Subscribe to our RSS Feed

ဝန်ထမ်းလစာ တိုးခြင်းအစား ထောက်ပံ့မှုများ တိုးမြှင့်ရန် စဉ်းစား ဆောင်ရွက်သွားမည်ဟု သမ္မတပြောကြား

From :ခေတ်လူငယ်

မြန်မာနိုင်ငံ၌ လူတန်းစား ကွာဟချက်များ၊ ဆင်းရဲနွမ်းပါးမှုများ ကြီးမားစွာရှိနေမှုကြောင့် ဝန်ထမ်းများကို လစာတိုးရန် မဖြစ်နိုင်သေးဘဲ လစာတိုးခြင်းအစား လစာမဟုတ်သော ထောက်ပံ့ကူညီမှုများ တိုးမြှင့်ရန် စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝးတွင် ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားသည့် နိုင်ငံတော်သမ္မတမိန့်ခွန်းတွင် ဝန်ထမ်းလစာ တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ သမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရမည့် ဝန်ထမ်းများအနေနှင့် အပိုကုန်ကျစရိတ်များ လျော့နည်းပပျောက်ရန် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ပြောဆိုသည်။ “ဝန်ထမ်းတွေလစာ တိုးမြှင့်ပေးလိုက်လို့ ခံသာပေမယ့် အစိုးရဝန်ထမ်းမဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာဖြစ်ပါတယ်” ဟု သမ္မတ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန်နှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ပြည်သူလူထုအတွက် အကျိုးမရှိသော စီမံကိန်းများကို ရပ်ဆိုင်ပြီး လာမည့်ဘဏ္ဍာနှစ် ဧပြီလမှ စတင်ကာ ဝန်ထမ်းလစာတိုးမြှင့်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အဆိုပြုခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နိုင်ငံတော် သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော် အနေနှင့် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁,၀၂၃ ဒသမ ၂၉၈ ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းလိုငွေကျပ် ၂၅၁၇ ဒသမ ၈၈၈ ဘီလီယံရှိသည့်အတွက် လာမည့် ဘဏ္ဍာရေးနှစ် ဝန်ထမ်းလစာ တိုးရန်မလွယ်ကူကြောင်း ရှင်းလင်းပြောကြားသွားသည်...
 
 Myanmar Express

ဘယ်တိုင်းတစ်ပါးသားဖြစ်ဖြစ် ဘယ်တော.မှ အရူံးမပေးတဲ. မြန်မာ.သတ္တိ

                                    မြန်မာ.သတ္တိကိုပြလိုက်သော စောငမန်း
video

  Myanmar Express

ဝက်ခြံပျောက်ရန်အတွက် ကွန်ဒုံးမှ ချောဆီကို အသုံးပြုသူ များပြားလာ


နံပါတ် One Plus တံဆိပ်ကွန်ဒုံးမှ ချောဆီကို အသုံးပြုပြီး ၀က်ခြံပျောက်ကင်းဖို့ နည်းလမ်းအသစ်တစ်ခုအဖြစ်ကမ္ဘောဒီးယားမှ အမျိုးသမီးတွေကတွေ့ရှိခဲ့ပါတယ်။ နံပါတ် One Plusျ တံဆိပ်ကွန်ဒုံးပြုလုပ်တဲ့ စက်ရုံမှ အသုံးပြုတဲ့ ရေဓာတ်အခြေခံတဲ့ ချောဆီဟာ ၀က်ခြံပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့တွေ့ရှိခဲ့ပါတယ်။ ကွန်ဒုံးမှ ချောဆီကိုအသုံးပြုတာနဲ့ပတ်သက်ပြီး အသက် ၂၉နှစ်အရွယ် ကမ္ဘောဒီးယားအမျိုးသမီး Khen Janny က ““ကွန်ဒုံးက ချောဆီကို သုံးရက် အသုံးပြုပြီးနောက်မှာ ကျွန်မ၀က်ခြံတွေ အားလုံးခြောက်သွားပြီး ပျောက်ကင်းသွားပါတယ်။ အချို့လူတွေကတော့ မယုံကြည်ကြပါဘူး။ ဒါပေမဲ့ အသုံးပြုသူတိုင်းက ၀က်ခြံပျောက်သွားကြပါတယ်။ကျွန်မရဲ့ ညီမနဲ့ အဒေါ်လည်း အသုံးပြုပါတယ်။ အခုတော့ လူအတော်များများအသုံးပြုနေကြပါပြီ။ သုံးရက် ဒါမှမဟုတ်လေးရက်လောက် အသုံးပြုပြီးရင် ၀က်ခြံတွေ လုံးဝကင်းစင်သွားကြလို့ပါ”” လို့ ပြောပြပါတယ်။ ယခုအခါ ကမ္ဘောဒီးယားနိုင်ငံမှ ဏှု PSI (Population ServicesInternational) က ထုတ်လုပ်တဲ့ နံပါတ် One Plus တံဆိပ်ကွန်ဒုံးဟာပြည့်တန်ဆာလိုမျိုး Sex နဲ့ ပတ်သက်ပြီးအလုပ်လုပ်သူတွေ၊ အဖော်တစ်ဦးထက်ပိုပြီး လိင်ဆက် ဆံမှုပြုသူတွေ၊ လိင်တူ ဆက်ဆံသူတွေ အတွက်သာ အသုံးဝင်ရုံသာမက ၀က်ခြံပျောက်ကင်းဖို့အတွက်ပါ ကျော်ကြားလျက်ရှိကြောင်း သိရပါတယ်။

Myanmar Express

ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်းကို ပြန်လည်ဖောက်လုပ်တော့မည်

From :ခေတ်လူငယ်

ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့်သံဖြူဇရပ်ရှိ မီးရထားလမ်းဟောင်းကို အသစ်ပြန်လည်ဖောက်လုပ်တော့မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါရထားလမ်းသည် ဖက်ဆစ်ဂျပန်တို့ မြန်မာပြည်သူများကို ချွေးတပ်အဖြစ်ခေါ်ယူကာဖောက်လုပ် ခဲ့ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့သော ကြောင့် “သေမင်းတမန်ရထားလမ်း” ဟု တင်စားထားသည့် ရထားလမ်းလည်း ဖြစ်ကာ နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများ ရှိကြောင်းသိရသည်။ “ ထိုင်းဘက်ခြမ်းမှာ သေမင်းတမန် ရထားလမ်းဖောက်လုပ်ပြီးနောက် ခရီးသွားလုပ်ငန်းအောင် မြင်နေပါတယ်။ ဒါကြောင့် ဒီသေမင်းတမန်ရထားလမ်းကို အမြန်ဆုံး အကောင်အထည်ဖော်သွားပါမယ်” ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် မွန်ပြည်နယ်တွင်ပြုလုပ်သော ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။ အဆိုပါ ရထားလမ်းကို မွန်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ပြန်လည်ဖောက်လုပ်ကာ ရထားလမ်းအရှည်မိုင် ၆၀ ရှိကြောင်း သိရသည်။ “ အဓိကတော့ ဂျပန် ခေတ်က ထိုင်းနယ်စပ်ကို သွားလာနိုင်ဖို့ ဒီရထားလမ်းကို ဖောက်တာပါ။ မြန်မာတွေရဲ့ အသက်ပေါင်းများစွာ စတေးခဲ့တဲ့ နေရာပဲ။ ရထားလမ်းဇလီဖာတုံးတစ်ခု စီမှာ အသက်တွေရှိ နေတယ်လို့ တင်စားပြီး သေမင်းတမန်ရထားလမ်းလို့ နာမည်ကြီးပါတယ်” ဟု မြန်မာ့ မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ “ ထိုင်းဘက်က ခရီးသည်တွေ ရထားလမ်းကို လာကြည့်ကြတယ်။ သံဖြူဇရပ်မှာလဲ ရထားလမ်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းဓာတ်ပုံနဲ့ အတူ ပြတိုက်လဲရှိပါတယ်” ဟု ယင်းက ဆက်ပြောသည်။ အဆိုပါ ရထားလမ်းဟောင်း စီမံကိန်းကြီးကို ၁၉၄၂ ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်း စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခင်ရထားလမ်းအရှည်သည် ၄၁၅ ကီလိုမီတာရှိကြောင်းသိရှိရသည်....
 
 Myanmar Express

ထုတ်/တင် စာနယ်ဇင်းအချို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသောပုံများ ထည့်သွင်း ဖော်ပြလာမှုများအတွက် စာပေစိစစ်ရေးဌာနက သတိပေး

From :မြန်မာတိုင်းမ်

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ဖြစ်စေရေး အတွက် စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ များအား အဆင့်ဆင့် ပြောင်းလဲကျင့်သုံး လျက်ရှိရာ (ထုတ်/တင်)စနစ် ပထမဆင့် အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက် နေ့တွင် ဘာသာရပ်ငါးခုအား လည်းကောင်း၊ ဒုတိယဆင့်အနေဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဘာသာရပ် နှစ်ခုအားလည်းကောင်း၊ တတိယဆင့် အနေဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ တွင် ဘာသာရပ်တစ်ခုအားလည်းကောင်း ခွင့်ပြုပေးခဲ့ပြီး ပညာရေး၊ စီးပွားရေး၊ မှုခင်းနှင့်ဥပဒေဆိုင်ရာ၊ အနုပညာ သုတ ရသ၊ ကျန်းမာရေး၊ နည်းပညာ၊ အား ကစား၊ ကလေးဆိုင်ရာတို့နှင့် ပတ်သက် သည့် ဘာသာရပ်များဖြစ်ကြောင်း သိရ သည်။ ခွင့်ပြုခဲ့သည့် ဘာသာရပ်ရှစ်မျိုးသည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင် တင်ပြရန် မလိုအပ်ဘဲ ကိုယ်တိုင် စိစစ်၊ ပုံနှိပ်ထုတ်ဝေသည့်စနစ် (ထုတ်/ တင်)အဖြစ် ပြောင်းလဲကျင့်သုံးလျက်ရှိ ရာ အချို့သော (ထုတ်/တင်)ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် မြန်မာ့ရိုးရာ ယဉ်ကျေး မှုရှုထောင့်အရ ဖော်ပြရန် လုံးဝမသင့် လျော်သည့် အမျိုးသမီးပုံများအား ထည့်သွင်းဖော်ပြလာကြောင်း တွေ့ရှိ နေရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ က "ထုတ်/တင် စနစ်ဆိုတာ သတ်မှတ် ပေးထားတဲ့ စာပေစိစစ်ရေးမူဝါဒတွေနဲ့ အညီ ထုတ်ဝေသူကိုယ်တိုင်က ကိုယ်တိုင် စိစစ်၊ ပုံနှိပ်၊ ထုတ်ဝေတာမျိုး ဖြစ်ပါတယ်။ ဒီလိုထုတ်ဝေရာမှာ လွတ်လပ်မှုနဲ့ တာဝန် ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား တို့ကို အခြေခံပြီး ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ မြန်မာ့ယဉ်ကျေးမှုအရ ဖော်ပြရန် မသင့်တဲ့ ပုံတွေကို မဖော်ပြဖို့အတွက် လည်း စာပေစိစစ်ရေးဆိုင်ရာမူဝါဒများ အနေနဲ့ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်"ဟု ပြောကြားသည်။
"မကြာမီပေါ်ပေါက်လာတော့မယ့် ပုံနှိပ်မီဒီယာဥပဒေနဲ့အညီ အံဝင်ခွင်ကျ ဖြစ်စေဖို့ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ တွေကို အဆင့်ဆင့် ပြောင်းလဲကျင့်သုံး ရာမှာ အပြုသဘောနဲ့ဆောင်ရွက်ခဲ့ပါ တယ်။ အချို့သောစာစောင်များနဲ့ ပတ် သက်လို့ကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်တဲ့အတွက် ထုတ်ဝေခွင့် အပြီး ပိတ်သိမ်းခံရမယ်ဆိုတဲ့အထိ နောက်ဆုံး အကြိမ် ပြင်းထန်စွာ သတိပေးခဲ့ရတာ တွေ ရှိပါတယ်။ (ထုတ်/တင်)တွေမှာ အများဆုံးတွေ့ရတဲ့ စည်းကမ်းချိုး ဖောက်မှုတွေကတော့ ပုံနှိပ် မှတ်တမ်း မပြည့်စုံတာတွေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ပုံတွေ၊ ကြော်ငြာတွေ ဖော်ပြ တာတွေ၊ သတ်မှတ်ပေးထားတဲ့ကဏ္ဍက နေ ဘောင်ကျော်လွန်ပြီး ရေးသားတာတွေကို တွေ့နေရပါတယ်" ဟု စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေး မှူးဦးမျိုးမြင့်မောင် က ပြောသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးက ပြောကြားရာတွင် "အားကစားဂျာနယ် တွေမှာ လောင်းကစားဆန်တဲ့ အသုံး အနှုန်းတွေ ဖော်ပြပါရှိ နေတာတွေ၊ အားကစားသမားတွေရဲ့အကြောင်း ဖော်ပြရာမှာ နိုင်ငံခြားသူတွေဆိုပြီး မတော်တရော်ပုံတွေ စည်းလွတ်ဝါးလွတ် ဖော်ပြ နေတာတွေ၊ မိမိထုတ်ဝေရမယ့် ဘာသာရပ်အမျိုးအစားမှာ ပါဝင်ရမယ့် ကဏ္ဍထက် ကျော်လွန်ပြီး ကြိုတင် တင်ပြခွင့်ပြုချက်ရယူပြီးမှ ထုတ်ဝေနေ တဲ့ (တင်/ထုတ်) စာစောင်တွေလို ရေးသားနေတာတွေ၊ ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ကြော်ငြာတွေထည့်သွင်း နေတာ တွေနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာ ထုတ်ဝေသူ၊ အယ်ဒီတာ အဖွဲ့တွေတင်မကဘဲ အုပ်စုအလိုက် ခေါ်ယူဆွေးနွေး ပညာပေးမှု တွေ ပြုလုပ် ပေးနေရပါတယ်" ဟုဆိုသည်။
ယခုတလော ထွက်ရှိလာသည့် နည်း ပညာစာစောင်တစ်ခုဖြစ်သော The IT Times ဂျာနယ်မျက်နှာဖုံး နှင့် အတွင်းပုံ ပါ သရုပ်ဆောင် တစ်ဦး၏ ၀တ်စား ဆင်ယင်မှုနှင့်ပတ်သက်၍ ထုတ်ဝေသူ တစ်ဦးက "ဒီလိုပုံမျိုးကတော့ စည်းကမ်း နဲ့မညီတဲ့အပြင် လက်ခံဖို့လည်း မသင့် တဲ့ပုံများ ဖြစ်ပါတယ်။ ကိုယ်တိုင်တာဝန် သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှုရှိစေဖို့ အတွက် အခုလို စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ အဆင့်ဆင့်ကို ပြောင်းလဲကျင့်သုံး နေရာမှာ ဂရုပြုဆောင်ရွက်နိုင်ဖို့ အထူး အရေးကြီးပါတယ်"ဟု ပြောသည်။
"(ထုတ်/တင်)စနစ် စတင်ကျင့်သုံး ကတည်းက ဌာနအနေနဲ့သော်လည်း ကောင်း၊ စိစစ်ရေးအဖွဲ့အနေနဲ့သော် လည်းကောင်း၊ စိစစ်သုံးသပ်တင်ပြရေး အဖွဲ့အနေနဲ့သော်လည်းကောင်း သတိ ပေး၊ အရေးယူဆောင်ရွက်ခဲ့ရတဲ့ စာ စောင်တွေကို စနစ်တကျ မှတ်တမ်းတင် ထားပါတယ်။ အနုပညာသုတရသဖြစ် သော Oasis ဂျာနယ်၊ 8 Days ဂျာနယ်၊ Now ဂျာနယ်၊ အားကစားဂျာနယ်များမှ တက်လမ်းဂျာနယ်၊ Euro Sport ဂျာနယ်၊ 9 Plus ဂျာနယ်၊ Forever ဂျာနယ်၊ Waka Waka ဂျာနယ်၊ First Line Up ဂျာနယ်တို့အား ပုံများဖော်ပြမှုများနှင့် ပတ်သက်၍လည်းကောင်း၊ စီးပွားရေး ဆိုင်ရာ ဂျာနယ်များအနက် Express Times ဂျာနယ်၊ မြနန္ဒာဂျာနယ်၊ မြန်မာ သမာဓိ ဂျာနယ်များအားလည်းကောင်း သတ်မှတ်သည့်ကဏ္ဍထက် ကျော်လွန် ရေးသားမှုများကြောင့် လည်းကောင်း သတိပေးအရေးယူမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံးအရေးယူရမယ့်နည်းလမ်းကတော့ ထုတ်ဝေခွင့် အပြီး ပိတ်သိမ်းဖို့ပဲ ရှိပါတော့တယ်" ဟု ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ဆိုသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း စည်းမျဉ်းစည်းကမ်းများ ကျော်လွန်ချိုးဖောက်နေမှုများနှင့် ပတ် သက်၍ "ဘယ်သူ့ကိုတော့ သာစေ၊ ဘယ်သူ့ကိုတော့ နာစေဆိုတာ မရှိပါဘူး။ ချိုးဖောက်မှုပေါ် မူတည်ပြီး လိုအပ်သလို အရေးယူဆောင်ရွက် နေတာပါ။ ပုံနှိပ် မီဒီယာဥပဒေမထွက်ခင် အသွင်ကူး ပြောင်းရေးကာလမှာ အပြုသဘောနဲ့ သိမ်မွေ့ညင်သာစွာ ဆောင်ရွက်နေမှု အပေါ်မှာ သက်ဆိုင်ရာဂျာနယ်၊ စာစောင်တွေအနေနဲ့ ပူးပေါင်းဆောင် ရွက်နိုင်ဖို့ အထူးပဲလိုအပ်ပါတယ်။ တည်ဆဲဥပဒေ၊ အမိန့်နဲ့ ညွှန်ကြားချက် များအရ ထိထိရောက်ရောက် အရေးယူ မယ်ဆိုရင် နစ်နာဆုံးရှုံးရမှာက သက်ဆိုင်ရာ ထုတ်ဝေသူများပဲဖြစ်တယ်" ဟု ပြောကြားသည်။
ယခုအခါ ပြည်တွင်းပုံနှိပ်မီဒီယာ လောကတွင် ဂျာနယ် ၂၀၄ စောင်၊ မဂ္ဂဇင်း ၁၈၉ စောင်နှင့် အထွေထွေထုတ်ဝေခွင့် များ အပါအ၀င် ထုတ်ဝေခွင့်ပေါင်း ၁,၀၁၆ ခု ထုတ်ဝေလျက်ရှိကြောင်း စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ ထုတ်ပြန်ထား သော စာရင်းများအရ သိရသည်။

Myanmar Express

စိတ်မပါလည်းပဲ ဒေါ်စုကို သွားကြည့်ကြဖို့ မန္တလေးတွင် နားငြီးအောင် အော်နေ


ဒေါ်အောင်ဆန်းစုကြည်ကို စိတ်မပါသည်ဖြစ်စေ ပါသည်ဖြစ်စေ ခဏလောက်တော့ သွားကြည့်ကြဖို့အတွက် မန္တလေးမှာ ကားနဲ့လိုက်အော်နေတာကြောင့် လူအများ ဒသခံလူအများ စိတ်ပျက်နေကြတယ်လို့ မန္တလေးက လာတဲ့သတင်းတွေအရ သိရပါတယ်။

မန္တလေးမြို့ဟာ ဘာသာတရားထွန်းကားပြီး တရားသံတွေ အလှူခံအသံတွေ နေရာအနှံ့ကြားနေရတဲ့ မြို့ဖြစ်ပါတယ်။ အခုတော့ ဘုရားကြီးအရှေ့မုတ်မှာ နဲ့ တောင်ဖက်မုတ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် လာကြည့်ကြဖို့ အတင်းအော်သံတွေ ဆူညံနေကြောင်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်ဆု ရထားကြောင်းအပါအဝင် မဟုတ်တာတွေရော ဟုတ်တာတွေရော စုံနေကြောင်းကြွားကာ ဆူညံအောင်အော်နေကြောင်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်များအတွက် သက်ဆိုင်ရာ ဒေသများမှ NLD ပါတီဝင်များကို လူစည်ကားစေဖို့ ငွေအင်အား၊ လူအင်အား အလုံးအရင်း သုံးဖို့ ညွန်ကြားထားပြီး လူမစည်ကားပါက သက်ဆိုင်ရာ ပါတီဝင်များ အထောက်အပံ့တွေ မရရှိနိုင်ကြောင်း ဖိအားပေးမှုတွေ ရှိတယ်လို့လည်း သတင်းအချို့ ကြားရပါတယ်။ ဒါကြောင့် ဘယ်ပါတီမှာမှ မလုပ်တဲ့ ပုံစံတွေနဲ့ အတင်းလိုက်အော်နေကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့ဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးနန်းတည်ရာမြို့ဖြစ်ပြီး နောက်ဆုံးဘုရင်ကို အင်္ဂလိပ်နယ်ချဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတဲ့ မြို့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နယ်ချဲ့အင်္ဂလိပ်ကို ယူထားသူဖြစ်ပြီး ကလေးနှစ်ယောက် မွေးပေးထားသူဖြစ်ပါတယ်။


မန္တလေး နန်းတော်ရှေ့မှာ အင်္ဂလိပ်ခွေးကို ကြင်နာကြသလောက် မြန်မာ လူသားတွေကိုတော့ ဒူးထောက်ခစားခိုင်းသော နယ်ချဲ့များ

အင်္ဂလိပ်နယ်ချဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ကလေးမွေးပေးစဉ်

NLD ပါတီ ရဲ့ မဲဆွယ်မှုများက စည်းမဲ့ကမ်းမဲ့ မှုတွေ၊ ဥပဒေနဲ့ မညီညွတ်တာတွေ အများအပြားရှိနေကြောင်း နာမည်ပျက်နဲ့ ကျော်ကြားနေပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သိန်းလင်းကတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူတွေကို လမ်းပိတ်ဆို့အောင်၊ သွားလာရေးခက်ခဲ ရှုတ်ထွေးစေအောင် ဘယ်တော့မှ မလုပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Myanmar Express

မတ်လဆန်းတွင် တန်ဖိုးနည်း GSM ဖုန်းများ ချထားပေးမည်

From :MRTV4

တန်ဖိုးနည်း GSM ဖုန်းများကိုလာမယ့် မတ်လဆန်းပိုင်း အတွင်းမှာ ရောင်းချပေးသွားမှာ ဖြစ်တယ် လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ တန်ဖိုးနည်းဖုန်များ နောက်လမှာ ချထားပေးဖိုအတွက်ကို လိုအပ်တဲ့ အခြေခံဆက်သွယ် ရေးပိုင်းဆိုင်ရာများတည်ဆောက်မှုကို ယခုလအတွင်း အပြီးတည်ဆောက်မှာဖြစ်ပြီး လကုန်ပိုင်းမှာ အဆိုပါ ပစ္စည်းတွေကို စမ်းသပ်မှု များ ပြုလုပ်ကာ တန်းဖိုးနည်း GSM ဖုန်းတွေကို ချထားပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ တန်ဖိုးနည်း ဖုန်းတွေကို ရောင်းချရာမှာ မြန်မာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် ဈေးနှုန်း ကိုတော့ မြန်မာကျပ်ငွေ သုံးသိန်း ထက်မပိုပဲ ရောင်းချပေးမှာဖြစ်ပြီး ယခုလက်ရှိမှာတော့ ဈေးနှုန်း အတိအကျ မသတ်မှတ်ရ သေးကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို တစ်ဆင့်ပြန်လည် ရောင်းချလိုသူတွေ အနေနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှာ တိုက်ရိုက်ဝယ်ယူ ရမှာမဟုတ်ဘဲ Sim Card များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိတဲ့ ပြည် တွင်း ပုဂ္ဂလိကကုမ်္ပဏီ ၂၃ ခုနဲ့သာ ချိတ်ဆက်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို တန်ဖိုးနည်းဖုန်း Sim Card ဖုန်းများ ရောင်းချပြီး ၆ လအတွင်းမှာ Multimedia Service MMS စနစ်ကိုပါ အသုံးပြုနိုင်အောင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

 Myanmar Express 

အနောက်နိုင်ငံများက ပြန်ချဉ်းကပ်လာသော်လည်း တရုတ်နှင့်ဆက်ဆံရေးကို ထိခိုက်ခံမည်မဟုတ်

From : မြန်မာတိုင်းမ်

အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ်တွင် ပြန်လည်ချဉ်းကပ်မှုများ ရှိလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို မည်သို့မျှ အထိခံမည်မဟုတ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌမစ္စတာဝူဘန်ကိုနှင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တရုတ် နိုင်ငံပေဂျင်း မြို့တွင် တွေ့ဆုံစဉ်ပြော ကြားသည်။
ပြီးခဲ့သည့် လများအတွင်း မြန်မာနိုင်ငံ သို့ အနောက်နိုင်ငံများမှ ၀င်ထွက်သွား လာမှု အများအပြားရှိခဲ့ရာ ထိုခရီးစဉ် အများအပြားတွင် ၎င်းနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်စဉ်ကလည်း တွေ့ဆုံခဲ့ရာ မြန်မာ - အမေရိကန်ဆက်ဆံရေး ပုံမှန် ပြည်လည်ကောင်းမွန်လိုကြောင်း ပြော ကြားခဲ့သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ်တွင် မည်သို့ပင်ပြန်လည်ချဉ်းကပ် လာသော်လည်း တရုတ် - မြန်မာနှစ်နိုင်ငံ အကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေးကို ဆက်လက် အလေးထားဆောင်ရွက်ပေးသွားကြရ မည်ဟု ၎င်းက ပြောသည်။
မစ္စတာဝူဘန်ကိုကလည်း အနောက် နိုင်ငံများနှင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်လာရေး ဆောင်ရွက်ရာတွင် တရုတ်နှင့် ဆက်ဆံရေးအပေါ်မထိခိုက် စေရေး ဆောင်ရွက်သွားမည်ဆိုခြင်း အတွက် ၀မ်းမြောက်မိသည်ဟု ပြန်လည် ပြောကြားခဲ့သည်။
ထိုတွေ့ဆုံပွဲတွင် မစ္စတာဝူဘန်ကို က ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်း ထားရန် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက် ကို ရည်ညွှန်း ပြောကြားခဲ့ကာ အဆိုပါ ကိစ္စအပေါ်တွင် ကောင်းမွန်စွာဖြေရှင်း နိုင်မည်ဟု ယုံကြည်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်းပြည်ပအခြေအနေများကြောင်း ဖြစ်သည်ဟု ယူဆကြောင်းနှင့် တရုတ် နိုင်ငံတွင်လည်း မြစ်ကျဉ်းသုံးသွယ် ကဲ့သို့သော ရေကာတာကြီးများ ဆောက်လုပ်ခဲ့ရာ များစွာအကျိုး ကျေးဇူး ဖြစ်ထွန်းသည်ဟု မစ္စတာဝူဘန်ကိုက ပြောကြားသည်။
အနောက်နိုင်ငံများအနေဖြင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကိစ္စ၊ ရာသီဥတု ပြောင်းလဲမှုကိစ္စများကို ထောက်ပြကာ စီးပွားရေးလုပ်ငန်း တချို့ကို အနှောင့် အယှက်ပြုနေကြသည်ဟုလည်း ၎င်းက ပြစ်တင်ပြောကြားခဲ့သည်။
သူရဦးရွှေမန်းက တရုတ် - မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် မြစ်ဆုံကိစ္စဖြစ်ပွားခဲ့ခြင်းကို သင်ခန်း စာယူလုပ်ဆောင်သွား ကြရမည်ဟု ပြော ကြားခဲ့သည်။
နှစ်နိုင်ငံ လက်ရှိစီမံကိန်းကြီးများ ဖြစ် သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက် လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကားလမ်းနှင့် မီးရထားလမ်းကိစ္စများမှာ နှစ်နိုင်ငံ အကျိုးရှိစေမည့် စီမံကိန်းကြီး များဖြစ်ပြီး အောင်မြင်စွာဆက်လက် အကောင်အထည် ဖော်သွားနိုင်ရေး အတွက် ဆက်လက်တာဝန်ယူလုပ်ဆောင် သွားမည်ဟု ၎င်းကပြောသည်။
သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာဝူဘန်ကို၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ တရုတ် နိုင်ငံသို့ နှစ်နိုင်ငံဘက်စုံကဏ္ဍစုံမဟာ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သွားရောက်ခဲ့သည်။ 

Myanmar Express

နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားခြင်း ဓာတ်ပုံမှတ်တမ်း (၁၊၃၊၂၀၁၂)

From : http://myanmargazette.blogspot.com/

နေပြည်တော်မြို့ ပြည်ထောင်စုလွှတ်တော်အဆောက်အအုံကြီး

နိုင်ငံတော် သမ္မတကြီး မှ ပြည်ထောင်စုလွှတ်တော်ခန်းမတွင်းသို့ ကြွရောက်လာစဉ်

နိုင်ငံတော်သမ္မတကြီးမှ မိန့်ခွန်းပြောကြားစဉ်









ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြည်ထောင်စုလွှတ်တော် အမတ်များ



အစည်းအဝေးသို့တက်ရောက်လာသော ပြည်သူ့ကိုယ်စားလှယ်များ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်မှ ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စဉ်



ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို တွေ့ရစဉ်




နေရာ။ ။ပြည်ထောင်စုလွှတ်တော်ခန်းမ၊ နေပြည်တော်မြို့
အချိန်။ ။၀၁-၀၃-၂၀၁၂

Myanmar Express

သံတွဲတွင် ဖြစ်ပွားခဲ့သည့် အဲကမ္ဘောဇလေယာဉ် မတော်တဆဖြစ်မှုအတွက် အာမခံပေးရန် စီစဉ်နေ

From :မြန်မာတိုင်းမ်

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သံတွဲ လေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆ မှု ဖြစ်ပွားခဲ့သည့် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ လေယာဉ်ပျက်စီးမှု အတွက် အာမခံလျော်ကြေးပေးရန် စီစဉ်နေကြောင်း မြန်မာ့အာမခံလုပ်ငန်း မှ သိရသည်။
အဆိုပါ မတော်မဆမှုကြောင့် လေယာဉ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော်လည်း လိုက်ပါလာသူခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ထိခိုက်မှုတစ်စုံ တစ်ရာမရှိခဲ့ကြောင်း သိရသည်။
လေယာဉ်အာမခံအား မြန်မာ့အာမခံ မှတစ်ဆင့် နိုင်ငံခြားရှိအာမခံ လုပ်ငန်း တစ်ခုတွင် ထားရှိထားရာ အဆိုပါအာမခံ လျော်ကြေးငွေ ပေးရေးအတွက် လတ်တလော စီစဉ်နေဆဲဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။
"ကျွန်တော်တို့ လေယာဉ်ပျက်စီးမှု အတွက် အာမခံလျော်ကြေးပေးဖို့ စီစဉ် နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က စင်ကာပူနိုင်ငံက ကျွမ်းကျင်သူတစ်ဦးက ဖြစ်စဉ်ကို လေ့လာကြည့်ရှုသွားပါတယ်။အဲဒါလေ့လာချက်အရ လေယာဉ်က ပြန် ပြင်လို့ရနိုင်တဲ့အတွက် လျော်ကြေးငွေ အတိအကျကို မကြာမီတွက်ချက်အသိ ပေးမှာပါ"ဟု ၎င်းက ပြောသည်။
ဟဲဟိုးမြို့မှ ပျံသန်းလာသော အဲကမ္ဘောဇလေကြောင်းမှ လေယာဉ် အမှတ် K7-242/243 သည် ဖေဖော်ဝါ ရီလ ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် သံတွဲလေဆိပ်သို့ အဆင်းတွင် လေယာဉ် မှာ ညာဘက်သို့ဆွဲသွားပြီး ဟိုက်ဒရော လစ်ဘီးစနစ် ချွတ်ယွင်းခဲ့ရာမှ လေယာဉ် ၀မ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရသည်။
အဆိုပါ လေယာဉ်အား ကပ္ပတိန် ဦးအေးကိုကိုဆိုသူ မောင်းနှင်လာခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် စုစုပေါင်း ၅၁ ဦး လိုက်ပါခဲ့သည်။
"ခရီးသည် စုစုပေါင်း ၅၁ ဦးမှာ ၃၂ ဦး က နိုင်ငံခြားသားတွေဖြစ်ပြီး၊ ကျန် ၁၉ ဦး ကတော့ ပြည်တွင်းခရီးသည်တွေဖြစ်ပါ တယ်။ ခရီးသည်ကော လေယာဉ်ဝန်ထမ်း တွေပါ ထိခိုက်မှုတစ်စုံတစ်ရာမရှိပါဘူး" ဟု အဲကမ္ဘောဇလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လေကြောင်းလိုင်းအနေဖြင့် အာမခံ လျော်ကြေးရရှိရန်အတွက် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ကမ္ဘောဇဘဏ်အုပ်စုပိုင် အဲကမ္ဘောဇ လေကြောင်းလိုင်းကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က စတင်ထူထောင်ခဲ့ပြီး လက်ရှိ ရန်ကုန်မြို့မှ ညောင်ဦး၊မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ ကလေး၊ ကော့သောင်း၊ သံတွဲနှင့် စစ်တွေ မြို့များသို့ ပြေးဆွဲနေသည်။

 Myanmar Express

အင်ဒိုနီးရှားအား အနိုင်ရကာ ဆီမီး မျှော်လင့်ချက် အားကောင်းလာသည့် မြန်မာ ယူ-၂၁


ယနေ့ ညနေပိုင်းက ဘရူနိုင်း နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် မြန်မာ လူငယ် အသင်းသည် အင်ဒိုနီးရှား လူငယ် အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေ ကောင်းမွန် သွားခဲ့သည်။


မြန်မာအသင်းသည် ယခုပွဲစဉ်တွင် ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် ကျော်ကိုကိုအား အရန်ခုံတွင်သာ ထားကစားခဲ့ကာ တိုက်စစ်တွင် ကောင်းစည်သူအား အထောင်ထား ကစားခဲ့သည်။ ကောင်းစည်သူ နောက်တွင် ပထမပွဲ၌ ဟက်ထရစ် ရရှိထားသည့် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းအား နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားစေခဲ့ကာ ၎င်း၏ နောက်တွင် ကြည်လင်း၊ ဒေးဗစ်ထန်၊ ရဲဇော်ထက်အောင် နှင့် သိန်းသန်းဝင်း တို့အား နေရာ ချထားခဲ့သည်။ နောက်တန်းတွင်မူ ရန်အောင်ဝင်း၊ ညီညီအောင်၊ ဇော်မင်းထွန်း၊ နန္ဒကျော်တို့အား ပွဲထုတ် ခဲ့ပြီး ဂိုးသမား အဖြစ် ပြည့်ဖြိုးအောင်က တာဝန်ယူခဲ့သည်။

အင်ဒိုနီးရှား အသင်းက ပွဲချိန် မိနစ် (၂၀)တွင် အဖွင့်ဂိုး စတင်ရရှိခဲ့ သော်လည်း မြန်မာ အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ လိုက်သွင်းကာ ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှား ကွင်းလယ်မှ ထိုးပေးလိုက်သည့် ဘောလုံး အင်ဒို တိုက်စစ်မှူး ဗာမန်ဆာ တစ်ဦးတည်း လွတ်ထွက် သွားရာ ဂိုးသမား ပြည့်ဖြိုးအောင် ရှေ့တက် ကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးပေါက် ကျဉ်းထဲသို့ ကန်ထည့်သွား၍ မြန်မာတို့ နောက်မှ လိုက်ကစား ခဲ့ရသည်။ ထို့နောက်တွင် ကျော်ဇေယျာဝင်း ဂိုးသမားအား ကျော်ဖြတ် ကန်သွင်းချက် ဂိုးဝင်လု နီးပါး ဖြစ်ခဲ့သော်လည်း အင်ဒို နောက်ခံလူ အချိန်မီ တားဆီးခဲ့၍ မြန်မာတို့ ချေပဂိုးနှင့် ဝေးခဲ့ရသည်။ ထို့နောက်တွင် အင်ဒိုနီးရှား ဗာမန်ဆာ အဝေး ကန်ချက် ဘားထိထွက် ခဲ့၍လည်း မြန်မာတို့ သက်သာရာ ရခဲ့ကာ ပထမပိုင်း အပြီး အင်ဒိုနီးရှားက ၁-၀ဖြင့် အသာရ နေခဲ့သည်။

အင်ဒိုနီးရှား အသင်းက ပွဲချိန် မိနစ် (၂၀)တွင် အဖွင့်ဂိုး စတင်ရရှိခဲ့ သော်လည်း မြန်မာ အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ လိုက်သွင်းကာ ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်...ဒုတိယပိုင်း ပြန်အစတွင် မြန်မာတို့ ချေပဂိုး ရရှိရန် ပိုမို ကြိုးပမ်းလာခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုးများ ဆက်တိုက် ရရှိခဲ့သည်။ ၄၇မိနစ်တွင် ကျော်ဇေယျာဝင်းက မြန်မာတို့ အတွက် ချေပဂိုးအား ပြန်လည် သွင်းယူ ပေးခဲ့ကာ တစ်ဂိုးစီ သရေ ဖြစ်စေခဲ့ပြီး ၅၉မိနစ်တွင် လူစားဝင် ကစားသမား ကျော်ကိုကိုက နောက်ထပ် တစ်ဂိုး သွင်းယူပေးပြီး ပွဲအား ပြန်လည် ဦးဆောင် ထားနိုင်ခဲ့သည်။ ၆၆မိနစ်တွင် ဘယ်ခြမ်းမှ ကောင်းစည်သူ ဖြတ်ချိုးပေးသည့် ဘောလုံး ဂိုးသမား ပုတ်ထုတ် ခဲ့သော်လည်း အသင့် ရှိနေသည့် ကျော်ကိုကိုက ပိတ်သွင်းကာ မြန်မာတို့ ၃-၁ဖြင့် အနိုင်ရခဲ့သည်။

ထိုရလဒ်ကြောင့် မြန်မာ လူငယ် အသင်းသည် အုပ်စုတွင်း ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက် နိုင်ရန် အခြေအနေ ကောင်းမွန် သွားခဲ့ကာ ယနေ့ တစ်ချိန်တည်း ကစားခဲ့သည့် ပွဲစဉ်တွင် စင်ကာပူအား ၂-၀ဖြင့် အနိုင်ရသည့် လာအိုနှင့် လာမည့် မတ်လ (၂)ရက်နေ့တွင် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။

အုပ်စု ရပ်တည်မှု အနေအထား

GROUP A

Team P W D L F A GD Pt
Myanmar 2 2 0 0 11 3 +8 6
Laos 3 2 0 1 5 3 +2 6
Indonesia 3 1 1 1 4 4 0 4
Singapore 2 0 1 1 1 3 -2 1
Philippines 2 0 0 2 3 11 -8 0

GROUP B

Team P W D L F A GD Pt
Vietnam 2 1 1 0 2 1 +1 4
Timor Leste 1 1 0 0 2 0 +2 3
Brunei Darussalam 1 1 0 0 3 2 +1 3
Malaysia 2 0 1 1 0 2 -2 1
Cambodia 2 0 0 2 3 5 -2 0


Myanmar Express

ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် လေးထပ်နှင့်အထက် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရမည်

From :ခေတ်လူငယ်

ကားပါကင် အကျပ်အတည်းကြောင့် ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် လေးထပ်နှင့်အထက် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း နေရာအများစုတွင် ကားရပ်သည့် ကားပါကင် အခက်အခဲများ ရှိနေခြင်းကြောင့် ယင်းအခက်အခဲ ပြေလည်စေရန် အသစ်ဆောက်လုပ်မည့် အထပ်မြင့်အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ ကားပါကင်နေရာကို ဆောက်လုပ်မည့် အဆောက်အအုံ၏ အ၀န်းအ၀ိုင်းအတွင်း မည်သည့်နေရာတွင်မဆို ထည့်သွင်းနိုင်ကြောင်း သိရှိရသည်။ ''ဒီလိုမျိုး ညွှန်ကြားတာက ရန်ကုန်မြို့ဧရိယာ အတော်များများမှာ ကားရပ်စရာ နေရာမရှိလို့၊ ကားရပ်ဖို့ နေရာအခက်အခဲတွေကြောင့် ပြေလည်စေဖို့ ဖြစ်ပါတယ်။ အသစ်ဆောက်လုပ်မဲ့ လေးထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံတွေမှာ ဒီပုံစံလုပ်ရမှာပါ။ လေးထပ်အောက် အထပ်နိမ့်တွေမှာတော့ ဒီပုံစံ မလုပ်ရပါဘူး။ ကားရပ်ဖို့နေရာက ဆောက်မယ့်အဆောက်အအုံရဲ့ မြေအောက်ထပ် (Basement) ထဲမှာပဲလုပ်လုပ်၊ အရှေ့မှာပဲ လုပ်လုပ်၊ အဆောက်အအုံ ဆောက်လုပ်မယ့်မြေနေရာ အ၀န်းအ၀ိုင်းထဲမှာ ထည့်သွင်းရင် ရပါပြီ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်မြို့၌ ကားရပ်နားရန် အခက်အခဲဖြစ်သော နေရာများနှင့် ကားကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားသော နေရာများမှာ မြို့တွင်း (Down Town) ဧရိယာများနှင့် လမ်းဆုံမီးပွိုင့်များဖြစ်သော ရွှေဂုံတိုင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းတို့တွင်လည်း အလားတူ ဖြစ်ပွားနေသည်။ ထို့ပြင် ယခုလက်ရှိတွင် ရန်ကုန်မြို့၌ ကားအသစ်များ ရောက်ရှိလာမှုကြောင့် ကားရပ်နားရန် နေရာအခက်အခဲများနှင့် ကားကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေပြီး လက်ရှိ အသုံးပြုနေသော လမ်းများမှာလည်း အများအပြား ချဲ့ထွင်၍ မရနိုင်တော့ကြောင်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။ ''ဒီညွှန်ကြားချက်က ကောင်းတဲ့ညွှန်ကြားချက်ပါ။ ဘာပဲပြောပြော လမ်းမကြီးတွေ၊ လမ်းသွယ်တွေထဲက အဆောက်အအုံတွေမှာ ကိုယ်ပိုင်ကား ရပ်နားဖို့ လုံလောက်တဲ့ ကားပါကင်ရှိရင် လမ်းပေါ်မှာ ကားတွေ မရပ်တော့ဘူးပေါ့။ ဒါဆိုရင် ယာဉ်ကြော ပိတ်တာတွေလည်း နည်းသွားမယ်။ ဒီညွှန်ကြားချက်က ကားရပ်နားဖို့ အခက်အခဲရှိတဲ့ နေရာတွေမှာ အဓိက လုပ်သင့်ပါတယ်။ ပြီးတော့ ရန်ကုန်မြို့က ကားကြောရှုပ်တတ်တဲ့ လမ်းဆုံဧရိယာ အနီးတစ်ဝိုက်မှာ စီးပွားရေး အဆောက်အအုံတွေကိုလည်း လုံလောက်တဲ့ ကားရပ်ဖို့ နေရာရှိမရှိ စိစစ်ပြီးမှ ခွင့်ပြုသင့်တယ်'' ဟု ရန်ကုန်မြို့နေ အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ.သည်
 Myanmar Express

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဒေါက်တာစိုးမင်းမှ ဘီဘီစီ သို့ဖြေကြားချက်

USDPကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင်များ မဲဆွယ် စည်းရုံးနေစဉ်

ကော့မှုး မြို့နယ် မဲဆန္ဒနယ်မှာ ဒေါ်အောင် ဆန်း စုကြည်ကို ဝင်ပြိုင်ခွင့် ပေးလိုက်ပြီ ဖြစ်ပြီး သူနဲ့ယှဉ်ပြိုင်မယ့်ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်း ကို ဘီဘီစီက ဆက်သွယ် မေးမြန်းခန်းကို အတိုချုံး ဖော်ပြ လိုက်ပါတယ်။

ဒေါက်တာ စိုးမင်း။ ကျနော်က အဲဒိ ဒေသသား လည်း ဖြစ်တယ်၊ အရင်ကလည်း ဆေးခန်းဖွင့် ဖူးတယ်။ နောက်ပြီး ကျနော့ကားနဲ့ပဲကျွေးရွာ တွေ လှည့်ပြီး ဆေးကုသပေးနေတဲ့ အစီအစဉ် လည်းရှိတော့ ဒီက မဲမဲဆန္ဒရှင်တွေက ကျနော်က လာမေးတဲ့အခါ ကျနော်တို့လုပ်ငန်းဆောင် ရွက်တာနဲ့ ပတ်သက်ပြီး၊ နောက် ကျနော်တို့ ပါတီရဲ့ ရည်ရွယ်ချက်တွေ အနေအထားတွေကို ဆေးကုရင်း ရှင်းပြရတဲ့ အနေအထား ရှိပါတယ်။

ဘီဘီစီ။ ဒေါ်အောင်ဆန်း စုကြည်က အမတ်လောင်း အဖြစ် ပြိုင်မယ် ဆိုတော့ မဲဆန္ဒရှင် တွေကလည်း အင်မတန် စိတ်ဝင်စားပါတယ်။ ဒီတော့ ခင်ဗျား ပြိုင်ဘက်ကလည်း အင်မတန် အားကောင်းနေပါတယ်။ ဒီတော့ ဒီနယ်မှာ ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို USDP က တရားဝင် ချပေးတာလား၊ ဒေသခံမို့လို့ ယှဉ်ပြိုင်တာပဲလား ခင်ဗျ။

ဒေါက်တာ စိုးမင်း။ နံပါတ်တစ်ကတော့ ကျနော် ကိုယ်တိုင်က စိတ်ဝင်စားလို့ပါ။ ဒေသဖွံ့ ဖြိုးရေး အတွက် နိုင်ငံရေး ဘက်ကို ကျနော့ကို အခွင့်အလမ်း ပေးလိုက်ပြီး ကျနော်ကိုယ်တိုင် လျှောက်လွှာတင်ပြီး ပါဝင်တာပါ။ နောက်တခုက ပါတီ အနေနဲ့ကလည်း လူ ရွေးချယ်တဲ့ အခါ အထူးသဖြင့် ဆရာဝန် ဆိုရင် လူလေးစားမှု ရှိတဲ့လူ ဆိုတော့ ကျနော့ နိုမီနေးရှင်းကို သူတို့ လက်ခံလိုက်တာပါ။

ဘီဘီစီ။ မဲဆွယ် စည်းရုံးတဲ့အခါ မီးရအောင် လုပ်ပေးမယ်၊ လမ်းတွေ ပြင်ပေးမယ်ပြောတယ် တခိျု့ ဒေသတွေမှာ ဆိုရင်လည်း ငွေနဲ့ ပေးပြီးတော့ ဆွယ်တဲ့ သဘောတွေလည်း ပြောနေ တယ်၊ အဲဒိလို မသမာမှုတွေ မဖြစ်အောင် စဉ်းစား ထားပါလား။

ဒေါက်တာ စိုးမင်း။ ကျနော်တို့ အဖွဲ့အစည်းက ခေါင်းဆောင် အနေနဲ့ လုပ်ကိုင်ရတဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်။ နောက်တခုက ဆရာ အနေနဲ့ ကျောင်းသားတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ သူတို့ တတ်အောင် ဆရာ အနေနဲ့ သင်ကြား ပေးရမှာ ဖြစ်သလို ပြည်သူ လူထုကို ဦးဆောင်မယ့် ဆရာ အနေနဲ့ ကျနော်တို့ ပါတီကလည်း ဘယ်သူက ပြော ပြော၊ ဘယ်ရှုဒေါင့်က ပြောပြော ကျနော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေကို ချမှတ် ပြီးသားမို့ အဲဒိ အတိုင်း တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ ရှိပါတယ် ခင်ဗျာ။

ဘီဘီစီ။ အခု အပြင်မှာ ပြောနေတာက ကြံ့ခိုင် ဖွံ့ဖြိုးရေးရဲ့ မဟာဗျူဟာထဲမှာ မဲဆွယ်တဲ့ အခါမှာ အတိုက်အခံရဲ့ အားနည်းချက်ကို လေ့လာပြီး ထိုးနှက် ရမယ်လို့လည်း ကြားရပါ တယ်။

ဒေါက်တာ စိုးမင်း။ ကြားတာကတော့ ကြားတဲ့ အတိုင်းပေါ့ခင်ဗျာ။ ဒါပေမယ့် အပြင်မှာက အဲ့သလို မဟုတ်ဖူး ထင်ပါတယ်။ ဘာလို့ဆို နိုင်ငံတခုကို ဦးဆောင် ကြမယ့် ပါတီ အဖွဲ့အ စည်း ဆိုတာက ကိုယ့်ရဲ့ ဦးဆောင်မှု အခန်း ကဏ္ဍကို ကိုယ့်လမ်း ကိုယ်လျှောက်ပြီး စည်းရုံးရမယ်၊ ဟောပြောရမယ် ဆိုတာ ရှိပြီးသားပါ။

ဘီဘီစီ။ ဒေါ်အောင်ဆန်းစုကြည်က အားကောင်းတဲ့ ကိုယ်စားလှယ်လောင်း ဆိုတော့ နိုင်အောင် ဘယ်လို ညွှန်ကြားထားလဲ။

ဒေါက်တာ စိုးမင်း။ သူ့ကို နိုင်အောင် လုပ်ပါလို့ မညွှန်ကြားပါဘူး ခင်ဗျာ။ ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ နှလုံးသားထဲက မဲဆန္ဒကို ယူရမှာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေ ကိုယ့်နိုင်ငံ တည်ဆောက်ရေးမှာ ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ အခါ နိုင်ငံရေးမှာ ဘယ်လို ပုံစံတွေ ရှိလို့ ကျနော်တို့ ဘယ်လို ခံခဲ့ရပြီးပြီ၊ နောက်မျိုးဆက် အတွက် ဘယ်လို လမ်းခင်း သင့်တယ် ဆိုတာ ပြည်သူတွေက သိရမှာပါ ခင်ဗျ။ သိဖို့ ဆိုတာလည်း ကျနော်တို့ ပညာ ပေးပါတယ်၊ ဟောပြော စည်းရုံးပါတယ်။

ဘီဘီစီ။ မဲပေးဖို့က တလလောက်ပဲ လိုတော့တာမို့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားမယ်လို့ အစိုးရက ပြောပါတယ်။ အဲ့သလို လွတ်လွတ် လပ်လပ် မဲပေး ရင်ရော ဒေါက်တာ စိုးမင်း အနေနဲ့ ဘယ်လောက် နိုင်ချေ ရှိပါလဲ။

ဒေါက်တာ စိုးမင်း။ ကျနော် ဒီနေ့ပဲ ရွာတရွာကို ဝင်ခဲ့ပါတယ်။ အဘိုးကြီး အဘွားကြီးတွေ အပါအ၀င် လူနာ တရာကျော် ကုခဲ့ ရပါတယ်။ သူတို့ အိမ်မှာ ရှိတဲ့ လူတွေကလည်း ကျနော့ဆီ လာပို့ကြပါတယ်။ ကျနော့ မေတ္တာ တရားနဲ့ ကျနော့ကို ခင်မင်ကြတယ်၊ တွယ်တာကြတယ်။ ပြီးတော့ ဆရာ့ ကျေးဇူးကို ပြန်ဆပ်ပါ့မယ်လို့လည်း အဘိုးကြီး အဘွားကြီးတွေက ပြော တယ်ခင်ဗျ။ အဲဒိတော့ ကျနော့ စည်းရုံးမှုကလည်း ကျနော့ ကြိုးစားမှုကနေ အထိုက် အလျောက် ပြန်ရမယ်လို့ ယူဆပါတယ်။

Myanmar Express

GSM ဖုန်းများ ကျပ် ၁၈၀၀၀၀ ဝန်းကျင်ဖြင့် ချထားပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျပ် ၂၃၀၀၀၀ ဖြင့် ချပေးမည်ဖြစ်ကြောင်း ထပ်မံသတင်းထွက်ပေါ်

From : ခေတ်လူငယ်

ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် ဂျီအက်စ်အမ်ဖုန်းများကို ချထားပေးမည်ဟု သတင်းများ ထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း ကျပ် ၂၃၀၀၀၀ ဖြင့် ချထားပေးမည်ဖြစ်ကြောင်း ထပ်မံသတင်းထွက်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဂျီအက်စ်အမ်ဖုန်းများကို တစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၀  နှုန်းဖြင့် ချထားပေးရန် ရှိသည်ဟု သိရှိခဲ့ရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ပြန်လည်ညှိနှိုင်းချက်များအရ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဂျီအက်စ်အမ်ဖုန်း တစ်လုံးလျှင် ၂၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြောင်းလဲလျာထားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ထပ်မံ ပြောကြားချက်အရ သိရှိရသည်။ “ဂျီအက်စ်အမ်ဖုန်းတွေရဲ့ တန်ဖိုးတွေနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ အချိန်နဲ့အမျှ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ သုံးစွဲနိုင်မယ့် ဈေးနှုန်းကို ချိန်ဆနေပါတယ်” ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြောကြားခဲ့သည်။ လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည်ဟု သတင်းထွက်ပေါ်နေသည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံပါတ်ဖြင့် ချပေးမည်ဖြစ်ပါသည်
 Myanmar Express

ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများတွင် အဏုဇီဝပိုးများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ


From : ခေတ်လူငယ်

ပြည်တွင်းထုတ်ကုန်နှင့် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် အဏုဇီဝပိုးများ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦးက ပြောသည်။ ပြည်တွင်းထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်း ၁၃၅ မျိုးကို နမူနာအဖြစ် စမ်းသပ်စစ်ဆေးရာတွင် အန္တရာယ်ဖြစ်စေသည့် အဏုဇီဝပိုးမွှား ပစ္စည်း ၂၂ မျိုးတွင် ပါဝင်သည်ကို တွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၃ ပါဝင်ကြောင်း ၄င်းက ပြောသည်။ ထို့ပြင် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်း ၁၄ မျိုးကို နမူနာအဖြစ် စစ်ဆေးရာတွင် ပစ္စည်း ၇ မျိုးတွင် အဏုဇီဝပိုးများ ပါဝင်နေပြီး ရာခိုင်နှုန်းအားဖြင့် ကြည့်ပါက ၅၀ ရာခိုင်နှုန်းထိ ပါဝင်နေကြောင်း ၄င်းကဆက်လက် ပြောသည်။ သို့သော် အဆိုပါစစ်ဆေး တွေ့ရှိချက်များကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တင်သွင်းလာသည့် စားသောက်ကုန်များနှင့် ပြည်တွင်းထုတ်ပစ္စည်းများကို စစ်ဆေးကြီးကြပ်ရာတွင် ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြောသည်။ ပိုးမွှားပါရှိသည့် စားသောက်ကုန်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူသည့်စနစ် ကျင့်သုံးနိုင်ခြင်းရှိ၊ မရှိမှာ စားသုံးသူဆိုင်ရာ ကာကွယ်သည့်ဥပဒေ ပြဋ္ဌာန်းထားခြင်းပေါ်တွင်သာ မူတည်ကြောင်း ၄င်းကပြောသည်။ လတ်တလောတွင် စားသုံးသူကာကွယ်ရေးအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းအတည်ပြုနိုင်ခြင်း မရှိသေးဘဲ စားသုံးသူကာကွယ်ရေး ဥပဒေမူကြမ်း (Consumer protection Law) အဆင့်သာ ပြီးစီးသေးကြောင်း သိရသည်။ “လက်ရှိမှာ ဥပဒေမရှိသေးတဲ့အတွက် ပိုးပါတဲ့ပစ္စည်းတွေကို မသိမ်းဆည်းနိုင်သေးဘူး” ဟု ၄င်းကပြောသည်။ အာဆီယံဒေသတွင်း နိုင်ငံများတွင် ၄င်းဥပဒေကို မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ်


၁၃၀၀ ပုဂံနိုင်ငံပျက်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်

၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉၀ - ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
၁၄၃၅ ပထမ ဥရောပတိုက်သား နိကိုလိုဒီကွန်တီ ဗဂိုးရောက်
၁၄၃၇ သံတွဲ ရခိုင် လက်အောက်ခံ စဖြစ်
၁၄၄၆ သိုဟန်ဘွား တရုတ်မှာ အညံ့ခံ
၁၄၅၀ ဗညားကျန် ရွှေတိဂုံစေတီ ဉာဏ်တော်ကို ပေ ၃၀၂ ထိမြှင့်
၁၄၅၃ တာ့ခ်တွေ ကွန်စတန်တီနိုပယ်မြို့တော်ကြီးကိုသိမ်း
၁၄၅၃ ရှင်ဥတ္တမကျော်၊ ရှင်သီလဝံသတို့ မွေးဖွား၊ မြန်မာစာပေ ကြီးပွား
၁၄၅၆ အဝက ကန္ဒီစွယ်တော်တိုက်ကို အဖူးအမျှော်သွား
၁၄၆၀ ရှင်စောပု ရွှေတိဂုံ စေတီ ရင်ပြင်တော်ကို ချဲ့
၁၄၇၂ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက ဗုဒ္ဓဂါယာကို အလှူတော် ပို့လွှတ်
၁၄၅၇ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက သာသနာ သန့်စင်ရေး အတွက် သီရိလင်္ကာနဲ့ ဆက်သွယ်၊ ကလျာဏီ
ကျောက်စာ ရေးထိုး
၁၄၉၀ ဗာ့စကိုဒဂါမက အိန္ဒိယ ရေလမ်းကို စပြီး တွေ့ရှိ
၁၅၀၃ တောင်ငူက ကျောက်ဆည်နယ်ကို သိမ်းယူ
၁၅၀၃ မိုးညှင်းက ရွှေဘိုနယ်ကိုသိမ်း
၁၅၀၇ လုဒိုဗိကိုဒီဗာသိမ ရောက်
၁၅၁၉ မဒမမှာ ပုတကေ (ဖုရတုဂုစေေ) တွေ ကုန်တိုက် လာဖွင့်

၁၅၂၃ သိုဟန်ဘွား အဝ မင်းဖြစ်
၁၅၃၉ တပင်ရွှေထီး ဗဂိုးသိမ်း၊ ဗဂိုးမှာ နန်းသစ်ဆောက်
၁၅၄၁ တပင်ရွှေထီး မဒမကိုသိမ်း
၁၅၄၄ တပင်ရွှေထီး မြင်းခြံ အထိ အညာမြန်မာကိုသိမ်း
၁၅၄၆ ငကြည်မြောင်း ဖောက်
၁၅၄၇ မြို့ဟောင်းကို တိုက်လာတဲ့ မြန်မာတပ်ကို မင်းဘင်က တွန်းလှန်
၁၅၄၈ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပထမ အကြိမ် ဝန်းရံတိုက်ခိုက်
၁၅၅၀ တပင်ရွှေထီး လုပ်ကြံခံရ၊ မွန်တွေက မြန်မာကို ဗဂိုးက နှင်
၁၅၅၁ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) ဗဂိုးရ၊ သမိန်ထောကို ကွပ်
၁၅၅၅ ကန္ဒီ စွယ်တော်တိုက်ကို ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က ပူဇော် ကန်တော့လွှတ်
၁၅၅၅ - ၅၉ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က အညာမြန်မာ၊ ရှင်းပြည်၊ မဏိပူရက လင်းဇင်း (ဗိယင်ချန်း)
ထိသိမ်း၊ သူပိုင်တဲ့ နယ်တွင်းမှာ နတ်ကို သားကောင်နဲ့ ယဇ်ပူဇော်တာ၊ လူစတေးတာ တွေကို တားမြစ် ပိတ်ပင်။
၁၅၆၄ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဒုတိယ အကြိမ် ဝန်းရံ၊ မြို့ကိုသိမ်း၊ တနင်္သာရီ မြန်မာ လက်အောက်ခံ
ဖြစ်လာ၊ ဗဂိုးကို မီးရှို့ ဖျက်ဆီး၊
၁၅၆၇ အကြေမြန်မာ (မြစ်ဝကျွန်းပေါ် ဒေသ) မှာ ငတ်မွတ် ခေါင်းပါးတဲ့ ဘေးဆိုက်
၁၅၆၉ အယုဒ္ဓယ (ယိုးဒယား)ကို မြန်မာက တတိယ အကြိမ် ဝန်းရံ၊
၁၅၇၄ - ၇၆ ဟံသာဝတီ ဆင်ဖြူရှင် သီရိလင်္ကာက သမီးကညာနဲ့ စွယ်တော်ရ
၁၅၈၀ခန့် ဓမ္မသတ်ကျော်နဲ့ ကိုးဆောင်ချုပ်ရေးပြီး
၁၅၈၇ - ၉၃ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက စတုတ္တ အကြိမ် ဝန်းရံ၊ ဘာမျှ အရာမရောက်
၁၆၀၀ ရခိုင်၊ ယိုးဒယား ပေါင်းပြီး ဗဂိုးကိုတိုက်၊ အကြေမြန်မာ (မြစ်ဝကျွန်းပေါ်) မှာ ငတ်မွတ် ခေါင်းပါးခြင်း ဘေးဆိုက်၊
နိုင်ငံ အစိတ်စိတ် ပြိုကွဲ၊ ဒီဗရစ်တို တညင်မှာ အခိုင်အမာနေ
၁၆၀၉ ရှင်မဖြူ (ဆာနဒဝိပ) ကျွန်းမှာ ထိဗောင် (ထိဗုာ) အခိုင်အမာ တပ်စွဲ
၁၆၁၃ အနောက်ဘက် လွန်မင်းက မင်းဆက်ကို ခိုင်ခံ့အောင် လုပ်ပြီး တညင်ကိုသိမ်း

၁၆၁၇ မင်းခမောင်းက ရှင်မဖြူ ကျွန်းကိုသိမ်း၊ မာ့ဘ်နဲ့ ပုတကေ (ဖုရတုဂရစေေ) ပေါင်းပြီး ဘင်္ဂလားဒေ့ကို တိုက်ခိုက်
၁၆၁၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ ကိုယ်စားလှယ် ဗဂိုးရောက်
၁၆၂၅ မာ့ဘ် - ပုတေကေ ပေါင်းပြီး ဒက္က (ဓာငငာ) ကို တိုက်
၁၆၂၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တွေက မြန်မာမှာ ကုန်တိုက်ဖွင့်
၁၆၂၈ တရုတ်က မြန်မာမင်းကို အခွန်ဘဏ္ဍာ ဆက်ချိန် တန်ပြီလို့ နှိုးဆော်ဖို့ သံစေလွှတ်
၁၆၃၀ မနုသာရ ရွှေမျှဉ်း ဓမ္မသတ် စီရင်
၁၆၃၅ အဝကို မြို့တော်ပြောင်း
၁၆၃၈ သာလွန်မင်းက စစ်တမ်းယူ
၁၆၅၂ - ၆၂ တရုတ်ဘက်က အညာ မြန်မာ နယ်တွေမှာ ဝင်ရောက် လုယက်
၁၆၆၀ ရခိုင်မှာ ပိုက်ဆံ (ဒင်္ဂါး) သွန်းပြီး သုံးစွဲမြဲသုံး
၁၆၆၁ မြို့ဟောင်းမှာ ရှားရှုဂျာ လုပ်ကြံခံရ
၁၆၆၂ ယုန်ဂ်လ အညံ့ခံ
၁၆၆၆ မိုဂါ (ုံဂုလ) တွေ စစ်တကောင်း သိမ်း၊ ဘင်္ဂလားကို မာဘဘ်နဲ့ ပုတကေ ပူးတွဲ ဖျက်ဆီး လုယက်ခြင်း ရပ်စဲ
၁၆၇၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲတွေ မြန်မာနိုင်ငံက ရုပ်သိမ်း
၁၆၈၃ ဒါ့ခ်ျကုမ္ပဏီ တိုက်ခွဲ ရခိုင်က ရုပ်သိမ်း
၁၆၈၇ ဘိတ် (မြိတ်) မှာ အင်္ဂလိပ်တွေ အသတ်ခံရ
၁၆၈၈ ဘိတ် (မြိတ်) ကို ပြင်သစ်က ခေတ္တသိမ်းယူ၊ ပြင်သစ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာဖွင့်
၁၆၉၅ ဖလိဝုဒ့်နဲ့ ဆီလီတို့ အဝကိုရောက်
၁၇၀၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာ ပြန်ဖွင့်
၁၇၂၁ ကက်သလစ် သာသနာပြု လုပ်ငန်းစ
၁၇၂၄ - ၅၀ အညာ မြန်မာဘက် မဏိပူရမှာ လုယက်
၁၇၂၅ မြန်မာက ဇင်းမယ်ကို လက်လွှတ်

၁၇၄၀ ဗဂိုး၊ တညင်၊ မဒမ က မြန်မာတွေ ပြေးခဲ့ရ
၁၇၄၃ မြန်မာက တညင်ရ၊ ပြန်လက်လွတ်၊ မွန်က တညင်ရှိ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်တိုက်တွေကို မီးတိုက်
၁၇၄၇ အုတ်ဖိုကွေ့ရှမ်းက မဒရာရှိ မွန်တွေနဲ့ ပူးပေါင်း
၁၇၅၀ အဝမင်းက ယွန်နန်ကို အကူအညီတောင်း၊ မနုရင်း ဓမ္မသတ် ပြုစု
၁၇၅၁ ကျောက်ဆည်ကို မွန်တို့သိမ်း
၁၇၅၂ အဝကို မွန်တို့သိမ်း
၁၇၅၃ အဝက မွန်တို့ထွက်
၁၇၅၄ အဝကို မွန်တို့က အကြီးအကျယ် လာရောက် တိုက်ခိုက်တာကို အလောင်းမင်းတရားက တွန်းလှန်
၁၇၅၅ မွန်တို့က ဟံသာဝတီရောက် မင်းကို ရေမှာဖျောက်၊ အလောင်းမင်းတရား ပြေ၊ မြန်အောင်၊ ရန်ကုန်ကို သိမ်း၊
အင်္ဂလိပ် သင်္ဘောတွေကို ဖမ်း၊ ရန်ကုန်မှာ မီးလောင်၊ ကပ္ပတိန် ဗေကာ သံအဖြစ်နဲ့ အလောင်းမင်းတရားဆီ လာ၊ မဏိပူရကို
ပထမ အကြိမ် ဖျက်ဆီး ရှမ်းက အညံ့ခံ
၁၇၅၅ - ၅၆ တညင်ကို ရံ၊ ပြင်သစ် သင်္ဘောကို ဖမ်း
၁၇၅၆ မနုကျယ်ကို ပြုစု
၁၇၅၆ - ၅၇ ဗဂိုးကိုရံ၊ မွန်တို့ကို အပြီးတိုင်နိုင်
၁၇၅၇ လက်စတာ သံအဖြစ်နဲ့လာ၊ အင်္ဂလိပ်နဲ့ အလောင်းမင်းတရား ညှိနှိုင်းရေး အောင်မြင်
၁၇၅၈ - ၅၉ အလောင်းမင်းတရားက မဏိပူရကို အောင်နိုင်
၁၇၅၉ နာဂရစ် သတ်ပွဲ
၁၇၆၀ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပဉ္စမအကြိမ် ဝန်းရံ၊ တနင်္သာရီကို မြန်မာက သိမ်း၊ အဲဗ်စ်
သံအဖွဲ့ရောက်၊ ရန်ကုန်မှာ အရှေ့အိန္ဒိယ ကုန်တိုက်ဖွင့်
၁၇၆၃ လက်ဝဲသုန္ဒရက မဲဇာတောင်ခြေ ရတု ရေးသား စီကုံး
၁၇၆၄ မဏိပူရကို တိုက်ခိုက်လုယက်
၁၇၆၅ အဝကို မင်းနေပြည် ပြန်လုပ်၊ ဗျာကရိုဏ်းကျမ်း ရေး
၁၇၆၇ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဆဋ္ဌမ အကြိမ် ဝန်းရံသိမ်းယူ

၁၇၆၅ - ၆၉ တရုတ် ကျူးကျော်စစ်
၁၇၇၃ မွန်တွေ ထိုင်းလင်းဘက်မှာ ခိုလှုံ
၁၇၇၄ ဆင်ဖြူရှင်က ရွှေတိဂုံစေတီကို အခုလက်ရှိ ဉာဏ်တော် ၃၂၇ ပေထိ မြှင့်၊ မွန်မင်းကို သုတ်သင်
၁၇၆၈ - ၈၂ ဖြာတက်က ထိုင်းလင်း (ယိုးဒယား) က မြန်မာတွေကို တိုက်ထုတ်
၁၇၇၅ - ၇၇ ကချနဲ့ ဂျိမ်တိယ စစ်ကြောင်းချီတက်
၁၇၇၆ မြန်မာစာ သင်ပုန်းကြီးကို အီတလီမှာ ပုံနှိပ်
၁၇၈၀ မဟာဗန္ဓုလ မွေးဖွား
၁၇၈၃ အမရပူရကို မင်းနေပြည်လုပ်၊ ရန်ကုန်ကို မွန်တို့က ခေတ္တသိမ်း
၁၇၈၄ - ၈၅ ရခိုင်ကိုသိမ်း၊ အရပ်ရပ် ကျောက်စာတွေ စု
၁၇၈၄ စစ်တမ်းကောက်
၁၇၈၅ - ၈၆ ထိုင်းလင်း (ယိုးဒယား) ကိုတိုက်
၁၇၈၇ တရုတ်က မြန်မာကို သံလွှတ်
၁၇၉၀ - ၉၇ မင်းကွန်းမှာ ဘုရားတည်
၁၇၉၄ ရခိုင်မှာ သူပုန်ထ၊ မြန်မာက စစ်တကောင်း ဘက်ကိုဝင်
၁၇၉၅ - ၁၈၀၂ ထိုင်း သံအဖွဲ့ရောက်၊ ချင်းပျံ သူပုန်ထ၊ ရခိုင်တွေ စစ်တကောင်း ဘက်မှာ ခိုလှုံ၊ ကောက်
သံအဖွဲ့ရောက်
၁၈၀၂ သီရိလင်္ကာမှာ အမရပူရ သံဃာဂိုဏ်းရောက်
၁၈၀၃ ကျိုင်းရုံကြီးကို ယိုးဒယား ဘက်က ဝင်ရောက် လုယက် ကျိုင်းတုံက လူတွေ ဖမ်းသွား
၁၈၀၃ - ၁၈၀၉ - ၁၈၁၁ ကဲန်နဒ် သံအဖွဲ့ရောက်
၁၈၀၇ - ၁၆ အညာမြန်မာမှာ ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်
၁၈၀၉ - ၁၁ မြန်မာက ကရာကျွန်းစက်နဲ့ ဂျန့်စီလုံကို သွားပြီး လုယက်
၁၈၁၀ ဗုဒ္ဓဂါယာကို မြန်မာက ဘုရားဖူးသွား

၁၈၁၃ မဏိပူရကို ချီတက်၊ ဂျပ်ဆင် မြန်မာနိုင်ငံကို ရောက်
၁၈၁၄ မဒမမှာ မွန်တွေ ပုန်ကန် ထိုင်းလင်းဘက်ကို ဝင်ရောက် ခိုလှုံ
၁၈၁၅ ချင်းပျံ ကွယ်လွန်
၁၈၁၆ အာသမ်ကို မြန်မာက တိုက်ခိုက် အောင်မြင်
၁၈၁၈ မြန်မာက ဘင်္ဂလားကိုလဲ ပိုင်ဆိုင်တယ်လို့ စပြော
၁၈၁၉ မြန်မာက မဏိပူရကို သိမ်း၊ မြန်မာက အာသမ်ကို သိမ်း
၁၈၂၃ အဝကို မင်းနေပြည် ပြန်လုပ်၊ ရှင်မဖြူ (ဆဟာဟပုရိ) ကျွန်းကို မြန်မာက သိမ်း
၁၈၂၄ - ၂၆ အင်္ဂလိပ် - မြန်မာ ပထမစစ် ဖြစ်ပွား၊ ရခိုင်နဲ့ တ နင်္သာရီကို အင်္ဂလိပ်ယူ

အင်္ဂလိပ် စစ်ဗိုလ် နှင့် မြန်မာကျွန်များ

၁၈၅၂ အင်္ဂလိပ် - မြန်မာ ဒုတိယစစ် ဖြစ်ပွား၊ အကြေမြန်မာကို အင်္ဂလိပ်သိမ်း

မြန်မာကို ဝင်တိုက်ရသဖြင့် ကုန်ကျမှုများအတွက် မြန်မာထံမှ စစ်လျော်ကြေး တာင်းစဉ်

၁၈၅၇ မန္ဈလေးမြို့ စတည်

မြန်မာ လူမျိုးများကို အင်္ဂလိပ်တို့က ရက်ရက်စက်စက် ပစ်သတ်ကြစဉ်


၁၈၈၅ အင်္ဂလိပ် - မြန်မာ တတိယစစ် ဖြစ်ပွား၊ အညာမြန်မာကို အင်္ဂလိပ် သိမ်း


အင်္ဂလိပ်ခွေးကို ကြင်နာကြသလောက် မြန်မာ လူသားတွေကိုတော့ ဒူးထောက်ခစားခိုင်းသော နယ်ချဲ့များ


ဂျပန်ခေတ် မြန်မာကျွန်သဘောက် ဘဝ



မြန်မာ ဘုရားများကို အင်္ဂလိပ်တို့ ဖျက်ဆီးစဉ်က


အင်္ဂလိပ်နယ်ချဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ကလေးမွေးပေးစဉ်

Myanmar Express

အပူပိုင်းမုန်တိုင်း ကြိုတင်ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

From : ခေတ်လူငယ်

ဘင်္ဂလားပင်လယ်အောင်နှင့် အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပေါ်သော အပူးပိုင်းမုန်တိုင်းများ ကြိုတင်ကာကွယ်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သည့် အစည်းအဝေးပွဲကို နေပြည်တော်တွင် မတ်လ ၅ ရက်မှ ၉ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ  အစည်းအဝေးသည် ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်တွင်ဖြစ်ပေါ်သော မုန်တိုင်းဒဏ် ခံစားရသည့်ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိုမန်၊ ထိုင်းနှင့် မော်လဒိုက်နိုင်ငံများ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO)နှင့် အာရှနှင့် ပစိဖိတ်ဒေသစီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP)စသည့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသော အပူပိုင်းမုန်တိုင်းအဖွဲ့၏ ၃၉ ကြိမ်မြောက် အစည်းအဝေးဖြစ်သည်။ မြန်မာနိုင်ငံမှ ငါးကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ၎င်းအစည်းအဝေးတွင် အဖွဲ့၏ အဓိကရည်ရွယ်ချက်ဖြစ်သော ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်ပြင်နှင့် ဆက်စပ်သော နိုင်ငံများ၏ အပူပိုင်းမုန်တိုင်း သတိပေးစနစ်အား ထိရောက်သော လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး သတင်းအချက်အလက် နည်းပညာများ ပူးပေါင်းကာ အပူပိုင်းမုန်တိုင်း ကြိုတင်ကာကွယ်ရေးကို ဆွေးနွေးမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အပူပိုင်းမုန်တိုင်းများ အဖွဲ့အစည်းအဝေးများတွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့မိုးလေဝသ အစီအစဉ်အရ ကျောက်ဖြူမြို့အနီးတွင် မုန်တိုင်းပြရေဒါစီမံကိန်း အကောင်းအထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မြန်နှုန်းမြင့်စနစ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးစနစ်မှ မိုးလေဝသ သတင်းအချက်အလက်များ ဖလှယ်သည့်စနစ် ကိရိယာများ တပ်ဆင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ အထက်လေထုတိုင်းတာရေး ကိရိယာများ အကူအညီရရှိခြင်းနှင့် မိုးလေလေဝသဆိုင်ရာ ဘွဲ့လွန်သင်တန်းများ ဆည်းပူးနိုင်ခွင့်များ ရရှိစေကြောင်း သိရှရပါသည်
 Myanmar Express

အများပိုင်ကုမ္ပဏီရှယ်ယာ ဘီလျံ ၂၀ ကျော် ပြည်သူကိုရောင်းမည်


From : ခေတ်လူငယ်

အစုတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဘီလျံ ၂၀ ကျော်ကို အများပြည်သူအား ရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဦးလှမောင်ရွှေက ပြောသည်။ Myanmar Agribusiness Public Corporation (MAPC) နာမည်ဖြင့် အများပိုင် ကုမ္ပဏီ တည်ထောင်ရန် သက်ဆိုင်ရာ ဌာနသို့ တင်ပြထားရာ ခွင့်ပြုမိန့်ရရှိသွားပါက အထက်ပါ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဟု ၎င်းကပြောသည်။ “ခွင့်ပြုမိန့်ကျပြီးဆို ဒါရိုက်တာအဖွဲ့တွေနဲ့ ရုံးအဖွဲ့တွေ ဖွဲ့မယ်။ ပြီးရင်ပွင့်လင်းထင်သာစွာနဲ့ လူထုသိအောင် ချပြမယ်။ ပြီးတာနဲ့ စရောင်းသွားမယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။ အစုရှယ်ယာ တစ်ခုကို ကျပ်တစ်သောင်းနှုန်းဖြင့် တစ်ဦးလျှင် အစုတစ်သောင်းထက်ပို၍ ဝယ်ယူခွင့်ပြုမည် မဟုတ်ဟု ကနဦးဆုံး ဖြတ်ထားပြီး ကနဦး ရင်းနှီးငွေ ကျင် ၉ ဘီလျံကျော်အား မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ EC/CEC များက အဦးဆုံး ထည့်ဝင်ကြမည်ဟု ၎င်းအသင်းမှ သိရသည်။ ယင်းငွေကျပ် ၉ ဘီလျံနီးပါးအား တောင်သူ ၆၈ ရာခိုင်နှုန်း၊ စက်ပိုင်၊ကုန်သည် လုပ်ငန်းရှင် ၃၂ ရာခိုင်နှုန်းတို့က ထည့်ဝင်ခြင်းဖြစ်ပြီး၊ ကျန်ဘီလျံ ၂၀ ကျော်မှာ အများပြည်သူတို့အတွက် ဖြစ်သည်ဟု အစည်းအဝေး သဘောတူညီမှုအရ သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူက “အဆိုပြုထားတာက ဘီလျံ ၁၀၀ ရှိတယ်။ ဒီပမာဏက နိုင်ငံမှာခွင့်ပြုထားတဲ့ အများပိုင်ကုမ္ပဏီ အားလုံးနဲ့ယှဉ်ရင် အများဆုံးလို့ ဆိုရင်ရတယ်။ ချက်ချင်းမရနိုင်တောင်မှ ဒီအထိဖြစ်အောင် လုပ်မယ်” ဟု ဆိုသည်။ MAPC အနေဖြင့် အများပိုင်ကုမ္ပဏီ တည်ထောင်ပြီးပါက အရန်ဆန်ဝယ်ခြင်း အစရှိသည့် ကိစ္စများကို ဆောင်ရွက်မည်ဟု သိရပြီး တောင်သူတို့ ထိခိုက်၊ ဆုံးရှုံးမှု မရှိစေရန်အတွက် ဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ