Subscribe to our RSS Feed

မြန်မာ-ထိုင်း စီးပွားရေး တွေ့ဆုံဆွေးနွေး ပွဲကျင်းပ

From : MRTV-4

မြန်မာနဲ့ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင် ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်း ရှင်များနဲ့ ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၄၃ဦး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ဟာ ယနေ့မနက်ပိုင်း က ရန်ကုန်မြို့ UMFCCI မှာ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။





ဒီလို တွေ့ဆုံဆွေးနွေးကြတာဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ဖို့ အတွက် တွေ့ဆုံကြခြင်းဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းများ ပိုမိုတိုးတက်လာ မှာဖြစ်သလို နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများလည်း ပိုမိုပွင့်လန်းလာ မှာဖြစ်တယ်လို့ အဆိုပါဆွေးနွေးပွဲမှ တာဝန်ရှိသူတစ်ဦး ရဲ့ပြောကြားချက်အရ သိရပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာတော့ မြန်မာနိုင်ငံဘက်မှ အာမခံ လုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ဆောက်လုပ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေးအစရှိတဲ့ လုပ်ငန်းရှင်များအပြင် သယ်ယူပို့ဆောင် ရေးလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းများမှ လုပ်ငန်းရှင်များပါ တက်ရောက် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေး ကဏ္ဍအလိုက် စက်မှုလုပ်ငန်း၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများ၊ ဆောက်လုပ်ရေးနှင့် ထုတ်ကုန်ပစ္စည်း လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း ဆိုပြီး အုပ်စု ၄စုခွဲကာ သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍအလိုက် ဆွေးနွေးမှု များ ဆောင်ရွက်ခဲ့ကြ တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၂၆.၅၃ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဒုတိယ အများဆုံးနေရာမှာ ရပ်တည်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Myanmar Express

မီးသတ်စခန်းအချင်းချင်း အင်တာနက်ဖြင့် ချိတ်ဆက်ဆက်သွယ်ခြင်း လာမည့်နှစ်တွင် စတင်မည်


From : Popular

မီးသတ်စခန်းများအချင်းချင်း အင်တာနက်စနစ်ဖြင့် ဆက်သွယ်မည့် Command and Control Center များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ် တွင် လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။


”မီးလောင်မှုတွေကို မီးသတ်ယာဉ်များ သွားရောက်ငြှိမ်းသတ်ရာမှာ တိုက်တာ၊ အထပ်အမြင့်၊ ရပ်ကွက်အနေအထား၊လမ်းပုံစံတွေကို အချက်အလက်မှန်မှန်ကန်ကန် မြေပုံ နဲ့လမ်းညွှန်နိုင်မှာပါ”ဟု မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက အထက် ပါစနစ်ဖြင့်ချိတ်ဆက်ဆောင်ရွက်နိုင် မှုအခြေအနေကို ရှင်းပြသည်။


အထက်ပါ Command and Control Center များသည် တစ် နေရာနှင့်တစ်နေရာအင်တာနက် စနစ်ဖြင့် ချိတ်ဆက်ထားပြီး မြေပုံ ဖြင့် လမ်းညွှန်နိုင်သည့် တိကျသော အချက်အလက်များအား Suntac ကုမ္ပဏီမှ ဆော့ဖ်ဝဲရေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။


”မြန်မာနိုင်ငံမှာ တစ်နှစ်ကို မီးလောင်မှု ၁၅ဝ နီးပါးလောက် ဖြစ်တယ်။ တခြားနိုင်ငံဆို ဒီ့ထက် ၆ ဆလောက် ပိုဖြစ်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက် မှုနဲ့ဆိုင်တယ်”ဟု တာဝန်ရှိ သူက ဆိုသည်။
ယခုအခါ မီးသတ်ကားများတွင် GPS စနစ်သဘောပါဝင်သည့် စနစ် များ၊ TTMA နှင့် CDMA စနစ်များ တပ်ဆင်ထားပြီး သက်ဆိုင်ရာများ ၏ အကူအညီဖြင့် လမ်းပိတ်ဆို့ သောနေရာများ၊ ကားဝင်ရန်ခက် သော နေရာများအား ရှင်းလင်းပေး ရန် ညှိနှိုင်းထားကြောင်း သိရသည်။


”မီးဘေးအန္တရာယ် ကာကွယ်မှုတွေလုပ်နေပေမယ့် မီးလောင်မှုက များနေတယ်။ Command and Control Center တွေ လုပ်ပြီး သွားရင်တော့ အရင်က ထက် ပိုမြန်သွားမယ်။ မီးသတ်ရုံးတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားတော့ ပိုကောင်းတယ်”ဟု အရှေ့ပိုင်းခရိုင် မီးသတ် စခန်းမှ တာဝန်ရှိသူက ဆိုသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်မီးသတ်စခန်း ၃၂ ခုမှာ တောင်ပိုင်းခရိုင်တွင် ၉ ခု၊ မြောက် ပိုင်းခရိုင်တွင် ၁၁ ခု၊ အရှေ့ပိုင်းခရိုင် တွင် ၁၅ ခု၊ အနောက်ပိုင်းခရိုင် တွင် ၇ ခုရှိပြီး မီးသတ်ကားအစီးရေ ၈၃ စီးခန့်ရှိကြောင်း၊ မီးသတ်တပ်ဖွဲ့ ဝင်အင်အား ၄၅၆ ဦးနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင်အင်အား ၂၈၂၈၂ ဦးရှိကြောင်း ထပ်မံသိရသည်။

Myanmar Express

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ရန်ကုန်မြို့ရှိ သြစတေးလျ သံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart လာရောက်ေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ရှိ သြစတေးလျသံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart သည် ဖေဖော် ၀ါရီလ ( ၉ ) ရက်နေ့ ညနေပိုင်း (၄) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ရှိ သြစတေးလျသံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart မှ လာရောက်တွေ့ဆုံစဉ်

တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦး နှင့်အတူ အလုပ်အမှုဆောင် ဦးမောင်မောင်ဆွေ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ သြစတေးလျသံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart တို့ တက်ရောက်ကြသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ရှိ သြစတေးလျသံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart အား အမှတ်တရလက်ဆောင်ပေးအပ်စဉ်

ယင်းသို့တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒလမ်းစဉ်များ၊ မြန်မာနိုင်ငံ၌ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု အခြေအနေများ၊ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်နေ မှုများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင်ဒေသအကျိုး၊ လူထုအကျိုး လက်တွေ့ဆောင်ရွက်နိုင်သူများအား စိစစ်ရွေးချယ်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပါသည်။

၎င်းနောက် သြစတေးလျသံရုံး ဒုတိယတာဝန်ခံ Ms. Ruth Stewart က သိလိုသည်များကို မေးမြန်ရာ ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး က အသေးစိတ် ရှင်းလင်းပြောကြားကြောင်း သိရသည်။

Myanmar Express

အော်ကြမယ် ဖော်ကြမယ် - ၁၅ (အရိုးတွန်သံများ - ၈)


From : အောင်မိုးဝင်း မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၈-) ကို ရေးနေရင်းက၊ ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ် ဆိုတာ သဘောပေါက်ခဲ့ကြတယ်။ ဒီလိုထည့်ဖို့ရာ အကြောင်းဖန်လာခြင်းရဲ့အဓိကအကြောင်းရင်းကတော့ ကိုမိုးသီးဇွန် ဗဟိုကော်မတီ ရဲ့ ၁၉၉၂ ( မတ်လ) မှာ ထုတ်ဝေခဲ့တဲ့စာတစောင်နဲ့ သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂမှ ရဲဘော်များ နဲ့ မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေချာချာဖတ်စေချင်ပါတယ်။ ကျောင်းသားခေါင်းဆောင်လို့ ကြွေးကြော်နေတဲ့သူတွေဟာ မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီးခံခဲ့ရ၊ အသတ်ခံခဲ့ရတဲ့သူတွေအပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာ သိစေချင်လို့ပါ။
စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့ ဒေါက်တာနိုင်အောင်ရဲ့စာ ဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်အလက် လို့ ပြောလိုက်ချင်ပါတယ်။

ရှေ့ဆက်ရမဲ့ခရီး
ကျနော်နဲ့ မအေးအေးစိုးဝင်း တို့နှစ်ယောက် မနေ့ကမှ တေ့တေ့ဆိုင်ဆိုင် ဖုံးစကားပြောဖြစ်ကြတယ်။ သူနဲ့ကျနော်က ဖေ့ဘွတ်ပေါ် မှာသာ တယောက်ရေးတာတယောက် ဆွေးနွေးခဲ့ကြပေမဲ့ လူပုဂ္ဂိုလ်ချင်းအရ အဆက်အသွယ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ကျနော်တို့တတွေ ဖုံးဆက်ဖြစ်ကြတယ်။ ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေအတွက် ကျနော်တို့ကြားမှာ ရှင်းရှင်းလင်းလင်း သွားချင်တာကြောင့် တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ကြခြင်းဖြစ်တယ်။ မြောက်ပိုင်းဒေသမှ အစုလိုက်အပြုံလိုက် လူသတ်မှုကိစ္စကိုဆွေးနွေးကြတဲ့အခါမှာ အုပ်စုတိုက်ပွဲပုံစံအသွင်ကူးပြောင်းချင်တဲ့၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွန်းရောက်တဲ့ သူတွေအားလုံးကို ရှောင်ပြီး ကျနော်တို့က လုပ်ချင်ပါတယ်။ အုပ်စုတိုက်ပွဲပုံစံနဲ့ချည်းကပ်တဲ့အရာမှန်သမျှဟာ အမှန်တရားကို မရောက်နိုင်ပါဘူး။ ဒါကြောင့် ကျနော်က မအေးအေးစိုးဝင်း ကို ကိုမိုးသီးဇွန်အပေါ် ထားတဲ့သဘောထားတွေကို မေးခဲ့တော့ သူ့အဖြေက ရှင်းပါတယ်။ သူက အမှန်တရားဘက်ကပဲ ရပ်တည်မယ်၊ ဘယ်သူ့လူမှ မဟုတ်ဘူး လို့ ဆိုပါတယ်။ ကိုမိုးသီးဇွန်ရဲ့ သဘောထားတွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ကျနော့်ကို ရှင်းပြပါတယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့လည်း သေသေချာချာမေးမြန်းဖြစ်ပြန်တယ်။ ကိုမိုးသီးဇွန်တို့ ထုတ်ပြနေတဲ့စာဟာ မငယ် ( နန်းအောင်ထွေးကြည်) ဆီက ရခဲ့တာလား။ ကိုယ့်အတွက် အသက်ရှုပေါက်ရမဲ့စာတစောင်ကို ထုတ်ပေးခဲ့ရဲ့သားနဲ့ ဘာကြောင့် သူက အခုလို ကိုယ်ချင်းစာစိတ်မဲ့တဲ့စကားတွေပြောနေသလဲ။ အစုံပါပဲ။ အားလုံးတိုင်ပင်ပြီးတဲ့အခါ ကျမှ၊ ဒီအကြောင်းအရာတွေကို မိတ်ဆွေတွေ သိထားသင့်တယ် ထင်လို့ ရေးပြလိုက်တာပါ။ မဟုတ်ရင် သူကပဲ အမှန်တရားကို ချစ်သယောင်ယောင်၊ နစ်နာနေသူတွေဘက်ကပဲ ပြတ်ပြတ်သားသားရပ်တည်နေသယောင်ယောင် နှမ်းဖြူးဟန်ဆောင်နေမှာစိုးလို့ပါ။

မြောက်ပိုင်းကိစ္စအပေါ်မှာ
၁၉၉၂ တုံးက မြောက်ပိုင်းလူ့သတ်မှုတွေအပေါ်မှာ၊ ကိုနိုင်အောင့် အုပ်စုက ဘယ်လို၊ ကိုမိုးသီးအုပ်စုက ဘယ်လိုသဘောထားတယ် ဆိုတဲ့ ကြေငြာချက်တွေဟာလည်း မဖြစ်မနေဖတ်ရမှာဖြစ်သလို၊ ဒီကနေ့လက်ရှိမှာ အဲ့ဒီလူတွေက မြောက်ပိုင်းလူသတ်မှုအပေါ်မှာ ဘယ်လို သဘောထားတယ်၊ ကိုယ်ချင်းစာစိတ် ဘယ်လိုရှိတယ် ဆိုတာကိုလည်း သိဖို့လိုပါလိမ့်မယ်။ တကယ်တော့ စာရွက်စာတမ်းတွေအားလုံးက ကျနော်တို့လက်ထဲမှာ အကုန်ရှိပြီးသားပါ။ ကိုအောင်ထူး ရဲ့ လက်မှတ်နဲ့ထိုးထားတဲ့စာ၊ ဒေါက်တာနိုင်အောင်ရဲ့စာတွေအပြင်၊ ကိုမိုးသီးဇွန် ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အမည်ပေးထားတဲ့စာတွေလည်း ကျနော်တို့ဆီမှာ ဖိုင်တွဲနဲ့သိမ်းထားပြီးသားပါ။ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မသိတာကြောင့် ဝင်မပါချင်တာတပိုင်း၊ မြောက်ပိုင်းကိစ္စကိုသာ အရင်ရှင်းချင်တာ တပိုင်းကြောင့် အဲ့ဒီ အဆင့်ကို ထိကို မထိခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကိုမိုးသီးဇွန် တို့ ဘက်က ၁၉၉၂ တုံးက စာကို ထုတ်ပြနေတာကြောင့် ကြားဖြတ်ရှင်းပြရမဲ့အဆင့် ကို ရောက်လာခဲ့ပါတယ်။

ကိုမိုးသီးဇွန်၊ နန်းအောင်ထွေးကြည် နဲ့ ကိုထိန်လင်း
၂၀၀၉ ခုနှစ်မှာ နန်းအောင်ထွေးကြည် တယောက်၊ ထိုင်းကို ပြန်တော့ ကိုမိုးသီးဇွန် နဲ့ ထိုင်းနယ်စပ်က ဒီမိုကရေစီရေးလှုပ်ရှားသူ တချို့ နဲ့ ဆုံခဲ့ပါတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင် နန်းအောင်ထွေးကြည်တည်းခိုတဲ့နေရာကို လိုက်ခဲ့ပြီး “ ဟာ ဟုတ်တယ်၊ ဒီကောင်တွေ ရက်စက်လွန်းတယ်။ ဒီ မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ရမယ်” လို့ အာဘောင်အာရင်းသန်သန်ပြောခဲ့ပါတယ်။ ဒီကနေ့ ကိုမိုးသီးဇွန်တို့ အုပ်စု ရတဲ့ ၁၉၉၂ စတိတ်မန့်ဆိုတာ နန်းအောင်ထွေးကြည်က ရတာလား။ ( ဒါမှမဟုတ်) ကိုမိုးသီးဇွန်တို့ရဲ့ သုသေသနဋ္ဌာနကြီးက ရတာလား။ ကာယကံရှင်တွေ အသိကြဆုံးပါ။ ကိုအောင်နိုင်ဦးက ဋ္ဌေးနိုင် ဘယ်လို အသတ်ခံခဲ့ရတယ်ဆိုတာတွေတောင် နန်းအောင်ထွေးကြည်ကို ရှင်းပြခဲ့တာမို့လား။ ကိုထိန်လင်း တယောက် ထိုင်းကို ပန်းချီပြပွဲသွားတဲ့အခါမှာလည်း၊ ကိုမိုးသီးဇွန်တို့အုပ်စုက မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ဖွင့် ချဖို့ တိုက်တွန်းခဲ့သေးတယ် လို့ သိရပါတယ်။ ဒီလို အာဘောင်အာရင်း သန်သန်ပြောခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ ကိုထိန်လင်းနဲ့ ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စကို စတင်ရေးလာ ကတည်းက သွေးရူးသွေးတန်းနဲ့ လိုက်ကန့်ကွက်ခဲ့ပါတယ်။ သူနဲ့ရင်းနှီးတဲ့ကျောင်းသားတချို့ကို ဒီကိစ္စတွေထဲမှာ မပါဖို့ တိုက်တွန်းခဲ့တယ်။ “ရေးသားနေတဲ့ သူတွေဟာ ရန်သူအကြိုက်လိုက်လုပ်နေတယ်။” “ ABSDF ကို တိုက်ခိုက်နေတယ်” ဆိုတဲ့ ဝါဒဖြန့်ချီရေးတွေအပြင်၊ “ကာယကံရှင်တွေက မရေးပဲ ဘာလို့ မအေးတို့က ဆွေ့ဆွေ့ခုန်နေတာလဲ” ဆိုတဲ့စကားမျိုးတွေ ကိုလည်း မအေးအေးစိုးဝင်းကို ပြောခဲ့တယ် လို့ သိရပါတယ်။

တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ
တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊ နေရာရူး ပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား အစည်းအဝေးတချို့မှာ “ပြည်တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်စေ ချင်ပါတယ်။

ကာယကံရှင် ဆိုတာဘယ်သူလဲ
ကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အသတ်ခံရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။ လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ရဲဘော်များကလည်း၊ သူတို့ရဲဘော်တွေဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါတိုင်း ကိုယ့်ရဲ့ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ရှိပါတယ်။ မျက်နှာလွှဲခဲပစ်လုပ်လေ့မရှိပါဘူး။ ဒါမှာလည်း ရဲဘော်ရဲဘက်စိတ်ရှိတယ်ခေါ်မှာပါ။ ကိုထွန်းအောင်ကျော် နဲ့ စိုးဝင်းသန်းဟာ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဗကသ ရဲဘော်တွေကလည်း သူတို့ရဲ့ သမိုင်းရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ရပ်တည်သွားကြမှာပါ။ ကိုမိုးသီးဇွန်ဘဝမှာ ကိုယ့်အပေါ်ကောင်းခဲ့တဲ့ လူတွေအပေါ် ရဲဘော်ရဲဘက်စိတ်ရှိခဲ့ပါသလား။ မိုးထဲလေထဲမှာ ချကြွေးပစ်ခဲ့အဖြစ်မျိုးဘယ်နှစ်ခါ လုပ်ခဲ့ပါသလဲ။ ကိုဇော်ထွန်း ( ဆေးတက္ကသိုလ်) ဘယ်လိုသေခဲ့ပါသလဲ။ မြောက်ပိုင်းကိုရောက်သွားတဲ့ တောင်ပိုင်းက ABSDF ရဲဘော်တွေရဲ့လုံခြုံရေးကိုရော တာဝန်ယူခဲ့ဘူးပါရဲ့လား။ ထပ်ပြီးပြောလိုက်ပါမယ်။ မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။

အောင်ပွဲကို ရပြီဆိုပဲ
ကိုမိုးသီးဇွန် ရဲ့ နီးစပ်တဲ့သူတယောက်က ဆိုပါတယ်။ “ ဒီမိုကရေစီ အောင်ပွဲရခါနီးခါမှ မြောက်ပိုင်းလူသတ်မှုအပုပ်တွေကို ဖေါ်နေကြတယ်” တဲ့။ နေစမ်းပါအုံး။ “အောင်ပွဲရခါနီးပြီ” ဆိုတဲ့စကားနဲ့ “၂၀၀၈ အခြေခံဥပဒေအောက် အားလုံးဒူးထောက်ရေး” ဆိုတဲ့စကား ကွဲပြားအောင်လုပ်ဖို့လိုပါလိမ့်မယ်။ လူငယ်တွေကို မီးရှို့ခိုင်း၊ ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော်မှုတွေပြောပြီး၊ ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့ ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်တယောက်လို အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။ ကြွေးကြော်သံတွေ ရမ်းရမ်းကားကားပြောပြီး မေ့ပျောက်လွယ်၊ ဒူးထောက်လွယ်တဲ့သူတွေ၊ မဟုတ်ခဲ့တာလည်း သေချာပါတယ်။

ဗကသ ( အထက်ဗမာပြည်) အပေါ် သဘောထား


တကယ်တော့ ကျနော်ထိုင်းနယ်စပ်ကို ရောက်ခါစ ၁၉၉၈ လောက်မှာထိ ကိုမိုးသီးဇွန်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ညီလာခံတွေကို ခါးခါးသီးသီး ငြင်းပယ်လေ့ရှိပါတယ်။ သူပါခဲ့တဲ့ သြဂတ်စ် (၂၈) ဗကသ လောက်ကိုသာ သမိုင်းလို့ထင်ပြီး ကျန်တဲ့ ဗကသ သမိုင်းတွေကို “ ဘယ်သူ့ကို ကိုယ်စားပြုလို့လဲ” ဆိုတဲ့ မေးခွန်းတွေထုတ်ပြီး သူများတွေရဲ့ သမိုင်းကို အထင်သေးသူဖြစ်တယ်။ လက်မခံသူဖြစ်တယ်။ ဗကသ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့အဖွဲ့တွေအားလုံးကို သူတယောက်တည်းပဲ ပိုင်ဆိုင်သယောင်ယောင် လက်ဝါးကြီးအုပ် မင်းမူချင်သူတယောက်ဖြစ်တယ်။ ကိုထွန်းအောင်ကျော်ဟာ မန္တလေးမှာ ထင်ရှားတဲ့ခေါင်းဆောင်တယောက်လို့ သိခဲ့မယ် ဆိုရင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ( အထက်ဗမာပြည်) ရဲ့ ညီလာခံကိုလည်း သိနေသင့်ပါတယ်။ ကျနော်တို့ပြောတဲ့ ဗကသ သမိုင်း ဟုတ်မဟုတ် လက်ရှိအသက်ထင်ရှားရှိနေတဲ့ ကိုကိုကြီး၊ ကိုပြုံးချို တို့ကို မေးလိုက်ပါ။ ဒါကြောင့် ၁၉၉၂ မှာ ထုတ်ဝေခဲ့တဲ့ ကိုမိုးသီးဇွန် အုပ်စုရဲ့ မြောက်ပိုင်းဒေသ လူသတ်မှုအပေါ် သဘောထားကို ကြေငြာချက်ကို ဖတ်ပြီး လူတွေရဲ့ ရင်ထဲမှာ မေးခွန်းတွေရောက်လာပါတယ်။ ဗဟိုကော်မတီရဲ့သဘောထားကတော့ ထားလိုက်ပါတော့။ ဘာမှ မှတ်ချက်မပေးချင်ပါ။ ဗဟိုကော်မတီထဲမှာ ကျနော်တို့အပေါ် သဘောထားမှန်တဲ့သူတွေ ရှိနေလို့ပါ။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ စရိုက်လက္ခဏာကတော့ ကြေငြာချက်နဲ့ကွာဟနေပါတယ်။ ကိုမိုးသီးဇွန်ဟာ မြောက်ပိုင်းလူသတ်မှုကို တကယ်ရှုတ်ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဘာဖြစ်လို့ အခုချိန်မှာ ခံစားခဲ့ရသူတွေဘက်က ကိုယ်ချင်းစာစိတ် တစက်မှ မရှိခဲ့တာလဲ။ ဘာလို့ အဖြစ်မှန်ရေးသားနေသူတွေကို နည်းပေါင်းစုံလိုက် တိုက်ခိုက်နေတာလဲ။ ဘာကို ကြောက်နေတာလဲ။ လူတော်တော်များများကတော့ ကိုဋ္ဌေးနိုင် အသတ်ခံရတဲ့ အမှုဟာ မြောက်ပိုင်းကိစ္စ နဲ့ ဆက်နွယ်နေတာကြောင့် သူ့ဆီကို အမှုပတ်လာမှာ စိုးလို့ လို့ ဆိုကြပါတယ်။ ကျနော်တို့အုပ်စုမှာတော့ အဲ့ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ စာတစောင်ရှိနေပါတယ်။ ဒီစာတစောင် နဲ့ ၁၉၉၂ ဗဟိုကော်မတီက ထုတ်ဝေတဲ့ သဘောထားကြေငြာချက်ကို နှိုင်းယှဉ်ပြီး ဖတ်လို့ရနိုင်အောင်လို့ပါ။

ဒေါက်တာနိုင်အောင်ရဲ့စာ

တကယ်တော့ ဒီစာကို အပြင်မှာထုတ်ပြဖို့ စိတ်ကူးတစက်မှ မရှိခဲ့ပါဘူး။ ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းရဲ့စာကို တုန့်ပြန်ခဲ့တဲ့အခါ ကျနော့ဆီကို ( cc) တွဲပြီး ပို့ပေးခဲ့ပါတယ်။ ကျနော်က စည်းထားပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေးယုံကြည်လို့ ပေးတဲ့စာ ကို ထုတ်ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ကိုသန်းဝင်း က အဲ့ဒီစာကို ထုတ်ဖေါ်ပြောခဲ့ပြီး ဖြစ်သလို၊ ကိုမိုးသီးဇွန် ရဲ့ ကြောက်လန့်တကြား လိုက်လံတားဆီးခဲ့တဲ့ လုပ်ရပ်တွေကို သံသယဖြစ်ခဲ့လို့ ဒီစာကိုထုတ်ပေးလိုက်ပါတယ်။ အရေးကြီးတဲ့ စာကြောင်းကို လိုင်းတားပေးထားပါတယ်။
ဒေါက်တာနိုင်အောင့် ရဲ့ စာအရဆိုရင်တော့ “ မြောက်ပိုင်းလူသတ်မှုကို အမိန့်ပေးသူဟာ ကိုမိုးသီးဖြစ်ပါတယ်” တဲ့။ ကိုသန်းဝင်းနဲ့ အပြန်အလှန်ရေးတဲ့စာ အဆုံးသတ်ခါနီးမှာ ဟော့သလိုရေးထားပါတယ်။
“အဖွဲ့နှစ်ဖွဲ့ မကွဲခင်မှာ ရန်သူ့သူလျှိုတွေကို သတ်ဖို့ ကိုမိုးသီးက ခွင့်ပြုခဲ့တာကို မင်းသိသလား။ စာရွက်စာတမ်းတွေအားလုံးကို ငါတို့ သိမ်းထားပါတယ်”

Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents.

ကိုနိုင်အောင်ရဲ့စာဟာ လွန်ခဲ့တဲ့ (၂) နှစ် ၂၀၁၀ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကာလတုံးက ကိုသန်းဝင်းဟာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်ဆီကို အိပ်ဖွင့်ပေးစာတွေရေးနေတဲ့အချိန်ပါ။ သူတို့ဖြစ်နေတဲ့ကိစ္စက ကျနော်နဲ့ဘာမှ မပတ်သက်ပါဘူး။ ဒါပေမဲ့ မြောက်ပိုင်း ကိစ္စတွေပါလာတိုင်း ကျနော်နဲ့သက်ဆိုင်မယ် ထင်လို့ ကိုနိုင်အောင်က ကျနော့်ကို စာတွဲပို့ပေးလိုက်တယ် လို့ ယူဆပါတယ်။ မြောက်ပိုင်းကိစ္စတွေကို ကျနော်နဲ့ ဒေါက်တာနိုင်အောင် အေးအေးဆေးဆေး ပြောဖြစ်ကြပါတယ်။ ကျနော်တို့အမြင်တွေတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆွေးနွေးခဲ့ကြပါတယ်။ ကိုမိုးသီးဇွန်ကတော့ ၁၉၉၈ ကာလ၊ ထိုင်းနယ်စပ်မှာကတည်းက မြောက်ပိုင်းလူသတ်မှုအကြောင်းစကားစတိုင်း အပြောမခံခဲ့ပါ။ ဒါဟာ ကျနော်တွေ့ခဲ့ရတဲ့ ABSDF ခေါင်းဆောင်နှစ်ယောက်ရဲ့ သဘောသဘာဝဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စတွေ၊ စာရွက်စာတမ်းတွေကတော့ ကာယကံရှင်တွေကသာ ဆက်ပြီး ဆွေးနွေးကြပါလိမ့်မယ်။ ဒီအပေါ်မှာ ကျနော့သဘောထား ဘာမှ မပေးချင်ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာကို တွဲပြီး တင်ပြလိုက်ပါတယ်။

--- On Wed, 2/10/10, Naing Aung wrote:
From: Naing Aung dna_freeburma@yahoo.com
Subject: Re: Open Letter to Moe Thee Zun and Naing Aung [1 Attachment]
To: "Aung Moe Win" , "Than Win"
Date: Wednesday, February 10, 2010, 10:34 PM
Dear Ko Than Win,
If it is true that you are writing letters attacking Ko Moe Thee and me and started to involve in non-sense and time wasting wrangling, here is my first and last response.
First of all, I don't usually reply those letters written by those based on their self claimed status and out of frustration. But I don't want the ordinary people to hate more and more of 88 generation over your furious over you are wrong and I am right, clean and clever.
If Moe Thee claimed the social event as political one, please talk to Ko Moe Thee. I criticized him face to face, I don't attack in front of the people who don't need to know.
Secondly, if you want to talk about history of ABSDF, please remember what you have done to ABSDF. Don't you know that there are thousand of ABSDF will point the fingers on you during your administration.
Thirdly, most of decisions of ABSDF were made by committee, I never acted alone like you did. But I take the responsibility as chair of ABSDF whether I agreed the decision or not. I still do.
Fourthly, I am not saying I am right all the time, people has rights and wrongs. It is important to learn and correct. Whether you like it or not, I am still working for the movement.
People like you who left ABSDF cannot tell that I have destroyed ABSDF. How many members left when I assumed Chairmanship?
You are the one who supported ko Moe Thee after the split even knowing what ko Moe Thee's behavior as you mentioned.
Do you know that Ko Moe Thee gave the permission to execute the spys in northern before the split? We have kept all documents. In one day, those will be explained to family but during the movement time, I have only one enemy.
So i want you to get matured. Please swallow your personal guilty feeling and support in best way you can.
If you don't satisfy on what the people in the movement doing, please do some constructive and positive works. Nobody can stop you if you are doing good.
Please don't make the ordinary people to hate your revolution more than you did.
Please don't post this email without my authority.
best,
DNA

Myanmar Express

မြန်မာမီနီဆလွန်း စီးရေ (၈၀၀) ထပ်မံရောက်ရှိမည်


From : ခေတ်လူငယ်

ဖေဖော်ဝါရီ နောက်ဆုံးပတ်ခန့်၌ မြန်မာမီနီဆလွန်းကား ပထမအသုတ် အစီးရေ ၈၀၀ ခန့် ထပ်မံရောက်ရှိကာ Show Room များ၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ဦးသွင်မြင့်အောင်က ပြောကြားသည်။ အမှန်တကယ်လိုအပ်နေသော ပြည်သူများအတွက် ရည်ရွယ်ကာ ယခုကဲ့သို့ တင်သွင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်တစ်လော၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Show Room များဖွင့်လှစ်ကာ မရောင်းချနိုင်သေးသော်လည်း အချက်အခြာကျသော မြို့များ၌ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအပြင် အများသွားလာရေး လွယ်ကူကောင်းမွန်သော နေရာများ၌ အဓိကထား ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် News Watch ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မြန်မာအမျိုးသမီးကို ပါးရိုက်တဲ့ဂျပန်အား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်နှင်ဒဏ်ပေးပြီး လာခွင့်ပိတ်

From : Amara News Agency

ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ


ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။


ကာလုံခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရ က်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။ Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Myanmar Express

မြန်မာ့ရွှေဈေး ဘာကြောင့်မြင့်တက်ရသလဲ (ပေးစာ - ၉၇)


From : ကောင်းမြင့်

မြန်မာ့ရွှေဈေးကွက်ဟာ ကမ္ဘာ့ရွှေဈေးကိုလိုက်ပြီးပြောင်းလဲနေတယ်ဆိုတာ သတိထားမိကြပါ လိမ့်မည်။ သတိမထားမိသူတွေ၊ သတိမမူလို့ ဂူမမြင် တဲ့သူတွေအတွက် အသိအမြင်ကြွယ်ဝပြီး ဗဟုသုတ ရှိအောင် မျှဝေ လိုက်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေးဟာ ဖေဖော်ဝါရီလ ၄ရက်နေ့က ၁အောင်စကို ၁၇၂၅ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သားကို ၇၃၀၀၀၀ကျပ်ရှိခဲ့တယ်။ နောက်တနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့ကျတော့ ၁အောင်စကို ၁၇၂၅ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သားကို ၇၃၁၀၀၀ ကျပ်ဖြစ်သွားတယ်တယ်။ ဖေဖော်ဝါရီလ ၆ရက်နေ့ရောက်တဲ့အခါကျတော့ ၁အောင်စကို ၁၇၃၄ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သားကို ၇၃၀၀၀၀ကျပ်ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၇ရက်နေ့မှာ တော့ ၁အောင်စကို ၁၇၂၀ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သားကို ၇၃၂၀၀၀ကျပ်ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းကနေ ၀န်ထမ်း တွေကို လစာတွေ တိုးပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာအဆိုတင်သွင်းခဲ့တာကို အကယ်ဒမီပေးပွဲအပြီးမှာ ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ပြည်သူတွေကလစာတွေ တိုးလာရင် အခြေခံစားကုန် ဈေးနှုန်းတွေ မြင့်တက်လာတာအပြင် အခြားသော ဈေးနှုန်းတွေလည်း မြင့်တက်လိမ့်မယ်လို့ ထင်ခဲ့ကြတာတွေကို ပြည်သူတွေရဲ့ အသံတွေ ကြားခဲ့ရပါတယ်။ ဈေးကွက်စီးပွားရေးကိုလေ့လာသူ တစ်ယောက် အနေနဲ့ မဖြစ်နိုင်ဘူးဆိုတာကို သိပေမယ့် ပြည်သူတွေသိအောင် ပြောရမယ့် တာဝန်ရှိတာမို့ အခုဖြစ်ပေါ်နေတဲ့ ရွှေဈေးနှုန်းကို နှိုင်းယှဉ်ပြီးပြောရခြင်းပါပဲ။


ဖေဖော်ဝါရီလ ၈ရက်နေ့မှာ ၁အောင်စကို ၁၇၄၉ ဒေါ်လာရှိပြီး မြန်မာ့ရွှေဈေးကတော့ ၁ကျပ်သား ကို ၇၄၃၀၀၀ကျပ်ရှိခဲ့ပါတယ်။ အဲ့ဒီတော့ ကမ္ဘာ့ရွှေဈေးနှုန်းက ၁၇၄၉ ဒေါ်လာထိမြင့်တက် သွားတဲ့အခါမှာ မြန်မာ့ရွှေဈေးနှုန်းကလည်း ၇၄၃၀၀၀ထိမြင့်တက်သွားတာ ကိုတွေ့ရမှာဖြစ်တယ်။ တကယ် တန်းတော့ မြန်မာ့ရွှေဈေးနှုန်းဟာ လစာတွေတိုးမယ်ဆိုလို့တက်တာမဟုတ်ဘဲ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက် လာလို့ တက်ရတယ်ဆိုတာကို မြင်နိုင်ပါတယ်။ အခြားသောကုန်ပစ္စည်းတွေအနေနဲ့လည်း ဈေးနှုန်းတက်နိုင် ခြေ မရှိဘူးဆိုတဲ့ အကြောင်းကိုတော့ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ ) က
“လစာတိုးပေးခြင်းကြောင့် ဈေးနှုန်းတက်ခြင်း၊ အစိုးရ၏ ဘတ်ဂျက် လိုငွေပြမှုများပြားခြင်း၊ ငွေကြေး ဖောင်းပွမှု ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ခြေ နည်းပါးကြောင်း” ပြောဆိုထားတာကိုလည်း တွေ့နိုင်ပါတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့ အကြောင်းအရာတစ်ခုကို လက်တွေ့ကျသုံးသပ်ပြီးမှ စဉ်းစားဝေဖန် သင့်ကြောင်း စေတနာစကားလက်ဆောင်ပါးလိုက်ပါတယ်။

Myanmar Express

ပြည်တော်ပြန်များ နိုင်ငံသားခံယူခွင့် ပြန်လျှောက်နိုင်


From : ခေတ်လူငယ်

ပြည်ပကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မီဒီယာတွေ့ဆုံပွဲက သိရပါတယ်။ ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံသား ခံယူပြီးသား ဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိ မြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။ ပြည်ပရောက်မြန်မာတွေအနေနဲ့ တရားဝင်နိုင်ငံသား ပြန်လည်ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တွေ့ဆုံပွဲမှာ ပြောပါတယ်။ နိုင်ငံသားခံယူခွင့် လျှောက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ပြီး မြန်မာသံရုံးက လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ သဘောထားမှတ်ချက် တောင်းမှာဖြစ်ပါတယ်။ နိုင်ငံသားခံယူခွင့် လျှောက်သူဟာ မြန်မာနိုင်ငံမှာ နေသွားတာမှန်ကန်ပြီး မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင် ပြန်လက်ခံပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား မိဘနှစ်ပါးကမွေးတဲ့ နိုင်ငံသားတွေက မွေးရာပါနိုင်ငံသားတွေဖြစ်လို့ နိုင်ငံသား စိစစ်ရေးကတ် ရမှာဖြစ်တယ်။ ဥပဒေအရဖြစ်တဲ့ နိုင်ငံသားတွေက ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကတ်တွေ ရမှာဖြစ်တယ်။ ပြည်တွင်းမှာ အခွန်ဆောင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ အက်ဖ်အာရ်စီနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်း မပြည့်စုံသေးသူတွေကို ယာယီနိုင်ငံသား ကတ်တွေ ထုတ်ပေးနေပါတယ်။ နိုင်ငံသားခံယူခွင့်အတွက် ဗဟိုအဖွဲ့တွေဆီ လျှောက်ထားနိုင်ပြီး အထောက်အထား ပြည့်စုံ၊ ဥပဒေနဲ့ညီရင် နိုင်ငံသား ခံယူခွင့်ပြုတယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဧပြီ ၁၄ ရက် အီးယူအစည်းအဝေး မြန်မာအပေါ်ပိတ်ဆို့မှု ဆုံးဖြတ်မည်


From : ခေတ်လူငယ်

လာမယ့် ဧပြီ ၁၄ ရက်နေ့ကျင်းပဖို့ရှိတဲ့ အီးယူအစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချက်သုံးချက်ပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရတယ်။ ထိုင်းနိုင်ငံမှ ယူကေသံတမန်အရာရှိ တစ်ဦးက “ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဟိတ်ဂ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အပြုသဘောဆောင်တဲ့ အချက်တွေ တွေ့ရတယ်၊ မြန်မာနိုင်ငံရဲ့ ထိလွယ်ရှလွယ်ဖြစ်တဲ့ ခုလိုအချိန်မှာ အချက်သုံးချက်ပေါ်မူတည်ပြီး ဧပြီ ၁၄ ရက် အီးယူအစည်းအဝေးက ဆုံးဖြတ်မယ်” လို့ ပြောပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တိုင်းတာမယ့် အချက်သုံးချက်က လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့၊ ယုံကြည်ချက် အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းဖို့ စတာတွေ ဖြစ်တယ်။ ယူကေသံတမန်က နိုင်ငံတကာက လူတစ်ဦးချင်း ပြောင်းလဲတာထက် အဖွဲ့အစည်းလိုက်ပြောင်းလဲတာကို လိုချင်တယ်။ “နိုင်ငံတကာက တိုင်းတာတဲ့ အချက်သုံးချက်ပြည့်မီရင် မြန်မာနိုင်ငံအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပြီး ဒဏ်ခတ်မှု တွေလျော့ပါးလာမှာဖြစ်တယ်” လို့ ဆိုတယ်။ ဧပြီ ၁၄ ရက်နေ့မှာ ကျင်းပမယ့် အီးယူအစည်းအဝေးပွဲရဲ့ အဆုံးအဖြတ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ သက်ရောက်မှာဖြစ်တယ်။ အချက်သုံးချက်ပြည့်မီရင် မြန်မာနိုင်ငံမှာ ရှင်းနှီးမြှုပ်နှံဖို့ ပိတ်ပင်ထားတဲ့ ယူကေနဲ့ အနောက်နိုင်ငံမှ ကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက်လုပ်ကိုင်ခွင့်ရှိပြီး အင်အားကြီး နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်နိုင်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကို မိမိနိုင်ငံကပဲ လုပ်နိုင်ပြီး နိုင်ငံတကာက တိုက်တွန်းလို့ပဲရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Hon. Mr. Albert F. Del Rosario ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၉ ရက်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး စိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဖိလစ်ပိုင် သမ္မတနိုင်ငံခြားရေးဝန်ကြီး Hon . Mr. AIbert F. Del Rosario နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Maria Hellen M. Barber နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ- ဖိလစ်ပိုင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အခွန်ရုံးများတွင် မသမာမှုများရှိပါက တိုင်ကြားနိုင်


From : ခေတ်လူငယ်

မန္တလေးတိုင်းဒေသကြီး ပြည်တွင်း အခွန်ဦးစီးဌာနမှ အိမ်ခြေရောင်းဝယ်ရေးစာချုပ်များ အခြားအခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ မရှိမဖြစ် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်၍ ငွေကြေးတောင်းခံမှုများရှိပါက တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။ ယင်းကြေညာချက်မှာ “ပြည်တွင်းအခွန်ဦးစီးဌာနသည် ပြည်သူများထံမှ ကောက်ခံရရှိသော အခွန်ငွေဖြင့် နိုင်ငံတော် ကာကွယ်ရေး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လုပ်ငန်းများနှင့် အများပြည်သူအကျိုးပြု လုပ်ငန်းများတွင် သုံးစွဲလျက်ရှိကြောင်း၊ အခွန်ပေးဆောင်ခြင်းသည် နိုင်ငံသားတစ်ယောက်အနေဖြင့် အနိမ့်ဆုံး တာဝန်ထမ်းဆောင်ခြင်းဖြစ်သောကြောင့် ဂုဏ်သိက္ခာရှိရုံသာမက အများအကျိုးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် မိမိဝင်ငွေ၏ တစ်စိတ်တစ်ဒေသဖြင့် မွန်မြတ်သောလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။ မန္တလေးမြို့ပေါ် မြေအရောင်းအဝယ်စာချုပ်များ အခွန်ငွေမှန်မှန်ကန်ကန် ပေးသွင်းရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး မိမိဝန်ထမ်းများ လာဘ်ယူမှုများမရှိရေးတို့အတွက်လည်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် မြန်မာနိုင်ငံသို့ လာရောက်မည်


အာဆီယံ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ၂၁ ရက်နေ့အထိ နှစ်ရက်အကြာ အထူးလေ့လာရေး အလည်အပတ် ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိပါသည်။ ဒေါက်တာဆူရင်ပစ်ဆူဝမ်မှာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လာမည့် ၂၀၁၄ ခုနှစ်တွင် ခန့်အပ်ခြင်းခံရရန် အတွက် ထောက်ခံ အားပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ အကြီးအကဲများနှင့် တွေ့ဆုံရန် ရှိပြီး လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၄ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူရန်အတွက် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများနှင့် လိုအပ်ချက်များကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ဒေါက်တာဆူရင်ပစ်ဆူဝမ် အနေဖြင့် မြန်မာအစိုးရနှင့် မြန်မာပြည်သူများထံမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး အစီအမံများ ရေရှည်ရည်မှန်းချက်များကိုလည်း တိုက်ရိုက်ကြားသိ လေ့လာခွင့် ရလိုကြောင်း အထက်ပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။ ၎င်းမှာ မြန်မာနိုင်ငံသို့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်ကလည်း လာရောက်ခဲ့ဖူးကြောင်း သိရှိရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ၎င်းအား နာဂစ်အလွန် မြန်မာနိုင်ငံ၏ ပြောင်းလဲတည်ဆောက်မှုများကို ကြည့်ရှုလေ့လာရန်အတွက် ဖိတ်ခေါ်ထားကြောင်း

Myanmar Express

ပွင့်ဖြူမြို့တွင် မိလ္လာကန်အတွင်း ရေဆိုးထုတ်ရင်း လေးဦးသေဆုံး


From : ခေတ်လူငယ်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု လယ်မကျေးရွာ၌ လွန်ခဲ့သော (၁၀)နှစ်ခန့်က အသုံးပြုခဲ့သော အကျယ်(၄) တောင်အနက်( ၁၀) တောင်ခန့်ရှိ မိလ္လာကန်မှ ရေဆိုးထုတ်ရန်အတွက် မိလ္လာကန်အတွင်း ဆင်းသက်သွားကြရာမှ ကန်အတွင်း ရှိဓာတ်ငွေ့များနှင့် အနံ့ဆိုးများကြောင့် အောက်စီဂျင်ပြတ်လပ်ကာ ပြန်တက်မလာနိုင်တော့ဘဲ မေ့မြောသွားခဲ့ပြီး ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဆယ်တင်ကြသော်လည်း ဆေးရုံအသွား လမ်းခရီးနှင့် ဆေးရုံတွင် စုစုပေါင်းလေးဦး သေဆုံးသွားကြရသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီ ၂၅ မိနစ်တွင် လယ်မကျေးရွာနေ ဦးတင်ငွေ (၄၆ နှစ်၊ အဘ ဦးမှုံ)သည် လွန်ခဲ့သော (၁၀) နှစ်ခန့်က စတင်အသုံးပြုခဲ့သော မိလ္လာကန်မှ ရေဆိုးထုတ်ရန်အတွက် အဖော်ငါးဦးနှင့်အတူ မိလ္လာကန်အတွင်း ဆင်းသွားခဲ့သည်။ ထိုသို့ ဆင်းသွားစဉ် ကန်အတွင်းရှိ ဓာတ်ငွေ့များနှင့် ပြင်းထန်သော အနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်လပ်ကာ ပြန်တက်မလာနိုင်တော့ဘဲ မေ့မြောသွားခဲ့ကြသဖြင့် ပတ်ဝန်းကျင်ရွာသားများမှ ဝိုင်းဝန်း ယ်တင်ခဲ့ပြီး ပွင့်ဖြူမြို့နယ် ဆးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ ဦးမောင်ဝင်းဆိုသူမှာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးသွားခဲ့သည်။ ကျန်သူများအနက် အိမ်ရှင်ဦးတင်ငွေ၊ ချမ်းငြိမ်းဌေးနှင့် ကျော်မြိုင်တို့သုံးဦးမှာ ဆေးရုံရောက်ပြီး ကုသမှု ခံယူနေစဉ်မှာပင် ညနေ ၅ နာရီခွဲခန့်တွင် ထပ်မံသေဆုံးသွားခဲ့သည်။ ကျန်နှစ်ဦးဖြစ်သည့် အောင်ကိုနှင့် အေးလွင်တို့မှာမူ ဆေးရုံတွင် ကုသမှုဆက်လက်ခံယူနေဆဲဖြစ်သည်။ မိလ္လာကန်အတွင်း လူများဆင်းသက်ရာမှ ပြန်တက်မလာနိုင်ဘဲ မူးလဲမေ့မြောသေဆုံးကြရမှုများမှာ မကြာခဏ ကြားသိနေရသော ဖြစ်စဉ်များဖြစ်သော်လည်း သတိမမူနိုင်ကြသည့်အတွက် ဆက်ကာဆက်ကာ ဖြစ်ပွားလျက်ရှိသည်။ မိလ္လာကန်ထွက် ဘိုင်အိုဂက်စ်များမှာ လူတို့အတွက် ပြင်းထန်သည့် အဆိပ်အတောက် ဓာတ်ငွေ့ဖြစ်ပေရာ လေဝင်လေထွက် အားနည်းပြီး အနံ့ဆိုးများရှိနေသည့် နေရာများ၊ အထူးသဖြင့် မိလ္လာကန်များအတွင်းသို့ဆင်း၍ လိုရာလုပ်ငန်း ဆောင်ရွက်ခြင်းများအား သတိတရားဖြင့် ဆင်ခြင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အမေရိကန် အရေးယူပိတ်ဆို့မှုတစ်ခု ရုပ်ပြီ


From : ခေတ်လူငယ်

အမေရိကန်၏ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတစ်ခုကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရုပ်သိမ်းပေးလိုက်ကြောင်း သိရသည်။ အမေရိကန် ပိတ်ဆို့အရေးယူမှု အများအပြားရှိသည့်အနက် အမေရိကန် အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ မြန်မာနိုင်ငံအပေါ် အမေရိကန် ထောက်ပံ့မှုရှိသော အဖွဲ့အစည်းများဆီမှ ငွေကြေးကူညီ ထောက်ပံ့ချေးငှားခြင်းလုပ်၍ မရအောင် ပိတ်ဆို့ထားသော ဥပဒေဖြစ်သည်။ ယင်းသို့ ရုပ်သိမ်းပေးမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့များဆီမှ ငွေကြေးအကူအညီ ရယူနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာမည် ဖြစ်သည်။ ယခု ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းခြင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် လက်မှတ်ရေးထိုးလိမ့်မည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအပေါ် အမေရိကန်၏ တခြားပိတ်ဆို့မှုများ ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

နိုင်ငံခြားငွေများ ဘဏ်စာရင်းပြောင်းနည်းဖြင့် ရောင်းဝယ်နိုင်ပြီ


From : ခေတ်လူငယ်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ် (၁၁)ဘဏ်ကို (၂၅.၁၁.၂၀၁၁) ရက်တွင် နိုင်ငံခြားငွေ ရောင်းဝယ် ဖောက်ကားခွင့် လိုင်စင် (Authorized Dealer License) ထုတ်ပေးပြီး နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ခွင့်ပြုခဲ့သည်။ ယခုအခါ ၄င်းဘဏ်များသည် ပြည်ပဘဏ်များနှင့် အဆက်အသွယ် ဘဏ်ထူထောင်ခြင်း၊ နိုင်ငံတကာသုံး ဘဏ်လုပ်ငန်းကွန်ရက် (SWIFT) စနစ်အတွင်းသို့ ဝင်ရောက်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ခြင်း၊ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် မတည်ငွေရင်းများကို ထည့်ဝင်ခြင်းနှင့် ဝန်ထမ်းများအား လေ့ကျင်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်လိုင်စင် ထုတ်ပေးထားသည့် ပုဂ္ဂလိကဘဏ်များမှာ သမဝါယမဘဏ်လီမိတက်၊ မြဝတီဘဏ်လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ ထွန်းဖောင်ဒေးရှင်းဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ယူနိုက်တက်အမရာဘဏ်လီမိတက်နှင့် ဧရာဝတီဘဏ်လီမိတက်တို့ ဖြစ်သည်။ ပြည်တွင်းရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်း ပိုင်ရှင်များအနေဖြင့် မိမိတို့စာရင်းရှိ နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် ရောင်းဝယ်လိုပါက အထက်ပါဘဏ်များသို့ (၉.၂.၂၀၁၂) ရက်မှစ၍ ဆက်သွယ်ရောင်းဝယ်နိုင်ပြီဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက သက်ဆိုင်ရာ ဘဏ်များတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ


From : ခင်မောင်ညို (ဘောဂဗေဒ)

မြန်မာ့ စီးပွားရေး အ၀န်းအ၀ိုင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ပြဌာန်းချက် အမှတ်၎ ကိုယ်စားလှယ်အဖွဲ့ လာရောက်တဲ့သတင်းဟ လှုပ်လှုပ်ရှားရှား ရှိတဲ့သတင်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို မီရီလ် ကာရာဆူလူ Meral Karasulu (Deputy Division Chief',Asia and Pacific Department ,International Monetary Fund) ခေါင်းဆောင်ပြီး ၂၀၁၂ခုနစ်၊ ဇန်န၀ါရီလ၊ ၉ရက်နေ့ကနေ ၂၅ရက်နေ့အထိ လာရောက်ခဲ့ရမှာ ခရီးစဉ်အပြီး ဇန်န၀ါရီလ ၂၅ရက်နေ့ နေ့စွဲနဲ့ ကျေညာချက် တစ်စောင် ထုတ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ရက်နေ့၊ နေ့လည် ၃နာရီအချိန်၊ ရန်ကင်း ဘဏ်သင်တန်းကျောင်းမှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။

ဟောပြောပွဲမှာ နိုင်ငံတော်သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပထမဆုံး သဘာပတိရဲ့ နိဂုံးချုပ် မိန့်ခွန်းကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ ဦးမြင့်က "အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့လို အဖွဲ့မျိုးက မြန်မာနိုင်ငံအပေါ် အခုလို အပြုသဘော ရှုမြင်တာ ကြားသိရတဲ့အတွက် ကျေနပ်စရာလို့ မြင်ပါတယ်။"

အဖွဲ့ခေါင်းဆောင်ရဲ့ တင်ပြဆွေးနွေးချက်တွေထဲက ပထမဆုံး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကတော့ အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် စီးပွားရေး တိုးတက်မှု၊ အားလုံး သက်ဆိုင် အကျုံးဝင်တဲ့ စီးပွားရေး တိုးတက်မှု၊ ရရှိဖို့အတွက်၊ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု (Macroeconomic stability) နဲ့ စရပါမယ်။ အခုလဲ ဖလှယ်နှုန်း တစ်မျိုးထဲ ဖြစ်ဖို့၊ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ အကန့်အသတ်တွေကို ပယ်ဖျက်ဖို့ စတင်လုပ်နေတာကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အသိအမှတ်ပြုပါတယ်။

၂၀၁၁-၁၂ ဘဏာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ အမှန်တကယ် တိုင်းပြည်ဝင်ငွေ ၅.၅ရာခိုင်နှုန်း တက်ပြီး ၂၀၁၂-၁၃မှာတေ့ ၆ရာခိုင်နှုန်းအထိ တက်မယ်။ ချေးငွေတွေ တိုးပွားတာရယ်၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်စိတ်ချမှုတွေ တိုးပွားလာတာရယ်ကြောင့် ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနိုင်တယ်လို့ တွက်ဆထားပါတယ်။

ငွေဖောင်းပွမှုနှုန်းက ၂၀၁၁-၁၂မှ ၄.၂ရာခိုင်နှုန်း ရှိရာက နောင်နှစ်မှာ ၅.၈ရာခိုင်နှုန်းအထိ တက်မယ်လို့ မျှော်လင့်ပါတယ်။ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ဈေးကျတာ ရပ်ပြီလို့ တွက်ပါတယ်။

၂၀၀၉-၁၀ ဘဏာရေးနှစ် အဆုံးကတည်းက မြန်မာကျပ်ငွေဟာ ၃၂ရာခိုင်နှုန်း အထိ တန်ဖိုး တိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို နိုင်ငံခြားက ငွေကြေး အမြောက်အများ ၀င်လာပြီး ပြန်ထွက်ဖို့ကျတော့ အချုပ်အချယ်၊ အတားအဆီးတွေ ရှိနေလို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

တကယ်တော့ ၂၀၀၈ခုနစ် ကမ္ဘာ ဘဏာရေးအကြပ်အတည်းဟာ မြန်မာနိုင်ငံကို အနည်းငယ်သာ ထိခိုက်မှု ရှိစေခဲ့သလို ဒေသတွင်းမှာ ၀ယ်လိုအား ကျဆင်းတာဟာ မြန်မာနိုင်ငံကို အနည်းငယ်ပဲ ထိခိုက်နိုင်ပါတယ်။ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံက အဆက်အသွယ် အနည်းငယ်ပဲ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်း တန်ဖိုး ဆက်တက်နေရင် မြန်မာပို့ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

တစ်ဖက်မှတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျှော့ပေးတာ ပုဂ္ဂလိကကဏ ချေးငွေတွေ တိုးလာတာ နိုင်ငံခြားငွေနဲ့ အချုပ်အချယ်တွေ ဖယ်ရှားပြီး ဖလှယ်နှုန်းတစ်ခုတည်း ဖြစ်အောင် လုပ်ပေးမယ် ဆိုရင်တော့ တိုးတက်မှု ရနိုင်ပါတယ်တဲ့။

အလွန်တရာ ရှုပ်ထွေးတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြုပြင်ဖို့ကို ဦးစားပေး ဆောင်ရွက်ရမှာပါ။ ပို့ကုန်ပထမ (Export first) မူဝါဒကိုလဲ ပယ်ဖျက်ရပါမယ်။

တချို့ကန့်သတ်ချက်တွေကို ချက်ချင်းဖယ်ရှားနိုင်ပါတယ်။ ဥပမာ ဘယ်စာရင်းနဲ့ပဲဖြစ်ဖြစ် သွင်းကုန်တင်သွင်းခွင့်ပြုတာ၊ သွင်းကုန်လိုင်စင် လွယ်အောင် လုပ်ပေးတာ၊ နိုင်ငံခြားငွေလဲကောင်တတွေမှ လဲခွင့်ရအောင် လုပ်ပေးတာမျိုးတွေပါ။

တကယ်တော့ ငွေလဲလှယ်နှုန်း တစ်မျိုးတည်း ဖြစ်အောင် လုပ်ဖို့ဆိုတာ နိုင်ငံအဆင့် စီးပွားရေး စီမံခန့်ခွဲမှုတွေ အားလုံး တိုးတက်မှုအပေါ်မှာ မူတည်နေပါတယ်။ ဈေးနှုန်းတည်ငြိမ်မှုကို အာရုံစိုက်တဲ့ ငွေကြေးမူဝါဒကို ချမှတ်ပေးရပါမယ်။

မကြာမီက ဘဏ်အတိုးနှုန်းတွေ ချပေးခဲ့တာကို ကြိုဆိုပေမယ့် ထပ်ချနိုင်မယ် မထင်ပါဘူး။ ထပ်ချရင် ဘဏ်မှာ မစုကြတေ့ဘဲ အိမ်ယာမြေလို ဈေးကစားနိုင်တဲ့ နေရတွေ ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးချင်ရင် အတိုးထပ်မချဘဲ ပုဂ္ဂလိကအတွက် အဟန့်အတားတွေ ဖယ်ပေးဖို့၊ ဘဏ်လုပ်ငန်းတွေ တိုးတက်အောင် လုပ်ပေးဖို့အတွက် အကြံပေးတာ တွေ့ရပါတယ်။

အတိုးနှုန်းကို ဈေးကွက်က သတ်မှတ်တဲ့နှုန်း ဖြစ်စေဖို့၊ ငွေတိုက်စာချုပ်တွေလို လက်လီ လက်ကား တွင်တွင်ကျယ်ကျယ် ရောင်းချဖို့ တိုက်တွန်းထားတာကိုလဲ တွေ့ရပါတယ်။ ပုဂ္ဂလိက ဘဏ်တွေက အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ရောင်းကြပေါ့။

၂၀၁၂-၁၃ ဘတ်ဂျက်ကို လွှတ်တော်မှာ ဆွေးနွေးကမယ့် ကိစ္စဟာ အသုံးစရိတ် ဦးစားပေးပုံ ပြန်လည် သတ်မှတ်ဖို့နဲ့ မြင်သာထင်သာဖို့ အတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ရပ်ပါ။ အရင်နှစ်က လိုငွေထက် ၁ရာခိုင်နှုန်း လျော့လို့ လိုငွေ ၄.၆ရာခိုင်နှုန်း ရှိနိုင်တဲ့ကြားက ပညာရေးနဲ့ ကျန်းမာရေးအတွက် တိုးသုံးဖို့ အစိုးရရဲ့ အစီအစဉ်ကိုလဲ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ကြိုဆိုပါတယ်။ ငွေလဲလှယ်နှုန်း ပြောင်းဖို့ ကြိုးစားနေတဲ့အချိန်မှ ဥာဏ်ပညာရှိတဲ့ ဘဏာရေးမူဝါဒတွေနဲ့ နိုင်ငံအဆင့် စီးပွားရေး တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်နိုင်မှ ဖြစ်ပါတယ်။

ဈေးကွက်က သတ်မှတ်တဲ့ ငွေလဲလှယ်နှုန်းဟာ သွင်းကုန်ကို အားကိုးနေရတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေ ဘယ်လောက် အရှုံးပြနေသလဲဆိုတကို ပေါ်လွင်သွားစေပါတယ်။ ဒါပေမယ့် ရွှေနဲ့ ဇောတိက ရေနံစီမံကိန်းက ဓါတ်ငွေ့တွေ ထွက်လာရင် ဘဏာရေးအခြေအနေ ကောင်းလာနိုင်ပါတယ်။ ရလာတဲ့ ၀င်ငွေတွေကို လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ သုံးနိုင်ပါတယ်။

မြန်မာနိုင်ငံ သိသိသာသာ တိုးတက်ဖို့ အတွက်က ဘဏာတော် အရင်းအမြစ်တွေ ထပ်မံရရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သဘာဝ သယံဇာတတွေက ရတာ မဟုတ်၊ တခြား အရင်းအမြစ်တွေက ရမှသာ ဈေးအတက်အကျကြောင့် တန်ဖိုးအတက်အကျတွေဖြစ်၊ ကုန်ခမ်းသွားတော့ အရင်းအမြစ် မရှိတာမျိုးတွေကို ရှောင်ရှားနိုင်ပါမယ်။

ဘဏာငွေ တိုးပွားအောင် လုပ်ရာမှာ ဆင်းရဲသားတွေကို ကကွယ်စောင့်ရှောက်ဖို့အတွက် သွယ်ဝိုက်အခွန်ထက် တိုက်ရိုက်အခွန်ကို ဦးစားပေး ကောက်ရပါမယ်။ အခု မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ အခွန်နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုထောက်ခံပြီး အခွန်အခြေခံ ကျယ်ပြန့်အောင် လုပ်ဖို့နဲ့ အခွန်ရှောင်တာ လျော့ဖို့လဲ တိုက်တွန်းထားပါတယ်။

နိုင်ငံပိုင်လုပ်ငန်းတွေကို ထောက်ပံ့တာ တဖြည်းဖြည်းချင်း လျော့ချဖို့၊ ဒီလိုနဲ့ ထိခိုက်အလွယ်ဆုံး ဆင်းရဲသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အကြံပြုထားပြီး ပုဂ္ဂလိကပိုင်အဖြစ် ထပ်မံအသွင်ပြောင်းဖို့ နိုင်ငံပိုင်လုပ်ငန်းတွေကို စီးပွားရေးဆန်ဆန် လည်ပတ်ရေးတို့ဟာ ပုဂ္ဂလိကက ဦးဆောင်တဲ့ တိုးတက်မှုကို ရရှိရေးအတွက် အခြေခံကျပါတယ်လို့ ဆိုပါတယ်။

ကျယ်ကျယ်ပြန့်ပြန် တိုးတက်ဖို့ဆိုရင် ဘဏ်စနစ်ကို ခေတ်မီတိုးတက်အောင် လုပ်ရမှာပါ။ အပ်ငွေနဲ့ အရင်းအချိုး သတ်မှတ်ထားတာ တဖြည်းဖြည်းချင်း လျော့ချပြီး အပေါင်ထားရမှာ သီးနှံအပါအ၀င် အမျိုးအမည်တွေ တိုးချဲ့ဖို့လဲ အကြံပြုထားပါတယ်။ ကျေးလက်ဒေသတွေမှာ ဘဏ်ကွန်ယက်တွေ၊ ဘဏ်ခွဲတွေ တိုးချဲ့ဖို့လဲ တိုက်တွန်းထားပါတယ်။ ဘဏ်အချင်းချင်း ဈေးနှုန်းပြိုင် (အတိုးနှုန်းပြိုင်)ပြီး ပြိုင်ဆိုင်မှုကို အားပေးစေချင်တယ်။ အပ်ငွေပေါ် အတိုးပေးတာကို လွတ်လွတ်လပ်လပ် သတ်မှတ်ခွင့်ပြုပြီးတဲ့နောက်မှာ ချေးငွေတွေ အပေါ် ကိုယ့်ဘဏ်နဲ့ ကိုယ် သတ်မှတ်စေချင်တယ်။ နိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်လဲ တန်းတူ သဘောထားရမယ်။ စည်းကမ်းထိန်းချုပ်ရာ၊ ကြီးကြပ်ရာမှာ အတူတူပဲ ဆက်ဆံရမယ်။ ဒါမှ ပြိုင်ဆိုင်မှုတွေ မြင့်မားလာမယ်လို့ ဆိုပါတယ်။

ဈေးကွက်က သတ်မှတ်တဲ့ နိုင်ငံခြား ငွေဖလှယ်နှုန်း အဖြစ် ပြောင်းရာမှာ ဘဏ်တွေကို ထိန်းချုပ်မှုနဲ့ ကြီးကြပ်ကွပ်ကဲမှုဟာ အရေးကြီးပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်ခွင့်ပြုရင် နည်းပညာ လွှဲပြောင်းရယူမှု မြန်ဆန်ပြီး ၂၀၁၅မှာ အာဆီယံ ဘဏ်လုပ်ငန်းတွေ ပေါင်းစည်းဖို့ ကြိုတင်ပြင်ဆင်ရာ ရောက်မယ်။

စိုက်ပျိုးရေးကဏမှာ ထုတ်လုပ်မှု စွမ်းအားမြင့်မားဖို့နဲ့ လူနေမှုဘ၀ မြင့်မားဖို့ ချေးငွေတွေ ပိုပေးဖို့ လိုပါတယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ ချေးစေချင်ပါတယ်။ လယ်မြေလို အပေါင်ထားပြီး ငွေချေးသင့်တယ်။ ဒါပေမယ့် ချေးငွေတစ်ခုတည်းနဲ့ ကျေးလက်ဒေသ တိုးတက်ပြီး ဆင်းရဲလျော့ကျအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ရပ်ရွာအခြေပြု ဖွံဖြိုးရေးလုပ်ငန်းတွေ အပါအ၀င် ကျေးလက်အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပိုသုံးဖို့ အကြံပြုထားပါတယ်။

ပြင်ပ အလွတ်ဈေးကွက်မှ လုပ်ဆောင်နေတာတွေ လျော့ချဖို့နဲ့ ဈေးနှုန်းကျဆင်းစေဖို့ ဓါတ်ဆီနဲ့ စားသုံးဆီဈေးကွက်မှာ လုပ်သလို ပြိုင်ဆိုင်မှု တိုးလာတာကို ထောက်ခံအားပေးထားပါတယ်။ လိုင်စင်ထုတ်ပေးတာ မြင်သာထင်သာ ရှိစေချင်ပါတယ်။

စွမ်းအင်ကဏမှာလိုပဲ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလို ကဏတွေမှာလဲ ပုဂ္ဂလိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးစေချင်တယ်။ ပစ္စည်းအမယ် တစ်ခု၊ နှစ်ခုကိုပဲ အားကိုးနေရတဲ့ ဘ၀ကနေ ပို့ကုန်အမယ်တွေ များလာစေချင်တယ်။

နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ အဟန့်အတားတွေ ဖယ်ရှားပေးရင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေ တိုးပွားလာနိုင်တယ်။ အထူးစီးပွားရေးဇုန်တွေဟာ လမ်းပန်းဆက်သွယ်ရေးတွေ ချို့တဲ့နေတာကို အဆင်ပြေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တိုးပွားစေနိုင်တယ်။ ဒါပေမယ့် ပုဂ္ဂလိကကဏ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်သာကိုင်သာ ရှိတဲ့ စီးပွားရေးဝန်းကျင် ဖြစ်အာင် ကြိုးစားအားထုတ်ရမယ်။ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ကုန်ကျတဲ့စရိတ်တွေ လျော့အောင် လုပ်နိုင်ရင် အငယ်စား၊ အလတ်စားလုပ်ငန်းလေးတွေ ပေါ်ပေါက်ရှင်သန်နိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အကြံပြုခဲ့ပါတယ်။

Myanmar Express

ကျန်ရှိ ယုံကြည်ချက်အကျဉ်းသားများ စိစစ်၍ ထပ်မံလွှတ်ပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား


From : ခေတ်လူငယ်

ကျန်ရှိနေသေးသည့် အကျဉ်းသားများအား ထပ်မံစိစစ်လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မစ္စတာကွင်တားနားနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့အပတ်က NLD ဘက်က စာရင်းပေးထားတဲ့အထဲက ကျန်နေသေးတယ်လို့ပြောတယ်။ ကျန်နေသေးတဲ့သူက အခြားပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခံထားရတဲ့သူတွေပါ။ ဒါပေမဲ့ ထပ်ပြီးတော့ ကျန်နေသေးတယ်ဆိုရင် သက်ဆိုင်ရာက စိစစ်ပြီး ဆောင်ရွက်ပေးပါလိမ့်မယ်”ဟု ၄င်းက ပြောကြားခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူများကို NLD မှ စာရင်းပေးသွင်းရာတွင် လူဦးရေ ၄၀၆ ဦးရှိပြီး ဇန်န၀ါရီ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေမှာ အဆိုပါစာရင်းမှ ၃၀၂ ဦးပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူလက်မှတ်ရေးထိုး


From : ခေတ်လူငယ်

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များကြီးကြပ်၍ ကရင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောဌေးမောင်(ခ) ဦးထိန်မောင် ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက် (၇)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကာ အပြန်အလှန် လဲလှယ်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော် သမ္မတက ပေးအပ်သော ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ဆန်အိတ် ၅၀၀ ကိုလည်းကောင်း၊ SkyNet ရုပ်သံဖမ်းစက်အစုံ ၂၀ ကိုလည်းကောင်း၊ အမှတ်တရ လက်ဆောင်များကိုလည်းကောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ပေးအပ်ကြရာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောဌေးမောင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်သူတွေလိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး (ပေးစာ - ၉၆)



ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလေ့လာ ကြည့်လိုက်ရင် အစိုးရအဖွဲ့သက်တမ်း (၁၀)လအတွင်း ထင်သာမြင်သာရှိတဲ့ အဓိကအချက်(၃)ချက် ရှိနေပါတယ်။ ဒီ(၃)ချက်ကတော့ ဒေါ်စုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံပြီး ပါတီနိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်း၊ ယခင်ထောက်လှမ်းရေးဟောင်းများအပါအ၀င် အကျဉ်းသားများလွှတ်ပေးခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများ ပြုလုပ်နေခြင်းတို့ဖြစ်ပါတယ်။


အထက်ပါ(၃)ချက်အနက် ပါတီနိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်းနဲ့ အကျဉ်းသားများ လွှတ်ပေး ခြင်းဟာဆက်စပ်နေပြီး တိုးတက်ဖြစ်ပေါ်မှုတွေကို အမေရိကန်အပါအ၀င် နိုင်ငံတကာကအသိအမှတ်ပြုနေကြပါ တယ်။ ယခင်ကစစ်အစိုးရကိုဆန့်ကျင်ခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးကဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အဓိကတောင်းဆိုခဲ့တဲ့အချက်များဖြစ်ပါတယ်။ ဒီ အချက်(၂)ချက်ကို မထင်မှတ်လောက်အောင် ဦးသိန်းစိန်က လိုက်ရောမှုပြုခဲ့ပြီးနောက်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး/ ငယ်၊ အဖွဲ့အစည်းပေါင်းစုံရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအောင်မြင်ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးပဲဖြစ်လာပါတယ်။


ဒီအချက်ကတော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေသလို ပြည်သူအားလုံးက လိုလားတောင့်တနေတဲ့ ဆန္ဒအမှန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် သင့်နေတဲ့ နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေနဲ့ ဒီစစ်ပွဲတွေမှာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ဘက်နှစ်ဖက် စလုံးက စစ်သားတွေရဲ့ အလိုချင်ဆုံး၊ အဖြစ်ချင်ဆုံး အရာပဲဖြစ်မယ်လို့ ထင်ပါတယ်။
ဒါကြောင့်လည်း သမ္မတကြီးက သူ့ရဲဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ပြည်တွင်း/ ပြည်ပက အာရုံစိုက်လာနေတဲ့ ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်လျောမှုများစွာနဲ့ အကောင် အထည်ဖော်လျက်ရှိပါတယ်။ ညင်သာပျော့ပြောင်းစွာနဲ့ နိုင်ငံရေးဖြေလျော့မှုများ လုပ်နေသလို သဘောထား ကြီးကြီးနဲ့ စစ်ရေးအရှိန်မမြင့်တက်အောင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ဆက်ဆံနေတာ မြင်တွေ့ နေရပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ နိုင်ငံရေးနဲ့ စစ်ရေးဆက်စပ်နေတာကြောင့် စစ်ရေး အရှိန်လျော့ပြီး နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့အတွက် တပ်မတော်ရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးလာပါတယ်။


မြန်မာနိုင်ငံရဲ့ ပကတိလိုအပ်ချက်အရ တပ်မတော်ဟာ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ရမယ် ဆိုတဲ့အချက်ဟာ လက်ရှိကာလမှာ မှန်ကန်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာနိုင်ငံရေးလေ့လာသူများက ထောက်ပြပြောဆိုလျှက်ရှိပါတယ်။ နိုင်ငံရေးကဏ္ဍမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခွင့်ပြုချက်အရ တပ်မတော်သား ကိုယ်စားလှယ်တွေဟာလွှတ်တော်မှာ(၂၅)%ပါဝင်ရခြင်းအကြောင်းအရင်းကဒီမိုကရေစီနိုင်ငံတော်သစ်မှာပြည်သူ များတည်ငြိမ်အေးချမ်းရေး အတွက်ဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။


အလားတူပဲ စစ်ရေးကဏ္ဍမှာလည်း နိုင်ငံတော်အေးချမ်းသာယာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ ပြည်နယ်အဆင့် သဘောတူညီချက်ရယူပြီး ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးထားတဲ့ဒေသတွေမှာ တပ်မတော်စစ်ကြောင်းတွေက နှစ်ဘက်ငြိမ်းချမ်းရေးအဖွဲ့များရဲ့ သဘောတူညီချက်အတိုင်း အပစ်အခတ်များရပ်ဆဲထားပြီး တည်ငြိမ်အေးချမ်းရေးကိုဆောင်ရွက်ပေးတယ်လို့ ဆိုပါ တယ်။
ဒါ့အပြင်သမ္မတကြီးက ခုခံတိုက်ခိုက်ခြင်းကလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဖို့ အမိန့်ပေးထား လို့ တပ်မတော်အနေဖြင့် “တစ်နိုင်ငံလုံးအတွင်းတွင် ပစ်ခတ်တိုက်ခိုက်မှုရှောင်ရှားပြီး လုံခြုံရေးနှင့်ကာကွယ် ရေးအတွက် ပုံမှန်တပ်လဲလှယ်ခြင်း၊ အဆိုပါလှုပ်ရှားဆောင်ရွက်ရာမှာ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ လုပ်ဆောင်နေခြင်းမျိုးသာ ဆောင်ရွက်လျှက်ရှိကြောင်း” ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ဇန်န၀ါရီလ(၃၀) ရက်နေ့က တောင်ငူမြို့မှာ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။



ဒီလိုပြောကြားချက်ကိုကြည့်ခြင်းအားဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ကို လိုက်နာကြောင်းနဲ့ တပ်မတော်ဟာလည်း ကြံ့ဖွံ့အစိုးရ အပေါ်သစ္စာစောင့်သိနေတယ်ဆိုတာ နိုင်ငံတကာကို အချက်ပြ လိုက်တာ ဖြစ်နိုင်ပါတယ်။


ဒါအပြင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဇန်န၀ါရီလ ဆန်းက ထိုင်းနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ တွေဆုံစဉ်မှာ “မြန်မာအစိုးရသစ်အနေဖြင့် ဖြေလျော့မှုများစွာဖြင့် ဒီမိုကရေစီစနစ် အောင်မြင်အောင် ဖော်ဆောင်လျှက်ရှိကြောင်း၊ နောက်ကြောင်း ပြန်လှည့်ရန် မရှိပါကြောင်း” ပြောဆိုပြီး တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို အတိအလင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

စောင့်ကြည့်လေ့လာသူများရဲ့အဆိုအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်သူဖြစ်ပြီး ငယ်စဉ်က ရုံး ၊ ဌာနကြီးများမှာ တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိပေမယ့် တပ်မမှူး၊ တိုင်းမှူး၊ ကစထမှူး တာဝန်ယူ ချိန်မှာ သူကိုယ်တိုင် စစ်စည်းကမ်းကို တိကျစွာလိုက်နာပြီး လက်အောက်ကိုလည်း တင်းတင်းကြပ်ကြပ်၊ ပြတ်ပြတ် သားသား အရေးယူကြောင်း၊ နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မယ် ဆိုတဲ့ခံယူချက်နဲ့ အမိန့်နာခံ တတ်မှုကြောင့် ဦးသန်းရွှေ စိတ်ကြိုက်ရွေးချယ် တာဝန်ပေးအပ်ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လဲ ဦးသန်းရွှေရဲ့ လောင်းရိပ်အောက်မှာမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးရပြီး မကြာမီမှာ ထိပ်တန်း ဗိုလ်ချုပ်(၂)ဦးနဲ့ တိုင်းမှူး(၁)ဦးတို့ကို စစ်စည်းကမ်းမလိုက်နာမှုဖြင့် အရေးယူခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

နေပြည်တော်စစ်ရုံး အသိုင်းအ၀န်းကလာတဲ့ သတင်းများအရ ပြီးခဲ့တဲ့လေးလပတ်အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တိုင်းမှူး၊ တပ်မမှူးတွေကို အလုပ်တာဝန်ကျေပွှန်မှုကို သစ္စာရှိမှုနဲ့ သက်သေပြဖို့ လိုကြောင်း၊ အမျိုးသားရေးတာဝန်ကို တပ်မတော်မှထမ်းဆောင်ရာမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒအတိုင်းလုပ်ရမှာ ဖြစ်ကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ အပစ်ရပ်စဲရေးကိစ္စများမှာ အထက်ကအမိန့်ကို တိကျစွာလိုက်နာရန် လိုကြောင်း သတိပေးမှာကြားခဲ့တယ်လို့သိရပါတယ်။

ဒီလိုမှာကြားချက်ကို ကြည့်ခြင်းအားဖြင့် တပ်ချုပ်ကြီးရဲ့ ပင်ကိုယ်သဘောသဘာဝအရ သစ္စာရှိရှိ အမိန့် နာခံတတ်သူဖြစ်လို့ လက်တလောကာလမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အနေနဲ့ တပ်မတော်အပေါ် သြဇာ သက်ရောက်မှုရှိနေဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ယူဆကြပါတယ်။

ဒါ့အပြင်ကြံ့ဖွံ့အစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူအုပ်စု (Hard Liner)နဲ့ သဘောထား ပျော့ပြောင်းသူ အုပ်စု (Solf Liner) ဆိုပြီး အကွဲအပြဲဇာတ်လမ်းမှာ တပ်မတော်အနေနဲ့ ဘယ်ဖက်မှာရှိလဲဆိုတာ အကဲဖြတ်ရခက် နေတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့လည်း အချို့မီဒီယာများကတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကို ပါဝါတွေနှိုင်းယှဉ်ပြပြီး တပ်မတော်နှင့် အစိုးရအဖွဲ့အကြား သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှောင့်နှေးကြန့်ကြာအောင် ရေးသားဖော်ပြနေတာလဲ တွေ့ရှိရပါတယ်။

ယနေ့အထိလဲ ကချင်ပြည်နယ်အတွင်းမှာ နေ့စဉ်တိုက်ပွဲများဖြစ်နေဆဲမို့ သမ္မတကြီးရဲ့အမိန့်ကို တပ်မတော်ကမလိုက်နာဘူးလား၊ ဘက်နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အဖွဲ့တွေရဲ့ တာဝန်ခံမှု အပိုင်းက ဘယ်လောက်ထိမြေပြင်ကို သြဇာသက်ရောက်မှုရှိလဲဆိုတာမေးစရာဖြစ်လာပါတယ်။




စစ်ရေးအကဲခတ်များရဲ အဆိုအရ တပ်မတော်က သမ္မတအမိန့်ကိုလိုက်နာရန် ပျက်ကွက်တာမဟုတ်ဘဲ သမ္မတထုတ်ပြန်တဲ့ အမိန့်မှာကိုက ခုခံတိုက်ခိုက်ခြင်း မှအပထိုးစစ်ဆင် တိုက်ခိုက်ခြင်းရပ်စဲရန်လို့ ဖော်ပြထား ကြောင်း၊ ကချင်ဒေသက မြင်တွေ့ကြားသိချက်များအရ သမ္မတရဲ့အမိန့်ထုတ်ပြန်ပြီးနောက်မှာ အစိုးရစစ်တပ်က စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်ခြင်းမရှိပဲ သူတို့ရဲ့ အဓိက မဟာဗျူဟာ လမ်းကြောင်းတွေ အပေါ်မှာသာ လမ်းကြောင်းရှင်း တိုက်ပွဲတွေဖြစ်နေကြောင်းနဲ့ ဒီနေ့အထိ တိုက်ပွဲများဖြစ်နေရတဲ့ အကြောင်းအရင်းက နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတွေမှာ အပြန်အလှန်ယုံကြည်မှုမရ သေးလို့ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးချိန်မှာ ပမာဏငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး မည်သို့ပင်စကားလုံးတွေ သုံးနှုန်းစေကာမူ နောက်ကွယ်မှာ ညှိနှိုင်းလို့မရတဲ့ နိုင်ငံရေး အယူအဆနဲ့ ရယူလိုတဲ့ အခွင့်အရေးများရှိနေရင် စစ်ရေးအရှိန် လျော့ကျနိုင်ဖွယ်မရှိဘူးလို့ ဝေဖန်ပြောကြားလျက် ရှိပါတယ်။


ပြည်သူတွေလိုလားတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးသမားတွေရဲ့ စကားလုံးလှပဖို့ထက် စစ်ရေး သမားတွေရဲ့ လက်နက်များက ယမ်းခိုး၊ ယမ်းငွေ့များမထွက်ဖို့လိုပါတယ်။ ဒါကြောင့် အပြန်အလှန်ယုံကြည်မှုရှိပြီး နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းစွာ စဉ်ဆက်မပြတ်ဆွေးနွေးပွဲများလုပ်ဆောင်သင့်ပါကြောင်း အကြံပြုပါရစေ။ (ဆောင်းပါးရှင် တိမ်လွှာ)


Myanmar Express

ကျပ်သုံးသိန်းအောက် GSM ဖုန်း ဓာတ်ပုံများပါ ပို့နိုင်မည်



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုတို့ ပူးပေါင်းကာ
လာမည့် မတ်လတွင် ထုတ်လုပ်ရောင်းချမည့် ကျပ်သုံးသိန်းအောက် GSM
ဖုန်းများတွင် ဓာတ်ပုံများ ပို့ခြင်း၊ အသံများပို့ခြင်း၊ ဗီဒီယိုဖြင့်
အပြန်အလှန် စကားပြောခြင်းစသည့် စနစ်များ ပါဝင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး
ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်က ပြောကြားသည်။
ယင်းစနစ်ကို MMS (Multimedia Messaging Service) ဟု ခေါ်ပြီး
နိုင်ငံတကာတွင် အသုံးပြုနေပြီဖြစ်ရာ ယခု တန်ဖိုးနည်း
ဖုန်းများရောင်းချပြီး ခြောက်လကြာအတွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။ ယင်းစနစ် အသုံးပြုနိုင်ရန် လတ်တလော အချက်အလက်များ
လွှဲပြောင်းပေးနေသည့် Microwave စနစ်ဖြင့် မလုံလောက်သဖြင့်
ဖိုက်ဘာကေဘယ်လ်ဖြင့် ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဖိုက်ဘာဆက်ကြောင်း ဆိုင်ရာ အဝေးဆက်သွယ်ရေး
ဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ “ဓာတ်ပုံတွေပါ
ပို့လို့ရမယ် ဆိုတော့ ကောင်းတာပေါ့။ အချင်းချင်း ဆက်သွယ်ရတာ
ပိုအဆင်ပြေတာပေါ့” ဟု Mobile Developer သင်တန်း တက်ရောက်နေသူ တစ်ဦးက
ပြောဆိုသည်။

Myanmar Express

ကုလသမဂ္ဂ ထိပ်တန်းအရာရှိကြီးများပါဝင်သော နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပမည်


From : ခေတ်လူငယ်

ကုလသမဂ္ဂမှ ထိပ်တန်းအရာရှိများစွာပါဝင်သော စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲကြီးတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်ရှိ MICC (Myanmar International Convention Center) တွင် ကျင်းပသွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးမှ သိရသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲအတွက် UN မှ တာဝန်ရှိသူများက ပြည်တွင်းရှိ အဝေးပြေးကားဝန်ဆောင်မှု လုပ်ငန်းစုကြီးများထံတွင် အဆင့်မြင့်ကားကြီးများ လိုက်လံငှားရမ်းမှုများ ရှိခဲ့သည်ဟု သိရသည်။ “ဖေဖော်ဝါရီလ ၁၂ ရက်အတွက် ကားကြီးတွေ လာပြီးငှားနေတယ်။ အသက် အာမခံကိစ္စတွေရော၊ အာမခံမျိုးစုံအတွက်ပါ စုံစမ်းကြတာ” ဟု JJ Express မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “လာမည့် ၁၃ ရက်က နေ ၁၆ ရက်အထိ အလုပ်ရုံဆွေးနွေးပွဲကြီး တစ်ခုရှိတယ်။ နေပြည်တော် MICC မှာ လုပ်မှာ။ UN က အရာရှိကြီး တွေလာကြမယ်” ဟု UN ၏ အရာရှိတစ်ဦးဖြစ်ခဲ့ဖူးသူ ပါမောက္ခ ဒေါက်တာတင်မြင့်ဦးက ပြောကြားသည်။ “ဘန်ကီမွန်း ပါ မပါတော့ မသိဘူး။ UN ရဲ့ အကြီးအကဲတွေ ပါလာမယ်လို့ပြောတယ်။ စာတမ်းဖတ်ပွဲက သုံးရက်၊ အလုပ်ရုံဆွေးနွေးပွဲက တစ်ရက်ကြာမယ်။ မြန်မာနိုင်ငံဘက်က အစိုးရဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ နိုင်ငံရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေပါ လာမယ်။ ဆရာကိုယ်တိုင်လည်း Workshop တစ်ခုကို ဦးဆောင်ပြီး လုပ်ပေးရဦးမယ်” ဟု UN ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထာပါသည်။

Myanmar Express

အမေကျော် ဒွေးတော် မလွမ်းမိကြစေဖို့ (ပေးစာ - ၉၅)

ကဗျာရဲ့ နာမည်က “သာသည့်မြေ..သို့ ” ပါ။ ဖတ်ဖူးတဲ့ လူတွေလည်းရှိမှာပါ...ပြန်ဖတ်ရတာပေါ့...မဖတ်ဖူးသေးတဲ့ သူငယ်ချင်းတွေလည်း ဖတ်ဖူးပြီးသားဖြစ်သွားတာပေါ့..

“သာသည့်မြေ..သို့”

အလှထူးပါဘိ

မြဖူးပြာအငုံနဲ့

လွှာရုံမှာ ညှာစုံကျင်းရော့ထင်

ဖြူဝင်းငွေမှုန်လွှာတို့

လေယူရာ ရနံ့ညှင်း

သင်းပျံ့ ခဲ့ သူခြံမှာ..။

ငါ့ခြံကြည့်ပြန်တော့

မချိပူပွေပြာခဲ

မြေပြာမှာ နေစာတောင်မတင့်နိုင်ဘု

ကြည်စရာ နီဝါတွေလည်းမပွင့်လေတော့...

စိမ်းရင့်ရောင် နွယ်ခြုံဖုတ်တွေက

ရှုပ်ထွေးကာ လိမ်ခွေယှက်..

အားပျက်စရာ..။

သူ့စခန်း

သာဆန်းရဂုံသွင်မို့..

ငါလှမ်းကာခိုဝင်လို့..

ပြာငွေစင်ကြိုင်ပျံ့ ရှားပါတဲ့

ပွင့်ငုံဆင် ပင်တွေကြားမှလ

လျှောက်သွားကာ ပျော်လိုလှပါဘိ

မြရောင်စို သည်မြေခင်းရယ်နဲ့

ညှင်းလေခို သစ်ညိုရိပ်မှာဖြင့်

လျောင်းအိပ်လို့ တကိုယ်သာ

ရွှင်ပါချင် စိတ်ထဲ..။

သို့လည်းလေ

မသင့်လျော်ပေဘု

ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း

လှလေသည် သာစခန်းပေပေါ့

စိတ်ပန်းကို သည်လိုဖြေလို့ 

ကျက်သရေ တက်နေဝင့်အောင်လ

ငါ့ခြံမြေ အခြေမြင့်ချင်ငဲ့

သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်

ငါ့မြေမှာ နီဝါတင့်ရမပေါ့

အခွင့်အခါမျှော်လို့ 

ဥယျာဉ်တော် သာယာရေးကိုလ

ရှုမြင်မျှော် ခါခါတွေးပါလို့..

မနှေးပင် အားအင်ထုတ်လို့ရယ်..

ပေါင်းနှုတ်ဖို့  ခဲ..။

(ငွေတာရီ)

ဆရာမကတော့ ခြံကလေးနှစ်ခြံအကြောင်း ရေးတာပါ..ဒါပေမယ့် ကျွန်တော်တို့ အများကြီးတွေးယူလို့ရပါတယ်...လူတွေ တော်တော်များများ သူများနိုင်ငံဆိုရင် အထင်ကြီးတတ်ကြပါတယ်..မင်းရော အထင်မကြီးဘူးလားးလို့ မေးရင် ကျွန်တော်လည်း အထင်ကြီးပါတယ်..တဆက်တည်း သူများနိုင်ငံကို အထင်ကြီးပြီး ကိုယ်နိုင်ငံကို အထင်သေးတာတော့ မဟုတ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်..တစ်ချို့လူတွေ က သူများတိုင်းတပါးမှတိုင်းတပါး ကိုယ့်နိုင်ငံက ဘာဆို ဘာမှမကောင်းတော့တဲ့ ပုံစံနဲ့ အဲလောက်ကြီး အစွန်းရောက်သသွားတာတော့ မကောင်းဘူးပေါ့ အခုကျွန်တော် တို့နိုင်ငံက နိုင်ငံတော် သစ်ကြီးဆီ သို့ ဦးတည်နေပြီလို့ ပြောလို့ရတဲ့ အနေအထားရောက်နေပါပြီ.အဲဒီအချိန်မှာ ကျွန်တော်တို့ နိင်ငံသားတွေကလည်း အခန်းကဏ္ဍ တစ်ခုက အရေးပါလာပြီ...အုပ်ချုပ်သူကြီး ဘယ်လောက်ကောင်းကောင်း ကိုယ်နိုင့်ငံသားတွေကမှ ကိုယ့်နိုင်ငံကို အထင်မကြီး တန်ဖိုးမထားကြရင် အဲဒီနိုင်ငံက ဘယ်တော့မှ မတိုးတက်ပါဘူး..ဗိုလ်ချုပ်အောင်ဆန်း အဓိက မှာသွားတာကလည်း နိုင်ငံသားတွေ အလုပ်လုပ်ဖို့၊ ကြိုးစားကြဖို့ပါဘဲ..အခု ကျွန်တော်တို့တစ်တွေ နိုင်င့ခြားမှာ ကျွန်လာခံနေကြတယ်ဆိုတာ..ကိုယ့်နိုင်ငံကို အထင်သေးလို့ မဟုတ်ပါဘူး..ကျွန်တော်ထင်တယ်.ဒီကိုရောက်နေကျတဲ့.တော်တော်များများ လူငယ်တွေက မြန်မာပြည်မှာ ဟိုမရောက် ဒီမရောက် လူတွေပါ..ကျွန်တော်တို့သာ ပညာထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့မယ်ဆိုရင် အခုလို့ သူများနိုင်ငံကို အောက်ကျနောက်ကျ လာပြီး အလုပ်လုပ်နေစရာ မလိုပါဘူး..မြန်မာပြည်မှာ ကျွန်တော်တို့အရွယ်တွေ လစာ ကျွန်တော်တို့ နီးပါးရနေတဲ့ လူငယ်တွေ အအများကြီးပါ ဆရာမရဲ့ ကဗျာထဲက လို ပေါင်းနှုတ်ဖို့ မခဲနိုင်ကြရင်တောင် ကိုယ်နိုင်ငံကို အထင်မသေးကြဖို့..အမေကျော်ပြီး ဒွေးတော် မလွမ်းမိကြစေဖို့..


အမေကျော် ဒွေးတော်လွမ်းကာ စင်္ကာပူ၊ ဂျပန် သို့ထွက်သွားကြသူ မြန်မာပြည်ပေါက် နိုင်ငံခြားသားများ


ကျွန်တော် သိသလောက်လေး ကောင်းကင်က မောင်နမတွေ ကို ကဗျာလေး လက်ဆောင်ပေးရင်းနဲ့ အသိပေးတာပါ..နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီး တိုးတက်ဖို့ ကျွန်တော်တို့ ပြည်သူ(လူငယ်) တွေ အနေနဲ့ ဘာတွေ လိုအပ်သလဲ ဆိုတာ ဆရာဇော်ဂျီရဲ့ “အို..တက်လူတို့ ” ဆိုတဲ့ ကဗျာရဲ့ နောက်ဆုံးအပိုဒ်လေးကို ရေးပြီး ကျွန်တော်ရဲ့ စာကို အဆုံးသတ်ပါရစေ...ရေတတ်လို့တော့ မဟုတ်ပါဘူး..အမှားးပါရင်ခွင့်လွတ်စေချင်ပါတယ်...ကောင်းကင်မောင်နှမများကို ထာဝရ လေးစားလျက်..





....“ အဟောင်းပျက်လျှင် အသစ်ပြင်လော့..

အမြင်ကျယ်၍ ပညာမွေ့ လော့

ကနေ့လူငယ် နောင်ဝယ်လူကြီး

သင်လည်းတစ်ဦး သားထူးသားမြတ်

ဖြစ်အပ်ရာသည် စိတ်ကရည်၍

ငုိမည္မတ သခါၤရ ဟု စိတ္ကမေစာ

လောလောဆယ်ဆယ် ဒုက္ခနယ်ကို

ကယ်တင်နိုင်ကြပါစေသတည်း..။

(ဇော်ဂျီ)

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ....

Myanmar Express

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား


From : popular

စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေ သူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်းခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစ ကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။ ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက် ၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိ ခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။ တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော်တော်အောက်တန်း ကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွားနိုင်တဲ့ အမှုတစ်ခုဖြစ်တဲ့ အတွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ