Subscribe to our RSS Feed

ဘဏ်ရုံးခွဲ ဖွင့်လှစ်မှု အတွက် နိုင်ငံပေါင်း ၂၀ ကျော်မှ လာရောက် ဆွေးနွေး


From : MRTV-4

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းမှာ နိုင်ငံခြား ဘဏ်ရုံးခွဲများ ဖွင့်လှစ်နိုင်ဖို့ အတွက် နိုင်ငံပေါင်း ၂၀ ကျော်မှ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ လာရောက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီလို လာရောက် ဆွေးနွေး လျက်ရှိတဲ့ နိုင်ငံတွေ ကတော့ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန် စတဲ့ အာရှဒေသတွင်း နိုင်ငံများနဲ့ ဥရောပ နိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံတွေက လာရောက် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲ ၂၀ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ကနေပြီး ပြည်တွင်းရှိ အစိုးရဘဏ်တွေ သာမက ပုဂ္ဂလိက ဘဏ်တွေမှာပါ နိုင်ငံခြားငွေ အကောင့် ဖွင့်လှစ်နိုင်ဖို့ပါ ဆောင်ရွက် ပေးလျက် ရှိပါတယ်။ ဒီလို ဆောင်ရွက်မှု တွေကြောင့် ပုဂ္ဂလိက ဘဏ်တွေမှ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ ကစပြီး နိုင်ငံခြားငွေ အကောင့် ဖွင့်လှစ်မှုတွေ စတင် ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ