Subscribe to our RSS Feed

အကျဉ်းသား (၆၅၁) ဦးအား အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခဲ့ခြင်းကို အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကြိုဆို



မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကျဉ်းကျနေသူ (၆၃၅၉) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများကို ၄င်းတို့ကျခံနေသော ပြစ်ဒဏ်အသီးသီးမှ လျှော့ပေါ့ကျခံစေခဲ့ပါသည်။ ယခုတစ်ဖန် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်န့တွင် အကျဉ်းသား (၆၅၁) ဦးအား အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခဲ့ခြင်းကို ကော်မရှင်က ကြိုဆိုပါသည်။ နိုင်ငံတော်သမ္မတ၏ မေတ္တာစေတနာကို လေးစားဂုဏ်ယူမိပါသည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွှတ်ပေးခဲ့သည့် အကျဉ်းသား (၆၅၁) ဦးအနက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံအချို့တို့က လွှတ်ပေးရန် မျှော်လင့်တောင့်တသော အကျဉ်းသားများ ပါရှိကြောင်း သိရှိရသဖြင့် ကျေနပ်မိပါသည်။ ၄င်းတို့ကို လွှတ်ပေးခဲ့ခြင်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် နိုင်ငံအချို့တို့၏ မျှော်လင့်တောင့်တမှုလည်း ပြည့်မြောက်စေသည်ဟု ကော်မရှင်က ခံယူပါသည်။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးခြင်းခံရသူများအနေဖြင့် နိုင်ငံတော်သမ္မတ၏ မေတ္တာစေတနာကို အလေးထားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်ဝါရီလ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ထောင်ထဲမှာတုန်းက ၉၆ ပါးရောဂါ ဖြစ်နေတယ်လို့ အော်နေတဲ့ ယောင်္ကျားရင့်မာ ကြီးများ... ထောင်ကထွက်လာတော့လည်း ဂီလာန တစ်ယောက်မှ မပါ

ထောင်ကျနေတုန်းက ကျန်းမာရေးစောင့်လျှောက်မှု မရှိပါဘူး၊ မျက်စိလည်း ကန်းတော့မှာပါ၊ သွေးလည်းတိုးနေပါပြီ၊ ခြေထောက်လည်း ပျက်တော့မှာပါဆိုပြီး ထောင်ကျ သူရဲကောင်း ယောင်္ကျားရင့်မာ ကျောင်းသား ကြီးတွေရဲ့ ၉၆ ပါးရောဂါသတင်းတွေ တွေ့ခဲ့ရပေမယ့် ထောင်ကထွက်လာတော့ ဂီလာန တစ်ယောက်မှ ပါတာ မတွေ့ရတာ အလွန်းထူးဆန်းနေပါတယ်။

ခေါကြီးလည်း မျက်လုံးမကန်းသေးပါ

ထောင်ထဲမှာ ကောင်းကောင်းမကျွေးဘူး၊ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတယ်၊ တိုက်ပိတ်ခံရတယ် လို့ အော်ခဲ့ ကြပေမယ့် ထောက်ကထွက်လာတဲ့အထဲမှာ အဟာရချို့တဲ့ပြီး ပိန်ချုံးချိနေတဲ့လူ တစ်ယောက်မှ မတွေ့ရတာကလည်း ထူးဆန်းနေပြန်ပါတယ်။



သစ်ထူးလွင်က လိမ်တာလား၊ နိုင်ငံရေးအကျဉ်းသားတွေက လူလိမ်တွေလား


ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြခဲ့လေသလား

နိုင်ငံရေး အကျဉ်းသား တွေ ကျန်းမာရေး ချို့ယွင်းနေကြောင်း၊ ခန္ဓာကိုယ် ချည့်နဲ့ဝေဒနာများခံစားနေရပြီး ပြင်ပဆေးရုံများသို့ ဆေးကုသခွင့် လိုအပ်ကြောင်း၊ လေဖြန်း နေကြောင်း၊ ပိန်မည်းခြောက်နေ ကြောင်း သတင်းတွေ ထွက်နေပေမယ့် ထောင်ကထွက်ထွက်ချင်း ဆေးရုံပို့လိုက်ရသူ တစ်ယောက်မှ မတွေ့ရတာကလည်း အလွန်ထူးဆန်းပါတယ်။

နိုင်ငံရေး သမားတွေလောက် ရောဂါထူပြောတာ မရှိ

ဆေးရုံတော့ ပို့ရမယ့်အနေအထားပဲ (နှာခေါင်းရောဂါနဲ့)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း၊ အစာအိမ်နာ ရောဂါ၊ ဆီးကျိတ်ရောင် ရောဂါနဲ့ အာရုံကြော အားနည်းတဲ့ ရောဂါ စတဲ့ ရောဂါပေါင်း မျိုးစုံ ဖြစ်နေပြီး ထောင်ထဲက ပစ်ထားကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် ထောင်က ထွက်လာတဲ့ ဦးခွန်ထွန်းဦးကတော့ ဝ ဖီး နေတာကို ထူးဆန်းစွာ တွေ့ရပါတယ်။


ထောင်ကျတဲ့ အတိုက်အခံတွေလောက် ကျန်းမာရေး စိုးရိမ်ရတဲ့လူ ကမ္ဘာမှာ မရှိ

သနားစရာကောင်းတဲ့ အရောဂါသည် ဦးခွန်ထွန်းဦးပါ
(ထောင်ကထွက်လာတဲ့ ခန္ဓာကိုယ်က ဝဖီးလို့ပါလား)


ယောင်္ကျားရင့်မာကြီးတွေဖြစ်တဲ့ ဇာဂနာ နဲ့ ဒီငြိမ်းလင်းတို့ လိမ်ညာဟန်ဆောင် ပြီး ယောင်္ကျား မာယာသုံးကာ ထောင်ထဲမှာ အသည်းအသန် ဖြစ်လို့ပါဆိုပြီး ဆရာဝန်ကြီးတွေကို စစ်ဆေးခိုင်းတာတွေ လုပ်ခဲ့ ကြောင်း ဧရာဝတီ သတင်းဌာနကြီး က ဖော်ပြခဲ့ပေမယ့် ထောင်ပြင်ရောက်တော့ နှစ်ယောက်လုံး အကောင်းတိုင်းသာ ရှိနေတာကို ထူးထူးဆန်းဆန်းတွေ့ရပါတယ်။

ဒီငြိမ်းလင်း မသေသေးပါ

ဧရာဝတီက လိမ်တာလား၊ ဇာဂနာက လိမ်တာလား

ထောင်ထဲတုန်းက ပလီပလာ ပြောခဲ့တဲ့ ဇာဂနာ
ထောင်ပြင်ရောက်တော့လည်း သူမဟုတ်သလိုပါပဲ


အရှင်ဂမ်ဘီရ ဆိုသူအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မရတာကြောင့် သူ့ကို ဆေးကုသ ပေးနိုင်အောင် သမ္မတကြီးဆီကိုတောင် စာရေးတောင်းဆိုဖို့ လိုအပ်ကြောင်း ရေးသားခဲ့ကြပေမယ့် မနေ့က ထောင်ကထွက်လာတဲ့ အရှင်ဂမ်ဘီရကတော့ အရင်ကထက် နှစ်ဆလေလာက် ပို ဝ ကာ ကျန်းမာရေး ပိုကောင်းလာတာကို အလွန်ထူးဆန်းစွာ မြင်ရပြန်ပါတယ်။

ထောင်ထဲဝင်တုန်းက ငပိန်ခြောက်

ထောင်ကထွက်တော့ ဝ ဖီးလို့
( အစားကောင်းကောင်း မကျွး တဲ့ မြန်မာ အကျဉ်းထောင်တွေပဲ)

၈၈ မျိုးဆက်ကျောင်းသူ မမီးမီး တစ်ယောက် ကျန်းမာရေး အခြေအနေဆိုးရွား နေကြောင်း၊ နှလုံးရောဂါ နဲ့ သေလုမျှောပါး ဖြစ်နေကြောင်း၊ ဆေးကုသခွင့်မပေးကြောင်း သတင်းဌာနတွေက ဖော်ပြခဲ့ပေမယ့် မနေ့က ထောက်က ထွက်လာတဲ့ မီးမီးကတော့ အသက်ရှင်လျှက် ရှိနေတာကို ထူးဆန်းစွာ တွေ့ရပါတယ်။

မဇိၶ်မက လိမ္တာလား၊ မမီးမီးက လိမ္တာလား

မနေ့က ထွက်လာတော့လည်း အကောင်းကြီး


ထောင်ထဲမှာ ထမင်းတောင် မစားနိုင်လို့ ဆန်ပြုပ်သောက်နေရတဲ့ လူမမာတွေရှိကြောင်း ဘီဘီစီ သတင်းဌာန ကြီးက ဖော်ပြခဲ့ပေမယ့် မနေ့ကထောင်ကထွက်လာတဲ့လူတွေထဲမှာ ဒီကနေ့ထိ ဆန်ပြုပ်သောက်နေသူ တစ်ယောက်မှ မရှိတာ ကို ထူးဆန်းစွာ တွေ့ရပါတယ်။

ဘီဘီစီက လိမ်တာလား နိုင်ငံရေးသမားတွေက လိမ်တာလား

ဆန်ပြုတ်ဆိုတာ ဒါမျိုးလား

ကျန်းမာရေးမကောင်းလို့ ဆန်ပြုတ် မသောက်ပဲ ခေါက်ဆွဲကြော်စားသည်

သက်ကြီးသံဃာများနှင့် သီလရှင်များ ထောင်တွင်း ကျန်းမာရေးဆိုးရွားနေကြောင်း ဗွီအိုအေ သတင်းဌာနကြီးက ဖော်ပြခဲ့ပေမယ့် မနေ့က ထောင်ကထွက်လာတဲ့ သံဃာတွေထဲမှာ ထောင်ကထွက်ထွက်ချင်း ဆေးခန်းလိုက်ပို့ရသူ တစ်ယောက်မှ မရှိတာကို အလွန်ထူးဆန်းစွာတွေ့ရပါတယ်။

ဗွီအိုအေက လိမ်တာလား ဘုန်းကြီးတွေက မုသားပြောခဲ့တာလား

ခုတော့လည်း ဒေါင်ဒေါင်မြည်လို့


Myanmar Express

အထပ် ၃၀ ဟိုတယ်ကို ၁၅ ရက်ဖြင့်  အပြီးဆောက်နိုင်သော ချီးကျူးဖွယ်ရာ တရုတ် အင်ဂျင်နီယာများ


ဒီဟိုတယ်သစ်ကြီးကတော့ မထင်မှတ်နိုင်စရာဇတ်ကြောင်းနဲ့ ပါပဲ...
ဟိုတယ်အထပ်ပေါင်း ၃၀ ကို ၁၅ ရက်နဲ့ အပြီးတည်ဆောက်ခဲ့ တာပါပဲ....
တရုတ်နိုင်ငံ၊ဟူနန်ပြည်နယ်၊ ချန်ရှားမြို့ ကုန်းတွင်းပိုင်းတွင်တည်ရှိသည့် အဆိုပါဟိုတယ်အားတည်ဆောက်
ရေးကာလတိုအတွင်း အလုပ်သမားတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒါဏ်ရာရရှိမှုပင်မရှိခဲ့ ဟုဆိုပါတယ်...
အချိန်တိုအတွင်း အလျင်အမြန်တည်ဆောက်ခဲ့ သည့် တိုင် စတုရန်းပေ ၁၈၃၀၀၀ ရှိသည့် အဆိုပါဟိုတယ်
ကြီးဟာ ပြင်းအားပမာဏ အဆင့် ၉ အထိရှိမည့် ငလျင်ဒါဏ်ကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်လို့ တာဝန်ယူ
တည်ဆောက်ခဲ့ သည့် Broad ကုမ္ပဏီရဲ့ အဆိုအရသိရှိရပါတယ်...
အဆိုပါတည်ဆောက်ရေးဖြစ်စဉ်တစ်ခုလုံးအား အကျဉ်းချူပ်ဗီဒီယိုဖြင့် ရိုက်ကူးဖန်တီးကာမှတ်တမ်းတင်
ထားပါတယ်...
သူတို့ ဗီဒီယိုထဲမှာကြေငြာထားတဲ့ အတိုင်းသာအချက်အလက်တွေအကုန်လုံးမှန်တယ်ဆိုယင်တော့ ဆောက်
လုပ်ရေးကုမ္ပဏီတရုတ်များကို ချီးကျူးရမှာအမှန်ပါပဲ...

ဒါကတော့ ဗီဒီယိုလင့် ကလေးပါ...
To watch video, click http://www.thesun.co.uk/sol/homepage/video/news/4047647/30-storey-b...




Myanmar Express

သတင်းမီဒီယာများအတွက် အဖွဲ့ဖွဲ့စည်းရန် စဉ်းစားနေ


မြန်မာနိုင်ငံတွင် အစပျိုးရန် စီစဉ်နေပြီဖြစ်သည့် သတင်းမီဒီယာများအတွက် Press Council ဖွဲ့စည်းရေးသည် ယခုနှစ်လယ်ခန့်တွင် အစောဆုံးဖွဲ့စည်းနိုင်ပါက မြန်မာသတင်းမီဒီယာလောကအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဟု ဝါရင့်သတင်းစာသမားများက သုံးသပ်ပြောကြားသည်။ ဒီဇင်ဘာလဆန်းပိုင်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မီဒီယာလောကသားများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် ထိုအကြောင်းအရာကို ထည့်သွင်းဆွေးနွေးသွားခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးကိုကိုလှိုင်က ထိုကဲ့သို့ ဖွဲ့စည်း နိုင်ရန် စတင်စဉ်းစားနေပြီဖြစ်ကြောင်း၊ သို့ရာတွင် ဖွဲ့စည်းရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ပြောသည်။ ထိုအဖွဲ့ ဖွဲ့ပါက သတင်းသမားများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာကို ထိန်းကျောင်းပေးနိုင်မည်ဖြစ်သလို သတင်းသမားများ၏ လွတ်လပ်စွာရေးသားနိုင်ခွင့်နှင့် အရည်အသွေးကိုလည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ “မကြာခင်မှာ စာပေစိစစ်ရေးရဲ့ လုပ်ငန်းပိုင်းတွေ လျှော့ချလာတဲ့အခါမှာ ဒီလိုအဖွဲ့မျိုး လိုလာပါတယ်။ ဒီလိုလုပ်မယ်ဆိုတော့ ဘယ်သူက ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဝိုင်းပြီးစဉ်းစားရမယ်” ဟု ဦးကိုကိုလှိုင်က ပြောသည်။ “အခုဆိုလည်း မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများအသင်းဆိုတာ ရှိတယ်။ အဲဒါကိုပဲ ပြန်ပြောင်းပြီးလုပ်မလား မပြောတတ်ဘူး။ ဒါမှမဟုတ် အသွင်ပြောင်းပြီး သတင်းသမားတွေကိုလည်း ပါနိုင်အောင်လုပ်မှာလားဆိုတာ မပြောနိုင်ဘူး” ဟု ၎င်းက ပြောသည်။ ထို့ပြင် နောင်နှစ်အတွင်း၌ပင် မီဒီယာ ဥပဒေလည်း ပေါ်ထွက်လာဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

Microsoft Corp ဥက္ကဌ ဘီလ်ဂိတ် မြန်မာနိုင်ငံလာမည်

မြန်မာနှင့် အမေရိကန်တို့၏ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခြင်း ပြယုဂ်တစ်ခုအဖြစ် Microsoft Corp ဥက္ကဌ ဘီလ်ဂိတ်အပါအဝင် အမေရိကန် စီးပွားရေးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ မြန်မာပြည်သို့ လာရောက်ကြမည်ဖြစ်ကြောင်း မြန်မာ့စက်မှုလုပ်ငန်း အရာရှိတို့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု သိရသည်။ ကိုယ်စားလှယ်အဖွဲ့မှာ ဖေဖေါ်ဝါရီလအတွင်း လာရောက်ကြမည် ဖြစ်ပြီး အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ယခုကဲ့သို့ ရောက်ရှိလာကြခြင်းမှာထူးခြားနေကြောင်း၊ မြန်မာ့အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။

မြန်မာအရာရှိတို့အဆိုအရ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိပြီး ပြည်တွင်းမှ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသော လုပ်ငန်းရှင်များအပါအဝင် မြန်မာ့ စီးပွားရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံးဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။


Microsoft Chairman Bill Gates delivers a speech at the Ministry of Science and Technology of People's Republic of China in Beijing December 7, 2011. REUTERS/China Daily

By Aung Hla Tun

YANGON | Wed Jan 11, 2012 6:41am EST

(Reuters) - A delegation of American business leaders, including Microsoft Corp chairman Bill Gates, will visit Myanmar soon, Myanmar industry officials said on Wednesday, another sign of strengthening U.S. ties with the long-isolated state despite sanctions.

The visit would come less than three months after Hillary Clinton became the first U.S. secretary of state to visit Myanmar in more than 50 years and said Washington stood ready to support reforms in the country and possibly lift sanctions.

The trip, expected in February, is unusual given the presence of U.S. sanctions but it coincides with the most dramatic reforms in the resource-rich, former British colony since the military took power in what was then known as Burma in a 1962 coup.

"A team of high-level American businessmen including Bill Gates is due to visit," said one business leader and senior member of the Myanmar Federation of Chambers of Commerce and Industries (MFCCI) who declined to be identified because he is not authorized to speak to the media.

A spokesman for Gates was not immediately available for comment.

Business executives, mostly from Asia, have swarmed into the commercial capital Yangon in recent weeks to scout for investment opportunities in the country of 60 million people, one of the last frontier markets in Asia.

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

Myanmar Special Report: link.reuters.com/jaz65s

Graphic on Myanmar: link.reuters.com/dyf65s

Myanmar oil & gas graphic: link.reuters.com/sym85s

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

JAPANESE DELEGATION

Another industry official said the U.S. executives would meet President Thein Sein, visit tourist spots and spend time with local business leaders, many of whom face targeted sanctions by the U.S. government.

Some investment analysts have compared Myanmar's state of development to Vietnam in 1994 when American sanctions against Hanoi were lifted. But Myanmar's location is considered more strategic, nestled between rising powers India and China

with ports on the Indian Ocean.

Before late last year, when reforms gathered steam, China was emerging as the dominant investor in the country's resources -- from natural gas to timber and precious gems.

Chinese workers are building a multi-billion-dollar pipeline, hydro-power dams and highway projects that underpin more than $14 billion of pledged Chinese investment in Myanmar's 2010/11 (April-March) fiscal year, taking total foreign direct investment promises to $20 billion from just $300 million a year before, official data show.

Executives from Japanese companies have also taken an interest in recent weeks. Japan's Economy, Trade and Industry Minister Yukio Edano this week leads a delegation that includes officials from Hitachi Ltd, Toshiba Corp, Mitsui & Co Ltd, Itochu Corp, JX Nippon Oil & Energy Corp and Marubeni Corp.

Last week, U.S. billionaire investor George Soros visited the country and said he had agreed to set up an official base for his philanthropic work in Myanmar after meetings with the country's president and opposition leader Aung San Suu Kyi.

Myanmar has been closed off to the world for nearly half a century of often-brutal authoritarian rule. The former military regime handed power in March to a civilian government stacked with former generals who surprised the world by embarking on a program of reforms and strengthening relations with the West.

Myanmar, however, remains vastly underdeveloped and is one of Asia's poorest countries after decades of isolation, sanctions and economic mismanagement by its former military rulers.

(Writing by Martin Petty; Editing by Jason Szep

and Robert Birsel
)


Regards-

ကျေးဇူးတော်ရှင် အကျဉ်းသားများ

မြန်မာနိုင်ငံ အကျဉ်းကျတယ်ဆိုတာ တည်ဆဲဥပဒေ တစ်ခုခုကို ချိုးဖောက်သူသာ ဖြစ်ကြောင်းနဲ့ တည်ဆဲ ဥပဒေ တစ်ခုခုကို မချိုးဖောက်ပဲ အကျဉ်းချခံထားရသူ တစ်ယောက်မှ မရှိကြောင်းကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းဦးစီး အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

မြန်မာ့လူ့အသိုင်းအဝိုင်းမှာလဲ ထောင်ကထွက်လာရင် အများစုက နှာခေါင်းရှုံ့တတ်ကြပါတယ်။ ဆိုလိုတာက ထောင်ကျလိုက်ခြင်းကြောင့် ထောင်ထွက်ဆိုတဲ့ နာမည်နဲ့ ၎င်းပုဂ္ဂိုလ်၏ မူလတန်ဖိုးများ ကျသွားလို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့အလွန်ထူးဆန်းသူများရှိပါတယ်။ ထောင်ကျလိုက်မှ တန်ဖိုးတွေ တက်လာကြသူတွေပါ။ ဘယ်လောက်ထိအောင် တန်ဖိုးတက်လာသလဲဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ သူတို့လောက် အသုံးကျတဲ့လူ တစ်ယောက်မှ မရှိသလောက်ပါပဲ။

သူတို့တွေ ထောင်ကျနေလို့ မြန်မာနိုင်ငံကြီး သူတို့တွေ ထောင်ကျနေလို့ မြန်မာနိုင်ငံကြီး ဆင်းရဲတာ ဖြစ်နေပါတယ်။ အဲဒီလူတွေကတော့ တခြားမဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသား လို့ အမည်ပေးထားတဲ့လူတွေပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေတုန်းက ပြန်ပအခြေဆိုက် အတိုက်အခံများက အားရင်အားသလို နေ့ထူးနေ့မြတ်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုပြီး ဆန္ဒပြပွဲလုပ်ခဲ့ကြပါတယ်။ အဲ့လို ဆန္ဒပြပွဲလုပ်ခဲ့ကြလို့လည်း နေရေး ထိုင်ရေးသာမက စားရေး သောက်ရေးပါ အဆင်ပြေခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာတော့ ခေါင်းစဉ်ပျောက်ရုံသာမက ခွက်ပျောက် တော့မယ့်အနေအထားဖြစ်လာပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေ ကို မူတည် ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ ရွေးကောက်ပွဲ ဖက်ကို လှည့်လာပြန်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ကို ဆန့်ကျင်ကြကြောင်းနဲ့ ၂၀၀၈ အခြေခံဥပဒေ က နေ ဖြစ်လာတဲ့ လွှတ်တော်ကို ဆန့်ကျင်ကြောင်းတွေ အော်ကြပြန်ပါတယ်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်ထဲရေးဝန်ကြီး ဆီကို မေတ္တာရပ်ခံစာ ပေးချိန်မှာ ၂၀၀၈ အခြေခံဥပဒေ ထဲက ဥပဒေ တွေကို တန်းစီ ရေးခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်တာကြောင့် ဆန္ဒပြသူတွေ ခွက်လက်ဆွဲ ရတော့မလို ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးဘူတာ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖက်ကိုပဲ ပြန်လှည့်ရတာပေါ့၊၊

ဒီတစ်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်နေရုံနဲ့ မပြီးပဲ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ တစ်ခါ ဆန္ဒပြကြပြန်ပါတယ်။ အစိုးရက တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အပြင် လုံခြုံရေးတွေ စီစဉ်ပေး၊ ဆွေးနွေးပွဲတွေမှာ ဖိတ်ပေးတော့ တကယ့်ကို သူတောင်းစား ခွက်ပျောက် ဖြစ်ရတော့တာပါပဲ။ ဒီတော့မှ နောက်ဆုံးရဲ့နောက်က နိဂုံးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ပြန်ပြီး ဦးတည်ကြရပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းသား ပေါင်း သုံးသောင်းကျော် ရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားလို့ လူပြောများနေတဲ့လည်တွေလည်း ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုလူမျိုးတွေလည်း ဆိုရင်တော့ နိုင်ငံတော်အတွက် ရဲရဲဝင့်ဝင့် အခွင့်အရေးတွေ တောင်းဆိုတဲ့၊ အမှန်တရားကို အရှိအတိုင်း ပြောရဲ လုပ်ကိုင်နိုင်တဲ့ သတ္တိရှိသူ သူရဲ ကောင်းတွေ ဖြစ်တယ် လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ သတ္တိရှိသူ သူရဲကောင်းဆိုတဲ့လူတွေက ထောင်ထဲရောက်ရင်တော့ ၉၆ ပါးသော ရောဂါသည်များ ဖြစ်ကုန်ကြပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းသားပေါင်း သုံးသောင်း လေးထောင် ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ လူ လက်တစ်စုတ်စာလောက်ကပဲ မျက်စိမှိတ်လိုက်ရင် ဘာမှမမြင်သည့်ရောဂါ၊ အိမ်သာတက်ရင် ရှူးထွက်ကျတဲ့ ရောဂါ အပါအဝင် နောက်ဆုံးပေါ် ရောဂါပေါင်းဆုံကို ခံစားနေကြရပါတယ်။

နိုင်ငံခြားရောက် မြန်မာအတိုက်အခံများကလည်း မျက်နှာလိုက်ကြပါတယ်။ အကျဉ်းသား ၄ သောင်းကျော်ထဲမှာမှ သူတို့နဲ့ သိတဲ့ အသိတွေကိုပဲ ကျန်းမာရေးမကောင်းကြောင်းတွေ၊ အစားအသောက်အဆင်မပြေကြောင်းတွေ ကို သတိပြုကြပြီး ကျန်တဲ့ သူတို့နဲ့ မသိတဲ့လူတွေကိုတော့ မြန်မာနိုင်ငံသား ချင်း မဟုတ်သလိုပဲ အသိဟန်ဆောင်နေကြပါတယ်။

ဘယ်လိုပဲဖြစ်စေ အခုချိန်မှာတော့ အတိုက်အခံများရဲ့ အသိအကျွမ်း ထောင်ကျသူများကတော့ အတိုက်အခံအားလုံးရဲ့ ကျေးဇူးရှင်တွေ ဖြစ်နေပါပြီ။ အားလုံးအတွက် ခေါင်းစဉ်ကောင်း တစ်ခုပါပဲ။ အခုဆိုရင် မြန်မာနိုင်ငံအတွင်းက အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံခြားကနေ ကြိုးစားနေကြပါပြီ။

ဒါ့အပြင် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ မွတ်စလင်ဦးပုဒ်ကာလမှာ ဥပုဒ်စောင့်သူများက ထမင်းမစားချိန်တွေမှာ တစ်ချက်ခုတ် ၂ ချက်ပြတ်ဆိုသည့်အတိုင်း အစာငတ်ခံဆန္ဒတွေ ပြကြပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ တောင်းဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားဆိုသူများက ထောင်မကျခင်တုန်းက တိုင်းပြည်အတွက် အနစ်နာခံ အသက်အသေခံ စွန့်လွှတ် မယ် ထောင်ကျရင် ကျပစေ ဆိုပြီး စွန့်စားမယ် လိုက်ရဲလား အော်ခဲ့ပြီးမှ ထောင်ထဲရောက်မှာ ခေါင်းကိုက်လိုက်၊ ခါးနာလိုက် ဖြစ်သည်မှာ ထူးဆန်းကြောင်း၊ တကယ်အနစ်နာခံချင်တဲ့ နိုင်ငံရေးသမားတွေအတွက် ချက်ချင်းလွှတ်ဖို့ တောင်းဆိုရန် မလိုကြောင်း နဲ့ ပတ်သက်ပြီး ဝေဖန်သူတွေ ရှိနေပါတယ်။

"မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမယ်" အမယ်...တယ်လည်းမြင့်လှချည်လား။ သူတို့ပဲ တိုင်းပြည်အတွက် အနစ်ခံ၊ အသက်သေခံ၊ စွန့်လွှတ်စွန့်စားပြီး နိုင်ငံရေးလုပ်တယ်ဆိုရင် ဘာ့ကြောင့် ဒီစကားကိုပြောရတာလဲ မသိ။ တလွဲဖြစ်နေလားလို့။ အခုဟာသ အကန့်အသတ်နဲ့ တောင်းဆိုနေတဲ့ပုံဖြစ်နေတယ်။

အနစ်ခံပြီးလုပ်တဲ့နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးသမားဆိုရင် ဒီစကားပြောစရာမလိုဘူး။ ကိုယ့်က စွန့်လွှတ်မယ်လို့ဆုံးဖြတ်ပြီးသားပဲ။ ဒါ့ကြောင့်ထောင်ထဲ ၀င်တာပဲ။ ပြီးတော့ နိုင်ငံအကျဉ်းသားတွေနဲ့ပက်သက်တဲ့အကူညီတွေလည်း ဘာမှပေးစရာမလိုဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ပဲ အနစ်ခံ၊ စွန့်လွှတ်၊ အသက်ပဲသေသေ သေမယ်လို့ဆုံးဖြတ်ပြီး ထောင်ထဲဝင်ကြတာမဟုတ်ဘူးလား။ တကယ်ပိုင်းဖြတ်ထားတဲ့သူတွေဆိုရင် ဘာမှတောင်မပြောတော့ဘူး။ " လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးက ဆိုပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ဆိုသူများမှာ မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ နှင့် ယှဉ်လျှင် လက်တစ်စုတ်ဆာတောင် မရှိသောကြောင့် ကျန်သည့် သန်း ၅၀ အတွက် ကို ဦးစားပေး ပြီး တခြားအလုပ်တွေကို အရင်လုပ်သင့်ကြောင်း၊ တခြား ပြဿနာတွေကိုသာ အရင်ဖြေရှင်းသင့်ကြောင်းနဲ့ ပတ်သက်ပြီး

"ပြီးတော့ ခင်ဗျားထောင်ထဲဝင်ရင် ကျနော်တို့ အနောက်ကနေ ထောက်ပံ့ပေးမယ်။ ဒါကိုသဘောကြလို့ ထောင်ထဲဝင်တာလည်းမဟုတ်။ သူငယ်ချင်းက အတင်းတိုက်တွန်းလို့၊ မိသားစုက ခိုင်းလို့၊ ငွေလိုချင်လို့ နိုင်ငံရေးအကျဉ်းသားလုပ်ရင်တော့တမျိုးပေါ့။

နိုင်ငံရေးအကျဉ်းသားရှိတာကမှ ၂၀၀၀-ကျော်။ မြန်မာပြည်သူလူဦးရေက သန်းငါးဆယ်ကျော်။ ဘယ်ဟာက ပိုများလဲ။ ဘယ်သူ့ကို ဦးစားပေးရမှာလဲ...? သူ့တို့ကိုလွှတ်ပေးမှ တိုင်းပြည်ပြသနာပြေလည်မယ်ဆိုလို့ပါ။ တိုင်းပြည်ရဲ့ ပြသနာက သူတို့ကို ဖမ်းထားတဲ့ပြသနာမှမဟုတ်တာ။

သူတို့ကိုမလွှတ်လည်း နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းလို့မရဘူးလား။" လို့ဆက်ပြောပါတယ်။

ယုံကြည်ချက်ကြောင့်အကျဉ်းကျသူများမှာ ထောင်ကျမှာ သိသိကြီးနှင့် သူရဲကောင်းလုပ် အဖမ်းခံသူများသာ ဖြစ်ကြောင်း၊ သူရဲပေါကြောင်သူ အများအပြားမှာ အဖမ်းခံရမှာ ကြောက်ပြီး ပြည်ပနိုင်ငံအများအပြားသို့ ထွက်ပြေးပြီးဖြစ်ကြောင်းနှင့် သူရဲကောင်းလုပ်ပြီး အဖမ်းခံလို့ ထောင်ကျတဲ့ သူရဲကောင်းများကို ပြန်လွှတ်စရာမလိုကြောင်း၊ အထဲရောက်မှ ဟန်ဆောင်ပြီး သနားအောင် လုပ်ပြတဲ့ ရောဂါများကိုလည်း မယုံသင့်ကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့်ကျကျ၊ တခြားအကြောင်းကြောင့် ကျကျ ထောင်ထဲ မှာနှစ်ရှည်လများ နေရသူများမှာ အပြင်လောကနှင့် အဆက်အသွယ် ပြက်ပြီး အချိန်အတော်ကြာ နေခဲ့ရတာကြောင့် ပြန်ထွက်လာချိန်မှာ ဘာမှ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မှာ မဟုတ်တဲ့ ဂီလာနများနဲ့ ရူးကြောင်ကြောင်များသာ ဖြစ်နေမှာ ဖြစ်ကြောင်းနဲ့ အဲ့လိုလူတွေကိုသာ နေရာပေးရင်တော့ အလုပ်အကိုင်တွေမှာ အနှောက်အယှက်တွေ ပိုဖြစ်စေမှာ ဖြစ်ကြောင်း ဆက်ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေလွှတ်မှဆိုတော့ သူတို့ကပဲ မြန်မာ့နိုင်ငံရေးမှာ မရှိမဖြစ်တဲ့လူတွေကြနေတာပဲ။ နိုင်ငံရေးအကျဉ်းသားဆိုတာကလည်း သူ့ဟာသူ ဖင်ယားပြီး အဖမ်းခံတာကိုး။ ထွက်ပြေးပေါ့။ ဟုတ်ဘူးလား။ ကိုယ့်ညံ့လို့ကိုယ်ခံရတာပဲ..။ တချို့ ပြည်ပက နိုင်ငံရေးအကျဉ်းသားတွေလည်း ထွက်ပြေးလို့ ရောက်လာကြတာပဲ။ သိတယ်ဟုတ်။

ထောင်ထဲက ထွက်လာတဲ့နိုင်ငံရေးအကျဉ်းသားတချို့ ကိုတွေ့ဘူးတယ်။ အပြင်လောကနဲ့ အဆက်အသွယ်အကြာကြီးပြတ်တဲ့အပြင်၊ ခပ်ဂေါက်ဂေါက်။ တချို့ ဆိုရင် ရှုးကြောင်ကြောင်။ ဂီလာနဖြစ်တဲ့သူနဲ့။ ဒီလိုလူတွေကို မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့နေရာပေးလို့ကတော့ ဒုက္ခ။ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာပြီးထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်းရှိပါတယ်။ သို့သော် လက်ချိုးရေလို့ရပါတယ်။"

နိုင်ငံရေးအကျဉ်းသာတွေကိုလွှတ်မှ တိုင်းပြည်ရဲ့ ပြသနာကို ဖြေရှင်းလို့ရမယ်ဆိုတဲ့ စကားနဲ့ပက်သက်ပြီးစဉ်းစားမိလို့ပါ။ တခါတလေ သန်းငါးဆယ်သော ပြည်သူတွေကောင်းစားမယ်ဆိုရင် ငါးထောင်လောက်ရှိတဲ့ မြန်မာပြည်သူတွေကို ရင်းသင့်ရင် ရင်းရမယ်။

နိုင်ငံရေးအကျဉ်းသားတွေကိုဦးစားပေးရင်၊ တိုင်းပြည်အတွက် တောထဲမှာ နှစ်ပေါင်းများစွာအသက်စွန့်တိုက်နေတဲ့လူတွေကိုလည်း ဦးစားပေးရမှာပေါ့။ သူတို့နဲ့ပက်သက်တဲ့ သဘောထားတွေကိုလည်း ထည့်သွင်းပြောရမှာပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားတွေပဲ အသက်ရှိတာမဟုတ်ပါဘူး" လို့ အောစတြေးလျှ နိုင်ငံရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးကပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား လာစဉ်မှာလည်း နိုင်ငံရေးအကျဉ်းသား ဆိုသူများ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာရှိပါတယ်။ ဒီနှစ်ထဲမှာလည်း အကျဉ်းထောင်က ထွက်လာပြီးမှာ ဦးနောက်မမှန် စိတ်ဖောက်ပြန်ပြီး သူ့ကိုယ်သူ လူ ၁၀၀ ကျော် သတ်ခဲ့တယ် ပြောသူ အော်ဇီ ရောက် ဒီမိုကရေစီဘက်တော်သား တစ်ဦးလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံအင်အားစုများကတော့ ထူးထူးဟန်လို ဖြစ်လာမယ့် ထောင်ထွက် များကို ခေါင်းဆောင်နေရာပေးဖို့ အဆင့်သင့်ဖြစ်နေကြပါတယ်

လူ ၂၀ ကျော်ကို ခေါင်းကို သေနတ်နဲ့ တေ့ပြီး ပစ်ခဲ့တယ် ဆိုသည့် ထူးထူးဟန် (ထောင်ထွက် ဂေါက်သီး)


Myanmar Express

ပျော်ရွှင် အောင်မြင်ပါစေ မြန်မာပြေ




မင်္ဂလာ သတင်း မှ မင်္ဂလာ နိုင်ငံတော် ဆီသို့ (ပေးစာ - ၈၁)


ဇန္န၀ါရီလ ၁၃ ရက်နေ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများ နိုင်ငံရေးအကျဉ်း
သား ၆၅၁ ဦး ကိုနိုင်ငံတော်အစိုးရလွတ်ပေးလိုက်သော သတင်းထွက်ပေါ်လာသည်၊ မင်္ဂလာရှိ
သောသတင်း ကောင်းမြတ်သောသတင်းတရပ်ဖြစ်ပေသည် ၊


ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ် လို့လဲသိရပါတယ်
အစိုးရကပါလီမန်ဒီမိုကရေစီစံနစ်ကိုစတင်အကောင်အထည်ဖေါ်တဲ့အနေနဲ့ ဒီလိုခွင့်ြ့ပုလိုက်တာ
လို့မြင်ပါတယ် ၊ ဒါဟာမြန်မာနိုင်ငံအတွက်ကောင်းတဲ့လက္ခဏာတရပ်ပါဘဲNLD ပါတီ နဲ့ အခြားပါတီ အမတ်တွေလဲဝင်ရွေးကြမယ်ဆိုတာသိရပါတယ်
ဒါဟာကောင်းတဲ့လက္ခဏာတရပ်ပါဘဲ ဒါပေမဲ့ --- ဒါပေမဲ့
ဟိုတုန်းက အဖြစ်အပျက်ကလေးတွေကို ပြန်လည်သင်ခန်းစာယူဘို့တင်ပြချင်ပါတယ်


ပါတီတွေများလာရင်တော့မကောင်းဘူးလို့ထင်ပါတယ် ၊ ပါတီသိပ်များလာခြင်းဟာညီညွတ်ရေးပျက်ပြားစေတဲ့
အကြောင်းတရပ်ဘဲ ၊ တပါတီတခုတည်ထောင်တယ်ဆိုရင် လမ်းစဉ်နဲ့ မူဝါဒ ကိုချက်မှတ်ကြတယ် ၊တပါတီနဲ့
တပါတီလမ်းစဉ်နဲ့မူဝါဒမတူတော့ သဘောထားခြင်းမတူဘူးဆိုပြီး တပါတီကို တပါတီကအမြင်စောင်းကြတယ်
ပါတီတခုမှာအရည်အချင်းနဲ့ပြည်စုံသူတွေပါနိုင်ပါတယ် ၊ ပါတီတွေများပြီး ခွဲထောင်ကြတော့ ။
အဲဒီအရည်အချင်းရှိသူတွေဟာတကွဲတပြားဖြစ်ကုန်ကြတယ် ၊ ရွေးကောက်ပွဲမှာ သူ့ပါတီက အနိုင်မရခဲ့ရင်
သူရဲ့ အရည်အချင်းကို တိုင်းပြည်အတွက် အသုံးချခွင့်မရလိုက်ဘူး။ သူလဲ နာတယ် တိုင်းပြည်လဲနာတယ်
88 ပြီးတော့ ပါလီမန်ဒီမိုကရေစီစံနစ်နဲ့သွားမယ် အထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးမယ်ဆိုတော့ ၊ ဖွဲ့လိုက်
ကြတဲ့ပါတီတွေ နှစ်ကျော်လောက်ရှိတယ် ၊ ဒါဟာ အုပ် ၂၀၀ လောက်ကွဲသွားတဲ့သဘောဘဲ ၊
မြန်မာပြည်မှာ ဗမာ လူမျိုးတွေဟာ အကွဲအပြဲ တော်တော် ၀ါသနာပါတယ် ၊ ( ညီညွတ်ချင်တဲ့စိတ်
မရှိဘူး ) ငါဘဲတော် တယ် ငါဘဲလုပ်ချင်တယ် ဆိုတာများတယ် ၊
လွပ်လပ်ရေးရပြီးတော့ ဖဆပလ ပေါ်လာတယ် နောက်ဖဆပလ နှစ်ဖြမ်းကွဲတယ်ဦးနု ကသန့်ရှင်း
ဆိုပြီး တပါတီထောင်တယ် ဦးကျော်ငြိမ်းက တည်မြဲဆိုပြီး ပါတီထောင်တယ် ၊ သန့်ရှင်းပါတီက နိုင်တော့
ဦးကျော်ငြိမ်းက သူရဲ့ အရည်အချင်းတွေ ထုတ်ဖေါ်ဆောင်ရွက်ခွင့်မရလိုက်ဘူး၊ ဦးကျော်ငြိမ်းမှာလဲကောင်း
တဲ့အရည်အသွေးတွေရှိပါတယ် ဒါပေမဲ့သူအရည်အချင်းတွေ တိုင်းပြည်အတွက် အသုံးချလိုက်ရဘဲနဲ့ သေသွား
ရရှာတယ် သူလဲ နာတယ် တိုင်းပြည်လဲနာတယ် ။

တိုင်းပြည်အတွက်ပဲ လုပ်လုပ် ၊ ပရဟိတ ဆိုတဲ့ အများအကျိုးဆောင်ရွက်တဲ့လုပ်ငန်းတွေဘဲလုပ်
လုပ် အတ္တဆိုတဲ့ ကိုယ့်အကျိုးကို ဦးစားမပေးဘဲ တခြားသူတဦးရဲ့လုပ်ဆောင်ချက်ကိုလဲအကောင်းမြင်ဝါဒနဲ့ မြင်ပြီးရှုမြင်တက်ဘို့လိုတယ်လို့ပြောချင်ပါတယ် ၊
ဦးဆောင်နိုင်ရင်လဲ ဦးဆောင်ပါ ဦးမဆောင်နိုင်ရင် လဲ နောက်လိုက်လုပ်ဘို့ ၀န်မလေးပါနဲ့ ကွက်လပ်
ကိုမြင်တက်ပါစေ ၊ ကွက်လပ်ကိုဖြည့်ဆည်းနိုင်ပါစေလို့ ပြောချင်ပါတယ်


နိဂုံးချုပ်အနေနဲ့ပြောရင်တော့ ဘေးထိုင်ဘုပြော လုပ်နေရမဲ့ အချိန်မဟုတ်တော့ဘူး အားလုံးကိုယ်တတ်နိုင်တဲ့
ဘက်က ၀ိုင်းလုပ်ကြရမဲ့အချိန်လို့ပြောချင်ပါတယ် ၊


မောင်သုည

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ