Subscribe to our RSS Feed

facebook သုံးစွဲကြသူများ အထူးသတိပြုမိကြရန်

From : လွင်အောင်စိုး


ကနေ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာနေချိန်မှာ မသမာတဲ့သူတချို့ဟာ သူတို့ရဲ့ မရိုးသားတဲ့ ရည်ရွယ်ချက်အတိုင်း မရိုးမသား ပြုမူလာနေကြတာကို သတိပြုမိပါတယ်။ သူတို့ဟာ နည်းအမျိုးမျိုးနဲ့ သွေးထိုးလှုံ့ဆော်ပြီး ပြည်သူလူထုကို ဇဝေဇဝါနဲ့ စိတ်ရှပ်ထွေးအောင် လုပ်ကြပါတယ်။ တိုင်းပြည်ကို မတည်မငြိမ် ဖြစ်စေအောင် ဖန်တီးတဲ့ အဖျက်အမှောင့် ဖြစ်တယ်လို့ ဆိုရပါမယ်။

အဖျက်အမှောင့်တွေထဲမှာ လက်နက်ကိုင်ပြီး အကြမ်းဖက်တာမျိုး ရှိသလို.. အကြမ်းဖက်မှုတွေ ဖြစ်စေအောင်၊ ပိုမိုကြီးထွားအောင် ပယောဂ ဖန်တီးပေးတတ်တာလည်း ရှိပါတယ်။ အင်တာနက်ပေါ်က မြန်မာတွေ အသုံးများဆုံးလို့ ယူဆနိုင်တဲ့ Facebook မှာ အဖျက်အမှောင့် ပယောဂတွေ ဖန်တီးလာကြတာကို သုံးစွဲသူ မြန်မာများ သတိပြုနိုင်ကြဖို့ လိုအပ်လာပါလိမ့်မယ်။

အဖျက်အမှောင့် ပယောဂ ဖန်တီးသူ တချို့ဟာ Facebook မှာ Account အသစ်ဖွင့်ပြီး Profile လူပုံကို အခြားနေရာတွေက ဆွဲယူပြီး သူတို့ပုံလိုလိုနဲ့ ခပ်တည်တည် ပုံမှားရိုက်ထားတတ်ကြပါတယ်။

ဥပမာတခုကတော့ ဘာသာရေး အဓိကရုဏ်း ပိုဖြစ်လာအောင်၊ လူမျိုးရေး ပဋိပက္ခ ပိုဖြစ်လာအောင်၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်မှုကို ပျက်စီးစေအောင် စာတွေကို မြန်မာဘာသာနဲ့ ရေးသားပြီး တရုတ်နိုင်ငံက ဆရာဝန်တဦးရဲ့ ဓါတ်ပုံကို ခပ်တည်တည်နဲ့ ယူသုံးထားတာ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင် မြန်မာနိုင်ငံသားတဦးဦးလို့ အထင်ရောက်နိုင်အောင် လုပ်ကြံ ဖန်တီးထားတာ ဖြစ်ပါတယ်။

Facebook ကို ဘယ်သူမဆို လွတ်လပ်စွာ သုံးစွဲနိုင်ပါတယ်။ ကြိုက်သလောက် Account အသစ်ဖွင့်ပြီး ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ သတင်းနဲ့ ဗဟုသုတတွေ၊ အသိ/အတတ် ပညာတွေ၊ ဝါဒရေးရာတွေ၊ ခံစားချက်တွေကို အများသိအောင် ဖြန့်ပေးနိုင်ပါတယ်။ ဖြန့်လိုက်တဲ့ Post ကိုလည်း Share ပေးနိုင်ကြပါတယ်။

ဒါပေမယ့် မကောင်းတာ မမှန်တာတွေ ဖြစ်နေရင် မသိတဲ့သူတွေအဖို့ နားယောင်မိတာ၊ အထင်လွဲမိတာ၊ လမ်းလွဲလိုက်မိတာတွေ ဖြစ်စေနိုင်ပါတယ်။

Post တိုင်းဟာ အမှန်တကယ် အကြောင်းအရာတွေကို ဖြန့်ချိပေးတာပဲလို့ တထစ်ချ မယူဆသင့်ပါဘူး။ ဓါတ်ပုံတွေမှာတောင် Photoshop သုံးပြီး အခြားဓါတ်ပုံတွေထဲက တစိတ်တပိုင်းလောက်ကို ဆွဲယူ ပေါင်းစပ်ပြီး လုပ်ကြံ ဖန်တီးတတ်တာမျိုး မကြာခဏ ရှိတတ်ပါတယ်။

သတင်းဖြန့် လှုံ့ဆော်နေတာတွေ ရှိသလို တန်ပြန် သတင်းဖြန့်တာတွေလည်း ရှိနေတတ်ပါတယ်။ တချို့ Post တွေက ရာနှုန်းပြည့် လုပ်ကြံရေးသားထားတာ ဖြစ်နေတတ်ပါတယ်။ တချို့ Post တွေကတော့ သတင်းမှန်နဲ့ သတင်းမှား နှစ်ခုကို ရောထွေးပြီး သတင်းမှန်ဖြစ်သယောင်ယောင် လုပ်ကြံရေးသား လှုံ့ဆော်နေတာမျိုး ရှိတတ်ပါတယ်။

 Myanmar Express 

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ