Subscribe to our RSS Feed

အမေရိကန်ကုမ္ပဏီကြီးတချို့ မြန်မာနိုင်ငံမှာ စတင် ရင်းနှီးမြှုပ်နှံ

From : rfa

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားတာတွေကို ဆိုင်းငံ့လိုက်တဲ့အတွက် အမေရိကန်အကြီးဆုံး GE လျှပ်စစ်ကုမ္ပဏီအနေနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာအစိုးရနဲ့ ပူးပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမယ်လို့ GE ကုမ္ပဏီ ဟောင်ကောင်ရုံးခွဲ ဒု ဥက္ကဋ္ဌ John Rice က မနေ့က ကြေညာလိုက်ပါတယ်။


Augusta State University

General Electric Company ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John G.Rice ဖြစ်ပါသည်။

ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံကို သူကိုယ်တိုင်သွားရောက်ခဲ့ပြီး ရန်ကုန်မြို့မှာ လိုအပ်နေတဲ့ လျှပ်စစ်မီး ရရှိရေး ပံ့ပိုးပေးနိုင်ဖို့ မြန်မာစွမ်းအင်ဝန်ကြီးဌာနနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ ရလာအောင် GE ကုမ္ပဏီဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်စီးပွားရေး ကုမ္ပဏီတွေ ဒီထက်မက ၀င်ရောက်နိုင်ဖို့ဆိုရင် မြန်မာအစိုးရဘက်က မျှတမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လိုအပ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ အောင်မြင်နေတဲ့ Hissho Sushi ကုမ္ပဏီပိုင်ရှင် Philip Maung က အာအက်ဖ်အေကို ပြောပါတယ်။

" ဒီဘက်ကနေ sanction လျှော့ပေးလာမယ်။ ဟိုဘက်ကနေ သမ္မတကြီးကလည်း စီးပွားရေးသမားတွေကို ပြန်လာခိုင်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဟိုဘက်မှာ ဒီထက်မက အများကြီးလုပ်ရအုံးမယ် ထင်တာပဲလေ။ အရင်းအနှီးတွေ၊ နည်းပညာတွေ အကုန်လုံးဝင်သွားပြီဆိုရင် အဓိကလိုနေတာက ဟိုဘက်မှာ ကျွမ်းကျင်တဲ့ အလုပ်သမားတော့ လိုမယ်ထင်တာပဲ။ ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို သင်တန်းလေးတွေ ဖွင့်ထားပေးနိုင်ရင်တော့ ကောင်းမယ်ထင်ပါတယ်။ ပြီးရင် ဥပဒေပေါ့နော်၊ လာပြီးရင်းနှီးမြှုပ်နှံတဲ့သူကော၊ ဟိုဘက်က အလုပ်သမားတွေအတွက် အခွင့်အရေးကော၊ နှစ်ဘက်လုံးအတွက် အာမခံရှိတဲ့ ဥပဒေ ရှိရမယ်လို့ ထင်တာပဲလေ၊ ဒါမှလည်း အကုန်လုံးအတွက် အကာကွယ်ပေးနိုင်တဲ့၊ အကုန်လုံးလည်း အဆင်ပြေတဲ့ ဥပဒေဆိုရင်တော့ ပိုကောင်းတာပေါ့"

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ငွေကြေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့ထားတာကို အမေရိကန်အစိုးရက ဆိုင်းငံ့လိုက်တာကြောင့် အမေရိကန် ကုမ္ပဏီတွေ အတွက်သာမက မြန်မာနိုင်ငံက ဈေးကွက်စီးပွားရေးကိုပါ အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်လို့ GE ကုမ္ပဏီက John Rice က ပြောပါတယ်။

အလားတူပဲ စက်မှုနဲ့ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အမေရိကန်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Caterpillar ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

Myanmar Express

အင်တာနက် လျှောက်ထားသော မိုဘိုင်းလ်ဖုန်းများ ၂၄ နာရီအတွင်း အသုံးပြုနိုင်မည်

From : ခေတ်လူငယ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ အင်တာနက် အသုံးပြုနိုင်ရန် လာရောက်လျှောက်ထားခွင့်ပြုခဲ့သော မိုဘိုင်းလ်ဖုန်းများကို လျှောက်ထားပြီး ၂၄ နာရီအတွင်း အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားခဲ့သည်။ “အင်တာနက်လိုင်းက တစ်နေ့ကို အလုံးသုံးထောင်လောက် လာလျှောက်တယ်။ လာလျှောက်သမျှ ဖုန်းတွေကိုတော့ နေ့ချင်းပြီး လိုင်းဖွင့်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်” ဟု ၄င်းကဆိုသည်။ ယင်းကဲ့သို့ အင်တာနက်လိုင်းများ မပွင့်ရခြင်းမျာ မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ ၄င်းတို့ဖုန်း Setting မှ Mobile Network ထဲသို့ သွာေးရာက်မပြင်ဆင်ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ အင်တာနက်လိုင်း လျှောက်ထားပြီးသူများအနေဖြင့် အင်တာနက်လိုင်း လျှောက်ထားပြီး ၂၄ နာရီအကြာတွင် မိမိဖုန်း၏ အင်တာနက် Setting တွင် ဝင်ရောက် စစ်ဆေးကြည့်ရန်လည်း လိုကြောင်း ဦးကျော်စိုးက ထပ်မံရှင်းပြသည်။ GSM ဖုန်းများတွင် အင်တာနက်လိုင်း စတင်အသုံးပြုနိုင်ပါက ဖုန်းစာမျက်နှာတွင် ပုံမှန်အားဖြင့် E ဟု အလိုအလျောက် ပေါ်နေမည်ဖြစ်ပြီး WCDMA ဖုန်းများတွင် G၊ 3G စသည်ဖြင့် သင်္ကေတများ ပေါ်နေမည်ဖြစ်ကြောင်း၊ ဖုန်းဟန်းဆက်ပေါ်တွင် မူတည်ကာ Setting အတွင်း ဝင်ပြောင်းရန် လိုအပ်ကြောင်း E-lite အရောင်းဆိုင်များ တာဝန်ခံ ဦးသက်နိုင်ဝင်းက ရှင်းပြသည်။ ယင်းကဲ့သို့ အင်တာနက်လိုင်းများ လျှောက်ထားပြီး လိုင်းမရရှိခြင်းမှာ မိုဘိုင်းလ်ဖုန်း အသုံးပြုသူပေါ်တွင်လည်း မူတည်ကြောင်း၊ အင်တာနက်လိုင်းများ လျှောက်ထားပြီး တစ်ပတ်အတွင်း လိုင်းမရရှိပါက ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ရုံးသို့ လာရောက်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

Myanmar Express

ဒေါ်အောင်ဆန်းစုကြည်ထက် တစ်လ စော ကာ သူရဦးရွှေမန်း လန်ဒန် ရောက်


ဥရာပ နိုင်ငံများရဲ့ လွှတ်တော် များကို လေ့လာရန် EU သို့ ခရီးထွက်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လန်ဒန်မြို့ကို ရောက်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ သူရဦးရွှေမန်းနောက်သို့လိုက်ပြီး မေမြန်း သတင်းယူလျှက် ရှိသော ဘီဘီစီိ သတင်းဌာန၏ မေးမြန်းချက်တွင် သူရဦးရွှေမန်းက ယနေ့ မြန်မာ့နိုင်ငံရေး လောကတွင် လွှတ်တော်၏ အခန်း မှာ အလွန် အရေးကြီးတဲ့အကြောင်း၊ ယခုကဲ့သို့ အနောက်တိုင်း ပါလီမနန် များကို လေ့လာရခြင်းဟာ ပြည်သူ့လွှတ်တော် လုပ်ငန်းမှာ ပိုမိုအဆင်ပြေမယ့် သင်ခန်းစာတွေ၊ ဗဟုသုတတွေ ရရှိခြင်းကြောင့် အလွန်အကျိုးအမြတ် များစွာ ရရှိကြောင်း ပြောကြားခဲ့ပါတယ်။

သင်ခန်းစာ ဆိုတဲ့ နေရာမှာ ဉရောပ နိုင်ငံတွေရဲ့ ပါလီမန် စနစ် တည်ဆောက်ရာမှာလည်း ကောင်းမွန်အောင်၊ ပြည့်စုံအောင် လုပ်ထားတဲ့ ကြားက လိုအပ်ချက်တွေ၊ အခက်အခဲ တွေ ရှိကြောင်း သက်ဆိုင်ရာ နိုင်ငံတွေ က ထုတ်ဖေါ်ပြောကြပုံ လည်း သူရ ဦးရွှေမန်း က ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်မို့ အရင်က ယူဆချက် တွေ အရ အနောက်တိုင်း ပါလီမန် တွေ အပေါ် ခန့်မှန်းချက် နဲ့ ကွာခြားချက် ဟာ သိပ်မကွာပဲ လုပ်နည်း ကိုင်နည်း ကွာတာသာ ရှိပုံလည်း ရှင်းပြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လူထုကိုယ်စားပြုတဲ့ ပါလီမန် ဖြစ်လာဖို့ ကတော့ အချိန် စောသေးကြောင်း၊ မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေကို ၂ဝဝ၈ ခုနှစ်က စတင် အသက်သွင်းပြီး၊ ၂ဝ၁၁ ခု နှစ် ကမှ လက်တွေ့ကျင့်သုံးတဲ့ အတွက် အချိန်ယူရဉီးမယ်၊ တွေ့ရှိချက်တွေ အပေါ် မူတည်ပြီး သက်ဆိုင်ရာ ပါလီမန် နဲ့ ပြည်သူ ရဲ့ အဆုံးအဖြတ် အပေါ် မူတည်ကြောင်း၊ အခြေခံ ဉပဒေ ကို ပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ ဉပဒေ တွေလည်း ရှိပြီးသားမို့ ကျိုးကြောင်းညီညွတ်ရင် ပြင်ဆင်နိုင်တဲ့ အနေအထား ရှိပါတယ် လို့လည်း သူရ ဦးရွှေမန်း က နားလည်အောင် ရှင်းပြ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်သားတွေ ပါလီမန်ထဲ မပါဝင်ရမယ့် အချိန်ကို ပြောဖို့တော့ စောသေးကြောင်း ၊ စစ်တပ်ထဲမှာလည်း ဒီမိုကရေစီ အပြည့်အဝ ရှိကြောင်းတွေ ဘီဘီစီ ကို သူရ ဦးရွှေမန်း က ပြောဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။

သူရဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဥရောပနိုင်ငံများ မှ အကြီးအကဲများအားလုံးက ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြပြီး ရင်းရင်းနီးနီး တွေ့ဆုံဆွေးနွေးမှုတွေ အများအပြား လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

သူရဦးရွှေမန်း နောက် မှ ဒေါ်အောင်ဆန်းစုကြည်လည်း နော်ဝေ နှင့် အင်္ဂလန်နိုင်ငံ ရှိ သား နှင့် ချွေးမ ၊ မြေး များ ရှိရာ သို့ နောက်လ ဒုတိယ အပတ်တွင် ခရီးထွက်မယ်လို့လည်း သိရပါတယ်။

Myanmar Express

ရုရှားရှိ နှုကလိယ ရေငုပ် သင်္ဘောများကို ဂျပန်တို့ ကူညီ ဖျက်သိမ်းပေးမည်

From : MRTV4


ဂျပန်နိုင်ငံ အနေဖြင့် ၎င်းတို့၏ နည်းပညာနှင့် ပစ္စည်း ကိရိယာများကို ရုရှား နိုင်ငံသို့ အကူအညီ ပေးမည်ဖြစ်ကာ ယခင် ဆိုဗီယက် ပြည်ထောင်စု လက်ထက်က
ရှိနေခဲ့သော နှုကလယိ စွမ်းအင် လောင်စာသုံး ရေငုပ် သင်္ဘောများကို ဖျက်သိမ်းရာတွင် ကူညီမှုများ ပြုလုပ်ပေးမည် ဖြစ်သည်။

ဂျပန် အစိုးရမှာ ဒေါ်လာ ၅၂ သန်းတန် ရေပေါ် ဆိပ်ခံ ဘောတစ်ခုနှင့် ဆောက်လုပ်ရေး ကရိန်းများကို ရုရှားသို့ သောကြာနေ့က ပေးအပ်ခဲ့ကာ ရုရှားနိုင်ငံ အရှေ့ပိုင်း မြို့တော်ဖြစ်သည့် Vladivostok မြို့အနီးတွင် လွှဲအပ်ခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်း အသုံးမပြုတော့သည့် နှုကလိယ စွမ်းအင်သုံး ရေငုပ်သင်္ဘော အစင်း ၅၀ မှာ ရုရှား အရှေ့ပိုင်းရှိ ကမ်းခြေ ဒေသတွင် ဆိုဗီယက် ယူနီယံ ပြိုလဲစဉ်ကပင် ထားရှိခဲ့ခြင်း ဖြစ်ကာ ရေဒီယို သတ္တိကြွ ပစ္စည်းများ ယိုစိမ့်နိုင်သည့် အရေးအတွက် စိုးရိမ်နေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဂျပန် နိုင်ငံ အနေဖြင့် နှုကလိယ ရေငုပ်သင်္ဘော အချို့ကို ဖျက်သိမ်းနိုင်ရန် အတွက် ငွေရေးကြေးရေး အရ အကူအညီပေးခဲ့ပြီးလည်း ဖြစ်ကာ နှုကလိယ ဘေးထွက် ပစ္စည်းများကို စွန့်ပစ်ရန်လည်း အဆောက်အအုံများ ဆောက်လုပ်ရန် ကူညီပေးခဲ့ပြီး ဖြစ်သည်။ ယခုလို စက်ပိုင်းဆိုင်ရာ အရ ကူညီပေးမှုကြောင့် ရေငုပ် သင်္ဘောများမှ  ဓါတ်ပေါင်းဖိုများကို မြေပြင် သိုလှောင်ရေး စခန်းသို့ သယ်ပို့ရန် အတွက် လုပ်ဆောင်နိုင်မည် ဖြစ်ကာ ယခု စီမံကိန်းမှာ ဂျပန် ပင်လယ်ပြင်ရှိ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့်  နှုကလိယ ဖျက်သိမ်းရေးကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်သည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောခဲ့သည်။

 Myanmar Express 

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံရုံးဆိုင်ရာ ၀က်ဘ်ဆိုက်များ နှင့် နိုင်ငံခြား သံရုံး လိပ်စာ၊ ဖုံးနံပတ် များ





1. www.mesingapore.org.sg/index.htm
စင်္ကာပူမှာရှိတဲ့ မြန်မာသံရုံး...
သံရုံးကထုတ်ပေးတဲ့ ဗီဇာကိစ္စတွေ အကြောင်းသိလိုရင် ၀င်ကြည့်နိုင်...

2. www.mewashingtondc.com
အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် မြန်မာသံရုံး...

3. www.myanmarembassycanberra.info
သြစတေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ရုံးစိုက်တဲ့ မြန်မာသံရုံး...
ဗီဇာလျှောက်လွှာတင်ခြင်း စတဲ့ ဗီဇာကိစ္စတွေ သိနိုင် ...

4. www.merome.itgo.com
အီတလီနိုင်ငံ ရောမမြို့က မြန်မာသံရုံး ..
သံရုံးဝန်ထမ်းစာရင်း ၊ ဆက်သွယ်နိုင်မယ့် သတင်းအချက်အလက်တွေနဲ့ ဗီဇာကိစ္စတွေ ၀င်ရောက်ကြည့်ရှု့နိုင်..

5. www.mebrsl.freeservers.com
ဘရာဇီး နိုင်ငံက မြန်မာသံရုံး ...
ဗီဇာ အင်ဖော်မေးရှင်း အစုံအလင် ဖတ်ရှုနိုင် ..

6. www.myanmarembassy.com
တရုတ်နိုင်ငံ ဘေဂျင်းက မြန်မာသံရုံး ...

7. www.myanmar.e-consulate.org
ဟောင်ကောင်က မြန်မာသံတမာန်အဖွဲ့ ...

8. www.mofa.gov.mm/myanmarmissions
အိန္ဒိယနိုင်ငံ နယူဒေလီမှာရှိတဲ့ မြန်မာသံရုံး ...

9. www.myanmar-embassy-tokyo.net
ဂျပန်နိုင်ငံ တိုကျိုမြို့ က မြန်မာသံရုံး ...

10. www.myanmar-embassy-islamabad.net
ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်က မြန်မာသံရုံး..

11. www.mission.itu.ch/MISSIONS/Myanmar
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ က မြန်မာသံအဖွဲ့...




ပြည်တွင်းမှ နိုင်ငံခြား သံရုံးများ

Embassy of Australia
88, Strand Road, Kyauktada Tsp., Yangon.
Tel: 951-251810, 251797, 251798, 251809, 246161, 246158
Fax: 951-246159

Embassy of the People's Republic of Bangladesh
11(B), Than Lwin Road , Yangon.
Tel: 951-515275, 526144
Fax: 951-515723

Embassy of Brunei Darussalam
51, Golden Valley , Bahan Tsp., Yangon.
Tel: 951-510422, 526985
Fax: 951-512854

Royal Embassy of Cambodia
5(3B/4B), New University Avenue Road,
Bahan Tsp., Yangon.
Tel: 951-549609,540964
Fax: 951-541462

Embassy of the People's Republic of China
1, Pyidaungsu Yeiktha Road , Dagon Tsp., Yangon.
Tel: 951-221280, 221281
Fax: 951-227019

Embassy of the Arab Republic of Egypt
81, Pyidaungsu Yeiktha Road , Dagon Tsp., Yangon.
Tel: 951-222886, 222887
Fax: 951-222865

Embassy of France
02, Pyidaungsu Yeiktha Road,
Dagon Tsp., Yangon.
Tel: 951-212178, 212520, 212523, 212528, 512532
Fax: 951-212527

Embassy of the Federal Republic of Germany
No.9, Bogyoke Aung San Museum Street ,
Bahan Tsp., Yangon.
Tel: 951-548951, 548952, 548953
Fax: 951-548899

Embassy of the Republic of India
45-547, Merchant Street, Kyauktada Tsp., Yangon.
Tel: 951-282552, 240633, 243972, 282933,
250164, 254086
Fax: 951-245086, 240164

Embassy of the Republic of Indonesia
100, Pyidaungsu Yeiktha Road,
Dagon Tsp., Yangon.
Tel: 951-254465, 254469, 229750
Fax: 951-254468

Embassy of Israel
5, Khabaung Street, Hlaing Tsp., Yangon.
Tel: 951-515115
Fax: 951-515116

Embassy of the Republic of Italy
3, Inya Myaing Road, Golden Valley,
Bahan Tsp., Yangon.
Tel: 951-527100, 527101
Fax: 951-514565

Embassy of Japan
100, Natmauk Road , Bahan Tsp., Yangon.
Tel: 951-549644-8, 540411, 540400, 540399
Fax: 951-549643

Embassy of the Republic of Korea
7, University Avenue , Bahan Tsp., Yangon.
Tel: 951-527142, 527143, 527144, 525190
Fax: 951-513286

Embassy of the Lao People's Democratic Republic
A-1, Diplomatic Quarters, Taw Win Street,
Dagon Tsp., Yangon.
Tel: 951-222482
Fax: 951-227446

Embassy of Malaysia
2, Pyidaungsu Yeiktha Road, Dagon Tsp., Yangon.
Tel: 951-220248, 220249, 220251, 220230
Fax: 951-221840

Royal Nepalese Embassy
16, Natmauk Yeiktha Lane, Tamwe Tsp., Yangon.
Tel: 951-553168, 545880
Fax: 951-549803

Embassy of the Islamic Republic of Pakistan
A-4, Diplomatic Quarters, Pyay Road,
Dagon Tsp., Yangon.
Tel: 951-222881
Fax: 951-221147

Embassy of the Republic of the Philippines
50, Saya San Road, Bahan Tsp., Yangon.
Tel: 951-558149, 558150, 558151
Fax: 951-558154

Embassy of the Russian Federation
38, Sagawa Road, Dagon Tsp., Yangon.
Tel: 951-241955, 254161
Fax: 951-241953

Embassy of the Republic of Singapore
238, Dhamazedi Road, Bahan Tsp., Yangon.
Tel: 951-559001
Fax: 951-559002


Embassy of the Democratic Socialist Republic of Sri Lanka
34, Taw Win Street, Dagon Tsp., Yangon.
Tel: 951-222812
Fax: 951-221509


Royal Thai Embassy
73, Manawhari Street, Dagon Tsp., Yangon.
Tel: 951-224550,224647,224507
Fax: 951-225929


Myanmar Express

နိုင်ငံခြားဘဏ်စာရင်း နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိ


From : ခေတ်လူငယ်

ကားတင်သွင်းချင်သူတွေ နိုင်ငံခြားငွေစာရင်းဖွင့်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဘဏ် (MICB) မှာနေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။ ဘဏ်စာရင်းဖွင့်ဖို့ လိုအပ်ချက်တွေက မှတ်ပုံတင်၊ နိုင်ငံခြားငွေကြေးလဲလှယ်ရေး ကောင်တာတွေမှာ အမေရိကန်ဒေါ်လာ ဝယ်ယူထားတဲ့ဖြတ်ပိုင်း၊ ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံ လိုအပ်ပါတယ်။ လျှောက်လွှာကိုတော့ ဘဏ်မှာပဲ ဝယ်ယူရမှာဖြစ်တယ်။ ဘဏ်စာရင်းကို အရင်ဒေါ်လာ ၁၀,၀၀၀ လို့ ပြောထားပေမဲ့ အခုအခါ မိမိဝယ်မယ့် ကားရဲ့တန်ဖိုးပမာဏအလိုက် စာရင်းဖွင့်နိုင် တယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ကေအိုင်အေလက်နက်ကိုင်အဖွဲ့က ဝိုင်းမော်မြို့နယ်ရှိ နမ္မလိတံတားကို မိုင်းနှစ်ကြိမ် ဖောက်ခွဲဖျက်ဆီး

From : မြန်မာ့အလင်း


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မံဝိန်း-ချီဖွေ-လောခေါင်-ထောဂေါ့-ဖီမော်လမ်း မိုင်တိုင်အမှတ် (၄၁/၄) ရှိ ၂၂၄ ပေအရှည် နမ္မလိတံတားကို ဧပြီ ၂၄ ရက် နံနက် ၁ နာရီခွဲတွင် ကေအိုင်အေလက်နက်ကိုင်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် တံတားအောက်ခံ သံပေါင်နှင့် ကြမ်းခင်းများ ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါတံတားအား ဧပြီ ၂၇ ရက်တွင် ထပ်မံ၍ မိုင်းခွဲခဲ့သဖြင့် တံတားသံပေါင်များ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

NDF ပါတီစည်းရုံးရေး နည်းဗျူဟာ ပြန်လည် ပြင်ဆင်တော့မည်

From : နေမျိုး
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဗဟိုဦးစီး အစည်းအဝေးကို လာမည့်ဇွန်လ (၁၆)၊ (၁၇) ရက်များတွင် ကျင်းပ၍  ပါတီ၏ စည်းရုံးရေး နည်းဗျူဟာများကို ပြန်လည် ပြင်ဆင်သွားမည်ဟု သိရသည်။

“ပါတီအင်အားတိုးချဲ့ပြီး တာဝန်တွေ အသီးသီး ပေးသွားဖို့ အကြောင်းရှိပါတယ်။ အဲဒီအခါကျတော့ ခင်ဗျားတို့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို တွေ့ရမှာပါ။ ရွေးကောက်ပွဲတွေမှာလည်း စည်းကမ်းတကျနဲ့ ဖြစ်သွားနိုင်
အောင် ပိုမိုကျစ်လစ်သိပ်သည်းပြီးတော့ လူထုကြားထဲ ထိုးဖောက်နိုင်တဲ့ နည်းဗျူဟာ ကျင့်သုံးဖို့ ရှိပါတယ်။”ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

 အမျိုးသားဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင်ဦးခင်မောင်ဆွေ

ဇွန်လကျင်းပမည့် အစည်းအဝေးတွင် မဲဆွယ်စည်းရုံးမှု၊ သတင်းမီဒီယာ အသုံးပြုမှုများနှင့် ပါတ်သက်၍လည်း
ဆွေးနွေးသွားမည်ဟု ဦးခင်မောင်ဆွေမှ ယခုလိုဆက်ပြောသည်။

“ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ပြည်သူတွေဟာ မျှော်လင့်ချက် နိုင်ငံရေးပေါ့ဗျာ၊ အားကိုးရှာတဲ့ ထွက်ပေါက် တခုတည်းကိုကြည့်ပြီး မဲပေးသွားတယ်။ နိုင်ငံရေးအရ ရွှေးချယ်မဲပေးမှုဆိုတာ သိပ်မတွေ့ရဘူး။ မတွေ့ရတော့
နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အခင်းအကျင်းက ကျနော်တို့ပြန်ပြီး တည့်မတ်ဖို့လို တယ်။”

“ပြည်တွင်း၊ပြည်ပ တချို့မီဒီယာတွေဟာ ရွေးကောက်ပွဲကာလမှာ မြင်ရတာက နိုင်ငံရေးပါတီတွေဘက်က ဝင်ပြီးတော့ စည်းရုံးလှုံဆော်ပေးသလို ဖြစ်နေတာတွေ တွေ့ရတယ်။ မီဒီယာတွေပိုင်းက သူတို့လူအများစု အာရုံကျမယ့် သတင်း
တွေ၊ ပါတီတွေရဲ့ အကြောင်းတွေကိုပဲ ထပ်ကာထပ်ကာ လွှင့်ပြီးတော့ ပါတီတွေဘက်က လိုက်ပြီး စည်းရုံးရေးလုပ်တဲ့ ဟာမျိုးတွေ ပါနေတဲ့အခါကြတော့ မီဒီယာအခန်းကဏ္ဍကို ဘယ်လို တည့်မတ်မလဲဆိုတဲ့ ဆွေးနွေးစဉ်းစားမှုတွေ ပါလာမယ်ဗျ။”

ဧပြီ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်နေရာ (၄၄) နေရာအနက် (၄၃)နေရာ တခဲနက် အနိုင်ရရှိလိုက်ပြီးနောက် NDF ဗဟိုကော်မတီဝင်တချို့နှင့် ပါတီဝင်များ နှုတ်ထွက်သွားပြီး NLD သို့ ကူးပြောင်းမှုများ ရှိခဲ့သည်။

“ဟုတ်ကဲ့ အပြောင်းအရွှေ့ဆိုတဲ့ နေရာမှာတော့  NLD ရဲ့လှုပ်ရှားမှုဟာ ကြိမ်နှုန်းမြင့်တော့ ဒီလိုသိပ်ပြီး ကြီးထွားလာ တဲ့ နိုင်ငံရေး တုန်ခါမှုကြီးကို ရပ်ခံနိုင်စွမ်းမရှိတဲ့ လူဟောင်းတွေကတော့ ပြောင်းကုန်ကြတာပေါ့ဗျာ။ ကျနော်တို့ ဗဟို
ကော်မတီထဲက နှစ်ယောက်၊ သုံးယောက်ပေါ့၊ အောက်ခြေပါတီဝင်ထဲက ဆိုရင်တော့ လေး၊ငါး၊ဆယ်ယောက်ပါပဲ။ တစ်ယောက်ချင်း၊ နှစ်ယောက်ချင်းထွက်တာတွေလည်း ရှိပါတယ်။ ရာနဲ့ချီပြီး ထွက်တာမရှိပါဘူး ခင်ဗျ။” ဟု ဦးခင်မောင်ဆွေမှ ပြောသည်။

NDF ပါတီအနေဖြင့် တဦးကောင်း တယောက်ကောင်း ဦးဆောင်မှုမျိုး မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်မှု၊ တဦးချင်း တာဝန်ယူသည့် ကျင့်စဉ်ကို တကယ်ထိထိရောက်ရောက် ကျင့်သုံးနိုင်ရေး မူအရဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


 Myanmar Express 

ဝမ်းဗိုက်အဆီတွေ လျှော့နည်းစေဖို့

From : Myanmar Sky Link


အသက် ၂၀ ကျော်လာပြီဆိုရင်ကို ဗိုက်ခေါက်လေးက ထွက်လာပြီနော်။ ၀တဲ့လူတွေဆို ပိုဆိုးတာပေါ့။ စားတာများပြီး လှုပ်ရှားမူနဲရင်၊ အထိုင်များရင် တခြားနေရာတွေထက် ဗိုက်မှာအရင် အဆီတွေစုလာပါလေရော။
ဗိုက်ခေါက်ထွက်လာပြီ ဗိုက်ပူလာပြီဆိုထဲက အ၀တ်အစားဆိုရင်လည်း ၀တ်ချင်တာ ၀တ်လို့မရတော့ဘူး။ ဗိုက်ခေါက်ကို ထင်သာမြင်သာရှိမယ့် အ၀တ်အစားဆိုရင် ရှောင်နေရလို့လေ။ :D လူရှေ့သူရှေ့ ထွက်ရမှာကိုလည်း ယုံကြည်မှုမရှိတော့ဘူး။ ယောကျာ်းလေးတွေက တော်သေးတယ်။ မိန်းကလေးတွေက ပိုဆိုး.. ကျပ်ကျပ်ညပ်ညပ် ၀တ်ချင်ကြတာကိုး။ အဲဒီတော့ ချပ်ချပ်ရပ်ရပ် ဖြစ်ဖို့လိုတာပေါ့။ ဒီတော့ ရင်နှင်းက နည်းလမ်းလေးတွေ ပေးမယ်။ မပျင်းဖို့တော့ လိုတာပေါ့။ :) အလှပဂေးတွေဖြစ်ဖို့ သေချာလေး လိုက်လုပ်ပေးနော်။

Eat A Low Fat Diet
ဗိုက်ပူစေတဲ့ အကြောင်းအရင်းက ၂ ခုပဲရှိတယ်။ စားသောက်မှုပုံစံ မှားယွင်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာ။ အဲဒီတော့ အဲဒီ ၂ ခုကို ပြင်ရမယ်ပေါ့နော်။ ၂ ခု လုံးကို ပြင်ရမှာနော်။ လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ် တ၀တပြဲစားနေရင် ဘာမှထူးလာမှာမဟုတ်ဘူးလေ။ ဗိုက်အဆီအတွက် အဓိကကတော့ အစားအစာပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို တော်သင့်ရုံပဲ စားမယ်ဆိုရင် လှုပ်ရှားမှုသိပ်မရှိရင်တောင် အချိန်အတိုင်းအတာ တစ်ခုအထိတော့ ဗိုက်အဆီတွေ တတ်လာမှာမဟုတ်ဘူး။ အဲဒီတော့ အစားအသောက်ပုံစံကို ပြောင်းပါ။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွတ်တွေ သစ်သီးဝလံတွေ များများစားပါ။ အသားဓာတ်အတွက်တော့ အဆီနဲတဲ့ ကြက်ရင်အုံသား၊ ပဲအမျိုးမျိုး ကိုစားပေးပါ။ ဆီကြော်တွေ၊ အဆာပြေအသင့်စားစရာတွေ၊ အနီရောင်အသားတွေကို မေ့လိုက်တာ အကောင်းဆုံးပါပဲ။ အရမ်းစားချင်ရင်တော့ နဲနဲလောက်ပဲစားနော်။ သုတေသနတွေအရ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကြက်သား၊ ငါး၊ ဥတွေ စားတဲ့သူတွေဟာ တခြားအစားအစာတွေကို စားသုံးသူတွေထက် ဗိုက်အဆီတွေ ပိုကျလွယ်တာကို တွေ့ရပါတယ်တဲ့။

Drink More Water
ရေများများသောက်ပါ။ ရေဟာ ရင်နှင်းတို့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပိုလျှံတဲ့ပစ္စည်းတွေ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လေ။ အဲဒီအခါ အသည်းမှာ ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်းတွေ စုပုံမနေတော့ဘဲ အသည်းက ကောင်းကောင်းအလုပ်လုပ်နိုင်တယ်။ အဆီတွေကို ချေဖျက်ပေးတဲ့ သည်းခြေရည်တွေကို ကောင်းကောင်းထုတ်ပေးနိုင်တော့ အဆီတွေလည်း ခန္ဓာကိုယ်ထဲမှာ စုပုံမနေတော့ဘူးပေါ့။ ရေတွေပဲ အများကြီးမသောက်ချင်ရင်လည်း သစ်သီးဖျော်ရည်တွေ သောက်လို့ရတယ်နော်။


Exercise
ကိုယ်လက်လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ဒါပေမယ့် အားကစားခန်းမကို တကူးတက သွားနေစရာမလိုသလို လမ်းကိုလည်း တစ်ရက်ကို တစ်မိုင်လောက်လျှောက်စရာမလိုပါဘူး။ လမ်းလျှောက်သွားလို့ရမယ့်နေရာကို ကားမစီးဘဲနဲ့ လမ်းလျှောက်သွားပါ။ ဖြစ်နိုင်ရင် လမ်းသွက်သွက်လျှောက်ခြင်း၊ ပြေးခြင်းနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ရေကူးတာကလည်း တစ်ကိုယ်လုံးက အဆီတွေကို ကျစေနိုင်တဲ့ လေ့ကျင့်ခန်းကောင်းတစ်ခုပါ။ ၀မ်းဗိုက်ကို အဓိကအသားပေးတဲ့လေ့ကျင့်ခန်းတွေကတော့ အိပ်ထမတင်လေ့ကျင့်ခန်းနဲ့ ခါးလှည့်လေ့ကျင့်ခန်းတွေပါပဲ။



Avoid Skipping Meals
ညစာမစားတာမျိုးတွေ မလုပ်ပါနဲ့။ ခန္ဓာကိုယ်က ပုံမှန်စားနေမှ ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေက ပုံမှန်ဖြစ်စေပြီး
အဆီတွေကိုလည်း ကောင်းကောင်းလောင်ကျွမ်းစေနိုင်မှာ ဖြစ်ပါတယ်။ လုံးဝမစားဘဲနေမယ့်အစား အစားလျှော့စားပါ။
အားပေးဖတ်ရူပေးကြတဲ့ Myanmar Express ပရိတ်သတ်အားလုံးကို ဒီလိုခပ်၀၀ မျိုးမဖြစ်စေဘဲ လှပသော ခန္ဓာကိုယ်များပိုင်ဆိုင်နိုင်ကြစေရန် အကြံပြုတင်ပြလိုက်ပါသည်။


 Myanmar Express 

ဆီးရီးယားနိုင်ငံအပေါ် အီးယူမှ အရေးယူ ပိတ်ဆို့မှုအသစ်ပြုလုပ်

From : MRTV4



ဆီးရီးယားအစိုးရဟာ နိုင်ငံအတွင်း အကြမ်းဖက် နှိမ်နင်းမှုတွေကို ဆက်လက် ပြုလုပ်နေတဲ့အတွက် ဥရောပသမဂ္ဂအဖွဲ့က ဆီးရီးယားနိုင်ငံအပေါ်
အရေးယူပိတ်ဆိုမှု အသစ်တွေ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အီးယူနိုင်ငံခြားရေး ၀န်ကြီးတွေဟာ ဆီးရီးယား အာဏာပိုင်တွေကို ဘဏ္ဍာရေး အရ အထောက်အပံ့ပေးနေတဲ့ ပုဂ္ဂိုလ် ၃ဦးနဲ့ ကုမ္ပဏီ ၂ခုရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ် ၃ဦးဟာ ခရီးသွားလာ ခွင့်ဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အခုအခါ အီးယူ ဟာ ဆီးရီးယားနိုင်ငံအတွင်းရှိ နိုင်ငံတော်ဗဟိုဘဏ် အပါအ၀င် ကုမ္ပဏီ ၄၃ခုနဲ့ လူပုဂ္ဂိုလ် ၁၂၈ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို သဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖက် နှိမ်နင်းမှုတွေကတော့ ဆက်လက်ဖြစ်ပွားနေပြီး မြို့တော် ဒမတ်စကတ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ကုလသမဂ္ဂမှ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ဝင်တွေ လိုက်ပါစီးနင်းလာတဲ့ ယာဉ်တန်းဟာလည်း ယခုလ အစောပိုင်းက လမ်းဘေးထောင်ဗုံးကနေ သီသီလေး လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ဆီးရီးယားအစိုးရအနေနဲ့ ကိုဖီအာနန်ရဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ချက်ခြင်းလိုက်နာဖို့ အီးယူက တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီအစီအစဉ်ကို အကောင်အထည် ဖော်ရမယ့် အဓိကတာဝန်ရှိသူဟာ ဆီးရီးယား အာဏာပိုင်တွေသာ ဖြစ်တယ်လို့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြား ခဲ့ပါတယ်။


 Myanmar Express 

နေပြည်တော်တွင် ပထမဦးဆုံး စက်မှုဇုန် တည်ထောင်မည်

From : ခေတ်လူငယ်


မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ နေပြည်တော်နှင့် တပ်ကုန်းမြို့အကြားရှိ မြေဧရိယာ ၅၀၀ ခန့်နှင့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် ကွက်ခိုင်မြို့ကြားရှိ နမ့်အွန်ဒေသများတွင် စက်မှုဇုန်များ တည်ထောင်သွားမည်ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မြေကွက်ချထားပေးရုံ ရှိပါသေးတယ်” ဟု စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။ အသစ်တည်ထောင်မည့် စက်မှုဇုန် နှစ်ဇုန်တွင် လက်ရှိစက်မှုဇုန်များတွင် ခွင့်ပြုထားသော လုပ်ငန်းများ လျှောက်ထားနိုင်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေသော ဘိလပ်မြေစက်ရုံ၊ ကျောက်မီးသွေးစက်ရုံ လုပ်ငန်းများကိုမူ ခွင့်ပြုမည်မဟုတ်ကြောင်း ၄င်းကပြောသည်။ စက်မှုဇုန်များတွင် လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းအလုပ်အကိုင် ဖန်တီးရေးကိုသာမက ပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှုများ မရှိသော လုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ရန်လည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် ရည်ရွယ်တည်ဆောက်သည့်အပြင် ပြည်တွင်းမှ လုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ်ထားသည့် ယင်းစက်မှုဇုန် နှစ်ဇုန်အတွက် မြေကွက်လျှောက်ထားရာတွင် အမှန်တကယ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များကိုသာ စိစစ်ချထားပေးသွားမည် ဖြစ်သည်ဟု ၄င်းက ပြောကြားခဲ့သည်။ စက်မှုဇုန်မြေကွက် လျှောက်ထားမှုကို လုပ်ငန်းရှင်အသစ်ဖြစ်ပါက လုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအစားနှင့် မြေအကျယ်အဝန်းကို တင်ပြရမည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ပါက လုပ်ငန်းမှတ်ပုံတင်ကိုပါ လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည်ဟု ၄င်းက ပြောသည်။ နေပြည်တော်တွင် တည်ထောင်မည့် စက်မှုဇုန်မှာ တစ်ဧကလဆင် ကျပ်သိနး ၅၀၀ ခန့် ပေးသွင်းရမည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် တည်ထောင်မည့် စက်မှုဇုန်အတွက်မူ လျော့နည်းနိုင်သည်ဟု ဒေါ်အေးအေးဝင်းက ပြောသည်။ ယခု စက်မှုဇုန်များ တည်ထောင်ခြင်းကို မြန်မာအစိုးရမှ မူဝါဒတစ်ရပ်အနေဖြင့် ချထားပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနများနှင့် ပူးတွဲအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

အနောက် အုပ်စုတို့ အပေါ် အလျှင်စလို စစ်ပွဲများနှင့် ပတ်သက်ပြီး ရုရှား သတိပေး

From : MRTV4


ရုရှား ဝန်ကြီးချုပ် ဒမိထရီမက်ဒ်ဗီးဒက်ဗ်မှာ အနောက် နိုင်ငံများ အပေါ် အလျှင်စလို ပြုမှုနေသည့်  စစ်ပွဲများနှင့် ပတ်သက်ပြီး သတိပေးချက်
ထုတ်ပြန်လိုက်ပြီ ဖြစ်ကာ ယင်းမှတစ်ဆင် ဒေသတွင်း တင်းမာမှုများ တိုးလာစေမည် ဖြစ်ပြီး နှုကလိယ စစ်ပွဲကိုပင် ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

အချို့သော အချိန်များတွင် စစ်ရေးအရ လုပ်ဆောင်ချက်များမှာ နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာကို လျော့ပါးစေကာ ဒေသတွင်း အပြည့်အဝ စစ်ပွဲ တစ်ခု အဖြစ်သို့ ရောက်စေနိုင်ကြောင်းနှင့် မိမိ အနေဖြင့် မည်သူ့ကိုမျှ ခြိမ်းခြောက်လိုခြင်း မဟုတ်ဘဲ နောက်ဆုံး အနေဖြင့် နှုကလိယ လက်နက်များကို သုံးစွဲစေနိုင်သည့် အခြေသို့ ဆိုက်ရောက်စေမည် ဖြစ်သည်ဟု ကြာသပတေး နေ့က Saint Petersburg တွင် ပြုလုပ်သည့် တရားဝင် ဆွေးနွေးပွဲ အတွင်းတွင် ပြောကြားခဲ့ မှုကို AFP သတင်းတွင် ကိုးကား ဖော်ပြခဲ့သည်။

အမေရိကန် ရှေ့နေချုပ် Eric Holder နှင့် အခြားသော နိုင်ငံတကာမှ ထိပ်တန်း ကိုယ်စားလှယ်များ ပါဝင်သည့် ပညာရှင်များမှာ ယင်းဆွေးနွေးပွဲ အတွင်း မိန့်ခွန်းများ အသီးသီး ပြောကြား သွားခဲ့သည်။ ရုရှား နိုင်ငံမှာ ဆီးရီးယားတွင် လက်ရှိ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အရေးနှင့် ပတ်သက်ပြီး ရပ်တန့်ရန်နှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် သဘောထား တိုက်ဆိုင်ခြင်း မရှိဘဲ မညီမညွတ် ဖြစ်နေခြင်း ဖြစ်သည်။ မော်စကိုနှင့် ဘေဂျင်းတို့မှာ ဆီးရီးယား အရေးနှင့် ပတ်သက်ပြီး ဖြေရှင်းရန် အကြံ နှစ်ခုကို ပယ်ချခဲ့ပြီး ဖြစ်ကာ ဆီးရီးယား အရေးနှင့် ပတ်သက်ပြီး နိုင်ငံရေး အရ တွေဆုံ ဆွေးနွေးမှုဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

 Myanmar Express 

မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ

From : http://mdsng.blogspot.com/


ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

"လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ"ဟု မြန်မာ့ဆက်သွယ် ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။"မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ"ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှု များအတွက် ဖိုင်ဘာကွန်ရက်ကို သာ အဓိ ကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။လက်ရှိ တိုးချဲ့ဆောင်ရွက်နေ သည့် ဖိုင်ဘာဆက်ကြောင်းမှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်းဆက်ေ ကြာင်းများပြီးစီးပါက လားရှိုး-မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

Myanmar Express

President Obama's Statement on Myanmar



Myanmar Express

မြန်မာ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ သတ်မှတ်မည်

From : Popular


လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ နှစ်စဉ် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ယခုအခါ လူကုန်ကူးမှု တိုက် ဖျက်ရေးဆိုင်ရာ ဒုတိယ (၅) နှစ်စီ မံကိန်း (၂ဝ၁၂-၂ဝ၁၆) ကို ရေးဆွဲ ထားပြီး ဖြစ်ကြောင်း၊ ထိုစီမံကိန်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများအား လူထုအား အသိပေးရာ၌ ထိရောက်မှု ရှိစေရန်အတွက် မြန်မာနိုင်ငံ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ရေး အစီအစဉ်လည်း ပါ ဝင်ကြောင်း၊ လတ်တလော အားဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများအား အရေးပေါ် တယ်လီဖုန်းများမှ တစ် ဆင့် ဆက်သွယ် သတင်းပေးတိုင် ကြားနိုင်သော စနစ်ကို စတင်ခဲ့ သည့် စက်တင်ဘာလ ၁၃ ရက်နေ့ အား လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့ အဖြစ် သတ်မှတ်ရန် ယာယီ စီစဉ်ထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
”လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့ကို တိတိကျကျ သတ်မှတ်ပြီး သွားတာနဲ့ အဲဒီနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ပိုစတာနဲ့ ကာတွန်းပြိုင်ပွဲတွေ ကျင်းပသွားမယ့် အပြင် ရုပ်မြင်သံကြား နဲ့ ရေဒီယိုတွေမှာ ကာယကံရှင်တွေရဲ့ သဘောတူညီမှုနဲ့ လူကုန်ကူးခံရ သူတွေနဲ့ တွေ့ဆုံမေးမြန်း မှု အစီအစဉ်တွေ ထုတ်လွှင့် သွားဖို့ ရှိတယ်။ ဒါ့အပြင် တိုင်းရင်းသား ဘာသာ စကားနဲ့ လူကုန်ကူးမှု အသိပညာ ပေး အစီအစဉ်တွေပါ ထုတ်လွှင့် သွားမယ်” ဟု ၄င်းက ထပ်မံပြော သည်။


 Myanmar Express 

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းကြောင်း သတင်းစာရှင်းလင်းပွဲ (ဗွီဒီယို)





အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ယာယီရုတ်သိမ်းလိုက်ပါတယ်။ ယာယီရုတ်သိမ်းတယ်ဆို ပြီး ဖွင့်ပေးတယ်ဆိုတာကလည်း ရာသက်ပန် ရုတ်သိမ်း တဲ့ သဘောဖြစ်ပါတယ်။ မြန်မာ ဆိုသည်မှာ မြန်လည်းမြန် မာလည်း မာလို့ မြန်မာလို့ နာမည်ပေးထားတာဖြစ်ပြီး ရှေ့မှာ ပိတ်ဆို့ထားတာတွေ ရှိလို့ နှေးကွေးနေရတာ ဖြစ်ပါတယ်။ ပိတ်ဆို့မှု တွေ ရုတ်သိမ်းတဲ့ သတင်းကြောင့် မြန်မာအစိုးရ အပါအဝင် မြန်မာနိုင်ငံသားများအားလုံး ဝမ်းသာ ကြည်နူး ပျော်ရွှင်လျှက်ရှိပါတယ်။

တရုတ် နဲ့ အာဆီယံနိုင်ငံများကလည်း မြန်မာ အပေါ် စီးပွားပိတ်ဆို့မှု အပြီးရုတ်သိမ်းရေးအတွက် အမြဲလိုလိုတောင်းဆိုပေးလျှက် ရှိပါတယ်။ လူထု ခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပိတ်ဆို့မှုတွေကို သတိ နဲ့ ရုတ်သိမ်းဖို့ ပြီးခဲ့တဲ့ အပတ်က မရုတ်သိမ်းစေလိုကြောင်း ဖွင့်ပြောခဲ့ပါတယ်။ US Campaign for Burma အဖွဲ့က ပြည်တွင်းဖြစ် အမေရိကန်နိုင်ငံသား မြန်မာလူမျိုး များ ကတော့ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းရေး ကြေညာခဲ့တဲ့ ဟီလာရီကလင်တန်ရဲ့ ကြေညာချက်ကို စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Myanmar Express

ဒေါ်အောင်ဆန်းစုကြည် သတိပေးရုတ်ဖို့ ပြောနေပေမယ့် အမေရိကန် မှ Sanctions ချက်ချင်း ရုတ်ပြီ


"ယခုအချိန်မှာ ကျွန်မတို့ရဲ့ ရေနံနဲ့ ဓါတ်ငွေ့ကုမဏီတွေ၊ ကျွန်မတို့ရဲ့ သတ္ထုတူးဖော်ရေး ကုမဏီတွေ၊ ကျွန်မတို့ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကုမဏီတွေဟာ မြန်မာနိုင်ငံနဲ့ ဒီကုမဏီတွေ အပြန် အလှန်အကျိုးဖြစ်ထွန်းစေမယ့် ရင်းနှီးမြုပ်နှံမှုတွေကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။"

"ဒါ့ကြောင့်မို့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေကို ကျွန်မ ပြောကြား လိုက် ပါတယ်။ အမေရိကန်စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်နိုင်မယ့် အထွေထွေခွင့်ပြုမိန့် တစ်ရပ် ကျွန်မတို့ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုထုတ်ပေး လိုက်ခြင်း အားဖြင့် မြန်မာနိုင်ငံ သားတွေ ဟာ နိုင်ငံတကာငွေးကြေးဈေး ကွက်တွေ၊ ဒေါ်လာ အခြေပြု ငွေကြေးလွှဲပြောင်းမှုတွေကို ဆောင် ရွက်နိုင်စေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ ကြပါ၊ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြပါ၊ ကောင်းမွန်တဲ့အပြောင်းအလဲတွေကို ကိုယ်စားပြုပေးကြပါ၊ Good Corporate Citizen တွေ ဖြစ်အောင် လုပ်ပေးကြပါ၊ ကျွန်မတို့အားလုံး အတူတစ်ကွ လက်တွဲပြီး မြန်မာနိုင်ငံအတွက် အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးကြ ပါစို့၊ မြန်မာနိုင် ငံပြုပြင်ပြောင်း လဲမှုတွေ ကို ထောက်ပံ့ ကူညီကြ ပါစို့ လို့ ဒီကနေ့ ပြောကြားလိုပါတယ်။"

(နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်)
(၀ါရှင်တန်-မေ ၁၇)

From : UDP

Sanctions တွေ ပိတ်ဆို. တားဆီမှုတွေ ရပ်ကုန်ပြီး လှမ်ကုန်ပြီ-- ရုပ်ကုန်ပြီ- အသံကုန်အောင် အားကျယ်ကျယ်နဲ. တားဆီးပိတ်ဆို.မှုတွေ လုပ်ချင်တဲ့ လုပ်အောင် စည်းရုံးသူတွေအပေါ် မြန်မာပြည်သူတွေ အောင် ပွဲ ရလိုက်ခြင်းပါ။

Today We can say American Business, Invest in Burma and Do it responsibly ဆိုပြီး အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ကလင်တန်က တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပါသည်။ အမေရိကန်အနေဖြင့် မြန်မာ ပြည်အပေါ် ပိတ်ပင် တားဆီမှုတွေကို ဒီထက်လျော့ပေးသင့်တယ် ပိုပြီး လုပ်ပေးသင့်တယ် လုပ်ဖို. လိုတယ်လို.လည်း အထက်လွတ်တော်အမတ် Senator Jim Webb ကလည်း အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒအပြောင်းအလဲကို မှတ်ချက် ပေးခဲ့ပါသည်။

Sanction တွေကို ရပ်နား ရပ်ဆိုင်းတာမျိုး Suspend လုပ်တာထက် မြန်မာပြည်သူတွေရဲ့ အကျိုးကို ရှေ.တန်းတင်သူတွေကတော့ လုံးဝ ရုပ်သိမ်းတာမျိုး ပဲဖျက်တာမျိုးကို လိုလာတာ အမှန်ပါ။

အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒအပြောင်းအလဲကို လက်မခံသူ ဖေ၀န်သူ ကန်.ကွက်သူတွေကတော့ မြန်မာပြည် အကြောင်းပြပြီး ကိုယ်ပိုင်လုပ်ငန်းသဖွယ် လုပ်စား ပြစားတဲ့ US Campaign For Burma လိုအဖွဲ.တွေ. UK Burma Campaign လိုအဖွဲ.တွေနဲ. အာဆီယမ် အမတ် တချိုနဲ. ဖွဲ.ထားတဲ့ ဆန်.ကျင် ဝေဖန်ရေး လေကန်ရေး သမားတွေ လောက်ပဲ ဆူညံ ပူညံနဲ. အသံတွေ ထွက်လာတာပါ။

အာဆီယမ်အမတ်အဖွဲ. ခေါင်းဆောင်ဆိုတဲ့ အင်ဒိုနီးရှား အမတ် အမျိုးသမီးကို မေးချင်တာကတော့ မြန်မာပြည်မှာ လူ.အခွင့်အရေးမရှိသေးဘူး တိုင်းရင်းသား တန်းတူ မရှိသေးလို. စီးပွားရေး ပိတ်ဆို.မှုတွေ ဆက်ပြီး လုပ်သင့်တယ်လို. အော်နေတာမို. ---အဲဒီ အမျိုးသမီး အင်ဒိုနီးရှားအမတ်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှာရော ဘယ်လောက်များ လူ.အခွင့်အရေးနဲ. တန်းတူညီမျှရေးတွေ ရှိနေပြီမို.လည်း။ အာချေးသားတွေနဲ. အာချေး ပြည်သူတွေရော အင်ဒိုနီးရှားနိုင်ငံမှာ လူ.အခွင့်အရေးနဲ. တန်းတူညီမျှမှုတွေ ရှိနေပြီလား-- ဒါကြောင့် အဲဒီ အမတ်အနေဖြင့် မြန်မာပြည် ကိစ္စကို ထားလိုက်ပါဦး အရင်ဆုံး အင်ဒိုနီးရှားမှာ တန်းတူညီမျှမှုနှင့် လူ.အခွင့်အရေးတွေ တရားဥပဒေ စိုးမိုးရေးတွေနှင့် လာဒ်ပေး လာဒ်ယူ မှုတွေ ပျောက်သွားအောင် အရင် လုပ်လိုက်စမ်းပါ--- မြန်မာပြည်က ခင်ဗျားအတွက် ဝေးပါသေးတယ်။

အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို.မှုတွေကို ရပ်တန်.ဖို. Suspend လုပ်ဖို. ဆုံးဖြတ်ချက်ကို ကြိုဆိုပါသည်။

Today We can say Myanmar Reformists, Do it as you plan and Go ahead as you start.

Myanmar Express

လှူဒါန်းငွေများကို ကိုယ်ကျိုးသုံးစွဲနေသော (၈၈)မျိုးဆက်ကျောင်းသားများ




၈၈ မျိုးဆက်ကျောင်းသားဟောင်းများအဖွဲ့နဲ့ ပတ်သက်တဲ့ဝေဖန် အကြံပြု သတင်းတွေ ပြည်သူလူထုအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ (၈၈)မျိုးဆက်သစ်ကျောင်းသားဟောင်းအဖွဲ့တွေဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးထက် သူတို့မိသားစုအကျိုးကို ပိုမိုလုပ်ဆောင်နေတဲ့အတွက် ပြည်သူအများစုရဲ့ထောက်ခံအားပေးမှုကျဆင်းလျက် ရှိနေပါတယ်။ အခုခါမှာတော့ တရားဝင်ပါတီတွေ အနေနဲ့ (၈၈) မျိုးဆက် ကျောင်းသားဟောင်းအဖွဲ့အပေါ် ထောက်ပြ ဝေဖန်မှုတွေရှိလာပါတယ်။
မင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ ကျောင်းသားအဖွဲ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေမှာသုံးစွဲဖို့ဆိုပြီး ပြည်တွင်း ပြည်ပက လှူဒါန်းထားတဲ့ငွေကြေးတွေကို သူတို့အဖွဲ့ရဲ့ ရုံးခန်းဖွင့်လှစ်ဖို့ကိစ္စ၊ ရုံးသုံးတယ်လီဖုန်းတပ်ဆင်တဲ့ကိစ္စနဲ့ တစ်ဦးချင်း တယ်လီဖုန်းဝယ်ယူသုံးစွဲမှုတွေအပြင် အဖွဲ့ဝင်တွေထဲက မပြေလည်သူတွေရဲ့စားဝတ်နေရေးကို ထောက်ပံ့ပေးတာကိုလဲ သုံးစွဲခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့တွေပြည်တွင်းနိုင်ငံရေးဟောပြောတဲ့ ခရီးစဉ်တွေမှာလဲ ငွေကြေးတွေ သုံးစွဲခဲ့ပါတယ်။ ပြည်ပခရီးစဉ်တွေမှာ သုံးစွဲဖို့ အတွက်လည်း ငွေကြေးအမြောက်အမြား ချန်ထားတဲ့အကြောင်းနဲ့ အမှန်တကယ် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေ သုံးစွဲတဲ့ ငွေကြေးပမာဏဟာ ပြောပလောက်စရာမရှိဘူးလို့ မေလ (၁၆) ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်ရုံးမှာ ဦးခင်မောင်ဆွေ (စမ်းချောင်း)က ထောက်ပြပြောဆိုခဲ့ပါတယ်။
ဒီလိုမျိုး ထောက်ပြပြောဆိုရဲတဲ့သူတွေဟာ တကယ်တန်းပြောရရင် ပြည်သူလူထုအကျိုးကိုအမှန်သယ်ပိုးလိုစိတ် ရှိသူတွေဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ တကယ်တန်းကျတော့လဲ ဦးခင်မောင်ဆွေ ပြောပြတာတွေနည်းနေပါသေးတယ်။ အလုပ်သမားအခွင့်အရေး၊ တောင်သူလယ်သမားအခွင့်အရေး၊လယ်ယာမြေသိမ်းယူမှုပြဿနာစတဲ့အရေးအကြောင်းတွေ ကို အကြောင်းပြုပြီး ပြည်ပကနေထောက်ပံ့မှုအမျိုးမျိုးရယူနေတာကြာပါပြီ။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဘ၀မြှင့်တင်ရေး လုပ်ငန်းတွေမှာ ထင်သလောက် ပြည့်ပြည့်၀၀သုံးစွဲတာမျိုး လက်ညှိုးထိုးပြစရာမရှိပါဘူး။ အဖွဲ့အစည်းအမျိုးမျိုးကနေ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ လှုပ်ရှားနေကြပေမဲ့ ပြည်သူတွေကတော့ ဒုံရင်းဒုံရင်းပါပဲ။ ဒါကြောင့်မို့ ၈၈မျိုးဆက်ကျောင်းသား ဟောင်းတွေအနေနဲ့ ပြည်ပအဖွဲ့အစည်းနဲ့အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲနေတာ ရပ်တန်းကရပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ပြည်သူတစ်ဦးအနေနဲ့ပြောကြားလိုပါတယ်။

Myanmar Express 


တက်တူးထိုးတဲ့ ကောင်မလေးတွေ အကြောင်း ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သရုပ်ဆောင်မည်

From : ဆင်ပေါက်

မကြာခင်ဒါရိုက်တာကျော်နှင်းဆီ ရိုက်ကူးတော့မည့် တက်တူးထိုးတဲ့ ကောင်မလေးတွေအကြောင်းဇတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်မှ အဓိက ဇတ်ပို့မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်မည်ဟုသိရှိရသည်။ဒါရိုက်တာ ကျော်နှင်းဆီက ‘နတ်သရဲ’ လို့ နာမည်ပေးထားတဲ့ သရဲဇာတ်ကားကို အလွမ်း အဆွေးနဲ့ သနားစရာ ကောင်းအောင် ရိုက်ကူးထားကြောင်း ပြောပါတယ်။ အခုနောက်ပိုင်း သရဲ ဇာတ်ကားတွေကို ရိုက်ကူးလာတဲ့ အပေါ် ဒါရိုက်တာ ကျော်နှင်းဆီက ”သရဲဇာတ်ကား တွေ အတော်များများ ရိုက်ကူးလာကြပါတယ်။ သရဲဆိုရင် လူတွေက ကြောက်စရာ ကောင်းတယ်လို့ပဲ တွေးကြတယ်။ ဝိညာဉ်တွေ အများကြီးရှိပါတယ်။ မကျွတ်လွတ်သေးတဲ့ လူတွေလည်း အများကြီးပဲ။ အစ်မတို့က အဲဒါ ကို ကြောက်စရာလို့ သဘောမထားဘဲသူတို့ က သနားစရာ တအားကောင်းပြီး သူတို့ကို အမျှအတန်းတွေ ပေးဝေလို့ သူတို့တကယ် ရရှိတယ် ဆိုရင် သူတို့ ကျွတ်လွတ် တယ် ဆိုတာ ပြချင်လို့ သရဲဒရာမာ ဇာတ်ကားရိုက်တာ ပါ”လို့ ဒီဇာတ်ကားရိုက်ရခြင်း အကြောင်းကို ပြောပါတယ်။ ဆင်ဆာက ဇာတ်လမ်းတွေကို ရိုက်ဖို့ ခွင့်ပြုပေ မယ့် မြန်မာမှု ပီသအောင် ရိုက်ရမှာ ဖြစ်ပြီး ယုတ္တိမရှိတဲ့ ဇာတ်လမ်းတွေကို တော့ မရိုက်ကူးဘူးလို့ ဆုံးဖြတ်ထားကြောင်း နဲ့  ယုတ္တိလည်းရှိ၊ ဇာတ်အိမ်လည်း ကောင်းတဲ့၊ ဇာတ်လမ်းဆန်းတွေလည်း ထပ်ပြီး ပေါ်ပေါက်လာ မှာဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ ဇာတ်လမ်းတွေလည်း ရိုက်ခွင့်ရလာတော့ မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဇာတ်လမ်းဆန်းဆန်း တွေကို ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ ကျော်နှင်းဆီက ကိုယ်ပျောက် ဇာတ်ကားရိုက်ကူးမှာ ဖြစ်သလို၊ တက်တူး ထိုးထားတဲ့ ကောင်မလေး တွေ အကြောင်းကိုလည်း ရိုက်ကူးဦးမှာ ဖြစ်ပါတယ်။


ဇာတ်လမ်းဆန်းတာကို ရိုက်ရတာ ကြိုက်တဲ့ ဒါရိုက်တာ ကျော်နှင်းဆီ က ”ဇာတ် လမ်းဆန်းတွေကို တော်တော်လေး လိုက်ရှာထား ရပါတယ်။ ရှာရတာလည်း ခက်ပါတယ်။ ဇာတ်ကားတွေ အကုန်လုံးလည်း ကြည့်တယ်။ နိုင်ငံခြားကား၊ ကုလားကား၊ ကိုရီးယားကား ကလွဲရင် ကျန်တဲ့ ဇာတ်ကား အကုန်ကြည့်တယ်။ ရိုက်ရတဲ့အခါ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဇာတ်အိမ်က ကြီးတယ်။ စကားပြောတာကိုပဲ ရိုက်လို့ပြီးသွားတာ မဟုတ်ဘူး။ ဆင်းန်တွေ အများကြီးရိုက်မှ တစ်ခန်းပဲပြီးတယ် ဆိုတော့ အခန်းတွေ အများကြီး ခွဲသလိုဖြစ်နေတော့ ရိုက်ရတာခက်တယ်” လို့ ရိုက်ကွင်းက အခက်အခဲတွေကို ပြောပါ တယ်။

Myanmar Express 

မြောက်ကိုရီးယားတို့ နှုကလိယ ဓါတ်ပေါင်းဖို ပြန်လည် ဆောက်လုပ်နေ

From : MRTV4


ဂြိုဟ်တု ပုံရိပ်များ အရ လ အတော်ကြာအောင် မလှုပ်မရှား ရှိနေခဲ့သည့် မြောက်ကိုရီးယား နိုင်ငံမှ နှုကလိယ ထုတ်လုပ်မှု လုပ်ငန်းခွင်များမှာ ငြိမ်သက်နေ
အပြီးတွင် ၎င်းတို့၏ Yongbyon ဒေသမှ ဓါတ်ပေါင်းဖိုတွင် လှုပ်ရှားမှု ပုံရိပ်များကို ထပ်မံ တွေ့ရှိခဲ့ရကြောင်း ကျွမ်းကျင်သူများမှ ပြောခဲ့ကာ ယခုလို လုပ်ဆောင်ခြင်းဖြင့် နှုကလိယ လက်နက် အစီအစဉ်ကို အထောက်အပံ့ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုလို တွေ့ရှိမှုကြောင့် မြောက်ကိုရီးယား အနေဖြင့် နှုကလိယ စမ်းသပ်မှု အသစ် တစ်ရပ်ကို လုပ်ဆောင်ရန် အတွက် ရှေ့ဆက် တိုးနိုင်သည့် လုပ်ဆောင်ချက် တစ်ခုအဖြစ် သတိထားနေကြရကာ ယခင်လက ပစ်လွှတ်ခဲသည့် မအောင်မြင်သည့် ဒုံးပျံ လွှတ်တင့်မှု အပြီး နောက်တစ်ကြိမ် အဖြစ် ထပ်မံ စတင်မည်ကို စိုးရိမ်နေရခြင်း ဖြစ်သည်။ ယခုလို ရရှိလာသည့် ပုံရိပ်များ အရ မြောက်ကိုရီးယားတို့ အနေဖြင့်လည်း နှုကလိယ ဓါတ်ပေါင်းဖို ဖိအားခံ အဆောက်အအုံ တည်ဆောက်ရေး အတွက် ပြီးစီးဖွယ် မရှိသေးကြောင်း အမေရိကနှ်နှင့်တောင်ကိုရီးယား အဖွဲ့များမှ ပြောကြား သွားခဲ့သည်။

 Myanmar Express 

၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့မှစ၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ ဒီဇယ်တစ်ဂါလန် ကျပ် ၃၅၀၀ ဖြင့် စတင်ရောင်းချ

From : ခေတ်လူငယ်


၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့မှစ၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃၅၀၀ နှုန်းဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ ထုတ်လုပ်သည့် ဒီဇယ်ဆီနှင့် ပြည်ပမှ ၀ယ်ယူတင်သွင်းရသည့် ဒီဇယ်ဆီ အမျိုးအစား နှစ်မျိုးအတွက် ကုန်ကျငွေသည် တစ်ဂါလန်လျှင် ကျပ် ၃၇၀၀ ခန့်ကျသည့်အတွက် ကျပ် ၃၇၀၀ အထက် ရောင်းချမှ တွက်ခြေကိုက်မည် ဖြစ်သော်လည်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ လက်ရှိရောင်းချနေသည့် တစ်ဂါလန် ကျပ် ၃၀၀၀ အစား ကျပ် ၃၅၀၀ သို့ တိုးမြှင့်ရောင်းချမည်ဟု အကြောင်းကြားစာများ ပို့ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန်နှင့် ကိုယ်ပိုင်ငွေကြေးအင်အားဖြင့် ရပ်တည်နိုင်ရန်နှင့် ကျင့်သုံးရမည့် ငွေကြေးစီမံခန့်ခွဲမှု အစီအစဉ်အရ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် လိုအပ်သည့် လှည့်ပတ်ရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်မှ သတ်မှတ်အတိုးနှုန်းဖြင့် ချေးယူကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်ကကဲ့သို့ စက်သုံးဆီများကို အရှုံးခံပြီး ဖြန့်ဖြူးရောင်းချခြင်း မပြုနိုင်တော့သည့်အတွက် သင့်တော်သည့် အမြတ်ရယူကာ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ရန် ကမ္ဘာ့စက်မှုအင်အားကြီး ရှစ်နိုင်ငံ (G8) မှ စဉ်းစားနေ

From : Source: Agence France-Presse


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကို အားပေးထောက်ခံရန်အတွက် အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ရန် ကမ္ဘာ့စက်မှုအင်အားကြီး ရှစ်နိုင်ငံ (G8) မှ စဉ်းစားနေကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြချက်အရ သိရသည်။ ကမ္ဘာ့စက်မှုအင်အားကြီး ရှစ်နိုင်ငံ (G8) သည် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်စည်းလုံးရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နေမှုတွင် ပိုမိုတိုးတက်မှုများ ရှိလာစေရန်အတွက် ထောက်ခံအားပေးရန် ရည်ရွယ်ထားသည်။ ကမ္ဘာ့စက်မှုအင်အားကြီး ရှစ်နိုင်ငံ (G8) မှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေ၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ရုရှား တို့ဖြစ်ကြသည်။ အချို့သော အဆိုပါနိုင်ငံများမှ အစိုးရအဖွဲ့ အကြီးအကဲများသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့ခဲ့သည့် နိုင်ငံများထဲတွင် အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ နော်ဝေတို့ ပါဝင်သလို ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံမှ ရရှိရန်ရှိသည့် ကြွေးမြီများအနက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော့ပစ်ခဲ့သည်။ ယင်းကဲ့သို့ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာမှုကြောင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ လာရောက် စုံစမ်းမှုများ ရှိလာကြသည်။ ထိုကဲ့သို့ လာရောက်စုံစမ်းမှုများ ရှိသော်လည်း စီးပွားရေး လုပ်ဆောင်ရန် သဘောတူစာချုပ် ချုပ်ဆိုမှုများ အလွန်နည်းပါးကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ကဏ္ဍတွင် အားနည်းချက်များ ရှိနေခြင်း၊ ပြည်ထောင်စု ၀န်ကြီးဌာန အချင်းချင်း မတူညီသည့် လုပ်ထုံးလုပ်နည်း၊ မူများကြောင့် အခက်အခဲများ ရှိနေခြင်း၊ အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်း မဟုတ်ဘဲ ယာယီဆိုင်းငံ့ခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများသည် ပွင့်လင်းမြင်သာမှု မရှိခြင်း စသည့်အချက်များကြောင့် ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။ ထို့ပြင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးလာသည့် ကိစ္စရပ်ဖြစ်၍ သိသာသော ပြောင်းလဲတိုးတက်မှု ရရှိနိုင်အောင် ဆောင်ရွက်ရန် မေလ ၁၃ ရက်နေ့က နိုင်ငံတော်သမ္မတရုံး၌ ကျင်းပသည့် Reform Strategy ရှင်းလင်းဆွေးနွေး ညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း

Myanmar Express

ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ


ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Senior Staff Talk အရာရှိကြီးများ အစည်းအဝေးတက်ရောက်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ် ကြီးသက်နိုင်ဝင်း ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်း တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြိ့မှ ထွက်ခွာ သွားရာ ရန်ကုန် တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ဧရာဝတီရေ တပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံလေ တပ်စခန်း ဌာနချုပ် ဌာန ချုပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင် နှင့် တပ်မတော်အရာရှိကြီးများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

Myanmar Express

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ဝါရှင်တန်ဒီစီတွင် တွေ့ဆုံ ဆွေးနွေး


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့သည် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီတွင် မေလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြချက်အရ သိရသည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အမေရိကန်ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများကို ပြင်ဆင်နိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော် အပါအ၀င် သက်ဆိုင်သူအားလုံးနှင့် ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ပတ်ထရစ်ခ်မာဖီက မကြာသေးမီက ပြောကြားထားပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူ ပိတ်ဆို့မှုများသည် ပြည်ထောင်စု ဥပဒေ၊ သမ္မတအမိန့် အစရှိသဖြင့် ရှုပ်ထွေးလှကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ ပတ်ထရစ်ခ်မာဖီက ၀ါရှင်တန်အနေဖြင့် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း နှင့် လာမည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တစ်ဦးကို ခန့်အပ်နိုင်ဖွယ်ရှိကြောင်း ပြောကြားထားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖိတ်ခေါ်ခဲ့ကြောင်း ဧပြီလ ၄ ရက်နေ့တွင် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာအစိုးရ အဖွဲ့ဝင်အချို့နှင့် လွှတ်တော် ကိုယ်စားလှယ်များ အမေရိကန် ပြည်ထောင်စုသို့ လာရောက်နိုင်အောင် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ အနောက်နိုင်ငံများက ဖြေလျော့ဆိုင်းငံ့မှုများ ပြီးခဲ့သည့် လများအတွင်း ပြုလုပ်ခဲ့ကြသလို ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံမှ ရရှိရန်ရှိသည့် ကြွေးမြီများအနက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး၊ ထိုင်းနိုင်ငံ သံအမတ်ကြီး ၊ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး များ ခန့်အပ်

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး မစ္စတာ မူရတ် ရာဘုစ် အက်တီစ် အား ခန့်အပ်လွှာပေးကာ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံ

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ဖိစနု ဆုဝဏချုတ် အား ခန့်အပ်လွှာပေးကာ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ မှတ်တမ်းဓာတ်ပုံရိုက်စဉ်

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ အမ်ဂျက်မာဂျစ် အဘာစီအား ခန့်အပ်လွှာပေး၍ နေပြည်တော်ရှိ သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံစဉ်

Myanmar Express

အမေရိကန်သမ္မတ ရာထူး နေရာအတွက် Romney မှာ Obama ထက် နှစ်သက်သူများနေ



လာမည့် သမ္မတ သက်တမ်းအတွက် အမေရိကန် ပြည်ထောင်စုတွင် တနင်္လာ နေ့က ပြုလုပ်သော နိုင်ငံအနှံ့ စစ်တမ်းတစ်ရပ် အရ သမ္မတလောင်း အဖြစ်

ယှဉ်ပြိုင်မည့် Mitt Romney မှာ လက်ရှိ သမ္မတ Obama ထက်စာပါက လိုလားသူ ပိုမို များပြားနေကြောင်း သိရသည်။ The New York Times/CBS တို့ ပြုလုပ်သည့် အဆိုပါ စစ်တမ်းအရ Romney မှာ ၄၆ ရာနှုန်းနှင့် သမ္မတ Obama မှာ ၄၃ ရာနှုန်းရှိကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။



ယခင်လက ပြုလုပ်ခဲ့သည့် စစ်တမ်း အရမူ နှစ်ဦးလုံးမှာ ၄၆ ရာနှုန်းဖြင့် ညီမျှစွာ ရှိခဲ့ကာ ယခုလတွင် Obama မှာ နောက်ကောက်ကျခဲ့ရသည်။
ယခု စစ်တမ်းအရ ၂၆ ရာနှုန်းသော ဖြေကြားသူများမှာ Obama ကို မဲပေးရန် မလိုလားဘဲ ၁၆ ရာနှုန်းကသာ မဲပေးရန် လိုလားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် အိုဘားမား မကြာသေးမီက ကြေညာခဲ့သည့် လိင်တူ လက်ထပ်မှုကို သဘောတူညီမှု အပေါ် နိုင်ငံရေး အရ ကြိုက်နှစ်သက်ခဲ့သော်လည်း ယခုလို စစ်တမ်းတွင် နောက်ကျ ကျန်ခဲ့ရသည်။ အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး ၆၇ ရာခိုင်နှုန်းမှာ နိုင်ငံရေး အရ ပြုလုပ်ခြင်း ဖြစ်သည်ဟု ယုံကြည်ထားကြကာ ၂၄ ရာနှုန်းကသာ ၎င်းကိုယ်တိုင် လက်ခံပြီး လိင်တူ လက်ထပ်ခြင်း ကို ထောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။

Myanmar Express 

ပါတီ ၆ ခုမှ ခေါင်းဆောင်များ သြစတြေးလျ သွားမည်

From :စိုင်းလမင်း


 ပါတီ ၆ ခုမှ ခေါင်းဆောင်များအား သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ အမျိုးသားတက္ကသိုလ်(National University) မှ ဖိတ်ကြားထား ကြောင်း အဆိုပါ ပါတီများ ထံမှ သိရသည်။ နိုင်ငံရေးပါတီများ၏ ခေါင်း ဆောင်မှုမြင့်မားရေး အစီအစဉ်အနေ ဖြင့် ပထမဦးဆုံး ဖိတ်ကြားခြင်း ဖြစ် ပြီး မိမိတို့ပါတီအနေဖြင့် လွှတ်တော် နိုင်ငံရေး၊ ပြင်ပနိုင်ငံရေး အပါအဝင် အဓိကအချက် ၄ ချက်ဖြင့် ဆွေး နွေးသွားရန် ရှိသည်ဟု တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးသိန်းထွန်းက ပြောသည်။”ဖိတ်ကြားခံထားရသော ချင်း အမျိုးသားပါတီမှဦးဇိုဇမ်က ”အဓိက ကတော့ နိုင်ငံရေးပါတီများ၏ ခေါင်း ဆောင်မှုမြင့်မားရေးအစီအစဉ် (Political Party Leadership Program) ဆွေးနွေး ပွဲဖြစ်ပါတယ်” ဟု ပြောသည်။ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေ မတက်ရောက်နိုင်၍ အတွင်းရေးမှူး ဒေါ်သန်းသန်းနုသာ တက်ရောက်မည်ဟု သိရသည်။
အာဆီယံ နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များကို ဖိတ်ကြားထား သည့်ပွဲဖြစ်ပြီး တစ်ပါတီလျှင် တစ်ဦးနှုန်းဖြင့် ဖိတ်ကြားထားခြင်း ဖြစ်သည်ဟု သိရသည်။Center for Democracy Institution (CDI) မှ ဖိတ်ကြားထား ခြင်း ဖြစ်ပြီး မြန်မာအပါအဝင် မလေး၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ ဖိလစ်ပိုင်၊ ထိုင်းအစရှိသည့် နိုင်ငံ များ ပါဝင် မည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါ တီ (မြန်မာ)၊ ရခိုင်အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ အမျိုးသားဒီမိုကရေစီ အင် အားစု၊ အမျိုးသားဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖိတ်ကြား ခံထားရသည်ဟု သိရသည်။

 Myanmar Express 

ပြည်ခိုင်ဖြိုးပါတီ အောက်ခြေမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ထိ ပြည်လည်ဖွဲ့စည်းမည်

 From : Popular

 

 ပြည်ခိုင်ဖြိုးပါတီကို ရပ်/ကျေးအဆင့်မှပြည်နယ်နှင့်တိုင်းဒေသကြီး ကော်မတီအဆင့်ထိ ဇွန်လအတွင်းအပြီးသတ်ပြန်လည်ဖွဲ့စည်းမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းကပြောသည်။
 ”တို့က အသင်းဘဝကနေပြီး တောက်လျှောက်လာပြီးတော့မှပါတီ ပြောင်းတဲ့အချိန်မှာ ဖွဲ့စည်းပုံကိုလုပ် လိုက်ရမှာ အခုမှ လုပ်ရတဲ့ အနေ အထားဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။ပါတီတစ်ရပ်အတွက် ဖွဲ့စည်း ပုံ မှန်မှန်ကန်ကန်ဖြစ်ရန်နှင့် ပြည်သူ တို့၏ဆန္ဒအတိုင်း ဖြစ်ရန်လိုအပ် ကြောင်း ၄င်းကပြောသည်။ ”အောက်ခြေမှာရှိတဲ့ ရပ် ကျေးတွေက အခြေခံစပြီး လုပ်မှာ ဖြစ်တဲ့အတွက် ပိုပြီးအရေးကြီးပါ တယ်။ ရပ်ကျေးတွေကို ပြန်ရွေး မယ်။ ရပ်ကျေးကို အခြေခံပြီး မြို့ နယ်ကို ပြန်ရွေးမယ်။ မြို့နယ် ကို အခြေခံပြီး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအဆင့် ပြန်ရွေးမယ်” ဟု ၄င်းက ပြောသည်။ထိုကဲ့သို့ရွေးချယ်ရာတွင်အများ ဆန္ဒနှင့် အညီလျှို့ဝှက်မဲပေးသည့် စနစ်ကိုကျင့် သုံးမည်ဟု သိရသည်။ ”ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နေတဲ့အဆင့်မှာ ဆက်ဆံရေး အဆင်မပြေတာတွေ၊မောက်မာတာ  တွေ၊ပျက်ကွက်တာတွေ ပြန်ကြား ရတယ်”ဟု ၄င်းက ပြောသည်။ပါတီမှ ဖယ်ရှားခံရသည့်သူ များ၏ နေရာကိုလည်း ပါတီဝင် အများစု၏ဆန္ဒဖြင့်သာပြန်လည်ရွေး ချယ်တာဝန်ပေးမည်ဖြစ်ကြောင်း သိရသည်။သင်္ဃန်း ကျွန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီဝင် တစ်ဦးက ”စီးပွားရှာ ချင်ရင် ပါတီက အရင်ထွက်တာ ကောင်းတယ်။ လျှို့ဝှက်မဲပေးတဲ့ စနစ်နဲ့ ဆိုတော့ ဘယ်သူဘာလုပ် ထားတယ် ဆိုတာ ပေါ်ပြီလေ။ အခုမှ သွားကောင်းပြနေလို့မရ ဘူး”ဟု ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ပါတီအဖြစ်သို့ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ် လ ၆ ရက်နေ့တွင် ပြောင်း လဲခဲ့သည်။


Myanmar Express 

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ