Subscribe to our RSS Feed

မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ပတ်သက်၍ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်


၁။ “ပ” အက္ခရာဖြင့် အထိ အပ်နှံရန်ကျန်ရှိသော ယာဉ်များအား ကောင်း/ညံ မခွဲခြားပဲ ၄၀ရာခိုင်နှုန်း အခွန်လျှော့ချ ကောက်ခံပါမည်။

၂။ “ဗ” အက္ခရာမှ စ၍ အနှစ် နှစ်ဆယ်ကျော် ယာဉ်ဟောင်များကို ကောင်း/ညံ မခွန်ခြားပဲ ၆၀ ရာခိုင်နှုန်းလျှော့ချ ကောက်ခံပါမည်။

၃။ စီမံချက်တွင် မပါသော တက္ကစီ ယာဉ်များအား ကိုယ်ပိုင်ယာဉ် အဖြစ်ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ် ချက်ဖြင့် ၈၀ ရာခိုင်နှုန်း အခွန် လျှော့ချ ကောက်ခံပါမည်။



၎။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံမှုဖြင့် တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော တက္ကစီယာဉ်များအား နယ်မြေ မပြောင်းရ ကိုယ်ပိုင်ယာဉ် အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက် များဖြင့် ၅၀ ရာခိုင်နှုန်းလျှော့ချ ကောက်ခံပါမည်။


၅။ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်း ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ တက္ကစီ အဖြစ် အသုံးပြုရန် တင်သွင်းသောယာဉ်များအား ကိုယ်ပိုင်ယာဉ် အဖြစ် ပြောင်းလဲခြင်း၊ ရောင်းချ၍ အမည်ပြောင်းလဲခြင်း မပြုဟုသော ကန့်သတ်ချက်ဖြင့် ၅၀ရာခိုင်နှုန်းလျှော့ချ ကောက်ခံပါမည်။



၆။ လေလံ ယာဉ်များအား ပိုင်ရှင် ဆန္ဒအရ ဖျက်သိမ်း၍ အစားထိုးတင်သွင်းလိုလျှင် ကောင်းညံ မခွဲခြားပဲ ၆၀ ရာခိုင်နှုန်းလျှော့ချ၍ အခွန်ကောက်ပါမည်။

၇။ ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်နှင့် စပယ်ယာလက်မှတ်များကို သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ပေးပါမည်။ အငှားယာဉ်မောင်း လိုင်စင်များကို သုံးနှစ်သို့ ထားရှိပါမည်။

၈။ ကောက်ခံရရှိသော ငွေများကို ယာဉ်အန္တာရယ် ကင်းရှင်းရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျှော့နည်းစေရေးအတွက် တည်ဆောက်မည့် ခုံးကျော် တံတားများ တည်ဆောက်ရာတွင် ကျခံသုံးစွဲသွားမည် ဖြစ်ပါသည်။

Myanmar Express

0 comments:

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ