
အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း အနေဖြင့် နှစ်လကျော်အတွင်း ၎င်း၏ နှစ်ကြိမ်မြောက် မြန်မာပြည် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ရန် ရှိနေကြောင်း ၆-၆-၂၀၁၂ ရက်က သိရသည်။ ဝန်ကြီးချုပ်၏ ဒုတိယအကြိမ် လာရောက်မည့် မြန်မာခရီးစဉ်မှာလည်း ဘင်းစတက် (BIMSTEC) နိုင်ငံများဖြစ်သော မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့အတွက် အရေးပါလှသော ခရီးစဉ်တစ်ခု ဖြစ်နေပြီး အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ အဆိုပါ ခရီးစဉ်မှာလည်း မဟာဗျူဟာ ကျလာမည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
၎င်း၏မေလ ၂၈ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၉ ရက်က ကျင်းပသော ဆီဒိုးနားဟိုတယ်မှ ပွဲတွင်လည်း ဝန်ကြီးချုပ်က ဘင်းစတက် နိုင်ငံများကြားတွင် မြန်မာနိုင်ငံ၏ အရေးပါလာပုံကို အသိအမှတ် ပြုပါကြောင်း အတည်ပြု ပြောကြားခဲ့သည်ကို ကြားရသည်။
“အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအရ မြန်မာနဲ့ထိုင်းက အိန္ဒိယအတွက် အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်လာနေတယ်။ အထူးသဖြင့် မြန်မာနိုင်ငံပေါ့။ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးမှ လုပ်ရမယ့် အိန္ဒိယရဲ့ လုပ်ငန်းစဉ်တွေကြောင့် မြန်မာနိုင်ငံက အိန္ဒိယအတွက် အရမ်းအရေးပါတဲ့ နိုင်ငံ ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံအပေါ် အိန္ဒိယ၏ အရေးတယူ ရှိနေမှုအပေါ် ကုလသမဂ္ဂ၏ အရာရှိဟောင်း ပါမောက္ခ ဒေါက်တာတင်မြင့်ဦးက ပြောကြားသည်။ ဘင်းစတက်နိုင်ငံများ အစည်းအဝေးကို မြန်မာနိုင်ငံက ဥက္ကဋ္ဌ တာဝန်အပြင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးရမည်ဖြစ်ကာ ယခုနှစ်၏ ဇူလိုင်လကုန်ပိုင်းတွင် ဖြစ်မည်ဟုသိရပြီး ရက်အတိအကျ သတ်မှတ်ခြင်းကိုမူ အိန္ဒိယဝန်ကြီးချုပ်၏ အဆင်ပြေမည့် အချိန်အပေါ်တွင် အတည်ပြု သတ်မှတ်သွားမည်ဖြစ်ကာ ဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံသို့ ယင်းအစည်းအဝေး တက်ရန် လာရောက်ဖွယ် ရှိနေကြောင်း သိရသည်။
Myanmar Express


1 comments:
မြန် မာ နိုင် ငံ ၏ ပ ထ ၀ီ အ နေ အ ထား အ ရမ်း အ ရေး ပါ မှု့ ကြောင့်၊ sanction များ ပွင့် သွား သော ကြောင့်၊ မြန် မာ နိုင်
ငံ သည် ၁၀ နှစ် အ တွင်း ကို စီး ပွား ရေး အင် အား ကြီး နိုင် ငံ တစ် ခု ဖြစ် လာ နိုင် ပါ သည်။
Post a Comment
Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။