Subscribe to our RSS Feed

လာမည့် ဧပြီလ အတွင်း ကုလသမ္မဂ္ဂ အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်ဖွယ်ရှိ

From : MRTV-4

ကုလသမ္မဂ္ဂ အတွင်းရေးမှုးချုပ် ဖြစ်သူ ဘန်ကီမွန်း အနေဖြင့် လာမည့် လအတွင်း မြန်မာနိုင်ငံသို့ လာရောက်ဖွယ် ရှိကြောင်းနှင့် ဒီမိုကရေစီ ကူးပြောင်းမှု

လုပ်ငန်းစဉ် အတွင်း နိုင်ငံတကာ အနေဖြင့် အကူအညီများ ပေးရန်လည်း တောင်းဆိုလိုက်ကြောင်း လွန်ခဲ့သည့် သောကြာနေ့က ပြောကြားလိုက်သည်။ မိမိ အနေဖြင့် မြန်မာနိုင်ငံသို့ ကုလ အတွင်းရေးမှုးချုပ် အဖြစ် နှစ်ကြိမ်တိုင် သွားရောက်ခဲ့ဖူးကြောင်းနှင့် မကြာမီ ကာလ အတွင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ၊ နောက်လ အတွင်းတွင် ဖြစ်နိုင်ကြောင်း စင်္ကာပူတွင် ရောက်ရှိနေသည့် ဘန်ကီမွန်းမှ ပြောကြားခဲ့သည။်

အလားတူပင် လွန်ခဲ့သည့် ကြာသပတေး နေ့ကလည်း မလေးရှား နိုင်ငံတွင် ရောက်ရှိနေစဉ်က မြန်မာနိုင်ငံ ခရီးစဉ် အတွက် လာမည့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် သွား ရောက်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း အချိန် အတိအကျကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။ ထို့အပြင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ချက်များ အတွက် အားရ ကျေနပ်မိကြောင်း ထို့ကြောင့် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ကိစ္စရပ်များကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကူအညီများ ပေးကြရန်လည်း တိုက်တွန်းလိုက်ကြောင်း channelnewsasia သတင်းတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းနှင့် ခရီးစဉ် တစ်လျောက်တွင် အကူအညီများ ပေးရန် လိုအပ်မည် ဖြစ်ကြောင်းလည်း ၎င်းမှ ထပ်လောင်း ပြောကြား သွားခဲ့သည်။

source : channelnewsasia


Myanmar Express

သန့်စင်ခန်းပါ အဝေးပြေးကားများ အသုံးပြုနိုင်တော့မည်

From :ခေတ်လူငယ်

အဝေးပြေးကားများ အနေဖြင့် သန့်စင်ခန်းပါသော ကားများကို အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Young Man Myanmar Group မှ တာဝန်ရှိသူတစ်ဦးမှ မတ်၂၀ တွင် ပြောကြားခဲ့သည်။ ယင်းမှ “ကားဝယ်သူက ဒါကိုတပ်ဆင်တယ်ဆို ကုမ္ပဏီဘက်က တပ်ပေးဖို့ လွယ်လွယ်လေးပါ သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူပါတယ်။ အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးထားတာပါ” ဟု ပြောကြားခဲ့သည်။ အဆိုပါ စနစ် အသုံးပြုနိုင်သော ကားများသည်  ဂျာမနီနိုင်ငံ၏ နည်းပညာဖြင့် စံချိန်စံညွှန်းအမီ တည်ဆောက်ကာ တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ဘတ်(စ်) ကားများဖြစ်သည်။ ယင်းကားများကို Young Man Myanmar Group မှ တစ်ဦးတည် ကိုယ်စားလှယ်ယူကာ မြန်မာနိုင်ငံသို့ တင်သွင်းမည်ဖြစ်သည်။ ယင်းတရုတ်နိုင်ငံမှ တင်သွင်းမည့်ကားများသည် လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုနေသော ကားများထက် ဆီစားနှုန်းနှင့် တာယာစားနှုန်း သက်သာစေသည်ဟု ဆိုသည်။ “ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီဖြစ်တဲ့ Man SE ရဲ့ ကုမ္ပဏီခွဲ Neoplan Bus နည်းပညာနဲ့ လုပ်တာဆိုတော့ ဥရောပစံချိန်မီကားတွေ ဖြစ်ပါတယ်။ အေပုံဏ္ဌာန် နောက်ဆိုင်းထိန်း စနစ်ကြောင့် ကားစီးတဲ့ သူတွေကိုပိုပြီး သက်သောင့်သက်သာ ဖြစ်စေတယ်။ အခုဒီကားတွေနဲ့ ရွှေနန်းတော်ယာဉ်လိုင်းက စပြီးပြေးဆွဲတော့မယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အဝေးပြေး Bus Car များကို Young Man Myanmar Group မှ လိုအပ်သလောက် တင်သွင်းပေးမည်ဖြစ်ကာ မိမိစိတ်ကြိုက် ပုံသဏ္ဌာန်ကိုလည်း မှာယူနိုင်သည်ဟု ပြောကြားခဲ့သည်။ “ကားထဲမှာ သန့်စင်ခန်း ပါချင်လားရတယ်။ အိမ်ပုံသဏ္ဌာန် လိုချင်တာတို့၊ ရုံးခန်းပုံစံ အကုန်လုံးစိတ်ကြိုက် မှာယူလို့ရတယ်။ ယာဉ်မောင်းနောက်လိုက်တွေကို သင်တန်းပေးပြီးမှ မောင်းစေမှာပါ” ဟု ပြောကြားခဲ့ပါသည်။ ယာဉ်အတွက် အာမခံအနေဖြင့် ကီလိုမီတာ တစ်သိန်းသို့မဟုတ် တစ်နှစ်အာမခံချက် ပေးသည်ဟု ဆိုသည်။ အဆိုပါ ကားများကို ၈ မီတာမှ ၂၅ မီတာအထိ မိမိစိတ်ကြိုက် မှာယူနိုင်သလို ဈေးနှုန်း အစားစားရှိသည်ဟု သိရသည်။ ပုံမှန်အမျိုးအစား ကားတစ်စီအတွက် ကျပ်သိန်း တစ်ထောင့်သုံးရာခန့်ရှိသည်ဟု သိရှိရသည်။
 
 Myanmar Express

ဒဲရစ်မစ်ချဲလ်က မြန်မာလွှတ်တော်တွေကို ချီးကျူး


From : ဂျက်ဖရီဂေါ့ဒတ်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)

လွန်ခဲ့သောတစ်နှစ်ကျော်က စတင် ကျင်းပလာခဲ့တဲ့ အမျိုးသားလွှတ်တော်ရဲ့ လုပ်ဆောင်မှုများဟာ "အလွန်ထူးခြား လှပါတယ်"လို့ အမေရိကန်အထူးသံ ကိုယ်စားလှယ်မစ္စတာ ဒဲရစ်မစ်ချဲလ်က ယခင်သီတင်းပတ်က ပြောသွားတယ်။ "သူတို့ကို ရော်ဘာတံဆိပ်တုံး နှိပ်ပေး တဲ့အဆင့်ထက် အများကြီးပိုတယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး"လို့ ရန်ကုန် မှာ မတ်လ ၁၇ ရက်တွေ့ဆုံမေးမြန်းပွဲမှာ မစ္စတာမစ်ချဲလ်က ပြောခဲ့ပါတယ်။

"လွှတ်တော်စချိန်တုန်းက အချေ အတင်ဆွေးနွေးခြင်း၊ ပွင့်လင်းခြင်း၊ ထင်သာမြင်သာရှိခြင်း ဆိုတာတွေကို သတ်မှတ် တင်းကျပ် ထားလွန်းတာ ကြောင့် အပြန်အလှန်စစ်ဆေးမှုနဲ့ ထိန်း ညှိမှု၊ အာဏာထိန်းညှိမှုဆိုတာတွေဟာ ရယ်စရာလိုလိုတောင် ဖြစ်ခဲ့ပါ တယ်"လို့ သူက ဆိုတယ်။

လွှတ်တော်ရဲ့ စွမ်းဆောင်လုပ်ကိုင် နိုင်တဲ့စွမ်းရည်တွေ ဖြည့်ဆည်းပေးဖို့ အသေအချာ လိုအပ်တယ်လို့ သူက ထောက်ပြတယ်။

"ဒါပေမယ့် လွှတ်တော်တစ်ရပ်ဖွဲ့ စည်းဖို့ လိုအပ်နေတာကို အသိအမှတ်ပြု ခြင်း ဥပမာ - အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေ ဆီက နည်းပညာအကူ အညီယူဖို့ ကမ်းလှမ်းခြင်းတွေဟာ အလွန်အားတက်စရာ ဖြစ်ရပါတယ်"တဲ့။

လွှတ်တော်ကိုယ်စားလှယ်တွေကို မိမိ တို့ မဲဆန္ဒနယ်တွေကို ကိုယ်စားပြုရာမှာ လည်းကောင်း၊ အစိုးရ အုပ်ချုပ်ရေး ယန္တရားအတွင်း မိမိတို့ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ရာမှာလည်း ကောင်း အစွမ်းကုန်ထိရောက်အောင် မြင်အောင် လုပ်ဆောင်ဖို့ လွှတ်တော် ဥက္ကဋ္ဌကြီးသူရဦးရွှေမန်းရဲ့ တိုက်တွန်းမှု ဟာ အလွန့်အလွန်အားတက်စရာ ကောင်းပါတယ်။ သမ္မတကြီးဦးသိန်းစိန် နည်းတူ သူရဦးရွှေမန်းဟာလည်း အလွန်ထူးခြား ထက်မြက်တဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်လို့ မစ္စတာမစ်ချဲလ်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေထံမှ ပြန်လည်ပြောကြားချက်အရ ဥက္ကဋ္ဌသူရ ဦးရွှေမန်းဟာ အခြားပါတီတွေ၊ အခြား အုပ်စုတွေနဲ့ ဆက်ဆံရာမှာ အတော်မျှတ မှုရှိသူ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ လွှတ်တော်ကြီး ဆက်လက်တိုးတက် သွားအောင် တတ်အားသရွေ့ သင့်တော် သလို အားပေး ထောက်ခံသွားရမှာ ဖြစ်ပါ တယ်။

ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရားမျှတတယ်လို့ ယုံကြည် ယူဆမယ်ဆိုရင် ဒီရွေးကောက်ပွဲအပြီး မှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ် ဆောင်နိုင်စွမ်းကိုကူညီ တည်ဆောက် ပေးဖို့ အကူအညီတွေပေးသွားရန် အမေရိကန်ပြည်ထောင်စုက စဉ်းစား နေပါတယ်။

အစိုးရနဲ့ ပတ်သက်လို့ အာဏာရလာ ပြီးတဲ့နောက်ပိုင်းမှာ အဆိုးအမြင်တွေရှိ ခဲ့တယ်ဆိုတာကို မစ္စတာမစ်ချဲလ်က အသိအမှတ်ပြု ပါတယ်။

"မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့သမျှတွေ ကို စောင့်ကြည့်နေခဲ့ကြတဲ့သူတွေအဖို့ တော့ အကောင်းမြင်နိုင်ကြမယ်မထင်ပါ ဘူး။ ဒီလူတွေပဲ ထိန်းချုပ်နေဆဲပဲ။ ယူနီ ဖောင်းချွတ်လိုက်ပြီး ဒါတွေပဲဆက်လုပ် နေတာပဲလို့ ထင်ကြမှာပါပဲ။ "ဒါပေမယ့် ကျွန်တော်တို့ ချဉ်းကပ်ပုံ က၊ ကျွန်တော်ရဲ့ချဉ်းကပ်ပုံက ကျွန်တော် စတင်စမ်းကြည့်လိုက်ကတည်းက ပထမ ဆုံးနေ့မှာပဲ သမ္မတကြီးဦးသိန်းစိန်က သူ့ မိန့်ခွန်းနဲ့ စပါတယ်။ "သူ့ရဲ့ သမ္မတရာထူးလက်ခံတဲ့ မိန့်ခွန်း မှာ လေသံရော၊ ဟန်ပန်ရော၊ အမြင်တွေ ပါ ပြောင်းသွားတာကို ခင်ဗျားသတိထား မိပါလိမ့်မယ်။ "အခွင့်အလမ်းတွေ မပေးရင်၊ အား ပေး ကူညီမှုမပြုရင် အပြောင်းအလဲတွေ ကို ရလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားနေတာ။ တခြားသူတွေနဲ့အတူ တကွကြိုးစားနေတာ၊ ဒါပါပဲ"ဟု မစ္စတာ မစ်ချဲလ်က ပြောပါတယ်။

လွန်ခဲ့သော ခုနစ်လက အမေရိကန် အထူးသံတမန်အဖြစ် ပထမဆုံးအကြိမ် ရောက်လာခဲ့ချိန်မှစ၍ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်း စဉ်အပေါ် ၎င်း၏အမြင်ကို မေးကြည့်ရာ မစ္စတာမစ်ချဲလ်က "ဒီ လောက်အချိန်ကာလအတွင်း တိုးတက် ဖြစ်ပေါ်မှုတွေ တွေ့ရတော့ ပိုလို့တောင် အားတက်မိပါတယ်"ဟု ပြောပါတယ်။

"ဘယ်ကို ဦးတည်သွားနေတယ်ဆို တာ ဆုံးဖြတ်ဖို့တော့ စောင့်ရဦးမှာပေါ့။ ဒါပေမယ့် အချိန်နဲ့အမျှ မီဒီယာတွေ ပွင့်လင်းလွတ်လပ် လာတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနေတာ ကို ကြည့်ရင်ပဲ အားတက်စရာပါဗျာ။ "ဒီအရိပ်နိမိတ်တွေကို နိုင်ငံထဲက လူထု တွေဆီမှာလည်း မြင်နေရတယ်။ သူတို့ တစ်တွေမှာ အကောင်းမျှော်လင့်ချက် တွေနဲ့ အားတက်နေကြတယ်။ အနည်း ဆုံး အလယ်ပိုင်းပြည်မကြီးက လူထုမှာ ဒီအတိုင်းပါပဲ။ "တိုင်းရင်းသားတွေရဲ့ ဒေသမှာတော့ တကယ်တမ်းဘာမှ မပြောင်းလဲသေးပါ ဘူးဆိုတဲ့ အဆိုးမြင်မှုတွေ ရှိနေပါသေး တယ်။ ဒါပေမယ့် အချို့တိုင်းရင်းသား အုပ်စုတွေထဲမှာလဲ အားတက်မျှော်လင့် တဲ့ အကောင်း မြင်မှုတွေ ရှိပါတယ်" သူ့ကို ဤတာဝန်စတင်ပေးလိုက်ချိန် မှ စ၍မြန်မာပြည်ကို ခြောက်ကြိမ်တိုင် ရောက်ခဲ့ပြီးဖြစ်ရာ အခေါက်တိုင်း မှာပင် လျှင် တိုးတက်မှုများတွေ့နေရ၍ အပြောင်းအလဲဟာ အစစ်အမှန်ဖြစ် တယ်ဆိုတဲ့ အကောင်းမြင်မှုတွေ တိုး၍ တိုး၍လာပါ တယ်ဟု မစ်ချယ်က ပြောပါ တယ်။

ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချနိုင် မယ့် အလားအလာနှင့် ပတ်သက်လို့ မစ္စတာမစ်ချယ်က ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို စောင့်ကြည့်၍ ကျွန်ုပ်တို့အနေနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် လုပ်ဖော် ကိုင်ဖက်များအနေနဲ့ မည်သို့ပါဝင် သင့် တယ်ဆိုတဲ့ နည်းလမ်းကို တွက်ချက် ဆုံးဖြတ်ရန် စောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။

ကိုကိုနှင့် အောင်သာလင်း ဘာသာပြန်သည်။

Myanmar Express

ကြိုတင်မဲပေးမယ့်သူတွေအတွက် ရက်သတ်မှတ်ပြီ


ကြားဖြတ်ရွေးကောက်ပွဲအတွက် ဥပဒေအရ ကြိုတင်မဲပေးခွင့်ရှိသူတွေက လာမယ့် မတ်လ ၃၀ ရက်နဲ့ ၃၁ ရက် နံနက် ၆း၀၀ နာရီကနေ ညနေ ၆း၀၀ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေမှာ ကြိုတင်မဲပေးရမယ်လို့ သိရှိရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူက မဲရုံကို ကိုယ်တိုင်မလာရောက်နိုင်တဲ့အတွက် သက်ဆိုင်ရာကနေ ကြိုတင်မဲ တောင်းခံပြီး ကိုယ်တိုင်ကြိုတင် ဆန္ဒပြုထားတဲ့ မဲလက်မှတ်ကို လုံခြုံအောင် စာအိတ်နဲ့ ပိတ်ထည့်ပြီး သက်ဆိုင်ရာကို ပေးပို့တဲ့ မဲလက်မှတ် ဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်ရုံးက ကြိုတင်မဲတွေကို ပါတီတွေက ရွေးချယ်ထားတဲ့ မဲရုံကိုယ်စားလှယ်တွေရှေ့မှာပဲ မဲရေတွက်သွားမယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကော်မရှင်ရုံးမှ တာဝန်ယူဖြေကြားပေးသူ ဝန်ထမ်းတစ်ဦးထံက သိရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်ကို ပေးပို့တဲ့ ကြိုတင်မဲတွေကိုလည်း ဧပြီ ၁ ရက်နေ့ မနက် ၆း၀၀ နာရီမတိုင်မီ မဲရုံမှူးဆီ ပေးပို့ရမှာ ဖြစ်တယ်လို့ သိရတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် ကော်မရှင်ရုံးမှ တာဝန်ရှိသူဝန်ထမ်းတစ်ဦးက “၂၀၁၀ တုန်းက ဒီမြို့နယ်မှာ ရတဲ့ကြိုတင်မဲက သုံးရာခိုင်နှုန်းပဲ ရှိပါတယ်။ ကြိုတင်မဲကြောင့် နိုင်သွားတာ၊ ရှုံးသွားတယ်ဆိုတာ မရှိပါဘူး။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာလဲ ကြိုတင်မဲမှာ မဲလိမ်တာမျိုး မရှိအောင် လုပ်သွားဖို့ ကျွန်တော်တို့ဘက်က တစ်ရာ ရာခိုင်နှုန်း အပြည့် အာမခံပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ကြောင်းကို  MEG သတင်းထောက်တစ်ဦးမှ မှတ်တမ်းတင်ခဲ့သည်။


Myanmar Express

လျှာအရိုးမရှိ ပြောနေတဲ့ NLD ပါတီကို ပြည်ခိုင်ဖြိုးပါတီ မှ အမှန်တရားကို ပြောကြားပြ

ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေအတွင်းရေးမူး ဦးဌေးဦး
လာမယ့်ဧပြီ လ ၁ ရက်နေ့ ရွေးကောက်ပွဲနှင့် ပတ်သတ်၍  NLD ပါတီမှ တရားမျှတမူမရှိသော ရွေးကောက်ပွဲ ဖြစ်လိမ်.မည်ဟု တဖွဖွ ပြောဆိုနေသဖြင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ လာမယ့် ရွေးကောက်ပွဲကို အားလုံးက စိတ်ဝင်စားလျှက်ရှိသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေ အတွင်းရေးမူး ဦးဌေးဦး က သတင်းထောက်များ၏ လာမယ့် ရွေးကောက်ပွဲနှင့် ပတ်သတ်၍တရားမျှတမူ ရှိလား မရှိလား ဆိုသော မေးမြန်းချက်များအား ဤသို့ဖြေကြားခဲ့သည်။

မေး -  အခု ဧပြီ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ် မျှတမယ်လို့ ယူဆပါသလား၊ ဘာကြောင့်ပါလဲ?
ဖြေ - ရွေးကောက်ပွဲတိုင်းဟာ လွတ် လပ် မျှတမှုရှိကြပါ တယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်အနေနဲ့ လည်း စနစ်တကျ ညွှန်ကြား ကြပ်မတ်လျက် ရှိပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ လည်း တရားသော နည်းလမ်းအတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်နေ ကြသလို ကျန်သောပါတီတွေအနေနဲ့ လည်း သတ်မှတ်ချက်များနှင့်အညီ တရားသောနည်းလမ်းများအတိုင်း ပါဝင်ယှဉ်ပြိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။

မေး -  ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ ကိုယ်စားလှယ်ဦးရေ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီတစ်ခု အနေနဲ့ အဲဒီရွေးကောက်ပွဲ နဲ့ မကြာမီ ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲ ကို နှိုင်းယှဉ်သုံးသပ်ပေးပါ?
ဖြေ - ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ နေရာပေါင်း ၁,၁၅၄ နေရာ ရှိပြီး အခုနေရာပေါင်း ၄၈ နေရာသာရှိ ပါတယ်။ ယခင် ၂၀၁၀ ပြည့်နှစ် နေရာများ ရဲ့ အစွန်းထွက် ဆယ်ဂဏန်း ၅၄ ထက် တောင် နည်းနေပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါတီ တချို့က ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ခြင်း၊ ကန့်ကွက်မှု များပြုလုပ်ခြင်းတို့ ရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာ တာ တွေ့ရပါတယ်။ ယခင်နဲ့မတူတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ပါဝင် ဆောင်ရွက်လာခြင်း ဖြစ်တယ်လို့ ရှုမြင် ပါတယ်။

မေး - ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ စောင့် ကြည့်သူတွေ ထားရှိဖို့အတွက် ဘယ်လို စီစဉ်ထားပါသလဲ။ အထူး သဖြင့် မဲရေတွက်မှုကို ဘယ်လို စောင့်ကြည့် သွားမလဲဆိုတာ သိပါ ရစေ?
ဖြေ -  ကော်မရှင်က ထုတ်ပြန်ထားတဲ့ ညွှန် ကြားချက်တွေနဲ့အညီ ဖွဲ့စည်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူများနှင့် မဲရုံတာဝန်ရှိသူ များကို ယုံပါတယ်။

မေး -  မဲဆန္ဒနယ် ၄၈ ခုမှာသာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းမှု လမ်းကြောင်းမှာ ဘယ်လောက် အရေးပါပါသလဲ။ ဘယ်လောက် ရော အရှိန်တွန်းပေးနိုင်ပါမလဲ?
ဖြေ - ၄၈ နေရာသာရှိတဲ့အတွက် အရေ အတွက်ကတော့ နည်းပါတယ်။ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းရေး လမ်းကြောင်းအတိုင်း စိတ်ကောင်း စေတနာမှန်နှင့် ပါဝင်ဆောင်ရွက်လာ ခြင်းဆိုတဲ့ ယုံကြည်စိတ်က တွန်းအားဖြစ် စေမယ်လို့ ယူဆပါတယ်။

မေး -  ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နှ နေရာလောက် နိုင်မယ်လို့ ခန့်မှန်း ယုံကြည်ထားပါသလဲ?
ဖြေ - ပါတီတိုင်းဟာ အနိုင်ရမယ်လို့ ယုံကြည်ပြီး ရွေးကောက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေ နဲ့ ဘယ်ပါတီ၊ ဘယ်လို ပုဂ္ဂိုလ်တွေက အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့လက်တွေ့ အကျိုးပြု နေတယ်၊ အကျိုးပြုနိုင်စွမ်းရှိ တယ်ဆိုတာ ခွဲခြားပြီးသိပါတယ်။ ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုး တွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်။ ကျွန်တော်တို့ ပြည်သူကို ယုံကြည်ပါ တယ်။


Myanmar Express 

ပြည်ခိုင်ဖြိုးပါတီ ဒဂုံဆိပ်ကမ်းမြို့ မဲဆွယ်ပွဲ ဓာတ်ပုံများ

အကျီဆင်တူ၊ ဦးထုတ်ဆင်တူ၊ ကွင်းလုံးပြည့်


ထိုင်ခုံတွေရှိတာတောင် မထိုင်နိုင်ကြ


ယုဇနဥယျာဉ်မြို့တော်တွင်ဝင်ရောက်အရွေးခံမည့် ဦးအောင်ဝင်း


ပြည်သူချစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီ ကို ထောက်ခံကြောင်း စင်ပေါ်ထိ တက်ပြောတဲ့ ဒေသခံ ပြည်သူ တစ်ဦး


ယုဇနဥယျာဉ်မြို့တော်မှ ဝင်မည့် ကိုယ်စားလှယ် ဦးအောင်ဝင်း နှင့် ဦးအောင်သိန်းလင်း


စီစီရီရီ သိက္ခာရှိရှိ ပြန်ကြ၊
ကားခေါင်မိုးပေါ် တက်အော်သူမရှိ၊ ယဉ်စည်းကမ်း ဖောက်ဖျက်သူမရှိ၊ လမ်းပြောင်းပြန်သွားသူမရှိ


ဥပဒေ စိုးမိုးမှု ရှိရှိ၊ စည်းကမ်းသိသိ လမ်းဘေးတွင် ကားစောင့်ကြ၊
ဂွနဲ့ အပစ်ခံရသူ မရှိ


Myanmar Express

တစ်ဒေါ်လာ ၈၂၀ ကျပ်နှုန်း တရားဝင် သတ်မှတ်မည်

From :ခေတ်လူငယ်

ယခင်က မြန်မာအစိုးရ သတ်မှတ်ထားသည့် တရားဝင်ပေါက်ဈေးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၆ ကျပ်သာ ဖြစ်သည်။ သို့သော် အပြင်ဈေးကွက် (အစိုးရမဟုတ်သောဈေးကွက်)မှာတော့ ၁ ဒေါ်လာလျှင် ၈၀၀ ဝန်းကျင် ဈေးပေါက်ပါသည်။ ၂၀၁၂-၂၀၁၃ မှာတော့ ၈၀၀ ကျပ်နှင့် တွက်သည်ဟု လွှတ်တော်မှာ ပြောသည်။ ဤဈေးကြောင့် ထူးထူးခြားခြား ပြောင်းလဲရန် အကြောင်းမရှိဟု ပညာရှင်များက သုံးသပ်ကြသည်။ ဤငွေလဲနှုန်း ပြုပြင်လိုက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များစွာဝင်လာမည်ဟု တွက်၍မရနိုင်ဟုလည်း ဆိုသည်။ မြန်မာပြည်တွင် လျှပ်စစ်ဓါတ်အား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးနှင့် တခြားအခြေခံ အဆောက်အအုံများ လိုအပ်နေသေးသည်။ ထို့နောက် ပြည်ပရင်းနှီးမြှုပ်နှံမည့်သူများ စိတ်ချယုံကြည်လောက်သည့် ဥပဒေလည်း လိုသေးသည်။ လောလောဆယ်မှာ နိုင်ငံခြားရင်းနှီးမှု ဥပဒေများ ပြဋ္ဌာန်းမှုများ လုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများက အဆင့်နိမ့်နေသေးကြောင်း ပြောဆိုကြသည်။ ဘဏ်လုပ်ငန်းများ အရည်အချင်း တိုးတက်လာမှ နိုင်ငံတကာဘဏ်လုပ်ငန်းများ ဝင်လာမည်ဖြစ်သည်။ ယခုကဲ့သို့ ငွေလဲနှုန်းကို ပြောင်းလဲသတ်မှတ်သည့်အပြင် စီမံခန့်ခွဲမှုလည်း လိုအပ်နေသေးသည်။ ဤပြောင်းလဲမှုကို တည်တံ့အောင်လုပ်ရန်လည်း လိုသည်။ ဘဏ်ဥပဒေများကိုလည်း ပြင်ရမည်ဖြစ်သည်။ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေကိုလည်း ပြင်ရဦးမည်ဖြစ်သည်။ ဗဟိုဘဏ် ဧပြီလမှ စတင်၍ ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်စနစ်ဖြင့် ငွေလဲနှုန်းကို ကျင့်သုံးရန် ပြင်ဆင်နေကြောင်း သိရသည်။ တစ်ဒေါ်လာလျှင် ၈၂၀ ကျပ်နှုန်းမှာ လာမည့် ရက်သတ္တပတ်အတွင်း ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ အဓိကကမူ ရင်းနှီးမြှုပ်နှံရန်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှ ဝင်ငွေများသည် တိုင်းပြည်အတွက် လူထုအတွက် အမှန်တကယ် အကျိုးရှိ၊ မရှိနှင့် ၄င်းငွေများ ပြည်သူလူထု ခံစားရမှသာ တိုင်းပြည်အကျိုးရှိမည် ဖြစ်ကြောင်းသိရှိရသည်။




Myanmar Express
 

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များ


၁။ ကချင်ပြည်နယ်

(က) ပြည်သူ့လွှတ်တော်(၃)နေရာ

ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်၊

၂။ စစ်ကိုင်းတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော်(၃)နေရာ

စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း

(ခ) အမျိုးသားလွှတ်တော်(၂)နေရာ

(ကန့်ဘလူ-ကျွန်းလှ-ရေဦး-တန့်ဆည်) (ဗန်းမောက်-ကောလင်း-၀န်းသို-ပင်လယ်ဘူး)

၃။ တနင်္သာရီတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော်(၂)နေရာ

ကျွန်းစု၊ လောင်းလုံ

၎။ ပဲခူးတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော်(၄)နေရာ

တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း၊

(ခ) အမျိုးသားလွှတ်တော်(၁)နေရာ

(အုတ်တွင်း-ထန်းတပင်)

(ဂ) တိုင်းဒေသကြီးလွှတ်တော်(၁)နေရာ

(က၀-၂)

၅။ မကွေးတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော် (၅) နေရာ

မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ

(ခ) အမျိုးသားလွှတ်တော် (၁)နေရာ

(တောင်တွင်းကြီး)

၆။ မန္တလေးတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော် (၁၀)နေရာ

ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တံတားဦး၊ မဟာအောင်မြေ၊ မိတ္ထီလာ၊ ပြင်ဦးလွင်။

၇။ မွန်ပြည်နယ်

(က) ပြည်သူ့လွှတ်တော် (၁)နေရာ

မော်လမြိုင်

၈။ ရန်ကုန်တိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော် (၆)နေရာ

ကော့မှူး၊ သုံးခွ၊ ဒဂုံ(ဆိပ်ကမ်း)၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူး။

၉။ ရှမ်းပြည်နယ်

(က) ပြည်သူ့လွှတ်တော် (၁)နေရာ

ကလော

(ခ) အမျိုးသားလွှတ်တော် (၁)နေရာ

(လာရှိုး-တန့်ယန်း-မိုင်းရယ်-သိန္နီ-ကွမ်းလုံ)

၁၀။ ဧရာဝတီတိုင်းဒေသကြီး

(က) ပြည်သူ့လွှတ်တော် (၅)နေရာ

ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်

(ခ) အမျိုးသားလွှတ်တော် (၁)နေရာ

(ဖျာပုံ-ဒေးဒရဲ)

(ဂ) တိုင်းဒေသကြီးလွှတ်တော် (၁)နေရာ

(ရေကြည်-၂)

မိုကောင်းမဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း

၁။ ဦးမိုးမြင့်မြတ် (NDF)

၂။ ဒေါ်ခင်ကြည် (NLD)

၃။ ဦးစိုင်းသန်းတင့်အောင် (SNDP)

၎။ ဦးထွန်းထွန်းအောင် (USDP)

၅။ ဒေါက်တာတူးဂျာ (တစ်သီးပုဂ္ဂလ)

ဗန်းမော်မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း

၁။ ဦးဘမြင့် (NLD)

၂။ ဦးတင်ဌေး (တစည)

၃။ ဦးမြင့်စိုး (USDP)

ဖားကန့်မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်များ အမည်စာရင်း

၁။ ဒေါ်ဘောက်ဂျာ (NDF)

၂။ ဦးစိုင်းသိန်းထွန်း (USDP)

၃။ ဦးဒါရှီလဆိုင်း (NLD)

ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ

၁။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ

၂။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၃။ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ

၎။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)

၅။ ဒီမိုကရက်တစ် ပါတီ(မြန်မာ)

၆။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ

၇။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

၈။ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်

၉။ ခေတ်သစ်ပြည်သူ့ပါတီ

၁၀။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

၁၁။ အမျိုးသားဒီမိုကရေစီအင်အားစု

၁၂။ ပြည်သူ့ဒီမိုကရေစီပါတီ

၁၃။ အမျိုးသားဒီမိုကရေစီပါတီသစ်

၁၄။ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ

၁၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၁၆။ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ

၁၇။ မြန်မာအမျိုးသားကွန်ဂရက်ပါတီ


Myanmar Express

အပြောနဲ့မဟုတ်ဘဲ ပြည်သူကို လက်တွေ့အကျိုးပြုမယ့် ပြည်ခိုင်ဖြိုးပါတီ

ပြည်သူအကျိုးပြုမယ့် ပြည်ခိုင်ဖြိုးပါတီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေအတွင်းေ၇းမူး ဦးဌေးဦးမှ ပြည်တွင်းသတင်းထောက်များအားပြောကြားခဲ့ပုံကို MEG သတင်းထောက်တစ်ဦးမှ မှတ်တမ်းတင်ခဲ့သည်။အထွေထွေအတွင်းရေးမူး ဦးဌေးဦးပြောကြားခဲ့ပုံမှာ- "ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ရည်မှန်းချက်မှာ နိုင်ငံတော်နှင့် ပြည်သူများအားလုံး၏ တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခံစားနိုင် ရေးဖြစ်ပါတယ်။ ပါတီရဲ့ ရည်မှန်းချက် အတိုင်း ပြည်သူများ တည်ငြိမ်အေးချမ်း မှုရရှိခံစားနိုင်ရေးနဲ့ ပြည်သူ များအကျိုး ရှိစေသော လိုအပ်ချက်တွေကို တတ်စွမ်း သရွေ့ ပါဝင်ဖြည့် ဆည်းဆောင်ရွက်ပေး နေပါတယ်။ ဒီဆောင်ရွက်နေမှုတွေက ကြားဖြတ် ရွေးချယ်မယ့် ၄၈ နေရာ မှာသာ ဆောင်ရွက်နေတာမဟုတ်ဘဲ ကျန်တဲ့ နေရာတွေမှာလည်း ဆောင်ရွက်နေပါ တယ်။ မိမိတို့ပါတီအနေနဲ့ အကျိုး ပြု လုပ်ငန်းတွေကို ယခင်ကလည်း ဆောင် ရွက်ခဲ့ပြီး ယခုလည်း ဆောင် ရွက်လျက်ရှိ ပါတယ်။ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ကျန်ရှိနေပါက အခြေအနေပေးတာနဲ့ ပြီးပြတ် အောင် ဆောင်ရွက်ပေးပါမယ်လို့ အာမခံပါတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့ ဆောင် ရွက်မှုတွေကို ပြည်သူတွေ သိရှိကြပြီးဖြစ် ပေမယ့် လက်တွေ့ဆောင်ရွက်ခြင်းမရှိ သူတွေရဲ့ ပြောကြားချက်တွေအပေါ် မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ရန်သာ မိမိလုပ်ဆောင်ချက်တွေနဲ့ ယှဉ်တွဲပြီး ရှင်းလင်းအသိပေးမှု ပြုလုပ်ပါတယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒအတိုင်း အကျိုးရှိစေ မိမိတို့ရဲ့လက်တွေ့ လုပ်ဆောင် ခဲ့မှုတွေ အတွက် ပြည်သူတွေ က ကျေနပ်အားရမှုရှိသကဲ့သို့ မိမိတို့ အနေနဲ့လည်း ၀မ်းသာပီတိဖြစ်မိပါ တယ်။ ပြည်သူတွေ အကျိုး အတွက် လက် တွေ့ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ် တွေဖြစ်လို့ ပြည်သူတွေရဲ့ အားပေးမှု၊ လွတ်လပ်မှုတွေအပေါ် ကျေနပ် အားရ မှု ရှိပါတယ်" ဟု ပြောကြားခဲ့သည်။ပြည်ခိုင်ဖြိုးပါတီ သည် အပြောဖြင့်သာမဟုတ်ဘဲ ယခုအချိန်ထိ မြန်မာနိုင်ငံသူ နိုင်ငံသား တို့၏ အကျိုး အတွက် လက်တွေ့ဆောင်ရွက်ပေးနေသည်မှာ အားလုံးမျက်မြင်ကိုယ်တွေ့ ဖြစ်ပါတယ်။

Myanmar Express 

ကံဆိပ်ရွာအနီး ငဝန်မြစ်အတွင်း ရှပ်ပြေးအမြန် ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိနေ

From :ခေတ်လူငယ်

ငပုတောမြို့နယ်၊ ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း ရှပ်ပြေးအမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိလာပြီး သေဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသူ ကျောင်းသား ခြောက်ဦးနှင့် ဆရာမတစ်ဦး ပါဝင်ကြောင်း သတင်းရရှိသည်။ ပုသိမ်မြို့မှ ငပုတောမြို့အား ဖြတ်သန်းကာ သရက်တောကျေးရွာအထိ ပြေးဆွဲလျက်ရှိသော ပုသိမ်သူ အမည်ရှိ ရှပ်ပြေးအမြန်ရေယာဉ်မှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ငပုတောမြို့နယ် ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ပုသိမ်မြို့မှ သရက်တောမြို့သို့ ထွက်ခွာလာသည့် ပုသိမ်သူအမည်ရှိ ရှပ်ပြေးအမြန်ရေယာဉ်မှာ ကံဆိပ်ကျေးရွာတံတားသို့ ဆိုက်ကပ်ရန် သင်္ဘောအား အရှိန်ဖြင့် ကွေ့လိုက်စဉ် အရှိန်များပြီး တိမ်းစောင်းကာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ''ကံဆိပ်ကိုကပ်ပြီးတာနဲ့ ငပုတောကို သင်္ဘောကကပ်မှာ။ ငပုတော ဆိပ်ကမ်းမှာ အဲဒီသင်္ဘောကပ်တာနဲ့ ဈေးရောင်းမယ့်သူတွေက သင်္ဘောလာတာကို စောင့်နေတာ။ သင်္ဘောက လှမ်းမြင်နေရတယ်လေ။ ကံဆိပ်နား ရောက်တာကို မြင်နေရတယ်။ ပြီးတော့မှ သင်္ဘောက ပျောက်သွားတာ။ အဲဒီတော့မှ သင်္ဘောမှောက်ပြီဆိုပြီး ပြောကြတာ'' ဟု ကိုယ်တိုင်ကြုံရသူက ဆိုပါသည်။ အဆိုပါ ရှပ်ပြေးအမြန်ရေယာဉ်ပေါ်တွင် လူဦးရေ ၉၀ ကျော် လိုက်ပါလာပြီး အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး စုစုပေါင်း ၇၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသည့်ဦးရေမှာ ၂၃ ဦးရှိကာ သေဆုံးသူများထဲတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသား ခြောက်ဦးနှင့် ဆရာမ တစ်ဦး ပါဝင်ကြောင်းလည်း သိရသည်။ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအထိ ရရှိသော သတင်းများအရ ငပုတောမြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူ လေးဦးခန့်ရှိကြောင်းနှင့် အသက်ရှင်လွတ်မြောက်သူများမှာ မိမိတို့သက်ဆိုင်ရာ ကျေးရွာများသို့ အသီးသီး ပြန်လည် ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။ နစ်မြုပ်ခဲ့သည့် ရှပ်ပြေးအမြန်ရေယာဉ်ကို မတ်လ ၂၂ ရက်နေ့တွင် ပြန်လည်ဆယ်ယူသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။ ယခုတိမ်းမှောက်သော ယာဉ်ပေါ်တွင် ကုန်နှင့်လူအလေးချိန်မှာ ပုံမှန်တင်ဆောင်နိုင်သည် ထက် များပြားနေကြောင်း သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။ ရှပ်ပြေးအမြန်ယာဉ်သင်္ဘောမှာ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃နာရီ ၀န်းကျင်က ငပုတောမြို့နယ် ကံဆိပ်ကျေးရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်သွားစဉ် ခရီးသည် ၆၀ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ခဲ့သည်ဟု ကနဦး သတင်းများအရ သိရသည်။ သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာသည့် ခရီးသည်များအား အဆိုပါဒေသရှိ ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သည့်အဖွဲ့မှ ကူညီမှုပေးပြီး ပျောက်ဆုံး၊ သေဆုံးသူများ ရှာဖွေမှုကိုလည်း ဆက်လက် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီထိ သေဆုံးသူ ၁၄ ဦး၏ အလောင်းများအား ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ ယခုတိမ်းမှောက်ခဲ့သော ရှပ်ပြေးအမြန်ယာဉ်သည် ပုသိမ်ဆိပ်ကမ်းမှ ငပုတောမြို့နယ် သရက်တောကျေးရွာသို့ ထွက်ခွာလာခြင်း ဖြစ်ကြောင်းသိရှိရသည်။

Myanmar Express

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ ကျုံးသန်စန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ မတ်လ ၂၀ ရက်နေ့က ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်သည့် ခရီးစဉ်အတွင်း ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတကျုံးသန်စန်း၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyen Phuc Trong ၊ ဗီယက်နမ် ၀န်ကြီးချုပ် Nguyen Tan Dung တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကာကွယ်ရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ ထို့ပြင် ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခြေအနေများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်းတို့ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတတို့၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံများသို့လည်း ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Express

ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအား မြန်မာ ဖိတ်ခေါ်


လာမည့် ကြားဖြတ် ရွေးကောက်ပွဲများကို စောင့်ကြည့် လေ့လာရန်အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ စောင့်ကြည့် လေ့လာသူများအား စေလွှတ်ရန် မြန်မာနိုင်ငံက ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဆီယံရဲ့ ဆွေးနွေးဖက် ဖြစ်တဲ့ အမေရိကန်လည်း စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ခေါ် ခံခဲ့ရပါတယ်။ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ အပါအ၀င် နိုင်ငံတကာကိုယ်စားလှယ်တွေကို စောင့်ကြည့်လေ့လာသူများအဖြစ် မြန်မာအာဏာပိုင်များက ဖိတ်ခေါ်ခဲ့တဲ့အတွက် အမေရိကကလည်း ကြိုဆိုခဲ့ကြောင်း သိရပါတယ်။

အခုလို မြန်မာအစိုးရဖက်မှ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ ဖိတ်ကြားတဲ့အပေါ်မှာ EU ဥရောပသမဂ္ဂ ကလည်း ကြိုဆိုပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ဖြစ်တယ်လို့ EU ပြင်ပဆက်ဆံရေးဌာန ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ပြောခဲ့တာပါ။

မြန်မာအစိုးရဖက်မှ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် အာဆီယံစောင့် ကြည့်လေ့လာသူ ငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ပါလီမန်အဖွဲ့ဝင် နှစ်ဦးစီအား မြန်မာနိုင်ငံသို့ လာ ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်းကိုလည်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက မတ်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့နှင့်အတူ မီဒီယာသမားများကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ကမ္ဘောဒီယားနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီး ဦးသိန်းစိန်ကလည်း အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ရွေးကောက်ပွဲအတွက် ဖိတ်ကြားတယ်ဆိုတာကို အတည်ပြု ပြောခဲ့ကြောင်း ကမ္ဘောဒီယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အာဆီယံနဲ့ အာဆီယံ မိတ်ဖက်နိုင်ငံတွေဖြစ်ကြတဲ့ သြစတေးသျှ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီယား၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အခုလို အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ အမေရိကန်နဲ့ အီးယူ အပေါအဝင် ကမ္ဘာတဝမ်းက ကြိုဆိုကြပေမယ့် ပြည်ပ အတိုက်အခံမီဒီယာ များနဲ့ ပြည်တွင်း မီဒီယာများကတော့ အပျက်သဘောဆောင် လိမ်ညာဖော်ပြမှုတွေ ရှိနေတာကို တွေ့ရပါတယ်။

Yangon Press International ကြီးလိမ်ပြန်ပြီ


လွတ်လပ်တဲ့ အာရှာအသံကြီး လွတ်လွတ်လပ်လပ်လိမ်ပြန်ပြီ

ဒါ့အပြင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ နိုင်ငံခြားခရီးစဉ်တွေထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နားလည်ရခက်တဲ့ လုပ်ဆောင်မှုတွေကိုသာ အသားပေးဖော်ပြနေကြောင်းလည်း တွေ့ရပါတယ်။


ဂုဏ်ယူစရာ

စိတ်ပျက် ရှုံ့ချစရာ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲများအတွက် ပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်တို့ ဖြစ်ကြောင်း သိရပါတယ်။



Myanmar Express

ပြင်သစ်နိုင်ငံရှိ အင်ဒိုနီးရှားသံရုံး အပြင်ဘက်၌ ပါဆယ်ဗုံး ပေါက်ကွဲခဲ့

From :MRTV4

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ အင်ဒိုနီးရှားသံရုံး အပြင်ဘက်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်အစော ပိုင်းက ပါဆယ်ဗုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးပေါက် ကွဲ မှုကြောင့် အဆောက်အဦရဲ့ ပတ်ပတ် လည်မှာ ပျက်စီး ခဲ့ပေမယ့်လည်း လူအသေ အပျောက် မရှိခဲ့ဘူးလို့ တာဝန် ရှိ ရဲဝန်ထမ်း တစ်ဦးက ပြောကြား ခဲ့ပါ တယ်။ အဲ့ဒီဗုံးဟာ အာရုဏ် မတက်မီ ဒေသစံတော် ချိန် နံနက် ၅နာရီ ၄၅မိနစ် အချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အဲ့ဒီနေရာရဲ့ ၅၀မီတာ အကွာမှာရှိ တဲ့ ပြတင်းပေါက် မှန်တွေ ကွဲအက်ခဲ့ရသလို ကားနှစ်စင်းကိုပါ မီးကူးစက် လောင်ကျွမ်းသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောကြားခြင်း မရှိသေးပါဘူး။ တာဝန်ရှိရဲတွေနဲ့ မီးသတ် သမားတွေက အခင်းဖြစ် ပွားရာ နေရာကို ရှင်းလင်းဖယ်ရှားပြီး ပြည်သူတွေဝင်ထွက် သွားလာခြင်း မရှိအောင် တားမြစ်ထားပါတယ်။ ဒါ့အပြင် ဗုံးရှင်းလင်းရေး အဖွဲ့ကလည်း ကျန်ရှိနေတဲ့ ဗုံးအပိုင်း အစတွေကို ရှင်းလင်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

Myanmar Express 

စိမ်းလန်းမြေ ပရဟိတ စာသင်ကျောင်း

From : မီးပြတိုက်

Posted by SLIP in , ,


စိမ်းလန်းမြေ ပရဟိတ အခမဲ့စာသင်ကျောင်း တည်ဆောက်မည့် အစီအစဉ်၏ ပထမဆုံးသော ခြေလှမ်းအဖြစ် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်အတွက် မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်းမြို့နယ်များမှ ဆင်းရဲနွမ်းပါးသော ဆယ်တန်း ကျောင်းသား/သူ စုစုပေါင်း အယောက် (၂၀)အား ရွေးချယ်ခေါ်ယူ၍ ဆယ်တန်းတစ်နှစ်လုံးစာ အတွက်
တာဝန်ယူပေး သွားမည် ဖြစ်ပါသည်။ ထိုသို့စီစဉ်ထားရာတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု၌ ဖိဖိစီးစီး၊ ထိထိရောက်ရောက် ရှိစေရေးအတွက် စိမ်းလန်းမြေ ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ အကူအညီဖြင့် ကျောင်းသားဆောင်စီစဉ်ပြီး ကျောင်းအိပ်၊ ကျောင်းစား လေ့ကျင့် ပေးသွားမည် ဖြစ်ပါသည်။

ထို့အပြင် Section ချိန်တွင် နီးစပ်ရာ (၁၀)တန်းကျောင်းသား ကျောင်းသူများကို လက်ခံသင်ကြား ပေးသွားရန် ဆုံးဖြတ်ထားပါသည်။ ထိုကဲ့သို့ကျောင်းသားဆောင် စီစဉ်ရာတွင် မိထ္ထီလာစက်မှုဇုန်အနီးမှ စီးပွားရေးတက္ကသိုလ် ကျောင်းသားဆောင်ဝင်းတစ်ခုကို တစ်လလျှင် ကျပ်၅၀,၀၀၀ နှုန်းဖြင့် ငှားရမ်းထားရြှိပီးဖြစ်ပါသည်။ အဆိုပါ ကျောင်းသားဆောင်ဝင်းအတွင်းရှိ အဆောင်အချို့နှင့် ရေချိုးခန်း၊ အိမ်သာ စသည်တို့တွင် ပြုပြင်မွမ်းမံရန် လိုအပ် နေပါသဖြင့် ပြုပြင် နိုင်ရန် တစ်ဦးခြင်းသော်လည်းကောင်း၊ စေတနာရှင်များ စုပေါင်း ၍သော်လည်းကောင်း၊ ကုသိုလ်ပါဝင် နိုင်ကြပါရန် လေးစားစွာ အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ...။

ကနဦး ပါဝင်လှူဒါန်းနိုင်သော နေရာများ .....

မြေဖို့ရန်
မြေသယ်ကားတစ်စီး = ၁၅၀၀၀ ကျပ်
(ခန့်မှန်း မြေသယ်ကား ၅ စီး စာခန့် မြေဖို့ရန် လိုအပ်ပါသည်။)

အဆောက်အဦ ပြုပြင်ရန်
ထရံတစ်ချပ် (ဒေသပေါက်ဈေး) = ၇၅၀၀ ကျပ်
(ခန့်မှန်း ထရံ ၁၀ ချပ်ခန့် လိုအပ်ပါသည်။)

လူနေရန်
သစ်သားကုတင်တစ်လုံး = ၂၅၀၀၀ ကျပ်
(ကျောင်းသား ကျောင်းသူ ၂၀စာ ကုတင် ၂၀ လုံး လိုအပ်ပါသည်။)

စာသင်ရန်
စာသင်ခုံ အရှည်တစ်စုံ = ၃၀၀၀၀ ကျပ် (၆ စုံ လိုအပ်ပါသည်။)
စားပွဲခုံ ၁ လုံး နှင့် ထိုင်ခုံ ၄ လုံး = ၃၀၀၀၀ ကျပ်

လစဉ် ပါဝင်လှူဒါန်းနိုင်သော နေရာများ

ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ အတွက် ပညာသင်နှစ်
တနှစ်လုံး အတွင်းမှာ တစ်လလျှင် ပညာသင်စရိတ် ပရဟိတ အလှူငွေ
၃၀၀၀၀ ကျပ်
( အလှူရှင်နေရာ ၂၀ နေရာ လိုအပ်ပါသည်။)

ကျောင်းသား/သူများ အစစအရာရာ ပြီးပြည့်စုံစွာနဲ့ ပညာရေး တစ်ခုတည်းမှာပဲ အာရုံစိုက်သင်ကြားနိုင်ကြဖို့ အတွက် လိုအပ်သမျှ စားစရိတ် စသဖြင့် လိုအပ်တဲ့ အရာမှန်သမျှ အတွက် ကုန်ကျခံသုံးစွဲရန်
တစ်လလျှင် အလှူငွေ ၃၀၀၀၀ ကျပ်
(အလှူရှင်နေရာ ၂၀ နေရာ လိုအပ်ပါသည်။)

စိမ်းလန်းမြေ ပရဟိတအဖွဲ့သို့ ဝင်ရောက်လိုပါက
ဆက်သွယ်လှူတန်းလိုပါက

Myanmar Express

၂၀၁၅ ခုနှစ်၌ ၀က်သက် ကင်းစင်နိုင်ငံ ဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်

From : MRTV-4

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ် အချိန်မှာ ၀က်သက် ကင်းစင် နိုင်ငံဖြစ် စေဖို့ အတွက် စီမံချက်နဲ့ ဆောင်ရွက် လျက်ရှိတယ်လို့ မတ်လ ၁၄ ရက်နေ့က

ပြုလုပ်ခဲ့တဲ့ အစုလိုက် ၀က်သက် ရောဂါ ကာကွယ် ဆေးထိုး လုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲက သိရပါတယ်။ ဒီလို အစုလိုက် ၀က်သက် ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း ဟာလည်း လာမယ့် ၂၀၁၅ ခုနှစ်မှာ ၀က်သက် ကင်းစင်ဖို့ အတွက် စီမံကိန်းရဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ အဲ့ဒီ အတွက် အခု ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ ပြည်သူ့ ကျန်းမာရေး လှုပ်ရှားမှု တစ်ခုအဖြစ် ကျန်းမာရေး ၀န်ကြီး ဌာနက တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အစုလိုက် ၀က်သက် ရောဂါ ကာကွယ် ဆေးထိုးမှု တွေကို နိုင်ငံ တစ်ဝှမ်းလုံးမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲ့ဒီ ဆောင်ရွက်မှုဟာ နိုင်ငံ တစ်ဝှမ်း မှာရှိတဲ့ အသက် ၉ လကနေ ၅ နှစ်အထိ ကလေး ငါးသိန်း ခြောက်သောင်း ကျော်ကို ကာကွယ် ဆေးထိုးမှုတွေ ဆောင်ရွက်မှာပဲ ဖြစ်ပါတယ်။ ပြည်တွင်းရဲ့ ၀က်သက် ရောဂါ ဖြစ်ပွားမှု နှုန်းတွေကို ပြန်လည် နှိုင်းယှဉ်တဲ့ အခါ ခုခံအား နည်းပါးတဲ့ ကလေးတွေနဲ့ ငွေကြေး ချို့တဲ့တဲ့ မိသားစုက ကလေးတွေမှာ ပိုမိုဖြစ်ပွား တတ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၀က်သက် ရောဂါဟာ ၀က်သက် ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပြီး ကူးစက်မြန်တဲ့ ရောဂါ တစ်ခု ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ မစ္စတာကျုံးသန်စန်း၊ ကမ္ဘောဒီးယားနိုင်ငံဘုရင် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျူမာလီ ဆိုင်ညဆွန်တို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် မတ် ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာသွားကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ကင်အီဆွန်း၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်မည်

From : MRTV-4

မြောက်ကိုရီးယား နိုင်ငံမှာ ယခင်က နိုင်ငံ့ အကြီးအကဲဟောင်း တစ်ဦးဖြစ်သူ ကင်အီဆွန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့ကို အမှတ်ရသည့် အနေဖြင့်

ဒုံးကျည် တပ်ဆင်ထားသည့် ဂြိုဟ်တု တစ်လုံးကို လွတ်တင်မည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ လွှတ်တင်မှုမှာ ဧပြီလ ၁၂ ရက်နှင့် ၁၆ ရက် အကြားတွင်ဖြစ်မည် ဖြစ်ကြောင်း ကိုရီးယား အာကာသ နည်းပညာ ကော်မစ်တီမှ ပြောရေး ဆိုခွင့်ရှိသူမှ ပြောခဲ့သည်။

ယခုလို လုပ်ဆောင်ခြင်းမှာ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က ယင်းသို့ ပုံစံတူ လွှတ်တင်မှု အပြီးတွင် ကုလသမ္မဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းလည်း အချို့က ပြောသည်။ ယခင်လက မြောက်ကိုရီးယားတို့မှ ၎င်းတို့၏ တာဝေးပစ် ဒုံးလက်နက်များကို ရပ်ဆိုင်ထားမည် ဆိုသည့် သဘောတူညီချက်နှင့် အတူ အမေရိကန် ပြည်ထောင်စုမှ အစားအစာ တန်ချိန် ၂၄၀၀၀၀ ကို ထောက်ပံ့ပေးမည့် ကိစ္စကို သဘော တူညီခဲ့သေးကြောင်းလည်း သိရသည်။


Myanmar Express

မြန်မာပြည်သွားလိုသူများ အွန်လိုင်းမှ ဗီဇာ လျှောက်နိုင်တော့မယ်

From: ယနေ့မြန်မာ

20120319 E Visa - Burma

http://www.myanmarevisa.gov.mm/ မြန်မာပြည်ကို ခရီးသွားဗီဇာနဲ့ အလည်အပတ် သွားရောက်မယ့်သူများအတွက် လာမယ့် ဧပြီလမှ စတင်ကာ အွန်လိုင်းမှတဆင့် ဗီဇာ လျှောက်ထားနိုင်တော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အွန်လိုင်းက ဗီဇာ လျှောက်ထားလိုသူများအနေနဲ့ လာမယ့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ လျှောက်ထားနိုင်ကြောင်း အလဲဗဲန်းမီဒီယာ (http://www.weeklyeleven.com/index.php?option=com_content&view=article&id=12849:---e-visa-----&catid=42:2009-11-10-07-36-59&Itemid=112) တွင် မတ်လ ၁၈ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြထားပြီး အွန်လိုင်းဗီဇာအကြောင်း ဖော်ပြထားတဲ့ ဖေ့စ်ဘွတ် စာမျက်နှာ (http://www.facebook.com/pages/Myanmareasenet/270445326354301) မှာတော့ ဧပြီ ဒုတိယပတ်မှ စတင်ကာ လျှောက်ထားနိုင်မယ်လို့ ရေးထားပါတယ်။ ထို သတင်းနဲ့ ပတ်သက်ပြီး ဗီဇာလျှောက်နိုင်တဲ့ အင်တာနက်စာမျက်နှာ (http://www.myanmarevisa.gov.mm/) တွင် ဖော်ပြထားတဲ့ တယ်လီဖုန်းအမှတ်များကို ၂၀၁၂ မတ်လ ၁၉ ရက်နေ့တွင် ဆက်သွယ်ကြည့်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။မြန်မာပြည်ကို သွားရောက်မယ့် ခရီးသွားများအနေနဲ့ အွန်လိုင်းမှ ဗီဇာ လျှောက်ထားနိုင်တဲ့အကြောင်း ဖော်ပြထားတဲ့ အလဲဗဲန်းမီဒီယာသတင်းတွင် ဗီဇာ လျှောက်ထားခြင်းကို ၂၀၁၂ ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ စမ်းသပ်ကာလအနေနဲ့ စတင်သွားမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ မြန်မာပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားလိုသူများအနေနဲ့ http://www.myanmarevisa.gov.mm/ က သက်ဆိုင်ရာ ပုံစံတွင် ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ပြီး ဓါတ်ပုံကိုပါ တပါတည်း တင်သွင်းကာ ဗီဇာ လျှောက်ထားနိုင်ကြောင်း၊ လျှောက်နိုင်တဲ့ ဗီဇာ အမျိုးအစားကတော့ ခရီးသွားဗီဇာ (Tourist Visa) တမျိုးထည်း ဖြစ်ကြောင်း၊ ဗီဇာကြေးကို ခရက်ဒစ်ကဒ် (သို့) Paypal နဲ့ ပေးချေနိုင်ကြောင်း၊ ဗီဇာ ရ၊ မရကို သက်ဆိုင်ရာ အင်တာနက်စာမျက်နှာတွင် ဖော်ပြမှာ ဖြစ်သလို အီးမေးလ်နဲ့လည်း အကြောင်းကြားမှာ ဖြစ်ကြောင်း http://www.myanmarevisa.gov.mm/faqs.html တွင် ရေးသားထားပါတယ်။ ဗီဇာခ ပေးသွင်းငွေကိုတော့ ဗီဇာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြန်အမ်းမှာ မဟုတ်ကြောင်း၊ ဗီဇာ ရရှိသူများအနေနဲ့ အီးမေးလ်က တဆင့် ရရှိတဲ့ ဗီဇာ ရရှိကြောင်း အကြောင်းကြားစာကို ပုံနှိပ်ကာ ရန်ကုန်လေဆိပ်အ၀င်တွင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနကို ပြသပါက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှာ ဖြစ်ကြောင်း၊ လျှောက်ထားသူထံက အချက်အလက်တွေ ရယူနိုင်ဖို့အတွက် နှစ်ပတ်ခန့်အထိ ကြာနိုင်ကြောင်း http://www.myanmarevisa.gov.mm/faqs.html တွင် ဖော်ပြထားပါတယ်။ ဗီဇာ လျှောက်ထားမှုအဆင့်အဆင့်နဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ http://www.myanmarevisa.gov.mm/howtoapply.html မှာ လျှောက်ထားပြီးနောက် ဗီဇာလျှောက်လွှာ ချောချောမောမော လက်ခံရရှိကြောင်း အကြောင်းကြားတဲ့ အီးမေးလ်နဲ့တကွ လျှောက်လွှာတင်တဲ့ နံပါတ်တခု ရမှာ ဖြစ်ကြောင်း၊ လျှောက်လွှာအတွက် အလုပ်လုပ်တဲ့ ရက် ၂ - ၃ ရက် ကြာတဲ့အခါ အတည်ပြုကြောင်း အကြောင်းကြားစာ ရရှိမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒါ့ကြောင့် ဗီဇာ လျှောက်ထားပြီး ၂ ရက်မှ ၂ ပတ်အတွင်း ဗီဇာ ရ၊ မရ သိနိုင်တယ်လို့ ယူဆရပါတယ်။ အခု သတင်းရေးသားချိန်အထိ ဗီဇာကြေး မည်ရွေ့မည်မျှ ပေးရမှာ ဖြစ်ကြောင်းကိုတော့ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားကြတဲ့ မြန်မာပြည်ဖွားများအနေနဲ့ မြန်မာပြည်ကို အလည်အပတ် ပြန်လေ့ရှိကြရာ အခုလို အွန်လိုင်းကနေ ဗီဇာ လျှောက်နိုင်မယ်ဆိုရင် အရင်ကလို မြန်မာသံရုံးကို သွားရောက်ဖို့ မလိုအပ်တဲ့အတွက် ပိုမို လွယ်ကူ အဆင်ပြေနိုင်ကြောင်း လွန်ခဲ့တဲ့ ရက်အတွင်းက တွေ့ခဲ့တဲ့ နယူးယောက်နေ မြန်မာတဦးက အလွတ်သဘော စကားပြောဆိုစဉ် ပြောကြားသွားခဲ့ပါတယ်။ http://www.myanmarevisa.gov.mm/ ဟာ မြန်မာအစိုးရရဲ့ တခုထည်းသော အွန်လိုင်း ဗီဇာ လျှောက်ထားနိုင်တဲ့ အင်တာနက်စာမျက်နှာ ဖြစ်ပြီး အွန်လိုင်းဗီဇာ လျှောက်ထားတဲ့ ကိစ္စများနဲ့ ပတ်သက်ပြီး MYANMAR EASE NET CO.,LTD. ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

Myanmar Express

ရန်ကုန်မြို့အတွင်း မြေစိုက် ကြောငြာဘုတ်များ စိုက်ထူခွင့်မပြုတော့

From :ခေတ်လူငယ်

ရန်ကုန်မြို့အတွင်း လူသွားစင်္ကြံများပေါ်ရှိ မြေစိုက်ကြော်ငြာဘုတ်များအား စိုက်ထူခြင်းအား ဆက်လက်ခွင့်ပြုသွားမည် မဟုတ်ဘဲ မကြာမီ ဖြုတ်သိမ်းသွားကြရတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ထိုသို့ လူသွားစင်္ကြံပေါ်တွင် စိုက်ထူထားသော ကြော်ငြာဘုတ်များကြောင့် အများပြည်သူ သွားလာရာတွင် အနှောင့်အယှက် ရှိစေသည့်အတွက် ဆက်လက်ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။ လူသွားစင်္ကြံပေါ်ရှိ အဆိုပါ မြေစိုက်ကြော်ငြာ ဘုတ်များအား ခွင့်မပြုတော့သော်လည်း နံရံကပ်ကြော်ငြာဘုတ်များ၊ LED ကြော်ငြာဘုတ်များကိုမူ ခွင့်ပြုပေးသွားမည်ဖြစ်ကာ အဆိုပါ ကန်သတ်ချက်ကြောင့် မြို့တော်အလှကိုလည်း ပိုမိုပေါ်လွင်စေလာမည်ဖြစ်ကြောင်း သိရသည်။ ‘နိုင်ငံတကာက မြို့ကြီးတွေမှာလည်း မြို့အင်္ဂါရပ်နဲ့ လျော်ညီအောင် စင်္ကြံပေါ် ကြော်ငြာဘုတ်တွေကို စိုက်ထူတာမျိုး မကျင့်သုံးကြတော့ပါဘူး။ အခု ကျွန်တော်တို့ဆီမှာလည်း ကြော်ငြာဘုတ်တွေနဲ့ ပတ်သက်လို့ ညွှန်ကြားချက် ထုတ်တော့မယ်ဆိုတာ ကောင်းပါတယ်။ စင်္ကြံလမ်းပိတ်တာမျိုး အခက်အခဲတွေ မရှိတော့ဘူးပေါ့’ ဟု ရန်ကုန်မြို့တွင်း နေထိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။ ရန်ကုန်မြို့အနေဖြင့်လည်း ယခုနှစ်များအတွင်း LED ကြော်ငြာဘုတ်များ တပ်ဆင်အသုံးပြုမှုများ ပိုမိုတွင်ကျယ်လာပြီး ထိုသို့သာ အဆင့်မီ တပ်ဆင်ထားမှုများကြောင့် မြို့တော်၏ အင်္ဂါရပ်ကိုလည်း ပိုမိုပြည့်စုံလာစေသည်ဟု သုံးသပ်ပြောဆိုနေမှုများလည်း ရှိသည်။ အချို့သော LED ကြော်ငြာဘုတ်များအနေဖြင့် ကြော်ငြာအား လူအများ အာရုံစိုက်မှု ပိုမိုရှိလာစေရန် ရုပ်သံအစီအစဉ်အချို့အား တိုက်ရိုက်ထုတ်လွှင့် ပြသမှုများအား နှစ်သက်သူ များပြားကြောင်း သိရှိရသည်။


Myanmar Express

သစ်ထူးလွင်ရဲ့ သစ်ထူးလိမ်ပြီးတော့ ဒီမိုဝေယံရဲ့ ဒီလိုလိမ်ရန် ဆိုပြီး ပြည်သူအပေါ် လိမ်ညာမှုများ


From : ရွှေမြန်မာ

မကြာသေးမီက သစ်ထူးလွင်ဆိုဒ်ကနေ သူ့ရဲ့ဆိုဒ်ကို မြန်မာပြည်မှာ ကြည့်လို့မရအောင် လုပ်ထားပါတယ်ဆိုပြီး ကြောက်လန့်တကြား အော်ပြီး မီဒီယာလွတ်လပ်ခွင့်မရှိဘူး ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ သို့သော် မြန်မာပြည်က ကြည့်လို့မရဘူးဆိုပြီး သူကပြောပေမယ့် သူ့ရဲ့ဆိုဒ်ကို လာဖတ်တဲ့ Visitors စာရင်းမှာ မြန်မာပြည်က ကြည့်ရှုနေတယ်ဆိုတဲ့အကြောင်း သက်သေအဖြစ်ဖော်ပြနေလို့ သစ်ထူးလွင်ရဲ့ မိမိကိုယ်ကို နာမည်ကြီးအောင် လိမ်ညာမှု အထမမြောက်ဘဲ အရှက်တကွဲ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လဲ သစ်ထူးလွင်ကနေ သစ်ထူးလိမ် ဆိုပြီး နာမည်တွင်ခဲ့ရပါတယ်။

ယခုလည်း ဒီမိုဝေယံ ကနေ ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း အပေါ် အများပြည်သူ အကြည်ညိုပျက်အောင်၊ ယုံကြည်မှု မရှိအောင်လို့ ဦးအောင်သိန်းလင်းကနေ မအောင်သိန်းလင်းဆိုပြီး သတင်းအမှားများနဲ့ လိမ်ညာခဲ့ပါတယ်။ ဦးအောင်သိန်းလင်းအနေနဲ့ မဲဆွယ် စည်းရုံးရာ မှာ ပြောင်းဖူးပေါ်မှာ "မ"လို့ ရေးပြီး မိမိ ရာထူးတည်မြဲအောင်"မပြောင်းဖူး" ဆိုပြီး ယတြာချေ ခဲ့တယ်လို့ ဒီမိုဝေယံကနေ လိမ်ညာ တင်ပြခဲ့တာပါ။

ဖြစ်စဉ်အမှန်က မတ်လ(၁၈)ရက်နေ့မှာ ဦးအောင်သိန်းလင်းနဲ့ ပြည်ခိုင်ဖြိုးပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေတို့ တာမွေဈေး ပြောင်းရွှေ့ဖို့ လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာမွေဈေးကို သွားခဲ့ကြပါတယ်။ တာမွေဈေးကို ယခုနေရာမှ နောက်တစ်နေရာသို့ မပြောင်းရွှေ့ချင်ဘဲ လက်မှတ်ရေးထိုးတောင်း ဆို ခဲ့တဲ့ တာမွေဈေးသူ ဈေးသားတွေရဲ့ ဆန္ဒကို ပြည့်မြောက်အောင် ဒီမိုကရေစီ ကျကျ အများစုဆန္ဒနဲ့အညီ ပြည်ခိုင်ဖြိုးမှ ဆောင်ရွက်ပေးပါ့မယ်လို့ သွားရောက်ကတိပေးစကားပြောကြားတာပါ။ ဒီမိုဝေယံ ပြောသလို မဲဆွယ် စည်းရုံးဖို့ သွားခြင်းလဲ မဟုတ်ပါဘူး။ ပြောင်းဖူးကိစ္စနဲ့ ပတ်သက်ပြီးလဲ ဒီမိုဝေယံ ပြောသလို မဟုတ်ဘဲ ဖြစ်ရပ်အမှန်က ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံရာမှာ တာမွေဈေးသူဈေးသားတွေ ဟာ ပြောင်းဖူး တွေပေါ်မှာ "မ" လို့ရေးပြီး မပြောင်းဖူး ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဈေးနေရာအနှံ့အပြား မှာ ပြောင်းဖူးတွေ ချိတ်ဆွဲကာ ဈေးမပြောင်းချင်တဲ့ သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရပ်မှန်ကို ဖုံးကွယ်ပြီး ဒီမိုဝေယံကနေ ဦးအောင်သိန်းလင်း မဲဆွယ်ရာမှာ ပြောင်းဖူးနဲ့ ယတြာချေတယ်လို့ ပြည်သူတွေအပေါ် သတင်းလိမ်ခဲ့တာပါ။

သစ်ထူးလွင်ဟာ နာမည်ကြီးချင်လို့ လိမ်ခဲ့ပေမယ့် သူ့လိမ်ညာမှု မအောင်မြင်ဘဲ သစ်ထူးလိမ်လို့ နာမည်တွင်ခဲ့ရသလို ယခုလည်းပဲ ဒီမိုဝေယံ ဟာ နာမည်ကြီးချင်လို့ သတင်းလိမ်ခဲ့ပေမယ့် မအောင်မြင်ပြန်ဘဲ ဒီမိုဝေယံကနေ "ဒီလိုလိမ်ရန်" ဆိုပြီး လိမ်ပုံလိမ်နည်းတွေ ပြသနေတယ်လို့ နာမည်တစ်ခု ရလာပါတော့မယ်။ ယခုလို သတင်းတခု ဆိုတာ ပြန့်နှံ့လွယ်နေတဲ့ ခေတ်မှာ စာဖတ်သူရွှေမြန်မာများ အနေနဲ့ မီဒီယာရဲ့ လှည့်စားလိမ်ညာမှုကို မခံရအောင် အထူးသတိပြု ရှောင်ကြဉ်နိုင်ရင် ရွှေမြန်မာမှ ဖြစ်ရပ်မှန် ဗီဒီယိုဖိုင်ပါ ရှာဖွေ တင်ပြလိုက်ရပါတယ်။

သစ်ထူးလွင်က သူ့ဆိုဒ်ကို မြန်မာမှာ အပိတ်ခံရတယ် အော်နေပေမယ့်
ဘေးနားက Visitors မှာ မြန်မာကနေ ၀င်ဖတ်သူရှိနေကြောင်း ပြထားပုံ


သတင်းအမှန်အား ဖုံးကွယ်ပြီး ဦးအောင်သိန်းလင်းအပေါ်
အသရေ ဖျက်ထားတဲ့ ဒီမိုဝေယံ


ဧရာဝတီကလည်း လိမ်တယ်


video

အထက်ပါ ဗွီဒီယိုက အဖြစ်မှန်ကို ကွင်းကွင်းကွက်ကွက် ရိုက်ပြသွားတာကို မြင်နိုင်ပါတယ်။ တကယ်တော့ အဲဒီပြောင်းဖူးဟာ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်တာလဲ မဟုတ်ပါဘူး၊ ရတြာချေတာလည်း မဟုတ်ပါဘူး။ ဈေးသူဈေးသားတွေက ဈေးထဲမှာ ဆန္ဒပြချိတ်ဆွဲထားတဲ့ ပြောင်းဖူးများ ဖြစ်ပါတယ်။ ဈေးသူဈေးသားတွေရဲ့ ရတြာလည်း ဖြစ်နိုင်ပါတယ်။ လူပြိန်းကြိုက် စတုတ္ထမဏ္ဍိုင် များ အနေနဲ့ အခုလို လိမ်ညာလုပ်ကြံ သတင်းလွှင့်ခြင်းများကို ရှောင်ရှားသင့်ပါကြောင်း MEG မှ အကြံပြုလိုက်ပါတယ်။

Myanmar Express

ပြည်နယ်များ၌ ဂျီအက်စ်အမ်ဖုန်းများစတင်ချထားပေး

From : Internet Journal

ပြည်နယ်များ၌ ဂျီအက်စ်အမ်ဖုန်းများစတင်ချထားပေး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့၏ မတ် လ ၅ ရက်နေ့ထုက်ပြန်ချက်၌ ပါရှိသည့်အတိုင်း ပြည်နယ်များသို့ ယခု လ ၁၄ ရက်နေ့မှစတင်၍ ၂ သိန်း တန် ဂျီအက်စ်အမ်ဖုန်းလိုင်းများ ချထားပေးခဲ့ကြောင်း ဖုန်းလိုင်းများချထားပေးသည့် နယ်မြေ၌ပါဝင်သော ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ လူကြီးမင်း ဟန်းဆက်အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ “ကျွန်တော်တို့သိသလောက် ဒီနေ့အထိ တောင်ကြီးမှာ ဖုန်းလိုင်းအလုံးရေ တစ်ထောင်ကျော်ရောင်းခဲ့ရပြီလို့ သိရတယ်။ ဈေးနှုန်းနိမ့်ဟန်းဆက်တွေလည်း ဒီမှာရောင်းအားကောင်းလာတယ်”ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အခြားသော ပြည်နယ်များရှိ မြို့ကြီးများ၌ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်းဖြင့် တစ်ပြိုင်တည်းရောင်းချခဲ့ ခြင်းဖြစ်သည်။ “ရှမ်းပြည်တောင်ပိုင်းက မြို့တွေအကုန်လုံးမှာ ရောင်းချပေးနေတာပါ။ အင်တာနက်စနစ် မပါသေးဘူး။ ထပ်လျောက်ရင်ရမှာလား၊ ပိုက်ဆံပေးရမှာလား မသိဘူး”ဟု တောင်ကြီးမြို့အတွက် ၂ သိန်းတန် ဂျီအက်စ်အမ်ဖုန်းလိုင်းများ သွားရောက်ရောင်းချပေးနေသည့် Elite Tech ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကပြောသည်။ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို မြန်မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများ၌သာ ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံမိုဘိုင်းဖုန်းဆိုင်များ၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသေးကြောင်း၊ စတင်ရောင်းချပေးနေသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်းများသည် ဂဏန်းနံပါတ် ၁၁ လုံးပါဝင်ကြပြီး ဝယ်ယူရာမြို့အတွင်း၌ သယ်ဆောင်အသုံးပြုခဲ့ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးက ဒီတစ်ခါ ချထားပေးမယ့်ရက်ကို စာထုက်လာတာတွေရတယ်။ အရင်က ချထားပေးမယ်ပြောနေပြီးတော့ချထားပေးနိုင်ခဲ့ခြင်းမရှိဘူး။ စာထဲမှာပါတဲ့အတိုင်း ၁၄ ရက်နေ့က စချပေးတယ်ဆိုတော့ ရန်ကုန်မှာ ဧပြီ ၉ ရက်နေ့ရမှာ သေချာတယ်လို့ ပြောနိုင်တယ်။ ကျွန်တော်တို့လည်းဝယ်ဖို့စောင့်နေတာပါ”ဟု ရန်ကုန်မြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၂ သိန်းသက်မှတ်၍ တန်ဖိုးနည်းဖုန်းလိုင်းအဖြစ် စတင်ရောင်းချပေးခဲ့သော်လည်း ငွေကျပ် ၂ သိန်းဟူသည်မှာ တန်ဖိုးနည်းစာရင်း၌ ပါဝင်သေးခြင်းမရှိကြောင်း ဆက်သွယ်ရေးစနစ်အတွက် ကုန်ကျစရိတ်များကို ယခုထက် ပိုမိုလျော့ချပေးရန် လိုအပ်နေသေးကြောင်း မိုဘိုင်းဖုန်းလိုင်းနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသူများကဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းဖုန်းလိုင်း ၁ သိန်းခွဲနှင့် တစ်နိုင်ငံလုံးအတွက် မိုဘိုင်းဖုန်းလိုင်း ၁ သန်းခွဲကို ပထမဦးစွာ ချထားပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်း Call center မှသိရသည်။

Myanmar Express

ဒေါ်စုကြည်ရဲ့လုပ်ရပ်များကိုမှန်ကန်စွာ ဝေဖန်ပြလိုက်သော ပြည်ခိုင်ဖြိုးပါတီ


NLD ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်သောင်းက အင်တာဗျူးတစ်ခုတွင် ဒေါ်စုကြည်ရဲ့ လူပ်ရှားမူတွေကို မှန်ကန်စွာ ဖြင့် ဝေဖန်လိုက်ကြောင်းသိရှိရပါသည်။
 မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီး မဲဆွယ်နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ?

ဖြေ ။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။အရှေ့ အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ်
ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ Image ကောင်းအောင်
ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်
လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ
ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူကို
မဲပေးမယ်လို့ ပြောလို့မရပါဘူး။
------

ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။ တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူး ဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့သူတွေကို သရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့ သူတွေကို ကိုယ်မလုပ် နိုင်လိုဝေဖန်တဲ့သဘောလေးလည်းဆောင်တယ်။ တကယ်တမ်းကတော့ ဒါက မလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့။
------
ပြည်သူတွေအတွက်လုပ်ပေးတာ ကောင်းတယ်ဆိုတာမျိုးပဲပြောရမှာ။ ပြည်သူ့အတွက် လုပ်ပေးတာ မကောင်းဘူးလို့ပြောလာတာတွေက ဒီနိုင်ငံရေးအဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်ပါဘူး။ ဘာဖြစ်လို့ပြောတာလည်း ဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီအဆင့်မမီဘူး။ ဒီမိုကရေစီ ကို လိုလားတယ်။ နောက်ပြီး တရားဥပဒေစိုးမိုးရေးလိုလားတယ်လို့ အကြိမ်ကြိမ် နေရာတိုင်းမှာပြောတယ်။ တကယ့်လက်တွေ့မှာ သူတို့သွားတာ လာတာတွေ အားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာ ပြန်ဆန်းစစ်လိုက်ရင်သိတယ်။
တိတိကျကျတော့ မပြောလိုပါဘူး။


Myanmar Express 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏သမီး ရွှေတိဂုံဘုရားမှာ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုး

From : မဇ္ဈိမ
 ကုလသမဂ္ဂ အတွင်းရေးမူးချုပ်ဟောင်း ဦးသန့်၏သမီး ဒေါ်အေးအေးသန့်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ သမီးက ဦးဆောင်၍ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲကို အင်္ဂါနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်ရှိ သာယာဝတီ ခေါင်းလောင်းကြီးတွင် ပြုလုပ်ခဲ့သည်။

ထိုနေ့ထိုအချိန်မှာ အီကွေတာပေါ်တည့်တည့်သို့ နေလုံးကြီး တည့်မတ်မျှတစွာ ကျရောက်၍ ကမ္ဘာနှစ်ခြမ်း အလင်းနှင့်အမှောင် မျှတစွာ ကျရောက်သည့် Equinox နေ့ဖြစ်သဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးခြင်းဖြစ်ကြောင်း ဦးသန့်၏ သမီး ဒေါ်အေးအေးသန့် က မဇ္ဈိမကို ပြောသည်။
“ဒီကနေ့ဟာ Equinox ဖြစ်ပါတယ်။ နေ့နဲ့ညဟာ ကမ္ဘာကြီးတခုလုံးမှာ အတူတူပဲ ဖြစ်တယ်။ Equinox ဖြစ်တဲ့အချိန် တနှစ်မှာ နှစ်ခါဖြစ်တယ်။ ထူးခြားတဲ့အချိန် ဖြစ်တယ်။ ဒီနေ့ဒီအချိန်ဟာ ကမ္ဘာတဝှန်းမှာ တပြိုင်နက်ဖြစ်တဲ့ အကြောင်းကြောင့် သဘာဝရဲ့ ထူးခြားတဲ့ အချိန်ရယ်လို့ ပြောချင်ပါတယ်။ ကျမရဲ့ဖခင် ဦးသန့်က ၁၉၇၁ ခုနှစ်မှာ ကုလသမဂ္ဂမှာရှိတဲ့ ငြိမ်းချမ်းရေး ခေါင်းလောင်းကြီးကို ပထမဆုံးအကြိမ် ထိုးခဲ့ပြီးတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်တောင်းခဲ့ပါတယ်” ဟု ပြောသည်။

Equinox ဆိုသည်မှာ လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး မျှတခြင်းနှင့် မှန်ကန်ခြင်းတို့ ပေါင်းစပ်ထားခြင်း
ဖြစ်သည်။ ထိုသို့ တနှစ်လျှင် နှစ်ကြိမ်ကျရောက်သည့် Equinox နေ့များကို အချို့နိုင်ငံများတွင် ‘ကမ္ဘာသူ ကမ္ဘာသားနေ့’ အဖြစ်လည်း ဆင်နွှဲကျင်းပလေ့ ရှိကြသည်။ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၂၂ ရက်နေ့တွင်လည်း Equinox ထပ်မံ ကျရောက်ဦးမည် ဖြစ်သည်။

မြန်မာ့ နက္ခတ်ဗေဒအရလည်း ဤနေ့ဤအချိန်တွင် ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဝေဒသုသေသနအသင်း ဥက္ကဋ္ဌ ဦးခင်အောင်ဘို က မဇ္ဈိမကို ပြောသည်။

“တနင်္ဂနွေလို့ခေါ်တဲ့ ဂြိုလ်မင်းကြီးသည် အီကွေတာပေါ် ရောက်သည့်နေ့။ တနည်းအားဖြင့် နက္ခတ်ဗေဒင်မှာ ၁၂ ရာသီရဲ့အစ ရာသီဖြစ်တဲ့ မိဿရာသီရဲ့ အစဦးအမှတ်ကို ဒီနေ့ ၁၂ နာရီ ၄၅ မိနစ်မှာ ရောက်မယ်။ ဒီနေရာကို ရောက်တဲ့ အခါမှာ ကမ္ဘာကြီးဟာ ညီမျှမှု ဖြစ်နေတယ်။ အေးချမ်းတဲ့သဘော ရှိတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေး အထိမ်းအမှတ် အနေနဲ့ ကမ္ဘာသူကမ္ဘာသားတွေ ငြိမ်းချမ်းရေးရအောင်၊ ၇ ရက် သားသမီးတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးတဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်”ဟု ပြောသည်။

ဦးသန့်အနေဖြင့် ထိုနေ့တွင် ခေါင်းလောင်းထိုးရခြင်း ရည်ရွယ်ချက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအပြင် ကမ္ဘာမြေကြီး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လည်း ရည်ရွယ်ကြောင်း ဒေါ်အေးအေးသန့် က ပြောသည်။

ဒေါ်အေးအေးသန့်မှာ အမေရိကန် ပြည်ထောင်စုတွင် U Thant Institute ကို တည်ထောင်ထားပြီး မြန်မာ့နိုင်ငံသို့
ခေတ္တရောက်ရှိချိန် ယခုကဲ့သို့ ‘ကမ္ဘာသူ ကမ္ဘာသားနေ့’ တွင် ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲ ပြုလုပ်ရန်အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ ခွင့်ပြုချက် တောင်းခံခဲ့ရသည်။

အဆိုပါ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲသို့ တနင်္ဂနွေထောင့် အသင်းသားများ အပါအဝင် ဒေါ်အေးအေးသန့် မိသားစုနှင့် မိတ်ဆွေများ စုစုပေါင်း ၃၀ ခန့် လာရောက်ခဲ့ကြသည်။

တနင်္ဂနွေထောင့်မှ အဆိုပါခေါင်းလောင်းမှာ သာယာဝတီမင်းကြီးက လှူခဲ့သော ခေါင်းလောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ ၁၈၄၃ ခုနှစ်တွင် သွန်းလုပ်ကာ ကြေးပိဿာချိန်  ၂၆ဝဝဝ (၄၂ တန်) ရှိသည်။ ခေါင်းလောင်းကြီး၏ အထက်ချိတ် နေရာတွင် မနုဿီဟရုပ်များဖြင့် ပုံဖော်ထားကာ အမြင့် ၇ ပေ၊ အဝအကျယ် ၆ ပေ၊ နှုတ်ခမ်းသား ၈ လက်မ၊ ထု ၁ ပေ ရှိသည်။

၁၉၇၁ ခုနှစ်တွင် ဦးသန့် ပထမဆုံးထိုးခဲ့သည့် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှိ ငြိမ်းချမ်းရေးခေါင်းလောင်း Peace Bell ကို ကမ္ဘာတဝန်းမှ ကလေးငယ်များ လှူဒါန်းထားသော အကြွေစေ့များဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ကြောင်း သိရ သည်။

Myanmar Express

Blink Hacker Group အား ထပ်မံစိန်ခေါ်ခြင်း(ပေးစာ-၁၂၀)


သို့

BHG Admin and Negative Thunder တို့သိစေရန်........

ကျွန်တော် ဒိုင်လုပ်ခဲ့သော ပထမပြိုင်ပွဲ (Ghostarea အားHack)သည့်ပြိုင်ပွဲတွင် အငြင်းပွားမှုများဖြစ် ပေါ်ခဲ့ပါသည်။ ထိုအငြင်းပွားမှုတွင် နှစ်ဘက်စလုံးရဲ့ငြင်းပုံတွေကလည်း အကျိုးအကြောင်း ဆက်စပ်မှု ရှိတယ်လို့တွေ့ ရပါတယ်.. ထို့ကြောင့် Ghostarea site admin ၏ ဆန္ဒအရ ပြိုင်ပွဲအား ဒုတိယအကြိမ် ထပ်မံပြုလုပ်စေ လိုကြောင်းတင်ပြလာ သဖြင့် ဒိုင်ဖြစ်သူ ကျွန်တော် မှ ကြေညာအပ်ပါသည်။

ပြိုင်ပွဲစည်းကမ်းများ..................

(၁) ပထမပြိုင်ပွဲတွင် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဒုတိယအကြိမ်အရည်အချင်းအစစ်အမှန်အတွက် ထပ်မံယှဉ်ပြိုင်ရပါမယ်။
(၂) ဒီပြိုင်ပွဲသည် April 1 (April Fool Day) မှစတင်အကြုံးဝင်မယ်ဖြစ်ပါသည်။
(၃) April တစ်လလုံးတိုက်ခွင့်ရှိပါတယ် အငြင်းပွားမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရန် ဆိုဒ်ကိုHack ပြီး Deface page တင်ရပါမယ်....
(၄) Deface တင်နိုင်မှသာလျှင် အနိုင်လို့သတ်မှတ်ပါမယ်။
(၅) ကျရှုံးသောသူသည် Hacking လောကမှအပြီးအပိုင်နှုတ်ထွက်ရပါမယ်။(အခြားသောနာမည်များ
ဖြင့်ဆိုဒ်များအားလုံးဝတိုက်ဆိုက်ခြင်းပြုမည်မဟုတ်ဟုကတိသစ္စာခံရပါမည်)
(၆) ယခုတိုက်ပွဲသည် နည်းပညာတိုက်ပွဲသက်သက်သာဖြစ်ပြီး အခြားသော Personal ကိစ္စများမပါဝင်စေရ။ တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်ခြင်း၊ညစ်ညမ်းစွာပြောဆိုခြင်းများမရှိစေရ။
(၇) တိုက်ပွဲစမယ်ဆိုပါက နှစ်ဘက်စလုံးမှအသိပေးအကြောင်းကြားရပါမယ် နှစ်ဘက်စလုံးသိရှိပြီး မှတိုက်ပွဲစကြောင်းကျွန်တော်ကြေညာပါမည်။
(၈) ဒီတစ်ခါစမယ်ဆိုတာနဲ့ ကျွန်တော်ကြေညာအပြီးမှ ကျွန်တော်ပါစောင့်ကြည့်နေမယ်ဖြစ်ပြီး အငြင်းပွားဖွယ်ရာများကို နောက်ထပ်လက်ခံတော့မယ်မဟုတ်ကြောင်းနှစ်ဘက်စလုံးကိုသိစေအပ်ပါသည်။
(၉) စပြီဆိုတာနဲ့ နှစ်ဘက်စလုံးသဘောတူရပါမယ် ဖြစ်ပြီးတာနဲ့လက်ခံရပါမယ်။
(၁၀) နှစ်ဘက်စလုံးကိုနောက်ဆုံးသိစေလိုသည်မှာ ယခုတိုက်ပွဲသည် နည်းပညာတိုက်ပွဲသာဖြစ်သည် ဟုစိတ်ထဲတွင်မှတ်ယူထားရပါမည်...

အထက်ဖော်ပြပါ အကြောင်းအရာများကိုသိရှိပြီး လက်ခံသဘောတူပါလျှင် သိရှိပြီးဖြစ်ကြောင်း အောက်တွင် comment ပေးခဲ့ပါ ။

တစ်ဖက်ဖက်မှပျက်ကွက်ပါက ပျက်ကွက်သောသူအား Hacking လောကတွင်ရှုံးနိမ့်သူအဖြစ် ထာဝရ အသိပေးကြေညာမယ်ဖြစ်သည်။ (ကိုယ့်အရည်အချင်းကိုယုံကြည်သူများပြိုင်ပါ မပြိုင်ခြင်းသည်အရှုံးပေးခြင်းဖြစ်သည် ဟုသတ်မှတ်မည်)


Myanmar Express

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမများပေါ်တွင် ပြေးဆွဲလျက်ရှိသော ကုန်တင်ယာဉ်အားလုံး အာဆီယံစံနှုန်းအတိုင်းသာ တင်ဆောင်ရမည်

From :ခေတ်လူငယ်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမများပေါ်တွင် ပြေးဆွဲလျက်ရှိသော ကုန်တင်ထားသည့် ယာဉ်များအားလုံး ဝင်ရိုးအလိုက်သာ ကုန်တင်ရသည့် အာဆီယံစံနှုန်းအတိုင်းသာ ကုန်တင်ဆောင်ရမည်ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ ''ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းက လမ်းတွေပေါ်မှာ ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေလည်း အဝေးပြေးလမ်းမကြီးတွေမှာလို အာဆီယံစံနှုန်းအတိုင်းပဲ ကုန်တင်ဆောင်ရတော့မယ်။ ဒါကို စည်ပင်က ထုတ်ပြန်ထားတယ်။ ယာဉ်အမျိုးအစားအလိုက် ဝင်ရိုးအလိုက်ပဲ ကုန်တင်ရမှာ ဖြစ်ပါတယ်'' ဟုလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ ယင်းကဲ့သို့ ရန်ကုန်မြို့တွင်း လမ်းများပေါ်ရှိ ကုန်တင်ယာဉ်များကို အာဆီယံစံနှုန်းအတိုင်း တင်ဆောင်ခြင်းရှိ၊ မရှိကို နေရာလေးခုတွင် မိုဘိုင်းကတ္တားများဖြင့် တန်ပိုစစ်ဆေးလျက်ရှိကြောင်းလည်း သိရှိရသည်။ ''ရန်ကုန်က နေရာလေးခုမှာ မိုဘိုင်းကတ္တားတွေ အသုံးပြုပြီး စစ်ဆေးနေပါတယ်။ လတ်တလောမှာတော့ စနေ၊ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ပညာပေးကာလအနေနဲ့ မတ်လ ၉၊ ၁ဝ ရက်နဲ့ ၁၁ ရက်နေ့က လိုက်စစ်နေပါတယ်။ နောက်ပိုင်းကျရင်တော့ တန်ပိုတာကို လိုက်ပြီး အရေးယူသွားမယ်လို့လည်း သိရပါတယ်။ ဘုရင့်နောင်မှာလည်း မိုဘိုင်းကတ္တားနဲ့ လမ်းတွေထဲမှာ လိုက်စစ်မယ်'' ဟုလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းမှ သိရသည်။ ''ရန်ကုန်မြို့တွင်းမှာ ဆိပ်ကမ်းက ထွက်လာတဲ့ သံချောင်း၊ ဘိလပ်မြေ စတာတွေတင်တဲ့ ခေါက်တိုယာဉ်တွေမှာ တန်ပိုတင်ပြီး သွားလာနေကြလို့ လမ်းပျက်စီးမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ဆိပ်ကမ်းကလာတဲ့ ကားတွေက ဘုရင့်နောင်ကိုသာ အဝင်များတာမို့ ဘုရင့်နောင် အဝင်လမ်းမတွေမှာ လမ်းပျက်စီးနေတယ်။ ဆိပ်ကမ်းကနေ ဘိလပ်မြေတင်လာတဲ့ ခေါက်တိုယာဉ်တစ်စီးက ဘိလပ်မြေအိတ် ၁ဝဝဝ၊ ၁၂ဝဝ တင်လာတော့ တန် ၆ဝ လောက်ရှိတယ်။ ကားဝိတ်က တန် ၂၅ ရှိရင် စုစုပေါင်း ၈၅ တန်လောက်ကို တင်နေကြတာ။ ဒါတွေကြောင့် မြို့တွင်းလမ်းပျက်စီးမှုတွေဖြစ်တာ'' ဟုလည်း ရန်ကုန်မြို့တွင်းလမ်းများ ပျက်စီးမှု နည်းပါးစေရန် အတွက် ရန်ကုန်မြို့ခံတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ သတ်မှတ်ထားသော ကုန်တန်ချိန်ထက် ဝန်ပိုတင်ဆောင်ပါက သတ်မှတ်တန်အထက် တစ်တန်မှ ၅ တန်အထိ တစ်တန်လျှင် ကျပ် ၅ဝဝဝ နှုန်း၊ ၆ တန်နှင့်အထက် တစ်တန်လျှင် ကျပ် ၁ဝဝဝဝနှုန်း တန်ပိုကြေး ပေးဆောင်ရမည်ဖြစ်ကြောင်း  သိရှိရပါသည်။

 

 Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ