Subscribe to our RSS Feed

ဇမ္ဗူသီရိလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ ဟန်းနီးမွန်းခရီးစဉ်


လင်ကြီးငုတ်တုတ်နဲ့ ဟန်းနီးမွန်းခရီးဆန်ဆန် ထွက်လာတဲ့ ဒေါ်စန္ဒာမင်းတစ်ယောက်ကတော့ ဘယ်လို မျက်နှာနဲ့များ လွှတ်တော်ကိုယ်စားလှယ်ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ အကြောင်းစုံမသိသေးတဲ့ သူများအတွက်သိအောင်တင်ပေးလိုက်ပါတယ်။


ကျွန်တော်တို့ နောင်တော်ကြီး အစ်ကိုဌေးကြွယ်နဲ့ ဒေါ်စန္ဒာမင်းတို့နှစ်ယောက် ဖေဖော်ဝါရီလ (၈)ရက် နေ့မှာ လေယာဉ်နဲ့ ပုဂံကို ဟန်းနီးမွန်းထွက်ခဲ့ကြပါတယ်။ နောက်တော့ ပုဂံဟိုတယ်မှာ Booking လုပ်ပြီး ဟိုတယ်မှာပဲနေ့လည်စာ စားခဲ့ကြပါတယ်။ တရေးတမော (တရေးကတော့ အိပ်တာ၊ တမောကတော့ မသိဘူးနော်) အိပ်ပြီးတော့ ပုဂံမြေဟန်းနီးမွန်း ခရီးစတင်ပါ တော့မယ်။ ညားခါစ လင်မယားတောင် သူတို့ လောက်ကဲမှာ မဟုတ်ဘူးလို့ထင်မိပါတယ်။ ညနေလောက်မှာ ဟိုတယ် ကို ပြန်ရောက်လာပြီးတော့ အနားယူကြပါတယ်။ အဲ့ဒီနောက်တော့ ဟိုတယ်ဝန်ထမ်းလေးကို ကြက်ဥနဲ့ နွားနို့မှာပြီး ညတော်တော် စောတဲ့အချိန်ကတည်းက အခန်းထဲဝင်သွားတာ မနက်စာစားချိန်မှပဲ ပြန်ထွက် လာပါတယ်။ ဒေါ်စန္ဒာမင်း ဟာ အပျိုလေးတစ်ယောက် မဟုတ်ပေမယ့် အခန်းထဲကထွက် လာတဲ့အခါမှာ နဂိုအနေအထား ပျက်နေတာ ကတော့ မြင်တဲ့သူတွေသိကြပါတယ်။


အဲ့ဒီနေ့လွန်ပြန်တော့လည်း နံနက်စာစားပြီးတာနဲ့ အခန်းထဲပြန်ဝင်သွားလိုက်တာ နေ့လည် ၁၂နာရီ လောက်မှ အခန်းထဲက ထွက်လာပါတော့တယ်။ အဲ့ဒါပြီးတော့တစ်နေ့လုံး တူယှဉ်တွဲပြီး ဘုရားတွေဖူးလိုက် တာဟိုတယ်ကို ညမှပဲပြန်ရောက်ပါတယ်။ ထုံးစံအတိုင်း အစ်ကိုဌေးကြွယ်က ဟော်တယ်ဝန်ထမ်းလေးကို မှာစရာတွေရှိတာမှာပြီး အခန်းတွင်းဝင်သွားလိုက်တာ မနက်လင်းတဲ့အထိ မမြင်ရပါဘူး။ နောက်တနေ့ကျ တော့လည်း ညနေမှ အခန်းထဲက ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စည်းရုံးရေးခရီးစဉ်မှာ သွေးပေါင်တွေကျနေတဲ့ကြားက မောမောပန်းပန်းစည်းရုံးနေပေမယ့် ဒေါ်စန္ဒာမင်းတစ် ယောက်ကတော့ ပုဂံမှာစံတဲ့ညများ ဇာတ်လမ်းကို အစ်ကိုဌေးကြွယ်နဲ့ မောမောပန်းပန်းရိုက်ခဲ့ပြီး သွေးပေါင်မကျပေမယ့် တခုခု ကျနေတယ်ဆိုတာတော့ ဒေါ်စန္ဒာမင်းသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒေါ်စန္ဒာမင်း အနေနဲ့ငြင်းဆိုမယ် ဆိုရင်တော့ မီဒီယာတွေရဲ့ ထုံးစံအတိုင်း video file နဲ့တကွတင် ပေးရပါ လိမ့်မယ်။

Myanmar Express

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ကျောင်းသားများ၏ လုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်သွားမည်

From :MRTV4

မတ်လ ၁၂ရက်နေ့မှစတင်ကာ ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ဖို့အတွက် လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြော ကြားချက်အရ သိရပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စာဖြေဌာန ၂၃၂ခုရှိ သက်ဆိုင်ရာ အထက်တန်း၊ အလယ်တန်း၊ မူလ တန်းကျောင်းများမှ ကြီးကြပ်ရေးမှူးတွေဟာ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးများနှင့် ပူးပေါင်းပြီးကျောင်းသား၊ ကျောင်းသူတွေရဲ့ အသွား/အပြန် လမ်းကြောင်းတွေကို ကြိုတင်ကွင်းဆင်း စစ်ဆေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စာမေးပွဲဖြေဆိုစဉ် ရက်များအတွင်း မီးဘေးအန္တရာယ်နှင့် အခြားသော လုံခြုံရေးစီမံချက်များ အတွက်ကိုလည်း သက်ဆိုင်ရာမြို့နယ် ပညာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ တိုင်းကြက်ခြေနီအဖွဲ့များ ပူးပေါင်းပြီး လုံခြုံရေးကို စောင့်ကြည့်စစ်ဆေး သွားမှာဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှုတွေအပြင် မြန်မာနိုင်ငံစာစစ်အဖွဲ့၊ ပညာရေးသုတေသန ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်တဲ့ အဖွဲ့ ၆ဖွဲ့ဟာလည်း စာဖြေဌာနတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့အတွက် စာမေးပွဲဖြေဆိုချိန် နံနက် ၉နာရီ မတိုင်ခင်မှ စတင်ကာ ဖြေဆိုပြီးချိန် နေ့လည် ၁၂နာရီကျော် အထိ ဖြေဆိုသူကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ တာဝန်ရှိသူတွေမှ စောင့်ကြည့်ကင်းများကိုပါ ချထားမှာဖြစ်ကြောင်း သိရပါတယ်။ ယခုဖြေဆိုမယ့် ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးမှ ၀င်ရောက်ဖြေဆိုသူ တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

 Myanmar Express

မာဒီစီးဘန့်ဇ် ကိုယ်ပျောက် မော်တော်ယာဉ်လာပြီ


ကားတစ်စီးလုံး ရှိမှန်း မသိရအောင် ကိုယ်ယောင် ဖျောက်နိုင်တဲ့ ကိုယ်ပျောက်ကားကို ဂျာမနီ သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ကိုယ်ပျောက်ကားဟာ

ကိုယ်ထည်ကြီး တစ်ခုလုံး ပျောက်တဲ့အထိ ကားရဲ့ တစ်ဖက်မှာ ရှိတဲ့ အရာတွေကို အတိုင်းသား တွင်းဖောက် မြင်နေရပါတယ်။ ဒီ့အတွက် သိပ္ပံ ပညာရှင်တွေဟာ LED မီးသီးတွေ တွဲဆက်ထားတဲ့ LED ပြားတွေကို Mercedes-Benz F-CELL ရဲ့ ယာဉ်မောင်း ဘက်ခြမ်းမှာ ဖုံးအုပ်ထားပြီး ကျန်တစ်ခြမ်းမှာတော့ ဒီဂျစ်တယ် SLR ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ကင်မရာက သူနဲ့ကပ်လျက် အခြမ်းက ရှုခင်း မြင်ကွင်းတွေကို ဗီဒီယို ရိုက်ယူပြီး ယာဉ်မောင်း ဘက်ခြမ်းက LED ပြားတွေပေါ်မှာ အချိန်နဲ့တပြေးညီ ပြပေးတာ ဖြစ် တယ်လို့ သိရပါတယ်။ ဒီ ကိုယ်ပျောက်ကားကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုကို ယူကျုဘ် ၀က်ဘ်ဆိုက်မှာ ၀င်ရောက် ကြည့်ရှုသူ အမြောက်အမြား ရှိနေပြီး အကောင်း ၊ အဆိုး ဝေဖန် နေကြတယ်လို့ သိရပါတယ်။


Myanmar Express

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုံးဝအနားယူသွားပြီဟု သမ္မတ၏ နိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ပြောကြား

From : မာင်ကျော်
Ref: Nation (29.2.2012)



နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ နိုင်ငံရေးဆိုင်ရာ အကြံပေးပုဂိ္ဂုလ် ဦးကို ကိုလှိုင်အား ထိုင်နိုင်ငံအခြေစိုက် နေရှင်း သတင်းစာ အယ်ဒီတာချုပ် ဆူသီချိုင်း ယွန်းက သီးခြားတွေ့ဆုံမေးမြန်းခန်းတစ် ရပ်တွင် နိုင်ငံတော်သမ္မတ၏ အကြံပေး ပုဂိ္ဂုလ်က လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။ ထိုသို့ပြောကြားရာ တွင် ဦးကိုကိုလှိုင်က မြန်မာနိုင်ငံ၏ လက် ရှိ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများသည် နောက်ပြန်လှည့်မည့် ပြောင်းလဲမှုမဟုတ် ကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဖွဲ့ စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စိတ်အားထက်သန်စွာ လုပ်ဆောင် လျက်ရှိနေပါကြောင်း၊ ယခုအခါမြန်မာ ပြည်သူများအနေဖြင့် ဒီမိုကရေစီအခွင့် အလမ်းများကို ထိတွေ့ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဖြစ်ပေါ် ပြောင်းလဲမှုအစဉ်သည် နိုင်ငံတကာက လိုလားတောင့်တနေသော လမ်းကြောင်း ပေါ်ဦးတည်လျှောက်လှမ်းနေပါကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ(ငြိမ်း)နှင့်ပတ်သက်၍နေရှင်းအယ်ဒီ တာချုပ်၏မေးမြန်းမှုကို ဦးကိုကိုလှိုင်က ပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေသည် စစ်သည်တော်တစ်ဦးဖြစ်သည် ကို အယ်ဒီတာချုပ်အနေဖြင့် ကောင်းစွာ သိပြီးဖြစ်ပါကြောင်း၊ဗိုလ်ချုပ်မှူးကြီးသည် စစ်သည်တော်တစ်ဦးဖြစ်သည့်အားလျော် စွာ ၎င်း၏တာဝန်ဝတ္တရားများကို ပြီး မြောက်အောင်မြင်စွာ ထမ်းဆောင်သွား ခဲ့ပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသည် တိန့် ရှောက်ဖိန်မဟုတ်သလို၊ လီကွမ်းယူလည်း မဟုတ်ပါဘူး။ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ဟောင်း တိန်ကျောက်ဖိန်၊ စင်ကာပူ ၀ါရင့်ဝန် ကြီးချုပ်ဟောင်း လီကွမ်းယူတို့ သည် ၎င်းင်းတို့၏ ရာထူးဌာနန္တရများက အငြိမ်းစားယူခဲ့ကြသော်လည်း နိုင်ငံ့ဥ သျှောင် နိုင်ငံ၏ထိပ်တန်းနိုင်ငံရေးခေါင်း ဆောင်အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြ ပါကြောင်း၊ သို့သော်ဗိုလ်ချုပ်မှူးကြီးသန်း ရွှေသည် နိုင်ငံရေးလောကကလုံးဝအငြိမ်း စားယူသွားပြီး (Totally resign from politics) ဟုပြောကြားသွားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ပြောကြားရာတွင် ဦးကိုကိုလှိုင်က ဒေါ် အောင်ဆန်းစုကြည်သည်နေအိမ်အကျယ် ချုပ်ဖြင့် နှစ်ရှည်လများနေခဲ့ရကြောင်း၊ သူ့ဘ၀ဟာ အထီးကျန်ဆန်ခဲ့ကြောင်း၊ အခုသူလွှတ်လာတာ ဘာမှမကြာသေး ပါကြောင်း၊ သို့သော်သူ့အနေဖြင့် အခု အခါမှာတိုင်းပြည်၏ လက်ရှိဖြစ်ပေါ်နေ သော အခြေအနေများကို ကိုင်တွယ်ဖြေ ရှင်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရပါကြောင်း၊ နိုင်ငံရေး တည်ငြိမ်မှုအားနည်းခဲ့သဖြင့် ဆယ်စုနှစ် နှစ်စုခန့်ကြာညောင်းခဲ့ပါကြောင်း၊ ယခု ပြည်သူ့လွှတ်တော်တွင်လည်းတပ်မတော် က ချယ်လှယ်စိုးမိုးရန် ရည်ရွယ်ချက်မရှိ ပါကြောင်း၊ လွှတ်တော်တွင် တပ်မတော် က တစ်စိတ်တစ်ပိုင်းပါဝင်နိုင်ရန်အတွက် အမတ် ၂၅ ရာခိုင်နှုန်းမျှသာ နေရာယူ ထားကြောင်း အင်ဒိုနီးရှားနိုင်ငံတွင်မူ တပ်မတော်က ၄၀ ရာခိုင်နှုန်းအထိနေ ရာရယူထားသည်ကို တွေ့ရှရမည်ဖြစ် ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည် ဟု ဖေဖော်ဝါရီ ၂၉ ရက်နေ့ထုတ်နေရှင်း သတင်းစာတွင် ”Reform in Burma is Irreversible, Says president Thein Sein’s Aide”ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားသည်ကို ထုတ်နှုတ်တင်ပြ လိုက်ရသည်။

Myanmar Express

Viper ဆော့ဝဲကို အသုံးပြု၍ ပြည်ပသို့ ဖုန်းအခမဲ့ ခေါ်ဆိုနိုင်ပြီ

From : ခေတ်လူငယ်

Viper ဆော့ဝဲကို အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ဖုန်းအစမ်းခေါ်ဆိုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုဘိုင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြထားသည်။ ပြည်တွင်းမှ နိုင်ငံခြားသို့ ဖုန်းအခမဲ့ခေါ်ဆိုနိုင်ရန် အင်တာနက် ကွန်နက်ရှင် (Wifi 3 G) များ ရရှိရန် လိုအပ်ပြီး Viper ဆော့ဝဲများကို မိမိမိုဘိုင်းဖုန်းထဲတွင် သွင်းထားရမည်ဖြစ်ပြီး Viper for i Phone ဆော့ဝဲရယူရန် www.4Shared.com တွင် ယူနိုင်ပြီး Viper for Android အား ရယူရန် www.4shared.com File OSYEYKC 4 Viper html တွင် download ရယူနိုင်ကြောင်း အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ ဆော့ဝဲကိုသုံး၍ ခေါ်ဆိုလိုသူများ အနေဖြင့် အခြားတစ်ဖက်မှ မိမိခေါ်ဆိုလိုသည့် ဖုန်းတွင်း Viper ဆော့ဝဲကို install လုပ်ထားရန် လိုအပ်ကြောင်း အသေးစိတ် သိရှိလိုသူများမှာ www.myanmarmobileapp.com တွင် ဝင်၍ကြည့်ရှုနိုင်ပါသည်။

Myanmar Express

သတိမပြုမိတာလား မပြုတာလား (ပေးစာ - ၁၁၃)

မင်္ဂလာပါ။ ကျွန်တော် ဒီအကြောင်းကို မပြောခင်မှာ တခြားသူတွေ ဒီအကြောင်းကို ပြောနေကြတာကို ခဏခဏ မြင်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ တနေ့က ဝက်ဘ်ဆိုဒ်တစ်ခုကနေ ကိုဇေယာသော့်ပုံတွေ ကူးနေတုန်းက အောက်က Related Post မှာ ဦးမင်းကိုနိုင်သတင်းကို တွေ့လိုက်ရမှ သတိထားမိတာပါ။ တကယ်ပဲ မီဒီယာများ သတိမထားမိသည်လား သိရက်သားနဲ့ ဘာကိုရည်ရွယ်ပြီး သုံးနှုန်းနေသည်လဲ ကျွန်တော်မသိပါ။ ကျွန်တော်တို့ မြန်မာပြည်သာ မက ကမ္ဘာမှာပါ လူတစ်ဦးကို လေးစားသမှုနဲ့ ရှေ့တွင် ကိုယ်စားပြု စကားလုံးတွေ ထည့်ခေါ်လေ့ရှိကြပါတယ်။ Mr နှင့် Mrs လိုစကာလုံးဟာ ထိုသူကို လေးစားသမှုနဲ့ ထည့်ခေါ်လေ့ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် သုံးနှုန်းလျှင်လည်း ကိုယ့်ထက် အသက်ကြီးသူ ဝါရင့်နဲ့ ဆက်ဆံတဲ့အခါမှာ Sir ဟုသုံးနှုန်းလေ့ရှိပြီး အကယ်၍ အမျိုးသမီးဖြစ်နေပါက Madam ဟု သုံးနှုန်းလေ့ရှိပါတယ်။ ကျွန်တောတို့ မြန်မာလူမျိုးတွေက ပိုပြီးယဉ်ကျေးတာနဲ့ အမျှ အသက်အရွယ်အလိုက် အသုံးအနှုန်းတွေ သီးခြားဆီခွဲထားပါတယ်။ ကလေးအရွယ်တစ်ယောက်သို့မဟုတ် ၁၀ကျော်သက်တစ်ယောက်ကိုဆိုရင် ယောက်ျားလေးကို “မောင်” မိန်းကလေးဆို “မ” ဟုသုံးနှုန်းလေ့ရှိပြီး လူငယ်တစ်ယောက် နှစ်ဆယ်ဝန်းကျင်မှ သုံးဆယ်ကျော်လောက်အထိကို ယောက်ျားလေးဆို “ကို” မိန်းကလေးဆိုရင်တော့ “မ” ဟု ဆက်လက်အသုံးပြုကြသည်။ ထိုမှ ၄၀ကျော် ၅၀ကျော် စသည်ဖြင့်အရွယ်တွေကို “ဦး” “ဒေါ်” ဟုလည်း သုံးနှုန်းကြပါသည်။ သို့သော် ခင်မင်ရင်းနှီးသော လူကြီးအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဆိုရင်တော့လည်း “ကို” ကိုသာ ဆက်လက်ခေါ်ဝေါ်သုံးစွဲကြသလို လူငယ်သော်လည်း အသက်အရွယ်အရ “ကို မ” ခေါ်သင့်သော်လည်း အလုပ်အကိုင် ရာထူး စသည်ဖြင့် ကြီးမြင့်သူကိုမူ လေးစားသမှုဖြင့် “ဦး ဒေါ် ခေါ်ဆိုကြသည်။ သို့ရာတွင် မီဒီယာများ အနေဖြင့်မူ ကိုယ့်ထက် အသက်ငယ်သည် ကြီးသည် ဟူ၍ ပြော၍ မရ မိမိဖော်ပြလိုသူ၏ အသက်သည် စာဖတ်သူတို့အတွက် သင့်တော်သော အသုံးအနှုန်းသာ သုံးသင့်သည်။ ဥပမာ စာရေးဆရာတစ်ယောက်၏ အသက်သည် ၆၀လောက် ဖြစ်နေပြီး ထိုသူရေးသော အကြောင်းအရာတွင် ပါဝင်သော လူအများလေးစားရသည့် ပုဂ္ဂိုလ်တစ်ဦးသည် အသက်အားဖြင့် သူ့ထက်ငယ်နေသော ၄၀ကျော် အရွယ်ဖြစ်နေပြီဆိုပါစို့ မိမိခံစားချက်ဖြင့် “ဦး ဒေါ်” မတပ်ပဲခေါ်ခြင်း မပြုသင့်သလို “ကို မ” အသုံးပြုခြင်းမျိုးလဲ မလုပ်သင့်။ အဘယ်ကြောင့်ဆိုသော် စာဖတ်သူများသည် အရွယ်မျိုးစုံရှိနေသလို ထိုပုဂ္ဂိုလ်ကို မလေးမစား ပြုလုပ်မိသလိုမျိုး ဖြစ်သည်။ နောက်တစ်ခုက ထိုစာရေးဆရာ အနေဖြင့် ထိုပုဂ္ဂိုလ်ကို မလေးမစားရာ ရောက်သွားတတ်သည်။ ယခု ဝက်ဘ်ဆိုဒ်များ ဘလော့များနဲ့ ဂျာနယ်များ စသည်ဖြင့် မီဒီယာတော်တော်များများသည် အသက် ၄၉ကျော် ဦးမင်းကိုနိုင်ကို ဦးမတပ်ပဲ မင်းကိုနိုင်ဟု ခေါ်ဆိုခြင်း ကိုမင်းကိုနိုင်ဟု ခေါ်ဆိုခြင်းများကို တွေနေရသည်။

ကိုမင်းကိုနိုင်
( အသက် ၅၉ နှစ်ရှိသော်လည်း ကို တပ်ခေါ်ပါ)


ဦးဇေယျာသော်
(အသက် ၃၀ သာ ရှိသော်လည်း ဦး တပ်ခေါ်ပါ)


စည်း နဲ့ ဝါး.... စည်း.. နဲ့.. ဝါး...
(အသက် ၆၀ မှ သူငယ်နာ စ)

အထူးသဖြင့် ပြည်ပမီဒီယာများသည် ထိုအသုံးအနှုန်းကို နှစ်ပေါင်းများစွာ သုံးနှုန်းခဲ့သည်။ ထိုသည်မှာ အဘယ်ကြောင့်နည်း သတိမပြုမိတာလား သို့မဟုတ် ဦးမင်းကိုနိုင်ကိုပဲ မလေးစားတာလား စဉ်းစားစရာဖြစ်သည်။ သိကြတဲ့အတိုင်း အသက် ၅၀ကျော် ငါးမင်းဆွေကို အများအားဖြင့် ငါးမင်းဆွေ(ဝါ) ဖားမင်းဆွေ ဖြင့်သာ သုံးနှုန်းခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထို ငါးမင်းဆွေ(ဝါ) ဖားမင်းဆွေကို မလေးစား၍ ဖြစ်သည်။ သို့ဆိုလျှင် ဦးမင်းကိုနိုင်ကိုရော မီဒီယာသမားများက မလေးစားကြဘူးလား ဒါမှမဟုတ် အသက်ကြီးလာတာကိုများ ဖုံးကွယ်ချင်တာလား မသိ။ ဦးမင်းကိုနိုင်သည် လက်ရှိအချိန်တွင် ဝါရင့်နိုင်ငံရေးသမားဖြစ်သည် ကျောင်းသားလဲ မဟုတ်တော့ အကယ်၍ ကလေးယူမယ်ဆိုလျင် ထိုကလေးသည်ပင် တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ပြန်ဖြစ်နေလောက်သည့် အရွယ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ထို အသက်အရွယ်ကြီးရင့်မှုကို ဖျောက်ဖျက်စေချင်၍များ ထိုကဲ့သို့ မလေးမစား မင်းကိုနိုင်ဟု ခေါ်ဝေါ်နေခြင်းများလား။ သို့မဟုတ် တကယ်ပဲ ဦးမင်းကိုနိုင်ကို မီဒီယာများက မလေးစားကြဘူးလား။ အခြားစဉ်းစားစရာတစ်ခုမှာ ၂၄နီးပါးကြာမြင့်ခဲ့ပြီဖြစ်သည့် အတိတ်တွင်ပဲ မီဒီယာများ ဆက်လက်နေထိုင်နေကြခြင်းပေလော။ ဥပမာတစ်ခုပေးချင်ပါသည် သမ္မတကြီးဦးသိန်းစိန်ကို သမ္မတသိန်းစိန်ဟု ခေါ်ကြည့်လိုက်ပါ ရေးကြည့်လိုက်ပါ စာဖတ်သူတစ်ယောက်အနေနဲ့ မည်သို့ခံစားရမည်နည်း။

အနည်းငယ်မျှ ထောက်နေသည်ကိုတွေ့ရပေလိမ့်မည်။ထိုသို့ဆိုလျှင် ဝါရင်နိုင်ငံရေးသမားကြီးတစ်ယောက်ကို ဦးတပ်မခေါ်ခြင်းမှာ မလေးစားရာရောက်ကြောင်း သိပေလိမ်မည်။ တစ်ဖက်တွင်လည်း အသက် ၃၀ကျော်ရုံမျှသာ ရှိသော ကိုဇေယာသော်ကို “ဦးဇေယျာသော်” ဟုတလေးတစား မီဒီယာများက သုံးနှုန်းခြင်းတွေ့ရသည်။ သို့ဆိုလျှင် ဦးမင်းကိုနိုင်ထက် ကိုဇေယျာသော်ကို မီဒီယာများက ပို၍ လေးစားဖို့ ကောင်းသည်ဟု မှတ်ယူထား၍ အသုံးပြုခြင်းပေလော။ နိုင်ငံရေးသမားခြင်း အတူတူ အဘယ်ကြောင့် ထိုသို့ကွာနေရခြင်းလဲမသိ။ ထိုသူနှစ်ယောက်၏ နိုင်ငံရေးသမားဘဝ ဖြတ်သန်းမှုကို ကြည့်လျှင် ကိုဇေယျာသော်မှာ ဦးမင်းကိုနိုင်ထက် အဖက်ဖက်တွင် အားနည်းနေမည်ကို တွေ့ရပေလိမ့်မည်။ ၈၈နှစ်ကတည်းက နိုင်ငံရေးစလုပ်နေခဲ့သော ဦးမင်းကိုနိုင်ကို ၂၀၀၈ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင်မှ စ၍သိသိသာသာနိုင်ငံရေး စလုပ်ခဲ့သော ကိုဇေယျာသော် ယှဉ်နိုင်မည်မဟုတ်သလို အဖက်ဖက်ကလဲ အားနည်းနေပေလိမ့်မည်။ ပြည်သူလူထု၏ လေးစားမှုကို ရယူခြင်းကြောင့်ဟု ဆိုလျှင်လည်း ဦးမင်းကိုနိုင်နဲ့ ကိုဇေယျာသော် မည်သူက ပို၍လေးစားမှုခံရသည်ကို မီဒီယာသမားများ မသိ၍လော။ သာမာန်နိုင်ငံရေး မတောက်တခေါက်သိသူတောင် သိသည်ကို ဝါရင့်မီဒီယာများ မသိခြင်းမှာ အံ့သြဖို့တော်တော်လေး ကောင်းသည်။ ထိုသို့မဟုတ် ကိုဇေယျာသော်က လွှတ်တော်ကိုယ်စားလှယ်လောင်းဟုရော ဆိုဦးမည်လား။ ကိုဇေယျာသော်ထက် အနည်းငယ်မျှသာ ငယ်သော အနုပညာရှင် တစ်ယောက်လည်းဖြစ်သော အခြား လွှတ်တော်ကိုယ်စားလှယ်လောင်း ရသ(ဝါ) ရဲမင်းသိန်း ကိုမူ ဦးရသ(ဝါ)ဦးရဲမင်းသိန်းဟု မခေါ်သနည်း။ ကြံ့ခိုင်ရေးမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ကိုဖြိုးကိုကိုတင့်ဆန်းသည်လည်း အသက်၃၀ကျော်မျှသာ ရှိသေးသည်။ ထိုပုဂ္ဂိုလ်ကိုလည်း ဦးတပ်ခေါ်ကြသည် အဘယ်ကြောင့် ရသကိုမှ ဦးရသဟု မခေါ်ရသည်း လူအများကြိုက်ကြသော NLD ကဲ့သို့ ပါတီမှ မဟုတ်ပါ၍လား သို့မဟုတ် ကိုဖြိုးကိုကိုတင့်ဆန်းကဲ့သို့ ကုမ္ပဏီများ ဘောလုံးအသင်းများ မပိုင်၍လား။ လွှတ်တော်ကိုယ်စားလှယ်လောင်းခြင်းအတူတူ ဘာကိုခွဲခြားပြီး ဆက်ဆံသနည်း။

မီဒီယာဆိုသည်မှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းကင်းဖြင့် အမှန်ကို ပြည်သူလူကိုကို ချပြရခြင်းဖြစ်ပေသည်။ ထိုသို့ဆိုလျှင် လက်ရှိမီဒီယာ အများစုမှာ ပုဂ္ဂိုလ်စွဲ မကင်းဘူးဟု ဆိုလျှင် မှားမည်မဟုတ်။ ထိုပုဂ္ဂိုလ်နှစ်ဦး၏ သတင်းကို တစ်ခုခြင်းဖတ်ရလျှင် မသိသာသော်လည်း တချို့သော ဂျာနယ်များ ဝက်ဘ်ဆိုဒ်များ၌ ရှေ့ဆင့် နောက်ဆင့် မြင်ရတဲ့အခါတွင် တော်တော်ကြီးကို သိသိသာသာ ဖြစ်နေပြီး စိတ်မသက်မသာ ဖြစ်မိသည်။ အမြင်မတော် ဆင်တော်နှင့် ခလောက်ဟု ခေါ်ရမလို ဖြစ်နေသည်။ လက်ရှိပြည်တွင်းနိုင်ငံရေးမှာ ပို၍ပွင့်လင်းလာပြီး ပို၍မြင်သာမှုလည်း ရှိလာသည့် အချိန်အခါတွင် မီဒီယာများ အနေဖြင့် ယခုထက် ပို၍ ပို၍ ပုဂ္ဂိုလ်စွဲကင်းသင့်သည်။ ပို၍ ဘက်မလိုက်ပဲ ဖော်ပြသင့်သည်ဟုသာ ကျွန်တော်မြင်ပါသည်။ ဤဆောင်းပါးငယ်သည် ကျွန်တော်၏ စိတ်ထဲတွင်ရှိသော ခံစားမှုနှင့် ကျွန်တော်၏ စိတ်ထဲတွင်ရှိသော အမြင်တစ်ခု မျှသာဖြစ်ပြီး မည်သူ့ကိုမျှ တိုက်ခိုက်ခြင်းမဟုတ်ရပါကြောင်း အလေးအနက်ကြိုပြောလိုက်ရပါသည်။

Myanmar Express

ဥပေဒအရ ကြိုတင်မဲ ပေးခွင့်ရှိသူမှအပ အခြား မဲဆန္ဒရှင်များ မဲရုံတွင်သာ မဲပေးကြရန် တိုက်တွန်း နှိုးဆော်ခြင်း



သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၃ နှင့် နည်းဥပဒေ ၃၉(ဆ)တို့အရ ရွေးကောက်ပွဲတွင် (ဥပဒေနှင့်အညီ) ကြိုတင် မဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးပြီးသူမှအပ ဆန္ဒမဲပေးမည့် (အခြား)သူများသည် မဲရုံသို့ ကိုယ်တိုင် လာရောက်၍ ဆန္ဒမဲပေးရမည် ဖြစ်ပါသည်။

သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၅ (က)၊ ပုဒ်မ ၄၆ နှင့် ၄၇ တို့အရ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင် မဲပေးပိုင်ခွင့် ရှိသူများမှာ-

အုပ်စု(က)
၁။
မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၊

၂။
မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊

၃။
မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊

၎။
မဲဆန္ဒနယ်ပြင်ပရောက် အချုပ်ခံနေသူများ၊

၅။
မဲဆန္ဒနယ်ပြင်ပရောက် ဆေးရုံတက်ရောက်ကုသနေသူများ၊

၆။
မဲဆန္ဒပြင်ပရောက် အခြားမဲဆန္ဒရှင်များ (ရက်ပေါင်း ၁၈၀ ထက်မနည်း)

၇။
အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မဲဆန္ဒရှင်များ၊

မှတ်ချက်။
(၁)
အုပ်စု(က)အမှတ်စဉ်(၆) မဲဆန္ဒနယ် ပြင်ပရောက် အခြား မဲဆန္ဒရှင် များမှ အပ ကျန်အမျိုးအစား အားလုံးသည် မြို့နယ် ကော်မရှင် အဖွဲ့ခွဲထံတွင် ကြိုတင် မဲပေးရခြင်း ဖြစ်ပါသည်။


(၂)
အုပ်စု(က)၊ အမှတ်စဉ်(၁)နှင့် (၆)တို့မှ အပ ကျန်(၅)မျိုးသည် ပုံစံ(၁၅)ဖြင့် ကြိုတင်မဲ တောင်းခံကြရပါမည်။
သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၅(ခ)နှင့် (ဂ)တို့အရ မဲဆန္ဒနယ် အတွင်း၌ ရှိသော်လည်း ကြိုတင် မဲပေးပိုင်ခွင့် ရှိသူများမှာ-
အုပ်စု(ခ)
၁။
ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ မိမိအမည်စာရင်း ပါရှိရာ မဲဆန္ဒနယ်မှ ကျော်လွန်၍ ခရီးဝေး သွားလာရန် ရှိခြင်း၊

၂။
အနာကြီးရောဂါ စွဲကပ်နေခြင်း၊

၃။
ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရခြင်း၊

၎။
အသက်အရွယ် ကြီးရင့်နေခြင်း၊

၅။
သားဖွားနေခြင်း၊

၆။
ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း၊

၇။
ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေခြင်း၊

၈။
နိုင်ငံဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် မဲစာရင်းပါရှိရာ ဒေသမှ ကျော်လွန်၍ ယာယီ တာဝန် သွားရောက် ထမ်းဆောင်ရခြင်း စသည်တို့ကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက် မဲမပေးနိုင်ပါက ကြိုတင် မဲပေးခွင့် ရှိပါသည်။

မှတ်ချက်။
(၁)
အုပ်စု(ခ)တွင် ပါဝင်သော အမျိုးအစား အားလုံးနှင့် အုပ်စု(က)မှ အမှတ်စဉ် (၆) အမျိုး အစားများသည် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲထံတွင် ကြိုတင် မဲပေးရပါမည်။


(၂)
ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွင် ကြိုတင် မဲပေးရမည့် သူများသည် (၃၀-၃-၂၀၁၂) ရက်နေ့မှ (၃၁-၃-၂၀၁၂)ရက်နေ့ အထိ နံနက်(၆)နာရီ မှ ညနေ (၆)နာရီ အတွင်း ကြိုတင် မဲပေးရပါမည်။
ယင်းသို့ ကြိုတင် ဆန္ဒမဲပေးရန် ဥပဒေအရ ခွင့်ပြုထားသူများမှ အပ အခြား မဲဆန္ဒရှင်များသည် ကြိုတင်မဲ ပေးခွင့် မရှိဘဲ ရွေးကောက်ပွဲ ကျင်းပသည့် နေ့၌သာ မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲပေးကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်

Myanmar Express

ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ကာလအတွင်း ဆွဲကြိုးချသေဆုံးသူ ငါး ဦးရှိ

NLD ပါတီကို မှတ်ပုံတင်ပြီးနောက် စည်းရုံးရေးလုပ်ငန်းတွေကို သဲကြီးမဲကြီး လုပ်ဆောင်နေစဉ်ကာလမှာပဲ ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေး၍ အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု အပါအ၀င် ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချဖြစ်စဉ် ငါးခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူမှာ ဦး....(၅၅)နှစ်၊ ကန်ထရိုက်တိုက် အလုပ်သမား၊ စမ်းချောင်းမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေးသားကာ ရှစ်ပေခန့် မြင့်သော ကွန်ကရစ်တုတ်တန်းတွင် ၁၀ ပေခန့်ရှိ အစိမ်းရောင်နိုင် လွန်ကြိုးအား လည်ပင်းတွင်စွပ်လျက် ဦးခေါင်းတွင် ကြွပ်ကြွပ်အိတ်စွပ်၍ ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဒဂုံတောင်မြို့နယ် ၁၈ ရပ်ကွက်၊ မောင်းမကန် ကန်သာလမ်းရှိ နေအိမ် တစ်အိမ်တွင် သွေးတိုးရောဂါနှင့် အခြားရောဂါများ ခံစားနေရသူ ဦး..... ၆၂ နှစ် မှီခိုမှာ ၎င်းနေထိုင်သည့် နေအိမ်အောက်ထပ် အမြင့်ရှစ်ပေခန့်ရှိ တုတ်တန်းတွင် အရှည်ရှစ်ပေလုံးပတ် တစ်မတ်လုံးခန့် နိုင်လွန်ကြိုးဖြင့် ချည်နှောင်လျက် ဆွဲကြိုးချသေဆုံးနေပြီး ခြေထောက်တစ်ဖက်မှာ ကြမ်းပြင်နှင့် ရှပ်ထိကာ ကျန်တစ်ဖက်မှာ အလျားတစ်ပေခွဲ၊ အနံတစ်ပေခွဲ၊ အမြင့်တစ်ပေခန့်ရှိ သစ်သားစားပွဲ ပေါ်တွင်တင်လျက် စားပွဲခုံပုပေါ်တက် ၍ဆွဲကြိုးချ သေဆုံးသည့်အနေအထား တွေ့ရှိပြီး သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်နေပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဒဂုံမြောက်မြို့နယ် ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင် အပေါ်ထပ်တွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး... ၄၈ နှစ်ဖြစ်ပြီး ၎င်းသည် စီးပွားရေး အဆင်မပြေသည့်အပြင် ငှား၍ ဖွင့်ထားသည့် ပစ္စည်းအဟောင်းဆိုင်အား ဦးလေးဖြစ်သူ ဦး .... မှ ဖယ်ရှားခိုင်းသဖြင့် စိတ်ညစ်ပြီးအမြင့် ကိုးပေရှိတုတ်တန်းတွင် ပလတ်စတစ်ကြိုး အသေးများ ကျစ်ထားသည့် ငါးမူးလုံးခန့် အရှည်ခုနစ်ပေခန့်ရှိ ကြိုးအား လှေကားလက်တန်းပေါ်ချည်ကာ ဆွဲကြိုးချ သေဆုံးနေကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ့်ကိုယ်ကို သက်သေလောက်တဲ့အထိ စည်းပွားရေးအဆင်မပြေသူတွေ အများကြီးရှိနေတာကြောင့် နိုင်ငံတော် သမ္မတကြီးက စီးပွားတိုးတက်ရေးကို အလျှင်အမြန်ဦးစားပေး အဓိက ထားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အထူးသဖြင့် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းရေးနဲ့ ပြည်ပမှ အကူအညီအထောက်အပံ့များရရှိရေးအတွက် ဦးစားပေးဆောင်ရွက်မှုတွေ၊ လိုက်လျောမှုတွေနဲ့ တောင်းဆိုမှုကို အစိုးရဖက်က လုပ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စီးပွားပိတ်ဆို့မှုကို အခုချိန်ထိ အားပေးနေတုန်းဖြစ်ပါတယ်။

သည်းခံကြပါ သည်းခံကြပါ.. နေပူထဲမှာ သည်းခံကြပါ
ကျွန်မက အင်္ဂလန်ပြန်မို့ နေပူမခံနိုင်လို့ပါ




Myanmar Express

စတုတ္ထမဏ္ဍိုင် ကြီး ညာတယ် (၂)

Yangon Press International က ညာတယ်

From : VOM (
ဒေါက်တာဆိတ်ဖွား)

သာမန်ဖတ်လိုက်ရင် အော်..NLD ကို ၊ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနှုတ်ဆက်ခဲ့တဲ့ ရဲဘော်လေးကို စစ်တပ်ကမတရားလုပ်နေလိုက်တာ ...၊ ဟော..ဒီမတရားလုပ်တဲ့သူကလည်းပြည်ခိုင်ဖြိုးက ဆိုပါလား ....၊ ဟင်......ဒီမတရားလုပ်တဲ့သူက ကြားဖြတ်ရွေးကောက်ပွဲတောင် ၀င်ဦးမှာပါလား.. ဆိုပြီး ပြည်သူတွေ ကို ၀ါဒဖြန့်လိုဇောနဲ့ရေးထားတဲ့သတင်းပါ ...၊

ဒီအခါမှပဲ ဒီသတင်းဌာနရဲ့အတွင်းစိတ်နဲ့ ပညာမဲ့မှုကိုအထင်းသားတွေ့လိုက်ရတယ် ....

(၁) မြန်မာပြည်က တပ်ဖွဲ့စည်းပုံမှာ ဘယ်တပ်ရင်းမှူးမှ ဗိုလ်ချုပ်အဆင့်မရှိဘူး
(၂) စစ်သားတွေအကုန်လုံးဟာ...ဘယ်ပါတီဝင်မှမဟုတ်ကြဘူး
(၃) ဘယ်ပါတီဝင်မှမဟုတ်တဲ့ စစ်သားတွေဟာ ဘယ်လိုရွေးကောက်ပွဲကိုမှလည်း ၀င်စရာအကြောင်းမရှိဘူး ။

ဆိုတာတွေကိုဒီနေ့အွန်လိုင်းပေါ်မှာရှိတဲ့ ပြည်သူတွေအကုန်လုံးလိုလိုသိကြတယ်.... ငါတို့ရေးချင်ရာရေး တာ ကို ဒီလူတွေ တော့ယုံနေတော့မှာပဲဆိုတဲ့ စာဖတ်သူ ပြည်သူကိုအထင်သေးအမြင်သေးတဲ့ သတင်းဌာနတွေရှိနေပါလားဆိုပြီး တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရတယ်...ဒီလိုအခြေခံကျတဲ့ သတင်းကိုမှမယုံရရင် ကျန်တဲ့သတင်းတွေကို ဘယ်လိုယုံရမလဲဆိုတဲ့ အတွေးဝင်လာတယ်..... နောက်တစ်ခုက ဒီလိုသတင်းဌာနမျိုးဘယ်နှစ်ခု ရှိနေမလည်း ဆိုတာတွေးနေမိတယ်.......

Myanmar Express


ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်၌ ပိတ်ကားနှင့် ရုပ်ရှင်ပြသမှု ပါဝင်ခဲ့

From : MRTV-4


ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာရုပ်ရှင်လုပ်ငန်း မော်ကွန်းရုပ်ရှင်ကနေ လွန်ခဲ့တဲ့နှ စ်ပေါင်း ၄၀ကျော်ခန့်က ရိုက်ကူးထုတ်လွှင့် ပြသခဲ့တဲ့ ပိတ်ကားနဲ့ ရုပ်ရှင်ပြသမှုပုံစံကို ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွင်း ပြသလျက်ရှိပါတယ်။ ဒီလိုပြသမှုကို ရွှေတိဂုံစေတီတော် အရှေ့ ဘက်မုခ်ရှိ ကားပါကင်နေရာမှာ ပွဲတော်ကာလ ၁၅ရက် စလုံးမှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပိတ်ကားနှင့် ရုပ်ရှင်ပြသမှုကို နေ့စဉ်ည ၇နာရီမှ ၁၂နာရီခန့်အထိ တစ်ညကို ရုပ်ရှင် ၂ကားခန့် ပြသနေတာဖြစ်ပါတယ်။ ပြသတဲ့ ရုပ်ရှင်ကားတွေကတော့ အကယ်ဒမီရရှိခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားများ၊ မော်ကွန်းရုပ်ရှင်က ရိုက်ကူးထုတ်လုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပပုံ သတင်းမှတ်တမ်းများနဲ့အခြား ဗဟုသုတရဖွယ်ရာ ဇာတ်ကားများကို အဓိကထားပြီး ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပိတ်ကား ရုပ်ရှင်ပြသမှုကို မော်ကွန်းရုပ်ရှင် နယ်လှည့်ပြသရေးအဖွဲ့မှ ၀န်ထမ်းများက ရုပ်ရှင်ပြစက် ၂လုံးနဲ့ လှည့်ပတ်စေလျက် ပြသတာ ဖြစ်ပါတယ်။ ဒီလိုပြသမှုကို ပွဲတော်ရက် အတွင်းမှာ ရုပ်ရှင်ကားပေါင်း ၃၀ခန့်ကို ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦး၊ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့ ၌ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ သုခိတာရာမ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပညာရေးငွေ ပဒေသာပင် စိုက်ထူ လှူဒါန်းခဲ့သည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦး လပွတ္တာမြို့၊ သုခိတာရာမ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပညာရေးငွေပဒေသာပင် စိုက်ထူလှူဒါန်းစဉ်

ဆက်လက်၍ အထွေထွေအတွင်းရေးမှူးဦးဌေးဦးသည် လပွတ္တာမြို့၊ လပွတ္တလုပ် (တောင်)ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ ရှင်စောမြတ်စေ တီတော် ပရ၀ုဏ်အတွင်းရှိ ရှေးသီရိတေဇာ မင်္ဂလာကန်တော်အား ပုန္နက်တင် အခမ်းအနားတွင် မင်္ဂလာပုန္နက်တော်တင်ခြင်း ဆောင်ရွက်ပေး ခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦး လပွတ္တာမြို့၊ လပွတ္တလုပ်(တောင်) ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ ရှင်စောမြတ်စေတီတော် ပရ၀ုဏ်အတွင်းရှိ ရှေးသီရိတေဇာ မင်္ဂလာကန်တော်အား မင်္ဂလာပုန္နက်တော်တင်ခြင်း ဆောင်ရွက်နေစဉ်

ထို့အပြင် အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်တို့သည် လပွတ္တာမြို့၊ လပွတ္တလုပ် (တောင်) ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ သစ္စာဓိဌာန် စတု ဒီသာကျွေးမွေးပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်၊ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်တို့ ဘုရားကြီးကုန်းကျေးရွာ သစ္စာဓိဌာန် စတုဒီသာကျွေးမွေးပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်

Myanmar Express

ဒေါ်အောင်ဆန်းစုကြည်နှင့် ရတြာ ဆေးမင်ကြောင် (သို့မဟုတ်) ဖက်ရှင် တက်တူး (Tattoo)


မြန်မာပြည်ရှိ အမျိုးသမီး သရုပ်ဆောင်၊ အဆိုတော် များသာမက ခေတ်လူငယ် မိန်းကလေးများ ကြားတွင် ဆေးမင်ကြောင် (Tattoo) တက်တူး ထိုးခြင်းကို ဖက်ရှင်တခုအဖြစ် လက်ခံ ထိုးလာကြကြောင်း တွေ့ရသည်။


“ထိုးချင်တဲ့ စိတ်ကူး ပေါ်လာတာနဲ့ ပခုံးရယ်၊ ခါးရယ် ၊ ခြေထောက်ရယ်မှာ ထိုးဖြစ်သွားတာ။ တခြား သူတွေလိုတော့ ဘာကြောင့်ရယ် မရှိဘူး။ ပြည်ပမှာတော့ ဆယ်ကျော်သက် အရွယ်လေးတွေက အစ ထိုးနေပေမယ့် မြန်မာပြည်မှာ ကတော့ အခုမှ ခေတ်စား လာတယ်လို့ ပြောရမယ်”ဟု သရုပ်ဆောင် ဆုရွှန်းလဲ့က ပြောသည်။

ဆုရွှန်းလဲ့က ဆက်လက်၍ “အဘိုး အဘွားတွေ ခေတ်တုန်းကတော့ ဆေးမင်ကြောင်ထိုးတာ သတ္တိရှိတဲ့ လူတွေ ထိုးတာပေါ့ ၊ ကိုယ်တွေ ငယ်ငယ်က ဆိုရင် ဆေးမင်ကြောင်ထိုးတာ လူဆိုး လူမိုက်ပေါ့။ အခု ကျတော့လည်း ဖက်ရှင်တခုလို ပြောင်းသွားတာ ကိုယ်တွေပါ ထိုးလိုက်တဲ့ အထိ ဖြစ်သွားတယ်။ တခါထိုးပြီး ထပ်ထပ် ထိုးချင်တဲ့ စိတ်ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။

ဆေးမင်ကြောင်ကို ယခင် ကာလများက ဘုရားပွဲ ဈေးတန်းများတွင်သာ အများဆုံးထိုးနိုင်သကဲ့သို့ အသုံးပြုသည့် ဆေး၊ အပ်နှင့် ထိုးသည့် ပုံဒီဇိုင်းများလည်း ကောင်းမွန်မှုမရှိကြောင်း သိရသည်။

“အမျိုးသားက သူထိုးထားတဲ့ ပုံဟောင်းကို နည်းနည်းပြင်မယ်ဆိုတာနဲ့ ကိုယ်ကလည်းထိုးချင်တယ်ဆိုတော့ ထိုးဖြစ်သွားတာ။ပခုံးမှာ ကိုယ့်ရာသီခွင် ကင်းမြီးကောက်ရယ် အဲဒီအောက်မှာ ကနုတ်ပုံရယ် ထိုးထားတယ်”ဟု မော်ဒယ် ခင်မဉ္ဖူခိုင်က ပြော သည်။

“ကိုယ်တိုင်လည်း တက်တူး (Tattoo) ထိုးတာကို ကြိုက်သလို ကောင်မလေးတွေ ထိုးထားတာမြင်ရင် သဘောကျတယ်။ ကောင်းတယ် မကောင်းဘူး မဝေဖန်ချင်ပေမယ့် မြန်မာပတ်ဝန်းကျင်မှာ မိန်းကလေး တက်တူးထိုးထားရင် တမျိုးအမြင်ခံရတာ မျိုး ရှိတော့။ ကိုယ် အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အမျိုးသားက ဒါကို လက်ခံတဲ့ သူမျိုးဆိုရင်တော့ ကိစ္စမရှိဘူး။ မိန်းကလေးတွေ တက်တူး ထိုးချင်တယ်ဆိုရင် အိမ်ထောင်ကျပြီးမှ ထိုးစေချင်တယ်”ဟု ခင်မဉ္ဖူခိုင်က ဆက်ပြောသည်။

တက်တူးထိုးခြင်းသည် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဟု ဝေဖန်ပြောဆိုမည်ဆိုလျှင် မြန်မာဝတ်စုံဝတ်၍ အကျင့်စာရိ တ္တ ပျက်ပြားနေသည့် အမျိုးသမီးများကို ယဉ်ကျေးမှုနှင့်လျော်ညီသည်ဟု သတ်မှတ်နိုင်လားဟု မေးခွန်း ထုတ်စရာများ ရှိကြောင်း အမျိုးသမီး အဆိုတော် တဦးက ပြောဆိုသည်။

“လူကြီးတွေနဲ့ တွေ့ရမယ့် အခါမျိုးတွေ ရှိနိုင်တော့ အမျိုးသမီးတွေ ထိုးမယ်ဆိုရင် ဖုံးလို့လွယ်မယ့် နေရာမျိုးတွေမှာ ထိုးစေချင် တယ်။ မြန်မာဝတ်စုံနဲ့ တက်တူးနဲ့ ကတော့ ဘယ်လိုမှ မလိုက်ဘူးလို့ထင်တယ်။ တက်တူးထိုးထားလို့တော့ မကောင်းတဲ့ အ မျိုးသမီးလို့ မမြင်ဘဲ လက်ခံသင့်တယ်လို့ ထင်တယ် ”ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍“အခုခေတ်က တက်တူးဆိုင်တွေ သီးသန့်ဖွင့်လာတာရှိပါတယ်။ တော်တော်များများကတော့ ထိုးတဲ့သူ ခေါ်ပြီး အိမ်မှာ ထိုးတာလည်း များတယ် ။ ကိုယ်တိုင်လည်း အိမ်မှာ ခေါ်ထိုးတာ”ဟု ပြောသည်။

ရန်ကင်းမြို့နယ်နေ အသက် ၂၀ အရွယ် သဲမွန်ထွေးက“သူငယ်ချင်း ယောကျာ်းလေးတွေ ထိုးတာကိုကြည့်ပြီး အားကျတာနဲ့ လိုက်ထိုးဖြစ်တာ။ ခါးမှာ နဂါးရုပ် ထိုးထားတယ် ။ မိဘတွေကတော့ သူတို့ အမြင်နဲ့ မကြိုက်ပေမယ့် တားလို့မှ မရတာ”ဟု ပြောဆိုသည်။

တက်တူထိုးခြင်းအပေါ် အမြင်ပြောင်းလဲ လက်ခံလာခြင်းကြောင့် မြန်မာပြည်တွင် ဈေးကွက်တခု အနေဖြင့်ပါ ကျယ်ပြန့် လာ ကြောင်း ဗိုလ်ချူပ်ဈေးတွင် တက်တူး ဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။

“မိန်းကလေးအနေနဲ့ ဆိုရင်တော့ လက်ခံမှု နည်းနေသေးတာတွေ ရှိသေးတော့ ဆိုးဆိုးဝါးဝါး ဒီဇိုင်းခပ်ကြီးကြီးမျိုးတွေနဲ့ မ လိုက်ဖက်ဘူး။ အခုခေတ်မိန်းကလေးတွေ တော်တော်များများက ဖန်စီပုံစံ ကနုတ်လေးတွေ၊ လခြမ်းလေးတွေလို ထိုး တာ များပါတယ်။ အများဆုံးလာကြတာတော့ လူလတ်တန်းစားနဲ့ ပိုက်ဆံရှိ သားသမီးတွေများတယ်”ဟု ၎င်းက ပြောပြသည်။

ဝန်ဆောင်ခ အနေနှင့် ဒီဇိုင်းပေါ်နှင့် အရုပ်အကြီးအသေး၊ ဆေး အမျိုးအစားအပေါ် မူတည်၍ ရှိသည်ဟု အိမ်တိုင်ရာရောက် လိုက်၍ တက်တူး ထိုးသည့် လုပ်ငန်းလုပ်ကိုင်နေသော ကိုဖိုးကျော် ပြောသည်။

အောက်ဒိုး အနေနဲ့ လိုက်ထိုး ပေးတယ်။ စိုးမြတ်သူဇာ၊ ခင်မဉ္ဖူခိုင် နောက် အနုပညာရှင် တွေထဲက တော်တော် များများ ထိုးခဲ့တယ်။ မစိုးကြီး (စိုးမြတ်သူဇာ) ဆို ရင်ဘတ်မှာ ကနုတ်လို ဟာမျိုးလေးပဲ။ မစိုးကို ထိုးပေး တုန်းကဆို ပုံကြမ်း အရင်ဆွဲပြတယ်၊ ပြီးတော့ သူလိုချင်တာနဲ့ ကိုယ့်အမြင်နဲ့ ပေါင်းပြီး လုပ်တာပေါ့။ ပုံတူအတိုင်း လိုက်ဆွဲတာ ရှားတယ်”ဟု ၎င်းက ရှင်းပြသည်။

“အမျိုး သမီးတွေ တက်တူး ထိုးတာကို လက်ခံမှုပိုင်းမှာ တိုးတက် လာသလို အပ်တို့ ဆေးတို့က အစ ဒီဘက်ခေတ်မှာ ပိုကောင်း လာတယ်”ဟုလည်း ၎င်းက ဆိုသည်။

ရန်ကုန် မြို့ရှိ အရေပြားဆိုင်ရာ ပါမောက္ခ ဆရာဝန်မကြီး တဦးက“ကျန်းမာရေး ရှုထောင့်အနေနဲ့ ထိုးမယ်ဆိုရင် သန့်ရှင်းတဲ့ ဆိုင် ၊ သန့်ရှင်းတဲ့ အပ်တွေသုံးသင့်တယ်။ နောက် တခုက ငယ်ရွယ် ချိန်မှာ လောပြီးလုပ်တတ်တော့ ထိုးပြီးရင် ပြန်ဖျက်လို့ မရတော့ဘူးဆိုတာကို လက်ခံနိုင်ရမယ်။ မိန်းကလေးနဲ့ တက်တူးဟာ မအပ်စပ်တဲ့ အရာလို့ မြင်နေသေးပါတယ်။ တက်တူး ထိုးလို့ မကောင်းတဲ့ မိန်းကလေးလို့တော့ ပြောလို့မရပါဘူး”ဟု ဆိုသည်။

ခေတ်အခြေအနေအရ ဖက်ရှင်တခုအနေနှင့် ပြောင်းလဲဖြစ်ပေါ်မှုကို လက်ခံသင့်ကြောင်း၊ လက်ရှိ မိမိနေထိုင်သည့် နိုင်ငံ အနေ အထားအရ အမျိုးသမီးတဦး အနေနှင့် အလွန်အကျွံတော့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

နားမလည်ပါးမလည် လူငယ်များသာမက အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညာဖက် လက်မှာလည်း တက်တူးရှိကြောင်း သိရပါတယ်။ ၎င်း တက်တူးကို အင်္ဂလန်နိုင်ငံ မှာနေထိုင်တုန်း အပျိုဘဝ မှာ ဖက်ရှင်အဖြစ် ရေးထိုးခဲ့တာ ဖြစ်ပြီး ၁၉၉၀ မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရတြာအဖြစ် ပြန်ပြင်ထိုးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ မိုက်ကယ်အဲရစ်နဲ့ နီးစပ်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ လက်ဖဝါးသာ မက အခြားနေရာ အမြောက်အများမှာလည်း တက်တူးများရှိနေကြောင်း သိရပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးကို သဲကြီးမဲကြီးလုပ်ဆောင်နေပြီး ယတြာ ကိုလည်း ယံကြည်သူ တစ်ဦး ဖြစ်ကြောင်းသိရပါတယ်။ ရုပ်ရှင်မင်းသား လူမင်းနဲ့လည်း တွေ့ဆုံခဲ့မှုတွေကို အင်တာနက်စာမျက်နှာများမှာ တွေ့နိုင်ပြီး တခြား ဘာတွေလုပ်ဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ယတြာများကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်ကိုယ်ကို "မင်း" ဖြစ်မယ်လို့ ယုံကြည်နေတယ်လို့လည်း NLD ပါတီဝင် အချင်းချင်းပြောနေကြကြောင်း သတင်းရရှိပါတယ်။

Myanmar Express

မြန်မာ နိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲု့ဖျက်သိမ်းတော့မည်

From : မတ်လ (၇) ရက်၊ ၂၀၁၂ (YPI)

မြန်မာနိုင်ငံ စာပေ၊ စာနယ်ဇင်း နယ်ပယ်နှင့် သက်ဆိုင်သည့် အသင်းအဖွဲ့သုံးဖွဲ့ ဖွဲ့စည်း ပြီးပါက မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ကိုဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို က YPI သို့ပြောသည်။

လာမည့် မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ အရေးပေါ်ညီလာခံ တခုကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံတွင် စာပေ၊ စာနယ်ဇင်းနှင့် ပတ်သက်သည့် အသင်းအဖွဲ့သုံဖွဲ့ ဖွဲ့စည်း သွားမည်ဖြစ်သည်။

"ခေတ်တွေကလည်းပြောင်းသွားပြီးလေ စတုတ္ထမဏ္ဍိုင် ပီပီပြင်ပြင်ပေါ်လာဖို့အတွက် လွတ်လပ်တဲ့ အသင်းတွေ ပေါ်လာဖို့လိုတယ် ၊လွတ်လပ်တဲ့အသင်းတွေ ပေါ်လာရင်စာပေနဲ့ စာနယ်ဇင်း အကျိုးအတွက်ပိုပြီး လုပ်ပေးနိုင်တာပေါ့"ဟု ဦးကိုကိုက YPI သို့ပြောသည်။


၂၀၁၂ ခုနှစ် ဇန်န၀ါရီလ နှောင်းပိုင်းက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပသည့် မီဒီယာ ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲ၊ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့က ကြီးမှူး စီစဉ်ကာ ပြည်ပ မြန်မာမီဒီယာအချို့ကိုပါ ဖိတ်ကြားခဲ့သည်။ ( Photo: YPI)

ဖွဲ့စည်းမည့်အသင်းသုံးသင်းမှာ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းတို့ဖြစ်ပြီး ယင်းအသင်းများကို ဖွဲ့စည်းပြီးသည်နှင့်လက်ရှိ စာပေနှင့်စာနယ်ဇင်းအသင်းကိုဖျက်သိမ်း သွားမည်ဟုဆိုသည်။

စာပေနှင့်စာနယ်ဇင်းအဖွဲ့ထဲမှ သတင်းစာဆရာများကို သတင်းစာဆရာများအသင်းထဲသို့လည်းကောင်း စာရေးဆရာများကို စာရေးဆရာ အသင်းထဲသို့လည်းကောင်း စသည်ဖြင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအသင်းအလိုက် အသင်းသားအသစ်များကိုလည်းခေါ်ယူပြီး ၎င်းတို့အထဲမှဗဟိုအလုပ်အမှုဆောင်များ၊ ဥက္ကဋ္ဌ အတွင်းရေးမှူးများ ထပ်မံရွေးချယ်မည်ဖြစ်သည်။

"အခုလက်ရှိအသင်းမှာ တာဝန်ယူထားတဲ့သူတွေက အသစ်ထပ်ဖွဲ့တဲ့အသင်းထဲမှာတာဝန်ယူထားတဲ့ သူတွေအနေနဲ့ ပါချင်မှလည်းပါမယ် ၊မပါချင်လည်းမပါဘူးပေါ့ အသစ်ပါလာမဲ့အသင်းသားအားလုံးထဲက ပြန်ရွေးမှာပါ" ဟုမြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ တွဲဖက် ဘဏ္ဍာရေးမှူး မောင်မျိုး (ကြောင်နှစ်ကောင်) မှ ပြောသည်။

ရွေးချယ်သည့်အခါမှာလည်း မဲဖြင့်ရွေးချယ်တင်မြောက်သည့်စနစ်ဖြင့်သာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးကိုကိုကဆိုသည်။

အဆိုပါအဖွဲ့ အသစ်များ ထပ်မံဖွဲ့စည်းလာခြင်းနှင့်ပတ်သတ်၍ မြန်မာ့ဓနမဂ္ဂဇင်း ၏ အယ်ဒီတာချုပ် ဦးသီဟစောက "စာရေးဆရာတွေ ၊သတင်းစာဆရာ အသင်းတွေဆိုတာ အစိုးရနဲ့သီးခြားဖြစ်ပြီးလွတ်လပ်တဲ့ အသင်းအဖွဲ့ဖြစ်ရမယ် ၊အကယ်လို့လွတ်လပ်တဲ့ အဖွဲ့အစည်း အမှန်တကယ်ဖြစ်လာရင် အရင်ထက်စာရင် စာပေအကျိုးအတွက်ပိုပြီး လွတ်လွတ်လပ်လပ်လုပ်လို့ရတာပေါ့" ဟုပြောသည်။

အသစ်ဖွဲ့မည့် အဖွဲ့များ အနေအထားနှင့် ပတ်သက်ပြီး ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့် ကမူ "ဘယ်လိုဖွဲ့မယ်ဆိုတာမသိသေးတော့ ပြောရခက်တယ် ၊အခုစာပေနဲ့စာနယ်ဇင်းအဖွဲ့ဆို ပြန်ကြားရေးကဦးဆောင်ပြီး ပါနေတာရှိတယ်၊ အဖွဲ့ဝင်တွေထဲမှာအစိုးရက တိုက်ရိုက်ခန့်တာတွေရှိတယ်လေ ဘယ်သူတွေ ပြန်ပါလာမလဲဆိုတောမသိဘူး၊ ပုံမှန်အားဖြင့် စာရေးဆရာအဖွဲ့ဆိုတာ ဦးဆောင်ဖွဲ့စည်းတဲ့သူ ကိုယ်တိုင်က စာရေးဆရာဖြစ်သင့်တယ်"ဟု သူ့အမြင်ကို ပြောသည်။

လက်ရှိမြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ဆယ်နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ ဥက္ကဌဦးတင်လှိုင် (လယ်တွင်းသားစောချစ်) ဖြစ်ပြီး အတွင်းရေးမှူးမှာ ဦးကိုကို(ကိုကိုစက်မှုတက္ကသိုလ်) တို့ဖြစ်ကြသည်။

အရပ်သား အစိုးရတက်လာပြီးနောက် တစ်နှစ်နီးပါး ကြာမြင့်လာသည့်နောက် အလုပ်သမား သမဂ္ဂများ၊ လယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းရန် ပြင်ဆင်လျှက်ရှိသကဲ့သို့ နကိုက အစိုးရ အာဏာပိုင်များက ထိန်းချုပ်ထားသည့် ရုပ်ရှင်အစည်းအရုံး၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့တို့ကိုလည်း လွတ်လပ်သည့် အသင်းအဖွဲ့များ ဖြစ်စေရန် ပြန်လည်ဖွဲ့စည်းဖို့ကြိုးပမ်းမှုများ ရှိနေသည်ကို တွေ့ရသည်။ ။

Myanmar Express

စည်းကမ်းဟူသည် လူ့တန်ဖိုး။ စည်းကမ်းမရှိ NLD = တန်ဖိုးမရှိ NLD


















Myanmar Express

တက္ကသိုလ်၊ ကောလိပ်များ ပညာသင်နှစ် တစ်နှစ်တိုးရန် အတည်ပြု

From : ခေတ်လူငယ်

ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ၏ ဘွဲ့ကြိုသင်တန်း ပညာသင်နှစ်များကို တစ်နှစ်စီ တိုးမြှင့်သင်ကြားရန် တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီမှ အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ လာမည့် ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်များ၏ ပညာသင်နှစ်ကို တိုးမြှင့်ရန် အတည်ပြုလုပ်ခြင်းဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်အသီးသီးရှိ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း တက္ကသိုလ်ပညာရေး အဖွဲ့များကောင်စီ အစည်းအဝေး တက်ရောက်ခဲ့သော ပါမောက္ခချုပ်တစ်ဦးက ပြောကြားသည်။ “တက္ကသိုလ် ပညာသင်နှစ်တွေ တစ်နှစ်စီတိုးဖို့ အတည်ပြုလိုက်တယ်။ သက်ဆိုင်ရာ တက္ကသိုလ်တွေအလိုက် သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ရေးဆွဲနေကြတယ်။ လာမယ့်နှစ်ကစပြီး တစ်နှစ်စီ တိုးမှာပါ” ဟု ၎င်းက ပြောသည်။ တက္ကသိုလ် ပညာသင်နှစ်များကို လွန်ခဲ့သော ဆယ်နှစ်ကျော်မှ စတင်၍ တစ်နှစ်စီ လျှော့ချခဲ့ပြီးနောက် ယခုအခါ ပညာသင်နှစ်များ ပြန်လည်တိုးမြှင့်ရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။ တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ဘွဲ့ကြိုသင်တန်းများတွင် ပညာသင်နှစ်တစ်နှစ် တိုးမြှင့်သင်ကြားရေးအတွက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို တင်သွင်းကြမည်ဖြစ်ရာ နိုင်ငံတော်ရှိ တက္ကသိုလ်အသီးသီး၌ ကမ္ဘာ့အဆင့်မီ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများဖြင့် သင်ကြားရမည်ဖြစ်သဖြင့် နိုင်ငံတော်၏ အမျိုးသား ပညာရည်မြင့်မားမှုအတွက် အားတက်ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိပညာသင်နှစ်မှစတင်၍ ကွန်ပျူတာတက္ကသိုလ်များ၏ ပညာသင်နှစ်ကို သုံးနှစ်မှ လေးနှစ်သို့ တိုးမြှင့်ထားခဲ့ပြီးဖြစ်ကာ အခြားတက္ကသိုလ်၊ ကောလိပ်များတွင် လာမည့် ပညာသင်နှစ်မှစ၍ ဘွဲ့ကြိုသင်တန်း တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ဘွဲ့ဒီဂရီရရှိရန် တစ်နှစ်ပိုမိုကြာမြင့်၍ ပညာသင်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။


Myanmar Express

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဌေးကြွယ်နဲ့ NLD ဇမ္ဗူသီရိအမတ်လောင်း စန္ဒာမင်းတို့ တည်းခိုခန်းတွင်း အတူအိပ်ခဲ့ကြသည်

From : Kg Lay

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဌေးကြွယ်နဲ့ NLD ဇမ္ဗူသီရိအမတ်လောင်း စန္ဒာမင်းတို့ ပုဂံခရီးစဉ်အကြောင်း ဓာတ်ပုံတင်လိုက်တော့ သက်သေမရှိဘူးဆိုပြီး comment တွေ ရေးခဲ့ကြတယ်။ အခု ပုဂံဟိုတယ်က ၈-၂-၁၂ ရက်နေ့ ဧည့်စာရင်းကို ကူးပြီး အားလုံးသိအောင် တင်ပေးလိုက်ပါတယ်။ ဦးဌေးကြွယ်၊ ဒေါ်စန္ဒာမင်း အခန်းအမှတ် ၂၁၁ မှာ ၈-၂-၁၂ ရက်နေ့ကနေ ၁၀-၂-၁၂ ရက်နေ့အထိ တည်းခဲ့တယ်။ တစ်ခန်းတည်း နေခဲ့တယ်ဆိုတာ လက်ဆုပ်လက်ကိုင် တွေ့ရပါပြီ။ မှတ်ပုံတင်နံပါတ်တွေ ပါတယ်။ မှန်/မမှန် စစ်ပါ။ စန္ဒာမင်းရဲ့ ယောကျာ်း ဗိုလ်ကြီးဟောင်း မောင်မောင် သိရင် ဘာပြောမလဲလို့ စဉ်းစားမိပါတယ်။









Myanmar Express

မတ်လ ၆ရက်နေ့မှစတင်ကာ အိန္ဒိယ ရုပ်ရှင်ပွဲတော်အတွက် လက်မှတ် ထုတ်ယူနိုင်ပြီ

From : MRTV4

အိန္ဒိယရုပ်ရှင်ပွဲတော် ပြသဖို့အတွက် စီစဉ်ဆောင်ရွက်နေပြီး လက်မှတ်တွေကိုတော့ မတ်လ (၆) ရက်နေ့မှ စတင်ကာ အိန္ဒိယသံရုံးမှာ ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ အိန္ဒိယသံရုံးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အိန္ဒိယ ရုပ်ရှင်ပွဲတော်အတွက် လက်မှတ်ထုတ်ပေးမှုကို လူတစ်ဦးလျှင် လက်မှတ်(၁) စောင်နှုန်းနဲ့သာ ထုတ်ပေးသွားမှာဖြစ်ပြီး ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေကတော့ စုစုပေါင်း (၆)ကား ပြသသွား မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို အိန္ဒိယရုပ်ရှင် ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ရုပ်ရှင်ချစ် ပရိသတ်များ၊ ကြည့်ရှုသူများကို ဇာတ်အိမ်ခိုင်မာသော မေတ္တာဘွဲ့ ဇာတ်ကားများ၊ စိတ်လှုပ်ရှားဖွယ် ဇာတ်ကားများ၊ စွဲလန်းမှုနဲ့ မျှော်လင့်ခြင်း ဇာတ်လမ်းများနဲ့ ရွှင်မြူး တက်ကြွ လန်းဆန်းစေလိုသော ရည်ရွယ်ချက်ဖြင့် ပြသခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ပွဲကို  မတ်လ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့ထိ ရန်ကုန်မြို့ နေပြည်ေ တာ် ရုပ်ရှင်ရုံမှာ ပြသမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ မတ်လ (၁၉)ရက်မှ (၂၃)ရက်နေအထိ ပြသသွား မှာ ဖြစ်သလို ပြင်ဦးလွင်မြို့ မှာလည်း မတ်လ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့ထိ ပြသသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 Myanmar Express

အအေးဒဏ် ခံနိုင်သည့် ကျည်ဆန် ရထားကို တရုတ် တီထွင်နေ

From : MRTV-4



တရုတ် အင်ဂျင်နီယာတွေဟာ အပူချိန် သုညအောက် ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိ အအေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကျည်ဆန်ရထား တစ်မျိုးကို တီထွင်ခဲ့တယ်လို့ သုတေသီ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ကျည်ဆန် ရထားသစ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် တရုတ် အမျိုးသား နိုင်ငံရေး အကြံပေး ကွန်ဖရင့်မှာ တရုတ် မီးရထား သိဆိုင်ရာ တက္ကသိုလ်မှ သုတေသီ တစ်ဦးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျည်ဆန် ရထားရဲ့ ပုံစံတူကို တရုတ် နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ရထား တည်ဆောက်ရေး ကုမ္ပဏီ CNR ကော်ပိုရေးရှင်းမှေ ဆာက်လုပ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ ရထားကို စမ်းသပ်စစ်ဆေးမှုတွေနဲ့ လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ရထားမှာ တပ်ဆင်မယ့် ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေကို ပြေးဆွဲခြင်း မပြုမီမှာ အလွန် အေးခဲတဲ့ အခြေအနေမျိုးမှာ စမ်းသပ်မှုေ တွ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကျည်ဆံ ရထားရဲ့ စမ်းသပ်မှု အောင်မြင်ခဲ့ရင် ယခု နှစ်ကုန်ပိုင်းမှာ တရုတ် နိုင်ငံ အရှေ့ မြောက် ပိုင်းရှိ Harbin နဲ့ Dalian မီးရထား လမ်းကြောင်းမှာ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

မဲရုံအတွင်း ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးခွင့် ရမည်ဟုဆို

From : The Voice

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် မဲရုံအတွင်းသို့ တရားဝင် ဝင်ရောက်ခွင့် ရရှိထားသည့် ပုဂ္ဂိုလ်များ အနေဖြင့် လှိျု့ဝှက် ဆန္ဒမဲ ပေးခြင်းနှင့် မဲရုံမှူးများ၏ ဥပဒေအရ လုပ်ပိုင်ခွင့်များကို အနှောင့်အယှက် မပြုလျှင် ဗီဒီယို ကင်မရာ၊ ဓာတ်ပုံ ကင်မရာနှင့် ဖုန်းများကို တရားဝင် သယ်ဆောင် ရိုက်ကူးခွင့် ရှိသည်ဟု ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုက ပြောကြားလိုက်ကြောင်း နိုင်ငံရေး ပါတီများထံမှ သိရသည်။

ပြည်သူ့ဒီမိုကရေစီ ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းထိုက်ဦးက ၂၀၁၀ ရွေးကောက်ပွဲ အတွင်း ဖြစ်ပွားခဲ့သည့် မဲ မသမာမှုများနှင့် မဲရုံ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များကြောင့် ပါတီများနှင့် အငြင်းပွားဖွယ် ကိစ0x081စရပ်များ ယခု လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထပ်မံ မဖြစ်ပွားစေရန် မည်သို့မည်ပုံ ဆောင်ရွက်ထားကြောင်း မေးမြန်းချက် အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

" ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဝင်းကို ဖြေတာကတော့ မဲရုံ အတွင်းကို တရားဝင် ဝင်ရောက်ခွင့် ရရှိထားတဲ့ မီဒီယာသမားတွေ၊ ကိုယ်စားလှယ်လောင်း တွေနဲ့ မဲရုံမှာ စောင့်ကြည့်ဖို့ ပါတီက စေလွှတ်ထားတဲ့ သူတွေဟာ လှိျု့ဝှက်ဆန္ဒမဲ ပေးတဲ့ မဲဆန္ဒရှင်တွေနဲ့ မဲရုံမှူးတွေရဲ့ ဥပဒေအတိုင်း လုပ်ဆောင်မှုတွေကို အနှောင့်အယှက် မပေးရင် ဗီဒီယို၊ ဓာတ်ပုံ ရိုက်ကူးနိုင်တဲ့ ကင်မရာတွေ၊ ဖုန်းတွေ ယူဆောင် မှတ်တမ်းတင်ခွင့် ရမယ်လို့ ပြန်ဖြေပါတယ် ခင်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက မဲရုံမှူးတွေနဲ့ ပါတီတွေ အကြား အငြင်းပွားခဲ့ ရတာမျိုးတွေ ထပ်မဖြစ်တော့ဘူးလို့ ယူဆရတာ ပေါ့ဗျာ၊ မဲမသမာမှုတွေ ရှိလာရင်လည်း အထောက် အထား ခိုင်လုံအောင် ပြနိုင်ပြီပေါ့ " ဟု ပြည်သူ့ ဒီမိုကရေစီ ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းထိုက်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ပွဲတွင် ကော်မရှင်ဥက္ကဌ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲ အတွင်း ဖြစ်ပွားခဲ့ သည့် မဲမသမာမှု စွဲဆိုချက်များကို ဗီဒီယို မှတ်တမ်းများ ကြည့်ရှု၍ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ထိုပွဲကို တက်ရောက်ခဲ့သည့် ပါတီများက ဆိုသည်။

Myanmar Express

ဘာလင်ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၃၀ ခန့်ပူးပေါင်း၍ ပြခန်းတစ်ခန်း ခင်းကျင်းပြသမည်

From :ခေတ်လူငယ်

ITB Berlin ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၃၀ ခန့်က ပြခန်းတစ်ခန်း သွားရောက်ပြသမည်ဖြစ်ကြောင်း ALL Asis Exclusive ခရီးသွားကုမ္ပဏီမှ သိရသည်။ ဂျာမနီနိုင်ငံတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော ဘာလင်ခရီးသွားပြပွဲကို မတ် ၇ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၈၀ မှ ပြည်သူတစ်သောင်းကျော် လာရောက်ကြမည့် ခရီးသွားပြပွဲဖြစ်ကြောင်း သိရသည်။ မြန်မာဈေးကွက် မြှင့်တင်ရေးကော်မတီ အပါအဝင် ခရီးသွားကုမ္ပဏီများ၊ လေကြောင်းလိုင်းများ ပူးပေါင်း၍ သွားရောက်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံပြခန်းအတွက် ကုန်ကျငွေကို ကုမ္ပဏီများက ခွဲဝေကျခံမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတစ်ခုလုံး၏ အကျယ်သည် စတုရန်းမီတာ ၁၆၀၀၀၀ ကျယ်ဝန်းပြီး မြန်မာပြခန်းအကျယ်မှာ ၁၁၆ စတုရန်းမီတာ ရှိကြောင်း သိရသည်။ ITB Berlin ခရီးသွားပြပွဲသည် ကမ္ဘာ့ခရီးသွားပြပွဲ (World Travel Mart) ကဲ့သို့ပင် အကြီးဆုံး ခရီးသွားဈေးကွက်ဖြစ်ပြီး ပြပွဲတွင် ခရီးသွားဈေးကွက်ဖြစ်ပြီး ပြပွဲတွင် ခရီးစဉ်ရောင်းချသူများက ၉၂ ရာခိုင်နှုန်း ကျေနပ်မှုရှိကြောင်း အဆိုပါ ခရီးသွားပြပွဲဆိုင်ရာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။

Myanmar Express

ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုး


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ကရင်နီ ပြည်သူပါတီ (KNPP) တို့ ကယားပြည်နယ် လွိုင်ကော်မြို့ ၊ ပြည်နယ် ဧည့်ရိပ်သာ ကန္ဒာရဝတီ ခန်းမတွင် ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အပစ်အခတ် ရပ်စဲရေး စတင် ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း နှစ်ဖက် ခေါင်းဆောင်များက သတင်း ထုတ်ပြန်သည်။

အဆိုပါ ဆွေးနွေးပွဲကို ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နှင့် ကရင်နီ ပြည်သူ့ပါတီ (KNPP) မှ Major General Beehtoo၊ Chuooreh တို့ ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွင်း အမေရိကန် သံမှူး၊ ဗြိတိသျှသံရုံး ဒုတိယ အတွင်းဝန်၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ဌာနေ ကိုယ်စားလှယ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း နှစ်ဘက် ဆွေးနွေးရာတွင် သဘောတူညီမှု အချက် (၂၀) ကို အဓိကထား ဆွေးနွေးခဲ့ ကြပြီးနောက် အပြန်အလှန် တောင်းဆိုညှိနှိုင်းမှုများ ပြုလုပ်ကာ ယင်းတို့ နှစ်ဦး သဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကရင်နီ ပြည်သူ့ပါတီ (KNPP) ကို ၁၉၅၇ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာ စစ်အစိုးရကို စစ်ရေးအရရော နိုင်ငံရေးအရပါ တော်လှန် နေသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

KNPP မှာ (၂၀၀၈) ခုနှစ် ဖွဲစည်းပုံ အခြေခံဥပဒေနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို ဆန့်ကျင်သည့် ကြေညာချက် တစ်စောင်ကို ၂၀၁၀ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ (၁၉၉၅) ခုနှစ်တွင် KNPP နှင့် မြန်မာ စစ်အစိုးရတို့ (၃) လကြာ နှစ်ဘက်သဘောတူ အပစ်အခတ် ရပ်စဲခဲ့ သော်လည်း နောက်ပိုင်းတွင် အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်သွားပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

အလားတူ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တရုတ်ပြည် ရွှေလီမြို့၌ မတ်လ (၈) ရက်နေ့ မနက်ဖြန်တွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

Myanmar Express

ထမင်းအိုးတည်ရာမှတစ်ဆင့် ကြည့်မြင်တိုင်မြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့

From : MRTV4

ကြည့်မြင်တိုင်မြို့နယ်၊ သရက်တောရပ်ကွက်၊ သရက်တော၂လမ်း အထက်မှာ မတ်လ ၅ ရက်နေ့ မနက်  ၄နာရီကျော်ခန့် က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုဟာ ထမင်းအိုး တည်ရာကနေ လောင် ကျွမ်းဖြစ်ပွားခဲ့တဲ့ မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ မီးလောင်ကျွမ်းမှုမှာ အိမ်အမှတ် ၁၀၄ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှုကို နံနက် ၄နာရီမိနစ် ၄၀မှာ သတင်းရရှိ ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ၁၅မိနစ်ခန့်မှာတော့ မီးထိန်းနိုင် ခဲ့ပြီး နံနက်၅နာရီ ခန့်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီလို လောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူနဲ့ သေဆုံးသူ မရှိခဲ့ပေမယ့်လည်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ် ၃၅သိန်းခန့် ရှိပါတယ်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုတွေကတော့ ၄ခန်းတွဲ ပျဉ်ထောင်အိမ်တစ်လုံး၊ အုတ်ညှပ် တိုက်အိမ်တစ်လုံးနဲ့ တစ်ခြမ်းတို့ ပျက်စီးခဲ့ပါတယ်။ အဆိုပါ မီးလောင်မှုကို မီးသတ်ယာဉ် ၃၁စီး၊ အထောက်အကူပြုယာဉ် ၂စီးနဲ့ အုပ်ချုပ်မှု ယာဉ် ၅စီးတို့မှ သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
 
 Myanmar Express 

ဗုဒ္ဓ = ဟာသ ?

2158 NBC_SNL_Rude_Buddha


အစဉ်အလာကြီးမားစွာ၊ သိက္ခာကြီးမားစွာ ရပ်တည်တဲ့ ဗုဒ္ဓဘာသာကို အမေရိကန် ရုပ်သံလိုင်းနဲ့တွေ့မှ ဟာသ ဖြစ်ကုန်ပါတော့တယ်။ အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့ပါတယ်။

ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့ပါတယ်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့ပါတယ်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် "သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်​ရောက်ရှင် သန်မည်သာဖြစ်သည်။" ဟု ဖြေကြားခဲ့ပါတယ်။

2158 NBC_SNL_Rude_Buddha1


အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်​ဖြေကြား ခဲ့ပါတယ်။

ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့ပုံကို တင်ဆက်ပြသသွားပါတယ်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်​ပေါက်​ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" လို့ ပြောကြားသွားခဲ့ပါတယ်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" လို့ ရိုင်းပျစွာ ဆိုသွားခဲ့ပါတယ်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား "ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။" လို့ ပြော ဆိုခဲ့ပါတယ်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါ​ရောက်​မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့ပါတယ်။

Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာက​တော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်း​တွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့် ဝေဖန်ခွင့်တွေနဲ့ လွတ်လပ်စွာ တင်ဆက်ခွင့်တွေ ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလည်း အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို လွတ်လွတ်လပ်လပ် ဒီမိုကရေစီ ကျကျပဲ ဟာသလုပ်ကာ လှောင်ပြောင် ရိုင်းပြ သွားပါတယ်။

ဗုဒ္ဓဘုရားရှင်ကိုလှောင်ပြောင်ရိုင်းစိုင်းတဲ့ အမေရိကန်နိုင်ငံကို မြန်မာအစိုးရ အတိုက်အခံအားလုံးက လေးစားအားကျပြီး အတင်ကြီးကြတဲ့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း NBC အပါအဝင် အခြား အမေရိကန် ရုပ်သံလိုင်းများနဲ့ အဆက်အသွယ်ရှိသူဖြစ်ပါတယ်။

အခုလို အမေရိကန် ရုပ်သံရဲ့ ဗုဒ္ဓကို လှောင်ပြောင်စော်ကားတဲ့ ဟာသ ပေါ်လာတာဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ကာ ရွှေညဝါ ဘုန်းကြီးနဲ့ တွေ့အပြီး ၂ လ အကြာမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အားတိုင်း ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုတွေလုပ်တတတ်တဲ့ အမေရိကန်ရောက် ဗုဒ္ဓဘာသာ မြန်မာတွေကလည်း တောင်းဆိုမှုတွေ ကန့်ကွက်မှုတွေ လုံးဝ မရှိသေးသလို ၊ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘာမှမဝေဖန်ပဲ မသိချင်ဟန်ဆောင်နေပါတယ်။

အလားတူဖြစ်စဉ်မျိုး နဲ့ ပုံစံတူတစ်ခုလည်း ဗြိတိန်အခြေစိုက် BBC သတင်းဌာနကလည်း မနှစ်က မြန်မာတိုင်းရင်းသားတွေကို စော်ကားမှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ရခိုင်ပြည်နယ်ကို ရိုအင်ဂျာပြည်နယ် အဖြစ် သတ်မှတ်ဖော်ပြကာ ရိုအင်ဂျာကို မြန်မာတိုင်းရင်းသား လူမျိုးအဖြစ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၎င်း သတင်းဖော်ပြချက်ကိုလည်း အမြဲ ဆန္ဒပြတတ်တဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာတွေရော၊ ဘီဘီစီနဲ့ အမြဲတွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကပါ ဘာမှ ဝင်မပြောပဲ မသိချင်ဟန်ဆောင်နေကြောင်း သိရပါတယ်။



Myanmar Express


၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ