Subscribe to our RSS Feed

မွန်ခွဲထွက် အဖွဲ့ဝင် ၁၆ ဦး လက်နက်စွန့်

From : AFMG ထူးထူး (မော်လမြိုင်)


(ရန်ကုန်၊ မတ် ၈)


နိုင်အဘင်း ခေါင်းဆောင်သော မွန်ခွဲထွက်ရေး အဖွဲ့ဝင် ၁၆ ဦးသည် လက်နက်မျိုးစုံ ၁၂ လက်နှင့်အတူ လက်နက်ချ အလင်းဝင်ပွဲ အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရှိ အမှတ်(၃၁) ခြေလျင်တပ်ရင်း ရိပ်သာတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။


နိုင်အဘင်းနှင့် အဖွဲ့အား အမှတ်(၃၁) ခြေလျင် တပ်ရင်းမှ တပ်မတော်သားများ၊ မိသားစုများ နှင့် ခေါဇာမြို့နယ်ခွဲမှ ပြည်သူများက ကြိုဆိုကြပြီး၊ ရိပ်သာ ခန်းမတွင် အခမ်းအနား ဆက်လက် ကျင်းပရာ ရှေးဦးစွာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး ကျော်မြင့်က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ထာဝရ ငြိမ်းချမ်းရေးကို လိုလား၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် သည့်အတွက် နိုင်အဘင်းနှင့် အဖွဲ့ ဝင်များအား လှိုက်လှဲစွာ ကြိုဆို ပါကြောင်း ၄င်းကပြောသည်။ ”လွပ်လပ်ရေးနဲ့ အတူတွဲဖက်ပြီးပါ လာတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် တပ်မတော်သားတွေ၊ လက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ အပြစ် မဲ့ပြည်သူ တွေ သေဆုံးခဲ့ရတာ ကျွန်တော် တို့ငယ်ငယ်လေး ထဲကပါပဲ။ ငြိမ်းချမ်းရေးရဲ့ အရသာ ကိုလက်နက်နဲ့ လဲလှယ်ပြီး၊ ထာဝရ လက်နက် စွန့်လွှတ်ခြင်း ဆိုတဲ့ အခုလို အခါမျိုးမှာ ပိုပြီး သိသာ ထင်ရှားစွာ တွေ့မြင် ရမှာဖြစ်ပါတယ်”ဟု ၄င်းက ဆိုသည်။ မတူသည်များကို ဘေးဖယ် ထားကာ တူညီသည့် အချက်များ ကို စတင် လုပ်ဆောင် ကြရန် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက် နှင့်အညီ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး လမ်းစဉ်ကို အတူ သွားဖို့ လက်တွဲ လာသည့် အ တွက် ကျေးဇူးတင် ပါကြောင်းနှင့် ရဟန်းရှင် ပြည်သူများ လိုလား တောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကျန်ရှိနေ သူများလည်း လက်နက်ချ အလင်း ဝင်ကြပါ ရန် ၄င်းက ထပ်လောင်း ပြောသည်။


ဆက်လက်၍ မွန်ခွဲထွက် အဖွဲ့ ဝင် ခေါင်းဆောင် နိုင်အဘင်းက ဝန်ချ တောင်းပန်စကားပြောကြား ရာတွင် ၄င်းတို့အဖွဲ့ကို ယခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည့် အတွက် နိုင်ငံတော်နှင့် ပြည်သူ လူထုကို ကျေးဇူးတင် ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး၏ စေတနာ အမှန်ကို သိရှိသည့် အတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ် ပြီး ပြည်သူ့ ရင်ခွင်ကို ခိုလှုံခြင်း ဖြစ်ပါ ကြောင်း ပြောသည်။ ကျဉ်းမြောင်း သည့်လူမျိုးရေး အခြေခံပြီး မှားယွင်းတဲ့ လုပ်ရပ်များဖြင့် စည်းရုံးသိမ်းသွင်းခံ ရသည့် အတွက် စာပေ ပညာသင်ကြား ရခြင်း မရှိသည့် မိမဲ့ဖမဲ့ ကလေးသူငယ် များသည် စည်းရုံးသိမ်းသွင်းမှု နောက်ပါသွားပြီး ပြည်သူလူထု အပေါ် မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ရပ် များကို ကျူးလွန်ပြစ်မှား မိခဲ့ကြောင်း၊ ၄င်းတို့၏ လုပ်ရပ်အမှား များကို ရှိခိုး ကန်တော့ တောင်းပန် ကြောင်း၊ ကျန်ရှိသည့်ကာလတွေ မှာ နိုင်ငံတော်နှင့် ပြည်သူ့ ရင်ခွင်မှာ အေး ချမ်းစွာဖြင့် ဥပဒေဘောင် အတွင်း နေထိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ အတွက် အစွမ်းကုန် ဝိုင်းဝန်း ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။


ထို့နောက် အမှတ်(၃၁) ခြေ လျင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းလင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး နိုင်အဘင်း ထံမှ လက်နက် များကို လက်ခံ ရယူ ပြီးနောက် စစ်ဦးစီး အရာရှိ (ပထမ တန်း) ဒုတိယ ဗိုလ်မှူးကြီး ကျော်မြင့် က အလင်းဝင် ၁၆ ဦးအတွက် ဆန်၊ ဆီနှင့် ငွေများ ထောက်ပံ့ပေး အပ်ရာ အသင်း က လက်ခံယူ ကြောင်း သိရသည်။


Myanmar Express

ပြင်သစ်ရှိ ဗလီကျောင်း တစ်ခုအတွင်း ဘေ့စ်ဘော ဒုတ်တံဖြင့် တိုက်ခိုက်မှု လူတစ်ဦး သေဆုံး

From :MRTV4

ပြင်သစ် နိုင်ငံ မြောက်ပိုင်းရှိ မူဆလင် ဗလီ ဘုရား ဝတ်ပြုကျောင်း တစ်ခုအတွင်း ဘေ့စ်ဘော ဒုတ်တံ ကိုင်ဆောင်ထားသူမှ ဝင်ရောက် ရိုက်နှက်ခဲ့သဖြင့်
လူတစ်ဦး သေဆုံးခဲ့ကာ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း euronews သတင်းတွင် ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့မှ ပြောရာတွင် အဆိုပါ တရားခံမှာ ပြင်သစ် နှင့်မော်ရိုကို သွေးနှော လူတစ်ဦး ဖြစ်ကာ ဗလီ အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာပြီးလျင် ဘေ့စ်ဘောဒုတ်ဖြင့် ဝတ်ပြု နေသူများကို ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။ ယင်းသို့ ရိုက်နှက်ခဲ့သူအား ဖမ်းဆီးလိုက်ပြီ ဖြစ်ကာ  တစ်ချိန်က အဆိုပါ ဗလီကျောင်းမှ အဖွဲ့ဝင် တစ်ဦးဖြစ်ကာ စိတ်ဖောက်ပြန်သဖြင့် စိတ်ကု ဆေးရုံတွင် ကာလ အတော်ကြာ ကုသဖူးခဲ့သည့် သမိုင်းကြောင်း ရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

Myanmar Express 

နိုင်ငံအတွင်း ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသော ဒေသများတွင် တာဝန် ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား ဒေသစရိတ်များ ခံစားခွင့်ပြု

From :ခေတ်လူငယ်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ် တပေါင်းလပြည့်ကျော် ၈ ရက် (၂၀၁၂ ခုနှစ် မတ်လ ၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၀/၂၀၁၂) ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝေးလံခေါင်သီ၍ လူမှုရေး ခက်ခဲသောမြို့နယ်နှင့် မြို့နယ်ခွဲ (၈၇)ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လစဉ် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်အပြင် လက်ရှိ လစဉ်ထုတ်ယူရရှိနေသော လစာနှင့်ညီမျှသည့် ငွေကိုပါ ဒေသစရိတ်အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ သတ်မှတ်ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ မြို့နယ်နှင့် မြို့နယ်ခွဲ(၈၇) ခုမှာ ကချင်ပြည်နယ်တွင် အင်ဂျန်းယန် မြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲ၊ ပန်နန်းဒင်မြို့နယ်ခွဲ၊ ပူတာအိုမြို့နယ်၊ တနိုင်းမြို့နယ်၊ ချီဗွေမြို့နယ်၊ မချမ်းဘောမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ဝါမြို့နယ်ခွဲ၊ မြို့လှမြို့နယ်ခွဲ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ။ ကယားပြည်နယ်တွင် ရှားတောမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ ဘော်လခဲမြို့နယ်။ ကရင်ပြည်နယ်တွင် စုကလိမြို့နယ်ခွဲ၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ ဖာပွန်မြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရှမ်းရွာသစ်မြို့နယ်ခွဲ၊ ဘောဂလိမြို့နယ်ခွဲ၊ လိပ်သိုမြို့နယ်ခွဲ၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကျိုက်ဒုံမြို့နယ်ခွဲ။ ချင်းပြည်နယ်တွင် တွန်းဇံမြို့နယ်၊ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ကျီခါးမြို့နယ်ခွဲ၊ ရေဇွာမြို့နယ်ခွဲ၊ ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ်၊ တီးတိန်မြို့နယ်၊ မင်းတပ်မြို့နယ်၊ ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ရိခေါရ်ဒါရ် မြို့နယ်ခွဲ။ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေရှီး မြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ မိုပိုင်းလွတ်မြို့နယ်ခွဲ၊ ထန်ပါခွေမြို့နယ်ခွဲ၊ ဒုံဟီးမြို့နယ်ခွဲ၊ ပန်ဆောင်မြို့နယ်ခွဲ၊ ပင်လယ်ဘူးမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ် ၊ ခန္တီးမြို့နယ်။ တနသာင်္ရီတိုင်းဒေသကြီးတွင် ကျွန်းစုမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ။ ရခိုင်ပြည်နယ်တွင် မာန်အောင်မြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ။ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမြို့နယ်။ ရှမ်းပြည်နယ်တွင် မက်မန်းမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ မိုင်းပေါက်မြို့နယ်ခွဲ၊ မိုင်းခုတ်မြို့နယ်ခွဲ၊ မုံးထမြို့နယ်ခွဲ၊ မန်ကန်မြို့နယ်ခွဲ၊ မော်ထိုက်မြို့နယ်ခွဲ၊ လင်းခေးမြို့နယ်၊ မောက်မယ်မြို့နယ်၊ မိုင်းပန်းမြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလားမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မဘိမ်းမြို့နယ်၊ မန်တုံမြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ ဟိုမိန်းမြို့နယ်ခွဲ၊ ကျိုင်းတောင်းမြို့နယ်ခွဲ၊ ပုံပါကျင် မြို့နယ်ခွဲ၊ မိုင်းယုမြို့နယ်ခွဲ၊ ပန်လုံမြို့နယ်ခွဲ၊ ကျေးသီးမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မုန်းကိုးမြို့နယ်ခွဲတို့ဖြစ်ကြကြောင်းသိရှိရသည်။

Myanmar Express

နိုင်ငံ့ဦးသျှောင် ကို စော်ကားသည့် ဝက်ဆိုက် ၅၀၀၀ ကို ထိုင်း ပိတ်ပင်

ထိုင်း တာဝန်ရှိသူများမှာ လွန်ခဲ့သည့် သုံးလအတွင်း ထိုင်း နိုင်ငံ၏ နိုင်ငံ့ဦးသျှောင် ကို စော်ကားသည့် ဝက်ဆိုက်ပေါင်း ၅၀၀၀ ကိုပိတ်ပစ်ခဲ့ကြောင်း ဗုဒ္ဓဟူး နေ့က ရဲတပ်ဖွဲ့မှ ပြောကြားလိုက်ကာ နိုင်ငံ အတွင်းတွင် နိုင်ငံ့ဦးသျှောင် ကို စော်ကားသည့် ဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ များပြား လာချိန်တွင် ယခုလို သတင်း ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံ့ဦးသျှောင် မိသားစုနှင့် ပတ်သက်ပြီး ပြောဆိုထားသည့် စာမျက်နှာပေါင်း ၅၀၀၀ ကျော်ကို လွန်ခဲ့သည့် ဒီဇင်ဘာနှင့် မတ်လ အကြားတွင် ပိတ်ပင်ပစ်ခဲ့ကြောင်း ထိုင်း အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ Piya Utayo မှ သတင်း သမားများသို့ ပြောကြား သွားခဲ့သည်။ မိမိတို့ အနေဖြင့် မသင့်လျော်သော သို့မဟုတ် စော်ကားထားသော ဝက်ဆိုက်တွင် တင်ထားသည့် စာများမှာ တဖြည်းဖြည်း နည်းပါး သွားသည်ကို တွေ့ရှိရကြောင်း ကိုလည်း ၎င်းမှ ပြောကြား သွားခဲ့သည်။ ထိုင်းပြစ်မှု ဆိုင်ရာ ဥပဒေ အရ ပုဒ်မ ၁၁၂ မှာ တော်ဝင် နိုင်ငံ့ဦးသျှောင် ကို စော်ကားမှု အတွက် အပြစ်တစ်ခု အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကာ နိုင်ငံ့ဦးသျှောင် များကို စော်ကားမှု မပြုစေရန် အတွက် ယခုလို ဥပဒေ ရေးဆွဲထားခြင်းလည်း ဖြစ်သည်။

source : channelnewsasia


Myanmar Express

NLDပါတီရှေ့က ကန့်လန့်များ (သို့) ဒေါင်းယောင်ဆောင်သောကျီးများ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ မင်းကိုနိုင်၊ကိုကိုကြီးတို့ဟာ ဒေါ်အောင် ဆန်းစုကြည် ရဲ့ အရိပ်ကိုမှီိုပြီး ကိုယ်ကျိုးရှာစည်းရုံးရေးလုပ်ငန်းစဉ်များကိုလုပ်ဆောင်နေတယ်လို့ NLD ကCEC အဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်အရသိရှိရပါတယ်။ အဲ့ဒီကျောင်းသားခေါင်းဆောင်ဆိုသူ တွေထဲမှာ ကျောင်းစာကိုစိတ်ဝင်စားတဲ့သူ၊ စာတော်တဲ့သူ တစ်ယောက်မှမပါပဲ ကျောင်းကိုတစ်ဝက် တစ်ပျက် တက်ခဲ့ရသူတွေဖြစ်ပြီး တက္ကသိုလ်ကျောင်းဝန်းထဲက လက္ဘက်ရည်ဆိုင်တွေမှာ လက္ဘက်ရည် တစ်ခွက်မှာပြီး ရေနွေးကြမ်း ၅အိုးလောက်သောက်ပြီး အတွေးအခေါ်ပညာရှင်လိုလို၊ ကဗျာဆရာလိုလို တစ်တန်းကိုနှစ်နှစ်၊ သုံးနှစ်တက်ပြီး ကျောင်းဆွေး၊ လူဆွေး ပုဂ္ဂိုလ်ကြီးတွေဖြစ်နေတာရယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိပ်လက်မခံချင်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရသွားရင်တော့ ၈၈ကျောင်းသားဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဆက်ဆံမှာမဟုတ်ဘူးလို့ NLD ပါတီဝင်တစ်ဦးက ပြောဆိုခဲ့တာ ကိုကြားသိရပါတယ်။




၈၈ကျောင်းသား ခေါင်းဆောင်များအနေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ် ကိုဖွဲ့စည်းထားပေမယ့် ပြည်သူလူထုအခွင့်အရေးများကို ဆောင်ရွက်ပေးတာမျိုးမတွေ့ရဘဲ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာ ရှင်တွေဆီကအလှူခံပြီး ရတဲ့ငွေနဲ့ ပျော်ပွဲစားခရီးထွက်သလို နေထိုင်မှုတွေနဲ့ ရတဲ့ငွေကြေးတွေအပေါ်မှာ လည်း လှူတာနည်းနည်း ယူတာများများဖြစ်နေတယ်လို့ မရမ်းကုန်းက NLD ပါတီဝင်တွေက ပြောပါတယ်။
မင်းကိုနိုင်၊ကိုကိုကြီးအပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ခရီးစဉ်တွေမှာလည်း ကပ်ပါးကောင်လိုလိုက်လံတွယ်ကပ်နေတာတွေ၊ စည်းရုံးရေးခရီးစဉ်တွေ သွားရောက်မယ့်နယ်မြေတွေကို ကြိုတင်သွားလာပြီးစည်းရုံးရေး လုပ်တာတွေရှိနေတဲ့အတွက် သူမအနေနဲ့ မကြိုက်ဘူးလို့လည်းပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်သွားရောက် တဲ့စည်းရုံးရေး ခရီးစဉ်တွေ အားလုံးလိုလိုမှာကြိုတင်သွားရောက်နေတာတွေရှိပြီး NLD ရဲ့ခွပ်ဒေါင်းအလံကိုအသုံးပြုကာ စည်းရုံးရေး ဆင်းနေတာတဲ့အတွက် အနှောင့်အယှက်ဖြစ်ရတယ်လို့ NLD ပါတီရုံးချုပ် လူငယ်တစ်ဦးကပြောပါတယ်။
၈၈မျိုးဆက်ဌေးကြွယ်နဲ့ NLDလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်စန္ဒာမင်းတို့ လူမူရေးေ ဖာက်ပြန်မှု များဟာလည်း ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ဖြစ်ပွားခဲ့လို့ ပြည်သူလူထုအလယ်မှာ ပါတီသိက္ခာကျစရာဖြစ်လာခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၈၈ကျောင်းသားတွေအပေါ် အမြင်မကြည်လင်မှုတွေပိုများ လာတာဖြစ်တယ်လို့သိရပါတယ်။ တကယ်တော့

၈၈ကျောင်းသားတွေရဲ့ ဒေါင်းတံဆိပ်ဟာ ဒေါင်းအစစ်တော့မဟုတ်နိုင်ပါဘူး။ ဒေါင်းယောင်ဆောင်သော ကျီးများသာဖြစ်မယ်လို့ NLD ပါတီဝင်တွေကပြောဆိုနေပြီဖြစ်ပါတယ်။

Myanmar Express

Blink Hacker Group အား စိန်ခေါ်ခြင်း (ပေးစာ - ၁၁၅)


သင်တို့တိုက်ခိုက်မည်ဟုကြွေြးေ
က်ာထားသော Ghost Area ကို ၂၀ ရက်နေ့တွင်
ထုတ်လွှင့်ပါမည် မတ်လ ၃၁ ရောက်တဲ့ ထိ ဟက်ပါ မဟက်နိုင်ရင်
အဖွဲ့ကိုဖျက်လိုက်ပါ လူသိရှင်ကြားတိုက်ပွဲတစ်ခုဖြစ်ပါမည် ဂုဏ်သိက္ခာအတွက်
သတ္တိရှိရှိ တရားမျှတသော တိုက်ပွဲဖြစ်ပါတယ်
အကယ်၍ စိန်ခေါ်မှုကို လက်မခံလျှင် blinkhackergroup@gmail.com မေးလ်အား
ကျွန်တော့်ထဲကို အပ်ပါ
သို့မဟုတ်က စိန်ခေါ်မှုကိုလက်ခံပါ
ပြိုင်ပွဲတွင် အသင်တို့ရှုံးလျှင် Blink Hacker Group အား ဖျက်သိမ်းပါ BHG
ဖျက်သိမ်းပြီးနောက် မည်သည့် နာမည်ဝှက်များနှင့် မျှ မြန်မာဆိုဒ်များကို
ဒုက္ခပေးခြင်းမပြုလုပ်ရ
ကျွန်ုပ်ရှုံးလျှင် Ghost Area အားဖျက်သိမ်းပြီး IT လောကမှ ထွက်သွားပါမည်
ဤသို့ စိန်ခေါ်ခြင်းသည် အကြောင်းမဲ့ ရန်စခြင်းမဟုတ်
၁.သင်တို့စတင်၍ ရန်စခြင်း
၂.Ghost Area အား Host ပြင်ဆင်နေချိန်တွင် အချောင်ဝင်၍
နာမည်ကောင်းယူရန်ကြိုးစားခြင်းတို့ကြောင့်သာဖြစ်သောကြောင့် First
Generation မှ အကိုများနားလည်ပေးစေလိုသည်
မှတ်ချက် ခိုင်မာသည့် Zone H မှ Deface Log ပြရမည်ဖြစ်သည် Deface
သာလုပ်ရမည်လည်းဖြစ်သည်
သင်တို့၏ ပြန်စာကိုစောင့်မျှော်နေသည် ( www.ghostarea.net )


Myanmar Express

ကွင်းတို ပျံသန်း ပြေး ဆွဲနိုင် ရန် မြန်မာ့ လေကြောင်း မှ ရဟတ် ယာဉ်သစ် ၂ စင်း ၀ယ်ယူထား

From : MRTV-4

နိုင်ငံပိုင် လေကြောင်း လိုင်းဖြစ်တဲ့ မြန်မာ့ လေကြောင်းဟာ လက်ရှိ ပြေးဆွဲနေတဲ့ ခရီးစဉ်များ အပြင် ဝေးလံတဲ့ ဒေသတွေ မှာရှိတဲ့ ကွင်းတို လေယာဉ် ကွင်းများမှာ

ပျံသန်း ပြေးဆွဲ ပေးနိုင်ဖို့ အတွက် ရဟတ်ယာဉ်သစ် ၂ စင်းကို ၀ယ်ယူ ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရဟတ်ယာဉ် ၂ စင်းကို လက်ရှိ မြန်မာ့ လေကြောင်း မှာရှိတဲ့ ရဟတ်ယာဉ် တွေနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ အဲ့ဒီ လေယာဉ် တွေဟာ ခရီးသည် ၁၉ ယောက်သာ တင်ဆောင် နိုင်တာ ဖြစ်ပြီး ပြည်တွင်းရဲ့ ဝေးလံတဲ့ ဒေသတွေ ဖြစ်တဲ့ ပုလော၊ ဂန့်ဂေါ၊ တနိုင်း၊ လုံးခင်၊ မိုးမိတ်၊ မိုင်းယောင်း၊ တာလေ စတဲ့ လေယာဉ်ကြီးတွေ ဆင်းသက်ဖို့ ခက်ခဲတဲ့ ကွင်းတို လေယာဉ်ကွင်း တွေမှာ ပျံသန်း ဆင်းသက် နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်း မှာရှိတဲ့ လေယာဉ်ကွင်း ၅၀ မှာ ကွင်း ၂၆ ကွင်းမှာပဲ ပျံသန်း ပြေးဆွဲနိုင်ပြီး အချို့လေယာဉ်ကွင်း တွေဟာ လူနေထိုင်မှုများ၊ နွားစားကျက်နဲ့ အခြား နည်းလမ်း တွေကြောင့် ပျက်စီးမှုတွေ ရှိနေပါတယ်။ အဲ့ဒီအတွက် လေယာဉ်သစ် ၀ယ်ပြီး ပါကလည်း ခရီးစဉ်သစ် များကို ပျံသန်း ပြေးဆွဲ နိုင်ဦးမှာ မဟုတ်သေးဘဲ စီးပွားရေး တွက်ခြေ ကိုက်မှု ရှိ၊ မရှိကို စမ်းသပ် ပျံသန်း ကြည့်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီ လေယာဉ်ကို ရေနံ တူးဖော်ရေး လုပ်ငန်းများ၊ အထူး ခရီးစဉ်များ၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ စတာတွေ အတွက် ငှားရမ်း အသုံးပြု နိုင်ပါတယ်။ နောက်ပိုင်း လေယာဉ် ကွင်းတွေ ပြင်ဆင်ပြီး ပျံသန်း ပြေးဆွဲဖို့ အဆင်ပြေ လာပါက ခရီးစဉ် သတ်မှတ်ကာ ပျံသန်း ပြေးဆွဲနိုင် အောင်လည်း စီစဉ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Myanmar Express

သူပေါ့


သူပေါ့ အနောက်နိုင်ငံက ပေးနေတဲ့ ဘာမှန်းမသိတဲ. ဆုတွေကို ယူနေတာ....

သူပေါ့ အနောက်နိုင်ငံသားနဲ. လတ်ထပ်ပြီး သား၂ ယောက်မွေးပေးခဲ.တာ.....


သူပေါ့ ယောကျာ်းနဲ့နေနေတဲ့အချိန် မြန်မာ့ အရေးကို လုံးဝစိတ်မ၀င်စားတာ....


သူပေါ့  အမေနေမကောင်းလို့ပြန်လာမှ ဒီမိုကရေစီ ဆိုပြီး ထအော်နေတာ.....


သူပေါ့  နို်င်ငံခြားသားတစ်ယောက်ကို မသိအောင်ခေါ်ပြီး ညအိပ်တာ......


သူပေါ့ ပါရာဒိုကားကြီး စီးပြီး မူးလဲတယ်ဆိုတာ.....


သူပေါ့ ဗိုလ်ချုပ်အောင်ဆန်းကို ဗန်းပြပြီး စည်းရုံးရေးတွေလုပ်နေတာ.....


သူပေါ့ စည်းရုံးရေးလုပ်လိုက်တိုင်း ဖေဖေတို့ခေတ်ကလေ ဖေဖေတို့ခေတ်ကလေနဲ့ပြောတာ......


သူပေါ့ နေရာဒေသ တစ်ခုရောက်တိုင်း စတိုင်လ်အမျိုးအမျိုး နဲ. ပြောနေတာ.........


သူပေါ့ အကျယ်ချုပ်ကျနေတုန်းက မိန်းမတွေ ခေါ်ပြီး sex ကိစ္စတွေပြောပြတာ.......


သူပေါ့ လူတွေကိုလိမ်ပြီး လူထုခေါင်းဆောင်ဆိုတာကြီး ကိုယူထားတာ......


သူပေါ့ ဖွဲ့စည်းပုံမရှိ လမ်းစဉ်မရှိတဲ့ NLD ပါတီကြီးကို ဥက္ကဌ တာဝန်ယူနေတာ.......





သူပေါ့ ဈေးရောင်းပွဲတော်တွေ ခဏခဏ လုပ်နေတာ...... 

သူပေါ့  အကိုနဲ့အပြိုင် အိမ်ကို အမွေလုနေတာ.......

သူပေါ့ မိုက် ၂ လုံးကိုင်ပြီး စည်းရုံးရေး ပြောပြောနေတာ.....

သူပေါ့ သံဃာတော်တွေကို အောက်မှာ ထားပြီး တရားတွေ ပြန်ပြနေတာ......

Myanmar Express 

Google အနေဖြင့် မေးခွန်း များကို ဖြေ ဆိုတော့ မည်

From :MRTV4

The Wall Street Journal ၏ ဖော်ပြချက် အရ အင်တာနက် ရှာဖွေရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Google မှာ များမကြာမီ ကာလ အတွင်းတွင်
သိသာသည့် ပြောင်းလဲမှု တစ်ခုအဖြစ် မေးခွန်းမေး မြန်းသူတို့အား တိုက်ရိုက် ဖြေဆိုမည့် အစီအစဉ် တစ်ခုကို စတင်တော့မည် ဖြစ်ကြောင်း သိရသည်။ ယခုလို ဖြေကြားရာ တွင် မေးမြန်းလိုက်သည့် အကြောင်းအရာနှင့် ဆက်စပ်သည့် link များကို ရှာဖွေပေးရုံ သာမက မေးခွန်းများကိုလည်း တိုက်ရိုက် ဖြေကြားတော့မည် ဖြစ်သည်။

ယခင်က Google မှ ဖြေကြားသည့် ပုံစံမှာ အဓိက စကားလုံးကို ရိုက်ထည့် လိုက်ပါက ဖြစ်နိုင်ဖွယ် ရှိသည့် အဖြေများကို ပေးခြင်းဖြစ်ပြီး ယခုတွင်မူ လူတစ်ဦးမှ ဖြေကြား သကဲ့သို့ ဖြေကြားမည့် ပုံစံဖြင့် လုပ်ဆောင်ပေးတော့မည် ဖြစ်သည်။ ဥပမာ အနေဖြင့် ကယ်လီဖိုးနီးယား ပြည်နယ်ရှိ အကြီးဆုံး ရေကန် ၁၀ ခုကို ဖော်ပြပါဆိုပါက ယင်းအဖြေကို  link များ ပေးသည့် ပုံစံဖြင့် မဟုတ်ဘဲ တိုက်ရိုက် ဖြေကြားသည့် ပုံဖြင့် လုပ်ဆောင် သွားတော့မည် ဖြစ်သည်။ ယခုလို လုပ်ဆောင် ရခြင်းမှာ Microsoft ကုမ္ပဏီမှ Bing နှင့် Apple ၏ အသံဖြင့် စေခိုင်းနိုင်သည့် Siri  တို့ထက် ပိုပြီး ခေတ်ရှေ့ ပြေးနိုင်ရန် ကြိုးစားချက် တစ်ခုလည်း ဖြစ်သည်။

 Myanmar Express

မြန်မာပိုင် စိန့်မာတင် ကျွန်းပေါ်မှာ မဟာဗန္ဓုလ ကိုယ်တိုင် မြန်မာအလံ စိုက်ခဲ့ပေမယ့် ဗြိတိသျှအင်္ဂလိပ် ဝင်မွှေသွားလို့ ဘင်္ဂလား ပိုင်ဖြစ်ခဲ့ရ


စစ်တကောင်းဒေသဟာ ဟိုးရှေးရှေးကတည်းက ရခိုင်နဲ့ ဘင်္ဂလီတွေ သူအင်အားကြီးသူပိုင် ငါအင်အားကြီးငါပိုင် နယ်လုလာခဲ့တဲ့ ဒေသပဲ။

ဂင်္ဂါမြစ်ဝ မြစ်ဝကျွန်းပေါ်ကြီးနဲ့ကပ်နေတော့ ဆန်ရေစပါးစိုက်ပျိုးမှုအတွက်ရော ကူးသန်းရောင်းဝယ်ရေးအတွက်ပါ အရေးပါတဲ့ဒေသမို့ အရေးကြီးတဲ့ နယ်မြေပါ။ အရေးကြီးဆုံးက ထူထဲတဲ့ လူဦးရေရှိတာပဲ။ အဲဒီခေတ်က ခေတ်စားတဲ့ အင်အားအခြေပြု နိုင်ငံရေးအရ လူများတဲ့ဒေသဟာ အရေးပါတယ်၊ အခွန်အကောက်လည်းများမယ် လိုအပ်လို့ စစ်သည်စုဆောင်းရမယ်ဆိုရင်လည်း အဆင်ပြေတယ်။

ဒေသခံတွေက ဘင်္ဂလီတွေလည်းရှိတယ် ရခိုင်လည်းရှိတယ်၊ ဘင်္ဂါလီတွေက များမှာပေါ့။

ရှေးတုန်းက ဟိန္ဒူတွေ ဗုဒ္ဓဘာသာတွေ များပါလိမ့်မယ်။ သမိုင်းသမားတွေက စစ်တကောင်းဟာ ဟိနယာန ဗုဒ္ဓဘာသာရဲ့အချက်အချာဇာတိလို့ ဆိုသလို၊ တိဘက်တွေကတော့ တန်တြစ်ဗုဒ္ဓဘာသာရဲ့မူလနေရာလို့ ဆိုတယ်။

ကျနော်တို့ဆီက ဘုရားရှေ့ ခြင်္သေ့ထားတဲ့ သီဟဗာဟုဇာတ်တော်ရယ် ဗုဒ္ဓဆင်းတုမှာ မင်းမြောက်တန်ဆာငါးပါး တပ်ပေးတဲ့ ဇဗုပတ္တိမင်းချွတ်ခန်း ဇာတ်တော်ရယ်ဟာ မူလဒီဒေသကလာတယ်လို့ ဆိုပါတယ်။

နောက်တော့ ပင်လယ်ကနေလာတဲ့ အာရပ်ကုန်သည်တွေနဲ့ အိန္ဒိယကိုဖြတ်ပြီး ဂင်္ဂါမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ အာဖဂန်အနွယ်တွေကြောင့် မွတ်ဆလင်တွေများလာတယ်။ နောက်တော့ ဘင်္ဂလားကို မွတ်ဆလင်တွေ လွှမ်းမိုးလာတာနဲ့အတူ စစ်တကောင်းနယ်ဟာ မွတ်ဆလင်အုပ်စိုးသူတွေလက်ထဲ ရောက်သွားတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၁၆ရာစု ရခိုင်ရွှေခေတ် မြောက်ဦးနိုင်ငံတော်လက်ထက်မှာ စစ်တကောင်းဟာ ရခိုင်မင်းတွေရဲ့ပိုင်နက်ပဲ။ နောက်တော့ ရခိုင်မင်းတွေရဲ့အင်အားယုတ်လျှော့ကျတာနဲ့အတူ မြောက်ဦးနဲ့ အလှမ်းဝေးတဲ့ စစ်တကောင်းမှာ ရခိုင်မင်းတွေရဲ့သြဇာ ကောင်းကောင်းမထူထောင်နိုင်တော့ပါဘူး။ ဒီတော့ စစ်တကောင်းနယ်ဟာ ပင်လယ်ဓါးပြတွေ ကျွန်ကုန်သည်တွေ စွန့်စားတဲ့ အနောက်တိုင်းသားတွေ အခြေချရာ ဒေသဖြစ်လာတယ်။

၁၇ ရာစုမှာ မဂိုတွေဟာ စစ်တကောင်းနယ်ကို ရခိုင်မင်းလက်ထဲက သိမ်းပိုက်လိုက်တယ်။ ဒါပေမဲ့ ၁၈ရာစုမှာဖြစ်တဲ့ ပရာရှီတိုက်ပွဲ အပြီးမှာ အင်္ဂလိပ်တွေက စစ်တကောင်းနယ်ကို မဂိုတွေလက်ထဲကနေ သိမ်းလိုက်နိုင်တယ်။

အဲဒီမှာ ရခိုင်တွေရဲ့မြောက်ဦးကိုသိမ်းထားတဲ့ မြန်မာတွေနဲ့ အင်္ဂလိပ်တို့ တိုက်ရိုက်ထိတွေ့ကြတာပဲ။

မြန်မာတွေ (ရခိုင်တွေ) က ရှင်မဖြူကျွန်းလို့ခေါ်တဲ့ ဒီကျွန်းဟာ နတ်မြစ်ကိုဝင်တဲ့ ပင်လယ်ဝမှာရှိတယ်။ ဘင်္ဂါလီတွေက ရှဟပူရီလို့ခေါ်တယ်၊ စစ်တွေဒေသခံ ရခိုင်တွေက အုန်းကျွန်းလို့ခေါ်တယ်။ ရှေးတုန်းက မြောက်ဦး-စစ်တကောင်း-ဂင်္ဂါမြစ်ဝကို ကုန်ကူးတဲ့ ကုန်သည်တွေ၊ အဲဒီကုန်သည်တွေကို ဓါးပြတိုက်တဲ့ ပင်လယ်ဓါးပြတွေ၊ ကုန်းပေါ်တက်ပြီး လူတွေဖမ်းတဲ့ ကျွန်ကုန်သည်တွေ၊ ပေါ်တူဂီတွေ ဒတ်ခ်ျတွေ ယာယီစခန်းချတဲ့ ကျွန်းကလေးပေါ့။ ပင်လယ်ကို သိပ်ပြီးစိတ်ဝင်စားလေ့မရှိတဲ့ မြန်မာ (ရခိုင်မင်းတွေ)တွေ သိပ်အလေးထားခဲ့ပုံမရဘူး၊ သူတို့လိုပဲ မဂိုမင်းတွေလည်း စိတ်ဝင်စားပုံမရဘူး၊ ဒါကြောင့် ဒီကျွန်းဟာ မြန်မာပိုင်လား မဂိုပိုင်လား မသိဘူး မကွဲပြားဘူး။

ဒါပေမဲ့ ရေတပ်ကိုအဓိကထားပြီး နယ်ချဲ့လေ့ရှိတဲ့ အင်္ဂလိပ်တွေကတော့ ဒီကျွန်းကနေ ရခိုင်ဒေသမြောက်ပိုင်းကို ထိန်းချုပ်လို့ ဒါမှမဟုတ် ပြဿနာပေးလို့ ရတာကို သဘောပေါက်တယ်၊ ဒီတော့ အရှေ့အိန္ဒိယကုမ္မဏီက သစ်တောဝန်ထမ်းတွေ အရေးနဲ့ပတ်သတ်ပြီး မြန်မာဘက်က နတ်မြစ်မှာ တပ်တွေတိုးချထားတဲ့အခါ ရှင်မဖြူခေါ် ရှဟပူရီခေါ် အုန်းကျွန်းကို စိန့်မာတင်လို့အမည်ပေးပြီး ရေတပ်ခွဲလေးတစ်ခွဲကို သွားချထားလိုက်တယ်။ စစ်ဗာရီတပ်ခွဲလေးပေါ့။

အဲဒီအချိန်က အင်္ဂလိပ်တွေဟာ ကုန်းဘောင်ဆက် မြန်မာ့အင်အားကို ကောင်းကောင်မတွက်ဆနိုင်သေးသလို မဏိပူရ်ကို ကောင်းကောင်းအနိုင်ယူခဲ့တဲ့ မြန်မာဘက်ကလည်း ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးနေချိန်ပေါ့။

အိန္ဒိယဘုရင်ခံချုပ် အင်းမတ်ဟာ အဲဒီအချိန်အထိ မြန်မာကိုမထိရဲသေးဘူး၊ မဏိပူးမှာ ရှမ်း(ကသည်း)မင်းတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်သွားတဲ့ မြန်မာတပ်တွေကိုသူလန့်နေပုံပဲ။

အဲဒီလို နှစ်ဖက်သူ့ခြေလှမ်းငါ့ခြေလှမ်းကြည့်နေချိန်မှာ ဘကြီးတော်မင်းရဲ့ချီးကျူးမှုကို ခံယူလိုတဲ့ စစ်တွေစားဟာ ၁၈၂၃ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရှင်မဖြူကျွန်းပေါ်မှာရှိတဲ့ စစ်ဗာရီတပ်ခွဲကို လျှပ်တပြတ်ဝင်တိုက်ပြီး အစောင့်စစ်သားအားလုံးသတ်လို့ စခန်းကိုသိမ်းလိုက်ပါတယ်။

အင်္ဂလိပ်ရေတပ်က ချက်ခြင်းပဲ တပ်ချီပြီး ကျွန်းကိုပြန်သိမ်းပါတယ်၊ ဒါပေမဲ့ ကျွန်းပေါ်မှာ ဘယ်သူမှမရှိတော့ပါဘူး။ အင်္ဂလိပ်ရေတပ်က ပိုကြီးမားတဲ့ ရေတပ်စခန်းကိုစိုက်ထူပါတယ်။

၁၈၂၄ နှစ်ဦးမှာ မဟာဗန္ဓုလဟာ တပ်ကြီးနဲ့ချီလာပြီး ကျွန်းကိုပြန်သိမ်းပါတယ်၊ မြန်မာမင်းရဲ့အလံတော်ကိုလည်း ကျွန်းမှာစိုက်ထူပါတယ်၊ အင်္ဂလိပ်ရေတပ်အရာရှိတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အိန္ဒိယဘုရင်ခံချုပ် အင်းမက်စ်က ကျွန်းကိုပြန်ပေးဖို့ မြန်မာအစိုးရကိုတောင်းပါတယ်၊ နယ်စပ်ကို သေသေချာချာ သတ်မှတ်ဖို့လည်းတောင်းဆိုပါတယ်၊ သူ့ဆီက နယ်ခြားသတ်မှတ်ရေးအဖွဲ့အဖြစ် စစ်အရာရှိ ချူးနဲ့ ရိုက်စ်ကို ဘူးသီးတောင်မောင်းတော်ဆီလွှတ်လိုက်တာကိုလည်း မြန်မာဘက်က ဖမ်းပြီး ဂုဏ်သိက္ခာမဲ့စွာ အင်းဝနေပြည်တော်ကို ခေါ်ဆောင်သွားတယ်လို့ အင်္ဂလိပ်တို့ဘက်က ဆိုပါတယ်။

နောက်တော့ သိတဲ့အတိုင်း အင်္ဂလိပ်နဲ့မြန်မာ စစ်ဖြစ်တော့တာပဲ။ မြန်မာနိုင်ငံကို သိမ်းပိုက်ထားတုန်းမှာ အင်္ဂလိပ်တို့က စိန့်မာတင်ကျွန်းပေါ်မှာ စခန်းချပြီး ကုလား တပ်တွေကို တပ်စွဲထားခဲ့ပါတယ်။ အင်္ဂလိပ်က လွတ်လပ်ရေး ပေးချိန်မှာတော့ စိန့်မာတင်ကျွန်းက မြန်မာနိုင်ငံထဲမှာ မပါတော့ပါဘူး။ ၁၄ ရက်နေ့က ဆုံးရှုံးလိုက်ရတဲ့ ရေပိုင်နက်တွေ နဲ့
ဒီကနေ့ စိန့်မာတင်ကျွန်း မြန်မာတွေ ဆုံးရှုံးလိုက်ရတာ ဟာ ဗြိတိလျှ အင်္ဂလိပ်တို့ ပေးခဲ့တဲ့ အမွေဆိုးတွေပါပဲ။

ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ဘာသာ ကိုယ်သာသနာနဲ့ ဂုဏ်သိက္ခာရှိရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်တို့ ကြောင့် ဒီကနေ့ ထိ နောက်ဆက်တွဲ ပြဿနာတွေ ရှင်းလို့မကုန်နိုင်သေးပါဘူး။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အင်္ဂလိပ် လူမျိုးကို ယူထားပါတယ်။

Myanmar Express

ရွှေမြန်မာ သမီးငယ်တို့ ..စကတ်ဆို မတိုချင်စမ်းပါဘိ...




စကပ်တိုနဲ့ ..မြန်မာသမီးပျို

ပျိုပျို..အိုအို..သြော်..တော်တော်တို

ပိုနေလို့ ..တိုတာလား

ပျိုနေဖို့ ..တိုတာလား

ဖိုမြင်ဖို့ ..တိုတာလား


ရင်ဖိုသနော်..ကာလသားမျက်စိ

မောင်နဲ့ နှမ..သားနဲ့ အမိ

မကြည့်လို..မမြင်လို

မတင့်တယ်ပါဘိ


စကပ်ဆို..မတိုချင်စမ်းပါဘိ

မဟေသီ ရွှေမြန်မာ သမီးငယ်တို့ 

ဆင်ခြင်ကြပါ..အသိ


လွမ်းဂီတ
Myanmar Express

၂ သိန်းတန် ဂျီအက်စ်အမ်များ ရောင်းပြီ


မတ်လ ပထမပတ်တွင်ရောင်းချမည်ဟု သတင်းထွက်ပေါ်လျှက်ရှိသည့် တန်ဖိုးနည်းဖုန်းများ ပြည်နယ်အချို့တွင် ယနေ့ နံနက်မှစတင်ရောင်းချနေပြီဖြစ်သည်။ ယခုချိန်ထိ သိရသလောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သံတွဲမြို့တို့တွင် ရောင်းချပေးနေပြီဟု သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင်မူ နက်ဖြန်ခါမှ စတင်ရောင်းချပေးမည်ဟု လွိုင်ကော်မြို့ခံ တဦးကပြောသည်။

ဆင်းကဒ်များ ရောင်းချရာတွင် ပုဂ္ဂလိကဖုန်းဆိုင်များတွင်လည်း ကျပ် ၂ သိန်းဖြင့်ရောင်းချလျှက်ရှိသည်ဟု မြစ်ကြီးနားမြို့ မော်လမြိုင်မြို့တို့ကို ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။ သံတွဲမြို့တွင်မူ မြန်မာ့ဆက်သွယ်ရေးတွင်သာရောင်း ချသည်ဟု သံတွဲမြို့ခံကပြောသည်။

ယခင်အတိုင်း ၀ယ်ယူသူ၏ မှတ်ပုံတင် မိတ္တူ ၃ စောင်နှင့် ဓါတ်ပုံ ၃ ပုံတို့လိုအပ်သည်ဟု သိရှိရသည်။

Myanmar Express

မြန်မာ့အလင်း သတင်းစာမှာ ရှင်းပြတဲ့ ရေပိုင်နက် ပြဿနာအကြောင်း


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားလျက် ရှိသည့် ပင်လယ်နယ်နိမိတ် သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) က မတ် ၁၄ ရက်နေ့တွင် အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပင်လယ်နယ်နိမိတ် သတ်မှတ်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ညှိနှိုင်း ဆွေးနွေးမှုများကို ၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဝန်ကြီးအဆင့် (၂) ကြိမ်နှင့် ကျွမ်းကျင်သူအဆင့် (၆) ကြိမ် ဆွေးနွေးခဲ့ကြသည်။ သဘောတူညီမှု မရရှိခဲ့သည့် အတွက် ၁၉၈၆ ခုနှစ် ဇူလိုင်လမှ စတင်၍ ဆွေးနွေးပွဲများကို ရပ်ဆိုင်းခဲ့ပြီး ၂ဝဝ၈ ခုနှစ် မတ်လမှ ၂ဝဝ၉ ခုနှစ် ဇူလိုင်လ အထိ နှစ်နိုင်ငံအကြား ကျွမ်းကျင်သူအဆင့် ဆွေးနွေးပွဲ (၄) ကြိမ် ထပ်မံ ပြုလုပ်ခဲ့သည်။ သို့သော် နှစ်နိုင်ငံ ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိခဲ့သည့်အတွက် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ လတွင် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) ၌ တင်သွင်း ဖြေရှင်းရေးကို စတင်ဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာခုံရုံး၌ အမှု ရင်ဆိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ တွဲဖက် ကိုယ်စားလှယ်များ အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်လှမျိုးနွယ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့က ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာဒီပူမိုနီနှင့် တွဲဖက် ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ကူရှက်အလန်တို့က ဆောင်ရွက်ခဲ့သည်။

ထိုသို့ နှစ်နိုင်ငံ ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးအတွက် တရားဥပဒေအရ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် နှစ်ဖက်စလုံးက နိုင်ငံတကာ ရှေ့နေများနှင့် တိုင်းတာရေး ပညာရှင်များကို ငှားရမ်းခဲ့ကြရာ မြန်မာ နိုင်ငံဘက်မှ အောက်ဖော်ပြပါ နိုင်ငံတကာ ရှေ့နေများ၊ ရှေ့နေအဖွဲ့နှင့် တိုင်းတာရေး ပညာရှင်များကို ငှားရမ်းခဲ့သည်-

(က) Counsel / Advocate

(၁) Professor Alain Pellet - Lead Counsel
(၂) Sir Michael Wood, K.C.M.G. - Lead Counsel
(၃) Professor Mathias Forteau - Advocate
(၄) Mr. Daniel Muller - Advocate
(၅) Mr. Benjamin Samson - Assistant Advocate to Leading Counsel Prof. Alain Pellet
(၆) Mr. Eran Sthoeger - Research Counsel

(ခ) Law Firm

(၁) Mrs. Heloise Bajer-Pellet - Advocate
(၂) Ms. Tessa Barsac - Secretariat

(ဂ) Hydrographers & Cartography Consultant

(၁) Mr. Octavian Buzatu - Hydrographer/ Advocate
(၂) Mr. Coalter Lathrop - Hydrographer
(၃) Mr. David Swanson - Cartography Consultant

နိုင်ငံတကာ ခုံရုံးသို့ အဆိုပါ ပင်လယ် နယ်နိမိတ် သတ်မှတ်ရေး အမှုတင်သွင်း ဆုံးဖြတ်စေရာ၌ တရားရေး ဆိုင်ရာလုပ်ငန်းစဉ် (၂) ရပ်ကို လုပ်ဆောင်ရသည်။ ပထမအဆင့် တရားရေး လုပ်ငန်းစဉ်အဖြစ် စာဖြင့် ရေးသား တင်သွင်းရာ၌ (၁-၇-၂ဝ၁ဝ) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အဆိုပြုလွှာ (Memo) ကို လည်းကောင်း၊ (၁-၁၂-၂ဝ၁ဝ) ရက်နေ့တွင် မြန်မာနိုင်ငံ၏ အချေလွှာ (Counter Memo) ကိုလည်းကောင်း၊ (၁၅-၃-၂ဝ၁၁) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ တုံ့ပြန်လွှာ (Reply) ကို လည်းကောင်း၊ (၁-၇-၂ဝ၁၁) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပြန်လည် ချေပလွှာ (Rejoinder) ကိုလည်းကောင်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က ပြုလုပ်ခဲ့ကြသည်။

ဒုတိယ လုပ်ငန်းစဉ်အဖြစ် အမှုအား (၈-၉-၂ဝ၁၁) ရက်နေ့မှ (၂၄-၉-၂ဝ၁၁) ရက်နေ့အထိ နိုင်ငံတကာ ခုံရုံးတည်ရှိရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ကြားနာစစ်ဆေးခဲ့ရာ နှစ်နိုင်ငံ ကိုယ်စားလှယ်များ၊ တွဲဖက် ကိုယ်စားလှယ်များ၊ နှစ်နိုင်ငံ ငှားရမ်းထားသည့် နိုင်ငံတကာ ရှေ့နေများနှင့် တိုင်းတာရေး ပညာရှင်များ တက်ရောက်ပြီး အသီးသီး လျှောက်လဲခဲ့ကြသည်။

၎င်းနောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးအမှု၏ အပြီးသတ် စီရင်ချက်ကို (၁၄-၃-၂ဝ၁၂) ရက်နေ့တွင် နိုင်ငံတကာ ခုံရုံးတည်ရှိရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ဒေသစံတော်ချိန် ၁၁း၃ဝ နာရီ (မြန်မာ စံတော်ချိန် ၁၇းဝဝ နာရီ) အချိန်၌ ချမှတ်ခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအနေဖြင့် ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) သို့ မိမိတို့ နိုင်ငံအလိုက် ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်နိုင်ရန် အသီးသီးတင်ပြ တောင်းဆိုခဲ့ကြရာ မြန်မာနိုင်ငံ အနေဖြင့် တစ်ဖက်ပါပုံတွင် ဖော်ပြပါ အစိမ်းရောင်လိုင်း အတိုင်း တင်ပြတောင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် အပြာရောင် လိုင်း အတိုင်း တင်ပြတောင်းဆို ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆိုပါ တောင်းဆိုချက်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံ လုပ်ကွက်များကို ထိခိုက်နစ်နာမှု ရှိစေကြောင်း တွေ့ရှိရသည်။

နိုင်ငံတကာ ခုံရုံးအနေဖြင့် အပြီးသတ်စီရင်ချက် ချမှတ်ရာတွင် ပုံတွင်ဖော်ပြပါ အနီရောင်လိုင်း အတိုင်း နှစ်နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ်ကို သတ်မှတ် ဆုံးဖြတ်ပေးခဲ့သည်။

ထိုကဲ့သို့ ခုံရုံးက သတ်မှတ် ဆုံးဖြတ်ခဲ့သည့် အနီရောင်လိုင်း သတ်မှတ်ချက် အရ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ရေနံကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ကမ်းလွန်ရေနံ လုပ်ကွက်များကို ထိခိုက်မှု မရှိကြောင်းနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးသည် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းအရ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများအနက် တစ်ခုဖြစ်ပြီး ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေအရ စည်းနှောင်မှုရှိကြောင်း၊ ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး တရားသူကြီးများက အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေများနှင့်အညီ ဉာဏ် အမြော်အမြင် ကြီးမားစွာဖြင့် တရားမျှတစွာ ဆုံးဖြတ်ခဲ့မှုအတွက် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် အစိုးရနှင့် ပြည်သူများက လေးစားချီးကျူး ဂုဏ်ပြုလျက် ရှိကြကြောင်း၊ ယခု စီရင်ချက်အရ ပေါ်ထွက်လာသည့် ရလဒ်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးက ကျေနပ် လက်ခံကြကြောင်း သိရှိရသည်။


ယခုကဲ့သို့ ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) က တရားမျှတစွာ ဆုံးဖြတ် ဆောင်ရွက်ခဲ့သည့် အတွက် မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး ခဲ့ကြောင်းနှင့် နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ထိန်းသိမ်းပြီး ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်များ၌ မိတ်ဝတ်မပျက် ဆက်လက်ပူး ပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Express

ကြားဖြတ်ရွေးကောက်ပွဲ အများစုအနိုင်ရမည်ဟု ပြည်ခိုင်ဖြိုး အတွင်းရေးမှုးပြောကြား


From : ရန်ကုန်တိုင်း(မ်)

၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အများစုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပါတီ အတွင်းရေးမှုး ဦးအောင်သောင်းက ထုတ်ဖော် ပြောကြား လိုက် သည်။

‘‘လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ လစ်လပ်မဲဆန္ဒနယ် နေရာအများစုမှာ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ် ၊ နေပြည်တော်မှာလည်း ရာနှုန်းပြည့်နီးပါး နိုင်မယ်လို့ မျှော်လင့် ထား ပါ တယ်’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှုး ဖြစ်သူ တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချိန်ဟိုတယ်တွင် ကျင်းပလျက်ရှိသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့အပြီးတွင် ရန်ကုန်တိုင်း(မ်) ဂျာနယ် နှင့် တွေ့ဆုံစဉ် ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ခုက ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့ သည် လစ်လပ်နေရာ ၄၈ နေရာ အပြည့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်ကြပြီး တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ သည် လစ်လပ်နေရာ ၂၄ နေရာ ယှဉ်ပြိုင်မည်ဟု သိရသည်။



၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ သည် အမျိုးသားလွှတ်တော် ၁၆၈ နေရာ တွင် ၁၂၉ နေရာ ၊ ပြည်သူ့လွှတ်တော် ၃၃၀ နေရာတွင် ၂၅၉ နေရာ ရရှိခဲ့သည်။

Myanmar Express

အမေရိကန်၏ ရေနံ တင်သွင်းမှု ကျဆင်း

From : MRTV-4

တနင်္လာနေ့က ထုတ်ပြန်လိုက်သည့်အစီရင် ခံစာ တစ်ရပ်အရ အမေရိကန် ပြည်ထောင်စုရှိ ရေနံ တင်သွင်းမှုမှာ ယခင် နှစ်ကထက် စာပါက ၁၀ ရာနှုန်း ကျဆင်း

ခဲ့ကြောင်းနှင်ြ့ပည်တွင်း ထုတ်လုပ်မှုမှာ ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် အမြင့်ဆုံး ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ အစီရင်ခံစာကို အေဂျင်စီ ၆ ခုမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရီပတ်ဘလီကင်မှ သမ္မတလောင်းများမှာ အိုဘားမား အနေဖြင့် ဆီဈေး တက်စေရန် ပြုလုပ်နေကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်တို့ အနေဖြင့် ၎င်း၏ ရေနံ သုံးစွဲမှုမှ ၄၅ ရာနှုန်းကို တင်သွင်းနေခြင်း ဖြစ်ကာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က ၅၇ ရာနှုန်းထက် စာပါက လျော့ကျ သွားခဲ့ရခြင်း ဖြစ်သည်။ အလားတူပင် ယမန်နှစ်ကထက် စာပါက တစ်ရက်လျင် စည်ပေါင်း သန်းချီပြီး လျော့ကျခဲ့ရခြင်းလည်း ဖြစ်သည်။ အမေရိကန် နိုင်ငံ၏ ပြည်တွင်း ရေနံ ထုတ်လုပ်မှုမှာ ၂၀၁၀ ခုနှစ်ထက် စာပါက ၂၀၁၁ ခုနှစ် အတွင်း တစ်ရက်လျင် စည်ပေါင်း ၁၂၀၀၀၀ ထုတ်လုပ်သည် အထိ ထပ်မံ မြင့်တက်ခဲ့ပြီး တစ်ရက်လျင် စည်ပေါင်း ၅.၆ သန်း အထိ မြင့်တက်ခဲ့သည်။

source: Los Angeles Times


Myanmar Express

ဝိုင်းစုခိုင်သိန်းပြောတဲ. လူလိမ်ဆိုတာ


လူတစ်ယောက်ကို သတ်တော့ လူသတ်သမား
လူအများကြီးကိုသတ်တော့ သူရဲကောင်း
စာမူတစ်ခုကိုကူးချတော့ စာမူကူးချသူ
စာမူအများကြီးကို ကူးချတော. စာမူပြုစုသူ
လူတစ်ယောက်ကိုလိမ်တော. လူလိမ်
လူအများကြီးကိုလိမ်တော. လူထုခေါင်းဆောင်တဲ့......

video

  Myanmar Express

၂၀၁၄ တွင် အာဆီယံ ထိပ်သီး အစည်းအဝေး ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးပေါင်း ၁,၀၀၀ ကျော် ကျင်းပပေးရမည်

From :ခေတ်လူငယ်

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်ရမည့် ၂၀၁၄ ခုနှစ်တွင်အာဆီယံထိပ်သီးအစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးပေါင်း ၁,၀၀၀ ကျော်ကို လက်ခံကျင်းပပေးရမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးတင်နိုင်သိန်းကပြောကြားသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပချိန်တွင် အာဆီယံ၁၀ နိုင်ငံသာမက အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အစည်းအဝေးများ၊ အရှေ့အာရှနိုင်ငံခေါင်းဆောင်များနှင့် အစည်းအဝေးများ၊ တစ်ဆက်တည်းကျင်းပရန်ရှိသည့် အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် EU,WTO,ADB အကြီးအကဲများပါ တက်ရောက်မည်ဖြစ်ကြောင်း မတ်လ ၅ ရက်တွင်ပြုလုပ်သောပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။ ထိုကဲ့သို့သော အစည်းအဝေးများအပြင် လာမည့် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်ပါ ရည်ရွယ်၍ မော်တော်ယာဉ် ၁၇၂ စီး ဝယ်ယူရန် လျာထားရခြင်းဖြစ်ကြောင်း ဦးတင်နိုင်သိန်းကရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် “ဖေဖော်ဝါရီ ၂၅ ၊ ၂၆ ရက် ASEAN LEM Retreat အစည်းအဝေး နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။ လောလောဆယ်တွင်လည်း ပြည်ထောင်စုအဆင့် ဝန်ကြီးများအဖွဲ့အစည်းများအတွက် သတ်မှတ်ယာဉ်များ လုံလောက်မှုမရှိသည့် အတွက် အခြားယာဉ်အမျိုးအစားများ ထုတ်ပေးထားရကြောင်း ယင်း၏ ဆွေးနွေးပြောကြားချက်များအရ သိရှိရပါသည်။
 
Myanmar Express

လေအား လျှပ်စစ် စီမံကိန်းကို ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်

From : MRTV-4

ပြည်တွင်းမှ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ GUNKUL Engeineering နဲ့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနတို့က ပူးပေါင်းပြီး လေအား လျှပ်စစ်ကို

ထုတ်လုပ် ဖြန့်ဝေသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေအား လျှပ်စစ်ကို စတင် ပြုလုပ်ပေး သွားမယ့် နေရာတွေ ကတော့ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ ဖြစ်ပါတယ်။ အခုလို လေအား လျှပ်စစ် ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးနဲ့ အခုလို မေးမြန်း ခဲ့ဖြစ် ခဲ့ပါတယ်။

လေအားနဲ့ လျှပ်စစ် စွမ်းအား ထုတ်လွှတ်မူဟာ လေများရင် လျှပ်စစ် ဓာတ်အားရဲ့ ထွက်တဲ့နှုန်း များမှာဖြစ်ပြီး လေနည်း ရင်တော့ လျှပ်စစ်ရဲ့နှုန်း ထားရရှိမှု နည်းပါးမှာ ဖြစ်တဲ့ အတွက် လေများများ တိုက်တဲ့ နေရာတွေကို ရှာဖွေကာ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုကို နှစ်နှစ် အတွင်း ပြုလုပ်မှာ ဖြစ်ပြီး လတ်တလော မှာတော့ ၁၀၀၀ မီဂါဝပ် စတင် ထုတ်လုပ် နိုင်အောင် လုပ်ဆောင် နေပြီး စီမံကိန်း အောင်မြင် ရင်တော့ လာမယ့် ၂၀၁၈ ခုနှစ်မှာ အပြီးသတ် လုပ်ဆောင်ဖို့အတွက် လျာထား တယ်လို့ သတင်း ရရှိပါတယ်။


Myanmar Express

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ၀န်ထမ်းများ ရံ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးသည် မတ်လ (၁၄) ရက် မွန်းလွဲ(၂) နာရီ(၁၅) မိနစ် အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ရုံး၌ ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ၀န်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်း အမှာ စကား ပြော ကြားပြီး၊ သင်တန်း ထူးချွန်ဆု ရရှိသူ များအား ဂုဏ်ပြုဆု များချီးမြှင့် ပေးအပ်သည်။

ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲ အခမ်းအနားတွင် အထွေထွေ အတွင်းရေးမှူးမှ အမှာစကား ပြောကြားစဉ်

သင်တန်း ထူးချွန်ဆု ရရှိသူများကို ဆုချီးမြှင့်စဉ်

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဌာနချုပ်မှူး ဦးအောင်နိုင်ထွန်းနှင့် ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်သူ (၄၁)ဦး တက်ရောက်၍ သင်တန်း ကာလမှာ (၁)လကြာမြင့် ခဲ့ကြောင်း သတင်း ရရှိသည်။

Myanmar Express

ဓမ္မကထိကများ နယ်လှည့်တရားဟောရာတွင် လိုက်နာရန် စည်းကမ်းချက်များထုတ်ပြန်

From :ခေတ်လူငယ်

နယ်လှည့်တရားဟောကြားသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအနေဖြင့် ဓမ္မာစရိယ အောင်မြင်ထားရန်နှင့် ထေရဝါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့်တို့နှင့် စပ်လျဉ်းသည့် လောကီလူမှုရေးကိစ္စများကို ထည့်သွင်းဟောကြားမှု မပြုရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ စည်းကမ်းချက်များ ထုတ်ပြန် ထားကြောင်း သတင်းရရှိသည်။ ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမ အစည်းအဝေး ဆုံးဖြတ်ချက်အရ အချက်ကိုးချက်ပါ နယ်လှည့် ဓမ္မကထိက ဂုဏ်အင်္ဂါအရည်အချင်းများကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ မထိပါး မပုတ်ခတ်ဘဲ ဟောကြားခြင်း၊ သင်္ဂါယနာ ခြောက်တန်တင် ထေရဝါဒပိဋကတ်တော်လာ တရားတော်များကိုသာ ဟောကြားခြင်း၊ အနည်းဆုံး သိက္ခဝါ ၁၀ ဝါရှိ၍ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည့် သီလဝန္တပုဂ္ဂိုလ်ဖြစ်ခြင်းစသည့် ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ကိုက်ညီရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ မဟောရဘူးလို့ ပြောထားတယ်။ ဓမ္မာစရိယ အောင်ထားရမယ်” ဟု ဓမ္မာစရိယအောင်မြင်ထားသော ရဟန်ပျိုတစ်ပါးက မိန့်ကြားသည်။ တရားဟော ဓမ္မကထိကပုဂ္ဂိုလ်သည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆက်စပ်ကြည့်ရှုနိုင်မှသာလျှင် သင်္ဂါယနာခြောက်တန်တင် ပိဋကတ်တော်နှင့် လျော်ညီစွာ တရားဟောနိုင်မည်ဖြစ်၍ အရည်အချင်းကို (ဓမ္မာစရိယ)တန်း အောင်ဖြစ်သင့်သည်ဟု ထည့်သွင်းဖော်ပြရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများ ကိုမကြည့်ရှုနိုင်သူများမှာမူ ထေရဝါဒပိဋကတ်တော်နှင့် မညီညွတ်ဆန့်ကျင်သည့် အချက်များကို ဟောကြားမိပါက တရားနာပရိသတ်များအမြင်မှား၊ အယူမှား ဖြစ်သွားနိုင်သောကြောင့် ပရိယတ္တိစာပေ မကျွမ်းကျင်သူများကို တရားဟောခွင့် တားမြစ်ပိတ်ပင်ရခြင်းဖြစ်ကြောင်း နယ်လှည့်ဓမ္မကထိက ဂုဏ်အရည်အချင်း သတ်မှတ်ချက်တွင် ဖော်ပြထားသည်။ မြို့နယ် သံဃနာယက အဖွဲ့များအနေဖြင့် တရားပွဲများခွင့်ပြုရာတွင် စီစစ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ညွှန်ကြားချက်များ ပေးပို့အကြောင်းကြားထားကြောင်းသိရှိရသည်။

Myanmar Express

ရေပိုင်နက်ပြဿနာနှင့် ပတ်သက်ပြီး NLD သို့ အိပ်ဖွင့်ပေးစာ

From : ဆုပန်ကလျာ

ယခုအပတ်အတွင်း သတင်းထူးတစ်ပုဒ်ပါလာပါသည်.......။
မြန်မာ-ဘင်္ဂလားရေပိုင်နက် ကိစ္စဖြစ်ပါသည်။
အဖွဲ့ဝင် (၂၃)ဦးပါသော နိုင်ငံတကာခုံရုံးမှ
စိန့်မာတင်ကျွန်းနှင့် ကျွန်းတ၀ိုက်ရေမိုင်(၂၀၀)အား ဘင်္ဂလားသို့ လွှဲပြောင်းပေးကြောင်းသတင်းဖြစ်ပါသည်။
ဘင်္ဂလားမှ ဂက်စ်များ တူးဖော်ရရှိပြီ ဖြစ်ကြောင်းလည်း ကြေငြာလိုက်သည်ဟု သိရှိရပါသည်။
မြန်မာနိုင်ငံမှ ဂက်စ်စတင်တူးဖော်သော (၂၀၀၈)ခုနှစ်တွင် ဘင်္ဂလားက စတင်ကန့်ကွက်သည်။
စစ်ရေးအရ ပြင်ဆင်မှုများပင် ဖြစ်ခဲ့သည်။

ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံး ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး
(International Tribunal for the Law of the Sea) က မတ်လ (၁၄ )ရက်နေ့တွင်
သတ်မှတ်ပေးလိုက်သည်........တဲ့။

အစိုးရမှ မည်သို့ ဖြေရှင်းသည်လည်း ကျွန်တော် မသိပါ.......
ထို့အတူ အထူးခုံရုံးကလည်း မည်သည့်အထောက်အထားနှင့် ဆုံးဖြတ်သည်လည်း ကျွန်တော်တို့ မသိရပါ။
ကျွန်တော်တို့ သိသည်မှာ ကျွန်တော်တို့ နိုင်ငံပိုင် ကျွန်းနှင့် ရေပိုင်နက်အား ဆုံးရှုံးလိုက်ခြင်းပင် ဖြစ်ပါသည်။
ထိုပိုင်နက်ထဲတွင် ဂက်စ်သိုက်ကြီးလည်း ပါဝင်သွားပြီ ဖြစ်ပါသည်။
ထိုဂက်စ်သိုက်ကြီးမှ ရရှိသော ၀င်ငွေဖြင့် တစ်နိုင်ငံလုံး၏ ပြည်သူများအတွက် ကဏ္ဍတစ်ခုကို သီးသန့် တာဝန်
ယူနိုင်သော ၀င်ငွေကို ရရှိမည်ဖြစ်ပါသည်။ (ဥပမာ.... အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ ပညာ
သင်ကြားရေး တို့အတွက် ဖြစ်ပါသည်။ အခုတော့.........

အားကိုးစရာလဲ မရှိတော့ပြီ........ ပြည်တွင်းမှ တရားဝင် ထုတ်ဝေနေသော ဂျာနယ်များနှင့် စာစောင်များတွင်
ယခု သတင်းအား ဖော်ပြလာခြင်း မရှိပါ။ ပြည်သူများ သိလဲ မသိရပါ.......

ယခုအချိန်တွင် ကျွန်တော်၏ သဘောဆန္ဒသက်သက်ဖြင့် တင်ပြရပါလျှင် ဤကိစ္စအတွက် မည်သူတွေဆောင်ရွက်
ပါမည်နည်း။ မိမိနိုင်ငံပိုင်နက်ကို မည်သူ ကာကွယ်ပါမည်နည်း။

NLD မှ တာဝန်ယူဆောင်ရွက်မည်လား၊ သို့တည်းမဟုတ် ကျော်ကြားသော နိုင်ငံရေးသမား၊ အကြံပေး
ပုဂ္ဂိုလ်၊ (၈၈)မျိုးဆက်၊ (၇၅)မျိုးဆက်၊ ဟိုပညာရှင်၊ ဒီပညာရှင်၊ လုပ်ငန်းရှင်၊ ဘာအဖွဲ့၊ ညာအဖွဲ့ စသည်ဖြင့် တစ်ဖွဲ့မှ
အသံထွက်မလာပါ.......

အသံထွက်ရန် နေနေသာသာ သတင်းကိုပင် ပြည်သူများ တိတိကျကျ မသိရပါ.... စိတ်ပျက်ဖွယ်ရာကောင်းလှ
ပါသည်။

လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ဧ၀ရက်တောင်ထိပ် အမှတ်တံဆိပ်စိုက်ရန်နှင့် လုံထိန်းဖြုတ်ရန်သာ
စဉ်းစားတင်ပြနေကြသဖြင့် ပယ်ပါသည်။

(၈၈)မျိုးဆက်....... အထင်ကြီးလောက်စရာ ဆောင်ရွက်နိုင်မှု မရှိသဖြင့် ပယ်ပါသည်။

ကျော်ကြားသော နိုင်ငံရေးသမား၊ အကြံပေးပုဂ္ဂိုလ်၊ (၈၈)မျိုးဆက်၊ (၇၅)မျိုးဆက်၊ ဟိုပညာရှင်၊ ဒီပညာရှင်၊
လုပ်ငန်းရှင်၊ ဘာအဖွဲ့၊ ညာအဖွဲ့ စသည်ဖြင့် တောင်စဉ်ရေမရများကိုလည်း ပယ်ပါသည်။

ဤသို့ဆိုလျှင် နှစ်ပေါင်း(၂၃)နှစ်ခန့် အစိုးရကို အံတုလာသော၊ ပြည်သူလူထုက အားကိုးယုံကြည်နေသော
မျှော်လင့်နေသော NLD ကိုတော့ဖြင့် စဉ်းစားမိပါသည်။

NLD ဘာလုပ်မည်နည်း။

NLD သည် (၂၃)နှစ်ခန့် Euro နှင့် USA ကို ကျောထောက်နောက်ခံ ပြုထားသဖြင့် လက်ရှိ ဘာမှန်းမသိ
ဖွဲ့စည်းထားသော ခုံရုံး အဖွဲ့ဝင်(၂၃)တွင် (၂၀)ဦးပါဝင်သော ယူရိုအဖွဲ့အား အာခံရဲပါမည်လား......

စဉ်းစားစရာဖြစ်လာပါသည်။

ဤကာလသည် ကြားဖြတ်ရွေးကောက်ပွဲကာလ ဖြစ်ပါသည်။

ဤကာလအတွင်း NLD သည် မိမိ၏ တိုင်းပြည်အပေါ်တွင် ထားရှိသော စေတနာကို ပြသင့်ပါလျှက်
မည်သည့်အတွက်ကြောင့် ရေငုံနှုတ်ပိတ်နေပါသနည်း။


NLD ရေငုံထားလို့ နှုတ်ပိတ်နေသည်


ယခု ဆုံးရှုံးလိုက်ရသော ပိုင်နက်သည် ရေပြင် သယံဇာတကြွယ်ဝသော နေရာဖြစ်သည့်အပြင်
ဘိုးဘွားစဉ်ဆက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဟု ပေါ်ပေါက်မလာခင်ကပင် မြန်မာတို့ ပိုင်ဆိုင်ခဲ့သော
ပိုင်နက်ဖြစ်ခဲ့ပါသည်။

အထောက်အထားမဲ့ ယုတ္တိမဲ့စွာ ငြင်းယူသော နိုင်ငံဘက်မှ မိမိနိုင်ငံအပေါ် အမြင်မကြည်သော မဆီမဆိုင်
ဥရောပ ခုံရုံးက ၀င်ရောက်ဆုံးဖြတ်သွားသော ကိစ္စ ဖြစ်ပါသည်။

ဘာလုပ်ကြမည်နည်း........ ကျွန်တော်လဲ မသိပါ။ ကျွန်တော် သိသည်မှာ ခံပြင်းပါသည်။ ယူကျုံးမရ
ဖြစ်ပါသည်။ နိုင်ငံတော်ကို ကာကွယ်ရင်း သေဆုံးသွားသူများ၊ သွေးများ၊ ခြေလက်အင်္ဂါ အစိတ်အပိုင်း
များကို မြင်ယောင်လာမိပါသည်။ ဘိုးဘွားများကို အားနာမိပါသည်။

သို့သော်....... ကိုယ်တိုင်လဲ မစွမ်းသာပါ..... စွမ်းဆောင်နိုင်သူများကိုတော့ဖြင့် တောင်းပန်ချင်ပါသည်။
ကျွန်တော်တို့ မြေကို ပြန်ယူပေးကြပါ........ဟု။

NLD ကို တောင်းပန်ပါသည်။ NLD ကို အကူအညီတောင်းပါသည်။
တိုင်းပြည်ကို တကယ်ချစ်လျှင်....... ကျွန်တော်တို့မြေကို ပြန်ယူပေးပါ............ခင်ဗျား

Myanmar Express

နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း

From :ခေတ်လူငယ်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်၊ (၂၀၁၂ ခုနှစ်) မတ်လ ၁၄ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများ….အား စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် (ကျပ်သုံးသောင်းတိတိ) ခံစားခွင့်ပြုရန်ကို လည်းကောင်း၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သများများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိ သက်မှတ်ထားသော လုပ်ခ (ကျပ်တစ်ထောင့်တစ်ရာတိတိ) အပေါ်တွင် ထောက်ပံကြေး (ကျပ်တစ်ထောင်တိတိ) ကို ထပ်မံခံစားခွင့် ပြုမည်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ (ကျပ်နှစ်ထောင့်တစ်ရာတိတိ) ခံစားခွင့်ပြုရန်ကို လည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစ၍ ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။


  Myanmar Express 

အမှိုက်စို များမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ် သွားရန်ရှိ

From : MRTV-4

ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နမိတ် အတွင်းမှာ ဧပြီလ ၁ ရက်နေ့မှစပြီး အမှိုက်စို၊ အမှိုက်ခြောက် များကို ခွဲခြား စွန့်ပစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်ဖို့ အတွက် လုပ်ဆောင် ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခုလို တာဝန်ရှိသူကို မေးမြန်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အမှိုက်ခြောက် မှလည်း ပလက်စတစ် ပြန်ကောက်ပြီး ပလက်စတစ် အိတ်ပြန်လည် ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်ဖို့ အတွက် မတ်လ ၁ ရက်နေ့ မှစပြီး အသိပေး နှိုးဆော်ချက်များ ပေးဝေနေပြီ ဖြစ်တယ်လို့ သိရပါတယ်။


Myanmar Express

စင်္ကာပူကုမ္ပဏီတခုက ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရန်ကမ်းလှမ်းထား

From : Hot News

ဒေါပုံမြစ်ဝတွင် နစ်မြုပ် လျက်ရှိသော ဓမ္မစေတီခေါင်း လောင်းကြီးကို ပြန်လည်ဆယ်ယူ နိုင်ရန် စင်္ကာပူကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ ကမ်းလှမ်းထား ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာ နမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။ အဆိုပါ စင်္ကာပူနိုင်ငံမှ ကုမ္ပဏီ၏အမည်မှာ SD Mark International LLP ကုမ္ပဏီဖြစ် သည်။ ၄င်းကုမ္ပဏီက ဓမ္မစေတီ ခေါင်းလောင်းကြီးကို အမေရိကန် ဒေါ်လာ (၁၀)သန်းခန့်ကုန်ကျခံ ကာ သင်္ဘောများဖြင့် ငှားရမ်းရှာ ဖွေ၇န် ကမ်းလှမ်းထားခြင်းဖြစ် သည်။ ““ဓမ္မစေတီ ခေါင်းလောင်း ကြီးကို ဆယ်ယူဖို့အတွက် ကမ်း လှမ်းခဲ့တဲ့ အထဲမှာ စင်္ကာပူကုမ္ပ ဏီက အမေရိကန်ဒေါ်လာ(၁၀) သန်းခန့် ကုန်ကျခံပြီး ရှာငွေဖို့ ကမ်းလှမ်းထားပါတယ်၊ ဒီလိုရှာ ဖွေတဲ့နေရာမှာ နည်းပညာ၊အ တတ်ပညာ၊ ပညာရှင်အား၊ လို အပ်တဲ့ပစ္စည်းကိရိယာတွေစုံလင်မှ သာ ဆောင်ရွက်နိုင်မှာဖြစ်တာ ကြောင့် ကမ်းလှမ်းထားတဲ့ ကုမ္ပ ဏီတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်””ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ ဓမ္မစေတီစေတီခေါင်းလောင်း ကြီးကို ဆယ်ယူရန်အတွက်သြ စတေးလျနိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ၂၀၁၀ခုနှစ်တွင် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

(ဓမ္မစေတီခေါင်းလောင်းကြီး သည် ဒေါ်အောင်ဆန်းစုကြည်၏ ယောင်္ကျား မိုက်ကယ်အဲ့ရစ် တို့ နယ်ချဲ့ အင်္ဂလိပ်လူမျိုးများက ဘုရားဆင်းတုများနှင့် ခေါင်းလောင်းများကို အမြှောက် လုပ်ဖို့ ယူဆောင်သွားခဲ့စဉ်က သင်္ဘောမှောက်က ရေထဲတွင် နစ်မြုတ်ကျန်ခဲ့တဲ့ ခေါင်းလောင်းများထဲမှ တစ်ခု ဖြစ်သည်။)

Myanmar Express

လက်တွန်း အမှိုက်လှည်း များနှင့် အမှိုက်သိမ်း ကားများ အသစ် တိုးချဲ့ထား

From : MRTV-4

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် များက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန တွေမှာ လက်တွန်း အမှိုက်လှည်း များနဲ့ အမှိုက်သိမ်း ကားများကို

တိုးချဲ့ ထားတယ်လို့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ယခင်က လက်တွန်း အမှိုက်လှည်း စုစုပေါင်း ၃၀၀၀ ကျော်ရှိရာ အခု လက်တွန်း အမှိုက်လှည်း ၅၄၉ စီး တိုးချဲ့ထားရှိပြီး အမှိုက်သိမ်း ကားအသစ် ၂၅ စီး တိုးချဲ့ ထားရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို တိုးချဲ့ထားတဲ့ လက်တွန်း အမှိုက်လှည်းနဲ့ အမှိုက်သိမ်း ကားတွေကို မြို့နယ် အတွင်းရှိ လမ်းအနည်းအများ ပေါ်မူတည်ပြီး ထားရှိတာ ဖြစ်တယ်လို့ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် မြို့နယ်တွေ အတွင်းမှာ ထားရှိတဲ့ အမှိုက်တွန်းလှည်း တွေဟာ ယိုယွင်း ပျက်စီးနေတာကြောင့် အခုလို လှည်းအသစ်များ ယခင်ကထက် ပိုပြီး တိုးချဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ အမှိုက်သိမ်းကား အရေအတွက် ဟာလည်း ယခင်က ၂၆၇ စီးသာရှိရာက အခုအခါ အစီးရေ ၃၀၀ နီးပါး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်း မှာလည်း လက်တွန်း အမှိုက်လှည်းနဲ့ အမှိုက်သိမ်း ကားတွေကို ဆက်လက်ပြီး တိုးချဲ့သွားဖို့ ရှိတယ်လို့ သတင်း ရရှိပါတယ်။


Myanmar Express

ဘင်္ဂလားဒေ့ရှ် - မြန်မာ ရေပိုက်နက် အငြင်းပွားမှု မြန်မာရှုံးနိမ့်


ဘင်္ဂလားဒေ့ရှ် - မြန်မာ ရေပိုက်နက် အငြင်းပွားမှုပြဿနာမှာ မြန်မာဖက်က ရှုံးနိမ့် ခဲ့ရကြောင်း သတင်းရရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံထက် လူဦးရေ သုံးဆ လောက် ပိုများပြီး ရေပိုင်နက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဖက်က နယ်နိမိတ်ကို လူဦးရေနဲ့ အချိုးချ ယူဖို့ အပြင် မြန်မာနိုင်ငံ ရခိုင်ကမ်းမြှောင်ဒေသ ရဲ့ ရေပိုင်နက် အတော်များများကို ပိုင်ဆိုင်ဖို့ တောင်းယူနေသည်မှာ ကြာပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်များ၊ တပ်မတော်ရေ မှ ကိုယ်စားလှယ်များတို့မှ အထူး အာရုံစိုက် ကြိုးစားနေခဲ့ပေမယ့် ဒီကနေ့ မတ် လ ၁၄ ရက်နေ့ ဆုံးဖြတ်ချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်ဖက်ကို အနိုင်ပေးလိုက်ကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တောင်းဆို ထားတဲ့ ရေပိုင်နက်အကျယ် ၁၀၇ ၀၀၀ စတုရန်းကီလိုမီတာ ဖြစ်ပေမယ့် ဒီကနေ့ ဆုံးဖြတ်ချက်အရ ၁၁၁ ၀၀၀ စတုရန်းကီလိုမီတာ ထိ ရရှိသွားခဲ့ပါတယ်။ အဓိက အငြင်းပွားနေတဲ့ စိန့်မာတင် ကျွန်းပတ်လည် ရေမိုင် ၂၀၀ ပတ်ပတ်လည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အချာအာဏာ ပိုင်အဖြစ် ဒီကနေ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာဒီပုမိုနီ ရဲ့ စကားကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာတစ်ခုက ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အနိုင်ရရှိခဲ့တဲ့ နေရာတွေမှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံ တွေ တူးဖော်နိုင်ပြီ လို့ ပြောကြားခဲ့ပြီး ယခင်က မြန်မာတို့ ပိုင်ဆိုင်ခဲ့တဲ့ ဘင်္ဂလားပင် လယ်အော်တွင်းက ကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက်များ အားလုံးကို ဘင်္ဂလားဒေ့ရှ်က ရရှိသွားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဆုံးဖြတ်သူများကတော့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) အဖွဲ့က ဆုံးဖြတ်တာဖြစ်ပြီး ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက မှာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေပိုင်နက် အငြင်းပွားမှုဆိုင်ရာခုံရုံး၊ ခုံသမာဓိအဖွဲ့မှ မြန်မာ့ရေပိုင်နက် ပြဿနာနဲ့ ပတ်သက်ပြီး ထောက်ခံမဲ၂၀ မဲ- ကန့်ကွက်မဲ ၁မဲ ဖြင့် ဘင်္ဂလား ဒေ့ရှ် ဖက်ကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ခုံရုံး ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး အမေရိန်ကန်အပါအဝင် ဥရောပ သမဂ္ဂတို့ရဲ့ သြဇာခံမဟုတ်တဲ့ နိုင်ငံများအပေါ်မှာ တဖက်သတ် ဆုံးဖြတ်မှုတွေ လုပ်နေတယ်လို့ ရုရှားနဲ့ တရုတ်တို့ရဲ့ ဝေဖန်မှုတွေ ခံနေရတဲ့ အဖွဲ့ဖြစ်ပါတယ်။ တရားသူကြီး ၂၃ ဦးတွင် ၂၀ ဦးမှာ အမေရိကန် နှင့် ဥရောပ နိုင်ငံများက ဖြစ်ပြီး အခြားသူများကိုလည်း ၎င်း တို့စိတ်ကြိတ် ရွေးချယ် ခန့်ထားသူများ ဖြစ်ပါတယ်။
ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ်မှာ မတရား ဆုံးဖြတ်ချက်တွေ ချတိုင်းမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာ သုံးပြီး မြန်မာဖက်က ကာကွယ်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဘာမှမတက်နိုင်ခဲ့ရပါဘူး။

၂၀၀၈ ခုနှစ် က စပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ကြားမှာ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ခဲ့ပြီး မြန်မာအစိုးရ နဲ့ မြန်မာ့တပ်မတော် ရေတို့မှ အသည်းအသန် ကြိုးစားကာ ရေပိုင်နက် ပိုင်ဆိုင်ရေးအတွက် လုံးပန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရ အတိုက်အခံ မီဒီယာများနဲ့ အတိုက်အခံ အဖွဲ့အစည်းများက ဒီကိစ္စကို လုံးဝ မသိကျိုးကျွန်ပြုကာ ဖာသိဖာသာ ပဲနေခဲ့ကြပါတယ်။

နိုဘယ်ဆုကြီး ပိုင်ရှင်ဖြစ်သော၊ အမေရိကန်နှင့် ဥရောပ ကို ပိုင်အောင်ပေါင်းနိုင်သော ဒေါ်အောင်ဆန်းစုကြည် ကလည်း ယင်း ကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်ထိ တစုံတရာ ဝင်မပြောခဲ့ဖူးပါဘူး။ လွှတ်တော်အမတ်ဖြစ်ဖို့ နဲ့ ပါတီ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် သာ စဉ်းစားနေပြီး ရေပိုင်နက်ကြီး တစ်ခုလုံးပေးလိုက်ရတာကို လစ်လျှူရှုနေတာကို အံ့သြစွာတွေ့ရပါတယ်။ လွတ်တာနဲ့ ပြောပြီ ဆိုတဲ့ ဇာဂနာ ကလည်း ရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တခွန်းမှ မပြောခဲ့ပါဘူး။

အစိုးရရဲ့ ဧရာဝတီ မြစ်ဆုံ ဆည် စီမံကိန်းကို ကန့်ကွက်တုန်းကတော့ ပြည်ပမီဒီယာတွေရော၊ ပြည်တွင်း သတင်းဂျာနယ်တွေ အားလုံးက အမျိုးသား ရေးဆိုပြီး ခေါင်းစဉ်တပ်ကာ ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ၊ ကြညာချက် ထုတ်ပြန်တာတွေ ကို ဒေါ်အောင်ဆန်းစုကြည်က စပြီး လုပ်ခဲ့ပေမယ့် နောင် ဘယ်တော့မှ ပြန်မရတော့တဲ့ ရေပိုင်နက် တစ်ခုလုံး ပေးလိုက်ရတာကိုတော့ ဘယ်မီဒီယာကမှ မဆန့်ကျင် မကန့်ကွက်ခဲ့သလို၊ ဘယ်အဖွဲ့အစည်းကမှလည်း ဆန္ဒမပြ၊ အကျီမှာ စာမရေး၊ ဘုရားမှာ တန်းစီ ဆုတောင်းတာ တွေ မလုပ်ခဲ့ကြပါဘူး။

Myanmar Express

အာဖဂန် အရပ်သားများကို ပစ်ခတ်သူမှာ ဦးနှောက် ထိခိုက်သူဖြစ်


From : MRTV-4

လွန်ခဲ့သည့် ရက်က အာဖဂန်ရှိ အမေရိကန် စစ်အခြေစိုက် စခန်း အနီးတွင် နေထိုင်သော နေအိမ်များကို ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ

အမေရိကန် စစ်သည်မှာ ၎င်း၏ ဘဝအတွင်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရရှိခဲ့သူ တစ်ဦး ဖြစ်ကြောင်းကို တာဝန် ရှိသူများမှ ပြောကြားလိုက်ပြီ ဖြစ်သည်ဟု ABC သတင်းတွင် ဖော်ပြခဲ့သည်။ ယင်းစစ်သည်မှာ လွန်ခဲ့သည့် ဒီဇင်ဘာလကမှ စိတ်ပိုင်းဆိုင်ရာ အရ ပြန်လည် ကျန်းမာလာခဲ့ပြီးနောက် အာဖဂန်တွင် တာဝန် ထမ်းဆောင်စေရန် အမိန့် ပေးခံခဲ့ရသူလည်း ဖြစ်သည်။

သို့ရာတွင် ယခုလို ဖြစ်ရပ်အတွက် ၎င်း၏ အမည်အား တရားဝင် ထုတ်ပြန်သေးခြင်း မရှိပေ။ တနင်္လာနေ့က သတင်းများတွင် ဖော်ပြခဲ့ရာ၌ အဆိုပါ စစ်သည်မှာ အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်ပြီး နိုင်ငံရပ်ခြားတွင် လေးကြိမ်တိုင် စစ်ဆင်ရေး အမှုထမ်းခဲ့ပြီး ဖြစ်ကြောင်း ပထမ သုံးကြိမ်မှာ အီရတ်တွင် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ တာဝန်ရှိသူ တစ်ဦး၏ အပြောအရ ယင်းစစ်သည်မှာ စိတ်ပိုင်းဆိုင်ရာ အပျော့စား ဒဏ်ရာနှင့် မတော်တဆမှု တစ်ခုတွင် ဦးနှောက် ထိခိုက်မှု အသေးစား တစ်ခု ဖြစ်ခဲ့ဖူးကြောင်း ၊ အလားတူပင် ၂၀၀၈ ခုနှစ်ကလည်း လက်ဖြောင့် သေနတ်သမား တစ်ဦးအဖြစ် ဖြစ်စေရန် လေ့ကျင့်ရာတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုကို ခံယူခဲ့ရကြောင်းလည်း ပြောခဲ့သည်။

source : ABC news


Myanmar Express

Yahoo မှ Facebook ကို တရားစွဲ

From : MRTV-4

အမေရိကန် ပြည်ထောင်စုမှ အင်တာနက် လုပ်ငန်းကြီး ဖြစ်သည့် Yahoo ကုမ္ပဏီမှာ ကမ္ဘာ့ အကြီးဆုံး လူမှုရေး ကွန်ရက် ဝက်ဆိုက်ဖြစ်သော Facebook ကို တရားစွဲဆိုလိုက်ပြီ ဖြစ်ကာ Facebook တို့အနေဖြင့် Yahoo တို့၏ မူပိုင်ခွင့် ၁၀ ခုကို ဖောက်ဖျက်ထားကြောင်း ပြောကြားလိုက်ပြီ ဖြစ်သည်။ ယခုလို ဖောက်ဖျက်သည့် အချက်များထဲတွင် ကြော်ငြာများ ၊ ပုဂ္ဂလိက လွတ်လပ်မှုနှင့် ဆိုင်သည့် အချက်များ ၊ စာတိုပို့ စနစ်များ နှင့် ကိုယ်တိုင် ပြုပြင်နိုင်သည့် အချက်များလည်း ပါဝင်ကြောင်း သိရသည်။

Yahoo တို့ အနေဖြင့် Zukerberg တည်ထောင်ခဲ့သည့် Facebook တို့ မှ ချိုးဖာက်ခဲ့သမျှ အတွက် လျော်ကြေး ပေးစေလိုကြောင်း သိရသည်။ ယခုလို စွပ်စွဲချက်များနှင့် ပတ်သက်ပြီး Facebook တို့ဖက်မှလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ Facebook ကုမ္ပဏီမှာ လွန်ခဲ့သည့် လက ကုမ္ပဏီ ပိုင်ဆိုင်မှုများထဲမှ ဒေါ်လာ ၅ ဘီလီယံတန် ရှယ်ယာများကို ပြုလုပ်ပြီး ရောင်းချခဲ့ကြောင်းလည်း သိရသည်။

source : CNN



Myanmar Express

ဘက်လိုက်မှုကြောင့် Al-Jazeera သတင်းမှ အလုပ်သမားများ နုတ်ထွက်

From : MRTV-4

တူနီးရှား ၊ အီဂျစ် နှင့် လစ်ဗျား နိုင်ငံများမှ တော်လှန်ရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်း ဖော်ပြရာတွင် နာမည် ရနေသည့် Al-Jazeera သတင်း ဌာနမှာ

ဘာရိန်း နိုင်ငံ မြို့တော် Manama တွင် ဖြစ်ပွားနေသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကို အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်၍မူ နှုတ်ပိတ်နေသည့် အတွက် ဌာနအတွင်း သဘော မတူသည့် အလုပ်သမားများမှာ အလုပ်မှ နုတ်ထွက် သွားကြကြောင်း presstv သတင်းတွင် ဖော်ပြခဲ့သည်။

ယခုလို လုပ်ဆောင်ချက်နှင့် အတူ Al-Jazeera မှာ ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများတွင်လည်း အတိုက်အခံများ၏ လှုပ်ရှားမှုများကို ဖော်ထုတ်ခဲ့ပြီး နိုင်ငံ၏ ဖြစ်ရပ်မှန်ကို ဖုံးကွယ်ခဲ့သည့် အတွက် စွပ်စွဲမှု ခံနေရသည့် သတင်း ဌာန တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဆီးရီးယားနှင့် လစ်ဗျား နိုင်ငံများတွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များတွင် အပိုဆာဒါးများကို သုံးစွဲပြီး ဖော်ပြခဲ့ကြောင်း စွပ်စွဲခံနေရကြောင်းလည်း presstv သတင်းတွင် ဖော်ပြသည်။ အလားတူပင် ကာတာ နိုင်ငံမှ စော်ဘွား တစ်ဦးမှ aljazeear သတင်း ထုတ်လွှင့်မှု သဘော သဘာဝကို ထိန်းချုပ်ထားကြောင်းလည်း လူအများမှ ယုံကြည်ခဲ့ကြသည်။ တစ်ကမ္ဘာလုံးရှိ အသံလွှင့် ဗြူရိုများမှ အလုပ်သမား အမြောက်အများမှာ ဆီးရီးယား အစိုးရနှင့် ဘာရိန်း နိုင်ငံမှ ဖြစ်ရပ်များ အပေါ် ရပ်တည်ချက် အတွက် မကျေနပ်သဖြင့် အလုပ်မှ နုတ်ထွက်ခဲ့ကြခြင်းလည်း ဖြစ်သည်။

source : presstv.ir




Myanmar Express

သတင်းလိမ်မှုကြောင့် The Voice ဂျာနယ် အရေးယူခံရ


သတင်းလိမ်မှုများကြောင့် အစိုးရ ဆန့်ကျင်ရေး မီဒီယာ တစ်ခုဖြစ်တဲ့ ဘီဘီစီ ကို လူအများ ဆန္ဒပြအပြီး၊ ငွေကျပ် သိန်း သုံးထောင် ကျော် အလွဲသုံးစား လုပ်မှု ကြောင့် DVB နဲ့ Burma VJ တို့ကို ပြည်သူအများ ရှုံ့ချခဲ့အပြီး မှာ အခု တခါမှာတော့ သတင်းလိမ်မှုကြောင့် ပြည်တွင်း ဂျာနယ် တစ်ခု ဖြစ်တဲ့ The Voice ဂျာနယ်လည်း အရေးယူခံရတော့မယ်လို့ သတင်းရရှိပါတယ်။

မတ် ၁၂-၁၈ ရက်စွဲ နဲ့ထုတ်ဝေ ရောင်းစားခဲ့တဲ့ The Voice ဂျာနယ် အတွဲ(၈)၊ အမှတ်(၁၃) မှာ ""ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲ သုံးစားမှုများ စစ်ဆေးတွေ့ရှိ'' ဆိုတဲ့ ခါင်းစဉ် နဲ့ ရေးထားတဲ့ သတင်းမှာ သတ္ထုတွင်း ဝန်ကြီးဌာနနှင့် ပတ်သက်ပြီး မမှန်မကန် လိမ်လည်ဖော်ပြမှုတွေ ပါဝင်နေတယ်လို့ သိရပါတယ်။ စာနယ်ဇင်း တွေဟာ နိုင်ငံတော်ရဲ့ စတ္ထုထဏ္ဍိုင်ြဖစ်ပြီး ပြည်သူ့အကျိုး စီး ပွား အတွက် မျက်နှာ မလိုက်၊ ဘက်မလိုက်ဘဲ မှန်ကန်သည့် အကြောင်းအရာပေါ် အခြေခံပြီး တိကျမှန်ကန်တဲ့ အပြုသဘောဆောင် ရေးသားရမှာဖြစ်ပါတယ်။ ဒါမှသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်(၃)ရပ်အပါအဝင် ဌာနဆိုင်ရာ ၊ အသင်း အဖွဲ့ ၊ လူပုဂ္ဂိုလ်များ အနေနဲ့ မဒီယာရဲ့ အပြုသဘောဆောင် တဲ့ ထောက်ြပ၊ ပြုပြင၊် တည့်မတ်မှုတွေအပေါ် တန်ဖိုးထားပြီး လိုအပ်တဲ့ တည့်မတ် ပြုပြင် ထိမ်းသိမ်း
အရေးယူမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဒီနေ့လို့ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်မှာ စာနယ်ဇင်း ကျင့်ဝတ်နဲ့မညီ အပြုသဘောမဆောင၊် ဂုဏ်သိက္ခာ မရှိ တဲ့ အရေးအသားများနဲ့ ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂိုလ် တွေ အပေါ်မှာ မမှန်မကန် စွပ်စွဲရေးသား ပါက တည်ဆဲဥပဒေများနဲ့ အညီ တရားစွဲ ခံရမှာ ဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန ဟာ The Voice ဂျာနယ် မှာ ဖော်ပြသလိုမျိုး ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်းလိမ်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်းဖော်ပြမှု လုံးဝ မရှိခဲ့ကြောင်း၊ The Voice ဂျာနယ်မှာ ရေးထားတဲ့ သတ္ထုတွင်းဝန်ကြီးဌာန နဲ့ စပ်လျဉ်းတဲ့ ရေးသားချက်တွေဟာ မှန်ကန်မှု မရှိ ပဲ သတ္ထုတွင်း ဝန်ကြီးဌာန ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီး လူထု ရဲ့ ယုံကြည်အားထားမှုကို လျော့စေ တဲ့အတွက် The Voice ဂျာနယ် ထုတ်ဝေသူနဲ့ သတင်းရေးသူ တို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန မှ အရေးယူ မယ့်အကြောင်းကို ၁၄ ရက်နေ့ထုတ် မြန်မာ့ အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

The Voice ဂျာနယ်ဟာ စတင် ထုတ်ဝေ တာ တစ်နှစ်ကျော်သာ ရှိသေးပြီး သတင်းလိမ်မှု၊ သတင်းထိမ်ချန်မှု နဲ့ ဘက်လိုက်ဖော်ပြမှု တွေ ကြောင့် နာမည်ပျက် နဲ့ ကြော်ကြားနေတဲ့ ဂျာနယ် တစ်ခုဖြစ်ပါတယ်။ ထို မကောင်းတဲ့အကျင့်များ၊ မီဒီယာ ကောင်း ကျင့်ဝတ်နဲ့ မညီမှုများကြောင့် The Voice ဂျာနယ်ကို ပြည်သူအများက မကျေမနပ် ဖြစ်နေကြောင်းလည်း သိရပါတယ်။ အခြား စာနယ်ဇင်းများကလည်း The Voice ဂျာနယ် ရဲ့ လူပြိန်းကြိုက် လုပ်ရပ်တွေက စာနယ်ဇင်း လောက ကို ပြည်သူလူထုက အယုံကြည် ကင်းမဲ့လာတာကြောင့် The Voice ဂျာနယ် ကို ထိမ်းသိန်း တည့်မတ်ပေးဖို့ ကြိုးစားနေကြတယ်လို့လည်း စာနယ်ဇင်းလောက မှ သတင်းများအရ သိရပါတယ်။

Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ