Subscribe to our RSS Feed

မြို့တော်စည်ပင်မှ သင်္ကြန်မဏ္ဍပ်များအား ရေပေးဝေမည့် အချိန်စာရင်း ထုတ်ပြန်

From : ခေတ်လူငယ်


သင်္ကြန်ရေကစားမဏ္ဍပ်များသို့ ရေပေးဝေမှု အချိန်သတ်မှတ်ချက်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းမှု အင်ဂျင်နီယာဌာနမှ မတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ သင်္ကြန်အကျနေ့မှ အတက်နေ့များတွင် တာမွေ၊ မင်္ဂလာတောင်ညွှန်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်များနှင့် ရန်ကုန်ဆေးရုံးကြီးတို့တွင် ၂၄ နာရီ ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်မြို့များအား အချိန်သတ်မှတ်၍ ခွဲဝေပေးမည်ဖြစ်ပြီး ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်များတွင် နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ် ပေးဝေသွားမည်ဖြစ်ကာ ညနေ ၃ နာရီမှ ၆ နာရီထိ တစ်ကြိမ် သတ်မှတ်၍ တစ်နေ့နှစ်ကြိမ် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အလုံကြည့်မြင်တိုင်နှင့် စမ်ချောင်း မြို့နယ်များတွင် နံနက် ၇ နာရီမှ ၁၀ နာရီထိ ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလပ၊ သင်္ဃန်ကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း) မြို့နယ်များတွင် မူလရေပေးဝေချိန်အတိုင်း ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ရေပေးဝေချိန်အတွင်း ရေပိုက်များပြင်ဆင်ရန် လိုအပ်ပါက ၂၄၉၆၅၅၊ ၂၄၃၅၅၀၊ ၃၈၂၉၈၉၊ ၃၈၂၉၉၀ သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်းသိရှိရသည်။
 
 Myanmar Express 

ရန်ကုန်တိုင်းဒေသကြီး ညဘက်မီးအပြည့်အဝ ပြန်ရမည်



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များကို ဧပြီလ၂ရက်နေ့မှစတင်ကာ မြိုနယ်တစ်ခုလျှင် အုပ်စုအေ၊ ဘီ၊စီ ဟူ၍ ၆ နာရီခြားတစ်ခါ အလှည့်ကျမီးပေးခဲ့ရာမှ ယခုလ၆ရက်နေ့မှ စတင်ပြီး ညလုံးပေါက် မီးအပြည့်အဝ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထုတ်လုပ်မှုညီမျှလုံလောက်မှုမရှိခြင်းကြောင့် ယခုကဲ့သို့သော အလှည့်ကျမီးပေးစနစ်ကို အသုံးပြုခဲ့ရသော်လည်း ယနေ့(ဧပြီလ ၆ ရက်နေ့) မှ စတင်ကာ နယ်စပ်ဒေသများရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်များကို အပြည့်အဝပြန်တိုးမြင့်ထုတ်လုပ်စေကာ ယင်းကဲ့သို့ ပြန်လည်ဓာတ်အားဖြန့်ဖြူးခြင်းဖြစ်ကြောင်း ၄င်း ကဆက်လက်ရှင်းပြသည်။

“ အခုရက်ပိုင်း လျှပ်စစ်မီးက အလှည့်ကျပေးတော့ စက်မှုဇုန်တွေမှာ ကုန်လုပ်စွမ်းအားတွေပြန်ကျနေ တယ်။ ဒါပေမဲ့ သူတို့ ပေးတဲ့အတိုင်းပဲ ကျေနပ်ရမှာပါ “ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုအသင်းချုပ်မှ အထွေထွေအတွင်ရေးမှူးဦးမျိုးသက်က ပြောကြားသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ထက်ဝက်ကျော်ရှိသော ရန်ကုန်မြို့ တော်တွင် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အချိန်ပိုင်း စနစ်ဖြင့်သာ လျှပ်စစ်ဓါတ်အား ဖြန့်ဝေနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ယနေ့ မတ်လ ၂၉ မွန်းလွှဲ ၂ နာရီခန့်တွင် ၎င်း၏ ရုံးခန်း၌ The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု မှာ မြင့်တက်လာခြင်းမရှိဘဲ သုံစွဲမှုမှာ သိသိသာသာ တိုးတက်လာခြင်းကြောင်း ယခုကဲ့သို့အချိန်ပိုင်းဖြင့်သာ မီးပေးရကြောင်း ၎င်းက ဆက်ပြောသည်။

ရေအားလျှပ်စစ်ကိုသာ အဓိက ထုတ်ယူသုံးစွဲနေရသော မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လျှပ်စစ်ဓါတ်အားရရှိမှုမှာ ၁၀၇၀ ဒသမ ၆ မဂ္ဂဝပ် ရှိပြီး၊ ရန်ကုန်မြို့ တွင် သုံးစွဲသော မဂ္ဂဝပ်စုစုပေါင်းမှာ ၅၂၉ ဒသမ ၄ ရှိကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။


Myanmar Express 

နိုင်ငံတော်ကြီးတိုးတက်ချင်ရင် နိုင်ငံကြီးသားစိတ် လေးတွေတော့ ကိုယ်စီရှိနေသင့်တယ်နော် (ပေးစာ-၁၂၇)

Fromး ဒဿ


အော်တော့ အော်နေကြတာပဲ ဘာတွေအော် နေလဲတော့မသိဘူး တစ်ယောက် တစ်မျိုးဆီပေါ့ မြန်မာ ကို ကမ္ဘာ နဲ့ ယှဉ် ပြီး ရင်ဘောင် တန်း
အောင် လုပ်ချင်တယ် ဆိုရင်တော့ ကိုယ့်ဟာ ကို အရင်ပြင်မှရမယ် . ကားဂိတ်ရှိတယ် ကားက ရပ်တာက တစ်ချား ဂိတ်က တစ်ချား ဆီပဲ
ကြားနေရတာတွေကတော့ ရန်ကုန်မှာ မျဉ်းကျားက မကူးတဲ့လူတွေကို လိုက်ဖမ်းနေတယ်... ဖမ်းတော့ ဖမ်းတဲ့လူကို ဆဲလိုဆဲ... ထွက်ပြေးလိုပြေး. ဆိုပဲ အမှိုက်မပစ်ရ ဆိုင်းဘုတ် ရှိရင် အဲ့ နားမှာ အမှိုက်တွေညည ခိုးပီး လာပစ်တဲ့သူတွေ နဲ့ မနက်ကျ အမှိုက်ပုံနဲ့ အဲ့ဆိုင်းဘုတ် က ပျောက်သွားရော .ကွမ်းမထွေးရ ဆိုတဲ့ ဆိုင်းဘုတ်ရှိရင် အဲ့ ဆိုင်းဘုတ်လဲ ကွမ်းတံတွေးတွေနဲ့ စာသားတောင်ပျောက်သွားရောပဲ .5 stars အငြိမ့် ကပြောသလိုပဲ ကမ္ဘာမှာ လမ်းဘေး ရေအိုးစင် ထားတာ မြန်မာ တစ်နိုင်ငံထဲ ရှိတယ် ကွ ဆိုပီးတော့
ရင်ကော့ ခေါင်းမော့ ပီးမနေနဲ့တဲ့ အဲ့ ရေအိုးစင် က ရေခွက် တွေက သံကြိုး တွေ သော့ တွေနဲ့ ဆိုပဲ အားနေ သမ္မတ ကြီးပဲ အားကိုး မနေပါ
နဲ့ အဲ့လို အသေးစိတ် လေးတွေက ကိုယ်တိုင် လိုက်ပါ လုပ်ဆောင်မှ ရမှာလေ အဲ့လိုလေး တွေကို သမ္မတ ကြီးက လိုက်ကြည့်ပီး ပြော ပေး
နေရမှာလား ? မီး မရဘူးဆိုတာ သမ္မတ ကြီးလဲ စဉ်းစားနေမှာပါ လုပ်ပေးမယ် စိတ်ချ ဒဿ ကိုယ့်ဒူးကိုယ်တောင် မယုံ ပေမယ့် သမ္မတ ကြီး
အခုလုပ်ပေးနေတာတွေတော့ ယုံတယ် ။ တစ်ယောက် တစ်မျိုးဆီ အော်နေတာတွေတော့ သူလဲ လိုက်လုပ်မပေးနိုင်ဘူး သေချာတာက
တော့ တစ်ယောက်ချင်းဆီမှာ နိုင်ငံကြီးသား စိတ်တွေ ကိုယ်စီ ရှိနေဖို့တော့လိုမယ်နော် .. တကယ်ပါ ဒို့ နိုင်ငံကြီးတကယ်တိုးတက်တော့မှာ
ဒေါ်စု လဲ မင်းတို့ တောင်းတလို့ ကိုယ်ထင်ပြပီးပီပဲ ။အားလုံးပဲ နိုင်ငံကြီးသားစိတ်လေး ကိုယ်စီ မွေးပေးစေချင်ပါတယ်။

 Myanmar Express 

မြန်မာနိုင်ငံ နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂအဖွဲ့ဝင် ဖြစ်ပြီ



IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂက မြန်မာနဲ့ တောင်ဆူဒန်နိုင်ငံတို့ကို အဖွဲ့ဝင်အဖြစ် ကြာသပတေးနေ့က လက်ခံလိုက်ပါတယ်။
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ရှိတဲ့ IPU မှာတောင်ဆူဒန်က ၁၆၁ နဲ့ မြန်မာက ၁၆၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သွားကြပါတယ်။
ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပနေတဲ့ ၆ ရက်ကြာ IPU ညီလာခံ နောက်ဆုံးနေ့မှာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရာဒီ က- " မြန်မာနဲ့ တောင် ဆူဒန်နိုင်ငံတွေ အသစ်ပါဝင်လာကြလို့ အခုဆိုရင် IPU မှာအဖွဲ့ဝင် ၁၆၂ နိုင်ငံ ရှိသွားပါပြီ။ အခုလို IPU အဖွဲ့ဝင်ဖြစ်လာတာဟာ သက်ဆိုင်ရာ နိုင်ငံတွေအတွက် သူတို့ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ နိုင်ငံသစ်တွေကို IPU က ကြိုဆိုပါတယ်။ သူတို့ တိုင်းပြည်တွေမှာ ပါလီမန် ဒီမိုကရေစီစနစ် အခြေခံအုတ်မြစ်တွေ ခိုင်မာလာအောင် တည်ဆောက်တဲ့နေရာမှာ မိမိတို့က ကူညီထောက်ပံ့ အားပေးကြမှာ ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပါလီမန်ကိစ္စတွေ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရေး၊ တိုင်းပြည် လူထုတွေကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးတို့အတွက် ထူထောင်ခဲ့တာဖြစ်ပါတယ်။

Myanmar Express 

မြစ်ဆုံ စီမံကိန်း ဆက်လက်လုံးဝ လုပ်ဆောင်ခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား

 From: Skynet

 ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွင် လုံခြုံရေး တပ်ဖွဲ့ တစ်ချို့သာကျန်ရှိတော့ပြီး စက်ယန္တရား ပစ္စည်းများ ကိုလည်း ရွှေ့ထုတ်ခြင်း၊ ပြန်သယ်ခြင်းများပြုလုပ်သွားရန် စီစဉ်နေသည်ဟု သိရကြောင်းနှင့် စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိပါကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း မှ ပြောကြားခဲ့ပါသည်။

အဆိုပါအချက်ကို ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel တွင် ပြုလုပ်ခဲ့သော ကေအန်ယူ-ကရင်အမျိုးသား အစည်းအရုံးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု သတင်းစာရှင်းလင်းပွဲတွင် Sky Net ရုပ်သံမှ မေးမြန်းမှုကို ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် Sky Net ရုပ်သံမှ ဒေါက်တာ တင်အောင်ရွှေ မြစ်ဆုံစီမံကိန်းအား သမ္မတကြီးမှ ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားမည် ဟု ကြေညာ ထားသော်လည်း ပြည်လည်လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်နေခြင်းနှင့် ပတ်သက်၍ တကယ်ဟုတ်၊ မဟုတ် ပြောကြားပေး ပါရန် မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းမှ

" မြစ်ဆုံနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာ ပို့ပြီးတော့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာခဲ့ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော်သမ္မတ ဆုံးဖြတ်ထားတဲ့ကိစ္စ၊ လွှတ်တော်မှာ အတည်ပြုကြေညာထားတဲ့ကိစ္စ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်တို့က ဆုံးဖြတ်ထားတဲ့ ကိစ္စ၊ အတည်ပြုထားတဲ့ ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာ ဘာမှ မရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝ ရပ်ဆိုင်း ထားပါတယ်။

သို့သော်လည်း စီမံကိန်းက စတင်လုပ်ဆောင်တဲ့အချိန်က သုံးလေးနှစ်လောက်ရှိခဲ့တဲ့ အခါကျတော့ သုံးခဲ့တဲ့ စက်ယန္တရားတွေ၊ ယာဉ်တွေ၊ စက်ကိရိယာတွေ၊ အချို့သော တည်ဆောက်ရေး ပစ္စည်းတွေ၊ ဥပမာအားဖြင့် သံချောင်းလိုဟာမျိုးတွေပေါ့။ နောက် စမ်းသပ်စစ်ဆေးရတဲ့ Laboratory ပစ္စည်း၊ ပစ္စယမျိုးတွေ စသဖြင့် ချက်ချင်းရွှေ့ထုတ်လို့ မရတဲ့ ပစ္စည်းတွေ ကျန်ပါတယ်။

အဲဒါတွေကို မပျောက်ပျက်အောင် စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့အချို့တော့ ကျန်ပါတယ်။ စက်ယန္တရား ပစ္စည်းတွေကိုလည်း ရွှေ့ထုတ်ဖို့၊ ပြန်သယ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိကြောင်း တင်ပြအပ်ပါတယ်" ဟု ပြန်လည်ဖြေကြားသွားခဲ့ပါသည်။

Myanmar Express 

မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ(ပေးစာ-၁၂၅)

From: သားစိုး




မြန်မာမိန်းကလေးတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့
အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့
အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့
ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့
အမျိုးသားဝတ်စုံပါပဲ။
ဒါဟာ အခုပြဿနာလုပ်နေရတယ်။



ဘာဖြစ်လို့လဲဆိုတော့
ဒီခေတ်တက်လူမိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့
ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီမဟုတ်ဘဲနဲ့ ထဘီယောင်ဆောင်လာတဲ့
အဝတ်တစ်မျိုးပါ။ သူက ခါးပေါ်မှာတော့ ဝတ်တယ်။ ဒါပေမယ့် ထဘီလို
လုံလုံခြုံခြုံ ချီထား ဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။
ပေါင်ရင်းလောက်တိုတဲ့ စကတ်ရှိတယ်။ ဒူးအောက်ရောက်တဲ့စကတ်ရှိတယ်။ စကတ်ကို
ပေါင်ရင်းအထိ ခွဲထားတဲ့ စကတ်ရှိတယ်။ တချို့
နောက်တည့်တည့်ကခွဲတဲ့စကတ်တောင် ရှိသေးတယ်။ အခု မြန်မာမလေးတွေဝတ်တဲ့ စကတ်က
ပေါင်လောက်ထိတိုတဲ့ စကတ်မျိုးတွေတောင် ရှိနေပြီ။ ဝတ်ရတဲ့လူတွေက
ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ၊ နောက်ခွဲနဲ့ စကတ်ရှည်ရှည်တွေကတော့
မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာ မြင်နေရပါပြီ။



 

 မြန်မာမလေး စင်သီယာကိုကို (ခ) သမီးဆိုး

 အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွှန့်အထက် ဘာမှ မရှိဘူး။
အမေတို့ ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့လူထဲ မထွက်ရဲကြပါဘူး။
ခုတော့ ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတစ်ခြမ်းလောက်
ကြိုးလေးတွေသာ ပခုံးမှာ ချိပ်လို့။ လူမြင်ကွင်းမှာ သွားနေလာနေကြတာ
မသင့်လျော်လွန်းပါဘူး။ ဟိုးဘိုးစဉ်ဘောင်ဆက်ထဲက အရှက်ကို အသက်နဲ့လဲမယ်
ဆိုပြီး အမေတို့ မြန်မာမိန်းမတွေ ကြွေးကြော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို
အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားတွေပါ။ ဒါကြောင့် သမီးလေးတို့ကရော
အုပ်ထိန်းသူတွေကပါ ဝိုင်းဝန်းတည့်မတ်ပေးကြပါ။

 

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှ မြန်မာမလေး စင်သီယာကိုကို(ခ)သမီးဆိုး

စင်သီယာကိုကို(ခ)သမီးဆိုး အား ခင်ချင်လိုသူများ  ဆက်သွယ်ရန်

နောက်တစ်ခုက အခုခေတ် မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့
ဘောင်းဘီမျိုးကိုတော့ အမေ အတော် အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။
အပေါ်အင်္ကျီ တိုနံ့နံ့နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ
ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတောင်
တွေ့နေကြရပြီဆိုပဲ။ အမေတို့ မြန်မာ့ဓလေ့ထုံးစံက မိန်းကလေးဝတ်တဲ့
အဝတ်အစားဟာ လျှပ်ပေါ်တယ် လော်လီတယ် ဆိုတာမျိုး မဖြစ်စေရဘူး။ အခုတော့
တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေကြတယ်။ အမေတို့
မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်
ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ၊ ခေတ်ဆန်တာလို့ ထင်နေသလား။

အဲဒီနေရာမှာ တို့မြန်မာနဲ့ တခြားလူမျိုးက ပြောင်းပြန်ပါ။
တခြားက မိန်းကလေးတွေက ဘာနဲ့မဆို ဆွဲဆောင်နိုင်တယ်လို့ ခံယူတယ်။
တို့မြန်မာက အဲဒီလို မဟုတ်ဘူး။ မြန်မာမတွေက ကိုယ့်မှာ ရှိတဲ့
အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။

ခုခေတ် တချို့မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို
ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့ တစ်သက်လုံး လက်ခံလာတာက ချက် ဆိုတာ
မိန်းမတစ်ယောက်ရဲ့ဖော်အပ်လှစ်အပ်တဲ့ အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ
ဖုံးကွယ်ထားရမယ့်အရာမျိုး။ အခုခေတ် တချို့မိန်းကလေးတွေက ဒီချက်ကြီးကို
ဖော်ရုံလှစ်ရုံမက ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။
သူတို့ အဖေတွေကလည်း ဒါကို ကြည့်နေကြသတဲ့။ အဲဒီတော့ ခေတ်ကြီးကိုပဲ
အပြစ်တင်ရမလား။ လူတွေ ကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား။ အမေ
အသက်ရှည်နေသေးတာကိုပဲ အပြစ်တင်ရမလား။ မပြောတတ်တော့ဘူး။


Myanmar Express 

အေသင်တွင် စီးပွားရေး ကြပ်တည်း ပြီး သတ်သေမှုကြောင့် လူ ထောင်ပေါင်းများစွာ ဆန္ဒပြ

From : MRTV4


စီးပွားရေး ကြပ်တည်း လာမှုကြောင့် အသက်အရွယ် ကြီးရင့်သူ လူတစ်ဦးမှာ မိမိကိုယ်ကို သတ်သေခဲ့ပြီး နောက်တွင် ဂရိနိုင်ငံ အေသင်မြို့တွင်
လူထောင်ပေါင်းများစွာ စုရုံးပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့ နံနက်က  အသက် ၇၇ နှစ် အရွယ်ရှိ ဆေးလုပ်သား အငြိမ်းစား တစ်ဦးမှာ နိုင်ငံအတွင်း စီးပွားရေး အကြပ်အတည်းကို ဆန္ဒပြသည့် အနေဖြင့် ပါလီမန် အဆောက်အအုံ ရှေ့တွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

မျက်မြင်သက်သေများ၏ အပြောအရ အဆိုပါ လူကြီးမှာ သေနတ်ကို ၎င်း၏ ဦးခေါင်းသို့ ခေါင်းတည်ပြီး ခလုတ်ဆွဲလိုက်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် အကြွေးများစွာ ရှိပြီး သည်းခံနိုင်စွမ်း မရှိတော့ကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။ အစိုးရမှာ မိမိ၏ အသက် ရှင်သန်ရေး အတွက် မျှော်လင့်ချက် အားလုံးကို ဖျက်ဆ်ီးခဲ့ကြောင်းနှင့် မိမိ အနေဖြင့် အမှိုက်ပုံထဲမှ အစာကို ရှာစားရသည် အချိန် မတိုင်မီ အတွင်း အခြားနည်းလမ်း မရှိဘဲ ဂုဏ်သိက္ခာ ရှိစွာဖြင့် ဘဝကို အဆုံးသတ်ခြင်းက ပိုမို ကောင်းမွန်ကြောင်း ၎င်း၏ သေတမ်းစာတွင် ရေးသား သွားခဲ့သည်။

ယခုလို ဖြစ်ရပ် ဖြစ်ပွားပြီး ညဘက်သို့ အရောက်တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများမှာ လမ်းမများပေါ်သို့ ထွက်လာခဲ့ပြီးနောက် Syntagma  ရင်ပြင်တွင် စုရုံးခဲ့ကာ ဆန္ဒပြ ကြွေးကျော်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုလို သတ်သေမှုနှင့် ပတ်သက်ပြီး ဂရိ ဝန်ကြီးချုပ် Lucas Papademos မှာ နောင်တရမိပါကြောင်း ၎င်း၏ ရုံးခန်းမှ တရားဝင်စာ ထုတ်ပြန်ခဲ့သည်။

 Myanmar Express 

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

From : သီဟမင်း


၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ် ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။
သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေး ထား ကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊နင် တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။

မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။

 Myanmar Express 

ပြင်သစ် နိုင်ငံသို့ အမေရိကန် ပြည်ထောင်စုမှ ယူရေနီယမ်များ တင်ပို့ခဲ့



အမေရိကန် ပြည်ထောင်စုမှ Y-12  နျူကလီးယား လက်နက်စက်ရုံဟာ သန့်စင်မှု နှုန်းထားမြင့်မားတဲ့ ယူရေနီယမ်သတ္တု ကီလိုဂရမ် ၂၀၀ နီးပါးကို ပြင်သစ်နိုင်ငံထံ တင်ပို့ပေးခဲ့တယ်လို့
သိရပါတယ်။ အလေးချိန် အတိအကျအားဖြင့် ကီလိုဂရမ် ၁၈၀ ရှိတဲ့ အဆိုပါ ပြည့်ဝယူရေနီယံ တွေကို အမေရိကန် နျူကလီးယား ထိန်းသိမ်းရေး ကော်မရှင်အဖွဲ့ရဲ့ တင်ပို့ခွင့်လိုင်စင် အတည်ပြုချက်နဲ့  ပြင်သစ်နိုင်ငံဆီကို ရေကြောင်းကတဆင့် ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ယူရေနီယမ် သတ္တုတွေဟာ ၉၃ ရာခိုင်နှုန်း သန့်စင်တဲ့ U-235 အမျိုးအစားတွေ ဖြစ်တာကြောင့် နျူကလီးယား လက်နက်တွေအဖြစ် ပြောင်းလဲထုတ်လုပ် လိုက်နိုင်ပါတယ်။

အဲဒီလို ယူရေနီယံတွေ တင်ပို့ပေးခဲ့တဲ့ အကြောင်းကို အမေရိကန် အမျိုးသား နျူကလီးယား ဘေးကင်းလုံခြုံရေး ဦးစီးဌာနက ပြောခွင့်ရပုဂ်္ဂိုဟ်တစ်ဦး ဖြစ်သူ စတီဗင် ယတ် က ပြောကြားခဲ့ပေမယ့် ဘယ်အချိန်က ဘယ်လို ပို့ဆောင်ခဲ့လဲ ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူ တွေကတော့ အဆိုပါ ယူရေနီယမ် သတ္တုတွေကို စွမ်းအားမြင့် သုတေသန ဓာတ်ပေါင်းဖို တစ်ခုမှာ အသုံးပြုဖို့ ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း ပြောကြားထားတယ်လို့ သိရှိရပါတယ်။

Myanmar Express

KNU နှင့် အစိုးရ ပြည်ထောင်စု အဆင့်ဆွေးနွေးမည်



ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို သောကြာနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု KNU ၏ ပြန်ကြားရေးတာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် “အပစ်အခတ် ရပ်ဆိုင်းဖို့အတွက် ပဏာမ သဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်ဖို့အတွက် ဘာတွေလိုမလဲဆိုတာ ဆွေးနွေးသွားမှာပါ” ဟု နော်မေဦး က ပြောသည်။

KNU နှင့် အစိုးရတို့ကြား အပစ်ရပ်ရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပဏာမ သဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် အပြစ်အခတ် ရပ်စဲရန်၊ နှစ်ဘက်လုံး ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် တိုးတက်မှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် စသည့် အချက်များ ပါဝင်သည်။KNU ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် KNU က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ တပ်များရုပ်သိမ်းပေးခြင်း မရှိသေးဟု နော်မေဦးက

“တိုက်ပွဲတွေဖြစ်နေတာ မရှိပေမယ့် အပြောင်းမလဲ ကြီးကြီးမားမားကြီးတော့ မရှိပါဘူး။ ဒါ့အပြင် ဆိုးဆိုးရွားရွား အခြေအနေလည်း ဖြစ်မနေပါဘူး တိုက်ပွဲဖြစ်သလိုမျိုးပေါ့။ ကရင်ရွာတွေမှာ အစိုးရရဲ့ တပ်တွေရှိနေတုန်းပဲ၊ စစ်ဒေသ ဆိုတာ သေနတ်တွေ အမြဲတမ်းတဒုန်းဒုန်းနဲ့ ပစ်နေမှ မဟုတ်ဘူး” ဟု ရှင်းပြခဲ့သည်။

သောကြာနေ့ ဆွေးနွေးပွဲသို့ KNU ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့နှင့်အတူ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၂၁ ဦး လိုက်ပါသွားမည်ဟုလည်း သိရသည်။KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်မှ စစ်ဌာနချုပ်များမှ တပ်မှူးများ၊ ဦးအောင်မင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်လူထုနှင့်လည်း တွေ့ဆုံရန်ရှိသည်။

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၆ ရက် ၇ ရက်နေ့များတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိပြီး “နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှု သဘောထား၊ သူတို့တွေနဲ့ ဘယ်လိုနေရာမျိုးတွေမှာ အင်အားဖြည့်ပြီးတော့ အလုပ် လုပ်လို့ရမလဲ။ ဒီဟာတွေကို ကျမတို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ကျမတို့အားလုံး စုပေါင်းပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်”

KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို အစိုးရမှ လွှတ်ပေးခြင်းသည် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး
ဆွေးနွေးမှု အတွက် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုကို ရရှိစေပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ ဝင်ခဲ့သည့် NLD ပါတီမှ အမတ်များ လွှတ်တော်တွင်း ဝင်ရောက်ခွင့် ရရှိခြင်းကလည်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်စေမည်ဟုလည်း KNU ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦးဖြစ်သူ နော်မေဦးက ယူဆသည်ဟု လည်းပြောသည်။

Myanmar Express 
 

ဗြိတိန်တွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများ စံချိန်တင် မြင့်တက်

From : MRTV4


ဗြိတိန် ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည့် စာရင်းအရ  ယမန်နှစ်က ဗြိတိန် နိုင်ငံတွင် ကလေး သူငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် ကိစ္စများမှာ
မိနစ် ၂၀ တိုင်းလျင် တစ်ကြိမ်စီ ဖြစ်ပေါ်ခဲ့ရကြောင်းနှင့် ယင်းမှာ တစ်ပတ်လျင် ၄၄၄ ကြိမ် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။ စုစုပေါင်း ၂၃၀၀၀ သော ကလေးငယ်များမှာ အင်္ဂလန်နှင့် ဝေလနယ်များတွင်  ၂၀၁၀ မှ ၂၀၁၁ ခုနှစ်ကြား ကာလအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယင်းအထဲမှ ၁၀ ရာနှုန်းသော အမှုများသာ ပြစ်ဒဏ်ပေးသည့် အဆင့်သို့ ရောက်ခဲ့ကြောင်း ဗြိတိန် မီဒီယာ သတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ စာရင်းအရ ယင်းသို့ ဓါးစာခံ ဖြစ်ခဲ့ရသူ ကလေးငယ်ပေါင်း ၄၉၇၃ တွင် ၁၄၇၂ ယောက်မှာ အသက် ၇ နှစ်အောက် ကလေးငယ်များ ဖြစ်ကြောင်းလည်း သိရသည်။  ယခုလို စာရင်း ဇယားများကို သတင်း အချက်အလက်များ လွတ်လပ်စွာ တောင်းဆိုခွင့် အရ ရယူထားခြင်း ဖြစ်ကာ ယင်းအထဲတွင် မုဒိမ်းမှု ၊ သွေးရင်း စပ်ယှက်မှု နှင့် ကလေးသူ ငယ် ပြည်တန်ဆာမှုတို့ ပါဝင်ကြောင်း သိရသည်။

ယခုလို ဖြစ်ရပ်များ အတွက် လူမှု အဖွဲ့အစည်းမှ ကလေးငယ်များကို ကာကွယ်ရန် အတွက် ကြိုးပမ်းရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်ဟု ပြောခဲ့သည်။ ထို့အပြင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများထဲတွင် သုံးပုံတစ်ပုံကျော်မှာ ကလေးသူငယ်များ အပေါ် ပြုလုပ်ခြင်း ဖြစ်ကာ နေ့စဉ် အဆိုပါ ဖြစ်ရပ်အတွက် သတင်းပေး တိုင်ကြားမှုပေါင်း ၆၀ ကျော် ရှိနေပြီ ဖြစ်သည်ဟု ယင်းသတင်း အချက်အလက်များ အရ သိရသည်။ ထို့အပြင် ယမန်နှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်သည့် စာရင်းတွင် စုစုပေါင်း ၅၄၉၈၂ ရှိရာ ၂၃၀၉၇ မှာ ကလေး သူငယ်များ အပေါ် ကျူးလွန်ခြင်း ဖြစ်သည်။

 Myanmar Express 

ကြားဖြတ်ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာက အပြုသဘော တုံ့ပြန်မှုများ ပြုလုပ်

From : ခေတ်လူငယ်


မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ဆင်နွှဲခဲ့သော မြန်မာပြည်သူများကို ချီးကျူးမှုအပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက အပြုသဘော တုံ့ပြန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ အမေရိကန်သမ္မတ အိမ်ဖြူတော်မှ ဧပြီလ ၂ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် မဲပေးခဲ့ကြသည့် မြန်မာပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်မြင်မှုအတွက်လည်း ချီးကျူးဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။ ယခုရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုတွင် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ယင်းသည် မြန်မာအစိုးရအနေဖြင့် ပိုမိုပွင့်လင်း ထင်သာမြင်သာရှိကာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ဆက်လက်လျှောက်လှမ်းရန် ရည်ရွယ်သည့် လက္ခဏာတစ်ခု ဖြစ်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် မြန်မာပြည်သူများကိုလည်း ချီးကျူးပြောကြားလိုက်ပြီး  မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံအားပေးရန် ပိုင်းဖြတ်ထားပါကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာအောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သလို မဲမသမာမှုများနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျစွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာသမ္မတဦးသိန်းစိန်၏ သတ္တိနှင့်ပတ်သက်၍လည်း ချီးကျူးပြောကြားခဲ့သည်။ ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ၏ အရေးကြီးသော အောင်မြင်မှုများအပေါ် တည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာအစိုးရနှင့် နိုင်ငံရေးအင်အားစုများ အားလုံးကို တိုက်တွန်းပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ ကလည်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကို ချီးကျူးပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ပုံစံသစ်ကိုလည်း မျှော်လင့်နေကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ကက်သရင်းအက်ရှ်တန်က ဧပြီလ ၂ ရက်နေ့က ပြောကြားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲများကို အစီအစဉ်တကျ ပြုလုပ်နိုင်ခဲ့မှုအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကလည်း ဧပြီလ ၂ ရက်တွင် ချီးကျူးခဲ့ကြောင်း သိရှိရသည်။
 
 Myanmar Express 

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်

From : ရန်ကုန်တိုင်းမ်


မြန်မာနိုင်ငံ၏ အကြီးဆုံး ကျွန်းတစ်ကျွန်း  ဖြစ်သော ရခိုင်ပြည်နယ်ရှိ  ရမ်းဗြဲကျွန်းတွင် ဘိုးရင်းလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာ အဆင့်မီလေ ယာဉ်ကွင်းကြီးတစ်ခုကို ဂျပန်က တာဝန်ယူ တည်ဆောက်ရန် လာရောက် လေ့လာခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ထုတ် ဖော်ပြောကြားသည်။

အဆိုပါနိုင်ငံတာကာအဆင့်မီ လေယာဉ် ကွင်းကြီးကို တည်ဆောက်ရန်အတွက် ဂျပန် နိုင်ငံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ များသည် ရမ်းဗြဲကျွန်း သို့ လာရောက်ကာ အကြိုလေ့ လာဆန်းစစ်မူများ ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

'' ဟုတ်ပါတယ်။ ဂျပန်အဖွဲ့ တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းက လာသွားပါ တယ်။ သူတို့က လေ့လာရုံ သက်သက်တော့ လာသွားတာမဟုတ်ပါဘူး။ သူတို့ နိုင်ငံတာကာ အဆင့်ရှိ လေယာဉ်ကွင်းကြီး တစ် ကွင်းကို ရမ်းဗြဲကျွန်း မှာ ဘာဖြစ်လို့ တည် ဆောက်ချင်ရ သလဲဆိုရင် ဒီကျွန်းကြီးဟာ မကြာမီ အချိန်တွင်းမှာ နိုင်ငံတကာအဆင့် ရှိတဲ့စက်မူဇုန်ကြီးတွေ၊ ရေနက်ဆိပ်ကမ်း တွေ ပေါ်ပေါက်လာမယ့် နေရာဖြစ်လို့ ဒီကျွန်းကြီး ပေါ်မှာ ယခုလို နိုင်ငံတကာ အဆင့်မီတဲ့ လေယာဉ်ကွင်းကြီး  တစ်ခုကို တည်ဆောက်ဖို့ စီစဉ်တာပါလို့ သိရပါ တယ်''ဟု ရခိုင်ပြည်နယ် ဥပဒေရေးရာ ချုပ်ဦးလှသိန်းက ပြောသည်။

ယင်းလေယာဉ်ကွင်း တည် ဆောက်မည့်နေရာသည် ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်း တည်နေရာနှင့် ၁၂ မိုင် သာ ကွာဝေးကြောင်းသိရသည်။ အဆိုပါ လေယာဉ်ကွင်း အကောင်အထည်ပေါ် လာပါက ရမ်းဗြဲ အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းသည် ရခိုင်ပြည်နယ်၏ ပထမ ဆုံးသော နိုင်ငံတကာအဆင့်ရှိ လေယာဉ် ကွင်းဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။

'' ဒေသခံ တစ်ဦး အနေနဲ့ ဒီသတင်းကိုကြားရတာ အင်မတန်ဝမ်းသာ ရပါတယ်။ ဒီလေယာဉ်ကွင်း တည်ဆောက် မယ့်နေရာ ကလဲ ရခိုင်ပြည်နယ် မှာစီးပွား ရေးဇုန်တစ်ခုလို စည်ကားလာမယ့်  နေရာ ဖြစ်နေတော့ လုပ်လဲ လုပ်လာ နိုင်ပါတယ်။ လက်ရှိဆိုရင်လဲ ရေနက်ဆိပ်ကမ်း တွေက အကောင်အထည်ဖော်နေပြီဆိုတော့ ဒါ တွေနဲ့ဆက်စပ်ပြီး ဖွံ့ဖြိုး တိုးတက်လာမယ့် ရှေ့အလားအလာ တွေကို မျှော်ပြီး တည် ဆောက်လာ နိုင်တာ ဖြစ်တယ် လို့သုံးသပ်မိ ပါတယ်။ ဒီလိုစီမံကိန်းကြီးတွေက ကျွန်တော်တို့ရဲ့ ဒေသကြီးဖွံ့ဖြိုးမှုကို အများကြီး  အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ မျှော် လင့်ပါတယ်''ဟု စစ်တွေမြို့ခံ ဦးရွှေသိန်း မောင်က သုံးသပ် ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီး အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ  လေဆိပ်အဖြစ် သုံးခုရှိပြီး ပဲခူးတိုင်း ဟံသာဝတီ၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ရှိရာ ဒေသတို့တွင် ယင်းကဲ့သို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း သိ ရသည်။

ယင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တိုးချဲ့တည်ဆောက်မည့် အစီအစဉ်များကို ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံများ အားဖိတ်ခေါ်ချ  ပြထားကြောင်း၊ ယခုအခါ ယင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပြင် ဟဲဟိုးနှင့် ညောင်ဦး  လေဆိပ်များ အဆင့် မြှင့်တင် ရေး၊ သံတွဲလေဆိပ်အား တိုးမြှင့် ရေးတို့ကို စီစဉ်ဆောင်ရွက်  လျက်ရှိပြီး ယခင် က ရခိုင်ပြည်နယ်တွင် ပြေးလမ်းပေ ၈၀၀၀ ရှိသော မာန်အောင် စမုတဲ လေယာဉ်ကွင်း ဟောင်း ကိုလည်းပြန်လည်  အသုံးပြုနိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအ စိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရှိရ သည်။ 

Myanmar Express

ပါတီတွေ ဆိုတာ ပြည်သူ့အတွက်ပါ



 ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သောကိုယ်စားလှယ်လောင်းနေရာများစွာ ရူံးနိမ့်ခဲ့ကြောင်းသိရှိရသည်။ထိုကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမူး ဦးဌေးဦး အား သတင်းထောက်တစ်ဦး မှ မေးမြန်းခဲ့ပုံမှာ-


မေး - ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် တွေ သိသိချင်း အံ့သြမိပါ သလား?
 

အမှန်အတိုင်းပြောမယ်ဆို ရင်တော့ အားလုံးဆိုတာကိုတော့ အံ့သြတာပေါ့ဗျာ။ ထိုက်သင့်တဲ့ နေရာတွေ ရှိမယ်ဆိုတာ နဂိုက တည်းက
မျှော်လင့်ပါတယ်။

မေး - ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အများစု အနိုင်ရခဲ့ပေမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ တစ်နေရာမှ မရတဲ့အပေါ်မှာ ဘယ်လိုသုံး
သပ်ပါသလဲ?

ဝင်ပြိုင်တဲ့ပါတီတွေမှာ ကိုယ်ပိုင်စွမ်းရည်တွေ ရှိတယ်။ ပြည်သူကို အကျိုးပြုလုပ်ငန်းတွေ ကို လုပ်တယ်ဆိုတာကတော့
ကျွန်တော်တို့လုပ်နိုင်တာပေါ့။ ဒါ ကတော့ ကျိန်းသေပါတယ်။ ကျန် တဲ့ပါတီတွေအားလုံးကတော့ အ ကျိုးပြုလုပ်ငန်းတွေမှာ ကျွန်တော်
တို့လောက် မလုပ်နိုင်ဘူး။ ဒါဟာ ပထမတစ်ချက်ပေါ့။ ဒုတိယတစ် ချက်ကတော့ ကိုယ်စားလှယ်တွေ ပေါ့။ ကိုယ်စားလှယ်တွေဆိုတာ ပါတီရဲ့
လမ်းစဉ်တွေကိုအကောင် အထည်ဖော်ရတာ။ ကိုယ်စား လှယ်တွေအပိုင်းကို ကြည့်မယ်ဆိုရင် လည်း ကျွန်တော်တို့ ကိုယ်စား လှယ်တွေကတော့
ပြည်သူတွေ အကျိုးရှိမယ့် လုပ်ငန်းတွေကို အ ကောင်အထည် ဖော်နိုင်ပါတယ်။ အကုန်လုံး ပြည့်ပြည့်စုံစုံ မဟုတ် သော်လည်းဘဲ တော်တော်များများကတော့ အကောင်အထည် ဖော်ပေးနိုင်တဲ့ အနေအထား ရှိ ပါတယ်။ တခြားပါတီကိုယ်စား လှယ်ပိုင်းတွေထဲမှာလည်းပဲ တချို့ က
သိပ်ထင်ရှားတာပေါ့။ ကျန် တဲ့ကိုယ်စားလှယ်တွေကတော့ လူ တွေသိပ်ပြီး မသိကြဘူးလို့ ကျွန်တော် ထင်တယ်။ သို့သော်လည်းပဲ အဲဒီ
အားသာချက်တွေလည်း ရှိတာ ပေါ့။ တတိယကတော့ လူထုရဲ့ စိတ်ခံစားမှုပေါ့။ တချို့ပါတီတွေက ကျွန်တော်တို့ထက် ပိုပြီးတော့မှ စိတ်လှုပ်ရှားမှုဖြစ်အောင် လုပ်နိုင်တာပေါ့ဗျာ။ ကားတွေနဲ့သွားတာ၊ အလံတွေ ထူတာ၊ လူတွေနဲ့ ပြော ကြ၊ ဆိုကြ၊ သွားကြ၊ လာကြဆို တဲ့နေရာတွေမှာတော့ ကျွန်တော် တို့က သူတို့လောက် မလုပ်နိုင်ဘူး ဗျ။ နောက်မီဒီယာထဲမှာ ပါတာ တွေ ကျွန်တော်တို့က မလုပ်နိုင် ဘူး။ မီဒီယာဆိုတာ ပြည်တွင်း ကော၊ ပြည်ပကော။ ပြည်တွင်း၊ ပြည်ပမီဒီယာတွေမှာ ကျွန်တော် တို့က နည်းတာပေါ့။ တခြား မမြင် နိုင်တဲ့စွမ်းအင်တွေလည်း ရှိပါ လိမ့်မယ်။ ဒါကြောင့်လည်း နိုင်တာပေါ့။ ဒါတွေကတော့ ကျွန်တော် တို့ မသိနိုင်ဘူးလေ။ ကျိန်းသေတာ ကတော့ အားသာချက်ရှိလို့ နိုင် တာပါပဲ။

မေး - နိုင်ငံရေးလေ့လာသူ တချို့က ပြောတာကပါတီကြီးတွေအနေနဲ့ နိုင်တဲ့အခါမှာ ရှုံးတဲ့ပါတီကို စာနာနားလည်တတ် ဖို့လိုသ လို
ရှုံးတဲ့အခါမှာလည်း အရှုံး ကို လက်ခံတတ်တဲ့ရင့်ကျက်မှု တွေလိုတယ်လို့ ဆိုပါတယ်။ အ ခုကြားဖြတ်ရွေးကောက်ပွဲ က နေပြီးတော့
ပြည်ခိုင်ဖြိုးပါတီ ရခဲ့တဲ့သင်ခန်းစာကဘာများဖြစ် မလဲ?

ပထမဆုံးကတော့ ကြား ဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီရဲ့ သဘောထား ရှင်းပြပါမယ်။ ၂၀၀၃ ကနေ စပြီး
တော့ လက်ရှိကျင့်သုံးနေတဲ့ အဆင့်၇ဆင့်ရှိတဲ့ လမ်းပြမြေပုံ နိုင်ငံ ရေးလမ်းစဉ်ကို ကျွန်တော်တို့ယုံ တယ်။ ယုံတဲ့အတိုင်းလဲပဲ ကျွန်တော်
တို့ဖြစ်အောင် အကောင်အထည် ဖော်တယ်။ ပါတီတစ်ခု တတိယ တာဝန်ဖြစ်တဲ့ ကိုယ်ယုံကြည်နေ ရုံနဲ့လည်း မပြီးဘူး။ ကိုယ်လုပ်နေ ယုံနဲ့လည်းမပြီးဘူး။ ကျန်တဲ့ပြည် သူတွေလည်း ပါရမယ်။ ပြည်သူ တွေဆိုတဲ့အထဲမှာ ပါတီတွေ လည်း ပါတာပေါ့။ ဒီနေ့ ကျွန်တော်ရုံတဲ့ လုပ် ငန်းစဉ်ကို ကျန်တဲ့ပါတီတွေ အား လုံးက ၀ိုင်းပြီးတော့ ဆောင်ရွက် လာကြတဲ့အတွက် ကျွန်တော်တို့ ပျော်တာပေါ့။ ကျွန်တော်တို့ ၀မ်းသာတာပေါ့။ နိုင်တယ်၊ ရှုံး တယ်ဆိုတာကတော့ တစ်ခုမဟုတ် တစ်ခုရှိမှာပဲ။ ရလဒ်နဲ့ပတ်သက်လို့ လည်း ဒါက ပြည်သူတွေရဲ့ အ ဆုံးအဖြတ်ပဲလေ။ ကျွန်တော် တို့က ကျေကျေနပ်နပ် လက်ခံရ မှာပေါ့။ ဒါကြောင့် ကျွန်တော် တို့ပါတီအနေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ ဒါက မတရားဘူး၊
တရားမျှတဲ့ရွေး ကောက်ပွဲ မဖြစ်ဘူးလို့ ကျွန်တော် တို့ မပြောပါဘူး။
ရွေးကောက်ပွဲမှာ ရတဲ့ ရလဒ်ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့တွေ ဘာလုပ်ကြ မလဲဆိုရင် လုပ်ရမယ့် ကိစ္စရပ်က တော့
ပိုပြီးတော့မှ ပြည်သူတွေ အကျိုးရှိအောင် လုပ်ပေးရမှာ ပေါ့။ ပြည်သူတွေ အကျိုးရှိတဲ့ ကိစ္စရပ်တွေကို နားလည်အောင် လုပ်ရမှာပေါ့။
တချို့လုပ်သော် လည်းပဲ နားမလည်နိုင်တဲ့ကိစ္စရပ် တွေ ရှိပါတယ်။ လက်ရှိလုပ်နေ ပေမယ့် ရေရှည်ကျမှ အကျိုးခံ စားပြီး
နားလည်လာတာတွေလည်း ရှိမှာပေါ့။ ကျွန်တော်တို့ လုပ်လက် စတွေနဲ့ပတ်သက်လို့တော့ မလျှော့ ပါဘူး။ အကုန်လုံး ပြီးပြတ်အောင် လုပ်မှာ။
အခုအနိုင်ရသော ပါတီ က ကိုယ်စားလှယ်များအနေနဲ့ လည်း ပါတီအနေနဲ့ရော၊ သူတို့ လည်းဝိုင်းပြီးလုပ်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပိုပြီး ပြည် သူတွေ အကျိုးရှိတာပေါ့ဗျာ။ ဒီလို ပဲ ကျွန်တော်သဘောထားပါ တယ်။

မေး - အထွေထွေအတွင်းရေး မှူးကိုယ်တိုင်က လွှတ်တော် ကိုယ်စားလှယ်ဖြစ်တော့ လွှတ် တော်ထဲ ဒေါ်အောင်ဆန်းစု ကြည် ရောက်လာတဲ့အပေါ် ဘယ်လိုများ သဘောထားပါ သလဲ?

ကျွန်တော်တို့က လွှတ်တော် စနစ်ကို ယုံတယ်။ ပါတီစုံစနစ်ကို ယုံတယ်။ ဒီမိုကရေစီ စနစ်ကို ယုံ တယ်။ အဲဒီအတွက် အထွေထွေ
ရွေးကောက်ပွဲတွေမှာ ပြည်သူက နေ အဆုံးအဖြတ်ပေးတာကိုလည်း ကျွန်တော်တို့ လက်ခံရမှာပေါ့။ လူ ထုက ရွေးချယ်ပြီး လွှတ်တော်ထဲ
ရောက်လာတယ်ဆိုရင် ဘယ်သူ့ ကိုမဆို ကျွန်တော်တို့ ကြိုဆိုမှာပဲ။ ဘယ်သူ့မဆို၊ ဘယ်ပါတီကမဆို ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် အနေနဲ့
သဘောထားပါတယ်။ ကြိုဆိုပါတယ်။

မေး - ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ ဘာများမှတ်ချက်ပေးချင်ပါ သလဲ?

ကျွန်တော်ထင်ပါတယ်။ တရားမျှတပါတယ်။ လွတ်လပ်ပါ တယ်။ ပြည်ပက လာတဲ့မီဒီယာ တွေ၊ ပြည်ပကနေလာတဲ့ လေ့
လာသူတွေလည်း သိမယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး -  ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပါတီ လုပ်ဆောင်ချက်တွေ လူတွေပို သိအောင်၊ လူတွေ အကျိုးရှိ မယ့်ကိစ္စတွေ ပိုသိအောင် လုပ် မယ်ဆိုတာက
ပါတီရဲ့ ရှေ့လုပ် ငန်းစဉ်တွေပါလား?

ဒါက ရွေးကောက်ပွဲတစ်ခု တည်းအတွက်တင် မဟုတ်ပါဘူး။ ကျွန်တော်တို့ ပါတီရဲ့အလုပ်က ပြည်သူတွေအကျိုးရှိအောင် လုပ်
ပေးဖို့ပဲလေ။ ကျွန်တော်တို့လုပ်နေ ကျ လုပ်ငန်းတွေအားလုံးကို ဒီ ၄၅ နေရာအတွက်တင် မဟုတ်ဘဲနဲ့ ကျန်တဲ့ဒေသတွေမှာ ရှိတဲ့ မပြီး ပြတ်တဲ့
လုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ ဆက်လုပ်နေမှာပဲ။ ခု ၄၅ နေရာလုံး မနိုင်ရင်လည်း ဒီနေရာတွေကို လုပ်ပေးမှာပဲ။ နိုင်လို့ ရှုံးလို့ဆိုတာ
အရေးမကြီး ဘူး။ အရေးကြီးတာက ပြည်သူ တွေ အကျိုးရှိအောင် လုပ်နိုင် သလား၊ မလုပ်နိုင်သလားဆိုတာ ပဲ အရေးကြီးတယ်။ ဒီလိုလုပ်တဲ့
လုပ်ငန်းတွေအပေါ်မှာ ပြည်သူ တွေ နားလည်လာအောင်တော့ ထပ်ရှင်းပြဖို့ လိုမယ်လို့ ကျွန်တော် ထင်ပါတယ်။

မေး - ၂၀၁၀ ရွေးကောက်ပွဲအ ပြီး ကန့်ကွက်မှုတွေ အများဆုံး လုပ်တာက ပြည်ခိုင်ဖြိုးပါတီ က ကိုယ်စားလှယ်တွေဖြစ် တယ်။
ကြားဖြတ်ရွေးကောက် မှာရော ပါတီကိုယ်စားလှယ် လောင်းတွေက ကန့်ကွက်တာ တွေ ရှိနိုင်ပါသလား?

ယေဘုယျအားဖြင့်တော့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအပေါ်မှာ ကျွန်တော်တို့ လက်ခံရမှာပေါ့။ သို့သော်လည်း ပဲ မဲရုံ
တစ်ရုံစီ၊ တစ်ရုံရဲ့ အခြေ အနေတွေတော့ ကျွန်တော်တို့ မသိသေးဘူး။ တကယ်လို့ ကော် မရှင်ထုတ်ပြန်ထားတဲ့ စည်းကမ်း
နဲ့မညီဘူးဆိုရင်တော့လည်း ဖြစ် ကောင်း၊ ဖြစ်နိုင်တာပေါ့။ ဖြစ်ချင် လည်း ဖြစ်မယ်၊ ဖြစ်ချင်မှလည်း ဖြစ်မယ်။

မေး - ဘာများဖြည့်စွက် ပြော ချင်ပါသလဲ?

ပါတီဆိုတာ ပြည်သူ့အတွက် ပါပဲ။ ပြည်သူ့အတွက်ကို ကြိုးပမ်း ဆောင်ရွက်မယ့် ပါတီတွေ၊ စိတ် ကောင်းစေတနာမှန်နဲ့ ပြည်သူကို
အကျိုးရှိအောင် ၀ိုင်းလုပ်တဲ့သူ တွေအားလုံးကို ကျွန်တော်တို့ ကြို ဆိုပါတယ်။ ကျွန်တော်တို့လည်း ဆက်ပြီး ကြိုးစားနေဦးမှာ ဖြစ်ပါ တယ်။
ကျေးဇူးတင်ပါတယ်။


Myanmar Express

သမ္မတဦးသိန်းစိန် နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး တို့၏ ကြိုးစားအောင်မြင်မှုကြောင့် စီးပွားပိတ်ဆို့မှု အမေရိကန်ရုတ်သိမ်း


သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး အပါအဝင် ကော်မရှင်အဖွဲ့ဝင်များ၏ အရည်အချင်းရှိရှိ စနစ်ကျစွာဖြင့် ကြားဖြတ်တွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့မှုကြောင့် အမေရိကန်နိုင်ငံမှ မြန်မာ နိုင်ငံအပေါ် စည်းပွားပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာခြင်းကို အသိအမှတ်ပြု၍ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း Bangkok Post သတင်းက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းအပေါ် ကန့်သတ်ပိတ်ပင်ထားမှု များကို အမေရိကန်ဘက် က ဖြေလျှော့ပေးသွား မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမေရိကန်သံ အမတ် ခန့်အပ်ထားရှိရန်လည်း အလျင်အမြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သမ္မတကြီး ဦးသိန်စိန်လက်ထက် ထူးချွန်ပြောင်မြောက်မှုများကြောင့်
အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူမှုတချို့ကို လျှော့ပေါ့ပေးတာ အပါအဝင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်အချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရ တာဝန်ရှိသူတွေ နဲ့ လွှတ်တော်တွင်းက ပုဂ္ဂိုလ် တွေကို အမေရိကန် ပြည်ထောင်စုကို လာရောက်နိုင်ရေး စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

ဟီလာရီကလင်တန်မှ သူမရဲ့ ကြေညာချက်တိုင်းမှာ သမ္မတကြီး ဦးသိန်းစိန်ကို ချီးကျူးကြောင်း အမြဲပြောတတ်ပြီး အခုလည်း သမ္မတကြီးကြောင့် စီးပွားပိတ်ဆို့မှုတွေ ဖွင့်ပေးတော့မှာ ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုနေတာ ဖြစ်ပြီး တရုတ် နိုင်ငံကလည်း မြန်မာပြည်သူတို့အတွက် တောင်းဆိုခဲ့ဖူးပါတယ်။



ဟီလာရီကလင်တန်ရဲ့ စီးပွားပိတ်ဆို့မှု ရုတ်သိမ်းခြင်း အကြောင်းပြချက်မှာ "သမ္မတကြီးသိန်းစိန်လက်ထက် နိုင်ငံရေး တိုးတက်မှုများကြောင့် နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းကြောင့်" ဟု သာ အကြောင်း ပြချက် ပေးထားပြီး NLD အနိုင်ရခြင်းကြောင့် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်ခြင်းကြောင့် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းပေးခြင်းဖြစ်တယ်လို့ လုံးဝ ပြောထားခြင်း မရှိပေ။

Myanmar Express

မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုကို ဂျပန်နိုင်ငံမှ တစ်နှစ်သက်တမ်းတိုးခဲ့

From : MRTV4


ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ ၎င်းရဲ့ပိတ်ဆို့အရေးယူမှုတွေကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း
သိရပါတယ်။ ဒါဟာ မြောက်ကိုရီးယားတို့ရဲ့ ဧပြီလအတွင်း ဆောင်ရွက်မယ့် ဒုံးပျံလွှတ်တင်မှုကို တစ်စိတ်တစ်ပိုင်းတုံ့ပြန် လိုက်တာပဲ ဖြစ်ပါတယ်။ အခုလိုမြောက်ကိုရီးယားနိုင်ငံပေါ် အရေးယူပိတ်ဆို့မှု တစ်နှစ်သက်တမ်း တိုးမြှင့်ခြင်းကို ဂျပန်အစိုးရက ပြီးခဲ့တဲ့အင်္ဂါနေ့က သဘောတူညီခဲ့ပြီး ယခင်အရေးယူမှုများ သက်တမ်းမကုန်မီ ဧပြီလ ၁၃ရက်မတိုင်ခင် ဆုံးဖြတ်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ အရေးယူမှုမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ ကုန်သွယ်မှု အားလုံးကို ပိတ်ဆို့ခြင်းအပြင် ဂျပန် ရေပိုင်နက်အတွင်းသို့ မြောက်ကိုရီးယားတို့ရဲ့ အပျော်စီးသင်္ဘော Mangyangbong အပါအ၀င် မြောက်ကိုရီးယားနိုင်ငံမှ သင်္ဘောအားလုံး ၀င်ရောက်ခြင်းကို တားမြစ်ထားပါတယ်။ ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား အစီအစဉ်တွေနဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေကို ပြုလုပ်နေတဲ့အတွက် လွန်ခဲ့တဲ့ ၆နှစ်တာ ကာလကတည်းက အခုလို အရေးယူ ပိတ်ဆို့မှုတွေကို စတင်ခဲ့တာပါတယ်။ မြောက်ကိုရီးယားတို့ရဲ့ ယခုပြုလုပ်မယ့် ဒုံးပျံလွှတ်တင်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်မှုအပေါ် ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ဂျပန်တို့က ယူဆထားတဲ့အတွက် အခုလိုအရေးယူ ပိတ်ဆို့မှုတွေကို သက်တမ်း တိုးမြှင့်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Myanmar Express

အင်တာနက်ပေါ်တွင်ပျံနှံ့ နေသည့် မြစ်ဆုံနှင့် သံသယဖြစ်ဖွယ် စာနှစ်စောင်

From : မျိုးသန့်

မြစ်ဆုံနှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ် စာနှစ်စောင် အင်တာနက်မှာ ပျံ့လျက်ရှိပါတယ်။ ဒီကိစ္စကို ကျနော် လေ့လာမိသလောက် သံသယဖြစ်ဖွယ် အချက်များကို တင်ပြပေးပါမယ်။


ပထမဆုံး ကျနော် ပုံနှစ်ပုံရဲ့ ကွာခြားချက်ကို ဖေါ်ပြပေးပါမယ်။ ပုံတွေကို Myitsone1 နဲ့ Myitsone2 ဆိုပြီး နာမည်ပေးထားပါတယ်။


ပုံ ၁ နဲ့ ၂ တို့ကို ယှဉ်ကြည့်ရင်


ထူးခြားချက် (၁) ပုံတွေပေါ်မှာ  Right click နှိပ်ပြီး Porperties ခေါက်ပြီး Detalis ကိုကြည့်တဲ့အခါမှာ ပုံ ၁ ဟာ Photoshop နဲ့ လုပ်ထားကြောင်း ထင်ရှားပါတယ်။



ထူးခြားချက် (၂) ပုံ ၁ ဟာ Myanmar3 fonts ကို သုံးထားပြီး၊ ကိုယ်လိုရာကို ပြန်ရိုက်ထားပုံရပါတယ်။

ထူးခြားချက် (၃) တရုတ်တံဆိပ်တုံး အနီရောင်ကို Photoshop နဲ့ လုပ်လို့ရနိုင်တယ်။

ထူးခြားချက် (၄) မှင်အပြာနဲ့ လက်မှတ်ထိုးထားမှု၊ ဒီကိစ္စက လက်မှတ် အတုထိုးလို့ရနိုင်တယ်။

ထူးခြားချက် (၅) ရုံးတံဆိပ်တုံးကို (သာမန်အာဖြင့်) အလယ်တည့်တည့်မှာ ရိုက်လေ့မရှိ။


ပုံ ၁


ပုံ ၂ ၏ ထူးခြားချက်

ထူးခြားချက် (၁) ရုံသုံး Font ကိုအသုံးပြုထားပါတယ်။


ထူးခြားချက် (၂) ရလာတဲ့စာကို Scan ဖတ်ထားပုံရပြီး Scan ဖတ်ခြင်းကြောင့် အမဲကွက်တွေ ထင်နေတယ်။


                                                                                             ပုံ ၂
                                           
                                                                                               
Myanmar Express 


ကိုရီးယားနှင့် ပူးပေါင်း၍ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ သီလဝါတွင် တည်ဆောက်မည်

From : ခေတ်လူငယ်


သီလဝါစက်မှုဇုန်တွင် ကိုရီးယားနှင့် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မဂ္ဂါဝပ် ၅၀၀ ထွက်ရှိမည့် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ယခုနှစ်အတွင်းမှစတင်၍ တစ်နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ “သီလဝါစက်မှုဇုန်အတွက် ဓါတ်အားပေးနိုင်ဖို့ သီသန့်ဓါတ်အားပေးရုံ တစ်ရုံ တည်ဆောက်တာပါ။ ကိုရီးယားက တည်ဆောက်မယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။ အဆိုပါ ဓါတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက် ၂၀၁၁ ဒီဇင်ဘာ ၂၁ ရက်တွင် ကိုရီးယားနိုင်ငံ Busan Korean Biotechnology Co.,Ltd. ကုမ္ပဏီနှင့် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ “အခုလိုမျိုး စက်မှုဇုန်တွေအတွက် သီးသန့်ဓါတ်အားပေးရုံ တည်ဆောက်ပြီးလုပ်တာက ကောင်းပါတယ်။ လက်ရှိ ရန်ကုန်မှာဆိုရင် နွေရာသီ ရောက်တာနဲ့ စက်မှုဇုန်တွေပါ အလှည့်ကျမီးပေးစနစ်နဲ့ သွားနေတာဆိုတော့ အလုပ်မဖြစ်ဘူး။ သူ့ဓါတ်အားပေးစက်ရုံနဲ့ သူဆိုတော့ အဆင်ပြေတယ်” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။ ဓါတ်အားပေးစက်ရုံ တည်ဆောက်ရာတွင် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးရုံနှင့် စွန့်ပစ်အပူသုံး ဓါတ်အားပေးရုံတစ်ရုံပါ ပူးတွဲတည်ဆောက်ရန် လျာထားကြောင်း သိရသည်။ “ရန်ကုန်မှာက ဓါတ်အားပေးရုံ လေးရုံကနေ ၂၅၁ ဒသမ ၃ မဂ္ဂါဝပ်ပဲ ထုတ်လွှတ်နိုင်တယ်။ သုံးစွဲတာနဲ့ ထုတ်လွှတ်တာက မမျှဘူးဖြစ်နေတယ်” ဟု ဦးမောင်မောင်လက်က ထပ်မံပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ ၂၀၀၉ ခုနှစ်တွင် ၄၀၉ မဂ္ဂါဝပ်၊ ၂၀၁၀ ပြည့်နှစ်တွင် မဂ္ဂါဝပ် ၅၂၀၊ ၂၀၁၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀နှင့် ၂၀၁၂ ခုနှစ်တွင် မဂ္ဂါဝပ် ၇၅၀ အထိသုံးစွဲခဲ့ပြီး တစ်နှစ်လျှင် မဂ္ဂါဝပ် ၁၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲလျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှသိရှိရသည်။
 
 Myanmar Express 

လူထု မီးအိမ်ရှင် ဒေါ်စု ကို အားကိုးတကြီးမဲထည့်ပြီးမှ ဖယောင်တိုင် နေ့တိုင်းထွန်းနေရ


လူထု မီးအိမ်ရှင်၊ ပြည်သူတွေကို အလင်းရောင်းပေမယ့် ခေါင်းဆောင် လို့ ခေါ်ဝေါ် ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကို အနိုင်ရပြီးပေမယ့် ပြည်သူတွေ မီးမရပဲ ဖြစ်နေပါတယ်။ NLD ကို မဲထည့်ဖို့ အကြိမ်ကြိမ်ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ ပြည်သူတွေကို လျှပ်စစ်မီး ရအောင် ဘာမှမလုပ်နိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းပါတယ် ဆိုတဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံများကလည်း ဘာမှ မကူညီကြတဲ့ အပြင် စီးပွားပိတ်ဆို့မှုကိုတောင် ဆက်လက်ထားရှိနေတုန်းဖြစ်ပါတယ်။

၈၈ မျိုးဆက် အပါအဝင် အခြား အတိုက်အခံများကလည်း အစိုးရရဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်မှုကို ကန့်ကွက် ခြင်းများ ပြုလုပ်ခဲ့ပေမယ့် သူတို့ ကိုယ်တိုင်လည်း လျှပ်စစ်မီး ရအောင် လုပ်ပေးနိုင်စွမ်းမရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်များကလည်း လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို ဗုံးခွဲ ဖျက်ဆီးခြင်း တွေ သာ လုပ်နေကြပြီး လျှပ်စစ်မီးရဖို့ ကိုတော့ အစိုးရ က လွဲပြီး ဘယ်သူကမှ လုပ်မပေးနိုင်တာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ရင် နေ့ချင်း ညချင်း နတ်ရေကန်ထဲ ပစ်ချသလို နိုင်ငံကြီး ကောင်းစား သွားမယ်လို့ လူအများက မျှော်လင့်ကာ မဲပေးခဲ့ကြပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသော်လည်း ဘာမှ ထူးထူခြားခြား စွမ်းဆောင်နိုင်မှု မပေးနိုင်သေးဘူး ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ၆% သာ ရှိတဲ့ NLD အမတ်တွေအနေနဲ့ ၉၄% ရှိနေတဲ့ အမတ်တွေနဲ့ ထပ်တိုက်ရင်ဆိုင်ရမှာ ကြောက်ရွံ့နေတယ်လို့လည်း NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကလာတဲ့ သတင်းတွေအရ သိရပါတယ်။

လက်တလောအားဖြင့် ၂၀ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့မှု ရုတ်သိမ်းဖို့ နိုင်ငံအများက တောင်းဆိုနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကတော့ စီးပွားပိတ်ဆို့မှုကို ထောက်ခံနေဆဲ ဖြစ်ပါတယ်။

Myanmar Express

နေပြည်တော်-ရန်ကုန်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့်အစီအစဉ် ကြိုတင်အသိပေး ကြေညာ

From : ခေတ်လူငယ်


မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် သင်္ကြန်အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်သည်။ ဧပြီလ ၅ ရက်တွင် သင်္ကြန်အစုန် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ ပြေးဆွဲမည်ဖြစ်ပြီး ၆ ရက်မှ ၈ ရက်အထိ သင်္ကြန်အထူးရထား နှစ်စင်းသည် ရန်ကုန်ဘူတာနှင့် မန္တလေးဘူတာတို့မှ တစ်နေ့လျှင် အစုန်တစ်စင်း၊ အဆန်တစ်စင်း ပြေးဆွဲသွားမည်ဖြစ်သည်။ ရန်ကုန်-မန္တလေး အဆန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လက်ရှိ နေပြည်တော်-ရန်ကုန် ပြေးဆွဲနေသော အမှတ် (၃၂) အစုန်၊ အမှတ် (၈) အစုန် အမြန်ရထား နှစ်စင်းအပြင် အဆိုပါ အထူးရထားနှစ်စင်းကို ဧပြီလ ၁၀ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ရာ အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်ရထား(၂) သည် နေပြည်တော်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ သင်္ကြန်အလွန်ကာလအတွက် ဧပြီလ ၁၈ ရက်တွင် အထူးရထားတစ်စင်းသည် ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့လည်းကောင်း၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အထူးရထားနှစ်စင်းသည် ရန်ကုန်ဘူတာနှင့် မန္တလေးဘူတာတို့မှလည်းကောင်း၊ ၂၁ ရက်တွင် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့လည်းကောင်း အထက်ဖော်ပြပါ ရန်ကုန်နှင့် မန္တလေးမှ ထွက်ခွာမည့် အချိန်များအတိုင်း ပြေးဆွဲသွားမည်ဖြစ်သည်။ အလားတူ နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများအပါအဝင် ခရီးသွားပြည်သူများအတွက် ရန်ကုန်မှ နေပြည်တော်ခရီးစဉ်အဖြစ် လက်ရှိအမှတ်(၃၁) အဆန်၊ အမှတ်(၇) အဆန် အမြန်ရထားနှစ်စင်းအပြင် နောက်ထပ် အထူးရထားနှစ်စင်းကို ၂၂ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန်ရထား(၁)သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင်လည်းကောင်း၊ အဆန်အထူးရထား(၂) ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ အထက်ပါ ရန်ကုန်-မန္တလေး သင်္ကြန်အထူး (အစုန်/အဆန်) ရထားများကို ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ပြီး နေပြည်တော်-ရန်ကုန် အထူး (အစုန်/အဆန်) ရထားများကို တောင်ငူ၊ ပဲခူး၊ တိုးကြောင်ကလေး ဘူတာများတွင်သာ ရပ်တန့်သွားမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ အဆိုပါ အထူးရထားများ ပြေးဆွဲခြင်းကို ရပ်နားထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ကြိုတင်အသိပေး ကြေညာထားကြောင်း သိရှိရသည်။
 
 Myanmar Express 

လူကုန်ကူးသူများ ကျက်စားရာအများဆုံးနှင့် ဖြစ်ပွားမှုအများဆုံး ရန်ကုန်တိုင်းဒေသကြီးဖြစ်နေ

From : ခေတ်လူငယ်


၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် လူကူးသည့် ဖြစ်ပွားမှုများကို ကြည့်ပါက လူကုန်ကူးမှု အများဆုံးဖြစ်ပွားသည့် ဒေသနှင့် လူကုန်ကူးသည့် တရားခံအများဆုံး ကျက်စားရာဒေသသည် ရန်ကုန်တိုင်းဒေသကြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟို အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၅ နှစ်တာကာလအတွင်း လူကုန်ကူးမှု အများဆုံးဖြစ်ပွားသည့် မြို့နယ် ၄၂ မြို့နယ်ရှိသည်။ ၎င်းတို့အနက် ရန်ကုန်တိုင်း ဒေသကြီးမှ လှိုင်သာယာ၊ ဒလ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သန်လျင်၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ အင်းစိန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ သာကေတနှင့် တောင်ဥက္ကလာပမြို့နယ် ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ သိန်းနီ၊ နမ့်ခမ်း၊ နမ္မတူ၊ နောင်ချို၊ လောက်ကိုင်။ မန္တလေးတိုင်းဒေသကြီးမှ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ ချမ်းအေးသာယာ၊ အောင်မြေသာစံ၊ မဟာအောင်မြေ။ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာနှင့် ပုသိမ်ကြီးမြို့နယ်။ ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်၊ ပဲခူးတိုင်းဒေသကြီးရှိပဲခူး၊ သနပ်ပင်နှင့် ကျောက်တံခါးမြို့။ ကရင်ပြည်နယ်တွင် မြဝတီမြို့နယ်။ မွန်ပြည်နယ်မှ ကျိုက်မရောမြို့နယ်။ ရှမ်းပြည်နယ်အရှေ့ဘက်ရှိ တာချီလိတ်မြို့နှင့် တနသာင်္ရီ တိုင်းဒေသကြီးရှိ ကော့သောင်းမြို့တို့ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် သက်ဆိုင်ရာမြို့နယ်များ၌ လူကုန်ကူးခြင်းဆိုင်ရာ သတင်းပေးမှု များပြားလာခြင်းကြောင့် ဖော်ထုတ်တွေ့ရှိမှု မြင့်မားလာခြင်းဖြစ်ကြောင်း မဲခေါင်မြစ်ဝှမ်းဒေသအတွင်း လူကုန်ကူးခြင်းကို တိုက်ဖျက်သည့် ကုလသမဂ္ဂစီမံချက် အမျိုးသားစီမံချက် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောက ပြောသည်။ ထို့ပြင် ရန်ကုန်ရှိ လူကုန်ကူးခံရသည့် အချို့မြို့နယ်များတွင် နေထိုင်သည့် သူများသည် နယ်မြို့များမှ ပြောင်းရွှေ့နေထိုင်လာသူများ အများစုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖွေရာတွင် အခက်အခဲများကြောင့်လည်း လူကုန်ကူးခံရမှုဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။ ထို့ပြင် လူကုန်ကူးခံရသည့် သူများတွင် အမျိုးသမီး ၈၅ ရာခိုင်နှုန်း၊ အမျိုးသား ၁၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် ကလေး ၄ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသို့ ရာခိုင်နှုန်း ၈၀ ဖြင့် အများဆုံး လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံသို့ ၁၀ ရာခိုင်နှုန်း၊ မလေးရှားသို့ ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်းတွင် ၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ၅ နှစ်အတွင်း လူကုန်ကူးသည့် တရားခံများကို ပြစ်ဒဏ်ချမှတ်ရာတွင် အမျိုးသား ၄၁၆ ဦး၊ အမျိုးသမီး ၆၇၃ ဦးတို့ကို မြစ်မှုများအလိုက် ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်တစ်သက်စီ ချမှတ်ခဲ့ပြီး တရားခံပြေး အမျိုးသား ၂၀၄ ဦးနှင့် အမျိုးသမီး ၂၇၄ ဦးကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရှိရသည်။
 
 Myanmar Express 

တာတိုပစ်ဒုံးကျည်များ မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

From : ခေတ်လူငယ်


မြောက်ကိုရီးယားသည် ၄င်းတို့၏ တာတိုပစ်ဒုံးကျည်များကို နိုင်ငံ၏ အနောက်ဘက် ကမ်းခြေတွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်း၌ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ မြောကိုရီးယား အာဏာပိုင်များသည် တရုတ်နိုင်ငံလုပ် Silkworm ဒုံးကျည်ကို ပြန်လည်မွမ်းမံ ထုတ်လုပ်ထားသည့် KN-01 မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်နှစ်စင်းကို မတ် ၂၉ ရက်က စမ်းသပ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် ၄င်းတို့သည် အဆိုပါ ဒုံးကျည်အမျိုးအစား နှစ်စင်ကိုလည်း မတ် ၂၈ ရက် မွန်းလွဲပိုင်းက စမ်းသပ်ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။ မြောက်ကိုရီးယား အာဏာပိုင်များသည် ဧပြီလတွင် ပစ်လွှတ်မည့် တာဝေးပစ် ဒုံးကျည် အစီအစဉ်အတွက် ယခုအခါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

 Myanmar Express 

သင်္ကြန်ရက် အတွင်း ရန်ကုန် ရွှေဈေးကွက် ဖွင့်လှစ်မှုအား ရပ်နား ထားမည်

From : MRTV4


၂၀၁၂ ခုနှစ်ရဲ့ မဟာ သင်္ကြန်ရက် အတွင်း နေ့စဉ် ဈေးဖွင့်ပေး နေတဲ့ ရန်ကုန် ရွှေဈေးကွက် ဈေးနှုန်းကို သင်္ကြန် အကြိုနေ့ ကနေ နှစ်ဆန်း ၃ ရက်နေ့ အထိ
ရပ်နားထားမှာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက သိရပါတယ်။ ဒီလို ဈေးကွက် ရပ်နားထားမှုဟာ သင်္ကြန် ကာလ ၅ ရက်ဟာ အစိုးရရုံး ပိတ်ရက်တွေ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ပေမယ့် အစိုးရ ရုံးပိတ်ရက် ဖြစ်တဲ့ ဧပြီလ ၁၁ ရက်နေ့နဲ့ ၂၀ ရက်နေ့ တို့ မှာတော့ ရန်ကုန် ရွှေဈေးကွက် ဖွင့်မှာဖြစ် ဒီလိုဈေးဖွင့်ရာမှာ ကမ္ဘာ့ ငွေဈေးနှုန်း၊ ၊ကမ္ဘာ့ ရွှေဈေးကွက်နဲ့ အဆိုပါ ရက်အတွင်း ရောင်းဝယ် ဖောက်ကားတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ အပေါ် မူတည်ကာ ဈေးဖွင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန် မြို့တွင်းက ရွှေဆိုင်တွေ ကတော့ နှစ်ဆန်း ၂ ရက်နေ့မှ စတင်ကာ ဖွင့်မှာဖြစ်ပြီး အဲ့ဒီနေ့ရဲ့ ရောင်းချမှုတွေ ကိုတော့ ရွှေဈေးကွက် နောက်ဆုံး အပိတ်ဈေးကို ပြည်ပ ရွှေဈေးနဲ့ နှိုင်းယှဉ်ကာ ရောင်းချကြမှာ ဖြစ်ပါတယ်။ လက်ရှိ သင်္ကြန် ကာလ မတိုင်မီ ရွှေဈေးကွက် မှာတော့ အရောင်းအ၀ယ် ပုံမှန် အတိုင်း ရှိနေပြီး ဈေးကွက် ဆက်လက်အေး နေနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်များ ခန့်မှန်းထား ကြပါတယ်။ ဧပြီလ ၂ ရက်နေ့ရဲ့ ရန်ကုန် ရွှေဈေးကွက် အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခုနှစ်သိန်း နှစ်သောင်း ငါးထောင်နဲ့ မနက်ပိုင်း ဈေးဖွင့် ရောင်းချကာ ညနေပိုင်း မှာတော့ ကျပ် ခုနှစ်သိန်း နှစ်သောင်း လေးထောင်နဲ့ ဈေးပိတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express 

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အဆိုပြုခံရ

From : ခေတ်လူငယ်
  
၂၀၁၂ ခုနှစ်၏ ကမ္ဘာသြဇာတိက္ကမ အကြီးမားဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအတော်များများ အနိုင်ရသော NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို Time မဂ္ဂဇင်းက အဆိုပြုထားကြောင်း သိရသည်။ ဧပြီလ ၆ ရက်တွင် မဲပေးရက် ပိတ်သိမ်းမည်ဖြစ်သော အဆိုပါ ပုဂ္ဂိုလ် ၁၀၀ အတွက် www.time.com/time/ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်မဲပေးနိုင်မည်ဖြစ်ပြီး ဧပြီလ ၁၇ ရက်တွင် ယင်းစာရင်းကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။


 သမ္မတကြီးဦးသိန်းစိန်အား မဲပေးလိုသူများ ယခုနေရာတွင်  မဲပေးနိုင်ပါသည်။

 မြန်မာနိုင်ငံနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ရွေးချယ်အဆိုပြုရခြင်းမှာ ရုရှားနိုင်ငံမှ တစ်ဦးတည်းသော ပြုပြင်ပြောင်းလဲရေးသမား သမ္မတဟောင်း မီးခေးဂေါ့ဘာချော့နှင့် နှိုင်းယှဉ်ထားပြီး တစ်ကမ္ဘာလုံး အံ့သြလောက်အောင် ယုံကြည်ချက် အကျဉ်းသားများ လွှတ်ပေးခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုတို့ကြောင့် ဖြစ်ကြောင်း သိရသည်။


 ဒေါ်အောင်ဆန်းစုကြည်အားမဲပေးလိုသူများ   ယခုနေရာတွင်   မဲပေးနိုင်ပါသည်။
  
 ဒေါ်အောင်ဆန်းစုကြည်ကိုမူ ဒီမိုကရေစီပြယုဂ် တစ်ခုသဖွယ် တင်စားထားကာ ဧပြီလ ၂ ရက်အထိ အဆိုပြုထားမှုများအရ သမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေးသူ ၇၀ ဒသမ ၀၅ ရာခိုင်နှုန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးသူ ၉၃ ဒသမ ၂၇ ရာခိုင်နှုန်း အထိ ရှိခဲ့ကာ သမ္မတဦးသိန်းစိန်မှာ ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစာရင်းအတွက် နိုင်ငံတကာမှာ ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်သော အဆိုတော် အဒဲလ်နစ်ကီမနော့၊ ရီးဟားနား၊ ဘီယွန်းစေး၊ လေဒီဂါဂါနှင့် တရုတ်နိုင်ငံ ဒုတိယသမ္မတ Xi Jinping( ရှီဂျင်းဖင်)၊ မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်၊ ဟီလာရီကလင်တန်၊ ဗလာဒီမာပူတင်၊ ဘာရက်အိုးဘားမား၊ မစ်ရှယ်အိုဘားမား၊ နီကိုလပ်ဆာကိုဇီ၊ ဘတ်စကတ်ဘောသမား ဂျာရမီလင်း၊ လီယွန်နယ်မက်ဆီ၊ အမေိရိကန်အိုင်ဒဲလ်မှ ရိုင်ယန်စီးဂရက်၊ အိုပရာဝင်းဖရေး၊ ဂျော့ကလူနီနှင့် Facebook တည်ထောင်သူ မာ့စ်ဇူကာဘတ်တို့လည်း လျာထားစာရင်းတွင် ပါဝင်ကြောင်းသိရှိရသည်။

Myanmar Express 

၁၃၇၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်၌ ရေကစားမဏ္ဍပ် ၄၄ နေရာ ဆောက်ခွင့်ပြု

From : ခေတ်လူငယ်


၁၃၇၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ရေကစားမဏ္ဍပ် ၄၄ နေရာ ဆောက်လုပ်ခွင့်ပြုထားပြီး ရေကစားမဏ္ဍပ်များ ရေသွယ်ယူခြင်းများကို နှုန်းထားအသစ်များဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောက်လုပ်ခွင့်ပြုသွားမည့် ရေကစားမဏ္ဍပ်များမှာ ကန်တော်ကြီး ကန်ပတ်လမ်း၌ နေရာ ၂၀၊ ဆရာစံလမ်း၌ သုံးနေရာ၊ စက်မှု(၁) လမ်း၌ နှစ်နေရာ၊ ကမ္ဘာအေးဘုရားလမ်း၌ ကိုးနေရာ၊ ပြည်လမ်း၌ လေးနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ တစ်နေရာ၊ အလုံလမ်း၌ သုံးနေရာနှင့် ပါရမီလမ်း၌ နှစ်နေရာတို့ဖြစ်ကြောင်း သိရသည်။ ထိုရေကစားမဏ္ဍပ်များ ရေသွယ်ယူဆောင်ရွက်ရာတွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များသည် ကန်တော်ကြီးမှ ရေကိုလည်းကောင်း၊ ပြည်လမ်း၊ ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းများရှိ မဏ္ဍပ်များသည် အင်းယားကန်မှ ရေကိုလည်းကောင်း သွယ်ယူအသုံးပြုကြရမည်ဖြစ်သည်။ ကျန်မဏ္ဍပ်များသည် အဝီစိတွင်း မြေအောက်ရေများနှင့် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူနှင့် ငမိုးရိပ်စသည့် ရေလှောင်ကန်များမှ ဖြန့်ဝေပေးလျက်ရှိသော ရေပိုင်လိုင်းများမှ ရေကို ပိုက်များဖြင့် သွယ်၍ အသုံးပြုရမည်ဖြစ်သည်။ ရေသွယ်မှု နှုန်းထားများမှာ ကန်တော်ကြီးနှင့် အင်းယားကန်တို့မှ ရေသွယ်ယူပါက အချင်း သုံးလက်မရှိ ပိုက်လိုင်းတစ်လိုင်း သွယ်ယူမှုနှုန်းထားသည် ငွေကျပ် ၂၂၀၀၀၀ ဖြစ်ပြီး အဝီစိ၊ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူနှင့် ငမိုးရိပ်စသည့် ရေလှောင်ကန်ရေပိုက်များမှ ရေသွယ်ယူမှုသည် အချင်းတစ်လက်မနှင့် တစ်လက်မခွဲ ပိုက်လိုင်းတစ်လိုင်းလျှင် ငွေကျပ် ၈၀၀၀၀ နှင့် အချင်းနှစ်လက်မရှိ ပိုက်လိုင်းတစ်လိုင်း သွယ်ယူမှုသည် ငွေကျပ် ၁၂၀၀၀၀ ဖြစ်ကြောင်းသိရှိရသည်။
 
 Myanmar Express 

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ