Subscribe to our RSS Feed

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု မြင့်တက်


From : ခေတ်လူငယ်

ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို) အောက်ရှိ ယာဉ်လိုင်းများ၏ ယာဉ်မတော်တဆမှုမှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း ယာဉ်မတော်တဆမှု အကြိမ်ပေါင်း (၁၃၀) ရှိရာ (၆၄) ဦး သေဆုံးပြီး (၄၁၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေမှာ ဇွန်လ တစ်လတည်း၌ပင် (၂၀) ဦးရှိခဲ့ရာ သေဆုံးမှု အများဆုံးလဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ ဇွန်လအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု (၂၅) ကြိမ်တွင် သေဆုံးသူ ခုနစ်ဦးရှိပြီး (၅၄) ဦး ဒဏ်ရာရရှိခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ယာဉ်တိုက်မှု၊ တိမ်းမှောက်မှု ခြောက်ကြိမ်ဖြစ်ပွားရာ (၁၃) ဦး သေဆုံးပြီး (၅၃) ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မတော်တဆမှုတွင် ယာဉ်အချင်းချင်း တိုက်မှု၊ ယာဉ်နှင့် လူတိုက်မှု၊ ယာဉ်နှင့် အရာဝတ္ထုတိုက်မိမှု၊ ယာဉ်နှင့် စက်ဘီး၊ ယာဉ်နှင့် မော်တော်ဆိုင်ကယ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတို့ပါဝင်ပြီး ယာဉ်မောင်းများနှင့် လမ်းအသုံးပြုသူများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုကြောင့် ယာဉ်တိုက်မှုများ မြင့်တက်ရခြင်းဖြစ်ကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူများက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ