Subscribe to our RSS Feed

ရန်ကုန်၌ ယာဉ်သွား ခုံးကျော် တံတားများ တည်ဆောက်ခွင့် ကုမ္ပဏီ ၂ ခု ရရှိ

p_3_49_6

ယာဉ်သွား ခုံးကျော် တံတား များကို ရန်ကုန် မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှု အဖြစ် များသည့် နေရာ ၄ ခု တည်ဆောက် ရန် ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၂ခု၌ လုပ် ကိုင်ခွင့် ရရှိ သွားပြီ ဖြစ် ကြောင်း ဆောက် ခွင့်ရ ကုမ္ပဏီများ ထံမှ သိရသည်။ လှည်းတန်းနှင့် တာမွေအဝိုင်း လမ်းဆုံ ခုံးကျော် တံတားများ အတွက် လေ့လာ ဆန်းစစ် မှုများ ပြုနေသည့် ရွှေတောင် ကုမ္ပဏီ၊ လမ်း တံတား ဆောက်လုပ်ရေးမှ ဦးသန်းထွန်း က ဆောက် လုပ် ခွင့် တော့ ယေဘုယျအနေနှင့် ရသွား ပြီ။

စာချုပ်နဲ့ လက်မှတ် ထိုးတာ မျိုးတွေတော့ မလုပ်ရ သေးဘူး ဟု ပြောသည်။ ရန်ကုန်မြို့ ကမာရွတ် (လှည်း တန်း)၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ မြို့နယ် များတွင် ခုံးကျော် တံတား ၄ စင်းအား လေးလ အတွင်း အပြီးတည်ဆောက်သွား မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မီဒီယာများအား ထုတ် ဖော်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ခွင့်ကို သက်ဆိုင်ရာက ချထား ပေးခြင်း ဖြစ် ကြောင်း သိရသည်။

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံး ကျော်တံတားများကို တာဝန်ယဆောက်လုပ်မည့်FMI ကုမ္ပဏီမူ ဦးလင်းမြိုင်က ရတာတော့ ဟုတ်သွားပါပြီ။ ဒီ့အတွက် အရင် ကတည်းက လေ့လာတိုင်းတာမှု တွေ ပြုလုပ်နေတော့ စမယ့်အချိန် ကို အခုပြောဖို့ စောပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အမြင့်တို့၊ အကျယ်တို့၊ နေရာတို့က ဆွေးနွေးဆဲ ပါဟု ပြောသည်။

တံတား ၄စင်းအား ဆောက် လုပ်ရန်အတွက် ပြည်တွင်းရှိ ဘဏ် အချို့နှင့် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှ ချေးငွေဖြင့် ဆောက်လုပ် မည်ဟု အကြမ်းဖျင်းလျာထား ကြောင်းသိရပြီး လှည်းတန်းခုံးကျော် တံတားအတွက် ကမ္ဘောဇဘဏ်မှ ချေးငွေဖြင့် ဆောက်လုပ်မည်ဖြစ် ကြောင်း၊ တာမွေခုံးကျော်တံတား ကိုလည်း စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်မှ ချေးပေးရန် ရှိကြောင်းနှင့် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော် တံတားကိုမူ BOT စနစ်ဖြင့်ကုမ္ပဏီတစ် ခုအားလုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ပြောသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တွင် ခုံး ကျော်တံတားများ ဆောက်လုပ် ခြင်းမှာ စင်ကာပူနိုင်ငံကဲ့သို့ ခေတ်မီ လှပစေရန် သမ္မတကြီးက လမ်းညွှန် ထားခြင်းကြောင့်ဖြစ်သလို ယာဉ် ကြောပိတ်ဆို့မှုများ အမြန်ဆုံး ကျ ဆင်းသွားစေရန်လည်း ဖြစ်သည်ဟု သိရသည်။ လက်ရှိလုပ်ကိုင်ခွင့်ရ ကုမ္ပဏီ များ ဆောက်လုပ်မည့် အစီအစဉ် တွင် အရည်အသွေးပိုင်းဆိုင်ရာ စစ် ဆေးခြင်းကို မြို့တော်စည်ပင် (ရန် ကုန်)က ပြုလုပ်မည်ဟု သိရသည်။

PN-051

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း

နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ အကြောင်း


bamaw-sayadaw-biography

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်က ကျပ်သန်း ၇၀၀ ကျော် ကုန်ကျခံသုံးစွဲမည်ဟုဆို

ဦးတင်အေး (ဓါတ်ပုံ-မက်စင်ဂျာ ဂျာနယ် ဖေ့ဘုတ်)

မကြာမီ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က ငွေကျပ်သန်း ၇၀၀ ကျော် ကုန်ကျခံသုံးစွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။
ယနေ့နံနက် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်သော သတင်း စာရှင်းလင်းပွဲ၌ ဦးတင်အေးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲက ကျပ်သန်းပေါင်း ၁၀ ဒသမ ၈ ဘီလီယံကို ကော်မရှင်အနေနှင့် အကုန်ကျခံ သုံးစွဲခဲ့ သည်ဟုသိရသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဦးတင်အေးက `ကျင်းပပေးမှာ သေချာပါတယ်။ ကျင်းပမယ့်ရက်မတိုင်ခင် သုံးလကြိုပြောပါမယ်´ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

လတ်တလောတွင် ၂၀၁၀ ရွေးကောက်ပွဲပါဝင်ခဲ့သည့် နိုင်ငံရေးပါတီ ၃၇ ခုနှင့် မှတ်ပုံတင်ခွင့်ပြုပြီး ပါတီ သစ်လေးခု စုစုပေါင်း ၄၁ ပါတီရှိပြီး ယင်းပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နိုင်မည်ဖြစ် သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် မှတ်ပုံမတင်ရသေးသည့် နိုင်ငံရေးပါတီသစ်ခြောက်ခု မှာမူ မှတ်ပုံတင်ကျပြီးမှသာ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုများကိုပြုလုပ်နိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့်လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှု ကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက် ပွဲတွင် လူထု၊ ပါတီနှင့် ကော်မရှင်တို့၏ အားနည်းချက်များရှိခဲ့သော်လည်း အောင်မြင် သည့် ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့သည်ဟု ယုံကြည်ကြောင်း ဦးတင်အေးကဖြေကြားသည်။

မီဒီယာများ ရွေးကောက်ပွဲကာလအတွင်း လွတ်လွတ်လပ်လပ်သတင်းရယူခွင့်နှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် တိုင်ပင်ကာ ဥပဒေနှင့်အညီခွင့်ပြုမည်ဖြစ်ကြောင်း ဦးတင်အေးက ဆိုသည်။

ရွေးကောက်ပွဲကာလတွင် ပြည်ပမှ လေ့လာသူများ လာရောက်ခွင့်ပြု၊ မပြုနှင့်ပတ်သက်ပြီး တိကျသော အဖြေ တစ်စုံတစ်ရာပေးမသွားသော်လည်း `ရွေးကောက်ပွဲလုပ်တဲ့အချိန်ကျရင် အခြေအနေအချိန် အခါအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပါ´ဟု ဦးတင်အေးကဖြေကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာရှိပြီး အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီးလွှတ်တော်တွင် နှစ်နေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၄၀ နေရာတို့ဖြစ် သည်။

နေပြည်တော်၊ ဒီဇင်ဘာ - ၁၆
by 7Day News Journal
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း

သတင်းစာများက အမှန်ကို ပြောပြနေကြောင်း Eleven Media မှ CEO ဒေါက်တာသန်းထွဋ်အောင် ဝန်ခံ


သတင်းစာများက သမိုင်းအမှန်တွေကိုသာ ဖော်ပြနေတယ်လို့ Eleven Media မှ CEO ဆိုသူ ဒေါက်တာ သန်းထွဋ်အောင် က Eleven Media ရဲ့ facebook စာမျက်နှာမှာ ဝန်ခံလိုက်ပါတယ်။ ၁၉၈၈ တိုင်းပြည် မငြိမ်မသက်ဖြစ်နေစဉ်တွေနဲ့ စစ်တပ်က အုပ်ချုပ်နေစဉ်ကာလတွေမှာတောင် သတင်းစာက အမှန်တွေကို သာ ဖော်ပြနေကြောင်းကို ၎င်းရဲ့ ကိုယ်တွေ့ဖြစ်ကြောင်းရေးသားထားပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် လာရောက်ချိန်တုန်းကတော့ သတင်းစာတွေက အကျယ်တဝင့်ရေးသားခြင်းမရှိဘူးလို့ Eleven က စွတ်စွဲပြီး အပြစ်တင်ခဲ့ပြန်ပါတယ်။ ရေသန့်ဗူးထဲမှာ စွယ်တော်ပုံပေါ်တဲ့ တစ်နိုင်ငံလုံး အုံးအုံးကြွပ်ကြွပ်ဖြစ်နေတဲ့ သတင်းကိုတော့ Eleven က အကျယ်တဝင့် မဖော်ပြပြန်ပါဘူး။

သတင်းဂျာနယ် လောကကို မနေ့တနေ့မှ ရောက်လာတဲ့ eleven ဟာ အတွေ့အကြုံရှိပြီးသား သက်တမ်းရင့် ဂျာနယ်တွေကိုလည်း ဝေဖန်ပုတ်ခက် ရေးသားနေတာတွေ ရှိခဲ့ပြီး အခြားသတင်းဌာနတွေနဲ့လည်း တည့်ဘူးလို့ သတင်းအသိုင်းအဝိုင်းက သိရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား သင့်မြတ်ရေးကို အစိုးရရော အတိုက်အခံရောက ဦးစားပေး ဆောင်ရွက်နေချိန်မှာ သတင်းသမားတွေက ပိုပြီးစည်းလုံးသင့်ကြောင်း၊ Eleven က စီးပွားရေး အလွန်သောင်းကျန်းကြောင်းကို မီဒီယာ သမားတစ်ဦးက အခုလို ပြောပြပါတယ်

"မီဒီယာ သမားအချင်းချင်း နားလည်မှုရှိ၊ ညီညွတ်မှု ရှိဖို့က အရေးကြီးတယ်ဗျ... အခုဖြစ်နေတာက ဂျာနယ် မဂ္ဂဇင်းပေါင်း ၂၀၀ လောက်မှာ Eleven က သူတစ်ခုပဲ မီဒီယာ၊ သူပဲ သတင်း... အဲလိုဖြစ်နေတယ်... မီဒီယာ လောကတစ်ခုလုံးကို စိုးမိုးချင်နေတာ... အောက်ခြေက တက်လာတာဆိုတော့ ပိုက်ဆံအရမ်းမက်တယ်... စီးပွားရေး တအားသောင်းကျန်းတယ်... နာမည်လိုချင်စိတ်တွေ တအားများနေတယ်..." လို့ ဆိုပါတယ်။

ဒါ့အပြင် Eleven အနေနဲ့ သတင်းတစ်ခုကို လူတွေဖတ်ချင်စိတ်ပေါက်သွားအောင် (ပေါက်သွားအောင်) အရည်ချင်းရှိရှိ ခေါင်းစဉ်ပေးနိုင်စွမ်း၊ အရည်ချငှ်းရိရှိ ရေးနိုင်စွမ်း မရှိတာကြောင့် လူဗြိန်းနည်းတွေ သုံးကာ အစိုးရနဲ့ အစိုးရအဖွဲ့အစည်းကို ပုတ်ခက်တဲ့ ခေါင်းစဉ်နဲ့ စာသားတွေ သုံးနေကြောင်း ကို အခုလို ဆက်ပြောပါတယ်

"ဂျာနယ်ထုတ်တဲ့လူတိုင်းကတော့ ကိုယ့်ဂျာနယ်ကို ရောင်းရချင်တာပါပဲ.... ဒါပေမယ့် အဲ့လို လူဗြိန်းနည်းတွေတော့ မသုံးစေချင်ဘူးပေါ့.. 7Day တို့ ဆိုရင် ဂုဏ်သိက္ခာနဲ့ ရပ်တည်နေတယ်... နာမည်လည်းရှိတယ်... ပေါက်တယ်ပေါ့... Eleven လို တခြားဂျာနယ်လည်း မပုတ်ခက်ဘူး.. အစိုးရကိုလည်း မပုတ်ခက်ဘူး... Eleven အနေနဲ့ 7Day ကို အတုယူပြီး အဆင့်တန်းရှိအောင် ကြိုးစားသင့်တယ်လို့ထင်တယ်...." လို့ ဆက်ပြောပါတယ်။

အင်တာနက်ပေါ်က Eleven စာမျက်နှာပေါ်မှာလဲ Admin တွေက account အများကြီး လုပ်ထားပြီး ကိုယ့်ဘာကို ပိုစ့်တင်၊ ကိုယ့်ဘာကို ထောက်ခံနေကြတယ်လို့လည်း သတင်းတွေ ထွက်နေတာရှိပါတယ်။ တစ်ခါတုန်းကလည်း ဦးဝင်ချိုတို့ အဖွဲ့ကို ဝေဖန်လို့ အင်တာနက်ပေါ်မှာ မကျေနပ်သူတွေ များလာပြီး website ကို တိုက်ခိုက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

Eleven Media ရဲ့ မူလအရှင်သခင်ဟာ ဗိုလ်မှူး ကြီးတင်လှ ဖြစ်ပြီး လက်ရှိ CEO မှာ ဒေါက်တာသန်းထွဋ်အောင် ဖြစ်ပါတယ်။ အယ်ဒီတာချုပ်ဆိုသူမှာ ဝေဖြိုး ဖြစ်ပြီ စင်္ကာပူက ကိုယ်စားလှယ်ကတော့ Aung Sat Po, blk 134 bedok north street 2 Singapore, NA 460134 ဖြစ်ပါတယ်။



Myanmar Express

ဒေါ်အောင်ဆန်းစုကြည် လက်တလော ဘာလုပ်နေလဲ

ဒေါ်အောင်ဆန်းစုကြည် အံကြိတ်လက်ခုတ်တီးနေသည်

NLD ပါတီဝင်များ ဒီမိုကရေစီ အတွက် ကခုန်နေကြသည်

ဒေါ်အောင်ဆန်းစုကြည် အနီးကပ် စောင့်ကြည့်အားပေးနေသည် (ကနေသူများကို)

ဒီမိုကရေစီအတွက် သောက်ကြ၊ စားကြ
(ဘယ်ကပိုက်ဆံတွေနဲ့ စားသောက်နေကြတာတုန်း)

ပြည်သူတွေအတွက် အသုံးမကျတဲ့
တန်ဖိုးမရှိတဲ့ ပုံတွေ ရောင်းစားတဲ့ ဈေးရောင်းပွဲတွေ လုပ်တာ စားဖို့သောက်ဖို့ပါ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သင့်အား အလိုရှိသည် (စားပွဲထိုးလုပ်ရန်)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များအား အလိုရှိသည် (ခွေးကျောင်းရန်)

နိုင်ငံခြား ခွေးကို ဝေယျာဝစ္စတွေ လုပ်ပေးရန် မြန်မာ လူငယ်များ အလိုရှိသည်

ဒီမိုကရေစီ အတွက် ဒေါ်စုခြုံတိုးနေသည်

မုဆိုးမ ဒေါ်စု အသစ်တွေ့နေပြီလား


ဒေါ်အောင်ဆန်းစုကြည် ပျော်ပွဲရွှင်ပွဲတွေနဲ့ အချိန်ဖြုန်းနေသည်


စတိဖ်ဂျော့ ထက်သာတဲ့ နိုးဂျော့ (2010-2011)
တစ်နှစ်လုံး ဝေလေလေလုပ်နေသည်



Myanmar Express

ABSDF လက်ရှိဥက္ကဌ သံခဲနဲ့ အရင် ဥက္ကဌ မိုးသီးဇွန်း ဘာကွာလဲ


ABSDF လက်ရှိဥက္ကဌ သံခဲနဲ့ အရင် ဥက္ကဌ မိုးသီးဇွန်း ဘာကွာလဲ လို့မေးလာရင် ဖြေရတာ မခက်ပါဘူး။ အတိတ်အကြောင်းတွေ၊ အရည်အချင်းတွေ လိုက်မကြည့်ခင် မြင်တာလေး ပြောရရင်ပဲ အလွန်ကွာခြားပါတယ်။ လက်ရှိဥက္ကဌ သံခဲ ဘယ်နိုင်ငံ သွားသွား အတင်းထမင်းခေါ်ကျွေးကြတယ်၊ တစ်ယောက်ပြီးတစ်ယောက်လာတွေ့ကြတယ်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာနှုတ်ဆက်ကြတယ်။ အဲ .. အရင်ဥက္ကဌ မိုးသီးဇွန်းတော့ အဲ့လိုမဟုတ်ဘူး။ သူလာမယ်ဆိုတာနဲ့ အကုန်လုံးက ကိုယ့်အိမ်လာမှာကြောက်နေကြတယ်။ သတင်းကြားကတည်းက အိမ်ရောက်မလာပါစေနဲ့ ဆုတောင်းကြရတယ်။ ဆုတောင်းမပြည့်လို့ ရောက်လာရင်တော့ သေပြီဆရာပဲ။

မိုးသီးဇွန်းကလည်း လူလည်ပါ။ ABSDF ကိုတောင် နှစ်ခြမ်းကွဲအောင် အုပ်ချုပ်လာသူဆိုတော့ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ အိမ်တစ်အိမ်ရောက်ပြီဆိုတာနဲ့ ထမင်းကို မဆံ့မပြဲ ကုန်းစားပါတယ်။ နောက်တစ်နပ် ကျွေးမယ့်လူက မသေချာဘူး။ ဒီတော့ သေချာတဲ့ တစ်နပ်ကို အရအမိ စားတာပဲ။ ထမင်းစားပြီးရင် ဘုရားစဉ်ပေါ်က အသီး စွန့် စားသေးတယ်။ ABSDF တပ်မတော်သား တွေ စွန့်စားတယ်ဆိုတာ ဒါမျိုးကိုပြောတာ။ သူ့အကြောင်းသိကြတော့ မိုးသီး ဆိုတာနဲ့ အကုန်ပြေးကြတယ်။ လမ်းတွေ့ရင် မမြင်ချင်ဟန်ဆောင်ကြတယ်၊ ဒီဖက်လမ်းကလာမယ်ဆိုရင် ဟိုဖက်လမ်းကိုရွေးသွားတယ်။

သံခဲ လာမယ်ဆိုရင်တော့ လမ်းစရိတ်တောင် ပေးပြီးခေါ်ကြတယ်၊ မိုးသီးကိုတော့ ကိုယ့်စရိတ်နဲ့ကိုယ် လာပါမယ်ဆိုတာတောင် ဘယ်သူမှ မခေါ်ကြ။ သံခဲဆိုရင် တစ်ယောက်ပြီး တစ်ယောက်က အရက်ခေါ်တိုက် တာ မသောက်နိုင်တော့ဘူး။ မိုးသီးလာရင်တော့ အိမ်မှာ ရှိသမျှ အရက်ပုလင်းတွေ ဖွက်ထားကြတယ်။

ဒါကတော့ လူရှေ့မှာ ရှိတဲ့အချိန်တွေပါ။

တောထဲမှာနေတဲ့အချိန်တွေကတော့ နှစ်ယောက်လုံးက အတူတူနဲ့ အနူနူပါပဲ။ တောထဲက လက်အောက်ငယ်သားတွေ အခု ငတ်ပြတ်နေပါတယ်၊ ရာဘာခြစ်နေရပါတယ်၊ စားစရာမရှိပါဘူး၊ စုတ်ပျက်သက်နေပါတယ်။ အမြဲလိုလိုလည်း ဓာတ်ပုံဗွီဒီယို အရိုက်ခံရပါတယ်။ အဲဒီ ဓာတ်ပုံဗွီဒီယိုတွေက အင်တာနက်ပေါ်နဲ့ အလှူရှင်တွေ လက်ထဲ ရောက်သွားပြီး အလှူငွေတွေ ရလာပါတယ်။ အလှူငွေတွေက သံခဲ အိပ်ထဲရောက်သွားပါတယ်။

အစိုးရသစ်လက်ထက် ရန်ကုန်၊ မန္တလေး ကအခြေအနေတွေ ပြောင်းလဲ သွားမယ်၊ နောက်ပိုင်းအစိုးရတွေလက်ထက် မြန်မာနိုင်ငံကြီး ပြောင်းလဲ ချမ်းသာသွားလည်း ဆင်းရဲ စုတ်ပျက်နေတဲ့ နယ်စပ်က ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကတော့ အင်တာနက်ပေါ်ကို တက်လာအုံးမှာပါ။ သံခဲရဲ့ သားသမီးတွေ အဆင့်မြင့်မြင့်ကျောင်းတပ်တယ်၊ သူ့လက်အောက်က လူတွေ ထဲမှာ ကလေး ၈၀% က ကျောင်းဆိုတာ ဘာမှန်းမသိဘူး။ မိဘတွေနဲ့လိုက်ပြီး ရာဘာခြစ်ရတယ်။

သံခဲက အစည်းအဝေးတွေတက်တယ်။ ကျောင်းမတတ်ရတဲ့ ကလေးတွေ၊ အဝတ်အစားမရှိတဲ့ ကလေးတွေအကြောင်း ဆွေးနွေးတယ်။ ပိုက်ဆံတွေရလာတယ်။ သံခဲကလေးတွေကို ကားနဲ့ ကျောင်းပို့တယ်။ အဝတ်အစားတွေ ဝယ်ပေးတယ်။ ဒါပဲ။

မိုးသီးကတော့ သံခဲလို မဟုတ်ဘူး။ လက်တွေ့သမား။ မိုးသီး ကို ဆန့်ကျင်ချင်တဲ့ မျက်လုံးနဲ့တောင် မကြည့်နဲ့ မိုးသီးလက်ဝါးက ပါးပေါ်ရောက်လာရော။ အာဏာမက်သလားမတော့ မမေးပါနဲ့။ ဘုရင်တစ်ဆူလို့ သူ့ကိုယ်သူထင်နေတာ။

ဆဲနည်းကလည်း မျိုးဆုံတတ်တယ်။ တောထဲမှာကတည်းက အယုတ်တ အနတ္တ စုံအောင်ဆဲနိုင်တယ်။ အမေရိကားကိုရောက်တော့တောင် ဦးသိန်းစိန်လာတုန်းက အရှက်မရှိ လမ်းပေါ်က အော်ဆဲတယ်။ အဲလို လူမျိုးက မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ကြိုးစားနေတယ်တဲ့။ နောက်ဆုံးတော့ ABSDF လည်း မိုးသီးနဲ့ နိုင်အောင် ဆိုပြီး နှစ်ခြမ်းကွဲတော့တာပေါ့။

ဒါကတော့ သံခဲနဲ့ မိုးသီးဇွန်းတို့ ကွာခြားချက်တွေပါ။ အခုဆိုရင် ABSDF က နှစ်ခြမ်းတောင် မဟုတ်ဘူး။ အစိတ်စိတ်အမွှာမွှာတောင် ကွဲနေပါပြီ။ တစ်ယောက် တစ်ဖွဲ့၊ သူတလူ ငါတစ်မင်း။ ဘယ်သူပြောတာမှ လက်မခံကြ၊ နားမထောင်ကြ။ ငါပြောတာအမှန်ပဲ ဖြစ်နေကြတယ်။ အကုန်လုံးကလည်း ကိုယ့်စီးပွားရေး၊ ကိုယ့်မိသားစုအရေးပဲ လုံးပန်းနေကြတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးဖွံ့ဖြိုးရေး၊ စီးပွားရေးတိုးတက်ရေးအတွက် ဘာမှမလုပ်နိုင်ကြပေမယ့် သူများနိုင်ငံ့ တိုးတက်ဖို့တော့ ABSDF ရဲဘော်တွေက ကျွန်ခံနေကြတုန်းပါ။



Myanmar Express

သင်္ဃာန်းဝတ်ကြီးနဲ့ လောကီရေးဝင်ပါသူကို ရှေးတုန်းကတော့ အရည်းကြီးဟု ခေါ်ခဲ့သည် (ပေးစာ - ၆၆)


သံဃာဆို မှတော့ လောကီရေးပတ်သက်လို့ မရပါဘူး။ လောကီရေးဝင်ပါမှတော့
ပုဂံခေတ် အရည်းကြီးတွေနဲ့ ဘာခြားတော့မှာလည်း။ သံဃမဟာနာယကအဖွဲ့ ဆိုတာ
လိုအပ်တဲ့ အဖွဲ့ တခုပါ။ ဦဆောင်ဦရွက်ပြုမယ်သူမရှိရင် ဘယ်အရာမှ
ကြာကြာမရှိပါဘူး။ တခုဘဲရှိတာပေါ့ ။ နည်းမှန်လမ်းမှန်နဲ
့ဦဆောင်ဦးရွက်ပြုဖို့ တော့လိုပါတယ်။ မဟာယန မှာဆိုရင် လားမားနှစ်ပါးက
တိဘက်ကိုအုပ်ချုပ်ခဲ့ပါတယ်။ ထေရ၀ါဒကတော့ လောကီကိစ္စတွေကင်း
အောင်နေတဲ့သဘောဘဲ။ ဘုရင်တွေလက်ထက်မှာ သာသနာပိုင်တွေရှိပါတယ်။
မင်းဆရာအဖြစ်နဲ့ သံဃာတွေကို အုပ်ချုပ်တာပါ။ ဘုရင်ဆိုတာ သက်ဦဆံပိုင်ပါ။
ဘုရင်ဘယ်လောက်ဘဲ ဒေါသထွက်ပြီးသက်ချင်နေပါစေ သာသနာပိုင်ဆရာတော်က
အသက်အလှုခံရင် ဘုရင်ကချမ်းသာပေးပါတယ်။ စကားလုံးကတော့ အသက်အလှုခံတာပေါဗျာ။
အမှန်ကတော့ သာသာနာပိုင်ဆရာတော်က သတ်ခံရမယ်သူကို ၀င်ကယ်ရင်
သတ်မဲ့လူသတ်သမားများက မသတ်သေးဘဲ ဆရာတော်ဘုရင်နဲ့ တွေပြီး ဘုရင်ရဲ့ လွတ်စေ
အမိန့် ကိုစောင့်ပေးတာပါ။ တကယ်ဆို ဘုရင့်အမိန့် မရောက်ခင်
သတ်လိုက်လည်းရပါတယ်။ ဒါပေမယ်သာသနာပိုင်ရဲ့ သြဇာအာဏာကို က ရပ်တန်
့စေနိုင်လို့ ပါ။ ဘုရင်ကလည်း ငါဒီလောက်သတ်ချင်နေတာ၊ မင်းတို့ ငါ့ အမိန်
့မရသေးခင် သတ်လိုက်တာမဟုတ်ဘူး ဆိုပြီး ဘယ်လောက်ဘဲ မုန်းတီးပါစေ
အပြစ်မတင်ဘူး။ ဒါဟာ ဆရာ ဒကာ အပြန်အလှန် ချစ်ခင်လေးစားမှုဘဲ။

ဘုရင်တွေ စစ်တိုက်တာကို လည်းဘယ်တုန်းကမှာ ၀င်မစွက်ခဲ့ပါဘူး။ ပြောရရင်
သန်လျင်မှာ ငဇင်ကာ လို့ခေါ်တဲ့ ပေါ်တူဂလူမျိုး အုပ်စိုးစဉ်က
ရဟန်းသံဃာတွေကို သတ်ခဲ့ပါတယ်။ မြန်မာဘုရင် အနောက်ဘက်လွန်မင်းကို
မင်းသံဃာတွေ အသတ်ခံနေရပြီ၊ သွားတိုက်ပေးပါဆိုပြီး သာသနာပိုင်ဆရာတော်က
အကူအညီ မတောင်းခဲ့ပါဘူး။ နိုင်ငံမဲ့ ဖြစ်မှာစိုးလို
မြန်မာနိုင်ငံသားဖြစ်ရေး အတွက် အရေးဆိုနေပြီး မိမိနိုင်ငံအပေါ်
အမြင်စောင်းနေတဲ့ ဘာသာခြားတွေက ပြောပါတယ်။ အလောင်းမင်းတရား က ယိုးဒယားကို
သွားတိုက်ပြီး ဘုရားတွေဖျက်စီးတယ်ဆိုတာ အမှန်က ယိုးဒယား သမိုင်းပါ။
မြန်မာဘက်က တမျိုးရေးထားပါတယ်။ ဟုတ်မဟုတ်ငြင်းတာထက်
အဲဒီခေတ်သာသနာပိုင်ဆရာတော်က ခရူးဆိတ်စစ်ပွဲမှာလို ပုပ်ရဟန်းမင်းကြီးက
အာရပ်မွတ်ဆလင်တွေကို သွားတိုက်ဖို့ ခိုင်းသလိုမျိုး
မတိုက်တွန်းခဲ့ပါဘူးဆိုတာတော့ သေချာပါတယ်။

Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း
cybernautical@gmail.com



Myanmar Express

ဆရာဝန်တစ်ဦး၏ မီးဟုန်းဟုန်း တောက်မည့် မြန်မာပြည် ဆောင်းပါးမှ ကောက်နှုတ်ချက်

ယနေ့ လမ်းမများပေါ်တွင် လှည့်လည်၍ အစိုးရထွက်ပေးဟု အော်နေကြသော ကုန်သည်၊ ပွဲစားများကို မေးလိုပါသည်။

လုပ်သားပြည်သူများ စားဝတ်နေရေး ချောင်လည်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် ဘာတွေများ တတ်စွမ်းသလောက် ဆောင် ရွက်ခဲ့ ကြပါသလဲ။

မိမိတို့ ကိုယ်ကျိုးကိုသာ ရှေးရှု ၍ ဈေးနှုန်းများကစားခြင်း၊ ကုန်သိုလှောင်ခြင်း လုပ်ခဲ့ကြသူတို့မှာ ဘယ်သူတွေလဲ။

အမြတ်ခွန်တွေကိုကော မှန်မှန်ကန်ကန် ပေးခဲ့ကြသလားဟု မေးလိုပါသည်။

ဈေးနှုန်းတက်စရာရှိ လက်မနှေးဘဲ လွယ်လွယ်ကူကူ တက်ပစ်လိုက်၏။

ကျစရာရှိလျှင်တော့ ဖြည်းဖြည်းပေါ့ဟု ဆိုကြ၏။

ကားသမားကလည်း ကားသမားအလျောက်၊ စပယ်ယာကလည်း စပယ်ယာအလျောက် ပြည်သူကို နှိပ်စက်၏။

မိမိကိစ္စ အောင်မြင်ရေးအတွက် ရိုးရိုးသားသားရှိခဲ့ကြသော ၀န်ထမ်းများကို လာဘ်ထိုးခြင်းဖြင့် ဖျက်ဆီးကြ၏။

ယူသူကလည်း ယူ၏၊ ပေးသူကလည်း ပေး၏။

ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲ အပြစ်ဖို့ကြ၏။ (ယနေ့ စင်ပေါ်တက်၍ အာပေါင် အာရင်းသန်သန် ဟောပြော နေကြသော ရုပ်ရှင်သရုပ်ဆောင်တို့က အမြတ်ခွန် မပေးရလေအောင် နည်းမျိုးစုံ ကျင့်ကြံခဲ့ကြ၏။)

ရောင်းဝယ်မှု၊ အပေးအယူမှု အသီးသီးတို့တွင် ငွေမည်းတို့ဖြင့် ကစားခဲ့၊ လှည့်ပတ်ခဲ့ကြ၏။

အခြား မကုန်နိုင်အောင် ထောက်ပြစရာများ ရှိပါသည်။

ယေဘုယျအားဖြင့် ပြည်သူလူထုဘက်မှလည်း တိုင်းပြည်အပေါ် တာဝန်ပျက်ကွက်ခဲ့ကြကြောင်း ရိုးရိုးသားသား ၀န်ခံကြစေလို ပါသည်။

အချုပ် ဆိုရင်လျှင် တိုင်းပြည်ပျက်ရခြင်းတွင် အစိုးရတာဝန်ရှိသလို ပြည်သူတို့ဘက်မှလည်း တာဝန်မကင်းကြောင်း နားလည် ကြစေ လိုပါသည်။

လက်ရှိအရေးအခင်းများကို ဆက်လက်၍ သုံးသပ်တင်ပြပါမည်။

ယခု တစ်တိုင်းပြည်လုံး အော်ဟစ်တောင်းဆိုနေကြသော ဒီမိုကရေစီသည် အင်မတန် ကောင်းမွန်၍ လွတ်လပ်မျှတသော စနစ် တစ်ခုလည်း ဖြစ်ပါသည်။

ကျွန်တော် အလွန်ကြိုက်ပါသည်။

ထို့ ကြောင့် လုပ်သားပြည်သူတို့ ငြိမ်းချမ်းစွာ လှည့်လည်၍ ဒီမိုကရေစီပေးရေး တောင်းခံမှုကို ကျွန်တော် ထောက်ခံ ကြိုဆိုပါသည်။

သို့သော် တဖြည်းဖြည်း ကျွန်တော် ထိတ်လန့်လာပါသည်။

တိုင်းပြည်အရေးအတွက် ရင်လေးမိပြီး တုန်လှုပ်ချောက် ချားလာပါသည်။

ကျွန်တော်တို့ မြန်မာ ပြည်သားများ ဒီမိုကရေစီကို မသုံးတတ်ကြောင်း နားလည်လာရပါသည်။

ဥပမာအချို့ပြရလျှင် နိုင်ငံတော်အလံကို ဇောက်ထိုးတပ်ကြခြင်း၊ တချို့က လုံးခြေ၍ ခြေထောက်ဖြင့် တက်နင်းပြခြင်း၊ ရုပ်ရှင် မင်းသမီး တစ်ဦးက တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်းပြခြင်း (ဟောပြောသူတစ်ဦးက စင်မြင့်ပေါ်မှ နေ၍ အစိုးရအဖွဲ့အစည်းအသီးသီးအား မအေနှင့် ကိုင်တုတ်ခြင်း)၊ ကားများ ချောဆွဲခြင်း၊ လူတွေ မတန်တဆ တက်စီး ကြခြင်း၊ သင်္ကြန်ကဲ့သို ဟေးလားဝါးလား အပျော်ကြူးကြခြင်း၊ လမ်းလွှဲမရှိသော အချို့ဆင်ခြေဖုံးရပ်ကွက်များကို ပိတ်၍ နာရီပေါင်း များစွာ ဟောပြောပွဲကျင်းပနေသဖြင့် ယာဉ်များ လုံးဝမသွားနိုင်ဘဲ လုပ်သားပြည်သူပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ကြခြင်း စသည်တို့ကို ပြည်သူများ တွေ့မြင်ကြပါလိမ့်မည်။

ကိုယ့်နိုင်ငံအလံကို ချနင်းပြီး သူများနိုင်ငံအလံကိုလွှင့်ထူးထားသော မြန်မာအတိုက်အခံများ


ထို့ပြင် ရန်ကုန်ဆေးရုံကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြသည်။

ကျွန်တော်လည်း လုံးဝ စိတ်ဆိုးခဲ့ပါသည်။

သို့ရာတွင် ရက်ပေါင်းများစွာ ဆေးရုံကြီးကို သပိတ်စခန်းဖွင့်၍ တို့အရေး၊ တို့အရေးဟု အသံကုန် အော်ဟစ်နေကြခြင်းကို ဘာကြောင့် မတားဆီးခဲ့ကြပါသနည်း။

ဆေးရုံပေါ်တွင် ရှိနေသော အသည်းအသန်လူနာ တို့ကို ကြွေးကြော်သံ၊ ဆူပူအော်ဟစ်သံ တို့ကြောင့် ဘယ်လိုထိတ်လန့်ဝေဒနာ တိုးကြမည်ကို မည်သူမျှ မစဉ်းစားမိကြတော့ဘူးလား။

ဒီမိုကရေစီကျကျ ပွင့်ပွင့်လင်းလင်း ရေးသားရလျှင် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးရုံကို ပစ်ခတ်ခြင်း အတွက် ရှုတ်ချသလို သပိတ် စခန်းဖွင့် ခြင်းကိုလည်း ရှုတ်ချပါသည်။

ကျွန်တော့အနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့ည၊ နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် တိုင်းပြည်သို့ မိန့်ခွန်းပြော ကြားပြီး ကတည်းက သပိတ်အောင်ပွဲ ရရှိပြီဟု နားလည်ပါသည်။

အလွန် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းတစ်ခု ဖြစ်ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်က ကတိအတန်တန်ပေးထားပြီဖြစ်ရာ ကိုယ့် တိုင်းပြည်ကို ချစ်ကြလျှင်၊ လူမျိုးကို ချစ်ကြလျှင် သပိတ်လှန်၍ အလုပ်ခွင်သို့ ပြန်ဝင်ကြရန်သာ ရှိပါသည်။

ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ပြည်သူတို့ ဆန္ဒ လိုက်လျောခြင်းဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။

စက်တင်ဘာလ ၁ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံ၍ တိုင်းပြည်သို့ မိန့်ခွန်းပြောခဲ့ပြန်သည်။

သူ့မိန့်ခွန်းများတွင် တိုင်းပြည်အပေါ် ထားရှိသော သူ့စေတနာကို အထင်အရှား သိနိုင်ပါသည်။

သမ္မတတစ်ဦးအနေဖြင့် လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောနိုင်၊ မလိုက်လျောနိုင်သော ကိစ္စများကိုလည်း အကျေအလည် ရှင်းလင်းတင်ပြထားပါသည်။

ကျွန်တော် လူမှန်းသိကတည်းက တိုင်းပြည်သို့ တိုက်ရိုက်မိန့်ခွန်းပြော၍ ရှင်းလင်းတင်ပြသော သမ္မတဟူ၍ ယခုတစ်ဦးတည်းသာ တွေ့ဖူးပါသည်။

ဒေါက်တာမောင်မောင် ကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦး လက်လွှတ်လိုက်ရမည်ကို ကျွန်တော် အင်မတန် နှမြောမိပါသည်။

ယခုလို တိုင်းပြည်ပျက်ခါမှ သမ္မတတက်လုပ်ပြီး သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားစွမ်းဆောင်နေသော ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် များစွာချီးကျူးဂုဏ်ပြု ထိုက်ပေသည်။

သူ အာဏာမလိုချင်မှန်း ကျွန်တော် သိပါသည်။

ယခုသပိတ်တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အခြေအနေပိုဆိုးလာသည်။

နိုင်ငံရေးအမြတ်ထုတ်မှုများ၊ သမဂ္ဂများ မှိုလိုပေါက်လာကြသည်။

ပါတီစုံမဖြစ်ရသေးဘဲ တွဲရေး ကွဲရေးများ ဖြစ်နေကြပြီ။

ထောင်များလည်း ကျိုးပေါက်၍ ထောင်သားများ လွတ်မြောက်လာကြသည်။

လုကြ၊ သတ်ကြ၊ ယက်ကြ၊ ဖြတ်ကြ ဖြစ်လာကြသည်။

ဒီမိုကရေစီဟု အော်ဟစ်ထွက်ပေါ်လာကြသော စာစောင်များလည်း စီးပွားရေးဆန်ဆန် အလုအယက် ထွက်ပေါ်လာကြသည်။

ဒီမို ကရေစီကျကျ ရေးဖို့ထက် အစိုးရကို များများတွယ်လေ လူကြိုက်များလေဖြစ်၍ အစိုးရကို ပို၍ ဖိအားပေး နှိပ်ကွပ်နေကြသည်။

နိုင်ငံခြားသားများလည်း ခြေရှုပ်လာကြသည်။ ဘီဘီစီ၊ ဗွီအိုအေတို့မှလည်း ကောလာဟလမျိုးစုံ၊ အတို့အထောင် မျိုးစုံတို့နှင့် တိုင်းပြည်ကို မပျက်ပျက်အောင် လုပ်လာကြသည်။

ပြည်တွင်း ကောလာဟလဖြန့်ချိရေးအဖွဲ့မှလည်း တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း ကောလာဟလပေါင်းစုံကို တစ်နေ့ တစ်မျိုး ရအောင် ထုတ်လွှင့်ပေးခဲ့သည်။

နယ်စွန်နယ်ဖျားမှ သူပုန် သောင်းကျန်း သူတို့ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာကြပြီး ကင်းစောင့်ရာမှ ပြဿနာဖြစ်ပြီး ရပ်ကွက် အချင်းချင်း အပြင်းအထန် သတ်ဖြတ်ကြသည်။

အစိုးရယန္တရား တစ်ခုလုံးလည်း ပျက်ယွင်းပေပြီ။

ဓာတ်ဆီ လုံးဝမချက်တော့သဖြင့် ဓာတ်ဆီ လုံးဝမရှိ၊ ထို့ကြောင့် ကား ဈေးနှုန်း ကြီးမြင့်လာ၍ လက်လုပ်လက်စားတို့ ငတ်ကြလေပြီ။

ငတ်သဖြင့် လုကြ၏။

ပြည်သူတို့ကို နှိပ်စက်ခိုးဆိုး အကြံအဖန်လုပ်ခဲ့ကြသော ၀န်ထမ်း အသီးသီးတို့သည် ယခုအခါ အပြစ်ကင်းစင်သော သူရဲကောင်းများ ဖြစ်လာကြ၏။

အစိုးရကို ကလော်ဆဲကြ၏။

တစ်လလုံး လှည့်လည်သပိတ် မှောက်ပြီး လကုန်ရက် လခထုတ်စရာရှိတော့ အပြည့်အ၀ သွားရောက်ထုတ်ယူကြ၏။

ဒီလ အလုပ် မလုပ်ပါလား၊ ဒါကြောင့် လခမယူတော့ဘူးဟု ငြင်းသူမရှိ။

လခထုတ်ပြီး နောက်တစ်နေ့ သပိတ်ဆက်မှောက်၏။

အချုပ် ဆိုရသော် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်ယွင်းသွားလေပြီ။

နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သားများသည် ဒီမိုကရေစီကို လွဲမှားစွာ အသုံးချကုန်ကြလေပြီ။

ဤအတိုင်းဆိုလျှင် မကြာမီပင် မြန်မာနိုင်ငံကြီး မီးဟုန်းဟုန်းတောက်လောင်ပေတော့မည်။

သွေးချောင်းစီးပွဲများ ဖြစ်ရမည်မှာ မလွဲပါ။

ယခုလို အရေးကြီးသည့်အချိန်တွင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ကို ကယ်တင်ရန် အရေးကြီးလှပေ သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ယခုအခါ ချောက်နှုတ်ခမ်းပေါ်တွင် တဲတဲလေးသာ ကျန်တော့သည်။

ယခင်က လုပ်ခဲ့ကိုင်ခဲ့ကြသူ ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်ကို ကယ်တင်ဖို့ထက် မိမိတို့ အာဏာရရှိရေး အတွက် အပြင်းအထန် စည်းရုံး၍ တိုင်းပြည်ကို ချောက်ထဲသို့ အတင်းတွန်း ချနေကြသည်။

တကယ်အရေး အကြောင်း၊ တိုင်းပြည်အတွက် လိုအပ်စဉ်ကာလက ၎င်းတို့ ဘယ်မှာ ပုန်းခိုနေ ကြသည်မသိ၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တစ်ဦးတည်းသာ အမိုက်ခံ၊ အနစ်နာခံ၍ တိုင်းပြည်၏ ပကတိအခြေ အနေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြခဲ့ပေသည်။

သူ့စာများတွင် အမှားအယွင်း အနည်းငယ်ပါရှိသော်လည်း မူရင်း စေတနာနှင့်ယှဉ်လျှင် မပြောပလောက်ပါ။

ယခု လောလောဆယ်လည်း သူ့အနေဖြင့် ဘာမှလက်လွတ်စပယ် ဟောပြောခြင်း၊ ပုဂ္ဂလိက တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ဘဲ ဒီမို ကရေစီကျကျ ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့ရပေသည်။

အချို့နိုင်ငံရေးခေါင်းဆောင်ဟောင်းများစွာ အစိုးရက ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်စဉ်ကပင် ကျေကျေနပ်နပ် လက်ခံ ယူခဲ့ကြပြီး ပေးအပ်သော ငွေကြေးနှင့် အခြား ခံစားခွင့်ရှိသည်တို့ကိုလည်း အပြည့်အ၀ ခံစားခဲ့ကြပေပြီ။

လေး-ငါး သောင်းခန့် တန်ဖိုးဖြင့် အစိုးရပေးသော ကားများကိုယူ၍ စီးပွားရှာကြသည်။

အချို့မှာ နှစ်သိန်းပတ်ဝန်းကျင်ဖြင့် ပြန်၍ ရောင်းချကြသည်။

အစိုးရကို မကျေနပ်လျှင် အစကတည်းက ငြင်းပယ်ခဲ့ကြပါလား။

မိမိကိုယ်တိုင်က အစိုးရပေးသော အခွင့်အရေးများကို အသိအမှတ်ပြုခံစားပြီး ယခုအခါကျမှ အစိုးရ ကို ဘာကြောင့် ပုဂ္ဂလိက တိုက်ခိုက်နေ ကြသလဲဟု ပြန်လည်စဉ်းစားကြစေလိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုလျှင် ၎င်းဖော်ထုတ်ဟောပြောခဲ့သော သွေးထက်သံယိုမှုပေါင်းစုံတို့၏ သုံးပုံ နှစ်ပုံခန့်တွင် မိမိသည် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်အရှိ ဆုံး ပါဝင်ခဲ့သည်ကို မေ့လျော့နေသလားဟု မေးကြည့်ချင်ပါသည်။

ယနေ့ ဒီမိုကရေစီ အမြန်ပေးပါဟု အော်ဟစ် ကြွေးကြော်နေသော တပ်မှူးဟောင်းများ မိမိတို့ ဘာကြောင့် တပ်မှ အထုတ်ပယ်ခံရ သည်ကို ပြန်လည် စဉ်းစားကြစေလိုသည်။

မိမိတို့ ကျူးလွန်ခဲ့သည့် မဲဆွယ်မှု၊ မဲခိုးမှုတို့အတိုင်း ယခု ပြန်လုပ်ကြမည်စိုး၍ ဆန္ဒခံယူပွဲ မလုပ်သင့်ပါဟု အော်နေကြသလားဟုပင် ထင်မိပါသည်။

တစ်ချိန်လုံး ဘယ်နေရာတွင် အိပ်နေမှန်းမသိသော ရှေ့နေများ ကောင်စီကလည်း ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို အကိုး အကားများ ထုတ်၍ ကန့်ကွက်ခဲ့ကြ၏။

အခြေခံ ဥပဒေကို အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ ပုဒ်ထီး ပုဒ်မများဖြင့် အတိတ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏။

၎င်းရှေ့နေများကို ကျွန်တော်တစ်ခု မေးလိုပါသည်။

အစိုးရအနေဖြင့် ၎င်း အခြေခံဥပဒေများကို ချိုးဖောက်ခဲ့စဉ်က ရှေ့နေများကောင်စီက ဘာကြောင့် တရားဝင် ကန့်ကွက်လွှာ မတင်သွင်း ခဲ့ကြပါသနည်း။

ဒါတော့ ပြောလို့ရမှာ မဟုတ်ဘဲဟု ဆင်ဝှေ့ရန်ရှောင် မပြုလုပ်ကြစေလိုပါ။

အစိုးရအနေဖြင့် အရေးယူသည်၊ မယူသည်မှာ မိမိတာဝန်မဟုတ်၊ ဥပဒေကို နားအလည်ဆုံးဖြစ်သည့် ရှေ့နေများ ကောင်စီအနေဖြင့် အစိုးရက ဥပဒေချိုး ဖောက်နေကြောင်း သိလျှင် ရဲရဲဝံ့ဝံ့ ကန့်ကွက်လွှာတင်သွင်းရန် တာဝန်ရှိပေသည်။

ဥပဒေကိုချိုးဖောက်နေကြောင်း သိလျက်နှင့် ငြိမ်နေခြင်းသည် ဥပဒေ ကျူးလွန်ရာရောက်သည်ဟု ကျွန်တော် နားလည်ပါသည်။

ယခုလို ဘေးရန်ကင်းရှင်းမှ လက်ခမောင်းခတ်သူများကို ပြည်သူတို့ ဘယ်လိုမြင်ကြမည်ကို စဉ်းစားကြည့်စေလိုပါသည်။

နောက်တစ်ခုအနေနှင့် ပြောရလျှင် "ယနေ့ ပါတီစုံစနစ်ကို တောင်းဆိုနေကြသူများ စင်ပေါ်တွင် အော်ဟစ်ပြောဟော နေကြသူများက "ရွေးကောက်ပွဲလုပ်စရာ မလိုပါ။ ပါတီစုံစနစ်ကိုသာ တန်းပြီး ပေးလိုက်ပါတော့"ဟု ဘာကြောင့် တောင်းဆိုနေကြပါသလဲ။ တစ်ဖက်က လည်း ဒီမိုကရေစီဟု တောင်းဆိုသည်။

တစ်ဖက်မှလည်း ရွေးကောက်ပွဲလုပ် မနေနှင့်တော့။

ပါတီစုံကို တစ်ခါတည်းသာ ပေးလိုက်တော့"ဟု ဆိုပြန်ရာ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်မနေဘူးလားဟု မေးလိုပါသည်။

ပြည်သူများ ဆန္ဒကို မသိချင်ကြတော့ဘူးလား။ တစ်ပါတီစနစ်ကိုသာ လိုလားသူ ပြည်သူ သန်းပေါင်းများစွာ ရှိနေကြပါသည်။

ယင်းကိုထည့်၍မစဉ်းစားဘဲ အဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်းလိုက်လျှင် တစ်ပါတီလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာ သွားမည်ကို ဒီမိုကရေစီကျကျ စဉ်းစားမိ ကြရဲ့လား။

ပြည်သူအားလုံး၏ ဆန္ဒပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်း မလုပ်ရဲကြတော့ဘူးလား။

ပြည်သူအားလုံး၏ဆန္ဒ မပါဝင်ဘဲ ပါတီစုံစနစ်ကို အတင်းအဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်း လိုက်လျှင် တစ်ပါတီကိုလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာသွားမည်ကို ဒီမိုကရေစီ ကျကျ စဉ်းစားမိရဲ့လား။

ပြည်သူအားလုံး၏ဆန္ဒ ပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်းနှင့် မလုပ်ရဲကြဘူးထား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး လားဟု အထပ်ထပ်အခါခါ မေးမြန်းလိုပါသည်။

လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား နိဂုံးချုပ်ဆိုပါမည်။

ကျွန်တော်တို့ တိုင်းပြည်ပျက်စီးပုံအရေးကို မြင်ကြပါ။

ကျွန်စော်နံလာပြီကို သတိပြုကြပါ။

အစိုးရသည် အစိုးရသာဖြစ်ပါသည်။

တိုင်းပြည်မဟုတ်ပါ။

အစိုးရကို မုန်းတီးရုံ၊ ဦးနေ၀င်း၊ ဦးစန်းယုကို မုန်းတီးရုံနှင့် တိုင်းပြည်ကို မဖျက်ကြပါနှင့်။

ကျွန်တော်တို့သည် တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။

ဦးနေ၀င်း မျက်နှာကို ကြည့်စရာမလိုပါ။

ထို့အတူ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် ဘယ်သူ့မျက်နှာကိုမျှ ကြည့်စရာမလိုပါ။

သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုသာ ရှေးရှု၍ တိုင်းပြည်ချစ်စိတ်မွေးကြပါ။

တရားမျှတသော၊ ဒီမိုကရေစီကျသော ဥပဒေဘောင်အတွင်းမှ ဆန္ဒခံယူပွဲများတွင် ကြိုက်သလိုပါဝင်ကြပါ။

မိမိတို့အလုပ်ကို ပြန်လုပ်ကြရင်း တိုင်းပြည် ချစ်ကြောင်း၊ အစိုးရ မကောင်းသော်လည်း မိမိတို့ကောင်းကြောင်းပြကြပါ။

အစိုးရများ အနေဖြင့်လည်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်းကို အထပ်ထပ် ဖြေပြီးဖြစ်ပါသည်။

မိမိတို့လက်ထဲတွင် ဒီမိုကရေစီရောက်နေကြောင်း စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။

မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါ။

ကြားကြားသမျှ ကောလာဟလများကိုလည်း ဉာဏ်ရှိသူများပီပီ ချင့်ချိန်၍ ယုံကြပါ။

ထပ်၍ဆိုပါမည်။

ကျွန်တော်သည် တိုင်းပြည်ကို ချစ်မြတ်နိုးသော ဆရာဝန် တစ်ဦးသာဖြစ်၍ ဘယ်ဘက်သို့မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြကြောင်း ပြည်သူကို သိစေချင်ပါသည်။

ကျွန်တော် ဆွေမျိုးရင်းချာတစ်ဦးလည်း အရေးအခင်းထဲတွင် သေနတ်မှန်၍ သေဆုံးခဲ့ရပါသည်။

သို့သော်လည်း မိမိ၏ ဆွေမျိုးတစ်ဦး၏အရေးထက် တိုင်းပြည်၏အရေးကိုသာ ကျွန်တော် ကြည့်ပါသည်။

ref: myanmar times

အင်တာနက်ပေါ်က သတင်းမှားတွေကြောင့် ကိုယ်ရောစိတ်ပါ နွမ်းနေရကြောင်း ရွှေညဝါ ဆရာတော် မိန့်ကြား


ရွှေညဝါ ဆရာတော်ကို လူချွတ်လိုက်ပြီ၊ လုံခြုံရေးတွေကနေပြီးတော့ ကျောင်းတိုက်ကို ၀ိုင်းဝန်းထားတယ်၊ ထောင်ချလိုက်ပြီ ဘာ..ညာ ဆိုတဲ့ အင်တာနက်ပေါ်တက်နေတဲ့ သတင်းမှားတွနဲ့ ကောလာဟလ တွေ ကြောင့် ကိုယ်ရောစိတ်ပါ နွမ်းနယ်နေရပါကြောင်း ရွှေညဝါ ဆရာတော် ဦးပညာသီဟ က မိန့်ကြားလိုက်ပါတယ်။

ရွှေညဝါဆရာတော်ဟာ သူ့အနေနဲ့ လူဝတ်လည်း မလဲသေးကြောင်း၊ လုံခြုံရေးယူတယ်ဆိုတာလည်း မဟုတ်ကြောင်း ဖြေရှင်းနေရသဖြင့် စိတ်ရောကိုယ်ပါ တကယ်နွမ်းနယ်နေဟန်ရှိပါတယ်။ ဒီသတင်းကို အရင်ဆုံး ကောလဟာလ လွင့်ခဲ့တာကတော့ The Voice Weekly က ဖြစ်ပြီး "ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ" ဆိုပြီး လုပ်ကြံ လွင့်ခဲ့ပါတယ်။ အဲဒီနောက် အတိုက်အခံ ဘလော့တွေနဲ့ facebook တွေဆီကို ပြန့်သွားခဲ့ပါတယ်။

ဘုန်းကြီးတစ်ပါးဖြစ်နေပါလျှက် အထက်ဝါတော်ကြီးသော ဘုန်းတော်ကြီးများရဲ့ မိန့်ကြားမှုကို နားမထောင်ပဲ ကိုယ်ထင်ရာကိုယ် လျှောက်လုပ်နေမှုကြောင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ၄၇ ပါးစုံညီ အစည်းအဝေးမှာ ရွှေည၀ါဆရာတော် ကို အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အရေးယူစာ ထွက်လာပြီးချိန်မှာ အင်တာနက်ပေါ်က အတိုက်အခံ မီဒီယာများနဲ့ နားမလည်ပါးမလည် မီဒီယာများက လုံခြုံရေးတွေ ဝိုင်းထားကြောင်း၊ လူချွတ်လိုက်ရကြောင်း ကောလဟာလတွေ လိုက်ပြီး ဖြန့်ခဲ့ကြပါတယ်။ ဒါ့အပြင် ဗန်းမော်ဆရာတော်ကြီး၊ ပြည်ဆရာတော်ကြီး တို့ ဦးစီးပြီး ဓမ္မကျမ်းဂန်များကို တဖက်ကမ်းခပ်ကျွမ်းကျင်ကာ သာသနာရေး ပြဿနာများကို ကျွမ်းကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်သော ဆရာတော်ကြီးများနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်သံဃမဟာနယက အဖွဲ့ကြီးကိုတောင် ရိုင်းစိုင်းစွာနဲ့ အပြစ်တင် ပုပ်ခတ် ရေးသားမှုတွေ လုပ်ခဲ့ကြပါတယ်။

သာသနာရေးလောကက ပြဿနာများဖြစ်ချိန်မှာ ဘယ်လူတစ်ယောက်မှ ဝင်မရှင်းနိုင်သလို ရွှေညဝါ ဆရာတော်ကဲ့သလို့ သာမန် ဘုန်းကြီးလောက်နဲ့တော် ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ အတုမရှီဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေဟာ နက်ရှိုင်းဆန်းကျယ်လွန်းကြီး အလွန်ခက်ခဲလှပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ပြီးနောက်မှာ သာသနာတော်မှာ အလွန်အဖိုးတန်တဲ့ ရလဒ်တွေ အများကြီး ထွက်ပေါ်လာခဲ့ရပါတယ်။ တရားသိ၊ တရားရှိနေတဲ့ မြင့်မြတ်လှတဲ့ ကိုယ်တော်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ သံဃာ့မဟာနာယက အဖွဲ့ကြီးကြောင့် သာသနာသန့်ရှင်းအောင် အများကြီးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ သံဃာ့မဟာနာယက အဖွဲ့ဝင်တွေဟာ သာသနာပြဿနာကို တဖက်ကမ်းခက်ကျွမ်းကျင်အောင် ဖြေရှင်းနိုင်သည့် အရည်အချင်းများ ပြည့်စုံနေကြသည့်အပြင် နိုင်ငံရေးပြဿနာ၊ နဲ့ အခြားပြဿနာတွေကိုတော့ လုံးဝ ဝင်မပါပဲ သင်္ဃန်းဝတ်ဖြစ်သောကြောင့် တရားအလုပ်ကိုသာ အမြင့်ဆုံးထိ အောင်မြင်အောင် ကြိုးစားကြပါတယ်။

ဒါကြောင့် သင်္ဃာန်းဝတ် တရားမကျင့်၊ ဓမ္မ မလိုက်စားတဲ့ ရွှေညဝါဆရာတော်ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက တရားမဟောဖို့ တစ်နှစ် အပြစ်ပေးခဲ့ပါတယ်။ ရွှေညဝါ ဆရာတော်ဟာ အပြစ်ခြင်း ပြည့်ဖို့အချိန် တစ်လ အလိုမှာ လက်တလုံးခြားလုပ်ပြီး မြန်မာ့သံဃာလောကရဲ့ အမြင့်ဆုံးဖြစ်တဲ့ သံဃမဟာနာယက အဖွဲ့ကြီးကို မထီလေးစားလုပ်ခဲ့တာကြောင့် ဒုဗ္ဗစ္စ ပုဂ္ဂိုလ်အဖြစ် သတ်မှတ် ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သာသနာကို ညစ်ပတ်အောင် သာသန ဘောင်ဝင်များကသာ လုပ်နိုင်သလို၊ သာသနာကို သန့်ရှင်းအောင် သာသန ဘောင်ဝင်များကသာ လုပ်နိုင်ပါတယ်။ ဘုန်းကြီးတစ်ပါးဖြစ်နေတာတောင်မှာ အပြစ်ရှိလို့ အပြစ်ပေးထားတာကို လိုက်ပါလုပ်ဆောင်ခြင်းမရှိပါက ထိုဘုန်းကြီးကို ဘုန်းကြီးလောကမှ ထုတ်ပယ်ခြင်းဟာ မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

"မင်းလည်း ဘုန်းကြီး၊ ငါလည်းဘုန်းကြီး.. ဘာမှ ဂရုစိုက်စရာမလိုဘူး.. ငါလုပ်ချင်တာလုပ်မယ် .." ဆိုတဲ့ စိတ်နဲ့ NLD နဲ့ပေါင်းကာ ထင်ရာစိုင်းခဲ့တဲ့ ရွှေညဝါဆရာတော်ဟာ သံဃမဟာနာယက အဖွဲ့ကို အကဲစမ်းခြင်းဖြစ်ကြောင်း ဘာသာရေး လေ့လာသုံးသပ်သူတစ်ဦးက အခုလိုပြောပါတယ်။

"တကယ်တော့ ရွှေညဝါဆရာတော်က ဘုန်းကြီးစိတ်ပျောက်ပြီး မဝင်သင့်တဲ့ စိတ်တွေ ဝင်သွားတာပါ... မင်းလည်း ဘုန်းကြီး၊ ငါလည်းဘုန်းကြီး.. ဘာမှ ဂရုစိုက်စရာမလိုဘူး.. ငါလုပ်ချင်တာလုပ်မယ် .. ဆိုတဲ့ စိတ်မျိုး ဝင်သွားတာပေါ့... အဲဒါကလည်း ဟီလာရီကလင်တန်နဲ့ တွေ့လိုက်တာတွေ၊ NLD က မြှောက်ပေးတာတွေကြောင့်လည်း ပါတယ်... ဘုန်းကြီးကို လူရာသွင်းသလို ဖြစ်သွားတော့ ဘုန်းကြီးက ဘုန်းကြီးစိတ်ပျေက်ပြီး လူစိတ်ဝင်သွားတာပါ... ဘုန်းကြီးတစ်ပါးက အဲ့လို ငါလုပ်ချင်တာ လုပ်မယ် ဆိုတဲ့ စိတ်ဝင်သွားရင် အဲဒီဘုန်းကြီးကို ဘယ်လူမှ ထိန်းလို့မရဘူးလေ... အခုလို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဆိုတာကြီး မြန်မာနိုင်ငံမှာ ရှိနေတာ ဗုဒ္ဓဘာသာဝင်တွေအတွက် ကံကောင်းသွားတာပါ... တရားအားမထုတ်ချင်ပဲ လူစိတ်ဝင်သွားတဲ့ ဘုန်းကြီးကို တရားအားမထုတ်ခိုင်းပဲ လူဝတ်လဲခိုင်းလိုက်တာကလည်း မျှတတဲ့ ဆုံးဖြတ်ချက်ပါ..." လို့ ပြောပါတယ်။

ဒါပေမယ့် အခုတော့ ရွှေညဝါ ဆရာတော်ဟာ အမှားတွေအတွက် နောင်တအကြီးအကျယ်ရနေပြီး နိုင်ငံတော်သံဃမဟာနာယက ဘုန်းကြီးတွေဆီကို အသနားခံစာ တင်ပြီးကြောင်း သိရပါတယ်။ အသနားခံစာမှာ ထရ၀ါရ သာသနာတော်မှာ သက်ကြီး ၀ါကြီး ဆရာတော်ကြီးတွေရဲ့ အဆုံးအမကို ဘုန်းကြီးတို့က ခံယူလိုက်နာပြီးတော့ ဆောင်ရွက်သွားပါ့မည်ဖြစ်ကြောင်း ၊ မလိမ္မာတခါမိုက် တပည့်သားကဲ့သလို့ ဆိုဆုံးမမှု ပေးပါရန်၊ သာသနာ အခွင့်အလမ်းများ ပြန်လည် ဖွင့်ပေးပါရန် ဦးခိုက်လျှောက်ထားပါကြောင်း စသည်ဖြင့် ရေးသားခဲ့ပါတယ်။

သတင်းထွက်ပြီးနောက်နေ့မှ NLD ဦးတင်ဦး နဲ့ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် အခြား အတိုက်အခံပေါင်းများစွာ ရွှေညဝါ ဆရာတော်ကျောင်းတိုက်ကို သွားရောက်ခဲ့ကြပြီး သတင်းယူက ကောလဟာလတွေ လူထုကြား ဖြန့်ခဲ့ကြပါတယ်။ ဗုဒ္ဓ စွယ်တော်မြတ်ကို သွားမဖူးပဲ ခရစ်ယန်ဘုရားရှိခိုးကျောင်းကို သွားတက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုမှ နိုင်ငံတော်သံဃမဟာနာယက ဆီကို စာပို့မယ်လို့လည်း နီးစပ်သူများက ပြောနေပါတယ်။


Myanmar Express

နိုင်ငံ့ဦးလျှောင်ကို ဆန့်ကျင်စော်ကားတဲ့ စကားလုံးကို မိန့်ခွန်းတွင် ထည့်သွင်းပြောမိ၍ ထောင် ၁၅ နှစ်ကျ


၂၀၀၈ တုန်းက ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ နိုင်ငံ့ဦးလျှောင်ကို ဆန့်ကျင်စော်ကားတဲ့ စကားလုံးကို မိန့်ခွန်းတွင် ထည့်သွင်းပြောမိ၍ အမျိုးသမီးခေါင်းဆောင် ဒါယန်နီး ချန်းချွန်ဆီလ်ပါကူလ် (Daranee Charnchoengsilpakul) ကို ဘန်ကောက်မြို့ ပြစ်မှုဆိုင်ရာတရားရုံးတစ်ရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

ဒါယန်နီး ချန်းချွန်ဆီလ်ပါကူလ် ကာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ထိုင်းရပ်(ခ်)ထိုင်း (Thai-Rak-Thai) ပါတီဝင်ဟောင်းတွေနဲ့ ပြန်ပြီး ဖွဲ့စည်းထားတဲ့ အင်္ကျီအနီဝတ်တွေရဲ့ ပွေထိုင်း (Phue Thai)မှာလည်း ပါတီဝင်တစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကလည်း နိုင်ငံ့ဦးသျှောင်ကို စော်ကားတဲ့ ဖုန်းမက်ဆေ့ခ်ျ တစ်ခုပို့ ပို့မီလို့ အသက် ၆၁ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ထောင် အနှစ် ၂၀ ချခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံများနဲ့ အဆင်ပြေသောနိုင်ငံဖြစ်တာကြောင့် အခုလို နိုင်ငံ့ဦးသျှောင်နဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ဥပဒေတွေနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက မသိချင်ဟန်ဆောင်နေပြီး ကုလကလည်း ဆိုးရိမ်ကြောင်း မပြောခဲ့ပါဘူး။

ထိုင်းနိုင်ငံသားတွေအနေနဲ့ အင်တာနက်က facebook ပေါ်မှာ နိုင်ငံ့ဦးသျှောင်ကို စော်ကားတဲ့ စာသားကို like ပေးရင်တောင် ထောင်တစ်နှစ်ခွဲ ချနေပေမယ့် အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ နိုင်ငံ့ဦးသျှောင်ကို အဆင့်တန်းမရှိ ရိုင်းစိုင်းစော်ကားနေသူတွေ ရှိနေတာတောင် အရေးယူမှုလုပ်တာမျိုးတော့ တစ်ခါမှ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံမှာလည်း နိုင်ငံ့ဦးသျှောင်ကို စောင်းမြောင်းတဲ့ စကားလုံးတွေကို မိန့်ခွန်းတွေထဲမှာ ထည့်ပြော၊ တရားတွေထဲမှာ ထည့်ဟော ကြသူတွေရှိပေမယ့် ထိုင်းနိုင်ငံလို ထောင် ၁၅ နှစ် အနှစ် ၂၀ ချ တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။



Myanmar Express

ICBC ကိုယ်စားလှယ်ရုံးခွဲက မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကမ္ဘာ့ဈေးကွက် ဝင်နိုင်ရန် ဝန်ဆောင်မှုပေးမည်


တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဘဏ်တစ်ခုဖြစ်သော ICBC (Industrial and Commercial Bank of China) ဘဏ်သည် မြန်မာနိုင်ငံတွင် ဖွင့်လှစ်လိုက်သော ၎င်းတို့၏ တရုတ်နိုင်ငံ ဘဏ်များတွင် ပထမဆုံး ကိုယ်စားလှယ်ရုံးခွဲမှတစ်ဆင့် ကမ္ဘာ့ဘဏ်အသီးသီးနှင့် ငွေကြေးဆိုင်ရာကိစ္စများ ချိတ်ဆက်လုပ်ဆောင်မှုများကို မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအတွက် ကူညီပေးမည်ဖြစ်ကြောင်း ၇-၁၂-၂၀၁၁ ရက်က သိရသည်။ အဆိုပါ ကိုယ်စားလှယ်ရုံးခွဲအနေဖြင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုနှင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်လိုမှုတို့အတွက် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး အနာဂတ် အလားအလာများအရ ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်သွားနိုင်ရန်အထိ ရည်ရွယ်ထားကြောင်း သိရသည်။ "လောလောဆယ်မှာ ဘဏ်ရဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ မလည်ပတ်နိုင်သေးပေမယ့် ဘဏ်ကတစ်ဆင့် ချိတ်ဆက်ဝန်ဆောင်မှု ပေးသွားပါမယ်၊ တစ်ဆင့်ခံပုံစံမျိုး ဆောင်ရွက်ပေးသွားမှာပါ" ဟု ICBC ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ကျန်းကျင့်ချင်းက ပြောကြားသည်။ "ICBC အနေနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း အခြေခံအုတ်မြစ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အများကြီး အထောက်အကူပြုလာနိုင်ပါတယ်။ တရုတ်-မြန်မာ ကုန်သွယ်မှုကိုလည်း ဒီကိုယ်စားလှယ်ရုံးက အထောက်အကူ ပြုလာနိုင်ပါလိမ့်မယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။ လက်ရှိကာလတွင် ICBC အပါအဝင် စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဂျပန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း အစရှိသော နိုင်ငံများမှ ဘဏ်ကိုယ်စားလှယ် ရုံးခွဲပေါင်း ၁၆ ခုအထိ ဗဟိုဘဏ်က ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ ICBC မှာ ၎င်း ၁၆ ခုတွင် ကမ္ဘာ့အကြီးဆုံး ဘဏ်ဖြစ်နေပြီး နိုင်ငံနှင့် ဒေသပေါင်း ၃၁ ခုတွင် ဘဏ်ခွဲပေါင်း မြောက်မြားစွာ ရှိနေပြီး အင်အားအတောင့်တင်းဆုံးဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း

ကြားဖြတ် ရွေးကောက်ပွဲ နှင့် တစညပါတီ


တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် ကြားဖြတ် ရွေးကောက် ပွဲတွင် လစ်လပ် မဲနေရာ ၄၅ နေရာ၌ ဝင်ရောက် ယှဉ်ပြိုင် သွား မည် ဖြစ်ကြောင်း ဇမ္ဗူသီရိ မြို့နယ်ရှိ (တ.စ.ည)ရုံး မှ ဦးကျော်အေးက ယခုလ ၉ ရက်နေ့တွင် ပြောသည်။ လစ်လပ်မဲဆန္ဒနယ်တွေထဲ က ၃ နေရာ ကိုတော့ မရေရာသေး ဘူး။ ၄၅ နေရာကိုတော့ တိတိကျ ကျပြိုင်သွားမယ်လို့ ပြောလို့ရပါ တယ်။ စည်းရုံးရေးတွေကိုလည်း ထိ ထိရောက်ရောက် လုပ်သွား မှာပါဟု ၄င်းကဆိုသည်။

ဇမ္ဗူသီရိမြို့နယ် တ.စ.ညရုံး၏ နာယက ဦးကျော်အေးသည် ပြီးခဲ့ သည့် ၂၀၁၀ နိုဝင်ဘာရွေးကောက် ပွဲတွင် ယခုနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခဲ့ကာ ရှုံးနိမ့်ခဲ့ပြီး လက်ရှိတွင် ကြားဖြတ်ရွေးကောက် ပွဲ၌ ဝင်ရောက်အရွေး ချယ်ခံတော့ မည်မဟုတ်ကြောင်းသိရသည်။ အသက်ကလည်း ၇၄ နှစ် ရှိနေပြီ။ ကျန်တဲ့သားသမီး ၃ ယောကက် လည်းတကသ္က လိုေ် ကျာင်း စရတိ န် စဲ့ားဝတေ် နရေးအဆင်မ ပြေပါ ဘူး ။

အသိမ်းခံရတဲ့လတ်တလော မြေတွေကလည်း လျော်ကြေးမရ တော့ ပိုဆိုးတယ်။ ရုံးချုပ်က ဝင် ပြိုင်စေချင်ပေမယ့် နောက်ဆက်တွဲ ကုန်မယ့်ကုန်ကျစရိတ်ကို မတတ် မနိုင်တော့ဘူး ။ ဒါကြောင့် ဒြီကားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် အနေနဲ့ မပြိုင်တော့ဘူး ။ ဇမ္ဗူသီရိရုံး ရဲ့ နာယကနေရာကိုပဲ ယူထားပါ တယ်ဟု ၄င်း ကဖွင့်ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြားဖြတ် ရွေးကောက် ပွဲ ကျင်းပမည်အတအိ လင်း မကြေညာသေးသော်လည်း လစ် လပ်မဲဆန္ဒနယ်များကို ပါတီအသီးသီးသို့ အသိပေးခဲ့ပြီးဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုး သားလွှတ်တော် ၁ နေရာ၊ တိုင်း ဒေသကြီး လွှတ်တော် ၁ နေရာ၊ ရှမ်းပြည်နယ်တွင်ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ ရန်ကုန်တိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ၆ နေရာ၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ မန္တလေးတိုင်းဒေသကြီး ရှိ (နေပြည်တော်အပါအဝင်) ပြည် သူ့လွှတ်တော် ၁၀ နေရာ၊ မကွေး တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ် တော် ၅ နေရာ၊ အမျိုးသားလွှတ် တော် ၁ နေရာ။ ပဲခူးတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် တွင် ၁ နေရာ၊ တနင်္သာရီတိုင်းဒေ သကြီးတွင် ပြည်သူ့လွှတ်တော် ၂ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုး သားလွှတ်တော်တွင် ၂ နေရာနှင့် ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ် တော် ၃ နေရာဟူ၍ ထုတ်ပြန် သည့် စာရင်းဇယားများအရ သိရ သည်။

လစ်လပ်သော မဲဆန္ဒနယ် အပြည့်အစုံမှာ

ရန်ကုန်တိုင်း

၁။ဦးအောင်ကြည် မင်္ဂလာတောင်ညွန့် အလုပ်သမား၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး
၂။ဒေါက်တာပွင့်ဆန်း မရမ်းကုန်း ဒု-ဝန်ကြီး (ကူးသန်းရောင်းဝယ်ရေး)
၃။ ဦးခင်မောင်စိုး လှည်းကူး အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး
၎။ ဦးသိန်းထိုက် ဒဂုံ (ဆိပ်ကမ်း) သတ္တုတွင်းဝန်ကြီး
၅။ သူရဦးမြင့်မောင် သုံးခွ သာသနာရေးဝန်ကြီး
၆။ ဦးစိုးတင့် ကော့မှုး ဒု-၀န်ကြီး (ဆောက်လုပ်ရေး)


မန္တလေးတိုင်း

၇။ ဦးသိန်းစိန် ဇမ္ဗူသီရိ သမ္မတ
၈။ သီဟသူရ ဦးတင်အောင်မြင့်ဦး ပုဗ္ဗသီရိ ဒုတိယသမ္မတ
၉။ ဦးမြင့်လှိုင် ဒက္ခိဏသီရိ လယ်ယာ/ဆည်မြောင်းဝန်ကြီး
၁၀။ ဦးကျော်စွာခိုင် ဥတ္တရသီရိ သမ္မတရုံး ဝန်ကြီး
၁၁။ဒေါက်တာမြအေး မဟာအောင်မြေ ပညာရေးဝန်ကြီး
၁၂။ ဦးတင်အေး တံတာဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၃။ ဦးလှထွန်း ကျောက်ပန်းတောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး
၁၄။ ဦးညဏ်ထွန်းအောင် နွားထိုးကြီး ပို့ဆောင်ရေးဝန်ကြီး
၁၅။ ဦးသိန်းအောင် မိတ္ထိလာ
၁၆။ ဒေါက်တာမြင့်အောင် ပြင်ဦးလွင်


ဧရာဝတီတိုင်း

၁၇။ ဦးတင့်ဆန်း မြောင်းမြ ဟိုတယ်/ ခရီး၊အားကစားဝန်ကြီး
၁၈။ ဦးသိန်းညွန့် မအူပင် သမ္မတရုံး ဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန်
၁၉။ ဦးသန်းထွန်း ပုသိမ်
၂၀။ ဦးခင်မောင်အေး ၀ါးခယ်မ
၂၁။ ဦးသန်းဌေး မြန်အောင်
၂၂။ ဒေါက်တာ မြတ်မြတ်အုန်းခင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) (ဖျာပုံ၊ ဒေးဒရဲ) ဒုတိယဝန်ကြီး(ကျန်းမာရေး)
၂၃။ ဦးသောင်းဟန် ရေကြည်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်


တနင်္သာရီတိုင်း

၂၄။ ဦးစိုးသိန်း ကျွန်းစု စက်မှုဝန်ကြီး
၂၅။ ဒေါက်တာကျော်ကျော်ဌေး လောင်းလုံ


ပဲခူးတိုင်း

၂၆။ ဦးအောင်မင်း တောင်ငူ ရထားပို့ဆောင်ရေးဝန်ကြီး
၂၇။ ဦးဝင်းတင် ထန်းတပင်
၂၈။ ဦးအံ့ကြီး သနပ်ပင်
၂၉။ ဒေါက်တာဝင်းမြင့် လက်ပံတန်း ဒု-၀န်ကြီး (ကျန်းမာရေး)
၃၀။ ဒေါ်ချိုနွယ်ဦး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) (အုဌ်တွင်း၊ ထန်းတပင်)
၃၁။ ဦးအေးနိုင် က၀ မဲဆန္ဒနယ် အမှတ် ၂ (တိုင်းဒေသကြီး လွှတ်တော်)


မကွေးတိုင်း

၃၂။ ဦးဇော်မင်း မကွေး အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး
၃၃။ ဒါက်တာ မောင်မောင်ဌေး ပွင့်ဖြူ ဒု-ဝန်ကြီး(သာသနာရေး)
၃၄။ ဦးစိုးမောင် ရေစကြို သမ္မတရုံး ဝန်ကြီး
၃၅။ ဦးသိန်းထွန်း မြိုင် ဆက်သွယ်ရေး ၀န်ကြီး
၃၆။ ဦးစောလှ ပခုက္ကူ
၃၇။ ဦးခင်ဇော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄) (တောင်တွင်းကြီး)


စစ်ကိုင်းတိုင်း

၃၈။ ဦးခင်မောင်မြင့် စစ်ကိုင်း ဆောက်လုပ်ရေးဝန်ကြီး
၃၉။ ဦးကျော်ဆန်း ပုလဲ ပြန်ကြားရေး၊ယဉ်ကျေးမှုဝန်ကြီး
၄၀။ ဦးမောင်မြင့် မင်းကင်း ဒု-ဝန်ကြီး(နိုင်ငံခြားရေး)
၄၁။ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃)စီးပွားရေးနှင့် (ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး) ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၄၂။ ဦးခင်မောင်အေး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇) ဒု-၀န်ကြီး (ဗန်မော်၊ ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊(မွေးမြူရေး နှင့် ရေလုပ်ငန်း)


ကချင်ပြည်နယ်

၄၃။ ဦးဘုန်းဆွေ မိုးကောင်း ဒု-ဝန်ကြီး (လူမှုဝန်ထမ်း/ကယ်ဆယ်ရေး)
၄၄။ ဦးအုန်းမြင့် ဖားကန့် သမဝါယမဝန်ကြီး
၄၅။ ဦးလွန်းမောင် ဗန်းမော် ပြည်ထောင်စု စာရင်းစစ်ချုပ်


မွန်ပြည်နယ်

၄၆။ ဦးအေးမြင့် မော်လမြိုင် သိပ္ပံနှင့် နည်းပညာဝန်ကြီး


ရှမ်းပြည်နယ်

၄၇။ ဦးတင်နိုင်သိန်း ကလော အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး
၄၈။ ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃) ဒုတိယ သမ္မတ

တို့ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် တ.စ.ညပါတီ သည် တစ်နိုင်ငံလုံးအနေဖြင့် မဲဆန္ဒ နယ် ၅၄ နေရာအနိုင်ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ သြ၀ါဒကထာ

ရန်ကုန်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်ကြီး နှစ်ခု၏ အဓိပတိ ဆရာတော်
ဘဒ္ဒန္တ ကုမာရာဘိဝံသ
(ဗန်းမော်ဆရာတော်၊
နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ) ၏

ပညာသင်ကြာရေးဆိုင်ရာ သြ၀ါဒကထာ။

မာဂဓာ ပါကတာ စေ၀၊ သဟ သင်္ခတ ဘာသယ၊
တိသန္နံ ကောဝိဒေါ ယော သော၊ ဓိရော ပါဠိ ၀ိသောဓယေ။


ပုဂံခေတ်ဦးက ရှးပညာရှင်ကြီးများ စီရင်ရေးသားခဲ့သော ဂါထာဖြစ်ပေသည်။ အနက်မှာ သက္ကတ ဘာသာနှင့် တကွ၊ ပါဠိ၊ပြာကတ ဘာသာဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို တတ်ကျွမ်းသည့် ပညာရှိသည် ပါဠိ၊ ပုဒ်ပါဌ်၊ အက္ခရာမှန်၊ မမှန်ကို သုတ်သင်ရှင်းလင်းနိုင်၏။ ဟူ၍ဖြစ်၏။ ဤအဆိုအမိန့်အရ ရှေးခေတ်အခါမှစ၍ တစ်ဘာသာနှင့် တစ်ဘာသာနီးကပ်စွာဆက်စပ်နေသည့် သက္ကတ၊ မာဂဓ၊ ပြကတ အမျိုးမျိုးဟူသော အိန္ဒိယ ဘာသာများကို တတ်ကျွမ်းအောင်ကောင်းစွာလေ့လာသင်ယူထားမှ သာလျှင် ပါဠိပုဒ်တွေကို နိုင်နင်း၍ တိကျ မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင့် ထင်ရှားလှပေသည်။ရှေးခေတ်မှစ၍ ယခုအထိ သုံးစွဲနေသည့် ဘာသာစကားတွေ အမျိုးမျိုးကိုမျိုးနွယ်တူရာအုပ်စုခွဲခြား သတ်မှတ်လိုက်လျှင် သက္ကတဘာသာ မျိုးနှင့် ပြာက တ ဘာသာမျိုးဟူ၍ နှစ်မျိုးသာ တွေ့နိုင်ပေမည်။ ထိုနှစ်မျိုးတွင်...


(၁) သက္ကတဘသာဟူသည် ပညာရေးကိုအချိန်ယူစောက်ချသင်ယူ၍ ပညာဖြင့်အသက်မွေးကြသည့် ပုဏ္ဏား တို့က သဒ္ဒါနည်းစနစ် တိကျတင်းကျပ်စွာ မူသေသတ်မှတ်ပြောဆို ရေးသားသည့် ဘာသာစကားမျိုးဖြစ်ပေ သည်။(၂)ပြာကတဘာသာ စကားမျိုးဆိုတာကတော့ သာမာန်လူတန်းစားများပြောဆိုသုံးစွဲကြ၍ ကာလ ၊ ဒေသ၊ ပုဂ္ဂလအရ တစ်ဖြည်းဖြည်း အနည်းငယ် ပြောင်းလွဲကွဲပြားသွားသည့် ဘာသာစကား အမျိုး မျိုးကို မျိုးနွယ်တစ်ခုအဖြစ် စုပေါင်းခေါ်ဝေါ်အမည်ပေးထားသော အမည်ပညတ်တစ်ခုဖြစ်ပေသည်။ ထိုဘာသာနှစ်မျိုး တွင်ပြာကတ ဘာသာမျိုးသည် သုံးစွဲသည့် ဒေသအမျိုး ကိုလိုက်၍ ပါဠိနှင့်တကွ ၊ မာဂဓီ၊ အဒ္ဓမာဂဓီ စသည် အားဖြင့် ဘာသာစကား များစွာကို ကိုယ်စားပြုထားပေသည်။

ရှေးဆရာတော်ကြိးများ၏ အလိုအရ သက္ကတ၊ မာဂဓ၊ ပြာကတ ဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို သင်ယူလေ့လာ တတ်မြောက်မှသာလျှင်ပါဠိဘာသာကို တကယ်ကျွမ်းကျင်နိုင်နင်းနိုင်မည်ဖြစ်၏။ အဘယ့်ေ ကြာင့်ဆိုသော်နောက်ခံသမိုင်းကြောင်းအရပြောရလျှင် ဗုဒ္ဓသာသနာတော်သည် ဗုဒ္ဓလက်ထက်တော်မှစ၍ နှစ်ပေါင်းများစွာအတွင်းမှာအိန္ဒယနိုင်ငံရှိပြည်နယ်ဒေသမြောက်များစွာသို့ရောက်ရှိပြန့်နှံ့သွားခဲ့ရာမှထိုထိုဒေသတို့မှ ပုဂ္ဂိုလ်မြောက်များစွာတို့သည် ဗုဒ္ဓသာသနာတော်တွင်းသို့ ၀င်ရောက်လာခဲ့ကြသဖြင့် တစ်ခုနှင့် တစ်ခု အနည်း ငယ်စီ ကွဲပြားသည့် ဒေသသုံးဘာသာတွေ မြောက်များ စွာတို့သည် ပါဠိပိဋက၊ အဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ဂန္ထန္တရ ဟူသော ပါဠိစာပေပင်လယ် ထဲသို့ တစ်ဖြေးဖြေး ၀င်ရောက် လာသောကြောင့် ဖြစ်ပေ သည်။

ကောင်းပြီ ယခုမြန်မာနိုင်ငံ၌ ပါဠိဘာသာတစ်ခုတည်းကိုပင် ကစ္စည်းသဒ္ဒါကျမ်း ၊ ရူပသိဒ္ဓိ၊ မောဂ္ဂလာန်ကျမ်း ၊ဘေဒစိန္တာကျမ်း စသည်အားဖြင့် စာပေပေါင်းမြောက်များစွာကို အချိန်များစွာပေး၍ သင်ယူခဲ့ကြ သော်လည်း ပါဠိကိုမနိုင်၊ ပါဌ်မှား၊ ပါဌ်မှန်မသိဖြစ်နေရပေသည်။ သက္ကတဘာသာ၊ပြာကတဘာ သာ၊ပြာကတဘာသာ တို့ကိုလည်း ထိုထိုဆိုင်ရာ သဒ္ဒါကျမ်းများကို ဆက်လက်လေ့လာရမည်ဆိုလျှင်နှစ်ပေါင်းများစွာထပ်ကြာဦး မည်ဖြစ်၍အိုမင်းမစွမ်းအရွယ်ရောက်မှ စာတတ်ရတော့မည်မဟုတ်တုံလော ဟုမေးခွန်းထုတ်ငြားအံ့
အဖြေကောင်းကိုတင်ပြပေးပါမည်။


နည်းပညာသာ ပဓာန

နောက်ခံသမိုင်းအရ ရှင်းပြရလျှင် အနောက်ဥရောပ တိုက်သားတို့သည် ဦးစွာပထမ အိန္ဒိယ၊ သီဟိုဠ် ပညာ ရှင်များထံ၌ ပါဠိ၊ သက္ကတ၊ပြာကတဘသာရပ်များကို ဇွဲလုံ့လကြီးစွာ သင်ယူခဲ့ကြ၏။ နောင်စာတတ်လာ သည့်အခါ ဥရောပတိုက်သားတို့သည်(အထူးသဖြင့် ဂျာမာန်လူမျိုးတို့သည်) ၀ိဇ္ဇာ-သိပ္ပံဘာသာရပ်တို့၌ခေတ်မှီ လွယ်ကူသည့် နည်းစနစ်များကို ပညာရှင်တွေ တစ်ဦးပြီး တစ်ဦး ဆက်ကာဆက်ကာ ကြိုးစားအား ထုတ်တီထွင်လာခဲ့ကြသဖြင့် ၀ိဇ္ဇာ-သိပ္ပံဘက်စုံမှာ တစ်ဟုန်ထိုးတိုးတက်လာပြီး (ဆရာဖြစ်ကြသည့်)အရှေ့ တိုင်းသားများကိုကို ကျော်လွန်သွားကြပေသည်။ (ဥပါဒါန် အစွဲမရှိမှု၏ ကောင်းကျိုးပင်တည်း)။

ထိုအနောက်ဥရောပသားတို့သည် ဤပါဠိ၊ သက္ကတ၊ပြာကတ ဘာသာများကို သင်ယူရာ၌လည်း ပညာရှင်တို့ သည် သဒ္ဒါစနစ်တိကျတင်းကြပ်သည့် သက္ကတဘာသာကို အဓိကထား၍ ပါဠိ၊ပြာကတ ဘာသာ များနှင့် နှိုင်းယှဉ်လေ့လာခြင်းဟူသော ဘသာဘေဒခေါ် သိပ္ပံနည်းကျ သဘာဝရုတ္တိနည်း များကို တစ်ဦးပြီး တစ်ဦး ဆက်ကာဆက်ကာ တီထွင်ကြံဆခဲ့ အသုံးပြုကြသဖြင့် အဆိုပါ သုံးဘာသာလုံးကို ကျကျနနခြုံငုံနား လည်အောင်လေ့လာခြင်းဖြင့် မကြာမီကာလအတွင်းမှာ တတ်မြောက်ကောင်းစွာတတ်ကျွမ်း သွားကြပေ သည်။ ထို့ပြင်ခေတ်မှီသော သက္ကတ အဘိဓာန်၊ ပါဠိအဘိဓာန်၊ပြာကတ အဘိဓာန်ကောင်း များကို ပညာရှင် များက စုပေါင်းသားကြသဖြင့်လည်း စာသင်သားတို့၏ ပညာရေးကို အလွန်ပင် ကျေဇူးပြု ကြပေသည်။

အချုပ်ဆိုရသော် ဆရာကြီး ဦးမြင့်ဆွေသည် ပါဠိသက္ကတနည်းစနစ်ကို အပတ်တကုတ် ကြိုးစားအားထုတ် သင်ယူတတ်မြောက်ခဲ့သည့် အဆိုပါခေတ်မှီ သင်ကြားနည်း ဘာသာဘေဒနည်းကို မန္တလေး (မန်းတက္က သိုလ်)၌ နှစ်ပေါင်းသုံးဆယ်ကျော် ၊မန္တလေး သာသနာ့တက္ကသိုလ်၌ ဆယ့်ရှစ်နှစ်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်၌ ဆယ်နှစ်တိုင်တိုင် သင်ကြားခဲ့သည့်နှစ်များစွာအတွင်း၌ ရရှိသည့် သင်ကြားသည့်အတွေ့ အကြုံများစွာ ဖြင့် လည်း မူလဥရောပ သင်နည်းကိုပိုကောင်းအောင်ပြုပြင်မွမ်းမံ၍ သင်ကြားပေးသဖြင့် ယခုအခါ ပါဠိ၊သက္ကတ ၊ပြာကတ ဘာသာတို့၌ တတ်ကျွမ်းကြသည့် မြန်မာရဟန်းတော်တွေ များစွာ ပေါ်ထွန်း လာကြပါပြီ။ ပညာရေး တိုးတက်မှု၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြိုင်အဆိုင် ကြိုးစားနေကြသည့် ဤခေတ်ကြီးဝယ်အောက်တန်း မကျ ရအောင်ပြည်တွင်းပြည်ပ၌ သာသနာပြုကြမည့် အရှင်ဘုရားတို့ ဇွဲလုံ့လကြီးစွာဖြင့် ကြိုးစား အားထုတ်တော် မူကြပါ၊ ဟုတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါသည်။

နိုင်ငံတော် သံဃမဟာနာယက အကြောင်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

ကချင်ပြည်သူတွေအေးချမ်းဖို့ ဘုရားသခင်ကိုယ်တော်မှ KIA ခေါင်းဆောင်လူမိုက်ကြီးများကို ဖယ်ရှားပေးတော်မူပါ (ပေးစာ - ၆၅)


ကျွန်တော်က ကချင်ပြည်နယ်မှာနေထိုင်တဲ့ ကချင်လူမျိုးတစ်ဦးပါ၊ ကျွန်တော်တို့ကချင်လူထုတွေ လက်ရှိခံစားနေရတဲ့ဒုက္ခတွေနဲ့ ခံစားချက်တွေကိုအားလုံးသိစေချင်လို့ ဒီစာလေးကိုပေးပို့တာပါ၊ အခုဆိုရင် ကျွန် တော်တို့တွေစားရေးသောက်ရေးအခက်အခဲဖြစ်နေတာထက် KIA စစ်သားမဖြစ်ဖို့အတွက် ထွက်ပြေးနေရတာ ကပိုပြီးဒုက္ခရောက်နေပါတယ်၊ KIA အဖွဲ့ကတွေ့တဲ့နေရာမှာ ရသမျှလူတွေကို စစ်သားလုပ်ခိုင်းဖို့ဖမ်းခေါ်ပါတယ်၊ သေနတ်ကိုင်နိုင်တာနဲ့ KIA အေစစ်သားလုပ်ရမယ်ဆိုပြီး ကလေးငယ်တွေကအစ ဖမ်းခေါ်ပါတယ်၊KIA စစ်သား မလုပ်ဖူးဆိုရင် သစ္စာဖောက်တယ်ဆိုပြီး သတ်ပစ်မယ်လို့ချိန်းခြောက်ပြီး အတင်းလူသစ်စုပါတယ်၊ ဒီလိုပြောနေ ပေမဲ့ ဟိုတစ်နေ့က တောထဲကို ထင်းသွားခုတ်တဲ့ကျွန်တော့်သူငယ်ချင်း တူချောင်နဲ့ ဒိုးလီတို့ နှစ်ယောက်ကို KIA စစ်သားလုပ်ဖို့ခေါ်သွားတာ သူတို့မိဘတွေက KIA ခေါင်းဆောင်တွေဆီမှာ ပိုက်ဆံနဲ့ပြန်ရွေးတော့ ပြန် လွှတ်ပေးလိုက်ပါတယ်၊ KIA ခေါင်းဆောင်တွေကသူတို့ အကျိုးစီးပွားကိုဘဲကြည့်ပြီး နယ်မြေလူထုကို လုံးဝ လည့်မကြည့်တော့ပါဘူး။


ကျွန်တော်တို့ဒေသမှာအစိုးရတပ်နဲ့ ကချင်တပ်မတော်ကြားမှ တိုက်ပွဲတွေနေစဉ်နဲ့ အမျှပြင်းပြင်း ထန်ထန် ဖြစ်ပွါးနေတော့ရွာတွေမှာလဲ မနေရဲတောဘူး၊ဟိုပြေးဒီပြေးနဲ့ ဘယ်ကိုသွားလို့ ဘယ်ကိုလာရမှန်း မသိအောင်ဖြစ်နေရပါတယ်၊ ကိုယ့်အိမ်ကိုယ့်ရွာကနေ ဘယ်ကိုမှမသွားချင်ပါဘူး၊ကျွန်တော်တို့တွေရဲ့ အိုးအိမ်၊ လယ်ယာ၊ကျွဲ၊နွားတွေနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကို ပြစ်ခဲ့ရပြီး ဒုက္ခသည်ဘ၀နဲ့ ဆင်ရဲဒုက္ခရောက်ပြီးမနေ ချင်တော့ပါဘူး။

ဒီလိုကြီးတိုက်ပွဲတွေဖြစ်နေတာကို မြန်မြန်ပြီးစေချင်ပါပြီ၊ အရင်ကလိုဘဲအေးအေးချမ်းချမ်းနဲ့ လုပ်ကိုင် စားသောက်ချင်လှပါပြီ၊ အစိုးရတပ်ဘက်ကရော KIA တပ်မတော်ဘက်ကရော နှစ်ဘက်လုံးကြေအေးနားလည် မှုယူလိုက်မယ်ဆိုရင်တော့ အေးချမ်းသွားမှာပါ၊ ဒါပေမဲ့ဒါကတော့ လောလောဆယ်ဖြစ်နေတဲ့ အနေအထားအရ မဖြစ်နိုင်သေးပါဘူး၊ အစိုးရဘက်နဲ့ KIA ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတာတွေလုပ်နေပေမဲ့ “၀မ်ပေါင်ကချင်နိုင်ငံတော်ထူထောင်ရေး” ဆိုတဲ့အတွေးအခေါ်အမှားတစ်ခုတည်းကိုဘဲ ခေါင်းထဲမှာထည့်ပြီး KIA အေစစ်သားတွေသေကြေတာ၊ကချင်လူထုတွေဒုက္ခရောက်နေကို လုံးဝထည့်မတွက်တဲ့ စစ်သွေးကြွ KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂမ်ရှောင်ကြောင့် ဆွေးနွေးမှုမအောင်မြင်သေးပါဘူး။


အစိုးရတပ်ဘက်က အင်အားအလုံးအရင်းနဲ့ KIA ကိုတိုက်ခိုက်ဖြိုခွင်းလိုက်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ကပြီးသွားမှာပါ၊ဒါပေမဲ့ဒီလိုလုပ်မယ်ဆိုရင် နှစ်ဘက်စလုံးအထိအခိုက် အကျအဆုံးတွေများမယ်၊ပြီးတော့ ဒေသ ခံလူထုလဲ ဒီထက်ပိုပြီးဒုက္ခရောက်ကြရမှာဖြစ်ပါတယ်၊ ဒါကြောင့်ဒီနည်းလမ်းနဲ့ဖြေရှင်းဖို့ကလည်း မဖြစ်နိုင်ပါဘူး၊ အဓိကကတော့ အေးချမ်းမှုကိုမလိုလားတဲ့ KIA ခေါင်းဆောင်ပိုင်တွေဖြစ်တဲ့၊စစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂမ်ရှောင်၊ ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွမ်မော်တို့ကြောင့် အခုလိုဖြစ်နေရတာပါ၊

ကျွန်တော်တို့ကချင်လူထုအေးအေး ချမ်းချမ်းနေရဖို့အတွက် သူတို့မရှိမှအေးချမ်းမှာပါ၊“ ဒီစစ်သွေးကြွ KIA ခေါင်းဆောင်လူမိုက်ကြီးတွေကို ဘုရားသခင်ကရှင်းပေးတော်မူပါ၊ဖယ်ရှားပေးတော်မူပါ” လို့ဆု တောင်းပါတယ်၊ KIA တပ်မတော်ဟာ လက်ရှိအနေအထား၊လက်ရှိအခြေအနေနဲ့ အစိုးရတပ်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာကို သိရက်နဲ့ အခုလိုတိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေတာဟာ KIA ခေါင်းဆောင်တွေက “သိခေါက်ခက်နဲ့အ၀င်နက်နေတဲ့လူမိုက်တွေ” တွေပဲလို့မြင်ပါတယ်။

KIA ဗိုလ်ချုပ်ဂမ်ရှောင်ဟာ သူလိုချင်တာ၊ သူဖြစ်ချင်တာကို အတင်းမိုက်တွင်းနက်နေပြီး “၀န်ပေါင် ကချင် နိုင်ငံတော်”ထူထောင်ဖို့ဆိုပြီး မဟာရည်မှန်းချက်အမှားကြီးကိုလက်ကိုင်ထားပြီး ကချင်တစ်မျိုးသားလုံး ဒုက္ခရောက်ချင်ရောက်၊သေချင်သေ ဖြစ်အောင်လုပ်မယ်၊ ဘယ်သူမှမကျန်ရင်နေ သူကျန်ရင်ပြီးတာဘဲဆိုပြီး စစ်သွေးကြွထင်ရာလုပ်နေတဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့တွေ အခုလိုဒုက္ခတွင်းနက်နေကြရပါတယ်။

ငြိမ်းချမ်းရေးနဲ့ အေးချမ်းမှုကိုလိုလာတဲ့ ခေါင်းဆောင်အချို့ဖြောင့်ဖျပြောဆိုပေမဲ့လဲ ဘယ်လိုမှပြောလို့ မရဘူးဖြစ်နေပါ တယ်။ အရင်တစ်ခါက လိုင်ဇာမှာလုပ်တဲ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ဖို့လမ်းကြောင်း ခင်းတဲ့ KIA ခေါင်းဆောင်အချို့ကို အစည်းဝေးခန်းထဲမှာပဲ ဗိုလ်ချုပ် ဂမ်ရှောင်ကသေနတ်နဲ့ ပစ်သတ်ခိုင်းခဲ့ တာကြောင့် အေးချမ်းမှုကိုလိုလာတဲ့ခေါင်းဆောင်တွေက စိတ်ထဲမှာလုံးဝမကြေနပ်ပေမဲ့ ဗိုလ်ချုပ်ဂမ်ရှောင်က သတ်မှာကြောက်လို့ မပြောရဲကြဘူးဖြစ်နေပါတယ်၊ဒါပေမဲ့ ကျွန်တော်တို့ထာဝရဘုရားသခင်က ဒီလိုကြီးတော့ ကြည့်မနေပါဘူး၊ တူသောအကျိုးကိုခံစားကြရမှာပါ။


“စစ်တပ်ဘက်ကလည်း KIA ကိုအပြီးတိုက်ချင်နေတဲ့သဘောရှိပြီး၊ အစိုးရပြောတာကိုလုပ်ချင်ပုံမရဘူး” လို့ထင်ပါတယ်၊ဒီလိုအခြေအနေကြောင့် အစိုးရတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ချေမှုန်းတိုက်ခိုက်မယ်ဆို ရင် ကျွန်တော်တို့ဘဲဒုက္ခရောက်ရမှာဖြစ်ပါတယ်၊ KIA အဖွဲ့လက်အောက်ငယ်သားတွေကလည်း စစ်မတိုက်ချင် ကြတော့ပါဘူး၊ အိမ်ပြန်ပြီး မိသားစုတွေနဲ့ပဲ အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်ချင်ကြပါတယ်။

ရှေတန်းမှာနေရ တာလည်းကြာ၊ရိက္ခာထောက်ပံမှုကလည်းမလုံလောက် အငတ်ငတ်အပြတ်ပြတ်ဖြစ်ရ တဲ့အပြင် အခုဆောင်တွင်း ဘက်ရောက်လာတော့ အအေးဒဏ်ကြောင့် ဖျားနာတာတွေလဲ တောက်လျောက်ခံ စားနေရပါတယ်။ထွက်ပြေးပြန်တော့လည်း ထွက်ပြေးတဲ့လူကိုဖမ်းယုံတင်မကဘဲ မိသားစုကိုပါဖမ်းဆီးတာတွေ လုပ်နေတော့ တပူပေါ်နှစ်ပူဆင့်ပြီး ဘာမှလုပ်မရတဲ့အခြေအနေတွေနဲ့ ဒုက္ခတွေကို KIA လက်အောက်က စစ်သားတွေခံစားနေကြရပါတယ်။ စခန်းတွေစွန့်ခွါထွက်ပြေးရင်လဲ လုံးဝသက်ညှာမှုမရှိဘဲရက်စက်လွန်းတဲ့ သေဒဏ်အပြစ်ပေးပါတယ်။



KIA တပ်မတော် စစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂမ်ရှောင်ဟာ အမှန်တစ်ကယ်တော့ ကချင်နိုင်ငံတော်ထူထောင် ရေးဆိုတဲ့ တစ်လွဲလုပ်ရပ်ကို ခေါင်းထဲမှာထည့်ပြီး ဦးတည်လုပ်ဆောင်နေတာဟာ ကချင်လူမျိုး၊ကချင်လူထု ကောင်းစားရေးအတွက်ဆိုတာလုံးဝမဟုတ်ပါဘူး၊ လက်ရှိလုပ်ကိုင်နေတဲ့ သူ့ရဲ့လုပ်ရပ်တွေက KIA စစ်သည် တွေနဲ့ ကျွန်တော်တို့ကချင်လူထုရဲ့စိတ်ထဲမှာ တကယ့်ကိုနာကြည်းစရာကောင်းလှပါပြီ၊ ဗိုလ်ချုပ်ဂမ်ရှောင်ဟာ သူရဲ့အကျိုးစည်းပွါးနဲ့ အာဏာရဖို့အရေးအတွက် ကျွန်တော်တို့ကချင်လူထုရဲ့ ဖြူစင်ပြီးနှုးညံ့တဲ့စိတ်သဘော ထားကို ပျော့ကွက်အဖြစ်နင်းပြီးတော့ လမ်းမှားပေါ်ကိုတွန်းတင်နေတယ်ဆိုတာ ကျွန်တော်တို့သိကြရပါပြီ၊ ဒါကြောင့် ကျွန်တော်တို့တွေ အေးချမ်းချမ်းနဲ့ ကိုယ့်မြေကိုယ့်ရွားမှာ နေရဖို့အတွက် ဘုရာသခင်းကို်ယ်တော်က KIA စစ်သွေးကြွ ခေါင်းဆောင်တွေကို ဖယ်းရှားဆုံးမတော်မူပါလို့ အလေးအနက်ဆုတောင်းပါတယ်။



Myanmar Express

အမျိုးသားလူ့အခွင့်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်ထောင်စု သမ္မတ အစိုးရ တက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အပြောင်း အလဲများစွာအား အကောင် အထည်ဖော်ပြီးသည့် အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယနေ့ ဒီဇင်ဘာ ၁၃ ရက်တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေငြာ လိုက်ပါသည်။ ယင်းသတင်း ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လဆန်းမှစ၍ လက်နက်ကိုင် ပဋိပက္ခကြောင့် ရပ်ရွာစွန့်ခွာ တိမ်းရှောင်လာသော ပြည်သူများအား ကချင်ပြည်နယ် အစိုးရ၏ ကြီးကြပ် ကွပ်ကဲမှု အောက်တွင် လူမှုရေး ထောက်ပံ့ကူညီမှု ပေးထားသော စခန်းများနှင့် နယ်မြေ အခြေအနေကို သိရှိနိုင်ရန်နှင့် အကူအညီ ပေးရန် လိုအပ်မှု အခြေအနေ သိရှိနိုင်ရန် အတွက် ကော်မရှင် အတွင်းရေးမှုး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့လေးဦး သည် (၈.၁၂.၂၀၁၁ မှ ၁၀.၁၂.၂၀၁၁) အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။

ဆက်လက်ပြီး ကော်မရှင်က ကချင်ပြည်နယ် အစိုးရ အနေဖြင့် ရပ်ရွာစွန့်ခွာ တိမ်းရှောင်လာသော ပြည်သူများအနက် လက်လှမ်းမီသော ဒေသများရှိ ပြည်သူ (၁၄၀၀၀) ကျော်၏ အခြေခံ လိုအပ်ချက်များ ရရှိအောင် ကောင်းစွာ ကူညီ စောင့်ရှောက် ထားခြင်းအား ကော်မရှင်က အသိအမှတ် ပြုပါကြောင်း၊ မိသားစုဝင်များ၏ အခြေခံပညာ သင်ယူနေသည့် ကလေးငယ်များ အားလုံး အခြေခံပညာ သင်တန်းတွင် သင်ယူနိုင်ရန် ဆောင်ရွက်ပေးမှုကိုလည်း ကြည်နူးမိပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အဆိုပါ ပြည်သူများ၏ ကျန်းမာရေး၊ ဘာသာရေးနှင့် လူမှုရေးများ အပြင် ငွေကြေးလှူဒါန်းမှု များအားလည်း အသိအမှတ် ပြုကြောင်း၊ ရပ်ရွာစွန့်ခွာရသော ပြည်သူများ အနေဖြင့် ၎င်းတို့၏ အိုးအိမ်၊ လယ်ယာမြေ၊ စိုက်ခင်းများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ၊ အခြားပိုင်ဆိုင် မှုများကို စွန့်လွှတ်ရသည့် အတွက် စိတ်ဓာတ် ပိုင်းဆိုင်ရာ ထိခိုက်ရပါ ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ ဒေသတွင်း လုံခြုံရေး ရရှိအောင် မေတ္တာ ရပ်ခံပါကြောင်း သုံးသပ် အကြံပြုခဲ့ပါသည်။

ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အရ ငြိမ်းချမ်းရေး ရရှိရေးအတွက် နှစ်ဦးနှစ်ဖက် ကြိုးပမ်းခဲ့မှုများ၊ ကြိုးပမ်းနေဆဲ လုပ်ငန်းများကို ကော်မရှင်က သိရှိထားသည့် အတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်တန့်၍ ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရန် အတွက် ဆက်လက် တွေ့ဆုံ ဆွေးနွေးခြင်းကို အောင်မြင်စွာ ဖော်ဆောင် ပေးရန်ကိုလည်း အလေးအနက် ထားလျက်ရှိသည်။ လတ်တလော ကြားသိရသော သတင်းများအရ နိုင်ငံတော် သမ္မတမှ တပ်မတော်အား ကချင်ပြည်နယ်တွင် ရှိသော မိမိတပ်များ အနေဖြင့် ခုခံကာကွယ်ရုံမှ အပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ KIA တပ်စခန်းများအား ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားကြောင်း သိရှိရပါသဖြင့် ကော်မရှင်မှ လှိုက်လှဲစွာ ထောက်ခံ ကြိုဆိုပါကြောင်းနှင့် တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်း များမှလည်း အလားတူ လိုက်နာဆောင်ရွက်ရန် အလေးအနက် တိုက်တွန်း နှိုးဆော်ပါကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ အခွင့်အရေးများ အားလုံးအတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ဖူးစုံထွေး

http://shwepyithit.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

မုဒိန်းကောင် ထက်ရာဇာရဲ့ စွတ်စွဲချက်များ မမှန်ကန်ကြောင်း မနန်းအေး သက်သေပြ

မြန်မာမိန်းခလေးများကို ဖျက်ဆီးနေသူ (သို့မဟုတ်) ဇနီးသည်ကို မုဒိန်းကျင့်ရန် သူငယ်ချင်းဖြစ်သူအား စေခိုင်းသူ ဦးထက်ရာဇာရဲ့ စည်းရုံးသွေးဆောင်ဖျားယောင်းမှုကို လက်မခံခဲ့တဲ့ ကိုယ့်သမီးအရွယ်မိန်းခလေးကို ( http://www.facebook.com/note.php?note_id=318699001483267 ) မှာ စာနာစိတ်မရှိပဲ ရိုင်းစိုင်းချိုးနိမ်ပြီး စွတ်စွဲပြောဆိုခဲ့ပါတယ်။ အပြောခံရသူ ကာယကံရှင် မိန်းခလေးက ဦးထက်ရာဇာရဲ့ စွပ်စွဲချက်တွေက လုံးဝ အခြေအမြစ်မရှိကြောင်း အောက်ပါအတိုင်း ပြန်ပြောထားပါတယ်။


လူတစ်ကာနဲ့ချက်တင်ထိုင်းဘူးတယ်ဆိုတဲစကားနဲ့ဦးထက်ရာဇာသူငယ်ချင်းတော်တော်များများနဲ့
ချက်ဘူးတယ်ဆိုတဲ့စကားကတော်တော်ကိုလိမ်ပြောတယ်နော်ဦးထက်ရာဇာရဲ့ချစ်သူကျွန်မသူငယ်ချင်းမျက်နှာ
ကိုထောက်ပြီးဆက်မပြောချင်ပါဘူးမဟုတ်တာရေးထားတဲ့စာကိုပြန်ချပေးပါ123may123may@gmail.com မှာဦးထက်ရာဇာရဲ့သူငယ်ချင်းတစ်ကယ်ရှိမရှိအီစီကလီပြောထားတဲ့စာတွေတင်စရာမလိုပါဘူး
ရှိမရှိသိရုံလောက်ပဲတင်ပြပေးပါ123may123may@gmail.com မှရှီသောသူငယ်ချင်းများအားလုံးလဲအီစီကလီလုပ်မလုပ်ဝင်ရောက်ရေးသားနိုင်ပါတယ်
ကျွမရဲ့သိက္ခာကိုစောကားတဲ့ဦးထက်ရာဇာကိုတစ်သက်မကျေနပ်ဘူးအမှန်တရားကိုလိုလားသော်ဦးလေးတို့
အကိုတို့ရှင်းကျန်မအမှန်တရာကိုယုံကြည်ပေးသင်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးခုထိကျန်မစိတ်ဆင်းရဲ
့နေရပါတယ်ရည်းစားတစ်ယောက်ကလွှဲပြီးဘယ်ယေင်္ကျားမှအီစီကလီလုပ်ခြင်းသစ္စာဖောက်ခြင်းမရှီခဲ့ပါဘူး
ဦးထက်ရာဇာကျေးဇူးပြုပြီးမဟုတ်မမှန်ရေးထားတဲ့စားတွေကိုပြန်ချပေးပါမချဘူးဆိုရင်ဦးထက်ရာဇာတို့
အဆင်ပြေဘို့အတွက်ဘယ်သူ့စက်ကိုသုံလဲဆိုတာသိမှာပါဘာလုပ်ခဲ့လဲဆိုတာလဲသိမှာပါ
မိန်မချင်းကိုယ်ချင်းစာနေပါတယ်ဦးထက်ရာဇာမချဘူးဆိုရင်တော့သိပ်အာမမခံချင်ဘုးစက်ထဲမှာ
ဘာသက်သေကျန်ခဲ့လဲဆိုတာကိုသတိထားသင့်ပါတယ်လုပ်သာလုပ်မမြင်စေနဲ့ဆိုတဲ့
စကာပုံကြားဘူးမှာပေါ့နော်ယေင်္ကျားတော်တော်များများနဲ့ချက်ဘူးတယ်ဆိုတဲ့စလုံးတစ်လုံးကတော်တော်ကို
လွန်ပါတယ်တစ်ကယ်တော့123may123may@gmail.com မှာရှီတဲ့သူတွေကတော့အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေကလွှဲပြီးဘယ်သူမှမရှိပါဘူး
ဦးထက်ရာဇာရဲ့အကောက်123may123may@gmail.com ထဲဝင်ရောက်ရတဲ့အကြောင်းမှာအချစ်ဆုံးသူငယ်ချင်းရဲ့ချစ်သူဖြစ်နေလို့ဝင်ရောက်ရခြင်းဖြစ်ပါတယ်
ဦးထက်ရာဇာကနိုင်ငံရေးနဲ့ပတ်သက်သောသူတစ်ယောက်ဖြစ်နေတာသိတဲ့ကျန်မချစ်သူကဦးထက်ရာဇာကို
ဘာတစ်ခွန်းမှပြောဆိုချင်းမပြုခဲ့ပါဘူးဦးထက်ရာဇာကသာကျန်မချစ်သူစစ်ဗိုလ်သိလဲသိရော
သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးရမလား.....?ခွေသေကောင်လောက်တောင်တန်းဖိုးမရှိတဲ့
သူတွေပြောလိုပြောစစ်ဗိုလ်ပေါင်းဘယ်နစ်ဆယ်သတ်ခဲ့ဘူးပေါင်းမုတ်ဆိုးမဖြစ်မှာဖြစ်ကြောင်း
အကြောင်းအမျိုးမျိုးဖြစ်ပြောဆိုနေတာ.....ဟုတ်မဟုတ်ဦးထက်ရာဇာကိုယ့်စကားကိုတော့ကိုယ်မှတ်မိမှာပါနော်
ဘယ်သူ့အရှေ့မှာပြောပြီးဘယ်သူကြားလဲဆိုတာတော့မပြောတော့ပါဘူးမြန်မာ
စကာပုံတစ်ပုဒ်ကြားဘူးမှာပေါ့နော်မရှိတဲ့အိုးကဘောင်ဘင်ခတ်တယ်တဲ့..
ဟုတ်ပါသလားရှင်းးးးးးးးးသူများမယားသူများသားသမီးတွေကိုဖျက်စီးမိန်မပျိတစ်ယောက်ရဲ့
ဂုဏ်သိက္ခာကိုစောကားအရက်သမားလူတွေရဲ့စိတ်ပျက်မူကိုခံနေရတဲ့သူတစ်ယောက်ရဲ့
မယာဖြစ်တာထက်စစ်ပွဲမှာအများအတွက်အသက်ပေးပြီးခြေပဲပြတ်ပြတ်လက်ပဲပြတ်ပြတ်မုတ်ဆိုးမပဲဖြစ်ဖြစ်
ဘယ်ဟာကပိုပြီးမြတ်ပါသလဲရှင်းးးးးးစိုင်းအောင်ထိုက်စံကကျန်မကိုချုပ်ကိုင်တယ်ဆိုတဲ့စွတ်စွဲချက်ကလဲ
လုံးဝလုံးဝမဟုတ်ခဲ့ပါဘူးနိုင်ငံရေးနဲ့ပတ်သက်ပြီးဘယ်သော်အခါမှလဲစိတ်မ၀င်စားသလိုဘယ်သော်အခါမှ
လဲသူ့ကိုမမေးခဲ့ပါဘူးပြောလဲမပြောပြခဲ့ဘူးပါဘူးသူနဲ့တွေ့ချိန်ကိုယ့်အကြောင်းမှလွှဲပြီး
ဘာအကြောင်းအရာတစ်ခုခုမှပြောဆိုခြင်းမပြုခဲ့ဘူးပါဘူးချုပ်ကိုင်တယ်ဆိုတာဘာကိုဆိုလိုတာလဲ
ဦးထက်ရာဇာလူတစ်ကာနဲ့ဆိုတဲ့ကျန်မသိက္ခာကိုစောကားတဲ့စကားကြောင့်ခုလိုအမှန်
တရားတွေကိုဖြေရှင်းရခြင်းဖြစ်ပါတယ်ခုလိုဒီစာတင်ခြင်းမှာလဲဘယ်သူဘယ်ဝါချုပ်
ကိုင်ပြီးရေးခိုင်းတဲ့စာမှမဟုတ်ပါဘူးဒီစာတင်တာကလဲဘယ်သူမှမသိပါဘူးအမှန်းတရာတွေ
လိမ်နေတာတွေကိုပြန်ဖြေရှင်းပြချင်းသာဖြစ်ပါတယ်..ဘယ်သူဘယ်ဝါအားကိုကြောင့်ရေးခြင်းလဲမဟုတ်ပါ
လူတော်တော်များများချက်တင်ထိုင်ဘူးတယ်ဆိုတဲ့စကားကြောင့်သာဖြစ်ပါတယ်။
ဦးထက်ရာဇာဒါမှမဟုတ်ဦးထက်ရာဇာရဲ့အပေါင်းအဖော်များကျန်မရဲ့ဖြေရှင်းချက်
ဟုတ်မဟုတ်မှန်မမှန်commentတစ်ချက်လောက်ပြန်ရေးနိုင်ပါတယ်

နန်းအေး

မြန်မာမိန်းခလေးများကို ဖျက်ဆီးနေသူ ထက်ရာဇာအကြောင်းကို
http://www.myanmarexpress.net/2011/12/blog-post_1927.html မှာ ပြန်လည်ဖတ်ရှုနိုင်ပြီး၊ ဇနီးသည်ကို မုဒိန်းကျင့်ရန် သူငယ်ချင်းဖြစ်သူအား စေခိုင်းသော နိုင်ငံခြားရောက် မြန်မာတစ်ဦး အကြောင်းကို http://www.myanmarexpress.net/2011/12/blog-post_8531.html မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကျင်းပမည်


ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အများပြည်သူများ တွေ့မြင်နိုင်စေရန်၊ ထုတ်ကုန်ပစ္စည်း အရည်အသွေးကိုသိရှိ၍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်၊ ပြည်သူများအနေဖြင့် ခေတ်နှင့်အညီ ဆန်းသစ်သော နည်းပညာများကို တွေ့မြင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် Yangon International Trade Exhibition 2011 (Including Auto-Mobile Show2011) ကို ရှိုင်းဆောက်လုပ်ရေး လုပ်ငန်း၏ အဓိကပံ့ပိုးမှုဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်နှင့် ဖက်ရှင်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး၊ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံး အထွေထွေပစ္စည်းအမျိုးမျိုး၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ ကြမ်းခင်းပစ္စည်း အမျိုးမျိုး၊ ခေတ်မီပရိဘောဂ ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန် ပစ္စည်းအမျိုးမျိုး၊ ဆေးဝါးပစ္စည်းအမျိုးမျိုး၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးတို့ကို အထူးအစီအစဉ်များအနေဖြင့် မော်တော်ယာဉ် အကျိုးဆောင် ကုမ္ပဏီများနှင့် ပြည်ပမှ မှာယူတင်သွင်းသည့် ကုမ္ပဏီများက ခင်းကျင်းပြသမည်ဖြစ်ရာ ပြပွဲအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉-၈၆၂၆၀၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း

ကချင်ပြည်နယ်တွင်း စစ်ရာဇ၀တ်မှုများရှိမရှိ စုံစမ်းစစ်ဆေးမည်

KIA ၏ ညှဉ်းပန်းခြင်းကိုခံခဲ့ရသူ အရပ်သားတစ်ဦး
စိုးသန်းလင်း
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား စစ်မက်ဖြစ်ပွားမှုများကြောင့် စစ်မက် ဧရိယာအတွင်း၌ အရပ်သားတို့အား ညှဉ်းပန်းသတ်ဖြတ် ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ဖမ်းဆီးခေါ် ဆောင်သွားခြင်း၊ ရွာမီးရှို့ခြင်း စသည့် စစ်ရာဇ၀တ်မှုဆိုင်ရာတို့ ပေါ်ပေါက်ခဲ့ခြင်း ရှိ မရှိကို ပြည်ထောင်စုအစိုးရအနေဖြင့်လည်းကောင်း၊ ပြည်နယ်အစိုးရ အနေဖြင့်လည်း ကောင်း စနစ်တကျ စုံစမ်း စစ်ဆေးသွားမည်ဟု ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ပြောသည်။

"တတိယမေးခွန်းနဲ့ အကြံပြုချက် အပေါ် ဖြေကြားရရင်တော့ နိုင်ငံတော် အစိုးရအနေနဲ့လည်း ဒါတွေကို အဖြစ် မှန် ရှိမရှိကို စိစစ် ဆောင်ရွက် စုံစမ်းနေသလိုပဲ ကျွန်တော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း စိစစ်ဆောင် ရွက်ဆဲပဲ ဖြစ်ပါတယ်။ "စစ် စဖြစ်လာပြီဆိုကတည်းက ရပ်ကွက်၊ ကျေးရွာတွေဟာ ကိုယ့်နေရာ မှာ စစ်မဖြစ်မီကတည်းက လုံခြုံရာကို ထွက်ပြေးလာတဲ့အခါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေလည်း ထွက်ပြေးလာ တဲ့အထဲမှာ ပါလာပါတယ်။ ၁၇ နှစ်လုံးလုံး ငြိမ်းချမ်းရေးအရသာကို ခံစားခဲ့ကြရ တော့ အခုလို စစ်မက်ကြုံတဲ့အခါ ကြောက်ပြီး ထွက်ပြေးကြတာ။ "နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်မှာ ဒီလိုဖြစ်ရပ်တွေဟာ ဘယ် လောက်အထိ အထောက်အထားခိုင်မာလဲ၊ ဘယ်လောက်အထိ သေချာတဲ့ ဖြစ်ရပ်လဲဆိုတာကို ကျွန်တော်တို့ စနစ် တကျ စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ဒါပေမယ့် ဒီသတင်းတွေ ဘယ်လိုပဲ ထွက်ပေါ်နေပါစေ၊ အဲဒီဒေသမှာရှိကြတဲ့ ပြည်သူပြည်သား အားလုံးက ငြိမ်းချမ်းရေးကို လိုချင်ကြတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို ခိုင်မာ တဲ့ အထောက်အထားတွေပဲ ပြပါစေ၊ ဒါဟာ စစ်ကြောင့် ကြုံရတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေ မကြုံရလေအောင် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အားလုံး ကြိုးစားဆောင် ရွက်နေပါတယ်လို့ ဖြေကြားလိုပါတယ်" ဟု ၎င်းက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့တော် ခန်းမ၌ ပြုလုပ်သော 'လုံခြုံရေးအတွက် ပြောင်းရွှေ့လာ သူတို့အား အလှူငွေပေးအပ်ခြင်းအခမ်းအနား'တွင် မြန်မာတိုင်း(မ်)က ပြည်နယ် အစိုးရအဖွဲ့အား ကချင်ပြည်နယ်ရှိ ဒေသခံတို့ထံမှ တွေ့မြင်ကြားသိရသော သတင်းအချက်အလက်များကို အခြေခံ၍ မေးမြန်းခြင်း၊ အကြံပြုခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဒေသခံ ကချင် လူမျိုးနှင့် ရှမ်းလူမျိုးများအတွင်း၌ စစ်ဘေးသင့် ကျေးရွာများအတွင်း လက်နက်ကိုင်အချို့က အရပ်သားများ အပေါ် ပြုကျင့်ခဲ့သော အနိဋ္ဌာရုံကိစ္စ ကြီးငယ်များ ရှိကြောင်း သတင်းစကား များ၊ ဓာတ်ပုံမှတ်တမ်းများ ပေါ်ပေါက် လျက်ရှိသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးနည်းဖြင့် နှစ်ဖက် ဆွေးနွေးကြရန် ကြိုးပမ်းကြသည့်အခါ ပြည်သူတို့၏ ယုံကြည်မှု၊ အမြင် ရှင်းမှု များလည်း အရေးပါလှသဖြင့် အဆိုပါ အနိဋ္ဌာရုံသတင်းများအပေါ် မှန်မမှန် ဖြေရှင်းပေးစေလိုကြောင်း မြန်မာတိုင်း(မ်)၏ အကြံပြုချက်နှင့် မေးမြန်းချက်အား ပြည်နယ်ဝန်ကြီးချုပ်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

အမိန့်မရဘဲ ဆုတ်ခွာထွက်ပြေးခဲ့သော KIA တပ်ရင်းမှူးများအား သေဒဏ်ချမှတ် အပြစ်ပေးနေခြင်းကြောင့် လက်အောက်ငယ်သားများ ခံပြင်းနာကြည်းလျှက်ရှိ

လိုင်ဇာ ဒီဇင်ဘာ ၁၅

ကချင်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ် လိုင်ဇာမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ဦးစီးပြီး ဒီဇင်ဘာ(၁၂)ရက်နေ့ကအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး စခန်းတွေကိုစွန့်ခွာထွက်ပြေးခဲ့တဲ့ တပ်ရင်း(၁၅)မှ ဗိုလ်မှူး မရန် ရော်ဘင်နဲ့တပ်ရင်း(၂၇)မှ ဗိုလ်မှူးယော်ထုံတို့နှစ်ဦးကို ဖမ်းဆီးမိန့်ထုတ်ပြန်ပြီး သေဒဏ်အပြစ်ပေးလိုက်တဲ့ အကြောင်းကို ဗိုလ်ချုပ်ဂမ်ရှောင်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုလိုက်တာဟာ တိုက်ပွဲဝင်နေ တဲ့အခြား KIAတပ်ရင်းမှူးတွေကိုလဲ ဒီလိုလုပ်ရင်ဒီလိုအပြစ်ပေးမယ်ဆိုတာကို တရားဝင်ကြေညာလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။


ဒီဇင်ဘာလ(၅)ရက်နေ့က အစိုးရတပ်တိုက်ခိုက်သိမ်းပိုက်သွားလို့ ဆုတ်ခွါပေးလိုက်ရတဲ့တပ်ရင်း (၁၅)က ထွက်ပြေးလွတ်မြောက်လာသူ ဗိုလ်ကြီးလွန်းဂမ်အောင်ကတော့ သူရဲ့အတွေ့အကြုံကို ခုလိုမျိုး ပြောပြပါတယ်၊ “ကျွန်တော်တို့စခန်းကို စစ်တပ်ကလာတိုက်တယ်၊ ကျွန်တော်တို့ကလဲ ပြန်တိုက်ပါတယ် အင်အားချင်းမညီမျှဘူး၊ကျွန်တော်တို့မှာစားစရာလဲမရှိတော့ဘူး၊ ဗိုလ်မှူးမရန်ရော်ဘင်ကလက်နက်ကြီးပစ် ခိုင်းလို့ ပစ်တော့လဲကျွန်တော်တို့်ပစ်တဲ့ ကျည်တွေကရွာတွေပေါ်ကျသွားတာရှိတယ်၊ အစိုးရတပ်တွေပစ် တဲ့လက်နက်ကြီးတွေက ကျွန်တော်တို့စခန်းပေါ်ကိုတိုက်ရိုက်ကျနေတာ၊ ကျွန်တော်တို့ဘက်ကလက်နက် ကြီးတွေနဲ့ မှန်းပြီးပစ်ရတာဆိုတော့ ရွာတွေပေါ်ထပ်ကျရင် လူတွေထိမှာစိုးတာရယ်၊ နောက်ပြီးအစိုးရ တပ်က အတင်းထိုးဖောက်ဝင်လာတာရယ်ကြောင့် ဘယ်လိုမှနေလို့မရတော့လို့ ကျွန်တော်တို့ဆုတ်ပေး လိုက်ရတာပါ၊ ကျွန်တော့်တပ်ရင်းမှူးနဲ့ ရင်း(၂၇)တပ်ရင်းမှူးတွေအပြင် ပြီးခဲ့တဲ့ ၈ ရက်နေ့က “၀ထောင်” ကနေစွန့်ခွါသွားခဲ့ရတဲ့ရင်း (၃) တပ်ရင်းမှူး ဗိုလ်မှူးဖော်ကျဲလတောင်ကိုလည်း သေဒဏ် ပေးထားတယ်” လို့ပြောပြပါတယ်။
ဗိုလ်မှူးမရန်ရော်ဘင်နဲ့အနီးကပ်အတူနေတဲ့တပ်ကြပ်ကြီး အင်ယော်နော်ကလဲသူ့ရဲ့ခံစားချက်ကို ခုလိုမျိုးပြောပြပါတယ်၊ “ကျွန်တော်ကတပ်ရင်းမှူးအနားမှာနေရတာပါ၊ တိုက်ပွဲစဖြစ်တော့ သူပစ်ကိုယ်ပစ် ပစ်ကြတာပါ၊ကျွန်တော်တို့စခန်းထဲမှာက အရင်ရက်တွေမှာတိုက်ပွဲဖြစ်တုန်းက ဒဏ်ရာရထားတဲ့သူတွေလဲ ရှိနေပါတယ်၊ တကယ်တန်းပစ်ခတ်နိုင်တဲ့ အင်အားကသိပ်မရှိပါဘူး၊ အဖြစ်နိုင်ဆုံးကျွန်တော်တို့တောင့်ခံ ထားပါတယ်၊ဒါပေမဲ့ ရွာသားတွေအတွက်လည်း စိုးရိမ်စရာဖြစ်နေတဲ့အတွက် ဗိုလ်မှူးမရန်ရော်ဘင်ကစခန်း ကနေ ဆုတ်ခွာဖို့အမိန့်ပေးတဲ့အတွက် ကျွန်တော်တို့ဆုတ်ခဲ့ရတာပါ၊ ဆက်နေရင်လဲ ကျွန်တော်တို့အားလုံး သေမှာပဲ၊ အခုကျတော့ ဒီလိုမျိုးစခန်းတွေကိုဆုတ်ခွာခဲ့လို့ဆိုပြီး ကျွန်တော်တို့ကို ဖမ်းမိတာနဲ့သတ်ပစ်ဖို့ အမိန့်ပေးထားပါတယ်၊ ကျွန်တော်တို့လဲအသေခံတိုက်တာပါပဲ၊ သူတို့ကျတော့ လိုင်ဇာမှာကောင်းကောင်း စားသောက်နေထိုင်ပါတယ်၊ ကျွန်တော်တို့တပ်တွေမှာတော့ ရွာတွေကနေပြီး တောင်းစားနေရပါတယ်၊ ဗိုလ်ချုပ်ဂမ်ရှောင်က ရှေ့တန်းမှာပင်ပန်းဆင်းရဲခံနေရတဲ့ ကျွန်တော်တို့အပေါ်မှာ သနားညှာတာစိတ်မရှိဘဲ တပ်ရင်း(၁၅)နဲ့ တပ်ရင်း(၂၇)ကတပ်ရင်းမှူးနှစ်ဦးကို တိုက်ပွဲရှုံးလို့ဆိုပြီး သေဒဏ်ပေးလိုက်တာ မတရား ပါဘူး၊ ကျွန်တော့်တပ်ရင်းမှူးက ကျွန်တော်တို့စစ်သည်တွေ အားလုံးသေမှာစိုးရိမ်တဲ့ အပြင်အနီးဝန်းကျင် ကရွာသူရွာသားတွေကိုလည်း မထိခိုက်စေချင်တဲ့အတွက် အခုလိုဆုတ်ခိုင်းခဲ့တာပါ၊ KIA လူကြီးတွေက ကျွန်တော်တို့အားလုံးနဲ့ ရွာသားအားလုံးသေသွားတယ်ဆိုရင်တောင် ဆုတ်ခွင့်ပေးမှာမဟုတ်ပါဘူး၊ ဒီထက် နာကြည်းဖို့ကောင်းတာက စစ်ပွဲနဲ့မဆိုင်ဘဲရွာမှာနေတဲ့ ကျွန်တော်တို့ရဲ့မိသားစုတွေကိုပါကျွန်တော်တို့ထွက် ပြေးလို့ဆိုပြီး ဖမ်းဆီးအပြစ်ပေးနေတယ်ဆိုတာပါပဲ၊ ဒီလိုလုပ်တာဟာကျွန်တော်တို့ယောက်ျားတွေကိုရှေ့ တန်းစခန်းတွေမှာအသေခံပြီး မဆုတ်တမ်းတိုက်ခိုက်နိုင်အောင် သူတို့သုံးတဲ့နည်းလမ်းပဲဖြစ်ပါတယ်”


ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အတွင်းမှာ အခုအချိန်ဟာ အချင်းချင်းစည်းလုံးညီညွတ် စွာနေထိုင်ရမဲ့ အချိန်ဖြစ်ပါတယ်၊ အဖက်ဖက်က ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ဒီလိုအချိန်မျိုးမှာ တိုက်ပွဲမှာ ရှုံးတိုင်း စခန်းတွေကိုစွန့်ခွာတိုင်းသာ သေဒဏ်အပြစ်ပေးနေမယ်ဆိုရင် လိုင်ဇာကွက်ကွက်ကလေးမှာပဲ KIA ဆိုတာရှိနေပါလိမ့်မယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စခန်းတွေဆုံးရှုံးသွားခဲ့သလို ကချင်ပြည်နယ် အတွင်းမှာလည်း စခန်းတွေလက်လွှတ်ဆုံးရှုံးနေပါတယ်၊ KIA ဗဟိုအနေနဲ့ကတော့ အထက်ကအမိန့် မပေး ဘဲဆုတ်ခွာခဲ့လို့ အပြစ်ပေးတာလို့ရှင်းပြပေမဲ့ ကိုယ့်လူမျိုးတိုက်ပွဲဝင်ရဲဘော်အချင်းချင်း သေဒဏ်ပေးတာ ဟာ ရက်စက်လွန်းပါတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ အမျိုးသမီးအစည်းအရုံး(KIWA)မှ စည်းရုံးရေး မှူးဒေါ်မေလီအောင်ကပြောပြပါတယ်။


“ကျွန်မတို့ဆိုရင် ရွာတွေလှည့်လည်ပြီး တပ်ဖွဲ့ဝင်အသစ်တွေရဖို့ စည်းရုံးနေရတာပါ၊ လူတစ် ယောက်ရဖို့ တကယ်မလွယ်ပါဘူး၊ ယောက်ျားတွေမ၀င်ရင်တောင် မိန်းမတွေဝင်ချင်လာအောင် ကျွန်မ ကိုယ်တိုင် စည်းရုံးခဲ့တာမို့ အချင်းချင်းစိတ်ဝမ်းကွဲမှာမျိုး ကျွန်မ မလိုလားပါဘူး၊ စစ်တိုက်ရင် နိုင်တဲ့အခါလဲ ရှိသလို ရှုံးချင်လဲ ရှုံးနိုင်တာပဲ၊ စစ်ရှုံးတိုင်းသာ သတ်ပစ်ရရင် တစ်ယောက်မှကျန်မှာမဟုတ်တော့ပါဘူး၊ လက်ရှိအခြေအနေမှာ ကျွန်မတို့ကို လူထုတွေထောက်ခံဖို့ အရမ်းကြိုးစားနေရပါတယ်၊ သူတို့သွားနေတဲ့ တံတားတွေမိုင်းခွဲလိုက်ရင် သူတို့သွားလာရေးခက်သွားမယ်၊ သွားလာတဲ့သူမရှိရင် ကျွန်မတို့လဲ ငွေ ကောက်ခံလို့မရတော့ဘူး၊ ဒါကြောင့် တံတားတွေမဖျက်ဖို့ ကျွန်မတို့လဲပြောတာပါပဲ၊ ဒါပေမဲ့ မအောင် မြင်ဘူး၊ အဆိုးဆုံးကတော့ တိုက်ပွဲဖြစ်ပွားရာဒေသမှာရှိတဲ့ ရွာသားတွေပြောင်းရွေှ့ ထွက်ပြေးတာကို ပြန်လည်ဖမ်းဆီးပြီး သူတို့နေစေချင်တဲ့နေရာမှာ နေခိုင်းတာတွေရှိသလို လိုင်ဇာမှာရှိတဲ့ ဒုက္ခသည် မိသားစု တွေကိုလဲဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပေးဘဲ အချုပ်ထဲမှာထားသလို ထိန်းသိမ်းထားပါတယ်၊ မိသားစု လိုက်ထွက်ပြေးတဲ့ အဖွဲ့တွေကိုလည်း ပြန်လည်ဖမ်းဆီးတာတွေရှိတယ်၊ တကယ်တော့ဒီဒုက္ခသည်တွေကို KIA တပ်မတော်က သူတို့အဖွဲ့အစည်းအတွက် အသုံးချနေတာ ဖြစ်တယ်လို့ ကျွန်မတော့ထင်တယ်” ဆိုပြီးပြောပါတယ်။

ဒေါ်မေလီအောင်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော်အတွက် တကယ့်ကိုရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေ သူဖြစ်ပါတယ်၊ အခုတော့သူမကိုယ်တိုင်က KIAကို စိတ်ပျက်နေပါတယ်၊ တံတားတွေဖျက်ဆီးလိုက်တာ စစ်တပ်တွေ မလာနိုင်အောင်ရည်ရွယ်ပေမဲ့ တစ်ကယ်တမ်းကျတော့ဒေသခံလူထုတွေကိုပဲ ဒုက္ခရောက် စေတာဖြစ်ပါတယ်၊ အရင်တုန်းက မော်တော်ကား အမျိုးအစားအလိုက်၊ ကုန်ပစ္စည်းအလိုက် လစဉ်ကြေး၊ နှစ်စဉ်ကြေး မှန်မှန်ရတဲ့အတွက် KIA အတွက်အဆင်ပြေခဲ့တာပါ၊ ခုခါမှာတော့ ကုန်စည်ကူးသန်းမှုကနေ အခွန်ငွေ မလုံလောက်တော့တဲ့အတွက် ဒေသခံလူထုဆီကပဲ အတင်းအဓမ္မ တိုးပြီးကောက်ခံလျက်ရှိ ပါတယ်၊
ကချင်တပ်မတော်အတွက် လူသစ်စုတော့လဲ တစ်ရွာတစ်ယောက်စုတာမဟုတ်တော့ဘဲ အိမ်ရှိ လူကုန် ပြည်သူ့တပ်ဖွဲ့အမှုထမ်းနေကြရပါတယ်၊ ဒီကြားထဲမှာ ရှမ်းနဲ့ဗမာလူမျိုးတွေဆိုရင် အစုလိုက်အစု လိုက်ဖမ်းပြီးသတ်ပစ်ခြင်း၊ ငွေကြေးနဲ့ရွေးယူခိုင်းခြင်းတွေကြောင့် တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲစရာ ဖြစ်နေပါတယ်၊ အဆိုးဆုံးကတော့ KIA တပ်ဖွဲ့တွေလူသစ်စုဆောင်းရင် ယောက်ျားချည်းခေါ်တာ မဟုတ် တော့ဘဲ အမျိုးသမီးတွေပါ ခေါ်နေပါတယ်၊ နိုဝင်ဘာ(၁၀)ရက်နေ့က ဆင်ဘိုမြို့နဲ့ (၅)မိုင်လောက်ဝေးတဲ့ နတ်ထုတ်လယ်ကွင်းမှာ လယ်လုပ်နေသူ ၈ ဦးကို KIA က အတင်းအဓမ္မ ဖမ်းဆီးသွားတဲ့အထဲမှာ မသွင်သွင်ကြည် ၂၃ နှစ်၊ မမိချော ၂၃ နှစ်၊ မမာမာအေး ၂၀နှစ်နဲ့ မရှမ်းမ ၁၈နှစ်တို့ ပါဝင်ခဲ့ပါတယ်၊ တစ်ချို့ဆိုရင်မိသားစုလိုက် ဖမ်းခေါ်သွားတာမျိုးရှိပြီး ထွက်ပြေးရင်လည်း ပစ်သတ်ခံကြရတယ်။

သူတို့ကို ငွေကြေးနဲ့ပြန်ရွေးခိုင်းမလား၊ ဒါမှမဟုတ်KIA တပ်ဖွဲ့ဝင်တွေအတွက် အပျော်မယား လုပ်ခိုင်းမလားဆိုတာကတော့ အလွန်ပဲစိုးရိမ်စရာကောင်းနေပါတယ်၊ ဒီလိုမျိုး အမျိုးသမီးလေးတွေ ဖမ်းဆီးခေါ်ဆောင်တဲ့လုပ်ရပ်ဟာ နေရာတော်တော်များများမှာ ဖြစ်နေတာမို့ KIAကို လူထုက ရွံရှာမုန်းတီး နေတာဟာ အပြစ်မဆိုသာပါဘူး၊ KIA တပ်ဖွဲ့တွေဖမ်းတဲ့အထဲမှာပါတဲ့ အသက်၁၄နှစ်ကနေ ၃၀နှစ်အတွင်း ယောက်ျားမှန်သမျှ KIA မှာ စစ်မှုမထမ်းမနေရသတ်မှတ်ထားပါတယ်၊ အသက်အရွယ်ကြီးနေတဲ့သူတွေကို သူတို့ရဲ့ဆွေမျိုးတွေက ပိုက်ဆံပေးပြီး ပြန်လည်ရွေးယူကြရပါတယ်၊ KIA တပ်မတော်အတွက် ရန်ပုံငွေရ ဖို့ဆိုရင် နည်းလမ်းပေါင်းစုံသုံးပြီးရှာဖွေနေပါတယ်၊ မပေးနိုင်တဲ့သူတွေ ကုမ္ပဏီတွေဆိုရင် မိုင်းထောင် ဖျက်ဆီးခြင်းခံကြရပါတယ်။ ကေအိုင်အေအနေနဲ့ သူတို့လိုအပ်ချက်တွေအတွက် ဒေသခံပြည်သူများကို နည်းမျိုးစုံနဲ့အသုံးချဆောင်ရွက်နေတာကြောင့် အတိဒုက္ခရောက်နေရတဲ့ ပြည်သူ့လူထုရဲ့စိတ်ထဲမှာတော့ KIA ဆိုတာ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးမှန်း အခုချိန်မှာ မြင်သာထင်သာဖြစ်နေပါပြီ။

ပြည်သူလူထုအပေါ် နည်းမျိုးစုံသုံးဒုက္ခရောက်စေရုံသာမက တာဝန်ထမ်းဆောင်ရင်း စခန်းစွန့် ခွါရတဲ့ KIA တပ်ရင်းမှူးတွေကို သေဒဏ်ပေးခဲ့တဲ့လုပ်ရပ်ဟာ ကချင်လူထုနဲ့ KIA လက်အောက် ငယ်သားများအတွက် KIA ဗဟိုအပေါ် ခံပြင်းနာကြည်းစရာများ ဖြစ်ပေါ်စေလျက်ရှိကြောင်း တရုတ်-မြန်မာ နယ်စပ်ရေးရာလေ့လာနေသူ ဦးအောင်ကျော်ဇောက သတင်းပေးပို့ပါတယ်။


Myanmar Express

အဓမ္မကို ဓမ္မဖြင့်ထင်စွာ ပြခဲ့ကြသည့် `သံဃမဟာနာယက´ အရှင်မြတ်ကြီးများ


၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ) တွင် မြန်မာနိုင်ငံ သာသနာ သမိုင်းဝယ် ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှုရရှိသဖြင့် ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူကြီး၌ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ သံဃသမ္မုတိ-ရ သံဃာ့ကိုယ်စလှယ် (၁၂၀၀) ကျော် တက်ရောက်သည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ယင်းအစည်းအဝေးကြီးက သမ္မုတိရ သံဃာ့ကိုယ်စလှယ် (၁၂၀၀)ကျော်မှ နိုင်ငံတော် ဗဟို သံဃာ့ ၀န်ဆောင် ဆရာတော်အပါး (၃၀၀)ကို ရွေးချယ်ခဲ့ပါသည်။

နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အပါး (၃၀၀)မှ နိုင်ငံတော် သံဃာ့မဟာ နာယက (၃၃)ပါးကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ပါသည်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို (၁၉၈၀) ပြည့်နှစ်တွင် (၃၃)ပါးဖြင့် စတင် ဖွဲ့စည်းခဲ့တော်လည်း နောက်ပိုင်းတွင် ပြင်ဆင်၍ (၄၅)ပါး၊ (၄၇)ပါးတိုးချဲ့ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှာ (၄၇)ပါးအဖွဲ့ ဖြစ်နေပါပြီ။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို ၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ)က စတင် ဖွဲ့စည်းခဲ့သဖြင့် ယခု ၁၃၆၇-ခုနှစ်၊ နယုန်လ (၂၀၀၅-ခုနှစ်၊ ဇွန်လ)တွင် (၂၅)နှစ်ပြည့်မြောက် ငွေရတုခေတ်သို့ ရောက်ခဲ့ပေပြီ။ ထို့ကြောင့် ယခု နယုန်လဆန်း (၁၃)ရက် (ဇွန်လ ၁၉-ရက်)တွင် `နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ - ငွေရတုသဘင်´ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော် မည်ဖြစ်ပေ၏။

ဤကဲ့သို့ နိုင်ငံတော်အတွင်း၌ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၏ အမြင့်ဆုံး သံဃာ့အဖွဲ့ အစည်းဖြစ်သော `နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့´ကြီး ပေါ်ပေါက်လာခဲ့သဖြင့် သာသနာတော်၌ အလွန်အဖိုးတန်သည့် ရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့ရပါသည်။

ယင်းတို့အနက်မှ တစ်ခုကို ဖေါ်ပြရလျှင် သာသနာတော်အတွင်း၌ ရှေးနှစ်ပေါင်း များစွာ ကတည်းက အမြစ်တွယ်လျက် ဓမ္မ အဓမ္မအငြင်းပွားနေရသော ၀ိဝါဒါဓိကရုဏ်းမှုကြီးများကို ပြတ်စဲအောင် ဖြေရှင်းနိုင်ခဲ့ခြင်း ပင် ဖြစ်၏။ တနည်းအားဖြင့် `အဓမ္မကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြားပြနိုင်ခဲ့ခြင်း´ ပေတည်း။

လောက၌ ရှိကြသော အရာဝတ္ထုတို့တွင် အကောင်းဟူသမျှသည် မကြာခဏ ပြုပြင် ပေးသူ ရှိမှသာ အကောင်းဘ၀၌ အတော်ကြာကြာနေနိုင်၏။

ပြုပြင်ပေးမည့်သူ မရှိလျှင် သို့မဟုတ် ပြုပြင်လိုကြသူများ အားနည်းနေလျှင် မကောင်း သော အတုအပ တွေ ပေါ်ပေါက်လာကြမြဲပင် ဖြစ်လေရာ ကောင်းသော အရာဝတ္ထုသည် တိမ် မြုပ် ကွယ်ပျောက်သွားတတ်၏။

ယခုလည်း အလွန်စင်ကြယ် သန့်ရှင်းလှသော ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး ကို အရှင်မဟာ ကဿပ စသော သာသနာ့ထိပ်ခေါင်တင် ထေရ်အရှင်မြတ်ကြီးတို့သည် ညစ်ကြေးမတင် သန့်ရှင်းစင်ကြယ် စေရန် ပြုပြင်, ပြုပြင်ပေးခဲ့ကြပါ၏။

သို့သော်လည်း နှစ်တွေ အတော်ကြာလာသောအခါ အညစ်အပေတွေ တွေ့ရပြန် လေသည်။

ယင်းအညစ်အကြေးတို့ကား အဓမ္မကို ဓမ္မဟု ဟောပြောနေကြသော လူသေလူဖြစ်ဝါဒ၊ ကျောက်သင်္ဘော ၀ါဒ စသည်တို့တည်း၊ ထိုဝါဒရှင်တို့သည် `နိုင်ငံတော် သံဃာ့မဟာနာယက´ စသော သံဃာ့အဖွဲ့အစည်းများ မပေါ်ပေါက်သေး၍ ပြုပြင်လိုကြသူများ အားနည်းနေမှုကို အခွင့်ကောင်းယူကာ အဓမ္မ၀ါဒ ထွန်းကားရေးကို တွန်းအားပေးလျက် ဓမ္မအစစ်အမှန်ကို တိမ်မြုပ် ပျောက်ကွယ်စေရန် ဖန်တီးနေကြလေသည်။

ထိုအချက်ကို ကွက်ကွက်ကွင်းကွင်း သိမြင်တော်မူကြသော `နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့´ ဆရာတော်ကြီးများသည် အောက်ပါ သံဂါယနာ ဦးစီး မဟာထေရ် မြတ်ကြီးတို့ စဉ်းစားဆင်ခြင်ပုံကို မိမိတို့ မြင်လာကြပေကုန်၏။

`အဓမ္မ၀ါဒီ အလဇ္ဇီတို့၏ (ဘုရားဟော မဟုတ်သော တရားတွေကို ထည့်သွင်း၍ ဘုရားဟောအစစ် တရားတွေကို တချို့တလေ နှုတ်ပယ်ပြီးလျှင် သူတို့ထင်သလို ပြုလုပ်ခြင်း ဟူသော) လေမုန်တိုင်း တိုက်လွှင့် သောကြောင့် မကြာခင် တရားတော်များ ဟောတော်မူရင်း အတိုင်း မဟုတ်တော့ဘဲ တမျိုးတမည် ပြောင်းလဲကာ အစစ်အမှန် တရားတော်များ ကွယ်စရာ ရှိသည်။ (အနာဂတ် သာသနာရေး) ငါသို့စင် ဘုရားရှင်သား ရဟန်းတစ်ပါး ထင်ရှားရှိနေစဉ် ဤ (သုဘဒ်တောထွက်ရဟန်း) သူယုတ်မာသည် သာသနာ၌ ကြီးပွားခြင်းကို မရစေလင့်။

အဓမ္မ- မတရား မထွန်းကားသေးမီ, တရား- ဓမ္မကို မတားမြစ်အပ်သေးမီ၊ အ၀ိနယ- ဘုရားရှင် အဆုံးအမ မဟုတ်သောတရားများ မထွန်းကားသေးမီ, ၀ိနယ- ဘုရားရှင် အဆုံးအမ တရားတော်များ မတားမြစ်အပ်သေးမီ၊ အဓမ္မ၀ါဒီ- မတရား ပြောကြားသူတို့ အားမရှိသေးမီ, ဓမ္မ၀ါဒီ- တရားသည်ကို ပြောကြားသူတို့ အားမနွဲ့ကြသေးမီ၊ အ၀ိနယ၀ါဒီ- ဘုရားရှင် အဆုံးအမ မဟုတ်သော အရာများ ပြောကြားသူတို့ အားမရှိသေးမီ, ၀ိနယ၀ါဒီ- ဘုရားရှင် အဆုံးအမတရားတော်ကို ပြောဆို ဟောကြားလေ့ ရှိသူတို့ အားမနွဲ့ကြသေးမီ ငါသည် သုတ်, အဘိဓမ္မာ, ၀ိနည်းတရားတော်များကို သံဂါယနာ တင်ပေအံ´(မဟာဗုဒ္ဓ၀င်)ဟု ပထမ သံဂါယနာ ဦးစီး အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် သံဂါယနာတင်ရန် စိတ်အကြံဖြစ်ခဲ့၏။

(ဒီ၊ ၂၊ ၁၃၃၊ ၀ိ၊ ၄၊ ၄၈၁။)

`ဗုဒ္ဓသာသနာတော် ပျက်စီးနေကြောင်းကို ကြားရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မလျော်ချေ၊ ယခုပင်ငါသွား၍ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ် အမှန်ကို ပြမည်။´ (အနာဂတ် သာသနာရေး) ဟု ဒုတိယသံဂါယနာဦးစီး အရှင်မဟာယသ မထေရ် မြတ်ကြီးသည်လည်း ၀ဇ္ဇီတိုင်းသား အဓမ္မ၀ါဒီများ ပေါ်ပေါက်လာစဉ်က ဆုံးဖြတ်ချက်ချ ကြံစည် တော်မူခဲ့၏။ (၀ိ၊ ဋ္ဌ၊ ၁၊ ၁၆) `ငါသည် မူလကတည်းက သာသနာတော်ကို ချီးမြှောက်မည်ဟု ရဟန်းပြုခဲ့၏၊ ယခု ဤအခွင့်ကာလ ရောက်လတ်ပြီ´ ဟု တတိယသံဂါယနာဦးစီး အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီးသည်လည်း သံဂါယနာတင်ရန် အရေးအခင်း ပေါ်ပေါက်စဉ်က ဤသို့လျှင် ကြံစဉ်တော်မူခဲ့၏။



အထက်ပါ သံဂါယနာ ဦးစီး ရဟန္တာ မထေရ်မြတ်ကြီးတို့ သာသနပစ္စတ္တိက, အဓမ္မ ၀ါဒီများ ပေါ်ပေါက်လာ သည့်အခါ စဉ်းစားဆင်ခြင်မိပုံကို မိမိတို့ စိတ်သန္တာန်၌ ထင်လာကြ ကုန်ရကား `အဓမ္မကို ဓမ္မဖြင့် ထင်ထင် ရှားရှား ခွဲးခြားပြလိုက်မည်´ဟု အညီအညွှတ် စည်းဝေးတိုင်ပင်ကြလျက် ၁၃၄၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်(၂၀- ၁၁- ၈၀) နိုင်ငံတော် သံဃာ့မဟာနာယက (၃၃)ပါး စုံညီအစည်းအဝေးတွင် ထိုအဓမ္မ၀ါဒီ (၇)မျိုးတို့ကို ဓမ္မ အဓမ္မ၀ါဒီအဖြစ် စိစစ်ရန် ပိဋကတ် ကျမ်းတတ် ထိပ်သီးပညာရှင် ဆရာတော်များချည်း ပါဝင်သော `နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့´ (၇)ဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။

ထို့နောက် ရှေးဦးစွာ အဖွဲ့အမှတ် (၁)ဖြစ်သော ခရမ်းမြို့, ကိုင်းကုန်းဆရာတော် (ဘဒ္ဒန္တသုဒဿနထေရ်) ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က `ကျောက်သင်္ဘောဝါဒ´ကို စိစစ်ပြီး အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၂)ဖြစ်သော ထားဝယ်မြို့, ဃောသိတာရုံဆရာတော် (ဘဒ္ဒန္တဃောသိတာဘိဝံသထေရ်) ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က (၁၃၂၅) ခုနှစ်လောက်က တည်းက မြန်မာနိုင်ငံအတွင်း၌ ဓမ္မဟုတ်သည် မဟုတ်သည် အငြင်းပွားကာ လူသိများ ထင်ရှားလှသော `လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသူတေသန၀ါဒ၊ ရွှေအဘိဓမ္မာဝါဒ´ တို့ကို- ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ၎င်းကို ပံ့ပိုးထားသော အချက်အလက်ဟူသမျှသည် နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံ ထေရ၀ါဒ ဗုဒ္ဓ၀ါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မ၀ါဒ စစ်စစ်သာဖြစ်သည်ဟု လူသေ လူဖြစ်ဝါဒကို ၀ိနိစ္ဆယချမှတ်တော်မူကြသည်´ စောဒနာ သောဓနာ(၂၁)ချက်ကို ပြည့်စုံစွာ သုံးသပ်စိစစ်၍ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၃)ဖြစ်သော ပုဇွန်တောင်, ရွှေကျင်ကျောင်းတိုက် ဆရာတော် (ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က `ကျောက်ပုံတောရ၀ါဒ´ ကို စိစစ်ပြီး အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယ ချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၄)ဖြစ်သော ကျောက်မဲဆရာတော် (ဘဒ္ဒန္တဩဘာသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က ရှေးယခင်နှစ်ပေါင်း (၈၀) လောက်ကတည်းက သာသနိက ဆူးငြောင့်ကြီးအဖြစ် အမြစ်တွယ်ထင်ရှား လာခဲ့သော `ကြောင်ပန်းတောရ၀ါဒ´ ကို- `ကြောင်ပန်းတောရ၀ါဒသည် သက္ကာယ ဒိဋ္ဌိရှိလျှင် ဗုဒ္ဓဘာသာမဖြစ်၊ သရဏဂုံမသည် ဟု ယူဆ ဟောပြော ရေးသားသော အဓမ္မ၀ါဒသာ ဖြစ်ကြောင်း´ စသည်ဖြင့် စိစစ်၍ အဓမ္မ၀ါဒ သာဖြစ်ကြောင်း ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထိုနည်းအတူပင် အဖွဲ့အမှတ် (၅)ညောင်ရွှေ ဆရာတော် (ဘဒ္ဒန္တ၀ိမလာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က `ဓမ္မနီတိဝါဒ´ ကိုလည်းကောင်း၊ အဖွဲ့အမှတ် (၆) မန္တလေး ဆရာတော် (ဘဒ္ဒန္တဝေပုလ္လာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါးအဖွဲ့က `မိုးညိုဆရာတော် (မြောက်ဥက္ကလာပ) ၀ါဒ´ ကိုလည်းကောင်း၊ အဖွဲ့အမှတ် (၇) ပါးအဖွဲ့က `ဦးမာလာဝရ (ရေတာရှည်)၀ါဒ´ ကိုလည်းကောင်း၊ စိစစ်၍ အဓမ္မ၀ါဒများအဖြစ် ၀ိနိစ္ဆယချမှတ်တော် မူခဲ့ပါတယ်။

ထိုနောက်ပိုင်းတွင်လည်း `ဉာဏစာဂီ ဆရာဝါဒ´၊ ဆူးလေ ဦးမြင့်သိန်းဝါဒ၊ ဦးမြတ်သိန်းထွန်း ၀ါဒ၊ ထွန်တုံး လက်ကျန် ဦးထင်ဝါဒ၊ တွံတေး ဦးပုညာစာရ၀ါဒ၊ မော်လမြိုင် ဦကေသရ ၀ါဒ´ စသည်တို့ကို နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ်´အဖွဲ့များ ဖွဲ့လျက် စိစစ်ပြီး အဓမ္မ၀ါဒ များအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ကြပါသည်။

ဤအဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခံရပြီးသော အဓမ္မ၀ါဒီများသည် အလှည့်ကျ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်၌-
(၁) ထိုအဓမ္မ၀ါဒများကို စွန့်လွှတ်ပါကြောင်း၊
(၂) ယခုချိန်မှစ၍ ရှေ့သို့ဆက်လက်ပြီး ထိုအဓမ္မ၀ါဒများကို ဟောပြောခြင်း၊ ရေးသား ခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည့် အမှုတို့ကို မိမိတို့ကိုတိုင် လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် တပည့် ဒါယကာ၊ ဒါယိကာမတို့အားလည်း မပြုလုပ်ကြစေရန် တားမြစ် ဆုံးမဩ၀ါဒပေးမည် ဖြစ်ပါကြောင်း။
(၃) ထိုဝါဒဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ အထိမ်းအမှတ်စသည်တို့ကို ဖျက်ဆီးခြင်း၊ သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့သို့ အပ်နှံခြင်းများကို ပြုလုပ်မည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ကိုယ်တိုင် ပဋိညာဉ်ပြု လက်မှတ်ရေးထိုးကြရပါသည်။

ဤသို့ နှစ်ပေါင်းများစွာ ကတည်းက ဓမ္မဟုတ်သည် မဟုတ်သည်ကို အငြင်းပွားကာ ၀ိဝါဒါဓိ ကရုဏ်းကြီးများ အဖြစ် တည်ရှိနေခဲ့သော အဓမ္မ၀ါဒီများကို ရှေးယခင်က ဓမ္မအစစ်မှန်ကို တိကျမှန်ကန်စွာ သိမြင်တော်မူကြသော ပညာရှိသူတော်စင် ဆရာတော် အရှင်မြတ်ကြီးများ အများအပြား ရှိခဲ့တော်လည်း ယခု `နိုင်ငံတော် သံဃမဟာနာယက´ ကဲ့သို့သော အဖွဲ့ အစည်းကြီး မရှိသေးသဖြင့် သိလျက်ပင် မမြင်ချင်ဟန် နေခဲ့ရပါသည်။

ယခုအခါ၌ကား နိုင်ငံတော်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ အားလုံး၏ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့သဖြင့် ထိုအဓမ္မ၀ါဒများကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြား ပြသနိုင်ခွင့် ရခဲ့ပါပေသည်။

ထို့ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သာသနာတော်သည်လည်း အဓမ္မ၀ါဒ တည်းဟူသောဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့် တက်သစ်စ နေ၀န်း, ထွန်းသစ်စလ၀န်းကဲ့သို့ သန့်ရှင်းစင်ကြယ် ခဲ့ရပါပေသည်။

ဤသို့ သာသနာတော် သန့်ရှင်းလာခဲ့ရခြင်းမှာ `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့ရသောကြောင့် ပါပေတည်း။

ထို့ကြောင့် သာသနာတော်အတွက် အလွန် ကျေးဇူးတင်ထိုက် ပူဇော်ထိုက်သော `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ ဆရာတော်ကြီးများနှင့် `၀ိနည်းဓိုရ်´ ဆရာတော်ကြီး များအား `သံဃမဟာနာယက ငွေရတုသဘင်´ အခါ၌ ထိုကျေးဇူးတော်တို့ကို အောက်မေ့ ကော်ရော် ပူဇော်အပ်ပါသတည်း။

(သို့သော် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးအချို့နှင့် ၀ိနည်းဓိုရ် ဆရာတော်ကြီးအချို့တို့ကား ဘ၀နတ်နန်း စံမြန်းတော်မူခဲ့ကြပြီး လေပြီတကား။)

ဘိုကလေးအရှင်ပဏ္ဍိတ
(ဓမ္မာစရိယ, M. A, Dip in Eng သီရိလင်္ကာ)
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတု အထိမ်းအမှတ်စာစောင်မှ)



Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ