From :MRTV4
ကုလသမ္မဂ္ဂ အကြီးအကဲ ဖြစ်သူ ဘန်ကီမွန်းမှာ ကြာသပတေး နေ့က ဆီးရီးယား နိုင်ငံ အနေဖြင့် ဆိုးရွား ပြင်းထန်လှသည့် ပြည်တွင်းစစ်ပွဲ တစ်ခု
ဖြစ်လာနိုင်သည့် အနေအထားသို့ ကျရောက်နိုင်ကြောင်း သတိပေး ပြောကြားလိုက်ကာ နိုင်ငံအတွင်း ပစ်ခတ်မှုများနှင့်အတူ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရက်စက် ရမ်းကားမှုများကို သိရှိခဲ့ ရပြီ ဖြစ်ကြောင်း သိရကာ အမေရိကန် ပြည်ထောင်စုမှာ ရုရှား နိုင်ငံမှ ကုလသမ္မဂ္ဂ၏ ပိုမို တင်းကြပ်မည့် လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့ကြောင်း လည်း သိရသည်။
ဆီးရီးယားရှိ တော်လှန်ရေးသမားများမှာ သမ္မတ အာဆက် အစိုးရ အနေဖြင့် သောကြာနေ့တွင် ကုလသမ္မဂ္ဂနှင့် အာရပ် အဖွဲ့တို့မှ ပူးပေါင်းထားသော အဖွဲ့၏ အချက် ၆ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို သဘော မတူညီပါက ၎င်းတို့၏ တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်ပြီ ဖြစ်သည်။ အစ္စတန်ဘူတွင် ဘန်မှ မိန့်ခွန်း ပြောကြားရာ၌ ၎င်းအနေဖြင့် ဆီးရီးယား နိုင်ငံမှာ ကိုဖီအာနန်၏ အစီအစဉ်ကို အကောင်အထည် ဖော်စေလိုကြောင်းလည်း ပြောခဲ့သည်။ မိမိ အနေဖြင့် ဆီးရီးယား နိုင်ငံ အနေဖြင့် ကိုဖီအာနန် သတ်မှတ်ပေးခဲ့သော အစီအစဉ် အတိုင်း လိုက်နာရန် တောင်းဆိုလိုကြောင်း ပြောကြား သွားခဲ့သည်။
Myanmar Express

0 comments:
Post a Comment
Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။