Subscribe to our RSS Feed

ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဓာတ်ပုံများ

From : 7 day & messenger

ရွှေတိဂုံစေတီတော်ကို ဖေဖောဝါရီ ၂၄ ရက်ညက ဖူးတွေ့ရစဉ်။ ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက်မှ မတ်လ ၇ ရက်ထိ ကျင်းပနေပြီဖြစ်သည်။

ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ဗုဒ္ဓဘိသေက အနေကဇာတင်အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်တော်တွင် ကျင်းပစဉ်။

ရွှေတိဂုံစေတီတော်တွင် ဖေဖောဝါရီ ၂၅ ရက် နံနက်ပိုင်းက ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပနေစဉ်။


ရွှေတိဂုံစေတီတော်တွင် ဖေဖောဝါရီ ၂၅ ရက် နံနက်ပိုင်းက ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပနေစဉ်။




























Myanmar Express

ဗုဒ္ဓမြတ်စွယ်တော် လှူဒါန်းငွေများ မြန်မာနိုင်ငံသို့ ပြန်လှူဒါန်းမည်

From : ခေတ်လူငယ်

မြန်မာနိုင်ငံတွင် ၄၈ ရက်ကြာ ဖူးမြော်အပူဇော်ခံခဲ့သော ဗုဒ္ဓမြတ်စွယ်တော်ထံ လှူဒါန်းငွေများကို တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်က မြန်မာနိုင်ငံ၏ ဗုဒ္ဓမြတ်စွယ်တော်စေတီ မွမ်းမံတည်ဆောက်ရေးနှင့် ဗုဒ္ဓဘာသာနှင့် ကုသိုလ်ကောင်းမှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာတော် Ming Sheng က အတည်ပြု ပြောကြားသည်။ “ပူးပေါင်းလုပ်ဆောင်ရမယ့် အသေးစိတ်ကို နောက်ပိုင်း သတင်းမီဒီယာတွေကို ထုတ်ပြန်ပေးသွားပါမယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားသည်။ ပုံတူပွားထားသည့် မြန်မာနိုင်ငံ ဗုဒ္ဓမြတ်စွယ်တော်၌ အပူဇော်ခံရန်အတွက် ပုံတူပြုထားသည့် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်ရာ ကြာကလပ်သုံးဆူကို မြန်မာနိုင်ငံသို့ လှူဒါန်းမည်ဖြစ်ကြောင်း၊ အခြေခံ၊ အလယ်တန်း၊ အထက်တန်း စာသင်းကျောင်းများ တည်ဆောက်ပေးမည်ဖြစ်ပြီး အတွင်းတိမ် မျက်စိလူနာများအား ခွဲစိတ်ပေးခြင်း စသည့်ကုသိုလ်ဖြစ်လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ပြည်နိုင်ငံရေး သာသနာရေး ဗျူရို ဒုတိယဝန်ကြီး မစ္စတာ Zhang Lebin က ရှင်းပြသည်။ အဆိုပါ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ ဗုဒ္ဓမြတ်စွယ်တော်တိုက် ထိန်းသိမ်းစောင့်ရှောက်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် လေးဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သာသနာရေး ဗျူရိုမှ ကိုယ်စားလှယ်ကိုးဦး စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၁၃ ဦးတို့ တက်ရောက်ခဲ့ကာ တရုတ်ဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ လင်ကွမ်းစီးဘုရားကျောင်းနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်သို့ ချစ်ကြည်ရေး ဘုရားကျောင်း ထူထောင်ရေးဆိုင်ရာကို မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ.ပါသည်

Myanmar Express

နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက် ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီး

From : MRTV-4



ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက် ဦးစီးဌာန အမျိုးသား စာကြည့်တိုက် နေပြည်တော်ကို တည်ဆောက်ရာမှာ ယခုလက်ရှိမှာ ၇၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေပြီဖြစ်တယ်လို့ ရှေးဟောင်း သုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ အမျိုးသား စာကြည့်တိုက် နေပြည်တော် ကို ဇမ္ဗူသီရိမြို့နယ် ၊ ရာဇသင်္ဂဟလမ်း ၊ ကုမုဒြာကြာပန်းဝိုင်း အနီး အမျိုးသားပြ တိုက် နေပြည်တော်ရဲ့ တောင်ဘက်မြေဧက ၂၃.၂၂ ဧက ပေါ်မှာ ၂၀၁၀ ခုနှစ် ၊ ဇွန်လဆန်းပိုင်းမှာ ပန္နက်ချခဲ့ တာ ဖြစ်တယ် လို့ သိရပါတယ်။ ဒီလို ဆောက်လုပ်လျက်ရှိတဲ့ အမျိုးသား စာကြည့်တိုက် နေပြည်တော် ဟာ သံကူကွန်ကရစ်၁ ထပ် အဆောက်အအုံ ဖြစ်ပြီး ပင်မဆောင် ၁ ၊ ပင်မဆောင်၂ တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံတကာမှာ တည်ဆောက် ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်များရဲ့ ဖွဲ့စည်းပုံအတိုင်း အဆင့်မှီ အမျိုးသား စာကြည့်တိုက်အဖြစ် တည်ဆောက်သွားဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီလို ဆောက်လုပ်လျက်ရှိတဲ့ အမျိုးသားစာကြည့် တိုက် နေပြည်တော် မှာ e-Library စနစ်ကို ထားရှိဆောင်ရွက် သွား မှာဖြစ်ပြီး နောက်ပိုင်းမှာလည်း အွန်လိုင်း ၀န်ဆောင် မှု ပေးနိုင်မယ့် Digital Library အဖြစ် တိုးမြှင့်တည်ဆောက် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတာ ဖြစ်ပါသည်။ အဆိုပါ အဆောက်အဦကိုတော့ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုငွေနဲ့ မိုးကြယ်စင် ဆောက်လုပ်ရေး ကုမ္ပဏီက တည်ဆောက်လျက်ရှိတာ ဖြစ်တယ်လို့ သိရပါသည်။

Myanmar Express

အနောက်နိုင်ငံသု.ိ သွားချင်နေကြသော မြန်မာမိန်းကလေး များ သတိကြပ်ကြပ် ရှိစေကြရန်


ပြည်ပနိုင်ငံများတွင် ရောက်နေကြသော မြန်မာအမျိုးသား လူလိမ် မြောက်များစွာရှိသည်။ သူတို့သည် အွန်လိုင်းပေါ်မှ တဆင့် မြန်မာမိန်းကလေးများကို ဆက်သွယ်ကာ ချစ်ချင် ကြိုက်ချင်ယောင်ဆောင် လက်ထပ်ပါရစေ အစချီ ခွင့်တောင်းကာ ကြိုက်တတ်သည်။ နိုင်ငံခြားသို့ လက်ထပ်ပြီး ခေါ်တော့မယောင် စပွန်စာ ပေးတော့မယောင် လုပ်တတ်သည်။ ထို့နောက် လူကို လာရောက်တွေ့ဆုံကာ လူကို ယူသည်။ ငွေကို ယူသည်။ အတွင်းပစ္စည်းပါ မချန် ကုန်အောင် သိမ်းပြီး ပြစ်ထားခဲ့တော့သည်။ အလိမ်ခံရသူ အများစုသည် ရှက်၍သော်လည်းကောင်း မည်သူ့ကို တိုင်ရမှန်း မသိ၍သော်လည်းကောင်း ပြင်ပအထိ သတင်းမရောက်လာတတ်ကြပေ။ 

သင်တွေ့နေသော လူသည် သင့်ကို ချစ်စကား ကြိုက်စကား ပြောနေသောသူသည် လူလိမ် ဟုတ်မဟုတ်ကို အောက်ပါ အချက်များနှင့် ဆန်းစစ်ပါ။ 

၁. လုပ်ငန်းကိုင်ငန်း ကြီးကြီးမားမား တစ်ခု ပြသခြင်း

ထိုသို့ အလုပ်ကြီး အကိုင်ကြီး ရှိသည် ဆိုလျှင် သေသေချာချာ ဂဂနန မေးပါ။ အလုပ်လိပ်စာ၊ ဖုန်းနံပါတ်၊ နှင့် အိမ်လိပ်စာများ ရအောင်တောင်းပါ။ မပေးလျှင် တစ်ခုခု လွဲနေပြီ ဖြစ်သည်။ အက်ယ၍ ပေးခဲ့လျှင် အမှန်ဧကန် အပြင်တွင် ရှိသော လိပ်စာ ဟုတ်မဟုတ်ကို ဂူဂယ်တွင် ရှာ၍ ရနိုင်သည်။ 

၂. အင်တာနက်တွင် အချိန်များစွာ ဖြုန်းနိုင်ခြင်း

ထိုသူသည် အလုပ်ကြီး အကိုင်ကြီး ရှိလျှင် အင်တာနက်တွင် အချိန်များစွာ ဖြုန်းနိုင်ခြင်း မရှိပါ။ အချိန်ဖြုန်းနေပြီ ဆိုလျှင် သူသည် ၁၀၉၊ ၁၁၀ ဆိုသည်ကို မမေ့ပါနှင့်။ နိုင်ငံခြားတိုင်းပြည်တွင် ကောင်းမွန်စွာ နေထိုင် လုပ်ကိုင်စားသောက်နေသူများမှာ မည်သူမျှ မအားလပ်ပါ။ ဒုက္ခသည်ဘဝနှင့် ရောက်လာပြီး အင်တာနက်တွင် ဂွင်ဖန်နေသူများသာ ဤသို့  အချိန်ဖြုန်းနိုင်ကြသည်။ 
 
၃. ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် ဓါတ်ပုံများတွဲရိုက်ကာ လူမြင်အောင် ပြသခြင်း

သူတို့သည် ကောင်းမွန်စွာ ဝတ်စားတတ်၏။ စကားပြောလည်း အလွန်ညက်ပြီး လူကြီးလူကောင်းများလာတတ်သော ပွဲများကို တက်ခွင့်ရအောင် ကြိုးစား၏။ ထိုနောက် နာမည်ကြီးပုဂ္ဂိုလ်များဘေးတွင် ဓါတ်ပုံ အတင်းဝင်ရိုက်ကြ၏။ ထိုဓါတ်ပုံကို လူအများမြင်အောင် ထုတ်ဖေါ်ပြသ၏။ အမှန်တကယ် ဘဝအဆင်ပြေ ချောမွေ့ပြီး ဝင်ငွေဖြောင့်သော ယောင်္ကျားသည် အင်တာနက်တွင် မိန်းမ ရှာစရာ မလိုပါ။ ရှာနေပြီဆိုလျှင် သူရှာနေသူသည် သင်တစ်ယောက်တည်း မဟုတ်တော့ပါ။ 

၎. စကားပြော အလွန်ညက်သော်လည်း ရှေ့နောက် စကား မညီခြင်း

မိန်းမတစ်ယောက် ပစ်ကျသွားအောင် ပြောနိုင်သူဆိုလျှင် သတိထားပါ။ ဤမျှ အပြောကောင်းသောသူသည် ကိုယ်တစ်ယောက်ထဲကို ပြောမည် မဟုတ်ပါ။ မိန်းမတကာကို ပြောမည့်သူ စမ်းသပ်မည့်သူ ဖြစ်သည်။ ထိုသို့ ပြောနေသော်လည်း သူ့စကား များ မှန်မမှန် သူမမှတ်မိပါ။ လူလိမ်အများစုသည် ပြောရဖန်များလွန်းသဖြင့် ဘယ်သူ့ကို ဘာပြောမိမှန်း လုံးဝ မမှတ်မိသလို ဘယ်သူနှင့် ဘယ်တုန်းက ဘာဖြစ်ခဲ့သလဲ ဆိုသည်ကိုလည်း မမှတ်မိပါ။ သူ့ကို မေးခွန်းများများ မေးပြီး ရှေ့နောက် စကား ညီမညီ ပြန်လည် ဆန်းစစ်ပါ။ အမှားများစွာ ထွက်ပေါ်လာပါမည်။ 

မှတ်ချက်၊ ယောင်္ကျားကောင်းမှန်ပါက ပြောပြီးစကားကို မရုတ်သိမ်းပါ။ ထိုနည်းတူ အရေးကြီးသော အချက်အလက်များကိုလည်း မေ့မပြစ်ပါ။  

 
၅. ခရီးလွန်စွာ ထွက်တတ်ခြင်း
လိင်မှုကိစ္စ ဝါသနာအလွန်ပါ၍ ရှုတ်ပွေသူများသည် ခရီးထွက် ဝါသနာပါကြ၏။ ခရီးတွေထွက်၊ ဓါတ်ပုံတွေရိုက်၊ တွေ့ရာမှာ တွေ့သည့်မိန်းမကို ကြုံသလို ပြော၍ အိပ်သည်ကို ထမင်းစား ရေသောက်ကဲ့သို့ သဘောထားကြ၏။ ငွေကို ကြုံသလို ဖြစ်သလို ရှာပြီး ခရီးများစွာထွက် ဓါတ်ပုံများစွာ ရိုက်ကြပြီး အင်တာနက်ပေါ်သို့ တင်တော့သည်။ 

၆. နာမည်ကြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဟန်ဆောင်ထားခြင်း 

ဖေ့စ်ဘွတ်ပေါ်တွင် တွေ့ရလိမ့်မည်။ လူအချို့သည် နာမည်ကြီးတက္ကသိုလ် တစ်ခုခုတွင် တက်နေသယောင်၊ ကျောင်းပြီးခဲ့သယောင် ဟန်ဆောင်ထား၏။ ထိုသို့တက်ခဲ့ခြင်း ဟုတ်မဟုတ် ထောက်လှမ်းနိုင်သော နည်းများစွာ ရှိပါသည်။ မည်သည့်ဘာသာရပ်များကို လေ့လာသင်ယူခဲ့ပြီး မည်မျှ ငွေကုန်ကျကြောင်းကို သေသေချာချာ မေးမြန်းကြည့်ပါ။ 
 
၇. သူသည် သင့်ကို စပွန်ဆာခံပြီး ခေါ်နိုင်မခေါ်နိုင် ဆန်းစစ်ပါ။ 

သူသည် ရှေ့နေမဟုတ်ပါက လူခေါ်သော လိုင်စင် မရနိုင်ပါ။ အကယ်၍ လက်ထပ်ပြီး ခေါ်ချင်သည် ဆိုပါက သူ့တွင် နှစ်စဉ် အခွန်ထမ်းဆောင်ထားသော ငွေကြေး ကြီးကြီးမားမား ရှိရမည် ဖြစ်သည်။ အခွန်ဆောင်ထားသော စာရွက် ရှိမရှိ မေးပါ။ နှစ်စဉ်မည်မျှ အခွန်ဆောင်မဆောင် မေးပါ။ ပြသခိုင်းပါ။ ထိုသို့ ခိုင်လုံသော အချက် မရှိပါက သင့်ကို သူနေထိုင်သော နိုင်ငံသို့ ခေါ်ခွင့် မရှိပါ။ အနောက်နိုင်ငံမှ ဥပဒေများသည် သင်ထင်ထားသည်ထက် များစွာ တင်းကြပ်ပြီး ခက်ခဲပါသည်။ သူက သင့်ထံမှ ငွေတောင်းပြီ သို့မဟုတ် သင့်ကို သူနေသောနိုင်ငံသို့ မခေါ်နိုင်သေးပဲ သင်နှင့် အိပ်ရန် ကြိုးစားပြီ ဆိုလျှင် ထိုသူသည် လူလိမ်ဧကန် ဖြစ်သည်။
                      မြန်မာအမျိုးသမီး အပျိုလေးများအား ဖျက်ဆီးနေသော ထက်ရာဇာMyanmar Express

သန်လျင် သမ၀ါယမဒီဂရီ ကောလိပ်အား တက္ကသိုလ်အဆင့်ထိ တိုးမြှင့်ဖွင့်လှစ်သွားမည်

From : MRTV-4


ယခုလက်ရှိ သန်လျင်မြို့နယ်မှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတဲ့ သမ၀ါယမ ဒီဂရီကောလိပ် (သန်လျင်) ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ကာ တက္ကသိုလ်အဆင့်ထိ တိုးမြှင့် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ အဆိုပါကျောင်းမှ ပါမောက္ခချုပ်ရဲ့ ပြောကြား ချက်အရ သိရပါတယ်။ ဒီလို တိုးမြှင့်ဖွင့်လှစ်ရာမှာ သမ၀ါယမ ဒီဂရီကောလိပ်(သန်လျင်) ကို သမ၀ါယမ တက္ကသိုလ်(သန်လျင်)ဟု ပြောင်းလဲ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ယခင်က သမ၀ါယမဒီဂရီ ကောလိပ် (သန်လျင်)ဟာ ပညာသင်နှစ် ၃နှစ်မှာ ၂နှစ်တာကာလ ပြီးဆုံးပါက ဒီပလိုမာလက်မှတ် ထုတ်ပေး တာ ဖြစ်ပြီး နောက်ဆုံး ပညာသင်နှစ်ပြီးမှသာ ရန်ကုန်တက္ကသိုလ်နဲ့ ပူးပေါင်းကာ ဘွဲ့လက်မှတ် ထုတ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို တက္ကသိုလ်အဆင့်ထိ တိုးမြှင့်ပြောင်းလဲ ဖွင့်လှစ်လိုက်တဲ့အတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ကာ သမ၀ါယမ တက္ကသိုလ်(သန်လျင်)မှ ဘွဲ့လက်မှတ်ကို တိုက်ရိုက် ပေးနိုင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသား၊ ကျောင်းသားများ ကျောင်းအပ် လက်ခံထားရှိမှုကိုတော့ သင်ကြားနိုင်မယ့် အဆောက်အအုံ၊ စာသင်ခန်းနဲ့ ဆရာ၊ ဆရာမများပေါ် မူတည်ကာ အချိုးအစားညီစွာ နဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

ဘာလဲဟဲ့ HREIB


HREIB ဆိုတာကို ကြားဖူးကြတဲ့လူ သိတဲ့လူ အတော်နည်းပါလိမ့်မည်။ သို့သော် အစိုးရဆန့်ကျင်ရေး ပြည်ပေါက်ရောက်အတုက်အခံတွေ အားလုံးကတော့ သိကြသည်။ အဘယ့်ကြောင့်ဆိုသော် HREIB ဆိုတာလည်း NLD_LA, NCGUB, ABSDF, FTUB တို့ကဲ့သို့ပင် မြန်မာအစိုးရ မကောင်းကြောင်းပြောပြီး ပြည်ပအထောက်အပံ့တွေယူနေသော အဖွဲ့ တစ်ဖွဲ့ပဲဖြစ်နေခြင်းကြောင့် ဖြစ်သည်။



ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်း(HREIB)

လူမြင်ကွင်းတွင် လိင်တူဆက်ဆံသဖြင့် လူ့အခွင့်အရေးနှင့်ပညာပေးရေးဌာန ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းအား အိန္ဒိယရဲမှ ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ကာလတွင် ဒဏ်ရိုက်ခဲ့ကြောင်းစုံစမ်းသိရသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့  ဗီဂပ်ပူရီမြို့ နယ်ရှိ ဘားမားစင်တာဒေလီတွင် ဖြစ်ပွားခဲ့သည့်အမှုဖြစ်သည်။

ကလေးမြို့ အန်အယ်လ်ဒီ ဦးဘမင်း၏သား ကိုပြည့်စုံ ဆိုသူအား လူအခွင့်အရေး နှင့်ပညာပေးဌာန(ထိုင်းနိုင်ငံ) မှ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းသည် ရုံးခန်းပြင်ပ,ဝရံတာတွင် လိင်တူဆက်ဆံနေစဉ်၊ ဒေသခံ အိန္ဒိယနိုင်ငံသားများမှ တွေ့ရှိသွားခဲ့သည်။ ဒေသခံများမှ မကျေမနပ်ဖြစ်သဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ဗီဂပ်ပူရီရဲစခန်းမှ ရဲမျာ မိန်းကလေးများအပါအဝင်အများပြည်သူ မြင်သာ သောနေရာတွင် လိင်,ဆက်ဆံမှုလုပ်ရကောင်းမလားဆိုပြီး (၂-ယာက်စလုံး) လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။ ယင်းအမှုအတွက် အိန္ဒိယနိုင်ငံရောက် ဒီမိုကရေစီရေးလှုပ်ရှားနေသည့်ခါင်းဆောင်များ (ရဲဘော်ကျော်သန်းမပါ ) ရဲစခန်းတွင် တညလုံး သွားရောက်ဖြေရှင်းခဲ့ရာ အိန္ဒိယရဲအား ရှုပီးငွေသောင်းချီလာဘ်ထိုးခဲ့ရကြောင်းသိရှိရသည်။ ယင်းကုန်ကျငွေအား ညွှန်ကြားရေးမှု ဦးအောင်မျိုးမင်းမှပေးဆောင်သည်။

လာဘ်ထိုးမှုကြောင့် လူမြင်ကွင်းတွင်လိင်တူဆက်ဆံသည့် ဦးအောင်မျိုးမင်းနှင့် ကိုပြည့်စုံတို့အား ရဲမှ လွှတ်ပေးခဲ့သည်။ ရဲစခန်းမှ လွှတ်ပြီးနောက် ဦးအောင်မျိုးမင်းသည် ဟန်မပျက် သင်္ကြန်အမှီ ထိုင်းနိုင်ငံ ချင်းမိုင်သင်္ကြန်သို့ ပြန်ပေမဲ့ လိင်တူချစ်သူ ကိုပြည့်စုံမှာအရှက်လွန်သဖြင့် အိမ်ထဲမှ ယနေ့အထိ မထွက်ရကြောင်းသိရှိရသည်။

ယင်းကိစ္စနှင့်ပက်သက်၍ အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေသည့် ခေါင်းဆောင်တဦးမှ ပြောကြားရာတွင် "တော်တော်ရှက်စရာကောင်းတယ်ဗျာ။ ကုလားတွေကြားမှာ ဒီလိုဖြစ်တာ။ လုပ်ချင်ရင် ဟိုတယ်တွေ တည်းခိုခန်းတွေမှာ ချ,ပေါ့ဗျာ။ အခုဟာက သောက်ရှက်ကွဲတာပဲ အဖက်တင်တယ်"

ဦးအောင်မျိုးမင်းသည် လိင်တူချင်းချစ်မြတ်နိုးသည့် အချစ်ကြီးသူဖြစ်ကြောင်း ပြည်ပရောက်မြန်မာများအကြားတွင်အထူးရေပန်းစားသည်။ ၈၈-မျိုးဆက်တဦးဖြစ်သည့်အပြင် လူ့အခွင့်အရေးလုပ်ငန်းများအား ပြည်ပရောက်မြန်မာများအား စတင်မိတ်ဆက်ပေးသည့် ပထမဆုံးသော တက်ကြွလုပ်ရှားသူဖြစ်သည်။ နိုင်ငံတကာမှ ပေးအပ်သည့် ဆု,နှစ်ဆုရရှိထားပြီးသူဖြစ်သည်။

ယခုသတင်းအားအတည်ပြုနိုင်ရန် လူ့ဘောင်ချစ်ဘုန်းကျော်ဘလောဂ့်မှ ဦးအောင်မျိုးမင်းအား ဆက်သွယ်ခဲ့ရာအောင်မြင်မှုမရရှိခဲ့ပါ။

ယင်းအမှုနှင့်ပက်သက်၍ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းအား ပြည်ထောင်စုမြန်မာနိုင်အမျိုးသား ကောင်စီ (NCUB) မှ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ချင်း မရှိသေးကြောင်းသိရှိရသည်။






နောက်ဆုံးရသော သတင်းများအရ အစိုးရအတိုက်အခံ အဖွဲ့အစည်းများစွာထဲတွင် ဦးအောင်မျိုးမင်း လိုမျိုး အခြောက်တွေ အများကြီးရှိကြောင်းသိရသည်။ အချို့မှာ အနေအထိုင် မိန်းမစိတ်မပေါက်သော်လည်း အပြောအဆိုများက မိန်းမစိတ်ပေါက်ကာ အစိုးရလုပ်သမျှ ဆီလိုအပေါက်ရှာ အပြစ်ပြောတတ်ကြပြီး အမှားတစ်ခုထောက်ပြလျှင် ငါးစိမ်းသည်လို ကပ်ကပ်လန်အောင် ရန်တွေ့တတ်ကြသော ယောင်္ကျားအများအပြားရှိကြောင်း သိရသည်။



အစိုးရအတိုက်အခံအဖွဲ့အစည်းများတွင် ဂေး များ အများအပြား ရှိနေ (ပေးစာ - ၂၁)



Myanmar Express

အင်ဒို-မြန်မာ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲ မတ်လတွင် ကျင်းပမည်

From :ခေတ်လူငယ်

 နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ရည်ရွယ်သည့် အင်ဒို-မြန်မာ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲကို လာမည့်မတ်လအတွင်း ကျင်းပမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ခရီးသွားဆိုင်ရာ ကွန်ဖရင့်များပါ ပြုလုပ်မည်ဖြစ်ကြောင်း ကားမောင်းပြိုင်ပွဲ စီစဉ်သည့် မင်္ဂလာရှုခင်း (Bright View) ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အိန္ဒိယနိုင်ငံ ဂူဝါဟာတီမှ ကိုဟီးမာ၊ တမူး၊ ကလေး၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပြည်၊ ပုဂံ၊ မုံရွာ၊ ကလေး၊ တမူး၊ ကိုဟီးမာ၊ ဂူဝါဟာတီအထိ မြန်မာနိုင်ငံအတွင်း ၈ ညအိပ် ၉ ရက်ခရီးကို မတ်လ ၁၃ ရက်မှ ၂၁ ရက်အထိ မောင်းနှင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ကားမောင်းပြိုင်ပွဲတွင် တာတာ၊ မဟင်ဒရာ၊ ဆူဇူကီး၊ ချက်ပလက်စသည့် မော်တော်ကားကုမ္ပဏီများက ထုတ်လုပ်သည့် ခရီးကြမ်း မောင်းနှင်နိုင်သော (Sport Utility Vehicle-SUV) များဖြင့် မောင်းနှင်မည်ဖြစ်သည်။ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲကို စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားများသည် မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီနှင့် ယခုလ ၂၉ ရက်အထိ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး နိုင်ငံကူးလက်မှတ်နှင့် အင်တာနေရှင်နယ် ယာဉ်မောင်းလိုင်စင်ရှိရန် လိုအပ်သည်ဖြစ်ပါသည်..
 Myanmar Express

ချမ်းမြေ့သာစည် လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်း သင်ကျောင်း ဖွင့်လှစ်မည်

From : ခေတ်လူငယ်

မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်၍ ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများအတွက် အရည်အချင်း ပြည့်မီသော လေယာဉ်မှူးများ မွေးထုတ်ရေး၊ လေကြောင်းပညာရပ်ကို စိတ်ဝင်စားသူများနှင့် အပျော်တမ်းလေယာဉ်မောင်းနှင့် လိုသူများအတွက် ပျံသန်းရေးကလပ် (Flying Club) များ ဖွင့်လှစ်သင်ကြားလေ့ကျင့် ပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းတွင် အရပ်ဘက် လေယာဉ်မောင်း သင်တန်းကျောင်းနှင့် အပျော်တမ်း ပျံသန်းရေး ကလပ်ဖွင့်လှစ်ပါက ထိုလေဆိပ်သည် စည်ကားလာမည်ဖြစ်ပြီး မန္တလေးမြို့၏ ဂုဏ်ဆောင် လေကြောင်းပညာပေး နေရာတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့အပြင် ချမ်းမြသာ စည်လေယာဉ်ကွင်းသည် အလျားပေပေါင်း ၆၅၀၀၊ အနံပေ ၁၀၀ ရှိသည့်အတွက် တံတားဦး လေယာဉ်ကွင်း၏ အရေးပေါ် အရန် လေယာဉ်ကွင်းအဖြစ် အသုံးပြုနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းသည် ၇၅ တန်ရှိသည့် F-28 နှင့် အထက်လေယာဉ်များ ဆင်းသက်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းမှုအတွက် Conpulsory Reporiting Point အဖြစ် ဆက်လက်ထားရှိ၍ မန္တလေးမြို့၏ ကျက်သရေဆောင် အရပ်ဘက် လေယာဉ်မောင်းသင်တန်းကျောင်းနှင့် အပျော်တမ်း ပျံသန်းရေး ကလပ် (Flying Club) ဖွင့် လှစ်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းသည် မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းလျက်ရှိသော လေယာဉ်ပေါင်း နေ့စဉ် (၄၅၀) ရှိသည့်အနက် ချမ်းမြသာစည် လေဆိပ်သို့ သတင်းပို့ရသည်။ လေယာဉ်အစင်းရေ (၂၀၀) ရှိသည့်အတွက် ချမ်းမြသာစည် လေဆိပ်သည် တစ်ကမ္ဘာလုံး လေကြောင်းပို့ဆောင်ရေးတွင် အရေးကြီးသည့် နေရာတွင် တည်ရှိကြောင်း သိရှိရသည်..
 Myanmar Express

ကချင်ပြည်နယ်မှ နေထိုင်သူ ဒေသခံတစ်ဦး၏ ပေးစာ





ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ KIA အဖွဲ့ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။ အစိုးရဘက်ကလည်း သဘောတူပြီး တွေ့ဆုံမယ့်နေ့ရက်၊ နေရာကို ပြန်လည်ညှိနှိုင်းကြမယ်လို့ ကြားသိရပါတယ်။ KIA တပ်ဖွဲ့အနေနဲ့ ကချင်လူမျိုးများ အခွင့်အရေးရရှိရေးအတွက် လက်နက်ကိုင်တိုက်ခိုက်နေကြသလို KIA တပ်ဖွဲ့ဝင်အများစုကလည်း ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းဖွံဖြိုးမှုအတွက် ငြိမ်းချမ်းရေးကို လိုလားကြတယ်လို့ ကြားသိရပါတယ်။ ဒီလိုအချိန်မှာပဲ ဖေဖော်ဝါရီ(၈)ရက်နေ့က KIA အင်အား(၂၀) ဦးခန့််ဟာ ဗန်းမော်-မြစ်ကြီးနားကားလမ်း လဲလုံတံတားမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရတပ်နဲ့ ရဲတွေကိုသွားပြီး ပစ်ခတ်တိုက်ခိုက် မှုများလုပ်ခဲ့ပါတယ်။
KIA အဖွဲ့ဟာ ငြိမ်းချမ်းရေးကမ်းလှမ်းထားချိန်မှာ တစ်ဖက်က ဒီလိုလုပ်ကိုင်ဆောင်ရွက်ခြင်းဟာ “မီးစတစ်ဖက် ရေမှုတ်တစ်ဖက်” ဖြစ်နေပါတယ်။ ကချင်လူထုနဲ့ KIA အဖွဲ့ထဲက ငြိမ်းချမ်းရေးလိုလားသူ တွေအတွက် ဒီလိုသာဆိုရင် ငြိမ်းချမ်းရေးအရသာခံစားကြရပါ့မလား။
ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးအတွက် ဘယ်တော့နီးစပ်မှာလဲ………?

Myanmar Express

နိုင်ငံတကာ စီးပွားရေးကွန်ဖရင့်ကြီး မြန်မာနိုင်ငံတွင် မေလ၌ ကျင်းပမည်


From : ခေတ်လူငယ်

နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်သော နိုင်ငံတကာ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲကြီးတ စ်ခုကို လာမည့် မေလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ပွဲမျိုးဖြစ်ကာ ယင်းမှ နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်စေမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။ ငါးရက်တာ ကျင်းပမည်ဖြစ်သော အဆိုပါ နိုင်ငံတကာ စီးပွားရေးကွန်ဖရင့် ၂၀၁၂ ကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲမှ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး မူဝါဒသစ်များနှင့် အခွင့်အလမ်းကောင်းများ ပေးအပ်နိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ လက်ရှိမူဝါဒများကို ပြန်လည်ပြင်ဆင်ထားသည့် ပုံစံသစ်ကို မြင်တွေ့ရမည်ဟု ဆိုသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံဘက်မှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနအပြင် စင်ကာပူနိုင်ငံမှ Foreign Recruitment Centre Pte (FRC.Pte)မှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ပြောဆိုကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

From :မြန်မာတိုင်းမ်


ပြည်သူလူထု၏ အကျိုးစီးပွားအတွက် သတ္တိရှိရှိ တင်ပြကြရန်နှင့် ရဲရဲဝံ့ဝံ့ လုပ် ဆောင်သွားကြရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယခုလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးခန်းမတွင် ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်း များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
"အတိတ်ကို ပြည်လည်သုံးသပ်ပြီး သင်ခန်းစာယူဖို့၊ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိလုပ်ဖို့ လိုတယ်"ဟု ၎င်းက ပြောသည်။
၎င်းအနေဖြင့် လွှတ်တော်တွင်လည်း လွှတ်တော်အမတ်များအား ရဲရဲဝံ့ဝံ့ သတ္တိ ရှိရှိလုပ်ဆောင်ကြရန် တိုက်တွန်းပြော ကြားထား သည်ဟု ဆိုသည်။
သို့ရာတွင် သတင်းစာများ၊ ရုပ်သံနှင့် ရေဒီယိုသတင်းများတွင်မူ ၎င်းပြောကြား ခဲ့သည့်စကားများထဲမှ 'သတ္တိ'ဆိုသည့် စကားလုံး ပါမလာတော့သည်ကို တွေ့ရ ကြောင်း သူရဦးရွှေမန်းက ပြောသည်။
"ကျွန်တော်ကတော့ သတ္တိရှိရှိဆိုတာ လည်း ပြောရဲတယ်။ ဒါပေမယ့် ကြောက် တဲ့သူတွေကတော့ ကြောက်နေကြပါ သေးတယ်။ အခုက ခေတ်ပြောင်းနေပြီ လေ"ဟု ၎င်းက ပြောသည်။
မှန်တာလည်း မပြောရဲ၊ ကောင်းတာ လည်း မပြောရဲနဲ့ဆိုပါက တိုင်းပြည် ဆက်လက်နိမ့်ကျနေဦးမည်ဖြစ်ကြောင်းသူရဦးရွှေမန်းက ပြောကြားသည်။ သတ္တိမရှိခြင်းမှာ အဂတိတရား လိုက် စားခြင်းတစ်ခုဖြစ်သည်ဟု ၎င်းက ပြော ကြားခဲ့သည်။
"သတ္တိမရှိဘူးဆိုတာ အဂတိတရား လိုက်စားတယ်လို့ပဲ ပြောရမှာပဲ။ ပြော လိုက်တယ်ဆိုရင်ပဲ ကိုယ်ဒုက္ခရောက်မှာ ကြောက်တယ် ဆိုတာလည်း အဂတိ တစ်ခုလို့ ကျွန်တော်မြင်တယ်"ဟု သူရ ဦးရွှေမန်းက ပြောသည်။
သတ္တိမရှိပါက အကုန်ဆုံးရှုံးတတ် ကြောင်း၊ သတ္တိရှိခြင်းသည် တာဝန်ကျေ ပွန်မှုပင်ဖြစ်ကြောင်းနှင့် လူအများသည် ကောင်းသည်ဟု ပြောခံရခြင်းထက် သတ္တိရှိသည်ဟု ပြောခံရသည်ကို ပိုမို နှစ်သက်တတ်ကြောင်း သူရဦးရွှေမန်းက ပြောကြားကာ လွှတ်တော်ကိုယ်စား လှယ်များနှင့် ပြည်သူများ သတ္တိရှိရှိ တင်ပြပြောဆိုကြရန် လိုအပ်ကြောင်းဖြင့် သတ္တိဟူသည့်စကားလုံးကို ထပ်တလဲလဲ သုံးစွဲပြောဆို သွားခဲ့သည်။

 Myanmar Express

လူတွေကို ဘယ်လိုလိမ်တဲ့ သန်းထိုက်ဦးတဲ့

From : သူရိန်ထက်

သူငယ်ချင်းတစ်ယောက်က အရေးတကြီးဖုန်းဆက်လာပါတယ်။

“ဟေ့လူ (ကို)သန်းထိုက်ဦးတစ်ယောက် ဒေါ်စုခြံထဲကို ကရင်အင်္ကျီဝတ်ပြီး ၀င်သွားတဲ့ပုံတွေ တွေ့ပြီးပြီလား။ ဒေါ်စုနဲ့တောင် စားပွဲဝိုင်းတစ်ခုထဲမှာ အတူထိုင်ပြီး ဓါတ်ပုံတွဲရိုက်ထားတဲ့ပုံတွေတောင် နက်ပေါ်တက်နေပြီ။ ဘယ်လိုလုပ်ကြမလဲ။ တားကြ ဆီးကြ သတိပေးကြပါဦး...”တဲ့။

သူပြောလို့ ကျနော်လည်း နက်ပေါ်မှာရှာကြည့်လိုက်တော့(ဓါတ်ပုံပါတဲ့လင့်ကို မိုးသောက်ကြယ်အဖွဲ့သားတစ်ဦးမှ ရှာဖွေပေးခြင်းဖြစ်ပါတယ်) ကိုယ်မျက်စိတောင် ကိုယ်မယုံနိုင်အောင်ဖြစ်သွားတယ်။ လား- လား- လား- တယ်ဟုတ်ပါလား။ ဒီလူ သူ့ရည်ရွယ်ချက်ပြည့်အောင်တော့ လုပ်နိုင်သားပဲ။ ရည်ရွယ်ချက်ပြည့်ပြီးရင် ရည်မှန်းချက်နဲ့ သူရဲ့ရှေ့လုပ်ငန်းစဉ်တွေကို “ဂွင်”သမားပီပီ အကောင်အထည်ဖော်တော့မှာပဲ။ ဒီလိုပဲ ကျနော်သဘောပေါက်လိုက်ပါတယ်။

ပထမဦးဆုံး ဒီလူ ဘယ်လိုပုံစံနဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံထဲဝင်သွားသလဲဆိုတာကို ထိုင်းမှာရှိတဲ့လူတွေဆီ ဆက်သွယ်တီးခေါက်ကြည့်လိုက်တော့ အဖြစ်မှန်အားလုံးကို သိရပါတယ်။ ဒါကြောင့် ဒီလူအကြောင်းကိုပါ တပါတည်းရေးလိုက်ပါတယ်။ ဒီလူလိုမျိုး အလားတူခြေလှမ်းပြင်နေတဲ့ လူတစ်ယောက်အကြောင်းကိုပါ အတိအကျရေးပေးလိုက်ပါတယ်။

ဒီလိုရေးလို့ မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာဆိုတဲ့လူဟာ သူများကို အပုပ်ချဖို့၊ တိုက်ခိုက်ဖို့ပဲလုပ်နေသလား။ မနာလို ၀န်တိုစိတ်(ဣဿာ၊ မစ္ဆရိယစိတ်)တွေပဲ ကိန်းကောင်းနေသလား။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ပဲ အာသီသရှိနေသလားလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ကျနော့်ခံယူချက်ကတော့ တော်လှန်ရေးဗန်းပြ၊ နိုင်ငံရေးကိုခုတုံးလုပ်ပြီး စီးပွားရှာလုပ်စားနေတဲ့လူတွေ၊ လိမ်နေ ညာနေ ဖြီးနေ ဖြန်းနေတာတွေကို မုန်းပါတယ်။ ရွံ့လည်းရွံ့ပါတယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။ ဂျာနယ်မှာဖော်ပြရင် ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုမျိုး မိုးသောက်ကြယ်ဂျာနယ်စာမျက်နှာပေါ်မှာမတင်မိအောင်နဲ့ အများသူငှာ သတိထားဆင်ခြင်မိအောင် ပါးပါးလေးပဲ ရေးတင်ပါတယ်။ မိုးသောက်ကြယ်ဂျာနယ်ရဲ့ အဓိကဖော်ပြနေတဲ့အကြောင်းအရာတွေကတော့ အတူယူစရာကောင်းတဲ့ ဂျပန်နိုင်ငံရေးအကြောင်း၊ လူမှုရေးအကြောင်းနဲ့၊ ဂျပန်ရောက် နိုင်ငံခြားသားတွေ သိသင့်သိထိုက်တဲ့ ဥပဒေရေးရာအကြောင်းကိုပဲ ဇောင်းပေးပြီးဖော်ပြတာပါ။

“ရိုးသားမှုဟာချစ်စရာ”တဲ့။ ဆရာတင်မိုးရဲ့ လက်သုံးစကားပါ။ ရိုးသားတဲ့လူမှန်သမျှကို ကျနော်ချစ်ပါတယ်။ ပုခုံးပေါ်သာမက ခေါင်းပေါ်မှာပါ ဦးထိပ်တင်မှာပါ။

ရိုးသားမှုအားလုံးကိုလေးစားလျက်-

စိုးဝင်းရှိန်

(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)

ကရင်အင်္ကျီဝတ်ပြီး ဒေါ်စုနဲ့တောင် ဓါတ်ပုံရိုက်ယူနိုင်ခဲ့တဲ့ ဂျပန်က“အာ”စီးပွားရေးသမား (သို့မဟုတ်) “ကိုတင်ဝင်း”ထက်သာသွားတဲ့ “ကိုသန်းထိုက်ဦး”

ကရင်အင်္ကျီအပြာရောင်ဝတ်ထားတဲ့ သန်းထိုက်ဦး(နာမည်ရင်း သန်းထိုက်)ဆိုတာ လှည့်ပတ်လိမ်စားနေတဲ့ လူတယောက်ပါ။ ဂျပန်ကို (၂၀၀၀)မတိုင်မီကရောက်ပြီး စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း ဂျပန်တယောက်နဲ့ ရန်ဖြစ်လို့ ဖမ်းဆီးပြန်ပို့ခံရပါတယ်။ ဂျပန်ကိုပြန်လာချင်တော့ ပထမဦးဆုံး နာမည်ပြောင်းပါတယ်။ အမည်ရင်းသန်းထိုက်ကနေ သန်းထိုက်ဦးဆိုပြီး ပတ်စပို့စာအုပ်အသစ်နဲ့ ပြန်ဝင်လာပါတယ်။ ဂျပန်ဥပဒေအရ အိုဗာစတေးမှုနဲ့ ရာဇ၀တ်မှုကြောင့် မိခင်နိုင်ငံပြန်ပို့ခံရတဲ့လူတွေကို ၅ နှစ်အတွင်း ပြန်ဝင်လို့မရဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် နာမည်အသစ်၊ ပတ်စပို့အသစ်နဲ့ ပြန်ဝင်လာတာပါ။ ဂျပန်ပြန်မလာခင် ပြင်ဆင်စရာရှိတာတွေ အားလုံးကို ပြင်ဆင်ပါတယ်။ ဂျပန်အစိုးရထံမှာ ရဖြူဂျီ(ဂျပန်ရောက် မြန်မာများအခေါ် “အာ”ဗီဇာ)လျှောက်ချင်တော့ (NLD)

ဟောပြောပွဲတွေသွား၊ ဓါတ်ပုံတွေရိုက်၊ အထောက်အထားအတုတွေ ရယူခဲ့ပါတယ်။ သူ့ဒါမျိုးလုပ်တဲ့အကြောင်းကို စာရေးဆရာ သူရိန်ထက်က “ခြံစည်းရိုးလေးကို ကျေးဇူးပါတယ်”ဆိုပြီး ဂျပန်မှာထုတ်တဲ့ အာဟာရစာစောင်မှာလည်း ဖော်ပြခဲ့ဖူးသလို၊ မိုးမခ နဲ့ ရွှေဒေါင်းတောင် စာမျက်နှာမှာလည်း တင်ထားပါတယ်။ ဖတ်ချင်တယ်ဆိုရင်တော့-

http://moemaka.com/2011/06/suu-66-article-thuyein-htet-2/

http://www.shwedaungtaung.com/index.php?option=com_content&view=article&id=176:2011-08-25-18-51-55&catid=1:education-guide&Itemid=50

မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဒီလိုနဲ့ ဂျပန်ကို ပြန်ဝင်ရောက်လာပြီး ပြည်တွင်းမှာ နိုင်ငံရေးလုပ်ခဲ့လို့ အသက်လုပြီး ထွက်ပြေးလာရပါတယ်လို့ပြောပြီး ဂျပန်လ၀ကဆီမှာ ရဖြူဂျီလျှောက် နောက် “အာ”ဗီဇာရသွားပါတယ်။ “အာ”ဗီဇာရတော့ ပထမအိမ်ထောင်နဲ့ ရခဲ့တဲ့ သားသမီး(၃)ယောက်ကို ဂျပန်ခေါ်ပါတယ်။ ရောက်လာတဲ့နောက်ပိုင်း ဂျပန်လာချင်တဲ့လူတွေကို ယန်း သောင်း ၁၅၀ (ကျပ်သိန်း တစ်ရာ့ခြောက်ဆယ်ကျော်)ယူပြီး လက်ထပ်ဗီဇာနဲ့ ခေါ်ပါတယ်။ ဒါကို မိုးသောက်ကြယ်ဂျာနယ်ရဲ့ “ကြားလိုက်ရသောအသံများ”ခေါင်းစဉ်အောက်မှာ “အာ”ပုံပြော၍ “အာ”ကုန်ကူးခြင်းဆိုပြီး သရော်စာပုံစံမျိုးရေးခဲ့ဖူးပါတယ်။ မကျေနပ်လို့ဆိုပြီး ရှေ့နေငှားပြီး တိုင်ပါတယ်။ နောက်ဆုံးတော့ သူ့ဖာသာသူပြန်လျောချသွားပါတယ်။

ဒီလိုနဲ့ ဂျပန်မှာ အနှစ်(၂၀)ကျော်နေထိုင်နေတဲ့ ရေလှံတဲ့ မြန်မာပြည်ပေါက် ကုလားမတစ်ဦးကို(မလိုအပ်သေးသဖြင့် နာမည်မရေးသေးခြင်းဖြစ်ပါတယ်) ချစ်ကြိုက်ချင်အောင် လိမ်ညာပေါင်းသင်းပြီး နှစ်ပေါင်း(၂၀)ကျော် နေ့မအိပ်ညမအိပ်ရှာထားတဲ့ငွေများကို ကားဟောင်းရောင်းဝယ်ရေးကုမ္ပဏီထောင်မယ်ပြောပြီး ယန်း သိန်း(၅,၀၀၀)ကျော် ရယူပြီး ထိုင်းနိုင်ငံ မဲဆောက်မှ လိုင်စင်မဲ့ကားများကို ခိုးသွင်းနေသူဖြစ်ပါတယ်။

သားသမီး(၃)ယောက်ကလည်း 'ဘမျိုး ဘိုးတူ'ဆိုတဲ့အတိုင်း ဂျပန်မှာဆိုးသွမ်းရှုပ်ပွေလွန်းလို့ တယောက်သိန်း(၅၀၀)စီပေးပြီး မြန်မာပြည်ပြန်ခိုင်းလိုက်တယ်လို့ သိရပါတယ်။ မပြန်လို့လည်း မရတော့တဲ့အခြေအနေတွေကို ဂျပန်လ၀က က သိသွားလို့ပါ။

သူကလည်း ဂျပန်လာချင်တဲ့ မြန်မာပြည်ထဲက မိန်းကလေးတစ်ယောက်ကို ကျပ် သိန်း ၁၂၀ တောင်း။ လူလည်းယူ ငွေလည်းယူပြီး လက်ထပ်ဗီဇာနဲ့ခေါ်လိုက်ပါသေးတယ်။ မကုလားမကြီးက ဒေါသူပုန်ထပြီး ဒီမိန်းမကို မြန်မာပြည်ပြန်မပို့ရင် ရှင့်ကို ကားကုမ္ပဏီထောင်ဖို့ ငွေထုတ်မပေးတော့ဘူးလို့ ရာဇသံပေးလို့ ချော့မော့ပြီး ပြန်ပို့လိုက်ပါတယ်။

အခု သူက မဲဆောက်မှာ နောက်မိန်းမခပ်ငယ်ငယ်တယောက်နဲ့ နေသလို ကြားနေရသလို ကုလားမကြီးကို ငွေမပြားမှ မပို့တော့လို့ တငိုငို တရီရီဖြစ်နေတယ်လို့လည်း ကြားရပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က ဗိုလ်ချုပ်ထိန်မောင်တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဓါတ်ပုံအတူရိုက်နေတာမြင့်တွေရတော့ လူလိမ်တယောက်ကို မဖြစ်မနေဖေါ်ထုတ်ရခြင်းဖြစ်ပါတယ်။ သူ့ ပါစင်နယ်ကို ဖေါ်ထုတ်ရေးနေခြင်းမှာ ပါစင်နယ်ကောင်းမှ ယုံကြည်ရမှာဖြစ်လို့ မဖြစ်နေ ရေးပြရခြင်းဖြစ်ပါတယ်။

ယနေ့အချိန်ကာလဟာ ကားများကို တရားဝင်တင်သွင်းခွင့်ပြုနေပြီဖြစ်တဲ့အတွက် လိုင်စင်မဲ့ကားများ ခိုးသွင်းမှုမှာ အရောင်းအ၀ယ်မဖြစ်တော့ပါ။ ဒါကြောင့်

ကားအရောင်းအ၀ယ် ကားခိုးပို့မှုကိုကူညီသော လူများနှင့်ဆက်သွယ်ကာ ဗိုယ်ချုပ်ထိန်မောင်တို့ထံ ချည်းကပ်ပြီး “ဂွင်”ဖန်ဖို့နည်းမျိုးစုံကြံနေခြင်းဖြစ်ပါတယ်၊

ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲ သွားရောက်သည်ကို နောက်တနေ့မှာ သိသိချင်း ဇွတ်လိုက်သွားတာလို့ မဲဆောက်ကလူတွေပြောပြလို့ သိရပါတယ်။ အကြောင်းကတော့ ကရင်ပြည်နယ်မှာ အကြီးမားဆုံး ရွှေကြောကြီးတွေ့ရှိနေသည့်သတင်းကို ကြားသိနေသဖြင့် “ဂွင်”အကြီးကြီးဖန်ခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ ငြိမ်းချမ်းရေး ရယူပြီးလျှင် ရွှေတူးဖေါ်ရေးလိုင်စင်ကို အစိုးရထံမှ တောင်းပြီးလုပ်ရန် ရည်ရွယ်ထားပုံရပါတယ်။ (ငြိမ်းချမ်းရေးယူပြီးသော ဖဒိုအောင်ဆန်းတို့ ဦးအောင်ခန်းထီးတို့ အဖွဲ့များအား မြေအောက်သယံဇာတတူးဖေါ်ရေးလိုင်စင် ထုတ်ပေးခဲ့သည်ကို သိကြမှာပါ)။ ထိုအတွက်ကြောင့် ရိုးသားသော တိုင်းရင်းသားများအပေါ် နိုင်ငံရေးအရအလွဲသုံးစားလုပ် အခွင့်ကောင်းယူရန် “ဂွင်”ဖန်နေသောလူတယောက်သာဖြစ်ပါတယ်။ ဘာနိုင်ငံရေးမှ လုပ်ခဲ့တဲ့သူမဟုတ်သလို ဘာနိုင်ငံရေးခံယူချက်မှလည်း ရှိတဲ့သူမဟုတ်ပါ။ နိုင်ငံရေးလုပ်နေသူများကို အသုံးချပြီး လူမွေးကာ ငွေအနည်းငယ်ပို့ပြခဲ့ဘူးသည်ဟု သိရပါသည်။ ဂွင်အကြီးကြီးမှ ကိုင်တဲ့သူဖြစ်ပါတယ်၊ ဂွင်သေးရင် လှည့်တောင်မကြည့်ပါ။ ။

နောက်တစ်ဦးက ကိုတင်ဝင်းဆိုတဲ့လူအကြောင်းပါ။ ဆက်ရေးပါမယ်။ အတိအကျကိုရေးမှာပါ။ ဒီလူ လူလည်ကျတာ၊ နှစ်ပေါက်တစ်ယောက်ရိုက်ပြီး အာရွီး၊ ညာဖြီးတာကို သောက်မြင်ကပ်လို့ ကျနော်ကိုယ်တိုင် သံမှူးဦးကောင်းစံလွင်နဲ့ဗျူးထားတဲ့ အသံဖိုင်ပါ ပူးတွဲတင်ပေးမှာပါ။

ဒီလိုရေးလို့ ပုဂ္ဂိုလ်ရေးအမြင်မကြည်ဘူး၊ ပုဂ္ဂိုလ်ရေးမသင့်မြတ်ဘူးလို့ထင်လည်း မတတ်နိုင်ပါ။ ပုဂ္ဂိုလ်ရေးက ပုဂ္ဂိုလ်ရေးပါ။ အစပထမပြောခဲ့သလို ကျနော့်ခံယူချက်ကတော့ တော်လှန်ရေးဗန်းပြ၊ နိုင်ငံရေးကိုခုတုံးလုပ်ပြီး စီးပွားရှာလုပ်စားနေတဲ့လူတွေ၊ လိမ်နေ ညာနေ ဖြီးနေ ဖြန်းနေတာတွေကို မုန်းပါတယ်။ ရွံ့လည်းရွံ့ပါတယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတွေ၊ အဖွဲ့သားတွေ မရိုးသားတာ၊ မဟုတ်တာ မမှန်တာလုပ်တာ၊ ပြောတာ ဆိုတာ၊ အာရွှီး ညာဖြီးနေတာ ရှိရင်လည်း ဝေဖန်ပေးကြပါ။ ပြုပြင်ပါမယ်

http://www.facebook.com/media/set/?set=a.1531540252592.2071549.1357340814&type=3#!/maungshin1

http://www.shwedaungtaung.com/index.php?option=com_content&view=article&id=176:2011-08-25-18-51-55&catid=1:education-guide&Itemid=50

ကာတော့ ကြာခဲ့ပါပြီ။ ၁၉၉၃ ခုလောက်ကပေါ့။ ဂျပန်နိုင်ငံ ကာဝါစကီ ဖက်က ထမင်းဗူးတွေ ထုတ်လုပ်တဲ့ စက်ရုံတခုကို နှင်းတွေဝေနေတဲ့ မနက်စောစောမှာ ရဲနဲ့ လ၀က အရာရှိတွေ အများအပြားဟာ ၀ိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးလိုက်တယ်။ ရက်ကျော်နေထိုင်တဲ့ တရားမ၀င် နိုင်ငံခြားသားအလုပ်သမား တော်တော်များများကို ဖမ်းမိလိုက်တယ်။ နိုင်ငံခြားသား အားလုံးဟာ မြန်မာနိုင်ငံသား တွေပေါ့။ အဲဒီခေတ်ကာလအခြေအနေအရ ဒီလို တရားမ၀င် နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့ စက်ရုံတွေကိုဖမ်းဆီးတာ အတော်လေးရှားတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံသားတွေ ကြားထဲ အတော်လေး ဂယက် ရိုက် သွားတယ်။

အားလုံးကို ဖမ်းဆီးစစ်ဆေးပြီး ရက်ကျော်နေထိုင်မှုနဲ့ အရေးယူပြီး မိခင်နိုင်ငံကို ပြန်ပို့လိုက်တယ်ပေါ့။ အားလုံးကို ပြန်ပို့ လိုက်တယ်ဆိုပေမယ့် တယောက်ကိုတော့ ပြန်မပို့ပဲ မကြာခင်မှာ ပြန်လွှတ်ပေးလိုက်တယ်။ သူ့ကို ဖမ်းဆီး စစ်ဆေးတဲ့ အခါ သူ့ဆီမှာ ဓါတ်ပုံတပုံကို တွေ့လို့ပါ။ ဓါတ်ပုံထဲမှာ တခြားတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ဓါတ်ပုံလေးပါ။ သူ့ကို ဖမ်းဆီးပြန်ပို့မယ်ဆိုရင် မြန်မာနိုင်ငံပြန်တဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးနှိပ်စက် ထောင်ချ အရေးယူမှာကို စိုးရိမ်တဲ့အတွက် လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးလိုက်တယ် ဆိုပါစို့။့ အားလုံးထဲမှာ သူတယောက်တည်း ပြန်လွတ်လာတာမို့ ဒေါ်စုပုံလေး ကယ်လိုက်တာဆိုပြီး ကာယကံရှင်က တဖွဖွ ပြောဆို ကျေးဇူးတင်ခဲ့ပါသတဲ့။

ဒီတော့ အဲဒီခေတ်အခါက ဂျပန်က မြန်မာတွေကြားထဲမှာ ဒေါ်စုကြောင့် လူတယောက် အဖမ်းခံဘ၀က လွတ်မြောက်ခွင့် ရခဲ့တယ်။ ဒေါ်စုသာမက ဒေါ်စုရဲ့ ဓါတ်ပုံလေးက အစွမ်းထက်တယ်လို့တောင် ပြောစမှတ်ပြုခဲ့ကြပါတယ်။

xxxxxxxxxxxxxxxxxxxxxx

နောက်တယောက်က ကိုအောင်တဲ့။ သူက ပထမ ကိုးရီးယားမှာ နေတာ။ ကိုးရီးယားမှာ နေခဲ့စဉ်ကတည်းက နိုင်ငံရေး လုပ်ခဲ့တဲ့သူပေါ့။ ကိုးရီးယားက တက်ကြွလူငယ်ထဲက တဦးဆိုပါတော့။ နောက်တော့ သူက ဂျပန်ကို ရောက်လာတယ်။ ကိုးရီးယားမှာ ရက်ကျော်နေထိုင်တဲ့သူတယောက်က ဂျပန်ကို ရောက်လာတယ်ဆိုတာ အောက်လမ်းနည်းနဲ့ ရောက်လာတယ် ဆိုတာတော့ ဂျပန်က မြန်မာတွေ သိကြတယ်။ အောက်လမ်းဆိုပေမယ့် တကယ်က ရေလမ်းပေါ့လေ။ ကိုးရီးယားက သင်္ဘောထဲ သိုသိုသိပ်သိပ် လိုက်ပါခဲ့ပြီး ဂျပန်ကမ်းရောက်တော့ ဆင်းနေခဲ့တယ်ဆိုပါတော့။ သိတဲ့အတိုင်း ကိုးရီးယားနဲ့ ဂျပန်က ပိဖိဖိတ်ရဲ့ ဟိုဖက်ကမ်း ဒီဖက်ကမ်းကိုး။

အဲဒီအချိန်က ၂၀၀၄-၂၀၀၅ ၀န်းကျင်ဖြစ်မယ်ထင်တယ်။ ကိုအောင်တို့ဂျပန်ကို ၀င်လာတဲ့အချိန်ကာလဟာ သိပ်ခေတ်ကောင်းတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒီလို တရားမ၀င် ခိုးဝင်တာကို ဂျပန်ဖက်က သိထားလို့ အရေးယူ ဖေါ်ထုတ်ဖမ်းဆီး ပြန်ပို့တာတွေ လုပ်နေတယ်။ ဂျပန်အနေနဲ့ ဒါဟာ ပြစ်မှုတခုလို သဘောထား ကိုင်တွယ်နေတဲ့ အချိန်ပေါ့။

ဂျပန်အာဏာပိုင်တွေက ဘယ်လိုသဘောထားထားပေါ့လေ။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အသိုင်းအ၀ိုင်းကတော့ အလွန်နွေးထွေးပါတယ်။ ကိုးရီးယားမှာ မကလို့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးကို ဆောင်ရွက်နေတဲ့သူဆို နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်ပဲ မဟုတ်လား။ ဆိုတော့ ဂျပန်က နိုင်ငံရေးအင်အားစုတွေက ကိုအောင်ကြီးကို ကြိုဆိုကြ ဧည့်ခံကြနဲ့ပေါ့။ ကိုးရီးယားရဲ့ အအေးဒဏ်ကို ကိုးရီးယား ဆိုးဂျူးနဲ့ ကာကွယ်ခဲ့ဖူးတဲ့ကိုအောင်တယောက် ဂျပန်ရောက်တော့ ဂျပန် ဆာကေး နဲ့ မိတ်ဆွေဖြစ်ရတယ်ပေါ့။ ဟိုလူက “၀မ်းသာတယ်ဗျာ.. ရော့တခွက်”.. ဒီလူက “ကြိုဆိုတယ်ဗျာ.. ရော့တခွက်.. ” နောက်တယောက်က “ကွန်ကယက်ကျူးလေးရှင်းဗျာ.. ရော့တခွက်..” မူးလာရင် ဂျပန်လိုပြောလိုက်ရမှ အာတွေ့တဲ့ နောက်တယောက်ကလည်း “အိုမဲ့တဲ့တိုး.. ကိုအောင်” ဆိုပြီး ရော့တခွက်နဲ့ပေါ့။

ပြောရရင် ကိုအောင်က အရက်သိပ်သောက်လေ့သောက်ထ ရှိတဲ့သူမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးရှင် ဂျပန်က ကိုယ်တော်တွေကို အားနာတာ၊ ၀မ်းသာတာ၊ ဂုဏ်ယူတာတွေအပြင် ဂျပန်ဆာကေးလေးကလည်း အ၀င်ကောင်းလေတော့ အတော်လေး မူးသွားတယ်။ ဒီတော့ ပြန်မယ်ပေါ့။ အဖေါ်တွေက လိုက်ပို့မယ်ဆိုပေမယ့် ကိုအောင်ခင် အိမ်နီးလေးပါ။ ရပါတယ် ဆိုပြီး အားနာတာနဲ့ လိုက်မပို့ခိုင်းဘူး။

အဲ.. တချို့အရက်ကောင်းတွေက ထိုင်သောက်တုန်းက အရသာလေး ရှိသလောက် ထသွားတော့ အစွမ်းပြတော့ တာကိုး။ ဆိုင်ပြင်ခပ်လှမ်းလှမ်းရောက်တော့ မိုးက အတော်ချုပ်ပြီ။ ကိုအောင်လည်း အတော်လေး ပေါက်မြောက်နေပြီ။ တွေ့တဲ့တက္ကစီကို တားဆီးမယ်ဆိုပြီး ကားမိုးပေါ် မီးလင်းနေတဲ့ကား လာထား ဆိုပြီး ဖမ်းတားလိုက်တာ တက္ကစီမဟုတ်ပဲ ရဲကားဖြစ်နေပါလေရော။ ဒယိမ်းဒယိုင်နဲ့ ကိုအောင်ကို ရဲ့ ဘာကူညီရမလဲ ခင်ဗျ.. ကူညီပါရစေ လုပ်မယ်ကြည့်တော့ အမူးလွန် နေတဲ့ ကိုအောင်၊ ဂျပန်လိုလည်း “ဟိုက်” ဆိုတဲ့တလုံးလောက် တတ်တဲ့ကိုအောင်။ တွေ့ပါလေရော။ ဒါနဲ့ ဂျပန်စေတနာရှင် ရဲတွေက ကိုအောင်နေတဲ့အိမ် ပြန်ပို့ပေးဖို့ ကိုအောင့်လိပ်စာပါမယ့် နိုင်ငံခြားသားကဒ် တောင်းပါလေရော။ ခိုးဝင်လာပါတယ် ဆိုမှာ ဘယ့်နှယ့်အိုင်ဒီကဒ် ရှိမလဲ။ ဘယ်ပို့ပေးလို့ ဘယ်လိုကူညီရမှန်းမသိလေတော့ မထူးဘူး။ ရဲကင်းစခန်း ခေါ်သွားပါလေ ရော။ သာမန်ဆို အမူးလွန်နေရင် အမူးသမားတွေထားတဲ့ ဆေးရုံပို့ပေး။ မနက်အမူးပြေရင် ကိုယ့်ဘာသာပြန် ရတာမျိုးဖြစ်ပေမယ့် အခု ကိုအောင်က ဘာစာရွက်စာတမ်း ဘာကဒ်မှမရှိ။ ဘယ်နိုင်ငံကမှန်းလည်းမသိ။ ဆိုတော့ ရဲကင်းက တာဝန်ခံကတဆင့် မြို့နယ် ရဲစခန်းပေါ့။

မူးနေတဲ့ ကိုအောင် သူ့စီးလာတာ တက္ကစီမဟုတ်ပဲ ရဲကားဖြစ်ပြီး ပြသနာတော့ တက်နေပြီဆိုတော့ ဖြေရှင်းဖို့နည်းလမ်း လည်းမသိ။ ဖမ်းခံရရင် နိုင်ငံပြန်ပို့တော့မှာပဲ ဆိုပြီး စိုးရိမ်ချက်ကလေးကလည်း ရှိနေတော့ တတ်သမျှ အင်္ဂလိပ်စကားတွေနဲ့ စခန်းတာဝန်ခံကို ရှင်းပြပါလေရော။ ဂျပန်နိုင်ငံကလည်း အင်္ဂလိပ်စကားကို တကယ်တတ်တဲ့သူတွေက မွှတ်နေအောင် တတ်ပေ မယ့် မတတ်တဲ့သူကလည်း အလွန်ညံ့တာကလား။ ဆိုတော့ ကိုအောင်ပြောတဲ့ အင်္ဂလိပ်စကားကို ရဲအရာရှိကလည်း နားမလည် ဘူး။ ပြီးတော့ မူးနေတဲ့ အာရှသံပီသတဲ့ အင်္ဂလိပ်စကားဆိုတော့.. စဉ်းစားသာကြည့်ပေတော့။

အဲ.. ဒါပေမယ့် ကိုအောင်ပြောတဲ့ထဲမှာ သူတို့ နားလည်တဲ့စကားတခွန်းတော့ ပါတယ်။ အဲဒါက “အောင်ဆန်းစုကြည်” ဆိုတဲ့ နာမည်ပဲ။ သတင်းတွေမှာ အထပ်ထပ်အခါခါ ကြားနေရတဲ့နာမည်။ သတင်းစာမှာ မကြာခဏတွေ့နေရတဲ့ နာမည်။ ဆိုတော့ “အောင်ဆန်းစုကြည်တို့ တိုင်းပြည်ကဖြစ်မယ်ကွ” “ဒီလူဒီနာမည်ပဲ အထပ်ထပ်ရွတ်နေပုံထောက်တော့ အောင်ဆန်းစုကြည်တို့ အဖွဲ့က လူဖြစ်မယ်ကွ“ ဆိုပြီး နောက်ဆုံး ၀ိုင်းဝန်းစဉ်းစားတိုင်ပင်ပြီး “သနားပါတယ်ကွာ.. သူတို့ တိုင်း ပြည်ပြန်ပို့ရင် ဒုက္ခရောက်မယ့်သူဖြစ်မယ်။ တညသိပ်ပြီး မနက်ပြန်ပို့ပေးလိုက်ပါကွာ” တဲ့။

ဒီလိုနဲ့ ကိုအောင်တယောက် အခုထိ ဂျပန်မှာ သောင်တင်တုန်း။ ဘာပဲဖြစ်ဖြစ် ပြောစမှတ်လည်း ကျန်ခဲ့တယ်။ “ဒေါ် အောင်ဆန်းစုကြည်ကကွာ… အတော်အစွမ်းအစ ရှိတဲ့ ခေါင်းဆောင်ဆိုတာ ငြင်းစရာမရှိဘူး။ ကြည့်လေ.. လူသာမက ဓါတ်ပုံ တောင် မဟုတ်ဘူး.. ဒေါ်အောင်ဆန်းစုကြည် .. ဒေါ်အောင်ဆန်းစုကြည်နဲ့ နှုတ်ငုံဆောင်တာနဲ့တောင် အဖမ်းအဆီးက လွတ်တယ်” တဲ့။

xxxxxxxxxxxxxxxx

ပြောရရင် ဂျပန်က သတင်းမီဒီယာ အလွန်အားကောင်းတဲ့နိုင်ငံပါ။ သတင်းစာတွေ ပလူပျံနေသလို တီဗွီတွေမှာလည်း အပ်ကျတာက အစ ကြေညာပေးနေတဲ့ နိုင်ငံလို့တောင် ဆိုနိုင်တယ်။ ဒီတော့ သာမန်လူတွေတောင် အနည်းဆုံး သတင်း မီဒီယာတွေကျေးဇူးကြောင့် ဗဟုသုတတော့ အတော်လေး ရှိတယ်ပြောရမယ်။

ဒါပေမယ့် “ဘယ်နိုင်ငံကလဲ.. မျက်နှာက ဂျပန်လူမျိုးနဲ့ အတော်တူတယ်နော်” ဆိုပြီး မေးလာခဲ့ရင် “ကျမက မြန်မာ ပြည်ကပါ” ဆိုရင် သူတို့ အတော်လေး အူကြောင်ကြောင် ဖြစ်ကြတယ်။ မြန်မာဆိုတာကို နောက်ပိုင်းမှ ပြောင်းလိုက်တာ ကြောင့်လည်းဖြစ်မှာပေါ့လေ။ မြန်မာဆိုရင် ဟိုး ဥရောပဖက်ကလား.. အာရပ်ဖက်ကလား.. တောင်အမေရိကားဖက်ကလား နဲ့ သိတဲ့လူက အလွန်ရှားပါတယ်။ မေးတဲ့သူက လူကြီးပိုင်း ဆိုရင်တော့…. “သြော်.. ကျမ ဘိရုမာကပါ” ဆိုရင်တော့ မရောက်ဖူးတဲ့ သူတောင် “သြော်.. သိပြီ.. အလွန်ကြင်နာတဲ့လူမျိုး.. ဘိရုမနော့ တာတဲဂိုတို (ဗမာ့စောင်း) ရုပ်ရှင်ထဲ ကြည့်ဖူးတယ်..။ သိပ်ချစ် စရာကောင်းတာ.. သိပ်ကြင်နာတာ.. ” ဆိုတာနဲ့ ချက်ခြင်းရင်းနှီးသွားနိုင်ပါတယ်။ ဘိရုမာကို ရောက်ဖူးတဲ့ စစ်ပြန်ကြီးတွေဆိုရင် တော့ ဘိရုမာလူမျိုးဆိုတာနဲ့ “ဟာ.. ဘာကူညီရမလဲ.. အသက်သခင် ကျေးဇူးရှင်တွေ.. ၀မ်းသာလိုက်တာ” ဆိုတာမျိုးဖြစ်ကြတာပါ။ စကားအလွန်ပြောချင်တဲ့ စစ်ပြန်တချို့ဆို..

“မြန်မာ့တပ်မတော်က.. တို့ နိပွန်းဘုရင်တပ်မတော်ရဲ့ မျိုးဆက်သစ်ကွ။ တို့ဘုရင့်တပ်မတော်က မွေးထုတ်ပေးခဲ့ကြ တာမို့ ငါတို့ တပ်မတော်ပါပဲ။ ဂျပန်တပ်မတော်က ဖျက်သိမ်းခံရပြီး မရှိတော့ပေမယ့် မြန်မာတပ်မတော်ရှိသေးလို့ ဒါ တို့မျိုးဆက် သွေးသားတပ်မတော်ကွ.. သိပ်ဂုဏ်ယူဖို့ကောင်းတာ..အဲ.. ဒါပေမယ့်.. အခု တပ်မတော်က.. ” ဆိုတာမျိုး လည်း ကြားရမှာ ဖြစ်ပါတယ်။

လူငယ်ပိုင်းတွေကတော့ မြန်မာဆိုလည်း မသိ ဘိရုမာဆိုလည်း ကြားဖူးသလိုလို ဖြစ်နေတယ်ဆိုရင် “ဒေါ်အောင်ဆန်းစု ကြည်တို့ တိုင်းပြည်ကလေ” ဆိုတာနဲ့ တန်းသိပါတယ်။ သိတာမှ ဆွေးမျိုးရင်းချာတယောက်လို လေးစားစရာကောင်းတဲ့သူ တယောက်အဖြစ်နဲ့ကို သိကြတာပါ။ “ဟာ.. သတင်းမှာ ကြည့်ရတယ်။ သိပ်သတ္တိရှိတယ်နော်။ သိပ်တော်တယ်..၊ သိပ်ပြီးတော့..” ဆိုတာတွေနဲ့ ကိုယ့်ခေါင်းဆောင်ကို ကိုယ့်ထက်တောင် သူတို့က လေးစားနေကြတာကလား။

ဒါကြောင့်လည်း ကျိုတိုဖက်က ဟာမမတ်ဆု ဆိုတဲ့မြို့က တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် လေ့လာသင်ယူခဲ့တဲ့ အခန်းလေးမှာ ဒေါ်စုပုံတွေ ချိတ်ဆွဲပြီး ပြတိုက်လုပ်ထားပါတယ်။ ဧည့်သည်တော်တွေ၊ လေ့လာသူတွေလာရင်တော့ အခန်းဖွင့်ပေးပြီး ပြသ ဂုဏ်ယူသလို ကျန်အချိန်တွေမှာ သီးသန့်ပြတိုက်အဖြစ်ထားပြီး ဂုဏ်ယူ ထိန်းသိမ်းထားပါတယ်။

ဂျပန်က မြန်မာတွေထဲမှာ ခိုးမှု၊ ခါးပိုက်နှိုက်၊ လုယက်၊ အကြမ်းဖက် ဆိုတာမျိုးလည်း သတင်းမှာ မကြားဖူးသလို ယုတ်စွအဆုံး နိုင်ငံတကာက ပြည့်တန်ဆာအစုံ ရှာလို့ရကောင်းရမယ်။ မြန်မာထဲမှာ ဒါမျိုးလုပ်စားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် သတင်းတွေမှာ မြန်မာလို့ မထင်ရှားတာလည်းဖြစ်နိုင်ပါတယ်။ မြန်မာနဲ့ ပတ်သက်တဲ့သတင်းဆိုရင် တနှစ်မှာ ၃၆၅ ရက်လောက် ဆန္ဒပြခံနေရတဲ့ တိုကျိုက မြန်မာသံရုံးအကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအကြောင်းတွေလောက်ပဲ တွေ့မြင်ရတတ်ပါတယ်။ (အခုဆို ဆူနာမီဖြစ်တော့ မြန်မာတွေ သွားရောက်ကူညီကြ ရိုင်းပင်းကြနဲ့ ပိုလို့တောင် ဂုဏ်ယူစရာ ဖြစ်ကြရပါတယ်။ တချို့မြန်မာဆို ငိုတောင် ငိုပြလိုက်သေး)

xxxxxxxxxxxxxxxxxxxxxxxxxxxx

ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကြောင့် ဂျပန်ရောက် မြန်မာတွေထဲမှာ အတော်လေး မျက်နှာပွင့်ရတာ အမှန်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျေးဇူးအကြောင်းပြောရင် ချန်ထားလို့မရတဲ့သူတယောက်အကြောင်းလည်း ရှိသေး တယ်။ သူက ဂျပန်ကို ဟိုး အတော်စောစောပိုင်း လောက်ထဲက ရောက်ခဲ့တဲ့သူပေါ့။ ဒါပေမယ့် ဂျပန်ကိုရောက်ပြီး နှစ်အတန်ကြာ တော့ အကြောင်းကြောင်းကြောင့် မြန်မာပြည်ကို ပြန်ပို့ခံထားတဲ့အထဲ ပါသွားပါတယ်။

မြန်မာပြည်ပြန်သွားပေမယ့် ဂျပန်ပြန်တို့ထုံးစံအတိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ယောင်ချာချာဖြစ်နေတာ ကြာတော့ မထူးဘူးဆိုပြီး ဂျပန်ကိုပဲ နောက်တခေါက် ပြန်ဝင်ဖို့ ကြိုးစားပါတယ်။ ဂျပန်ကို ရောက်ဖူးပြီးသားသူတယောက် အနေနဲ့ အဆက်အသွယ်က မရှားဘူးကိုး။ အဲ.. တခုရှိတာက သူ ဂျပန်ကို ပြန်ရောက်တယ်ပဲထား..။ ဂျပန်မှာ ဗီဇာနဲ့ နေရဖို့ က မလွယ်ဘူးဖြစ်နေတယ်။ အလည်အပတ်နဲ့ ရောက်လို့ အဆင်ပြေတယ်ဆိုရင်တောင် အလွန်ဆုံး သုံးလပဲကိုး။ သုံးလအလည် အပတ် ဗီဇာနဲ့ အလုပ်ရဖို့ကလည်း မလွယ်ဘူးလေ။

ဆိုတော့ သူက စဉ်းစားတယ်။ ဂျပန်ကို ပြန်ဝင်မယ်။ ဟိုရောက်ရင် ခိုလှုံခွင့်လျှောက်မယ်ပေါ့။ ခရုမှာလည်း အဆံနဲ့ လူမှာလည်း အကြံနဲ့ ဆိုတဲ့စကားအတိုင်းပေါ့လေ..။ အဲ… တခုခက်တာက ခိုလှုံခွင့်ဆိုတာကလည်း နိုင်ငံရေးခိုလှုံခွင့်ပဲရှိတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ဘာတွေလုပ်ခဲ့တာကြောင့်ပြန်ရင် အဆင်မပြေလို့ ကူညီဖို့ တင်ပြရမှာကိုး။ သူ့မှာက နိုင်ငံရေးနဲ့ ပတ်သက်ပြီး သွားလုပ်ဖို့ဆိုတာက မလွယ်ဘူး။

တော်ကြာ ဂျပန်မသွားရပဲ အင်းစိန်တောရ ရောက်နေရင် အခက်ကိုး။ နောက်.. နိုင်ငံရေးအသိုင်းအ၀ိုင်းထဲက လူကြီးတွေ နဲ့ ဓါတ်ပုံလေးဘာလေး တွဲရိုက်ပြဖို့လည်း စိတ်ကူးတယ်။ ဒါကလည်း ထင်သလောက်မလွယ်ဘူး။ နိုင်ငံရေးသမားကြီးတွေ နားမှာ ထောက်လှမ်းရေးတွေက ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ကစားနေကြတာကိုး။

နောက်ဆုံး အကြံတခုရတာနဲ့ တက္ကစီသမားကို ဒေါ်စုခြံဖက်ကို လိုက်ပို့ခိုင်းတယ်။ ကင်မရာလေးလည်း ယူသွားတယ်။ ဒေါ်စုနဲ့ သွားတွေ့ပြီး ဓါတ်ပုံရိုက်ဖို့ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ဒေါ်စုက အကျယ်ချုပ် ခံနေရတဲ့ကာလ။ သွားတွေ့ဖို့ နေနေ သာသာ အနားတောင် ကပ်ဖို့ လွယ်တာမှ မဟုတ်တားကိုး။ ဒါနဲ့ တက္ကစီသမားကို အကူအညီတောင်းပြီး ဒေါ်စုခြံနဲ့ နီးနိုင်သမျှ နီးအောင် မောင်းခိုင်းတယ်။

“ဟေ့လူ.. ဒီထက် ဆက်သွားဖို့ မလွယ်တော့ဘူး.. တင်းကြပ်လာနိုင်တယ်ဗျ.. သွားချင်ရင် ခင်ဗျားပဲ ဆက်သွား” လို့ ကားဆရာက ပြောတော့ ဆက်သွားဖို့ကလည်း အတော်စွန့်စားရမှာမို့.. “ဒေါ်စုခြံက ဘယ်ဟာလဲဗျ”

“ဟောဟိုခပ်လှမ်းလှမ်းက လှမ်းမြင်နေရတဲ့ခြံပဲ“

“ဟား.. အတော်ဝေးတာပဲ.. အေးဗျာ.. မထူးဘူး.. ” ဆိုပြီး ကားဆရာကို ကားခပိုပေးပါ့မယ်လို့ညှိပြီး ခပ်သေးသေး ခပ်ဝါးဝါးမြင်နေရတဲ့ ဒေါ်စုခြံစည်းရိုးလေးကို နောက်ခံထားပြီး ဓါတ်ပုံအရိုက်ခံလိုက်တယ်။

ဒီလိုနဲ့ ဂျပန်ရောက်တဲ့အခါ သူ့မှာ မဟာစွန့်စားခန်းလုပ်ပြီး ရိုက်ခဲ့ရတဲ့ ဒေါ်စုခြံစည်းရိုးပုံ ခပ်ဝါးဝါးပါ ဓါတ်ပုံလေးကို တင်ပြပြီး.. ဘယ်လို ဘယ်သို့ အကြောင်းပြပြီး ခိုလှုံခွင့် လျှောက်လိုက်ပါလေရော။ ဒီလိုနဲ့ ခေါ်ယူတွေ့ဆုံ စစ်ဆေး သမှုတွေ ပြုပြီး .. နောက်ဆုံး အဲဒီခြံစည်းရိုးကိုယ်တော်လည်း ခိုလှုံခွင့်ရပြီး ယခုတိုင် အဆင်ပြေနေပါရောခင်ဗျား။

ဒီတော့ ဂျပန်မှာ ပြောစမှတ် နောက်တခု တိုးပြန်ရော..။ ဒေါ်စုပါဝါကြီးပုံများကွာ.. ဓါတ်ပုံလည်း အိုကေ.. နှုတ်ငုံလည်း အိုကေ.. ဟော.. ခြံစည်းရိုးလေးတောင် အိုကေ ပါသတဲ့ဗျား။

Myanmar Express

ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ မြန်မာ့ရိုးရာခြင်းလုံးအလှ ခတ်ပွဲတော်ကျင်းပ

From : MRTV-4




ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ပွဲကို ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ခေတ္တရာကွင်းမှာ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မနေ့ညနေ ၃ နာရီခွဲမှာ မြန် မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယက ဦးထွန်းလင်းသောင်း၊ မြန်မာနိုင်ငံခြင်းလုံး ဒုတိယဥက္ကဋ္ဌ ဦးထွန်းဝင်း၊ ဒါရိုက်တာ အကယ်ဒမီ ဦးဇင်ယော်မောင်မောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ တစ်ပင်တိုင် ခြင်းအလှခတ်အဖွဲ့နဲ့ တက်သစ်စ လူငယ်ခြင်းလုံးအဖွဲ့၊ ရောင်ကြီးဗွေ ခြင်းလုံးအဖွဲ့၊ မင်းညီမင်းသား အဖွဲ့တို့က သရုပ်ပြ အလှခတ်ပြီး ဖျော်ဖြေ သွားခဲ့ပါတယ်။ အဆိုပါ ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ မြန်မာ့ရိုး ရာ ခြင်းလုံးအလှခတ် ပွဲတော်ကို အခုလ ၂၂ရက်နေ့မှစတင်ပြီး မတ်လ၇ရက်နေ့အထိ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပထမဦးစွာ တက်သစ်စလူငယ်အဖွဲ့က ခြင်းလုံး အလှပြခတ်ကစားခဲ့ပြီး ခနောင်တို ၀ါသနာရှင်အဖွဲ့က ဆက် လက်ပြီး ခြင်းလုံး အလှပြ ခတ်ကစားသွားခဲ့ပါ တယ်။ ခြင်း လုံး အလှပြခတ်ကစားခြင်းကို အဖွဲ့တစ်ဖွဲ့လျှင် မိနစ်၃၀ခန့် အချိန်ပေးထားပါတယ်။

ဒါ့အပြင် ထပ်မံပြီး လင်းလွန်းခြင်းလုံးအဖွဲ့ကလည်း မဟာနွယ်၊ မဟာဒူး၊ စလွယ်စတဲ့ ခြင်းလုံး အလှပြခတ်ကစားသွားခဲ့ပါတယ်။ လင်းလွန်းအဖွဲ့ အလှခတ်ပြီးနောက် ဒဂုံမော်တာခြင်းလုံး အဖွဲ့တို့ က အလှခတ် ကစားပေးသွားခဲ့ပါတယ်။ ဒါ့အပြင် ဋ္ဌေးမိသားစု ခြင်းလုံး အလှခတ် အဖွဲ့ကလည်း အလှပြခတ် ကစားသွားခဲ့ပြီး အဆိုပါ ဋ္ဌေး မိသားစု ခြင်းလုံးအဖွဲ့ကို ပရိသတ်တွေက ဆုတော်ငွေ သုံးသောင်း ချီးမြှင့်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရွှေဆိုင်၁၊ AP သန်းထွန်း၊ ဦးဋ္ဌေးဝင်း မန္တလေး တို့အပြင် ဦးဝင်းမော် ဟာသ တို့က အသီးသီးခြင်း အလှခတ်ကစားသွား ခဲ့ပါတယ်။ ဒါ့အပြင် အကယ်ဒမီ ယုယုနိုင် တပင်တိုင် ခြင်းဖွဲ့က အလှပြခြင်းခတ် ကစားပြခဲ့ပါတယ်။ ခြင်းအလှခတ် ပွဲတော်ကို မြန်မာနိုင် ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပခဲ့ပြီး ခြင်းလုံး အလှခတ်အဖွဲ့ပေါင်း ၂၂၅ သင်းခန့်က အလှပြခြင်းခတ်ကြမှာပဲ ဖြစ်ပါ တယ်။ ခြင်း အလှခတ်ပွဲကို နေ့စဉ် ၄နာရီမှာ စတင်ပြီး ည ၁၁နာရီအထိ ကျင်းပမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Myanmar Express

မြန်မာနိုင်ငံမှ အင်တာနက်အသုံးပြုသူများ အနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်


From : ခေတ်လူငယ်

မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများ အနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက မြန်မာအင်ဖိုတက်ခ် (MIT) အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည့် Barcamp Yangon (2012 )တွင် နိုင်ငံခြားသား ပညာရှင်တစ်ဦး၏ ဆွေးနွေးပြောကြားချက်မှ သိရသည်။ မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူ အများစုသည် Cyber Cafe များတွင် အသုံးပြုသူများဖြစ်၍ ထိုသို့ အသုံးပြုမည်ဆိုပါက မိမိတို့၏ ကိုယ်ပိုင် Memory Stick များတွင် Internet Browser များကို ထည့်သွင်းထား၍ ထို Browser များကို အသုံးပြုသင့်ကြောင်း၊ စက်အတွင်းမှ Browser များကို အသုံးပြုမည်ဆိုပါက အသုံးပြုပြီးချိန်တွင် History များကို Clear လုပ်ရန် လိုအပ်ကြောင်း၊ မိမိတို့ အသုံးပြုမည့် အင်တာနက်ဆိုင်၏ အခြေအနေကို အရင်လေ့လာ အကဲခတ်သင့်ကြောင်း၊ တချို့သော အင်တာနက်ဆိုင်များမှာ မိမိတို့နှိပ်လိုက်သမျှ Key များကို ပြန်ဖော်ပေးခိုင်းသည့် Software များ စက်တွင် ထည့်သွင်းထားတတ်ကြောင်း၊ ဆိုင်အတွင်း တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများ ထားတတ်ကြောင်း၊ ဆိုင်အတွင်း တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများမှလည်း မိမိတို့၏ အချက်အလက်များကို ခိုးယူနိုင်သည်ကို သတိပြုသင့်ကြောင်း ထိုနိုင်ငံခြားသားပညာရပ်မှ ဆွေးနွေးပေးခဲ့သည်။ ထို့ပြင်မိမိတို့၏ Password များကိုလည်း ဂဏန်းများ၊ အက္ခရာများအပြင် Symbol ကလေးများကို ပါထည့်သွင်း၍ စာလုံးရေများများဖြင့် ပြုလုပ်သင့်ကြောင်း၊ email နှင့် တခြားအရေးကြီးသည့် Website များ အသုံးပြုရာတွင် “https:ll” ဆိုသည့် Security ပါသော website များကို အသုံးပြုသင့်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံတွင် Online Banking အပြင် တခြားသော ငွေကြေးဝန်ဆောင်မှုများ လာတော့မည်ဖြစ်၍ မိမိ၏ လုံခြုံရေးမှာ အရေးကြီးလာသဖြင့် လေ့လာထားသင့်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ