Subscribe to our RSS Feed

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အယ်လ်ဂျာဇီးရားသတင်းဌာနတို့ တွေ့ဆုံခြင်း

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အယ်လ်ဂျာဇီးရားသတင်းဌာနတို့
တွေ့ဆုံခြင်း


မေး- မြန်မာနိုင်ငံတွင် လတ်တလောပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲမှုများသည် နောက်ကြောင်း ပြန်လှည့် မသွားနိုင်သည့် ပြောင်းလဲမှုများဖြစ်သည်ဟု မှတ်ယူရပါသည်။ မည်သည့်အတွက်ကြောင့် နောက်ကြောင်းပြန် လှည့်မသွားနိုင်ပါသနည်း။

ဖြေ- မိမိတို့အစိုးရဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ဆန္ဒ၊ လိုလားချက်တွေကို အကောင်အထည်ဖော်ပေးဖို့ မိမိတို့အစိုးရမှာတာဝန်ရှိတယ်။ ဒီလိုတာဝန်ရှိတာနဲ့အညီ ပြည်သူတွေရဲ့ လိုလားချက်ဆန္ဒတွေဖြစ်တဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ လူ့အခွင့် အရေး၊ တိုင်းပြည်နဲ့ ပြည်သူအများစုရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကနေ့ ပြုပြင်ပြောင်းလဲဆောင်ရွက် ပေးနေတာဖြစ်တယ်။ ဒါကြောင့် နောက်ကြောင်းပြန်လှည့်ဖို့မရှိဘူး။

ထို့အတူ ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူအများကလည်း အားပေးထောက်ခံလျက်ရှိတယ်။ ပြုပြင် ပြောင်းလဲမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ဖော်ဆောင်ပေးရန်လည်း ပြည်သူအများ က လိုလားလျက်ရှိကြတယ်။ ဒါကြောင့် ဆက်လက်ပြုပြင်ပြောင်းလဲဆောင်ရွက်ဖို့သာရှိပြီး နောက်ပြန်လှည့်ဖို့ မရှိတာဖြစ်တယ်။

ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ ပြည်သူ အများစုက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြ ဋ္ဌာန်းထားပြီးဖြစ်တယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခုဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်း တွေကို ဖော်ဆောင်ပေးဖို့ ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ ဒါကြောင့် ဆက်လက်ဆောင်ရွက်ရန်သာရှိပြီး နောက် ပြန်လှည့်ဖို့မရှိတာ ဖြစ်တယ်။

ဒါ့အပြင် အခုဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့ပါတီ ရဲ့ မူလကတည်းက ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ ဖြစ်တယ်။ ဒါကြောင့် ဆက်ဆောင်ရွက်ဖို့ပဲရှိပြီး နောက် ပြန်လှည့်ဖို့မရှိဘူး။

ဒါ့အပြင် ဒီကနေ့ ကျွန်တော်အစိုးရက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်တဲ့ ဥပဒေ သစ်များပြဋ္ဌာန်းခြင်း၊ ဥပဒေအချို့ကို ပြင်ဆင်ဖြည့် စွက်ခြင်းတို့ကို နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက် ပြီးမှ လွှတ်တော်နှစ်ရပ်ကို တင်ပြတာဖြစ်တယ်။ လွှတ် တော်နှစ်ရပ်ကလဲ အသေးစိတ်ညှိနှိုင်း ဆွေးနွေးပြီး တော့မှ အတည်ပြုတာဖြစ်တယ်။ ဒီပြုပြင်ပြောင်းလဲ မှုတွေကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခုက သာမန်လုပ်နေတာမဟုတ်ဘူး။ အခြေခံ ဥပဒေနဲ့အညီ စနစ်တကျ စီစဉ်ဆောင်ရွက်နေတှဲု့ညျအငအကအငသညေူ ဃ့ညေါနျ များဖြစ်ပါတယ်။ ဒါကြောင့် နောက်ပြန်လှည့်ရန်မရှိကြောင်း ပြောကြားလိုပါတယ်။

သို့သော်လည်း မိမိတို့ရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များမှာ အခက်အခဲများနဲ့ စိန်ခေါ်မှုများ တော့ ရှိပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲနဲ့ စိန်ခေါ်မှုများ ကို ကြိုးပမ်းဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့သော်လဲ ဒီလို အတိမ်းအစောင်းမခံတဲ့ အခြေအနေ မျိုးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖရိုဖရဲဖြစ်အောင် တွန်းမပို့ဘဲ ပူးပေါင်းကူညီဆောင်ရွက်ဖို့ အထူးအရေး ကြီးကြောင်း ပြောကြားလိုပါတယ်။


မေး- ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မည်သည့် ရေရှည်စီမံကိန်းရှိပါသလဲ။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော အပြည်ပြည် ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများထံမှ အကူအညီများ လိုအပ်ပါသလား။

ဖြေ- ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစီမံချက်(၂၀၁၁-၂၀၁၅)ကို ရေး ဆွဲထားပြီးဖြစ်ပါတယ်။ အဲဒီစီမံချက်မှာ ရည်မှန်းချက် အဖြစ် လက်ရှိမိမိတို့နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ၂၆ ရာ ခိုင်နှုန်းမှ ၂၀၁၅ခုတွင် ၁၆ရာခိုင်နှုန်းသို့ လျှော့ချနိုင် ရန်နဲ့ ကျေးလက်ပြည်သူများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်လာဖို့ ရည်မှန်းထားပါတယ်။

လုပ်ငန်းစဉ် (၈)ရပ်ချမှတ်ထားပြီး ပြည် ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်၊ ခရိုင်နဲ့မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းကာအ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူအများစုရဲ့ အသက်မွေးဝမ်းကျောင်း က စိုက်ပျိုးရေးကဏ္ဍဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို အဓိကထား ဆက်လက်တိုးတက်အောင် ဆောင်ရွက် ဖို့ဖြစ်ပါတယ်။

သို့သော်လဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အ တွက် စက်မှုနိုင်ငံထူထောင်ရေးကိုလဲ ဦးတည်မှာ ဖြစ် ပါတယ်။ စိုက်ပျိုးရေးထုတ်ကုန်ကို အခြေခံတဲ့ တန်ဖိုး မြှင့် ကုန်ထုတ်လုပ်ငန်းဖြစ်တဲ့ အလတ်စားနဲ့ အသေး စားစက်မှုလုပ်ငန်းများ ဖော်ဆောင်မှာဖြစ်ပါတယ်။

မြို့နေအခြေခံလူတန်းစားများ ၀င်ငွေတိုး စေရေးအတွက် ခရီးသွားလုပ်ငန်း ဃဏြ လုပ်ငန်းများ စတဲ့ လုပ်အားအခြေခံလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ပါမယ်။
သဘာဝသယံဇာတကို အခြေခံတဲ့ စီးပွား ရေးမှ နည်းပညာကိုအခြေခံသော လူ့အရင်းအမြစ်ကို အခြေခံသော စီးပွားရေးကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်အောင် ဆောင်ရွက်ပါမယ်။

ပုဂ္ဂလိက စီးပွားရေးအသိုင်းအ၀ိုင်းကို ကျွန် တော်တို့နိုင်ငံရဲ့ အဓိက စီးပွားရေးကဏ္ဍမှာသာမက ဆင်းရဲမှုလျှော့ချရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ လူမှုရေးတည်ငြိမ်မှုကဏ္ဍ၊ ပညာ ရေး၊ ကျန်းမာရေးကဏ္ဍများမှာ ပါဝင်ဆောင်ရွက်လာ အောင် လမ်းဖွင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန် နိုင်ငံ၊ အာဆီယံနိုင်ငံနဲ့ အမေရိကန်နိုင်ငံအပါအ၀င်နဲ့ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတို့ကို တိုးမြှင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ထိုသို့ဆောင်ရွက်ရန် စီမံချက်ရေးဆွဲဆောင် ရွက်နေသော်လည်း မိမိတို့တွင် နည်းပညာလူ့စွမ်းအား အရင်းအမြစ်၊ ငွေကြေးအရင်းအနှီး ပြည့်စုံလုံလောက် မှုမရှိပါ။ ဒါအပြင် တစ်ဖက်သတ်ချမှတ်ထားတဲ့ စီးပွား ရေးပိတ်ဆို့မှုကိုလဲ ခံနေရပါတယ်။ ဒါကြောင့်ျွှသမို ညြေုယ ဗီယြှုငြ်္ စတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အ စည်းများထံမှ အကူအညီများ လိုအပ်ပါတယ်။

မေး- မြစ်ဆုံဆည်စီမံကိန်းဖျက်သိမ်းရန်အတွက် ဆုံး ဖြတ်ရခြင်း၏နောက်ခံအကြောင်းရင်းက ဘာတွေလဲ။

ဖြေ- မိမိတို့အစိုးရသက်တမ်းကာလအတွင်း မြစ်ဆုံစီမံ ကိန်းကို ရပ်ဆိုင်းထားရခြင်းရဲ့အကြောင်းရင်းကတော့ မိမိတို့ဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တာနဲ့အညီ ကချင်တိုင်းရင်းသားများ အပါအ၀င် ပြည်သူများရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထားဖြေ ရှင်းဆောင်ရွက်ပေးဖို့ တာဝန်ရှိတဲ့အတွက် ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဒီကိစ္စဟာ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ကိစ္စရပ်များ ပါဝင်နေတဲ့အတွက် သမ္မတကြီးအနေနဲ့ အလွယ်တကူ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ပါ။ ပြည်သူ့စိုးရိမ် ပူပန်မှုကို အလေးထားလေးလေးနက်နက်စဉ်းစားဆုံး ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။


မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုကို မည်သည့်အတွက်ကြောင့် စတင်လုပ်ဆောင်ခဲ့ပါသလဲ၊ ဒေါ်စုကြည်နှင့် သမ္မတကြီးတို့ရဲ့ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မည်သို့သဘောထားရှိပါသလဲ။ သူမအနေ ဖြင့် လွှတ်တော်တွင် အရွေးချယ်ခံရမည်ဟု ယူဆပါ သလား။

ဖြေ- သမ္မတကြီးရဲ့ ရာထူးလက်ခံမိန့်ခွန်းမှာ သမ္မတ ကြီးက အခြေခံဥပဒေကို လက်မခံနိုင်သေးသူများ၊ သဘောထားကွဲ ပြားနေသူများနဲ့ မတူညီသောအချက် များကို ဘေးဖယ်ထားပြီး တူညီတဲ့အချက်များအပေါ် မှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီ သဘောထားနဲ့အညီ အမျိုးသားပြန်လည်စည်းလုံးညီ ညွတ်ရေးအတွက် ဆန္ဒမှန်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အမြင်ချင်းမတူ တာ တချို့ရှိပေမယ့် တိုင်းပြည်တည်ငြိမ်အေးချမ်းချင် တဲ့ဆန္ဒ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဆန္ဒနဲ့ ပြည်သူ လူထုစိတ်ချမ်းမြေ့စေချင်တဲ့ဆန္ဒများမှာတော့ နှစ်ဖက် လုံးသဘောတူညီခဲ့ကြပါတယ်။

ဒါကြောင့်လဲ သဘောတူညီတဲ့ အချက် တွေပေါ်မှာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရမလား ဆိုတာကတော့ ပြည်သူများရဲ့ အဆုံးအဖြတ်ပဲဖြစ်ပါ တယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် လွှတ် တော်အတွင်းရောက်လာမှာကိုတော့ ကျွန်တော်တို့ က ကြိုဆိုပါတယ်။


မေး- အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ကနဦးကမ်းလှမ်းချက်များကို လုပ် ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ နှစ်ကာလကြာရှည်စွာ ဖြစ် ပွားနေသောရှုပ်ထွေးလှသည့် အဆိုပါပဋိပက္ခတွေကို ဖြေရှင်းရန် ဘာတွေလိုအပ်ပါသလဲ။ ပြည်ပအဖွဲ့ အစည်းအချို့က စွပ်စွဲထားသကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပါသလား။

ဖြေ- ယခုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ဖွဲ့စလုံးနဲ့ ငြိမ်းချမ်းရေးအတွက် ထိတွေ့ဆွေးနွေး နေပြီဖြစ်ပါတယ်။

၎င်းင်းအနက် နှစ်ဖွဲ့ကတော့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူ ညီချက်လက်မှတ်ရေးထိုး နိုင် ခဲ့ပြီး ပြည်ထောင်စုအဆင့်နဲ့ ဆက်လက်ဆွေးနွေးနေ ပါတယ်။

အခြားအဖွဲ့နှစ်ဖွဲ့ကတော့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီ ချက်လက်မှတ်ရေးထိုးနိုင် ပြီဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် ဆက်လက်ဆွေး နွေးတော့မှာဖြစ်ပါတယ်။

ကျန်အဖွဲ့ခြောက်ဖွဲ့ကတော့ ပြည်နယ် အဆင့် စတင်ထိတွေ့ ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက်က တော့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်ရှိဖို့ အပြန် အလှန်နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ၎င်းင်းတို့ ရဲ့ ရေရှည်ဘ၀ရပ်တည်ရေးကို ဆောင်ရွက်ပေးနိုင်ဖို့နဲ့ မျှတတဲ့ ၎င်းင်းတို့ရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေး ဖို့ လိုတယ်လို့ ယူဆပါတယ်။

တိုင်းရင်းသားဒေသများမှာ တပ်မတော်က အစီအမံဖြင့် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုး ဖောက်နေသည့် ကိစ္စမျိုးမရှိပါ။ ဒီကိစ္စများဟာ နိုင်ငံ တော်နဲ့ တပ်မတော်အပေါ် မလိုလားတဲ့ ဆန့်ကျင်တဲ့ အဖွဲ့အစည်းများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ပြီး နိုင်ငံရေးတိုက်ကွက် ဖော်နေခြင်းသာဖြစ်ပါတယ်။

တပ်မတော်သားတိုင်းဟာ စစ်သည်တော် ကျင့်ဝတ်နဲ့ စစ်ဘက်ဥပဒေအပြင် အရပ်ဘက်ဥပဒေ ကိုပါ လိုက်နာဖို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအတိုင်း လိုက်နာအောင်လဲ လေ့ကျင့်သင်ကြားပေးထားပြီး တင်း တင်းကျပ်ကျပ်လဲ ကြပ်မတ်ကွပ်ကဲလျက်ရှိပါတယ်။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက် မှုမရှိပါ။

သို့သော်လဲ တပ်မတော်ဟာ လူအများစုနဲ့ ဖွဲ့စည်းထားရတာမို့ အဲဒီအများကြီးထဲက တစ်ဦးတ လေ ဥပဒေချိုးဖောက်တာမျိုးတော့ ရှိနိုင်တာပေါ့။

အဲဒီလို ဥပဒေချိုးဖောက်တဲ့ တပ်မတော် သားတွေကိုလည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူတယ်။ အဲဒီမှတ်တမ်းမှတ်ရာတွေ တပ်မ တော်မှာ အပြည့်အစုံရှိပါတယ်။ တိုင်ကြားချက်ရှိရင် ချက်ချင်းစုံစမ်းစစ် ဆေးမှုပြုလုပ်ပြီး မှန်ကန်ပါက ထိထိရောက်ရောက် အရေးယူပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းပြီးလူ့အခွင့်အရေး ကော်မရှင်က ဒီလို တိုင်ကြားမှုတွေကိုလည်းကောင်း၊ အခြားသောလူ့အခွင့်အရေးကာကွယ်မှုတွေကို လည်း ကောင်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနေပါတယ်။

http://groups.google.com/group/mayanmardailymail
မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဧပြီလတွင် ကုလသမဂ္ဂ၏ (၅၈) နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့၌ ပါရီမြို့တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုချမှတ်သည့်အခါ မြန်မာနိုင်ငံက ထောက်ခံမှု ပြုခဲ့ပါသည်။ ဤကြေညာစာတမ်းသည် လူသားအားလုံး၊ နိုင်ငံအားလုံးက ပြည့်မီအောင်မြင်အောင် ဆောင်ရွက်ရမည့် အားလုံးနှင့် သက်ဆိုင်သော စံတစ်ရပ်ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် ကြေညာစာတမ်းပါ လူ့အခွင့်အရေးများကို နိုင်ငံအားလုံးက ပြည့်မီအောင် ကြိုးပမ်းသွားရန် ဖြစ်ပါသည်။ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးစံများ သတ်မှတ်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်း၏ ကြိုးပမ်းမှုများတွင် လူ့အခွင့်အရေး ကြေညာစာတမ်းအား အတည်ပြုချမှတ်လိုက်ခြင်းသည် ပထမဦးဆုံးသော ခြေလှမ်းဖြစ်ပါသည်။ သို့ဖြစ်၍ အရေးကြီးသည့် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်နှစ်ရပ်ဖြစ်သော ပြည်သူ့အခွင့်အရေးများနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနျင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာစာချုပ်နှင့် အခြားသော တည်ဆဲလူ့အခွင့်အရေးဆိုင်ရာ စာချုပ်များရေးဆွဲရာတွင် လူ့အခွင့်အရေး ကြေညာစာတမ်းသည် လှုံ့ဆော်မှုဖြစ်သော အကြောင်းရင်းနှင့် အခြေခံအဖြစ် အသုံးပြုခဲ့ရသော စာတမ်းဖြစ်လာခဲ့ပါသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံများစွာတို့သည် ၄င်းတို့၏ အသီးသီးသော ဖွဲ့စည်းပုံ အခြေခံများပါ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအတွက် လူ့အခွင့်အရေး ကြေညာစာတမ်းကို အခြေခံအဖြစ် အသုံးပြုကြပါသည်။ လူ့အခွင့်အရေးများကို သတ်ဝင်ယုံကြည်သော နိုင်ငံများသည် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရန် အမျိုးသားအဆင့် လူ့အခွင့်အရေး အခြေခံအဆောက်အအုံကို တည်ဆောက်ကြပါသည်။ ယင်းသို့ တည်ဆောက်ရာတွင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ တည်ထောင်ခြင်းလည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ၄င်း၏ အဖွင့်အစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်းနေ့မှစ၍ လုပ်ငန်းတာဝန်များကို အပြည့်အဝ ဆောင်ရွက်လျက်ရှိပါသည်။ လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ လူ့အခွင့်အရေး ဖောက်ဖျက်မှုနှင့် ပတ်သက်သော တိုင်ကြားစာများကို လက်ခံနိုင်ရန် ကြေညာချက်တစ်ရပ်ကို အောက်တိုဘာလ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လက်ခံရရှိသော တိုင်ကြားစာများကို အစွမ်းကုန် စာနာဂရုစိုက်၍ စိစစ်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ယခုလောလောဆယ်တွင် ကလေးသူငယ်အခွင့်အရေးနှင့် လူ့အခွင့်အရေး ပညာပေးမှုကို ပိုမိုသိရှိလာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ ယူနီဆက်(ဖ်)နှင့် ပူးပေါင်းလျက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပရန် စီစဉ်လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများကို အထူးပြုဆွေးနွေးမည့် အလားတူ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပသွားရန်လည်း စီစဉ်လျက်ရှိပါသည်။ နိုဝင်ဘာလကုန်ပိုင်းတွင် ယူနီဆက်(ဖ်)၏ ကမကထပြုမှုဖြင့်ပင် ကော်မရှင်အဖွဲ့ဝင် ငါးဦးတို့သည် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ကာ ဖိလစ်ပိုင်နိုင်ငံ၏ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး အမျိုးသားအခြေခံအဆောက်အအုံနှင့် လူ့အခွင့်အရေးကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာခဲ့ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တည်ထောင်ပြီး (၃) လအတွင်း ၄င်း၏လုပ်ထုံးလုပ်နည်း မူကြမ်းနှင့် တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေး လုပ်ထုံးလုပ်နည်းမူကြမ်းများကို ရေးဆွဲခဲ့ပြီး ဖြစ်ပါသည်။ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ အရေးကြီးသည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့ အခါသမယတွင် ကော်မရှင်အနေဖြင့် ၄င်း၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးတာဝန်ကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတော် ဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို အစွမ်းကုန်ကူညီပံ့ပိုးသွားရန် ပိုင်းဖြတ်ထားကြောင်း အလေးအနက် ပြောကြားလိုပါသည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

ဟီလာရီ ကလင်တန်နဲ့ လူထုစိန်ဝင်း ဘယ်သူမှားသလဲ


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ မြန်မာနိုင်ငံ ရောက်ချိန်မှာ ဟီလာရီ ကလင်တန်က "ဒီမိုကရေစီသည် နောက်ဆုံးပန်းတိုင် ဖြစ်သည်" လို့ ပြောခဲ့ပါတယ်။

ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းကတော့ "ဒီမိုကရေစီသည် နောက်ဆုံး ပန်းတိုင် မဟုတ်" လို့ ဆိုပါတယ်။
ဟီလာရီ ကလင်တန်နဲ့ လူထုစိန်ဝင်း ဘယ်သူမှားသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ တစ်ယောက်ကတော့ မှားနေတာသေချာပါတယ်။ လုထုစိန်ဝင်း လည်း လူမှား တစ်ယောက် ဖြစ်နိုင်သလို၊ ဟီလာရီကလင်တန်ကလည်း လူမှားတစ်ယောက် ဖြစ်နိုင်ပါတယ်။ လူထုစိန်ဝင်း ပြောခဲ့တာကတော့...

ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်

ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်း ပါးစပ်ဖျားမှာ သီးနေကြရုံ သာမက၊ စာနယ်ဇင်း စာမျက်နှာတွေမှာပါ အဆက်မပြတ် ဖတ်နေရပါတယ်၊ ဒါ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။


မစားရ၀ခမန်း

ဒီမိုကရေစီ အကြောင်း ၀မ်းသာအားရ ပြောကြ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီ ဆိုတာ ‘မဟာသြသဓ’ နတ်ဆေးကြီး သဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီ နိုင်ငံဆိုတာ အရာအားလုံး ပြီးပြည့်စုံတဲ့ ‘ရွှေပြည်တော်ကြီး’ ဖြစ်တယ်၊ ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ ဆိုတဲ့ ပြောဆို ရေးသားချက်တွေ ကိုလည်း အများကြီး တွေ့နေ ရပါတယ်၊ ဒီမိုကရေစီ ဆိုတာ ကိုယ်တွေ့ မကြုံဘူးသူ များက ‘မစားရ ဝခမန်း’ ပြောဆို ရေးသားချက် တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ ဒူးတွေ့ ရတဲ့ အခါကျမှ ထင်တာနဲ့ မြင်တာ ‘ပါစင်အောင်’ လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက် သွားနိုင် ပါတယ်။ ဒါ ဆိုရင်လည်း မကောင်းပါဘူး။ ‘နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ’ တဲ့ အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွား ပါလိမ့်မယ်၊ ဒါကြောင့် ပြောဆို ရေသားချက်တွေ ဆင်ခြင်သင့်ကြ ပါတယ်။


မကောင်းမှုတွေ ဘယ်ကစ

ဒီမိုကရေစီ ဆိုတာ မဟာသြသဓ နတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေး ဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာ မရှိလို့ လမ်းဘေး အိပ်ရတဲ့ သူတွေ ဘယ် ရှိနေတော့မှာလဲ၊ အခုတော့ လူ့လောကရဲ့ မကောင်းမှု မှန်သမျ အဲဒီ ဒီမိုကရေစီ နိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ် ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါး ပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ စိတ်ကြွဆေးပြားတွေ တီထွင် ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင် အာရှမှာ မူးယစ်ဆေးဝါး ဈေးကွက်ကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်၊


ကောင်းဘွိုင် ယဉ်ကျေးမှုအစ

အီရတ်က ဆက်ဒမ်ဟူစိန် ဆိုတာလည်း ပနားမားက နောရီအေးဂါး (Noriega) လိုပဲ အမေရိကန် စီအိုင်အေက မွေးထုတ် ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေ လည်း စီအိုင်အေက မွေးထုတ်ပေးခဲ့ တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျ အမေရိ ကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုကစခဲ့ တာချည့်ပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကား တွေကိုပဲ ကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီး မဟုတ်သလို ဒီမိုကရေစီ နိုင်ငံ ဖြစ်တိုင်း သာယာ ရွှေပြည် နိုင်ငံကြီး မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုပါတယ်။


လူသားများရဲ့ မျှော်လင့်ချက်

တကယ် ဒီမိုကရေစီ ဆိုတာ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့ နည်းလမ်းတွေ ထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်။ လူသားများ မျှော်လင့်ချက် ပန်းတိုင်က စစ်ပွဲကြီးတွေ မရှိ ပကတိ ငြိမ်းချမ်း သာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ် တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေ အပေါ် ခေါင်းပုံဖြတ်ပြီး သွေးစုပ် ခြယ်လှယ်မှု ကင်းတဲ့၊ အဓမ္မ ၀ါဒ မှန်သမျှ ချုပ်ငြိမ်းချမ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိ ပြီး၊ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့၊ သဘာဝ တရားက လူသားတိုင်း အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ် ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်း ရိုသေ ထိန်းသိမ်းတဲ့ လူ့ အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲ ဖြစ်တယ်။

ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရ

အခု ဖြစ်နေတာ ကတော့ စတော့ ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲသွားလို့ ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့ အချိန်မှာ အစိုးရဆီက ငွေကြေး ထောက်ပံ့မှု ရဖို့ လွှတ်တော်မှာ လာရောက်တင်ပြ တောင်းဆိုတဲ့ ဘဏ် လုပ်ငန်းရှင်တွေ ကတော့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာ ကြတယ်လေ။ ဒါတင် မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ ကြေးလည်း ရရော၊ အဲဒီ ဘဏ်ကြီးတွေရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ် ဆိုပြီး တစ်ယောက် တစ်ယောက်ကို ဒေါ်လာ သန်းပေါင်း ၁၅၀ စီ ၂၀၀ စီ ထုတ်ယူ လိုက်ကြ တယ်လေ။ ဘဏ်ကြီး ပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆု ချီးမြှင့်တယ် ဆိုတာမျိုး ကြားဖူးကြရဲ့ လား။ အဲဒါ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ အမေရိကန် နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။


ဒေါ်လာ ၆ သိန်းတန်ခွေး

စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း(အင်္ဂလိပ်) သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး၊ တရုတ်ပြည် ရှန်စီး ပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ် သူဌေးမ ‘၀မ်’ ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ၀ယ်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြ ပါတယ်တဲ့။ အဲဒီ သူဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည် မြောက်ပိုင်း ‘ကျင်ဟိုင်း’ ပြည်နယ် ကိုသွားပြီး ရှားပါးမျိုး ဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း(ဒေါ်လာ ၆၀၀,၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။ ‘ရွှေကို တန်ဖိုး သတ်မှတ်လို့ ရတယ်၊ ဒီ တိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး’လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားကြီး ၃၀နဲ့ လာကြိုကြတာပါတဲ့။

ဒီမိုကရေစီအနှစ်သာရလား

အားလုံးသိကြတဲ့ အတိုင်းပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ် နိုင်ငံကြီး ဆင်းရဲတွင်းက လွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမျှ မကြာသေးပါဘူး။ ဒါတောင် လူဦးရေ အများစုကြီးဟာ လယ်ယာ လုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသား လယ်သမား ဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ ‘၀မ်’ လို သူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်း အကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး မာစီဒီးကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လို ပြောနိုင်မှာပါလဲ။ ဒါ ဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင် ပါဘူး။

ဗြဟ္မပါလနိုင်ငံတော်

လူသားအားလုံးရဲ့ မျှော်လင့်ချက် ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက် ကြမ်းကြုတ်မှုတွေ၊ လူသတ် စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ ‘ဗြဟ္မပါလ နိုင်ငံတော်ကြီး’ ဆီအရောက်လှမ်းဖို့ သာဖြစ်တယ်။ အဲဒီ နိုင်ငံတော်ကြီးဆီ သွားဖို့ စနစ် အမျိုးမျိုးနဲ့ နည်းလမ်း အသွယ်သွယ် ရှိတယ်။ ဒီမိုကရေစီ ဆိုတာက အဲဒီ နည်းလမ်းတွေ ထဲက တစ်ခုသာ ဖြစ်တယ်။ သူ့အပြင် တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ၊ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။


လမ်းတွေမှအများကြီး

ဒါကိုပဲ ဒီမိုကရေစီမှတစ်ပါး အခြား မရှိလို့ ကြွေးကြော်နေတာ ကတော့ ကောင်းဘွိုင် သမ္မတနှစ်ဦး ဖြစ်တဲ့ ရော်နယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန် လုပ်တာဆို အလွန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန် ကောင်းဆိုပြီး မျက်စိမှိတ်အောင်ရင်း ‘ကျေးဇူးဆပ်စာပေ’တွေ အရေးကောင်း နေသူတွေကို ပြောလိုက် ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်း တွေအများကြီး ရှိနေပါတယ်။ ဒီမိုကရေစီ ဆိုတာက လူသားများရဲ့ ပန်းတိုင် ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က ‘ဗြဟ္မပါလ နိုင်ငံတော် ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါ တယ်’။


လူထုစိန်ဝင်း

စိုင်းသိန်းဝင်း၏လက်ရှိစိတ်ဝင်စားနေမှုများ (ပေးစာ - ၅၉)

(သူ့ကိုယ်သူ နူကလီးယား ပညာရှင်လိုလို၊ ဒုံးကျည် ပညာရှင်လိုလို ပြောကာ နော်ဝေကို ထွက်ပြေးသွားပြီးနောက် VOA မှ သားညွန့်ဦး ရဲ့ မိန်းမ RFA မှ အင်ကြင်းနိုင်ကို အွန်လိုင်းမှာ ကြာကူလီရိုက်တာ လူမိလို့ facebook ပေါ်က ဆင်းပြေးပြီး တစ်နှစ်ကျော် ခိုးချောင်ခိုးဝှတ် အင်တာနက် သုံးနေရတဲ့ စိုင်းသိန်းဝင်းတစ်ယောက် အပူလုံးကြွကာ လူလုံးပြလာပြန်ပါတယ်။ လောလောဆယ် စိုင်းသိန်းဝင်း ဘာတွေ စိတ်ဝင်စားနေတယ်ဆိုတာကို အနီးကပ် စောင့်ကြည့်သူတစ်ဦးက အောက်ပါအတိုင်း ပေးပို့လာပါတယ်...။ )

ပည်ပြေး ကြာကူလီစိုင်းသိန်းဝင်းသည် လက်ရှိတွင် သူများအိမ်တွင် အားမနာတမ်းကပ်နေပြီး အခြေအနေဆိုးနေသည့်အပြင် စိတ်ဓါတ်အောက်တန်းကျစွာ ကိုယ်ကျင့်သိက္ခာဖေါက်ပြားပြီး သုတ်များနားထင်ရောက်လျက်ရှိပါသည်။








ကြာကူလီ စိုင်းသိန်းဝင်း ဟာ စစ်ပွဲ တစ်ပွဲ မှ မတိုက်ဖူးပဲ KIA စစ်ပွဲအကြောင်းကို သုံးသပ်ထားကြောင်း DVB က စိတ်တူကိုယ်တူ သန်းဝင်းထွဋ် နဲ့ အင်တာဗျူးထားပါသေးတယ်။

စိုင်းသိန်းဝင်း၏ ကြာကူလီ ဇတ်လမ်းများကို http://www.myanmarexpress.net/search/label/%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%9D%E1%80%84%E1%80%B9%E1%80%B8 မှာ ဖတ်ရှုနိုင်ပါတယ်။


Myanmar Express

၈၈ ကျောင်းသားများ နှစ်ခြမ်းကွဲ ပြန်

ဒေါ်အောင်ဆန်းစုကြည်နှင့် အဒဖ ပါတီမှ အမြင်မှန်ရရှိပြီးနောက် ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ကို ဆန့်ကျင်ကာ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ စဉ်းစားမှာ မဟုတ်သလို ၈၈ မျိုးဆက် ကျောင်းသားများကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီ တစ်ခုခုကို ကိုယ်စားလှယ်ပေးပြီး ရွေးကောက်ပွဲ ဝင်ပြိုင်စေတာမျိုး ပြုလုပ်မှာ မဟုတ်ကြောင်း ကြေညာချက်တစ်စောင်ကို ဒီဇင်ဘာ ၄ ရက်နေ့က ထုတ်ခဲ့ပါတယ်။

လက်မှတ်နဲ့ တံဆိပ်နဲ့ ဟုတ်တိပတ်တိ ထုတ်တဲ့ ကြေညာချက်

ကြေညာချက်ထုတ်ပြီး မကြာခင်မှာပဲ ၎င်းကြေညာချက်က ၈၈ ကျောင်းသား အားလုံးကို ကိုယ်စားမပြုကြောင်း နောက်ထပ် ၈၈ ကျောင်းသား ဆိုသူများကပဲ ကြေညာချက်တစ်စောင်ကို ဒီဇင်ဘာ ၆ ရက်နေ့က ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ကြေညာချက်ဆိုလို့ တံဆိပ်တုံးတွေ၊ လက်မှတ်တွေနဲ့ ထုတ်တယ်လို့ မထင်ပါတယ်။ paint ထဲမှာ စာရိုက်ပြီး ထုတ်လိုက်တဲ့ ကြေညာချက်ပါ။

လက်မှတ်နဲ့ တံဆိပ်နဲ့ ထုတ်ထားတဲ့ ကြေညာချက်က ၈၈ ကျောင်းသား အားလုံးကို ကိုယ်စား မပြုပါဘူးဆိုတဲု paint ထဲမှ ရေးထားတဲ့ ကြေညာချက်ကို Burma BJ ရဲ့ facebook တွင် တွေရစဉ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရွေးကောက်ပွဲ ဝင်ခြင်းကို ထောက်ခံရေး၊ မထောက်ခံရေးနဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသားများ အတွင်း အကြီးအကျယ် သဘောထားကွဲလွဲနေကြောင်း သိရပါတယ်။

၈၈ ကျောင်းသား ဆိုသူများက ကျောင်းသား လို့ နာမည်ခံထားကြပေမယ့် အသက် ၄၀ ကျော် ၅၀ တွေ ဖြစ်ကြပြီး အဆင့်မြင့် ပညာများ တက်ရောက် အောင်မြင်ထားသူ တစ်ယောက်မှ မပါကြောင်း သိရပါတယ်။


ကြေညာချက်ထုတ်ရတာလွယ်မှန်းသိလို့ ၉၉ ကျောင်းသားလူငယ်တွေလည်း အားကျမခံထုတ်

နိုင်ငံ့ဦးသျှောင် ကို အသရေဖျက်မှု ကြောင့် အမေရိကန်နိုင်ငံသား ထောင် ၂ နှစ်ခွဲကျ

အမေရိကန်နိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံမှာမွေးဖွားတဲ့ Joe Gordon ဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံ့ဦးသျှောင် ဘုရင်ဘူမိဘော ကို အင်တာနက်ပေါ်မှာ အသေရေဖျက်မှုကြောင့် ထောင် ၂ နှစ်ခွဲချဖို့ တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ Joe Gordon ကို ထိုင်းနိုင်ငံတရားရုံးက နိုင်ငံ့ဦးသျှောင်ဖြစ်သော ဘုရင် ဘူမိဘော ရဲ့ အထုပ္ပတ္တိထဲက စာတွေကို အင်တာနက်ပေါ်တင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

သူအမှန်တကယ် အကျခံရမယ့် ထောင်သက်တမ်းက ၅ နှစ်ဖြစ်ပြီး အပြစ်ရှိကြောင်း လျှောက်လဲခဲ့တဲ့အတွက် သူ့ပြစ်ဒဏ်ကို တရားရုံးက တဝက် လျှော့ချ ခဲ့ တာကြောင့် ၂ နှစ်ခွဲပဲ ကျခံရတော့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း နိုင်ငံ့ဦးသျှောင်အကြောင်းကို ဖုန်း နဲ့ မက်ဆေ့ခ်ျ ပို့ခဲ့မှုကြောင့် အသက် ၆၂နှစ်အရွယ် ထိုင်းလူမျိုး တဦးကို ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့ပါသေးတယ်။

နိုင်ငံဦးသျှောင်ကို စော်ကားတဲ့ Facebook ပေါ်က comment တွေကိုတောင် like ပေးရင် ထောင်ကျနိုင်ကြောင်း ထိုင်းပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ ထိုင်းဘုရင်မိသားစုကို စော်ကားတယ်လို့ ယူဆရတဲ့ စကားလုံး အသုံးအနှုံး တွေကို တင်းတင်းကျပ်ကျပ် အရေးယူတဲ့ဥပဒေတွေ ချမှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံ့ဦးသျှောင်ကို မိုက်မိုက်ရိုင်းရိုင်း အသရေဖျက်ရေးသားသူပေါင်း အများအပြားရှိနေပေမယ့်လည်း မြန်မာအစိုးရက တင်းကြပ်မှုတွေ မလုပ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း အမြင်ကျဉ်းမြောင်းသူများကတော့ လွတ်လပ်စွာရေးသားခွင့်မရှိဘူးလို့ မျက်စိစုံမှိတ်အော်နေကြတုန်းဖြစ်တဲ့အပြင် အချို့လူများကလည်း အခုလို နိုင်ငံသားများကို စာနာငဲ့ညှာမှုကို ဥပဒေစိုးမှု မရှိသေးဘူးလို့ ဝေဖန်နေကြတုန်းဖြစ်ပါတယ်။

နိုင်ငံ့ဦးသျှောင်ကို အသရေဖျက်သူများအား ထောင် ၂ နှစ်ခွဲမှ အနှစ် ၂၀ ထိ ချလျှင် မြန်မာနိုင်ငံသားပေါင်း သိန်းနှင့်ချီပြီး ထောင်ချလို့ရကြောင်း၊ မြန်မာနိုင်ငံရဲ့ ဥပဒေက နိုင်ငံသားတွေအပေါ်မှာ များစွာ စာနာငဲ့ညှာမှု ရှိကြောင်း ရန်ကုန်မြို့မှ ဝါရင့်ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။


သနားစရာ Joe Gordon ပါလား။ မြန်မာနိုင်ငံမှာ လူဖြစ်ခဲ့ရင် ဒီလူထောင်ကျမှာ မဟုတ်ဘူး။


Myanmar Express

မြစ်ကြီးနား သီတာရပ်ကွက် ပေါက်ကွဲမှု အိမ်ရှင် ဦးဒယောင်တန်ဂွမ်း ဖော်ကောင်လုပ်ပြီ (ပေးစာ - ၅၈)

KIA






Myanmar Express

ဘာမဟုတ်တဲ့ ဒေါ်စုကြည်အကြောင်းကိုတော့ စပွန်ဆာထုတ် ရုပ်ရှင်ရိုက်ပေးကြပြီး ဗိုလ်ချုပ်အကြောင်းကိုတော့ ကိုယ့်ဘာကိုသာ ရိုက်ရမည်မှာ မဖြစ်သင့် ဟုဆို

ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်လျှင် နိုင်ငံအတွက် ပေးဆပ်ခဲ့ပုံချင်း ဆပေါင်းမျာစွာကွာခြားလှတဲ့ ခြေဖျားတောင် မမှီတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုတော့ နိုင်ငံခြားကနေ စပွန်စာထုတ်ပေးကာ ရုပ်ရှင်ရိုက်ပေးကြပြီး ဗိုလ်ချုပ်အကြောင်းကိုတော့ ရိုက်မပေးလို့ ကိုယ့်ဘာကိုရိုက်ရမယ်ဆိုတာက လုံးဝ မဖြစ်သစ်ဘူးလို့ ဝါရင့် သမိုင်းဆရာတစ်ယောက်က အပြစ်တင်လိုက်ပါတယ်။

နိုင်ငံခြားက စပွန်ဆာတွေ အနေနဲ့ မြန်မာနိုင်ငံကို အစစ်အမှန် ကူညီချင်တယ်ဆိုရင် ဒေါ်စုအကြောင်းကို ရုပ်ရှင်ရိုက်မယ့်အစား ဗိုလ်ချုပ်အကြောင်းကိုသာ ရိုက်ပေးသင့်တယ်.. လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က ဗိုလ်ချုပ်အကြောင်းကို ရုပ်ရှင်ရိုက်ဖို့အတွက် အသက် ၆၇ နှစ်အရွယ် မုဆိုးမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ရုပ်ရှင်မင်းသား အချို့ကို နေအိမ်ခေါ်ပြီး စပွန်ဆာ ကိစ္စအပါအဝင် ညှိနှိုင်းတာတွေ လုပ်ခဲ့ပါတယ်။

လာမယ့် ၂၀၁၅ မှာ ဗိုလ်ချုပ်ရဲ့ နှစ် ၁၀၀ မွေးနေ့မှာ ပြချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးဂုဏ်ကို မစောင့်ပဲ နိုင်ငံခြားသားကို လက်ထပ်ကာ ဗိုလ်ချုပ်ရဲ့ မျိုးဆက်ကို ပျက်အောင် လုပ်ခဲ့မိတာကြောင့် သူ့အမှားအတွက် ပြန်ပြီး ပေးဆပ်ချင်တဲ့ ဆန္ဒ ရှိပုံပေါ်တယ်လို့ နေအိမ်ကို သွားရောက်ခဲ့တယ် လူငယ် မင်းသားတစ်ယောက်က ပြောပါတယ်။

လောလောဆယ်မှာ ဗိုလ်ချုပ် အကြောင်းရုပ်ရှင် ဖြစ်မြောက်ရေးကို လူရွှင်တော် ဇာဂနာ က တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ ပေါချာချာ လူရွှင်တော် တစ်ယောက်က ရုပ်ရှင်ကြီး ရိုက်ဖို့ တာဝန်ယူထားတာနဲ့ ပတ်သက်ပြီး ပြည်တွင်းမှ ဒါရိုက်တာ တစ်ဦးက အခုလို ပြောပါတယ်။

"ကြည့်ရတာ လူရွှင်တော် ဇာဂနာ ဒါရိုက်တာလုပ်မယ့်ပုံပါ.... ဘာမှအတွေ့အကြုံမရှိပဲ ရုပ်ရှင်ကားကြီး ရိုက်မယ်ဆိုတော့ ကောင်းကောင်းတော့ ထွက်လာမယ် မထင်ဘူး.. ပြီးတော့ လူရွှင်တော် ဇာကနာက သမိုင်း အလွန်အားနည်းသူဖြစ်တယ်... ဗိုလ်ချုပ်အကြောင်းရိုက်တာဆိုတော့ ချာတူးလန် မဖြစ်စေချင်ဘူး..." လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ထားတဲ့ ဇတ်လမ်းကို ဂါဒီယန်း သတင်းစာကြီးမှ ချာတူးလန်လို့ ဝေဖန်ခဲ့ပါတယ်။

"ဒီကနေ့ နာမည်ရနေကြတဲ့ မင်းသားတစ်ယောက်ယောက်ကို ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး စိတ်ကူးနဲ့ ခံစားကြည့်ပါလား .. ကျွန်တော်ကတော့ ဘယ်လိုမှ မခံစားတတ်အောင်ပါပဲ... ဘယ်သူနဲ့မှ ဘယ်လိုမှ မဖြစ်နိုင်ဘူး" လို့ ဆက်ပြောပါတယ်။

လောလောဆယ်မှာတော့ လူရွှင်တော် ဖြစ်သူဇာဂနာက ရုပ်ရှင်ဒါရိုက်တာ ဖြစ်တော့မှာမို့ အပျော်ကြီး ပျော်နေပြီး နိုင်ငံခြား သင်တန်းတွေ လိုက်တက်နေပါတယ်။ အနုပညာအသိုင်းအဝိုင်းကတော့ သိပ်ပြီး စိတ်ဝင်တစား မရှိကြဘူးလို့ သိရပါတယ်။

Justify Full ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အကြောင်းရုပ်ရှင် ရိုက်ဖို့ လာပြောကတည်းက သူ့အကြောင်းမရိုက်ပဲ ဗိုလ်ချုပ်အကြောင်း ရိုက်ဖို့ ပြောသင့်တယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။ အများစုကတော့ နိုင်ငံခြားက စပွန်ဆာပေးခြင်းဟာ မြန်မာလူထုအတွက် ကူညီချင်လို့ ရုပ်ရှင် ရိုက်ပေးခြင်းမဟုတ်ပဲ ပုဂ္ဂိုလ်စွဲကြောင့် သာ ဖြစ်တယ်။ ပုဂ္ဂိုလ်စွဲနဲ့ ကူညီမှုတွေကို မကြိုဆိုသင့်၊ အားမပေးသင့်ဘူးလို့ သုံးသပ်သူတွေလည်း ရှိကြပါတယ်။

ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်မယ့် အသစ်ချပ်ချွတ် ဒါရိုက်တာ လူရွှင်တော်



Myanmar Express

မိုးပြာဂိုဏ်းအတွက် ဆုံးဖြတ်ချက်

အစိုးရမှ ဂျာနယ် ၅၀ ကျော်ကို စိစစ်ရေးတင်စရာမလိုပဲ ဖွင့်ပေးသော်လည်းပဲ အတိုက်အခံစာမျက်နှာများကတော့ comment များကို စိစစ်မှုတွေ ဆက်လုပ်ဆဲ

နိုင်ငံရေး တိုးတက်ပြောင်းလဲခြင်းများနှင့်အတူ အစိုးရသစ်လက်ထက်မှာ ဂျာနယ် မဂ္ဂဇင်းပေါင်း ၅၀ ကျော်ကို စာပေစိစစ်ရေး တင်ဖို့မလိုပဲ လွတ်လပ်စွာ ပြောချင်သလိုပြောခွင့်၊ ရေးချင်သလို ရေးခွင့် ပေးလိုက်ပါပြီ။ အစိုးရဖက်က လွတ်လပ်စွာပြောဆိုခွင့်တွေကို အရှိအတိုင်း ခွင့်ပြုပေမယ့်လည်း အတိုက်အခံတွေကတော့ ၎င်းတို့ရဲ့ အင်တာနက်ပေါ်က စာမျက်နှာ များ၊ ဘလော့များ မှာ comment များကို လွတ်လပ်စွာရေးခွင့် မပေးသေးပဲ စိစစ်မှုတွေ ပြုလုပ်နေတဲ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရသစ်လက်ထက်မှာ ဂျာနယ်ထုတ်ဝေမှုအပေါ် ဂျာနယ်တိုက်တွေက တာဝန်ယူရမဲ့ ထုတ်တင်စံနစ်ကို ဂျာနယ်ပေါင်း ၅၄ ခုကို ခွင့်ပြုပေးလိုက်ပါတယ်။ အခုလို ခွင့်ပြုတာဟာ ဒုတိယအကြိမ်မြှောက်ဖြစ်ပြီး ပထမ အကြိမ်
ဇွန်လအတွင်း တုန်းကလည်း ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ အနုပညာ၊ ကလေးစာပေ စသည့်စာပေ အမျိုးအစား ၅ ခုကို စိစစ်ရေးတင်ရန် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယအကြိမ် ထုတ်တင်စနစ် ခွင့်ပြုလိုက်တာကတော့ စီးပွားရေး ဂျာနယ် ၂၈ စောင်၊ စီးပွားရေး မဂ္ဂဇင်း ၁၄ စောင်၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ် ၄ စောင်၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ မဂ္ဂဇင်း ၈ စောင် စုစုပေါင်း ဂျာနယ် မဂ္ဂဇင်း ၅၄ ခုဖြစ်ပါတယ်။

ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း အရင်တုန်းက မမြင်ရသော စာများ၊ ဓာတ်ပုံများကို ဖော်ပြခွင့်ပေးခဲ့တာ ကြာပြီဖြစ်ပါတယ်။ သတင်း မီဒီယာ လွတ်လပ်ခွင့်ရှိလာကြောင်းကို ပြည်သူအားလုံးက အသိအမှတ်ပြုကာ ကြိုဆိုကြကြောင်းလည်း သိရပါတယ်။

စိစစ်ရေး မလိုတဲ့ အရှိကို အရှိအတိုင်း လွတ်လပ်စွာ ရေးသွားခွင့် ရှိရေးကို အစိုးရက လုပ်ဆောင်နိုင်ပေမယ့်လည်း အစိုးရကို ဝေဖန်နေသူ အတိုက်အခံမီဒီယာတွေကိုတော့ ကိုယ်တိုင် မလုပ်နိုင်ကြသေးကြောင်း တွေ့ရပါတယ်။ အစိုးရကိုတော့ လွတ်လပ်စွာရေးသားခွင့် မပြုဘူး၊ စိစစ်မှုတွေ လုပ်တယ်လို့ အဲဒီမီဒီယာတွေရဲ့ စာမျက်နှာတွေမှာ မကြာခဏ ဖော်ပြ ဝေဖန်ကြပေမယ့် သူတို့တွေကိုယ်တိုင်ကတော့ စိစစ်မှုတွေ လုပ်နေကြောင်း တွေ့နေရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘန်ကောက်မှ စာဖတ်သူ လူငယ် တစ်ဦးက အခုလိုပြောပြပါတယ် "ကျွန်တော်က မနေနိုင်ဘူး... ဝင်ပြောတတ်တယ်... သူတို့တွေလို့ ဘယ်ဖက်က ရပ်တည်တယ်ရယ်လို့ အစွန်းမရောက်ဘူး... နိုင်ငံတော် ကောင်းစားဖို့ အမြင်မတော်တာတွေ့ရင် ဝင်ပြောလေ့ ရှိတယ်ဗျ... ဒါပေမယ့် အတိုက်အခံ မီဒီယာ အားလုံးက သူတို့ကို ထောက်ခံတဲ့ မှတ်ချက်မဟုတ်ရင် ဒါမှမဟုတ် အစိုးရကို မကောင်းကြောင်း ပြောတဲ့ မှတ်ချက် မဟုတ်ရင် တင်မပေးကြပါဘူး.... ကျွန်တော် တစ်ခါမှ မဆဲဖူးဘူး၊ တစ်ခါမှ ပုဂ္ဂိုလ်ရေး ထိခိုက်တဲ့ စာလုံးတွေ မရေးဖူးဘူး.. ဒါပေမယ့် ကျွန်တော်ရေးထားတာတွေ စိစစ်ပြီး ဖျက်ပစ်တာမျိုး ခဏခဏ ကြုံရတယ်..." လို့ ဆိုပါတယ်။

ဒီလိုဖြစ်စဉ်မျိုးကို လူတော်တော်များများ ကြုံတွေ့ရကြောင်းလည်း ဆက်ပြောပြပါတယ်။ ဒါ့အပြင် ကိုယ်တိုင် မလိုက်နာနိုင်တဲ့ စည်းကမ်းကို သူများမလိုက်နာနိုင်တာကို မပြောသင့်ကြောင်းကိုလည်း အခုလို ဆက်ပြောပါတယ်။

"သူတို့ကိုယ်တိုင် လုပ်နိုင်လားဆိုတော့... မလုပ်နိုင်ဘူး.. သူများမလုပ်တာကိုတော့ အမျိုးမျိုးဝေဖန်ကြတယ်.. လုံးဝ သိက္ခာမရှိဘူး.... စည်းကမ်းတစ်ခုကို ကိုယ်တိုင်မလိုက်နာနိုင်ရင် သူများမလိုက်နာတာကိုလည်း သွားပြောစရာမလိုဘူး.. အခုတော့ အတိုက်အခံ မီဒီယာ အားလုံးက ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ အမှားသရုပ်ပြ လူတန်းစားတွေ ဖြစ်နေတယ်" လို့ ဆက်ပြောပါတယ်။

အတိုက်အခံမီဒီယာတွေရဲ့ စာမျက်နှာတွေ ဘလော့တွေမှာ စိစစ်မှုတွေ ပြုလုပ်ပြီးမှ တင်ပေးရုံမျှ မက facebook စာမျက်နှာတွေမှာလည်း မှတ်ချက်တွေကို ဖျက်ပစ်တာမျိုးတွေ အမြဲလုပ်တတ်တယ်လို့လည်း သိရပါတယ်။

အစိုးရရဲ့ စာပေစိစစ်ရေးကို အမြဲဝေဖန်တဲ့ ဧရာဝတီ ကတော့ စိစစ်တုန်း ရှိပါသေးတယ်


ဧရာဝတီ ဘလော့ ကတော့ ဆိုင်းငံ့ တွေ ရှိနေတုန်းပါပဲ


အစိုးရဲ့ စာပေစိစစ်ရေးကို ဝေဖန်တဲ့ DVB ကလည်း စိစစ်မှုတွေ လုပ်နေတုန်း


လွတ်လပ်တဲ့ အာရှ အသံ RFA မှာလည်း စိစစ်ပြီးမှ ဖော်ပြမှာ ဖြစ်လို့ ချက်ချင်း မမြင်ရသေးပါတဲ့

ဒီနေ့ အင်တာနက်ပေါ်မှာ အစိုးရရဲ့ မီဒီယာ လွတ်လပ်ခွင့်နဲ့ စာပေစိစစ်ရေးစနစ်ကို ဝေဖန်သည့် အတိုက်အခံ စာမျက်နှာပေါင်း ၂၀၀ လောက် ရှိပြီး အချို့ကတော့ ထင်မြင်ချက် ရေးစရာ နေရာတောင် မရှိဘူးလို့ သိရပါတယ်။ ကျန်တဲ့ ထင်မြင်ချက်ရေးလို့ ရတဲ့ စာမျက်နှာအားလုံးကတော့ သူတို့ကိုယ်တိုင် စိစစ်ရေးတွေ လုပ်နေကြောင်း သိရပါတယ်။


Myanmar Express

NLD ပါတီဝင်ဖို့ ပြည်တွင်းမှ စိတ်မ၀င်စားကြလို့ ပြည်ပက လူတွေကိုပါ ပါတီဝင်ဖို့ ဖိတ်ခေါ်

အမြင်မှန်ရလို့ ရွေးကောက်ပွဲပြန်ဝင်ဖို့ ပြင်ဆင်နေတဲ့ ဒေါ်စုရဲ့ NLD ပါတီဟာ ပါတီဝင်အင်အား (၁၀) သိန်းဖြစ်အောင် ပညာအရည်အချင်းမလို ကြိုက်ရာလူ NLD ပါတီ ၀င်နိုင်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ NLD ပါတီဝင်ဖို့ လူတွေအနေနဲ့ စိတ်ပါဝင်စားမှု မရှိတာကြောင့် ယခု မြန်မာနိုင်ငံတင်မက ပြည်ပကပါ ပါတီဝင် ၁၀ သိန်းမရရအောင် ခေါ်ဖို့ အင်တာနက်ကနေ လျှောက်လွှာပုံစံတွေ ဖြန့်ဖို့ စီစဉ်နေပါပြီ။

ပါတီဝင်များများ ရဖို့ ပြည်ပက မြန်မာတွေကိုပါ ဒီလိုခေါ်


NLD ရဲ့ ဦးတည်ချက်မရှိ ဈေးရောင်းလိုက်၊ ထမင်းချက်စားလိုက်၊ အနုပညာရှင်တွေနဲ့ တွေ့လိုက်၊ စတိတ်ရှိုးတွေလုပ်လိုက်နဲ့ ဖြစ်ချင်ရာဖြစ်နေတဲ့အပေါ် ပြည်တွင်းက လူအချို့က စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။ ရန်ကုန်က ကုန်သည်တစ်ဦးက "NLD ပါတီဝင်မလို့ စဉ်းစားသေးတယ်။ နောက်တော့ ဈေးရောင်းလိုက် ဟိုပွဲဒီပွဲတွေလုပ်လိုက်နဲ့ ကျွန်တော်လည်း စိတ်ပျက်တာနဲ့ မ၀င်ချင်တော့ဘူးဗျ။ တော်ကြာ ကိုယ်ပါ လမ်းဘေးဈေးရောင်း နေရမှာစိုးလို့" ဆိုပြီး NLD ပါတီ မ၀င်ဖြစ်တော့တဲ့ အကြောင်းပြောပါတယ်။ နောက် အဝေးသင်တက်နေတဲ့ ကျောင်းသားတစ်ဦးက " ဗိုလ်ချုပ် သမီးပါတီ ဆိုတော့ အစကတော့ အထင်ကြီးတာပေါ့။ နောက်တော့ဗျာ ဗိုလ်ချုပ်ပုံတွေနဲ့ သူ့ပုံတွေထုတ် ဟိုပစ္စည်းရောင်း ဒီပစ္စည်းရောင်းနဲ့ ပါတီပုံစံနဲ့ မတူတော့ဘူး။ ဈေးဆိုင်နဲ့ တူနေတယ်။ တလောကတော့ ပါတီဝင်တွေ လက်ခံမယ်လို့ ကြားတယ်။ ဒါပေမဲ့ မ၀င်တော့ပါဘူးဗျာ။ " လို့ပြောခဲ့ပါတယ်။ မြောက်ဒဂုံက ဆိုက်ကားသမားတစ်ဦးကတော့ "NLD ပါတီဝင်တွေ ခေါ်မယ်လို့ မိတ်ဆွေတွေပြောတာကြားတယ်။ ကျွန်တော်တော့ ၀င်မယ်ဗျ။ ထမင်းလဲ စားရတယ်ဗျာ။ ခုလို ပင်ပင်ပန်းပန်း ဆိုက်ကားနင်းစရာ မလို တော့ဘူး။ပါတီဝင်ဖြစ်ရင် NLD ကဈေးရောင်းပွဲတွေမှာ အေးအေးဆေးဆေး ဈေးလိုက်ရောင်းယုံပဲ " လို့ NLD ပါတီကို ၀င်ချင်တဲ့ သူ့ရည်ရွယ်ချက်ကိုပြောခဲ့ပါတယ်။

NLD အနေနဲ့ ယခုလို ပြည်သူ့အကျိုးလုပ်ဆောင်နေတာတွေလည်း ရေရေရာရာမရှိ။ ဈေးရောင်းယုံ လောက်နဲ့ သာ အချိန်ကုန်နေတာ ဖြစ်လို့ ပါတီအပေါ် လူစိတ်ဝင်စားမှု လုံးဝမရှိဘဲ ၀င်မယ့်သူ ရှားပါးနေပါတယ်။ ဒါကြောင့်မို့ ပြည်ပကအကြောင်းမသိတဲ့ မြန်မာများကိုပါ ပါတီဝင်အဖြစ် ပါဝင်လာနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါလိမ့်မယ်။ NLD အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ယနေ့ လွှတ်တော်ထဲက ဒီမိုကရေစီ အင်အားစုတွေလို စွမ်းစွမ်းတမံ ထိထိရောက်ရောက် နိုင်ငံ့အကျိုးကို ထမ်းနိုင်မှ ပါတီဝင်ရဖို့ နိုင်ငံခြားက ခေါ်စရာမလိုဘဲ အလိုလို ၀င်ချင်တဲ့သူတွေ ရှိလာပါလိမ့်မယ်။ ဒီလိုမှ မဟုတ် ထမင်းချက်စားလိုက် ဈေးရောင်းလိုက် လုပ်နေရင်တော့ NLD ပါတီဝင်မယ့်လူတွေဟာ လက်ကြောမတင်း အလကားစားရမနည်း ဆိုတဲ့ အချောင်သမားတွေသာ များနေပါလိမ့်မယ်ဟု ရွှေမြန်မာမှ တင်ပြ လိုက်ရပါတယ်။

http://goldenmyanmarnews.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

ဟီလာရီ ကလင်တန် သည် အနန္ဒဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်သည်



မွေးရကျိုးနပ်လိုက်တဲ့ သားသမီးများ၊ ထားရကျိုးနပ်လိုက်တဲ့ နိုင်ငံ့ မျိုးဆက်သစ်များ
အမေရိကန် ဆိုတာနဲ့ အနန္တော အနန္ဒငါးပါး ထဲမှာထည့်ပြီး ကိုးကွယ်ကြတော့တာပါလား
ကျွန်စိတ် ကျွန်စိတ်


Myanmar Express

မြန်မာနိုင်ငံတွင် ရှစ်လအတွင်း နိုင်ငံရေးအပြောင်းအလဲများ


(အေအက်ဖ်ပီ)
ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

နေပြည်တော် - နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ အဆင့်မြင့်ဆုံး အမေရိ ကန်အစိုးရအဖွဲ့ ပထမဦးဆုံးလာရောက်ရာတွင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာ့ခေါင်းဆောင်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ၌ သမိုင်းဝင်ညှိနှိုင်းဆွေးနွေးပွဲတို ပြုလုပ်ခဲ့သည်။

နိုဝင်ဘာလ ရွေးကောက်ပွဲ ပြီးနောက်၊ ယခုနှစ် အစောပိုင်း၌ တက်လာသည့် အစိုးရသစ်သို့ အာဏာလွှဲပေး ပြီးသည်မှစ၍ မြန်မာနိုင်ငံတွင် အဓိကဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြပါသည်။

၂၀၁၁ ခုနှစ်

မတ်လ ၃၀ ရက် - ဖော်ဖော်ရွေရွေ နေတတ်သော ၀န်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတအဖြစ် ကျမ်းကျိန်သည်။ ၁၉၉၂ ခုနှစ်ကတည်းက အာဏာရလာသော တပ်မတော်အစိုးရ ဖျက်သိမ်းပြီး နောက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူသည်။ အနောက်အုပ်စုက ထိုအပြောင်းအလဲများကို အပေါ်ယံ ရွှေမှုန်ကြဲသက်သက်သာ ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်သည်။

ဇူလိုင်လ ၆ ရက် - ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလက နေအိမ်အကျယ်ချုပ် မှ လွတ်လာခဲ့ပြီးနောက်၊ ပုဂံမြို့သို့ ပထမဦးဆုံး သီးသန့် ခရီးထွက်လာသော ဒေါ်အောင်ဆန်းစုကြည်အား ရာပေါင်းများစွာသော ထောက်ခံသူများက ကြိုဆို ကြသည်။

ဇူလိုင်လ ၁၇ ရက် - ဖခင်ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပသော အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ကိုးနှစ်အတွင်း ပထမအကြိမ်အနေဖြင့် ဖိတ်ကြားခံရသည်။

ဇူလိုင်လ ၂၅ ရက် - ဒေါ်အောင် ဆန်းစုကြည် ပထမအကြိမ်အနေနှင့် အမည်ခံအရပ်သား အစိုးရသစ်၏ ၀န်ကြီးတစ်ဦးနှင့်တွေ့ ဆုံသည်။

ဩဂုတ်လ ၁၄ ရက် - ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ပထမဦးဆုံး ပေါ်ပေါ်ထင်ထင် နိုင်ငံရေးခရီးစဉ်တစ်ခုကို အဆီးအတားမဲ့ ထွက်လာရာ လမ်းခရီး၌ လူအုပ်ကြီးများက ကြိုဆို ကြသည်။

ဩဂုတ်လ ၁၅ ရက် - အတိုက်အခံ ခေါင်းဆောင်နှင့် အစိုးရသစ်ကြား ဆက်ဆံရေး ပျော့ပေါင်းလာမှုတစ်ခု၏ အရိပ်လက္ခာများ မြင့်တွေ့ရသဖြင့် အားတက်ရသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောသည်။

ဩဂုတ်လ ၁၉ ရက် - သမ္မတ ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်အား ပထမအကြိမ်အနေဖြင့် တွေ့ဆုံသည်။

စက်တင်ဘာလ ၆ ရက် - နှိပ်စက် ညှဉ်းပမ်းမှုများ ရှိသည်ဟူသော စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ၏ မေတ္တာရပ်ခံချက် အရ၊ မြန်မာနိုင်ငံက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းသည်။

စက်တင်ဘာလ ၉ ရက် - မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒအတွက် ပထမဦးဆုံး အမေရိကန်၏ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ် နေပြည်တော်သို့ လာရောက်လည်ပတ်သည်။

စက်တင်ဘာလ ၁၈ ရက် - အေအက်ဖ်ပီနှင့် အထူးသီးသန့်တွေ့ရာတွင် မြန်မာနိုင်ငံတွင် အပြုသဘော ဆောင်သည့် ဖြစ်ပေါ် တိုးတက်မှုများ ကိုမြင်ကြောင်း၊ သို့သော် လုပ်ဆောင်စရာများ အများကြီးရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စက်တင်ဘာလ ၂၉ ရက် - မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မစ်ချယ်နှင့် ၀ါရှင်တန်တွင် တွေ့ဆုံ ဆွေးနွေးသည်။

စက်တင်ဘာလ ၃၀ ရက် - ကချင် ပြည်နယ်တွင် ပြုလုပ်မည့် အငြင်းပွားနေ သည့် မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူများ၏ ဆန္ဒအား လိုက်လျော၍ မြန်မာနိုင်ငံအစိုးရက ရပ်ဆိုင်းထားလိုက်သည်။

အောက်တိုဘာလ ၁၀ ရက် - အရှေ့အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ် က မြန်မာ နိုင်ငံတွင် 'သိသာထင်ရှားသော ဖြစ်ပေါ်တိုးတက် မှုများ ဆောင်ရွက်နေခြင်း'ကို ကြိုဆိုသည်။

အောက်တိုဘာ ၁၂ ရက် - အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လွှတ်ပေးခံရသော အကျဉ်းသား ၂၀၀ ထဲတွင် လူရွှင်တော် ဇာဂနာသည် တစ်ယောက်အပါအ၀င်ဖြစ်သည်။

နိုဝင်ဘာလ ၁၇ ရက် - အရှေတောင်အာရှခေါင်းဆောင်များက မြန်မာနိုင်ငံ အား ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ရန် သဘောတူသည်။

နိုဝင်ဘာလ ၁၈ ရက် - မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား စေလွှတ်မည်ဟု အမေရိကန်သမ္မတ ဘာရက်အိုးဘား မားက ကြေညာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်ပြီး တရားဝင် မှတ်ပုံတင်ရန်နှင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ရန် မဲဖြင့်ဆန္ဒ ပြုကြသည်။

နိုဝင်ဘာလ ၃၀ ရက် - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် က လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

ဒီဇင်ဘာလ ၁ ရက် - ခေါင်းဆောင်သစ်များနှင့် သမိုင်းဝင်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ 'ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု'များကြောင့် အမေရိကန်တို့ အားတက်ရသည်ဟု ကလင်တန်က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အား ပြောပြသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း

အင်ဒိုချိုင်းနားရဲ့ တံခါးပေါက် (သို့မဟုတ်) ထားဝယ်ရေနက်ဆိပ်ကမ်း


မြန်မာနိုင်ငံ တောင်ပိုင်း ထား ၀ယ်မြို့တွင် စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သည့် ထားဝယ်ရေ နက်ဆိပ်ကမ်း စီမံကိန်းဟာ အင်ဒို ချိုင်းနား ကျွန်းဆွယ်သို့ တံခါးပေါက် တစ်ခု အသွင်ဖြစ်လာနိုင်သကဲ့သို့ ကမ္ဘာ့အကြီးဆုံး စက်မှုဇုန်ကြီးအဖြစ် မှတ်တမ်း ၀င်နိုင်ကြောင်း အီရန်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုဖြစ်သည့် Press TV က ရေးသားဖေါ်ပြ ထားပါတယ်။ စီမံကိန်းဟာ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများ သို့ လမ်းပွင့် သွားစေမည့် ကုန်သွယ် ရေးလမ်းကြောင်း သစ်တစ်ခုဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများစွာ ဖန် တီးနိုင်မည်ဟု အီတာလျံ -ထိုင်း ကုမ္ပဏီက ယုံကြည် ထားတယ်လို့ဆိုပါတယ်။

စီမံကိန်းအရ စတုရန်း ကီလိုမီတာ ၂၅၀ ကျော် ရှည်လျားသော ရေနက်ဆိပ်ကမ်း တစ်ခုကို ထားဝယ်မြို့ တွင် တည် ဆောက် နေပြီဖြစ်ကြောင်း၊ အီတာ လျံ-ထိုင်း ကုမ္ပဏီက ထိုင်းနိုင်ငံရှိ ကျွမ်းကျင် အင်ဂျင်နီယာများ စုစည်း ၍ အဆိုပါ စီမံကိန်းကို ၁၀ နှစ်ကြာ အကောင် အထည် ဖော်မည်ဖြစ်ကြောင်း၊ အမေရိကန် ဒေါ်လာရှစ်ဘီလျံသုံးစွဲ မည့် ယင်း စီမံကိန်းတွင် ရေနက်ဆိပ် ကမ်း ၀န်ဆောင်မှုများ၊ ရေနံချက်စက် ရုံနှင့် ဧရာမ စက်မှုဇုန်ကြီးတစ်ခု ပါဝင် မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်း၏ ပထ၀ီ နိုင်ငံရေးနှင့် ပထ၀ီ စီးပွားရေး ဆိုင်ရာ အနေအထားအရ အလုပ်အ ကိုင် အခွင့်အလမ်းသစ် ၁,၀၀,၀၀၀ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် စီမံကိန်း တစ်လျှောက်ရှိ လူနေအိမ် အချို့ကို ပြောင်းရွှေ့ ဖယ်ရှားရမည် ဖြစ်သည့် အတွက် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာ နိုင်ကြောင်း အီတာလျံ- ထိုင်းကုမ္ပဏီ ဒါရိုက်တာက Press TV သို့ ပြော ကြားခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများ သို့ လမ်းပွင့် သွားစေမယ့် ကုန်သွယ် ရေးလမ်းကြောင်း သစ်တစ်ခုဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများစွာ ဖန် တီးနိုင်မည်ဟု အီတာလျံ -ထိုင်း ကုမ္ပဏီက ယုံကြည် ထားပါတယ်။

ထိုင်းကုန်စည်ပို့ဆောင်ရေး အတွက် အဓိကအသုံးပြုနေရသော မလက္ကာရေလက်ကြားအတွင်း ရေ ကြောင်းပိတ်ဆို့မှုများအပြင် အခက် အခဲများစွာ ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ် ကမ်းတည်ဆောက်မှု စီမံကိန်းကို အ မြန်ဆုံးစတင်နိုင်ရန် ထိုင်းအစိုးရက စီစဉ်နေကြာင်းလည်း သိရပါတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံ ကိန်းစတင်ရန် ၂ဝဝ၈ ခုနှစ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေး ထိုးခဲ့ပြီး ယင်းစာချွန်လွှာအရ Italian – Thai Development ကုမ္ပဏီက ထားဝယ်ရေနက်ဆိပ် ကမ်းကို တာဝန်ယူလုပ်ကိုင်မည်ဖြစ် ကြောင်း၊ အဆိုပါစီမံကိန်းကို ထိုင်း စီးပွားရေးနှင့်စက်မှုလုပ်ငန်းဆိုင်ရာ ပူးတွဲကော်မတီ (JSCCIB) က Westgare Iandbridge စီမံ ကိန်းအဖြစ်သတ်မှတ်ထားပြီး PTT, Nippon Steel, Ezat နှင့် Petroleum National Behad (Petronas) ကုမ္ပဏီတို့ကလည်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ စီမံကိန်းမှာ ဘတ်ငွေ ၃၅ဝ ဘီလျံခန့် ကုန်ကျ မည်ဖြစ်ကြောင်း သိရပါတယ်။ Landbridge စီမံကိန်းကို အပိုင်း ၂ ပိုင်းခွဲ၍ အကောင်အ ထည်ဖော်မည်ဖြစ်ပြီး ပထမတစ် ပိုင်းမှာ လေးလမ်းသွားလမ်းမကြီး တစ်ခုကို လာမည့် ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဖောက်လုပ် မည်ဖြစ်ပြီး ဒုတိယတစ်ပိုင်းမှာ ရှစ် လမ်းသွားလမ်းမဖောက်လုပ်ရေးဖြစ် ပြီး နှစ်ပိုင်းစလုံးကို ၂ဝ၁၅ တွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရပါတယ်။

လက်ရှိအနေအထားတွင် ထားဝယ်မှ ကချာနာဘူရီ Phu Nam Ron မြို့သို့ ကီလိုမီတာ ၁ဝဝ အကွာအဝေးအထိ လမ်းကြောင်း ရှင်းလင်းမှုများနှင့် တိုင်းထွာမှတ်သား မှုများ ပြုလုပ်ထားပြီးဖြစ်ကာ စေ့ စပ်ညှိနှိုင်းရသော ပြဿနာများ မပေါ်ပေါက်စေရန် သစ်တောထူ ထပ်သည့်နေရာများတွင် စီမံကိန်း လုပ်ဆောင်မှုကို ရှောင်ရှား သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း စီ မံကိန်းမှ ပင်လယ်ဆိပ်ကမ်းများ နှင့် စက်မှုဇုန်များလည်း ပါဝင်ကာ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီမှ စတင်အကောင်အထည် ဖော် ဆောက်လုပ်နေပြီးဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းတစ်ခုတည်း အတွက် ကုန်ကျငွေ ဒေါ်လာ ၁ဝဝ ဘီလျံ ခန့်မှန်းထားကြောင်း သိရပါတယ်။

အကြီးဆုံးရွှေကြောကြီးတစ်ခု တွေ့ရှိ


ကရင်ပြည်နယ် မယ်ဝိုင်ဒေသ တ၀ိုက်မှ မွန်ပြည်နယ် ကျိုက်ထီးရိုး ဘုရားတောင်ခြေ၊ ထိုမှတဆင့် ပဲခူးတိုင်းရှိ တောင်ငူအထိ ကြီးမားကျယ်ပြန့်သော ရွှေကြောကြီးတစ်ခုကို မြန်မာနိုင်ငံတွင်တွေ့ရှိရကြောင်း သတင်းရရှိပါတယ်။ နှစ်ပေါင်း ရာနှင့်ချီပြီး ထုတ်ယူနိုင်တယ်လို့လည်း ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒဌာန အငြိမ်းစား ပါမောက္ခနှင့် Advanture Mental International Mining Co.,Ltd. မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ပြောပါတယ်။

ရွှေကြောက အလွန် ကြီးမား တာကြောင့် နေရာ(၆)ခုခွဲပြီး နာဆာမှ လွှတ်တင်ထားသော Landast 7 ကောင်းကင်ဂြိုလ်တုဖြင့် ရိုက်ယူရတယ်လို့လည်း ဆိုပါတယ်။ ရွှေသား ပါသောကျောက်သားမှာ ကျောက်တ တန်လျှင် ရွှေ(၂၀) ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း သိရပြီး မယ်ဝိုင်ရွှေမှော်သည်တော ခေါင်သဖြင့် တူးသူနည်းသော်လည်း၊ တူးသူများသည်၊ ရွှေကိုတန်နဲ့ ချီရ ရှိခဲ့ပြီး၊ လက်နက် ကိုင်အဖွဲ့ အစည်းများသာ အများအားဖြင့် တူးကြကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံး ရွှေကြောထွက်ရှိတဲ့ နေရာတွေကတော့ ရမည်းသင်း၊ စဥ့်ကူ၊ သပိတ်ကျင်းမှ နကထီမယ်ဝိုင်၊ ကျိုက်ထို ၊မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကော်လင်း၊ ၀န်သိုနှင့် မြောက်ဖက် ကချင်ဒေသ၊ ပုသိမ်အနောက်ဖက် ဟင်္သာတမှ မကွေးတိုင်းအထိ၊ မြန်မာနိုင်ငံအရှေ့ ဖက်ကုန်းမြေမြင့်မှ တာချီလိတ် တို့ဖြစ်ပါတယ်။ လောလောဆယ် ထုတ်ယူနေသော ရွှေကြောများမှာတော့ ရွှေကျင်ရွှေကြောက အကြီးဆုံးဖြစ်ပါတယ်။

သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုတွင် ၁၃ ခုက သတ္ထုမျိုးစုံထွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသမီး ဦးစားပေး စီမံကိန်းကြောင့် NLD ပါတီ ဝင်လိုသူ ယောင်္ကျားလေးများ ဖြတ်ဖောက်ချုပ်လုပ်မည် ဟုဆို

အမျိုးသမီး ဦးစားပေး စီမံကိန်းကြောင့် NLD ပါတီ ဝင်လိုသူ ယောင်္ကျားလေးများက ပါတီထဲမှာ နေရာရဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှ လူငယ်တွေက ပါတီဝင်ဖို့အတွက် ဖြတ်ဖောက်ချုပ်လုပ် ဖို့ထိ စဉ်းစားနေတယ်လို့ သိရပါတယ်။

"ပါတီမှာ ဦစားပေးခံရဖို့အရေးကြီးတယ်ဗျ... အမျိုးသမီးဦးစားပေးဆိုရင်လည်း အမျိုးသမီးဖြစ်အောင် ရင်းနှီးသင့်ရင် ရင်းနှီးရမှာပဲ...." လို့ ရန်ကုန်မြို့ခံ လူငယ်တစ်ယောက်က ဆိုပါတယ်။

NLD ပါတီမှ အမျိုးသမီး ဦးစားပေးမယ် သာပြောထားပေမယ့် အခြောက်တွေကို ဦးစားပေးမလား မပေးဘူးလားဆိုတာကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဖြစ်နိုင်ခြေများတာကတော့ ပထမ ဦးစားပေး အမျိုးသမီး၊ ဒုတိယဦးစားပေး အခြောက်နဲ့ တတိယ ဦးစားပေး ယောက်ကျရှာ ဖြစ်ဖို့ များပါတယ်။


NLD ကို စိတ်ဝင်စားသူ ယောင်္ကျားလေးများ




ဒီလောက်ဆိုရင် NLD ကို ဝင်ပြီး နိုင်ငံရေးလုပ်ဖို့ အသင့်ဖြစ်ပါပြီ

မြန်မာနိုင်ငံတွင်နျူကလီးယား လက်နက်ထုတ်လုပ်ရန်ကြိုးပမ်းမှု လက္ခဏာမတွေ့ရ


(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

နေပြည်တော် - မြန်မာနိုင်ငံတွင် အဓိကနျူကလီးယားလက်နက် ထုတ်လုပ်ရေးအစီအစဉ်ရှိသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ ရှိရကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်ရေးအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင် လိ့မ်မည်ဟု မျှော်လင့်ပါကြောင်း အမေရိကန် ကပြောကြားသည်။

"ကျွန်တော်တို့ ဒီကိစ္စကို ဂရုတစိုက် စောင့်ကြည့်နေပါတယ်။ အခုချိန်အထိ နျူကလီးယား လက်နက်နဲ့ပတ်သက်လို့ ကြီးကြီး မားမား အားထုတ်မှုမရှိတဲ့ လက္ခဏာကို မတွေ့ရှိရပါဘူး"ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ သမိုင်းဝင် ခရီးစဉ်နှင့်အတူ လိုက်ပါလာသော သတင်းထောက်များအား အမေရိကန်အရာရှိက ပြောသည်။

မြန်မာအစိုးရနှင့် မြောက် ကိုရီးယားတို့ ဆက်ဆံမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုကို ၀န်ကြီးကလင်တန်က မြန်မာ အစိုးရထံ တင်ပြမည်ဖြစ်သော်လည်း မြန်မာအစိုးရသည် ခေတ်မီ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရန် မြောက်ကိုရီးယားနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟု ပြည်ပြေးအချို့၏ ပြောကြားချက်နှင့် ပတ်သက်၍အမေရိကန်နိုင်ငံခြား ရေးဌာနအရာရှိက အရေးမကြီး သလို တုံ့ပြန်ခဲ့သည်။

အမေရိကန်တို့ အဓိက စိုးရိမ်ပူပန်သည်မှာ ဒုံးလက်နက် နည်းပညာပင်ဖြစ်သည်ဟု အမေရိကန်အရာရှိက ပြောသည်။

မေလအတွင်းက တောင်တရုတ် ပင်လယ်အတွင်း၌ ဒုံးလက်နက် အစိတ်အပိုင်းများကို သယ်ဆောင် လာသည်ဟု သံသယမကင်း သော မြောက်ကိုရီးယားကုန်တင် သင်္ဘော တစ်စင်းကို အမေရိကန်ရေတပ် ဖျက်သင်္ဘောတစ်စင်းက ကြားဝင် တားဆီးခဲ့သည်။

ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီနှင့် ဆက်နွှယ်၍ ၎င်းတို့ဆောင်ရွက်ဖွယ်ရှိသော ခြေလှမ်းများအကြောင်းကို လည်းကောင်း၊ မြောက်ကိုရီးယားနှင့်ပတ်သက်၍ ၎င်းတို့ ချင့်ချိန်စဉ်းစားနေသော အခြား လုပ်ဆောင် ဖွယ်များအကြောင်းကို လည်းကောင်း မြန်မာအစိုးရသည် ကျွန်ုပ်တို့နှင့် အလေးအနက် ဆွေးနွေးပြောဆိုမှုများ ရှိခဲ့ပါသည်ဟု အမေရိကန်အရာရှိက ပြောသည်။

အမည်နှင့်ရာထူးကို ထုတ်ဖော်ခြင်း မပြုသော အမေရိကန်အရာရှိက ပြောကြားရာတွင် မြန်မာ နျူကလီးယားလှုပ်ရှားမှုကို IAEA က ပိုမိုစစ်ဆေးကြည့်ရှု ခွင့်ပေးရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန်လည်း ပါဝင်နိုင်သည်ဟုဆိုသည်။

ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးကို ဆန့်ကျင်နေသည်ဟု ယုံကြည်သော လုပ်ဆောင်မှုများကို ရပ်တန့်ရေး မြန်မာဘက်မှ အာမခံချက်ရရှိရန် ကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်နှောင်းပိုင်းက မြန်မာနိုင်ငံတွင် သံသယဖြစ်ဖွယ်ရှိသော နျူကလီးယားနေရာများကို ကုလသမဂ္ဂအဏုမြူအေဂျင်စီမှ သွားရောက်ကြည့်ရှု လေ့လာခွင့်ပြုရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ကာလကြာရှည်စွာ အထီးကျန်ခဲ့သော မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ပေါင်းများစွာ စစ်ဘက်အုပ်စိုးမှုကို ယခုနှစ်အတွင်း အဆုံးသတ်ခဲ့ ပြီးနောက် နိုင်ငံရေးအတိုက်အခံများ၊ တိုင်းရင်းသားလူနည်းစုများနှင့် ဆွေးနွေးပြောဆိုမှုများ ကို အစိုးရသစ်က ပြုလုပ်ခဲ့သည်။

အစိုးရသစ်၏ သန္ဓေတည်စ ပြုပြင် ပြောင်းလဲရေး၏ အတိမ်အနက်ကို ထောက်လှမ်းစမ်းသပ်ကြည့်ရန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် သည် နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

အထက်လွှတ်တော် နိုင်ငံခြားဆက် ဆံရေးကော်မတီမှ အတိုက်အခံ ရီပတ်ဘလီကန်ပါတီ၏ ထိပ်တန်း ပုဂ္ဂိုလ် အထက်လွှတ်တော် အမတ် ရစ်ချတ်လူဂါက မြန်မာနှင့် မြောက် ကိုရီးယားအကြား ဆက်ဆံရေး သုံးသပ်ရန်ကိစ္စကို ထိပ်တန်း ဦးစားပေးလုပ်ဆောင်ရန် ၀န်ကြီး ကလင်တန်ကို တိုက်တွန်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလက ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် ပိတ်ပင်ထားသော နျူကလီးယားနှင့် ဒုံးလက်နက်ဆိုင်ရာ ပစ္စည်း ကိရိယာများကို အီရန်၊ ဆီးရီးယားတို့နှင့်အတူ မြန်မာ နိုင်ငံသို့လည်း ထောက်ပံ့နေသည်ဟု ဖော်ပြ ပါရှိခဲ့သည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

မြန်မာနိုင်ငံပညာရေးစနစ်ကို ကမ္ဘာ့ပညာရေးစနစ်ဖြင့် ချိန်ညှိပြောင်းလဲမည်


မြန်မာနိုင်ငံ၏ လက်ရှိပညာရေးစနစ်ကို ကမ္ဘာ့ပညာရေးစနစ်ဖြင့် ချိန်ညှိပြီး ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပညာရေးဌာန အသိုင်းအဝိုင်းမှ သိရသည်။ ယင်းကဲ့သို့ ပြောင်းလဲရမည့် ပညာရေးစနစ်တွင် ဒသမတန်းကို တက္ကသိုလ်ဝင်တန်းဟူ၍ မသတ်မှတ်တော့ဘဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သီးသန့်သတ်မှတ်သွားရန်မှာလည်း အထူးလိုအပ်သည့် အခြေခံအချက်တစ်ခုပင်ဖြစ်ကြောင်း ပညာရေးလုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

"အမှန်တော့ ဒသမတန်းကို ဖြေဆိုပြီး တက္ကသိုလ်ဝင်ခွင့်သတ်မှတ်လိုက်တယ်ဆိုတာက ကျောင်းသား/သူတွေရဲ့ အမှန်တကယ်စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ ဘာသာရပ်ကို ဆက်ပြီး လေ့လာခွင့်ရချင်မှရတာ။ ဖြစ်သင့်တာကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သီးသန့်သတ်မှတ်ပြီး ကိုယ်ဝါသနာပါသင်ယူချင်တဲ့ မေဂျာမှာ အဓိကကျတဲ့ ဘာသာရပ်တွေကို လေ့လာသင်ယူဖြေဆိုနိုင်တယ်ဆိုရင်ပဲ တက်ချင်တဲ့ တက္ကသိုလ်ကို တက်ရောက်ခွင့်ရှိရမှာပါ။ ဒီစာမေးပွဲက အခြေခံပညာအတန်းနဲ့ မဆိုင်ဘဲ National Exam ပေါ့။ ဒီလိုစနစ်တွေဖြစ်လာဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်" ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သီးသန့် သတ်မှတ်သည့် ပုံစံနှင့် ပတ်သက်၍ ပညာရေးသုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ စိုးဝင်းဦးက ပြောကြားရာ တွင် "ကမ္ဘာမှာ ကျင့်သုံးနေတဲ့ ပညာရေးအဆင့်က Grade 12 System နဲ့ သွားတယ်။ Grade 10 အထိကို "O" လယ်ဗယ်လို့ခေါ်ပြီး Grade 12 ကို "A" လယ်လယ်ဗယ် လို့ခေါ်တယ်။ အေလယ်ဗယ်အောင်ပြီးမှသာ တက္ကသိုလ်ပထမနှစ်ကို ဆက်တက်လို့ရတယ်။ နိုင်ငံတကာက Grade 12မှာက သူငယ်တန်းပြီးမှ Grade 1 ကို တက်ရောက်ရတာပါ။

အဲဒါက အရေးကြီးတယ်။ နောက်ဆယ်တန်းနဲ့ ဆယ့်နှစ်တန်းကို အေလယ်ဗယ်၊ အိုလယ်ဗယ်ဘာလို့ ခွဲလဲဆိုတော့ ငွေကြေးနဲ့ ဘဝအခြေအနေအရ တက္ကသိုလ် မသွားနိုင်တဲ့ ကလေးမျိုး၊ မသွားချင်တော့တဲ့ ကလေးမျိုးတွေက ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်း အေလယ်ဗယ်တက်စရာမလိုဘူး။ နိုင်ငံတိုင်းမှာ ပညာရေးက အဲဒီစနစ်အတိုင်းပဲ အရမ်းကို ကောင်းမွန်တိုးတက်နေပြီ။ မြန်မာနိုင်ငံမှာလဲ ဒီလိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် စနစ်တွေပြောင်းလဲဖို့ လိုနေပါပြီ" ဟု သုံးသပ်ပြောကြားခဲ့သည်။

Ref : The Flower News



Myanmar Express

အသရေဖျက်တဲ့ ကွန်းမန့် ကို like ပေးရင် ထောင် ၃ နှစ်


ထိုင်းဘုရင်ကို အသရေဖျက်သော ကွန်းမန့်များကို ကိုယ့် facebook ပေါ်က မဖျက်ရင် တရားစွဲနိုင်နောက် ထိုင်းပြန်ကြားရေးဌာက ကြေညာထားပါတယ်။

ထိုင်းဘုရင်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေက ပို့သော message များကို မိမိ wall ပေါ်က ဖျက်မပစ်ရင် တရားစွဲနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းဘုရင်ကို အသရေဖျက်သော ကွန်းမန့်များကို like ရုံနဲ့ပဲ ထိုင်းနိုင်ငံသားဖြစ်စေ၊ အခြားနိုင်ငံသားဖြစ်စေ ထောင် ၃ နှစ်ထိ ကျနိုင် ပြီး ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံက facebook အသုံးပြုသူအားလုံးကို ထိုင်းပြန်ကြားရေးမှ facebook ပေါ်မှာ သတိထားပြီး like ပေးပို့ သတိပေးထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်က နိုင်ငံ့ ဦးသျောင်ဖြစ်ပြီး ပြီးမှ ဝန်ကြီးချုပ် လာပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတော် သမ္မတကြီးကသာ နိုင်ငံ့ဦးသျှောင် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်သူ မြန်မာနိုင်ငံမှာတော့ နိုင်ငံ့ဦးသျှောင် ကို comment ပေးရုံ၊ like ပေးရုံနဲ့ ထောင် ၃ နှစ်ချတဲ့ ဥပဒေမျိုး မရှိပါဘူး။ လွတ်လွတ်လပ်လပ် စည်းမရှိကမ်းမရှိ အဆင့်အတန်းမရှိ ဆဲရေးတိုင်းထွာနေတဲ့ အတိုက်အခံတွေကိုလည်း အများအပြားတွေ့နိုင်ပါတယ်။

ဒါပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ဥပဒေကို အစိုးရိမ်ကြပဲ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးကို စိုးရိမ်ကြောင်း ပြောကြားသူ ပြည်ပနိုင်ငံများသာမက ၊ ပြည်တွင်းက မြန်မာများကိုလည်း ထူးထူးဆန်းဆန်းတွေ့နေရပါတယ်။


Myanmar Express

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကားထုတ်လုပ်ရေး သတင်းနှင့် နည်းပညာအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန်စီစဉ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကားထုတ်လုပ်ရေး၊ သတင်းနှင့် နည်းပညာအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီ ခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံတို့သည် Healthcare, Manufacture, Information Technology, Infrastructure ကဏ္ဍလေးခုတွင် ကုန်သွယ်မှု စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာ ၉ရက်က မြန်မာနှင့် အိန္ဒိယတို့ MoU လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။

"အိန္ဒိယ အနေနဲ့ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍမှာ ထွန်းကားတဲ့နိုင်ငံပါ။ နောက် ဆေးဝါးမှာလဲ အောင်မြင်ပါတယ်။ MoU ကို အရင်တစ်ခေါက် ကတည်းက ထိုးခဲ့ပါတယ်။ အဲဒါကို ပြင်ဆင်ဖြည့်စွက်ပြီး အခုတစ်ခါ လက်မှတ်ထပ်ထိုးကြတာပါ" ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

ယင်းနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးကြသည့် MoU တွင် Healthcare, Manufacture, Information Technology, Infrastructure ပါဝင်သည့် ကဏ္ဍလေးခုပါဝင်ပြီး ယင်းကို ၂၀၀၄ ခုနှစ်ကတည်းက ပထမအကြိမ် MoU လက်မှတ်ထိုးခဲ့ကြပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၉ ရက် ချက်ထရီယံ ဟိုတယ်တွင် ထပ်မံပြင်ဆင်ဖြည့်စွက်ကာ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MoU နှင့် စပ်လျဉ်း၍ Confederation of Indian Industry (CII)၏ ဥက္ကဋ္ဌ Mr Sanjay Kirloskaru MoU ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် လေ့လာပြီး အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်တာပါပဲ။ အပြန်အလှန်ရင်းနှီး မြှုပ်နှံမှုတွေ လုပ်တယ်ဆိုတာ ယုံကြည်မှုကို အရင်တည်ဆောက်ရပါတယ်။ နှစ်နိုင်ငံ အတူကုန်သွယ်မှုတွေ လုပ်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်ဆိုတာ အကျိုးအမြတ်ကို ခွဲဝေလုပ်ကိုင်တာပါပဲ" ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နှစ်ဖက်ကုန်သွယ်မှုသည် ၂၀၁၀ ဘဏ္ဍာနှစ်ကုန်အထိ အမေရိကန်ဒေါ်လာ ၁၃၅၂ ဒဿမ ၀၉ သန်း ရှိခဲ့ကြောင်း သိရသည်။

Ref : The Flower News



Myanmar Express

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Maj-Gen Anup Kumar Chakma,ndc,psc နှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်တို့က နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ဧည့်သည်တော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဒီပူမိုနီနှင့် အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါကြကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ လုပ်ဆောင်ရန် သမ္မတမှ လမ်းညွှန်ထား

ရန်ကုန်မြို့အားစင်ကာပူနိုင်ငံကဲ့သို့  လုပ်ဆောင်ရန် သမ္မတမှ လမ်းညွှန်ထား

လူဦးရေ ၆ သန်းမှ ၇ သန်းအထိ နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊ (၂) စက်မှုဝန် ကြီး ဌာန ပြည်ထောင် စု ၀န်ကြီး ဦးစိုးသိန်း ကနိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော မီဒီယာ များနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားခဲ့ပါသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက် ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅ လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

၎ လနဲ့ အပြီးဆောက်မယ့် ဂုံးကျော်များ

လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့် နောင်နှင့် တာမွေ(၅ လမ်းခွ)လမ်း ဆုံများတွင် ဂုံးကျော်တံတားများ တည်ဆောက်ရာတွင် ၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ထုတ်ယူ သုံးစွဲတည်ဆောက်မည် မဟုတ်ပဲ ပြည်တွင်းရှိ ဘဏ်များငွေချေးယူ၍ လည်းကောင်း၊ တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီမှ စိုက်ထုတ်သုံးစွဲ၍ လည်းကောင်း တည်ဆောက်မည် ဖြစ်သည်ဟုလည်း သိရသည်။

"နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလို ဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခု ကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေ များလာလို့ ဂုံးကျော်တံတားကိုလာ မယ့်လေးလအတွင်းအပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့အ ပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန် ရမှာပေါ့။ ခင်ဗျားတို့မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကြပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွား တယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့်သူမျိုး တွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေ အတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကြပ်နေလို့ ဘုရင့်နောင်တံတားရဲ့မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလ နဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။ အလားတူပဲ ရထားလမ်း ကွန်ယက်ကိုလည်း ရန်ကုန်မှာဆောင်ရွက်မယ်၊ ကားလမ်း ကွန်ယက်လည်း လုပ်မယ်။ လွတ်လပ်ရေးရပြီး ကာစကဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။ အခုကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။ ကိစ္စမရှိပါဘူး။ ကောင်းတာတွေ ယူရမယ်။ အခုလက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်း နဲ့ ၇ သန်းရှိလာတဲ့အခါမှာ မြို့ပြင်ကနေ အလုပ်လုပ်ဖို့ သွားလိုက်ပြန်လိုက် သွားလာနေရတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့ ကျွန်တော်တို့ကုစားနေပါတယ်။ ကုစားတဲ့အလုပ်စပြီ လို့ပြောချင်တယ်။ ဂုံးကျော်တံတား တွေ အများကြီး ဖြစ်သင့်တာပေါ့။ လတ်တလောတော့ ၄ လလောက် အတွင်းမှာ ဂုံးကျော်တံတား ၄ ခုကို အမြန်ပြီးအောင်လုပ်မယ်။ ဂုံးတံတား တွေကို Pre card စနစ်နဲ့လုပ်ဖို့ စီစဉ်ထားတယ်"ဟု အမှတ် (၁)၊(၂) စက် မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက "လှည်းတန်းဂုံးကျော်အတွက် ကမ္ဘောဇ ဘဏ်က ငွေချေးယူပြီး လုပ်မယ်။ တာမွေ ၅ လမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်ကချေးယူပြီး လုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် လမ်းဆုံဂုံးကျော်တွေ အတွက်ကတော့ တာဝန်ယူမယ့် ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ B.O.T စနစ်နဲ့ လုပ်သွားမှာပါ။ တည်ဆောက်တဲ့အခါ လမ်းတွေကို ပိတ်ပြီးမဆောက်ဘူး။ မလှမ်းမကမ်းမှာ တံတား အချပ်တွေကို အရင်လုပ်မယ်။ ပြီးရင် ဂုံးကျော်ဆောက်မယ့်နေရာမှာ ပိုင်တွေရိုက်ပြီး ကရိန်းတွေနဲ့ တပ်ဆင်မှာ ဖြစ်လို့ လမ်းလည်းမပိတ်တော့ဘူး"ဟု ပြောကြားခဲ့သည်။

မိုးပျံရထားလမ်းအတွက် စင်ကာပူနဲ့ချိတ်ပြီး ရင်းနှီးမြှုပ်နှံသူရှာ

ရန်ကုန်တွင် မိုးပျံရထားလမ်း တည်ဆောက်ရန်အတွက်လည်း စင်ကာပူနှင့် ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေနေပြီဖြစ်ကြောင်း၊ မြို့ပတ်ရထားလမ်း ကွန်ယက်အား တာဝန်ယူလုပ်ကိုင်မည့် လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ဆွေးနွေး ရယူလုပ်ကိုင်နိုင်ကြောင်း သိရသည်။

"စင်ကာပူနဲ့ချိတ်ဆက် ပြီးတော့လည်း Sky Rail လုပ်ဖို့ Investment လုပ်ဖို့ ရှာဖွေနေပါပြီ။ စင်ကာပူ သံအမတ်ကြီးကိုလည်း ပြောကြားထားပြီးပါပြီ။ မြို့ပတ်ရထားလမ်း လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေလည်း လာရောက်ဆွေးနွေးပြီး ရယူလုပ်ကိုင်မယ်ဆို ခွင့်ပြုပေးသွားဖို့ ရှိပါတယ်"ဟု အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

လမ်းပျက်တွေကိုလည်းပြင် ရေဆိုးစွန့်ထုတ်တဲ့ စနစ်ကိုလည်းပြင်၊ ကားပါကင် ပြဿနာပါ ဖြေရှင်းမယ့် ရန်ကုန်

ရန်ကုန်မြို့တွင်းအပြင် မြို့ပြင် မြို့နယ်များရှိ လမ်းပျက်များကိုလည်း ပြင်ဆင်ရန် ညှိနှိုင်းထားကြောင်း နှင့် ရေဆိုးစွန့်ထုတ်စနစ်၊ မိလ္တာစနစ်မှအစ ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။"ပျက်နေတဲ့ လမ်းတွေအမြန် ပြင်ဆင်မယ်။ သာကေတတို့လို မြို့ပြင်ဘက်က ပျက်နေတဲ့ လမ်းတွေကိုလည်း အမြန်ပြင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရယ်၊ မြို့တော်ဝန်ရယ်နဲ့ ညှိနှိုင်းပြီးအမြန်လုပ် သွားမယ်။ ကျွန်တော့်ဘက်က မြို့ တော်ဝန်ကို ညှိနှိုင်းထားတယ်။ နေ့ လည်ဘက်မှာ လမ်းတွေမပြင်ပါနဲ့ ညပိုင်းပဲပြင်ဖို့။ နေ့လည်ဘက်ပြင်တယ်ဆိုရင် ယာဉ်ကြောတွေ ပိတ်နေလို့ အလုပ်တွေတော်တော် ပျက်တယ်။ ဂျပန်၊ အင်္ဂလန်တို့ဆိုရင် ည သန်းခေါင်ကျော်မှပြင်တယ်။ ဒါတွေကိုလည်း စတင် အကောင်အထည်ဖော်မယ်။ နောက်ပြီးတော့ ရန်ကုန် မြို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း ဆောင်ရွက်မယ်။ နီးနီးနဲ့လွယ်လွယ်၊ ရေသန့်သန့်ရဖို့ ဆောင်ရွက်သွားမယ်။ ရန်ကုန်မြို့ ဟာ လွန်ခဲ့တဲ့ အင်္ဂလိပ်လက်ထက် ကတည်းက တည်ဆောက်ခဲ့တာဆိုတော့ အခုကျွန်တော်တို့ သန့်ရှင်း သပ်ရပ်အောင် လုပ်တော့မယ်။ ပြည်ပက အကူအညီရရင်လည်း ယူပြီး လုပ်သွားမယ်။ ရေဆိုးစွန့်ထုတ်တဲ့ စနစ်ဆိုရင် ပျက်နေတာတွေကို မပြင်တော့ဘူး အသစ်ပဲ လုပ်တော့မယ်။ ကားပါကင်ထားဖို့ အတွက်လည်း လုပ်ဆောင်ဖို့စီစဉ်ထားပါပြီ" ဟု လည်း ဆက်လက်ပြောကြားခဲ့ပါ သည်။

ပင်စင်ယူပြီး အိမ်ပိုင်မရှိသည့် ၀န်ထမ်းများ မဖြစ်စေရေး ၀န်ထမ်းအိမ်ရာသစ်များ တည်ဆောက်မယ့် အစီအစဉ်ကောင်းပါရှိ

"၀န်ထမ်းတွေ အသက် ၆၀ ကျော်လို့ ပင်စင်ယူပြီးရင် အိမ်မ၀ယ်နိုင်တာ များပါတယ်။ အဲဒီလိုမဖြစ်ဖို့တွက် ရန်ကင်းမှာလို ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာတွေပါ တည်ဆောက် ပေးတဲ့ အစီအစဉ်လည်းပါ ပါတယ်။ မြို့ထဲမှာတော့ မရနိုင်ဘူး ဒါပေမယ့် သင့်တော်တဲ့နေရာရှာပြီး ဆောက်မှာပါ။ ၀န်ထမ်းတွေက လစဉ်ပေးရင်း ပေးရင်းနဲ့အပိုင် ဖြစ်သွားမယ့်မှာပေါ့။ အခုလိုလုပ်ရင် အိမ်ပိုင်လည်းရသွား မှာပေါ့"ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်တွင် နောက်ပိုင်း၌ စင်ကာပူကဲ့သို့ပင် ယာဉ်လိုင်းများနှင့် ယာဉ်စီးခပေးသည့် စနစ်များ အထိပါ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြင်ဆင်လုပ်ဆောင်ရင်းဖြင့် ရန်ကုန်အား ကုစားပေး မည် ဖြစ်သည် ဟု ပြောကြားခဲ့သည်။

ရန်ကုန်အတွက် အဓိကကျတဲ့ Yangon City Development Plan ရေးဆွဲပြီး လုပ်မယ်

ရန်ကုန်မြို့ကုစားရေးအတွက် အဓိကကျသည့် Yangon City Development Plan အား ရေးဆွဲကာ အဆိုပါ Plan အတိုင်း ပြည်တွင်း ပြည်ပ အကူအညီများဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

"Yangon City Development Plan ကိုရေးဆွဲပြီး လုပ်မှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန် မြို့တော်စည်ပင်တို့ ရှိပြီးဖြစ်တဲ့အတွက် သူတို့တွေနဲ့ ရေးဆွဲ လုပ်ဆောင်မှာပါ။ အဓိကျတာက Yangon City Development Plan ပါ" ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

အစိုးရသစ်လက်ထက် နိုင်ငံရေးတိုးတက်လာမှုများကြောင့် ဘန်ကီးမွန်း ရက်ပိုင်းအတွင်း မြန်မာပြည်လာမည်

ဘန်ကီမွန်းနှင့် ဦးသိန်းစိန်၊ ဘာလီကျွန်းမှာ တွေ့ခဲ့စဉ်

အစိုးရသစ်လက်ထက် ဖွံ့ဖြိုးတိုက်တက်မှုများကြောင့် ဒေသတွင်း နိုင်ငံများသာမက အမေရိကန်နဲ့ ကုလသမဂ္ဂကပါ ကြိုဆိုမှုတွေ လုပ်ခဲ့ကြပြီးနောက် အခု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် မကြာခင်မှာ မြန်မာနိုင်ငံကို လာဖို့အတွက် ညှိနှိုင်းပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရေးမှာ တိုးတက်ပြောင်းလဲမှုအချို့ မြင်လာရတာကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆက်ဆံမှုတွေ၊ ထောက်ခံအားပေးမှုတွေ လုပ်လာချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာပြည်ကို သွားရောက်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။

ဘန်ကီမွန်းနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်တို့ဟာ ပြီးခဲ့တဲ့လကပဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီက အာဆီယံ-ကုလသမဂ္ဂ ပူးတွဲအစည်းအဝေးမှာ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ အတွက် မြန်မာနိုင်ငံကို ရွေးချယ်မှုအတွက် ဘန်ကီမွန်းကလည်း ကြိုဆိုခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံတွင်း နိုင်ငံရေးတိုးတက်မှုတွေကြောင့် အားတတ်မိပြီး ဘန်ကီမွန်း က မြန်မာ နိုင်ငံကို သွားချင်ကြောင်း ပြောခဲ့ဖူးတာ ရှိတဲ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက အာဆီယံ အစည်းအဝေးတုန်းကလည်း သမ္မတဦးသိန်းစိန် က ဘန်ကီမွန်းကို မြန်မာနိုင်ငံလာဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဘန်ကီမွန်းဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေတုန်းကလည်း မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ကုလသမ္မဂ္ဂမှ မစ္စတာဂမ်ဘာရီလာတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ အတွက် အင်ယားကန်ဘေးက အိမ်ရှေ့မှာ လော်စပီကာနဲ့ ထွက်လာတွေ့ဖို့ အော်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ထွက်မတွေ့ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က ထွက်မတွေ့ရဲတာကြောင့် ဂမ်ဘာရီ၏ ကိုယ်စားလှယ် နှစ်ဦးက ခြံဝမှာ လော်စပီကာနဲ့အော်ပြီး ခွင့်တောင်းနေပုံ


ဂမ်ဘာရီ၏ ကိုယ်စားလှယ် နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံနိုင်ရေး ခြံရှေ့ရောက်လာစဉ်


ဂမ်ဘာရီနှင့် ဘန်ကီမွန်း

ဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့သမျှ နိုင်ငံခြားသားတွေထဲမှာ အသားအမဲဆုံး ဖြစ်ပြီး အသားမဲခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်က ထွက်မတွေ့တာဖြစ်နိုင်တယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ အားနည်းချက်တွေကြောင့် ကုလကိုမရင်ဆိုင်ရဲတာလို့လည်း သုံးသပ်ကြပါတယ်။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ