Subscribe to our RSS Feed

ရေနံတင်ပို့မှု ပိတ်ပင်ခြင်းနှင့် စပ်လျဉ်း၍ အီရန် မှ သတိပေးပြောကြား

From : MRTV4


အီရန်နိုင်ငံမှ ရေနံတင်သွင်းမှုတွေ ပိတ်ပင်တားမြစ်လိုက်တာဟာ ရေနံဈေးကွက်တွေကို မတည်မငြိမ်ဖြစ်စေပြီး၊ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း
အီရန်ရေနံဝန်ကြီး  Rostam Qasemi က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကိစ္စရပ်ကို သြစတြီးယားနိုင်ငံ မြို့တော် Vienna မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ရေနံတင်ပို့မှု နိုင်ငံများဆိုင်ရာ အဖွဲ့အစည်း ညီလာခံမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တည်ငြိမ်စေဖို့အတွက် စွမ်းအင်အရင်းအမြစ်ဟာ အဓိက လိုအပ်ချက်တစ်ခု ဖြစ်တယ်လို့ အီရန်ရေနံဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ရေနံကို အခြားနိုင်ငံများအပေါ် ဖိအားပေးတဲ့ အရာတစ်ခုအဖြစ် အသုံးမပြုသင့်ကြောင်း၊ ဒီလိုရေနံတင်ပို့မှု ပိတ်ပင်တာဟာ စွမ်းအင် ၀ယ်ယူသုံးစွဲသူအချို့အတွက် အလွဲသုံးစား ပြုလုပ်နိုင် မယ့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ကြောင်းကိုလည်း သူက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ရာမှာ ရေနံတင်ပို့မှု အပေါ် ဖြေလျှော့လိုက်မယ်ဆိုပါက ရေနံဈေးကွက် တည်ငြိမ် မှုရှိလာသလို ကမ္ဘာ့စီးပွားရေး အခြေအနေဟာလည်း တိုးတက်ကောင်းမွန်လာမှာ ဖြစ်ကြောင်း အီရန်ရေနံဝန်ကြီး Rostam Qasei က ပြောကြားခဲ့ တယ်လို့ သိရှိရပါတယ်။

 Myanmar Express 

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ