Subscribe to our RSS Feed

အော်ကြမယ် ဖော်ကြမယ် - ၁၂ (အရိုးတွန်သံများ (၇)

From : Maung Maung One


ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။ “ စစ်ထောက်လှမ်ရေးတွေ ကြောင့် ကျောင်းသားတွေ တောခိုကြတယ်။ မဖြစ်သင့်တာတွေဖြစ်ခဲ့ ကြုံခဲ့ကြတယ်။ ဒါတွေအားလုံးဟာ ရှင်တို့ကြောင့်ဖြစ်တာဖြစ်တယ်” လို့ ဆိုခဲ့ကြပါတယ်။ ပြောချင်တာက ကိုယ့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ့်ဘာသာနာမည်ဖျက်ဖို့ ကြိုးစားချင်တယ် ဆိုရင် ၊ ၁၉၉၃ ခုနှစ်ကတည်းက စစ်ထောက်လှမ်းရေးတွေပေးတဲ့အကူအညီကိုယူပြီး လုပ်လို့ရပါတယ်။ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု သမိုင်းကို မသိတဲ့တချို့သော ( လက်ချိုးရေ လို့ရတဲ့) သူတချို့က “ ရန်သူ့လူတွေဟာ သမိုင်းကို ဗြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ်” ဆိုတသွေးရူးသွေးတန်း စကားတွေကို လှုံ့ဆော်ကြည့်ပါတယ်။ မြောက်ပိုင်းလူသတ်မှုကြီးကို နဂိုကတည်းက ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ သမိုင်းက ဆုံးဖြတ်ပြီးသားပါ။ ဥာဏ်ရှိတဲ့သူတွေက ဒီ အစုလိုက်အပြုံလိုက်လူသတ်မှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ဆိုတာသိလို့ ငြိမ်သက်နေကြတယ်။ လက်ဝင်မလျှိုကြဘူး။ ဥာဏ်မမှီတဲ့သူတွေသာ အဖွဲ့အစည်းကို ချစ်ဟန်ဆောင်ပြပြီး လက်ဝင် လျှိုတယ်။ ကျောခြင်းကပ်ကြမယ် ဘာညာအော်နေကြတာ။ ကျောခြင်းကပ်ချင်သူများရဲ့ အရည်အချင်းတချက်လောက်ကြည့်ပါရစေ။ သမိုင်းဆိုးနဲ့အတူ မြေမြှုပ်ပေးလိုက်ပါ့မယ်။

လူသတ်မှုမှာ အဓိကတာဝန်ရှိသူတွေက သူတို့ကိုယ်တိုင်မဖြေရှင်းရဲ တဲ့အခါ ABSDF ခေါင်းစဉ်ကို အကာအကွယ်ယူပြီး ကွေ့ဝိုက် ပြောဆိုဖို့ကြိုးစားတယ်။ ရန်သူဘက်က လူတချို့ကတော့ လူတစုရဲ့ ယုတ်မာမှုကို အကြောင်းပြပြီး ABSDF ကို တိုက်ခိုက်ဖို့ကြိုးစား ကြတယ်။ ဒီလုပ်ရပ်နှစ်ခုလုံးကို ကျနော်တို့က သတိရှိဖို့လိုပါတယ်။ ကာယကံရှင်တွေဟာ သတ္တိရှိရှိ မဖြေရှင်းသရွေ့ အနာဂတ်မှာ ပိုမို မဲမှောင်တဲ့ လမ်းကြောင်းကိုသာတွေ့ရလိမ်မယ်။ တောင်ပြိုနေတာ၊ လက်ဖဝါးနဲ့ကာဖို့ မကြိုးစားစေချင်ပါ။

တကယ်တော့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေဟာ သူတို့အဖွဲ့အစည်းရဲ့အလံတော်ကို သိက္ခာရှိရှိလွှင့်တင်ချင်လို့ ပုဂ္ဂိုလ်ရေးစာတွေပို့ ဖြေရှင်းခိုင်းနေတာ နှစ်ကြာနေပါပြီ။ ခေါင်းဆောင်လုပ်ခဲ့သူတွေက တာဝန်မဲ့လုပ်၊ ခံစားမှုမဲ့လုပ်ခဲ့ကြလို့ အခုလို အဖြစ်ဆိုးကြီးဟာ အပြင်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ ခုချိန်ကျမှ ဘာလို့အရှိန်ပြင်းပြင်းဖောက်ခွဲကြသလဲဆိုရင် အဓိက အချက် (၃) ချက်ရှိပါလိမ့်မယ်။

(က) ရော်နယ်အောင်နိုင်ရဲ့ မဆင်မခြင် အင်တာဗျူးများ (ခ) ကိုထွန်းအောင်ကျော် တို့တတွေ ကျဆုံးခဲ့တာ အနှစ် (၂၀) ကြ (ဂ) ABSDF( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းတဲ့အခါ လူသတ်သမား လှဆိုင်း တို့တတွေ ပြန်ပါနေတယ်

စိတ်ကူးမယဉ်စေချင်ပါဘူး။ အပြစ်မဲ့ကျောင်းသားတွေကို လည်မျိုကိုခုတ်ဖြတ်သတ်ခဲ့သူတွေဟာ တော်လှန်ရေးသမားတွေ မဖြစ်နိုင်သလို၊ သမိုင်းဆိုတာ အချိန်တန်ရင် နေရာမှန်ကို ပြန်ရောက်သွားတဲ့ ကိစ္စတခုပဲဖြစ်ပါတယ်။ ABSDF ( မြောက်ပိုင်း) မှာ တာဝန်ထမ်းခဲ့ပြီး ကြောက်မက်ဘွယ်အဖြစ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့တဲ့ “ရဲဘော်ကျော်ခိုင်ဝင်း” က ၂၀၀၈ ခုဝန်းကျင်မှာ စာနှစ်စောင်ရေးဖွင့်ဟခဲ့တယ်။ ကာယကံရှင်တွေက ဘာမှ အကြောင်းမပြန်ခဲ့ဘူး။ ဖတ်ကြည့်ကြပါ မိတ်ဆွေ တို့..

ကိုအောင်နိုင်

ကျနော် ကျော်ခိုင်ဝင်း ပါ။ ကိုအောင်နိုင် မှတ်မိနေလိမ့်မယ် လို့ လုံးဝယုံကြည်ထားပါတယ်။ ကျနော်တို့ တောမခိုခင် မန္တလေး (အနကလ)၊ မိုးညှင်း (အနကလ) နဲ့ အမရပူုရ(အနကလ) မှာ အတူတူလှုပ်ရှားခဲ့တာတွေ၊ ကျနော် တောခိုမဲ့ညက ကိုအောင်နိုင်ရယ်၊ ကိုစိုးလင်းရယ်၊ ကိုမြင့်ကျော်ရယ် မန္တလေးမြောက်ပြင်က ကိုမြင့်ကျော် တို့ ဦးလေးအိမ်မှာ နောက်ဆုံးအိပ်ခဲ့ကြတာကို ကိုအောင်နိုင် မှတ်မိပါလိမ့်မယ်။ ကိုအောင်နိုင် ကို ကျနော်အရမ်းစကားပြောချင်ပါတယ်။ မေးလဲမေးစရာရှိပါတယ်။ တတ်နိုင်ရင် ကျနော့ကို ဆက်သွယ်ပေးပါ။ ကိုအောင်နိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာကို၊ သူတို့ရဲ့ ခံစားမှုတွေကို ညှာတာထောက်ထားစွာဖြင့် ကျနော်တို့နဲ့ရင်ဆိုင်ဖြေရှင်းပေးပါခင်ဗျား။

ကိုအောင်နိုင် ပြောသလို၊ သူတို့ဟာ ထောက်လှမ်းရေးတွေပါဆိုရင် ဘာလို့ ဘိုဘို ( မိုးကျော်သူ) ကို စစ်အစိုးရက ထောင်ဒဏ် အနှစ် (၂၀) ချထားရတာလဲ။ ကိုရာပြည့် ဘာလို့ထောင်ထဲမှာ အသေဆိုးနဲ့သေခဲ့ရတာလဲ။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဗိုလ်အဆင့် သတ်မှတ်ထားတဲ့ နန်းအောင်ထွေးကြည် အခုထိ မြန်မာနိုင်ငံပြန်လို့မရတာလဲ။ ဖိုးကျော် ( မြွေဟောက်) တို့ ဒုက္ခသည်စခန်းကို ပြန်ရောက်လာရတာလဲ။ ကိုရဲလင်း ဘာလို့ ထောင်ထဲပြန်ရောက်သွားရတာလဲ။ ကိုထိန်လင်း ဘာလို့ထောင်ထဲထည့်ခံရတာလဲ။ ကျနော်လည်း မြန်မာနိုင်ငံမှာ ရှိတုံးက ခရီးထွက်တိုင်း ဘာလို့ ထောက်လှမ်းရေးကို သတင်းပို့နေရတာလဲ။ ဒါတွေအားလုံးပြောနေရင် ကုန်မှာလဲမဟုတ်ပါ။

ကိုအောင်နိုင် ပါးစပ်က ပြောနေတဲ့ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရ၊နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အစိုးရတောင်မှ ကိုအောင်နိုင်တို့လို လူသားတယောက်အပေါ် မရက်စက်ခဲ့ပါ။ မညှင်းဆဲခဲ့ပါ။ မနှိပ်စက်ခဲ့ပါ။ လူ့အခွင့်အရေး မချိုးဖောက်ခဲ့ပါဘူး။ အစုလိုက်အပြုံလိုက်၊ လည်ပင်းကို ဓါးနဲ့ခုတ်ဖြတ် မစီရင်ခဲ့ပါဘူး။ အမျိုးသမီးတယောက် ( မခင်ချိုဦး) က သတ်ခံကာနီး သိုယိုတောင်းပန်တာတောင် ကိုယ်တုံးလုံးကို ရဲဘော်တွေအားလုံးရှေ့မှာ ချွတ်ပြီး မပစ်သတ်ခဲ့ပါဘူး။ ကိုကျော်ဝေ လို ထင်းတုံးပေါ် ခေါင်းတင်ပြီး ခုတ်ဖြတ်မသတ်ခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်ရဲ့ ဗိုက်ပေါ်ကို ရင်ဘောင်ကြမ်းတင်ပြီး မီးမရှို့ခဲ့ပါဘူး။ ဘိုဘို လိုမျိုး နှာခေါင်းကို သံချိတ်နဲ့ချိတ်ပြီး နိုင်ငံရေးသမားတွေကို မစစ်ဆေးခဲ့ပါဘူး။ စစ်ကြောရေးမလုပ်ခဲ့ပါဘူး။ ရေခဲနေတဲ့ လိုင်စ် ( ပါဂျောင်) လို နေရာမျိုးမှာ မြေကြီးထဲကို ကိုယ်တကိုယ်လုံးမြှုပ် တညလုံးခေါင်းလေးပဲဖေါ်ပြီး မစစ်ဆေးခဲ့ပါဘူး။ နှိပ်စက်တာတွေ ပြောရင်ကုန်မှာ မဟုတ်ပါ။ ကျနော် လောဘတကြီး နဲ့ ကိုအောင်နိုင်ကို တောင်းဆိုနေတာ မဟုတ်ပါ။ အေဘီ ရဲဘော်တွေ အားလုံးရဲ့ ဂုဏ်ကို ငဲ့ညှာသောအားဖြင့် မှားခဲ့ပါတယ် လို့ ကိုအောင်နိုင် ပါးစပ်ကနေ ဝန်ချတောင်းပန်တာလေးတခုကိုပဲ အားလုံးက ကြားချင်နေကြတာပါဗျာ။ ဝန်ခံပေးပါ ကိုအောင်နိုင်။ မှားခဲ့တယ်။ အဖွဲ့အစည်းအတွက် မှားခဲ့ပါတယ် လို့ ဝန်ချတောင်းပန်ပေးပါ ကိုအောင်နိုင်။ နောက်မှ စာဆက်ရေးပါအုံးမယ် ကိုအောင်နိုင်

သင့်ရဲ့ ရဲဘော်ဟောင်း ကျော်ခိုင်ဝင်း

ခေတ္တ ကိုရီးယား + ၈၂ ၁၀ ၃၅၁၁ ၁၁၃၉

+ ၈၂ ၇၀ ၈၁၈၂ ၀၃၆၀

ရဲဘော် ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ

ABSDF (NB) တွင်တာဝန်ထမ်းဆောင်စဉ်၊ ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင် တို့မှ ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့်တကွ၊ စစ်မှန်သော ကျောင်းသားရဲဘော်များအား အချင်းချင်းသုတ်သင်ရှင်းလင်းရက်စက်မှုများကာလ၊ ကိုယ်တွေ့မျက်မြင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

အေဘီတွင် ကိုသံချောင်း စစ်ရေးတာဝန်ခံ၊ ကိုမျိုးဝင်းအထွေအထွေအတွင်းရေးမှူး၊ အပတ်စဉ် (၅) သင်တန်းကာလတွင် တပ်တွင်းဆန္ဒပြမှုတရပ်ပေါ်ပေါက်ခဲ့ပါသည်။ တပ်တွင်းခေါင်းဆောင်များဦးဆောင်မှုညံ့ဖျင်းသည့် အဓိကအကြောင်းအရာဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်း၊ ကိုညီဂျော် စသည့် ကျောင်းသားခေါင်းဆောင်များ ရောက်ရှိလာပြီး ထိုရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များအား တပ်တွင်းရှိရဲဘော်များက အားပေးထောက်ခံကြပါသည်။ ထို့နောက်တပ်တွင်းခေါင်းဆောင်နေရာများအတွက် ရွေးကောက်ပွဲလုပ်ပြီး ခေါင်းဆောင်တင်ကြသည့်အခါတွင် ကိုမျိုးဝင်းသည် လူကြိုက်အနည်းဆုံးသူတယောက်ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး ကိုမျိုးဝင်း၏အတွင်းစိတ်တွင် အမှတ်အငြိုးတေးဖြစ်လာခဲ့ပါသည်။ သူ၏အာဏာပါဝါလျော့ကျသွားခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးဝင်းအား အသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်ဖွဲ့စည်းပုံတွင် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ခန့်လိုက်ခြင်းသည် ကျောင်းသားတပ်မတော်ပြိုကွဲရန် အောက်ပါဖြစ်ရပ်မှန် ရက်စက်မှုများ၏ အစပင်ဖြစ်ပါတော့သတည်။

ထိုအသစ်ဖွဲ့စည်းသော ကျောင်းသားတပ်မတော်တွင် ကိုအောင်နိုင် သည် အဖွဲ့အတွက် အလွန်အရေးပါသော အထွေထွေအတွင်းရေးမှူးရာထူးကို လက်ခံရယူထမ်းဆောင်ခဲ့ပါသည်။ အထက်ပါကဲ့သို့ ဖွဲ့စည်းပုံအသစ်ဖြင့် ကျောင်းသားတပ်မတော်သည် အင်အားခိုင်မာကျစ်လစ်စွာ နယ်မြေခံလူထုအားပေးထောက်ခံမှု အားကောင်းစွာ အရှိန်အဟုန် ကောင်းနေစဉ်တွင် တပ်တွင်းရဲဘော်တယောက်ဖြစ်သော တပ်သားစိုးမင်းအောင် တပ်မှထွက်ပြေးခဲ့ပါသည်။ ထိုတပ်ပြေးစိုးမင်းအောင် အားတရုပ်ပြည် ရင့်ကျန်းမြို့တွင် ပြန်လည်ဖမ်းစည်းရရှိမိကာ ရိုက်နှက်နှိပ်စက် စစ်ကြောပြီး အစိုးရထောက်လှမ်းရေးဟု အတင်းအကြပ်ဝန်ခံခိုင်းခဲ့ပါသည်။ စိုးမင်းအောင်မှ တဆင့် ကျောင်းသားတပ်မတော်တွင်းရှိ အခြားသော ကျောင်းသားတပ်မတော် တွင်းရှိ အခြားသောကျောင်းသားများ၏အမည်ကို မေးကာ ထိုကျောင်းသားများသည်လည်းပဲ ထောက်လှမ်းရေးဖြစ်ပါသည်ဟု မဝန်ခံမခြင်း လူမဆန်စွာ လူ့အခွင့်အရေးကို အစွမ်းကုန်ချိုးဖောက်ကာ ကိုသံချောင်းနှင့် အပေါင်းပါများက သေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြပါသည်။ ထိုမှတဆင့် ကိုမျိုးဝင်းသည် သူ့အား အပတ်စဉ် (၅) သင်တန်းကာလဆန့်ကျင်ခဲ့သူများအားနှိပ်ကွပ်ရန် အကွက်မြင်သွားပြီး သူ့အား အတိုက်အခံလုပ်ခဲ့သူများကို ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး ပြောပြမကုန်နိုင်လောက်သော ညှင်းပမ်းနှိပ်စက်မှု မျိုးစုံဖြင့် သေသည်အထိလည်ကောင်း၊ မသေမရှင်ဖြစ်သည်အထိလည်ကောင်း၊ လူလုံးမလှတော့သည်အထိ လည်ကောင်း၊ ယုတ်စွအဆုံး မိန်းခလေးများဖြစ်သော အဖမ်းခံထောက်လှမ်းရေးဟု အစွပ်စွဲခံ မငယ် ( နန်းအောင်ထွေးကြည်)၊ မခင်ချိုဦး တို့၏ မိန်းမ အင်္ဂါထဲသို့ပင် ရှာဖွေစစ်ဆေးကာ အမျိုးသမီးတို့၏ အခွင့်အရေးကိုပါ ချိုးဖောက်ပြီး စစ်ကြောရေးကြီးကို စတင်ခဲ့ပါသည်။ ညှင်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ညှင်းပမ်း နှိပ်စက်ခံခဲ့ရသူများကို ကျွန်တော်သည် အောက်ပါအတိုင်း ကိုယ်တွေ့မျက်မြင် မိမိအရှေ့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်ကို နှိပ်စက်ခံရခဲ့သော လူအမည်များဖြင့်တကွ ဖေါ်ပြထားပါသည်။

ကိုထွန်းအောင်ကျော် ( မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

မောင်မောင်ကြွယ် ( ရန်ကုန်) ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသူ

အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

ကိုကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

ပည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

မငယ် (ခ) နန်းအောင်ထွေးကြည်၊ ရန်ကုန်

သူမ၏ ချောမောသော ရုပ်ရည် ပျက်စီးသည်အထိ မီးဖိုထဲမှ မီးစွဲလောင်နေသော ထင်းချောင်းဖြင့် မျက်နှာအား အထိုးခံခဲ့ရသည်။ သေဒဏ်စာရင်းတွင်ပါသော်လည်း ကံကောင်းထောက်မစွာ အသက်မသေခဲ့ပါ။

နန်းစော ( ဗန်းမော်)

သူမ၏ လက်မသည် ကျိုးကျေသွားပြီး ယ္ခုတိုင် ကွေးဆန့် မရတော့သည့်တိုင်အောင် ဝါးဆစ်ပိတ်ဝါးဖြင့် အရိုက်ခံခဲ့ရသည်။ ကိုအောင်နိုင် တို့ ထောက်လှမ်းရေးဟု စွပ်စွဲထားသော နန်းစော သည် ယ္ခုအခါ စက်တင်ဘာ အရေးအခင်းမှစပြီး လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြည်တွင်းတွင် မိန်းခလေးတန်မဲ့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ( ယ္ခုအခါ ထိုင်းနယ်စပ်သို့ရောက်ရှိနေပါပြီ)

ကိုထိန်လင်း ( ဟင်္သာတ)

ညလုံးပေါက် ရိုက်နှက်စစ်ဆေးပြီး အဆိပ်ရည် ပုလင်းထုတ်ပေးရန် စစ်ဆေးခဲ့၊ မိုးလင်းသောအခါ စစ်ဆေးတာ မခံနိုင်သဖြင့် သူပန်းချီဆွဲသောအခါ အသုံးပြုသော ပန်းချီဆေးရည်များကို ထုတ်ပေးခဲ့ရ၊ ထိုဆေးရည်များဖြင့် သူ၏မျက်နှာကို လောင်းချ သုတ်လိမ်းခံခဲ့ရ၊ ကိုယ်ပေါ်သို့လည်း လောင်းချခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်အစိုးရမှ ကိုအောင်နိုင်တို့ထောက်လှမ်းရေးဟု ယူဆခဲ့သူများကို ပြန်လည်ထောင်ချခဲ့ပါသည်။

ဘိုဘို (မိုးကျော်သူ)

နှာခေါင်းတွင် သံချိတ်ဖြင့် ချိတ်ဆွဲကာ အဖောက်ခံခဲ့ရ၊ ယခုအချိန်ထိ ကိုနိုင်အောင်တို့ထောက်လှမ်းရေးဟု အစွပ်စွဲခံရသော သူသည် မန္တလေး အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံထားရသည်။ ( ယခု ပြန်လည်လွတ်မြောက်လာပြီး ပြည်တွင်းတွင်)

အထက်ပါဖြစ်ရပ်များသည် ကျနော်ကိုယ်တွေ့မျက်မြင် ဖြစ်ခဲ့သော အဖြစ်အပျက်များဖြစ်ပါသည်။ မည်သည့်လူနှင့်မဆို ကျွန်တော်ကိုယ်တိုင်ရှင်းရဲပါသည်။ နေ့ရက်များကို အတိအကျမမှတ်မိသော်လည်း ကျနော်ရေးသောစာကို ကျနော်တာဝန်ယူပါသည်။ ထိုအဖြစ်အပျက်များအတွင်း ကိုအောင်နိုင်သည် ဥက္ကဋ္ဌ ရာထုးတာဝန်ယူပြီး ဖြစ်ပျက်ခဲ့သော်လည်း ကိုအောင်နိုင်ကို ကျနော်နားလည် နိုင်ခဲ့ပါသည်။ သူသည်လည်း အသက်ကို ဥာဏ်စောင့်ရမှာပေါ့ လို့ ပေါ့တွေးထားခဲ့ပါသည်။ အထက်ပါအဖြစ်အပျက်များကို မည်သူ့ကိုမှ မပြောတော့ပါ ဟု ဆုံးဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပါသည်။ ထိုသို့နေလာရာ တနေ့တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ ရော်နယ်အောင်နိုင်ဆိုသည့် သတင်းထောက်တယောက် ချင်းမိုင်မှ သတင်းပေးပို့ ဖတ်ကြားလိုက်သည်ကို ကြားလိုက်ရပါသည်။ အသံကို သိသည်။ ရင်းရင်းနှီးနှီးသိသည်ဟု မှတ်ထားလိုက်ပါသည်။ နောက်ပိုင်းတွင် စုံစမ်းကြည့်သောအခါ အေဘီ ( မြောက်ပိုင်း) မှ ကိုအောင်နိုင် ဖြစ်နေသည်ကို သိလိုက်ရပါသည်။ ထိုအချိန်အထိ ကျနော့စိတ်ထဲတွင် ကိုအောင်နိုင် အား နားလည်နိုင်ပါသည်။ စပ်ခွန်ကျော် လို့ ပင်ခေါ်ခေါ်၊ သံချောင်းပင်ဖြစ်ဖြစ်၊ မြင့်စိုး ပင်ဖြစ်စေ၊ အဖမ်းခံရသောအခါ ကိုအောင်နိုင်သည် လူတတ်ကြီးလုပ်ပြီး ကျောင်းသားတပ်မတော်အတွင်း အချင်းချင်းသတ်ဖြတ်ကြတုံးက ဥပဒေ တခုရှိပါတယ်။ ဘာလဲဆိုတော့ အဲ့ဒီတုံးက ထောက်လှမ်းရေး လို့ သံသယရှိသူတွေကိုကွပ်မျက်ရမယ် ဆိုတဲ့ ဥပဒေ ရှိပါတယ် လို့ သတင်းမီဒီယာတခုတွင် ဖွင့်ဆိုသွားပါသည်။ ထိုအချိန်မှ စပြီး ကိုအောင်နိုင်သည် အထက်ပါ အဖြစ်အပျက်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါလား ဟု သုံးသပ်မိသည်။ နောက်ပိုင်း ကျွန်တော်သည် အေဘီတွင် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသော ရဲဘော်များနှင့် ပြန်လည် အဆက်အသွယ်ရခဲ့သည်။ ကိုအောင်နိုင် အကြောင်းစုံစမ်းသောအခါ၊ သူသည် ABSDF ( မြောက်ပိုင်း) ကို ဖျက်သိမ်းခိုင်းကြောင်း၊ မဖျက်သိမ်းပါက မင်းတို့ဘဲ လူသတ်ခဲ့တာတွေကို တာဝန်ယူဖြေရှင်းရလိမ့်မယ် ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ဆိုပြီးလျှင် ပူးတွဲပါ ကိုအောင်နိုင်ရဲ့ လူတွင်ကျယ် လုပ်ထားသော အင်တာဗျူးကို ဖတ်လိုက်ရသောအခါ အထက်ပါ လူသတ်နှိပ်စက် လူ့အခွင့်အရေးချိုးဖောက်ပွဲကြီးတွင် ကိုအောင်နိုင် တယောက်သည်လည်း အင်တိုက်အားတိုက်ပါဝင်ခဲ့ပါလား ဆိုတာကို လက်မခံချင်ပဲ လက်ခံလိုက်ရပါတော့သည်။

ထို့အတွက်ကြောင့် ဘီဘီစီ မြန်မာပိုင်းဋ္ဌာနအနေဖြင့် ကိုအောင်နိုင် ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတဦးအား အလုပ်ဆက်လက် ခန့်သင့် မခန့်သင့် ဆိုတာကို စဉ်းစားပေးစေလိုပါတယ်။ အထူးသဖြင့် အန်တီဒေါ်တင်ထားဆွေ အနေဖြင့် ခေါင်းအေးအေးတည်ငြိမ်စွာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်သည် အထူးမျှော်လင့်မိပါသည်။ ဘီဘီစီ ဟာ ကျနော်တို့နှင့်အတူ စစ်အစိုးရကို လက်တွဲတိုက်ပွဲဝင်နေသော အားကိုးရတဲ့ ရဲဘော်တယောက် လို့ ဘဲ ကျနော့ရင်ထဲမှာ အမြဲရှိနေမှာပါ။

ယုံကြည်လေးစားလျှက်

ကျော်ခိုင်ဝင်း

ABSDF (NB) ရဲဘော်ဟောင်း


KIA (ကချင်) အဖွဲ့ထောင်ထားသော မိုင်း တစ်လုံးနင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာ အနီးကျွန်း၊ သစ်မွှေးစိုက်ခင်းတွင် စိုက်ခင်းအလုပ်သမားအဖြစ် လုပ်ကိုင်သူ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျောက်ကလူးကျေးရွာနေ ဦးလှသွင် ၅၄ နှစ်သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီခွဲက နန်ကျင်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ စိုက်ခင်းအတွင်း ပေါင်းမြက်ရှင်းလင်းစဉ် KIA (ကချင်) အဖွဲ့ကထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ဦးခေါင်းယာဘက်၊ ယာလက်ဖျံနှင့် ယာဒူးတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် တာဝန်ရှိသူတို့က မြစ်ကြီးနား ဆေးရုံးသို့ ပို့ဆောင်ဆေးဝါးကုသလျက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

မြဝတီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်း အပြီးဖောက်လုပ်မည်


ကရင်ပြည်နယ် အတွင်းရှိ မြ၀တီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်း အပြီးဖောက်လုပ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။ “ကရင်ပြည်နယ်က ပြည်နယ်ဝန်ကြီး တင်ပြသွားတာတွေလည်း ကောင်းပါတယ်။ အခုဆို မြ၀တီနဲ့ ကော့ကရိတ်လမ်းကို တစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားဖို့ ရှိပါတယ်။ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) က အထောက်အပံ့ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ၎င်းကပြောကြားခဲ့ပါသည်။ အဆိုပါ မြ၀တီ-ကော့ကရိတ်လမ်းမှာ ကရင်ပြည်နယ်၏ ထုတ်ကုန်များ၊ ကုန်စည်ကူးသန်းမှုများ အတွက် သာမက ကျန်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကုန်စည်များ ပို့ဆောင်ရာ၌ အရေးပါသည့် စီးပွားရေး လမ်းမကြီး တစ်ခုဖြစ်ကြောင်း ကရင်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးနိုင်မင်းစိုးသိန်းက ပြောကြားခဲ့ပါသည်။ “အခုက ငြိမ်းချမ်းရေးလည်း ရသွားပြီဆိုတော့ ဒီလမ်းကို သုံးလို့ရပြီလေ။ မြ၀တီ-ကော့ကရိတ် လမ်းကတော့ ကရင်ပြည်နယ်ရဲ့ ထွက်ကုန်တွေ၊ ကုန်စည်စီးဆင်းမှုတွေအတွက် အရေးပါတာတင်မကဘူး။ ကျန်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေဘက်ကို ကုန်စည်ကူးသန်းဖို့အတွက် အရေးပါတဲ့ စီးပွားရေးလမ်းမ ဖြစ်ပါတယ်။ တစ်နှစ်ခွဲအတွင်းပြီးဖို့ ကျွန်တော်တို့ကတော့ မျှော်မှန်းတာပေါ့” ဟု ပြည်နယ်ဝန်ကြီး ဦးနိုင်မင်းစိုးသိန်းက ပြောကြားခဲ့ပါသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှာ အရေးပါဆုံးဖြစ်ခဲ့သောကြောင့် ကုန်သွယ်မှု ပြန်လည်များပြားခဲ့ပြီး ယခုတည်ဆောက်မည့်လမ်း ပြီးစီးသွားပါက ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်ဝါရီလ ၂၇ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ မကူးလျှင် ဖမ်းဆီးအရေးယူခြင်းခံရမည်



ရန်ကုန်မြို့ရှိ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ အနေဖြင့် လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ လမ်းဖြတ်ကူးခြင်းမရှိဘဲ၊ ကြုံသလို လမ်းဖြတ်ကူးနေသူများကို ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ မျဉ်းကြားကနေ ကူးဖို့ လမ်းဖြတ်ကူးသူတွေကို စပီကာနဲ့ အော်ပြီး သတိပေးပါတယ်။ လိုက်နာမှုမရှိဘဲနဲ့ လမ်းကူးနေတဲ့ သူတွေကို ဖမ်းဆီးအရေးယူပါတယ်”ဟု ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လမ်းဖြတ်ကူးသူများ အနေဖြင့် မျည်းကြားမှ မကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးပါက ဒဏ်ငွေ(၂၀၀၀)ကျပ်၊ တရားရုံး ကုန်ကျစရိတ်ငွေ (၂၀၀)ကျပ်ဖြင့်စုစုပေါင်း (၂၂၀၀)ကျပ် ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်သည်။ ထို့ပြင် ဒဏ်ရိုက်ပြီး လမ်းစည်းကမ်းထိန်းသိမ်းရေး အသိပညာပေး ဗီဒီယိုကို ၂ နာရီခန့်ပြသပြီးပြန်လွှတ်ပေးကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“ခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းပြီး ဒဏ်ရိုက်တာကောင်းပါတယ်။ လမ်းကူးတဲ့သူတွေလည်း စည်းကမ်းနဲ့ကူးဖြစ်သွားတာပေါ့၊ ပြီးတော့ အန္တရာယ်လည်း ကင်းတာပေါ့”ဟု အိမ်ရှင်မတစ်ဦးကပြောသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြပွဲ ၊ ပြိုင်ပွဲများပဉ္စမအကြိမ်မြောက်ကို ၂၀၁၂ - ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်မှ (၃၀)ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမှု၌ ကျင်းပသွားမည် ဖြစ်ကြောင်း၂၂.၁.၂၀၁၂ ခုနှစ်ထုတ် မြန်မာသတင်းစာမှ သိရှိရသည်။

ဇော်မင်းထိုက် (ရွှေမြစ်မခ)

အခြေခံလူတန်းစားများအတွက် တစ်လ ၅၀၀၀၀ သွင်းပြီး တိုက်ခန်းရနိုင်ရန် စီစဉ်နေ


တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရောင်းချရေးအတွက် ယခုအခါ သက်ဆိုင်ရာသို့ မြေနေရာတင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက အများပြည်သူအား တရားဝင် အသိပေးကာ ရောင်းချနိုင်မည့် အကြောင်းကို ပြောပြခဲ့သည်။ “တန်ဖိုးနည်း တိုက်ခန်းနှင့် ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ ရောင်းခွင့်ပေးမယ်ဆိုတာ မသိသေးပါဘူး။ သေချာတာက ရောင်းခွင့်ကျပြီဆိုတာနဲ့ နိုင်ငံပိုင် သတင်းစာကနေ ကြော်ငြာမယ်” ဟု အရောင်းတာဝန်ခံက ပြောပြခဲ့သည်။ ယခုဆောက်လုပ်ရန် လျာထားသော တန်ဖိုးနည်း တိုက်ခန်းများမှာ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ လစဉ်ကြေး တစ်လကျပ် ၅၀၀၀၀ ပေးသွင်းရုံဖြင့် တိုက်ခန်းရရှိနိုင်မည်ဖြစ်သည်။ တိုက်ခန်း၏ စုစုပေါင်း ကုန်ကျငွေပမာဏမှာ ကျပ် ၃၄ သိန်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူမှ ကနဦးငွေကျပ် ၄ သိန်း ပေးသွင်းကာ ကျန်သိန်း ၃၀ အတွက် လစဉ်ကြေး ၅၀၀၀၀ ဖြင့် ငါးနှစ်ပေးသွင်းရမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ ယခု တန်ဖိုးနည်းတိုက်ခန်း အစီအစဉ်ကို မြောက်ဒဂုံမြို့နယ် ၄၁၊ ၄၂ တိုးချဲ့ရပ်ကွက်မှာ စီမံဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာဌာနသို့ တင်ပြထားခြင်းနှင့် ခွင့်ပြုချက် ရရှိပါက နိုင်ငံပိုင်သတင်းစာမှ တရားဝင် ကြေညာကာ ရောင်းချပေးမည်ဖြစ်သည်။ တန်ဖိုးနည်း တိုက်ခန်းတွင် ကျပ် ၃၄ သိန်း ဖြစ်သည်နှင့်အညီ အခန်းဖွဲ့စည်းပေးခြင်း မရှိဘဲ တိုက်ခန်းဝယ်ယူခွင့် ရရှိသူမှ မိမိစိတ်ကြိုက် အခန်းဖွဲ့ခြင်း၊ အလှဆင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

အစိုးရ၀န်ထမ်းများ အရစ်ကျ စနစ်ဖြင့် ကားဝယ်နိုင်


အာမခံ စနစ် မလိုပဲ အရစ်ကျ စနစ်ဖြင့် အစိုးရ၀န်ထမ်းများအား ပြည်တွင်းထုတ် မော်တော် ယာဉ်များကို ရောင်းချပေးသွားမည် ဟု အားမာန်သစ် ကားထုတ်လုပ်ရေးမှ တာဝန်ရှိသူ က ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင်ပြောသည်။ နိုင်ငံ့ ၀န်ထမ်းဖြစ်ကြောင်း သက်သေခံလက်မှတ် ရှိရမယ်။ ဘယ်ဌာန ဘယ်အဆင့်ဖြစ်ဖြစ်ရောင်းချပေးသွားမယ် ဟု ၄င်းကပြောသည်။ ရန်ကုန်၊ မန္တလေး နှစ်နေရာ၌ အရောင်းပြခန်း ဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူသူ အနေဖြင့် ယာဉ်တန်ဖိုး၏ တစ်ဝက်ကိုဦးစွာပေးချေရမည်ဟု သိရသည်။ ထိုသို့  ရောင်းချပေးမည့် ကားများမှာ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) လိုင်စင် အပြီးအစီး ဖြစ်ကြောင်းသိရသည်။ အားမာန်သစ် ကားထုတ်လုပ်ရေးမှ Light Truck အမျိုးအစားတူ AMTOB အား ကျပ် ၁၂၃ သိန်း၊ MTO 16 အား ကျပ် ၉၈ သိန်း၊ MINI BUS အားကျပ်သိန်း ၅၀ ဖြင့် ဇန်န၀ါရီလ ၁၉ ရက်မှ ၂၂ ရက်နေ့ အထိ မင်းဓမ္မလမ်း MCC ခန်းမ ကားပြပွဲ တွင် ရောင်းချခဲ့ ကြောင်း သိရသည်။

မြန်မာအစိုးရ၏ ဒီမိုကရေစီပြောင်းလဲမှုများကို အားရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထုတ်ဖော်ပြောကြား



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာအစိုးရ၏ ဒီမိုကရေစီ ပြောင်းလဲမှုများနှင့် ပတ်သက်၍ ချီးကျူးပြောကြားလိုက်ပြီး မိမိအနေဖြင့် မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလည်အပတ်ခရီးသွားရောက်ရန် အစီအစဉ်ရှိကြောင်း ဇန်နဝါရီ ၂၅ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သော လက်ရှိမြန်မာအစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးမှုများအပါအဝင် သိသာထင်ရှားသော ပြောင်းလဲမှုများအတွက် မိမိဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး ကျေနပ်အားရမှုလည်းဖြစ်ရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နယူးယောက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့ပြောဆိုရာတွင် မိမိအနေဖြင့် ကိစ္စရပ်အချို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။ မြန်မာအစိုးရခေါင်းဆောင်များနှင့် အနာဂတ်ရေးရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရန် မကြာမြင့်သော အချိန်အတွင်း မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ရန်လည်း စီစဉ်နေကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ယခုအကြိမ်သည် တတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်သည်။ မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က နောက်ဆုံး အကြိမ်လာရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

မီးခိုးဗုံးဖြင့် ပစ်ပေါက်ခြင်းကြောင့် အိမ်ဖြူတော်အား ပိတ်ချလိုက်သည်


အင်္ဂါနေ့ (၁၇.၁.၂၀၁၂) ညပိုင်းတွင် အမေရိကန် သမ္မတ၏ စံအိမ်တော် ဖြစ်သော အိမ်ဖြူတော် (The White House) ၏ ခြံစည်းရိုးအားကျော်၍ ဝင်းအတွင်းသို့ မီးခိုးဗုံးဟု ယူဆရသော ပစ္စည်း တစ်ခုအား တစ်စုံတစ်ယောက်က ပစ်လိုက်သဖြင့် အိမ်ဖြူတော်အား ပိတ်ချ (locked down) လိုက်ရပြီး အာဏာပိုင်များက ယင်းကိစ္စအား စုံစမ်းစစ်ဆေးနေကြသည်ဟု လုံခြုံရေးအဖွဲ့ Secret Service မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"Occupy DC" ဟုခေါ်သော ဆန္ဒပြသမား ၁၀၀၀ မှ ၁၅၀၀ ခန့် အိမ်ဖြူတော် အပြင်ဘက်တွင် ဆန္ဒပြနေသော အချိန် အတောအတွင်း မီးခိုးဗုံးဟု ယူဆရသော ကိရိယာအား ပစ်ထည့်ခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအဖွဲ့ Secret Service မှ ပြောရေးဆိုခွင့်ရှိသူ ဂျော့ အိုဂေလ်ဗီ (George Ogilvie) က ပြောသည်။ အာဏာပိုင်များသည် ၎င်း ပစ္စည်းအား ရှင်းလင်းပစ်ရန် သင့်လျော်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်နေသည်ဟု သူကဆက်၍ ပြောသည်။

ဆန္ဒပြသူအများစုသည် အိမ်ဖြူတော် တစ်ဝိုက်မှ ထွက်ခွာသွားကြပြီး ဖမ်းဆီးမှုလည်း မရှိကြောင်း သူကပြောသည်။ သမ္မတ ဘားရက် အိုဘားမား နှင့် ဇနီး မီရှဲလ် (Michelle) တို့သည် ညစာစားရန် အပြင်သို့သွားနေကြသည်ဖြင့် မီးခိုးဗုံး ဝင်းအတွင်းသို့ ကျလာစဉ်တွင် အိမ်ဖြူတော်တွင် မရှိကြပါ။ အိမ်ဖြူတော် သတင်းအဖွဲ့ (White House press pool) မှ လူများအား အပြင်သို့ မထွက်ရန် တားမြစ်ထားသည်။

Ref: Internet

White House locked down after smoke bomb tossed (news.yahoo.com/white-house-locked-down-smoke-bomb-tossed-031842527)
ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ တတိယပုံမှန် အစည်းအဝေးသို့ ပေးပို့သည့် သ၀ဏ်လွှာ


သို့

ဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော်

အကြောင်းအရာ ။ သဝဏ်လွှာပေးပို့ခြင်း

၁။ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးငှာ ဆွေးနွေး ညှိနှိုင်းနိုင်ရန်အတွက် စတင်ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်/အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန် အစည်း အဝေးသို့ တက်ရောက် လာကြသည့် ဥက္ကဋ္ဌကြီး နှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသြာ ကပါစေကြောင်း ဆုတောင်း မေတ္တ ပို့သ အပ်ပါသည်။


၂။ လွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက နိုင်ငံနှင့် ပြည်သူအကျိုးငှာ ဥပဒေ ရေးရာ၊မူဝါဒ ရေးရာများကို အားသွန်ခွန်စိုက် ညှိနှိုင်း ဆွေးနွေး ဆုံးဖြတ် ဆောင်ရွက်လျက် ရှိသကဲ့သို့ မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များကလည်း (၃ဝ-၃-၂ဝ၁၁)ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြား ခဲ့သည့် ပြည်ထောင်စု အစိုးရသစ်၏ မူဝါဒ သဘောထား လမ်းစဉ် များနှင့်အညီ အားကြိုး မာန်တက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါသည်။


၃။ နိုင်ငံနှင့် ပြည်သူသို့ ကတိကဝတ် ပြုခဲ့ပြီး ဖြစ်သည့်အတိုင်း နိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံသားများ၏ မူလ အခွင့်အရေး များရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး အဆင့် အတန်း မြှင့်တင်ရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံနှင့် ပြည်သူ၏ အနာဂတ် လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် မြင့်မားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကိုယ်စွမ်း ညာဏ်စွမ်း ရှိသမျှ ပြုပြင် ပြောင်းလဲ ကြိုးပမ်း ဖော်ဆောင်လျက် ရှိပါသည်။


၎။ အထူးသဖြင့် ပြည်သူ တိုင်း၏လိုလား တောင့်တချက် ဖြစ်သည့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး သို့မဟုတ် ဥပဒေနှင့် အညီ လွတ်လပ်စွာ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရေးတို့ကို အလေးထားပြီး တစိုက် မတ်မတ် ကြိုးပမ်း ဖော်ဆောင် ပေးလျက်ရှိပါသည်။


၅။ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိ စေနိုင်ရန် အတွက် နိုင်ငံ၏ ပကတိ အရှိတရားနှင့် အတိတ်သမိုင်း အတွေ့ အကြုံများ အပေါ် အခြေခံလျက် ယခင်ကနှင့် မတူသည့် မူများကို ကျင့်သုံးကာ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေး ညှိနှိုင်းပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံ သဘော တူညီချက် များကို လက်မှတ် ရေးထိုး ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်အဖွဲ့ (၅)ဖွဲ့နှင့်လည်း ထိတွေ့ ညှိနှိုင်း ဆွေးနွေး လျက်ရှိရာ ခြုံငုံ သုံးသပ်ရပါက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ တိုးတက် အောင်မြင်ပြီး အခြေအနေ ကောင်းမွန်သည်ကို တွေ့မြင် နိုင်ပါသည်။ ဆက်လက်၍လည်း ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။


၆။ ထို့ပြင် နိုင်ငံတော် တည်ငြိမ်ရေး အတွက် အမျိုးသား စည်းလုံး ညီညွတ်ရေး ဖော်ဆောင်နိုင်ရန် အမြင် သဘောထား မတူသည် များကို ထားပြီး အမြင် သဘောထား တူညီသည်များကို ပြည်သူများအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ရေး မူဖြင့် ကြိုးပမ်း ဆောင်ရွက် ခဲ့ပါသည်။ အမျိုးသား နိုင်ငံရေး လုပ်ငန်း စဉ်များတွင် အားလုံး ပါဝင် နိုင်အောင် ဆောင်ရွက် သင့်သည် များကိုလည်း ဆောင်ရွက်ပေး ခဲ့ပါသည်။ အကြောင်း အမျိုးမျိုးဖြင့် ပြည်ပရောက် နေကြသော နိုင်ငံသား များကိုလည်း နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်နိုင်အောင် လက်ကမ်း ဖိတ်ခေါ် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်မှုကြောင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး တိုးတက် ကောင်းမွန်လာပြီး ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု ရှိလာသည်ကိုလည်း တွေ့မြင် နိုင်ပါသည်။


၇။ နိုင်ငံ ခေတ်မီ ဖွံ့ဖြိုး တိုးတက် စေရန်နှင့် ပြည်သူ တို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေရန် ရည်စူး၍ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မြှင့်တင်မှု များကိုလည်း တစိုက် မတ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံ၏ စီးပွားရေး အဆောက် အအုံ တစ်ခုလုံး ပြောင်းလဲ တိုးတက် လာစေရန် အတွက် ငွေကြေး မူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနှင့် ရင်းနှီး မြှုပ်နှံမှု မူဝါဒများကို ပြန်လည် သုံးသပ်ပြီး ပြုပြင် သင့်သည်များကို အရှိန် အဟုန်ဖြင့် ပြုပြင် ဆောင်ရွက်ပေးလျက် ရှိပါသည်။ အထူးသဖြင့် ရင်းနှီး မြှုပ်နှံမှု နယ်ပယ်၌ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပိုမို ဝင်ရောက် လာနိုင်ရန် ရေခံ မြေခံ ပတ်ဝန်းကျင် ကောင်းများ ဖြစ်ထွန်း လာရေး ပြုပြင် ဖော်ဆောင် ပေးလျက် ရှိပါသည်။ ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းများ သွက်လက် ချောမွေ့ ဖွံ့ဖြိုး လာစေရေး အတွက်လည်း လုပ်ထုံး လုပ်နည်း ဆိုင်ရာ ဖြေလျှော့မှုများ ဆောင်ရွက် ပေးလျက် ရှိပါသည်။


၈။ ထို့ပြင် ပြည်သူများ၊ တောင်သူ လယ်သမားများနှင့် အလုပ် သမားများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး လာစေရန် တတ်နိုင်သမျှ ကူညီ ဆောင်ရွက် ရမည်ဟူသည့် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်း စဉ်များကိုလည်း နိုင်ငံ တစ်ဝန်းလုံး၌ လက်တွေ့ ကျကျ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ လုပ်ငန်း ကဏ္ဍ (၈)ရပ်ချမှတ်ပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃ဝ၊ မြို့နယ်ခွဲ ၈၂ ခု တို့၌ အောက်ခြေ အထိဆင်းပြီး ကျေးလက် ပြည်သူများနှင့် ပူးပေါင်းလျက် လက်တွေ့ထိ ရောက်အောင်မြင်အောင် ဆောင်ရွက် လျက်ရှိပါသည်။


၉။ ဒီမိုကရေစီ ဖော်ဆောင်ရေး သို့မဟုတ် ဥပဒေနှင့် အညီ လွတ်လပ်စွာ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရေး အတွက်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးများကို အခြေခံ ဥပဒေနှင့် အညီ မြှင့်တင် ဖော်ဆောင် ပေးလျက် ရှိပါသည်။


၁ဝ။ ထိုသို့ ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံတွင် ပြုပြင် ပြောင်းလဲမှု များဖြင့် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးကို အကောင် အထည်ဖော် ဆောင်ရွက် မှုများနှင့် တစ်ပြိုင်တည်း နိုင်ငံတကာ ဆက်ဆံ ရေးကိုလည်း ကျယ်ကျယ် ပြန့်ပြန့် မြှင့်တင် ဆောင်ရွက်ခဲ့ရာ နိုင်ငံတကာနှင့် ချစ်ကြည်မှု၊ နားလည်မှုများ ပိုမို မြင့်မား လာသည်ကို တွေ့မြင် နိုင်ပါသည်။


၁၁။ ထိုသို့ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးအတွက် ဘက်စုံ၊ ထောင့်စုံမှ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရာတွင် အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေပေါင်း (၁၅)ခုကိုအသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင ဖြည့်စွက်ခြင်း ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ ဥပဒေသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း အပါအဝင် အထက်၌ တင်ပြခဲ့သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု လွှတ်တော်၏ ထောက်ခံ အားပေးမှု ရရှိခဲ့သည့် အတွက် အထူးကျေးဇူးတင် ရှိပါသည်။


၁၂။ မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် နှစ်ပေါင်း (၄ဝ)ကျော် ကင်းကွာခဲ့ရသည့် အတွက် ယခုကဲ့သို့ လွှတ်တော်အဆင့်ဆင့် ပေါ်ပေါက်လာချိန်တွင် လွှတ်တော်အတွင်း လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ခက်ခက်ခဲခဲ ရှာဖွေလေ့လာ ကျင့်သုံးခဲ့ရသည်ကို တွေ့ရှိရပါသည်။သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌများ၏ စွမ်းရည်ရှိရှိ ဦးဆောင်မှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ပါဝင် ပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှု များကြောင့် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် အဓိကကျသည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ ဥပဒေဟောင်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အရေးကြီးသည့်မူဝါဒများကို ဆွေးနွေး ချမှတ်ခြင်း စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ဝမ်းသာဂုဏ်ယူဖွယ် တွေ့ရှိရပါသည်။


၁၃။ ထို့အတူ ယခုစတင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန် အစည်း အဝေးတွင်လည်း တန်ဖိုးရှိလှသော လွှတ်တော် အစည်းအဝေး ကာလအတွင်း နိုင်ငံနှင့် ပြည်သူများအတွက် အဓိက အရေးကြီးမည့် ဥပဒေရေးဆိုင်ရာ ကိစ္စများ၊ မူဝါဒဆိုင်ရာနှင့် ပြည်ထောင်စု ရေးရာကိစ္စများကို ပိုမိုအလေးထား အကောင် အထည်ဖော် ဆွေးနွေးဆောင်ရွက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။


၁၄။ မိမိတို့ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့နှင့် လက်တွဲပြီး နိုင်ငံနှင့် ပြည်သူတို့၏ အနာဂတ်ဘဝ သာယာ လှပစေရန်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများထွန်းကားသည့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်နှင့် ရေရှည် တည်တံ့ ရှင်သန်နိုင်စေရန် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သဝဏ်လွှာအဖြစ် ပေးပို့အပ်ပါသည်။


(သိန်းစိန်)

နိုင်ငံတော်သမ္မတ

ထိုင်း၊ စင်ကာပူနှင့် မလေး ငွေပို့ငွေလွှဲ ဝန်ဆောင်မှု ပြည်တွင်းဘဏ်အချို့ ဖေဖော်ဝါရီ စမည်


ပြည်ပရောက် မြန်မာလုပ်သားများ တရားဝင် ငွေလွှဲပို့ရန် ဝန်ဆောင်မှုများကို ပြည်တွင်းဘဏ်အချို့က ဖေဖော်ဝါရီတွင် စတင်၍ ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ် လေးခုဖြစ်သည့် သမဝါယမဘဏ်(CB ဘဏ်)၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)ဘဏ်တို့က စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် တရားဝင်ငွေလွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ ဘဏ်ကတော့ ဖေဖော်ဝါရီ လလယ်လောက်မှာ စင်ကာပူကို တရားဝင်ငွေလွှဲအတွက် ဝန်ဆောင်မှု စတင်တော့မှာပါ။ အဲဒီအတွက် ပန်နီဆူလာပလာဇာမှာ ရုံးခန်းကအစ စီစဉ်ပြီးသွားပါပြီ။ မလေးရှားကတော့ ဧပြီလောက်မှ စနိုင်ပါမယ်” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။ “ကျွန်မတို့ ဧရာဝတီဘဏ်ကလဲ ဖေဖော်ဝါရီ ဒုတိယပတ်လောက်မှာ လုပ်ဖို့စီစဉ်နေပါတယ်။ ဘဏ်ခွဲပဲ ဖွင့်ဖြစ်မလား၊ ကိုယ်စားလှယ်ရုံးခွဲပဲ ဖွင့်ဖြစ်မလား ဆိုတာကိုတော့ ဥက္ကဋ္ဌက ခရီးသွားနေတော့ အတိအကျ မသိသေးပါဘူး” ဟု ဧရာဝတီဘဏ်မှ ဈေးကွက်မန်နေဂျာ ဒေါ်သန်းမြင့်က ပြောသည်။ CB ဘဏ်က စင်ကာပူနိုင်ငံ၊ ဧရာဝတီဘဏ်က မလေးရှားနိုင်ငံ၊ ကမ္ဘောဇဘဏ်က ထိုင်းနိုင်ငံနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD)ဘဏ်က စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ငွေလွှဲခြင်း လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ပြည်ပရှိ ပြည်တွင်းဘဏ်များမှ ငွေလွှဲပါက ပြည်တွင်းရှိ သက်ဆိုင်ရာ ဘဏ်များ၏ ငွေလွှဲကောင်တာများမှတစ်ဆင့် ငွေကြေးပေါက်ဈေး နှုန်းထားများအတိုင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အစိုးရဘဏ်များကလည်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

စတုတ္ထမဏ္ဍိုင် များ သို့


VOA, RFA, BBC မြန်မာဌာနတွေ -- သင်တို.၏ သတင်းဆိုင်ရာ အယ်ဒီတာ၏ မူဝါဒ ပေါ်လီ-ဘယ်လို အခြေခံ မူတွေနဲ. သတင်းတွေကို ရွေးချယ်ပါသလဲဆိုတာ မေးလိုပါသည်။ လူပေါင်း ၃၀ ကျော် ခေါင်းဖြတ် သတ်တဲ့ ကိစ္စနဲ. လူပေါင်း ၈၀ ကျော် အဖမ်း ခံရတဲ့ကိစ္စ နှိပ်စက်တဲ့ ကိစ္စတွေ အင်တာနက်မှာ ကာယကံရှင်တွေ ရေးသားချက်တွေ ဒီလောက်အထိ ရုပ်ရုပ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ အဲဒီလို သတင်းမျိုးကတော့ သတင်းအဖြစ် လုံးဝ မလွင့်ပဲ တွံ.တေးမြို.က ကျူရှင်ဆရာတဦး လည်ပင်းမှာ ဆိုင်းဘုတ် ချိတ်ပြီး တစ်ကိုယ်တော် ဆန္ဒပြတဲ့ကိစ္စကိုကျတော့ သတင်းအဖြစ် အကြိမ်ကြိမ် လွှင့်ခဲ့တာ တွေ. တွေ.ရတယ်။ ဒါကြောင့် ဒီ ဖြစ်ရပ် ၂ ခုမှာ ဘယ်ဟာက သတင်းတန်ဘိုး မြင့်သလဲ။ ဘယ်သတင်းက ပိုပြီး အရေးကြီးသလဲ။ News Worthiness and News Values ဖြစ်သလဲ--ဘယ်သတင်းက ပိုပြီး လူတွေ စိတ်ဝင်စားပြီး သိသင့် သိထိုက်တဲ့ Human Interest News Story ဖြစ်သလဲ --- ဒီအချက်တွေကို သောတရှင် ပရိသတ်တွေ သိအောင် ခင်ဗျားတို. သတင်းတွေကို သတင်းခန်း-News Room's Editorial Policy and News Stories Selection Process, How you make decision လုပ်တာတွေ သိလိုပါသည် မေးလိုပါသည်။ ရှင်းလင်းချက် ပြောပါ--= ပြည်သူတွေဟာ မြန်မာပြည်နဲ. ပတ်သက်တဲ့ ကိစ္စတွေမှာ သိခွင့်ရှိတယ်။ သိရမယ်လို. ဒေါ်စုလဲ ပြောပါသည်။ ဘယ်လို လုပ်ကြတယ် ဘယ်လို ဆုံးဖြတ်ကြတယ်ဆိုတာ ပြည်သူတွေ သိခွင့် ရှိတယ်။ သိဖို. မေးရမယ်လို. ဒေါ်စုလဲ ပြောထားပါတယ်။ ဒါကြောင့် သတင်းဌာန၏ သတင်းဆိုင်ရာ ဆုံးဖြတ်ချက် မူတွေနဲ. ဘယ်လို မျိုး ဆုံးဖြတ်ချက်တွေ လုပ်တယ်ဆိုတာ ပရိသတ်တွေ ပြည်သူတွေ သိသာ မြင်သာရှိအောင် ရှင်းပြပေးဖို. တောင်းဆိုပါသည်။ မေးမြန်းပါသည်။ ရှင်းလင်းချက်ကို စောင့်ကြည့်နေပါသည်။ ။

udp myanmar

(ပြည်ပ မီဒီယာများသာမက ပြည်တွင်း မီဒီယာများကိုလည်း MEG မှ အလားတူ မေးမြန်းလိုပါ၏)

မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားမှုများ အီးယူရုပ်သိမ်းပေးသွားမည်


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အီးယူအဖွဲ့ဝင်နိုင်ငံများက စောင့်ကြည့်လာခဲ့ရာ မကြာသေးမီက အီးယူအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးအချို့ မြန်မာနိုင်ငံသို့ ရောက်ရှိလေ့လာခဲ့ကြပြီးနောက် အားရကျေနပ်မှုရှိသဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးသွားရန် အီးယူနိုင်ငံခြားရေးဝန်ကြီးများက သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဇန်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများ တွေ့ရှိရပြီးနောက် ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံမှ ထိပ်တန်းအရာရှိများအပေါ် ကန့်သတ်ထားသည့် ခရီးသွားလာခြင်းဆိုင်ရာ ပိတ်ပင်မှုများကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် သိသာထင်ရှားသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆက်လက်တွေ့မြင်ရလျှင် ဧပြီလအတွင်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ပင်မှုများကို ထပ်မံလျှော့ပေါ့ပေးမည့်အပြင် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးမှုအတွက် အကူအညီပေးမည်ဟု အီးယူနိုင်ငံခြားရေးဝန်ကြီးများက ပြောသည်။ “ကန့်သတ်ချုပ်ချယ်မှုများလျှော့ပြီး ဒီမိုကရေစီကျင့်သုံးရန် မြန်မာအစိုးရ၏ အမှန်တကယ် စိတ်အားထက်သန်မှုကို မိမိမြင်တွေ့ရကြောင်း၊ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း၊ ဒီမိုကရေစီလုပ်ငန်းစဉ် ရှေ့ဆက်ဖော်ဆောင်သွားမည်ဆိုလျှင် မိမိတို့ဘက်ကလည်း အရေးယူပိတ်ဆို့မှုများကို တိုး၍ တိုး၍ ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း” ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၂ နေရာဝင်ရောက်ယှဉ်ပြိုင်မည်



အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ၁၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ များတွင် ၀င်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အပြီးသတ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ၀င်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ကချင်ပြည်နယ်တွင် ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်ဘောက်ဂျာ၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးမြတ်မိုးမြင့်၊ ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ဦးဝင်းထွန်း၊ လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ဒေါ်နန်းကြူ သန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင်ဦးကျော်အောင်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦး ကျော်စိန်ဟန်၊ ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ဒေါ်ခင်ဖြူ ဖြူငြိမ်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးကြီးမြင့်၊ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးကြည်သန်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးအောင်မျိုးလှိုင်၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်တွင် ဦးတင်ဝင်း၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်ခင်စုစုအောင်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို ၂၀၁၂ ဧပြီ ရက်မှ စ၍ ပြောင်းလဲကျင့်သုံးမည်


“၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေး နှစ်စဖြစ်တဲ့ ဧပြီ ၁ ရက်ကစပြီးတော့ လက်ရှိကျင့်သုံးနေတဲ့ မြန်မာကျပ်ငွေကို SDR (IMF ၏ အထူးထုတ်ယူခွင့်လက်မှတ်) နဲ့ ချိတ်ဆက်ထားမှုကို ဖျက်သိမ်းပါ့မယ်။ ဒီအစားအကန့်အသတ်နဲ့ နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်” ဟုဆိုသည်။ ယင်းသို့ ပြောင်းလဲကျင့်သုံးရခြင်းမှာ နိုင်ငံ၌ တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ဈေးကွက်ငွေလဲလှယ်နှုန်းဟူ၍ တစ်မျိုးထက်ပိုသည့် ငွေလဲလှယ်နှုန်းစနစ်များ ဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်ပြီး နိုင်ငံခြားငွေ ပေါင်းစည်းရေးပြုလုပ်ရန် လိုအပ်လျက်ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ်၏ တာဝန်ရှိသူထံမှ သိရသည်။ ဗဟိုဘဏ်၏ တာဝန်ရှိသူကပင်ထပ်မံ၍ “အာဆီယံကတိကဝတ်တွေအရလည်း ငွေလဲလှယ်နှုန်း အမျိုးမျိုးကျင့်သုံးတဲ့ စနစ်ကိုဖယ်ရှားပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းပေါင်းစည်းမှု ပြုလုပ်ဖို့လိုပါတယ်။ နောက်ပြီး နိုင်ငံခြားသုံးငွေပေးချေမှုဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားပေးဖို့လည်း လိုအပ်တဲ့အတွက်ကြောင့်ပါ” ဟု ပြောသည်။ ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တစ်ဦးက “ နှစ်ပေါင်း ၄၀၊ ၅၀ အထိ မပြောင်းလဲခဲ့တဲ့ ကန်တစ်ဒေါ်လာ မြန်မာငွေခြောက်ကျပ်နဲ့ အရိုးစွဲကျင့်သုံးလာခဲ့တဲ့ စနစ်ကို အခုပြောင်းလဲတော့မယ်ဆိုတော့ ပြောင်းအပ်တဲ့ အရာကို ပြောင်းတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ်ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားအတွက် ဗန်းကိုင်စာရင်းထွက်ပေါ် လာ

ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင်
၂၀၁၀ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားအတွက် ဗန်းကိုင်စာရင်းထွက်ပေါ် လာကြောင်းသိရသည်။ ယခုနှစ်အတွက် ဗန်းကိုင်လှပျိုဖြူလေးများ၏ အမည်စာရင်းမှာ- (၁) ထက်မိုးမြတ်ဦး၊ (၂) ၀င့်လဲ့နု၊ (၃) ထိုက်ဆုဝင်း၊ (၄) အိနြေ္ဒဘုန်းမြင့်၊ (၅) ယုသန္တာတင်၊ (၆) သဲနော်ဇာ၊ (၇) ခင်ရတနာစိုး၊ (၈) သဲစုနိုင် တို့ဖြစ်ကြသည်။ ယခုနှစ် ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင်မှာ အနုပညာပျိုးခင်းက စင်တင်သည့် အနုပညာရှင် မင်းသမီးတစ်ဦး ဖြစ်ကြောင်းသိရသည်။
၂၀၁၀ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားတွင် ဗန်းကိုင် လှပျိုဖြူများအတွက် မိတ်ကပ်၊ ပိုးထည်၊ ဖက်ရှင်(ဒီဇိုင်း)၊ လက်ဝတ်ရတနာ၊ ဖိနပ်စသည်များကို အောက်ပါကုမ္ပဏီများ
မှ ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
- ဗန်းကိုင်လှပျိုဖြူများအတွက် မိတ်ကပ်လိမ်းခြယ်ခြင်းကို တောင်ဝင်သူ(မေဦးမောင်)
- ဗန်းကိုင်လှပျိုဖြူများအတွက် ပိုးထည် များကို သိဂီ င်္ကျော်
- ဗန်းကိုင်လှပျိုဖြူများအတွက် ဖက်ရှင်(ဒီဇိုင်း) အား Adore (မစန်းစန်းသောင်း)
- ဗန်းကိုင်လှပျိုဖြူများအတွက် ဖိနပ်ကို ရွှေနားပန်(မန္တလေး) မှလည်းကောင်း
- ဗန်းကိုင်လှပျိုဖြူများအတွက် လက်ဝတ်ရတနာကို Precious စသော ကုမ္မဏီများ ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါ်ပျူလာ

မြန်မာ့အကောက်ခွန်နှုန်းစာရင်း သတ်မှတ်ပြဋ္ဌာန်းချက် ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်



မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ အား သတ်မှတ်ပြဋ္ဌာန်းလိုက်ရာ ၎င်းကို အကောက်ခွန်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင်ကြည့်ရူနိုင်ကြောင်း သိရှိရသည်။ www.myanmarcustoms.gov.mm ဝက်ဘ်ဆိုက်လိပ်စာတွင် စတင်ဖော်ပြထားခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသည် အကောက်ခွန်နှုန်းဥပဒေ ၁၉၉၂ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးခဲ့ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ စည်းဝါးညီပြင်ဆင်ချက် ၂၀၁၂ (ASEAN HS 2012 Amendment) များကို အခြေခံရေးဆွဲထားသော မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ (Customs Tariff oF Myanmar 2012)အား မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသများတွင် ကျင့်သုံးဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန န်ကြီးရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇၈/၂၀၁၁) ဖြင့် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

အော်ကြမယ် ဖော်ကြမယ် - ၁၁ (ဒီဗီဘီမှ ထုတ်ပြန်သော ငွေကြေးအလွဲသုံးစားမှုအဖြစ် စွပ်စွဲမှုအပေါ် ကိုနေထွန်းမှ တုန့်ပြန်ချက်)



ဗမာအစိုးရသတင်းစာက ဖမ်းဆီးခံရသူတွေကို တရားရုံးမတင်ခင်မှာတင် တရားခံတစ်ယောက်လို သုံးနှုန်း စွပ်စွဲရေးသလိုမျိုး ဒီဗီဘီလို သတင်းဌာနက အကြိမ်ကြိမ် စွပ်စွဲ ရေးသားနေတဲ့ အပြင် နောက်ဆုံး နာမည်တပ်ပြီး ရေးသား စွပ်စွဲလာတဲ့အတွက်ကြောင့် ကိုယ်တိုင် ဖြေရှင်းသင့်ပြီလို့ ယုံကြည်တဲ့အတွက် အလေးအနက် စဉ်းစားပြီး အခုစာကို ရေးပါတယ်။ စာကြောင့် ဖြစ်လာမယ့်အကျိုးဆက်အပေါ် အဆိုး အကောင်းကို အလေးအနက် ချင့်ချိန်ရေးသည့် တိုင်အောင် အခုစာရဲ့အကျိုးဆက်အနေနဲ့ တကိုယ်ချင်းကော အဖွဲ့အစည်းအရပါ ထိခိုက်ဖို့ ဖြစ်ကောင်း ဖြစ်လာခဲ့ရင်တောင်မှ ကျွန်တော့်အနေနှင့် အစွမ်းကုန် ရှောင်လွှဲဖို့ ကြိုးစားလျှက်နှင့် မလွှဲမရှောင်နိုင်တဲ့အခြေအနေကို တွန်းပိုတဲ့ ဒီဗီဘီက တာဝန်ရှိသူအချို့ကြောင့်လို့ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ အနေနှင့် နားလည်စေချင်ပါတယ်။

အနှစ်သာရအရကော အယူအဆအရပါ သိသိသာသာ နက်နက်ရှိုင်းရှိင်း ကွဲလွဲသွားတဲ့ အတွက် ကြောင့် လမ်းခွဲလိုက်ကြတဲ့ ကိစ္စကို ဒီဗီဘီမှာ ရာထူးအကြီးဆုံးယူထားတဲ့ ဒါရိုက်တာ အေးချမ်းနိုင်နဲ့  ဒုတိယ ဒါရိုက်တာ ခင်မောင်ဝင်းတို့က ငွေကြေး အလွဲသုံးစားမှုအဖြစ် စနစ်တကျ ငွေပုံသုံးပြီး ပုံဖေါ်လာခ့ဲတဲ့ အပြင် ဒီဗီဘီနဲ့  ပြည်တွင်းနက်ဝပ် မျိုးမင်းနိုင် အုပ်စုကွဲလွဲမှုအဖြစ် ပုံဖော်လာခဲ့ပါ တယ်။ ကျွန်တော် အနေနှင့် ရှင်းရှင်းလင်းလင်း ပြောချင်တာက ဒီဗီဘီနှင့် ပြဿနာ ဖြစ်နေတာ မဟုတ်ပါ။ ဒီဗီဘီက ထိပ်တန်းပုဂ္ဂိုလ်နှစ်ဦးနဲ့  ပြဿနာ ဖြစ်နေတာပါ။ ဒီဗီဘီဟာ အေးချမ်းနိုင်၊ ခင်မောင်ဝင်းပိုင် စီးပွားရေးလုပ်ငန်း မဟုတ်သလို ဗီဂျေတွေရဲ့ နက်ဝပ်ဟာလည်း မျိုးမင်းနိုင် နက်ဝပ်၊ ကိုနန္ဒပိုင် နက်ဝပ် မဟုတ်ပါ။ အဲသည်တော့ အခု ပြဿနာတွေကို ဒီဗီဘီရဲ့ ပြဿနာ အဖြစ် ပုံမသွင်းသင့်သလို၊ ဗီဂျေနက်ဝပ်နှင့် ဒီဗီဘီရဲ့ ပြဿနာအဖြစ်လည်း ပုံမဖော်သင့်ပါ။ မီဒီယာတစ်ခုလုံးကို ပိုင်ထားတယ်လို့ သဘောထားပြီး ကိုယ်ပိုင် ၀ါဒဖြန့်ချိရေး ယန္တရား တစ်ခုအနေနှင့် အလွဲသုံးစား မလုပ်သင့်ပါ။ ပြဿနာတွေကို တရားမျှတတဲ့ တရားရုံးမှာ၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေနှင့် တည့်တည့်ရှင်းကြတဲ့  လောကဓမ္မ ခုံရုံး မှာ ဖြစ်ဖြစ် ဖြေရှင်းသင့်တယ်၊ ဖြေရှင်းဖို့လည်း အသင့်ရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီဗီဘီမှာလည်း သတင်းမီဒီယာ အလုပ်နဲ့  တိုင်းပြည်ကို ကောင်းကျိုးပြုနိုင်တယ်လို့ နှစ်နှစ်ကာကာ ယုံကြည်ပြီး ဘ၀ပုံ လုပ်ကိုင်နေသူတွေ ရှိနေသလို၊ ဗီဂျေတွေရဲ့ နက်ဝပ်မှာလည်း အသက်နှင့် ဘဝနှင့် ရင်းပြီး ပြည်တွင်းမှာ လုပ်ကိုင်နေသူ တွေ ဖြစ်လို့ ဒီဗီဘီနှင့် ဗီဂျေနက်ဝပ်ရဲ့ ပြဿနာအဖြစ် ပုံမဖော်ပါနဲ့။

တိုက်ရိုက် သက်ဆိုင်ကြသူတွေ အနေနှင့် ဘယ်လို တရားမျှတတဲ့  နည်းလမ်းနှင့်မဆို ရင်ဆိုင် ဖြေရှင်းဖို့ အသင့်ရှိပါတယ်။ လိပ်ပြာသန့်သန့်နှင့် သတ္တိရှိရှိ ရင်ဆိုင်ကြယုံပါ။ ကိုယ်ပိုင်မီဒီယာကို အသုံးပြုပြီး အကြိမ်ကြိမ် ကြေညာချက်တွေ ထုတ်ပြန်၊ ငွေပုံသုံး၊ နော်ဝေ ရဲဌာနက အမှုလက်မခံလို့ စုံထောက်အဖွဲ့တွေ ငှားရမ်းပြီး ဒေါ်လာ နှစ်သိန်းကျော် အကုန်ကျခံ အမှုဖြစ်အောင် မျိုးစုံ အကွက်ဆင်ခဲ့ ပေမဲ့  အဓိက ထောက်ထားရမယ့် ကိစ္စ နှစ်ခုကြောင့် လူသိ ထင်ရှား ထုတ်မပြောခဲ့ပါ။ အခုအချိန်မှာတော့  လက်တွဲ လုပ်ကိုင်ခဲ့ သူတွေ၊ အဆင့်ဆင့် တာဝန်ခံခဲ့ သူတွေရဲ့ ဂုဏ်သိက္ခာတွေကိုပါ ကာကွယ်ဖို့ လိုအပ်လာပြီလို့ ယူဆလို့ အခုစာကို အလေးအနက် စဉ်းစားပြီး ရေးပါတယ်။

ပထမ ထောက်ထားရမယ့်ကိစ္စက ဒီဗီဘီ အတွက်ပါ။

ပြည်တွင်းလုပ်ငန်း လုပ်ကိုင်တဲ့ ဘယ်အဖွဲ့အစည်းမဆို ဒိုနာ လိုအပ်ချက်နဲ့  ပြည်တွင်းသုံး ငွေစာရင်းဟာ စံချိန်စံညွှန်း မကိုက်နိုင်တာ အဖွဲ့အစည်း ဦးဆောင်မှုမှာ ရှိတဲ့လူတိုင်း ပါဝင် ပတ်သက်သူတိုင်း သိတဲ့ကိစ္စပါ။ ဒါ့ အပြင် မီဒီယာ ကျင့်ဝတ် စံချိန်စံညွှန်းတွေနဲ့  မကိုက်ညီ မသင့် တော်တဲ့ ကိစ္စတွေကို သဘောတူလုပ်ခဲ့ တဲ့ ကိစ္စတွေကိုပါ နှစ်ဖက် အပြန်အလှန် အပြစ်ပုံချရင်းနှင့် ထုတ်ပြောလို့ ညောင်မြစ်တူးရင်း ပေါ်လာမယ့် ပုတ်သင်ဥတွေကြောင့် ဒီဗီဘီ ပထမဆုံး နစ်နာ ပါလိမ့်မယ်။ ဒီဗီဒီ အခုလို အခြေအနေအထိ ရောက်အောင် လုပ်လာခဲ့တဲ့ ဗီဂျေတွေရဲ့ နက်ဝပ်ကို ထူထောင်ခဲ့ သူ တစ်ဦး အနေနှင့် ကိုယ်တိုင် ကြိုးစားလာခဲ့ တဲ့ အောင်မြင်မှုကို ကိုယ်တိုင် မထိခိုက်စေလိုပါ။

ဒုတိယအချက် ဆိုပေမယ့် ပိုအရေးကြီးတဲ့ အချက်က ပြည်တွင်းက လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အတွက် ဖြစ်ပါတယ်။ ဗီဂျေနက်ဝပ်ဟာ သတင်းမီဒီယာသက်သက် ကိစ္စသာ လုပ်ခဲ့ တာ မဟုတ်ပါ။ ထောင်ထွက်ဟောင်းတွေနှင့် စတင် ဖွဲ့စည်းခဲ့ တဲ့ နက်ဝပ်ဟာ အခြား ထောင်ထွက် နိုင်ငံရေး လုပ်ကိုင်နေသူတွေ၊ နိုင်ငံရေးကိစ္စတွေနှင့် ခွဲခြားလို့ မရနိုင်တဲ့ ကိစ္စများစွာ ရှိခဲ့ ပါတယ်။ ဒီဗီဘီ ထိပ်ပိုင်းပုဂ္ဂိုလ်တွေ ကိုယ်တိုင် နိုင်ငံရေးအုပ်စုတွေနှင့် ပူးပေါင်း ဆောင်ရွက်ဖို့၊ ကူညီ ထောက်ပံ့ကြဖို့ အားပေးခဲ့၊ သူတို့ကိုယ်တိုင် ပါဝင်ပြီး တက်တက်ကြွကြွ လုပ်ခဲ့ ကြတာပါ။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်နေတဲ့ ရဲဘော်ရဲဘက်ဟောင်းတွေ၊ အင်အားစုတွေကို မီဒီယာနှင့် မသက်ဆိုင်ဖူးလို့ ပြောလို့ ရတဲ့  နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် ထောက်ပံ့ခဲ့ တဲ့ ကိစ္စတွေက ကျွန်တော့် ဆုံးဖြတ်ချက် သက်သက် မဟုတ်ပါ။ ဒီဗီဘီ ဒါရိုက်တာတွေ မပါရင် ဒါတွေ မလုပ်နိုင်ပါ။

အခုအချိန်မျိုး ရောက်မှ အပြန်အလှန် ဒီလို အထိခိုက် မခံတဲ့ကိစ္စတွေကို ထုတ်ပြောဖို့ရာမှာ အရေးတော်ပုံ ကိုယ်ကျင့် တရားအရ မဖြစ်နိုင်ပါ၊ မဖြစ်သင့်ပါ။ ထုတ်ပြောဖို့ လွယ်သလောက် ထိခိုက်သူတွေ အနေနှင့် ထောင်တန်တဲ့၊ အခန့်မသင့်ရင် တသက်တာ ပေးဆပ်ရနိုင်တဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တဲ့ ကိစ္စတွေ ဖြစ်ပါလိမ့်မယ်။ အခု မလွဲမသွေ အချိန်ကို ရောက်လို့ ဒီစာကို ရေးရသည့်တိုင် အဖြစ်နိုင်ဆုံး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ အမည်နှင့် အကြောင်းအရာ အချို့ကို အဖြစ်နိုင်ဆုံး ချန်လှပ်သွားရပါလိမ့်မယ်။ ပါဝင်ပတ်သက်ခဲ့ ၊ ပူးပေါင်း ဆောင်ရွက်ခဲ့ တဲ့ ပြည်တွင်းပြည်ပက လူတွေ တစ်ဦးမှ မသေသေးပါ။ အရာအားလုံးဟာ သက်သေမဲ့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီစာမှာ အသေးစိတ် ပြောဆို ငြင်းခုန်ဖို့ မရည်ရွယ်ပါ။ ပြောဖို့ လိုအပ်တဲ့ ကျန်ကိစ္စ အသေးစိတ်ကို တရားရုံးမှာ ဆက်ပြောကြပါမယ်။


၁။ ဒီဗီဘီနှင့် ပူးပေါင်းလုပ်ဖို့ ၂၀၀၅ ဧပရယ်မှာ နော်ဝေကို ရောက်လာပြီး သြဂုတ်လမှာ လက်ထောက် ဒါရိုက်တာ ကိုခင်မောင်ဝင်းနှင့် အဆက်အသွယ်ရပြီး ကင်မရာ သုံးလုံး၊ ဒေါ်လာ သုံးထောင်နဲ့  နက်ဝပ်ကို စတင် ထူထောင်ခဲ့ ပါတယ်။ သဘောတူချက်က တစ်လကို ဒေါ်လာ သုံးထောင်နှင့် အသေးစိတ် ဘတ်ဂျက်တင်စရာ မလို၊ လက်တွေ့ လိုအပ်သလို စီမံ ဆိုတဲ့ ပုတ်ဖြတ် သဘော သဘောတူချက်နဲ့  စတင်ခဲ့ ပါတယ်။ အဲသည့် အချက်ကိုလည်း နောက်ဆုံး လမ်းခွဲကြဖို့ ဆုံးဖြတ်တဲ့ အချိန်အထိ အပြောင်းအလဲ ဘာမှ လုပ်ခဲ့ ကြတာ မဟုတ်ပါ။ ဆိုလိုတာက ပြည်တွင်းနက်ဝပ်ရဲ့ စီမံ အုပ်ချုပ်မှုဟာ ဒီဗီဘီရဲ့ ပုံမှန်လည်ပတ်မှုနဲ့  သီးခြားဖြစ်ပြီး အဖွဲ့အစည်း တစ်ခုရဲ့ သီးခြား စီမံအုပ်ချုပ်မှု အဖြစ် တလျှောက်လုံး ကျင့်သုံးလာခဲ့ ပါတယ်။ အဲသည့် အချက်ကိုလည်း ဒါရိုက်တာ နှစ်ဦးက အကြိမ်ကြိမ် အတည်ပြုခဲ့ ပါတယ်။ ပုံမှန် ပြင်ပက ဒီဗီဘီ သတင်းထောက်တွေက စလို့ တာဝန်ကြီးကြီး ယူထားသူတွေ အဆုံး ပြည်တွင်းနက်ဝပ်နှင့် ဆက်ဆံ ဆွေးနွေးဖို့ ထားလို့ ရုံးဘယ်မှာ ရှိမှန်းကိုတောင် သိခွင့်မပေးခဲ့ ၊ တရားဝင် လည်ပတ်ခွင့် မပေးခဲ့ ပါ။

အဲဒါဟာ အကြိမ်ကြိမ် နိုင်ငံတကာမီဒီယာကိုကော ဒိုနာ အသီးသီးကိုပါ ဒီဗီဘီက ပြောခဲ့ပြီးသားပါ။ စတင်လုပ်ကိုင်ဖို့ ပါဝင် ဆွေးနွေးခဲ့တဲ့ လူဟောင်းတွေ မသေသေးပါ။ အချိန်မရွေး လူသိထင်ရှား ထုတ်ပြောဖို့ကော တရားရုံးမှာ ပြောဆိုဖို့ကိုပါ အဆင်သင့်ရှိကြပါတယ်။


၂။ စလုပ်စဉ်မှာ ကတည်းက ဗီဂျေနက်ဝပ် ဖြစ်လာမယ့် ကျွန်တော် အပါအ၀င် ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေ စခဲ့တဲ့ ရည်ရွယ်ချက်က ရှင်းရှင်းပြောရရင် ပြည်တွင်းကို တစ်ခုခု လုပ်ပေး နိုင်တဲ့ နိုင်ငံရေး လုပ်နေတဲ့ ရဲဘော်ရဲဘက်တွေကို တစ်ခုခုလုပ်ပေးဖို့ (ပြည်တွင်းက အခြေအနေ တွေကို အချက်အလက်တွေ အရ သိအောင် လုပ်ပေးနိုင်တဲ့ မီဒီယာလုပ်ငန်း အပါအ၀င်) ပြည်တွင်းကို ထောက်ပံ့နိုင်ဖို့ပါ။

ဗီဂျေတွေဟာ ယုံကြည်ချက်ကြောင့် လုပ်ခဲ့ သူတွေ ဖြစ်ပြီး လခစား သတင်းထောက်ဖြစ်ဖို့ ၀န်ထမ်းဖြစ်ဖို့ ငွေကြေးရယူဖို့ အလုပ် လုပ်ခဲ့ သူတွေ မဟုတ်ပါ။ ပထမဆုံး ရခဲ့တဲ့ တလစာ ဘတ်ဂျက် ဒေါ်လာ သုံးထောင်နဲ့ ပဲ အားလုံးက လစာမရှိ ကုန်ကျစားရိတ်ကိုသာ အသုံးပြုပြီး ကိုယ့်ထမင်း ကိုယ်ရှာစားပြီး လုပ်ခဲ့ သူတွေပါ။ ဗီဂျေနက်ဝပ်ဟာ မီဒီယာလုပ်ငန်း လုပ်ပြီး ရတဲ့  ငွေကြေးနဲ့  လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး လုပ်ကိုင်သူတွေကို ထောက်ပံ့ခဲ့ တာပါ။

အတိုဆုံး ပြောရရင် နိုင်ငံရေး အတွက် မီဒီယာကို အလွဲသုံးစား လုပ်တယ်လို့ မီဒီယာ သက်သက်ကို ယုံကြည်သူ တချို့က စွပ်စွဲခဲ့ကြတာ မှန်ရင်လည်း ဒါရိုက်တာ နှစ်ယောက်ဟာ နိုင်ငံရေးကို မှီပြီး ဒီဗီဘီ အောင်မြင်ဖို့ မီဒီယာ နည်းလမ်းနဲ့  မဟုတ်ဘဲ နိုင်ငံရေး လောကရဲ့အားကို ယူတက်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ပြောရပါမယ်။ ကျွန်တော်က ကြံရာပါသာ ဖြစ်ပါလိမ့်မယ်။ အခု ပြောနေတာတွေဟာ အထောက်အထားမဲ့ သက်သေမဲ့ မဟုတ်ဖူး ဆိုတာတော့ သက်ဆိုင်သူတွေ သတိချပ်စေချင်ပါတယ်။

ထဲထဲဝင်ဝင် ပါဝင် ပတ်သတ်ခဲ့ သူတွေ မနည်းသလို ပြည်တွင်း ပြည်ပမှာ ဒီနေ့အထိ ရှိနေပြီး ထုတ်ပြောဖို့ သင့်တော်တဲ့တချိန်မှာ သိက္ခာရှိရှိ ထုတ်ပြောဖြစ်ကြမှာပါ။ ကျွန်တော် ပြောနေတာ မှန်သလား မှားသလား သိသူ အရေအတွက်က မနည်းလှပါဖူး။ နိုင်ငံရေး လောကကို ထောက်ပံ့မှုဟာ တာဝန် အကြီးဆုံးသူတွေ မသိဘဲ သဘောမတူဘဲ ကျွန်တော် တဦးတည်း လုပ်လို့ရတဲ့  ကိစ္စမဟုတ်ပါ။ တကယ် အဲသည်လို မီဒီယာအဖွဲ့အစည်း တစ်ခုရဲ့ ဘတ်ဂျက်မှာ ဘယ်နည်းနဲ့ မှ အကျုံးမ၀င်နိုင်တဲ့ ငွေစာရင်းတွေ ရှိခဲ့ ရင် သက်ဆိုင်သူ တာဝန်ခံတွေ သဘောတူလို့ လုပ်ကိုင်ခဲ့ တာတွေဟာ လက်လွတ်စပယ် မဟုတ်ပါ။ တဖက်က ကြည့်ရင်လည်း နိုင်ငံရေး အင်အားစုတွေရဲ့ ပူးပေါင်းပါဝင်မှုက ဒီဗီဘီ ဒီအခြေအနေ ရောက်လာဖို့ အများကြီး အရေးပါတဲ့ နေရာက ပါခဲ့ပါတယ်။ နိုင်ငံရေး ရဲဘော်ရဲဘက်ဟောင်းတွေရဲ့ ထောက်ခံ ပူးပေါင်း ပါဝင်မှု မရှိဘဲ ဗီဂျေတွေရဲ့ နက်ဝပ်ဟာ ဒီအောင်မြင်မှုတွေ ရလာမှာ မဟုတ်ခဲ့ သလို ဗီဂျေ နက်ဝပ်က ဒီအောင်မြင်မှုတွေ ရအောင် ဒီနည်းလမ်းတွေနဲ့ သာ မလုပ်ဆောင်ခဲ့ ရင် ဒီဗီဘီ တီဗီတခု ဖြစ်လာမှာ မဟုတ်တာ မြေကြီးလက်ခတ် မလွဲပါ။


အခုမှ အောင်မြင်ပြီဆိုပြီး နိုင်ငံရေးနဲ့ ခပ်ဝေးဝေး နေချင်လို့ ဒီဇာတ်ကို ဆင်တယ်ဆိုရင် ကံကြီးထိုက်ပါလိမ့်မယ်။ နိုင်ငံရေး အရိပ်အယောင်တွေ ကင်းလွတ်တဲ့ မီဒီယာ တရာ ရာခိုင်နှုန်းဖြစ်တယ်လို့ အသံကောင်း ဟစ်ချင်ရင် နိုင်ငံရေးနဲ့ အစကတည်းက မပတ်သတ်ပါနဲ့လို့ မှောက်ချီလှန်ချီ လုပ်တဲ့ ဒီဗီဘီ ခေါင်းဆောင်ကြီးများကို ပြောချင်တယ်။

၃။ ရွှေဝါရောင် မတိုင်ခင်ထဲက ဗီဂျေနက်ဝပ်ဟာ အရှိန်ရနေပါပြီ။ အပြင်းအထန် အလုပ် လုပ်ခဲ့ တယ်။ လိုအပ်တဲ့ နက်ဝပ် တည်ဆောက်ရေးကို အငတ်ခံပြီး ရတဲ့  အလွန်နည်းပါးတဲ့  ငွေကြေးနှင့် ယုံကြည်ချက်ကို အရင်းပြုပြီး တည်ဆောက်ခဲ့ ကြတယ်။ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ နိုင်ငံရေး ရဲဘော်ရဲဘက်တွေနဲ့ လေးနက်တဲ့ ဆွေးနွေးမှုတွေကို လုပ်ခဲ့ ပြီး ရှိသမျှ ငွေကြေးနဲ့  အပြန် အလှန် ထောက်ပံ့ပြီး အင်အားစုအားလုံးကို တည်ဆောက်ရေး လုပ်ခဲ့ တယ်။ နိုင်ငံရေးမှာ အကျဉ်းထောင်မှာ အတူနေခဲ့ တဲ့ ရဟန်းတွေမကျန် တိုင်ပင်ကိုက်အောင် အတူ လက်တွဲ လုပ်ခဲ့ ကြ လို့ လိုအပ်သလို ထောက်ပံ့ကူညီမှုကို လုပ်ခဲ့ ကြတာပါ။ အကျိုးဆက်က ရွှေဝါရောင် တော်လှန်ရေးမှာ အဆင်သင့်ဖြစ်နေခဲ့ ပြီး တိုက်ပွဲရလဒ် ယေဘူယျအားဖြင့် အနိုင်မရသည့် တိုင်အောင် ကမ္ဘာသိအောင်တော့ လုပ်နိုင်ခဲ့ တာပါ။ ဒါကြောင့်လည်း ဒီဗီဘီအနေနဲ့ နာမည်ကောင်း ရပြီး နိုင်ငံတကာ ဆုပေါင်းများစွာ ရခဲ့ (ငါးဆယ်ကျော် ဖြစ်ပါမယ်) ဂုဏ်တက်ခဲ့ ၊ နောက်ဆုံး ဘားမားဗီဂျေ ရုပ်ရှင်ဟာ အော်စကာဖိုင်နယ်အထိ ပါခဲ့၊ ဒီဗီဘီကို နိုဘယ်ဆု ပေးဖို့ လျာထားတဲ့ အဆင့်အထိ ရောက်ခဲ့ တာပါ။

အဲသည်လို ကာလမှာ ရွှေဝါရောင်အပြီး ကိုနန္ဒ ဆိုတဲ့သူက ပြည်တွင်း နိုင်ငံရေးအင်အားစုတွေကို ဘယ်လို ငွေကြေးပေးပြီး နိုင်ငံရေး အင်အားစုတွေ လှုပ်ရှားနိုင်အောင် ထောက်ပံ့ခဲ့ ၊ ပြဿနာတွေ ဖန်တီးခဲ့ တယ်လို့ ဒီဗီဘီဟာ မီဒီယာတွေမှာ အဆိုးဆုံး ဖြစ်ပါတယ်လို့ ရဲချုပ် ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲ နာမည်ထုတ်ပြော၊ မြတ်ခိုင်က ဂျာနယ်တွေမှာ ထောက်လှမ်းရေးက အဖမ်းခံရသူ တွေဆီက စာကို ငွေစာရင်းနဲ့ တကွ နိုင်ငံသိ ထုတ်ပြောတာတွေ လုပ်ခဲ့ စဉ်မှာ မီဒီယာကိစ္စအတွက် ငွေကြေးသုံးတာ မဟုတ်ဘဲ၊ တခြား နိုင်ငံရေး ကိစ္စတွေ အတွက် ငွေကြေးသုံးနေတာတွေ အလွဲသုံးစားမှုတွေလို့ ဒီဗီဘီက ခေါင်းဆောင်များက စွပ်စွဲ အရေးယူဖို့ နေနေသာသာ အလွန်ကို သူရဲကောင်းသဖွယ် ချီးကျူးဂုဏ်ပြု မြှောက်စားခဲ့  ယုံတင်မက ဒိုနာများကိုပါ လူလုံးထွက်ပြ၊ အကြိမ်ကြိမ် ပါဝါပွိုင့်တွေ လုပ်ပြီး ငွေပိုရဖို့ ကြွားလုံးတွေ ထုတ်ခဲ့ ကြတာပါ။

၎။ ပြည်တွင်းမှာ စီးပွားရေး လုပ်ငန်းတွေ ထူထောင်ထား၊ ကားတွေ ၀ယ်ထားပါတယ် ဒါဟာ အလွဲသုံးစားလို့ ပြောရအောင် ရွှေဝါရောင် အပြီးမှာ ထောက်လှမ်းရေးက ၀င်စီးသွားတဲ့ ရေကျော် က ကိုအောင်ကြီး ( အခု အင်္ဂလန်) ဦးဆောင်တဲ့ လျှို့ဝှက်ရုံးဟာ ( ကာဗာစတိုရီ) ဟန်ပြ လုပ်ငန်း အဖြစ် ဗီဒီယိုနဲ့  ကြော်ငြာလုပ်ငန်း ထူထောင်ထားတာပါ။ ဒါ ဘယ်သူ့ စီးပွားရေးလုပ်ငန်းမှ မဟုတ်ပါ။ ငွေကြေးအကျိုးအမြတ်ကိုလည်း ရည်ရွယ်ခဲ့တာ မဟုတ်ပါ။ ငွေကြေး သိန်းနှစ်ရာ နီးပါးလောက် ဆုံးရှုံးသွားရတဲ့  အဲသည်လုပ်ငန်း ထူထောင်ခဲ့ စဉ်က လူဟောင်းတွေ အားလုံး လစာ မယူဘဲ ရတဲ့  နည်းပါးတဲ့  ဘတ်ဂျက်ထဲက အင်တာနက် အပါအ၀င် အားလုံးကို တစစနဲ့ ရင်းနှီး စိုက်ထည့်ပြီး ထူထောင်ထားခဲ့တာပါ။

အဲသည်တုန်းက လစာတွေ လျှော့ ယူကြပြီး အားလုံး ငွေနဲ့  ထူထောင်ထားခဲ့စဉ်က လူသိထင်ရှားဖြစ်ပါလျှက် လစာ အလွဲသုံးစား၊ ငွေကြေး အလွဲသုံးစားလို့ ခေါင်းစဥ် မတပ်ခဲ့ တဲ့အပြင် ဒီဗီဘီ ခေါင်းဆောင်ကြီးများက ဂုဏ်ယူချီးကျူးခဲ့ ၊ ဂုဏ်ပြုမူတွေ လုပ်ခဲ့ ကြပြီး သည်လုပ်နည်းလုပ်ဟန်အတိုင်း ပြည်တွင်းရုံးတွေ ဖွင့်ဖို့  ဟန်ပြလုပ်ငန်းတွေ လုပ်ခဲ့ ကြ တာကို အခုမှ ရုံးစရိတ်တွေ ပိုပြတယ်၊ လစာတွေ အပြည့်မပေးဘဲ အလွဲသုံးစား လုပ်တယ်၊ ဟန်ပြ လုပ်ငန်းလို့ မသုံးနှုန်းတော့ ဘဲ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ထားရတယ်လို့ ဘာလို့ စွပ်စွဲလာပါသလဲ၊ နည်းနည်းမှ ရိုးသားမှု မရှိတော့တာပါ။ လျှို့ဝှက်လုပ်ငန်း ဆိုတာ သစ္စာမဲ့ကြပြီ ဆိုရင် အလွန် အန္တရာယ်ကြီးတယ် ဆိုတဲ့ သင်ခန်းစာပါ။

သုံးဦးတိုင်ပင် သဘောတူ လုပ်တဲ့ ကိစ္စတွေကိုတောင် ကျန်နှစ်ဦးက သူတို့ မသိပါဘူး၊ ရီပိုဒ့်မတင် မသိရှိပါလို့ ငြင်းလာရင် ယူဂျီလုပ်ငန်း သဘောသဘာဝအရ ပြဿနာ အလွန်ကြီးပါတယ်။ ဒါပေမယ့် ကာယကံရှင်တွေက ပြည်တွင်းလုပ်ငန်း မှန်သမျှဟာ လူတယောက်အတွက် ဟုတ် မဟုတ်ကို သက်သေခံကြမှာပါ။ ၅။ ဗီဂျေတွေရဲ့ နက်ဝပ်ဟာ မီဒီယာနက်ဝပ် သက်သက် မဟုတ်ယုံ၊ နိုင်ငံရေးအင်အားစုတွေနဲ့ အပြန်အလှန် ယုံကြည်တဲ့ လုပ်ငန်းစဥ်တွေ ရှိယုံမကဘဲ လျှို့ဝှက် နက်နဲတဲ့  တည်ဆောက်မှုတွေ ရှိတဲ့ နက်ဝပ်တစ်ခု ဖြစ်ပါတယ်။ သေချာတဲ့ ဥပမာကို ပြရရင် ဘယ်တုန်းကမှ စစ်အစိုးရရဲ့ နက်နဲ လျှို့ဝှက်တဲ့ စီမံကိန်းတွေကို အထောက်အထားနဲ့ မဖော်ပြနိုင်ခဲ့ တဲ့ ကိစ္စတွေကို ထဲထဲဝင်ဝင် ဖော်ထုတ်နိုင် အထောက်အထားရအောင် စွမ်းဆောင်နိုင်တဲ့ စနစ်ကျတဲ့ နက်ဝပ်ပါ။ အတွင်းကျကျ နက်နဲတဲ့  လျှို့ဝှက်တဲ့ ကိစ္စတွေမှာ ပါဝင်နေတဲ့ အစိုးရ၀န်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ ထဲထဲဝင်ဝင် ပါဝင်ယုံကြည်နေအောင် တည်ဆောက်နိုင်တဲ့ နက်ဝပ်ပါ။

အဲသည် ကိစ္စတွေ အတွက် သုံးရတဲ့  ဘတ်ဂျက်ငွေကြေးတွေဟာ စပိုင်တွေအတွက် သုံးရတဲ့  ငွေကြေးတွေလို ဘာအထောက် အထားမှ ရယူနိုင်တာ မဟုတ်ပါ။ အစိုးရရဲ့ နျူကလီးယားနဲ့  မြေအောက် ဥမှင်လိုဏ်ခေါင်း စီမံကိန်းတွေကို သတင်းရုပ်ရှင်အဖြစ်နဲ့  ဖန်တီးနိုင်ပြီး အယ်လ်ဂျာဇီးယား ရုပ်သံက လွှင့်လို့ ကမ္ဘာသိ ဖြစ်အောင် ဒီဗီဘီ နာမည်ကျော်ကြားမှုတွေ ဗီဂျေနက်ဝပ်နဲ့  ဗိုလ်မှူး စိုင်းသိန်းဝင်းကြောင့် ရလာတာတွေကြောင့် ဒီလို ကိစ္စတွေ တည်ဆောက်ဖို့ကို ဒီဗီဘီခေါင်းဆောင်ကြီးများက အလွန်ကို အားပေးခဲ့ ငွေပုံသုံးစေခဲ့ပေမယ့် အခုလို သူတို့နဲ့  သဘောမတိုက်ဆိုင်တဲ့ အချိန်မှာ အဲသည်လို ကိစ္စတွေအတွက် သုံးစွဲတဲ့  ငွေကြေးရဲ့ အထောက်အထား ကင်းမဲ့ မှုကိုပဲ အားနည်းချက် တစ်ခုအဖြစ် အသုံးချဖို့ ကြံလာတာဟာ သစ္စာမဲ့လွန်းတဲ့  လုပ်ရပ်ပါ။ အကျိုးလိုလို့ ညောင်ရေလောင်းပြီး အဲသည့် ညောင်ရေနဲ့  အရိပ်ခို အသီးစားခဲ့တဲ့ ညောင်ပင်ကို အဆိပ် ခပ်သတ်ဖို့ ကြိုးစားတာပါ။ အဲသည့်ကံက အကျိုးပေးမှာပါ။



ကြာကူလီ လူမိသွားခဲ့သော စိုင်းသိန်းဝင်းနှင့် အင်ကြင်းနိုင်

၆။ ကျွန်တော့် အနေနှင့်က ဒီဗီဘီမှာ ပြည်တွင်းနက်ဝပ်ရဲ့ ဘက်ဂျက်ကို သတ်မှတ် အတည်ပြုသူ (ကြိါနအ ဗူသခအေငသည) လုပ်သူ မဟုတ်ပါ။ ငွေကြေးကို လက်ခံရရှိပြီး ကိုင်တွယ် အသုံးပြုသူ မဟုတ်ပါ။ အဲသည်လိုပဲ ငွေကြေးစာရင်းလုပ်တဲ့ ဘောက်ချာတွေ အပါအ၀င် တင်ပြတဲ့  ငွေစာရင်းကိုင် (ဗခခသကညအညေအ) မဟုတ်ပါ။ လုပ်ငန်းသဘောအရ ပြည်တွင်းနက်ဝပ်ကို လွှဲသမျှ ငွေလွှဲမှု အကုန်လုံးကို ဒီဗီဘီ တစ်ခုလုံး ငွေကြေးကိစ္စ တာဝန်ခံတဲ့ ဒီဗီဘီ လက်ထောက်ဒါရိုက်တာ ကိုခင်မောင်ဝင်းက ဒါရိုက်တာ ကိုအေးချမ်းနိုင်ရဲ့ သဘောတူညီချက်နဲ့  ဆုံးဖြတ်ချက်ပေးပြီး အော်စလိုက ငွေစာရင်းကိုင်က ထိုင်းမှာရှိတဲ့ ဒီဗီဘီရဲ့ ငွေကိုင် (ထားထား) ကို လွှဲပါတယ်။

အဲသည်ကမှ ပြည်တွင်းဗီဂျေနက်ဝပ်ရဲ့ မန်နေဂျာကို ငွေလွှဲပြီး မန်နေဂျာက ငွေလက်ကိုင် သုံးစွဲပါတယ်။ မန်နေဂျာ လက်ထဲကမှ အဆင့်ဆင့် ပြည်တွင်းက မန်နေဂျာတွေကို လွှဲပြီး ငွေကြေး သုံးစွဲပါတယ်။ ဗီဂျေနက်ဝပ်ဟာ စည်းစနစ်မဲ့  ငွေကြေးသုံးစွဲလို့ မရပါဘူး။ အဲသည်လို သုံးစွဲတဲ့  ငွေကြေးသုံးစွဲမှုကို ပြည်တွင်းငွေစာရင်းကိုင်နဲ့  မန်နေဂျာက ပြန်ပြုစုပြီး အော်စလို စာရင်းကိုင်ဆီကို လစဉ်တိုက်ရိုက် စာရင်းတင်နေရတာပါ။ ကျွန်တော့်ဆီကို မဟုတ်ပါ။ ကျွန်တော်က ဒီဗီဘီ ဒုတိယဒါရိုက်တာ ခင်မောင်ဝင်း အပါအ၀င် သုံးစွဲထားတဲ့  ငွေစာရင်းတွေကို မှန်ကန်ကြောင်း အတည်ပြု လက်မှတ်ရေးထိုး ရသူ သုံးဦး အနက်က တစ်ဦးသာ ဖြစ်ပါတယ်။ ငွေကြေးကို လက်နဲ့  ကိုင်တွယ်ခွင့်တောင် ရသူ မဟုတ်ပါ။ ငွေကြေး ဘောက်ချာတခုကို လူသုံးယောက် လက်မှတ်ထိုး အတည်ပြုရတဲ့  လူသုံးယောက်ထဲက တစ်ဦးသာဖြစ်ပြီး ဘာကြောင့် တာဝန်ယူ လက်မှတ် ထိုးရတဲ့ သူတွေ သုံးဦးထဲမှာ အကြီးဆုံး တာဝန်ယူထားသူလည်း ဖြစ်၊ လစဉ်ဘတ်ဂျက်ကို သတ် မှတ်ပေးသူလည်း ဖြစ်တဲ့ ဒီဗီဘီ ဒုတိယ ဒါရိုက်တာ ခင်မောင်ဝင်းက တာဝန်မရှိဘဲ ကျွန်တော်ကသာ တာဝန်ရှိသူလို့ စွပ်စွဲနေတာ အဓိပ္ပါယ်မဲ့ ပါတယ်။

၇။ ပြဿနာ အစပြုတာက ရွေးကောက်ပွဲကာလပါ။ သတိထားသူတွေ သိနိုင်တာက ရွေးကောက်ပွဲကာလမှာ ဒီဗီဘီအနေနဲ့ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်မှာ အမှားအယွင်းတွေ ကြီးကြီးမားမား ဖြစ်နေတယ် ဆိုတာပါ။ အဓိကက အော်စလိုမှာ စက်ပိုင်းကော လူပိုင်းကော ပြဿနာ တက်နေပြီး အတွင်းနက်ဝပ်က လုပ်နိုင်တဲ့ အရုပ်တွေ သတင်းတွေ တစ်ခုမှ မလွှင့်နိုင်အောင် ပြဿနာတက်နေတာပါ။ အဲသည်ညမှာ ကြီးကြီးမားမား ကိုအေးချမ်းနိုင်နဲ့  ကျွန်တော်နဲ့  မိုးလင်းပေါက်လောက်အထိ စကားများကြပါတယ်။ ဒါလည်း အကြောင်းတစ်ချက် ဖြစ်နိုင်ပါတယ်။ အဲသည် ကာလ၀န်းကျင်မှာပဲ ကျွန်တော်တို့ ပြည်တွင်းနက်ဝပ်မှာ လူမှုရေးကို အခြေခံတဲ့ ပြဿနာ တချို့ တက်ပါတယ်။ အဲသည်တော့ မလွှဲမရှောင်သာ ကာယကံရှင်ကိုယ်တိုင် သဘောတူတဲ့ အရေးယူမှုကို ပြည်တွင်းနက်ဝပ်အတွင်း လုပ်ရပါတယ်။ အဲသည် အခြေအနေကို အကောင်းဆုံး အသုံးချပြီး ပြည်တွင်းနက်ဝပ်ကို ခွဲထုတ်ဖို့ စကြိုးစားသူက ဒါရိုက်တာ ကိုအေးချမ်းနိုင် ဖြစ်ပါတယ်။

အောင်မြင်တယ် ပြောရပါမယ်။ ပြည်တွင်းနက်ဝပ်က ယုံကြည် အားထားတဲ့သူ တချို့ကို သူက တိုက်ရိုက် စကွပ်ကဲပါတယ်။ ကျွန်တော် အကြိမ်ကြိမ် သတိပေးခဲ့ ပါတယ်။ လုပ်ထုံးလုပ်နည်း မှားတယ်။ ဒါရိုက်တာ တစ်ယောက်လုံးက အုပ်ချုပ်ရေး လမ်းကြောင်းကို ဖောက်ပြီး တိုက်ရိုက် မလုပ်သင့်ဘူး ဆိုတာကို။ ဒါပေမဲ့ ထိပ်ဆုံးရာထူးယူထားပြီး ရည်ရွယ်ချက်ရှိသူပီပီ နားမထောင်ဘဲ ပြည်တွင်းနက်ဝပ်က လူတွေကို တစစ ခွဲထုတ်၊ ဖဲ့ ထုတ် သူ့သြဇာခံ တလက်ကိုင်လူတွေနဲ့ သဲလွန်စတွေ တဖက်သတ် တိတ်တဆိတ် စုယူတာ၊ ပြည်တွင်း နက်ဝပ် ခေါင်းဆောင်သူတွေကို အရေးယူဖို့ ဇာတ်လမ်းတွေ ဆင်လာပါတယ်။


၈။ ပြီးခဲ့ တဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးအရ မယုံကြည်ပေမယ့် မီဒီယာလုပ်ငန်းအရ တရား မမျှတတာတွေကိုလည်း သက်သေနဲ့တကွ ဖော်ပြပေးဖို့ လိုတယ်လို့ ယုံကြည်တဲ့အတွက် ပြည်တွင်းသတင်းနက်ဝပ်က အထူးအစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ ဒါရိုက်တာ အေးချမ်းနိုင်ကလည်ူးငလနွှဠ လွှင့်ဖို့ ရူးသွပ်နေပြီး ပြည်တွင်းနက်ဝပ်ကို ဖိအားပေးနေတဲ့ ကာလဖြစ်လို့ အနီးကပ် အဲဒါကို စီမံဖို့ (တကယ်တော့ ပြည်တွင်းကလူတွေ တီဗီကို လိုက်ဖ်လွှင့်ဖို့ ဆိုတာ စွန့်စားမှုကြီးလွန်းလို့ သဘောမတူဘူး ပြောခဲ့ပြီးသားပါ ) ထိုင်းကို ခြောက်လလောက် သွားလုပ်ခဲ့ ပါ တယ်။ ရွေးကောက်ပွဲပြီးလို့ မပြန်ခင်မှာတင် အော်စလိုဖက်က ဖြုတ်ထုတ်သတ် သတင်းတွေ ကြားပါတယ်။ ကိုထက်အောင်ကျော်တို့ သုံးဦးကို အလုပ်က ထုတ်ပြီး ရွေးကောက်ပွဲကာလမှာ ပူးပေါင်း ဆောင်ရွက်မှု မရှိ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု သတင်းတွေမှာ လုပ်ပိုင်ခွင့်ကို သုံးပြီး အလုပ်မဖြစ်အောင် လုပ်ခဲ့ တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကိုမိုးအေးကို အယ်ဒီတာအဖြစ်က ဖြုတ်ထုတ်လိုက်ပါတယ်။

တကယ်တော့ ဒါတွေက အနှေးနဲ့ အမြန် အကောင်အထည်ဖော်မယ့် စီမံချက်တွေဆိုတာ ဘက်တခုထဲမှာ ရှိနေစဉ် ( တည့်နေစဉ်က) ဒါရိုက်တာနဲ့ ဒုတိယ ဒါရိုက်တာတို့ တိုင်ပင်နေကြတာတွေကို သိနေတဲ့ အတွက်ကြောင့် သူတို့ သဘောမကျသူတွေကို ဖြုတ်ထုတ် သတ်ဖို့ စီမံကိန်းကို သိနေပြီးဖြစ်လို့ မအံ့သြပါဘူး။ ဒါပေမယ့် အံ့သြစရာက ထိုင်းက ပြန်ခါနီးမှာ (နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ထဲထဲဝင်ဝင် အရေးပါတဲ့ သူငယ်ချင်းတချို့က ဒီတခါ မင်းတို့အလှည့်၊ မင်းပြန်ရင် ရုံးတင် စစ်ဆေးခံရမယ်) ဆိုတဲ့ သတင်းစကားပါ။ နည်းနည်းမှ မယုံခဲ့ လို့ ရီမော နောက်ပြောင်ခဲ့ မိပါတယ်။ အော်စလို ပြန်ရောက်ချင်း ဒီကိစ္စကို ဒါရိုက်တာနှစ်ဦးကို စကားစပ်လို့ အဲသည်လို ကြားတယ်လို့ ပြန်ပြောတဲ့ အခါမှာ သူတို့မျက်နှာပျက်ကြပြီး ( မဟုတ်ပါဘူး၊ ဒါ ကိုထက်အောင်ကျော်တို့ဘက်က သတင်းလွှင့်တာ ဖြစ်ပါလိမ့်မယ်) လို့ ကိုခင်မောင်ဝင်းက ပြန်ပြော ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့  အဲသည်ကိစ္စက သွေးထွက်အောင် မှန်ခဲ့ပါ တယ်။ ထောင်ထွက်မို့လို့ ထောင်စကားပြောရရင် သတ်ခံရမယ့် သူကလွဲလို့ သူအသတ်ခံ ရတော့ မယ် ဆိုတာ တထောင်လုံး သိပြီးသား ဖြစ်နေပါတယ်။ နောက်တော့ ပိုတောင် ခိုင်မာလာပါ တယ်။

၉။ အတွင်းပြဿနာကို အစပြုတာက နက်ဝပ်အတွင်းက လူတယောက်က သူရသင့်ရထိုက်တဲ့ ငွေကြေး မရဘူး ဆိုတဲ့ အီးမေးလ်တခုက စတာပါ။ အဲသည်ကိစ္စကို သိသိချင်း ငွေပေးသူကိုကော လက်ခံသူ နှစ်ဦးလုံးကိုပါ မေးမြန်းခဲ့ သလို ဒါရိုက်တာ နှစ်ဦးလုံးကိုလည်း ငွေထုတ်ပေးသူ ပြည်တွင်းမန်နေဂျာနဲ့ လက်ခံမရဘူးလို့ ဆိုသူ သတင်းထောက်ကို နှစ်ဦးလုံး ထိပ်တိုက် မေးဖြေရှင်းခိုင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် စထူးဆန်းလာတာက အဲသည်ကိစ္စကို အထောက် အထား တစ်ခုအဖြစ်သာ သုံးလာပြီး ကာယကံရှင် နှစ်ဦးကို တိုက်ရိုက် မေးမြန်းဖို့၊ တေ့ တေ့  ဆိုင်ဆိုင် ရှင်းခွင့်ပေးဖို့ကို လက်မခံတာပါပဲ။ ဘယ်ကိစ္စမှာမဆို နှစ်ဖက်စကားကို နားထောင်ဖို့ လိုတယ် ဆိုတာ ရှင်းပါတယ်။ ပြည်တွင်းကို ငွေပို့ပြီး မရောက်ဘူးဆိုတာ ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေ ကြုံနေကြ ပြဿနာပါ။ ဒါပေမယ့် နည်းပညာနဲ့ ဆက်သွယ်ရေး ဒီလောက်ကောင်းတဲ့  ဗီဂျေနက်ဝပ်တွင်းမှာ ဒါက လက်ခံနိုင်ဖို့ ကောင်းတဲ့  ကိစ္စ မဟုတ်လို့ ကျွန်တော်က ခေါင်းမာမာ ယုံကြည်တဲ့သူပါ။ ရှင်းလို့ ရကို ရရပါလိမ့်မယ်။ ဒါပေမယ့် ဒီဗီဘီ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြဿနာကို ဖြေရှင်းဖို့ ငွေပေးသူ ပြည်တွင်းမှာရှိတဲ့ မန်နေဂျာနဲ့ ယူသူကို ဖြစ်စေ၊ သူတို့ အထက်က တာဝန်ခံတဲ့ ကိုပွကြီး၊ ကျွန်တော်တို့နဲ့  ဖြစ်စေ မရဘူး ဆိုတဲ့သူကို တိုက်ရိုက်ပြောဖို့၊ ဖြေရှင်းဖို့ကို လက်မခံဘဲ ပြည်တွင်းက လူတွေကို တိတ်တဆိတ် ခိုး ဆက်သွယ်၊ အထောက်အထား လိုက်စု၊ တဖက်လှည့် စကားတွေနဲ့  လျှောက်မေးလာတာပါ။ အဲဒါကိုလည်း ပြည်တွင်းမန်နေဂျာတွေ အပါအ၀င်၊ နတ်ဝပ်က ပြန်သိလာတော့ ပြဿနာက ပိုကြီးကျယ်လာပါတယ်။

ရိုးသားမှု မရှိတော့ဘူး တစ်ခုခုကို အန္တရာယ်ပေးဖို့ ကြိတ်ကြံစည်နေပြီလို့ ပြည်တွင်းနက်ဝပ်က တစစ ယုံကြည်လာပါတော့တယ်။ ငွေမရဘူး ပြောသူနဲ့ ငွေပေးသူကို မျှမျှတတ ထိပ်တိုက် ရှင်းခွင့်မပေးဘဲ မရဘူး ဆိုသူရဲ့ စွပ်စွဲချက်ကိုပဲ အတည်ယူပြီး စွဲချက် အထပ်ထပ် တက်လာတာက ကျွန်တော် အပါအ၀င် အဆင့်ဆင့် တာဝန်ခံရသူတွေက ဒီဗီဘီ ထိပ်ပိုင်းကို သံသယဖြစ်စရာ အတိ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ခင်ဗျားတို့မှာ (ံငိနည ဗါနညိေ) ဘာရှိနေလဲ၊ ကျွန်တော့်ကို ဖယ်ပစ်ချင်သလား၊ နက်ဝပ်အုပ်ချုပ်ရေးက လူတွေကို ဖယ်ပြီး ခင်ဗျားတို့ နက်ဝပ်ကို အပိုင်လိုချင်သလား၊ အကြိမ်ကြိမ် မေးခဲ့ပေမယ့် မရှိဘူးလို့ အကြိမ်ကြိမ် ဗျောင်ငြင်းခဲ့ ပေမယ့် နည်းနည်းမှ ယုံကြည်ဖို့ မကောင်းတဲ့  အခြေအနေကို ရောက်လာ ခဲ့ ပါတယ်။

၁၀။ ပြည်တွင်းက လူက ငွေကြေးကို မရဘူး ဆိုတဲ့ကိစ္စကို အကြောင်းပြုပြီး ဒီဗီဘီ အုပ်ချုပ်ရေးပိုင်း၊ စာရင်းအင်းပိုင်းက တောင်းဆိုလာတဲ့ အချက်တွေက အခြေအနေကို ပိုဆိုးဝါး လာစေပါတယ်။ ပြည်တွင်းက လျှို့ဝှက်ရုံးတွေ အားလုံးရဲ့ စာချုပ်တွေ ပေးရမယ်၊ ( စာချုပ်ဆိုတာ အဲသည် လျှို့ဝှက်တဲ့ရုံးတွေရဲ့ အိမ်လိပ်စာ၊ ငှားသူ မှတ်ပုံတင်၊ အမည်ရင်း အားလုံးပါတာပါ ) ဖုန်းတွေ အားလုံးရဲ့ စာရွက်စာတမ်း စသည်ဖြင့် အချက်အလက် အသေးစိတ်ကို ပေးဖို့ တောင်းဆိုလာပါတယ်။ ယုံကြည် စိတ်ချရတဲ့ အခြေအနေမှာ ယူဂျီ ဖြစ်သည့်တိုင်အောင် မပေးနိုင်စရာ မရှိပါ။ ဒါပေမယ့် ယုံကြည်စိတ်ချဖို့ ခက်ခဲလာတာက ဒါရိုက်တာ နှစ်ဦး လိုအပ်ချက် အရ ဆိုပြီး အော်စလိုကို ခေါ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးအရာရှိချုပ်လို့ (ဗိာငည ဃ့ငန်) ရာထူး ပေးလိုက်တဲ့ အရင် ချင်းမိုင် ဒီဗီဘီရုံးမှာ စာရင်းကိုင်ဖြစ်သူ လာပိုးဟာ ဗိုလ်ထိန်မောင်နဲ့  အဖွဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်စဉ်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ တဲ့သူနှင့် မောင်နှမ တော်စပ်နေပြီး အဲသည် ဆွေးနွေးပွဲမှာတောင် နော်ဝေမှာ ရှိတဲ့ သူတွေက ပြန်လာချင်တယ်လို့ သူတို့ရဲ့ ကရင်မိသားစုတွေကို ရည်ညွှန်းပြီး အလေးအနက်ထား ဆွေးနွေးတဲ့ ဗီဒီယိုကို ပြည်တွင်းနက်ဝပ်က သိနေတာပါပဲ။ သည်လို အခြေအနေမှာ ရှိသမျှ ပြည်တွင်းနက်ဝပ် ယူဂျီ လုပ်နေရသူတွေကော၊ သည့်ထက်ပို အရေးကြီးတဲ့  လျှို့ဝှက်နေရာ၊ လူပုဂ္ဂိုလ်တွေရဲ့ အချက် အလက်တွေကိုကော အဲသည်လို လူလက်ကို ယုံကြည်စွာ ပေးအပ်ဖို့ ဆိုတာ ပြည်တွင်းဗီဂျေ နက်ဝပ် အနေနဲ့ ဘယ်လိုမှ သဘောမတူနိုင်ပါ။

ဒီအပေါ်မှာ ဒီဗီဘီရဲ့ ငွေစာရင်းဌာနက လူအား လုံးနဲ့  ပြည်တွင်းနက်ဝပ် စာရင်းကိုင်၊ မန်နေဂျာတွေ အကြီးအကျယ် ပြဿနာ ပေါ်ခဲ့ပါတယ်။ အဲသည် ပြဿနာပေါ်မှာ လူချင်း ယုံကြည်ချက်ချင်းလည်း ထိပ်တိုက်တိုးပြီး မုန်းတီးမှုတွေ စတင်လာပါတယ်။ အဲသည် မုန်းတီးမှုတွေက နောက်ထပ် ပြဿနာတွေ ပေါ်ဖို့ အခြေအနေကိုလည်း ဒါရိုက်တာ နှစ်ဦးက ဖန်တီးပေးခဲ့ ပါတယ်။ တခြား ဆက်စပ်တဲ့ အကြောင်းအရာတွေက ရွေးကောက်ပွဲ မတိုင်ခင်မှာတင် ဦးဟန်ညောင်ဝေက ခေါ်တွေ့ပေးလို့ ဆိုပြီး ဘန်ကောက်မှာ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါက်တာ နေ၀င်းမောင်၊ ဦးလှမောင်ရွှေ တို့နဲ့  သွားတွေ့ရတာပါ ဆိုပြီး ကိုအေးချမ်းနိုင်က ပြောခဲ့တာ။ နောက်ကွယ် ဇာတ်လမ်းတွေက ယုံဖို့ ခက်ခဲလာပါတယ်။ ဒီကိစ္စတွေက နောက်ဆုံး ပြည်တွင်း မန်နေဂျာတွေနဲ့  စက်တင်ဘာလတွင်း ကိုအေးချမ်းနိုင် ကျွန်တော့်ကို ဖယ်ထားပြီး တိုက်ရိုက်သွား ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ နှစ်ဖွဲ့ ကွဲကြတော့မယ်လို့ ဆုံးဖြတ်ချက် တရားဝင်ချအပြီးမှာ ပိုပြီး ရှင်းလင်း သေချာလာပါတယ်။

မြတ်ခိုင်နဲ့  ရင်းနှီးတဲ့  အော်စလိုကို ခေါ်ယူထားတဲ့ သတင်းထောက် အံ့ဘုန်းမြတ်နဲ့  အင်တာဗျူး ကဏ္ဍမှာ အားလုံးကို မကွယ်မ၀ှက် မြတ်ခိုင်က ဂျာနယ်မှာ ရေးချလိုက်တဲ့အခါ ကျွန်တော်တို့ထဲက ဖမ်းခံရတဲ့  လူစာရင်းတွေကို မြတ်ခိုင်လို လူ လက်ထဲကို ထည့်မယ်ဆိုတာ ငြင်းမရအောင် ပေါ်လာ ပါတယ်။ ပြည်တွင်းက လူစာရင်းကို သတင်းပေးလုပ်တဲ့ လုပ်ရပ်ပါ။ တကယ်တော့ အကြိမ်ကြိမ် ပြည်တွင်းနက်တ်ဝက်နဲ့  သဘောတူခဲ့ တဲ့ လုံခြုံရေးစည်းကို အကြီးအကျယ် ချိုးဖောက်ခဲ့ တာပါ။ စာချုပ်စာတမ်း မရှိတဲ့ အတွက်ကြောင့် တရားရုံး မတင်နိုင်ပေမယ့် ယုံကြည်ချက် တရားရုံးကတော့  သမိုင်းမှာ ရှောင်လွှဲရနိုင်မယ့် ကိစ္စ မဟုတ်ပါ။

၁၁။ ဒိုနာတွေရဲ့ လိုအပ်ချက် အခြေအနေအရ ငွေစာရင်း သက်သေပြမှုကို တောင်းဆိုလာရတာပါ ဆိုပေမယ့် ပြည်တွင်းနက်ဝပ် အနေနဲ့ အခြေအနေကို သုံးသပ်ရင် ယုံကြည်ဖို့ မကောင်းတဲ့  အခြေအနေ ဖြစ်လာတာက ဒီဗီဘီတွင်း ဖြုတ်ထုတ်သတ် အခြေအနေပါ။ အားနည်းချက်တွေကို သိနေတဲ့ လူဟောင်းတွေဖြစ်တဲ့ ကိုမိုးအေးကို အယ်ဒီတာအဖြစ်က ဖြုတ်၊ ဘေးချိတ်ပြီး အခြားလူဟောင်းတွေဖြစ်တဲ့ အတွေ့အကြုံရှိ လူဟောင်းသတင်းထောက်တွေ ဖြစ်တဲ့ ကိုထက်အောင်ကျော်၊ မခင်နှင်းထက်၊ နန်းခမ်းကယောက် တို့ကို ပြည်တွင်းနက်ဝပ်နဲ့  အဆင်မပြေဘူး ဆိုတဲ့ ခေါင်းစဥ်နဲ့  ရှင်းလင်းခဲ့ ပါတယ်။ ရှင်းလင်းခဲ့ တဲ့ နေရာမှာလည်း သိတဲ့ အတိုင်း ပြောရရင် သူတို့ဟာ ဒီဗီဘီအတွက် အရေးပါတဲ့ ပြည်တွင်းနက်ဝပ်နဲ့  ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲ ဆန့်ကျင်နေလို့ ဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော်နဲ့  ပြည်တွင်း နက်တ်ဝက်ကို ပေးသိခဲ့ ပြီး သူတို့ကို ဖြုတ်ထုတ်သတ် လုပ်ခဲ့ တာပါ။ ဒါရိုက်တာ အေးချမ်းနိုင်က အဖွဲ့အစည်း ပုံဖော်ရေး (institutionalize) လုပ်တယ်လို့ ကျွန်တော့်ကို ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံး ပစ်မှတ်ဟာ ဒါရိုက်တာတွေ သြဇာကို ဆန့်ကျင်နိုင်တဲ့ ပြည်တွင်းနက်ဝပ်ကို ဦးတည်လာပြီလို့ သိရတဲ့ အခါ ဒါဟာ အဖွဲ့အစည်းကို (personalize) လုပ်လာတဲ့ ပုဂ္ဂိုလ်ရေး သြဇာအာဏာ တည်ဆောက်တဲ့လုပ်ရပ်လို့ပဲ ထင်းထင်း ပေါ်လာပါတယ်။ တကယ်တော့ သီးခြား အဖွဲ့သဖွယ်ဖြစ်နေတဲ့ သူတို့ တိုက်ရိုက် ကိုင်တွယ်ခွင့်မရတဲ့ ဗီဂျေနက်ဝပ် တစ်ခုလုံးကို အပြီးပိုင်သိမ်းဖို့ စီမံချက်ဖြစ်သလို ဒီဗီဘီတွင်း အာဏာတည်ဆောက်ရေးကို အခြေအနေကို အသေးစိတ် မသိနိုင်တဲ့ နိုင်ငံခြားသားတွေ များတဲ့ ဘုတ်အဖွဲ့ကိုပါ အယုံသွင်းပြီး ပုံဖေါ်လာခဲ့  တာပါ။

၁၂။ အရေးကြီးတဲ့  အချက်က ပြည်တွင်းဗီဂျေနက်ဝပ်ကို စထူထောင်စဉ်က စလို့ ဒါရိုက်တာ နှစ်ဦးဟာ သူတို့ လက်ကိုင်လျှို့ဝှက်အင်အားစု အဖြစ် ဖန်တီးခဲ့ တာပါ။ ကျွန်တော် အပါအ၀င် ပြည်တွင်းနက်ဝပ် အဖွဲ့ဝင်အားလုံးက ဒီဗီဘီနဲ့  ပတ်သက်လို့ အစိမ်းပါ။ ဘာမှ အတွင်းရေး သိသူတွေ မဟုတ်ပါ။ ယုံကြည်ချက်ကြောင့်သာ လုပ်သင့်တယ်လို့ ယုံတာကို ထောက်ခံတဲ့ အဖွဲ့အစည်း ရှိလာလို့ လုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။ ဘေးဘီရှေ့နောက် လှည့်ကြည့်ခဲ့ သူတွေ မဟုတ်ပါ။ နောင်တစ်ချိန် အခုလို တေ့ ဖြုတ်တဲ့ လုပ်ကြံမယ့် ပြဿနာမျိုးကိုလည်း ကြိုသတိနဲ့  တွေးထားခဲ့သူတွေ မဟုတ်ပါ။ ပြည်တွင်းနက်ဝပ် တဖြည်းဖြည်း အောင်မြင်လာချိန်မှာ ဒီဗီဘီ လူ ဟောင်းတွေနဲ့  လုပ်ငန်းသဘောအရ လက်တွဲ မလုပ်ကိုင်လို့ မဖြစ်တဲ့ အခြေအနေကြောင့် ဆွေးနွေးဖို့ တောင်းဆိုရင်တောင်မှ ဒါရိုက်တာ နှစ်ဦးက သူတို့ နှစ်ဦးနဲ့ သာ အလုပ်သဘော ပြောဆိုဖို့ ပြောပြီး ကျန်ဒီဗီဘီ လူဟောင်းများနဲ့  ပြည်တွင်းနက်ဝပ်ကြား ဆက်ဆံရေးကို ဖြတ်တောက်ထားခဲ့ပါတယ်။ ဆိုလိုတာက အဖွဲ့အစည်း တစ်ခုထဲမှာ စည်းခြားထားပြီး နှစ်ဖက်အားနဲ့ အပြန်အလှန် ရန်တိုက်ပေးပြီး လက်ကိုင်ကစားခဲ့ကြတာပါ။ ဆိုးကျိုးကို လက်တွေ့ ခံစားရတာက အခုလို အခြေအနေမှာ ဒီဗီဘီအဖွဲ့အစည်းတွင်းမှာ ပြည်တွင်း နက်ဝပ်ကိုလည်း လူဟောင်းတွေ အနေနဲ့ မုန်းတီးသူများပြီး အခုလို အခြေအနေမှာ ယုံကြည်လောက်တဲ့ သက်သေ မရှိတော့တာပါ။ သူတို့ ရည်ရွယ်ချက် အတိုင်းအတာ တခုအထိ အောင်မြင်တယ် ဆိုရပါမယ်။ တဖက်မှာလည်း ပြည်တွင်းနက်ဝပ် အင်အားကို သုံးပြီး သြဇာ မညောင်းနိုင်တော့မယ့် လူဟောင်းတွေကို ဖြုတ်ထုတ်သတ်၊ လူဟောင်းတွေ မလှန်နိုင်တော့မှ အားရှိနေသေးမယ့် ပြည်တွင်းနက်ဝပ်ကို ဖြိုဖို့ ကြိုးစားခဲ့တာပါ။ ပြဿနာ မဖြစ်ခင်အထိ ကျွန်တော့ရှေ့တင် ယုံကြည်စွာ ဒါရိုက်တာ နှစ်ဦး ဆွေးနွေးခဲ့တဲ့ ဖြုတ်ထုတ်သတ် စီမံချက်ထဲမှာ အခုထိ မပါသေးဘဲ စာရင်းထဲရှိသူ တချို့လည်း ကျန်သေးပေမယ့် မသင့်တော်၊ သက်သေ မရှိလို့ ထုတ်မပြောတော့ ပါ။

သေချာတာက ကျန်ရှိသူတွေထဲမှာလည်း သူတို့သဘောနဲ့ မကိုက်၊ အာခံနိုင်သူလို့ ယူဆသူ တချို့ကိုလည်း ဆက်လက် ရှင်းလင်းသွားဦးမှာပါ။ အထူးသဖြင့် လူတော်တွေ သတိထားရပါလိမ့်မယ်။ အဓိကက အဖွဲ့အစည်း ပြုပြင် ပြောင်းလဲရေးထက် အဖွဲ့အစည်းတွင်း အာခံသူ မရှိအောင် ပုဂ္ဂလိကပိုင်ပြု၊ အာဏာ တည်ဆောက်ရေး လုပ်တာပါ။ အောင်မြင် သင့် သလောက်လည်း အောင်မြင်တယ် ပြောရပါမယ်။


၁၃။ မီဒီယာကနေပြီး အခု ဖြစ်တဲ့ ပြဿနာဟာ နိုင်ငံရေးပြဿနာ မဟုတ်၊ သဘောထားကွဲလွဲမှု ပြဿနာ မဟုတ်ပါလို့ အကြိမ်ကြိမ် ၀ါဒဖြန့် ရုပ်သံတောင် လွှင့်နေတာကို ပြောဖို့ လိုလာပါတယ်။ ငွေကြေး အလွဲသုံးစားမှု တကယ် စစ်မှန်ခဲ့ တယ်လို့ ယုံကြည်တယ်၊ အထောက်အထား ခိုင်ခိုင်မာမာ ရှိခဲ့ တယ်လို့ ဆိုရင် တကယ်တော့ ဒီကိစ္စကို အကြိမ်ကြိမ် ကြေညာချက်ထုတ်ယုံတင် မလုံလောက်ဘဲ ဘာကြောင့် တီဗီကနေ ကိုယ့်လူနဲ့ ကိုယ် စည်းဝါးရိုက်ထားတဲ့ အင်တာဗျူးတွေ အကြိမ်ကြိမ် လွှင့်လာပါသလဲ။ သေချာတာက ဒီကိစ္စဟာ ဒီဗီဘီအနေနဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်ယူ လောက်တဲ့ အောင်မြင်မှုကြီး မဟုတ်သလို့ ပရိတ်သတ်အတွက်လည်း ဘာမျှ အကျိုးဖြစ်စေတဲ့ သတင်း မဟုတ်တာ လူတိုင်း သိနိုင်တဲ့ကိစ္စပါ။ တကယ် ငွေကြေး အလွဲသုံးစားမှု စစ်မှန်ခဲ့ရင် အဖွဲ့အစည်း အနေနဲ့ အရှက်ရဖို့တောင် ကောင်းတဲ့ ကိစ္စပါ။ ဒီကိစ္စကို ဘာကြောင့် အကြိမ်ကြိမ် အထပ်ထပ် ထုတ်လွှင့်နေရပါသလဲ။ ရည်ရွယ်ချက်က ဘာပါလဲ။ ရှင်းပါတယ်။ ပုဂ္ဂိုလ်ရေး အမုန်းတရားနဲ့  မီဒီယာကို အသုံးချပြီး သိက္ခာချချင်တာ၊ မကြာခင်ကမှ ပြည်တွင်းမှာ ထောင်က လွတ်လာကြတဲ့ ရဲဘော်ရဲဘက်ဟောင်းတွေနဲ့  ကြားမှာ ယုံကြည်မူပျက်သွားစေဖို့နဲ့  ရှင်းရှင်း ပြောရရင် နိုင်ငံရေးအရ ဂုဏ်သိက္ခာချဖို့နဲ့  ဒီဗီဘီဘက်ကို ဆွဲဆောင် စည်းရုံးဖို့ပါ။ တကယ်တော့ အထောက်အထား ခိုင်လုံတယ်၊ ငွေကြေး အလွဲသုံးစား လုပ်တာမှန်တယ်လို့ ယုံကြည်ရင် အကြိမ်ကြိမ် မီဒီယာကနေ ကြော်ငြာထိုးနေစရာ မလိုပါ။ အမှုဖွင့်ဖို့နဲ့  တရားရုံးမှာကို တင်ဖို့သာ ရှိပါတယ်။ သတ္တိရှိရှိ ရိုးရိုးသားသားနဲ့  တရားရုံးမှာ ရှင်းကြဖို့သာ ရှိပါတယ်။


၁၄။ နောက်ဆုံးအနေနဲ့ ပြောရရင် တရားရုံးတခုရဲ့ ဆုံးဖြတ်ချက် မတိုင်ခင် လူနာမည် အသေးစိတ်ကို ဖော်ပြပြီး ရာဇ၀တ်မှုနဲ့  အပြစ်ရှိပါတယ်လို့ တဖက်သတ် စွပ်စွဲယုံတင်မက မီဒီယာကို သုံးပြီး မီဒီယာတစ်ခုရဲ့ ကျင့်ဝတ်နဲ့ မညီတာ ဂျာနယ်လစ်အားလုံး အခြေခံအားဖြင့် နားလည်ရတဲ့  ကိစ္စပါ။ မီဒီယာရဲ့ ကိုယ်ကျင့်တရားနဲ့တင်မက တရားဥပဒေအရလည်း မကိုက်ညီပါ။ မလျော်ကန်ပါ။ အဲသည်လို ကိစ္စကို လူပုဂ္ဂိုလ် အမုန်းတရား၊ အယူအဆ မတူ ကွဲပြားတာနဲ့ အဖွဲ့အစည်းကို အသုံးချ ထုတ်လွှင့်တာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားမူနဲ့  လူ ပုဂ္ဂိုလ် ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက် စော်ကားမှုတရပ်ပါ။ ဒီအတွက် မဖြစ်မနေ ကျွန်တော့် အနေနဲ့ တရားစွဲရပါမယ်။ ဦးဆာင်သူတွေ အဖွဲ့အစည်းကို အလွဲသုံးစားလုပ်မှုအတွက် အဖွဲ့အစည်းက ပြန်လည် ပေးဆပ်ရပြီဆိုရင် ပေးဆပ်မှုက ကြီးမားပါလိမ့်မယ်။ ကျွန်တော်တို့ တရားပြိုင်တွေ အနေနဲ့ တရားမျှတတဲ့  တရားရုံးတစ်ခုမှာ မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ကြပါမယ်။ အဲသည်လိုပဲ မီဒီယာကို ဆက်အသုံးချပြီး ၀ါဒဖြန့်ချိ နေဦးမယ်ဆိုရင် တခြားသော တရားမျှတမှု ရှိမယ့် နည်းလမ်းများနဲ့ လည်း ရင်ဆိုင်တွေ့ကြပါမယ်။ ကျွန်တော် အပါအ၀င် အဖွဲ့အစည်းအတွင်း ထဲထဲဝင်ဝင် ရှိခဲ့ သူတွေအနေနဲ့ ဒီဖက်မှာလည်း ပြောစရာ အချက်အလက် များစွာ ရှိနေဦးမယ် ဆိုတာလည်း သတိပြုဖို့ လိုပါတယ်။ ခြိမ်းခြောက်တာ မဟုတ်ပါ။ တရားရုံးမှာလည်း ပြောစရာ များစွာ ရှိနေဦးမှာမို့ ဒီမှာ အသေးစိတ်တော့ ပြောမှာ မဟုတ်ပါ။ အစိုးရတစ်ခုလုံးကို နှစ် နှစ်ဆယ်ကျော် တော်လှန်ခဲ့ တဲ့ သမိုင်းရှိခဲ့ သူ တစ်ယောက်အနေနဲ့ မက ကိုယ့်လိပ်ပြာ ကိုယ်လုံသူတစ်ယောက် အနေနဲ့ နည်းနည်းမှ မကြောက်ပါ။ တရားရုံးမှာ အဖြေပေးမှာ ဖြစ်တဲ့အပြင် အချိန်နဲ့  ရပ်တည်ချက်ကလည်း အဆုံးသတ်အဖြေကို ပေးလာပါလိမ့်မယ်။

သစ္စာရှိစွာဖြင့်

မျိုးမင်းနိုင် ( ခေါ်) ကိုနန္ဒ

ဆက်သွယ်ရန်ဖုန်း +47 92888324

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ