Subscribe to our RSS Feed

နှစ်၂၀ ကျော်ကြာ အဆက်အဆံပြတ်တောက်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်လုပ်ငန်းများ ပြန်လည်စတင်မည်

From : ခေတ်လူငယ်

၂၅ နှစ်ကြာမျှ အဆက်အဆံ ပြတ်တောက်ခံပြီးနောက် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလ အတွင်း မြန်မာနိုင်ငံအရပ်သား အစိုးရအဖွဲ့သစ်၏ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများဖြေလျှော့ခဲ့ပြီဖြစ်ရာ အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် စတင်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကြောင့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းဆောင်တာများကို မြန်မာနိုင်ငံ၌ ပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း ကမ္ဘာ့ဘဏ်၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပါမယ်လာကော့စ်က ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်သည် ၁၉၈၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။ သို့ရာတွင် အရပ်သားအစိုးရအဖွဲ့ လက်ထက်၌ နိုင်ငံတကာက အံ့အားသင့်ခဲ့ရသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်နှင့်အညီ ကာလကြာရှည်စွာ အရှိန်သေခဲ့ရသော မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပြန်လည်အရှိန်ရလာပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများအား မျက်စိကျနေသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများကိုလည်း ဆွဲဆောင်လာနိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍ သုံးသပ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသုံးသပ်ချက်များအား မကြာမီထုတ်ပြန်ရန်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီအဖြစ် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၂ ဘီလီယံ တင်ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်း ပဋိပက္ခများနှင့် လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ ရရှိလာခဲ့သော အတွေ့အကြုံများအရ ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နည်းပညာအရ အထောက်အကူပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် (အတွင်းလူနာ) ကျောင်းသား ကျောင်းသူများ ဆေးရုံစာဖြေဌာနသုံးခု ဖွင့်လှစ်


From : ခေတ်လူငယ်

ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်အဖွဲ့တို့၏ ကြိုတင်ညှိနှိုင်းထားချက်အရ မတ် ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဆေးရုံးတက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသော ကျောင်းသားကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာနသုံးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံးကြီးနှင့် ဝေဘာဂီ အထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။ စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုကြသည့် ကျောင်းသားကျောင်းသူ (အတွင်းလူနာ) များသည် အဆိုပါ ဆေးရုံကြီးများ၌ အထူးတာဝန်ချထားသော ဆေးလူမှုဆက်ဆံရေးအရာရှိများနှင့် ဆက်သွယ်ဆောင်ရွက် အကူအညီတောင်းခံနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

လေးစားဖွယ်ရာကောင်းသော (မြန်မာနိုင်ငံတော်အလံနှင့်ပတ်သက်၍) ပေးစာ - ၁၀၄



မြန်မာနိုင်ငံတော်အလံကို လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်ပြီး ကျွန်မအရွယ်ရောက်သည်အထိ တလေးတစား တရိုတသေ ဦးညွှတ်အလေးပြုခဲ့ကြပါသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ထိုအလေ့အထများမှာ ပျောက်ကွယ်သွားခဲ့သည်။ ဒီမိုကရေစီကို လိုချင်သည်ဆိုသော်လည်း မိမိတို့နိုင်ငံ၏ အလံကိုပင် အလေးမပြုနိုင်လောက်အောင် ဖြစ်နေသည်။ ကျွန်မတို့အိမ်အနီးတွင်ရှိသော ရုပ်ရှင်ရုံတစ်ရုံသို့ ညီမများနှင့်မကြာခဏသွားရောက်ကြည့်ရှုသည့်အခါတိုင်း သတိထားမိသည်မှာ ရုပ်ရှင်စပြတော့မည်ဆို သည်နှင့် အလံတော်ကို အလေးပြုပါစာတမ်းပေါ်ပြီး လေထဲတွင် လွှင့်ထားသော အလံကို မည်သူကမှ မတ်တပ်ရပ်အလေးပြုခြင်းမပြုကြတော့ပါ။ တခါတရံ ကျွန်မနှင့်အတူညီမများသာ မတ်တပ်ရပ်နေပါသည်။ အားလုံးကမူ အစားမပျက်၊ ထိုင်လျှက်မပျက်ကြပါ။ တိုင်းတပါးယဉ်ကျေးမှုတွေကို လိုက်နာနေကြပြီး မိမိတို့ နိုင်ငံကို လေးစားရကောင်းမှန်း၊ လွတ်လပ်ရေးကိုတန်ဖိုးထားရကောင်းမှန်း မသိသည့် ခေတ်ဖြစ်နေသည်။ အဖွားတို့ခေတ်က လွတ်လပ်ရေးမရသေးသဖြင့် အခက်အခဲအမျိုးစုံကြုံတွေ့ခဲ့ရသည်ကို ပြောပြခဲ့သဖြင့် သိရှိခဲ့ရသည်။ လွတ်လပ်ရေးရပြီးသည့်နောက်မှသာ မိမိတို့အလံတော်ကို တိုင်ထိပ်သို့ တင်ခွင့်ရရှိခဲ့ သည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံအလံတော်ကိုတော့ ခေတ်တွေ စနစ်တွေမည်သို့ပင်ဖြစ်စေ တလေးတစား ရှိသင့်သည်ဟု ထင်မြင်မိသည်။



ဤသည်ကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတိုးတက်သည်မှာ ဘာတိုးတက်တာလာသလဲ။ ရိုင်းစိုင်းမှုတွေ၊ ယဉ်ကျေးမှုပျက်ပြားမှုတွေ၊ ၀တ်စားဆင်ယင်မှုပျက်ပြားမှုတွေ၊ စိတ်ဓါတ်ပျက်ပြားမှုတွေသာ တိုးတက်လာသည်။ အဓိက မိဘတွေကလဲ သားသမီးကိုမနိုင်၊ အချို့မိဘတွေအနေဖြင့် သားသမီးကို မဆုံးမသည့်အပြင် မြှောက်ပင့်ပေးကြသည်။ ဆရာ၊ဆရာမများမှ မသင့်တော်သည်များကို ဆုံးမသည်ကို မိဘများမှ ရန်လိုစွာ ပြောဆိုနေသည်ကို ကိုယ်တွေ့ကြုံနေရပါသည်။ လက်ဦးဆရာဆိုသည့် မိဘများအနေဖြင့် ဤကဲ့သို့ဖြစ်နေလျှင် ကျောင်းက ဆရာမများအနေဖြင့် မည်သို့ ဆုံးမပြောဆိုနိုင်မည်နည်း။ ယဉ်ကျေးမှုသင်တန်းများဖွင့်နေသော်လည်း တာဝန်အရသာ တက်ရောက်ကြသည်။ မည်သူမှ မလိုက်နာကြပါ။ မိမိတို့နိုင်ငံယဉ်ကျေးမှုကို လိုက်နာကြရန် မိဘနှင့်ဆရာ၊ဆရာမများမှ ဆုံးမသွန်သင် သင့်သည်ဟု ထင်မြင်မိပါသည်။




Myanmar Express

ဂုဏ်ယူစရာ မြန်မာ့လေယဉ်မောင်း


မနေ့က နေ့လည် ၁၁ နာရီ လောက်မှာ အဲကမ္ဘောဇ လေယဉ်ဟာ ဟိုက်ဒရောလစ် ဘီးစနစ် ချွတ်ယွင်းခဲ့ပေမယ့် ထူးချွန်တဲ့ မြန်မာ လေယဉ်မောင်းမှ ဗိုက်နဲ့ စင်းကာ လေယဉ်ကို မပေါက်ကွဲအောင် ထိန်းနိုင်ခဲ့ကြောင်း သိရပါတယ်။ သံတွဲ မြို့ မဇင်လေယာဉ်ကွင်းသို့ ဆင်းတဲ့အချိန်မှာ ဖြစ်ပြီး ခရီးသည် တစ်ဦး တစ်ယောက်မှ ထိခိုက် မှု လုံးဝ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီလို ဖြစ်စဉ်မျိုးကို ကမ္ဘာပေါ်မှ လေယဉ်မောင်း အတော်များများ ကြုံဖူးခဲ့ကြပေမယ့် အန္တရာယ်ကင်းအောင် ထိန်းနိုင်တဲ့ လေယဉ်မောင်း အလွန်ရှားပါးကြောင်း သိရပါတယ်။

Myanmar Express

KIA (ကချင်) အဖွဲ့က ထောင်ထားသော မိုင်းတစ်လုံးနင်းမိပေါက်ကွဲ အပြစ်မဲ့ပြည်သူတစ်ဦးနှင့် သံဃာတော်တစ်ပါး ဒဏ်ရာရရှိ


From : ခေတ်လူငယ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ပေါမိုင်းရပ်ကွက်နေ ဦးဇော်ထူး ၃၀ နှစ်နှင့် ခန္တီးခရိုင် တောင်တန်းသာသနာပြု ဆရာတော် ဦးသာသန သက်တော် (၄၀)နှစ် ဝါတော် (၂၃)ဝါတို့သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်က ခန္တီးမြို့နယ်မှ ကချင်ပြည်နယ် ဖားကန့်မြို့နယ်သို့ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု တာမခံကျေးရွာ အနောက်မြောက်ဘက် (၄)မိုင်ခန့် အကွာတွင် KIA (ကချင်)အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မောင်းသူ ဦးဇော်ထူးနှင့် ဆရာတော် ဦးသာသနတို့တွင် ဝဲဘက်ပေါင် ဝဲဘက်ခြေသလုံးတို့၌ ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တာဝန်ရှိသူတို့က တာမခံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသလျက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ဥက္ကဌဆိုသူ လိမ်ခဲ့တဲ့ သပွတ်အူဇတ်လမ်းအစ

ညီအရင်းကိုဌေးနိုင်နဲ့ ပါတ်သက်ပြီး

အနှစ် ၂၀ လောက် သိလာတာက

တောထဲမှာ ပျာက်သွားသလိုလို

ကိုယ့်ကိုသတ်သေသလိုဖြစ်ခဲ့တယ်ဆိုတာပါ ။

ဒါနဲ့ ၂၀၁၀ အစမှာ

ကဗျာဆန်ဆန် စာရေး တကြောင်းရေးမိတယ်။

သို .

၈၈ က မိတ်ဆွေများ

To: 8888peoplepower@ yahoogroups. com

Date: Wednesday, February 3, 2010, 10:31 PM

နိုင်ငံတကာကို ရောက်ပြီး ဘ၀သစ်ရပ်တည်မှုတွေ အတွက် ကြိုးစားကြရင်း

မြန်မာပြည်အတွက် လိုအပ်မယ်ထင်တဲ့

ပညာတွေဗဟုသုတ ကို

တည်ဆောက်ရင်း အချိန်ပေးပြီး

အပြန်အလှန် ဆွေးနွေးကြတာ ဖတ်ရတာ

ရင်ထဲမှာ ကြည်နူးပါတယ်၊

သြော် လက်နက်ကိုင်တော်လှန်ရေးနယ်မြေ မှ မဟုတ်တော.ပါလား။

စစ်တပ်ကတော့

တပ်တွင်းနဲ့ အရပ် အုပ်ချုပ်ရေး ၀န်ထမ်း အုပ်စုလိုက်

မှားခဲ့တာတွေ ကိုအမြင့်ဆုံးထောင်ချပြီး

လိုအပ်သလောက်

အချိန်တွေယူပြီး

အမြဲတန်း စစ်အုပ်ချုပ်ရေးလမ်းစဉ် ဖွဲ့ စည်းပုံကို ၂၀၁၀

ကစပြီး အကောင်အထည် ဖေါ်နေပါပြီ။

မြန်မာပြည်ထဲက

အမေတယောက် မေးလာပါသည်။

အမေ့သားငယ်ကို တွေ့ မိလားတဲ့၊

ဘာသတင်းမှမရတာ နှစ် ၂၀ ကျော်ဆိုတော့ ဆုံးပြီထင်ပါရဲ

၁၉၈၈ အဲဒီရက်ညနေခင်းကပေါ့

(၂၀-၈-၈၈)သားကြီး အစည်းအဝေးကအပြန်

သားကြီးက မြန်မာပြည်ဒီမိုကရေစီရရှိဘို့  ပြည်တွင်းကလှုပ်ရှားလို့ မရတော့ဘူး

နယ်စပ်က ဆက်လုပ်မယ်တဲ့။

နောက်ဆုံးနှစ်သချာ်ဗေဒ ဘော်လီဘောလက်ရွေးစင်ကျောင်းသား

သားငယ်လေးက ကိုကြီး နဲ့ နယ်စပ်ကို ကျွန်တော်လဲလိုက်မယ်

သူငယ်ချင်းတွေအများကြီးသွားကုန်ကြပြီ။

ကိုကြီးအတွက်ပိုလုံခြုံတာပေါ့တဲ့။

သူ့ နာမည်က ကိုဌေးနိုင်တဲ့

သူဘယ်မှာလဲ ။

သူဆုံးပြီလား။

ဘာကြောင့်လဲ။

သူ့ အလောင်းကိုဘယ်မှာ ထားခဲ့လဲ။

သူက ဗုဒ္ဓဘာသာဆိုတော့ဆွမ်းသွပ်ပြီးလား၊

သူနဲ့ ဘယ်သူတွေနေခဲ့ဘူးလဲ။ ပြောကြပါ။

ဓါတ်ပုံလေးများရှိရင်ပို့ ပေးကြပါ။

သူ့ သားငယ် ယူလာမဲ့ တစုံတခုကိုမျှော်လင့်နေတဲ့

ပါးရည်နားရည်တွေ တွန့် လိမ်နေပြီး ခါးကုန်းစပြုနေတဲ့

ကိုဌေးနိုင်ရဲ့ အမေက မြန်မာပြည် ပြောင်းလဲ မှုတခုတိုင်းမှာ

သူ့ သား နဲ့ ၈၈ က သူငယ်ချင်းတွေကို တမ်းတမ်းတတအမြဲမေးနေတယ်

မျှော်လင့်နေဆဲ မီးစာကုန်တော့မဲ့ အမေအရွယ် အဖွားအိုကို

ဘာများပြောချင်ပါသလဲ

ဒီလိပ်စာနဲ့ ပြန်ပို့ ပါ

ကို ဘာများပြောချင်ပါသလဲ

ဒီလိပ်စာနဲ့ ပြန်ပို့ ပါ

ကိုဌေးနိုင်ရဲ့ မောင်နှမများ

ကိုဌေးနိုင်အကြောင်းပြောပြချင်ပါတယ်။

ကိုဌေးနိုင်ကို ၁၉၆၂ မှာမွေးဖွားခဲ့ပါတယ်။

ဖခင်ဖြစ်သူက ၁၉၅၈ ကစက်မှုအင်ဂျင်နီယာဘွဲ့ ရပြီး

တရုပ် ကျုးကျော်ရန်ကာကွယ်ရေးအတွက်တပ်မတော်မှာအမှုထမ်းခဲ့ပါတယ်။

ကိုဌေးနိုင်ဟာ ဖခင်နဲ့ အတူ အနယ်နယ်အရပ်ရပ်ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။

၁၉၇၈မှာ တပ်မတော်ထောက်လှမ်းရေးရဲ့ မယုံကြည်ရတဲ့

အရာရှိ ၉၆ စာရင်း မှာ ပါဝင်လို့ စစ်တပ်မှကန်ထုတ်ခံရပါတယ်။

မရေရာတဲ့ ဘ၀ အခြေအနေ ကြောင့် အထက်တန်းစာမေးပွဲကို ၅ကြိမ် ဖြေမှ အောင်ခဲ့ပါတယ်။

၅နှစ်ကာလလုံးလုံး အချိန်ရရင်ဘော်လီဘောကစားခဲ့လို့  ထူးချွန်ခဲ့ပါတယ်။

လှိုင်ဒေသကောလိပ်မှာ သချာ်အဓိကနဲ့ ၁၉၈၄ မှာဝင်ခွင့်ရခဲ့ပါတယ်။

ဒေသကောလိပ်ကျောင်းမှာဘဲ အကောင်းဆုံးကစားသမားဆုကို

တက္ကသိုလ်ကျောင်းပေါင်စုံဘော်လီဘောကရခဲ့ပါတယ်။

မကြာခင်၁၉၈၆ မှာ မြန်မာ့လက်ရွေးစင် ပဏာမ အရွေးခံရပါတယ်။

အားကစားဝါသနာတဲ့ ကျောင်းသားတိုင်း ကိုဌေးနိုင်ကိုသိပါတယ်။

အောင်ဆန်းကစားကွင်းမှာ ကျောင်းချိန်ကလွဲရင် လေ့ကျင့်ခဲ့ပါတယ်။

သူနဲ့ အများဆုံးတွဲသူက အတိုး အတာဖြစ်ပါတယ်။

၁၉၈၈ တတားနီ မြေနီကုန်း တို့ မှာ ပါဝင်ခဲ့လို့ နယ်ထွက်ပြီးရှောင်ခဲ့ရပါတယ်။

ရကသ သန်းဝင်းတာဝန်ပေးလို့  ရကသ လှိုင်မြို့ နယ် စည်းရုံးရေး တာဝန်ခံဖြစ်လာပါတယ် ။

သြဂုတ်လမတိုင်မီ ရန်ကုန်ပြန်ရောက်လာပြီး ကျောင်းသားလှုပ်ရှားမှုမှာ ဆက်လှုပ်ရှား ရင်း

အကိုဖြစ်သူနဲ့  ကျောင်းသားလှုပ်ရှားမှုကိုအကူအညီပေးရင်း ပါလာခဲ့သူပါ။

ဘယ်လိုကဘယ်လို န၀တလူစာရင်းဝင်သွားတာလဲ

ကိုဌေးနိုင်ရဲ့  သမိုင်းတခု အမှန်သိချင်လို့ ပါ၊

နောင်လာနောင်သားတွေ သင်ခန်းစာယူနိင်ရန်ဖြစ်ပါတယ်။

လက်တွ့ အထောက်အထားမရှိဘဲ စိတ်ထဲကထင်တာပြောတာဟာ

မိမိအနာဂါတ်ဘ၀ အတွက်ရော အဖွဲ့ အစည်းအတွက် မကောင်းပါ။

ခင်ဗျားတို့  ညီ ညီမ တွေအဲဒီလိုကြုံခဲ့ရင်

၇၀ကျော် အမေ့ ကိုဘယ်လိုပြောရမလဲ

အမေတွေအများကြီးဘဲ နိုင်ငံတကာက သားတွေရဲ့  အသံနဲ့ 

အသက်ရှင်နေတုန်းလေ

ကိုဌေးတင့်

Moe Sal: ကိုဌေးနိုင်သေဆုံးတဲ့ကိစ္စ ကိုမိုးသီး ဘက်ခြမ်းမှာ ဖြစ်ခဲ့တာ

ပြင်းထန်တဲ့ နှပ်စက်မှုတွေနဲ့ 

မနန်းအောင်ထွေးကြည်က ကိုစိုးလင်းကို ထောက်လှမ်းရေးလို့ ၀န်ခံခဲ့ရတယ်

ကိုစိုးလင်းက ကိုနေ၀င်းအောင်ကို ထောက်လှမ်းရေးလို့ ၀န်ခံခဲ့ရတယ်

ကိုနေ၀င်းအောင်က ကိုဌေးနိုင်ကို ထောက်လှမ်းရေးလို့ ၀န်ခံခဲ့ရတာပါ။

တကယ်လို့ မနန်းအောင်ထွေးကြည် ကိုစိုးလင်းနဲ့ ကိုနေ၀င်းအောင် ထောက်လှမ်းရေး မဟုတ်ခဲ့ရင်

ကိုဌေးနိုင်ဟာ ထောက်လှမ်းရေး ဟုတ်ကို မဟုတ်နိုင်တော့ပါဘူး

ကိုဌေးနိုင်ကိစ္စနဲ့ ဥက္ကဌကို စွပ်စွဲနေတာ တိုက်ခိုက်နေတာ မဟုတ်ဘူးဗျ

ဘာဖြစ်လို့ ဘယ်လို သေဆုံးခဲ့သလဲ ဆိုတာ မေးနေတာပါ။

ကိုအောင်သူငြိမ်းကတော့ သူ့ဘာသာ သတ်သေတယ်ပြောတယ်

သူဘာသာ နေရင်းထိုင်ရင်း အချုပ်ထဲ သတ်တော့ မသေလောက်ဘူးဗျ

သေလောက်အောင် အကြောင်းရှိမယ်လို့ ထင်ပါတယ်

ဒါတွေကို ဖြောက်ဖျက်ပြစ်တိုင်း မပျောက်ဘူး ဆိုတာတော့ ဥက္ကဌ သိမှာပါ။

ခုလို ကျနော်ရေးတာ ဥက္ကဌကို မနာလို လို့ မကျေနပ်လို့

ပုဂ္ဂရေး အရတိုက်ခိုက်နေတာ မဟုတ်ပါဘူး။

တိုက်စရာလဲ မရှိပါဘူး ဥက္ကဌပြောတဲ့

ဒါ မတရားဘူး ထင်ရင် မတရားဘူး ပြောပါဆိုလို့ ပြောတာပါ။

ကျနော့်နံမည်ရင်းက တင်နိုင်ထွန်းပါ

မြောင်းမြ လူဘောင်သစ်ဒီမိုကရက်တစ် မြောင်းမြ ဗကသရဲဘော် ပါ။



Myanmar Express

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးတိုးမြှင့်ထား


From : ခေတ်လူငယ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဖေဖော်ဝါရီလ ၇ ရက်မှစ၍ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။ “ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်)နဲ့ လူနဲ့တိုက်ပြီး သေသေချာချာ စစ်တာတို့၊ အိတ်တွေကို သေသေချာချာစစ်တာတို့ လုပ်တာပါ” ဟု လေကြောင်းလိုင်းမှ မန်နေဂျာတစ်ဦးက ပြောသည်။ ထို့အပြင် ပြည်တွင်းခရီးစဉ်များတွင် ဧည့်သည်များအား မှတ်ပုံတင်နှင့် လူအား သေသေချာချာ တိုက်ဆိုင်စစ်ခြင်းနှင့် အိတ်များအား စနစ်တကျစစ်ဆေးခြင်းများ ပြုလုပ်ထားကြောင်း ပြည်တွင်းခရီးစဉ် ပျံသန်းပေးနေသော လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ခရီးသွားဧည့်သည်များမှာ ပုံမှန်သာသွားလာလျက်ရှိပြီး လေယာဉ်ခရီးစဉ်များအား ပုံမှန်ပျံသန်းလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “၉ ရက်အတွက် ဘန်ကောက်သွားချင်လို့ လက်မှတ်ဝယ်တာ ၈ ရက်ညနေအထိ မရသေးဘူး” ဟု ရန်ကုန်မြို့မှ ဘန်ကောက်သို့သွားမည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၂၀၁၀ ခုနှစ် ခရီးသွားရာသီမှစ၍ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုများခဲ့ပြီး လေကြောင်းလိုင်းများ အလုပ်ဖြစ်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

”တော်တော်လေး ယုတ်ယုတ်မာမာနဲ့ အောက်တန်းကျကျလုပ်တဲ့ အာဏာလုပွဲပဲ” ပြီးခဲ့သော အနှစ် ၂ဝ က မြောက်ပိုင်း ABSDF တွင် ကျောင်းသားများ အသတ်ခံရခြင်း ပန်းချီထိန်လင


From : ပေါ်ပြူလာ

ကိုထိန်လင်း မြောက်ပိုင်း ကို စရောက်တဲ့အချိန်က စပြောပြပါ။ ဘယ်အချိန်က ရောက်တာလဲ။
မြောက်ပိုင်းကို စရောက်တာက ပတ္တနိကုသဏ ကံဆောင်ပွဲတွေ နှိမ်နင်းပြီးတဲ့ အချိန်လောက်ပါ။ အမှန်က ကျွန်တော်က အိန္ဒိယကနေ ထွက်လာတာ။ အိန္ဒိယကမ့် မှာ နှစ် နှစ်နေပြီးပြီ။ နေပြီးတဲ့ အချိန် မှာ အခုတောင်ကြီး ထောင်ထဲမှာ ကျန်နေတဲ့ ဦးရွှေထူး။ ဦးရွှေထူးက အဲဒီအချိန်မှာ ဒီပတ္တနိကုသဏကံ ဆောင်ပွဲမှာ မစိုးရိမ်တိုက်မှာ ဘုန်း ဘုန်းတွေနဲ့နေပြီး စီမံနေတော့ သူကနေ လှမ်းပြီးအသံပြုလိုက်တာ။ အဲဒီတုန်းက စပြီးတော့ ပန်းချီ အလုပ်တွေ အနုပညာအလုပ်တွေ လုပ်နေပြီလေ။ ဒါပေမဲ့ အဲဒီလို ဝါဒ ဖြန့်ချိရေးကိစ္စပေါ့။ ကျောင်းသား တပ်မတော်တို့ ဘာတို့ပေါ့။ သူက အဲဒါကို ဆရာတော်တွေနဲ့ လာလုပ်စေချင်တာဆိုတော့ အဲဒါနဲ့တင် သွားလိုက်တာ။ ခိုးဝင်လာ တာပေါ့နော်။ ရောက်တဲ့ နေ့မှာပဲအဲဒီ ကံဆောင်ပွဲကို နှိမ်နင်းတဲ့ဟာက ဖြစ်နေပြီ။ ဖြစ်နေတော့ ကျွန်တော် ဘုရားကြီးက တိုက်ထဲကနေ မြင်လိုက်တာနဲ့ တပ်က ကျောင်းကို ဝိုင်းထားလိုက်တာ။ မြင်လည်း မြင်ရတယ်။ အဲဒါနဲ့တင် ဘုရားဖူးတွေနဲ့ ရောပြန်ပြေးပြီးတော့ ရေနံချောင်းသွားတယ်။ အဲဒီမှာ စုံစမ်းလိုက်တော့ မြောက်ပိုင်းမှာ ကိုယ့်ရဲဘော်တွေ ရှိတယ်။ ကသာတို့ မိုးညှင်းတို့ အဲဒီမှာရှိတဲ့ ကျောင်းနေဖက်တွေ။ သူတို့တွေကလည်း သပိတ် ခေါင်းဆောင်တွေပဲ။ အဲဒါနဲ့ တက်သွားလိုက်တာ။
ဆိုတော့ ၉ဝ ရွေးကောက်ပွဲ အပြီး။ ပတ္တနိကုသဏကံဆောင်ပွဲ အပြီးလောက်မှာပေါ့။ ၁၉၉ဝ နှစ် လယ်လောက်ပေါ့။ ပြောမယ်ဆိုရင်တော့ မိုးတွင်းကြီး ဇွန်၊ ဇူလိုင် လောက်မှာ။ မိုးညှင်းကနေ တက်သွားတာ။ တပ်ရင်း (၅) လေ။ အဲဒီမှာ ကျောင်းသားတွေ တွေ့ရတယ်။ လက်နက်ကိုင်ထားတာ တွေ့ရတယ်။ အဲဒီအချိန်မှာ တပ်မတော်ထိုးစစ်က အသည်းအသန်ထိုးတာ။ မိုးတွင်းကြီး။ ဧရာဝတီမြစ်ကိုလည်း သူတို့က ပိတ်ထားလိုက်တယ်။ သင်္ဘောတွေနဲ့ ပိတ်ထားတာ။ စစ်သင်္ဘောတွေ ဧရာဝတီမြစ်နဲ့ ရထားသံလမ်းကြား။ သူတို့ခေါ်တာတော့ မိုးညှင်းရင်း (၅) ခွင်ပေါ့။ ကောက် ကွေ့ချောင်းနဲ့ရင်း (၅) ခွင်။ အဲဒီခွင် ထဲမှာ (၇) လ၊ (၈) လ လောက် ကြာတယ် ထွက် မရဘူး။ အဲဒီမှာပတ်ပြီး တောထဲမှာ ဝှက်ထားတဲ့ ဆန်တွေဘာတွေ စားသောက်ပြီးနေရတာ။ ဒါပေမဲ့ အဲဒီမှာကတည်းက ဒေသခံ ABSDF ရဲဘော်တွေရဲ့ သဘော ထားတွေ ကြည့်ကတည်းက ပြဿနာရှိနေပြီ ဆိုတာခံစားလို့ရတယ်။ သူတို့ကကျတော့ ဘယ်လိုလဲဆိုတော့ ရွာဘက်က လာတဲ့သူတွေဖြစ်တယ်။ ပြောမယ် ဆိုရင်တော့ တောနေတောစား ကျွမ်းကျင်တယ်ပေါ့နော်။ ကျွန်တော်တို့က မြို့ပေါ်ကလာရတယ်။ မိဘအလုပ်အကိုင်မှာလည်း ဒီဟာမျိုးမရှိဘူး။ ဆိုလိုတာကတော့ နှီးမဖြာ တတ်ဘူး။ တိုင်မခုတ်တတ်ဘူး။ ဝါးမခုတ်တတ်ဘူး။ ဒါကို သူတို့က အပြစ်လို့ ခေါင်းဆောင်တွေပိုင်းက အစပြောတာလေ။ မင်းတို့ ရန်ကုန်က တက်လာတဲ့ကောင်တွေက အကုန်လုံး ဘော်ကျော့ချည်းပဲ။ လက်ကြောတင်းတဲ့ ကောင်တစ်ကောင်မှ မပါဘူး။ ဒါနဲ့များ တော်လှန်ရေး လုပ်ဦးမယ်တို့။ ကျွန်တော်တို့က ပြောတာလည်း ပါတယ်။ ကျန် တဲ့သူတွေကိုလည်း အသိပေးနေတာ။ ဒီကောင်တွေဟာ အလကားပေါ့။ ရန်ကုန်၊ မန္တလေးက တက်လာတဲ့ ကောင်တွေဟာ အလကားကောင်တွေ။ တော်လှန်ရေးမှာ ဘာရုပ်မှမပေါက်ဘူး ဆိုတဲ့ဟာမျိုးပေါ့။


ကျောင်းသားတွေ ကိုယ့်အချင်းချင်း သတ်လာတာ။ အဲဒီ ပဋိပက္ခရဲ့ အစမြစ်ဖျားခံတာ ဘယ်ကစတာလဲ။
ဒီပြဿနာရဲ့ အစက ကျွန်တော်မရောက်ခင် အစောပိုင်း နှစ်တွေကတည်းက။ ဒါက နောက်မှ ကျွန်တော် ပြန်ကောက်ရတာပေါ့နော်။ ဒါပေမဲ့ လတ်တလော ပြဿနာ တစ်ခုလည်း ရှိတယ်။ လတ်တလောပြဿနာက ကျွန်တော်တို့ ဗဟိုရောက်ပြီးတော့ ရှစ်လေးလုံးပွဲလုပ်တယ်။ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့အတူ မန္တလေး ဘက်က တက်လာတဲ့ စိုးမြတ်အောင်ဆိုတဲ့ ရဲဘော်လေးတစ်ယောက် ထွက်ပြေးတယ်။ အဲဒီကနေ လမ်းကြောင်းရသွားတာပေါ့လေ။ သူ့ကိုဖမ်းလိုက်တယ်။ ထွက် မပြေးလည်း ဒီကိစ္စက လုပ်တော့မှာပဲ။ ဘယ်သူဘာပဲဖြစ်ဖြစ် အစတစ်ခုကနေ ဖမ်းပြီးလုပ်တော့မှာပဲ။ အဲဒီတော့ ဒီပြဿနာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပြန်ကောက် တဲ့အခါမှာ ဘာဖြစ်တာလဲဆိုတော့ ကျွန်တော်မရောက်ခင် ပထမဆုံး ရှစ်လေးလုံးအပြီးမှာ မြောက်ပိုင်းမှာ ရှိနေတဲ့ မိုးညှင်း၊ နမ္မား၊ မိုးကောင်းစသည်ဖြင့် အဲဒီက သပိတ်ခေါင်းဆောင်တွေ။ သူတို့က အရင်ရောက် သွားတာ။ ရောက်သွားပြီး တပ်ဖွဲ့တွေ ထူထောင်တယ်။ KIA နဲ့အတူ ပူးတွဲပြီးတော့ စစ်ရေးတာဝန်ယူမယ် ဆိုတဲ့ဟာမျိုး နဲ့ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့အဲဒီဘက်က ခေါင်းဆောင်တွေ၊ အရင်ရောက်နှင့်သူတွေ။ သူတို့မှာတော့ ဘယ်လိုပြ ဿနာတွေရှိလဲဆိုတော့ တပ်ဖွဲ့အတွင်း အကြီး အကျယ် အာဏာသုံး၊ သူတို့လာရင်မတ်တပ်ရပ် သတိဆွဲပေါ့။ ပါးရိုက်လည်းခံ၊ နားရိုက်လည်းခံ။ သူတို့ရဲ့ဝေယျာဝစ္စတွေကအစ လိုက်လုပ်ပေးရတဲ့ဟာ မျိုးတွေ၊ နောက် တစ်ခါ အချို့ကျတော့လည်း ငွေကြေးတွေရလာတော့ ပြန်ပို့တာတို့ ဘာတို့ပေါ့ဗျာ။ စည်းစိမ်ခံတာတို့၊ အဲဒါမျိုးတွေရှိတယ်။ ရှိတော့ တော်လှန်ရေးတပ်ဖွဲ့ သိပ်မဆန်ဘဲနဲ့ ဂိုဏ်း နည်းနည်း ဆန်လာတယ်။ နိုင်ငံရေးမပါဘဲနဲ့ အကြမ်းဖက်ဂိုဏ်းတစ်ခုလို၊ အဲဒီနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေထုံးစံ အတိုင်းရောက်လာတယ်။ ကိုထွန်း အောင်ကျော်အပါအဝင် ကိုအောင်နိုင်တို့ ရောက်လာတယ်။ အဲဒီလို ရောက်လာတဲ့အခါကျတော့ ကွာခြားသွားတယ်။ ဥပမာကိုရဲလင်းတို့ဆို ဒီကနေတက် သွားတဲ့သူတွေ၊ ပါတီတာဝန်တွေဘာတွေ လုပ်ဖူးတယ်။ ရန်ကုန်-မန္တလေးကတက်တဲ့ ကျောင်းသားတွေက နိုင်ငံရေးစာပေတွေ ဖတ်ရှုလေ့လာတယ်။ သမိုင်းကြောင်း လေ့ လာမှု၊ ရှစ်လေးလုံး အရေးတော်ပုံကြီး တစ်ခုလုံးအပေါ်မှာ ကြေညက်ခဲ့တယ်။ ဒါမျိုးတွေ ရှိလာတော့ ကွာသွားပြီလေ။ စကားပြောလိုက်တာနဲ့ ကွာသွားပြီ။ အသစ်ရောက် လာတဲ့ ရဲဘော်တွေ ဖြစ်သော်လည်း နဂိုရောက်လာတဲ့သူတွေ အမြင်မှာ ဒီလူတွေနဲ့ငါတို့ ရှိထားတဲ့ခေါင်းဆောင်တွေနဲ့ဆိုတာ အကြီးအကျယ် ကွာခြားသွားပြီ။ အဲဒီလိုအပြင် အနေအစားတွေလည်း ကွာလာပြီ။ အနေအစားတွေမှာလည်း တကယ့်ရဲဘော်ရဲဘက် စိတ်နဲ့အတူနေတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် လေးလေးစားစား နှိမ့်နှိမ့်ချချနဲ့ ဆက်ဆံတတ်တဲ့သူတွေ ပေါ့နော်။ ဆိုတဲ့အခါကျတော့ တကယ်ယဉ်ကျေးတဲ့ သူတွေက ဒီလူတွေပါလား။ သိလာတော့ ဟိုကောင်တွေကို လက်မခံချင်တော့ဘူး။ နောက်ဆုံးကျတော့ ပြောရရင် ဘယ်လိုလဲဆိုတော့ တပ်တွင်းမှာ ဆန္ဒပြမှုဆန်ဆန်ပေါ့။ သင်တန်းမဆင်းတော့တာ။ တန်းမစီ တော့တာတို့။ အဲဒီမှာတင် သူတို့ ဆွေးနွေးပွဲပြန်လုပ်တော့ ဟုတ်ပြီ ခေါင်းဆောင်တွေကို မကျေနပ်တာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုကြပါ ဆိုပြီး ဖြစ်လာတာပေါ့။ အဲဒီမှာတင် ဒေါ်ချိုချိုကျော်ငြိမ်းသားကို မောင်မောင်ကြွယ်၊ ဦးဇော်ခင်ရဲ့သား မောင်ဝဏ္ဏဇော်တို့ စသည်ဖြင့် ရန်ကုန်-မန္တလေးက တက်လာတဲ့ သူတွေက သူတို့တွေက Stage ပေါ်မှာ ကျင့်သားရနေပြီ။ ဝေဖန်တာ ပြောဆိုတာတွေကိုသူတို့တွေက ဦးဆောင်ပြီး လက်ရှိ ရှိထားတဲ့ခေါင်းဆောင် တွေရဲ့ အားနည်း ချက်တွေကို ထောက်ပြဝေဖန်တာတွေ။ ဒီမိုကရေစီတပ်ဖွဲ့ဆိုရင် ဘယ်လိုမျိုး ဖြစ်သင့်တယ်။ အခုလို လုပ်နေတာတွေက ဘာနဲ့တူတယ်ဆိုတာမျိုးပေါ့။ လူဆိုးဂိုဏ်းနဲ့ တူတယ်ပေါ့။ ဆိုတော့ အရှက်ရသွားကုန်တယ်။ အများအလယ်မှာ အရှက်ရတယ်။ နောက်မဲခွဲလိုက်တဲ့ အခါကျတော့ တစ်မဲမှမရတော့ဘူး။ မရတော့ ဒါလည်း အကြီးအကျယ် အရှက်ကွဲတယ်။ အရှက်ကွဲတော့ အဲဒီမှာ ဒီဟာက အငြှိုးပဲ။ ဒါပေမဲ့ ကိုထွန်းအောင်ကျော်တို့ ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိုညီဂျော်တို့၊ ကိုရဲလင်းတို့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်စတဲ့ ရန်ကုန်၊ မန္တလေးက လာတဲ့သူတို့။ နောက်ဦးစိန်တို့၊ ဦးစိန်ဆိုတာက ၁၉၇၄ ကတည်းက ယူဂျီအနေနဲ့ တောက်လျှောက် လုပ်လာတာ။ အကျဉ်းထောင် အကြိမ်ကြိမ်ကျလာတဲ့သူ။ ဆိုတော့ ပြည့်ဝမှုတို့ဘာတို့က ကွာသွားပြီလေ။ ဦးစိန်တို့ လည်း ခေါင်းဆောင်တွေဖြစ်။ ဒါပေမဲ့ ပြဿနာက ဟိုနဂိုရှိထားတဲ့ကောင်တွေက မလွှဲချင်ဘူး။ လက်နက်ကလည်း ရှိတယ်။ ဟိုသေနတ်ဖောက်၊ ဒီသေနတ်ဖောက်၊ အရက်သောက်နဲ့ ငါတို့က ဒီလေ့ကျင့်ရေးကွင်းတွေ ငါတို့ဖောက်ထားတာပေါ့။ ဒီတဲတွေ ငါတို့ဆောက်ထားတာပေါ့။ အခုမှ ဒီကောင်တွေကလာပြီး ဘာညာပေါ့။ ဒါမျိုးတွေပေါ့ဗျာ။ အဲဒီတော့ ရန်ကုန်၊ မန္တလေး ခေါင်းဆောင်တွေနဲ့ ကိုထွန်းအောင်ကျော်တို့က စဉ်းစားတယ်။ သူတို့ပြောတာလည်း ဟုတ်တာပဲပေါ့။ ဒီလူတွေကိုလည်း တတ်နိုင်သလောက် နေရာလေး တစ်ခုထားသင့်တယ်ပေါ့။ ဆိုပြီးတော့ ဗဟိုကော်မတီထဲမှာ ဆွဲထည့်တာ။ ဆိုတော့ အတွင်းရေးမှူး (၁)ပေါ့။ ကိုသံချောင်းဆိုလည်း စစ်ရေးက စစ်ရေးပဲပေါ့။ ကိုမျိုးဝင်းက သူ့ကိုစစ်ရေးတာဝန်ခံ ဒုတိယသူ့ကိုပေးပါပေါ့။ အဲဒီမှာ ငါတို့က နိုင်ငံရေးအရ နေပြီးတော့ စစ်ရေးတာဝန်ကို ညွှန်ကြားမှာပဲ။ ကဲ ရတယ် ယူကြဆိုပြီးတော့ ကိစ္စမရှိဘူးပေါ့။ အဲဒီလို ပေးလိုက်တဲ့ဥစ္စာက အခုဟာရဲ့ တကယ့်ပြဿနာပဲ။ ဘာလို့လဲဆိုတော့ အဲဒီနေရာကို ခြေကုပ်ယူပြီးတော့ အကွက်ကျကျ စီစဉ်ခွင့်ရသွားတယ်။ အချိန်ယူပြီး အယုံသွင်းတယ်ပေါ့ဗျာ။ ကိုထွန်းအောင်ကျော်ဆိုလည်း ဆက်ဆံရေး ပြောင်းသွားတယ်။ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနဲ့ ကျိုးကျိုးနွံနွံနဲ့ လုပ်ပြတယ်။ အခြေခံကျတဲ့ ရဲဘော်တွေအောက်မှာလည်း အရင်လို အာဏာသုံးတာတွေ ဘာတွေ မလုပ်တော့ဘဲနဲ့ပေါ့။ သူတို့က အကြံရှိတာကိုး။ အဲဒီလိုမျိုးနဲ့ အချိန်ယူ ပြီးတော့ အငြှိုးအတေး အာဃာတနဲ့လက်စားချေတာ။ အဲဒီတော့ အာဏာလုပွဲပါပဲ။ တော်တော်လေး ယုတ်ယုတ်မာမာနဲ့ အောက်တန်းကျကျလုပ်တဲ့ အာဏလုပွဲပဲ။
ဆိုတော့နိုင်ငံရေး အမြင်ရှိ တဲ့သူတွေကို ရှင်းထုတ်လိုက်တဲ့ သဘောပေါ့။
ဒါပါပဲ။


အဲဒီအချိန်မှာ ABSDF က ဒေါက်တာနိုင်အောင်တို့ အဲဒီဘက် ရောက်နေပြီလား။
ဒေါက်တာနိုင်အောင်တို့က ဒီပြဿနာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ တောင်ပိုင်းနဲ့ ဆက်သွယ်တယ်လို့ဆိုတယ်။ ဒါတွေက ပြောရရင်တော့ ကျွန်တော် တို့ ပြဿနာတွေဖြစ်တဲ့ အချိန်မှာ နေ့စဉ်နဲ့အမျှ ရိုက်နှက်နေတော့ အဲဒီထဲကနေ ဖမ်းယူရတာပေါ့။ မျက်လုံးစီး ရိုက်နှက်နေတော့ အသံတွေနဲ့ပဲ ကြားရတာပေါ့။ ထဲထဲဝင် ဝင်လားဆိုတော့ မဟုတ်ဘူး။ ဒါပေ မဲ့ ဒီဟာတွေက ထဲထဲဝင်ဝင်ရှိခဲ့တဲ့ အဲဒီအချိန်က ခေါင်းဆောင်တွေထဲပါတဲ့ ကိုသိုက်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးပေါ့။ သူပါတယ်။ သူက သူ့မှာ အပြစ်ရှိတယ်လို့လည်း ပြောတယ်။ သူက အဲဒီအထဲမှာ ဝင်ရိုက်ရတယ် လို့လည်းပြောတယ် စသဖြင့်ပေါ့။ အပြင်မှာ အဖမ်းမခံရဘဲနဲ့ ကျန်နေတဲ့ မျက်မြင် ရဲဘော်တွေရှိသေးတယ်။ ဒီရဲဘော်တွေရဲ့ပြောပြချက်တွေနဲ့ လည်း ကျွန်တော်တို့က သိရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုနိုင်အောင် ရောက်လာတော့ ရှိတယ်လေ။ ကျွန်တော်တို့နဲ့ တွေ့ရတယ်။ တွေ့ရတယ်ဆိုပေမယ့် စကားမပြောရဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့က သုံ့ပန်းလိုဖြစ်သွားပြီ။ သူကတကယ့်တော်လှန်ရေးခေါင်းဆောင် ကြီးတစ်ယောက် ဖြစ်တယ်ပေါ့။ သူလာတဲ့အခါမှာ ကျွန်တော်တို့ကို ဒီကောင်တွေကို ဟိုဟာတွေဆိုပြီး ကြည့်သွားတာ။ ဒါပေမဲ့ ကျွန်တော် တို့ထဲမှာမှ သူတို့တောင်ပိုင်းက တက်လာတဲ့ ရဲဘော်တွေကို တစ်ယောက်ချင်းခေါ်တွေ့ပြီးတော့ တချို့တွေကို ရိုက်နှက်သွားတာရှိတယ်။ ကိုသိန်းထွန်းဆို အခုအချိန်အထိ နားတွေမကြားတော့ဘူး။ ကိုနိုင်အောင် ရိုက်သွားတာ။
ဆိုတော့ စဖမ်းတဲ့အချိန်မှာ ကိုနိုင်အောင် မရှိဘူး။ တောင်ပိုင်းနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့က လက်ခံတာ။ ဒါကိုသေချာလုပ်ပေါ့ စသဖြင့်ပေါ့ဗျာ။ ဒါမျိုးတော်လှန်ရေး တပ်ဖွဲ့ထဲမှာ ရှိတတ်တယ်ပေါ့။ နောက် သူရောက်လာပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်ပေါ့။ လွန်ခဲ့ တဲ့နှစ် ၂ဝ က ဒီနေ့ပေါ့။ နည်းနည်း စောပြီး ကျွန်တော်တို့ကို ထမင်းကျွေး လိုက်တယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တောထဲမှာ ထင်းဖြတ်၊ ကျောက်ထုပေါ့။ နံနက်လင်းတာနဲ့ အခုရှိနေတဲ့ ရဲဘက်ပေါ့။ အဲဒီထက် ပင်ပန်းတယ်။ အကန်အကျောက်လည်း ခံရတယ်။ ထင်းခုတ်၊ ဝါးခုတ်၊ လမ်းပြင်အကုန် လုပ်ရပါတယ်။ လုပ်နေရင်းနဲ့ မနက်ပိုင်းမှာ အလုပ်သိမ်းလိုက်တယ်။ သိမ်းပြီးတော့ လက်ပြန် ကြိုးတွေ တုပ်၊ မျက်လုံးတွေစည်း။ လူတွေကလည်း အများကြီးရောက်လာတယ်။ မလှုပ်နဲ့ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာစကားမှာ တုပ်တုပ်မျှ မလှုပ်နဲ့ဆိုတဲ့စကားပေါ့။ နားရွက်မခတ်နဲ့ပေါ့ဗျာ။ လှုပ်တဲ့ကောင်က အုန်းခနဲ ဒိုင်းခနဲ ဖြစ်သွားတာ။ ပြီးတော့မှ နာမည်ရှိတဲ့ သူတွေ သူတို့စီစဉ်လာတဲ့ သူတွေခေါ်တယ်။ အဲတော့ အဲဒီလိုမလုပ်ခင်မှာသူတို့ လက်မှတ်ထိုးပြီးပြီလေ။ တပ်ဖွဲကို ကြေညာခဲ့ပြီ။ ဒီလူတွေကို သေဒဏ်ပေးမယ် ဆိုပြီး။ အဲသလို ကြေညာပြီးတော့မှ သူတို့ တက်လာ တာ။ တက်လာပြီးတော့မှာ ကိုထွန်းအောင်ကျော် အပါအဝင်ပေါ့ ၁၅ ယောက် ခေါ်ထုတ်သွားတာ။ ကျွန်တော်တို့တွေက ကျန်ခဲ့တယ်။ အဲဒီမှာခေါင်းဖြတ်တာ။


ဒါဆို ဒီပြဿနာမှာ ဒေါက်တာ နိုင်အောင်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါတာပေါ့။
ပါတာပေါ့။ သူက တောင် ပိုင်း ဥက္ကဋ္ဌလည်း ဖြစ်တာ။ ဒီဘက်မှာ တက်လာတဲ့အခါမှာလည်း သူ့ကို ကိုအောင်နိုင်တို့ ဘာတို့ကလည်း အသိအမှတ်ပြုတဲ့ မဟာမိတ်အနေနဲ့ ပါဝင်တာ။ ဆို တော့ ဒီဟာထဲမှာ သူရဲ့သဘောထား ပါဝင်ပါတယ်။ သတ်တဲ့သူတွေက ပြောတာ တော့ Informer (သတင်းပေး) ဆိုပြီး ပြောတယ်။ သူတို့ပြောတာတော့ သူလျှို ဖော်ထုတ်တယ်ပေါ့။


အဲဒီအချိန်မှာ မိုးသီးဇွန်ကရော။
အဲဒီမှာ မိုးသီးဇွန်နဲ့ ဒေါက်တာ နိုင်အောင်ကွဲနေပြီ။ နောက် ကျွန် တော်တို့ ဒီဘက်ကိုရောက်လာပြီး နောက်ပိုင်း ထောင်က လွတ်လာတယ်။ နောက် ပတ်စပို့ရလာတော့ အပြင်ထွက်ခွင့်ရတယ်။ နိုင်ငံပြင်ပ လူတွေနဲ့ ဆက်သွယ်ခွင့်ရတဲ့အချိန်မှာ ကြေညာချက်သုံးစောင် ရထားတယ်။ တစ်စောင်က မိုးသီးဇွန်၊ နောက်တစ်စောင် က ဒေါက် တာ နိုင်အောင် ဦးဆောင်တဲ့ အဖွဲ့ရဲ့ ကြေညာချက်၊ နောက်တစ်စောင်က BLC ရဲ့ ကြေညာချက်။ ကိုအောင်ထူးတို့ပေါ့။ ရှေ့နေများ ကောင်စီရဲ့ ကြေညာချက်။ ဒါတွေ ကျွန်တော့်မှာရှိပါတယ်။ BLC က ဒေါက်တာနိုင်အောင်တို့နဲ့ သဘောထားတူတယ်။ ကိုမိုးသီးဇွန် ထုတ်ထားတဲ့ သဘောထားမှာ ဒါကို လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရတဲ့ ကြေညာချက်တွေက သတ်ပြီးမှရတဲ့ ကြေညာချက်တွေ။ သတ်ပြီးသွားတဲ့အချိန်မှာ ကိုမိုးသီးဆိုဒ်က လက်မခံဘူးလို့ ထုတ်တယ်။ ကိုနိုင်အောင်တို့ က ဖော်ထုတ်ခဲ့ပြီး သုတ်သင်ခဲ့တာ ရှိတယ်။ ထောက်လှမ်းရေးတွေဟာ ကျွန်တော်တို့ တပ်ဖွဲ့ထဲဝင်ပြီး ခေါင်းဆောင်ပိုင်းနေရာကို ယူမယ်။ ဘယ်လို ဖြိုခွင်းမယ်။ အဲဒါကြောင့်မို့ သူတို့လုပ်ရတာပေါ့။ BLC ကလည်း အဲဒီ သဘောပါပဲ။ ဒီဟာကို လက်ခံတယ်ဆိုတဲ့ သဘောထားမျိုး တောတွင်းဥပဒေအရ လုပ်ရတယ်ပေါ့။
ဆက်လက်ဖော်ပြပါမည်

Myanmar Express

မြဝတီတွင် စက်မှုဇုန် တည်ထောင်မည်


From : ခေတ်လူငယ်

ကရင်ပြည်နယ် မြဝတီမြို့၌ စက်မှုဇုန်တစ်ခု တည်ထောင်သွားရန်ရှိသည်ဟု နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ “လာမယ့် ဘဏ္ဍာနှစ်အတွင်း ဖြစ်လိမ့်မယ်။ ကရင်ပြည်နယ် အစိုးရအဖွဲ့ကပဲ ဒါကို အဓိက ဦးဆောင်သွားလိမ့်မယ်” ဟု ၄င်းကပြောသည်။ အဆိုပါ မြဝတီစက်မှုဇုန်ကို တည်ထောင်ပြီးပါက ကရင်ပြည်နယ်၌ စက်မှုဇုန်နှစ်ခု ရှိသွားမည်ဖြစ်ရာ ပြည်နယ်တွင်း ဖွံ့ဖြိုးမှုကို များစွာအထောက်အကူ ပြုပေးနိုင်မည်ဟု ၄င်းကဆက်လက် ပြောသည်။ မြဝတီစက်မှုဇုန်နေရာကို စိစစ်ရွေးချယ်နေပြီး အသေးစိတ် အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးနိုင်ဖွယ် ရှိသည်ဟု ၄င်းကဆိုသည်။ စက်မှုဝန်ကြီးဌာန အကြီးတန်းအရာရှိက “နယ်စပ်မှာ လုပ်ဖြစ်တာက အခု ငြိမ်းချမ်းရေး ယူထားတဲ့ သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ပြီးတော့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို အဓိက ရည်ရွယ်တယ်။ ဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ နေရာကို ရွေးထားတာ။ နောက်ပြီး ဒီနေရာက အလားအလာကောင်းတစ်ခုလည်း ဖြစ်တယ်” ဟု ပြောသည်။ ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်အတွက် မြဝတီမြို့၏ စီးပွားရေးအခြေအနေမှာ နဂိုကတည်းက ကောင်းမွန်ခဲ့သည်။ သည့်အပြင် ၂၀၁၁ နှစ်ကုန်ပိုင်းအတွင်းက နှစ်နိုင်ငံချစ်ကြည်ရေး တံတားကိုပါ ပြန်လည်ဖွင့်လှစ်လိုက်မှုများကြောင့်လည်း ဒေသခံများ၏ဝင်ငွေမှာ ပြန်လည်ကောင်းမွန်နေရာ မြဝတီမြို့တွင် စက်မှုဇုန် တည်မည်ဆိုပါက ဆိုဖွယ်ရာမရှိတော့ကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


Myanmar Express

မလေးရှားမှ မြန်မာများ အမိမြေသို့ ဧရာဝတီဘဏ်မှ ငွေလွှဲနိုင်ပြီ


From : ခေတ်လူငယ်

မလေးရှားရောက် မြန်မာလုပ်သားများအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်မှ စတင်ကာ မလေးရှားနိုင်ငံရှိ Q-Remit Agency နှင့် မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ်နှင့် ဘဏ်ခွဲများမှတစ်ဆင့် မြို့နယ်ပေါင်း ၁၂၀ သို့ တရားဝင် ငွေလွှဲပို့နိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဇော်က ပြောသည်။ ဧရာဝတီဘဏ်အနေဖြင့် မလေးရှားနိုင်ငံရှိ May Bank ၏ နေ့စဉ်ပေါက်ဈေးအတိုင်း ရင်းဂစ်မှ အမေရိကန်ဒေါ်လာနှုန်းအတိုင်း တွက်ချက်လက်ခံပေးပြီး ယင်းဒေါ်လာနှုန်းအား ရန်ကုန်မြို့ရှိ သိမ်ဖြူငွေကြေးပေါက်ဈေးအတိုင်း မြန်မာငွေလဲလှယ်၍ သက်ဆိုင်ရာ ငွေပေးပို့လိုသူများထံ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် ဧရာဝတီဘဏ်ခွဲများ တည်ရှိရာ မြို့များသို့ မြန်မာနိုင်ငံတွင်း ငွေလွှဲပို့ရာတွင် ငွေလွှဲခရယူခြင်း မရှိဘဲ တခြားဧရာဝတီဘဏ်နှင့် ချိတ်ဆက်ထားသည့် မြို့များသို့ ငွေလွှဲပေးပို့ခြင်း ဖြစ်ပါက ကျပ် ၁၀၀ လျှင် ၁၅ ပြားနှုန်း ကောက်ခံကြောင်း သိရှိရပါသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲခနှုန်းထားများအနေဖြင့် မလေးရှားရင်းဂစ် ၁၅၀၀ အထိ ၁၂ ရင်းဂစ်၊ ရင်းဂစ် ၃၀၀၀ အထိဆိုပါက ၁၅ ရင်းဂစ်နှင့် ရင်းဂစ် ၆၀၀၀ အထိ အများဆုံး လွှဲပို့နိုင်ပြီး ငွေလွှဲခ ၂၀ ရင်းဂစ် ကျသင့်ကြောင်း သိရှိရသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲပြီးနောက်နေ့တွင် မြန်မာနိုင်ငံ၏ ဧရာဝတီဘဏ်ခွဲများနှင့် ချိတ်ဆက် ဘဏ်ခွဲများတွင် ငွေလွှဲထုတ်ယူနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။ ဧရာဝတီဘဏ်အနေဖြင့် မြန်မာလုပ်သားများရှိရာ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင်လည်း အဆိုပါဝန်ဆောင်မှုကဲ့သို့ ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

အမှန်တရားအတွက် မူးယစ်ရမ်းကားသည့် မင်းအုပ်စိုး



၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့ ညနေ ၆ နာရီလောက်မှာ လူမိုက်လက်သစ်လေး မင်းအုပ်စိုးနဲ့ တပည့်လူကြမ်းသရုပ်ဆောင်တစ်ချို့ဟာ အရက်သောက်စား မူးယစ်ပြီး ပြည်သူတွေသွားလာတဲ့လမ်းပေါ်မှာ ဖြတ်သွားတဲ့ ကားမှန်သမျှ လမ်းပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါတင်ကျေနပ်မှုမရှိသေးပဲ တောင်ညွှန့်မှာ မီးလောင်တာကို အားကျလို့လား မသိဘူး ဟောလီးဒေး စားသောက်ဆိုင်အနီးက လမ်းဘေးအမှိုက်ပုံ တစ်ခုကို လည်း မီးရှို့ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်မှာ အနီးအနားကလူတွေသိလို့ တာမွေရဲစခန်းနဲ့ မီးသတ်ကို အကြောင်း ကြားလို့ ရဲတွေနဲ့ မီးသတ်တွေရောက်လာပြီး မီးငြိမ်းခဲ့ရပါတယ်။ တာဝန်ရှိသူတွေက အေးအေးဆေးဆေး ပြောဆိုတဲ့အခါမှာလည်း မိုက်ရိုင်းကြမ်းတမ်းစွာဆက်ဆံခဲ့ပါတယ်။



ဒါတင်မကသေးဘဲ မင်းအုပ်စိုးအနေနဲ့ သူရှို့ခဲ့တဲ့မီးကို ဘယ်သူရှို့လဲဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေကို အမှန်တရားဖော်ထုတ်ဖို့ပြောဆိုခဲ့ပါသေးတယ်။ နောက်ပြီး မင်းအုပ်စိုးပြောတာက
“ လက်ရှိနိုင်ငံတော်အစိုးရလည်း ဒီကိစ္စကို အမှန်မဆောင်ရွက်ပေးနိုင်ဘူး၊ နောင် ၀င်ရောက်လာမယ့် ဒေါ်စုကြည် ခွပ်ဒေါင်းအလံလဲ ဆောင်ရွက်မပေးနိုင်ဘူး” လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။

မင်းအုပ်စိုးဟာ စစ်တပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ တူတစ်ယောက်ဖြစ်တယ်လို့သိရှိရပါတယ်။ ပြုပြင်ပြောင်း လဲရေး အတွက်အစိုးရကဆောင်ရွက်နေတာကို အသိအမှတ်ပြုပုံမရသလို တခြားမင်းသမီး၊ မင်းသားတွေ တရုံးရုံးနဲ့ အမုန်းကဲနေတဲ့ ဒေါ်စုကိုလည်း မကျေနပ်လို့ တမင်များညုလိုက်လေသလားလို့ လည်းထင် မိပါရဲ့။ ဒေါ်စုအတွက်ဘာမှမဖြစ်ပေမယ့် ဘာမသိညာမသိနဲ့ အလံပေါ်ရောက် နေတဲ့ ခွပ်ဒေါင်းလည်း မင်းအုပ်စိုး ကြောင့် မျက်နှာပျက်စရာ ဖြစ်ခဲ့ရပြီး ရှေ့မထွက်ရဲတော့တဲ့ အခြေအနေ ရောက်ခဲ့ ရပါတယ်။

Myanmar Express

နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည်


From : ခေတ်လူငယ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄၀ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်များအရ သိရသည်။ “တန်ဖိုးနည်း ဖုန်းတွေက နောက်လပထမပတ်အတွင်းမှာ ထွက်မယ်လို့ ကြားထားပါတယ်။ ရက်အတိအကျတော့ ကျွန်တော်တို့ဆိုင်တွေကို ဘာသတင်းမှ ရောက်မလာသေးဘူး။ တန်ဖိုးဘာညာကိုလည်း အတိအကျ မသိရသေးပါဘူး။ အကယ်၍ တန်ဖိုးနည်းဖုန်းထွက်လာရင် ကျွန်တော်တို့ဆိုင်တွေက အရစ်ကျရောင်းပေးမယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။ ဒီတစ်ခေါက်တော့ဘဏ်နဲ့ မချိတ်တော့ဘူး။ အရစ်ကျ ဝယ်ချင်တဲ့သူတွေကို ဆိုင်ကပဲ စီစဉ်ပေးမှာပါ” ဟု ရွှေဂုံတိုင် Mr.Fone ဆိုင်မှ မန်နေဂျာကိုမင်းမင်းက ပြောကြားခဲ့သည်။ “မတ် ၂၇ ရက်လို့ ကြားတယ်။ ဖုန်းတန်ဖိုးကတော့ အမျိုးမျိုးကြားနေတာပဲ။ ငါးထောင်တန်ဖုန်းမရတော့ အခုလာမယ့် တန်ဖိုးနည်းဂျီဖုန်းပဲ စောင့်ရတော့မယ်ပေါ့” ဟု ရွှေဂုံတိုင်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ တိုးမြှင့်ပေးရန် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြ


From : ခေတ်လူငယ်

နိုင်ငံတော်အစိုးရက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရာတွင် လုပ်ငန်းလမ်းညွှန်အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုတွင် ပါရှိသော နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့်ဘတ်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေးကိစ္စနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြရာတွင်- ပြည်ထောင်စုလွှတ်တော်မှ ပေးပို့သည့် ဆုံးဖြတ်ချက်မှာပါဝင်တဲ့ “နိုင်ငံသားများ ၀န်ထမ်းများ၏ လုပ်ခ၊ လစာနှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာရေးနှစ်အစတွင် မဖြစ်မနေတိုးမြှင့်ပေးရေး” အဆိုမှာ ပြည်ထောင်စုအစိုးရမှ အကောင်အထည်ဖော်ဖို့ စဉ်းစားနေတဲ့ကိစ္စဖြစ်သလို နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ဆောင်ရွက်ပေးသင့်တဲ့ ကိစ္စဖြစ်လို့ ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကပိုင်အခန်းကဏ္ဍရဲ့ ပါဝင်မှုအချိုးကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားတဲ့အတွက် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခတိုးမြှင့်မှုဟာ ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ အလုပ်သမားများအပေါ်လည်း အကျိုးသက်ရောက်မှုရှိနိုင်တာကြောင့် ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ လုပ်ခ၊ လစာအခြေအနေအပြင် ပြည်သူလူထုတစ်ဦးချင်းရဲ့ ပျမ်းမျှဝင်ငွေဟာ ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ လိုက်လျောညီထွေရှိရန်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းလစာများကို တိုးမြှင့်ဆောင်ရွက်မပေးနိုင်ခင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ တိုက်တွန်းဆောင်းဆိုထားတဲ့ ဝေးလံခေါင်သီဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းရင်းသားလုပ်သားပြည်သူများကို အလုပ်အကြွေးပြုနေကြတဲ့ ၀န်ထမ်းများရဲ့ ဒေသစရိတ်နှုန်းထားတွေကို ဦးစွာတိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ၀န်ထမ်းလစာ တိုးပေးရေးကိစ္စ ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးအနေအထားကို ရောက်ရှိစေဖို့ အဓိကလိုအပ်ပါတယ်။ အဲဒီလို ရောက်ရှိနိုင်ရန်မှာ နိုင်ငံတကာမှ ဆောင်ရွက်တဲ့ နည်းလမ်းများကို စံနမူနာထားပြီး ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် အစိုးရဌာနမှ ပညာရှင်များ ပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အနေနဲ့ အမျိုးသားစီမံကိန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေခံပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာတိုးမြှင့်ရေး အစီရင်ခံစာများအပေါ် သုံးသပ်ပြီးတော့ နိုင်ငံ့ဝန်ထမ်းများရဲ့ လုပ်ခ၊ လစာနှင့် ချီးမြှင့်ငွေများ တိုးမြှင့်ပေးရေးကို ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။ လက်တလောဆောင်ရွက်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုကုန်ကျလာမယ့် လစာနှင့် အခြားအသုံးစရိတ်တွေ များပြားလာမှာဖြစ်လို့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ အခက်အခဲတွေ့လာနိုင်မှာဖြစ်ပါတယ်။ သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများရဲ့လစာ၊ လုပ်ခများ တိုးမြှင့်ပေးနိုင်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခများ တိုးမြှင့်ရေးကို ဆောင်ရွက်သင့်ပါကြောင်းနှင့် ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကို ငဲ့ညှာထောက်ထားသောအားဖြင့် ၄င်းတို့ရဲ့ ဒေသစရိတ်နှုန်းထားများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ လေးစားစွာ တင်ပြအပ်ပါကြောင်းဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

GSM မိုဘိုင်းလ်စနစ် ပြည်သူများသက်သာစွာသုံးစွဲနိုင်ရေး ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းတိုးချဲ့ တပ်ဆင်လျက်ရှိ


From : ခေတ်လူငယ်

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးနိုင်ငံ သံအမတ်ကြီး H.E.Ers.Katja Christina Nordgaard နှင့် နော်ဝေးနိုင်ငံမှ TELENOR ကုမ္ပဏီ အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အဆိုပါ ဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန်အတွက် GSM/UMTS မိုဘိုင်းလ်စနစ်ကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ တိုးချဲ့တပ်ဆင်တည်ဆောက်လျက်ရှိသည်။ နော်ဝေးနိုင်ငံအနေဖြင့် GSM မိုဘိုင်းလ်စနစ်ကို ဦးစွာသုံးစွဲခဲ့သဖြင့် GSM မိုဘိုင်းလ်နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာပိုင်းတို့တွင် များစွာ အတွေ့အကြုံရှိပြီးဖြစ်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများခိုင်မာမှ ပုဂ္ဂလိကကဏ္ဍပါဝင်မှုနှင့်အတူ အရည်အသွေးပြည့်မီရေး ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ နည်းပညာအတွေ့အကြုံနှင့် ပတ်သက်၍ လည်းကောင်း၊ အတွေ့အကြုံများကို မျှဝေပေးလိုပါကြောင်းဖြင့် နော်ဝေးသံအမတ်ကြီးက ပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နော်ဝေးနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ TELENOR ကုမ္ပဏီ အဖွဲ့တို့သည် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းနှင့် နည်းပညာဆိုင်ရာများကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ထပ်မံဆွေးနွေး ကြမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

မိုးသီး လွန်ခဲ့တဲ့ ၂၃ နှစ်က အတိုင်းဘဲ

by Htay Tint

လိမ်ခြင်းကန့် လန်ကာ

ဂျပန်အသံဖိုင်ကို ရဲဘော်တဦးထံမှာ နားထောင်ကြည့်မိခဲ့၍ ယခုလိုရေးသားလိုက်ရပါသည်။

မိုးသီးက နဂိုအတိုင်းပဲလို့ ထင်မြင်ပါသည်။

အသက်တာကြီးသွား၊အချိန်များသာ လျှင်မြန်စွာကုန်ဆုံးသွားသောလည်း

အကျင့်စရိုက်မရင့်ကျက်သေးတာကို တွေ့ မြင်ရပါသည်။

အဓိကကတော့ဝမ်းတွင်းစိတ်က အရေးကြီးပါသည်။

၈၈ခုနှစ်၊ဇွန်လမှာ မိန်းပြန်ဖွင့်သဖြင့် တရားပွဲများလုပ်ရာမှာ

မိုးသီး၏အပြောအဟောများအား ကျောင်းသားတွေမပြောနှင့်

၊ကျောင်းသူတွေကတောင် မကြိုက်နှစ်ကြတာကို ပြန်မြင်ယောင်မိပါသည်။

သြဂုတ်လ(၂၈)ရက်နေ့ မှာ ယူနီယံမြက်ခင်းပေါ်မှာ သမဂ္ဂဖွဲ့  စည်းသည့်

တရားဟောပြောပွဲမှာလည်း အကိုကြီး၊အကိုလတ်၊အကိုငယ်တွေနှင့်

သံလိုက်အိမ်မြောင်တလုံးဖြင့်တောခိုဖို့ ကြိုးစားပြီးမော်လမြိုင်က လှည့်ပြန်ခဲ့တာကို

ဗြောင်လိမ်ပြောသွားသော မိုးသီးဇွန်ဖြစ်ပါသည်။

အချိန်ဆွဲကာ ပေရှည်ဟောပြောနေသဖြင့် ရပ်ပါတော့အသိပေးနေသောလည်း

ပြောဟောနေ၍စိတ်မရှည်သောကျောင်းသားအချို့ 

စင်ပေါ်တက်ရိုက်မည်လုပ်တာကို တားဆီးခဲ့ရပါသည်။

ရန်ကုန်ဆေးရုံကြီး ၃၆နာရီအစာငတ်ခံဆန္ဒပြပွဲမှာလည်း လုံခြုံရေးတာဝန်ယူထားသော

ရွှေဂျိုးဖြူက သူတို့  အားဝိုင်းထားပါသည်ဆို၍ မြို့ ထဲမှ

သပိတ်အဖွဲ့ တွေဆီမမှန်မကန်အကြောင်းကြားပြန်လို့ 

အချင်းချင်းဖြစ်သော ပြဿနာများကို ရှင်းလင်းခဲ့ရပါသည်။

ရှင်းကြချိန်မှာ မိုးသီးအား ရွှေဂျိုးဖြူအဖွဲ့ မှရဲဘော်များအား

နားလည်မှုလွဲသွားသည့်အပေါ်ပြန်တောင်းပန်ပေးဖို့  ပြောသူကပြောသောလည်း

မိုးသီးဇွန်ဆိုသူက ကလေကချေများအား မတောင်းပန်နိုင်ဘူးဆိုပြီး

လူအများရှေ့ မှာဖော်ထုတ်ပြောပြန်လို့ သက်ဦးဦးဆောင်သော

ရွှေဂျိုးဖြူအဖွဲ့ နားမှ ကျော်ဝင်းလေး ငှက်ကြီးတောင်မြောက်ပြီးခုတ်ဖို့ လုပ်ခဲ့တာ

အလျှင်အမြန်ဝင်ဆွဲရသည့် ဖြစ်ရပ်ကိုမြင်ယောင်မိပါသေးသည်။

(Wynn Aung Please be advised that could you please kind enough to change regarding

"36 hours Hunger Stike" Kyaw win lay is not a menber of Shwe cho Phy. thanks )

၈၉ခု၊မတ်လ တံတားနီနှစ်ပတ်လည်မှာ မိန်းထဲကိုရောက်လာပြီး

ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရဖို့ သူ့  ကိုယ်သူ အမြောက်ဆန်ကြီးပမာ

တုန်ဟီးသွားအောင်ပစ်ဖောက်ချင်ကြောင်းဟောပြော၊ လူတွေကို ကျောင်းထဲကထွက်ပြီး

အပြင်မှာ ချီတက်ဖို့ ကြွတက်ပြကာ၊

ပစ်ဖို့  ပြင်ဆင်ထားသော စစ်တပ်ဆီကို လှူံဆော်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။

မကသပပွဲကိုဖျက်ဆီးချင်တာပဲသိပြီး လူများသေမည်ကို မစဉ်းစားမတွေးခေါ်သူဖြစ်ပါသည်။

မနည်းတားဆီးခဲ့ရသလို၊

မိုးသီးတို့  ကိုလည်း အတူတူနှစ်ယောက်ချင်း လက်ချင်းချိတ်ကျောင်းပြင်ထွက်ချီတက်ကြမည်လို့ 

ချဲ့  လင့်လုပ်ယူမှ ငြိမ်သွားကြသည်။

အုတ်အော်သောင်းနင်းနှင့် အချင်းချင်းစစ်တပ်ရှေ့  မှာဖြစ်ခဲ့ရတာသည် ရှက်စရာဖြစ်ပါသည်

။သမဂ္ဂမှခွဲကာပါတီထောင်ခဲ့သောလည်း လမ်းကြောင်းကြီး၃သွယ်တို့  ဘာတို့ ဖြင့် ညာဖြီးပြောဆိုကြသည်။

ကိုယ်သန်ရာကိုယ်လုပ်ခြင်းတာဖြစ်သည်။

ဗကသမှာ လမ်းကြောင်း၃သွယ်မူမချမှတ်ခဲ့တာအမှန်ဖြစ်ပါသည်။

ပေါ်ဦးနှင့်ကေကြူ့ ကိုမေးနိုင်ပါသည်။

ကြိုးမဲ့လေတံခွန်စာတမ်းကို မိုးသီးအနေဖြင့်

ဘယ်နှစ်စောင်လိုချင်ပါသလဲ ဆိုတာသိချင်ပါသည်။

ပို့ ပေးဖို့ အသင့်ရှိပါသည်။

တောဆင်းချိန်နှင့်တပြိုင်တည်း ငါတနေ့  ပြန်လာခဲ့မယ်

ကဗျာစာအုပ်ထုတ်သွားခဲ့သော မိုးသီးက ဗီဇာတာထုတ်ပေးလိုက် ထောင်ကျမှာ၊ပစ်သတ်မှာမကြောက်ဘူး ပြန်မယ်ပြောဆိုတာကို အသံဖိုင်မှာကြားလိုက်ရသဖြင့် ကိုယ့်နားတောင်မှကိုယ်မယုံနိုင်ဖြစ်သွားရပါသည်။

လူ့ ဘောင်သစ် အကွဲအပြဲဇာတ်လမ်း၊ ဘုရားသုံးဆူအကွဲအပြဲဇာတ်လမ်း

၊အေဘီအကွဲအပြဲဇာတ်လမ်းအားလုံးများနှင့်ချိတ်ဆက်ထားတာမိုးသီးဖြစ်ပါသည်။

အေဘီကွဲတော့ ကျောင်းသားစိတ်နှင့် ဆလိုင်းကိုကိုဦး၊ကိုသန်းဝင်း၊ကိုဥာဏ်လင်းရွှေအစရှိသော

ကျောင်းသားများရပ်ပေးသောလည်း မိုးသီးဥာဉ်ကြောင့်ကိုယ့်တပ်ကိုယ်ပြန်နင်း၊ဖျက်ရပါသည်။

ကိုဝင်းမင်း၊ကိုအောင်သူငြိမ်း၊ကိုအောင်နိုင်ဦး(ဗဟု)များဖြင့် အားယူသောလည်း

လူပေါ်လူဇော်နည်းများဖြင့် မိုးသီးတပ်လန်ထွက်သွားတာလည်း အမှန်ဖြစ်ပါသည်။

တရားရုံးရင်ဆိုင်ရဲသော မိုးသီးက ပါတ်စပို့ အတုအမှုနှင့်

ထိုင်း၊လရောင်ထောင်ကလွတ်အောင် အာမခံပေးခဲ့သော

ဖိုရမ်အေရှမှ မစ္စချာလီဒါကို ဘာမှမပြောဆိုပဲ အမေရိကားထွက်ပြေးသွားခြင်းသည် ရှက်တက်မည်ဆို ရှက်စရာဖြစ်နေပါသည်။

ကွဲစရာမရှိရင် မိုးသီးသည် သူဆရာကိုမြင့်လှိုင်နှင့်လည်းကွဲတာကို

အမေရိကားမှရဲဘော်များအသိဆုံးဖြစ်မည်ဖြစ်ပါသည်။

နိုင်ငံတကာမြန်မာကျောင်းသားများပထမအကြိမ်ညီလာခံ(၂၀၀၁)မှာလည်း

ဘာအစ်ရှုးမှတိတိကျကျတာဝန်မယူပဲ စင်အောက်ကနေ လိုက်နှောင့်ယှက်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။

အင်ဒီယားနား၊ဖို့ ဝန်းကရဲဘော်များအသိဆုံးဖြစ်ပါသည်။

ငါမိုးသီဇွန်ဆိုသော သွေးနထင်ရောက်နေသော ၀မ်းတွင်းရူးရောဂါသည် ကုရာဆေးမရှိဖြစ်နေပါသည်။

၈၈ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သော အဖြစ်မျိုးကို

အထူးရှောင်ကျဉ်နေသောလည်း မိုးသီးက အချိုးမပြောင်းကာ တောပြောင်းသားကောင်ရှာမည့်စကားမျိုးများအား

ဂျပန်အသံဖိုင်မှာ ကြားရသဖြင့် ယခုလိုရေးသားလိုက်ခြင်းဖြစ်ပါသည်။

မိုးတိမ်တွေတောင်မှမတည်ငြိမ်တာ မိုးသီးလည်းတနေ့ ကြွေရမှာပါ။

စစ်အောင်

To: 8888peoplepower@yahoogroups.com

From: greengrass_burma@hotmail.com

Date: Thu, 26 Jan 2012 20:14:28 +1100

Subject: [8888peoplepower] Re: Shameful Moe Tee Zune voice

.

Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လူဇင်ဘတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသော လူဇင်ဘတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Jean Asselborn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား တောင်ကိုရီးယား Global Agriculture Policy Institute (GAPI) နှင့် Kore

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား တောင်ကိုရီးယား သမ္မတနိုင်ငံ Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Lee ခေါင်းဆောင်သော အဖွဲ့သည် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ ညနေပိုင်း (၃) နာရီခွဲ အချိန်တွင် နေပြည်တော် ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ ဆုံသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား တောင်ကိုရီးယား သမ္မတနိုင်ငံ Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Lee ခေါင်းဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံစဉ်

တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော ဦးမောင်ဦး၊ ဦးမောင်ရှိန်၊ အလုပ်အမှုဆောင် ဦးလှသိန်းဆွေနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ပြီး၊ တောင်ကိုရီးယား သမ္မတနိုင်ငံ Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Lee ခေါင်းဆောင်သော အဖွဲ့များ တက်ရောက်ကြသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် တောင်ကိုရီးယား သမ္မတနိုင်ငံ Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Lee အဖွဲ့တို့ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးစဉ်

ထိုသို့တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒ လမ်းစဉ်များ၊ မြန်မာနိုင်ငံ၌ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲ တိုးတက်အောင်မြင်လာမှုများ ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှုရှိသော ဥပဒေ များပြဋ္ဌာန်းကျင့်သုံးနေမှုများ ရှင်းလင်းဆွေးနွေးပြီး၊ မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုအား ပိုမိုတိုးမြှင့် ခိုင်မာအောင် ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ ကျေးလက်ဒေသများ၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် နည်းပညာများ ပူးပေါင်းဆောင် ရွက်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက တောင်ကိုရီးယား Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Leeနှင့် အဖွဲ့ဝင်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး တက်ရောက်လာသော အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြောင်း သတင်းရရှိသည်။

Myanmar Express

ကချင်ပြည်နယ်ကြီးအတွက် ငြိမ်းချမ်းရေးလေးပြန်ပေးပါ (ပေးစာ - ၁၀၅)


From : ဘရန်နန်(မိုင်ဂျာယန်)

ကချင်ပြည်နယ်ကြီးတိုးတက်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်းဆောင်ရွက်ရုံနဲ့ မစွမ်းဆောင်နိုင်တဲ့ အရာဖြစ်လို့ တိုင်းရင်းသားညီအစ်ကိုအားလုံးလက်တွဲပြီး ခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ ကြိုးပမ်းဆောင်ရွက်မှ ဖြစ်မယ် ဆိုတာကို ကချင်ပြည်နယ်မှာနေထိုင်တဲ့ ညီနောင်အားလုံး သိကြပြီးဖြစ်မှာပါ။ မတူညီတဲ့ အချက်တွေထဲက တူညီတာတွေကို စုစည်းပြီး ရရှိလာတဲ့ အခွင့်အရေးတွေအပေါ်မှာတိုင်းရင်းသားအားလုံးက စိတ်ဝမ်းမကွဲပဲ ဆောင်ရွက်နိုင် ရမယ်ဆိုတာ ညီနောင်တွေကိုပြောပြဖို့လိုမယ်မထင်ပါဘူး။ ပင်လုံကိုပြန်ကြည့်ရင်လဲ ဗိုလ်ချုပ် အောင်ဆန်းက မတူညီတာတွေကိုဘေးဖယ်ပြီး တောင်တန်းဒေသ ပြည်မမခွဲခြားပဲ အတူတကွလုပ်ဆောင် ခဲ့တာကိုတွေ့ရမှာပါ။

ဒါပေမယ့် ကချင်ပြည်နယ်မှာ ၂၀၁၀ ဇွန်လကနေစပြီးတော့ အေးချမ်းမှုမရှိတော့တာကို ဘာကြောင့်လည်း ဆိုတာ ပြန်လည်စဉ်းစားကြည့်ရမယ့်အချိန်ရောက်နေပါပြီ။ ဟိုအရင် ၁၉၉၄ ခုနှစ်မတိုင်ခင်က ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုတွေနောက်ကျခဲ့ရလို့ ပြည်သူတွေစား၊၀တ်၊နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေမှာ ဒုက္ခတွေ ရောက်ခဲ့ကြ ရတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲခဲ့ရတယ်။ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေမရှိခဲ့လို့ အသိပညာ ဖွံ့ဖြိုးမှုတွေနောက်ကျခဲ့ရတယ်။ ရန်ကုန်မှာ ကျောင်းသွားတက်ခဲ့ကြရတယ်။ ၁၉၉၄ ခုနှစ် ရှေ့ပိုင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေး တွေခက်ခဲခဲ့တယ်။ မီးရထားနဲ့ လေယာဉ်ကိုပဲ အဓိကအသုံးပြုခဲ့ကြရတယ်။ မြစ်ကြီးနားကနေပြီးတော့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိတဲ့ ၀ိုင်းမော်၊ ချီဖွေ၊ ဗန်းမော်ကိုသွားချင်တာတောင်မှ တံတားမရှိလို့ ဧရာဝတီမြစ်ကြီးကို ကူးတို့နဲ့ ဖြတ်ကူးခဲ့ ကြရတယ်။ မြစ်ကြီးနားကနေ ဖားကန့်ကို (၁)ပတ်လောက် သွားရပြီးတော့ တနိုင်းကို (၁)လလောက်သွားခဲ့ရတာ ဘယ်တော့မှမမေ့နိုင်တဲ့အရာတွေပါ။ ဒါတွေဟာ ငြိမ်းချမ်းရေး မရခင် ကချင်ပြည်နယ်မှာ ရှိနေခဲ့တဲ့ မဖွံ့ဖြိုးမှုတွေပဲဖြစ်တယ်ဆိုတာ ကချင်ပြည်နယ်က ညီနောင်တွေ မေ့ကြ လိမ့်မယ်လို့မထင်ပါဘူး။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့ တပ်မတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်ပိုင်း ကချင်ပြည် နယ် ကြီးရဲ့ တိုးတက်မှုတွေကို မြင်ရတာ လက်ညှိုးထိုးမလွဲပါပဲ။ ဆည်မြောင်းတာတမံကြီးတွေ ၊မီးရထား လမ်းတွေ ၊ ကားလမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်လာတာ ဘယ်သူမှ မငြင်းနိုင်တဲ့ ငြိမ်းချမ်းရေးရဲ့ ကောင်းမွန်တဲ့ အနှစ်သာရတွေပါ။ ကချင်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းသားညီနောင်တွေ လက်တွဲလို့ တံတားတွေဆောက်၊ လမ်းတွေဖောက်လို့ တိုင်းပြည်နဲ့ လူမျိုးကို ဂုဏ်တင့်စေခဲ့သလို ကချင်ပြည်သူတွေအတွက် ရွှေလမ်း၊ ငွေလမ်းတွေဖြစ်ခဲ့ရပါတယ်။
စိတ်ကူးနဲ့တောင် ယဉ်ကြည့်လို့မရနိုင်တဲ့၊ မဖြစ်နိုင်တဲ့ ဗလမင်းထင်တံတား ကြီးကို တည်ဆောက်ပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေခဲ့တာလည်း ကချင်ပြည်နယ်မှာနေထိုင်တဲ့ တိုင်းရင်းသားအသီးသီးရဲ့ ဘ၀တွေကို ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ ဧရာဝတီမြစ်ကြီးကိုဖြတ်လို့ ဗလမင်းထင်တံတား ကြီး ပေါ်ပေါက်လာတဲ့ အတွက် သွားရေးလာရေးတွေဟာ အရင်ကလိုမခက်ခဲတော့ဘဲ လွယ်လွယ်ကူကူ သွားလာ လို့ရနေပါပြီ။ ပူတာအိုမှာ မလိခမြစ်ကိုဖြတ်ပြီးတော့ ကောင်းမှုလုံကြိုးတံတားကြီးကို တည်ဆောက်နိုင်ခဲ့တာကလည်း ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကြောင့်ပါပဲ။ ကားလမ်းတွေဟာလည်း အရင်က လမ်းဆိုတဲ့အမည်ပဲရှိပြီး အခုအချိန်မှာ ကွန်ဂရစ် လမ်းကြီးတွေ၊ ကတ္တရာလမ်းကြီးတွေနဲ့ ဖြောင့်ဖြူးလို့သာယာနေခဲ့ပါပြီ။ ဆက်သွယ်ရေးခက်ခဲခဲ့ တဲ့ ကချင်ပြည်နယ် မှာ တာဝါတိုင်တွေထောင်လို့ ဆက်သွယ်မှုလမ်းကြောင်းလည်း ပွင့်စေခဲ့ပြီ။

လျှပ်စစ်မီးဆိုတာလဲ ပူတာအိုမှာရှိတဲ့ ရေအားလျှပ်စစ်စက်ရုံလေးကို အားကိုးနေရပြီးတော့ အခုချိန်မှာ တာပိန်ရေအားလျှပ်စစ် စက်ရုံကြောင့် ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက် ဒေသတွေမှာ ၂၄ နာရီ မီးအမြဲလင်း နေခဲ့ပါပြီ။ ပညာရေးဆိုလည်း ဒီဂရီကောလိပ်တစ်ခုတည်းရှိတဲ့ တို့ပြည်နယ်ကြီးမှာ ဒီနေ့ တက္ကသိုလ်တွေ၊ နည်းပညာကောလိပ်တွေ ပေါ်ပေါက်လာခဲ့တာတွေက ဒို့ပြည်နယ်ရဲ့ ပညာတတ်တွေကို မြန်မာနိုင်ငံတစ်လွှားမှာ တင်မကပဲ ကမ္ဘာမှာပါ ပေါ်ပေါက်စေခဲ့ပါပြီ။

ဒါပေမယ့် ၂၀၁၁ခုနှစ် ဇွန်လ ၉ရက်နေ့ကစပြီး အစိုးရတပ်တွေနဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်။ ဒို့တတွေရဲ့ ငြိမ်းချမ်းတဲ့ ကချင်ပြည်နယ်ကြီးဟာ အကျည်းတန်ပြီး စစ်မီးလျှံတွေတောက်ခဲ့လို့ ကချင်ပြည်နယ် ကိုချစ်တဲ့ ပြည်သူတွေရဲ့ဘ၀ဟာ အမှောင်အတိကျခဲ့ရတယ်။ မသွားရဲ မလာရဲနဲ့ စား ၀တ် နေရေးအတွက် စီးပွားကိုတောင် ဖြောင့်တန်းအောင်မရှာနိုင်ဘဲ အိမ်မှာကျန်ခဲ့တဲ့သူတွေအတွက် စိတ်ပူရ၊ ခရီးသွားရင်း လူသစ်စုဆောင်ခံရမှာစိုးရိမ်ရနဲ့ အရာရာကို ကြောက်လန့်နေရတယ်။ ငြိမ်းချမ်းရေး အရသာကြောင့် ဖြစ်ထွန်းလာတဲ့ ဖြစ်တည်မှုတွေကို ကိုယ်ကျိုးရှာ စီးပွားရေးအတွက် အမြတ်ထုတ်မှုတွေ ကြောင့် နှစ်ပေါင်းနှစ်ဆယ်ကျော် ငြိမ်းချမ်းမှုနဲ့ လှပခဲ့တဲ့ ကချင်ပြည်နယ်ကြီးက သေနတ်သံတွေ ယမ်းခိုးယမ်းငွေ့ တွေကြားမှာ အမှောင်ဖုံးလို့ အကျည်းတန်မှုက အရေခြုံခဲ့ပါပြီ။ နေရောင်ခြည်ကိုမြင်ရပြီး နေရောင်ရဲ့ အကျိုးကို မခံစားနိုင်တဲ့ လောင်းရိပ်အောက်က သစ်ပင်လေးတွေလိုပါပဲလားလို့တွေးမိပြီး လွန်ခဲ့တဲ့ အနှစ်၂၀ ကာလအတွင်းက ငြိမ်းချမ်းခဲ့တဲ့ ကချင်ပြည်နယ် ကို ပြန်လိုချင်တာ ရင်ထဲက ဆန္ဒတွေပါပဲ။

ဒို့ညီနောင်တေနေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ ဘိုးဘေး တွေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် အသက်ပေါင်းများစွာစတေးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒို့ ဘိုးဘေးတွေရဲ့ စိတ်ဓါတ်တွေဟာ ပြတ်သားရဲရင့်ပြီး ခိုင်မာတာကြောင့် ဂျပန်တွေကိုလည်း မမှုခဲ့သလို အင်္ဂလိပ်တွေဝင်လာတဲ့အခါမှာလည်း ရှိသမျှအင်အားကို စုပြီး အံတုခဲ့ကြတယ်။ ဘိုးဘေးတွေရဲ့စိတ်မှာ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကို အလေးထားခဲ့တယ်။ တောင်ပေါ်မြေပြန့် မခွဲခြားပဲ သွေးသားရင်းခြာတွေလို နေထိုင်တိုက်ပွဲဝင်ခဲ့ကြတယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို KIA/KIO အဖွဲ့ကသာ ဒို့တွေရဲ့ ဘိုးဘွားတွေလို ပြည်ထောင်စုကိုချစ်တဲ့စိတ်နဲ့ လက်ခံလိုက်မယ်ဆိုရင် ကချင်ပြည် နယ်ကြီး ငြိမ်းချမ်းသွားမယ်ဆိုတာ အမှန်ပါပဲ။
ကချင်ပြည်နယ်အပါအ၀င် ကျန်တဲ့ ပြည်နယ်တွေ တိုင်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ အစိုးရသစ်တစ်ခုကကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကချင်ပြည်နယ်ကြီး လွတ်မြောက်ရေး ဆောင်ရွက်နေပါတယ်ဆိုတဲ့ KIO/KIA အဖွဲ့ကြီးရဲ့လုပ်ရပ်တွေက ကချင်ပြည်နယ် တိုးတက်ဖို့အတွက်မဟုတ်ဘဲ သူတို့အာဏာတည်မြဲဖို့အတွက်ပဲ အဓိကအလေးပေးနေပါတယ်။ KIO/KIA ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပါဝင်ဆောင်ရွက်လိုက်ရင် သူတို့တတွေရဲ့ ဘ၀တွေမရေရာ မသေချာဖြစ်ပြီး စီးပွားရေးတွေ ထိခိုက်လာမှာ၊ ကချင်ပြည်နယ်မှာ နေထိုင်နေတဲ့ ဒို့ညီနောင်တွေ စိတ်ထဲမှာ အရေးမပါတော့မှာ လက်မခံတော့မှာ စိုးရိမ်နေကြတယ်။ အသွင်ကူးပြောင်းရေးနဲ့ ရပ်တည်ရေး လုပ်ငန်းတွေရောထွေးနေပြီး နိုင်ငံရေးလမ်းကြောင်း ပျောက်နေကြတယ်။

ကချင်ပြည်နယ်ကြီးကိုမဆိုထားနဲ့ လက်အောက်မှာရှိတဲ့ KIO/KIA စစ်သည်တွေကိုတောင် လစာမှန်မှန် မပေးနိုင်ဘဲ ခေါင်းဆောင်တွေကတော့ အချမ်းသာကြီးချမ်းသာ စည်းစိမ်တွေအပြည့်အ၀ခံစားပြီး ကွာခြားချက်တွေ အများအပြားရှိနေတာကို ညီနောင်တို့တတွေကြားသိပြီးဖြစ်မှာပါ။ အခွင့်အရေးတိုင်းကိုလည်း ညီတူမျှတူမပေးတဲ့ KIO/KIA အဖွဲ့တွေလက်ထဲ ကချင်ပြည်နယ်ကြီးကိုပုံအပ်လိုက်မယ်ဆိုရင် တို့ညီနောင်တွေကိုရော လူမျိုးအရခွဲခြားပြီး အခွင့်အရေးတန်းတူပေးလိမ့်မယ်လို့ မထင်ပါဘူး။ ဒို့ညီနောင်တွေကအားလုံးက ငြိမ်းချမ်းရေး ပျောက်ပျက်သွားမှာ စိုးရိမ်နေပေမယ့် KIO/KIA ခေါင်းဆောင်တွေက သူတို့ရပ်တည်နိုင်ဖို့ ခိုင်မြဲဖို့အတွက်သာကြည့်ပြီး ကိုယ်ကျိုး ရှေ့ထားစဉ်းစားမှုတွေကြောင့် ဖြစ်လာရတဲ့ ဒုက္ခတွေကို လစ်လျှူရှုပြီးထားခဲ့တာ အခုဆိုရင် (၈ )လ ပြည့်ခဲ့ပါပြီ။

ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းမှာကို မလိုလားတဲ့ စီးပွားရေးသမား မှောင်ခိုတွေကလည်း KIO/KIA က လက်ရှိ ခေါင်းဆောင်တွေ လက်ထက်ကျမှ ဒီအဖွဲ့ကြီးပြိုကွဲသွားတယ်ဆိုတဲ့ ဖိအားပေးမှုတွေကြောင့်ရယ်၊ စီးပွားရေးအရထောက်ပံ့နေတဲ့ ဦးဘုန်ဝမ်လရော်၊ ဦးအင်ဘန်လတို့လို လူမျိုးတွေကို KIO/ KIA ကမလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေကြောင့် မှားမှန်းသိပေမယ့် ဆက်လုပ်နေရတယ်ဆိုတာကိုလည်း စာနာနားလည်နိုင်ပါတယ်။ တဘက်နိုင်ငံမှာရှိတဲ့ ဂျိန်းဖောလူမျိုး စီးပွားရေးသမားကုန်သည်တွေအနေနဲ့ကလည်း သူတို့ရဲ့စီးပွားရေးတွေအတွက် ထောက်ခံအားပေးနေတာဆိုတော့ KIO/KIA အဖွဲ့တွေအနေနဲ့ကလည်း မလုပ်ချင်ဘဲနဲ့ သူတို့ရပ်တည်မှုအတွက် ဆက်လက် လုပ်နေကြရတယ်။ KIO ဥက္ကဌကြီး ဦးဇောင်းဟရားဟာ တကယ်တော့ ဦးအင်ဘန်လတို့ကြိုးစွဲရာ ကနေရတဲ့ အရုပ်လေးတစ်ရုပ်ပါပဲ။ ဘာမှ ဆုံးဖြတ်နိုင်စွမ်းမရှိသလို ဦးအင်ဘန်လရဲ့လောင်းရိပ်အောက်မှာ မိနေရှာတဲ့သူလေးပါ။ ကချင်ပြည်နယ် လွတ်မြောက်ရေးအတွက်ဆိုပြီး တိုက်ခိုက်နေကြတဲ့ KIO/KIA အဖွဲ့ကြီးက ကချင်ပြည်နယ်က တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာနေနိုင်ဖို့ဆိုတာ တစ်ခုမှမပါတာကို ညီနောင်တွေ သတိထားမိ မှာပါ။

အစိုးရက ဘယ်လိုပဲဆွေးနွေးဆွေးနွေး ကချင်ပြည်နယ်က သယံဇာတတွေကို အသုံးချပြီးကိုယ်ကျိုးရှာ အမြတ်ထုတ်လိုတဲ့ တိုင်းတပါးသား မှောင်ခိုစီးပွားရေးသမားတွေရှိနေသ၍ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာတွေ ဆုံးရှုံးရသလို ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ KIO/KIA က အတ္တသမား ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေကြောင့် ကချင်ပြည်နယ်ကြီးတိုးတက်မလာနိုင်သလို ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကိုလည်း ခံစားရမှာမဟုတ်ပါဘူး။ KIO/KIA ရရှိထားတဲ့ တရားမ၀င်ငွေကြေးတွေနဲ့ ကချင်ပြည်နယ်ကြီး တိုးတက်စေဖို့ ဘာတွေများလုပ်ပေးခဲ့လည်းလို့ ပြန်တွေးတိုင်းမျက်ရည်ကျမိတာလည်း အခါခါပါပဲ။ ကချင်ပြည်နယ် ကြီးအတွက် အခုအချိန်မှာတောင်းဆိုချင်တာ ငြိမ်းချမ်းရေးလေး ပြန်ပေးပါဆိုတာ ပဲလို့ပြောချင်ပါတယ်။

Myanmar Express

ရဲရဲတောက် မိုးသီး ဇောချွေးတွေ ကျလာပြီး ကြောက်ဒူး တုံစဉ်က

မိုးသီး အမိန့် ကို ဆက်လက်နာခံသင့် မသင့်

အနှစ် ၂၀ ကျော် အသက်ပေးပြီး

စွန့် လွတ်ခဲ့ရတဲ့ မိုးသီးဆက်သွယ်ရေးတပ်ဖွဲ့ က

တိုင်းပြည်အတွက် အကျိုးရှိစေမဲ့ သမိုင်းစဉ်ကို

ကျောင်းသားတပ်ဖွဲ့ ဝင်တွေ စဉ်းစားနေပြီ ။

A'karikz Yannaing

‎(ဒီအောက်ပုံမှာ ရပ်နေသူ...မောင်မောင်ထွေး၊ ကျနော်ရန်နိုင်(ခ) သုအိုင်စံ၊ ကိုပြုံး၊ ဟန်ဝင်းအောင်....ထိုင်နေသူ...ကိုဇော်ဝင်းလွင်၊ အောင်ဝင်းတင်၊ စုတ်ချွန်း၊)။.....

ဒါကိုမိုးသီးဗဟို အခြေစိုက်တဲ့ သေ့လောထ ဆက်သွယ်ရေးကုန်းပါ။

ဒီကုန်းမှာ နေခဲ့ရတဲ့ နောက်ဆုံးညတွေကို ဘယ်တော့မှ မမေ့ပါဘူး..

.ဒီကုန်းရဲ့ အနောက်ဖက်အမြင့်ဆုံးနေရာကနေ ညနေပိုင်းတွေ ညပိုင်းတွေမှာ

ကိုနိုင်အောင် ဦးဆောင်တဲ့ ၂၁၄ တပ်ရင်းက ရဲဘော်တွေက

သေနတ်တွေ လာလာခြောက်ပစ်ပါတယ်။

အဲဒီကာလဟာ ဗိုလ်ချုပ်မြက ကိုမိုးသီးတပ်တွေအားလုံးကို

ကရင်နယ်မြေကနေမောင်းထုတ်နေချိန်ဖြစ်တယ်...

ကျနော်တို့အားလုံး ကိုအောင်သူငြိမ်းရဲ့ကျေးဇူးကြောင့်

မသေပဲ အားလုံးထွက်လာနိုင်ခဲ့တာပါ။

ကျနော်ကတော့ နေ့လည်ဆို စက်ကိုင်တယ်...

မွေးထားတဲ့ကြက်တွေကို နေ့တိုင်းရိုက်ချက်စားတယ်...

ကျနော်တို့ ရဲဘော်တွေ (ကလလတ)ဖက်ကို တဖြေးဖြေး စတင်ပြောင်းရွှေ့နေပြီကိုး..

ညမှာ ကျနော့် m16 ကို ကျည်အပြည့် ကိုယ်မှာပတ်၊

ကျည်ထိုး၊ ကိုယ့်ကိုယ့်ကိုယ်သေလူအဖြစ်သတ်မှတ်ပြီး ကြက်အိပ်ကြက်နိုးအိပ်ရတယ်..

ပြသနာအခြေနေအားလုံးစုံကို

ကျနော်တို့ စက်သမားတွေ သိထားတယ်..

မယုံမရှိပါနဲ့ အဲဒီကာလမှာ အဆင်မသင့်ရင်

ကျောင်းသားအချင်းချင်းပြန်ပစ်ရမဲ့ အခြေအနေတွေ တကယ်ရှိနေခဲ့ပါတယ်...

ဒါပေမဲ့ ဘာမှ မဖြစ်ခဲ့ကြပါဘူး...တညမှာ ည ၁၂နာရီလောက်ကြီး

ကိုမိုးသီး ဘောင်းဘီတို အင်္ကျီချွတ်ကြီးနဲ့ ကြောက်ဒူးတုန်ပြီး ဒီကုန်းပေါ်ပြေးတက်လာတယ်...

ကျနော်က "ဘာဖြစ်တာလဲ ဥက္ကဌ" လို့ ခပ်သုတ်သုတ်မေးတော့ လာဝိုင်းတယ် လာဝိုင်းတယ် လို့ ဖြေတယ်..

.ဟုတ်တယ် သံလွင်ကမ်းစပ်မှာ သူတို့ကောင်တွေ မီးပြပြနဲ့ ခြေရှုပ်နေတယ်..

.နောက် ရက်မကြာခင်မှာပဲ ကိုမိုးသီးအပြီးပဲ ခရီးထွက်သွားတယ်...

အဲဒီကုန်းမှာ ဒုတိယနောက်ဆုံးည အထိကျနော် ရှိနေခဲ့တယ်.

.နောက်နေ့မှာ ကိုဝင်းနိုင်ဦးနဲ့ကျနော် သော်လဲထကနေ မဲစရင်းကို ထွက်ခဲ့တယ်...

ဒီကုန်းရဲ့ ဘယ်အောက်ဖက် စမ်းချောင်းဘေးမှာ ကိုဌေးနိုင်ကိုထားတဲ့နေရာရှိတယ်

(အရင်ကတော့ သံလွင် ဟိုဖက်ကမ်းမှာထားတယ်...

ပြသနာတွေအကြီးအကျယ်တက်လာတော့ သူ့ကို ဒီဖက်ကမ်းကို ပြန်ခေါ်ထားတယ်)။

ကျနော်တို့အားလုံး ပြောင်းရွှေ့လာကြတော့ ကိုဌေးနိုင် ပါမလာတော့ပါဘူး..

.ဘယ်လိုပုံစံနဲ့ကျန်ခဲ့လဲဆိုတာ ကျနော်တို့ အများစု မသိသလို၊

လူအများလည်းစိတ်ဝင်စားနေတဲ့ကိစ္စတစ်ခု ဖြစ်နေတယ်။

ဗဟိုဆက်သွယ်ရေးမှာ တာဝန်ယူရတဲ့ ရဲဘော်တွေဟာ လဝတွေ ကိုင်ထားရလေ့ရှိတယ်...

ကျနော်တခါတခါ စဉ်းစားမိတယ်..

အဲဒါဟာ ဘယ်လောက်ကာလအထိ အကျုံးဝင်သလဲဆိုတာကို......

.(တချိန်ချိန်ကျရင် အဲဒီကာလက အသက်အခြေအနေ

ခြိမ်းခြောက်ခံနေတဲ့ပြသနာတွေအကြောင်း ပြည့်ပြည့်စုံစုံရေးဦးမယ်ဗျာ)။

Myanmar Express

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘူတန်နိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မာလာဝီသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒရှိကြသည့်အားလျော်စွာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြသည်။ နှစ်နိုင်ငံသံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ ဘူတန်အမြဲတမ်းကိုယ်စားလှယ်တို့သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နယူးယောက်မြို့၌ လက်မှတ်ရေးထိုးကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံမှားနှင့် သံတမန်ဆက်ဆံမှု တိုးချဲ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဘူတန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၀၆ နိုင်ငံမြောက် သံတမန်ဆက်ဆံမှု ထူထောင်သည့်နိုင်ငံဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်သူကို မချစ်ဘဲ အကျဉ်းသားတွေကိုချစ်တဲ့ ကိုဇာဂနာအတွက် စကားလက်ဆောင် (ပေးစာ - ၁၀၄)


From : ပြည်သူအကျိုးကိုလိုလားသူတစ်ဦး
ရန်ကုန် ဖေဖော်ဝါရီ ၁၆ ရက်

အင်တာနက်သတင်းတစ်ခုမှာ ထောင်ထဲမှာကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးရင် အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရပ်မှာမဟုတ်ဘူးဆိုတဲ့သတင်းတစ်ပုဒ်ကို ဇာဂနာနဲ့ Hillary Clinton တို့ပုံကြီးနဲ့ တင်ထားတာ ဖတ်လိုက်ရတယ်။ ရင်ထဲမှာပြောစရာစကားတွေအများကြီးဖြစ်လာလို့ ပြည်သူတွေ သိအောင်ရင်ဖွင့်လိုက်ပါတယ်။ တကယ်တော့ ဇာဂနာဟာ လူရွှင်တော်တစ်ယောက်ပါ။ ပျက်လုံးတွေထုတ်ရင်း ပြည်သူတွေကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူ့ ဘဏ္ဍာနဲ့ မိသားစုကို နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင် စေခဲ့တဲ့သူပါ။ အဲ့ဒီလို လူက ပြည်သူတွေမျက်နှာကိုမှမထောက် ထောင်ထဲမှာ ရှိနေတဲ့ လက်ကျန်အနည်းငယ် သော အကျဉ်းသားတွေအတွက် မြန်မာနိုင်ငံကို စီးပွားရေး ဆက်လက်ပိတ်ဆို့ဖို့ တောင်းဆိုခဲ့တဲ့ ဇာဂနာရဲ့ မျိုးချစ်စိတ်ကတော့ ရဲရဲတောက်ပါပဲ။

ဇာဂနာပြန်လွတ်လာတဲ့ သတင်းဖတ်ရတဲ့အချိန်က ကျွန်တော်စိတ်ထဲမှာ ပျော်ခဲ့မိပါတယ်။ National Endowment for Democracy ရဲ့ ဖိတ်ကြားချက်နဲ့ အမေရိကန်ကို သွားတဲ့အခါမှာလည်း ပြည်သူတွေ တိုးတက်ဖို့အတွက် တစ်ခုခုတောင်းဆိုမှာပဲဆိုတာကို ကြိုတွေးရင်း ပိတိဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဇာဂနာဟာ မြန်မာပြည်မှာရှိတဲ့ လူဦးရေ သန်း(၆၀)လောက်ကို စိတ်ထဲမှာမထည့်ထားပဲ လက်ကျန် အကျဉ်းသား လက်တစ်ဆုတ်စာအတွက် တောင်းဆိုမှုတွေပြုပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့တောင်းဆိုတာ ကတော့ မြန်မာပြည်သူလူထုအစားရင်နာလှပါတယ်။ တချိန်က ဇာဂနာ ကပြခဲ့တဲ့ သူတောင်းစားအငြိမ့်ထဲကလို ဇာဂနာ တစ်ယောက်သူတောင်းစားဂိုဏ်းချုပ်လုပ်ချင်နေပြီ ဆိုတာ သေချာနေပါပြီ။

ဇာဂနာရဲ့ အမေရိကန်ကိုလာရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုး အတွက်လို့ပြောခဲ့ပြီးတော့ မြန်မာနိုင်ငံ ကိုအမေရိကန်အနေနဲ့ ဆက်လက်ပိတ်ဆို့စေချင်ရတာက ဘာသဘောနဲ့ လဲဆိုတာကိုတော့ ပြည်သူလူထု အနေနဲ့ပဲ တွေးကြည့်စေချင်ပါတယ်။ ပိတ်ဆို့မှုတွေရပ်ခဲ့ရင် မြန်မာနိုင်ငံကြီး တိုးတက်လာမယ်။ ဖွံ့ဖြိုးစည်ပင်လာမယ်။ အလုပ်အကိုင်မရှိသူတွေအလုပ်ရလာမယ်။ အများကြီး ဖြစ်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေ ၊ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ရလဒ်တွေကို ပိတ်ပင် လိုက်တာနဲ့ အတူတူပါပဲ။ တကယ်လို့သာ အမေရိကန်နိုင်ငံအနေနဲ့ ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးခဲ့ရင် ပြည်သူလူထု အကျိုးစီးပွားတိုးတက်လာပြီးတော့ ဇာဂနာတို့လို လူနည်းစုတွေအတွက်ထောက်ခံမှု မရှိတော့မှာ၊ ပြည်သူလူထုထမင်းကို ညာစားဖို့အတွက် ပျက်လုံးတွေမရှိတော့မှာကို စိုးရိမ်နေရှာတာလားဆိုတာကတော့ ဇာဂနာပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။

ဇာဂနာအတွက် ထောင်ကလွတ်လွတ်ချင်းလုပ်တဲ့အလုပ်ကတော့ ပြည်သူအတွက် မဟုတ်ဘဲ လက်ကျန်အနည်းငယ်သာရှိတဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံခြားမှာ ရောက်နေတဲ့ သူ့မိသားစု အနေအစားချောင် ဖို့အတွက် မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကို အကြောင်းပြပြီး ပေါက်ကရတွေပြော၊ မရှိမဲ့ရှိမဲ့ ဟာသ ဥာဏ်လေးကို အသုံးချပြီး ပျက်လုံးများထုတ်သလားလို့ဖြေတွေးလေးတွေးပေး ပေမယ့် မြန်မာပြည်သူလူထု သန်း(၆၀)ကျော်အတွက်တော့ ဒါဟာ ဟာသမဟုတ်လောက်ပါဘူး။ ဒုက္ခတွေပင်လယ်ဝေခဲ့ရပါတယ်။
ပြောင်းလဲမှုတိုင်းကို လိုလားနေတဲ့အချိန်မှာ ဇာဂနာက ရက်ရက်စက်စက်နဲ့ အကျဉ်းသား တွေပြန်လွှတ်ပေးဖို့ ဘယ်လိုကြားဝင်ဆောင်ရွက်နိုင်မလဲလို့ သွားမေးလိုက်တာဟာ ဇာဂနာကို အထင်ကြီး နေတဲ့စိတ်လေးတောင် ကြက်ပျောက်၊ ငှက်ပျောက် ၊ဘာမှမရှိလောက်အောင်ပျောက်ခဲ့ရပါတယ်။ ဟာသဥာဏ် ရှိသလောက် စဉ်းစားဥာဏ်မရှိတဲ့ ဇာဂနာအတွက် မြန်မာပြည်သူလူထုကိုယ်စား ရင်နာလို့မ ဆုံးပါဘူး။

မြန်မာပြည် ဒီမိုကရေစီအရေးကိုလိုလားပြီး ပြည်သူတွေအကျိုးစီးပွားအတွက် ဖွဲ့စည်းတည်ထောင်ထား တဲ့ ပါတီတွေအနေနဲ့လည်း ပိတ်ဆို့မှုတွေကို ပြန်လည်ဖွင့်ပေးဖို့လိုလားနေတဲ့အချိန်မှာ ဇာဂနာတစ်ယောက် ကတော့ ဘယ်လို ဦးနှောက်နဲ့ပြောလိုက်တာလဲဆိုတာကတော့ ပြည်သူတွေအနေနဲ့ ရှင်းလင်းစွာ သိမြင်နိုင် မှာပါ။ ဇာဂနာတစ်ယောက် အပြင်ရောက်လာတဲ့အခါမှာ ပြည်သူလူထုအကျိုးကို မဆောင်ရွက်နိုင်သေးတဲ့မပြင် ပြည်သူတွေဘ၀နိမ့်နေတာကိုပဲ မြင်ချင်တယ်ဆိုတာ အမေရိကန်မှာပြောသွားတဲ့ စကားလုံးတွေက သက်သေပြနေပါတယ်။

အကျဉ်းသား လက်တစ်ဆုပ်စာလောက်ရဲ့ လွတ်မြောက်ရေးကို မျှော်ကိုးပြီး မြန်မာပြည်သူ/ပြည်သား သန်း၆၀ ကျော်ရဲ့ အကျိုးစီးပွား၊ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လန်းမှု အကျိုးကို မကြည့်တော့ဘဲ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ မရပ်ဆိုင်းခဲ့တဲ့ ကိုဇာဂနာရေ “ တလွဲဆံပင်ကောင်းနေပြီပေါ့။ ဆောရီးဗျာ ကိုဇာဂနာက ဆံပင်မှ မပေါက်ဘဲ ဂတုံးပြောင်ဆိုတော့ လွဲတာပေါ့ဗျာ။ ကိုဇာဂနာကို အကြံပေးချင်တာကတော့ ပြည်သူတွေအတွက် စဉ်းစားတွေးတောတာတွေ မှန်ကန်အောင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆီမှာ ဆံပင်ပေါက်ဆေး ထပ်မံတောင်းလိုက်ပါအုံး” လို့ ပြောလိုက်ချင်ပါတယ်

Myanmar Express

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မာလာဝီသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မာလာဝီသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒရှိကြသည့်အားလျော်စွာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြသည်။ နှစ်နိုင်ငံသံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မာလာဝီမဟာမင်းကြီးတို့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်တွင် နယူးဒေလီမြို့၌ လက်မှတ်ရေးထိုးကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံမှားနှင့် သံတမန်ဆက်ဆံမှု တိုးချဲ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မလာဝီသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၀၅ နိုင်ငံမြောက် သံတမန်ဆက်ဆံမှု ထူထောင်သည့်နိုင်ငံဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

မြောက်ပိုင်း ကိုယ်စားလှယ် ကိုလှဋ္ဌေးနဲ့ တာဝန်ရှိသူအားလုံးဖြေရှင်းပါ

ကိုကိုဦး ရေးသားခဲ့သော

ABSDFတတိယညီလာခံတွင်ဖြစ်ပျက်ခဲ့သော

အာဏာရူးတို့၏လုပ်ရပ်များကို

သူ၏ညီလာခံကော်မရှင်ဥက္ကဋ္ဌ

တာဝန်ထမ်းဆောင်စဉ်

ရင်ဆိုင်ဖြေရှင်းသိခဲ့ရသောအဖြစ်အပျက်များကို

အသေးစိပ်တင်ပြခဲ့သောလုပ်ရပ်များသည်

တကယ်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်အမှန်

သမိုင်းရဲ့ဖြစ်ရပ်မှန်ဖြစ်ကြောင်းထောက်ခံရေးသားတင်ပြအပ်ပါတယ်။

အဘယ်ကြောင့်ဆိုသော်

ကျနော်ကိုယ်တိုင်ဒီသမိုင်းတွင်ထဲထဲဝင်ဝင်ပါဝင်ခဲ့လို့ဘဲဖြစ်ပါတယ်။

ဒီအချက်အလက်တွေကိုပိုမိုမှန်ကန်ခိုင်မာစေဖို့

တရားဝင်မှတ်တမ်းများကိုတင်ပြပေးသောကိုစစ်အောင် ကို

အထူးကျေးဇူးတင်ရှိပါတယ်လေးစားပါတယ် ။

ကိုဝင်းမောင်က

ကိုထွန်းအောင်ကျော်နှင့်ကိုကိုဦးကိုရေးတဲ့စာဖတ်ရတယ်

ဒီကိစ္စမှာကိုဝင်းမောင် တော်တော်မှားနေပြီလို့ယူဆတယ် ၊

ကျနော်တို့ကABSDFကိုချီးထုပ်ဖြစ်အောင်လုပ်နေတာမဟုတ်ဘူး ၊

ABSDF ကိုအာဏာရူးအစွန်းရောက်တစုက

ချီးထုပ်ဖြစ်အောင်လုပ်ခဲ့တာကို

အမှန်တရားကိုဖေါ်ထုတ်ကယ်တင်နေတာဖြစ်တယ်၊

ကျနော်တို့တော်လှန်တိုက်ပွဲဝင်တယ်ဆိုတာ

ဒီလိုလုပ်ရပ်တွေကိုမကြိုက်လို

့အာဏာရှင်တွေကိုတော်လှန်လာတာဆိုတာကိုမမေ့ပါနဲ့

၊တော်လှန်တဲ့အာဏာရှင်တွေလုပ်သလို

ကိုယ်ကိုတိုင်ကလုပ်တယ်ဆိုရင်

ဘယ်လောက်ထိအကျည်းတန်အရုပ်ဆိုးသလဲ၊

ဘယ်လောက်

ပြည်သူလူထုရဲ့အယုံအကြည်ကင်းမဲ့မလဲဆိုတာခင်ဗျားစဉ်းစားပါ၊

ကျနော်တို့ရဲ့တော်လှန်ရေးဘယ်လောက်ထိခိုက်နစ်နာသလဲ

၊အမဲစက်စွန်းသလဲဆိုတာ

ခင်ဗျားနားလည်ပါ

၊တော်လှန်ရေးဆိုတာ

ပြည်သူအယုံအကြည်မဲ့ပြီဆိုရင်

ဘယ်လိုဆက်လုပ်မလဲစဉ်းစားပါ

ကျနော်တို့လုပ်တဲ့တော်လှန်ရေးဆိုတာ

ပြည်သူအတွက်မဟုတ်ဘူးလား

၊ဒီကိစ္စကြောင့်ဘယ်လောက်ထိခိုက်နစ်နာသလဲ

ဆိုတာစဉ်းစားပါ၊

(၁) တိုင်းပြည် ၊ပြည်သူအတွက်ခံယူချက်ပြင်းစွာ

ဘ၀ကိုအရင်အနှီးပြုတိုက်ပွဲဝင် နေကြသူများကိုနစ်နာစေတယ်၊

( ၂ ) အပြစ်မဲ့စွာကိုယ်ကိုတိုင်ညှင်းပမ်း

၊နှိပ်စက်ခံရပြီးစတေးခံသွားရသူတွေ အတွက်သိပ်နစ်နာလှပါတယ်၊

တကယ်လို့ခင်ဗျားကိုယ်တိုင်ဒီလိုနှိပ်စက်ခံရတာထဲမှာပါခဲ့မယ်ဆိုရင်

ခင်ဗျားဘယ်လိုခံစားရမလဲဆိုတာစဉ်းစားပါ၊

ကိုယ်ချင်းစာစမ်းပါဗျာ ၊

ကိုဝင်းမောင်ကျနော်မေးပါရစေ

ခင်ဗျားဘာအတွက်တော်လှန်ရေးလုပ်လာတာလဲ ?

၊ဒီမေးခွန်းကိုဖြေဖို့လိုအပ်တယ်နော်--

ခင်ဗျားစာအသွားအလာရ ပြုမူခံရသူဘက်ထက်

၊ပြုမူသူထိခိုက်မှာစိုးလို့ကာကွယ်ရေး

သလိုဖြစ်နေတယ်၊ခင်ဗျားဖြေရှင်းဘို့လိုအပ်တယ်နော်

၊ကျနော်တို့ဟာအားအားယားယား

အဓိပ္ပါယ်မရှိလုပ်နေတယ်လို့ခင်ဗျားမထင်ပါနဲ့၊

ကိုထွန်းအောင်ကျော်၊

သန်းဝင်း ၊

ကိုကိုဦး

ဆိုတာ ABSDF စတင်တည်ထောင်ကတည်းက

ဥက္ကဋ္ဌ ၊အတွင်းရေးမှူး ၊တွဲဘက်အတွင်း

ရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပါ ၊

ABSDFသမိုင်းမှာဘယ်သမိုင်းမဆို

ခေါင်းဆောင်ပိုင်းမှာထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့သူတွေဖြစ်တယ်။

ကျနော်တို့ဟာစံတင်လောက်တဲ့ခေါင်းဆောင်ဖြစ်ချင်မှဖြစ်မယ်

ဒါပေမဲ့လို့ ခေါင်းရှောင်တဲ့ခေါင်းဆောင်တွေမဟုတ်ဘူးဆိုတာ

သမိုင်းကိုကြည့်ရင်ခင်ဗျားသိမှာပါ၊

ကျနော်တို့ဟာ တာဝန်ရှိတယ်ထင်လို့ဘာကြောင့်လုပ်ရတယ်ဆိုတာရှင်းပြမယ်၊

ကျနော်တို့ဟာABSDF ကိုစတင်တည်ထောင်သူထဲမှာ

ခေါင်းဆောင်ပိုင်းမှာတာဝန်ယူတည်ထောင်ခဲ့သူတွေဖြစ်တယ်

ABSDF သမိုင်းရဲ့ဆိုးခြင်း

၊ကောင်းခြင်းဟာကျနော်တို့မှာတာဝန်ရှိတယ်

လို့ကျနော်တို့ယူဆတယ်၊

ABSDF ဟာ ၈၈၈၈ မျိုးဆက်မှပေါက်ဖွားလာတဲ့

အစဉ်အလာကြီးတဲ့တခုတည်းသောကျောင်းသားတပ်မတော်ဖြစ်တယ်၊

ဒီတပ်မတော်အောက်မှာတိုင်းပြည်အတွက်

မျှော်လင့်ချက်တခုကလွဲလို့ မိမိအတွက်ဘာကိုမှမမျှော်လင့်ဘဲကျဆုံးသွားကြတဲ့

သူရဲကောင်းတွေအများကြီးရှိသလို၊

မကျဆုံးသော်ငြားပုံင်္စမျိုးစုံဒဏ်ရာပေါင်းများစွာဖြင့်ရှင်သန်ရပ်တည်နေကြသော

သူရဲကောင်းတွေလည်းအများကြီးဆိုတာအားလုံးသိမှပါ။

ဒါကြောင့် သူတို့ရဲ့ မွန်မြတ်တဲ့စိတ်ဓါတ် ၊

ဂုဏ်သိက္ခာ ၊မျှော်လင့်ချက်တွေကိုကာကွယ်ဘို့

တာဝန်ရှိတယ်လို့ယုံကြည်လို့ဒီလိုလုပ်ရတယ်ဆိုတာကိုနားလည်စေချင်တယ်။

မိမိတို့အကျိုးအတွက်ဘာမှရှိမယ်လို့ကျနော်တို့မထင်ပါ ၊

အမှန်တရားအတွက်တော့အကျိုးရှိမယ်လို့ကျနော်တို့ထင်ပါတယ်

၊ကျောင်းသားတပ်မတော်ဆိုတာ

၁၉၂၀ ကစခဲ့ ကျောင်းသားရပ်တည်ချက်အတိုင်းတသွေမတိမ်းရပ်တည်

တော်လှန်တိုက်ပွဲဝင်ခဲ့တဲံ့အစဉ်အလာကြီးသောတပ်မတော်ဖြစ်တယ် ၊

ဒါကိုအာဏာရူးတစုလုပ်ရပ်ကြောင့်

အရုပ်ဆိုးအကျည်းတန်

အမဲစက်စွန်းခဲံ့တာဟာ

ABSDF ယုံကြည်ချက်လမ်းစဉ်မဟုတ်ဘူး

၊လုပ်ရပ်မဟုတ်ဘူး ၊

လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်

၊ဒါကြောင့်ဒီကိစ္စမှာတာဝန်ရှိတဲ့သူတွေတာဝန်ယူဖြေရှင်းပါ

မဖြေရှင်းဘူးဆိုရင်တော့ဖြေရှင်းတဲ့အထိ

နောက်မဆုတ်တမ်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်

၊ယုံကြည်လိုက်ပါ။

တရားဝင်းအရေးယူဆောင်ရွက်ဘို့ဆိုတာ ကျနော်တို့နဲ့မဆိုင်ပါ

၊ပြုလုပ်သူနဲ့ ၊ပြုလုပ်ခံရသူနှင့်သာသက်ဆိုင်ပါတယ်။

အမှန်တရားဆိုဘာလဲဆိုတာဖြေရှင်းပေ့းကြပါ။

ကျနော်တို့ကတော့

မိမိတို့လူမျိုး ၊

မျိုးဆက် ၊

ABSDF ဂုဏ်သိက္ခာအတွက်

ပြည်သူရဲ့ နှလုံးသားတရားရုံးကို

အပြီးတင်မှာဖြစ်ပါကြောင်းတင်ပြရေးသားလိုက်ရပါတယ် ။

တိုင်းပြည်၊လူမျိုး ၊ မျိုးဆက်ရဲ့ ဂုဏ်သိက္ခာကိုထိမ်းသိမ်းလိုသောဆန္ဒဖြင့်

သန်းဝင်း

၈၈ မျိုးဆက်ကျောင်းသား

အထွေထွေအတွင်းရေမှူး ( ၁၉၈၈ )

ABSDF

1/ 2 / 2012

မှတ်ချက် = အာဏာရူးတစုဟာ

မြောက်ပိုင်းမှာအဖြစ်အပျက်အတိုင်း

တောင်ပိုင်းမှာဖြစ်ဘို့

ကြိုးစားဖန်တီးခဲ့ကြတယ် ၊

တချို့တော့ကံနိမ့်စွာဖြင့်အရင်းနှီးပြုစတေးသွာခဲ့ကြရတယ် ၊

ဒါပေမဲ့အားလုံးမအောင်မြင်ခဲ့ကြဘူး။

ကိုလှဋ္ဌေးနဲ့တာဝန်ရှိသူအားလုံးဖြေရှင်းပါ။


Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မစ္စတာဗီဂျေနမ်ဘီးယား ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်နှင့် ဒုတိယအတွင်းအရေးမှူးချုပ် မစ္စတာ ဗီဂျေနမ်ဘီးယားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၁၄ ရက်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်းကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဌာနဆိုင်ရာ အကြီးအကဲ များတက်ရောက်ကြသည်။ ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပကတိ ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား ပါသည်။

Myanmar Express

အမြန်ဆက်သွယ်ပါ

By ထက်အောင် လင်း

သား
မင်းလုပ်သမျှကို အဖေခွင့်လွှတ်တယ်... မင်းနိင်ငံအလံ ချနင်းတာလည်း
ခွင့်လွတ်တယ်.. ဟိုအော် ဒီအော်တာလည်း ခွင့်လွတ်တယ်... အခုမြန်မာနိင်ငံကို
ပြန်လာပါ... ဖြစ်သမျှကိုခွင့် လွှတ်ပါတယ်
...........ချစ်သောအဖေ.........
.....




သို့... အဖေ
... ပြန်လာချင်ပါတယ်
ဒါပေမယ့် ဒိမှာက လက်လွန်နေပြီအဖေ
ပြန်လာလို့ မရဘူး
စားထားတာတွေက များနေပြီလေ
သားထိုက်နဲ့ သားကံရှိပါစေတော့
..................ချစ်သောသား

Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ