Subscribe to our RSS Feed

လူ့အလိုနတ်မလိုက်နိုင် (အမည်မသိ ရှေးစကားပုံ) (သို့) စု အလို နတ်မလိုက်နိုင် ( 2012 updated စကားပုံ)

From : Messi

လူတစ်ယောက်သည် အလိုဆန္ဒအမျိုးမျိုးရှိရာ ထိုအလိုဆန္ဒဟူသမျှကို နတ်သိကြားတို့က ပြည့်စုံအောင် ဖန်ဆင်းစေကာမူ အလိုမပြည့်နိုင်ဘဲ နောက်ဆုံး

ကျွဲ ယောင်ဆောင်ပေးသည်ကိုပင် အမြီးတိုသည်။ ချိုစောင်းသည်ဟူ၍ အပြစ်တင်မလွတ်၊ အလိုမပြည့်နိုင်ဖြစ်ရသည်ဟုဆိုလိုသည်။ လူတို့၏အလိုဆန္ဒများပြား၍

အလိုမပြည့်နိုင် သော ဘ၀ကို တင်စား၍ သုံးနှုန်းသည်။





ဒေါ်စုသည် အလိုဆန္ဒအမျိုးမျိုးရှိရာ ထိုအလိုဆန္ဒဟူသမျှကို နတ်သိကြားတို့က ပြည့်စုံအောင် ဖန်ဆင်းစေကာမူ အလိုမပြည့်နိုင်ဘဲ နောက်ဆုံး

လွတ်တော်ထဲဝင်ရောက်ကာ နိုင်ငံအကျိုး ပြည်သူ့အကျိုးကို တတ်စွမ်းသလောက် လုပ်ဆောင်နိုင်ရန် လမ်းဖွင့်ပေးသော်လည်း အကြောင်းပြချက်အမျိုးမျိုးပြကာ အပြစ်တင်မလွတ်
အလိုမပြည့်နိုင်ဖြစ်ရသည် ဟုဆိုလိုသည်။ စု ၏အလိုဆန္ဒများပြား၍

အလိုမပြည့်နိုင် သော ဘ၀ကို တင်စား၍ သုံးနှုန်းသည်။
 

Myanmar Express

ရွှေည၀ါ ဘုန်းကြီး သို့ အိတ်ဖွင့်ပေးစာ

From : ဦးဇာဂရ ရွာမကျောင်း၊ သဲအိမ်ကျေးရွာ။

သို့

အသျှင်ပညာသီဟ(ရွှေည၀ါဆရာတော်)

တပည့်တော် လျှောက်ထားအပ်ပါသည်၊ တပည့်တော်သည် ကိုယ်တော်ကဲ့သို့ စာပေပရိယတ္တိတွင် ကျွမ်းကျင်စွာမတတ်မြောက်သော်လည်း ထေရ၀ါဒဗုဒ္ဓသာသနာတွင် ဗုဒ္ဓ၏အဆုံးအမတရားတော်များအား ၀ိနည်းတော်နှင့်အညီ သာသနာပြုနေသော တောဘုန်းကြီးတစ်ပါဖြစ်ပါသည်။ တပည့်တော်သည် ကိုယ်တော်၏ ဂုဏ်သတင်းအား တပည့်စာသင်သား ရဟန်းများထံမှတစ်ဆင့် ကြားသိရသဖြင့် ၀မ်းမြောက်နေသူ ဖြစ်ပါသည်။ ဂုဏ၀ုတ္တိ၊ ၀ရ၀ုတ္တိဖြင့် ပြည့်စုံပြီး ထင်ရှားကျော်ကြားသဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာတော်အတွက် သာသနာ့ အာဇာနည်တစ်ပါးအဖြစ် ဂုဏ်ယူရပါသည်။ နာဂစ်မုန်တိုင်းပြီးတော့ မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်၍ ကိုယ်တော်၏ လှူဒါန်း၊ ကျွေးမွေးမှုများအပေါ်တွင် သာဓုအကြိမ်ကြိမ်ခေါ်မိပါသည်။ တပည့်စာသင်သားရဟန်း၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်ဧည့်ပရိတ်သတ်များအတွင် မေတ္တာတရားကြီးမားလှသူ ဖြစ်ကြောင်း တွေမြင်ရပါသည်။

ယခုအခါမှာ သာဓုပရိယတ္တိစာသင်တိုက်၏ဂုဏ်သတင်း မှေးမှိန်ခဲရသလို ကိုယ်တော်ရဲ့ တပည့်သံဃာ၊ သီလရှင်နှင့် လူပရိသတ်တွေသည် စိတ်မကောင်းခြင်းများစွာ ခံစားနေမည်ကို ကိုယ်ချင်းစာနားလည် သင့်ပါသည်။ ကိုယ်တော်အား အစိုးရအပေါ် ပုတ်ခတ်ပြောဆိုသဖြင့် တရားဟောခွင့်ပိတ်ထားခြင်း၊ ကိုယ်တော် အနေဖြင့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့များနှင့် ပူပေါင်း၍ နိုင်ငံရေးနှင့်နွယ်သော လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်း၊ နိုင်ငံခြားသံရုံးများသို့ သွားလာတွေ့ဆုံ၍ နိုင်ငံရေးနှင့်ဆိုင်သော တောင်းဆိုမှုများပြုလုပ်နေ ခြင်းများတွင် ကိုယ်တော်၏လုပ်ရပ် မှားသည်/ မှန်သည်ကို တပည်တော်မဝေဖန်လိုပါဘုရား။ ကိုယ်တော်၏ တပည့်သံဃ်ာများသည် ကိုယ်တော်ကဲ့သို့ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်လာမည်ကို ကိုယ်တော်လိုလားပါ သလားဘုရား။ သာသနာတော်တွင် ဘာသာရေး/ သာသနာရေးကို ၀ိနည်းတော်နှင့်အညီ စောင့်ရှောက်သော သံဃာများနှင့် နိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်နေသော သံဃာများကွဲပြားလာမည်ကို လိုလားပါသလားဘုရား။ နောင်အနာဂတ်တွင် ပေါ်ထွက်လာမည့် ပရိယတ္တိအကျော်သာသနာ့အာဇာနည် ရဟန်းတော်များ နိုင်ငံရေး ဘက်တွင် ယိမ်းယိုင်ပျက်စီးသွားမည်ကို ကိုယ်တော်လိုလားပါသလားဘုရား။ သာသနာတော်တွင် သံဃာများ သင်းကွဲလာခြင်းသည် အနာဂတ်သာသနာအတွက် မည်သို့ရှေရှုလာမည်ကို ကိုယ်တော်လည်းသိမည် ဖြစ်ပါသည်။ ထိုသို့ဖြစ်ရန်ကိုယ်တော်သည် ဦးဆောင်နေသကဲ့သို့ဖြစ်နေပါသည်။ ကိုယ်တော်အနေဖြင့် ကိုယ်တော်အနေဖြင့် ဆင်ခြင်နိုင်ရန် သတိပေးခြင်းဖြသ်ပါသည်ဘုရား။


တပည်တော်အနေဖြင့် ကိုယ်တော်အား တပည့်စာသင်သားများအပေါ် ပရိယတ္တိစာပေများ ဆက်လက် သင်ကြားပေးခြင်းဖြင့် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့စေရန် ရည်သန်ကြိုးစားနေသည့် ဆရာတော် တစ်ပါးအနေဖြင့်သာ မြင်တွေ့လိုပါသည်ဘုရား။

Myanmar Express

ဝတ်စားဆင်ယင်မူကျတော့ အတုယူတာမြန် ပညာကိုကျတော့ အတုယူတာနှေးတဲ့ မြန်မာလူငယ်တွေ

From : ကြေးမုံ


လူငယ်များအနေဖြင့် ဝတ်စားဆင်ယင်မှုကိုသာ အတုယူမှုများပြားကြပြီး
ပညာကို အတုယူမှုမှာ နှေးနေသေးကြောင်း ပြည်ပ ပညာသင်ကြားမှုများ၏
ကောင်းကျိုးဆိုးကျိုးများကို ပညာပေးနေသူဒေါက်တာနေက ပြောကြားသည်။

"တိုးတက်မှုတွေကို ကျွန်တော်တို့အမီလိုက်နိုင်မှ တိုင်းပြည်တိုးတက်မှာ၊
ဒီအတိုင်းကိုယ့်ဘာသာကိုယ်လိုက်နေလို့ မရဘူး။ တိုးတက်တဲ့ နည်းပညာကို ပိုင်ဆိုင်
ကျင့်သုံးနေတဲ့နိုင်ငံတွေနဲ့ ဆက်နွှယ်ယှက်နွှယ်ပြီး ပညာတွေအရယူကြဖို့လိုပါတယ်။
ဝတ်စားဆင်ယင်မှုကို အတုယူတာမြန်ပြီး ပညာကိုအတုယူတာ နှေးနေတယ်လို့
ကျွန်တော်မြင်တယ်၊ အားမရသေးဘူး" ဟု  'ပညာရေးယှက်နွှယ်ဆောင်ရွက်မှု
အကျိုးအမြတ်များ' ဟောပြောပွဲ၌ ထုတ်ဖော်ပြောကြားသည်။







ကိုရီးယား စတိုင် ယောကျာ်းနဲ့ မိန်းကလေး အရက်ယှဉ်သောက်နေပုံ

                                 
ကိုရီးယား၊ အင်္ဂလန်၊ အမေရိကန်တို့ကို အားကျပြီး အတိုများကို ဝတ်ဆင်
ကြသလို မြန်မာလူငယ်များက ကိုရီးယားဇာတ်ကားများကြည့်၍ လိုက်တိုကြကြောင်း၊
Private University ၌ပင် ကျောင်းသူများကို စကတ်ချုပ်ပေးရာ၌ ဒူးအောက်
ရောက်အောင်တိုင်းပြီးမှ ချုပ်ပေးခြင်းဖြစ်သော်လည်း ကျောင်းစတက်သည့်နေ့တွင်
စကတ်မှာဒူးပေါ်နေကြောင်း၊ ယင်းကဲ့သို့ဖြစ်ခြင်းမှာ စကတ်ကိုလိပ်တင်ပြီး ဝတ်လာ
ကြခြင်းကြောင့် ဖြစ်သလို နောက်တစ်ပတ်လောက်အကြာ၌ပင် လိပ်မတင်တော့ဘဲ
ပိုတိုစေရန် ဖြတ်ချပြီး ပြင်ဝတ်လာကြကြောင်း ဆိုသည်။


ဒီလိုအတိုဝတ်ဖို့ သင်စရာမလိုဘူး


ဆက်လက်ပြီး  "အဲဒီလို အတိုကို တုပသလို ကိုရီးယားတွေ Technology
မှာ တော်သလိုမတုပကြဘူး၊ အဲဒီပညာကို အားကျမှ ဘဝတိုးတက်မှာ။
တစ်ဦးချင်းတိုးတက်လာရင် တစ်ပြည်လုံးတိုးတက်မှာ" ဟုပြောကြားခဲ့သည်။ 





၂၁ ရာစုမှာပညာမှ ဦးဆောင်ရသော ခေတ်ဖြစ်သလို စက္ကန့်မိနစ်နှင့်အမျှ နည်းပညာများ
တိုးတက်လာပြီး တိုးတက်မှုမြန်လာသော အခြေခံသီအိုရီအပေါ်မူတည်ကာ စဉ်းစား
တီထွင်ရသည့်အတွက် တိုးတက်မှုမြန်လာရခြင်း ဖြစ်ကြောင်း၊ ၁၉၉၀ ခုနှစ်ခန့်က
ဟမ်းဖုန်းတစ်လုံးမှာ စကားလောက်သာပြော၍ရသော်လည်း ၁၉၉၀ နောက်ပိုင်းတွင်
ဓာတ်ပုံရိုက်၍ရလာနိုင်ပြီး နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ မက်ဆေ့ခ်ျပို့၍ ရလာကြောင်း၊
ယင်းမှဖုန်းဖြင့် အင်တာနက်သုံးနိုင်ခြင်း၊ GPS ဟုခေါ်သော မြေပုံလမ်းညွှန်ကြည့်၍
ရနိုင်ခြင်း၊ အော်ဂင်၊ တယောစသည်တို့အပါအဝင် မည်သည့် Musical Instruments
ကိုမဆို ဟမ်းဖုန်းသုံး၍ တီးမှုတ်ရနိုင်သည်အထိ တိုးတက်လာခြင်းဖြစ်ကြောင်း
ပြောပြခဲ့သည်။



 Myanmar Express 

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဇင်ဝိုင်း ဘာလုပ်နေလဲ?


 

 Myanmar Express 


Online banking စတင်တော့မည့် ရတနာပုံ တယ်လီပို့

From : ဥမ္မာ


ရန်ကုန်မြို့ ဆာကူရာ တာဝါမှ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော ရတနာပုံ တယ်လီပို့၏ ပုံနှိပ်မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သတင်း နှင့် နည်းပညာ ဌါနမှ  အင်ဂျင်နီယာချူပ် ဦးဇော်မင်းဦးက "ကျွန်တော်တို့ Portal တွေကနေ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး Online Payment တွေ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ၀န်ဆောင်မှု ပေးမယ့် ဘဏ်တွေအဖြစ် လောလောဆယ် Asia green development ဘဏ် နဲ့ ယူနိုက်တက် အမရာ ဘဏ်တို့နဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ညှိနှိုင်း ထားပါတယ်။ ရည်ရွယ်ချက်ကတော့ အွန်လိုင်းမှာဘဲ ဈေးဝယ်၊ ငွေချေလို့ ရသည်အထိ စီစဉ်ထားပါတယ်။ Ecommerce အောင်မြင်အောင် အကောင်အထည် ဖေါ်နိုင်ဖို့ Online banking စနစ်ကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်မှ ရမှာပါ။ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ Transaction တွေကို Online ကနေဆောင်ရွက် နိုင်ဖို့ အချိန်ယူ ညှိနှိုင်းရပါအုံးမယ်။ ဥပမာ ဘဏ်တွေက ညနေ ၃ နာရီဆိုပိတ်ပြီး User က ည ၈ နာရီလောက်မှာ ငွေသွင်းချင်တယ်။ ဒီလိုမျိုးတွေ အဆင်ပြေဖို့အတွက် ဘယ်လို ညှိနှိုင်းဆောင်ရွက်ရမလဲ စသဖြင့် အများကြီးပါဘဲ။"  ဟုပြောကြားခဲ့သည်။

"Online banking တွေရဲ့ အားသားချက်က ငွေစက္ကူအတိုင်း ကိုင်တွယ် သုံးစွဲရတာတွေ လျော့ချပြီး ငွေစက္ကူတွေ နာလို့ Print လုပ်ရတဲ့ ကုန်ကျစရိတ်တွေ မလိုလားအပ်တဲ့ ကုန်ကျစ၇ိတ်တွေကို အများကြီးလျော့ချနိုင်ပါတယ်။ ခေတ်တစ်ခုကနေ တစ်ခုပြောင်းတာဟာ မကြာတော့ပါဘူး။ သူများတွေ ရှေ့က လုပ်ပြီးသား ရှိနေပြီ ဆိုတော့ စမ်းတစ်ဝါးဝါး မဟုတ်ဘဲ အမြန်သွားလို့ မှီပါတယ်။" ဟု ငွေကြေးဆိုင်ရာ စီးပွါးရေး ပညာရှင် ဒေါက်တာ သောင်းဟန်ကလည်း ထောက်ပြ ခဲ့သည်။

လတ်တလော ၀န်ဆောင်မှုများအနေဖြင့် City Mark, Ocean, Blazon, Capital, Orange စသည့် နာမည်ကြီး စူပါ မားကတ် ငါးခုအပြင် အခြားသော စတိုးဆိုင်များမှ ကုန်စည်များကိုလည်း Online ဈေးဝယ် ၀န်ဆောင်မှုအဖြစ် စက်တင်ဘာလ ကုန်တွင် စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 



 Myanmar Express 

နာမည်ကျော် များ၏ ဖုန်းနံပါတ်များ


• မိုးယုစံ -095193620
• ရေဗက္ကာဝင်း -095149662
• Lဆိုင်းဇီ -095191251
• ဆုန်သင်းပါရ် -095150990
• မိုးအောင်ရင် -095012600
• န၀ရတ် -095010034
• သက်မွန်မြင့် - 095022559
• အူဝဲ -095163082,548612
• မိုးဟေကို- 095109343
• လင်းလက်ဟိန်း -099927380
• အစ္စဏီ -584501
• စိုင်းစိုင်းခမ်းလှိုင် - 095016053
• ရဲလေး- 095111281
• ထွန်းထွန်း - 095136585
• နိင်းနိင်း - 573737
• ချစ်သုဝေ- 386732
• Lလွန်းဝါ-095138878
• ရတနာမိုင်- 554259
• ဖြူဖြူကျော်သိန်း -098022834
• နန္ဒစိုင်း 505403
• အေးမြတ်သူ -095148563
• ကျော်နိုင်ကြီး (Myanmar Express) - 0973215574
တိုးနန္ဒ (Myanmar Express) - 0973250713
• မဇင် (
Myanmar Express) - 0949270937

Myanmar Express

အမြင်မှန်ရကာ အလင်းဝင်လာသူ KIA အဖွဲ့များကို KIA ဗဟိုမှ နောက်က လိုက်ကာ ကချင်လူမျိုးချင်း ရက်ရက်စက်စက် ပစ်သတ်

အမြင်မှန်ရကာ အလင်းဝင်လာသူ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်သားများကို KIA ဗဟိုမှ အတင်းလိုက် သတ်ခိုက်သဖြင့် လိုက်သတ်ရာ အတိုက်ပွဲ အကြီးအကျယ် ဖြစ်ပြီး မနေ့ က မနက်ပိုင်းတွင် များစွာ ကျဆုံး သွားကြောင်း သတင်းရရှိပါတယ်။

အမြင်မှန်ရလာသူ ကချင်လွတ်လပ်ရေးတပ်မတော် KIAက အကြပ်တပ်သား ၃၅ယောက်က လက်နက်မျိုးစုံ ၂၃လက်နဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်အတက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အခြေချနေတဲ့ အစိုးရ တပ် စခန်းကို လာရောက် လက်နက်ချခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီလို လက်နက် ချလာ သူတွေ ဟာ KIAက အဓမ္မ တပ်သားသစ်စုဆောင်းခံရ သူတွေဖြစ်တာကြောင့် ပြန်လာ တာဖြစ်ကြောင်းပြောဆိုခဲ့ပြီး KIA ဗဟိုကတော့ အားလုံးကို သတ်ပစ်ဖို့ ချက်ချင်း အမိန့်ထုတ်ခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်ပြီး ၃ ရက် အကြာတွင် ၎င်း အဖွဲ့များ ရှိနေသည့် တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား နေရာများအား KIA ဗဟို မှ ဝင်ရောက်ဆီးနင်းကာ KIA အဖွဲ့ အချင်းချင်းပင် ရက်ရက် စက်စက် ပစ်သတ်သွားကြောင်း သိရပါတယ်။

အသက်ရှင်ကျန်ခဲ့သူ တစ်ဥိးကတော့ အရင်တုန်းက လုပ်ဖော်ကိုင်ဖက် ရဲဘော် ရဲဖက် အချင်းချင်း ဖြစ်တာကြောင့် တကယ် ပစ်သတ်မယ် မထင်လို့ ပြန်ပစ် တာတွေ မလုပ်ခဲ့ပေမယ့် KIA ဗဟို ဖက်ကနေ ကချင်လူမျိုးအချင်းချင်း ရက်ရက်စက်စက် ပစ်သတ်သွားကြောင်း ပြောခဲ့ပါတယ်။

kia-deserter2-1904

Myanmar Express

၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည် လိမ်လည်မူကြီး (အပိုင်း - ၂)



လေယာဉ်ပျံကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရတဲ့အ ရဗ်လူငယ်တွေရဲ့ အမည်ဟာ အဲဒီစာရင်း ထဲမှာမပါ တာကိုသိရင် ကမ္ဘာ ကြီးကအံ့သြမှာအမှန်ပါပဲ။ အား လုံးပဲ မှတ်မိကြမလား တော့မသိဘူး။ အမေရိကန် နိုင်ငံမှာ မကြာခဏလေယာဉ်ပျံပေးဆွဲခံရတဲ့ ဖြစ် ရပ်တွေရှိခဲ့တယ်။ အမေရိကန်အစိုးရဟာကျွမ်းကျင် သူပညာရှင်တွေနဲ့ အဲဒီအန္တာယ်ကို ဘယ်လိုကာ ကွယ်တားဆီးရ မလဲဆိုတာကိုတိုင်ပင်ဆွေးနွေးခဲ့ကြ တယ်။ ပင်တဂွန်က လေယာဉ်ဆောက်တဲ့ ကုမဏီ ကြီးနှစ်ခုကို ဒီတာဝန်ပေးအပ်ခဲ့တယ်။ သူတို့အနေ နဲ့မြေပြင်ကနေတောင် လေယာဉ်တွေကို ထိန်းချုပ် ကိုင်တွယ်နိုင်တဲ့စနစ်ကို ရှာကြံတီထွင်ဖို့ ဖြစ်တယ်။ ဒါကြောင့် အဲဒီကုမဏီ တွေဟာ အဲဒီစနစ်ကိုတီထွင် ခဲ့ကြတယ်။ နောက်တော့ အဲဒီအချက်ကို လျှို့ဝှက် ထားကြတယ်။ လေယာဉ်မောင်းသူကို တောင်အ သိမပေးခဲ့ဘူး။ လေယာဉ်ပေါ်မှာ တီးတိုးပြောတဲ့ စကားကိုတောင် မြေပြင်ကနေကြားနိုင်တယ်။ ဒီတီ ထွင်မှုဟာ လေယာဉ်ရဲ့မူလအစီအစဉ် တစ်ခုလုံးကို တောင်ဖျက်ဆီးနိုင်တယ်။ ဘယ်နေရာမှာမဆိုလေ ယာဉ်ကို ဆင်းသက်စေနိုင်တယ်။ အဲဒီလိုလုပ်ခဲ့ရင် လေယာဉ်မောင်းသူတောင်ဘာမှမလုပ်နိုင်ဘူး။အဲဒီ အချက်တွေကို လေယာဉ်ကုမ္ပဏီရဲ့တာဝန်ရှိသူတွေ ကိုလည်း အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ အဲဒီစနစ်ရဲ့အတိုကောက် ကို JPLS လို့ခေါ်တယ်””

ထောက်လှမ်းရေးလေယာဉ်တွေ မောင်းသူမ ပါဘဲမောင်းနှင်သလိုပေါ့။ ဒီစနစ်နဲ့ လေယာဉ်ကို ထိန်းချုပ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိုစီ စဉ်ခဲ့တာပါပဲ။ အမေရိကန်ပညာရှင် မစ္စတာဂျိုး အဲလစ်က ““ဒီစနစ်ရဲ့ ရည်ရွယ်ချက်က လေယာဉ် ပျံတွေ ပြန်ပေးဆွဲခံရခြင်းက ကယ်တင်ကာကွယ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ ချက်ချင်းပဲအစိုးရစစ်တပ်နဲ့ မာ ဖီးယားဂိုဏ်းတွေဟာ ဒီစနစ်ကို သူတို့ရဲ့ရည်ရွယ် ချက်ဖြည့်ဆည်းဖို့ စဉ်းစားလာခဲ့ကြတယ်။ ကမ္ဘာ ကို စိုးမိုးရေးနဲ့ ကမ္ဘာကြီးရဲ့အစီအစဉ်ကိုမိမိတို့စိတ်ကြိုက် ချယ်လှယ်လိုကြတဲ့အတွက်ကြောင့်ပါပဲ””လို့ကောက် ချက်ချခဲ့ပါတယ်။

လေယာဉ်တိုင်းမှာ ထိကိုင်လိုက်ရုံနဲ့လေယာဉ် ပျံပေးဆွဲခံရတဲ့သတင်းပေးနိုင်တဲ့ ကိရိယာပါရှိပါ တယ်။ စက်တင်ဘာ၁၁ရက်မှာလေယာဉ်၎စီးစလုံး ဘယ်လေယာဉ်မှ ပြန်ပေးဆွဲခံရတဲ့ သတင်းမပေးခဲ့ ဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းက တစ်ခု ပဲရှိတယ်။ အဲဒီလေယာဉ်တွေမှာရှိတဲ့အချက်ပေး ကိရိယာတွေကို အဝေးထိန်းကိရိယာနဲ့အသုံးပြုလို့ မရအောင်လုပ်ခဲ့လို့ပဲ။ အဲဒီအချိန်က လေယာဉ် ပေါ်မှာ အနည်းဆုံးခရီးသည် ၇၀ နဲ့ ၈၀ အထိပါရှိ တယ်။ အဲဒီခရီးသည်တွေဟာ မိမိတို့ရဲ့သေမင်းကို ဒီလိုပဲထိုင်ကြည့်နေခဲ့တယ်ဆိုတာဖြစ်နိုင်ရဲ့လား။ လှုပ်ရှားမှုမရှိ၊ အသံပြုခြင်းမရှိ၊ အော်သံမရှိ၊ တိုး လျှိုးတောင်းပန်သံမရှိ၊ လေယာဉ် တစ်စီးလုံးဘာ မှမဖြစ်သလိုပဲ။

လေယာဉ် ၄စီးထဲက၂စီးရဲ့ဘလက်ဘောက်စ် ၂ ခုကို ရရှိခဲ့တယ်။ ၂ ခုစလုံးကို စစ်ဆေးကြည့် လိုက်တဲ့အခါမှာ ဘာအသံမှမကြားရဘူး။ ၂ခုစလုံး ပြောင်သလင်းခါနေတယ်။ လေယာဉ်ပေါ်မှာရှိတဲ့ သူတွေအားလုံး ဆွံ့အနေကြလို့လား။ လေဖြတ်နေ ကြလို့လား။ အဲဒီဘလက်ဘောက်စ်ကိုလည်း အ ဝေးထိန်းကိရိယာနဲ့သုံးမရအောင်လုပ်ထားလို့သာ ဖြစ်မယ်။ တစ်ခါ လေယာဉ်ပြန်ပေးဆွဲခဲ့သူအကြမ်း ဖက်သမားတွေဟာ အရဗ်များဖြစ်တယ်လို့ ဒုတိယ မျှော်စင်ပျက်စီးပြီး ၂၄ မိနစ်အကြာမှာ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ကြေညာခဲ့ တယ်။ အဲဒါကိုလည်း ဆန်းစစ်ကြည့်သင့်တယ်။

အဲဒီလုပ်ရပ်ရဲ့တာဝန်ရှိသူဟာ ဘင်လာဒင်နဲ့ အလ် ကိုင်ဒဟ်ဖြစ်တယ်တဲ့။ အရဗ်လို့ စွပ်စွဲခြင်းကလည်း ပြန်ပေးဆွဲသူတစ်ဦးရဲ့ ကားထဲမှာ အရဗီဘာသာနဲ့ လေယာဉ်မောင်းလမ်း馮န်စာအုပ်တစ်အုပ်ကိုတွေ့ ရလို့တဲ့။ လေယာဉ်မောင်းစာအုပ်ဖတ်ပြီး ဘိုးရင်း လေယာဉ်ကြီးကို မောင်းနှင်လို့ရနိုင်ပါသလား။

လေယာဉ်အသေးစားမောင်းသူနဲ့၊ အဲယား ဘတ်စ်လေယာဉ်မောင်းသူ၊ ဘိုးရင်း ၇၂၇ မောင်း သူတို့ကိုယ်တိုင်က စက်တင်ဘာ ၁၁ ရက်နေ့က လေယာဉ်မောင်းသလို လေယာဉ်မောင်းကျွမ်းကျင် သူတွေတောင် မမောင်းနိုင်ဘူးလို့ ဆိုထားကြ တယ်။ အရဗ်လူငယ်တွေဟာ လေယာဉ်မောင်းစာ အုပ်ဖတ်ပြီး ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘယ် လိုများ ဒီလေယာဉ်ကြီးတွေ မောင်းတာ သင်ခဲ့ကြ ပါသလဲ။ လောရင့်စ်က ““ကျွန်တော်ဟာ လေယာဉ်လေးစီးစလုံးရဲ့ ခရီးသည်စာရင်းသွင်း ထားချက်ကို လေ့လာခဲ့ရာမှာ အာရဗ်နာမည်တစ် ခုမှမတွေ့ခဲ့ရပါဘူး””လို့ ပြောခဲ့ပါတယ်။ သူကပဲဖြစ် ရပ်ပြီးတဲ့ နောက်နှစ်ရက်မှာ ခရီးသည်အားလုံးရဲ့ စာရင်းကို ဖျောက်ဖျက်ခဲ့ကြတယ်လို့ ဆိုထားပြန် တယ်။ လေယာဉ်ကုမ္ပဏီ တွေက ခရီးသည်တွေရဲ့ စာရင်းဟာ လေယာဉ်ပျံနဲ့တကွ လောင်ကျွမ်းသွားခဲ့ တယ်လို့ ဆိုကြတယ်။ ရယ်စရာကောင်းတာက တော့ စာရင်းမှတ်တမ်းဟာ လေယာဉ်လေံစင်းးနဲ့လေ ယာဉ်ကွင်းမှာ ရှိရမယ့်အစား လေယာဉ်ပျံ ပေါ်မှာ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

မစ္စတာမာရှယ်က ၂၄ နာရီတောင် မပြည့်ခင် မျှော်စင်ရဲ့ပြိုကျပျက်စီးသွားတဲ့ အပျက်အစီးတွေ ကို ဖယ်ရှားပစ်ဖို့ ကန်ထ絛ုက်ပေးလိုက်ရတဲ့အ ကြောင်းရင်းဟာ ဘာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ ဒါ့အပြင်အချိန်မဆွဲဘဲ အရည်ဖျော်ပစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကလည်း ပါလိုက်သေးတယ်။ အ ပျက်အစီးတွေကို စုံစမ်းစစ်ဆေးခြင်း ဘာတစ်ခုမှ မလုပ်ခဲ့ကြဘူး။

““အမေရိကန်တွေကိုယ်တိုင်က ကိုယ့်နိုင်ငံ ကိုယ်ပျက်စီးအောင်ဘယ်လိုလုပ်မှာလဲ””လို့ တချို့ ကပြောကြတယ်။ အဲဒီသူတွေအနေနဲ့အမေရိကန် စာရေးဆရာ James Bomford ၏ Body of Se-ctrets ဆိုတဲ့စာအုပ်ကို လေ့လာကြည့်သင့်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက““အမေရိကန်နိုင်ငံ မှာ နိုင်ငံရဲ့ပေါ်လစီကို မိမိတို့စိတ်တိုင်းကျပြုလုပ်ဖို့ နဲ့ချယ်လှယ်နိုင်ဖို့ ဘာမဆိုလုပ်နိုင်တဲ့ အင်အားစု တွေရှိတယ်။ အတိတ်မှာဂျွန်အက်ဖ်ကနေဒီရဲ့ခေတ် က စီအိုင်အေဟာ လုပ်ခဲ့ပြီးဖြစ်တယ်။ သူတို့ဟာ ကျူးဘားနိုင်ငံကို တိုက်ခိုက်ဖို့ အကြံအစည်တွေပြု လုပ်ပြီး ပင်တဂွန်ရဲ့သဘောတူညီချက်ကို ယူခဲ့ကြ တယ်။ ဒါပေမယ့် အဲဒီအကြံအစည်တွေကို ကနေ ဒီထံတင်ပြလာတဲ့ အခါကျတော့သူကပယ်ချတယ်။ အဲဒီငြင်းပယ်မှုရဲ့ ရလဒ်ကတော့ ကနေဒီလုပ်ကြံ ခံရခြင်းပဲဖြစ်တယ်။ အဲဒီအကြံအစည်က အမေရိ ကန်အနေနဲ့ကိုယ့်နှာခေါင်းကို ကိုယ်တိုင်လှီးဖြတ်ပြီး ကျူးဘားအပေါ် တိုက်ခိုက်ဖို့ဖြစ်တယ်။

အကြံအစည်က အမေရိကန်တပ်သားတွေကို ရှပ်ဝတ်စုံတွေဝတ်ပေးပြီး အမေရိကန်လေယာဉ် တွေကို တိုက်ခိုက်စေမယ်။ လေယာဉ်အချို့ကို ပစ်ချဖျက်စီးခံလိုက်မယ်။ စစ်သင်္ဘောအချို့လည်း နစ်မြုပ်ခံလိုက်မယ်။ အဲဒါကိုအကြောင်းပြုပြီး ကျူး ဘားအပေါ်တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။ အဲဒီလိုနဲ့ စစ်စ တင်ဖို့ကြံစည်ခဲ့ကြတယ်””အကြံပေစက်လွန်းပါပေ့။

အဲဒီလိုပဲ စက်တင်ဘာ ၁၁ လုပ်ဇာတ် ဟာလည်း အစ္စလာမ်နဲ့မွတ်စလင်ကမ္ဘာ ကို နာမည် ဖျက်ဖို့၊ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါကိုတည်ချက် လုပ်ပြီး အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြံစည်ခဲ့တာဖြစ်ပါတယ်။ 


 Myanmar Express 

၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည် လိမ်လည်မူကြီး (အပိုင်း - ၁)




ကမ္ဘာ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့် နေကြတဲ့အနောက် နိုင်ငံက လေ့လာစူးစမ်းသူတွေဟာကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီ လုပ်ရပ်ဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်။
ဒါပေမဲ့ ဇီယွန်ဝါဒီတွေချုပ်ကိုင်ထားတဲ့ မီဒီ ယာလောကဟာ ဒီလိုဆန်းစစ်တွေ့ရှိတဲ့အချက်တွေ ကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ဖုံးကွယ်ဖာထေးပြီးအလိမ် အညာ လုပ်ဇာတ်တွေ ကိုသာဖန်တီး ၀ါဒဖြန့်ခဲ့ပါတယ်။ အ ရှင်းဆုံးတွေ့ရှိချက်တစ်ခုကတော့ စက် တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါမှာ မရှိဘူးဆိုတဲ့အချက်ပါပဲ။

ဘင်လာဒင်ကိုယ်တိုင်ကလည်း အလ်ဂျဇီး ရားရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယို တိပ်ခွေမှာ““ဒီတိုက်ခိုက်မှုမှာ ကျုပ်ပါဝင် ပတ်သက် မှုမရှိဘူး။ တိုက်ခိုက်တာကို သိတောင်မသိဘူး။ ဒါဟာ အမေရိကန် ပြည်ထောင်စုက ဖုံးကွယ်ထား တဲ့ လျှို့ဝှက်ကြံစည်မှုပဲ။ ခေတ်သစ်ခရူးဆိတ်ကို ဖန်တီးလိုက်တာပဲ””လို့ငြင်းပယ်ပြောကြားခဲ့ပါတယ်။

၉/၁၁ဖြစ်ရပ်မှန် အချက်အလက်တွေကို ပြင် သစ်နဲ့ အမေရိကန်က ပညာရှင်တွေဟာ အစွမ်း ကုန်ကြိုးစားဖော်ထုတ်ခဲ့ကြပါတယ်။ Brigham တက္ကသိုလ်ကရူပဗေဒပညာရှင် Steven E.Jonesနဲ့ ပိသုကာပညာရှင်တို့ ပူးပေါင်းတင်သွင်းတဲ့ ၉/၁၁ သီအိုရီမှာ ““တာဝါနှစ်ခုဟာ လေယာဉ်တိုက်တာ ခံရတာကြောင့် ပြိုကျသွားတာမဟုတ်ပါဘူး။ အ ဆောက်အအုံထဲမှာ အဆောက်အဦးဖြိုချတဲ့ နည်း စနစ်ကို စနစ်တကျထည့်သွင်းထားပြီး ချိန်ကိုက်ဖြို ချဖျက်ဆီးပစ်တာပါ။ WTC ဟာ မီးလောင်ရုံနဲ့ပြို ကျသွားမယ့် တည်ဆောက်ပုံမျိုးမဟုတ်ပါဘူး။ အဲ ဒီမှာ thermite ဒါမှမဟုတ် nanothermite တစ်ခုခုထည့်သွင်းဖြိုချတာသာ ဖြစ်နိုင်ပါတယ်””လို့ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဂျုန်းစ်ကို အမေရိကန်အစိုးရရဲ့ဖိအားပေးမှုကြောင့် Brigham တက္ကသိုလ် ကနေပင်စင်ပေးလိုက်တယ် ။ဒါပေမဲ့ဂျုန်းစ် ကတော့ Scholars for 9/11 Truth & Justice အဖွဲ့ကိုဖွဲ့ပြီး ဆက်လက်သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေရှိချက်တွေကို အင်တာနက် ၀ဘ်ဆိုက်မှာကော ဒီဗွီဒီအခွေနဲ့ပါ အထောက်အ ထားတွေနဲ့ ဖော်ထုတ်တင်ပြခဲ့ပါတယ်။
ဒါဆိုရင် လက်သည်အမှန်၊ တရားခံ အစစ်က ဘယ်သူများပါလိမ့်။ ဒါကို မီဒီယာတွေက ဘာကြောင့် ဖုံးကွယ်ထားရသလဲ။ အမေရိကန်အ စိုးရက ဒါကိုမသိဘူးလား။ စသဖြင့် ထပ်ဆင့်မေး ခွန်းတွေ မေးစရာရှိပါတယ်။

ဟုတ်ပါတယ်။ လေ့လာချက်တွေအရ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်တရားခံဟာ သမ産ုရှ်အစိုး ရကိုယ်တိုင်ဖြစ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘင်လာဒင်၊ အလ်ကိုင်ဒါနဲ့ အာဖဂန်ကိုတိုက်ခိုက် ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တစ်ခု ရှာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရကတိုက်ခိုက် လုပ်ဆောင်ခဲ့တာ မဟုတ်ရင်တောင်မှ အမေရိ ကန်ကိုပြန်ပြီးချုပ်ကိုင်ထားတဲ့ ဇီယွန်ဝါဒီတွေကနေ အစ္စလာမ်ကမ္ဘာကို နာမည်ဆိုးရစေဖို့နဲ့စစ်သွေးကြွှ နေတဲ့ဘုရှ်ကို မီးလောင်ရာလေပင့်ပေးပြီး မွတ်စ လင်နိုင်ငံတွေကို တိုက်ခိုက်နိုင်ဖို့အခွင့်အရေးဖန် တီးပေးလိုက်တာပဲလို့ လေ့လာသူတွေက တင်ပြ လာကြပါတယ်။

အမေရိကန်အစိုးရဟာ ကိုယ်တိုင်လုပ်ခဲ့ တာ မဟုတ်ရင်တောင် ဒီလိုလုပ်ခဲ့တဲ့လုပ်ရပ်ကိုကြိုသိပြီး အလိုပါဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေရှိ နေပါတယ်။ ထင်ရှားကျော်ကြားတဲ့လေ့လာဆန်း စစ်သူတစ်ဦးဖြစ်တဲ့ တယ်ရီမေဆန်ရဲ့ “အန္တရယ် ကြီးမားတဲ့လိမ်လည်မှုကြီးနဲ့ ကြောက်မက်ဖွယ်ရာ လှည့်ဖျားမှု””ဆိုတဲ့ စာအုပ်ဟာလည်း ဈေးကွက်ကို ရောက်လာပြီး ၂ နာရီအတွင်းမှာပဲ ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေမှုက ပြိုက်ခနဲ ကုန်သွားခဲ့ပါတယ်။ စာရေးသူရဲ့ သက်သေအထောက်အထားတွေကို ဖတ်ရသူတိုင်းဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ကိစ္စကင အမေရိကန်နဲ့မီဒီယာ လောကရဲ့ ၀ါဒဖြန့်မှု တွေဟာ ရာနှုန်းပြည့်လိမ်လည်မှုသာဖြစ်တယ်လို့ တွေ့ရှိလာခဲ့ကြပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံရဲ့အတွင်းတော်လှန် ပုန်ကန်မှုတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ အဆင့်မြင့် စစ်ဖက်အရာရှိတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်သမ၊တဘုရှ်ကို သူ့ရဲ့ ပေါ်လစီပြောင်းလဲ စေဖို့အကြပ်ကိုင် လိုတဲ့ရည်ရွယ်ချက်တစ်ခုလည်းပါပါတယ်။ ကမ္ဘာ ကြီးကအံ့သြခဲ့ရပါတယ်။ ကမ္ဘာပျက်လောက် အောင်ပွက်လောရိုက်ခဲ့ပေမယ့် အမေရိကန်ထောက် လှမ်းရေး အေဂျင်စီတွေက ဒီတိုက်ခိုက်မှုသတင်း ကို ကြိုတင်သတင်းမရခဲ့ဘူးလို့ဆိုကြတယ်။ ဒီ လိုပြောကြသူတွေဟာ သူတစ်ပါးနိုင်ငံတွေကြုံတွေ့ လာနိုင်တဲ့ အကြမ်းဖက်မှု ဘေးအန၊ာယ်တွေကို တော့ ကြိုတင်သတင်းပေးနိုင်တယ်ဆိုတာ အံ့သြစ ရာပါပဲ။ စာရေးသူက ဘယ်လိုလှစ်ပြခဲ့သလဲဆို တော့ ““ဖြစ်ပျက်ခဲ့သမျှတို့သည် ထောက်လှမ်းရေး အေဂျင်စီတို့ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ကိုယ်တိုင်က ယင်း ကိစ္စကို လုပ်ကြံဆောင်ရွက်ခဲ့ကြသောကြောင့်ဖြစ် သည်။

လုပ်ဆောင်သူများသည် ထိုအဆောက်အ အုံထဲရှိ အလုပ်သမားများကို ကြိုတင်သတင်းပေး ကာ တတ်နိုင်သမျှ အနည်းဆုံးပျက်စီးဆုံးး သေ ကြေမှုဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့်ပင် ယင်း ကိစ္စဖြစ်သောအချိန်၊၀န်ထမ်းဦးရေအလွန် နည်း လေသည်။ အမှန်မှာ ကုန်သွယ်ရေးစင်တာ၊၀န် ထမ်းဦးရေ လေးငါးသောင်းခန့်ရှိလေသည်။”
စာရေးဆရာက မေးခွန်းတွေအများကြီးထုတ် ခဲ့တယ်။ အဲဒီမေးခွန်းတွေက သူ့ရဲ့စွပ်စွဲချက်ကို အားဖြည့်ပေးထားတယ်။ ဥပမာ- သမ္မတ ဘုရှ်ဟာ တစ်နေ့လုံးစစ်ဌာနချုပ်မှာ ပုန်းအောင်းနေခဲ့တယ်။ မိမိရဲ့ကိုယ်စားလှယ်ကို ကာကွယ်ရေးဌာနကို စေလွှတ်ထားခဲ့တယ်။ စာရေးသူက -
““အမှန်သော်ကား လျှို့ဝှက်မှုသော့ချက် အားလုံးသည် အကြမ်းဖက်သမားတို့၏ လက်ထဲ တွင်ရောက်ရှိနေပြီးဖြစ်သည်။ ထိုအချက်ဖြင့် နျူက လီးယားဗုံးကိုပင် ဖောက်ခွဲနိုင်သည်။ စစ်တပ် ကို ကြိုက်သည့်လမ်းညွန်မှုပေးနိုင်သည်။ ထို့ကြောင့် ပင် သမ္မတ ဘုရှ်သည် စစ်ဌာနချုပ်တွင် လမ်းသ လားနေခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့်ဖောက် ခွဲမှုကို တားဆီးနိုင်ရန်ဖြစ်သည်။””လို့ မှတ်ချက်ပြု ထားတယ်။ ဒီ့အပြင် ““ထိုနေ့တွင် အိမ်ဖြူတော်၊မီးလောင်ပေါက်ကွဲခဲ့သေးသည်။ သို့သော်ထိုအဖြစ် အပျက်ကို ဖုံးအုပ်ထားခဲ့ကြသည်။”” လို့လည်းဖော် ထုတ်ရေးသားခဲ့တယ်။

၂၀၀၂ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် (လက်ခနောင်းမှ ထုတ်ဝေသော) “ရာရှ်သရီယား ဆဟာရာ””အူရဒူစာစောင်မှာလည်း ကမ္ဘာ့ သတင်း တွေကို ကိုးကားပြီး ဒီလိုရေးထားပါတယ်။
““အမေရိကန် အစိုးရဘက်က သူတို့ သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုသတင်းပေး ချက်ကို တိုက်ခိုက်မှုမဖြစ်မီအလျင် ရရှိခဲ့ပြီးဖြစ်သည်။””တဲ့။
အမေရိကန်တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက် ခဲ့တယ်။ ဒီဝန်ခံချက်နောက်ပိုင်းမှာ အမေရိကန် အုပ်ချုပ်သူတွေနဲ့ အတိုက်အခိုက်ခံရသူတွေဟာ နောက်ပိုင်းမှာ ဒီဖြစ်ရပ်ရဲ့တာဝန်ရှိသူတွေဟာအ စိုးရ ကိုယ်တိုင်ဖြစ်တာကို ၀န်ခံခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို သတင်းအားလုံးကို ဇီယွန်ဝါဒီပိုင်မီဒီယာ တွေက ဖုံးအုပ်ထားခဲ့တဲ့အတွက်ကမ္ဘာ သားတွေဟာ မသိခဲ့ကြရဘူး။

အမေရိကန်သမိုင်းမှာလွတ်လပ်တဲ့ပြင်ပပညာ ရှင်တွေနဲ့ စုံစမ်းလေ့လာသူ တွေရဲ့ကြိုးပမ်း အားထုတ် မှုကြောင့် ဒီလိုကိစ၊ပ်ပေါင်းများစွာကိုဖြေရှင်းနိုင်ခဲ့ တယ်။ နိုင်ငံကိုကိုင်လှုပ်လောက်တဲ့ဖြစ်ရပ်တွေ ပေါ် ပေါက်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း အမေရိကန်စုံ စမ်းထောက်လှမ်းသူတွေရဲ့ မဆုတ်မနစ်ကြိုးပမ်း အားထုတ်မှုကြောင့် စက်တင်ဘာ ၁၁ ဖြစ်ရပ်မှန် ဟာဗူးပေါ်သလို ပေါ်ခဲ့တယ်။ ကျော်ကြားတဲ့အမေ ရိကန်စူးစမ်းလေ့လာသူ စာရေးဆရာများဖြစ်ကြတဲ့ မစ္စတာာလောရင့်စ်နဲ့ မစ္စတာဂျိုးအဲလစ် ရဲ့မျက် မှောက်ကြီးကြပ်ကွပ်ကဲမှုနဲ့ စစ်ဆေးရေးအဖွဲ့ တစ် ခုလုံးဟာ စက်တင်ဘာ ၁၁ ရဲ့ ဖြစ်ရပ်ထောင့် အားလုံးကို လေ့လာဆန်းစစ်ခဲ့ကြတယ်။ အဲဒီလေ့ လာဆန်းစစ်မှုရဲ့ အနှစ်ချုပ်ကတော့-
““လေယာဉ်ပျံကို ပြန်ပေးဆွဲတဲ့ စွပ်စွဲချက် ကို အရဗ်တို့အပေါ်ပြစ်တင်ပုံချခဲ့ခြင်းဟာ လေးနက် ပြီး အန၊ာယ်ကြီးမားလှတဲ့ လုပ်ကြံမှုရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တယ်။ ရှေးယခင်ကလည်း ပြုလုပ် ခဲ့ဖူးတယ်။ စုံစမ်းလေ့လာတဲ့အဖွဲ့ဟာ ပြန်ပေးဆွဲခံရ တဲ့လေယာဉ်ရဲ့ ခရီးသည် စာရင်းနဲ့တိုက်ခိုက်သူတွေ ရဲ့အမည်စာရင်းအားလုံးကို ရိုက်နှိပ်ထားခဲ့တယ်။


Myanmar Express 

Johns Hopkins တက္ကသိုလ် ၏ ဖိတ်ကြားချက်အရ ဘလွန်းဘတ် ကျောင်းတွင် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ကျန်းမာရေး အခြေအနေများကို ဟောပြော

From : YPI

Johns Hopkins တက္ကသိုလ် ၏ ဖိတ်ကြားချက်အရ ဧပြီလ ၁၀ ရက်နေ့တွင်ကျင်းပခဲ့သော ဘလွန်းဘတ် ကျောင်း တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်သည် မြန်မာနိုင်ငံ ၏ ကျန်းမာရေး အခြေအနေများကို ဟောပြောသွားခဲ့သည် ဟု ဂျွန်ဟော့ကင်း တက္ကသိုလ် ထုတ်စာ စောင် တွင် ရေးသား ဖော်ပြခဲ့ကြောင်း သိရသည်။

Johns Hopkins တက္ကသိုလ်ရဲ့ ပါမောက္ခ (ဥက္ကဌ) Ronald J.Daniels ဖိတ်ကြားချက်အရ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် အရာရှိ၊ အမှုဆောင် အဖွဲ့ဝင်များသည် တစ်ပတ်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အလည် အပတ်ရောက်ရှိ ခဲ့သော ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၏ကျန်း မာရေးစောင့် ရှောက်မှု စနစ် တိုးတက် ကောင်းမွန်လာစေရေး အတွက် Johns Hopkins တက္ကသိုလ်နှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဌာ နပူးပေါင်း လုပ်ကိုင်နိုင်ရေး အလားအလာကို ရှာဖွေရန်ဖြစ်ကြောင်း သိရ သည်။

တိုတောင်းလှသော ခရီးစဉ်တွင် ပြည်သူ့ကျန်းမာရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ပူးပေါင်းလုပ်ကိုင်ရေးနှင့် အထောက် အကူ ရရှိရေး အတွက်အခြေအနေများ ရှာဖွေနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဒေါက်တာ ဖေသက်ခင်က ပြောကြား ခဲ့သည်ဟု သိရ သည်။

နှစ်ပေါင်း၅ဝ အတွင်း မြန်မာအ စိုးရဝန်ကြီး တစ်ဦးအနေဖြင့် US သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း Bloomberg School မှ ကျောင်း အုပ် Michael J. Klag က အဖွင့်မိန့်ခွန်း တွင်ပြောကြားသွားခဲ့ကြောင်း၊ အမေ ရိကန် နိုင်ငံခြား ရေး ဝန်ကြီးဌာန မှ သိရှိရ သည်။ မြန်မာနိုင်ငံတွင် ကြီးမားသော အလားအလာရှိနေရာ ထိုအလား အလာ၏ သင်္ကေတ အထိမ်းအမှတ်အဖြစ် ဒေါက်တာ ဖေသက်ခင်က အလုပ်အကျွေးပြုကြောင်း Klag က ထုတ်ဖော် ပြော ကြားသွား ခဲ့သည်။ ဒေါက်တာ ဖေသက်ခင်၏ ပဓာန ကျသောရည်မှန်းချက်နှစ်ခုမှာ မြန် မာပြည်သူများ သက်တမ်းပြည့်နေနိုင် ရေးနှင့် ပြည်သူတိုင်း ရောဂါဘယ ကင်းဝေးစေရေးဖြစ်ကြောင်း သိရသည်။ ပြည်တွင်း တွင် ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်သားများ၊ အရည် အချင်းပြည့်ဝသော ကျန်းမာရေး ပညာ ပေးသူများ ကျန်းမာရေးဆိုင်ရာအသုံး အဆောင်ပစ္စစည်းများ အားနည်းနေမှု ကို ၎င်းက ပြောဆို သွားခဲ့ကြောင်း သိ ရသည်။

health2.jpg

ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်

အင်အား တောင့်တင်းပြီးအရည် အချင်းပြည့်ဝသော လုပ်သားအင် အားလိုအပ်နေကြောင်း၊ နိုင်ငံတကာ ဦးရေ၏ ၇ဝရာခိုင်နှုန်းမှာ ကျေးလက် တောရွာများတွင် နေထိုင်လျက်ရှိကြ ရာ ထိုဒေသများမှ မိခင်များနှင့် က လေးသူငယ်များ အတွက် ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်မှုသည် ဦးစားပေး အလုပ်ဖြစ်ကြောင်း ၎င်းကပြောဆို သွားခဲ့သည်။

စိန်ခေါ်မှုများ နှင့်ရင်ဆိုင်နေရ သော်လည်း လွန်ခဲ့သောသုံးနှစ်က မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး ဘွဲ့လွန်ကျောင်း တစ်ကျောင်း ဖွင့်လှစ် နိုင်ခဲ့ခြင်းနှင့် Bloomberg School တွင် အနာဂတ်ကာလ၌ မြန်မာပြည် မှ ကျောင်းသား များတွင် ကူးစက်ရော ဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင် ရာပညာရပ် နွေရာသီ သင်တန်းတက် ရောက်နိုင်ရေး ညှိနှိုင်းမှုပြုလုပ် နိုင်ခဲ့ သဖြင့် အားတက်မိကြောင်းဒေါက် တာဖေသက်ခင်က ထုတ်ဖော်ပြော ကြားခဲ့ကြောင်း သိရသည်။

ကျန်းမာရေး စနစ်ပြုပြင်ပြောင်း လဲမှုအတွက် အကြီးမားဆုံးအဟန့် အတားမှာ နှစ်ပေါင်းများစွာအထက် မှ အမိန့်ပေးစနစ်ကို ခေါင်းငုံ့လိုက်နာ ခဲ့ရသည့် ပုံသေကားချပ်စိတ်ဓတ်မျိုး ကို ပြုပြင်ပြောင်းလဲရေးပင်ဖြစ် ကြောင်း၊ ယခုကာလသည် မြန်မာနိုင် ငံအတွက် ဒီမိုကရေစီသားပေါက်စ အရွယ်သာရှိနေသေး၍ ကမ္ဘာပြည် သူများအနေဖြင့် သည်းခံပေးကြပါ ရန် ၎င်းင်းက တိုက်တွန်း ပြောကြားခဲ့ သည်ဟု သိရသည်။

Myanmar Express

ဦးမင်းကိုနိုင် ငွေတောင်းခိုင်းလို့ သွားတောင်းသည့် ၈၈ မျိုးဆက် ၅ ဦး အဖမ်းခံနေရ

တောင်ငူမြို့ "စည်ပင်ဂိုဏ်းအုပ်ကျောင်း" ဆရာတော် ဦးဥာဏိဿလင်္ကာရထံမှ ဦးမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသား တို့ ငွေတောင်းခိုင်းလို့ ကျပ်လေးသိန်းတစ်ကြိမ်၊ ငါးသိန်းတစ်ကြိမ် လာရောက်တောင်းယူခဲ့သူ ၈၈ မျိုးဆက် ငါးဦးကို ဆရာတော်က တိုင်ကြားလိုက်လို့ တောင်ငူရဲစခန်းက ဖမ်းလိုက်ပြီလို့ သတင်းရရှိပါတယ်။ ငွေတောင်းရာတွင် အသုံးပြုခဲ့ကားကိုလည်း ယင်းရဲစခန်းတွင်ပင် သိမ်းဆည်းထားကြောင်းသိရပြီး ယင်း ၈၈ မျိုးဆက် တို့ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးမှာ ဖြစ်ပါတယ်။

မင်းကိုနိုင် ဟာ အခုလိုပဲ အကျီဖြူဝတ်ထားတဲ့ လူတွေလွှတ်ပြီး ဘုန်းကြီးကျောင်းတွေမှာ လိုက်ကာ ပိုက်ဆံတောင်းတတ်ကြောင်းနဲ့ ကျောင်းသားတွေ အကျိုးဆောင်ရွက်ဖို့ တောင်းတယ် လို့ ပြောကြောင်းကို ပဲခူးမြို့က ဆရာတော် တစ်ပါး
မှ အခုလို မိန့်ကြားပါတယ် "ဦးဇင်းတို့ကတော့ ကိုယ့်မှာလည်း သိပ်မရှိတော့ အများကြီးမပေးနိုင်ဘူး... မပေးနိုင်ဘူးဆိုပေမယ့်လည်း စုစုပေါင်း ၆ သိန်း ၇ သိန်းလောက်တော့ ရှိမယ်ထင်တယ်... ဒီလိုပဲ ခဏခဏ တော့ လာတောင်းတယ်.... အစိုးရက နိပ်စက်လို့ ကျောင်းသားတွေကို ကူညီဖို့လို့ပြောတာပဲ..." လို့ မိန့်ကြားသွားပါတယ်။

ဦးမင်းကိုနိင် နဲ့ အဖွဲ့ ဟာ မြန်မာနိုင်ငံ အနှံ့လျှောက်သွားနေကြပြီး ကချင် ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ ဘုန်းကြီးကျောင်းများသို့ သွားရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပြီး အခု အဖမ်းခံရသူ ၈၈ မျိုးဆက် ၅ ဦး နဲ့ ပတ်သက်ပြီး ဦးမင်းကိုနိုင်တို့ဖက်မှ တစုံတရာ ကြေညာချက် ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

၈၈ မျိုးဆက်များအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မသိသလို နေနိုင်ကြောင်း နဲ့ အရင် ဦးဌေးကြွယ်တုန်းက ဒေါ်စန္ဒာမင်းနဲ့ အတူအိပ်ခဲ့တာကိုလည်း ၈၈ မျိုးဆက်တို့ ခုထိ ဘာမှ ပြန်မဖြေရှင်းနိုင်ပဲ ဖြစ်ခဲ့ကြောင်းကို မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးက အခုလို ပြောပြပါတယ်.... "၈၈ ခေါင်းရှောင် တွေကတော့ ထုံးစံအတိုင်း ခေါင်းရှောင်ဖို့ များတယ်ဗျ... သူတို့မသိဘူး.. မဟုတ်ဘူး... ပေါ့... ကြားထဲက တောင်းခိုင်းလို့ သွားတောင်းတဲ့ ၅ ယောက်ကိုတော့ ထောင်ကျကျ သေသေ ဂရုစိုက်ကြမှာ မဟုတ်ဘူး... ဒေါ်စန္ဒမင်းနဲ့ ကိုဌေးကြွယ် အတူအိပ်တုန်းက အဲလိုပဲ... " လို့ ပြောပါတယ်။

ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဌေးကြွယ် တို့ ဦးစီးတဲ့ ၈၈ ကျောင်းသား များ အားလုံးဟာ အခုချိန်ထိ လက်ဆုတ်လက်ကိုင် ပြနိုင်စရာ အခြေတကျ စီးပွားရေးလုပ်ငန်း တစ်ခုမှ မရှိပဲ သွားလာ သုံးစွဲ စားသောက်နေတာနဲ့ ပတ်သက်ပြီး ပြည်သူအများက စိတ်ဝင်းစားလျှက် ရှိနေချိန်မှာ အခုလို ဘုန်းကြီးကျောင်းတွေကနေ ပိုက်ဆံလိုက်တောင်း တဲ့ သတင်း ထွက်လာတာ ဖြစ်ပါတယ်။



Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ခရီးသွားရောက်မည်



 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သောကြာနေ့ (ဧပြီလ ၂၀ ရက်နေ့ )တွင် ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ခရီးသွားရောက်မည် ဖြစ်ကြောင်းသိရှိရသည်။ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း သမ္မတ ဦးသိန်းစိန်သည် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှီဟီကိုနိုဒါနှင့် ၂၂ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း ကို ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းဌာန များသို့ ပြောကြားခဲ့သည်။ယခု ခရီးစဉ်သည် နှစ်ပေါင်း ၂၈ နှစ်အတွင်း မြန်မာအစိုးရမှ အဆင့်မြင့်ဆုံးပုဂ္ဂိုလ် တစ်ဦး ဂျပန်နိုင်ငံသို့ ခရီးသွားရောက်ခြင်းလည်း ဖြစ်သည်။


Myanmar Express 

မိန်းမတောင်းတဲ့ ဦးညီညီလွင် ( ဦးဂမ္ဘီရ ) တံပိုးနှင့် အရိုက်ခံရ


ရဟန်းဘ၀မှ လူဝတ်လဲခဲ့သော ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်သည် ဧပြီလ ၁၇ ရက်နေ့ မနက် ၆ နာရီခန့်က ပေါက်မြို့နယ်၊ အောင်တံခွန်ရပ်ကွက်ရှိ လေသာကျောင်းတွင် လူဝတ်လဲပြီး၊ ညနေ ၃ နာရီတွင် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်ရှိ ဦးလှကျော်၊ ဒေါ်တင်စိန်တို့ သမီး မပပ၀င်းအား သွားရောက်တောင်းရမ်းခဲ့ပါတယ်။ ဒီလိုတောင်းရမ်းချိန်မှာ ဦးညီညီလွင်မှ “ ငါလူထွက်ရင် ငါ့ကို လက်ထပ်မယ်လို့ နင်ပြောထားတာ၊ ခုငါ နင့်ကို လက်ထပ်ဖို့ လူထွက်လာပြီ၊ ဒီမှာ မင်္ဂလာဆောင်မယ့် စရိတ် ” ဟုပြောဆိုကာ ငါးထောင်တန်အုပ်များကို ပစ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မပပ၀င်းမှ “ ရှင်နှင့်ကျမ ပတ်သတ်မှုမရှိခဲ့ပါဘူး။ ဒါကြောင့် ပြန်သွားပါ ” လို့ ပြောဆိုခဲ့ပေမယ့် ဦးညီညီလွင်မှ အတင်းအကြပ်လက်ထပ်ရန်ပြောဆိုခဲ့သဖြင့် မပပ၀င်းမှ အနီးရှိ ရေထမ်းပိုးနှင့် ကောက်ရိုက်လိုက်ရာ ခေါင်းကွဲသွားခဲ့ပါတယ်။ ယခုအခါ ဦးညီညီလွင်သည် လေသာကျောင်းတိုက်တွင် နေထိုင်ရင်း ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိပါတယ်။


Myanmar Express

ကင်ဆာကု ဆေးသစ်တစ်မျိုး အီရန် သုတေသန ပညာရှင်များ တီထွင်

From : MRTV4


ဟားဗာဒ့် ဆေးတက္ကသိုလ်မှ အီရန် သုတေသန ပညာရှင် Omid Farrokhzad မှာ ပိုမို ကောင်းမွန်သည့် ကင်ဆာ ကုဆေးသစ် တစ်မျိုးကို ထုတ်ဖော် ပြသခဲ့ကာ
ယင်းမှာ တိရစ္ဆာန်များတွင် ဖြစ်ပေါ်သည့် ကင်ဆာဆဲလ်များကို စမ်းသပ် ကုသရာတွင် အောင်မြင်ခဲ့ကြောင်း သိရသည်။ Omid Farrokhzad နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များမှာ နာနို ပမာဏ အဆင့်အထိ အဆိုပါ ဆေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ယင်းဆေးမှာ ပုံမှန် ဓါတု ကုထုံးများတွင် ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုး များ ဖြစ်ပေါ်ခြင်း မရှိကြောင်းလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။

နာမည် ထင်ရှား သည် ဓါတုကုထုံး ကုသမှုမှာ ကင်ဆာဆဲလ်များကို သတ်ရုံသာမက ကျန်းမာသော အခြား ဆဲလ်များကိုလည်း ပျက်စီးစေကြောင်း သိရသည်။  ယခု ကုထုံးမှာ ဓါတု ကုထုံးမှ ဖြစ်ပေါ်သည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်လာခြင်း မရှိဘဲ တိရစ္ဆာန်များတွင် စမ်းသပ်ချက် အရ အဆိုပါ ဆေးမှာ ဓါတု ကုထုံးထက်စာပါက ၅၀၀ မှ ၁၀၀၀ ရာနှုန်း အထိ ဘေးထွက်ဆိုးကျိုး နည်းပါးစေကြောင်းလည်း Omid Farrokhzad မှ ရှင်းလင်း ပြောကြားခဲ့သည်။ ယခုဆေးကို ဆေးကုခန်းများတွင် စမ်းသပ် အပြီးတွင် ဈေးကွက်သို့ နောက်ထပ် ငါးနှစ်အတွင်း ရောက်ရှိလာမည့် ဖြစ်သည်ဟု ၎င်းမှ ပြောခဲ့သည်။ ဟားဗာဒ် တက္ကသိုလ်မှာ ယခုဆေးကို ကင်ဆာ ကုထုံးများ အတွင်း ပါရာဒိုင်း အရွေ့ တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြောင်းလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။

 Myanmar Express 

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း

From :သန်းမင်းထွဋ်


ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည်  ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။  ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။  ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

  Myanmar Express 

နျူကလီးယား လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်မည့် အီရန်နိုင်ငံ

From : MRTV4


အီရန်နိုင်ငံခြားရေးဝန်ကြီး Ali Akbar Salehi က ယခု တစ်ကြိမ်ကျင်းပတဲ့ အင်အားကြီး နိုင်ငံ ၆နိုင်ငံနဲ့ အီရန်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုဟာ
ယုံကြည်မှုကို တည်ထောင်နိုင်မယ့် အခွင့်အရေးဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အီရန်နိုင်ငံ ခြားရေးဝန်ကြီးက တီဟီရန်မြို့သို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Yukio Hatoyama နဲ့ ပြီးခဲ့တဲ့စနေနေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
 
နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံ ဟာ နျူကလီးယား လုပ်ငန်းစဉ်တွေကို အလျှော့ပေးမှာ မဟုတ်ကြောင်း သူကဖြည့်စွက် ပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ကလည်း ပြီးခဲ့တဲ့နှစ်က ငလျင်နဲ့ ဆူနာမီဘေးဒဏ် ကြုံတွေ့ခဲ့ရတဲ့ ဂျပန်ပြည်သူတွေကို အီရန်နိုင်ငံမှ ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
 
အီရန်နဲ့ အင်အားကြီးနိုင်ငံ ၆နိုင်ငံတို့ဟာ ၂၀၁၀ခုနှစ် ဒီဇင်ဘာလက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သလို ၂၀၁၁ခုနှစ် ဇန်န၀ါရီလမှာလည်း တူရကီနိုင်ငံ အစ်္စတန်ဘူလ်မြို့မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။ အီရန်နိုင်ငံအနေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်သွားဖို့ အသင့်ရှိကြောင်း ဒါပေမယ့် ရပိုင်ခွင့်အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခံမှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
 Myanmar Express 

ကမ္ဘာ့သြဇာရှိဆုံး အယောက် (၁၀၀)တွင် ဒေါ်အောင်ဆန်းစုကြည်မပါဝင်တော့

 လေးစားစရာကောင်းသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

Time မဂ္ဂဇင်းမှ နှစ်စဉ်နှစ်တိုင်းကြေညာပေးသော ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀)တွင် မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်ခဲ့သည်။သို့သော် နောက်ဆုံးစာရင်းပိတ်
မဲစာရင်းများ အရ ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝပါဝင်ခြင်းမရှိတော့ ဘဲ ထုတ်ပယ်ခံလိုက်ရကြောင်း တွေ့ရှိရသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့  ယခုအချိန်ထိ ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀) ထဲတွင် ဆက်လက်တည်ရှိနေပါသည်။


Time မဂ္ဂဇင်းမှ နောက်ဆုံးအတည်ပြုထားသော အယောက် (၁၀၀)စာရင်းအား ကြည့်ရူ့ရန်

Myanmar Express 
 

သျှမ်းမျိုးနွယ်စုများကို အတင်းအဓမ္မလူသစ်မစုရန် KIA ကို SSA အကြောင်းကြားမည်

From : မေ့ချစ်သား

  
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် KIA မှ အင်အားလျော့နည်းလာခဲ့တဲ့အတွက် ဒေသခံသျှမ်းလူမျိုးများမှာ KIA ရဲ့ လူသစ်စုဆောင်းခြင်းကို ခံနေရပါတယ်။ KIA ဆိုတာ ကချင်လွတ်မြောက်ရေး တပ်မတော်လို့အမည်ရပြီးတော့ ကချင်ပြည်နယ်က ကချင်မျိုးနွယ်စုတွေနဲ့ ဖွဲ့ထားတာပါ။ ဒီလိုမျိုးဆိုင်ရာဆိုင်ရာ မျိုးနွယ်စုတွေနဲ့ဖွဲ့ထားတဲ့ တိုင်းရင်းသားအဖွဲ့ အမျိုးမျိုးဟာဒေသအလိုက်ရှိကြပါတယ်။
သျှမ်းမျိုးနွယ်စုတွေနဲ့ သျှမ်းပြည်အတွက်လည်း သျှမ်းပြည်တပ်မတော် ဆိုတာရှိပါတယ်။ ဒီအဖွဲ့ ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ အတွက်သဘောတူညီပြီးလို့လက် မှတ်ရေးထိုး ပြီးပါပြီ။ သျှမ်းပြည်နယ် အတွင်းမှာလည်း အပစ်အခတ် များမရှိတော့လို့ အေးဆေးစွာနဲ့ ရောင်းဝယ် ဖောက်ကား သွားလာနိုင်နေကြပါပြီ။ သျှမ်းပြည် တပ်မတော် မှာ ကချင်မျိုးနွယ်စုတွေမရှိပါဘူးလို့ ပြောနိုင် ပေမဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှာတော့ သျှမ်းလူမျိုး KIA တပ်ဖွဲ့ဝင်တွေရှိပါတယ်။ အစိုးရနဲ့ အပစ်အခတ် မစတင်မီ အချိန်များ ကပင် ကချင် ပြည်နယ်မှာ နေထိုင်တဲ့ သျှမ်းမျိုးနွယ်စုများအား KIA တပ်ဖွဲ့အတွင်းအမှုထမ်းရန် အတင်းအဓမ္မ ခြိမ်းခြောက် ၀င်ရောက်ခိုင်းပြီး စစ်သင်တန်း များတက်ခိုင်းနေပါတယ်။


ငြိမ်းချမ်းရေးဆွေးနွေးချိန်မှာ နယ်မြေတိုးချဲ့ဖို့နဲ့ တပ်အသစ်များဖွင့်နိုင်ဖို့အတွက် ရည်ရွယ်ပြီး KIA မှ စစ် သင်တန်းများဖွင့်ကာ အင်အားဖြည့်တင်းမှုများပြုလုပ်နေခဲ့ပြီး KIA မုန်လိုင်ချက်သင်တန်းကျောင်းမှာ စစ်သင်တန်းဖွင့်လှစ်ရန်အတွက် ကျေးရွာများမှလူလတ်ပိုင်းအမျိုးသားများကို အဓိကထားစုဆောင်းနေ ခဲ့ပါတယ်။ မုန်လိုင်ချက်သင်တန်းအတွက် သျှမ်းလူမျိုးများ အများဆုံးနေထိုင်တဲ့ တာလောကြီး၊ ရွှေညောင်ပင်၊ အောင်မြေ(၁) ရွာများမှ ရွာသား ၈၀ ဦးစုဆောင်းခဲ့ပြီး KIA တပ်ရင်း(၃) ဆိုင်းအောင်မှာ သင်တန်းပေးဖို့အတွက် သျှမ်းလူမျိုး ရွာသား ၈၆ ဦးဖမ်းဆီးခံခဲ့ရပါတယ်။ လူသစ်စုဆောင်းဖမ်းဆီးခံခဲ့ရတဲ့ ရွာသားအများစုဟာ သျှမ်းမျိုးနွယ်စုများ ဖြစ်ကြပြီး ကြောက်လန့်သည့်အတွက် ကြောင့်သာ စစ်သင်တန်းတက်နေကြရပါတယ်။
မုန်လိုင်ချက်နှင့် ဆိုင်းအောင်မှာဖွင့်ထားတဲ့ KIA စစ်သင်တန်းပြီးဆုံးပါက KIA မှ ကချင်ပြည်နယ်မှ သျှမ်းလူမျိုးများဖြင့် တရုတ်-မြန်မာနယ်စပ်မှာ တပ်ရင်းတစ်ရင်းတိုးချဲ့ဖွင့်လှစ်ရန် ဇန်န၀ါရီလ လဆန်းပိုင်းမှစတင်ပြီး မြေယာရှင်းလင်းခြင်းလုပ်ငန်းများကို စတင် လုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။
သျှမ်းလူမျိုးများအား KIA မှာ အမှုထမ်းခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး “ KIA ကိုအကြောင်းကြားဆက်သွယ် သွားမှာပါ သူတို့သဘောနဲ့စိတ်ပါလို့ သူတို့ဝင်တာကို ကျွန်တော်တို့ သျှမ်းပြည်တပ်မတော် SSA အနေနဲ့ ဘာမှ မပြောလိုပါဘူး။ ဒီလိုမျိုးစိတ်မပါတဲ့ သျှမ်းလူမျိုး မျိုးနွယ်စုတွေကို အတင်းအဓမ္မ လူသစ်မစုဆောင်းဖို့ မတရား မနှိပ်စက်ဖို့ အခုလိုဖမ်းဆီးပြီး စစ်သင်တန်းပေးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ဆက်သွယ်အကြောင်းကြားသွား မှာပါ “ ဟု RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး လောဝ်ဆိုင်မှ ပြောပြသွားပါတယ်။
RCSS/SSA အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးကာ သဘောတူညီမှုရရှိခဲ့လို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

Myanmar Express 

KIA မှ အမြင်မှန်ရတဲ့လူတွေ အလင်းဝင်လာကြပြီ

 From : မျိုးသန့်





 မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ အရာရှိ ၊စစ်သည် ၃ဦး အားအကြောင်းမဲ့
ဖမ်းဆီးခဲ့ရာမှစတင်ဖြစ်ပေါ်လာတဲ့ KIAနှင့်မြန်မာစစ်တပ်ကြား တိုက် ပွဲများဟာ တဖြည်းဖြည်းအရှိန်မြင့်လာကြရာ ပြည်တွင်းမီဒီယာသာမက ပြည်ပမီဒီယာများပါ စိတ်ဝင်တစားဖြစ်လာခဲ့ရတာဟာရနေ့တိုင်ပါ။

မြန်မာစစ်တပ်ရဲ့ပိတ်ဆို့တိုက်ခိုက်မှု၊KIAရဲ့ ခံစစ်အားကောင်းမှု နယ်မြေစိုးမိုးကျွမ်းကျင်မှုတွေကြောင့် တမြေ့မြေ့လောင်ကျွမ်းခဲ့တဲ့ ဖွဲမီးလိုတိုက်ပွဲတွေဟာဖြစ်ခဲ့ကြပါတယ်။

အပြစ်မယ့်တဲ့ပြည်သူတွေ ဟာ ဒုက္ခသည်တွေဖြစ်ခဲ့ကြတယ်လို့ KIO ဘက်ကလဲပြောသလို မြန်မာစစ်တပ်မှအရာရှိတစ်ဦးကလဲ ဒုက္ခသည်
ဆိုတာ KIO မိသားစုဝင်တွေသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထာဝရငြိမ်းချမ်းရေးသည်သာအကောင်းဆုံးဖြစ်တယ်ဆိုတာကို နှစ်ဦး နှစ်ဖက် သိဖို့လိုပါတယ်။အစိုးရနဲ့ ညှိနှိုင်းနေစဉ်မှာဘဲ KIO ဘက်ကတပ်ကြပ် အဆင့်ရှိကျော်ဆန်း ခေါင်းဆောင်သော တပ်မဟာ(၅) လက် အောက်ခံ တပ်ဖွဲဝင် ၃၅ယောက် ဟာ မြစ်ကြီးနားမြို့နယ် တာလောကြီးနယ်မြေရှိ တပ်မတော်စခန်းသို့ ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီးလက်နက်ငယ် မျိုးစုံဖြင့် ငြိမ်းချမ်းရေးဝင်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ယနေ့ဧပြီလ(၁၇)ရက်နေ့တွင်လဲ မြစ်ကြီးနားမြို့တပ်စခန်းသို့ KIAတပ်ဖွဲ့ဝင် (၂)ဦး တာလောကြီးတပ်စခန်းသို့ တပ်ဖွဲ့ဝင်(၅)ဦး ထပ်မံဝင်ရောက်လာ ကြောင်း စုစုပေါင်းတပ်ဖွဲ့ဝင် ၄၂ ဦးအလင်းဝင်ရောက်ခဲ့ကြကြောင်း သိရှိ ရပါတယ်။

အစိုးရ၊တပ်မတော်၊လူထုခေါင်းဆောင်တို့ ပေါင်းပြီးငြိမ်းချမ်းရေး ဖော်ဆောင် သင့်ပါပြီ။နိုင်ငံတကာမှာခေတ်မီတိုးတက်နေတဲ့ပြောင်းလဲနေတဲ့ဖွံ့ဖြိုးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ သူတစ်လူ ငါတစ်မင်းမြန်မာအကျင့် ဖြစ်နေရင် တော့ မြန်မာတွေထီးနန်းပျောက်ပြီးတိုင်းပြည်ပျောက်သူတစ်ပါးအောက် ရောက်ခဲ့ရတာကိုပြန်ပြောင်းသတိရစေခြင်ပါသည်။

Myanmar Express 

ရှင်သန်လာသော မြန်မာနိုင်ငံတော် ( ပေးစာ - ၁၃၂)

Fromး Asia Masters





 လူသားတွေ နေထိုင်တဲ့ နေစင်္ကြာဝဠာဟာ တစ်ခြား စင်္ကြာဝဠာတွေနဲ့ မတူပါ။ မတူရတဲ့အဓိက အချက်က လူသားတွေနေထိုင်တဲ့ စင်္ကြာဝဠာမှာ သက်ရှိတွေရှင်သန်နိုင်တဲ့ တစ်ခုတည်းသော ကမ္ဘာကြီး ပါဝင်နေလို့ပါပဲ။ ဒီကမ္ဘာမှာ သက်ရှိသတ္တ၀ါတွေရှင်သန်နိုင်တယ်။ ရှင်သန်နိုင်လောက်တဲ့ ပတ်ဝန်းကျင် အခြေအနေ တွေရှိနေ သေး တယ်။ သက်ရှိသတ္တ၀ါတွေနဲ့ အတူ လူသားများလည်းရှင်သန်ကြတယ်။ တခြားသက်ရှိသတ္တ၀ါတွေ ရှင်သန်တာနဲ့ လူသားတွေရဲ့ရှင်သန်မှုမတူပါ။ ဒီလိုမတူညီလို့လဲ လူသားတွေဟာ တစ်ခြားသတ္တ၀ါအားလုံးကို ကြီးစိုးနိုင်တဲ့ မဟာလူသားတွေဖြစ်လာပါတယ်။ တခြားသတ္တ၀ါတွေရှင်သန်မှုမှာက ရုပ်ပိုင်းခန္ဒာရှင်သန်မှုသာ ပါဝင်ပါတယ်။ အသိဥာဏ်ပိုင်းဖွံ့ဖြိုးနိုင်တဲ့ စိတ်ဝိဥာဉ် မပါဝင်ပါ။

လူသားတွေရှင်သန်မှုမှာက ရုပ်ပိုင်းခန္ဒာနဲ့ စိတ်ဝိဥာဉ်နှစ်ခုစလုံးပါဝင်ပါတယ်။ ဒါကြောင့်လူသားတစ်ဦးရှင်သန်မှုဆိုတာက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုနဲ့အတူ စိတ်ဝိဥာဉ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လည်းလိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဒာ၊ စက်ပစ္စည်း၊ အဆောက်အဦ၊ အသုံးဆောင်အားလုံးဟာ ရှင်သန်မှု သံသရာအရ သက်တမ်း ရှိသလောက်သာ တည်တံ့ အသုံးဝင်ကြတယ်။ လူသားတွေမှာဆိုရင် မွေးဖွားမယ်၊ ကြီးပြင်းမယ်၊ အိုမင်းလာမယ်၊ သေဆုံးမယ် ဒါဟာ ရှင်သန်မှုသံသရာဖြစ်တယ်။ စက်ပစ္စည်းတွေဆိုရင် တီထွင်မယ်၊ သုံးစွဲမယ်၊ အိုဟောင်း လာမယ်၊ ပျက်စီးမယ် အစရှိသည်ဖြင့် သံသရာလည်ကြတယ်။ ဒါပေမဲ့ စိတ်ဝိဥာဉ်ရဲ့ သဘောကတော့ ဒီလိုမဟုတ်ပါဘူး။ သိမှုတွေနဲ့ ကျွမ်းကျင်မှုတွေကို တဖြည်းဖြည်းမြင့်မားလာအောင်လုပ်ရတယ်။ လူသားတစ်ဦးဟာ မွေးကင်းစ ကာလက ငိုခြင်းတစ်ခုကိုသာ တတ်ပါတယ်။ ဒါပေမဲ့ သု့ရဲ့ အထုံပါရမီနဲ့ ပတ်ဝန်း ကျင်တို့ရဲ့ လွှမ်းမိုးမှုကြောင့် အသိဥာဏ် အမြင့်မားဆုံးအဆင့်ကို ရောက်ရှိသွားသူတွေရှိတယ်။ တချို့ကလည်း မှားယွင်းတဲ့ အယူအဆတွေ ကြောင့် စိတ်ဝိဥာဉ်သေဆုံးသွားပြီး ရှင်သန်ဖွံ့ဖြိုးမှုတွေ ဆိတ်သုန်းသွားတာမျိုးတွေလည်းရှိတယ်။

ရုပ်ပိုင်းဆိုင်ရာရှင်သန်ခြင်းမှာ အမြဲတမ်းတွေ့ရတဲ့ သဘောသဘာဝတွေရှိတယ်။ ရှင်သန်ပြီဆိုတာနဲ့ လှုပ်ရှားမှုရှိတယ်။ ကြီးထွားမှုရှိတယ်။ အသွင်ပြောင်းဖွံ့ဖြိုးမှုရှိတယ်။ ပြီးရင် တဖြည်းဖြည်းအိုဟောင်းလာမယ်၊ နောက်ဆုံး ပျက်စီး၊ ပုတ်သိုး၊ သေဆုံးမယ်။ စိတ်ဝိဥာဉ်ပိုင်းကတော့ ဒီသဘောမျိုးမဟုတ်ပါဘူး။ စိတ်ဝိဥာဉ်ရှင်သန်ခြင်းသဘောဟာ အလင်းရောင်နဲ့တူတယ်။ အလင်းရောင်ရှိရင် အမှောင်ဆိုတာရှိရတာပေါ့။ အမှောင်ဆိုတာ သေဆုံးခြင်းသဘောဖြစ်တယ်။ အမှောင်ကြောင့် လူသားတွေဟာ ဘယ်အရာကိုမှ သဲသဲကွဲကွဲမမြင်နိုင်ပါ။ မမြင်နိုင်တော့ စမ်းတ၀ါးဝါးဖြစ်ရတယ်။ စမ်းတ၀ါးဝါးဖြစ်ရတော့ များများ မသိပါ။ များများမသိတော့ အမြဲတမ်းအားငယ်နေလေ့ရှိတယ်။ ကြောက်ရွံ့မှုတွေနဲ့သာနေရတယ်။ အမြင်ကျဉ်းမြောင်းမှု တွေဟာ မာနစိတ်နဲ့ မနာလိုဝန်တိုမှုများကို ဖြစ်ပေါ်စေတယ်။ စိတ်ဝိဥာဉ်သေဆုံးနေသူများဖြစ်တဲ့အတွက် အမြဲတမ်းဖေါက်ပြန်တဲ့ သူများဖြစ်နေတယ်။ အဆင်မပြေတာများရှိရင် သူများကို အပြစ်ဖို့ ငြီးညူနေသလောက် အဆင်ပြေမှုများရှိလာရင် အရာရာကို မေ့လျှော့ကုန်တယ်။ ယုံကြည်မှုကို အလွယ်တကူ အလွဲသုံးစား လုပ်သူများဖြစ်လာတယ်။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာလိုသူများဖြစ်လာပါတယ်။ မိမိရဲ့ ဘ၀ကို ဘယ်လိုရှင်သန် ဖွံ့ဖြိုး အောင်လုပ်မယ်ဆိုတာမသိပဲ၊ လူအများရဲ့ လေးစားမှုနဲ့ သက်တောင့်သက်သာနေရတဲ့ဘ၀မျိုးကို နေရဖို့သာအမြဲကြိုးစားလေ့ရှိတယ်။ အမှောင်ကြောင့်လမ်းပျောက်နေသူများဖြစ်လာတယ်။ ဒီလူတွေ လုပ်လိုက် တဲ့ အလုပ်တွေအားလုံး ဟာ ပုတ်သိုးကုန်တယ်၊ ပျက်စီးကုန်တယ်။

အလင်းရောင်ဟာ အမှောင်ရဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်။ အလင်းရောင်ကြောင့် လူသားတွေဟာ ပိုမြင်လာနိုင်တယ်။ ပိုပြီး ယုံကြည်လာကြတယ်။ ပိုပြီး နားလည်သဘောပေါက်လာတယ်။ ပိုပြီး နားလည် သဘောပေါက်လာလေလေ သတ္တိရှိသူတွေဖြစ်လာတယ်။ အမှန်တရားနဲ့ မျှတခြင်းကို လက်ကိုင်ထားသူများ ဖြစ်လာကြတယ်။ မိမိနေထိုင်တဲ့ဘ၀နဲ့ လိုအပ်ချက်တွေကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ ဖြစ်လာတယ်။ ရုပ်ခန္ဒာတွေ သက်တမ်းကုန်လို့ သေဆုံးသွားကြသော်လည်း လူသားတွေအတွက် အကောင်းဆုံးကို တီထွင်ထားရစ်နိုင်ခဲ့ကြတယ်။ နောက်ဆုံးထွက်သက်အထိ ကြိုးစားအားထုတ်သူများ ဖြစ်တဲ့အတွက် ဘ၀ကို ကောင်းကောင်းမွန်မွန်နေနိုင်သူများဖြစ်လာတယ်။ ဒါကြောင့် လူသားတွေမှာ ရုပ်ပိုင်းကိုယ်ခန္ဒာ ရှင်သန်ဖွံ့ဖြိုးမှုလည်းအရေးကြီးသလို၊ စိတ်ဝိဥာဉ်ရှင်သန်ဖွံ့ဖြိုးဖို့ကလည်း အတော် အရေး ကြီးတယ်။

စိတ်ဝိဥာဉ်ရှင်သန်ဖို့အတွက် ပြင်းပြတဲ့ယုံကြည်မှုရှိဖို့လိုတယ်။ ကိုယ်ဘယ်အရာကို လုပ်လုပ် ဒီအလုပ်ကို ပြီးမြောက်အောင်လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့ယုံကြည်မှုရှိဖို့လိုတယ်။ ပြင်းပြင်းပြပြ မယုံကြည်သူများဟာ အပေါ်ယံ၊ တာဝန်ကျေပဲလုပ်ဆောင်လေ့ရှိကြတယ်။ ဒီလို အပေါ်ယံ တာဝန်ကျေ လုပ်ဆောင်မှုတွေဟာ အင်ပါယာနိုင်ငံကြီးများကို လဲပြိုစေခဲ့ပြီး၊ အစိတ်စိတ် အမွှာမွှာပြိုကွဲစေခဲ့တယ်။ ပြင်းပြင်းပြပြယုံကြည်ဖို့ဆိုတာက ကိုယ်အခုလုပ်နေတဲ့အလုပ်သည် မှန်ကန်တဲ့အလုပ်လို့ယုံကြည်ရမယ်။ မျှတတဲအလုပ်လို့ယုံကြည်ရမယ်။ မိမိကိုးကွယ်ရာဘာသာရဲ့ အဆုံးအမများ၊ လူသားအများစု လက်ခံ ယုံကြည် ထားတဲ့အမှန်တရားအတိုင်းဖြစ်တယ်ဆိုတာယုံကြည်ရမယ်။ မိမိလုပ်ဆောင်နေတဲ့အလုပ်များဟာ မိမိအတွက် သော် လည်းကောင်း၊ လူသားအားလုံးအတွက်သော်လည်းကောင်း ကောင်းကျိုးကိုဖြစ်စေတယ်ဆိုတာကို ပြင်းပြင်းပြပြ ယုံကြည်ကြရမယ်။ ယုံကြည်လာပြီဆိုရင် ပိုသိသူများဖြစ်လာတယ်။ ပိုသိသူုများဟာ ပိုပြီး ဇွဲရှိသူများဖြစ်လာတယ်။ ပိုပြီး ဇွဲရှိသူများဟာ ကတိတည်ပြီး ဘာသာရေးအဆုံးအမများနှင့် ဥပဒေကို လိုက်နာသူများဖြစ်လာတယ်။ ကတိတည်သူများမှာ ညီရင်းအစ်ကို မေတ္တာတရားကိုဖြစ်စေတယ်။ ညီရင်းအစ်ကို မေတ္တာတရားများလာပြီဆိုရင် လူသားတွေရဲ့ အကျိုးကို လိုလားတဲ့ မေတ္တာကို ဖြစ်စေတယ်။ ဒီမေတ္တာဟာ ပြင်းပြတဲ့ယုံကြည်မှုကို ပြန်ဖြစ်စေတယ်။ ဒီလိုပဲသံသရာလည်တယ်။

မြန်မာနိုင်ငံဟာ ရှင်သန်သောနိုင်ငံတော်ဖြစ်လာတော့မယ်။ ယခုအချိန်အထိ အမှောင်ထုရဲ့ အရိပ်မဲကြီးက ကြီးစိုးနေသေးတယ်။ လူသားတွေရဲ့ စိတ်ဝိဥာဉ်တွေဟာ သေဆုံးနေကြသေးတယ်။ ဒီသေဆုံးနေတဲ့ စိတ်ဝိဥာဉ်တွေကို ရှင်သန်အောင်လုပ်ကြမှရမယ်။ ရှင်သန်ခြင်းအလင်းရောင်ပြပြကို မြင်နေရပြီ။ ဒီအလင်းရောင်းဟာ လူသားတွေအားလုံးလိုအပ်တဲ့ အလင်းရောင်ဖြစ်လာဖို့ အားလုံးကြိုးစားသွားရမယ်။ ကိုယ်ခန္ဒာတွေကို ရှင်သန်ဖွံ့ဖြိုးအောင်ကြိုးစားနေရင်း၊ စိတ်ဝိဥာဉ်ရှင်သန်ဖို့ လုပ်ဆောင်ရမယ်။ စိတ်ဝိဥာဉ်တွေရှင်သန်လာပြီဆိုရင် အမှောင်ထုရဲ့ ကိုယ်စားလှယ်တော်တွေဖြစ်တဲ့ မကောင်းဆိုးရွားတွေကို နိုမ်နှင်းနိုင်မယ်။


 Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ