Subscribe to our RSS Feed

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပံ့ပိုးထောက်ပံ့မည့် ကုမ္ပဏီများအား ဖိတ်ခေါ်


From : ခေတ်လူငယ်

၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးထောက်ပံ့ပေးမည့် ကုမ္ပဏီ (စပွန်ဆာ) များအား ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ အားကစားဝန်ကြီးဌာနက စပွန်ဆာ ရှာဖွေရာတွင် အရက်နှင့် ဆေးလိပ်ကြော်ငြာ ကုန်ပစ္စည်းများကို လက်ခံမည်မဟုတ်ကြောင်းနှင့် စပွန်ဆာ ရှာဖွေပေးမှုအတွက် ဆေးလ်အေဂျင်စီများအား ဝန်ဆောင်ခပေးမည်မဟုတ်ဘဲ အေဂျင်စီများအနေဖြင့် စပွန်ဆာဆီမှသာ သတ်မှတ်နှုန်းထားအတိုင်း ဝန်ဆောင်ခ ရယူမည်ဖြစ်ကြောင်း၊ စပွန်ဆာများထံမှ ရရှိသည့် ငွေကြေးများကိုလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စာရင်းသို့ ပေးသွင်း၍ ပြိုင်ပွဲကြီးကြပ်မှု ဦးစီးကော်မတီ၏ စီမံမှုဖြင့် သုံးစွဲသွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် အားကစားနည်းအလိုက် ကျင်းပသွားမည်ဖြစ်ရာ အဆင့်မြင့်အားကစားကွင်းများကို ၂၀၁၁ ခုနှစ် ဇန်နဝါရီမှ စတင် ဆောက်လုပ်လျက်ရှိရာ ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ရာခိုင်နှုန်းပြည့် ပြီးစီးအောင် တည်ဆောက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။


Myanmar Express

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ