Subscribe to our RSS Feed

ဟိုတယ် စီမံကိန်း အသစ် ၁၂ ခု ဖော်ထုတ်ရန် မြေနေရာများ ရှာဖွေ လျက် ရှိ

ဟိုတယ် စီမံကိန်း အသစ် ၁၂ ခု ဖော်ထုတ်ရန် မြေနေရာများ ရှာဖွေ လျက် ရှိ

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ဟိုတယ် စီမံကိန်း အသစ် ၁၂ ခု ဖော်ထုတ်ရန် ဖော်ထုတ်မည့် ဟိုတယ်ဇုန်များမှ မြေနေ ရာများ ပေးရန် တောင်းခံ ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောသည်။ ယခု လက်ရှိတွင် နေပြည် တော်ဇုန်၊ ရန်ကုန်ဇုန်၊ တောင်ကြီးဇုန်၊ ငွေဆောင်ဇုန်၊ ချောင်းသာဇုန်၊ မန္တလေး ဇုန်၊ ရခိုင်ဇုန်၊ မော်လမြိုင်ဇုန်၊ ပဲခူးဇုန်၊ ပုဂံဇုန်၊ ရွှေတြိဂံဇုန် ဟူ၍ ဟိုတယ်ဇုန် ၁၁ ခုရှိပြီး ဟိုတယ်ဇုန်ဖော်ထုတ်ရန် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး (အင်းလေး) တွင်ဟိုတယ်ဇုန် အသစ်ဖော် ထုတ်ရန်လည်း စီစဉ်နေကြောင်းသိရသည်။

အဆိုပါ အပြင် ယခု အသစ်ဖော် ထုတ်မည့် ဟိုတယ် ၁၂ ခုမှာ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ မြိတ်နှင့် ကော့ သောင်း နှစ်နေရာ၊ ဧရာဝတီတိုင်း ဒေ သကြီးအတွင်းရှိ ငွေဆောင်နှင့် ချောင်း သာ၊ ရှမ်းပြည်နယ် အတွင်းရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထီးရိုး၊ မော်လမြိုင်နှင့် မြ၀တီ၊ ရခိုင်ပြည်နယ်အတွင်းရှိ ငပလီ နှင့်မြောက်ဦးတို့ဖြစ်သည်။

“တာချီလိတ်၊ ကျိုင်းတုံ ဘက်မှာ တော့ ဟိုတယ်ဇုန်လုပ်ဖို့ မြေက မရှိဘူး။ မြေပြန့် မရှိဘူး။ ရှိတာတွေလည်း နှစ် ရှည်ပင် စိုက်ပျိုးတဲ့ မြေတွေပဲရှိတယ်။အခု ၀န်ကြီး ဌာနကို စာတင် ပို့ထားပါပြီ။ ဒီ ဘက်မှာတော့ မြေအနေအထား အခြေ အနေတွေကို ၀န်ကြီးဌာနကိုပေးလိုက် ပြီ”ဟု ရွှေတြိဂံဇုန်မှ ဥက္ကဋ္ဌ ဦးစိုးရွှေက ပြောကြား သည်။

ဟိုတယ်ဇုန်များ ဖော်ထုတ်ရာ တွင် နိုင်ငံခြား ဧည့်သည် ၀င်ရောက်မှု အဆင် ပြေလွယ်ကူရေး ကော်မတီ လုပ်ငန်းတာ ၀န်များတွင် ဟိုတယ် လုပ်ငန်းများ စနစ် တကျဖွံ့ ဖြိုးရေး နှင့် ဟိုတယ်ဇုန်များနယ် မြေ သတ်မှတ်ရန် ကိစ္စရပ်များ အတွက် ပူးပေါင်း ဆောင်ရွက်ရန် ပါရှိသဖြင့် အ ဆိုပါ ဟိုတယ်ဇုန်မြေ နေရာရှာဖွေမှုအား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

“ဟိုတယ်ဇုန် တွေလုပ်တာက သက် ဆိုင်ရာပြည်နယ် အစိုးရတွေရဲ့ သဘော တူညီမှု ကိုရမှဖြစ်မယ်။ နယ်မြေ လူထု ကလည်း ဒါကိုလုပ်စေချင် တယ်။ ဟို တယ်ဇုန်တွေ လုပ်တာက လည်း ဒေသခံ တွေရဲ့ စီးပွားရေး အလုပ်အကိုင် တွေ ရစေချင်တယ်။ အဓိက တော့ ကျေးလက် လူနေမှု ဘ၀တွေကို မြင့်မား စေချင် တယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ အဆင့်မြင့် အရာရှိကြီးက ပြောသည်။

“ငွေဆောင်မှာ ဟိုတယ်ဇုန်လုပ် ဖို့က နေရာရှိတယ်။ အခု လုပ်မယ့်မြေ နေရာက စင်ထရယ် ဟိုတယ် ဘက်ဘူး ကွဲချောင်း ဘက်မှာ မြေနေရာ တွေရှိ တယ်။ ဆင်စခန်း ကိုလည်း ဒီဘက်ခြမ်း ကို ရွှေ့မယ် လို့ကြားတယ်။ အခုထိ တော့ မြေနေရာ မရွေးချယ် ရသေးဘူး”ဟု ငွေ ဆောင် ဒုဥက္ကဋ္ဌ ဦးကျော်ထွန်းကဆိုသည်။

ထို့ပြင် ရခိုင်ဇုန်မှ တာဝန်ရှိသူ တစ်ဦးကလည်း “ငပလီနဲ့ မြောက်ဦးမှာ ဟိုတယ်ဇုန် လုပ်မယ်ဆိုရင် ကောင်းတာ ပေါ့။ စိတ်ဝင်စားတယ်။ လုပ်လာ နိုင်ရင် ကောင်းပါတယ်။ အခု လက်ရှိ မြောက် ဦးမှာ ဟိုတယ် ငါးလုံးပဲရှိတယ်”ဟု ဒုဥက္ကဋ္ဌ ဦးသန်းရွှေက ဆိုသည်။

“ချောင်းသာ ရွှေသောင်ယံ ကမ်းခြေ ဘက်ကို ဟိုတယ်ဇုန် လုပ်ဖို့ ရည်ရွယ် ထား တယ်။ အခုတော့ မတင်ပြရ သေး ဘူး။ အားလုံး ၀ိုင်းဝန်းပြီး ဆွေးနွေး ဦး မယ်”ဟု ဦးမောင်မောင်ထွေးကပြော ကြားသည်။

ဖော်ထုတ်မည့် ဟိုတယ်ဇုန်များ အလိုက် မြေနေရာ ရှာဖွေခြင်းအား သက်ဆိုင်ရာ ဇုန်မှ တင်ပြရန်နှင့် ရှာ ဖွေသော မြေနေရာများအား မြေပုံ၊ ကောင်းကင် ဓာတ်ပုံများနှင့်တင်ပြရန် ၀န်ကြီး ဌာနက လမ်းညွှန် ထားကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနတွင် ဟိုတယ်လိုင် စင်ရ ယူထားသော ဟိုတယ် အလုံးရေ ၇၂၉ လုံးရှိပြီး မြန်မာ နိုင်ငံ ဟိုတယ်ဆိုင် ရာ လုပ်ငန်းရှင်များ အသင်း(MHA)တွင် အသင်းဝင်ထားသည့် ဟိုတယ်အလုံး ရေ ၆၀၂ လုံး ရှိပြီး အခန်းပေါင်း ၂၀,၄၃၇ ရှိကြောင်းသိရသည်။

ယဉ်ယဉ်လှ

Myanmar Post

နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီ ကျောက်မျက် သိုလှောင်ရုံများနှင့် ကျောက်မျက် ရတနာ ဈေးကြီး တည်ဆောက်မည်


နေပြည်တော်၌ နိုင်ငံတကာ အဆင့်မီ ကျောက်မျက် သိုလှောင်ရုံ များနှင့် ကျောက်မျက် ရတနာ ဈေးကြီးအား ဇဗ္ဗူသီရိမြို့နယ် နှင့် ဒက္ခိဏ သီရိမြို့နယ်တွင် မကြာမီ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ကျောက်မျက်သို လှောင်ရုံများနှင့် ကျောက်မျက် ရတနာဈေးကြီးအား ဇဗ္ဗူသီရိမြို့နယ် တော်ဝင် ရတနာလမ်းမကြီးဘေး ရွှေကြာပင်ရပ်ကွက်နှင့် ဟိုတယ်ဇုန် အကြားတွင် မြေဧရိယာ တစ်ဧကအကျယ်ရှိ ကျောက်မျက်ရတနာ ဈေးမြေကွက် ၁၂၂ ကွက်အား လည်းကောင်း၊ ကျောက်စိမ်း၊ ကျောက်မျက်များသိုလှောင်နိုင်ရန် မြေဧရိယာငါးဧကရှိ ကျောက် မျက်သို လှောင်ရုံ မြေကွက် ၂၇ ကွက်၊ မြေဧရိယာ ၂ ဒသမ ၅ ဧကရှိ ကျောက်မျက်သိုလှောင်ရုံ ၁၁၅ ကွက်တို့အား ဒက္ခိဏ သီရိမြို့ ကွက်သစ်တွင် လည်းကောင်း အဆောက်အအုံတည်ဆောက်ရန် မြေကွက်သစ် များ ဖော်ထုတ်လျက်ရှိကြောင်းနှင့် ကျောက်မျက်ရတနာ ဈေးနှင့်ဆက်သွယ်ရေးလုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၌ ကျောက်မျက် ရတနာဈေးဆိုင်ခန်းများနှင့် ကျောက်မျက် ရတနာသိုလှောင်ရုံများအား တည်ဆောက် ခွင့်ပြုရန် ကျောက်မျက် လုပ်ငန်းရှင်ပေါင်း ၂၀၀ ကျော်က မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တစ်ဆင့် တင်ပြလာသဖြင့် ယခုကဲ့သို့ဖော်ထုတ်နေရာချထားပေးရန်အတွက် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နေပြည်တော် စည်ပင် သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ကျင်းပသည့် ကျောက်မျက် သိုလှောင်ရုံများဆောက်လုပ်ရန်နှင့် ကျောက်မျက် ရတနာဈေးကြီး တည်ဆောက်ရန် အတွက်ကျင်းပသည့် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး နေပြည်တော် ကောင်စီ ဥက္ကဋ္ဌဦးသိန်းညွန့်က ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရ သည်။

ခိုင်မင်း (နေပြည်တော်)

Myanmar Post

ကျန်းမာရေးမကောင်းသည့် ဝန်ကြီးချုပ် ဦးခင်ဇော်ကို နှုတ်ထွက်ခွင့်ပေး


နိုင်ငံတော်သမ္မတရုံးက တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ အမိန့်အမှတ် ၃/၂၀၁၂ ကို ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ အမိန့်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ ကျန်းမာရေး အခြေအနေအရ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့အရ မိမိသဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။


စစ်တက္ကသိုလ် သင်တန်းသားများ အုပ်စုဖွဲကာ လမ်းလျှောက်ချီတက်မှု ဖြစ်


စစ်တက္ကသိုလ် သင်တန်းသား ၅၀၀ ကျော်ခန့်က မနေ့က လမ်းလျှောက် ချီတက် ခဲ့ကြပါတယ်။ သင်တန်းသားများက စစ်တက္ကသိုလ်မှာ ကားတွေအများကြီးရှိနေပေမယ့် ကျောင်းသွား ကျောင်းပြန်ကို အုပ်စုဖွဲ့ကာ လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ပြင်ဦးလွင် မြို့ထဲကို အုပ်စုဖွဲကာ ချီတက် လမ်းလျှောက်ရုံတင်မကပဲ ပြေးလွှားကာ ဆောင်ပုဒ်များကိုပါ အော်ဟစ်သွားကြကြောင်းကို ကိုယ်တိုင်မြင်တွေ့ရသူတစ်ဦးက MEG ကို အခုလို ပြောပြပါတယ်။

"ကျွန်တော်တို့ အိမ်ရှေ့ကဘဲ သူတို့ သူတို့ အော်ဟစ် ပြေးသွားကြတယ်... သင်တန်းသား တော်တော်များတယ်... ရဲစခန်းရှေ့ကနေ ဖြတ်သွားတယ်" လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ဆိုပါတယ်။

သင်းတန်းသားတွေက သောကြာနေ့တိုင်း

"ဘေးပြောတာကိုမယုံနဲ့ သွေးပြောတာကိုယုံ"
”ဘယ်သူခွဲခွဲ ဒို့မခွဲ အမြဲစည်းလုံးမည်”
”ဒို့ပြည်သူအတွက် လေ့ကျင့်ပေး”

စတဲ့ ဆောင်ပုဒ်များကို အော်ဟစ်ပြီး မြို့တွင်းကို ချီတက်ခဲ့ကြပေမယ့် ချွေးထွက်ပြီး ပင်ပန်းနေတဲ့ သင်တန်းသားတွေရဲ့ အခက်အခဲကို အစိုးရမှ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိလျှင် သောကြာနေ့တိုင်း ဆက်လက် ချီတက် ပြေးလွှားသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

သင်တန်းသားများ ချီတက်စဉ်မှာ အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ နှောင့်ယှက်ခြင်းများ မရှိသော်လည်း လမ်းသွားလမ်းလာ ကောင်းမွန်ရေးအတွက် ထိန်းသိန်းပေးတာတွေ ရှိတယ်လို့ သိရပါတယ်။ အခုလို သင်တန်းသားတွေ မြို့တွင်းသို့ ပြေးလွှားချီတက်ခြင်းဟာ အပတ်စဉ်လိုလိုဖြစ်နေပြီး စစ်တက္ကသိုလ်အတွင်းမှာလည်း နေ့စဉ်လိုလို အုပ်စုဖွဲ့ လမ်းလျှောက်ချီတက် မှုတွေ ဖြစ်နေတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ဆိုပါတယ်။

အခုဆိုရင် စစ်တွေတက္ကသိုလ်က ကျောင်းသားတွေလည်း စစ်တက္ကသိုလ်နဲ့ နာမည်ချင်းနဲနဲဆင်တာကြောင့် အုပ်စုဖွဲကာ လမ်းလျှောက် ချီတက်မှုတွေ လုပ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်တွေတက္ကသိုလ်ကျောင်းသားတွေကတော့ အုပ်စုဖွဲ့ပြီး ပြေးလွှားတာမျိုး မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

စစ်တက္ကသိုလ်ကို အားကျနေကြတဲ့ စစ်တွေတက္ကသိုလ်ကျောင်းသားများ


လေးနှစ်တာ ကာလ အတွင်း ၂၀၁၁ ခုနှစ်တွင် ရုပ်ရှင်ကား ပြသခွင့် လျှောက်ထားမှု အများဆုံး ဖြစ်


လေးနှစ်တာ ကာလအတွင်း ပြသခွင့် လျှောက်ထား ခဲ့သည့် စာရင်းအရ ၂၀၁၁ ခုနှစ်အတွင်း ရုပ်ရှင် ဇာတ်ကား ပြသခွင့် လျှောက်ထား မှုမှာ အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ၏ ထုတ်ပြန် ချက်အရ သိရသည်။

မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေး မှူး ဦးသိန်းထွန်းအောင်က “၂၀၁၁ ခုနှစ် အတွင်းမှာ ဆင်ဆာ ကြည့်ပေးတဲ့ ဇာတ်ကား အရေအတွက် ၂၀ ၀န်းကျင် လောက်ရှိပါ မယ်။ အရင်နှစ် တွေနဲ့ နှိုင်းယှဉ် မယ်ဆိုရင် တော့ အမြင့်ဆုံး အရေအတွက် လို့ပြောလို့ ရပါတယ်” ဟု ဆိုသည်။

၂၀၁၁ ခုနှစ် အတွင်း မြန်မာ ရုပ်ရှင် ဇာတ်ကားသစ် ၂၀ ၀န်းကျင် ခန့်ပြသခွင့်ပြု ခဲ့ပြီး လေးနှစ် တာ ကာလ အတွင်းပြသ ခွင့်ပြု ခဲ့သည့် စာရင်း အရ အမြင့်ဆုံး ဖြစ်နေ ကြောင်း သိရသည်။ နှစ် အလိုက် ဆင်ဆာ ခွင့်ပြုခဲ့ သည့် ဇာတ်ကား အရေ အတွက်မှာ ၂၀၀၈ ခုနှစ်တွင် ၁၀ ကား၊ ၂၀၀၉ ခုနှစ် တွင် ၁၂ ကား၊ ၂၀၁၀ ပြည့်နှစ် တွင် ၁၆ ကားနှင့် ၂၀၁၁ ခုနှစ် တွင် ကား ၂၀ ၀န်းကျင်ခန့် ရှိ ကြောင်း သိရသည်။

ကောင်းကင်ထူး

Myanmar Post

၂၀၁၂ တွင် အာဆီယံသတ်မှတ်အကောက်ခွန် ကုန်ပစ္စည်းများမှ ၈၀ ရာခိုင်နှုန်းကို အကောက်ခွန်သုညအထိ လျှော့ချပေးသွားမည်


အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၂ ခုနှစ်မှာ အာဆီယံသတ်မှတ်အကောက်ခွန် ကုန်ပစ္စည်းစာရင်းမှ ၈၀ ရာခိုင်နှုန်းကို အခွန်နှုန်း သုညရာခိုင်နှုန်းအထိ လျှော့ချပေးသွားမယ်လို့ အကောက်ခွန်ဦးစီးဌာနမှ သိရတယ်။ တာဝန်ရှိသူက “မူလအာဆီယံမှာ ခြောက်နိုင်ငံက ၂၀၁၀ ပြည့်နှစ်မှာ ကုန်အားလုံးကို အခွန်သုညရာခိုင်နှုန်းအထိ လျှော့လိုက်ပြီ၊ နောက်ဝင်တဲ့ လေးနိုင်ငံက နှစ်အလိုက် လျှော့ရမှာဖြစ်တယ်၊ ၂၀၀၈ ခုနှစ်မှာ ကုန်ပစ္စည်း ၆၀ ရာခိုင်နှုန်းအတွက် လျှော့ချခဲ့ပြီးပြီး၊ အခု ၂၀၁၂ ခုနှစ်မှာ ကုန်ပစ္စည်း ၈၀ ရာခိုင်နှုန်းအတွက် လျှော့ချပေးရမယ်၊ လာမယ့် ၂၀၁၅ ခုနှစ်မှာ ၉၃ ရာခိုင်နှုန်းအတွက် ၂၀၁၈ ခုနှစ်မှာ ၁၀၀ ရာခိုင်နှုန်းအထိ လျှော့ရတော့မယ်” လို့ ပြောပြတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံပေါင်းစည်းရေး ဦးစားပေးကဏ္ဍ ၁၁ ရပ်ထဲက သစ်အခြေခံကုန်ပစ္စည်း၊ ယာဉ်နဲ့သက်ဆိုင်တဲ့ ကုန်ပစ္စည်း၊ ရော်ဘာအခြေခံကုန်ပစ္စည်း၊ အထည်အလိပ်နဲ့ အဝတ်အထည်၊ စိုက်ပျိုးရေးအခြေခံပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ အီလက်ထရွန်းနစ်ပစ္စည်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာပစ္စည်း၊ သတင်းနဲ့ ဆက်သွယ်ရေးဆိုင်ရာပစ္စည်း၊ လေကြောင်းခရီးသွားကဏ္ဍနဲ့ ကမ္ဘာလှည့်ခရီးသွားကဏ္ဍအလိုက် သတ်မှတ်ထားတဲ့ အခွန်လျှော့ချမှုတွေကို ပြုလုပ်နေကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

မြန်မာ့လွတ်လပ်ရေးနှင့် ဗြိတိသျှအုပ်ချုပ်ရေး နောက်ဆုံးနေ့ (၄-၁-၁၉၄၈)အမှတ်တရ

သုဝေ
အတွဲ ၂၅၊ အမှတ် ၅၀၀ (၇၊ ၁၊ ၂၀၁၁ - ၁၃၊ ၁၊ ၂၀၁၁)

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ၊ မိနစ် ၂၀ တွင် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဘုရင်ခံအိမ်တော်ဝင်း ၌ ကျင်းပနေစဉ်။
ဓာတ်ပုံ - ဦးခင်လေးမောင်

နှင်းများ၊တဖွဲဖွဲကျ၍ အအေးဓာတ်လွှမ်းခြုံထားသောအခါ သမယဖြစ်ပါ သည်။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်၊ နံနက် ၄း၂၀ နာရီအချိန်။

မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားကို စတင်မည်ဖြစ်ပါသည်။

ရန်ကုန်မြို့လယ်ကောင်၌ လွှတ်တော် အဆောက်အအုံ တည်ရှိ၏။

ထိုအဆောက်အအုံ၏ရှေ့တွင် အလံတိုင်နှစ်ခုကို စိုက်ထူထားသည်။

အလံတိုင်တစ်ခုပေါ်တွင် ဗြိတိသျှယူနီယံဂျက်အလံကို လွှင့်ထူထားပြီး အခြား အလံတိုင်တစ်ခုပေါ်၌မူ ဘာမျှမရှိပါ။

အလံတိုင်များရှေ့ ကွင်းပြင်ထဲတွင် ဗြိတိသျှဘင်ခရာအဖွဲ့၊ ဗြိတိသျှ ကိုယ်ရံတော်တပ်ဖွဲ့၊ မြန်မာကိုယ်ရံတော်တပ်ဖွဲ့တို့ ရှိနေ၏။

ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၊ ဘုရင်ခံကတော်နှင့် ၎င်းတို့၏၀န်ထမ်းများ၊ ယာယီသမ္မတ စ၀်ရွှေသိုက်၊ ယာယီဝန်ကြီးချုပ် သခင်နု၊ လွှတ်တော် သဘာပတိ၊ ယာယီအစိုးရ အဖွဲ့ဝန်ကြီးများ၊ ပါလီမန်အမတ်များ၊ နိုင်ငံခြား ကိုယ်စားလှယ်တော်ကြီးများ၊ ကာကွယ်ရေးဌာန တပ်ဖွဲ့ ခေါင်းဆောင်များ၊ ကော်မရှင်နာများ၊ ဌာနဆိုင်ရာ ခေါင်းဆောင် များ၊ အရပ်ဘက် အုပ်ချုပ်ရေးကိုယ်စားလှယ်များ၊ တရားသူကြီးများ၊ ဖဆပလ အဖွဲ့ဝင်များနှင့် ထင်ရှားသော ဂုဏ်သရေရှိ ဧည့်သည်များ အုန်းအုန်းကျွက်ကျွက် ရှိနေကြပါသည်။

နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဘုရင့်တပ်ဖွဲ့မှ သေနတ်များကို တစ်ပြိုင်နက် ပစ်ဖောက်၍ အလေးပြုကြသည်။ ၎င်းနောက် ဂုဏ်ပြု တပ်ဖွဲ့က သေနတ်များအား ပေးအပ်ပြီး ယူနီယံဂျက်အလံကို လျှောချစဉ် ဗြိတိသျှနိုင်ငံတော်သီချင်းကို တီးမှုတ် ပါသည်။ ၎င်းနောက် ဒုတိယအလံတိုင်ပေါ်သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကို လွှင့်တင်ရာ မြန်မာနိုင်ငံတော်သီချင်းကို တီးမှုတ်ပေး ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံအပေါ် ဗြိတိသျှတို့၏အုပ်ချုပ်မှု အဆုံးသတ်သွားပါတော့သည်။

နံနက် ၄ နာရီ မိနစ် ၄၀ တွင် လွှတ်တော်ခန်းမ၌ လွှတ်တော်အစည်းအဝေး ကျင်းပ၏။ ယာယီသမ္မတက သမ္မတအဖြစ်ခံယူပြီး ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကြေညာပါသည်။ ၀န်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင်များ သစ္စာအဓိဋ္ဌာန် ပြုကြသည်။ ၀န်ကြီးများအား ဌာန ဆိုင်ရာတံဆိပ်များ အပ်နှင်းသည်။

နံနက် ၆ နာရီခွဲတွင် အထက်ပါ ပရိသတ်များနှင့်အတူ ဗြိတိသျှအမျိုးသားများ ပါဝင်၍ သမ္မတအိမ်ရှေ့တွင် စုဝေး ရောက်ရှိနေကြ ပါသည်။ ဘုရင်ခံနှင့် သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေး သည်။ ဘင်ခရာအဖွဲ့က တီးမှုတ်သည်။

သေနတ် ၁၇ ချက်ပစ်ပြီး အလေးပြုသည်။ အစိုးရအိမ်တော်ရှိဘုရင်ခံအဆင့် အတန်း အထိမ်းအမှတ်ကို လျှောချစဉ် ဘင်ခရာတီးဝိုင်းမှ ဗြိတိသျှနိုင်ငံတော် သီချင်းကိုတီးမှုတ်ပေးပါသည်။ ၎င်းနောက် သမ္မတ၏ အဆင့်အတန်းအထိမ်းအမှတ်ကို လွှင့်တင်သည့်အခါ၌ ဘင်ခရာအဖွဲ့မှ မြန်မာနိုင်ငံတော်သီချင်းကို တီးမှုတ်ပေးပါသည်။

ပြီးလျှင် ဂုဏ်ပြုတပ်ဖွဲ့က ဘုရင်ခံ နှင့် သမ္မတတို့ကို ဖြတ်ကျော်၍ ထွက်ခွာသွားကြသည်။ အခမ်းအနားပြီးဆုံးသဖြင့် ဘုရင်ခံဆာဟူး ဘတ်ရန့်စ်နှင့် လေဒီရန့်စ်၊ ၎င်းတို့၏အမှုထမ်းအရာရှိများ၊ သတင်းစာ ဆရာများသည် မော်တော်ယာဉ်များဖြင့် သင်္ဘောဆိပ်ကမ်းသို့ ထွက်ခွာသွားရာ လမ်းတစ်လျှောက် လူထုပရိသတ်ကြီးက လက်များဝှေ့ယမ်းကာ နှုတ်ဆက်ကြပါသည်။

ဘုရင်ခံနှင့်အဖွဲ့ကို HMS Birmingham သင်္ဘောကြီးအခမ်းအနားဖြင့် ကြိုဆို၍ မြန်မာနိုင်ငံအား အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွား ပါတော့သည်။

နံနက် ၁၀ နာရီတွင် သမ္မတသည် အစိုးရအိမ်တော်မှ နိုင်ငံတော်မော်တော် ယာဉ်ဖြင့် လွှတ်တော်ခန်းမသို့ သွားရောက်ရာ အစိုးရ အဖွဲ့နှင့် လွှတ်တော် အမတ်များ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။

နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော် သမ္မတက လွှတ်တော်မိန့်ခွန်းမြွက်ကြားပြီး လွှတ်တော်အစည်းအဝေးကိုဆက်လက် ကျင်းပပါသည်။ ဗြိတိန်နှင့် မြန်မာစာချုပ်ကို လွှတ်တော်က အတည်ပြုပြီး တရားသူကြီးချုပ်နှင့် တရားသူကြီးများကိုလည်းကောင်း၊ ရှေ့နေချုပ်၊ စာရင်းစစ် ချုပ်တို့ကိုလည်းကောင်း ခန့်အပ်ပါသည်။

ညနေ ၃ နာရီ အချိန်၌ အစိုးရအိမ်တော် တွင် ၀န်ကြီးချုပ်က သမ္မတအား စာချုပ်နှင့်ပတ်သက်၍ လွှတ်တော်အဆုံး အဖြတ်ကို တင်ပြ သည်။ တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ရှေ့နေချုပ်၊ စာရင်း စစ်ချုပ်တို့ ကျမ်းသစ္စာကျိန်ဆိုကြသည်။ ဗြိတိန်သံအမတ်ကြီးနှင့် အခြားသံ အမတ်ကြီးများက ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ကြသည်။

အသိ အမှတ်ပြုထားသောစာချုပ်ကို လဲလှယ်ကြသည်။ မြန်မာအစိုးရနှင့် ဗြိတိသျှ အစိုးရတို့ တရားဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြသည်။

ည ၇ နာရီ တွင် သမ္မတက အိမ်တော်၌ မင်းပရိသတ်အပေါင်းအား ညစာဖြင့် ဧည့်ခံပွဲ ကျင်းပပါသည်။ ဤသည်ကား ဗြိတိသျှနှင့် မြန်မာ့သမိုင်းတွင် အမှတ်တရ နေ့ထူးကြီး၏အခမ်းအနား အဆုံးသတ်သွားခြင်း ဖြစ်ပါတော့သည်။


Myanmar Times

၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း



ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။

--၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။

ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။

ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့ တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရော ရှိပါသေးသလား

ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။

ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရော ဘယ်လိုစီစဉ်ထားပါသလဲ။

အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။

အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင် အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။

ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့ မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကို ဥပမာ ပြောပြလို့ရနိုင်မလား။

ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ခု ရွှေပြည်တံခွန်က လုပ်တဲ့ ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့ လုပ်ဆောင်မှာပါလား။

မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။

ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့ စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာ အရင်ရောင်းချမှာပါလဲ။

ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။

အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှုရော ရှိပါရဲ့လား။

ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။ ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။

အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ် မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရော ဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructure တွေက အသင့်ဖြစ်ပါပြီလား။

အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပါ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။

ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက ၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လို ပေးဆောင်ရမှာပါလဲ။ အင်တာနက် အသုံးပြုဖို့ကိုသီးသန့် ထပ်ပေးဖို့ လိုပါသလား။



အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။

မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ် ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ ဘာများ ထပ်ဖြည့် ပြောချင်ပါသလဲ။

ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။

ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

http://motherland-2009.blogspot.com/2012/01/md.html မှ ကူးယူဖော်ပြပါကြောင်း

အဂတိ လိုက်စား သည့် တရားသူကြီးများ ကို အရေးယူ နိုင်မည့် ဥပဒေ ပြဋ္ဌာန်း နိုင်ရန် စီစဉ်

အဂတိ လိုက်စား သည့် တရားသူကြီးများ ကို အရေးယူ နိုင်မည့် ဥပဒေ ပြဋ္ဌာန်း နိုင်ရန် စီစဉ်

ဥပဒေနှင့် မညီညွတ်သော အဂ တိလိုက်စားသည့် စီရင်ချက်များချ မှတ်သည့် တရားသူကြီးများကို အ ရေးယူနိုင်မည့် ဥပဒေ ကို ပြည်သူ့ လွှတ်တော် သို့တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ် လျက်ရှိကြောင်း တရား စီရင် ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ရှိ ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီဆောင် (I-12) တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် တရားစီရင်ရေး နှင့် ဥပဒေရေး ရာ ကော်မတီနှင့် ပြည်တွင်း သတင်း ဂျာနယ် မီဒီယာ များတွေ့ဆုံပွဲ အစီ အစဉ် တွင် ပြောကြားသည်။

“တည်ဆဲ ဥပဒေ များမှာ ဥပဒေ နဲ့ မညီညွတ်တဲ့ အဂတိ လိုက်စားတဲ့ စီရင်ချက် တွေချမှတ်တဲ့ တရားသူ ကြီးများ ကို အရေးယူနိုင်တဲ့ ဥပဒေ မျိုး သတ်သတ် မှတ်မှတ်ပြဋ္ဌာန်းထား ခြင်း မရှိသေးတာ ကိုလည်း ကော်မ တီ အနေနဲ့ လေ့လာ တွေ့ရှိရပါတယ်။ ဥပဒေနဲ့ မညီညွတ်တဲ့ အဂတိလိုက် စားတဲ့ တရားသူကြီး မျိုးတို့၊ ဥပဒေ ၀န်ထမ်း မျိုးတို့၊ ရှေ့နေ ရှေ့ရပ်မျိုးတို့ တရားရေး အသိုင်းအ၀ိုင်း မှာရှိသူ တွေ ကို အရေး ယူမယ့် ဥပဒေ မျိုးရေးဆွဲ နိုင်ဖို့ အချက် အလက် စတင် စုဆောင်း နေပါပြီ” ဟု သူရဦးအောင်ကိုက ပြောကြား သည်။

အဆိုပါ ဥပဒေပြဋ္ဌာန်း နိုင်ရန် လာမည့်နှစ် ဇန်န၀ါရီ၌ ကျင်းပမည့် ပြည်သူ့ လွှတ်တော် တတိယ အကြိမ် တွင် တင်သွင်းရန် စီစဉ် လျက်ရှိကြောင်း သိရ သည်။

ခိုင်လင်းကျော်၊ ခိုင်မင်း (နေပြည်တော်)

Myanmar Post

ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်များကို စောင့်ကြည်ရန် ဒေါက်တာသန်းထွဋ်အောင် ညွန်ကြား

သန်းထွဋ်အောင်
အလဲဗင်းမီဒီယာအုပ်စု၏ CEO ဒေါက်တာသန်းထွဋ်အောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက် များကို စောင့်ကြည့်မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက်တစ်ချို့ကို ညွန်ကြားထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်းအသိုင်းက ပြောကြားသည်။
အားစားဂျာနယ်ထုတ်ဝေရာမှတဆင့် သတင်းဂျာနယ်ထုတ်ဝေပြီး နာမည်ကျော်ကြားသူ ဒေါက်တာသန်းထွဋ်အောင် သည် မြစ်ဆုံအရေးကို အကြောင်း ပြုပြီး နိုင်ငံရေးလုပ်ရန် ခြေလှမ်းပြင်နေကာ ၎င်း၏ဖေ့ဘုတ်တွင် ၈၈အရေးခင်းကာလက နိုင်ငံရေးလှုပ်ရှားမှုများကို တင်ထားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
နိုင်ငံရေးလုပ်ခြင်းအပါအ၀င် ဘ၀ပုံသဏ္ဍန်ကို လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြောင်း သို့ရာတွင် အောက်လမ်းနည်း ဖြတ်လမ်းနည်းများ သုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၊ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်အဖွဲ့မှ အလဲဗင်းကို ဆုချီးမြှင့်ခဲ့ရာတွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော် ထောက်ခံပေးခဲ့ကြောင်း ဦးအောင်ဇော်သည် ဘက်မလိုက်သည့် မီဒီယာသမား ရပ်တည်ချက်အကြောင်းပြုပြီး နာမည်ကြီးသူ များကို တိုက်ခိုက်ကာ နာမည်ကြီးအောင်လုပ်သူတစ်ဦးဖြစ်သဖြင့် ဒေါ်စုကို တိုက်ခိုက်ရန် ကြိုးစားနေကြောင်း ၀ါရင့် အယ်ဒီတာတစ်ဦးက ပြောကြားသည်။
နိင်ငံရေးလုပ်ခြင်း၊ မလုပ်ချင်းသည် ဒေါက်တာသန်းထွဋ်အောင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်သော်လည်း နိင်ငံရေးလောဘတက်ပြီး အောက်လမ်း နည်း ဖြတ်လမ်းနည်းများသုံးပြီး လုပ်ကိုင်ရန်မသင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

သတင်းအရင်းမြစ် ။ ။ http://transparencymyanmar2010.blogspot.com/search?updated-min=2012-01-01T00:00:00%2B08:00&updated-max=2013-01-01T00:00:00%2B08:00&max-results=1




Myanmar Express

Person of the Year (သို့မဟုတ်) နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

uts

၂၀၁၁ ခုနှစ်အတွက် Person of the Year အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား Weekly Eleven News Journal မှ ရွေးချယ် ဖော်ပြအပ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့မှ စတင်ပြီး နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့ကာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်သူ့အသံကို နားထောင်ခဲ့သူ၊ မြစ်ဆုံစီမံကိန်း ကဲ့သို့ စီမံကိန်းကြီး တစ်ခုအား ပြည် သူလူထု၏ ဆန္ဒအတွက် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သူဖြစ်၍ ၂၀၁၁ ခုနှစ် အတွက် ထင်ရှားသော လုပ်ဆောင်မှု များရှိခဲ့သူ Person of the Year အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။ အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။

ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။

ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊ အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။

“၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက်ကို ရှောင်ပြေးသွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။ အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ်လို့ သတင်းရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။ တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ်ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။ ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။ ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။ ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။ အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။ ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။ ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) က ပြော ကြားခဲ့သည်။

အကျဉ်းသားစုစုပေါင်း ၆၆၅၆ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များရရှိခဲ့


(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(ခ)နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂.၁.၂၀၁၂ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်များအရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ပြစ်ဒဏ်ပြောင်းလဲခံစားခွင့်အဖြစ် သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်းလဲကျခံရသူ အကျဉ်းသား ၃၁ ဦး၊ အကျဉ်းသူ ၂ ဦး၊ စုစုပေါင်း ၃၃ ဦး၊ ထောင်ဒဏ် ၃၀ နှစ်အထက်မှ ထောင်ဒဏ် ၃၀ နှစ်သို့ ပြောင်းလဲသတ်မှတ်ခံရသူ အကျဉ်းသား ၉၈၈ ဦး၊ အကျဉ်းသူ ၁၃၀ ဦး၊ စုစုပေါင်း ၁၁၁၈ ဦး၊ ထောင်ဒဏ် ၂၀ နှစ်အထက်မှ ၃၀ နှစ်အထိ ပြစ်ဒဏ်မှ ထောင်ဒဏ် ၂၀ နှစ်သို့ ပြောင်းလဲသတ်မှတ်ခံရသူ အကျဉ်းသား ၂၃၀၀ ဦး၊ အကျဉ်းသူ ၄၀၂ ဦး စုစုပေါင်း ၂၇၀၂ ဦးနှင့် ထောင်ဒဏ် ၂၀ နှစ်အောက် ပြစ်ဒဏ်မှ ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ရက်အဖြစ် ခံစားခွင့်ရရှိသူ အကျဉ်းသား ၂၉၈၅၅ ဦး၊ အကျဉ်းသူ ၅၂၅၆ ဦး စုစုပေါင်း ၃၅၁၁၁ ဦး ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁/၂၀၁၂) ကို ဇန်နဝါရီ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်တွင်- ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်း အမှတ် (၉၇/ခ)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄၇)ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံအကြီးအကဲများက သ၀ဏ်လွှာများပေးပို့


၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လည်းကောင်း၊ ဒုတိယသမ္မတများနှင့် နိုင်ငံခြားရေးဝန်ကြီးထံသို့လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သမ္မတ ဟူကျင်ထောင်း၊ အိန္ဒိယနိုင်ငံ သမ္မတ မစ္စပရာတီဘာ ဒေဗီဆင်းပတေးလ်၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ မိုဟာမက်ဇီလာရာမန်၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ ခရစ္စရှန်ဝုဖ်၊ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ လီမြောင်ဘတ်၊ သြစတြေးလျနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တာဘရေ့စ်အေအို၊ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ဟိုရှီဟီကို နိုဒါ၊ ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး မင်းသား နာရပ်ဖ်ဘင်အဗ္ဗဒူလ် အဇစ်အယ်လ်ဆာအုဒ်၊ သြစတြီးယားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဟိန့်ဇ်ဖစ်ရှာ၊ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ မာမွတ်အာမက်ဒီနီဂျက်၊ အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပီရက်စ်၊ အီဂျစ်နိုင်ငံ တပ်မတော်ဦးသျှောင်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မိုဟာမက်ဟူစိန်တန်တဝီ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရွန်တန်စန်း၊ စင်ကာပူပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ သီရိလင်္ကာနိုင်ငံ သမ္မတ မစ္စတာ မဟင်ဒါ ရာဇပက်ခ်စာ၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် နိုရိုဒွန် ဆီဟာမိုနီ၊ ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဒီမစ်ထရီမက်ဗီဒက်ဗ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။


၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လည်းကောင်း၊ ဒုတိယသမ္မတများနှင့် နိုင်ငံခြားရေးဝန်ကြီးထံသို့လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သမ္မတ ဟူကျင်ထောင်း၊ အိန္ဒိယနိုင်ငံ သမ္မတ မစ္စပရာတီဘာ ဒေဗီဆင်းပတေးလ်၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ မိုဟာမက်ဇီလာရာမန်၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ ခရစ္စရှန်ဝုဖ်၊ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ လီမြောင်ဘတ်၊ သြစတြေးလျနိုင်ငံ ဘုရင်ခံချုပ် မစ္စ ကွင်တာဘရေ့စ်အေအိုနှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ဟိုရှီဟီကို နိုဒါတို့က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး မစ္စတာ ဝီလီယံ ဂျက်ဖာဆန်ဟေ့ဂ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်း၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော်ဝန်ကြီး ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr.Andrew Richard Heyn တို့ တက်ရောက်ကြသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

မလေးရှားမှ မျိုးချစ်မြန်မာလူငယ်တစ်စုထံသို့ အိတ်ဖွင့်ပေးစာ

မလေးရှားက မြန်မာမတွေ နော်ဝေက ဒုက္ခသည် မြန်မာမတွေလောက် မဆိုးပါ

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ်ပြောချင်တာလေးနည်းနည်း ရှိပေမဲ့ ဘယ်လိုဆက်သွယ်ရမှန်း
မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း
ရှည်သွားလို့ သည်းခံပြီး အဆုံးထိဖတ်ပေးစေချင်ပါတယ်နော်။

ညီမက ပီနန်မှာအလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက်ပါ။ အစ်ကိုတို့အကြောင်းကို ညီမစသိတာတော့
နည်းနည်းကြာပါပြီ။ ညီမသူငယ်ချင်းတစ်ယောက်က ညီမကိုပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ
တခြားနိုင်ငံသားတွေနဲ့တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး
အဖွဲ့ဖွဲ့ပြီးလုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။

ဖြစ်သင့်တာ ကြာပြီလို့။ ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော်
သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခုကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။

နောက်တစ်ခုကတော့ မြန်မာယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံပြန်ရောက်လို့ မိန်းမယူမယ်ကြံရင်
မလေးရှားကိုရောက်ဖူးတဲ့မိန်းမဆိုရင်တော့ ဝေးဝေးရှောင်မယ်တဲ့။ ညီမလေ အဲ့စကားတွေကြားရတော့ တော်တော်
စိတ်မကောင်းပါဘူး။ အစ်ကိုတို့သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမတော်တော်ပျော်မိတယ်။ ညီမကိုယ်တိုင်
လဲ အပြင်တွေဘာတွေသွားရင် မြန်မာမိန်းကလေးတွေ လူမျိုးခြားယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင်
နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန်အိမ်ကို ပိုက်ဆံပို့တဲ့အချိန်ရယ်
ချက်ဖို့ပြုတ်ဖို့ဈေးမသွားမဖြစ် ကိုယ်တိုင်သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင်ထွက်တာပါ။ ဒါတောင်
ညီမထွက်တိုင်း မိန်းကလေးတွေကို တခြားလူမျိုးတွေနဲ့တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့
သတင်းလေးကြားတော့ ညီမအရမ်းဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လိုကူညီမလဲ။ ဘယ်လိုလုပ်ဆောင်မလဲ။

ညီမအမြဲနားစွင့်နေပါတယ်။ ဒါပေမဲ့ ညီမကိုယ်တိုင်ကလဲ အပြင်သိပ်မထွက်လို့လားတော့ မသိ။ အစ်ကိုတို့အဖွဲ့ရဲ့သတင်းကို မျက်ခြည်ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်းကလေးကမှ အစ်ကိုတို့ အင်တာနက်ပေါ်ကိုတင်လိုက်တဲ့ ဗီဒီယိုလေးကြောင့် အစ်ကိုတို့လုပ်ဆောင်နေတာတွေကို ညီမသေချာသိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင်တာလေးနှစ်ခုရှိပါတယ် အစ်ကိုရေ။

ပထမ ရှင်းပြချင်တာကတော့ မလေးရှားက မြန်မာမိန်းကလေးတိုင်းမပျက်စီးပါဘူးဆိုတဲ့ အချက်ပါပဲ။ အစ်ကိုတို့ရေ
ညီမဖတ်မိဘူးတာလေး တစ်ခုရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒကါအကြောင်းပါ။
တစ်နေ့ အဲ့ဒီဒကာအိမ်ကို သူ့မိတ်ဆွေတစ်ယောက်က ရောက်လာပြီး“ဟေ့ကောင် မင်းကတော့ မစားရက်မသောက်ရက်နဲ့စုပြီး ကျောင်းတိုက်ကြီးလှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့
ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်းခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ”ဆိုပြီး လာပြောသတဲ့။ အဲ့ဒါနဲ့ အဲ့ဒီဒကါကလည်း “ဟုတ်လား လာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့အတူ နှစ်ယောက်ကျောင်းကိုသွားကြသတဲ့။ ကျောင်းရောက်တော့ သူ့သူငယ်ချင်းပြောတဲ့အတိုင်းပေါ့လေ။ ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ်ခဏတက်ဦး”ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ကိုရင်တွေစာသင်တဲ့ဘုန်းတော်ကြီးတွေ တရားထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကိုတွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့”မေးလိုက်ပါတယ်။ သူ့သူငယ်ချင်းကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီးငါးပါးခြင်းခတ်နေတာ။” ဒကါက ထပ်ပြီးတော့

“ဟော့ဒီကျောင်းပေါ်မှာ စာအံစာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါးရှိမယ်ထင်သလဲ ”လို့ ထပ်မေးလိုက်ပါ
တယ်။ သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ်တယ် မင်းအပြင်မှာ
ခြင်းခတ်နေတာကိုပဲ မြင်တာကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။

အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာတွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကိုကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူးနေလိုက်တာ။ မြင်လို့မှမကောင်း။ -ါလုံးလုံးဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီးရှိပါတယ်။

၂၀၁၁ တုန်းက မလေးရှား NLD-LA ကို မလေးရှားရဲက ဝင်ဆီးခဲ့စဉ်

ဒုတိယ ရှင်းပြချင်တာကတော့ မလေးရှားကိုရောက်နေတဲ့ မြန်မာမိန်းကလေးတော်တော်များများရဲ့ ဘဝပေးအခြေ
အနေပါ။ မလေးရှားကို လာပြီးအလုပ်လုပ်နေတဲ့မြန်မာမိန်းကလေးတော်တော်များများဟာ မြန်မာနိုင်ငံရဲ့ အခြေခံ
လူတန်းစား တစ်နေ့လုပ်တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာများပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံအလယ်
အလတ်အဆင့်ရှိတဲ့လူတွေတောင် မလေးရှားကိုမလာပါဘူး။ သူတို့တွေနိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို
အနိမ့်ဆုံး ထွက်တတ်ပါတယ်။ ပြီးတော့ မလေးရှားကိုလာတဲ့ မိန်းကလေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ
ပိုက်ဆံချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့မိန်းကလေးတွေရဲ့ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ လက်မထပ်
ရသေးတဲ့ မိဘအုပ်ထိန်းမှု့အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့အချိန်မှာတော့ မျှော်လင့်
ချက်တွေ တစ်နင့်တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့မစားရဝမခန်းပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။
အဲ တကယ်ရောက်ပြီဆိုတဲ့ အချိန်မှာတော့ ………………….။

မလေးရှားမှာ အလုပ်လုပ်တဲ့မြန်မာမိန်းကလေးတော်တော်များများရဲ့ အခြေခံလစာကို တွက်ရင် မလေးငွေ ရင်းဂစ်
၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ကျော်လောက်နဲ့ တစ်လမှ ၆၀၀ကျော်လောက်ပဲ ရကြပါတယ်။
အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှတွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော်ထွက်နေတဲ့လူတွေလည်း ရှိပါတယ်။
ဒါကရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်းအတွေ့အကြုံရှိ စကားပြောလေးတက်လာတဲ့အချိန်မှပါ။ ) ရောက်စ
၂လ လောက်မှာ ဘယ်လိုမှပိုက်ဆံမပို့နိုင်ပါဘူး။ ဒီမှာ စားဖို့အိုးလေးခွက်လေးတွေ လိုတဲ့ပစ္စည်းလေးတွေဝယ်ရတာကို။

ကဲ ပိုက်ဆံပို့ပြီဆိုတော့ ။ ရတဲ့လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကိုဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံ
တခြားဝယ်စရာတိုလီမှုတ်စလေးတွေက ၁၀၀ ပဲထားဦး။ ဒါအနည်းဆုံးနှုန်းကို တွက်ပြနေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ကုန်ပြီ။ အိမ်အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကိုပို့တဲ့ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။

အဲ့ဒီမှာ အရေးကြီးတာက နောက်မှာကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့အခြေအနေပဲ။ ချေးထားတဲ့ပိုက်ဆံကလည်း
အတိုးကတက်နေ။ ဒါလေးကိုကျေဖို့အမြန်ဆပ်နေတဲ့ အချိန်မှာ အိမ်ကလူတွေက တစ်ခြားပိုက်ဆံဝင်ငွေရှိရဲ့လား။
ကိုယ့်တစ်ယောက်တည်းဆီကပဲ မျှော်ကိုးနေရတဲ့လူတွေလား။ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ
ခမျာ အဆင်ပြေသလို လှုပ်ရှားနေရတာတွေ ညီမတွေ့နေရတယ်။ ညီမလေ သူတို့ကို အရမ်းသနားပါတယ်။ သူတို့
လုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ တခါတလေကျရင် ဘယ်လိုမှလွန်ဆန်လို့မရတဲ့ ဘဝတွေရှိတတ်ကြတယ်
အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကိုမောင်နှမတွေအတွက်
…………………………………………………..။

video

နောက်ထပ်လာချင်လာပါ... မထူးဆန်းတော့ပါ.......

အစ်ကိုတို့ရေ တော်တော်များများကပြောပါတယ် မြန်မာနိုင်ငံမှာ ထမင်းငတ်လို့သေတဲ့မသာ မရှိဘူးတဲ့။ ဟုတ်ပါ
တယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံငါးသောင်းလောက်မရှိလို့ သေတဲ့မသာတွေ ရှိပါတယ်
အစ်ကိုတို့ရေ။ ပိုက်ဆံငါးသောင်းဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။

အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာတင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ပြောဆိုဆုံးမနေတဲ့စကားတွေ ညီမကြားခဲ့ရပါတယ်။ အဲ့ဒီအထဲမှာတစ်ခုက နင်တို့ရုပ်ရည်လေးနဲ့ဆို မြန်မာနိုင်ငံမှာ လင်ကောင်းကောင်းရှာယူလို့ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေအတွက်က ယောက်ျားကောင်းကောင်း တစ်ယောက်ရှာယူလိုက်ရင် သူ့အတွက် ပူစရာမလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာပေါ့နော့။ ဒါပေမဲ့ အဲ့ဒီယောက်ျားက သူ့မိန်းမကိုပဲရှာကျွေးမှာလေ။ သူ့မိန်းမနောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ်မထင်ပါဘူးအစ်ကိုတို့ရေ။ ဒါကညီမ

ပြောပြချင်တဲ့ မလေးရှားကမိန်းကလေးတော်တော်များများရဲ့ ဘဝပေးအခြေအနေပါ။
အစ်ကိုတို့ရေ သိတတ်နားလည်တဲ့လူကြီးမပြောနဲ့ ငယ်ရွယ်စဉ်ကလေးဘဝမှာတောင် မိဘတွေက သားလေးကြီးလာ
ရင် လူကောင်းလုပ်မှာလား လူဆိုးလုပ်မှာလားဆိုရင် လူကောင်းလုပ်မယ်လို့ ဖြေခဲ့ကြ လူကောင်းလုပ်ချင်ခဲ့ကြတာ
ချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ လူဆိုးတွေဖြစ်ကြ
ရတယ်။ အစ်ကိုတို့ရေ အစ်ကိုတို့ရော ဘဝမှာမလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ်လုပ်နေရတဲ့
အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူးဆိုရင်တော့ အစ်ကိုတို့ဟာ တော်တော်ကံကောင်းတဲ့လူတွေပါပဲ။
ညီမတောင် အခုဖြစ်နိုင်ရင် မလေးရှားမှာအလုပ်မလုပ်ချင်ပါဘူး။ မြန်မာပြည်ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော်
ရွှင်ရွှင်လွတ်လွတ်လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ်လုပ်ရတာ အနည်းနဲ့အများအခက်
အခဲတွေ ရှိနေတာ ဖိနှိပ်မှု့တွေရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့လူတွေပဲဆိုတော့ သိမှာပါအစ်ကို
ရေ။ ဒါတောင်ညီမက တချို့သော မိန်းကလေးတွေလို မိသားစုမှာတစ်ဦးတည်း ပိုက်ဆံရှာသူမဟုတ်ခဲ့ပါဘူး အစ်ကို
ရေ။ မြန်မာပြည်ကနေ မလေးရှားကိုလာဖို့ပြင်ရတည်းက သတင်းတွေကလည်း ကြားနေတော့ ငါကံဆိုးလိုက်တာ
မသွားချင်ပေမယ့်လည်း သွားရဦးမယ် ငါတော်တော်ကံဆိုးတာပဲလို့ ထင်နေခဲ့သမျှ ဒီက တချို့သော မြန်မာ
မိန်းကလေးတွေရဲ့ ဘဝကို အသိမှာ ငါတော်တော်ကံကောင်းသေးတာပဲလို့ ကိုယ့်ကိုယ်ကို အားပေးမိပါတယ်။
အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုးသားသားနည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေနေနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အစ်ကိုတို့က ပျက်စီးနေပါတယ်ဆိုတဲ့ မြန်မာမိန်းကလေးတွေရဲ့ဘဝကိုလည်း ညီမ စာနာနားလည်ပေး
နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီးနာမည်ပျက်နေရတာလို့ လက်ညှိုးမထိုးရက်ခဲ့ပါဘူး။ သူတို့နေရာ
မှာ ငါသာဆိုရင်ရောဆိုတဲ့ အတွေးနဲ့တင် ညီမအပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့
စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။
အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေရှက်ပြီး မြန်မာပြည်
ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ပေါက်တဲ့နဖူးမထူးပါဘူး အခုဆိုရင် ငါတို့အကြောင်းတွေ
အကုန်သိကုန်ပြီဆိုပြီး အဲ့ဒီနီပေါတွေဆီအပြီးလိုက်သွားတာမျိုး ဘဝကိုဖြစ်သလိုရေစုန်မျှောလိုက်တာမျိုး ဒါမှမဟုတ်
ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာမျိုးဆိုရင်တော့ …………………………………..။

အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာလည်တက်တယ်လေ။ တစ်ချိန်မှာအစ်ကိုတို့မှာ သမီးလေးများ
ရလာခဲ့လို့ အဲ့လိုများဖြစ်သွားကြရင်……………။ အစ်ကိုတို့ရေ စိတ်မဆိုးဘူးဆိုရင် မေးခွန်းတစ်ခုလောက်မေးချင်ပါ
တယ်။ အစ်ကိုတို့ ညီမအရင်းလေးတွေဆိုရင်ရော အဲ့လိုလုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင်ဖြေလိမ့်မယ်။
ညီမအရင်းဆိုရင်လည်း ရိုက်နှက်ဆုံးမသင့်ရင်ဆုံးမရမှာပဲ။ ဒါမှမဟုတ် ငါ့ညီမသာဆို အစောထဲက ငါကိုယ်တိုင်သတ်
ပစ်လိုက်ပြီ အစရှိသဖြင့်ပေါ့။ ညီမသိချင်တာက အဲ့ဒါတွေမဟုတ်ပါဘူး။အစ်ကိုတို့ ညီမအရင်းလေးတွေဆိုရင်ရော
အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ်ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေးအပေါင်းအသင်းတွေ ခေါ်ပြီးတော့
တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေ မနေ့က အစ်ကိုတို့
တင်ထားတာကိုကြည့်ပြီးတော့ မျက်ရည်တောင်ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေဖတ်ခဲ့ဖူးတာလေးတစ်ခု ထပ်ပြောပြချင်ပါတယ်။ စာကလည်း ရှည်နေပြီဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။

တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူရွာသားတွေက ခဲနဲ့ဝိုင်းပေါက်ကြသတဲ့။အဲ့ဒီအချိန်မှာ ဂျီးဇက်ရောက်လာပြီး ဘာဖြစ်တာလဲလို့မေးတော့ ဒီမိန်းမက ပြည့်တန်ဆာအလုပ်လုပ်တဲ့အတွက်ဝိုင်းအပြစ်ပေးနေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့်မရပါဘူး။ အပြစ်ရှိရင်တော့ အပြစ်ပေးရမှာပဲလို့ ပြောပြီး ခဲနဲ့ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကားတစ်ခွန်းထပ်ပြောလိုက်ပါတယ်။ အဲ့ဒီစကားအဆုံးမှာတော့အဲ့ဒီအမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။

ဂျီးဇက်ဘာပြောလိုက်လဲဆိုတော့သင်တို့ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာအပြစ်ကင်းခဲ့တဲ့လူတွေအပြစ်မလုပ်ခဲ့ဖူးတဲ့လူတွေ ဆိုတာသေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ဆက်ပေါက်ကြပါ တဲ့။

အစ်ကိုတို့ရေ အစ်ကိုတို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ စာကလည်းရှည်သွားပြီဖြစ်တဲ့အတွက်
ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့လုပ်ရပ်နဲ့
အကောင်အထည်ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြုလိုက်ပါတယ်။

ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂

ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပါတီတွေ ပြင်ကြပြီ


၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကြား ဖြတ်ရွေးကောက်ပွဲကို ကျင်းပ မည်ဟု နိုင်ငံတော်မှ ထုတ်ပြန်ကြေ ညာခဲ့ ရာတွင် ၂၀၁၀ ပြည့်နှစ်က ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့သောနေ ရာထဲမှ နိုင်ငံတော် အစိုးရအဖွဲ့ ဖွဲ့ စည်းရာ တွင် ပါဝင်ခဲ့ကြသော ကိုယ် စားလှယ် များ၏ လစ်လပ်သွားသည့် နေရာများ အတွက်သာပါဝင်ပြီး ၂၀၁၀ ပြည့်နှစ် က မကျင်းပဖြစ်ခဲ့ သော ၁၇ နေရာ မပါဝင်ခဲ့ သည်ကို တွေ့ရသည်။ ယခုကြားဖြတ်ရွေး ကောက်ပွဲသည် ၂၀၁၀ ပြည့်နှစ်က ပါဝင်ခဲ့ကြသော ပါတီများအတိုင်းသာ ကျင်းပ သော်လည်း လူထု စိတ်ဝင်စား သော အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD )ကရှိနေသည်။ ၄၈ နေရာ လုံးအတွက် ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရာ တရားဝင်မှတ်ပုံတင်မည့်အပြင် လူထုကသတ်မှတ်ထားသော မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင် ပြီး လွှတ်တော် အတွင်းဝင်ရောက် မည်ဆိုသည့်အတွက် လူထုကြား တွင် ရေပန်းစားလှုပ်ရှားခဲ့လျက်ရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူအချို့က ပြောကြားသည်။ ထို့ကြောင့် ဘယ် ပါတီကဘယ်လိုဝင်မလဲ၊ဘယ်နေ ရာတွေ ၀င်မလဲဆိုသည်ကို အချိန်ရ သမျှ စုစည်းတင်ပြလိုက်ပါသည်။

ဦးသုဝေ(ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ)

အရင်ကတည်းက ဆုံးဖြတ် ထားတဲ့အတိုင်း ရန်ကုန်တိုင်း ဒေသ ကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် တစ်နေရာကိုပဲ ၀င်ပြိုင်မှာပါ။ တစ်နိုင်ငံလုံးမှာမှ ဒီ တစ်နေရာ ကိုပဲပြိုင်မယ်။ အခု NLD ကလည်း ၄၈ နေရာလုံးကို ၀င်ပြိုင်မှာ ဆိုတော့ ဒီမြို့နယ်မှာ သူတို့နဲ့လည်း ပြိုင်ရမှာပေါ့။ ဒီမိုကရေစီ နည်းလမ်း ကျပါတယ်။ ဒီကြားဖြတ်ရွေးကောက် ပွဲ မတိုင်ခင်ကတည်းက အခုရွေး ကောက် ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ တွေ့တဲ့ အခါမှာ သူက တရားမျှ တစွာနဲ့ဖြစ် ဖို့ အကြိမ်ကြိမ် ပြောပြီးသားပါ။ အ များကြီး တိုးတက် ကောင်းမွန်မှာပါ။ NLD နဲ့ပတ်သက်ပြီးတော့ ကျွန် တော်တို့နဲ့ စကား မပြောရသေးဘူး။ မဆွေးနွေး ရသေးဘူး။ ဒါ့ကြောင့် ဘာမှ ပူးပေါင်း ဆောင်ရွက်ဖို့ မရှိသေး ပါဘူး။ သူတို့ပါတီကတော့ လူထုရဲ့ စိတ်ဝင်စားမှု၊ အားပေးမှု အများကြီး ရှိတဲ့ ပါတီ ဆိုတော့ သူတို့ဘယ်လောက် အထိနိုင်မယ်ဆိုတာ မပြောတတ်ပါ ဘူး။

ဦးစောစေးဝါး(ကရင်ပြည်သူ့ပါတီ)

ကျွန်တော်တို့ ပါတီကတော့ ဒီ ကြားဖြတ်ရွေးကောက် ပွဲကို ၀င်ပြိုင် တော့မှာ မဟုတ်ပါဘူး။ မိတ်ဖွဲ့ထား တဲ့ပါတီ တွေ ဆိုတာလည်းမရှိတော့ ဘယ်ပါတီကိုမှ ကူညီမှာမဟုတ်ပါ ဘူး။ အခုနိုင်ငံရေး လုပ်ငန်းနဲ့ ပတ်သက် ပြီး ပုံမှန် စည်းရုံးရေး လုပ်ငန်းတွေ လောက်ပဲ လုပ်နေပါတယ်။ ဒီကြား ဖြတ် ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ပြောရရင် အရင် ရွေးကောက် ပွဲထက် တိုးတက်မှု တွေ ရှိလာ လိမ့်မယ်လို့ တော့ မျှော်လင့် ပါတယ်။ နောက်ပြီး တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD )နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် NLD နဲ့ပတ် သက်ပြီး မခန့်မှန်းနိုင်ပါဘူး။ သူတို့ ပါတီနဲ့ တွေ့ဆုံ ဆွေးနွေး ဖို့ဆိုရင် ကျွန် တော်တို့ ပါတီမှာ ဒါကို သီးခြားဆွေး နွေးရပါဦးမယ်။

ဦးဟန်ရွှေ(ဗဟိုကော်မတီဝင်)

(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

အကြမ်းဖျင်း ကြေညာချက်မ ထွက်ခင်ထဲက စဉ်းစားထားတာရှိ တယ်။ လစ်လပ်နေတဲ့ ၄၈ နေရာကို ပဲ စဉ်းစား ထားတယ်။ ရွေးကောက် ပွဲ မကျင်းပဖြစ်တဲ့ ၁၇ နေရာကို မ စဉ်းစားထားဘူး။ ဒီ ၄၈ နေရာထဲ က ၂၀ ကျော် လောက်ကိုဝင်ဖို့ စဉ်း စား ထားတယ်။ ကချင်ပြည်နယ်၊ မော် လမြိုင်၊ မန္တလေး၊ မကွေး စသဖြင့်ပေါ့။ သုံးနေရာ လောက်ရှိနေရင် တစ်နေ ရာလောက် တော့ ၀င်ပြိုင်မယ်ပေါ့။ ဥပဒေ ထွက်ရင် ပြန်စိစစ် ရမှာပေါ့။ နောက်ပြီး ငွေကြေး၊ ကိုယ်စားလှယ် လောင်း ဒါတွေကအစ ပြန်စိစစ်ရွေး ရဦးမှာပေါ့။ အရင်က NLD မပါတော့ စဉ်းစားတာ တစ်မျိုး၊ အခုပါလာ တော့ စဉ်းစား ရတာပေါ့။ မဲဆန္ဒနယ် တွေမှာ မူလရှိခဲ့တဲ့ ကိုယ်စားလှယ် တွေ အပြောင်းအလဲဖြစ်လာနိုင်ပါ တယ်။ ဒီအခုရွေးကောက်ပွဲကော်မ ရှင်ကတော့ ပြောထား ပါတယ်။ လွတ် လပ်တရား မျှတစွာနဲ့ ဖြစ်အောင်ကို လုပ်ပါ့မယ်ပေါ့။ ကျွန်တော် တို့က ၂၀၁၀ ပြည့်နှစ်မှာ ခံစား ခဲ့ရပါတယ်။ အရင်ဥက္ကဋ္ဌ လည်း ဒီလိုပြောခဲ့တာပဲ။ ဒါကြောင့် စောင့်ကြည့်ရ ဦးမှာပါ။ NLD ပါတီကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းကလည်း ၀င်ခဲ့ တယ်။ အများစု လည်း နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီပါတီက အရေးထားရ မယ့် ပါတီတစ်ခုဖြစ်ပါတယ်။ ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ရေးဆွဲစဉ်က သူတို့ နုတ်ထွက်ပြီး တဲ့နောက်ပိုင်းမှာ နိုင်ငံ ရေးပါတီ တစ်ခုရှိနေပေမယ့် နိုင်ငံရေး လောကဓံ တွေ အများကြီး ကို ခံစား ခဲ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတုန်း က လည်း ကျွန်တော် တို့နဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပြီး သားပါ။ ဒါ့ကြောင့် အခုလို ဥပဒေနဲ့တကွ မှတ်ပုံတင်၊ တရားဝင် နိုင်ငံရေးပါတီထူထောင်၊ ရွေးကောက် ပွဲဝင်ခဲ့ တာဆိုတော့ ကောင်းပါတယ်။ ဒီလို အချင်းချင်း ၀ိုင်းဝန်းပြီး နိုင်ငံ ဒီမိုကရေစီနိုင်ငံ တည်ဆောက် ကြ ရတာပေါ့။

ဦးဇော်အေးမောင်(တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ရဲ့ ရခိုင်အမျိုးသား များတိုးတက်ရေးပါတီက ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမှာမဟုတ်ပါဘူး။ ဒီ မိုက ရေစီအင်အားစုပါတီတွေကို ဦး စားပေးတဲ့ အနေနဲ့ အကူအညီ ပေး တော့မယ်။ ကျွန်တော်တို့ပါတီက ၀င်မပြိုင် တော့ဘူး။ သူတို့ဘက်က လိုအပ်တဲ့ စည်းရုံးရေးအပိုင်း တွေမှာ လူအင်အားကူညီမယ်။ နောက်ပြီး ၀င်ပြိုင်ကြမယ့် ဒီမိုက ရေစီပါတီတွေ အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့အ ခါမှာ လိုအပ်တဲ့မဲရုံ ကိုယ်စားလှယ်၊ မဲရုံမှူးတွေရဲ့ နေရာတွေမှာ ပံ့ပိုးကူညီ သွားမယ်။ ယခုလာ မယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတ စွာ ယှဉ်ပြိုင်ခွင့် ရရှိလိမ့်မယ်လို့ ထင်ပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လစ်လပ် နေသော ကိုယ်စား လှယ် ၄၈ နေရာ လုံးမှာ အနိုင်ရရှိ ဖွယ်ရှိတယ်။ ဒီရွေးကောက်ပွဲက မျှ မျှတတရှိမယ် လို့ထင်ပါတယ်။ အရင် ရွေးကောက်ပွဲ တုန်းကလိုမျိုး ဖြစ် လိမ့်မယ် မထင်ပါဘူး။ ၂၀၁၀ ပြည့် နှစ် ရွေးကောက်ပွဲ တုန်းက ပြည်ခိုင် ဖြိုးပါတီက ကိုယ်စားလှယ် နေရာ အများဆုံးရရှိမှု အပေါ် ရွေးကောက် ပွဲဝင်ပါတီများက ဝေဖန်မှုများရှိခဲ့ပေ မယ့် ယခုကြားဖြတ် ရွေးကောက်ပွဲမှာ တော့ အရင်ရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ မဟုတ်တော့ ဘဲ အသစ်ပြန် လည် ဖွဲ့စည်းထားတဲ့ ကော်မရှင် အ ဖွဲ့ဖြစ်လို့ မျှတသော ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။

ထက်ခေါင်လင်း

Myanmar Post

နိုင်ငံခြားသား မိန်းမတစ်ယောက်ရဲ့ ဗုဒ္ဓဘာသာကို စော်ကားတဲ့ အပြုအမူ

သီလရှင်မများနှင့် အပေးအယူလုပ်ချိန်မှာ ဖိနပ်ချွတ်ရမယ်ဆိုတာကို မသိပါ

ပွဲကို မိန်းမတွေက ရှေ့ဆုံးကထိုင်ကြပြီး

ကတုံးတွေက နောက်မှာထိုင်ကြသည်

သီလရှင်က လူ မိန်းမတွေထက် ပိုမြတ်တယ်ဆိုတာ မိဘတွေက မသင်ပေးခဲ့ဘူးလား

ခရစ်ယာန်ဘုန်းကြီးနဲ့တွေ့တော့ သွား ၃၂ ချောင်းကို ဖြီးလို့

နိုင်ငံခြားသားလာတော့ လက်အုပ်တောင်ချီလိုက်သေး



Myanmar Express

တရားစီရင်ရေး မဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင် စေမည့် လွှမ်းမိုး မှုများ မရှိတော့ကြောင့် သူရ ဦးအောင် ကို ပြောကြား

တရားစီရင်ရေး မဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင် စေမည့် လွှမ်းမိုး မှုများ မရှိတော့ကြောင့် သူရ ဦးအောင် ကို ပြောကြား

လက်ရှိ အချိန်တွင် တရားစီရင် ရေး မဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်စေ မည့် လွှမ်းမိုးမှုများ မရှိတော့ကြောင်း တရားစီရင် ရေးမှာ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီ တွင် နေပြည်တော် ရှိ ပြည်သူ့လွှတ် တော် ရေးရာ ကော်မတီဆောင် I-12 တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော် မတီနှင့် ပြည်တွင်း သတင်း ဂျာနယ်မီဒီ ယာများ တွေ့ဆုံပွဲတွင် ပြောကြားသည်။

“ဒီမိုကရေစီ ဟာ ကျယ်ဝန်းလှပါ တယ်။ ဒီမိုကရေစီ အောင်မြင်စွာဖော် ဆောင်နိုင်ဖို့ ဆိုရင် တရားရေး မဏ္ဍိုင်ကြံ့ ခိုင်ရေး အတွက် တရားဥပဒေ စိုးမိုးရန် အထူး လိုအပ်ပါတယ်။ တရား ဥပဒေကို ညွှန်ကြားချက် က လွှမ်းမိုးထားရင်၊ ညွှန် ကြားချက် ကို နှုတ်မိန့်က လွှမ်းမိုး ထား ရင် တရားရေး မဏ္ဍိုင် တိမ်းစောင်းယိမ်း ယိုင်သွား မှာဖြစ်ပါတယ်။ အဲဒီ လွှမ်းမိုးမှု တွေ အခုအချိန် ကစပြီး မရှိတော့ကြောင်း ဒီမှာ အတိ အလင်း ပြောကြား လိုပါတယ်” ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌ သူရဦး အောင်ကိုက ပြောကြားသည်။

ခက်မ သုံးဖြာအချုပ်အခြာအာ ဏာ မဏ္ဍိုင် သုံးရပ်၏ တတိယ မဏ္ဍိုင် ဖြစ်သည့် တရား စီရင်ရေး မဏ္ဍိုင်နှင့် ပတ်သက်၍ ဒီမိုကရေစီ နိုင်ငံသစ်နှင့် လိုက်လျောညီ ထွေဖြစ်စေမည့်ပြုပြင် ပြောင်းလဲမှု “အရွေ့” မရှိသေး ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများက ဝေ ဖန်ထောက်ပြလျက် ရှိကြောင်း၊ လက် ရှိ တရားစီရင်ရေး စနစ်တွင် ကျင့်သုံး လျက်ရှိသည့် လုပ်ထုံး လုပ်နည်း အချို့ သည် ဒီမိုကရေစီ ဖော်ဆောင် နိုင် သော အခြေအနေ မရှိဟု သုံးသပ်ဝေ ဖန်လျက် ရှိကြောင်း၊ လွတ်လပ်သော တရားစီရင်ရေး စနစ်မရှိခြင်း (အမိန့် ပေးစနစ် လွှမ်းမိုး နေခြင်း)၊ ထင်သာမြင် သာသော တရားစီရင်မှု မရှိခြင်း၊ အဂ တိ လိုက်စားခြင်း တို့သည် တရားရေး မဏ္ဍိုင် ယိမ်းယိုင် စေသောအကြောင်း တရား များဖြစ်ကြောင်း၊ နိုင်ငံ၏ လက် ရှိ တည်ဆဲ ဥပဒေ တွေကို ပြန်လည် စိစစ်ရာ ဒီမိုကရေစီ နှင့် မကိုက်ညီသည့် ဥပဒေ ဟောင်းများ ပါဝင်ကြောင်း သူရ ဦးအောင်ကို က ပြောကြားသည်။

ခိုင်လင်းကျော်

ခိုင်မင်း(နေပြည်တော်)

The Myanmar Post

စစ်ရာဇ၀တ်မှုကျူးလွန်နေသော KIA ခေါင်းဆောင်ကြီးများသို့ အိတ်ဖွင့်ပေးစာ အပိုင်း(၃)

အပိုင်း(၁)နဲ့ အပိုင်း(၂) ကို ဖတ်ပြီးတဲ့ သူတွေဆီကနေဝေဖန်မှုတွေ၊ အမြင်မတူညီမှုတွေအများကြီး တွေ့ရပါတယ်။ တစ်ချို့ကလည်း ဆိုဒ်ဝါးသတင်းတွေလို့ထင်ပြီး၊တစ်ချို့လက်တွေ့ခံစားခဲ့ရတဲ့ သူတွေအနေနဲ့ ကျတော့လည်းထပ်ရေးဖို့ ကျွန်တော်မသိတဲ့အကြောင်းအရာတော်တော်များများ ကိုပြောပြလာပါတယ်။ တကယ်တော့ဒီသတင်းအချက်အလက်တွေဟာ တကယ့်ဖြစ်ရပ်မှန်တွေဖြစ်ပြီး အမြင်မတူတာတစ်ခုထဲနဲ့ အစိုးရရဲ့ ဆိုဒ်ဝါးသတင်းတွေလို့ထင်တာ တကယ်စိတ်မကောင်းစရာပါပဲ။ ကျွန်တော်ကိုယ်တိုင်က ကချင်လူမျိုးတစ်ယောက်ဖြစ်သလို ကချင်လူမျိုးတွေကြောင့် ကချင်ပြည်နယ်ကြီး တိုးတက်ဖွံ့ဖြိုးတာကို မြင်ချင်ခဲ့သူပါ။ တကယ်တန်းကျတော့ အဲ့လိုမဟုတ်ခဲ့ဘဲ ကချင်ပြည်နယ်ဟာ ကချင်လူမျိုး KIA ခေါင်းဆောင်ကြီးများကြောင့် အထီးကျန်ပြီး၊ အကျည်းတန်တဲ့ နေရာဖြစ်လာနေပါပြီ။KIA ရဲ့လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးကိုလိုလားစွာနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ KIO အဖွဲ့ကြီးကိုတောင် အကြမ်းဖက်အဖွဲ့အစည်း အဖြစ်မြင်လာကြပါပြီ။

အေးချမ်းသာယာလှပတဲ့ မနောမြေလို့တင်စားခေါ်တွင်ခဲ့တဲ့ ကချင်ပြည်နယ်က ပြည်သူတွေအပါအ၀င် ဒေသခံတိုင်းရင်းသားတွေကို ရက်ရက်စက်စက် သက်ဖြတ်ခဲ့မှု၊ လမ်းပန်းဆက်သွယ်မှု ဆိုင်ရာ နေရာတွေမှာ ဗုံးထောင်ဖောက်ခွဲမှု၊ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ဖို့ တည်ဆောက်ထားတဲ့ တာဝါတိုင်တွေ ဖျက်စီးမှုတွေကတော့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ အကျိုးစီးပွားတွေအတွက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဖြစ်နေတာ အစိုးရတပ်တွေနဲ့ပါ။ တကယ်တန်းခံစား နေရတာကတော့ ပြည်သူတွေပါဘဲ။ အခုလိုလုပ်တာကတော့မသိနား မလည်တဲ့ ပြည်သူတွေနဲ့ ရိုးသားအေးဆေးစွာ နေထိုင်တတ်တဲ့ ကချင်လူမျိုးတွေအပေါ် ကျူးလွန်မိတဲ့ စစ်ရာဇ၀တ်မှုတွေပဲဖြစ်ပါတယ်။ ၁၇နှစ် နှစ်တာကာလပတ်လုံး ငြိမ်းချမ်းခဲ့တဲ့ ကချင်ပြည်နယ်ကြီးက အခုတော့ သေနတ်သံတွေ ၊ မိုင်းကွဲသံတွေ၊ ယမ်းခိုးယမ်းငွေ့တွေနဲ့ ကချင်ပြည်နယ်ရဲ့ အလှတရားကို အကျည်းတန်စေခဲ့ပါပြီ။ ကျွန်တော်တို့လို ဒေသခံကချင်လူမျိုးတွေကို နှိပ်စက် ညှင်းပန်းမှုတွေလုပ်နေတဲ့ KIA ကိုအကြမ်းဖက်အဖွဲ့အစည်းကြီး တစ်ရပ်လို့မြင်လာပါပြီ။ ရိုးသားအေးဆေးစွာ နေထိုင်တတ်တဲ့ ဒေသခံတွေကတောင်ဒီလိုမြင်လာရင် မြန်မာပြည်အနှံအပြားက ညီနောင်သားချင်းတွေနဲ့ ကမ္ဘာနိုင်ငံတွေက မမြင်ဘဲနေပါ့မလားဆိုတာ ကချင်ခေါင်းဆောင်ကြီးများ သတိထားသင့်တဲ့အချိန်ရောက်နေပါပြီ။

အစိုးရတပ်တွေက ချီစစ်ဆင်ပြီး စတင်မတိုက်ခိုက်ဘူးပြောနေပေမယ့် အောက်ခြေမှာ KIA တပ်များက အစိုးရတပ်တွေကို ဆက်လက်ချောင်းမြောင်းတိုက်ခိုက်နေတာလဲ စိတ်မကောင်းစရာပါဘဲ။ ဒီနေ့ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲပုံသဏ္ဍာန်အရ ခေါင်းဆောင်ကြီးများက ဒေသခံပြည်သူကို ပစ်မှတ်ထားပြီး စစ်ပွဲဆိုတာကို မရပ်နားရအောင်များ ဖန်တီးနေသလားလို့တွေးမိပါတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကတော့ KIA ရဲ့ လုပ်ရပ်တွေက သက်သေသာဓကနဲ့ ပြနေမှာပါ။ ကျွန်တော် စုဆောင်းထားတဲ့ အချက်အလက် တွေထဲက အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။

ဇွန်လ ၁၇ ရက်နေ့က (၅၉)မိုင် ကြိုးတံတားကို ဗုံးခွဲလို့ မေခမြစ်ထဲပျက်ကျသွားခဲ့ရပါတယ်။ အဲ့ဒီနေ့မှာပဲ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပေါ်မှာမိုင်းခွဲခဲ့တာတွေ၊ နောက်ပြီး ဇွန်လ ၁၉ရက်နေ့က မြစ်ကြီးနား-ဗန်းမော်သွားတဲ့ကားလမ်း အောင်ဂျာကျေးရွာနဲ့ မဒီယန်းကျေးရွာနားကတံတားကိုဖျက်စီးခဲ့တာတွေ၊ ဇွန်လ၂၁ရက်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ကမြို့နယ်လ၀ကရုံးကိုဗုံးခွဲခဲ့တာတွေ၊ ဇွန်လ ၂၄ရက်နေ့မှာ ဖားကန့်မြို့ အေးမြသာယာရပ်ကွက်က ယူနတီကုမ္ပဏီပိုင်ယန္တရားတွေကို မိုင်းခွဲတာတွေ၊ နိုဝင်ဘာလ ၂၁ရက်နေ့က အစိုးရတပ်ရဲ့ ကိုက်ထိပ်စခန်းအနီးက ဆက်သွယ်ရေး မိုက်ခရိုဝေ့ဖ် တာဝါတိုင်ကို ဗုံးခွဲခဲ့တာတွေ၊နိုဝင်ဘာ၂၂ရက်နေ့က ၀ိုင်းမော်-ကန်ပိုက်တီးသွားကားလမ်း ၀ါရှောင်ရွာ နဲ့ ဘွမ်တောင်ကြား အရောက်မှာကေအိုင်အေမှ အဝေးထိန်းခလုတ်သုံးကာ မိုင်းထောင်ဖောက်ခွဲလို့ အပြစ်မဲ့တဲ့အရပ်သား တွေသေကြေ ဒဏ်ရာရရှိခဲ့တာတွေ၊ နိုဝင်ဘာ၂၃ရက်နေ့က ဦးဒရောင်တန်ဂွမ်း နေအိမ်မှာဗုံးကွဲခဲ့လို့ KIA က ဂွမ်ရှောင်နဲ့ ဖော်မြန်လှတို့သေဆုံးခဲ့တာတွေ၊ နိုဝင်ဘာ(၂၉) ရက်နေ့က မြစ်ကြီးနား စီတာပူရပ်ကွက်က နတ်ဂျော့ဗိမ္မာန်ခြံစည်းရိုးရှေ့က မနောကွင်းထောင့်မှာ မိုင်းထောင်ခဲ့တာတွေ၊ ဒီဇင်ဘာလ ၂ ရက်နေ့ကနေစပြီး မိုးမောက်မြို့နယ်၊ တာလီကျေးရွာအုပ်စု၊ နောင်အိမ်ကျေးရွာက ကချင်လူမျိုး မိသားစု ၃၀၊ ယောင်္ကျား ၃၂ ဦး၊ မိန်းမ ၄၈ ဦး ပေါင်း ၈၀ ဦးကို တပ်ရင်း ၂၅ တည်ရှိရာ ညောင်ပင်နေရာ ပတ်ဝန်းကျင်သို့ ပြောင်းရွှေ့ခိုင်းပြီး ဒေသခံကချင်တွေကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တာတွေ၊ ဒီဇင်ဘာ (၇) ရက်နေ့ကလည်း ဟိုပင်မြို့အနီးက တကွင်းကျေးရွာနဲ့ မြို့သာယာကျေးရွာတံတားကို မိုင်းထောင်ဖျက်စီးခဲ့တာတွေ၊ ဒီဇင်ဘာလ (၁၈) ရက်နေ့က မိုးကောင်းမြို့နယ် ထိုဖူးနဲ့ဆားမှော်ကြားက မိုင်တိုင်အမှတ် ၆၇၈(၁၁/၁၂)ကြားမှာမိုင်း(၃)လုံး၊ မိုင်တိုင် (၁၂/၁၃)ကြားမှာ မိုင်း(၂)လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရထားသံလမ်းတွေပြတ်တောက်ရုံသာမကဘဲ KIA ရဲဘော်တွေဖြစ်တဲ့ တကမဒီလုအောင်နဲ့ သူ့သူငယ်ချင်းတစ်ယောက်သေဆုံးခဲ့ရတာကလည်း အထင်အရှား မြင်တွေ့မိကြမှာပါ။

ဒါကိုမှKIAကလုပ်တာမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဘယ်သူတွေလုပ်တယ်လို့ ပြည်သူကိုအယုံသွင်းပါစေ ခေါင်းဆောင်ကြီးများရဲ့လုပ်ရပ်ကို သိသိကြီးနဲ့ ရင်စီးခံနေရတဲ့ ကျွန်တော်တို့ ဒေသခံတွေက စစ်တပ်ကိုသတင်းပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော်တို့အပေါ် ဖိနှိပ်လာပါတယ်။ ကိုယ့်လူမျိုးကိုတောင် သံယောဇဉ်ကင်းမဲ့စွာနဲ့ မထင်ရင်မထင်သလို သတ်ဖြတ်နေတာတွေ မြင်တွေ့နေရတော့ ရင်ထဲမှာနင့်နေအောင် ခံစားရပါတယ်။ အေးချမ်းစွာနေထိုင်၊ လုပ်ကိုင်၊စားသောက်နေတဲ့ ကချင်လူမျိုး အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးငွေကြေးနဲ့ ပြန်ရွေးခိုင်းတာကတော့ ကိုယ့်ရပ်တည်မှုအတွက် ကိုယ့်အမျိုးကိုယ် ကိုယ်တိုင်နှိပ်စက်နေတာလားလို့ မေးချင်ပါတယ်။KIAက ထောင်ခိုင်းခဲ့တဲ့ မိုင်းတွေကြောင့် သေခဲ့ရတဲ့ မသိနားမလည်တဲ့ ကိုယ့်မျိုးနွယ်တွေလည်းမနဲဘူးဆိုတာ လိုင်ဇာမှာနေတဲ့သူတွေအသိဆုံးဖြစ်ပါလိမ့်မယ်။

ဒီဇင်ဘာလ(၁၁)ရက်နေ့က KIA ကဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကချင်နယ်စပ်ကဈေးတွေမှာ ဈေးရောင်းပြီး ရိုးသားစွာရှာဖွေစားသောက်နေတဲ့ ပဲခူတိုင်း ကျောက်တံခါးမြို့နယ်က ကိုမောင်မြင့် သေကံမရောက် အသက်မပျောက်ပဲ ပြန်ရောက်လာခဲ့ပါတယ်။ ကိုမောင်မြင့်ရဲ့ အစ်ကိုကလဲ သူ့ညီကိစ္စနဲ့ပက်သက်ပြီး မကျေနပ်လို့ သက်ဆိုင်ရာ ဌာနတွေကနေ နိုင်ငံတကာကိုတိုင်မယ်လို့ ပြောဆိုနေလေတော့ KIA အဖွဲ့ကြီးအတွက် များစွာမှပဲ ရင်လေးမိပါတယ်။ သူလွတ်လာပြီးတဲ့နောက် KIA စခန်းမှာခံစားခဲ့ရမှုတွေကိုပြန်ကြားရတဲ့အချိန်မှာတော့ ခေါင်းဆောင်ကြီးတို့ဟာ ကိုယ့်လူမျိုးကို ဖမ်းဆီးတာတင်မကဘဲ တရုတ်လူမျိုးတွေပါ ရန်ရှာနေတာပါလား ဆိုတာသိလိုက်ရပါတယ်။ သူ့ဆီကအထောက်အပံ့ မရလို့ သူ့လူမျိုးကိုဂရုမစိုက် သူ့နိုင်ငံကို မျက်ကွယ်ပြုရင် တော့ KIAရဲ့ အနာဂတ်ဟာ နိုင်ငံတကာအလယ်မှာ စစ်ရာဇ၀တ်ကျူး လွန်သူတွေအဖြစ် ခုံရုံးတင်စစ်ဆေးဖို့အချိန်ရောက်ပြီထင်ပါတယ်။

နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားတဲ့ ဇွန်လ ၁၄ရက်နေ့ကနေ နိုဝင်ဘာ၁၄ရက်နေ့ထိ ဖောက်ခွဲ ဖျက်စီးမှုစာရင်းတွေကိုဖော်ပြရမယ်ဆိုရင်တော့ တံတားဖောက်ခွဲဖျက်စီးတာက (၁၀၅)ကြိမ်၊ ကားလမ်း မိုင်းခွဲတာက(၉)ကြိမ်၊ မီးရထားလမ်းမိုင်းခွဲ (၁၈)ကြိမ်၊းယာဉ်ယန္တရားတွေမိုင်းခွဲတာ (၃)ကြိမ်၊အဆောက်အဦ တွေမိုင်းခွဲတာ(၃)ကြိမ်၊ ပစ်ခတ်/ဓားနှင့်ခုတ် (၃၁)ကြိမ်၊ မီးရှို့ဖျက်စီး (၆)ကြိမ်၊ ဖမ်းဆီးလူသစ်စု (၂၉၂) ဦး၊ KIA တိုက်ခိုက်လို့ဒဏ်ရာရတဲ့ အရပ်သား (၇၅)ဦး၊သေဆုံးတာက (၃၃)ဦး၊ အဓ္ဓမဆက်ကြေးကောက်ခံတာက (၆)ကြိမ်ဆိုတော့ နဲမှ မနဲတဲ့ အကြမ်းဖက်လုပ်ရပ်တွေလို့ပဲပြောချင်ပါတယ်။အဲ့ဒီအကြမ်းဖက်လုပ်ရပ်တွေက မုန်းတီးလာတဲ့ အခါ၊ လက်ခံနိုင်စွမ်းမရှိတဲ့အခါ ရောက်တော့မှ စစ်တပ်ကမထိန်းချုပ်နိုင်လို့ ပြည်သူ့အမှုထမ်းတွေလုပ်တာပါလို့ ပြောနေတာလည်း အံ့သြစရာပါပဲ။

ဘယ်လိုပဲကြည့်ကြည့် KIA ရဲ့ လုပ်ရပ်တွေက အစိုးရအပေါ် အနည်းငယ်သာ သက်ရောက်ပြီး ကချင်လူမျိုးတွေအတွက်ကတော့ များစွာဒုက္ခရောက်နေရပါတယ်။သက်ရောက်မှုအရှိဆုံးကတော့ KIA ရဲ့လုပ်ရက်တွေဟာ KIO ခေါင်းဆောင်ကြီးများကို စစ်ရာဇ၀တ်မှုကျူးလွန်သူတွေအဖြစ် တွန်းပို့နေတယ် ဆိုတာပဲ။ KIA ရဲ့လုပ်ရက်တွေကြောင့် KIO အဖွဲ့အစည်းကြီးကို နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အစည်း ကြီးအဖြစ်မြင်လာနိုင်ပါတယ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းကကြည့်ရင်ပဲဖြစ်ဖြစ် ၊ ဂျနီဗာ ကွန်ဗန်းရှင်းအရပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းတာဟာ စစ်ရာဇ၀တ်မှု တွေကျူးလွန်တာပဲဆိုတာ ခေါင်းဆောင်ကြီးများက ကျွန်တော့် ထက်ပိုမိုနက်ရှိုင်းစွာ ခံစားသိမြင်မယ် လို့ထင်မိပါတယ်။ KIA ရဲ့ လုပ်ရပ်တွေအပေါ် နိုင်ငံတကာက ခုံရုံးတင် စစ်ဆေးမယ်ဆိုရင် KIA ခေါင်းဆောင်ကြီးများ ဘယ်လိုအကြောင်းပြဖြေရှင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားပါလို့ ကချင်မျိုးနွယ်စုကိုယ်စား သတိပေးလိုက်ပါတယ်။











Myanmar Express

မြန်မာဟာ ကံကောင်းလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် အပြောင်းအလဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး သမိုင်းပညာရှင် စာရေးဆရာ ဒေါက်တာသန့်မြင့်ဦးကို မြန်မာတိုင်း(မ်) အကြီးတန်းလက်ထောက်စာတည်း စန္ဒာလွင်က အီးမေး(လ်)မှတစ်ဆင့် မေးမြန်းထားပါသည်။

အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)

ဒေါက်တာသန့်မြင့်ဦး သည် သမိုင်းပညာရှင် စာရေး ဆရာ တစ်ဦးဖြစ်ပြီး ကိန်း ဘရစ်ဂ်ျတက္ကသိုလ် ထရီနီတီ ကောလိပ်၏ င်္နူသတ တစ်ဦး ဖြစ်ခဲ့ကာ ဟားဗတ်၊ ကိန်း ဘရစ်ဂ်ျ စသည့် ကမ္ဘာကျော် တက္ကသိုလ်များစွာတွင် သင် တန်းများ ပို့ချခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ မြေး ဖြစ်ကာ ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ် သုံးခုတွင် ပါဝင်ခဲ့ပြီး ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံရေးဌာန၊ မူဝါဒစီစဉ်ရေးဌာန အကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့သည်။ အမေရိကန်နိုင်ငံတွင် မြန်မာမိဘများက မွေးဖွားခဲ့သည့် ဒေါက်တာသန့်မြင့်ဦးသည် နယူရော့ခ်တိုင်း(မ်)နှင့် တိုင်း(မ်)ကဲ့သို့ ကမ္ဘာကျော် စာစောင်များ တွင် Thant Myint-U အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပြီး သူ၏လက်ရာစာအုပ်များတွင် The Making of Modern Burma ၊ The River of Lost Footsteps နှင့် Where China Meets India: Burma and the New Crossroads of Asia စာအုပ်များ ပါဝင်သည်။

* အပြောင်းအလဲဖြစ်စဉ် တစ်ခုကိုတော့ ဖြတ်သန်းနေပြီ။ ဒါပေမယ့် ဒီဖြစ်စဉ်ကနေ ပေါ်လာမယ့်ရလဒ်ကိုတော့ ပီပီပြင်ပြင် ပုံဖော်ကြည့်လို့ မရသေးသလိုပါပဲ။ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို စရောက်ပြီလို့ ဆရာယူဆပါသလား။

ယေဘုယျအားဖြင့် ကျွန်တော် အကောင်းမြင်ထားချင်ပါတယ်။ စစ်အုပ်ချုပ်ရေး ခေတ်ဟောင်းကတော့ ကျန်ခဲ့ပြီလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလိုပြောတာဟာ ရှေ့လျှောက် လွယ်လင့် တကူပဲလို့တော့ ဆိုလိုတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေဟာ သိပ်ကို အမြောက်အမြားပဲ။ နိုင်ငံရေးမှာရော၊ စီးပွား ရေးမှာရော။ သမ္မတကြီးဟာ ဆင်းရဲနွမ်းပါးမှု လျော့ကျဖို့ အားလုံးဦး တည်ပြီး လိုအပ်တဲ့ စီးပွား ရေးပြုပြင်ပြောင်းလဲမှုတွေကနေ ဒီ ဦးတည် ချက် အကောင်အထည်ပေါ်လာ ဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် အကောင်အထည်မြင်ရဖို့ အနည်းဆုံး နှစ်တိုကာလအတွင်းမှာ ဖြစ်လာဖို့ အလွန့်အလွန်ကို ခက်ခဲ ပါလိမ့်မယ်။ ကျွန်တော် အကောင်းကို မြင်ပါတယ်။ ဒါပေမယ့် ရှေ့ လမ်းခရီး အလွန်ခက်ခဲ မယ်ဆိုတာကိုတော့ ကျွန်တော်တို့ တည်တည် ငြိမ်ငြိမ်နဲ့ ကြည့်ထားဖို့လိုမယ်။ မြန်မာနိုင်ငံရဲ့အပြောင်းအလဲဖြစ်စဉ်ဟာ ကမ္ဘာ့သမိုင်းမှာ အတော်မကြုံစဖူး ဖြစ်တဲ့ကာလမှာ ပေါ်ပေါက်နေတယ် ဆိုတာလည်း သတိရဖို့လိုတယ်။ ဥပမာ ရှေ့တစ်နှစ်နှစ်နှစ်မှာ ဥရောပမှာ အတန်အသင့် စီးပွားကျတဲ့ကာလနဲ့ ကျွန်တော်တို့ ကြုံရနိုင်တယ်။ တစ်ကမ္ဘာလုံးနဲ့ချီ ပိုပြင်းထန်သွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဒီအချက်က မြန်မာအပေါ် အလွန်ဆိုးရွားစွာ ရိုက်ခတ်နိုင်တယ်။ နိုင်ငံတွင်းအခြေအနေကို ကြည့်ရင်လည်း ကျွန်တော်စဉ်းစားလို့ ရသ လောက် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတုန်း၊ နိုင်ငံတကာက ပိတ်ဆို့ နေတုန်း၊ နိုင်ငံရေးနဲ့ စီးပွားရေးစနစ် နှစ်ခု စလုံး တစ်ပြိုင်နက် ကူးပြောင်းမှု စတင်တာ ဘယ်နိုင်ငံမှ မရှိခဲ့ပါဘူး။ ကျွန်တော်တို့မှာ မရရအောင် ကျော်လွှားရမယ့် အဂတိလိုက်မှုဆိုင်ရာ စိန်ခေါ်မှု အကြီးကြီးတွေ ရှိနေတယ်။ အခု ထက်ထိ ရင်ဆိုင် နေရဆဲ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖို့ လုပ်ရဦးမယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေလို့ကတော့ ကျွန်တော်တို့နိုင်ငံ အခုထက်ပို ဖွံ့ဖြိုး မလာနိုင်ဘူး။ ငွေကြေးနဲ့ ဘဏ္ဍာရေး မူဝါဒတွေ ပါဝင်တဲ့ ကျွန်တော်တို့ရဲ့ မက်ခရိုစီးပွားရေး မူဝါဒတွေ နည်းလမ်း တကျဖြစ်ဖို့ လိုတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ရာ လည်း လိုအပ်တဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေအဖွဲ့အစည်း၊ လူအဖွဲ့အစည်း (Institutions) တွေ မရှိဘူး။ အဲဒီ အတွက် စိတ်လည်း မကောင်းဘူး။။အခြေခံ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်း တွေ အထူးသဖြင့် ကျန်းမာရေး၊ ပညာ ရေး၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်း၊ ဥပဒေ နဲ့ တရားစီရင်ရေးနယ်က ပြည်သူ့ ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်း လာအောင် လုပ်ရမယ်။ အဲဒီ Institution change ကို လုပ်ရတာ အထူးသဖြင့်ကို အချိန်ယူရပါတယ်။ ဒါပေမယ့်လည်း ထပ်ပြောရရင် သမ္မတဟာ ဒီကိစ္စတွေကို လမ်းမှန်ကမ်း မှန်အတိုင်း ဖြစ်ထွန်းလာစေဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ အောင်မြင်မှုရဖို့ ကျွန်တော်တို့ ပထမဦးဆုံး လိုအပ်တာက အောင်မြင် ဖို့ဆိုတဲ့ စိတ်ပဲလေ။ မြန်မာနိုင်ငံတွင်းက လူတိုင်း နီးပါးဟာ ကျွန်တော်တို့ရဲ့ နိုင်ငံကို အောင်မြင်စေချင်တယ်၊ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်မနေစေချင်ကြတော့ဘူးလို့လည်း ကျွန်တော် သဘောရထားတယ်။ ခြုံပြောရင် အနာဂတ်မှာ နှောင့် နှေးစေမယ့် အခက်အခဲတွေရော၊ အံ့အားတသင့် ဖြစ်ရတာတွေရော သေချာပေါက် ရှိပါလိမ့်မယ်။ အပေါ် စီးက လွှမ်းခြုံကြည့်လို့ ဘယ်လိုပဲဖြစ်နေနေ တိုင်းသူပြည်သား လူတစ်ဦးချင်းစီဟာ အပြောင်း အလဲကြီးတွေကို ဖြစ်စေလိမ့်မယ်။ ကံတရားကလည်း အပြောင်း အလဲကြီးတွေကို ဖြစ်စေပါလိမ့်မယ်။ မြန်မာဟာ ကံကောင်းလိမ့် မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

* အစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ဦးစားပေးအဖြစ် ရည်ရွယ်ထား ပြီး ပြည်ပလုပ်ငန်းတွေကလည်း လာပြီးရင်းနှီးမြှုပ်နှံဖို့ ကြည့်နေကြပြီ။ ဒီနောက်ပိုင်းမှာ လူ့အဖွဲ့အစည်း ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပုံစံအမျိုးမျိုးနဲ့ စဉ်းစားကြတာလည်းရှိတဲ့အတွက် ဆရာ့ အနေနဲ့ နိုင်ငံမှာ ဘယ်လိုဖွံ့ဖြိုး တိုးတက်မှုမျိုးရတာကို မြင်ချင်ပါသလဲ။

နံပါတ်တစ် ဦးစားပေးကတော့ ဆင်းရဲ နွမ်းပါးခြင်း လျော့ကျဖို့ ဖြစ်ရမှာပဲ။ အရေအတွက် သန်းဆယ်ချီတဲ့ သိပ်ဆင်းရဲနေသူတွေဟာ မသေရုံတမယ်ပဲ ဖြစ်နေကြတယ်။ ကျန်းမာရေးကိစ္စပေါ်ရင် ဆေးကုစရာမရှိဘူး။ သားသမီးတွေဟာ များသောအားဖြင့် ကျောင်းကို တစ်နှစ် နှစ်နှစ်ပဲ တက်ကြတယ်။ စားစရာ လုံလောက်တယ်ဆိုဦး ကလေးတွေ အတွက်လိုအပ်တဲ့ အာဟာရပြည့် အစားအ သောက် တွေ မဟုတ်ဘူး။ အကြွေးပိနေသူ သန်းချီရှိနေတယ်။ နောက်ထပ်လူသန်းပေါင်းများစွာလည်း နိုင်ငံကနေထွက်ပြီး ပြည်ပမှာ အလုပ် ရှာကြရတယ်။ တစ်ခေါက်သွားရင် နှစ် အတော်ကြာ မိသားစုနဲ့ဝေးနေရတယ်။ ကျွန်တော် ပထမဦးဆုံးမြင်ချင်တာက နိုင်ငံမှာ ဒီ လူဆင်းရဲတွေအတွက် အထောက်အကူဖြစ်မယ့်၊ နောက် ကျေးလက်ဆိုင်ရာ သက်မွေးလုပ်ငန်းပိုင်းနဲ့ အစားအသောက်ဖူလုံရေး အပိုင်းကို တိုးတက်စေမယ့် လက်တွေ့နဲ့ ကိုက်ပြီး အခြေခိုင်တဲ့ခြေလှမ်းတွေကိုပဲ။ ကုန် ဈေးနှုန်းကို ကြီးမလာစေဘဲ တစ်ချိန်တည်းမှာ မြို့ကြီးတွေမှာ အလုပ်အကိုင်တွေ ကျွန်တော်တို့ ဖန်တီးဖို့လိုတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့မက်ခရို စီးပွားရေးမူဝါဒတွေ လမ်း မှန်ကျဖို့လို့ အဓိပ္ပာယ်ရောက်တာပဲ။ နိုင်ငံမှာ ပုံဖော်မယ့် ဖွံ့ဖြိုးတိုးတက်မှု အတွက် စံပုံစံတစ်ခုခုကို သတ်သတ် မှတ်မှတ် ရွေးဖို့ လိုတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် ပြောသလို ကျောက်တုံးကို စမ်းရင်းနင်းရင်းနဲ့ (ချောင်း တစ်ခုကို ဖြတ်သည့်အခါ အောက်ခြေမြေပြင်ကို ခြေဖြင့် စမ်းကာစမ်းကာ ခြေကုတ်မြဲစေ လျက်ကူးသကဲ့သို့) မြစ်ကိုကူးသွားရမှာပဲ။ ကျွန်တော်တို့ ရှေ့ဆက်လုပ်တဲ့ အခါ ကြုံလာရမယ့် ညှိနှိုင်းစရာအခြေ အနေတွေနဲ့ပတ်သက်ပြီး သိမြင်နှံ့စပ်ပြီး ပွင့်လင်းမှုရှိရှိ အခြေ အတင် ငြင်းခုန် ဆွေးနွေးအဖြေရှာဖို့ (အလုပ်ရုံဆွေးနွေး ပွဲများ) လိုတယ်။ ဥပမာ ပမာဏကြီးလာနေတဲ့ ခရီးသွား လုပ်ငန်းဆိုရင် နိုင်ငံမှာကောင်းကျိုးရနိုင် သလို ဆိုးကျိုးတွေလည်း ဖြစ်နိုင်တယ်။ ဒါကို အလုပ်အကိုင်တွေလည်း ပေါ်ပေါက်စေ၊ တစ်ချိန်တည်းမှာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေ၊ တခြားဖြစ်လာနိုင်တဲ့ များစွာသော ဆိုးကျိုးဆက်တွေလည်း ပါမလာစေအောင် ဘယ်လို ကိုင်တွယ်မလဲ ကျွန်တော်တို့ စစဉ်းစားကြဖို့လိုပြီ။

* နိုင်ငံမှာ မဖွံ့ဖြိုးဘဲ တခြားဖွံ့ဖြိုးတဲ့ နိုင်ငံတွေကိုပဲမျှော်ရင်း အနေကြာ လာတော့ ကျွန်မတို့နိုင်ငံက လူတချို့ အနေနဲ့ ကိုယ်တိုင်နဲ့ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးနိုင်မှုအလားအလာအပေါ် မယုံမရဲ ဖြစ်နေနိုင်မလား။

ကျွန်တော်တို့ရဲ့ မက်ခရိုစီးပွားရေး မူဝါဒတွေနဲ့ ဘတ်ဂျက်ဦးစားပေးသုံးစွဲမှု ကဏ္ဍတွေကို မှန်ကန်အောင် ပြုနိုင်စွမ်းရင်၊ ကျွန်တော် တို့ရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေကို လမ်းကျအောင် အစီအစဉ်ချနိုင်စွမ်းရင်၊ ပြည်သူ့ ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်းလာရေး ရေရှည်လမ်းကြောင်းပေါ်ကို အနည်းဆုံး ခြေစချနိုင်စွမ်းပြီဆိုရင်၊ အဲလို ဆိုရင် ကျွန်တော်ထင်ပါတယ်၊ စစ်မှန်ပြီး ကောင်းမွန်တဲ့ အပြောင်းအလဲကောင်းတွေကို နှစ်နှစ် သုံးနှစ် အတိုင်းအတာအတွင်း ကျွန်တော်တို့ စမြင်နိုင်မှာပါ။ အလားအလာ ကတော့ ဧရာမကြီးပဲ။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေ မပျက်စီးသေးဘူး။ လူဦးရေ မတန်တဆများတဲ့ပြဿနာ မရှိသေး ဘူး။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား အိန္ဒိယ သမုဒ္ဒရာဘေးတစ်လျှောက် အံ့ဩစရာ ကောင်းလောက်အောင် ကောင်းတဲ့ ပထ၀ီ တည်နေရာ ရှိတယ်။ သူများနိုင်ငံ တွေနောက် အများကြီး ကျန်နေရစ်တာ ကတော့ ဆိုးလှတာပေါ့။ ဒါပေမယ့် ဒါတွေကို ကျွန်တော် တို့ရဲ့ အားသာချက် တွေဖြစ်လာအောင် အသုံးချလို့ရတယ်။ သူများနိုင်ငံတွေ လုပ်ခဲ့မိတဲ့ အမှားတွေကို ရှောင်ရှားနိုင်တယ်။ အခု လက်ငင်းအချိန်ကာလမှာ အဲဒီ ဒေသတွင်း တခြားနိုင်ငံတွေရဲ့အမှား တွေအပေါ် လေ့လာသုံးသပ် သင်ခန်းစာ ထုတ်ယူနေမှုကို ဦးစားပေးလုပ်ငန်းကြီး အဖြစ် လုပ်ဆောင်နေသင့်တယ်။ မြန်မာပြည်သူတွေဟာ အကြာကြီး စိတ်ရှည်ပေးထားခဲ့ပြီးပြီ။ မြန်မာပြည် သူတွေဟာ ကိုယ်တိုင်အတွက်ရော၊ သူတို့ ရဲ့ကလေးတွေအတွက်ရော ပိုကောင်း တဲ့ ဘ၀တစ်ခုကို အချိန်မဆိုင်းဘဲ ခံစား ရဖို့ ထိုက် တန်နေသူတွေဖြစ်တယ်။ ပြီးတော့ ယနေ့ကလေးငယ်တွေဟာ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ အလုပ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း 'အခု' ကျွန်တော်တို့ ရှေ့ဆက် ရွေ့လျားစေနိုင်စွမ်းရင် ဒီနေ့ သားသမီး အရွယ်တွေအတွက် အလားအလာတွေ ဟာ အဆုံးမရှိပါဘူး။

* ဒီအလားအလာတွေ ရှိသလောက် လက်တွေ့ခံစားကြရအောင် သာမန် ပြည်သူပြည်သားတွေရဲ့ ပါဝင်လုပ် ဆောင်မှုနဲ့ပတ်သက်ပြီး တော့ရော ပြောချင်တာရှိပါသလား။

မြန်မာဟာ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ကစ ဘဏ်လုပ်ငန်းအဆုံး၊ လူထုကျန်းမာ ရေးကစ နိုင်ငံတကာဥပဒေရေးရာအဆုံး လက်တွေ့ နယ်ပယ်တိုင်းမှာ ပညာခန်း အထူးပိုင်နိုင်ကျွမ်းကျင်သူတွေ အသည်း အသန်ကို လိုအပ်တယ်။ အသိပညာရေးရာအတွက် ရင်းနှီးမြှုပ် နှံခြင်းမရှိဘဲနဲ့ တခြားဘယ်အရာမှ အများကြီးဖြစ်ထွန်း လာဖို့ဆိုတာတော့ ကျွန်တော် သံသယ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရောက်ဖို့ လိုတဲ့အနေအထားကိုရဖို့ မျိုးဆက် တစ် ဆက်စာတော့ အချိန်ယူမှာပဲ။ လက်ရှိ အချိန်ရဲ့ စိန်ခေါ်မှုကြီးတစ်ခုက အမျိုး မျိုးသော နယ်ပယ်များစွာမှာ အတွေ့အကြုံ၊ ပညာရေးပြည့်ဝသူ မရှိ ဖြစ်နေ တဲ့ ကျွန်တော်တို့ရဲ့ အနေအထားကို နှစ်တိုနဲ့ နှစ်လတ် အပိုင်းအခြားအတွင်း ဖြည့်ဆည်းနိုင်မယ့် နည်းလမ်းတွေ ရှာ တွေ့ရေးပဲလို့ ကျွန်တော် ထင်တယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ မှုတွေကို ကျွန်တော် နှစ်ပေါင်းများစွာ ဆန့်ကျင် ခဲ့တာ အကြောင်းပြချက်တစ်ခုက ကျွန်တော်တို့ဟာ လစ်ဘရယ်ဒီမိုကရေစီ စနစ် ကျင့်တဲ့သုံးနိုင်ငံတွေနဲ့ ပိုအထိ အတွေ့များဖို့ လိုအပ်နေချိန်မှာ ဒီပိတ်ဆို့ မှုဟာ မြန်မာကို လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတွေနဲ့ ကင်းကွာ အောင်ပဲ အဓိက ဖြစ်စေတယ်လို့ ယုံကြည်လို့ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ ဒီမိုကရေစီ စနစ်ကို ပြောင်းကျင့်သုံးလာအောင် လုပ်ဖို့၊ အဲလို ကျင့်သုံးခဲ့ပြီဆိုရင်လည်း ဒီကူးပြောင်းမှု ရေရှည်ခံအောင်မြင် တည်တံ့အောင်လုပ်ဖို့ ကျွန်တော်တို့မှာ လိုအပ်လာမှာ ဖြစ်တဲ့ ပညာခန်းနဲ့ အဖွဲ့ အစည်းရင်းမြစ်အခြေခံတွေရှိ နေစေရ အောင်၊ အသိပညာရေးရာအတွက် အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲမှုလည်း သိပ် နည်းနေချိန်မှာ အဲဒီအသိပညာနဲ့ ကျွမ်းကျင်မှု ရင်းမြစ်အခြေခံတွေကို တည်ဆောက်ထားဖို့ အဆောတလျင်ကို လိုအပ်တယ်လို့ ယုံကြည်နေခဲ့လို့ပဲ။ ပိတ်ဆို့မှုကြောင့် ဖြစ်ခဲ့ရတာက သင်ယူလေ့ကျင့်မှုတွေအတွက်ဒေါ်လာ သန်းပေါင်းရာပေါင်းများစွာအကူအညီ တွေ၊ နောက် ဒီနေ့ ကျွန်တော်တို့ အသည်းအသန် လိုအပ်နေတဲ့ အဖွဲ့အစည်း အမျိုးမျိုး အားကောင်းအောင် သုံးစွဲနိုင်ခဲ့မယ့် တခြား အကူအညီတွေ ကျွန်တော်တို့ မရခဲ့တာပဲ။ ပြီးတော့လည်း - ဒါကတော့ တခြား အဓိကကျတာတစ်ခုပါ - ဒီနိုင်ငံမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီ စနစ်ကို တကယ် ကျင့်သုံးချင်တယ်ဆိုရင် နိုင်ငံ သားအားလုံး အသိပညာ သိမြင်နှံစပ်ပြီး ကိုယ်ကိုယ်တိုင်အတွက်လည်း ဖြစ် တဲ့ကိစ္စရပ်တိုင်းကို ဆန်းစစ် ဝေဖန်စဉ်းစား နိုင်စွမ်း ရှိနေစေဖို့ လိုအပ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတွေဟာ အသိပညာ သိမြင် နှံစပ်ပြီး အရေးကိစ္စ တွေကို သူတို့ကိုယ်တိုင် ဂရုတစိုက် စဉ်းစားချင်စိတ် ရှိမှ၊ ပါတီတစ်ခု၊ ခေါင်း ဆောင်တစ်ယောက်၊ အယူ ၀ါဒ တစ်ခုတည်းနောက် အသာလိုက် မသွားမှသာလျှင် ဒီမိုကရေစီစနစ်က အသက် ၀င်နိုင်တယ်။

* လက်ရှိ မွဲမွဲတေတေ အနေအထားကနေ တက်မလာနိုင်ခဲ့ရင် ရှေ့ကြုံရနိုင်တဲ့ အခြေအနေတွေကိုလည်း ဘယ်လိုသုံးသပ်မိပါသလဲ။

ကုန်ဈေးနှုန်းမြင့်မလာစေဘဲ အလုပ်အကိုင်တွေ ပေါ်ပေါက်ဖို့ ကျွန်တော်တို့ အရေးတကြီး လိုအပ်တယ်။ အဓိပ္ပာယ်က မှန်ကန်တဲ့ မက်ခရိုစီးပွားရေးရပ်ဝန်းနဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေး မူဝါဒတွေ ရဖို့ပဲ၊ ကျွမ်းကျင်မှုနဲ့ နည်းပညာတွေ ဆင့်ပွားရရှိစေမယ့် မက်လောက်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေရဖို့နဲ့ ကျွမ်း ကျင်မှုပြည့်ဝစွာ ကိုင်တွယ်ခန့်ခွဲထားတဲ့ ပြင်ပအကူအညီတွေရဖို့ပဲ။ ဒါကို ကျွန်တော်တို့ လုပ်နိုင်တယ်။ လွယ်မှာတော့ မဟုတ်ဘူး။ စီးပွားရေး ချို့တဲ့နေချိန်မှာ ဘယ်နိုင်ငံမှ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေ၊ ပဋိပက္ခ အလွန် ကူးပြောင်းမှုတွေ မအောင်မြင်နိုင်ဘူး။

* နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး တချို့က တချို့ကို တရုတ် တပည့်ခံတယ်လို့ အပြစ်တင်တယ်။ တချို့ကလည်း အနောက် နိုင်ငံတွေ ကိုမျှော်နေတယ်လို့ ဝေဖန်တယ်။

မြန်မာဟာ နိုင်ငံအားလုံးနဲ့ မိတ်ဆွေ ဖြစ်ရမယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းဖို့ အလွန်အရေး ကြီးသလို အမေရိကန်နဲ့ ဂျပန်လို အဝေးက နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးကောင်း ဖို့လည်း အလားတူ အရေးကြီးတယ်။ ကျွန်တော်တို့ နိုင်ငံရွေးပြီး ဆက်ဆံရေးလုပ်စရာ ဘာအကြောင်းမှမရှိဘူး။ စစ်အေးကာလတုန်းကတောင် မလုပ်ခဲ့တာ အခုချိန် ဒီနိုင်ငံ တွေအ ကုန်လုံး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလွန်နီးကပ်စွာ စီးပွားရေးဆက်ဆံမှု ရှိနေတဲ့အချိန်မှာ ဒီလိုလုပ်စရာ ဘာအကြောင်းမှမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာလိုအပ် သလဲဆိုတော့ ပါးနပ်ကျွမ်းကျင်ဖို့ လို တယ်။ နိုင်ငံအမျိုးမျိုး ဘယ်နိုင်ငံက ဘယ်လိုအထောက် အကူပေးနိုင်တယ် ဆိုတာ နားလည်ဖို့လိုတယ်။ ကမ္ဘာ့ဘဏ်လို အာရှဖွံ့ဖြိုးရေးဘဏ်လို အဖွဲ့ အစည်းအမျိုးမျိုးတွေဟာ ဘယ်အဖွဲ့ အစည်းက ဘယ်လိုအထောက်အကူပေး နိုင်တယ်ဆိုတာ နားလည်ဖို့လိုတယ်။ လက်တွေ့အလုပ်ဖြစ်တဲ့ စီးပွားရေး မဟာဗျူဟာ တစ်ရပ် ရှိဖို့လိုပြီး ကျွန်တော် တို့ရဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို အနည်းဆုံး တစ်စိတ်တစ်ဒေသအားဖြင့် အဲဒီမဟာဗျူဟာ အပေါ်မှာ အခြေခံဖို့ လိုတယ်။ ကျွန်တော်တို့ကို မြန်နိုင်သမျှ အမြန်ဆုံး ဆင်းရဲမွဲတေမှု လျော့ကျအောင်၊ ဖွံ့ဖြိုးအောင် အကောင်းဆုံး အထောက်အကူရစေမယ့် နည်းလမ်းအားဖြင့် ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ကိုင်တွယ်ဖို့လိုတယ်။

* ဆရာတို့မိသားစု မြန်မာနိုင်ငံမှာ အခြေချဖို့ ရှိပါသလား။

ရှိပါတယ်။ ဘယ်တော့ဖြစ်မယ်တော့ မပြောတတ်သေးဘူး။ အခုလည်း ကျွန်တော် တစ်လတစ်လကို လ၀က်လောက်က မြန်မာ နိုင်ငံမှာပါပဲ။


Myanmar Times

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ