Subscribe to our RSS Feed

တာမွေရာပြည့်ဈေး ၁၂ ထပ် ဆောက်မည်


From : The Voice

ရန်ကုန်မြို့ တာမွေအဝိုင်း အနီးရှိ ရာပြည့်ဈေး ဖျက်သိမ်းပြီး ဈေးအပါအဝင် ၁၂ ထပ် အဆင့်မြင့် အဆောက်အဦးကို ယခုနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ခွင့်ရ ကုမ္ပဏီထံမှ သိရသည်။

“ ဒီဈေး ဆောက်လုပ်ဖို့က ကျပ်ဘီလီယံ ၇၀ လောက် ကုန်မယ်” ယင်းကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။

ယင်းဈေးနေရာတွင် တည်ဆောက်မည့် အဆောက်အဦးသစ်မှာ မြေညီထပ်တွင် မူလဈေးမှ ဈေးသည်များ အတွက် ဈေးဆိုင်များ တည်ဆောက်ပေးသွားမည် ဖြစ်ပြီး မြေအောက်ထပ်နှင့် အပေါ်ထပ်တို့တွင် ကားပါကင်များ ထားရှိကာ ရုံးခန်းနှင့် လူနေတိုက်ခန်းများ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိ ရာပြည့်ဈေးမှာ ၁ ဒသမ ၀၉၁ ဧက ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၆၅၃ ခန်း ရှိကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန စာရင်းအရ သိရသည်။

Myanmar Express

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ