Subscribe to our RSS Feed

၈၈ မျိုးဆက် သတင်းစာရှင်းလင်းပွဲ ကျေနပ်စရာ တကွက်မှ မရှိ


ဒီကနေ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလာ ၂၁ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားများ ဆိုပြီး နာမည်ခံထားတဲ့လူတွေက သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်သွားခဲ့ပါတယ်။ သတင်းထောက်အများအပြားကို ဖိတ်ကြားခဲ့ပေမယ့် အခန်းအနားတက်ရောက်သူ တဝတ်ကျော်က သူတို့လူတွေသာဖြစ်နေတာကို တွေ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ တစ်ယောက်ပြီး တစ်ယောက်က ထပြီး မိုက်ခရိုဖုန်းရှေ့ကုန်းကာ စကားတွေပြောခဲ့ကြပါတယ်။ ပြောတဲ့အထဲမှာ ခဏခဏ ပါတဲ့ စကားကတော့ ၈၈ ကျောင်းသားတွေက ၂၃ နှစ်ကျော် အနစ်နာခံခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ ၈၈ ကျောင်းသားတွေရဲ့ ၂၃ နှစ်ကြိုးစားမှုမှာ ဘာမှတိုးတက်မလာတဲ့အကြောင်းနဲ့ ၈၈ ကျောင်းသားတွေ ကြိုးစားမှုကြောင့် ပြည်သူတစ်ဦးတစ်ယောက် ဘယ်လို တိုးတက်ကောင်းမွန်သွားတယ်ဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။

ဒါ့အပြင် ဦးမင်းကိုနိုင်က ဒီကနေ့ နိုင်ငံရေးတိုးတက်မှုက ၈၈ မျိုးဆက်တွေရဲ့ ကြိုးပမ်းမှုတွေ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ မှမဟုတ်ပဲ ဟိုးအရင်ကတည်းက နိုင်ငံတော်အကြီးအကဲတွေက လမ်းပြမြေပုံ ခုနှစ်ချက်ကို ရေးဆွဲကာ နိုင်ငံတော်သစ်တည်ဆောက်ဖို့ အစီစဉ်ဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလမ်းပြမြေပုံ ၇ ချက်ကတော့

၁။ ၁၉၉၆ခုနှစ်ကစတင်၍ ယာယီအားဖြင့်ဆိုင်ငံ့ထားလျှက် ရှိသော အမျိုးသား ညီလာခံကို ပြန်လည်ကျင်းပခြင်း။


၂။ အမျိုးသားညီလာခံကြီးအောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကိုတဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်ခြင်း။

၃။ အမျိုးသားညီလာခံကြီးက ချမှတ်ပေးသော အခြေခံမူများနှင့် အသေးစိတ်အခြေခံ ရမည့်မှုများနှင့်အညီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲခြင်း။




၎။ ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပ ၍အတည်ပြုခြင်း။



၅။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေး အတွက်တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်း။




၆။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်နှင့်အညီလွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်း အဝေးပွဲများကျင်းပခြင်း။



၇။ လွှတ်တော် ကရွေးကောက် တင်မြှောက်သောနိုင် ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့်အာဏာပိုင်အဖွဲ့အစည်းများဖြင့်ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေ စီနိုင်ငံတော်သစ်တည်ဆောက်ခြင်း။

တို့ဖြစ်ပါတယ်။ နိုင်ငံတော်မှ အစိုးရနဲ့ တာဝန်ရှိသူများက အဲဒီမူဝါဒ ခုနှစ်ချက်အတိုင်းလုပ်ဆောင်နေရာက ဒီနေ့ မြင်တွေ့နေရတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရတာဖြစ်ပါတယ်။ ၈၈ မျိုးဆက်တွေ လုပ်ခဲ့လို့ ဖြစ်လာတာလည်း မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လုပ်ခဲ့လို့ ဒီနေ့ ရလဒ်ကောင်းတွေ ဖြစ်လာတာ မဟုတ်ပါဘူး။

၈၈ မျိုးဆက်တွေနဲ့ ဒေါ်အောင်ဆန်းဆုကြည်နဲ့ NLD က လမ်းပြမြေပုံ ၇ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံ ကို မတက်ခဲ့ကြပါဘူး၊ တက်သူတွေကိုလည်း ရှုံ့ချခဲ့ပြီး မတက်သူတွေကို ထောက်ခံခဲ့ကြသူတွေဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်းကိုလည်း ပိုးစိုးပက်စက် မကောင်းပြောခဲ့သူတွေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြသူတွေဖြစ်ပါတယ်။

ဒါတောင်မှ ဒီကနေ့ နိုင်ငံတော်ရဲ့ တိုးတက်မှုတွေက သူတို့တွေ အနစ်နာခံခဲ့လို့၊ သူတို့တွေ ၂၃ နှစ်လုံးကြိုးစားခဲ့လို ဖြစ်လာတယ်လို့ အရှက်မရှိပြောနေကြတာကို တွေ့နေရပြန်ပါတယ်။


သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ဆိုသူ ဦးမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုမှ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တဲ့အပေါ်မှာ ကြိုဆိုကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အမျိုးသားညီလာခံကို မတက်ခဲ့ခြင်း၊ အခြေခံဥပဒေကို စစ်ကျွန်အဖြစ်သွပ်သွင်းမယ့် ဥပဒေလို့ ပြောခဲ့ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို နအဖ ရဲ့ နွားတင်းကုပ်ထဲဝင်ခြင်း ဖြစ်ကြောင်း ပြောခဲ့ခြင်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖို့ ပြောခဲ့ခြင်းများအပေါ်မှာတော့ တစုံတရာ ပြောမသွားခဲ့ဘူးလို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ဦးမင်းကိုနိုင်က ၁၉၈၈ အရေးအခင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပေမယ့် အဲဒီချိန်တုန်းက အရေးအခင်းမှာ ဆူပူသူ ၈၈ မျိုးဆက်တွေရဲ့ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမှုအကြောင်း၊ အပစ်မဲ့ပြည်သူတွေကို ခေါင်းဖြတ်သတ်ခဲ့တဲ့အကြောင်း၊ ဂိုဒေါင်တွေကို မီးရှို့တဲ့အကြောင်း တွေကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။


၈၈ မျိုးဆက်များ ဂိုဒေါင်တွေဖောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ဖျက်ဆီးခဲ့စဉ်က

သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်တွေရဲ့ နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်လဲ ဆိုတာကိုတော့ ဦးမင်းကိုနိုင်ကပဲ နိုင်ငံရေး အသုံးအနှုံး စကားလုံး တစ်ခုမှ မပါပဲ ဒီနေ့ မြန်မာနိုင်ငံက ဖန်ခွက်ထဲက ရေတဝက်ဖြစ်ကြောင်းနဲ့ ပြည်သူက အဲဒီရေထဲက ငါး ဖြစ်ကြောင်း ဥပမာ ပြ ပြောကြားသွားပါတယ်။ ဖန်ခွက်ထဲကို ရေတဝက်ထည့်ပြီး ငါးထည့်ကြည့်ပါက နာရီပိုင်းအတွင်း ငါးက သေသွားမှာ ကိုတော့ ဦးမင်းကိုနိုင် ဦးနောက်က စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိမသွားခဲ့ပါဘူး။ ဒီနေ့နိုင်ငံဟာ ဖန်ခွက်လည်း မဟုတ်သလို ရေ လည်း မဟုတ်ပါဘူး။ မြန်မာပြည်သူတွေကလည်း ငါး မဟုတ်ပါဘူး။ ငါး ဆိုရင်လည်း ဖန်ခွက်ထဲမှာ မနေပဲ မြစ်ထဲ ပင်လယ်ထဲမှာပဲ နေချင်ကြမှာပါ။ မြန်မာနိုင်ငံသားအားလုံးကတော့ မြန်မာနိုင်ငံထဲမှာပဲ နေချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေး နားမလည်တဲ့ ဦးမင်းကိုနိုင်ရဲ့ ဥပမာက နိုင်ငံရေးနားလည်သူတွေအတွက် ဟာသ ဖြစ်စေတယ်လို့ သတင်းထောက်တစ်ဦးက ဆိုပါတယ်။

ဦးမင်းကိုနိုင်သာမကပဲ တခြား ၈၈ မျိုးဆက် ဆိုသူတွေထဲမှာ နိုင်ငံရေးနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ကျောင်းပြီးသူ တစ်ယောက်မှ မရှိပဲ အားလုံးက ကျောင်း တပိုင်းတစ နဲ့ ထွက်လာကြသူတွေသာ ဖြစ်တာကြောင့် အတွေးအခေါ်တွေက ညံ့ဖျင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်ကာ လူဖြစ်ပြီး လူတွေကြားမှာ မနေရတာကြာတော့ လူလို မတွေးတတ်တာလည်း ဖြစ်နိုင်တယ်လို့ အခန်းအနားကို တက်ရောက်ခဲ့တဲ့ သတင်းထောက်ကပဲ ဆက်ပြောပါတယ်။

ဒါ့အပြင် ဦးမင်းကိုနိုင်က စာပေစိစစ်ရေး ဆိုတာ ရှိနေရင် ဒီလောက က ထပ်တက်လာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် ပြည်ပ သတင်းမီဒီယာတွေရဲ့ comment တွေကို စိစစ် ပြီးမှ တင်ပေးတဲ့အကြောင်း၊ တိုက်ရိုက်လေလှိုင်းဆွေးနွေးမှုတွေ၊ ပေးစာတွေကို စိစစ်ပြီးမှ ဖော်ပြတဲ့အကြောင်းတွေနဲ့ ဘီဘီစီလို သတင်းဌာနကြီးက facebook မှာ comment တွေ ဖြတ်တဲ့အကြောင်းနဲ့ comment ပေးလို့ မရအောင် လုပ်တဲ့အကြောင်းတွေကိုတော့ ပြောကြား သွားခြင်း မရှိဘူးလို့ သိရပါတယ်။ ၈၈ မျိုးဆက်ဆိုသူတွေထဲမှာ နည်းပညာအားနည်းသူတွေသာ များနေတာကြောင့် facebook ဆိုတာ မသိသူတွေလည်း တပုံကြီးရှိနိုင်ကြောင်း facebook လောကမှ သတင်းတွေအရလည်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေ ဘယ်လိုဖြစ်လာလဲ ဆိုတဲ့အကြောင်းကိုတော့ ဦးမင်းကိုနိုင်ကပဲ ၁၉၈၈ ဆူပူမှုမှာ ပါဝင်လာကြရင်း ပေါ်ပေါက်လာတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အရင်ကတည်းက နိုင်ငံရေး ခံယူချက်ရှိလို့၊ နိုင်ငံရေးအကြောင်းနားလည် လေ့လာခဲ့လို့ နိုင်ငံရေးလောက ကို ဝင်ရောက်လာတာ မဟုတ်ကြပဲ အရေးအခင်း ဖြစ်တုန်း လမ်းကြုံလို့ နိုင်ငံရေးလောကထဲကို ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံသွားတာ ဖြစ်ပါတယ်။

ခေါင်ဖြတ်ပြီး ထောင်ထားတဲ့ ဂုဏ်ယူဖွယ်ရာ ရှစ်လေးလုံးအရေးတော်ပုံ

သတင်းထောက်တွေ သတင်းယူနေတဲ့ ရှေ့မှာပဲ ၈၈ မျိုးဆက်ဆိုသူ ဦးမင်းကိုနိုင်က သူတို့တွေ ဘက်လိုက် မယ့်အကြောင်းကို "
ပြတ်ပြတ်သားသား ဘက်လိုက်မှာပါ။ အဲဒါလေးကို ကျွန်တော်အသိပေးပါရ စေ" လို့ အတိအလင်း ပြောကြားသွားတာကိုလည်း အံ့သြဖွယ် တွေ့ရပြန်ပါတယ်။

ဦးမင်းကိုနိုင်က "လွန်ဆွဲပွဲ တစ်ခုဖြစ်ကြောင်း၊ တစ် ဖက် အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုတဲ့ သူတွေဖြစ်ကြောင်း၊ ကျန်တဲ့တစ်ဖက် က ပြုပြင်ပြောင်းလဲ ရေးဘက်က ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလွန်ဆွဲပွဲမှာ ပြုပြင်ပြောင်းလဲရေးဖက်ကနေ ၈၈ မျိုးဆက်တွေက ရှိမယ့်အကြောင်း ပြောကြားခဲ့ပေမယ့် ဒီကနေ့ အစိုးရ လုပ်ဆောင်နေတဲ့ ပြုပြင်ပြေင်းလဲရေး လုပ်ငန်းတွေနဲ့ အတိုက်အခံအင်အားစု အချို့ရဲ့ ၉၀ ရွေးကောက်ပဲကို ပြန်ခေါ်ဖို့ နဲ့ နောက်ကြောင်းပြန်ဖို့ အကြောင်းတွေကိုတော့ တစ်ခွန်းမှ ပြောမသွားခဲ့ပါဘူး။

စီးပွားပိတ်ဆို့မှု နဲ့ ပတ်သက်ပြီး ဖယ်ရှားဖို့အတွက် ၈၈ မျိုးဆက်တွေဖက်က ဝိုင်းဝန်းကူညီမယ် လို့ ဦးမင်းကိုနိုင်က က ပြောကြားခဲ့ပေမယ့် စီးပွားပိတ်ဆို့မှု ကြောင့် ပြည်သူအများ အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့အကြောင်းတွေ ကိုတော့ ထည့်သွင်းမပြောခဲ့ပါဘူး။ စီးပွားပိတ်ဆို့မှု နှစ်ပေါင်းများစွာ ခံနေရချိန်တုန်းကလည်း ဘယ် ၈၈ မျိုးဆက် တစ်ယောက်ကမှ ပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ဦးကိုကိုကြီးကလည်း ဦးကိုကိုကြီးရဲ့ တစ်ကိုယ်စာ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ထောင်ထဲသွားမနေတဲ့အကြောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ထောင်ထဲသွားတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါဘတယ်။ ဦးကိုကိုကြီးထောင်ထဲသွားနေချိန် နိုင်ငံတိုးတက်ဖို့ ဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေချိန်မှာ ထောင်ပြင်ကလူတွေ အစွမ်းအစနဲ့ ရုန်းကန်နေကြတဲ့အပေါ်မှာတော့ ဘာမှ ပြောမသွားခဲ့ပါဘူး။

နိုင်ငံရေး အကျဉ်းသားဆိုတာနဲ့ ပတ်သက်ပြီး လူတွေ ဒလဟော အူလှိုက်သဲလှိုက် ကြိုဆိုခြင်းကိုတွေ့ရလို့ နိုင်ငံရေးအကျဉ်းသား တွေသာ ဖြစ်ပြီး သူခိုး ဓားပြတွေ မဟုတ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့ပေမယ့် ဦးခင်ညွန့်ကို လူအများက အူလိုက်သဲလှိုက်ကြိုဆိုကြပုံနဲ့ ရွှေတိဂုံဘုရားသွားချိန်မှာ စောင့်နေခဲ့ကြပုံကိုတော့ ဦးမင်းကိုနိုင် မပြောခဲ့ပါဘူး။

ပါတီထောင်ဖို့ကိစ္စနဲ့ပတ်သတ်လို့ကတော့ ဦးလှမျိုးနောင်က စဉ်းစားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ၈၈ မျိုးဆက် ဆိုတဲ့လူတွေထဲမှာ ပါတီနိုင်ငံရေး နဲ့ပတ်သက်ပြီး ဗဟုသုတ အလွန်းနည်းတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအကြောင်းမေးချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဦးကိုကိုကြီး က ပြောကြားခဲ့ပါတယ်။ ဘာကြောင့်ပူးပေါင်းမယ်၊ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေလုပ်ခဲ့လို့ ပြည်သူတွေ ဘယ်လို အကျိုးခံစားနေရတယ် ဆိုတာတွေကိုတော့ ရှင်းမပြခဲ့ပါဘူး။

သတင်းစာရှင်းလင်းပွဲအပြီးမှ သဘောထားထုတ်ပြန်ချက်ဆိုပြီး အောက်ပါအချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်များထဲမှာ အစိုးရရဲ့ လမ်းပြမြေပုံ ၇ ချက်လို တိတိကျကျ ဦးတည်ထားတဲ့ ရည်ရွယ်ချက် တစ်ခုမှ မပါသလို၊ နိုင်ငံတော်နဲ့ ပြည်သူလူထု ခံစားရမယ့် ကောင်းကျိုး တစ်ခုမှ မပါခဲ့ပါဘူး။

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။ (၈၈၈၈ အရေးတော်ပုံအကြောင်း)



၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။ (၎င်း နိမ့်ကျမှုများမှ တိုးတက်အောင် ၈၈ မျိုးဆက်များ ဘာမှ မလုပ်နိုင်ခဲ့ပါ)

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။ (ဒီနေ့ဒီအချိန်ကို ဖန်တီးခဲ့တာ ၈၈ မျိုးဆက်တွေ အစွမ်းအစ ကြောင့် မဟုတ်ပါ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်ဆီ ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံကြောင့်သာဖြစ်သည်)

၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။ (စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်ခိုင်းခဲ့တာကိုတော့ မကန့်ကွက်ရဲပါ)

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။ (၈၈ မျိုးဆက်အချင်းချင်း ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့ ABSDF ထဲက မငြိမ်းချမ်းတောတွေကို အရင်ရှင်းပါ)

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။ (ပြန်ပရောက် နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရေးမှာ အစိုးရက လုပ်ပေးလို့မရပါ. သူတို့လုပ်ရက်တွေကသာ သူတို့ဂုဏ်သိက္ခာကို ဖော်ပြလိမ့်မည်။ မယောင်ရာကို ဆီမလူးပါနဲ့ ၈၈ မျိုးဆက်များ)

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။ (အားမပေးလို့လည်း မရတော့ဘူး၊ အားမပေးခဲ့စဉ်၊ ကန့်ကွက်ခဲ့စဉ်၊ မထောက်ခံစဉ် တုန်းကလည်း အစိုးရက သူလုပ်စရာရှိတာ ဆက်လုပ်နေတာပဲ)

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။ (ပူးပေါင်းတာက လွယ်ပါတယ်၊ ကိုယ်စွမ်းနဲ့ ဥာဏ်စွမ်းရှိအောင် အရင်လုပ်ကြပါ။ လမ်းပေါ်ထွက်ပြီး အော်တဲ့ နိုင်ငံရေးလောက်တော့ ဘယ်နိုင်ငံရေးမှ မလွယ်ဘူးဆိုတာ သတိထားပါ )

၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။ (ပြုပြင်ပြောင်းလဲရေးကို လက်မခံသူတွေ၊ ၉၀ ရွေးကောက်ပွဲကို နောက်ကြောင်းပြန်ချင်သူတွေ အများကြီးရှိနေသူတွေ ပြည်တွင်းပြည်ပ မှာ အများကြီးရှိနေတာကိုလည်း သတိရပါ)

ဆက်စပ် သတင်းများ

ဘာလဲဟဲ့ ရှစ်လေးလုံး

၈၈ ကျောင်းသားများ နှစ်ခြမ်းကွဲ ပြန်


လူတိုင်းအတွက် ပညာရေး


ပစ်တိုင်းထောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)

ဆောင်းပါးခေါင်းစဉ်သည် ရှင်းလင်းလှသည်။ လူတိုင်းအတွက်ဆိုမှတော့ ဆင်းရဲချမ်းသာမရွေး၊ ကျား/မ မရွေး၊ အသက်အရွယ်မရွေး၊ တောင်ပေါ် မြေပြန့်မရွေး၊ မြို့နှင့် တောရွာမရွေးဟု ဖတ်ရှုသူတိုင်း နားလည်သဘောပေါက် ကြပါသည်။

မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော လူတိုင်းကို စာတတ်မြောက်စေချင်သည်။ အသက် မွေးဝမ်းကျောင်းပညာ တတ်မြောက်စေ ချင်သည်။

တတ်မြောက်အောင် ဆောင် ရွက်ပေးရမည်ဟု အဓိပ္ပာယ်ပေါက်ကြပါသည်။

'မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်'ဟူသော ဆောင်ပုဒ်ကဲ့ သို့ပင် ဖတ်ကြားရသူတိုင်းအဖို့ ၀ါဂွမ်း ဆီထိဘိသကဲ့သို့ ပီတိဖြာ ရပါသည်။

အမှန်တကယ် ဖြစ်မြောက်လာရန် အတွက်သာ လိုအပ်ပါသည်။

အမှန်တကယ် လက်တွေ့ဖြစ်မြောက်ဖို့ ဆိုသည်မှာလည်း အကွက်စေ့အောင် အသေး စိတ် စီမံခန့်ခွဲမှု လိုအပ်လှပါသည်။

ဥပမာများပေး၍ တင်ပြပါမည်။ 'လူတိုင်းအတွက်'ဟု ဆိုထားသဖြင့် ထောင်တွင်း အကျဉ်းကျခံနေရသော လူငယ်များလည်း အကျုံးဝင်ပါသည်။

အသက် ၁၈ နှစ်ရှိသဖြင့် ကလေးဟု သတ် မှတ်ခြင်းမခံရတော့သည့် လူငယ်များ သည် ပြစ်မှုကျူးလွန်လျှင် လူကြီးများနှင့် အတူ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံရပါသည်။

အချို့လူငယ်များသည် ငယ်စဉ်က ဘ၀ပေးအခြေအနေအရ ခြေသလုံးအိမ်တိုင်ဘ၀ ထူထောင်ကာ စားဝတ်နေရေးအတွက် ဒုစရိုက် လုပ်ငန်း ဖြင့် အသက်မွေးကြပါသည်။

တကယ့် အဖြစ်မှန်တစ်ခုကို ဖော်ပြပါမည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ ခြေသလုံး အိမ်တိုင် လူငယ်တစ်ဦးသည် မီးရထား များပေါ်တွင် ခါးပိုက်နှိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ရန်ကုန် သို့ ရောက်ရှိလာပါသည်။ ထောင်အတွင်း ၌ ပြစ်ဒဏ်ကျခံနေသော ကျောင်းဆရာ တစ်ဦးနှင့် တွေ့ဆုံ၍ ကျောင်းဆရာက စာသင်ပေးကာ ထိုလူငယ်သည် စာရေး တတ်၊ ဖတ်တတ်လာပါသည်။

ထိုအချိန် တွင် ထိုလူငယ်သည် ပြစ်ဒဏ်ကာလ စေ့ ရောက်သဖြင် ထောင်မှလွတ်ပါသည်။ နေရပ်သို့ပြန်ရန် စိတ်ကူးမရှိသည့် အပြင် စာကိုလည်း ဆက်လက်သင်ကြားလိုသဖြင့် ရန်ကုန်မြို့တွင် ခါးပိုက်ပြန် နှိုက်၍ အဖမ်းခံကာ အင်းစိန်အကျဉ်းထောင်သို့ ပြန်လည် ရောက်ရှိလာပါသည်။

ထိုလူငယ်သည် အင်းစိန်ထောင် သို့ ၀မ်းပန်းတသာ ပြန်လာပြီး စာဆက်သင်ပါသည်။ ဖြစ်ရပ်မှန်ပါ။

ဤကဲ့သို့ ဘ၀အလင်းရောင် မှုန်ဝါးဝါး လေးကို တွေ့မြင်ရသဖြင့် ပိုမိုထွန်းလင်း တောက်ပလာစေရန် မိမိနည်း မိမိဟန် ဖြင့် ကြိုးစားအားထုတ်နေသည့် အကျဉ်း ထောင်ကျ လူငယ်များစွာကို စာရေးသူ ကိုယ်တိုင် အင်းစိန်အကျဉ်းထောင်ကြီး အတွင်းသို့ သွားရောက်လေ့လာစဉ်က တွေ့ရှိခဲ့ရဖူးပါသည်။

ထိုလူငယ်များကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ အစီအစဉ်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော ပညာ ရေးဝန်ထမ်းများက စာသင်ကြားပေးလျက် ရှိကြပါသည်။

'အသုံးလုံးကျေ' အဆင့်မှ မူလတန်းပညာအဆင့်အထိ စာသင်ခန်းများဖွဲ့၍ စာသင်ကြားပေး နေကြသည်ကို စာရေးသူကိုယ်တိုင် လေ့လာတွေ့ရှိခဲ့ရပါသည်။

စာရေးသူ၏ ကြိုးစားအားထုတ်မှုကြောင့် ပညာရေး ၀န်ကြီးဌာနမှ အင်းစိန်နှင့် မိတ္ထီလာ ထောင်များသို့ မူလတန်းဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ကြပါသည်။ 'လူတိုင်းအတွက် ပညာရေး' ကို ပီပီ ပြင်ပြင် ဆောင်ရွက်မည်ဆိုလျှင် အကျဉ်းထောင်တိုင်း၌ ပညာသင်ကြား လိုသူများကို ပညာသင်ပေးရန် အစီ အစဉ် သတ်သတ်မှတ်မှတ်ရှိရပါမည်။

ပညာရေးဌာန၏ အစီအစဉ်ဖြင့် နှစ်ဆုံး စာမေးပွဲမေးခွန်းထုတ်၍ စစ်ဆေးရပါ မည်။ မည်သည့်အတန်းအထိ တတ် မြောက်ပြီးဖြစ် ကြောင်းကို အသိအမှတ် ပြုလက်မှတ် ထုတ်ပေးရပါမည်။

ပြည်ထဲရေးဝန်ကြီးဌာနက အိမ်ရှင်ဖြစ်သဖြင့် ဦးစီးဦးဆောင်ပြုသင့်ပါသည်။

ပညာရေး ၀န်ကြီးဌာနကို ဖိတ်ခေါ်ညှိနှိုင်းသင့်ပါသည်။ ခိုးဆိုး နှိုက်များအဖြစ်သာ မြင်နေပြီး မပစ်ပယ်ထားသင့်ပါ။ အခြားသော အကျဉ်းထောင်အတွင်း ပစ်ဒဏ်ခံနေရ စဉ်မှာပင် အခြေခံဘွဲ့၊ ဘွဲ့လွန်ဒီဂရီများ ဆွတ်ခူးရရှိသွားသူများရှိကြပါသည်။

'လူတိုင်းအတွက် ပညာရေး' ဖြစ်စဉ် နောက်တစ်ခုရှိပါသေးသည်။ ဥပမာ ပေးပါမည်။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှ 'မြရတနာ' အစိုးရ မူလတန်းကျောင်း ဖြစ်ပါသည်။

မြရတနာ ကျေးရွာသည် ကုသပျောက်ကင်းပြီးစီး ပြီဖြစ်သော အနာကြီးရောဂါသည် ဟောင်းများစွာဖြင့် စုစည်းတည်ထောင် ထားပါသည်။

ထိုရွာမှ မူလတန်းအရွယ် ကလေးငယ်များသည် ရွာနှင့်တစ်ဆက် တည်း မြေနေရာတွင် ဖွင့်လှစ်ထားသော အစိုးရမူလတန်း ကျောင်းတွင် ပညာသင် ကြားလျက်ရှိကြပါသည်။

ကလေးများမှာ မည်သည့်ရောဂါမျှမရှိသော လူငယ် လေးများ ဖြစ်ကြပါသည်။

ကလေးများထဲမှ ကလေးများသာ ဖြစ်ကြသည့်အတိုင်း ကလေးများသဘာဝအတိုင်း ရှိကြပါသည်။

သို့သော် ကလေးများ အားလုံးနီးပါး နွမ်းပါးကြပါသည်။

ထိုကျောင်း၏ မိဘဆရာအသင်း အစည်းအဝေးကို စာရေးသူကိုယ်တိုင် လေ့လာသူအနေဖြင့် တက်ရောက်ဖူးပါသည်။

မိဘများမှာ ရောဂါပျောက်ကင်း နေကြပြီဖြစ်သော်လည်း နေ့စဉ်သုံးစွဲ နေရသော သောက်ဆေး၊ လိမ်းဆေးများ ရှိပြီး ဆေးအနံ့သည် သာမန်လူတစ်ဦး အတွက်မှာမူ အနံ့ပြင်းထန်ပါသည်။

ထိုကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများမှာ အမှန် တကယ်ပင် အနန္တော၊ အနန္တဂိုဏ်းဝင်များ ပီသလှ ပါသည်။

ဤရွာမှ ဆင်းရဲနွမ်းပါးသော ကလေး များ၏ အလယ်တန်း၊ အထက်တန်းပညာ ရေးအတွက်မှာ မှုန်ဝါးဝါးသာ ဖြစ်ပါသည်။ တက္ကသိုလ်ဆိုသည်မှာ အိပ်မက် တစ်ခုသာ ဖြစ်ပါသည်။

အစစ အရာရာ ကို နိုင်ငံတော်မှ ကျခံပေးခြင်းမပြုနိုင်သောကြောင့် ကာယကံရှင်များကိုယ်၌ ကလည်း စရိတ်မျှဝေခံရမည်ဆိုသော မူဝါဒပင်ရှိလင့်ကစား ဤ 'မြရတနာ' အစိုးရမူလတန်းကျောင်းကဲ့သို့သော ပညာသင်ဌာနမှ ကလေးများအတွက်ကိုမူ အထူးကိစ္စ တစ်ရပ်အဖြစ် သီးခြားစဉ်း စားသင့်ပါကြောင်း အကြံပြုပါသည်။

ဤကလေးများ၏ ကိစ္စမှာ ရှေးဘ၀ ကုသိုလ်ကံအကျိုးနည်းလို့ဟူ၍လည်းကောင်း၊ အကျဉ်းထောင်ထဲမှ လူငယ် များကိုလည်း 'ခိုးဆိုးနှိုက်တွေပါကွာ'ဟူ၍ လည်းကောင်း ယနေ့ ခေတ်အခါ တွင် မျက်နှာလွှဲမထားသင့်တော့ပါ။

သို့မှ သာလည်း 'လူတိုင်းအတွက် ပညာရေး'ဆိုသော ဆောင်ပုဒ်မှာ ပီပြင်ပါမည်။ 'လူတိုင်းအတွက်'ဟု ဆိုထားသဖြင့် မသန်မစွမ်း ကလေးများလည်း အကျုံးဝင်ပါသည်။

နိုင်ငံတော်ပေါ် အစိုးရက မျက်မမြင် နားမကြားကလေးများ အတွက် အစီအစဉ်များ၊ ဉာဏ်ရည်နိမ့် ကလေးများအတွက် အစီအစဉ် များကို 'လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန'မှ တာဝန်ယူ၍ ဆောင်ရွက်ပေးနေကာ အတော်ပင် ပြည့်စုံအောင်လည်း ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

မျက်မမြင် နှင့် ဆွံ့အနားမကြား ဉာဏ်ရည်နိမ့်သူ များအတွက် အစီအစဉ်များ ရှိနေသော်လည်း မွေးရာပါ ကိုယ်လက်အင်္ဂါ မစုံလင် သူ၊ ချို့ယွင်းနေသူ ကလေး၊ လူကြီးများ အတွက် ပံ့ပိုးမှုမှာ လစ်ဟနေပြီး 'ရွှေမင်း သားဖောင်ဒေးရှင်း'ကဲ့သို့သော ပုဂ္ဂလိက အဖွဲ့အစည်း များ၏ လှုပ်ရှားပံ့ပိုးမှုများ သာ အဓိက နေရာယူထားရပါသည်။

စာရေးသူ၏ ကိုယ်ပိုင်အတွေ့အကြုံ တစ်ခုကို ဥပမာအနေဖြင့် တင်ပြပါမည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာတစ်ရွာတွင် တဲသာသာ အိမ် လေးဖြင့် လူတန်းစေ့နေနိုင်သည်ဟူ သော အဆင့်မျှသာရှိသော ရေလုပ်သား မိသားစုတစ်စုတွင် သားသမီးများထဲ ဒီ ၁၀ တန်းကျောင်းသူတစ်ဦး ပါရှိပါသည်။

ထိုကျောင်းသူလေးမှာ မွေးဖွားစဉ်က တည်းက လက်နှစ်ဖက်စလုံးမှာ ပခုံးတွင် ငုတ်တိုကလေးများအဖြစ်သာ ပါရှိပြီး ခြေတစ်ဖက် မှာလည်း တိုနေပါသည်။

စာရေးသူ သိရှိရစဉ်ကာလက ကလေး မလေးမှာ အသက် ၁၆ နှစ်ကျော်ခန့်သာ ရှိပြီး အရပ်မှာ ငါးပေပင် မပြည့်တတ်ပါ။ ပညာကို လိုလားသဖြင့် ခြေထောက်ဖြင့် စာရေးလျက် တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိလာခဲ့ပြီး ညဘက်တွင် စာအုပ် ကို ကြမ်းပေါ်တွင်ချလျက် မီးခွက်ဖြင့် ခေါင်းငုံ့ဖတ်ရှုစာကျက်ရသောကြောင့် မျက်စိအတန်ပင်မှုန်နေပြီဖြစ်ပါသည်။

မိဘများမှာ ငွေကြေးအခက်အခဲကြောင့် တပ်ဆင်ထားသော မျက်မှန်၏ ပါဝါကို လည်း လဲလှယ်ပေးခြင်း မပြုနိုင်ကြပါ။

ဤအဖြစ်အပျက်များကို သိရှိသော သူတစ်ဦးမှ စာရေးသူထံ လှမ်း၍ အသိ ပေးသောကြောင့် စာရေးသူမှ ထိုကလေး ကို တွေ့ဆုံရန် စီစဉ်ခဲ့ပါသည်။ စာရေးသူ မှ မျက်မှန်အသစ်တစ်စုံ ပြုလုပ်ပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း နှစ်ချင်း ပေါက် အောင်မြင်အောင် သင်ကြားပေး ရန် ထိုကလေး၏ကျောင်းမှ ဆရာ၊ ဆရာ မများကို အကူအညီတောင်းခံခဲ့ပါသည်။

ထိုကလေးမလေး တက္ကသိုလ်ဝင် အစိုးရစစ်စာမေးပွဲကို ဖြေဆိုရာတွင် ခြေထောက်ဖြင့် ရေသားဖြေဆိုမှု အဆင် ပြေစေရန် သီးခြား စားပွဲတစ်လုံး ဒီဇိုင်းထုတ် စီစဉ်ပေးခဲ့ပါသည်။

ကလေးမလေးသည် တက္ကသိုလ်ဝင် စာမေးပွဲကို နှစ်ချင်းပေါက် ဖြေဆို အောင်မြင်ခဲ့ပြီး Applied Maths အဓိကဘာသာ ယူလိုသော ကြောင့် စာရေးသူမှပင် ပုသိမ်တက္ကသိုလ်နှင့် ညှိနှိုင်းပြီး တက်ရောက်ခွင့်ရရှိစေခဲ့ပါသည်။

ထို့ပြင် ကလေးမလေး၏ ဝေယျာဝစ္စ ဆောင် ရွက်ပေးမည့် အစ်မအရင်းဖြစ်သူနှင့် အတူတကွ နေထိုင်နိုင်ရန် ပုသိမ် တက္ကသိုလ်နှင့် ညှိနှိုင်းစီစဉ်ပေးနိုင်ခဲ့ပါသည်။

စာရေးသူ၏ မေတ္တာရပ်ခံချက်အရ ဘွဲ့ရရှိသည်အထိ ကုန်ကျမည့် ကျောင်းစရိတ်အ၀၀ကို 'စိန်ပေါကျောင်း သားဟောင်းများ အသင်း'က တာဝန်ယူ ကျခံပေးပါသည်။

ထိုထောက်ပံ့ငွေကို စနစ်တကျသုံးစွဲ၍ ထိုကလေးမလေး သည် ပိုလျှံငွေဖြင့် တစ်ဖက်မှလည်း ကွန်ပျူတာသင်တန်းကို တက်ရောက် ကာ ကွန်ပျူတာဒီပလိုမာရရှိခဲ့ပါသည်။

တက္ကသိုလ်မှ သက်မှတ်နှစ်မှာပင် ဘွဲ့ရရှိ သောအခါ စာရေးသူမှပင် 'ရွှေမင်းသား ဖောင်ဒေးရှင်း'နှင့် ချိတ်ဆက်၍ အလုပ် ခန့်ထား ပေးရေး စီစဉ်ပေးခဲ့ပါသည်။

ရန်ကုန်မြို့တွင် အစ်မနှင့်အတူ နေထိုင် နိုင်ရန်အတွက်ကိုလည်း သီးသန့်နေရာ စီစဉ်ပေးနိုင်ခဲ့ပါသည်။ အထက်ပါ ကလေးမလေး၏ အမည်မှာ 'မေဇင်အောင်' ဖြစ်ပြီး ယခုအခါ မိမိဘ၀ခရီးကို မိမိ၏အားမာန်ဖြင့် လျှောက်လှမ်းနေပြီဖြစ်ပါသည်။

မြန်မာ့ဓလေ့ထုံးစံတွင် လွဲမှားသည့် အစွဲတစ်ခု ရှိပါသည်။

ဤသည်မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသောသူများနှင့် တွဲ၍ ဓာတ်ပုံတွင် မပါဝင်လိုခြင်း ဖြစ်ပါသည်။

မြန်မာ့ရုပ်မြင်သံကြား MRTV သည်ပင်လျှင် ၂၀၁၀ ပြည့်နှစ် နှစ်လယ် ကာလအထိ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူများ၏ သတင်းကို ကြေညာလျှင် အရုပ်မပါဘဲ ကြေညာလေ့ရှိပါသည်။

ဤအဖွဲ့သည် ခေတ်နောက်ကျနေပြီ ဖြစ်ပါသည်။

ယခုအခါ နိုင်ငံတကာ အဖွဲ့အစည်းများမှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းမှုများ ရှိလာ သောအခါ 'မေဇင်အောင်'သည် မင်းသမီးတစ်ဦး ဖြစ်၍လာနေပါပြီ။

မြန်မာ့ရုပ်မြင် သံကြား အစီအစဉ်မှ မေဇင်အောင်ကို သရုပ်ဆောင်စေလျက် ကလေးမလေး၏ ဘ၀ဖြစ်စဉ်ကို ဇာတ်လမ်းဖွဲ့၍ ရိုက်ကူး ပြသလျက် ရှိနေပါပြီ။

သို့သော် မြန်မာ တစ်နိုင်ငံလုံးတွင် မေဇင်အောင်ကဲ့သို့ ယောက်ျားလေး၊ မိန်းကလေးများ များစွာ ကျန်ရှိနေပါသေးသည်။

ဖတ်ရှုသူများအနေဖြင့် ဘူတာရုံများ၊ အဝေးပြေးကားဂိတ်များတွင် အကြော်စုံ၊ ဘဲဥပြုတ်၊ ရေနွေးရောင်းနေသော ကလေးများကို တွေ့မြင်ဖူးကြပါမည်။

ထိုကျောင်းနေအရွယ်ကလေးများသည် နိစ္စဓူဝ ဘူတာရုံနှင့် ကားဂိတ်များတွင် အချိန်ပြည့် တစ်နေ့လုံးနီးပါး ၀မ်းစာ ရှာဖွေနေကြ ရသဖြင့် ပုံမှန်ကျောင်းချိန် ဖြင့် သင်ကြားပေးသော အစိုးရကျောင်း များသို့ မတက်ရောက်နိုင်ကြပါ။

ထိုကလေးများအတွက် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် UNICEF မှ စမ်းသပ်မြို့နယ်အချို့တွင် ကျောင်းပြင်ပ၊ ပညာရေး အနေဖြင့် ညကျောင်းများ ဖွင့်လှစ်၍ မူလတန်းပညာရေးနှင့် HIV / AIDS ကာကွယ်တားဆီးရေးများ သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖော်ပြပါမည်။
Myanmar Times

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်စောင့်ရှောက်မှု ယူနက်စကိုစီမံချက်အတွက် ယူရို လေးသိန်း ထောက်ပံ့


အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

ယူနက်စကိုအဖွဲ့သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအခန်းကဏ္ဍတွင် လုပ်ငန်းစီမံချက်ကြီးတစ်ခုကို ဆောင်ရွက်ရန် စီစဉ်လျက် ရှိပါသည်။

ဖော်ပြပါ ယူနက်စကိုအဖွဲ့မှ ဆောင်ရွက်မည့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့် ရှောက်မှုအတွက် လုပ်ငန်းစွမ်းရည် မြင့်မားတိုး တက်စေရန် ရည်ရွယ်သော လုပ်ငန်းစီမံချက်အား အီတလီအစိုးရက ဥပရောပသုံးငွေကြေး (ယူရို ၄၀၀,၀၀၀) ထောက်ပံ့ မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အရေးပါထင်ရှားသည့် ယဉ်ကျေးမှုအမွေ အနှစ်နေရာဒေသဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ခန့်ကာလ ရှေးပျူတို့အခြေချနေထိုင် သည့် အထောက်အထားဖြစ်သည့် ပျူမြို့ဟောင်း နှင့် ကမ္ဘာပေါ်တွင် သမိုင်းတန်ဖိုးနှင့် အနုပညာ လက်ရာ တန်ဖိုး ကြီးကျယ်ခမ်းနားသော ပုဂံမြို့ ဗုဒ္ဓသာသနိက အဆောက်အအုံတို့ တည်ရှိရာ နေရာဒေသတို့၌ ယူနက်စကိုအဖွဲ့၏ ပူးပေါင်း ပါဝင်မှုနှင့်အတူ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် အဖွဲ့တို့က ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ရန်စီစဉ်ခြင်းဖြစ်ပါသည်။

လုပ်ငန်းစီမံချက် ၏ ရည်ရွယ်ချက်တို့မှာ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ် နေရာ၊ ဒေသများ ကာကွယ်ထိန်းသိမ်းမှုနှင့်အတူ စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာအရည် အသွေးဖွံ့ဖြိုးတိုးတက်ခြင်း၊ အသိအမြင်များ ပိုမို တိုးတက်ခြင်းတို့ ဖြစ်ပါသည်။

လုပ်ငန်းစီမံချက်အား မြန်မာနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပူးပေါင်း၍ ၁၂ လကြာ ဆောင်ရွက်သွားရန် စီမံထားပါသည်။

အီတလီအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၏ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းမှုလုပ်ငန်းတွင် လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားခြင်းနှင့် ထိုသို့ ဖြစ်စေရန် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်သည် ကနဦးစတင် ဆောင် ရွက်မည့် လုပ်ငန်း အစီအစဉ်ဖြစ်သော်လည်း ယခုဆယ်စုနှစ်အတွင်း ယူနက်စကိုအဖွဲ့ လုပ်ငန်းစီမံချက်၏ မြန်မာ့ ယဉ်ကျေးမှု အခန်းကဏ္ဍ၌ ပထမဆုံး အကျိုးရလဒ် တစ်ခုဖြစ်ပါသည်။

ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း၏ မူဘောင်တို့နှင့်အညီ ဤလုပ်ငန်းစီမံချက်ကို ဖော်ပြပါအရေးပါသည့် နယ်ပယ်သုံးရပ်ဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ခြင်း နှင့် စီမံခန့်ခွဲ ခြင်းလုပ်ငန်း၊ ပထ၀ီဝင်ဆိုင်ရာ သတင်း အချက်အလက်နည်းပညာ အခြေပြုစနစ်ဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းတည်ဆောက်ခြင်းနှင့် ကမ္ဘာ့အမွေအနှစ် စာရင်း အမည် တင်သွင်းမှု လုပ်ငန်းစဉ်တို့အား ပံ့ပိုးကူညီခြင်းတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ပါသည်။


Myanmar Times

ရွေးကောက်ပွဲတွေကို စိတ်ဝင်စားတယ်


မြန်မာနိုင်ငံမှာ ၁၉၂၂ ခု နိုဝင် ဘာလ ဒိုင်အာခီ ရွေးကောက်ပွဲက စလို့ ပြီးခဲ့တဲ့ နောက်ဆုံး ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက် ပွဲအထိ ရွေးကောက်ပွဲတွေ မနည်း လှပါဘူး။ သမိုင်းဘီးကြီး လည်ပတ် နေသလို နိုင်ငံရေးစနစ်တွေ ပြောင်း ရင် ပြောင်းသလို ရွေးကောက်ပွဲ တွေ ရှိနေခဲ့တာပါပဲ။

မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ
ပထမဆုံး ရွေးကောက်ပွဲ ကျင်းပတဲ့ ၁၉၂၂ ခုမှာ မြန်မာနိုင်ငံ မှာ သူရိယ (၁၉၁၁-၁၉၅၄)၊ မြန် မာ့အလင်း (၁၉၁၄) သတင်းစာ ကြီးတွေ အပါအဝင် စာနယ်ဇင်း တွေ ရှိနေပါပြီ။ ၄င်း စာနယ်ဇင်းများ ရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့ နောင် လာနောက်သားတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ခြေရာကောက်လို့ ရတယ်။ ရွေး ကောက်ပွဲ တစ်ခုချင်းရဲ့ ဖြစ်စဉ် ဇာတ်လမ်းတွေကို သတင်းစာ အဟောင်းတွေ ပြန်လှန်ပြီး လေ့ လာလို့ ရတယ်။ သတင်းစာ အဟောင်းတွေနဲ့ သက်ရှိထင်ရှား ကျန်ရှိနေသူတွေ ကို တွေ့ဆုံမေး မြန်းပြီး ရေးသားတဲ့ မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစုရေး အဖွဲ့ရဲ့ စာအုပ်တွေကနေ ဖြစ် ရပ်အမှန်တွေကို လေ့လာနိုင်ခဲ့ တယ်။

ဗိုလ်ချုပ်ကိုယ်တိုင် မဲဆွယ်ပေးခဲ့
မြန်မာနိုင်ငံ လွတ်လပ်ရေး အကြို ၁၉၄၇ တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတုန်းက ဗိုလ်ချုပ်အောင်ဆန်းဟာ ဘုရင်ခံ အမှုဆောင်ကောင်စီ ဒုဥက္ကဋ္ဌ (ဝန် ကြီးချုပ်) အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်နေခဲ့တယ်။ ဖဆပလအဖွဲ့ ချုပ်ဟာ အာဏာလက်ရှိ ပါတီပဲ။ လွတ်လပ်ရေးရယူဖို့ ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ရေးဆွဲရမယ့် လွှတ်တော်မှာ ဖဆပလအမတ် တွေ အများစု မဲရဖို့ ဗိုလ်ချုပ်ကိုယ် တိုင် နယ်လှည့်တရားဟော မဲ ဆွယ်ပေးခဲ့တယ်။ ဖဆပလကို အားပေးဖို့၊ ဖဆပလ အမတ် လောင်း တွေကို မဲထည့်ဖို့ ပြော တယ်။ အတိုက်အခံတွေ (ဥပမာ-ဗမာပြည်ကွန်မြူနစ်ပါတီ) ကိုလည်း တရားမျှတစွာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့တယ်။ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ တွေမှာလည်း ဖဆပလ အစိုးရဟာ အာဏာလက်ရှိပဲ။ အဲဒီအချိန်များ မှာတော့ အတိုက်အခံ (ပမညတ) တွေကို နည်းမျိုး စုံနဲ့ နှိပ်ကွပ်တယ် ဆိုတဲ့ မှတ်တမ်းတွေ ကျန်ခဲ့တယ်။

နိုင်ငံရေးမသမာမှုတွေအကြောင်း
၁၉၅၆ ခု ရွေးကောက်ပွဲနဲ့ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့စဉ်က နိုင်ငံရေးလူသတ်မှု တွေအကြောင်း၊နိုင်ငံရေးမသမာမှုတွေ အကြောင်း၊ မဲလိမ်၊ မဲခိုး၊ မဲပုံး ဖောက်မှုတွေ အကြောင်း၊ လာဘ် ထိုးမှုတွေ၊ ခြိမ်းခြောက်မှုတွေ အကြောင်းကို အခု နှစ်ပေါင်း လေး ငါးဆယ်ကြာတဲ့အထိ စာနယ်ဇင်း ဟောင်းတွေမှာ ပြန်ကြည့်လို့ရ တယ်။ ဘာကြောင့်လဲ။ လွန်ခဲ့တဲ့ နှစ် လေးငါးဆယ်က ကျွန်တော်တို့ ရဲ့ နောင်တော့် နောင်တော် စာနယ် ဇင်းသမားများရဲ့ ကျေးဇူးကြောင့် မဟုတ်ပါလားဗျာ။

လူတွေကို လှုပ်နိုးပေးတဲ့အလုပ်
စာနယ်ဇင်းတွေကသာ မှတ် တမ်းမတင်ခဲ့ရင် ကြာတဲ့အခါ ပျောက်ပျောက်ပျက်ပျက် ဖြစ်ကုန် မှာ သေချာတယ်။ ကျွန်တော်တို့ လူမျိုးကလည်း အမှတ်သညာ နည်းတာနဲ့ အံကိုက်ပေါ့ဗျာ။ အမှတ်သညာ နည်းရုံမက အမှတ် သည်းခြေလည်း နည်းကြတယ်ဗျ။ ကျွန်တော်တို့ စာနယ်ဇင်း သမားတွေက အဲသလို အမှတ်သည်းခြေနည်းတဲ့ လူတွေကို လှုပ် လှုပ်နှိုးပေးတဲ့ အလုပ်ကိုပါ လုပ်ရ တယ်ဗျ။ ဥပမာ-၁၉၆ဝ ရွေး ကောက်ပွဲတုန်းက တည်မြဲနဲ့ သန့် ရှင်း ယှဉ်ပြိုင်မှုအကြောင်းကို သင် ခန်းစာယူနိုင်အောင် မကြာခဏ ပြန်လည် ဖော်ထုတ်ကြတယ်။ တည်မြဲဖဆပလက ပုဂ္ဂိုလ် အတော်များများဟာ ငွေကြေး လို လေးသေးမရှိ သုံးနိုင်ကြတော့ ငွေနဲ့ ပေါက်ရင် လိုချင်တာ ရတာပဲလို့ ခံယူပြီး လူထုကို အထင်သေး အမြင်သေး ဆက်ဆံ၊ မိမိတို့ရဲ့ ပြိုင် ဘက်တွေကို ဒေသဆိုင်ရာ အာဏာ ရှိသူတွေနဲ့ ပေါင်းပြီး ခြိမ်းခြောက် အနိုင်ကျင့်၊ ဖမ်းဆီး၊ ထောင်ချ ကိုကိုးကျွန်းပို့၊ ရှုံးရင်လည်းနိုင်ရမယ်။ နိုင်ရင်လည်း နိုင်ရမယ်ဆိုတဲ့ စကား မျိုးလည်း သူတို့ပဲ ပြောလို့ထွက် တယ်။ အဲဒါတွေဟာ အဖြစ်မှန်တွေ ပါ။ ၁၉၆ဝ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဝေတဲ့ သတင်းစာတွေမှာ ခေါင်းစဉ်ကြီးတွေနဲ့ကို ပါခဲ့တာတွေ ပါ။ သမိုင်းအမည်းစက်တွေကို ဘာနဲ့ မှ ဖုံးကွယ်လို့ မရပါဘူး။
မီဒီယာသမားတွေဟာ လတ် တလော ဖြစ်ရပ်တွေကို သက်သေ ပြုရင်း၊ မှတ်တမ်းတင်ရင်း နောက် မျိုးဆက်အတွက်ပါ အလုပ်လုပ်ပြီး သား ဖြစ်သွားတာပဲဗျ။ သည်လို နဲ့ပဲ စာနယ်ဇင်းသမားတွေဟာ နိုင်ငံ ရေးသမား (politician) နဲ့ နိုင်ငံပြု ခေါင်းဆောင် (statesman) တွေရဲ့ အလုပ်တွေကို တစ်ဆက်တည်း လုပ်ပေးသွားတယ်လို့ ပြောနိုင်တယ်။

အိမ်စောင့်အစိုးရနှင့် တည်မြဲ
၁၉၆ဝ ရွေးကောက်ပွဲဟာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ် စောင့်အစိုးရက ဒိုင်လူကြီးအဖြစ် ကျင်းပပေးတာ ဖြစ်တယ်။ အာဏာ လက်ရှိပါတီ မရှိပေမယ့် တည်မြဲ ဖဆပလက ဒေသဆိုင်ရာ အာဏာ ရှိသူတွေနဲ့ ပေါင်းပြီး မတော်မတရား တွေလုပ်ခဲ့လို့ လူထုရဲ့ ဒဏ်ခတ်ခြင်း ခံခဲ့ရတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကို နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက် ရေးအဖွဲ့က (အိမ်စောင့်အစိုးရ အနေအထားမျိုးနဲ့) ကြီးမှူးကျင်းပ ပေးခဲ့တယ်။ အာဏာလက်ရှိ ပါတီ ရယ်လို့ မရှိဘူး။ အာဏာရ ပါတီ ဟောင်း ကနေ အမွေဆက်ခံတဲ့ တစည ပါတီဟာ အခြားယှဉ်ပြိုင်ဘက် ပါတီများနဲ့ တန်းတူပဲ အခွင့် အရေးရခဲ့တယ်။ အာဏာလက်ရှိ (incumbent) အနေအထားဟာ သာမန် ယှဉ်ပြိုင်ဘက် ပါတီအချင်းချင်းထက် ပိုပြီး သတိထားရတယ်။ နည်း နည်းလေး အခွင့်ထူးယူမိတာနဲ့ အပြစ်ပြောခံရမှာပဲ။ ၁၉၅၂၊ ၁၉၅၆ နဲ့ ၁၉၆ဝ တုန်းက အာဏာလက်ရှိ အချို့ရဲ့ မတော်မတရားမှုတွေဟာ မှတ်တမ်းတင်ခံရပြီး ယခုထိ သင် ခန်းစာယူစရာတွေဖြစ်နေတာ မမေ့သင့်ဘူး။

နိုင်ငံရေးသမား နိုင်ငံပြု ခေါင်းဆောင်
‘နိုင်ငံရေးသမား (politician) ဟာ လာမည့်ရွေးကောက်ပွဲအတွက် ကြည့်တယ်။ နိုင်ငံပြု ခေါင်းဆောင် (statesman) က လာမည့်မျိုး ဆက်အတွက် ကြည့်တယ်’ ဆိုတဲ့ အမေရိကန် တရားဟောဆရာ၊ စာရေးဆရာ ဂျိမ်း ဖရီ မင်းကလပ်ရဲ့ စာကိုး စကားကိုးကို အတော် လူကြိုက်များကြတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အလွန်သဘော ကျလို့ ဆောင်းပါးတချို့မှာ အလျဉ်း သင့်သလို ထည့်ရေးခဲ့ဖူးတယ်ဗျ။

နှစ်မျိုးလုံးကို ကြည့်ရမယ်
သည်လိုဆိုရင် ကျွန်တော်တို့ (မီဒီယာသမား) တွေကကော ဘာ ကို ကြည့်မလဲလို့ စဉ်းစားမိပြီး ကိုယ့် ဘာသာ အဖြေရှာကြည့်တယ်။ နောက်ဆုံး ကျွန်တော် ပြောချင်တဲ့ အဖြေကတော့ မီဒီယာသမားတွေ (ယခင်အခေါ် သတင်းစာဆရာတွေ) ကတော့ နှစ်မျိုးစလုံးကို ကြည့်ရမှာ ပဲဗျ။ လာမည့် ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့က စိတ်ဝင် စားရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သမိုင်းကို မျက် မှောက်ပြုနေရတာကိုး။ သမိုင်းကို သက်သေလုပ်နေရတာကိုး။ သမိုင်းကို မှတ်တမ်းတင်နေ ရတာကိုး။

မောင်ဝံသ

ABSDF ရဲ့ အချင်းချင်း ရက်ရက်စက်စက် သက်ဖြတ်မှု ရော်နယ်အောင်နိုင် ဝန်ခံပြီ

by Hlaing Bwa Maung on Saturday, December 31, 2011 at 7:46pm


နယ်စပ်မှာ ဂျာနယ်လစ်သင်တန်းပေးတော့ ဗမာ၊ကရင်စကားပြန်တွေနဲ့ အလုပ်လုပ်ရပါတယ်။
ဘာသာပြန် တယောက်က အောင်နိုင်ပါ။
သူက ဂျာနယ်လစ်တယောက်ဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူ၊ ဟာသ ဥာဏ်ရွှင် သူပါ။
သူနဲ့ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။
ဒါပေမယ့်သူ့ မှာအင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇတ် လမ်းတခု ရှိပြီး ကျနော်ဒါကို ပိုသိချင်နေပါတယ်။
သူ့ မျက်နှာသွင်ပြင်က ရိုးသားတဲ့ပုံပန်းသဏ္ဍာန်တော့မဟုတ်ပါဘူး။
ဝတ်စားဆင်ယင်ထားတာတော့ ဆရာ ၀န်တယောက်လိုပါပဲ။
အပြာရောင်ရှပ်အင်္ကျီ ကိုအညိုရောင်ဘောင်းဘီနဲ့ သပ်သပ်ယပ်ယပ်ဝတ်ဆင်လို့ ။ အင်္ဂလိပ်စကားပြောကတော့ သိပ်ကောင်းပါတယ်။
သူ့ ဘ၀ရဲ့  ကြေကွဲစရာဇတ်လမ်းတွေ ကို အေးအေးဆေး ဆေးပြက်လုံးထုတ်ရယ်မောသူပါ။
တချိန်က သူဟာ ကျောင်းသားတပ် မတော်မြောက် ပိုင်းရဲ့  ဥက္ကဌတဦး ဖြစ်ခဲ့သလို ကျောင်းသားတပ်မတော်ရဲ့ နှလုံးသည်းပွတ်ကို ထိမှန်ခဲ့တဲ့ အကြီးမားဆုံး နာမည်ပျက်မှုမှာ အဓိက နေရာကပါဝင်ခဲ့သူတဦးပါ။

၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျောင်းသားစစ်သားတွေဟာ သူတို့ ရဲ့ ရဲဘော်ရဲဘက် ၁၅ ယောက်ကို အစိုး ရရဲ့ သူလျှိုလို့ စွပ်စွဲပြီး သုတ်သင်ခဲ့ပါတယ်။
ကျနော်က ဒီကိစ္စအောင်နိုင် ကို အင်တာဗျူးလုပ်ချင်နေပါတယ်။
ဘာလို့ လည်းဆိုတော့ သူက ဒီသုတ်သင်မှုကို အမိန့် ပေးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက်ဖြစ်နေ လို့ ပါ။
ဒီအင်တာဗျူးက သူ့ ကိုအကျပ်အတည်းထဲပို့ သလိုပါပဲ။
ဒီကိစ္စကိုအရင်ကတယောက်မှ အင်တာဗျူး သူမရှိခဲ့လို့ သူအံ့သြသွားပုံပါ။
အင်တာဗျူးဖို့ သူသဘောတူပါတယ်။ ကျနော်တို့ မဲဟောင်ဆောင်မှာ တွေ့  ကြတယ်။
သူ့ အတန်းကအဖွဲ့ တွေအဲဒီမှာရှိကြတယ်။ မြန်မာဒေါက်တာတွေနေတဲ့ အိမ်ပေါ့။
အဲဒီမှာ ကျ နော်လည်းနေတယ်။ ကျနော့် မှတ်စုစာအုပ်နဲ့  တိပ်ရီကော်ဒါကို စားပွဲပေါ်ပြင်လိုက်တဲ့ အချိန်မှာ အောင်နိုင်က ဒီညတော့ ညတာရှည်ဦး တော့မှာပဲလို့ ဆိုတယ်။
ဝီစကီနဲ့ ရေခဲနဲ့  ။ဝီစကီသောက်ရင်း ကျနော့် မေးခွန်းတွေကိုသူဖြေပါတယ်။
သူ့ ထွက်ဆိုချက်တွေ အတွက် တိပ်ရီကော်ဒါကို ကျနော် စဖွင့်လိုက်ပါတယ်။
၁၉၈၈ မှာကျနော်က မန္တလေးဆေးကျောင်းမှာ တက်နေပါတယ်။
ဆန္ဒပြပွဲတွေဖြစ်တော့ ကျနော် က ကျောင်းသားခေါင်းဆောင်တယောက်ပါ။
အစိုးရက နိုင်ငံေ၇းလှုပ်ရှားမှုတွေကြောင့် စွပ်စွဲဖမ်းဆီးမှုတွေ လုပ်တဲ့အခါ ၁၉၈၉ မှာ မန္တလေးကနေ မြောက်ပိုင်းကို ကျောင်းသား တပ်မတော် ကိုရောက်ခဲ့ပါတယ်။
တော်တော်ခက်ခဲကြမ်းတမ်းပါတယ်။ ကျနော်တို့ က မြို့ ကျောင်းသားတွေပါ။
အများစုက တောထဲမှာနေဖူးတဲ့အတွေ့  အကြုံ မရှိကြပါဘူး။
ကျနော် တို့ နေဖို့ ဝါးတဲတွေဆောက်ကြတယ်။ ကေအိုင်အိုက ရိက္ခာ ထောက်ပါတယ်။
ရပ်တည်ဖို့ ခက်ပါ တယ်။ ကျနော်တို့ ကဗမာတွေဆိုတော့ ကချင်တွေ အပြည့်အ၀မယုံပါဘူး။

ငွေရဖို့ အတွက် ကျောက်စိမ်းရှာ ဖို့ မိုင်း ကွင်းတခုပေးပါတယ်။ ပေ၈၀၀၀ ထောင်လောက်မြင့်ပါတယ်။
ကျောက်တောင်တွေဖြစ်လို့ ပါးကောက်ပဲသီးနှံ စိုက်ဖို့ ခက်ပါတယ်။ ထောက်ပံ့တာနဲ့ မှီခိုရပါတယ်။
မိုးရောက်တော့ ဗမာစစ်တပ်က လာတိုက်ပြီး ကျနော်တို့ စတိုကို ဖျက်ဆီးလိုက်ပါတယ်။
ဆားမရှိစားစရာမရှိဆယ်ရက်လောက်ဖြစ်သွား တယ်။ အားပြတ်ပြီး ငှက်ဖျားတွေလည်းဖြစ်လို့ တချို့ လည်းသေကုန်ကြတယ်။
သူငယ်ချင်းတော်တော်များများ ဆုံးရှုံးခဲ့ရတယ်။ တချို့ ဆယ့်ရှစ်နှစ်လောက်ပဲရှိသေးတယ်။
တယောက်ကိုတလမှ ၅၀ကျပ်သုံး ဖို့ ရ တယ်။ကျနော်တို့ မျောက်တွေထောင်တယ်။
မျောက်၊ကြွက်၊ဖြူကောင် ...ရတာအကုန်စားတယ်။
လူတွေသေကြတာကြည့်ပြီးရှော့ ရတယ်။ ကျနော့်မှာစစ်ပွဲအတွေ့ အကြုံမရှိဘူး။
ဒါပေမယ့် ကျနော်တိုက် တယ်။
၁၉၉၀ မှာ ရက်လေးဆယ်လောက် စစ်တိုက်ရတယ်။ အဲဒီတိုက်ပွဲမှာ ခေါင်းဆောင် ဒဏ်ရာရ တော့ကျနော်ကအမိန့် ပေးရတယ်။
ကေအိုင်အိုဆီကလက်နက်တချို့ ရတယ်။ သေသွားတဲ့ ရန်သူစစ်သား ဆီကလည်းလက်နက်ရတယ်။
အဲဒီအချိန်က ကျနော်ကရွေးကောက်ခံရတဲ့ အထွေထွေအတွင်းရေးမှူးပါ။
မြေအောက်လှုပ်ရှားမှုတွေ မှာတာဝန်ခံပါ။
ဗမာပြည်ထဲမှာ တပ်သားသစ်စုဆောင်းပါတယ်။
တခုသတိပြုလာမိတာက ရန်သူ့ လိုင်းတွေ ကြားထဲမှာ ပြဿနာတစုံတရာမရှိပဲသွားလို့ ပြန်လို့ ရနေတာပါ။
စစ်ထောက်လှမ်းရေးမိသားစုနဲ့ ဆက်နွယ် နေတဲ့ ကျောင်းသားတချို့ တပ်သားသစ်စုဆောင်းရေးထဲမှာပါလာတာပါ။
အချိန်ခဏလေးအတွင်းမှာ တပ်သားအရေအတွက် ၈၀၀ ကျော်အထိတိုးလာပါတယ်။
စစ်ထောက်လှမ်းရေး နဲ့ ချိတ်ဆက်နေသလားသံသယဖြစ်လာပါတယ်။
ရှေ့ တန်းကရတဲ့သတင်းတွေအရလည်းကျနော်တို့ ဘက်က ကျဆုံးနေပါတယ်။ အခြေအနေက သံသယဖြစ်စရာ အခြေအနေပါ။
နအဖစစ်သားတွေကို ကျနော်တို့ တည်နေရာကိုလမ်းညွှန်ပေးနေတဲ့ အမှတ်အသားတွေကို သစ်ပင်တွေမှာ ရဲဘော်တွေက သတိပြုမိပါတယ်။
ဒါနဲ့ တချို့ ကိုစောင့်ကြည့်ပါတယ်။ လေးငါးယောက်လောက်ကိုဖမ်းပြီး စစ် ကြောရေးလုပ်တော့ ထောက်လှမ်းရေး စာရင်းတချို့ ရပါတယ်။
အဲဒီစာရင်းထဲမှာဗဟိုကော်မတီ အဖွဲ့ ဝင် တွေပါပါနေတယ်ဗျ။
တချို့ ကထောက်လှမ်းရေး လေ့ကျင့်ပေးထားတဲ့ စပိုင်တွေဖြစ်ပြီး တချို့ က အင်ဖော်မာသတင်းပေးတွေပါ။တချို့ ဗမာလူမျိုးကြီးဝါဒအမြင်နဲ့ လှုပ်ရှားနေတယ်လို့ ထင်ပါတယ်။
ဘာလုပ်ရမလဲ ဆိုတာစဉ်းစားရတော်တော်ခက်ပါတယ်။

I panicked.လူ့ အခွင့် အရေးတို့ ဘာ တို့ ဆိုတာလည်းကျနော်တို့  အဲဒီအချိန်ကနားမလည်ခဲ့ပါဘူး။
စပိုင်စာရင်းက အယောက်ရှစ် ဆယ်ကျော် ဖြစ်နေတယ်။
ကျနော်တို့ ကို မယုံမှာစိုး လို့ ရိုက်ထား တဲ့ဗွီဒီယိုခွေပါရှိပါတယ်။
ဒီစပိုင်တွေကို သံခြေကျင်းတွေ ခတ်ပြီး ဘားတိုက်ထဲမှာပိတ်ထားပါတယ်။
နောက် ဆုံး မြောက်ပိုင်းကျောင်း သားတပ် မတော်ဗဟိုကော်မတီက စပိုင် ၁၅ယောက်ကို သေဒဏ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျနော် တို့ စစ်ဖြစ်နေ တာပါ။ စစ်တပ်နဲ့ လက်နက် ကိုင်စစ်ပွဲဆင်နွှဲနေတာပါ။
စပိုင်ကို သေဒဏ်ပေးရမယ်လို့ ကျနော် တို့ ဖွဲ့ စည်းပုံနဲ့ ဥပဒေမှာရေးသား ထားပါတယ်။
ကျနော်တို့ ရဲဘော်တွေဟာ ဒီစပိုင်တွေကြောင့် အသတ်ခံခဲ့ကြရပါတယ်။
တချို့ အဖွဲ့ ဝင်တွေ က စပိုင်အယောက်ရှစ်ဆယ်လုံး ကို သေဒဏ်ပေး ဖို့ တောင်းဆို ပါတယ်။
ငြင်းရင်းခုန်ရင်း နဲ့ နောက်ဆုံးမှာ ၁၅ ယောက် နဲ့ သဘောတူညီချက်ရပါတယ်။
ဒီသေဒဏ်စီရင်ချက်က စပိုင်တွေလုပ် ခဲ့တဲ့လုပ်ရပ်တွေ နဲ့  စစ်အစိုးရအတွက် သူတို့ ဘယ်လောက် အရေးပါသလဲဆိုတဲ့ အချက်အပေါ် မူတည်ပြီး ဆုံးဖြတ် ချက်ချခဲ့ တာဖြစ် ပါတယ်။
သတ်ပွဲဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကိုပြောနေတဲ့အောင်နိုင်ဟာအဖြစ်အပျက်တွေကိုတွေး စိတ်ဆင်းရဲ နေ ပုံပါပဲ။
ဘယ်လိုဘယ်ပုံ သေဒဏ်ပေးခဲ့သလဲလို့ မေးကြည့်တဲ့အခါ သူ့ ကိုကြည့်ုပြီး ပိုလို့ စိတ်မသက်မ သာဖြစ်ရပါတယ်။
တချို့ ကိုပစ်သတ်တယ်။ တချို့ ကိုခေါင်းဖြတ်သတ်တယ်။ ကျနော်တို့ အရာရှိတွေကသူတို့ ကို အနီးကပ် ပစ္စ တိုနဲ့ ပစ်သတ်တယ်။
သေနတ်နဲ့ ပစ်သတ်တာ ပိုပြီးဝေဒနာခံစားရတယ် လို့ ကျနော်တို့ ထင်ပါတယ်။ ဓားကို ပြောင်းသုံးရင် သူတို့ ဝေဒနာ ခံစားရနည်းနည်း သက်သာမယ်လို့ ထင်တဲ့အတွက်ဓားကိုပြောင်းသုံးပါ တယ်။
ဒါပေမယ့် ခေါင်းက တိတိရိရိမပြတ်ဘူးဗျ။
But they were not cleanly beheaded, even though the spinal cords were severed.သတ်တာကို ကျနော် စောင့်ကြည့်တယ်။
ဒါဟာ ကျောင်းသားတပ်မတော်စစ်သားတွေရှေ့ မှာဖြစ်ခဲ့တာပါ။

ကျနော်တို့ သူတို့ အားလုံးကို လွှတ်လိုက်ချင်ပါတယ်။ ဒါပေမယ့် လွှတ်လိုက်ရင် ကျနော်တို့ သူလျှိုတွေကို ကြိုဆိုသလိုဖြစ်နေမယ်။
ဒီဆုံးဖြတ်ချက်ချရတာ တော်တော်ခက်ခဲပါတယ်။
ဒီလိုမကွက်မျက်ခင်မှာ ကေအိုင် အိုကနေ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊ကမ္ဘာ့ကြက်ခြေနီတို့ ကို ချဉ်းကပ် ပါသေးတယ်။
အကျဉ်းသားတွေကို သူတို့ ဆီကိုလွှဲဖို့ ကျနော်တို့ အကူအညီလိုပါတယ် လို့ ။
သူတို့ ပြောတာက သူတို့  တရုတ်မြန်မာနယ်စပ်ကို မရောက်နိုင်တဲ့အတွက် သူတို့ မကူညီနိုင်ပါဘူးတဲ့။
ဒီကိစ္စဟာ ကျနော်အတွက် အခက်ခဲဆုံးကိစ္စတခုပါပဲ။ ဒါပေမယ့် ကျနော်တို့ မှာ ရွေးစရာလမ်းမရှိဘူးလို့ ခံစားရတယ်။
သူလျှိုတွေကို သတ်ပစ်တာ ဗမာပြည်မှာသိပ် တော့ မဆန်းလှပါဘူး။ ဗမာစစ်တပ်က သူလျှိုမိရင် တရား ရုံး တွေတင်မနေပဲနေရာမှာတင် သတ်ပစ်ပါတယ်။
အောင်နိုင်အခန်းပြင်ကိုထွက်သွားပါတယ်။ ပြန်ဝင်လာတော့ စကားမဆက်ခင် လေကိုခပ်ပြင်းပြင်းရှူသွင်း လိုက်ပါတယ်။
ဘ၀တွေက ငြိမ်းချမ်းနေရင်တော့ စံချိန်စံနှုန်းတွေနဲ့ သွားဖို့ လွယ်ပါတယ်။ ဒါပေမယ့် စစ်တိုက်နေတဲ့အချိန် ကတော့ မတူပါဘူး။ တောထဲမှာ နိုင်ငံရေးလုပ်ဖို့ တခုတည်းသောလမ်းက လက်နက်နဲ့ ပါ။ ဒီလိုသတ် လိုက်လို့  နိုင်ငံရေးအရ ရှေ့ ကိုတိုးတက်သွားတယ်လို့ ဆိုတယ်။ ဒါပေမယ့် တယောက်မှ နိုင် ငံ ရေး အကျိုးအမြတ်မရခဲ့ဘူး။ ကျနော်တို့ ထဲမှာ အကွဲအပြဲမရှိခဲ့ပါဘူး။ တယောက်မှ ဘာတခုမှ မရခဲ့ဘူး။ ဒီသတ်ပွဲ မတိုင်ခင်က ငပိနဲ့ စားတယ်။ သတ်ပွဲပြီးတော့လည်း ငပိနဲ့ ပဲ။ ၁၅ယောက် အစားအ ယောက် ရှစ်ဆယ်ဖြစ်သွားနိုင်တာပါ။ မိသားစုတွေက စိတ်ဆိုးကြမယ်၊စိတ်ထိခိုက်ကြမယ်ဆိုတာ နားလည် ပေးနိုင် ပါတယ်။ မိဘတွေကို လာဖို့ ကျနော်တို့ နဲ့ စကားလာပြောဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။
ကျနော်တို့ ကိုသစ္စာဖောက်သူတွေဟာ ကျနော်တို့ ရဲ့  သူငယ်ချင်းတွေပါပဲ။ ကျနော့်သူငယ်ချင်း ထွန်းအောင် ကျော် (အဲဒီအချိန်က ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌပါ) အသတ်ခံခဲ့ရပါတယ်။ သူက ကျနော့် အကိုကြီးလိုပါပဲ။ ကျနော်တို့ အရမ်းကို ရင်းနှီးပါတယ်။ သူက သူလျှို လို့ ဝန်မခံပါဘူး။ ဒါပေမယ့် သက်သေ အထောက်အထားတွေအရ သူကသူလျှိုပါ။

တိုက်ပွဲက ပြင်းထန်ပါတယ်။ စစ်ဆိုတာဟာ ကွဲပြားခြားနားတဲ့အမှန်တရားတခုပါ။
ကျနော်တို့ က သီးခြားဖြစ်နေပြီး တော့ လူ့ အခွင့်အရေးအဖွဲ့ တွေနဲ့ လည်း အဆက်အသွယ်မရှိပါဘူး။
ဒီမိုကရေစီ၊လူ့ အခွင့် အရေးတွေကိုသင်ကြားဖို့ လည်း အခွင့်အလမ်းမရှိပါဘူး။
တကယ်လို့ များရှိခဲ့ရင် အခြေအနေက တမျိုးဖြစ် သွားနိုင်ပါတယ်။
ကျနော်တာဝန်ယူပြီး ပြဿနာကိုဖြေရှင်းဖို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။
တောင်အာဖရိက က အမှန်တရားကော်မရှင်လိုမျိုး စုံစမ်းစစ်ဆေးရေးတခု ဖြစ်သင့် ပါတယ်။
ဘာတွေဖြစ်ခဲ့သလဲဆိုတာ လူတွေ သိဖို့ လိုအပ်ပါတယ်။
The problem will be to get MI to hand over their files.
ကျနော်တို့ ရဲ့ သူရဲကောင်းအောင်ဆန်း ကိုအတုခိုးပြီး ကျနော်တို့ နိုင်ငံလွတ်မြောက်ရေးအတွက် တောခိုခဲ့ ကြတယ်လို့ ထင်ခဲ့ကြတာပါ။
ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဗမာပြည်လွတ်လပ်ရေးရခဲ့တယ် ဆိုတာတောင် မသိခဲ့ ပါဘူး။
အဲဒီတုန်းကကျနော့်အသက် ၂၄ နှစ်ပါ။
ကျနော့်ကိုယ်ကျနော် လူကြီးဖြစ်ပြီလို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီအတွေ့ အကြုံပြီး တဲ့နောက်ပိုင်းမှာ ခေါင်းဆောင်တယောက်ဖြစ်ဖို့ ကျနော် အရမ်းငယ် ပါသေး လားဆိုတာသဘောပေါက် သွားပါတယ်။
နိုင်ငံရေးအပြင်ဖက်ကိုရောက်လာတဲ့အတွက် ကျနော်ဝမ်းသာ တယ်။
အင်တာဗျူးအပြီးရက်အနည်းငယ်အကြာမှာ မဲဟောင်ဆောင်မှာ အောင်နိုင်နဲ ကျနော်နေ့ လည် စာစားပါတယ်။
ကျနော်ကအနံ့ ပြင်းပြင်းနဲ့ ဟင်းခွက်ကိုဘာလဲလို့ မေးကြည့်တော့သူကရီပါတယ်။
ပြီးတော့ မှပြောတာ ကမျောက်အူတွေပါ တဲ့ ။

ပြည်တွင်းလေယာဉ်ခရီးစဉ်သစ် ပျံသန်းပြေးဆွဲမည်


ယခုနှစ် ခရီးသွားရာသီတွင် နိုင်ငံခြားသားခရီးသွားများ များပြားလာသည့်အပြင် ပြည်တွင်းလေယာဉ်စီး ခရီးသည်များပါ များပြားလာသည့်အတွက် ခရီးစဉ်များ တိုးချဲ့ရန်လိုအပ်လာသဖြင့် မြန်မာ့လေကြောင်းနှင့် ဆန်းဖား (SUN FAR) ခရီးသွားလုပ်ငန်းတို့၏ အစီအစဉ်ဖြင့် ဇန်န၀ါရီ ၁၉ ရက်မှစ၍ ပြည်တွင်း လေယာဉ်ခရီးစဉ်သစ်များကို စတင်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ခရီးစဉ်များအဖြစ် ရန်ကုန်မှ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင်လည်းကောင်း၊ မန္တလေးမှ ဟဲဟိုး၊ လားရှိုး၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ နေ့စဉ်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးခရီးစဉ်ကို တစ်ရက်ခြားစီ ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ပြည်တွင်းလေယာဉ် ခရီးစဉ်သစ်၏ ထူးခြားချက်မှာ ၀န်ဆောင်မှုအဆင့် မြှင့်တင်ခြင်း၊ လေယာဉ်လက်မှတ်များကို လွတ်လပ်စွာ ကြိုတင်ဝယ်ယူနိုင်ခြင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများနည်းတူ လေယာဉ်ပေါ်တွင် အစားအစာများကို စီစဉ်ပေးထားခြင်းတို့အပြင် အထူးဝန်ဆောင်မှုအနေဖြင့် တာချီလိတ်မြို့သို့ ကြာသပတေး၊ သောကြာနေ့များတွင်သာ ခရီးသွားလိုသူ ခရီးသည်များအတွက် ကျိုင်းတုံမြို့အထိ လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး ကျိုင်းတုံမှ တာချီလိတ်သို့ အဲယားကွန်းဘတ်စ်များ အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ အထူး Charter ခရီးစဉ်များ ဖြစ်သည့်အတွက် လေယာဉ်ထွက်ခွာချိန်နှင့် ဆိုက်ရောက်ချိန်လည်း တိကျမည်ဖြစ်ကြောင်းနှင့် အဆိုပါ ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကို ရန်ကုန်မြို့ရှိ ဆန်းဖား ခရီးသွားလုပ်ငန်းရုံးချုပ်နှင့် နယ်မြို့များရှိ ရုံးခွဲတို့တွင် လွတ်လပ်စွာ ကြိုတင်ဝယ်ယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ပထမဦးဆုံးသော နိုင်ငံတော်အဆင့် အိုင်စီတီဖိုရမ်ကို ကျင်းပမည်


ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှဦးစီး၍ ပထမဦးဆုံးသော နိုင်ငံတော်အဆင့် အိုင်စီတီဖိုရမ်တစ်ခုကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆင်းရဲမွဲတေမှု ပပျောက်ရေးဖိုရမ်လိုပဲ အိုင်စီတီဆိုင်ရာအတွက် ဖိုရမ်တစ်ခုကို ကျင်းပတဲ့သဘောပါ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ အဆိုပါ အိုင်စီတီဖိုရမ်အားလာမည့် ဖေဖော်ဝါရီလ၌ ကျင်းပနိုင်ရန် စီစဉ်ထားပြီး အိုင်စီတီကဏ္ဍဆိုင်ရာ တိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ ပြည်တွင်းပြည်ပရှိ အိုင်စီတီဆိုင်ရာပညာရှင်များ တက်ရောက်၍ စာတမ်းများကို ဖတ်ကြားသွားမည်ဖြစ်ပြီး စာနယ်ဇင်းနှင့် သတင်းမီဒီယားများလည်း တက်ရောက်ခွင့်ရရှိမည်ဟု သိရသည်။ ပထမဦးဆုံးအကြိမ် ကျင်းပမည့် အိုင်စီတီဖိုရမ်နှင့် ပတ်သက်၍ု အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာပေးသွာမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

အရည်အချင်းမရှိတဲ့ ၈၈ ကျောင်းသား YIT အင်ဂျင်နီယာ များ ဆောက်ခဲ့သော အဆောက်အအုံများ တစ်ခုပြီးတစ်ခု ပြိုကျ


အင်ဂျင်နီယာ ကျောင်းသားတွေက ပညာကိုကောင်းကောင်းမသင်ကြားပဲ အရည်အချင်းမရှိတာကြောင့် ကျောင်းသားတွေလမ်းပေါ်ထွက်ခဲ့ကြတဲ့ ၈၈ ကျောင်းသားဆူပူမှုကို ဦးဆောင်ခဲ့တဲ့ YIT ကျောင်းသား ၈၈ မျိုးဆက်တွေ ဆောက်ခဲ့တဲ့ အဆောက်အအုံတွေဟာ အရည်အသွေးမပြည့်မှီတာကြောင့် တစ်ခုပြီး တစ်ခုပြိုကျနေတယ်လို့ သိရပါတယ်။

၈၈ ကျောင်းသားတွေဟာ အင်ဂျင်နီယာ တွေသာ မက တခြားသူတွေလည်း တစ်ယောက်မှ အရည်အချင်းမရှိကြဘူးလို့ သိရပါတယ်။ ဒီနေ့ထိ တည်ရှိနေတဲ့ အသက် ၄၀ ၅၀ ကျော် ၈၈ ကျောင်းသားဆိုတဲ့လူတွေထဲမှာ မဟာတန်း ပြီးဆုံးသူ အလွန်နည်းပါးပြီး ပါရဂူဘွဲ့ရသူ မရှိသလောက်ညံ့ဖျင်းနေပါတယ်။ ဒီနေ့ နာမည်ကြီးနေတဲ့ ၈၈ ကျောင်းသားဆိုတဲ့လူတွေရဲ့ ပညာအရည်အချင်းကို မေးကြည့်ရင်သိနိုင်ပါတယ်။


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး ကြေညာချက်ထုတ်ပြန်



ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း ခေါင်းဆောင်သော အဖွဲ့ဝင်များသည် KIO ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်အတွက် ဇန်နဝါရီ ၁၈ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့သို့ သွားရောက်ခဲ့ကြသည်။ ဇန်နဝါရီ ၁၉ ရက် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့သည် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး နိုင်ငံရေး နည်းလမ်းဖြင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးနိုင်ရန်နှင့် စစ်မက်အရှိန်များ လျှော့ချနိုင်ရန်အတွက် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။



ထိုကြေညာချက်တွင် (၁) ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KIO ကိုယ်စားလှယ်တို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ရှေးရှု၍ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြပါသည်။ (၂) နိုင်ငံတော်အစိုရနှင့် KIO တို့သည် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်ပါသည်။ (၃) ဆွေးနွေးကြသည့် အကြောင်းအရာများကို ပြည်သူအများ သိစေရန် မှန်ကန်သော သတင်းများ ထုတ်ပြန်သွားမည်။ (၄) စစ်ရေးအရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် ပြဿနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်များကိစ္စအား ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်တို့ ပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ဂျာမန်လိဂ် ဥက္ကဋ္ဌ မြန်မာနိုင်ငံလာမည်


ဂျာမနီက ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်တွေကို မြန်မာနိုင်ငံက စိတ်ဝင်စားမှုပိုရှိလာအောင် ပရိုမိုးရှင်းလုပ်တဲ့သဘောနဲ့ လာရောက်ဖို့ ကမ်းလှမ်းတဲ့အတွက် လက်ခံခဲ့တာပါ။ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲတစ်ခုလည်း ပြုလုပ်သွားဖို့ ရှိပါတယ်

ဂျာမန်လိဂ် ဥက္ကဋ္ဌ မြန်မာနိုင်ငံလာမည်

ဂျာမနီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ လိဂ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ရိုင်းဟတ်ရောဘော (Dr. Reinhard Rauball) သည် လာမည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ဖေဖော်ဝါရီလ ၂ ရက်မှာ ဘွန်ဒက်စ်လီဂါဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။ ဂျာမနီက ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်တွေကို မြန်မာနိုင်ငံက စိတ်ဝင်စားမှုပိုရှိလာအောင် ပရိုမိုးရှင်းလုပ်တဲ့သဘောနဲ့ လာရောက်ဖို့ ကမ်းလှမ်းတဲ့အတွက် လက်ခံခဲ့တာပါ။ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲတစ်ခုလည်း ပြုလုပ်သွားဖို့ ရှိပါတယ်”ဟု ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ဝယ်ယူရရှိထားသော ရွှေသံလွင်မီဒီယာ၏ ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Sky Net ရုပ်သံလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၄င်းသည် ဖေဖေါ်ဝါရီ ၁ ရက်တွင် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂ ရက်တွင် တစ်ဆက်တည်း ဝင်ရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ရွှေသံလွင်မီဒီယာသည် လာမည့် ဇွန်လအတွင်း ကျင်းပပြုလုပ်မည့် ယူရို-၂၀၁၂ ဘောလုံးပြိုင်ပွဲကို ရုပ်သံမူပိုင်ခွင့် ရယူထားပြီး ၄င်းတို့ပိုင် အခပေး ရုပ်သံလိုင်းများဖြစ်သည့် Sky Net Sports Channel 1, 2 တို့တွင် ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit: ဗိုလ်ဗိုလ်ဝင်း (7Day News Journal)

ပြတိုက်အသွင် ဖော်ဆောင်မည့် ဝန်ကြီးများရုံးကို လုပ်ငန်းဆောင်ရွက်ရန် ပြည်ပနိုင်ငံအချို့ စိတ်ဝင်စားနေ


ရန်ကုန်၊ ဇန်နဝါရီ ၁၃
ပြတိုက်အသွင် ဖော်ဆောင်မည့် ရန်ကုန်ဝန်ကြီးများရုံးကိုလုပ်ငန်းဆောင်ရွက်ရန် ပြည်ပနိုင်ငံ အဖွဲ့အစည်းများမှ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ် နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

”အခုပြည်တွင်းကရော ပြည်ပကရော တော်တော်များများ မေး မြန်းစုံစမ်းမှုတွေ လုပ်နေတာတော့ အမှန်ပဲ” ဟု ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ပုဂ္ဂိုလ် က ဆိုသည်။စုံစမ်းမေးမြန်းမှု ပြုလုပ် သည့် ပြည်ပနိုင်ငံများထဲတွင် တရုတ်နိုင်ငံ မပါဝင်ဟု ၄င်းက ငြင်းဆိုပြီး ကျန် ပြည်ပနိုင်ငံများ၏ စာရင်းကို အတိ အကျ မပြောဘဲ အရေအတွက်များ သည်ဟုသာ ထပ်မံ ဖြေသည်။၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ အဆို ပြုလွှာများ တင်ရမည့် အဆိုပါ ဝန်ကြီးများရုံး ကိစ္စကို ပြည်တွင်း အဖွဲ့အစည်းများပါ လာရောက် တင် ထားကြသည်ဟုသိရပြီး အားလုံး တွေ့ဆုံကာ စုပေါင်းဆုံးဖြတ်ကြ၍ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုလုပ်မည် ဟု သိရသည်။ သမိုင်းအစဉ်အလာ ကြီးမား သည့် ဝန်ကြီးများရုံး အပြင်ရန်ကုန် မဟာဗန္ဓုလပန်းခြံဘေးရှိံငါ့ ဃသကမအ (ယခင်ဗဟိုတရားရုံး) ကိုပါ ပြတိုက်အသွင် ဖော်ဆောင် မည် ဖြစ်ရာ ဝန်ကြီးများရုံးမှာ ရေပန်းအစား ဆုံးနေရာ၌ ရပ်တည်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။စီးပွားရေးလုပ်ငန်းရှင် တစ်ဦး က ”ဝန်ကြီးများရုံးက သမိုင်းဝင် တစ်ခုဖြစ်နေတဲ့အတွက် ဘယ်သူ မဆို ဝင်ရောက်ကြည့်ရှုချင်နေကြတာချည်းပဲ။ ဒါကို လုပ်ငန်းရှင်တိုင်း က သိနေတော့ စိတ်ဝင်စားမှုက ဒီနေရာမှာများနေ တာကသဘာဝ ကျပါတယ်”ဟု သူ့အမြင်ကို ပြော သည်။ရှေးဟောင်း အဆောက်အအုံ တို့၏ မူလလက်ရာများကို မပျက် စီးစေဘဲ ဆောင်ရွက်ရမည်ဟု ဖော် ပြထားသည့်
အဆိုပါလုပ်ငန်းသာ ဖော်ဆောင်နိုင်မည်ဆိုပါက နိုင်ငံ ခြားဧည့်များအတွက် ရန်ကုန်တွင် လေ့လာစရာတစ်ခု တိုးလာမည့် အပြင် ခရီးသွားဧည့်များအတွက် ဆွဲ ဆောင် စရာ နေရာတစ်ခု ဖြစ်လာ နိုင်မည်ဟု ခရီးသွားလုပ်ငန်း လုပ် ကိုင်နေသူ တစ်ဦးက မှတ်ချက်ပြုသည်။

PN-051

အိုဘားမားကို လူရွှင်တော်ဟု ချာဗက်ဇ် ဝေဖန်



သူရိယ (AP) အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက ဗင်နီဇွဲလားနိုင်ငံ လူ့အခွင့် အရေး မှတ်တမ်းများကိုနှင့် အီရန် ကျူးဘားတို့နှင့် ဆက်သွယ်နေမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည့်အတွက် သမ္မတ ဟူဂိုး ချာဗက်ဇ်နှင့် တင်းမာလာခဲ့သည်။


အိုဘားမားကို ချာဗက်ဇ်က လူရွှင်တော်ဟု ခေါ်ဆိုခဲ့ပြီး ကိုယ်နှင့်မဆိုင်လျှင် ၀င်မရှုပ်ရန်လည်း သတိပေးခဲ့သည်။


ချာဗက်ဇ်နှင့် ပတ်သက်သည့် အိုဘားမား၏ ရပ်တည်ချက်ကို ဗင်နီဇွဲလား သတင်းစားများတွင် ဖော်ပြခဲ့သည်။ အိုဘားမား၏ ရီပတ်ဘလီကင် အတိုက်အခံခေါင်းဆောင်များကလည်း ချာဗက်ဇ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။


ထိုကြောင့် လာမည့်နှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ အမေရိကန်၏ အငြင်းပွားဖွယ်ရာ နိုင်ငံခြားရေး မူဝါဒသည် ဗင်နီဇွဲလား သမ္မတကို ပစ်မှတ်ထား ဝေဖန်မှုများရှိလာနိုင်သည်ဟုလည်း လေ့လာသူများက ဆိုသည်။


အမေရိကန်က ချာဗက်ဇ်ကို ကာလကြာမြင့်စွာဝေဖန်ခဲ့သော်လည်း ယခု အိုဘားမား၏ မှတ်ချက်သည် အပြင်းထန်ဆုံးဖြစ် သည်။


မြင့်တက်လာသည့် စိုးရိမ်ပူပန်မှုများကို ထောက်ပြခဲ့ပြီး ဗင်နီဇွဲလားရှိ ဒီမိုကရေစီကို ခြိမ်းခြောက်နေသည်ဟု ပြောဆိုခဲ့သည်။


“ဗင်နီဇွဲလား လူတွေရဲ့ လွပ်လပ်ခွင့်ကို တားမြစ်ထားတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကျနော်တို့က ပူပန်မိပါတယ်၊ ဒီမိုကရေစီရဲ့ အခြေခံ တန်ဖိုးလျော့ကျစေပြီးတော့ ဒေသတွင်းငြိမ်းချမ်းခြင်းကို ပါဝင်ဖို့လည်း ပျက်ကွက်ခဲ့ပါတယ်” ဟု အိုဘားမားက သတင်းစာသို့ ရေးသားပေးပို့ ပြောဆိုသည်။


“အိုဘားမားကလာပြီးတော့ ကျနော်တို့ကို တိုက်ခိုက်မယ်ဆိုရင်လည်း သိပ်မထူးပါဘူး၊ အိုဘားမား ကိုယ်အလုပ်ကိုယ်လုပ်ပါ၊ မင်းကြောင့် ပျက်စီးနေတဲ့ ကိုယ့်တိုင်းပြည်ကိုယ် ကောင်းကောင်း အုပ်ချုပ်ပါ၊ ငါတို့ကို ဒီအတိုင်းထားခဲ့ပါ” ဟု ချာဗက်ဇ်က ရုပ်မြင်သံကြားတွင် ပြောဆိုခဲ့သည်။


၂၀၁၂ ခုနှစ်တွင် ယင်းသို့ ပြောဆိုမှုများထပ်လာမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယား Pomona ကောလိပ် လက်တင်အမေရိက အရေး လေ့လာသူ ပါမောက္ခ Miguel Tinker Salasက ပြောသည်။


“ရွေးကောက်ပွဲ ကာလမှာ ဗင်နီဇွဲလားဟာ အမေရိကန် နိုင်ငံရေး စည်းဝိုင်းထဲရောက်လာတယ်လို့ မြင်တယ်၊ အမတ်တွေက နိုင်ငံခြားရေး မူဝါဒဘက်ကို လည့်လိုက်ပြီဆိုတာနဲ မက္ကဆီကိုမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေကို ဖိအားပေးရတာ တွေရှိပေမယ့် ဗင်နီဇွဲလားအရေးက ဖြေရှင်းရမယ့်အရေးအဖြစ် ပြောဆိုလာတယ်လို့ မြင်တယ်” ဟု သူက ပြောသည်။
အိုဘားမားကဲ့သို့ပင် အောက်တိုဘာတွင် ၁၃ နှစ်တာ သမ္မတသက်တမ်းကို တိုးမြင့်ရန် ချာဗက်ဇ်ကလည်း နောက်နှစ်တွင် ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်ရမည်ဖြစ်သည်။




ချာဗက်ကို ရည်ညွန်းခြင်းမရှိသော်လည်း ဒေသတွင်း တိုင်းပြည်များတွင် ရွေးကောက်ပွဲကို တရားမျှတရန် အိုဘားမားကဆိုသည်။


“ဗင်နီဇွဲလားမှာ စာပေလွတ်လပ်ခွင့်တားမြစ်ဖို့ လုပ်ဆောင်နေတာတွေတာရယ်၊ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ဆန့်ကျင်နေတဲ့ အာဏာခွဲဝေတာကို ပျက်စီးစေတဲ့ အရာတွေအတွက် ကျနော်တို့ လေးလေးနက်နက်ပူပန်မိပါတယ်” ဟု အိုဘားမားက ပြောသည်။


ဗင်နီဇွဲလားနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိရန် မျှော်လင့်သည်ဟုလည်း အိုဘားမားက ပြောသည်။
ချာဗက်ဇ်က အမေရိကန်သည် ၎င်းတို့ နိုင်ငံအရေးကို ၀င်ရောက်စွက်ဖက်၍ သူ့အား ဖြုတ်ချရန် ကြိုးစားနေသည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။


လက်ဝဲယိမ်း ခေါင်းဆောင် ချာဗက်ဇ်က လက်တင်အမေရိကန်တွင် အမေရိကန်လွမ်းမိုးမှုကို ဆန့်ကျင်လျက်ရှိပြီး လစ်ဗျား၊ အီရန်တို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်။


ချာဗက်ဇ်နှင့် အီရန်တို့အကြား ခိုင်မာလာသည့် ဆက်ဆံရေးကို အမေရိကန်အရာရှိများက စိုးရိမ်ပူပန်ခဲ့ကြပြီး အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ဗင်နီဇွဲလားက လုပ်ဆောင်ခဲ့ခြင်းမရှိဟုလည်း ပြောသည်။ Source; AP

သူရိယ

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ စာရင်း ရှိပါက ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ် ပေးမည်



ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ စာရင်း ရှိပါက ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ် ပေးမည်

ပြည်တွင်း၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများစာရင်းရှိပါက ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီးကိုကိုက နေပြည်တော်၌ ဇန်န၀ါရီ ၁၄ ရက်တွင် ပြည်တွင်း ပြည်ပမီဒီယာ များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း ၌ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူများ လုံးဝ စာရင်းမရှိကြောင်း၊ ယုံကြည်ချက် ကြောင့်နိုင်ငံရေး လုပ်ဆောင်ပါက အ ပြစ်ပေးမည်ဆိုသည့်ဥပဒေလည်းလုံးဝ မရှိကြောင်း၊ ထို့ကြောင့် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူစာရင်းကို ပေးပါရန် တောင်းခံရခြင်းဖြစ်ကြောင်း၊ မပေးပါက မိမိတို့ အနေဖြင့်ရှာဖွေ ရသည် များလည်းရှိကြောင်း ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။

“ဒီလိုပြောလွန်းလို့ကို ကျွန်တော် တို့ကလုပ်တာ။ ငါတို့တော့ တစ်ချိန်လုံး အပြောခံနေရတယ်။ ငါတို့မှာ လည်း စာရင်းမရှိဘူး။ ဒါကြောင့် ပေးပါလို့ တောင်းတာ။ ထပ်များ ပေးလာလို့ရှိရင် ကျွန်တော်တို့ စိစစ်ပေးမယ်။ နိုင်ငံရေး ဟိုဟာတော့ ကျန်နေသေး တယ်။ ဒါ တွေတော့လွှတ်ပေးပါ၊ စိစစ်ပေးပါဆိုရင် ရပါတယ်။ အချိန် မရွေးပဲ စိစစ်ပေးမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကိုကိုက မြန်မာပို့စ်မှ မေးမြန်း ချက်အပေါ် ပြန်လည်ရှင်းပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် လွတ်ငြိမ်းချမ်းသာ ခွင့် ပြုခဲ့သည့် အကျဉ်းသားများတွင် ပြည် တွင်းနိုင်ငံရေး အင်အားစုတစ်ခုဖြစ်သည့် NLD မှတင်ပြထားသည့် ၆၀၄ ဦးတွင် ၁၂၈ ဦးသည် ရာဇ၀တ် ပြစ်မှုကျူးလွန် ခြင်းကြောင့် တရား ဥပဒေစိုးမိုးရေးအ တွက်ဆက်လက်ထိန်းသိမ်းထားကြောင်း၊ အဆိုပါ ၁၂၈ ဦးတွင် ပါသည်ဖြစ်စေ၊ မပါ သည်ဖြစ်စေ စာရင်း လာရောက်ပေးပို့ပါ က ထပ်မံ စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည်ပအဖွဲ့အ စည်းအချို့မှ ပေးပို့သော ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ စာရင်း များမှာ နာမည်ကို အင်္ဂလိပ်လိုသာဖော် ပြထားပြီး နာမည် ထပ်နေခြင်း၊ အချို့မှာ နာမည်နှင့် ထောင်သာပါရှိခြင်း၊ အချက် အလက်ပြည်စုံမှု မရှိခြင်းများလည်းရှိ ကြောင်း သိရသည်။

ထွန်းလင်း

Myanmar Post

လွတ်ငြိမ်းချမ်းသာခွင့် အပေါ် အမြင်များ



ဒေါက်တာနေဇင်လတ် (နိုင်ငံတော်သမ္မတ၏အကြံပေး) ။ ။ “ဒီကိစ္စကတော့ ကောင်းတာပေါ့ လေ။ သမ္မတကြီးက နဂိုကတည်း ကပြော ခဲ့တဲ့ စကားရှိတယ်လေ။ လူဦးရေ သန်း ၆၀ စလုံးက မိသားစုကြီး တစ်ခုပဲဆိုတာကို အရင်ကတည်း ကပြောခဲ့တယ်လေ။ အပြင် ကရော အတွင်းကပါ လုပ်အား ဆုံးရှုံးနေ တာတွေ အားလုံးပေါင်းစည်းနိုင်ဖို့လို တယ်။ နိုင်ငံတော် တည်ဆောက်ရေး မှာ အားလုံးပါဝင်ဖို့လိုတယ်။ နိုင်ငံတော် သမ္မတကြီး အနေနဲ့ တစ်ချိန်ချိန်မှာ အားလုံး ပြန်လည်ပါဝင်ဖို့ မျှော်လင့်တယ်ဆိုတာ ကို အကောင်အထည် ဖော်လာတာပေါ့။တစ်ဆင့်ချင်း အကောင် အထည်ဖော်လာ တယ်လို့ယူဆမိပါတယ်။ တိုင်းပြည်တည် ဆောက်ရေးမှာ မတူညီတဲ့ ကဏ္ဍတွေအား လုံးပါဝင်ဖြည့်ဆည်း ပေးစေချင်တဲ့ ဆန္ဒကို နိုင်ငံတော်သမ္မတကြီးက အကောင်အ ထည်ဖော်လိုက်တယ်လို့ ယူဆ ပါတယ်။ အခုဆိုရင် သြစတြေးလျနိုင်ငံ sanction ကို ရုပ်သိမ်းဖို့ပြောလာပြီ။ အမေရိကန် ဆိုရင်လည်း သံအမတ်ကြီးအဆင့်ကိုတိုး မြှင့်ပြီး သံတမန်ဆက်ဆံရေးမြှင့်တင်ဖို့ ပြောလာပြီ။ အဲဒီနောက်ပိုင်းမှာ sanction တွေကိုလည်း တဖြည်းဖြည်းချင်း lift up လုပ်လာမယ်လို့ ယူဆပါတယ်”


ဦးသက်ထွန်း (သံအမတ်ကြီး) ။ ။ “ကောင်းတာပေါ့။ အင်မတန် ကောင်း တဲ့အချက်ပါ။ national reconciliation သဘောမျိုးပေါ့။ တစ်ဦးနဲ့ တစ်ဦး သင့်သင့်မြတ်မြတ် လက်တွဲ လုပ်ကိုင်ကြ ရင်အကောင်းဆုံး ပေါ့။ မြန်မာနိုင်ငံ အနေနဲ့ က အပြင် ရန်သူလည်း မရှိပါဘူး။ အတွင်း မှာ အချင်းချင်း ညီညွတ်ကြဖို့ပဲ လိုတယ်။ လွတ်မြောက် လာသူတွေ အနေနဲ့ လည်း လွှတ်တော် နိုင်ငံရေး၊ ပါတီနိုင်ငံရေး လုပ် မယ်ဆိုရင် သင်ပုန်းချေလိုတဲ့ စိတ်ဓာတ်ရှိ ရင်တော့ ကောင်းတာ ပေါ့။ အခုဆိုရင် နိုင် ငံတကာ ကလည်း ပြန်လည် အရှိန်မြှင့် ဆက်သွယ်နေပြီလေ။ အမေရိကန်ပြည် ထောင်စုက လည်း သံအမတ်ကြီး ရာထူးနဲ့ ဆက်သွယ်မှု မရှိဘဲ ယာယီ သံရုံးတာဝန်ခံ အဆင့်နဲ့ပဲ ဆက်ဆံနေတာ နှစ် ၂၀ လောက် ရှိပြီ။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့် ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အများကြီးလုပ်ခဲ့ဖူး သူဖြစ် ပါတယ်။ သူ့အနေနဲ့လည်း မြန်မာ့နိုင်ငံ ရေးလောက ထဲ ပြန်လည်ဝင်ရောက်လာ ရင်ပိုကောင်းတာပေါ့။ လက်ရှိအခြေအနေ ကိုသုံးသပ်ရရင် နိုင်ငံတော် အစိုးရကပြု ပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် နေပေမယ့် အောက်ပိုင်းမှာ အုပ်ချုပ်ရေး ယန္တရားက နည်းနည်းနှေးသွားတယ်။ ဥပမာ – တချို့ ၀န်ကြီးဌာနတွေမှာ နေပြည်တော်ကိုတက် တက်နေရတယ်။ ဥပမာ – ဓာတ်ဆီ စာအုပ် ကိစ္စတောင် နေပြည်တော် ကိုတင်နေရ တယ်။ နေပြည်တော် က၀န်ကြီးတွေကလည်း အလုပ်ရှုပ် နေတော့ ရန်ကုန်ကို တောင်လာ ဖို့ခက်နေတယ်။ သံတမန် ဆက်ဆံရေးမှာ လည်း ဥပမာ – အမေရိကန် သံအမတ် တွေထဲမှာ ဆိုရင်ချိုသာတဲ့သံအမတ်လည်း ရှိနေတယ်။ ဘုကျကျ သံအမတ်တွေ လည်းရှိတယ်။ ဒါကြောင့် record တွေ ကို သေသေချာချာ ထားဖို့ကောင်းတာပေါ့။ အရင်တုန်းက ဆိုရင် အနောက်အုပ်စုက sancition လုပ်လိုက်တဲ့အခါ (ဥပမာ – မြန်မာ နာမည် တွေထဲမှာ ဆင်တူရိုးမှား တွေ ရှိနေတာ ကြောင့်) တချို့ နာမည်ရှင်တွေ နစ်နာခဲ့ရတာ မျိုးတွေ လည်း ရှိပါတယ်”

ဒေါက်တာ အောင်ထွန်းသက် (ကုလသမဂ္ဂ အကြီးတန်းအကြံပေးအရာရှိ)။ ။“စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်ကိစ္စ ကတော့ ကြိုဆိုရမှာပေါ့။ ပြည်သူ လူထုကလည်း လိုလားတယ်လေ။ အခုဆို ရင် စတုတ္ထ အကြိမ်မြောက်ရှိပါပြီ။ ယုံ ကြည်ချက် ကြောင့် အကျဉ်းချ ခံနေရသူတွေ ရှိနေသေးတယ် ဆိုတဲ့ကိစ္စဟာ နောင်အချိန် မှာ ပြောစရာ၊ ထည့်သွင်းစ ဉ်းစားစရာ၊ ဆွေး နွေး စရာမလိုတဲ့ ကိစ္စတစ်ခု ဖြစ်လာ စေဖို့ဆု တောင်း ရမှာပေါ့။ ၀န်ကြီးချုပ်ဟောင်း လွတ် လာတာနဲ့ ပတ်သက်ပြီး ၀မ်းသာမိပါတယ်။ သူပြန်လွတ် လာတာဟာ အားလုံး အတွက် ကောင်းပါတယ်။ ဒါပေမဲ့ ဆရာက တော့ ရာထူးနဲ့ သတ်မှတ်ချက်ကို ထည့်သွင်း မစဉ်း စားစေချင်ဘူး။ ယုံကြည်ချက်ကြောင့် အ ကျဉ်းချ ခံနေရသူအားလုံး လွတ်လာရင် ၀မ်းသာ စရာပေါ့။ ရာထူး၊ အဆင့်အတန်း၊ အတန်း အစားမခွဲခြား စေချင်ဘူး။ အား လုံးကို တစ်ပြေးညီ သတ်မှတ် စေချင်တယ်။ အားလုံး လွတ်စေချင်တယ်”


ဒေါက်တာထွန်းလွင် (မိုးလေ၀သပညာရှင်) ။ ။ “ဒါကတော့ တစ်တိုင်းပြည်လုံး၊ တစ် ကမ္ဘာလုံး က တောင်းဆိုနေတဲ့ ကိစ္စပဲလေ။ အစိုးရအနေနဲ့လည်း ဒီလို တောင်းဆို ချက်တွေကို အပြုသဘော ဆောင်စွာနဲ့ တုံ့ပြန်ပေးတဲ့အတွက် အကောင်းဆုံးလို့ ဆိုရမှာပေါ့။ ဒါဟာလူတိုင်း တောင်းဆို နေတဲ့ ကိစ္စဖြစ်ပြီး လိုလားတဲ့ ကိစ္စတစ်ခု ပဲလေ။ ဒါကြောင့် ဒီလို စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်တဲ့ကိစ္စ ကို အားလုံး ကကြိုဆိုမှာပါ။ အားလုံး လည်း ၀မ်းသာနေမယ်လို့ ထင်ပါတယ်။ ခိုး၊ ဆိုး၊ လုယက် လို့ အကျဉ်းကျသူတွေ ထက်စာ ရင် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေ သူတွေ လွတ်မြောက်လာတာက ပိုကောင်း တာပေါ့။ တိုင်းပြည်အတွက် လည်း ပို ကောင်း လာမယ်လို့ ယူဆတယ်။ ၀န်ကြီး ချုပ်ဟောင်း လွတ်မြောက် လာတာကို တော့ အရမ်းဝမ်းသာပါတယ်။ သူလည်း လွတ်ချင် မှာပဲလေ။ ကိုယ်ချင်း လည်းစာ ပါတယ်။ အားလုံး အတွက် ကောင်းတယ်လို့ ယူဆပါတယ်”


ဦးကျော်တင့်ဆွေ (ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်) ။ ။ “နိုင်ငံတော် သမ္မတရဲ့ စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်ကို ကြိုဆို ကြောင်း အမျိုးသား လူ့အခွင့်အရေးကော် မရှင်က တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၄ ရက် (စနေနေ့) မှာကြေညာချက် ထုတ်ပြီး နိုင်ငံ ပိုင် သတင်းစာများ၌ ဖော်ပြခဲ့ပါတယ်။ ဒါဟာ ၀မ်းသာစရာ သတင်းဖြစ်ပါတယ်။ ဘယ်သူပါတယ်၊ မပါဘူးဆိုတာ မသိ သေး တဲ့အချိန်ကတည်းက ၀မ်းသာ နေခဲ့တာ ပါ။ အလွန်ကောင်းတဲ့ လုပ်ရပ် တစ်ခုဖြစ် ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေကို အခုလိုလွှတ်ပေးတဲ့ အ တွက် အလွန် ၀မ်းမြောက်မိပါတယ်”


ဦးစစ်မြိုင် (အတွင်းရေးမှူး၊အမျိုးသားလူ့အခွင့်အရေးကော်မရှင်) ။ ။ “ဒီကိစ္စက ကောင်းတဲ့ လုပ်ရပ်လို့ အန်ကယ် မြင်တယ်။ ကြိုဆိုတယ်။ ၀မ်းသာ တယ်။ နိုင်ငံတော် အစိုးရအနေနဲ့ အမျိုး သားလူ့အခွင့် အရေးကော်မရှင်က တင်ပြ ထားတဲ့အတိုင်း အတတ်နိုင်ဆုံးဆောင် ရွက်ပေးခဲ့တာ ကြောင့် အရမ်း ကျေနပ်မိ တယ်။ လူ့အခွင့် အရေးကော်မရှင် အနေနဲ့ အကျဉ်းသား တွေလွှတ်ပေးဖို့ကိစ္စနဲ့ပတ် သက်ပြီး နိုင်ငံတော် သမ္မတထံ သုံးကြိမ် တင်ပြခဲ့ပါတယ်။ တတိယ အကြိမ်ကို ဒီဇင်ဘာ ၃၀ ရက်မှာ တင်ပြခဲ့ ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂ ရက်မှာ တတိယ အကြိမ် လွတ်ငြိမ်း ချမ်းသာ ခွင့်ပြုခဲ့တယ်။ အနာဂတ် မြန်မာနိုင်ငံရေး အခင်းအကျင်းမှာ အားလုံး ပါဝင်နိုင်ဖို့ အဆိုပြုချက် တောင်းဆိုမှုတွေ ရှိ တယ်။ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့်အမိန့်ထဲမှာ အဲဒီရည်ရွယ် ချက် တွေကို ဖော်ပြ ထားတာရှိတယ်။ ယုံ ကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူ တွေကို လွှတ်ပေးလိုက်ခြင်း ဟာနိုင်ငံတော် ရဲ့ဒီမိုကရေစီ ခရီးစဉ်မှာ မှတ်တမ်း တင်ရ မယ့် ခိုင်မာတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာက လည်း အသိအမှတ် ပြုမှာပါ။ ဒီလို လွှတ်ပေးခြင်းဟာ ဒီမိုက ရေစီစနစ် ကိုဆက်လက် အကောင်အထည် ဖော်ရာမှာ အဓိကကျမှာပါ။ ၀န်ကြီးချုပ် ဟောင်းဦးခင်ညွန့်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက် တာကလည်း အလွန်ကောင်း ပါတယ်။ သူလည်းပဲ နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းတွေ အများကြီးလုပ် ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်တည်ဆောက် ရေးနဲ့ capacity building အတွက် အများကြီး လုပ်ခဲ့တာတွေ့ရပါတယ်။ဒါဟာ နိုင်ငံတော် သမ္မတကြီးအနေနဲ့ လူသားချင်း စာနာထောက်ထားမှုကို သဘော ထားကြီး စွာဖြင့်ပြသရာရောက်ပါတယ်။ အားလုံး လည်းကြိုဆို ကြမှာပါ”


ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစု) ။ ။ “ကျွန်တော်သိသလောက် ၈၈ ကျောင်း သားဟောင်းတွေအများကြီး ပါတယ်လို့ ကြားတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီစတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ပတ်သက် တာတွေ အားလုံးနီးပါး လွှတ်ပေးလိုက် တယ်လို့ကြားတယ်။ ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူ တွေကို လွှတ်ပေး လိုက်တာဟာ အလွန်ကောင်းတဲ့ လုပ်ရပ် တစ်ခုပါ။ ဒီအတွက် မြန်မာ့နိုင်ငံရေး အခင်း အကျင်း တွေ ပြောင်းလဲ သွားနိုင်သလားဆို တာက ထင်ထင် ရှားရှားမြင်ကွင်း တော့မ တွေ့ရသေးပါဘူး။ ခန့်မှန်း ပြောဆိုကြတဲ့အ ဆင့်ပဲ ရှိပါသေးတယ်။ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်ကတော့ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့် နှစ်ဝန်းကျင် က တိုင်းရင်းသား တွေရဲ့ အပစ်အခတ်ရပ်စဲရေး ကို အားသွန်ခွန် စိုက် ဆောင်ရွက်ခဲ့သူ ဖြစ်ပါ တယ်။ ဒါကြောင့် သူပြန် လွတ်လာတာကလည်း မြန်မာနိုင် ငံ အတွက် ကောင်းပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့လည်း နိုင်ငံတကာရဲ့ တောင်းဆိုမှု တွေကို လိုက်လျောလိုက်ခြင်း ဖြစ်ပါတယ်။ တစ်ဖက်မှာ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေကလည်း တိုးတက် လာတယ်။ အခြား တစ်ဖက်မှာလည်း နိုင်ငံ တကာရဲ့တောင်းဆိုချက် အတိုင်း အကျဉ်း သားတွေလွှတ်ပေး၊ ဥပဒေသစ်တွေပြဋ္ဌာန်း ပေးပြီး ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းရင် ကျွန်တော် တို့နိုင်ငံ တိုး တက်လာမှာပါ”


ဦးစောဆေးဝါး (ဒုတိယဥက္ကဋ္ဌ၊ ကရင်ပြည်သူ့ပါတီ) ။ ။ “အသေးစိတ်တော့ မသိသေးဘူး။ အကျဉ်းကျခံ နေရသူတွေထဲက လွတ် မြောက်လာ သူစာရင်းကို အတိအကျ မသိသေးတော့ ပြောဖို့တော့အခက်သား။ ဘာပဲဖြစ်ဖြစ် ၀မ်းသာတယ်။ ဘယ်လိုမြင် သလဲ ဆိုတော့ ဒါဟာ အစိုးရဘက်က အကောင်းဆုံးလုပ်ပေးနိုင်တယ်လို့ ယူဆ မိပါတယ်။ အခုဆိုရင် တပ်မတော်နဲ့ ကရင် လူမျိုးတွေကြားမှာ cease fire လည်း ပြုလုပ်ပြီးဖြစ်တာ ကြောင့် ပြည်သူ တွေလည်း အေးချမ်းသွားမယ်။ အားလုံး စိတ်ချမ်းသာမယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကတော့အတွေ့အကြုံ တော်တော် ရှိတဲ့လူပါ။ ဒီလို လူတွေ လွတ်လာတာ အများကြီးဝမ်းသာတယ်။ အပစ် အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စတာ တွေမှာ သူ စိတ်ဝင်တစား ပါဝင်လာမယ် ဆိုရင်တော့ ကရင်ပြည်သူ့ ပါတီအနေနဲ့ ရော၊ တစ်မျိုးသားလုံး အနေနဲ့ရော ကြိုဆို ပါတယ်။ ဘာပဲဖြစ်ဖြစ် အလွန်ဝမ်းသာပါ တယ်”


ဦးအုန်းကြိုင် (ပြန်ကြားရေးတာဝန်ခံ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ။ ။ “အရမ်းဝမ်းသာပါတယ်။ တိုင်းပြည် အတွက်ရော၊ ကာယ ကံရှင်တွေအတွက် ရော၊ နိုင်ငံတော် အစိုးရအတွက်ရော မင်္ဂလာရှိတဲ့လုပ်ရပ်ပါပဲ။ မင်္ဂလာ ရှိတဲ့ အခါသမယပါပဲ။ အခုအချိန်မှာ အမျိုး သားပြန်လည် သင့်မြတ်ရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် အမြင်ရှင်းရှင်းနဲ့ လုပ်ဆောင် နိုင်ဖို့လိုတယ်။ အားလုံးသင့် သင့်မြတ်မြတ် လုပ်ဆောင်ဖို့ လိုတယ်။ နိုင်ငံရေး ကတော့ အခုအချိန်မှာ ပြည်သူ လူထုက လန်းလန်းဆန်းဆန်း၊ တက် တက်ကြွကြွ ဖြစ်နေပုံပါပဲ။ မကြာသေးမီက KNU နဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ဟာလည်း နှစ်ပေါင်း ၆၀ အတွင်း အလွန်ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုပါ။ အခု လည်း prominent figure တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့လို ကျောင်းသားခေါင်း ဆောင် တွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြု လိုက်ခြင်းဟာ အလွန် ကောင်းမွန်တဲ့လုပ် ရပ်၊ အလွန် ထူးခြားတဲ့ဖြစ်ရပ် တစ်ခုပါ။ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် လွတ်လာ တာကိုလည်း ၀မ်းသာပါတယ်။ ကိုယ်တိုင် အကျဉ်းကျ ခံခဲ့ရဖူးတာကြောင့် အကျဉ်း သားဘ၀မှာ ဘယ်လောက်ခက်ခဲ သလဲဆို တာသိနေပါတယ်။ ဒါကြောင့် အားလုံး ကိုလွတ် စေချင်ပါတယ်။ ဘယ်နေရာက ဘယ်သူက ဘယ်လိုပဲလွတ်မြောက်လာ သည်ဖြစ်စေ အားလုံးအတွက်ဝမ်းမြောက် မိပါတယ်”


ဒေါက်တာဒေါ်သန်းနွဲ့ (ပါမောက္ခ၊ ဌာနမှူး(ငြိမ်း)၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်) ။ ။ “တီချယ်ကြီး အနေနဲ့ အတိုင်းထက် အလွန်ဝမ်းသာ မိပါတယ်။ နာမည်ကြီးတဲ့ ကျောင်းသား ခေါင်းဆောင်တွေ အားလုံး ပါဝင်တာ တွေ့ရတယ်။ လိုအပ်တဲ့ လူတွေ အားလုံး ပါတာတွေ့ရလို့ကျေနပ် ၀မ်းမြောက် မိပါတယ်။ prominent figure တွေ တော်တော်များများပါဝင်တာတွေ့ရတယ်။ အားလုံးက ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းထက်၌ ညှိညှိ နှိုင်းနှိုင်းနဲ့ လက်တွဲ ဆောင်ရွက် မယ်ဆိုရင် အကောင်း ဆုံးဖြစ်မှာပဲ။ သူ့အမြင်၊ ကိုယ့်အမြင်တွေ ကို ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်။ ၀န်ကြီး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်ခြင်းနဲ့ ပတ်သက်ပြီး လည်း တီချယ်ကြီး တို့ကဘာ ပဲဖြစ်ဖြစ် ၀မ်းသာတာပဲ။ သူလည်း တိုင်း ပြည် အတွက် အလုပ်တွေ အများကြီးလုပ်ခဲ့ တာပဲလေ။ အားလုံးအပြု သဘောဆောင်ပြီး ပိုမို တိုးတက် လာမယ်လို့ မြင်ပါတယ်”


ဦးသန်းလွင် (ဒုတိယဥက္ကဋ္ဌ – ၂၊ ကမ္ဘောဇဘဏ်လီမိတက်) ။ ။ “ဒါကတော့ ကောင်းတဲ့လက္ခဏာ ပဲဗျ။ national reconciliation ကို အကောင်အထည် ဖော်လာပြီလို့ ယူဆ တယ်။ ဒါဟာ တိုင်းပြည် တိုးတက်ရေး အတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါ တယ်။ အားလုံး ပူးပေါင်း ဆောင်ရွက်ရင် တိုင်းပြည် တိုးတက်ရေး အတွက် ကောင်း မွန်တဲ့ အစဉ်အလာ တစ်ရပ်ကို အကောင် အထည် ဖော်ဆောင်ရွက် နိုင်မှာ ဖြစ်ပါ တယ်။ မြန်မာ့ စီးပွားရေး အတွက်လည်း အလွန် ကောင်းလာမယ်။ အားလုံး လည်း ပူးပေါင်း ဆောင်ရွက်လာ မယ်လို့ ယူဆပါ တယ်။ တိုင်းပြည် တိုးတက် ဖို့ဆိုတာ အား လုံး ပူးပေါင်း ဆောင်ရွက် ဖို့လိုတယ်။ တိုး တက်မယ့် လက္ခဏာ၊ အခြေအနေတွေ ဖြစ်ပေါ် လာတယ်။ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်လို ပုဂ္ဂိုလ်တွေ လွတ်လာတော့ လည်း တိုင်းပြည် အကျိုး အတွက် အများ ကြီး လုပ်ပေး နိုင်မယ် လို့ယူဆတယ်။ သူ့ကို လည်း နိုင်ငံတော်က တချို့ နေရာ တွေမှာ တာဝန် ပေးကောင်းပေးမှာပေါ့။ သူက လည်း အများကြီး လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ပဲလေ။ အခြေအနေ တွေကတော့ very positive ပါပဲ။ နောက်ကြောင်းပြန် မလှည့်ဖို့ပဲလို ပါတယ်။


ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ) ။ ။ “အားလုံးက လွှတ်သင့် လွှတ်ထိုက် သူတွေချည်းပါပဲ။ လွှတ်သင့် လွှတ်ထိုက် တဲ့ပုဂ္ဂိုလ်တွေကို လွှတ်ပေး လိုက်ခြင်းဟာ တိုင်းပြည် အတွက် အင်မတန် အကျိုးရှိပါ တယ်။ ဒီမိုကရေစီ နိုင်ငံတော် တစ်ခုတည် ဆောက်မယ် ဆိုရင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် အကျိုးရှိတဲ့မူဝါဒတွေ ချမှတ်ဖို့ လိုပါတယ်။

အခုလို အကျဉ်းသားတွေကို လွတ် ငြိမ်းချမ်းသာ ခွင့်ပြုပြီးနောက် နိုင်ငံတော် အစိုးရဘက်က စီးပွားရေး တည်ငြိမ်မှုရ စေဖို့နဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေဖို့ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာ အရေးကြီး ပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရ သူတွေဟာလည်း အနာဂတ်မြန်မာနိုင်ငံ အတွက် ဆောင်ရွက်ရာမှာ မူနဲ့မူယှဉ်ပြိုင် မှုဆိုတဲ့ လမ်းကြောင်း ထက်ကို ရောက်လာ မယ်ဆိုရင် အားလုံး အတွက်ကောင်း တယ်။ ရောက်လည်း ရောက်လာစေချင် တယ်။ တရားမျှတတဲ့ ယှဉ်ပြိုင်မှု၊ တရား သဖြင့် ယှဉ်ပြိုင်တဲ့ပြိုင်ဆိုင်မှု တွေရှိစေချင် တယ်။ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် လွတ်မြောက်လာလို့ နိုင်ငံရေး အခင်းအကျင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ထိန်းသိမ်းမှုမှာ သက်ရောက်မှုရှိနိုင်သလား ဆိုတာကိုတော့ တိုက်ရိုက်ကြီးပြောဖို့ မလွယ်သေးဘူး။ လက်ရှိအချိန်အထိ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ceasefire ကိစ္စကိုဆွေးနွေးရာမှာ နိုင်ငံတော်အစိုးရ က ကြားခံ ဆက်သွယ်တာမရှိဘူး လို့ထင် တယ်။ ဒါ့ကြောင့် တိုင်းရင်းသားတွေနဲ့ peace building လုပ်ဆောင်ရာမှာ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ကို ကြားခံ အဖြစ် အသုံးချ စရာမလိုဘူးလို့ယူဆပါ တယ်။ အဓိက ကျတဲ့အချက် နှစ်ချက်ရှိ တယ်။ ပထမ အချက်က တရားမျှ တသော ယှဉ်ပြိုင်မှု၊ ဒုတိယ အချက်က တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပေါ်မှာမူ တည်တယ်။ ရေရှည် တည်တံ့ဖို့ အရေးကြီး တယ်။ ဆွေးနွေးပွဲ တွေလုပ်လိုက်၊ ဖျက် လိုက် ထက်စာရင် နိုင်ငံ တစ်ဝန်းလုံးတည် ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု ကိုရှေးရှု လုပ်ဆောင်ဖို့လိုတယ်။ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့် အပါအ၀င် အကျဉ်းသား တွေကို အခုလိုမျိုးလွှတ်လိုက်တဲ့အတွက် နိုင်ငံတ ကာမှာရော၊ ပြည်တွင်းမှာ ပါဝမ်းမြောက် ၀မ်းသာ ဖြစ်နေကြတယ်။ တိုင်းပြည်ရဲ့စီး ပွားရေး အနာဂတ် ပိုမိုကောင်းမွန်လာ မယ်လို့မြင်တယ်။ အနာဂတ် တိုင်းပြည်စီး ပွားရေးဟာ ပိုမိုကောင်းမွန် လာမယ်လို့ယူဆ တဲ့အတွက် investment တွေ ပိုမိုဝင်ရောက် လာမယ်လို့ ယူဆပါတယ်။ အဲဒီ အခါမှာ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် မပျက် စီးဘဲ ဘယ်လို မူဝါဒတွေချမှတ်မလဲ၊ နိုင်ငံ သားတွေရဲ့ ၀င်ငွေ ကွာဟမှုပြဿနာတွေ ကို ဘယ်လို ဖြေရှင်းပေးမလဲ၊ ကဏ္ဍ အလိုက် (ဥပမာ-လယ်ယာ၊ စက်မှု၊ ကုန်သွယ်ရေး)တွေ မှာမျှတစွာ လွှမ်းခြုံ လာအောင်လုပ်ဆောင် ဖို့လို အပ်တယ်။ ဒါဟာကြိုဆိုရမယ့် ကိစ္စ တစ်ခုဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ ကြိုဆိုတယ် လို့ပြောချင်ပါတယ်”


ဦးတိုးကျော်လှိုင် (၈၈ ကျောင်းသားခေါင်းဆောင်) ။ ။ “အရမ်းဝမ်းသာပါတယ်။ ကိုမင်းကို နိုင်က သရက်ထောင်က လွတ်လွတ်ချင်း နိုင်ငံရေးကို ဆက်လုပ် သွားမယ်လို့ပြောခဲ့ တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ နိုင်ငံရေး လုပ်ဖို့ မသေချာသေးဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လို ပုဂ္ဂိုလ် တွေကလည်း တော်တော်ကြီးမားတဲ့ အင်အားစု တစ်ခုပါ။ သူတို့မှာ ပြည်သူလူ ထုရဲ့ ထောက်ခံမှုတွေရှိခဲ့တယ်။ သူတို့ထဲက ထိပ်ပိုင်းခေါင်းဆောင်အချို့ လွတ်မြောက် လာတာမျိုး တွေရှိတယ်။ ဒါပေမဲ့ မလွတ် မြောက်သေးဘဲ ကျန်နေသူတွေ လည်းရှိ တယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကိုယ်တိုင် က မလွတ်မြောက် သေးတဲ့ တ ပည့်တွေ အတွက် တစ်ကိုယ် ကောင်းဆန် သလို ခံစားရ ကြောင်းပြောခဲ့တယ်။ သူတို့ က လည်း နိုင်ငံရေးပါတီ တစ်ရပ်ပုံစံနဲ့စဉ်း စားနိုင် တယ်။ သူတို့ အုပ်စုက ပြန်လည် တည်ထောင်ဖို့ နည်း နည်းကျန်နေဦးမ လားစဉ်းစားရဦးမယ်။သူတို့က အုပ်ချုပ်မှု ပိုင်းဆိုင်ရာ အတွေ့ အကြုံပိုင်းကောင်းတွေ အများကြီးရှိတယ်။

၈၈ မျိုးဆက် အကုန်လုံး ကိုယ်စား ပြုပြီး နိုင်ငံရေးပါတီ တစ်ရပ်ဖြစ် လာဖို့ ကတော့ တော်တော် ခက်ခဲမယ်။ ၈၈ မျိုး ဆက်တွေ အနေနဲ့နိုင်ငံရေးကို ဆက်လုပ် သွားမယ်။ ရွေးကောက်ပွဲနိုင်ငံရေးကို သွားချင်တဲ့ လူလည်းရှိမယ်။ ပါတီနိုင်ငံ ရေးကိုပဲဖြစ်ဖြစ်၊ အမျိုးသားနိုင်ငံရေး အတွက် သီးခြားဆောင်ရွက်မှုကိုလုပ် ဆောင်တာ ပဲဖြစ်ဖြစ် နားလည် မှုရှိဖို့က အဓိကအရေးကြီးဆုံးပဲ။ ၈၈ မျိုးဆက် တွေ အနေနဲ့ပြောရရင် အခု အချိန်မှာ ကိုမင်းကို နိုင်ရဲ့သဘောထား ကို မသိရသေးဘူး။ သူက အန်တီစုနဲ့ လက်တွဲ လုပ်ကိုင်မယ့်သဘော ထားရှိမယ် ထင်တယ်။ ရွေးကောက်ပွဲ နိုင်ငံ ရေးလုပ်မလားဆိုတာကတော့ တစ်ဦးချင်း ဆုံးဖြတ်ချက် နဲ့ပဲ သက်ဆိုင် ပါလိမ့်မယ်”


ပဒို စောဒေးဗစ်တော (ကရင်အမျိုးသားအစည်းအရုံး) ။ ။ ကျွန်တော့်အနေနဲ့ ပြောရမယ် ဆိုရင် နိုင်ငံရေး အကျဉ်းသား (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ) လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ နဲ့ ပြည်တွင်း ကတောင်းဆိုနေတဲ့ အချိန်မှာ နိုင်ငံတော်အစိုးရ အနေနဲ့ လွတ်ပေးတဲ့ အပေါ်မှာ ကြိုဆိုပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ (ယုံကြည် ချက်ကြောင့် အကျဉ်းကျ ခံရသူ)အနေ နဲ့ နိုင်ငံအကျိုးကို ထမ်းဆောင်မယ် လို့လည်း မြင်ပါတယ်။

ဦးကျော်အေး ( တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ ) ။ ။ ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသူတွေ လွတ်လာတော့ ဝမ်းသာတာပေါ့။ ကျန်နေသေးတဲ့ လူတွေလည်း လွတ်စေချင်ပါတယ်။ အခုပါလာတဲ့ လူတွေက အတွေ့အကြုံ ရှိပြီးသားဆိုတော့ သူ့ နယ်ပယ် ကနေသူ ဝိုင်းတွန်းမှာပါ။ သူတို့လွတ်လာတော့ နောင်လာမယ့် နိုင်ငံရေး အခြေအနေရော၊ နိုင်ငံတော် အတွက် ပါ နိုင် ငံရေး အမြင် တွေ၊ အသိတွေ၊ ခံယူချက်တွေ အကုန်ကောင်းလာနိုင်ပါတယ်။ သူတို့ တွေထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သူတွေ ပါလာနိုင်ပါတယ်။ အခု လွတ်လာတဲ့အထဲက မင်း ကိုနိုင်တို့၊ ကိုကိုကြီးတို့ လှုပ်ရှားခဲ့ တာတွေကို မလေ့လာခဲ့မိတော့ မသုံးသပ်ချင်ဘူး။ နိုင်ငံတော် ဝန်ကြီး ချုပ်ဟောင်း ဦးခင်ညွန့် အပေါ်လည်း ဘာမှ မမြင်တတ်သေးဘူး။ သူတာဝန်ရှိ ချိန်တုန်းကတော့ နေ့မအိပ်၊ ညမအိပ် ခရီးတွေ ထွက်တယ်။ နိုင်ငံတကာ ထိတွေ့ဆက်ဆံတယ်။ နိုင်ငံတွင်းမှာလည်း သူလိုက်ပြီး လုပ်ခဲ့ တာတွေ ရှိပါတယ်။ သူ့ခေတ်တုန်း ကလည်း ပြည်တွင်း ငြိမ်းချမ်းရေး အများကြီး ဖော်ဆောင်ခဲ့တာပါပဲ။ သူ တာဝန်ကျေခဲ့တယ်လို့ မြင်ပါတယ်။


ဦးခင်မောင်ဝင်း (တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၊ ပြည်သူ့လွှတ်တော်) ။ ။ ကျွန်တော့်လိုပဲ ပြည်သူတွေ လည်းဝမ်းသာကြမှာပါ။ နိုင်ငံတော် သမ္မတကြီးနဲ့ အစိုးရသစ်ကို ယုံ ကြည်မှု ပိုလာနိုင်ပါတယ်။ သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းက လည်း ဆက်လက်အောင်မြင်စွာ လျှောက်နိုင်လို့ ယုံကြည်သူများ လာနိုင်ပါတယ်။ အခုလွှတ်တာက အပြီးလွှတ်တယ်လို့ မကြားရသေးတဲ့ အတွက် ကျန်နေတဲ့ လူတွေကို ဆက်ပြီး မျှော်လင့်လို့ ရပါသေးတယ်။ အထိမ်းအမှတ် ရက်တွေ အတွက် လွှတ်ပေးတာမျိုး မဟုတ်ဘဲနဲ့ တိုင်းပြည်အတွက် ပြန်လည်တည် ဆောက်တဲ့ အခါ လူသားချင်း စာနာ ထောက်ထားတဲ့ အနေနဲ့ လွှတ်ပေး တာမျိုးဖြစ်လို့ ဒီလို လွှတ်ပေးတာဟာ မပြီးဆုံးသေးဘူးလို့ ထင်ပါတယ်။ အခုလွတ်လာတဲ့ အထဲမှာပါတဲ့ သူတွေကို သုံးသပ် ရမယ်ဆိုရင် ကိုမင်းကိုနိုင်ပေါ့။ သူ့အနေနဲ့ အနစ်နာခံ ခဲ့တာတွေ အတိုင်းပဲ လူထုရဲ့ တုံ့ပြန်တဲ့ ကရုဏာ စေတနာထားမှု ကလည်း ငြင်းမရတဲ့ အတွက် ကို မင်းကိုနိုင် တို့ကတော့ တိုင်းပြည် အတွက် ဆက်ပြီးတော့ ကျရာနေရာ မှာ ဆောင်ရွက်မယ် လို့ထင်ပါတယ်။ ဦးခင်ညွန့် အနေနဲ့ကလည်း တကယ်လုပ်လာ ခဲ့တာတွေ ရှိတယ်။ သူကိုယ်တိုင် လည်း တိုင်းပြည်အကျိုး ရှိမယ့် နေရာမှာ ပေါ်ပေါက်လာမယ် လို့ ယုံကြည်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်တွေ ဆက်ရှိနိုင်ဦးမယ်လို့လည်း ယုံကြည်ပါတယ် ။


ဒေါ်ခင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ။ ။ နိုင်ငံရေးသမားတွေကို အကျဉ်းချ တာလည်း နိုင်ငံရေးအရပဲ။ အခု လွှတ်ပေးတာကလည်းပြည်သူရော၊ အစိုးရအတွက်ပါ သူတို့ ပါမှဖြစ်မှာမို့ပါ။ သူတို့ဟာ ၁၉၈၈ ခုနှစ်လောက် ကတည်းက ဒီမိုကရေစီကို ဖော်ဆောင်လာသူတွေ ဖြစ်လို့ သူတို့ကို နောက်တန်းမှာထားလို့ မဖြစ်ပါဘူး။ ရှေ့တန်းကို ပို့မှရမှာပါ။ သူတို့နဲ့ ပူးပေါင်း ပြီး နိုင်ငံရေး ပါတီတွေ နဲ့ လက်တွဲပြီး လမ်းကြောင်းပေါ် လျှောက်မှ ကမ္ဘာက မြန်မာကို သိမှာ၊ အသိအမှတ်ပြုမှာပါ။ အန်တီတို့ နိုင်ငံရေးကြောင့် ထောင်ကျ ခဲ့စဉ် က နှစ်ကြီးသမား တွေရှိတယ်။ ၆၅ နှစ်ထောင်ကျ သူတွေပေါ့။ သူတို့တွေထဲမှာ လွတ်ဖို့ ကျန်နေသူတွေရှိတယ်။ သူတို့ကိုလည်း လွတ်စေချင်တယ်။ သမ္မတကြီး အနေ နဲ့လည်း တကယ်လုပ်တဲ့ လူတွေထောင်ထဲမှာ ရှိနေသေးတဲ့ အတွက် သူတို့ကိုလည်း လွှတ်ပေး စေချင်တယ်။ အခုလွတ်လာတဲ့ လူထဲကနေ သုံးသပ်ရမယ် ဆိုရင် ကိုမင်းကိုနိုင် ပေါ့။ သူတို့က စပြီးလုပ်ခဲ့တယ်လို့ သိထားရတယ်။ ပုဂ္ဂိုလ်ရေး အရပြော ရရင် အန်တီ ကိုမင်းကိုနိုင်ကို လေးစားပါတယ်။ အကြွင်းမဲ့လည်း ယုံကြည်ပါတယ်။ သူက အင်မတန် မှ လောဘ၊ ဒေါသ၊ မောဟ နည်းပြီး ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူအများအတွက် တကယ်အလုပ်လုပ် နိုင်တဲ့ လူတစ်ယောက်ဖြစ်လို့ အန်တီ အရမ်းလေးစားပါတယ်။

လူထုစိန်ဝင်း ။ ။‘အခုလို ကိုကိုကြီးတို့လို၊ မင်းကိုနိုင်တို့လို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တဲ့အတွက် အင်မတန်ကိုပဲ ၀မ်းသာပါတယ်။ ဒီဝမ်းသာမှုမျိုးက ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှကို ကြုံဖူးလိမ့်မယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ထောင်တွေရှေ့မှာ လူတွေ ထောင်နဲ့ချီပြီး ပျော်ရွှင်မြူးတူးနေကြတဲ့ အတွေ့အကြုံမျိုးက ကမ္ဘာပေါ်က ဘယ်နိုင်ငံမှ ရှိဖူးမှာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံပဲ ရှိလိမ့်မယ်။ ဘယ်လိုမှကို ပြောမပြတတ်တဲ့ ၀မ်းသာမှုမျိုးတွေ ၀မ်းသာတယ်။ နောက်ထပ် ၀မ်းသာစရာတစ်ခု လိုပါသေးတယ်။ တောင်ပေါ်ဒေသတွေက တိုက်ပွဲသံတွေ လုံးဝရပ်စဲပြီးတော့ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းတဲ့ အဖြစ်ကို အမြန်ဆုံးရမယ် ဆိုရင်တော့ အခုထက် အဆပေါင်းများစွာ ပိုပြီးဝမ်းသာမိမှာပါပဲ။ အဲဒါလေးကိုလည်း ဆရာ မသေခင်မှာ မြင်တွေ့သွားချင်ပါတယ်’


အမေရိကန်သမ္မတ ဘာရက်အိုဘားမား ။ ။ ‘ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ ရာနဲ့ချီလွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ ရှေ့ဆက်မယ့် ခြေလှမ်းတစ်ရပ်ပါပဲ’

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် မာတင်နက်ဆာကီး ။ ။ ‘မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထောက်ပံ့ပေးနိုင်တဲ့ မြန်မာပြည်သူတွေအတွက် ပိုကောင်းစေနိုင်တဲ့ အခြေအနေ တွေ တည်ဆောက်ရာမှာ ကူညီပေးကြဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့မှာ ကာလရှည်စောင့် မျှော်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကိုလည်း ကြိုဆိုလိုက်ပါတယ်’

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန် ။ ။ ‘မြန်မာအစိုးရဟာ သူတို့ရွေးချယ်ထားတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်ဆိုတဲ့ နောက်ထပ် အတည်ပြုချက်တစ်ရပ်၊ ရဲရင့်တဲ့ ခြေလှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးသစ် တစ်ရပ်ဆီကိုရောက်အောင် ဆောင်ကြဉ်းပေးလိုက်တာပါပဲ’

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်။ ။ ‘၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအ၀င် မြန်မာနိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားအမြောက်အမြားကို လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းစကားကို ကြားရတာ အထူးပဲ ၀မ်းမြောက်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆိုတာဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကာလရှည်တောင်းဆိုနေတဲ့ ကိစ္စဖြစ်တာကြောင့် အခုလိုလွှတ်ပေးတာဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ကတိက၀တ်ကို နောက်ထပ်ဖော်ပြလိုက်တာလို့ မှတ်ယူပြီး ၀မ်းမြောက်မိပါတယ်’

.

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အုပ်စု လာမည်


ဂျက်ဖရီဂေါ့ဒတ်
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

အမေရိကန်နိုင်ငံမှအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Business Executives for National Security (BENS) ၏စီစဉ်မှုဖြင့် ထင်ရှားသည့် အမေ ရိကန်စီးပွားရေးလုပ်ငန်းရှင် အုပ်စုတစ်စုသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်မည် ဖြစ်သည်။

အဆိုပါအဖွဲ့ကို တည်ထောင်သူ ဥက္ကဋ္ဌ Mr Stanley Weiss သည် အမေရိကန်ထိပ်တန်း ကော်ပိုရေးရှင်းကြီးများ၏ လက်ရှိနှင့်ယခင် ခေါင်းဆောင် ၁၄ ဦးပါဝင်သည့်အဖွဲ့ကို ခေါင်းဆောင် လာမည်ဖြစ်ကာ ယခုလ ၃၁ ရက်နေ့တွင် ၎င်းတို့၏ခရီးစဉ်ကို စတင်မည်ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ညတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာအတူ သုံးဆောင်ရင်း ဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

Mr Weiss သည် သတ္တုတူးဖော်ထုတ် လုပ်ရေးနှင့် ဓာတုလုပ်ငန်းများ လုပ်ကိုင်သည့် American Premier ၏ ဥက္ကဋ္ဌဟောင်းဖြစ်ကာ BENS ကို ၁၉၈၂ ခုနှစ် တွင် တည်ထောင်ခဲ့သည်။

အဖွဲ့၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ အဖွဲ့သည် ပါတီစွဲမထားဘဲ အမေရိကန် နိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား အတွက် မှန်ကန်သည့်စီးပွားရေးကျင့်စဉ် များကိုဖြန့်ဝေရန် ကုမ္ပဏီအမှုဆောင်များဖြင့် ဖွဲ့စည်းထားသည်။

Mr Weiss သည် ပြည်သူ့ရေးရာ ပေါ်လစီနဲ့ ပတ်သက်သည့်အကြောင်း အရာများကို နိုင်ငံတကာစာစောင်များ ဖြစ်သည့် International Herald Tribune ၊ The New York Times ၊ The Wall Street Journals နှင့် The Washington Post တို့တွင် ကျယ်ကျယ် ပြန့်ပြန့် ရေးသားနေသူလည်း ဖြစ်သည်။

၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက International Herald Tribune တွင် ၎င်းရေးသားခဲ့သည့်ဆောင်းပါး တစ်စောင်တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့ထားမှုကို ဝေဖန်ခဲ့သည်။


Myanmar Times

အော်ကြမယ် ဖော်ကြမယ် - ၈ (သန်းဝင်းမှ မိုးသီးနှင့်နိုင်အောင်သို့)


by Htay Tint on Sunday, 15 January 2012 at 00:45

ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်များဟုပြောဆိုနေခြင်းအား ပြင်းထန်စွာကန့်ကွက်ခြင်း

မိုးသီးဇွန်နှင့်နိုင်အောင် ခင်ဥမ္မာ့မွေးနေ့မှာတွေ့ဆုံခဲ့ခြင်းအား ၈၈ခေါင်းဆောင်များညီညွတ်နေသရောင်ရောင် မိုးသီးဇွန်၏ရေးသားချက်နှင့်

ပတ်သက်ပြီးမကျေလည်လို့ခုလိုစာရေးလိုက်တယ်။ ညီညွတ်သရောင်ရောင်ပြောဆိုနေမှုကိုကျနော့အနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်လိုပါသည်။

ထင်ရင်ထင်သလို ၈၈၈၈ နာမည် ကို အလွဲသုံးစားသုံးစွဲခြင်းကိုလည်းရှုတ်ချသည်။ ဒီပုဂ္ဂိုလ်တွေ ဒီလိုသုံးစွဲပိုင်ခွင့်မရှိဟုလည်းယူဆသည်။

တကယ်တော့ မိုးသီးနှင့်နိုင်အောင်အုပ်စုဟာ သမိုင်းတလျောက် ၈၈၈၈ ခေါင်းဆောင်များလုပ်ရမည့်အလုပ်ကို တစုံတရာမှမလုပ်ခဲ့သည့်အပြင်

သူတို့ကြောင့် ရှစ်လေးလုံးသမိုင်းလည်း အထင်သေးခံရခြင်း၊ ညှိုးနွမ်းသွားရခြင်း၊ လူများလက်ညှိုးထိုးပြီးအပြစ်ပြောခံရခြင်းကသာ ပိုများပါတယ်။

သမိုင်းတချို့ကို ကျနော်ထုတ်ပြပါမည်။

မိုးသီးဇွန်

မိုးသီးဇွန်ဟာ တိုင်းပြည်အတွက်ရော၊ ၈၈၈၈ အရေးတော်ပုံကြီးအတွက်ပါ တခုမှကောင်းတာမလုပ်ခဲ့ပါ။ သမိုင်းတချို့သက်သေပြပါမည်။

- မိုးသီး ဒမဖ ဥက္ကဋ္ဌ လုပ်တဲ့အချိန်ကာလ တိုင်းပြည်အတွက်အလွန်အရေးကြီးသည့်အချိန်မှာ ဒီမိုကရေစီခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်ခဲ့တယ်။

- မိုးသီး လူ့ဘောင်သစ်ပါတီ ကို ဖွဲ့သူထဲမှာ တဦးပါဝင်တယ်။ သူ့လူတွေ ဦးဆောင်မှုနေရာမှာ သိတ်မရတော့ ပါတီနှစ်ခြမ်းခွဲခဲ့တယ်။

- ပြည်တွင်းမှာနေလို့မရလို့နယ်စပ်ကိုရောက်လာတယ်။

- အဲ့ဒီတုန်းက ကျနော်ဟာ ကျောင်းသားတပ်မတော် ( ABSDF) အထွေထွေအတငွ်းရေးမှူးနှင့် DAB တွဲဘက်အထွေထွေအတွင်းရေးမှူးဘဝမှာ၊

- မိုးသီး တပ်ရင်း (၁၀၁) ကိုရောက်လာတယ်။ မကြာဘူး။တပ်ရင်း (၁၀၁) နှစ်ခြမ်းကွဲသွားတယ်။ မိုးသီးအခြမ်း က ဘုန်းကြီးကျောင်းမှာ နေပြီး

နောက်တခြမ်း က တပ်ရင်းမှာနေတယ်။ အဲ့ဒီမှတဆင့် “သေဘောဘိုး” စခန်း ကို ရောက်တယ်။ အဲ့ဒီအချိန်က “သေဘောဘိုး” စခန်း ဟာ

ဗဟို ကို ဆန့်ကျင်နေတဲ့ စခန်းဖြစ်တယ်။ အဲ့ဒီကို “မိုးသီး”သွားပြီး ဗဟိုကိုဆန့်ကျင်အောင်မြှောက်ပင့်ပြောဆိုပြန်တယ်။ သူတို့ရဲ့

ထောက်ခံမှုယူပြီး ABSDF ဗဟို ကို တက်လှမ်းဖို့ကြိုးစားခဲ့တယ်။ အဖ့အွဲ စည်းအကျိုး ကို မကြည့်ပဲ ကိုယ်ကျိုးအတွက်အသုံးချခဲ့တယ်။

- မိုးသီးဇွန် ABSDF ဗဟိုကိုရောက်တော့ ABSDF နှစ်ခြမ်းကွဲသွားတယ်။

( အသေးစိတ်အချက်အလက်အများကြီးရှိသေးတယ်။ နောက်မှရှင်းမယ်။)

- အထက်ပါ အချက် ကို ကြည့်ခြင်းအားဖြင့်“မိုးသီး”ကောင်းတာလုပ်ခဲ့တယ်ဆိုတာဘယ်မှာလဲ။ ဘယ်ဟာလဲ။ ဘယ်အချိန်လဲ။

ကျနော်တွေ့ခဲ့သလောက် “မိုးသီး” မကောင်းတာလုပ်ခဲ့တာချည်းပဲ။

- ABSDF တခြမ်းကွဲ ဥက္ကဋ္ဌ ဘဝမှာတောင် ရှိသမျှအာဏာလေးနဲ့ “ဋ္ဌေးနိုင်” ကို သတ်တယ်။ ကျောင်းသားချင်းသွေးစွန်းခဲ့တယ်။

- မိုးသီး ကောင်းတာလုပ်တာဘယ်မှာလဲ။ ဒီလုပ်ရပ်တွေဟာ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်လုပ်ရပ်လား။

ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ဆိုတာ

(၁) ကျောင်းသားချင်းဘယ်တော့မှသွေးမစွန်းဘူး

(၂) အဖွဲ့အစည်းကိုဘယ်တော့မှမခွဲဘူး။

(၃) ကိုယ်ကျိုးကိုဘယ်တော့မှမကြည့်ဘူး။

တိုင်းပြည်အတွက်ပြည်သူ့အတွက်ပဲဘာအာဏာမှမမက်ပဲ မြေဇာပင်လို ဘဝကိုအရင်းအနှီးပြုတယ်။

ရဲရင့်တယ်။ သတ္တိရှိတယ်။ ပွင့်လင်းတယ်။ ရိုးသားတယ်။

အဲ့ဒါမှ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်လို့ခေါ်တယ်။ ဘယ်မှာလဲ မိုးသီးဇွန် ရဲ့ လုပ်ရပ်။ ဘယ်အချက်နဲ့ ကိုက်ညီသလဲ။

အားလုံးဆန့်ကျင်ဘက်လုပ်ခဲ့တာချည်းပဲ။ ဒီတော့ ရှစ်လေးလုံးခေါင်းဆောင် အဂ င်္ါ နဲ့ မညီတဲ့အတွက် မိုးသီးဟာရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်

မဟုတ်ပါ။ ဘယ်တော့မှလည်းမဖြစ်ခဲ့ပါ။ နောင်လည်းဘယ်တော့မှဖြစ်မှာမဟုတ်ပါ။

နောက်နောင်မှာ မိုးသီး ဟာ ရှစ်လေးလုံးခေါင်းဆောင်ပါ လို့

လိုသလိုထင်သလို သုံးစွဲမယ်ဆိုရင် ကျနော်အပြင်းအထန်ကန့်ကွက်အုံးမှာပါပဲဖြစ်ပါတယ်။

နိုင်အောင်

နိုင်အောင်ဟာ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်မဟုတ်ပါ။ နယ်မြို့ကဆရာဝန်တယောက်ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်အောင်လှုပ်ရှားခဲ့သူထဲမှာ ပါဝင်ခဲ့သူလည်းမဟုတ်ပါ။ ရှစ်ဆယ့်ရှစ်ဖြစ်ပြီးမှ နယ်မှာပါဝင်ခဲ့ပြီး

နယ်စပ်ကိုရောက်လာခဲ့သူဖြစ်ပါတယ်။ ကျောင်းသားတွေသမိုင်းတလျောက်ရပ်တည်ခ့တဲ့ဲ ခွပ်ဒေါင်းစိတ်ဓါတ် ကို

အစစ်အမှန်သိသူမဟုတ်ပါ။ ကျနော့သက်တမ်းပြီး ဒုတိယသက်တမ်းမှ ABSDF အာဏာ ကို နိုင်အောင်တို့အုပ်စုရခဲ့ပါတယ်။

ကျောင်းသားစိတ်ဓါတ်ကိုမသိ၊ ခွပ်ဒေါင်းစိတ်ဓါတ်ကိုမသိသူဆိုတော့ အာဏာရတဲ့အချိန်မှာ အတွေးအခေါ်အယူအဆတွေဟာ အမှားကြီးမှားခဲ့

ပါတော့တယ်။ နိုင်အောင် အုပ်စုဟာ ကိုယ်တိုက်တဲ့ရန်သူအပေါ်မှာ ဘယ်တော့မှပြတ်ပြတ်သားသားမရှိခဲ့ပါဘူး။

အမြဲတမ်းစေ့စပ်ဆွေးနွေးရေးကိုပဲ ဦးတည်လှုပ်ရှားခဲ့တာတွေ့ရတယ်။ ကျောင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟာ ဒီစိတ်မျိုး၊

အတွေးအခေါ် ထားလို့မရဘူးဆိုတာလူတိုင်းသိပါတယ်။ ဒါပေမဲ့လို့ ကိုယ့်ကျောင်းသားအချင်းချင်းအပေါ်မှာတော့ မှားယွင်းစွာပြတ်သားခဲ့တယ်။

သူ့အုပ်စုအာဏာရချိန်မှာ တပ်ရင်း (၂၀၆) မှ တပ်သား (၆၀) ကျော်ကို ABSDF မှ ပြတ်ပြတ်သားသားထုတ်ပယ်ခဲ့ပါတယ်။

ABSDF နှစ်ခြမ်းကွဲဘဝက ကချင်နယ်မြေရှိကျောင်းသားတပ်ရင်းအတွင်း မန္တလေး၊ရန်ကုန်ကျောင်းသားနှင့်နယ်ခံတပ်ရင် ပဋိပက္ခဖြစ်တာကို

နယ်ခံတပ်ရင်းရဲဘော်များမှ မန္တလေးကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်အပါအဝင်၊ ကျောင်းသား (၇၀) ကျော် ကို စစ်အစိုးရသူလျှိုလို့

စွပ်စွဲပြီး ရက်ရက်စက်စက်သတ်ဖြတ်မှုမှာ ခေါင်းဆောင်တာဝန်ခံခဲ့တယ်။ ကျောင်းသားသမိုင်းမှာဖျက်လို့မရတဲ့သွေးစွန်းမှုကြီးဖြစ်ပါတယ်။

လက်နက်ကိုင်ပြီးတော်လှန်တိုက်ပွဲဝင်နေတဲ့ ABSDF အဖွဲ့ကို အုပ်စုဂိုဏ်းဂဏဖွဲ့၊ ကလိမ်ကညစ်ဥာဏ်တွေသုံးပြီး လက်နက်ကိုင်လမ်းစဉ်ကို

မယုံကြည်ပဲနှင့် ကိုယ်ကျိုးအတွက် အသုံးချဖို့ အာဏာတက်ယူခဲ့ပြီး၊ အခုကျမှလက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်တော့ပါဘူးဆိုပြီး၊ NGOs

ဖွဲ့ပြီးလုပ်စားတယ်။ ရတဲ့ငွေနှင့် ABSDF မှ ကျန်ခဲ့တဲ့ရဲဘော်များကိုတွေဝေအောင်လုပ်၊ လက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်အောင်လုပ်ပြီး

ABSDF ကိုဖျက်ဆီးလိုက်တယ်။ အခု ABSDF ဟာလက်နက်ကိုင်လမ်းစဉ်ကိုမယုံကြည်တဲ့ လက်နက်ကိုင်ကျောင်းသားအဖွဲ့ဖြစ်သွားပါပြီ။

ဒါဟာ နိုင်အောင်တို့အုပ်စုမှာတာဝန်ရှိပါတယ်။ နိဂုံးချုပ်ရလျင်၊

(၁) နိုင်အောင်နှင့်မိးုသီး ဟာ ကျောင်းသားချင်းသွေးစွန်းတာလဲအတူတူပ။ဲ

ရောက်တဲ့နေရာတိုင်းမှာအုပ်စု ဂိုဏ်းဂဏဖွဲ့ပြီး အဖွဲ့အစည်းကို နှစ်ခြမ်းခွဲတာလည်းအတူတူပဲ

( ABSDF ကိုမိမိပုဂ္ဂိုလ်ရေးအတွက်အုပ်စုဖွဲ့၊ နှစ်ခြမ်းခွဲပြီး တယောက်တခြမ်းစီဥက္ကဋ္ဌလုပ်ပြီး အေဘီကိုဖျက်စီးခဲ့တာလည်းသူတို့ပဲ)

(၂) အတွေးအခေါ်အရခိုင်မာပြတ်သားမှုမရှိပဲ အမြဲအရောင်ပြောင်းနေတဲ့ပုတ်သင်ညိုလို ခြံစည်းရိုးခွထိုင်ကြတာလည်းအတူတူပဲ။

ဒါကြောင့်သူတို့နှစ်ဦးဟာရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များမဟုတ်သလို၊ ရှစ်လေးလုံးအရေးတော်ပုံခေါင်းဆောင်လည်းမဟုတ်ပါ။

သူတို့အုပ်စုနှစ်စုဟာတိုင်းပြည်ကိုဘာအကျိုးမှမပြုခဲ့ပါ။သူတို့လုပ်ရပ်ဟာ စစ်အစိုးရကိုသာပိုပြီး အထောက်အကူပြုခဲ့တာများပါတယ်။

(၃) မိုးသီးလိုဘယ်စင်ပေါ်တက်ရတက်ရ၊ ရတဲ့စင်ကိုတက်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးနိုင်ငံရေးအာဏာရူးနေတဲ့သူနှင့်၊နိုင်အောင်လို နိုင်ငံရေးကုမ္မဏီထောင်ပြီး

စီးပွားလုပ်စားနေတဲ့ပုဂ္ဂိုလ်မျိုး တို့ဟာ နောက်နောင် ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်လို့မသုံးကြဖို့ပြင်းထန်စွာသတိပေးလိုက်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံဂုဏ်သိက္ခာ ကို အစဉ်ဦးထိပ်ထားလျှက်

သန်းဝင်း ( ၇၂၇-၆၅၆-၈၉၂၂)

(-----------)

(လက်မှတ်ထိုးထားသည်)

ဥက္ကဋ္ဌ

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ( မန္တလေးဆောင်)

အထွေအထွေအတွင်းရေးမှူး ( ABSDF -1988-89)

တွဲဘက်အထွေအထွေအတွင်းရေးမှူး ( DAB- 1988-90)

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ