အားပေးစကားပြောနေစဉ်
မြောက်ကိုရီးယား နိုင်ငံမှာ မြေပြင်မှ သင်္ဘောသို့ ပစ်ခတ်သည့် တာတိုပစ် ဒုံးကျည် နှစ်စင်းကို ကိုရီးယား ကျွန်းဆွယ် အနောက်ဘက်ရှိ ပင်လယ်ဝါသို့ စမ်းသပ်
ပစ်လွတ်ခဲ့ကြောင်း NHK သတင်းတွင် ဖော်ပြခဲ့သည်။ တောင်ကိုရီးယား အစိုးရ သတင်း အရင်းအမြစ်များမှ ပြော့ရာတွင် မြောက်ကိုရီးယားမှ ပစ်လွှတ်သည့် ဒုံးကျည် နှစ်စင်းမှာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခရိုင် တစ်ခုတွင် ရှိနေသော အခြေစိုက် စခန်းမှ ကြာသပတေးနေ့ နံနက်ပိုင်းက ပစ်လွတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
အဆိုပါ KN-01 သင်္ဘောဖျက် ဒုံးကျည်မှာ ကီလိုမီတာ ၁၂၀ အကွာအဝေး အထိ ပစ်ခတ်နိုင်ကြောင်းလည်း အမည်မဖော်လိုသူ အဆိုပါ သတင်းအရင်းအမြစ် အရ သိရသည်။ ယခုလို ပစ်လွှတ်မှုမှာ လာမည့် လတွင် ပြုလုပ်မည့် ဂြိုဟ်တု လွှတ်တင်မှု အစီအစဉ်နှင့် ဆက်စပ်မှု့ ရှိပုံ မရကြောင်း အဆိုပါ လူမှပြောသည်။ တောင် ကိုရီးယား နိုင်ငံမှာ မြောက်ကိုရီးယားတို့ အနေဖြင့် တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်ရန် စီစဉ်နေသည်ဟု ယုံကြည်ထားကြောင်း သိရသည်။
ယခုလို တာတိုပစ် ဒုံးကျည်ကို စမ်းသက်ခြင်းမှာ သင်္ဘောဖျက် လက်နက်များ၏ ပစ်နိုင်အားကို စမ်းသပ်ချင်၍ြ်ဖစ်နိုင်ကြောင်းလည်း အဆိုပါ သတင်း အရင်းအမြစ်မှ ပြော သည်။ စောင့်ကြည့်သူများမှ ပြောရာ၌မူ မြောက်ကိုရီးယား နိုင်ငံမှ တောင်ကိုရီးယား နှင့် အမေရိကန်တို့ကို သတိပေးရန် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
source : NHK news







ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ မြောက် ကိုရီးယားနိုင်ငံရဲ့ ဒုံးပျံလွှတ်တင်မယ့် အစီအစဉ် အတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ပူးတွဲကာကွယ်ရေး
တပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့်ဧပြီလ ၁၂ရက်နေ့နဲ့ ၁၆ရက်နေ့အကြားမှာ ဂြိုဟ်တုတင်ဆောင်ထားတဲ့ ဒုံးပျံတစ်စင်း လွှတ်တင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပြီး အဲ့ဒီ ဒုံးပျံရဲ့ အစိတ်အပိုင်းတချို့ဟာ ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းတချို့ပေါ်ကို ပြုတ်ကျနိုင်ကြောင်း ခန့်မှန်းထား ပါတယ်။
ဒါကြောင့် ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာနဟာ အဲ့ဒီ ဒုံးပျံအပိုင်းအစတွေ ဂျပန်ပိုင်နက်ကို ကျလာပါက ကြားဖြတ်ဖျက်ဆီးပစ်ဖို့ အဆင်သင့်ပြင် ထားမှာဖြစ်ပြီး လာမယ့် သီတင်းပတ်အတွင်းမှာ ကာကွယ်ရေးဝန်ကြီး နာအိုကီတာနာကာက တရားဝင်ညွှန်ကြားချက် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယား ဒုံးပျံအစိတ်အပိုင်းတွေကို ဖျက်ချဖို့ PAC-3 မြေပြင်မှ ဝေဟင်ပစ်ကြားဖြတ်ဒုံးလက်နက်တွေကို အီရှီဂါကီ၊ မီယာကိုနဲ့ အိုကီနာဝါ ကျွန်းတို့ အပါအ၀င် နေရာတော်တော်များများမှာ တပ်ဖြန့်ထားရှိမှာ ဖြစ်ပြီး SM-3 ဖျက် ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ Aegis ဖျက်သင်္ဘောတွေကိုလည်း အိုကီနာဝါ ကျွန်းအ နီး ရေပြင်မှာ တပ်ဖြန့်ထားရှိမှာ ဖြစ်ပါတယ်။
ဂျပန်အစိုးရဟာ လာမယ့် သောကြာနေ့မှာ ၀န်ကြီးချုပ် ယိုရှီဟီကိုနိုဒါ နဲ့ အခြားဝန်ကြီးတွေ တက်ရောက်မယ့် လုံခြုံရေး ကောင်စီ အစည်းအဝေးတစ်ရပ် ကျင်းပမှာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာ မြောက်ကိုရီးယား ဒုံးပျံအစိတ်အပိုင်းတွေကို ကြားဖြတ်ပစ်ချမှု လုပ်၊ မလုပ် ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Reference : NHK.com

မတ်လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီဝ န်းကျင်ခန့် အချိန်က သန်လျင်မြို့နယ် သီလ၀ါ ဆိပ်ကမ်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ
မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီး ဌာနမှ ၂ နာရီ မိနစ် ၄၀ အချိန်ခန့်မှာ သတင်းရရှိပြီး သွားရောက် ငြှိမ်းသတ်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မီးလောင်ကျွမ်းမှုကို သွားရောက်သတင်း ယူရာမှာတော့ သက်ဆိုင်ရာ သီလ၀ါ ဆိပ်ကမ်းမှ တာဝန်ရှိသူများက သတင်းဝင်ရောက် ရယူခွင့် မပြုခဲ့တာ ဖြစ်ပါတယ်။ သတင်း ရယူခွင့် မပေးတဲ့အပြင် အဆိုပါ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါ့အပြင် အဆိုပါ မီးလောင်ကျွမ်း မှုကိုတော့ သက်ဆိုင်ရာ မီးသတ် စခန်းများမှ တာဝန်ရှိသူများက အဆက်မပြတ် ငြှိမ်းသတ်လျက်ရှိပြီး ညနေ ၆ နာရီကျော်အထိ အဆိုပါမီးကို ငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အဲ့ဒီ မီးလောင်ကျွမ်းမှုဟာ သစ်ပုံများကို ဆက်လက်ကူးစက် လောင်ကျွမ်းလျက်ရှိပြီး အဆိုပါ ဆိပ်ကမ်းမှ ကားဝယ်ယူ တင်သွင်းထားတဲ့ ကားပိုင်ရှင် အများစုဟာလည်း အဆိုပါ ဆိပ်ကမ်းကို ရောက်ရှိလာ ကြတယ်လို့ သိရပါတယ်။ ဒီလို ကားပိုင်ရှင်များ ရောက်ရှိလာပေမယ့် ဆိပ်ကမ်း တာဝန် ရှိသူများက ကားထုတ်ယူခြင်း များကိုလည်း ခွင့်ပြုခြင်း မရှိသေးကြောင်း သိရပါတယ်။ အဆိုပါ မီးလောက်ကျွမ်း မှုကိုတော့ ပြည်တွင်း မီဒီယာများဖြစ်တဲ့ ပြည်မြန်မာဂျာနယ် ၊ ဧရာဝတီဂျာနယ် ၊ မြန်မာတိုင်းမ်ဂျာနယ် ၊ EPA ဥရောပ သတင်းဌာန နဲ့ 7 Day ဂျာနယ် အစရှိတဲ့ မီဒီယာများ လာရောက် သတင်းရယူ ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ သ၀ဏ်လွှာ အရ သိရပါတယ်။ အဲ့ဒီ ရန်ပုံငွေမှာ တီဘီရောဂါနဲ့ ပတ်သက်ပြီး တီဘီ လူနာများကို ရှာဖွေပြီး ပျောက်ကင်း အောင် ကုသပေး နိုင်ဖို့အတွက် ပိုမိုတိုးမြှင့် လုပ်ဆောင် သွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ တီဘီရောဂါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၄ နှစ် ၀န်းကျင်က ကျန်းမာရေး ၀န်ကြီး ဌာနကနေ တီဘီရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေကို ကျပ်သန်းပေါင်း ၁၄ သန်းသာ ခွဲဝေထား ရာက အခု ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် မှာတော့ ကျပ်သန်းပေါင်း ၆၀၀ ကျော်အထိ တိုးမြှင့်ချထား ပေးခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ တီဘီရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာမှာ အခု ဘဏ္ဍာနှစ် မှာလည်း ကျန်းမာရေး ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တီဘီရောဂါ လူနာ တွေကို ရောဂါ ရှာဖွေကာ ပျောက်ကင်းအောင် ကုသမှု တွေကို စနစ်တကျ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီ အများဆုံး ဖြစ်ပွားမှု ၂၂ နိုင်ငံထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက်လည်း ကမ္ဘာ့တီဘီ ရောဂါ တိုက်ဖျက် ရေးနေ့ ဆောင်ပုဒ် ဖြစ်တဲ့ တစ်သက်တာ တီဘီ ကင်းဝေးရေး၊ အားလုံး ပါဝင် ဆောင်ရွက်ပေး ဆိုတဲ့ သတ်မှတ်ချက် အရ လုပ်ငန်းစဉ် ၁၀ ရပ် ချမှတ်ကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


ယနေ့နိုင်ငံတကာ အခြေအနေကို လေ့လာပါက တစ်ဦးတည်းသော မဟာအင်အားကြီး (Solo Super Power) နိုင်ငံမှ မဟာအင်အားလွန် နိုင်ငံ (Hyper Power) အဆင့်သို့ တက်လှမ်းနေသည့် အမေရိကန်သည် တစ်လောကလုံး အရေးသည် ၄င်း၏ အရေးဟု မှတ်ယူကာ မည်သည့် နိုင်ငံတကာ ဥပဒေ ၊ ပြဌာန်းချက်၊ စာချုပ် စာတမ်းများကိုမှ အလေးမထားဘဲ မလိုလျှင် မလိုသလို အင်အားသုံး ပါဝင်စွက်ဖက်ကာ ဗိုလ်ကျ စိုးမိုးရေး ၀ါဒ ( Hegemonism ) ကိုလက်ကိုထားပြီး ( Unilateralism ) ၀ါဒဖြင့် ကမ္ဘာ့စစ်ပုလိပ်ကြီးသဖွယ် လက်ဝါးကြီးအုပ်စိုးကာ ထင်တိုင်း ကြဲနေလျက် ရှိပါသည်။ ကျန်ကမ္ဘာ့နိုင်ငံ အများစုကမူ ဒွိ မဏ္ဍိုင်စနစ် ( Biplarity) ပျက်သုံးသွားပြီးနောက် ဗဟုမဏ္ဍိုင်စနစ် ( Multipolarity ) ဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်း လိုကြပါသည်။
အမေရိကန်တို့သည် အထက်ဖော်ပြပါ အန္တိမရည်မှန်းချက်ကို ဖော်ဆောင်ရန် ၄င်းတို့၏ အမျိုးသား ကာကွယ်ရေး မူဝါဒ (၃)ရပ်ကို ချမှတ်ခဲ့သည်။ ပထမဆုံးအချက်မှာ ပုံဖော်ခြင်း (Shape) ဖြစ်သည်။ ပုံဖော်သည် ဆိုရာတွင် နိုင်ငံတကာနှင့် လိုက်လျောညီထွေမှု တည်ရှိနေရန် ပုံဖော်သည်ဟု ဆိုသော်လည်း အမှန်စစ်စစ် အမေရိကန် အလိုကျ ပုံဖော်ခြင်းသာ ဖြစ်ပါသည်။ ဒုတိယအချက်မှာ တုန့်ပြန်ခြင်း ( Respond) ဖြစ်ပြီး ကမ္ဘာ့ခြိမ်းခြောက်မှု အန္တရာယ်အသွယ်သွယ်ကို လက်မနှေးတု့န်ပြန်ခြင်း ဖြစ်သည်။ ၄င်းမှာလည်း အမေရိကန် အလိုမကျမှုများကို အရေးယူ ဆောင်ရွက်သည်ဟု တနည်းအားဖြင့် မှတ်ယူနိုင်သည်။ နောက်ဆုံး အချက်မှာ ပြင်ဆင်ခြင်း ( Prepare) ဖြစ်ပြီး မျှော်မှန်း၍ မရနိုင်သည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်သည်။
စစ်အေးလွန်ကာလတွင် ၄င်းတို့ ကျင့်သုံးခဲ့သည့် ကွန်မြူနစ်ဝါဒ ပြန့်ပွားခြင်းကို ထိန်းချုပ်သည့် မူဝါဒသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အသုံးမတည့်တော့သည့်အခါ အမေရိကန်သည် လွတ်လပ်သည့် စီးပွားရေးစနစ်ကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံများ တိုးတက်ပြန့်ပွားရန် အားပေးကူညီရေး ဟူသည့် နိုင်ငံခြား ရေး မူဝါဒအသစ်ကို ချမှတ်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးမှု ကမ္ဘာ့ရှေ့ပြေးနေသည့် အမေရိကန် နိုင်ငံသည် လွတ်လပ်သည့် ဒီမိုကရေစီ ၀ါဒီများ ဖြစ်သည်နှင့်အညီ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူသားချင်း ညာတာထောက်ထားမှု အစရှိသည့် အတွေးအခေါ် အယူအဆများကို အသက်သွင်းပေးလျက် ကမ္ဘာကြီး၏ စစ်ပုလိပ် ( Global Police Man ) သို့မဟုတ် ကမ္ဘာ့အုပ်ချုပ်ရေးမှူးကြီး ( Global Governor ) အဖြစ် ရပ်တည် ဆောင်ရွက်လာခဲ့ပါသည်။
““ ကမ္ဘာတွင် မည်သည့်နေရာ ဖြစ်စေ ၄င်းတို့၏ လူသားချင် ညှာတာထောက်ထားမှု ရှုဒေါင့်မှ ကျူးလွန်ပါက အမေရိကန်သည် အင်အားအသုံးပြုလျှက် ကာကွယ်တားဆီးရေး ဆောင်ရွက် ရမည်ဟူသော မူဝါဒ အတိုင်း ဆိုမာလီ၊ ဆူဒန်၊ ဟေတီ၊ ကိုဆိုဗို၊ အီရတ် အစရှိသည့် အရေးအခင်းတွင် စစ်အင်အားကို အသုံးပြုကာ ၀င်ရောက် စွက်ဖက်ခဲ့ပါသည်။ ကမ္ဘာ့တစ်ဝန်းတွင် သြဇာပြန့်ကျက်ရေးနှင့် ၄င်းတို့၏ သြဇာမနာခံ သူများအား ပြစ်ဒဏ်ခတ်ရေးကို ဆောင်ရွက်ရာတွင် ယင်းတို့၏ စံနှုန်းများကို ကမ္ဘာစံနှုန်းအဖြစ် နေရာတိုင်း တိုင်းတာကာ လိုရင် လိုသလို၊ မလိုရင် မလိုသလို ပြုကျင့်လာခဲ့ပါသည်။ ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးမည့် ကုလ သမဂ္ဂကြီးပင်လျှင် အမေရိကန်၏ လက်ကိုင်တုတ်သဖွယ် ဖြစ်နေပြီး ကမ္ဘာတစ်ဝှမ်းလုံး လက်ဝါးကြီးအုပ် စိုးမိုး ချယ်လှယ်ဗိုလ်ကျမှုသည် ထိန်းမနိုင်၊ သိမ်းမရအောင် ဖြစ်နေခဲ့ပါသည်။


“အစိုးရက ငြိမ်းချမ်းရေး လိုလားနေတဲ့အတွက် ပဒိုကို လွှတ်ပေးလိုက်တာလို့ မြင်တယ်။ ဒီလိုလွှတ်ပေးလိုက် တာဟာ ငြိမ်းချမ်းရေးအစီအစဉ်ကို ပိုခိုင်မာလာတယ်။ ယုံကြည်မှု တည်ဆောက်လာနိုင်တယ်” ဟု ကေအန်ယူ အထွေထွေအတွင်းရေးမှုး နော်စီဖိုးရာစိန်က ပြောသည်။
ဇန်နဝါရီ ၁၂ ရက်နေ့ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပဒိုမန်းငြိမ်းမောင်အား ပြန်လွှတ်ပေးရန် ကေအန်ယူက တောင်းဆိုခဲ့ပြီး အစိုးရဘက်ကလည်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင် ပါဝင်စေချင်သဖြင့် ပြန်လွှတ်ပေးမည်ဟု
ဝန်ကြီးဦးအောင်မင်း ကိုယ်တိုင် ကတိပေးခဲ့ကြောင်း နော်စီဖိုးရာစိန်ကပြောသည်။
“သူတို့ကလည်း ကတိအတိုင်း လုပ်ဆောင်တာကို တွေ့ရတော့ ပြောင်းလဲမှုအတွက် သူတို့ ကြိုးစားနေတယ်လို့ တွေ့လာတာပေါ့” ဟု သူက ပြောသည်။
ဧပြီလ (၄) ရက်နေ့တွင် အစိုးရနှင့် ကေအန်ယူတို့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စများကို အကြိုညှိနှိုင်းရန် ထိုင်း-မြန်မာနယ်စပ်သို့ မတ်လ ၂၄ ရက်နေ့၌ရောက်ရှိလာသည့် ဦးအောင်မင်း ဦးဆောင် သော အဖွဲ့ဝင် (၇) ဦးပါ အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့်အတူ မန်းငြိမ်းမောင်လည်း ပါလာခဲ့ခြင်းဖြစ်သည်။
ခိုင်မာသော အပစ်အခတ်ရပ်စဲရေးရရှိရန်၊ နှစ်ဖက်ဆက်ဆံရေးရုံးများ ထားရှိရန်၊ စစ်အင်အား မတိုးချဲ့ရေး၊ ကရင်လူထုနှင့် နီးကပ်တည်ရှိနေသော စစ်တပ်များအားရုပ်သိမ်းပေးရေးတို့ကိုလည်း ဧပြီ (၄) ရက်နေ့ တွေ့ဆုံသည့်အခါ အသေးစိတ်ဆွေးနွေးသွားမည်ဟု နော်စီဖိုးရာစိန်က ပြောသည်။
ဧပြီလ (၄) ရက် ခရီးစဉ်အတွင်း ကေအန်ယူ ကိုယ်စားလှယ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကိစ္စများကို အပြန်အလှန်ဆွေးနွေးဖလှယ်သွားမည်ဟု သိရသည်။
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်စေချင်သဖြင့် အစိုးရက ပြန်လွှတ်ပေးခဲ့သည့် ပဒိုမန်းငြိမ်းမောင် သည် အနားယူရန် လိုအပ်နေသဖြင့် လာမည့်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွင် ပါဝင်နိုင်ဦးမည် မဟုတ်ကြောင်း ကေအန်ယူက ပြောသည်။
ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်လေဆိပ်၌် ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနှင့် မင်္ဂလာဒုံတရားရုံးကထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။
ထို့နောက် ကေအန်ယူအဖွဲ့မှ ဖြစ်သဖြင့် မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု စွဲချက်များဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် တစ်သက်တစ်ကျွန်းကို တပေါင်းတည်း ကျခံရန်ချမှတ်ခဲ့သည်။
ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တစ်ပတ်အကြာ မတ်လ ၁၉ ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။ ။

From : ဖိုးသော်
“တပ်မတော်ဆိုတာ”
*ပြည်တွင်းပြည်ပ
ရန်စွယ်ကများ
ဖျက်သမားစုံ
ရမ်းကားသူပေါ
ခောတ်မျောချိန်ခါ
ပြည်မြန်မာကြီး
ပျက်စီးဆဲဆဲ
ထိုရန်ထဲမှ
အမြဲလွတ်အောင်
စွမ်းဆောင်ခဲ့တာ တပ်မတော်…
*ထိုမျှမကြာ
ပေါ်လာပြန်ကြ
ပြည်တွင်းရန်များ
ကာကွယ်ကြပြီး
စစ်မီးငြိမ်းဖို့
အသက်တို့ပေး
ရှေ့ရေးမကြည့်
တက်သိတာဝန်
လူချွန်စိတ်ထား
လွန်စွာများတာ တပ်မတော်…
*သစ္စာလေးချက်
ဦးထိပ်ရွက်လို့
အသက်ကိုပေး
သမိုင်းရေးခဲ့
တိုင်းပြည်ရဲ့ရန်
မှန်မှန်သမျှ
တိုက်ထုတ်ရမည်
ရည်ရွယ်သည်က
တပ်သားစပြီး
ဗိုလ်ချုပ်ကြီးထိ
အသိရှိ၏ …
တပ်မတော်ဆိုတာ တို့နိုင်ငံ့အတွက် ။
တပ်မတော်ဆိုတာ တို့လူမျိုးအတွက် ။
တပ်မတော်ဆိုတာ တို့အားလုံးအတွက် ။

|
|
| Subscribe to Myanmar Express Group |
| Visit this group |
Myanmar Express Group သို့ စာမူ ပို့လိုလျှင် mm.exps@gmail.com သို့ လိပ်မူ ပေးပို့ နိုင် သည်။
အယ်ဒီတာ ထံသို့ အကြံပေး၊ တိုင်ကြား လိုလျှင် editor@myanmarexpress.net သို့ ပေးပို့ နိုင် ပါသည်။

