတင်းများ

  ၂၀၁၂ မေလအတွင်းထူးခြားလူကြိုက်အများဆုံးသတင်းများမှာ-
 
May 19, 2012, 33 comments
18,063 Pageviews









May 1, 2012, 29 comments
14,598 Pageviews









Mar 18, 2012, 37 comments
11,577 Pageviews









May 15, 2012, 13 comments
10,869 Pageviews









May 22, 2012, 11 comments
8,583 Pageviews









May 14, 2012
8,094 Pageviews









Apr 28, 2012, 4 comments
7,631 Pageviews









May 9, 2012, 9 comments
7,095 Pageviews









May 26, 2012, 10 comments
5,765 Pageviews









May 20, 2012, 3 comments
4,964 Pageviews

၂၀၁၂ မေလအတွင်း www.MyanmarExpress.net ကို အားအပေးဆုံးနိုင်ငံများမှာ


Myanmar [Burma]
 - 344,627
Singapore
 - 90,318
Russia
 - 54,344
United States - 
41,278
Malaysia
 - 26,269
Thailand
 - 19,829
Japan
 - 7,320
Australia - 
5,430
South Korea - 
3,323
United Kingdom - 
2,917
 

 လူဖတ်အများဆုံး ပို့စ်များ

Myanmar Express 

အလုပ်သမားများ အစာငတ်ခံဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည့် Yangon Crown သံရည်ကျိုစက်ရုံတွင် ညှိနှိုင်းပြေလည်သွားပြီဖြစ်ကြောင်း သိရ

From : အောင်ရဲ


အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြသည်အထိ ဖြစ်ပေါ်ခဲ့သော မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ Yangon Crown သံရည်ကျို စက်ရုံတွင် မေလ ၂၉ ရက်နေ့က ညှိနှိုင်းပြေလည်သွားပြီဖြစ်ကြောင်း သိရသည်။ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများ တိုက်ရိုက်ညှိနှိုင်းရာ အလုပ်ရှင်ဘက်မှ အလုပ်သမားများ တောင်းဆိုသည့် အချက်များအနက် ဥပဒေပါ အခွင့်အရေးများကို လိုက်လျောပေးဟု သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အလုပ်သမားများ၏ အခြေခံလစာကို အစိုးရ၏တရားဝင် ထုတ်ပြန်သည့် အခြေခံလစာနှုန်းထား ထွက်ရှိသည့်အချိန်မှသာ သတ်မှတ်ပေးသွားဖြစ်ကြောင်းနှင့် ကြားကာလတွင် လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဟု စက်ရုံပိုင်ရှင်ကပြောသည်ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ဆိုပါသည်။ '' တောင်းဆိုတဲ့ အချက်တွေကို သူတို့က လိုက်လျောနိုင်သလောက် လိုက်လျောတာကို ကျွန်တော်တို့အားလုံး သဘောတူခဲ့ကြလို့ ဆန္ဒပြမှုတွေကို ရုပ်သိမ်းလိုက်ကြတာပါ'' ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ပြောပါသည်။ ၈၄ နာရီကြာ အစာငတ်ခံဆန္ဒပြမှုကြောင့် ဆန္ဒပြသူအလုပ်သမားများအနက် လုပ်သားအများစုမှာ ကျန်းမာရေး ချို့ယွင်းလာနေပြီး ဆေးကုသမှုခံယူသူ ၁၃ဦး အထိရှိခဲ့ကြောင်းလည်း သိရသည်။ လုပ်ခလစာနည်းပါးမှုကြောင့် သင့်တင့်သော လုပ်ခလစာသို့ တိုးမြှင့်ပေးရန် ဆန္ဒပြမှုများ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ဆက်တိုက်ဖြစ်ပွားခဲ့ရာ လှိုင်သာယာစက်မှုဇုန်ရှိ UNNO Myanmar Yes၊ စပယ်ပွင့်၊ ပုလဲ၊ နေမင်းအောင်၊ MoZ (မိုဇီး) အထည်ချုပ်စက်ရုံများနှင့် Global Footware ၊ Asia Rose ဖိနပ်စက်ရုံများ ပြေလည်မှုရရှိပြီးနောက် ယခုပြေလည်မှုမှာ ရှစ်ခုမြောက် ပြေလည်မှုရရှိခြင်းဖြစ်သည်။
 
 Myanmar Express 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

From :ခေတ်လူငယ်


 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၂၈/၂၀၁၂)ကို ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၃) ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်း၊ အမှတ် (၃၇၃) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉နှင့် အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာအပ်ပါသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ မှတ်ပုံတင်အမှတ်မှာ ( ၅၄) ဖြစ်ကြောင်း သိရှိရသည်။


 Myanmar Express 

ကချင်ပြည်နယ်မှ ပြည်သူတို့၏ အသံ

 From : ကချင်ပြည်သူ




ဗန်းမော်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကြောင့် လူငယ်တော်တော်များများ မူးယစ်ဆေးဝါးစွဲ
နေကြ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ သူတွေပါဝင်နေပါတယ်။ မူးယစ်ဆေးဝါး
ရောင်း သူတွေကတော့ ပိုက်ဆံရဖို့သာအဓိကဖြစ်တာကို လူငယ်၊လူကြီးမရွေး ဖောက်သည်ဖြစ်ပြီးရောသဘောနဲ့
ရောင်းနေပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဖို့လွယ်ကူပေမဲ့ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေကို ဖမ်းဆီးရမိတဲ့
သတင်းမျိုး မကြားရဘူး ဖြစ်နေပါတယ်။ အခုဆိုရင်သားသမီးတွေရဲ့ရှေ့ရေးဟာ ရင်လေးစရာဖြစ်နေတယ်လို့ မိဘ
တွေက ပြောဆိုနေကြပါတယ်။
တနိုင်းမြို့မှာ ရှိနေကြတဲ့ ဒေသခံတွေအနေနဲ့ သူတို့ရဲ့သားသမီးတွေ ကျောင်းအပ်နှံဖို့ အခက်အခဲတော်တော်
များများနဲ့ရင်ဆိုင်နေကြရပါတယ်။ ပထမဆုံးကြုံရတဲ့ အခက်အခဲကတော့ နယ်မြေအေးချမ်းမှုမရှိတဲ့အခက်အခဲဖြစ်နေ
ပါတယ်။ စစ်တပ်နဲ့ KIAတပ်တွေ တိုက်ပွဲတွေဖြစ်နေလို့ နယ်မြေမအေးချမ်းဘူး။ နယ်မြေမအေးချမ်းတော့
အလုပ်အကိုင် ကောင်းကောင်းမွန်မွန်မလုပ်ကြရပါဘူး။ အလုပ်မရှိတော့ ၀င်ငွေမရှိ၊ ၀င်ငွေမရှိတော့ ကျောင်းသားတွေ
ကျောင်းမထား နိုင်ကြတော့ပါဘူး။ ပိုက်ဆံရှိလို့ထားမယ်ဆိုရင်တောင် ကချင်လက်နက်ကိုင်တွေကို ကြောက်နေရလို့
ကျောင်းမအပ်နှံရဲကြပါဘူး။ဒါကြောင့်လဲ ဒေသခံတွေတောင်းဆိုနေတာကြ ငြိမ်းချမ်းရေးပင် ဖြစ်ပါတယ်။
ကာမုငိးမြို့နယ်မှာရှိကြတဲ့ သူတွေကလဲ သူတို့ဒေသမှာ ငြိမ်းချမ်းရေးမှုမရှိ၊ တိုက်ပွဲတွေဖြစ်နေ၊
မိုင်းတွေေ ပါက်ကွဲနေလို့ သူတို့ရဲ့ကလေးတွေကို ဒီနယ်မြေက ကျောင်းတွေမှာမထားတော့ဘဲ မြို့ကြီးတွေမှာ
ရွှေ့ပြောင်းထားနေကြပါတယ်။ ကာမိုင်းမြို့နယ်ခွဲအတွင်းမှာ ကျောင်းအပ် သူတွေထက် ကျောင်းပြောင်းရွှေ့နေသူက
ပိုမိုများပြားတယ်လို့ သိရပါတယ်။ ဒါဟာ စစ်ရဲ့စစ်ဆိုးကျိုးတွေဖြစ်တဲ့အတွက် KIA ရဲ့ ငြိမ်းချမ်းရေးမယူတဲ့လုပ်ရပ်
အပေါ် ဒေသခံလူထုတွေ နားမလည်နိုင် ဖြစ်ကြရပါတယ်။
မိုးညှင်းမြို့မှာနေထိုင်ကြတဲ့သူတွေကလဲ သူတို့မြို့နယ်အတွင်းရှိကြတဲ့ ပြည်သူတွေအသံကို ဒီလိုပဲပြောပြကြ
ပါတယ်။မိုးညှင်း-ဟိုပင်-မိုးကောင်းသွားတဲ့လမ်းမကြီးဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပျက်စီးလာနေပါတယ်။
ယာဉ်မောင်းနှင် ရာမှာအလွန်ပဲ အန္တရာယ်ရှိနေပြီး ခရီးအချိန်ကြန့်ကြာမှုဟာလဲ စိတ်မရှည်နိုင်အောင်ကြာနေပါတယ်။
နွေရာသီမှာ ဖုံအလွန်ထ မိုးရာသီမှာ ရေအိုင်ပေါ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ဒါကြောင့်မို့ မိုးညှင်း-ဟိုပင်-
မိုင်းကောင်း ကားလမ်းအား သက်ဆိုင်ရာ ပြုပြင်ပေးစေလိုကြောင်းနဲ့ မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်တွေကိုလဲ ထိထိ
ရောက်ရောက် အရေးယူပေးဖို့ ပြောနေကြပါတယ်။
မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့ တွင်ရေ၊ချောင်းရေ၊ မြောင်းရေတွေ ခမ်းခြောက်
ကုန်လို့ လယ်ယာစိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်နေပါတယ်။ ရာသီဥတုအလွန်ပူပြင်းတဲ့အတွက် သောက်သုံးရေ
အခက်အခဲ တွေ့ကြုံနေရပါတယ်။ မိုးမရွာဘဲ အပူချိန်ဆက်လက်မြင့်တက်နေမယ်ဆိုရင်လာမယ့်နှစ်မှာ စပါးအထကွ်
နှုန်းလဲကျသွားနိုင်ဖွယ်ရှိနေပါတယ်။ စပါးမထွက်ငွေမရ ဆင်းရဲသားတို့ဒုက္ခ ဆိုသလိုဖြစ်နေတော့မှာ ဖြစ်တဲ့အတွက်
လက်ရှိအခြေအနေအရ ကုန်ဈေးနှုန်းမတက်ဖို့ သက်ဆိုင်ရာက ထိန်းသိမ်းပေးဖို့ ပြောဆိုနေကြပါတယ်။
မိုးမိတ်မြို့မှာတော့ မြို့ကွက်ကကျင်းကျင်း မော်တော်ဆိုင်ကယ်တွေကများများ ဖြစ်နေတာမို့ ယာဉ်တိုက်မှု
တွေ မကြာခဏဖြစ်နေပါတယ်။ မိုးမိတ်-မန္တလေး လိုင်းပြေးဆွဲနေတဲ့ မော်တော်ယာဉ် လိုင်းဂတ်တွေ ကလဲ မြို့လယ်
အတွင်းမှာ ထားရှိနေတဲ့အတွက် အဝေးပြေးဂိတ်တွေကိုမြို့အပြင်ထုတ်ပေးသင့်တယ်လို့  ပြောဆိုနေပါတယ်။ အခု
အခါမှာ တရုတ်နိုင်ငံက လုပ်တဲ့ဆိုင်ကယ်တွေ ၀င်ရောက်မှုပိုမိုများပြားလာနေတဲ့အတွက် ဆိုင်ကယ်စီးနင်းမှုကို
စည်းကမ်းတကျဖြစ်အောင် လုပ်ပေးဖို့ ပြောဆိုနေပါတယ်။


Myanmar Express 

ဆန္ဒပြသည့်ကိစ္စများတွင် ပါတီများပါဝင် ပတ်သက်နေမှုကို တွေ့ဆုံဆွေးနွေး

From : ခေတ်လူငယ်


 လတ်တလောဖြစ်ပွားနေသည့် လျှပ်စစ်မီးရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲများ၊ လုပ်ခလစာတိုးမြှင့်ရရှိရေး ဆန္ဒပြပွဲများတွင် နိုင်ငံရေးပါတီများ ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီကြီး ငါးခုအား ယခုလ ၂၉ ရက်က နေပြည်တော်၌ ခေါ်ယူတွေ့ဆုံခဲ့သည်။ နိုင်ငံတော်၏ အချို့နေရာများတွင် လျှပ်စစ်မီး ပြတ်တောက်သည်ကို အကြောင်းပြုပြီး ဆန္ဒပြပွဲများ၊ စက်ရုံအလုပ်ရုံအချို့တွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့်အတွက် ယင်းဆန္ဒပြမှုများတွင် နိုင်ငံရေးပါတီဝင်အချို့ ပူးပေါင်းပါဝင် ပတ်သက်ခြင်းများ ရှိနေကြောင်း သတင်းများ သိရှိရပါကြောင်း ပြောကြားပြီး ထိုတွေ့ဆုံပွဲတွင် ဖြစ်စဉ်များအပေါ် နိုင်ငံတော်၏ ပကတိအခြေအနေမှန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တာဝန်ရှိပုဂ္ဂိုလ်များက အသေးစိတ်ရှင်းလင်း ဆွေးနွေးသွားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့ တက်ရောက်ခဲ့သည်။ “သတိပေးတဲ့သဘောမျိုး မဟုတ်ပါဘူး။ ညှိနှိုင်းတဲ့ သဘောပါ။ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်အောင် ပြောတာပါ” ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။ “ကော်မရှင်ဥက္ကဋ္ဌ ကတော့ အဓိက နှစ်ချက်ပြောသွားတယ်။ ပါတီတွေက အလုပ်သမားတွေကို ပြေလည်အောင်ဖျောင်းဖျဖို့နဲ့ ဝန်ကြီးဌာနကလည်း အလုပ်ရှင်တွေကို ပြေလည်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းဖို့ရယ်ပါ” ဟု ဦးစိုးဝင်းက ပြောသည်။ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ယခုကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တစ်ဆင့်နိုင်ငံရေးပါတီများအား တွေ့ဆုံခြင်းသည် အရေးယူခြင်းပြုလုပ်ရန် ဆန္ဒရှိ၍မဟုတ်ဘဲ မှန်ကန်သည့် အဖြေတစ်ခု ရရှိစေရန်သာ ရည်ရွယ်သည်ဟု သိရသည်။ “အလုပ်ရှင်တွေက ပါတီတွေပါလို့ လုပ်သားကိစ္စက ညှိနှိုင်းမရတာဆိုပြီး အလုပ်သမားဝန်ကြီးဌာနကို စာတင်တယ်လို့ သိရတယ်” ဟု ဦးစိုးဝင်းက ပြောသည်။ စက်ရုံအလုပ်ရုံ ၂၀ ခန့်တွင် အလုပ်သမားများ၏ လုပ်ခလစာများ၊ ခံစားခွင့်များ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြမှုများ အနက် ၁၃ ရုံခန့်တွင် ပြေလည်မှုရရှိသော်လည်း ကျန်စက်ရုံခုနစ်ရုံတွင် ညှိနှိုင်း၍မရသေးကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြာသည်ဟု သိရသည်။ အမှတ်(၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကမှု ဒုတိယဝန်ကြီးကမူ လက်ရှိ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်မှုများကို ဖြေရှင်းရန် လျှပ်စစ်မီးပိုမိုရရှိရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


 Myanmar Express 

အွန်လိုင်းမှ ဖုန်းဘီလ်ဆောင်နိုင်မည့်ဘဏ် တိုးချဲ့မည်

From : Popular


ငွေပြည့်ကတ်စနစ် မပြောင်းလဲသည့်ဖုန်းများ အွန်လိုင်းမှ ဘီလ်ဆောင်ရန်အတွက် ဘဏ်များ တိုးချဲ့ထားရှိပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
လက်ရှိတွင် ဘီလ်စနစ် အသုံးပြုနေသည့် မိုဘိုင်းဖုန်း နှင့် ကြိုးဖုန်းများအား ငွေဖြည့် ကတ်စနစ်သို့ ပြောင်း မပြောင်း ကို ရတနာပုံ Call Center မှ မက်ခ်ျဆေ့ပို့ခြင်း၊ အကြောင်း ကြားခြင်းများ ပြုလုပ်ပေးလျက် ရှိရာ ဇွန်လ ၁ ရက်နေ့ နောက် ပိုင်း ငွေဖြည့်ကတ်စနစ်သို့ မပြောင်းလဲသည့် ဖုန်းအားလုံး အွန်လိုင်းဖုန်းဘီလ်ဆောင် သည့် စနစ်သာ အသုံးပြုရမည် ဖြစ်ကြောင်း  ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။”လက်ရှိ ဆက်သွယ်ရေး ကိုလာပြီး ဖုန်းဘီလ်စနစ်အတွက် ဝန်ဆောင်မှုပေးဖို့ အဆိုပြုထား တဲ့ ဘဏ်တွေ ရှိပါတယ်။ အဓိကတော့ ဘီလ်စနစ် အသုံးပြုသူတွေကို ကြိုက်တဲ့ဘဏ်မှာ ဘီလ်ဆောင်နိုင် အောင် ဆောင်ရွက်ပေးမှာပါ”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ် ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြော သည်။ လက်ရှိ အွန်လိုင်းဖုန်းဘီလ် ဆောင်ခြင်းကို ဝန်ဆောင်မှုပေးနေ သည့် ဘဏ်များမှာ ဗွီ ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ယူနိုက် တက် အမရဘဏ်တို့ဖြစ်ပြီး ယင်း ဘဏ်များမှာ မြန်မာ့ဆက်သွယ်ရေး နှင့် ရတနာပုံတယ်လီပို့တို့နှင့် ပူး ပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ”ဘီလ်စနစ်ကနေ   ငွေဖြည့် ကတ်စနစ်ပြောင်းဖို့ အချိန်တစ်ရက် ပဲကြာမှာပါ။ လောလောဆယ် ကတ်စနစ်ပြောင်းမယ်လို့ ဆန္ဒပြု ထားတဲ့ဖုန်းတွေ အားလုံးလာမယ့် လဆန်းပိုင်း မှာ ပြောင်း လဲပေးမှာပါ” ဟု ၄င်းကဆက်လက်ပြောသည်။ ဘီလ်စနစ်ဆက်လက်အသုံး ပြုသူများအနေဖြင့် အွန်လိုင်းဖုန်း ဘီလ်ဆောင်စနစ်ကို အသုံးပြုမည် ဆိုပါက ဝန်ဆောင်မှုေ ပးသည့် ဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ရ မည်ဖြစ်ပြီး၊ ဘဏ်စရင်းဖွင့်ခ ကျပ် တစ်သောင်းနှင့် ဝန်ဆောင်ခ ကျပ်ငါးရာကျသင့်ကြောင်း သိရ သည်။အွန်လိုင်းမှ ဖုန်းဘီလ်   ဆောင်နိုင်သည့်စနစ်ကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ခဲ့ပြီး ပြည်တွင်းရှိ အင် တာနက်အသုံးပြုနိုင်သည့် မည် သည့်နေရာမဆို ရတနာပုံ ဝက်ဘ်ဆိုက် https // billing.yatanarpon.com.mm တွင် ဆောင်ရွက်နိုင်မည် ဖြစ် သည်။

 Myanmar Express 

တရုတ်နိုင်ငံတွင် ဂြိုဟ်တုတစ်လုံး အောင်မြင်စွာ လွှတ်တင်ခဲ့

From : MRTV4


တရုတ်နိုင်ငံ မြောက်ပိုင်း Shanxi  ပြည်နယ်ရှိ  Taiyuan ဂြိုဟ်တု လွှတ်တင်ရေးစင်တာ ကနေ ပြီးခဲ့တဲ့အင်္ဂါနေ့က ဂြိုဟ်တုတစ်လုံးကို
 အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ Yaogan XV အမည်ရှိ အဆိုပါ အဝေးထိန်း အာရုံခံဂြိုဟ်တုကို Long March 4B ဒုံးပျံနဲ့ ဒေသစံတော်ချိန် ညနေ ၃နာရီခွဲ လောက်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂြိုဟ်တုကို သိပံ္ပနည်းကျစမ်းသပ်မှု၊ ကုန်းမြေတိုင်းတာမှု၊ ရိတ်သိမ်းပြီး စိုက်ခင်းများစောင့်ကြည့်ရေးနဲ့ သဘာဝဘေး လျော့ပါး သက်သာရေး အထောက်အကူ ပြုလုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဂြိုဟ်တုကို လွှတ်တင်ခဲ့တဲ့ Long March 4B ဒုံးပျံကို တရုတ်လေကြောင်း သိပ္ပံနည်းပညာ ကော်ပိုရေးရှင်း လက်အောက်မှ ရှန်ဟိုင်း အာကာသ နည်းပညာ အကယ်ဒမီကနေ တီထွင်ဖန်တီးထားတာဖြစ်ပြီး အခုတစ် ကြိမ်လွှတ်တင်မှုဟာ ၁၆၄ကြိမ်မြောက် လွှတ်တင်မှု ဖြစ်တယ်လို့လည်း သိရပါတယ်။

 Myanmar Express 

ရန်ကုန်မြို့ရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးပေးမည်

From : ခေတ်လူငယ်


ရပ်နားထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ပေး စက်ရုံများအတွက် သုံးစွဲရန် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၇၈ သန်း ပြန်လည်ရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီး ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က မေလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ ''အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေတိုးပြီး ရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ အများပြည်သူကို လျှပ်စစ်ဓာတ်အား ပိုပေးမယ်။ ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ အများပြည်သူကို ညစဉ် လျှပ်စစ်မီး ပေးသွားပါမယ်'' ဟု ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင် အလုံ၊ လှော်ကား၊ သာကေတ၊ ရွာမ မြို့နယ်များ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများရှိပြီး ၎င်းတို့မှာ လည်ပတ်လျက်ရှိသည်။ နယ်မြို့များရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့မှာ သဘာဝဓာတ်ငွေ့ မရရှိမှုကြောင့် ရပ်နားထားရကြောင်း သိရှိရသည်။ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကြားရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်များသည် မေလ ၁၈၊ ၁၉ ရက်နေ့များတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂ၀ပ်ခန့်ကို မရရှိတော့သဖြင့် မေလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို အလှည့်ကျ မီးပေးစနစ်ဖြင့် လျှပ်စစ်မီးပေးဝေခဲ့ရကြောင်း သိရှိရသည်။ လျှပ်စစ်တာဝါတိုင်များ ပြန်လည်ပြုပြင်ရာတွင် ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈ နှင့် ကွန်ကရစ်တိုင် အမှတ် ၂၄၉ အား ပြန်လည်ပြင်ဆင်မှု လုပ်ငန်းများ ၁၀၀ ရာနှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း၊ တာဝါတိုင်အမှတ် ၂၀၇ ပြုပြင်မှုမှာ ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မေလ ၂၉ ရက်နေ့က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ   သိရှိရသည်။
 

 Myanmar Express 

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍တိုင်ကြားပါက စုံစမ်းဖော်ထုတ်အရေးယူမည်

From : မြန်မာတိုင်းမ်


အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသို့ လိပ်မူတိုင်ကြားပါက အရေးယူ စုံစမ်း ဖော်ထုတ်မည် ဖြစ်ကြောင်း အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေနှင့် အကျိုး ဆောင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေက ပြောသည်။
" corruption နဲ့ပတ်သက်ပြီး ပြည်သူ တစ်ယောက်က ကျွန်တော်တို့ဌာနကို တိုင်ကြားရင် အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ လိပ်စာ အနေနဲ့ "သို့ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ နေပြည်တော်" ဆိုရင် ရပါတယ်။ "တိုင်သူဘက်က မှန်ကန် ဖို့တော့ လိုတယ်။ မှတ်ပုံတင်တို့၊ လိပ်စာတို့ပါရင် ပိုကောင်းတယ်။ အဲဒါမှ တိုင်စာဖြစ်မှာ ဖြစ်တယ်။ အတိအကျမဟုတ်ရင် ပစ်စာ ဖြစ်သွားမယ်။ ပစ်စာရဲ့အဓိပ္ပာယ်နဲ့ တိုင်စာရဲ့အဓိပ္ပာယ်က အများကြီးကွာတယ်"ဟု ၎င်းက ပြောသည်။
အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အပြင် နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တိုင်ကြားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
"သမ္မတရုံးကို တိုင်တယ်။ သမ္မတရုံးက ပြည်ထဲရေးကို တာဝန်ပေးတယ်။ အဲဒီအထဲက ကျွန်တော်တို့နဲ့ဆိုင်တဲ့ ကိစ္စတွေကို ကျွန်တော် တို့ကို တာဝန်ပေးတယ်ဆိုရင် အဲဒီအပေါ်မှာ ကျွန်တော်တို့က စစ်တယ်။ "ကျွန်တော်တို့ဆီကို တိုင်ရင် ကျွန်တော်တို့က ပထမဦးဆုံး ရရှိတဲ့ သတင်းအပေါ်မှာ မူတည်ပြီးတော့ ၀န်ကြီးဆီကို တင်ပြတယ်။ ၀န်ကြီးဆီက အဲဒါကို စစ်ပါလို့ အမိန့်ကျတယ်ဆိုရင် ပထမဦးဆုံး ကျွန်တော်တို့က စုံစမ်းတယ်၊ စစ်ဆေးရတယ်။ "စစ်ဆေးတွေ့ရှိမှုအပေါ် အခြေပြု ပြီးတော့မှ ၀န်ကြီးဆီကို ပြန်တင်ပြတယ်။ ၀န်ကြီးက တရားစွဲပါဆိုရင် သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲတာပါ"ဟု ဦးမျိုးခိုင်ဆွေက ပြောသည်။
"ဒီကြားထဲ စုံစမ်းစစ်ဆေးတဲ့ အပိုင်းမှာ တွေ့ရှိတာကို ကျွန်တော်တို့ ဌာနက ဥပဒေထင်မြင်ချက်၊ ဘယ်ဥပဒေနဲ့ ငြိတယ် ဆိုတာကို တင်ပြပေးတယ်" ဟု ၎င်းက ပြောသည်။


Myanmar Express 

ပျက်စီးတာဝါတိုင်များ ပြုပြင်ပြီးစီးရန် အနည်းငယ်သာကျန်၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးအပြည့် ပြန်ပေးနိုင်တော့မည်

From : ခေတ်လူငယ်


မေ ၁၈ ရက်နှင့် ၁၉ ရက်များက ဖောက်ခွဲဖျက်ဆီသူများကြောင့် ပျက်စီးသွားရသော ရွှေလီ-မန်စံ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၇ နှင့် ၂၀၈ တို့မှာ မေလကုန် ဇွန်လဆန်းပိုင်းတွင် ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးတော့မည်ဖြစ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားအပြည့် ပြန်လည်ဖြန့်ဝေပေးနိုင်တော့မည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈နှင့် ၂၀၉ တို့မှာ ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးသွားပြီဖြစ်ရာ တာဝါတိုင်အမှတ် ၂၀၇ သာ ပြုပြင်ရန် အနည်းငယ် ကျန်တော့သည်ဟု ဆိုသည်။ အဆိုပါ ဓာတ်အားတိုင်များ ပျက်စီးသွား၍ လျှပ်စစ်ဓာတ်အားပေးနိုင်မှု လျော့ကျခဲ့သဖြင့် မေ ၁၉ ရက်မှစ၍ စက်မှုဇုန်များသို့ ဓာတ်အားဖြတ်တောက်လိုက်ရပြီး အများပြည်သူသို့ အုပ်စုခွဲကာ အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးခဲ့ရာမှ ယခုအခါ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားအပြည့် ပြန်လည်ပေးနိုင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အားအမြင့်ဆုံး ထုတ်လုပ်ပေးနိုင်သော ရာသီမှာ မိုးရာသီဖြစ်ပြီး ရေအားလျှပ်စစ်အပါအဝင် ၁၆၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရာ မိုးရာသီ၌ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၅၆၀ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။ နွေရာသီတွင် ရေနည်းသွားသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၃၄၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သော်လည်း ပြည်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၈၅၀ မဂ္ဂါဝပ်ဖြစ်ရာ ဓာတ်အားထုတ်လုပ်နိုင်မှုထက် သုံးစွဲမှုက ပိုမိုများပြားနေသဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်ရသည်။ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ကုစားရန်အတွက် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ထပ်မံတည်ဆောက်ရန် စီမံစိုင်းပြင်းလျက်ရှိသည်။ ဓာတ်အားပေးစက်ရုံများတည်ဆောက် ရန်အတွက် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်ကုမ္ပဏီများက ကမ်းလှမ်းလျက်ရှိရာ ရန်ကုန်မြို့အနီးတွင် ၆၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံနှင့် ဖက်စပ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံကို တောင်ကိုရီးယား ကုမ္ပဏီနှင့် ဖက်စပ်တည်ဆောက်ရန် သဘောတူပြီးဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားလိုအပ်မှု အထောက်အကူပြုနိုင်ရန် ၁၂၀ မဂ္ဂါဝပ်ဓာတ်ငွေ့တာဘိုင် ၃ လုံးကို ဂျပန်နိုင်ငံမှ ငှားရမ်းအသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
 
Myanmar Express 

Y-talk calling စနစ်ကို အင်တာနက်ဆိုင် အများစုမှာ အသုံးပြုလာ

From : MRTV4


လက်ရှိ အင်တာနက် ဆိုင်တွေ အများစုမှာ့ Y-talk calling စနစ်တွေ အသုံးပြုမှု ရှိလာတယ်လို့ VMG ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ
သိရပါတယ်။ ယခင်က P-Fingo ကို အသုံးပြုကြ ပေမယ့် မေလမှ စတင်ကာ Y-talk ခေါ်ဆိုခတွေ လျော့ချပြီး နောက်ပိုင်း မှာတော့ အင်တာနက်ဆိုင် အများစုမှာ ယခင်ကထက် အသုံးပြုမှုတွေ ပိုများ လာတယ်လို့ သိရပါတယ်။ Y-talk calling စနစ် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အပြင် အခြား နယ်မြို့တွေမှာ ခေါ်ဆို အသုံးပြု နိုင်တာ ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး တွေရှိ အင်တာနက်ဆိုင် တွေမှာလည်း Y-talk calling စနစ်ကို အသုံးပြုမှု ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ Y-talk calling စနစ်ကို မိုဘိုင်းဖုန်းနဲ့ပါ တွဲဘက် အသုံးပြု နိုင်အောင် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေ၊ Home user တွေ အတွက်လည်း နောက်ပိုင်းမှာ အသုံးပြု နိုင်အောင် စီစဉ်ပေး သွားဖို့ ရှိတယ်လို့ VMG Telecom ကုမ္ပဏီ လီမီတက်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 Myanmar Express 

KIA ထောင်ထားသောမိုင်းကို နင်းမိသောကားအား KIA မှ မိုင်းဖိုးငွေပြန်တောင်း

From : ကိုစိုးကြည်


မေ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီ လောက်မှာ ပူတာအိုမှ မြစ်ကြီးနား သို့လာတဲ့ ကုန်တင်ယာဉ် ၂စီးဟာ က၀ပန်ရွာ နားမှာ KIA ထောင်ထားသော မိုင်းတစ်လုံးစီနင်းမိပြီး ယာဉ်၏ တာယာတွေပွင့်ထွက်သွားပေမယ့် လူကတော့ထိခိုက်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် KIA အဖွဲ့ က သေနတ်တွေကိုယ်စီနဲ့ ရောက်ခဲ့ပြီး ၎င်းတို့ထောင်ထားတဲ့မိုင်းကို နင်းမိတဲ့အတွက် ပိုက်ဆံ ၃၀၀၀၀ စီကိုအတင်းတောင်းခံခဲ့ပါတယ်။

ယာဉ်မောင်းတွေက မိုင်းကြောင့် ယာဉ်လည်းပျက်စီးခဲ့တယ်။ မိုင်းနင်းမိတဲ့ အတွက်ကြောင့် မိုင်းဖိုးကိုပြန်လျှော်ရတဲ့အတွက်ကြောင့် မိအေး ၂ခါနာဖြစ်ခဲ့ရပါတယ်။ KIA အဖွဲ့ က ဒီလိုမိုင်းကို လမ်းမှာထောင်ပြီး မိုင်းဖိုးကိုပြန်လျှော်ခိုင်းတာတော့ မကောင်းပါဘူး။ သူတို့က အစိုးရကားတွေကိုဘဲ မိုင်းကို နင်းစေချင်တဲ့သဘောမျိုးဖြစ်နို်င်ပါတယ်။ ဒါပေမယ့်လဲ ဒီလမ်းကြောင်းဟာ ပြည်သူတွေသွားလာနေတဲ့လမ်း၊ ကုန်ပစ္စည်းတွေပို့နေတဲ့လမ်းကြောင်း ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေဘဲထိခိုက်မှာဖြစ်ပါတယ်။ KIA က သူတို့ထောင်ပြီးတော့ ပိုက်ဆံရှာတဲ့ အနေအထားမျိုးကိုဖြစ်နေရပါတယ်။ အတင်းတောင်းလို့ အခြေ အနေမကောင်းလို့ ဒီလိုမိုင်ထောင်ပြီးတော့ မိုင်းဖိုးဆိုပြီး တောင်းတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် လို့ ကုန်တင်ကား အများစုနဲ့ ခရီးသည်တွေက မသွားရဲမလာရဲဖြစ်နေပြီး ကုန်ဈေးနှုန်းတွေလဲ အဆမတန် ကြီးမြင့် နေပြီး ကချင်ပြည်သူတွေလဲ ဒုက္ခရောက်နေရပါတယ်လို့ ကားသမားတစ်ဦးက KDN သတင်းဌာန သို့စာဖြင့်ပေးပို့ဆက်သွယ်လာခဲ့ကြောင်းသိရှိရသည်။

 
Myanmar Express 

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ