Subscribe to our RSS Feed

မြန်မာနိုင်ငံ၏ အပြောင်းအလဲလမ်းကြောင်းတွင် လက်တွဲပါဝင်သွားရန် အသင့်ရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပြောကြား




မြန်မာအစိုးရအနေဖြင့် ပြည်သူများအတွက် မှန်ကန်သည့် ဦးတည်ချက် အတိုင်း နိုင်ငံအပြောင်းအလဲကို ဆက်လက် ဖော်ဆောင် သွားမည် ဆိုပါက အမေရိကန်အစိုးရက ယင်းလမ်းကြောင်းပေါ်တွင် မြန်မာ အစိုးရနှင့်အတူ လက်တွဲပါဝင် သွားရန်အသင့်ရှိကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီ ကလင်တန်က သတင်းထောက်များအား ပြောကြားသည်။

မစ္စစ်ကလင်တန်သည် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်တွင် တွေ့ဆုံ ခဲ့ပြီးနောက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ၎င်းတည်းခိုရာ သင်္ဂဟ ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ပြောကြားခြင်းဖြစ်သည်။

"ကျွန်မနဲ့တွေ့ဆုံတဲ့အခါမှာ ခေါင်းဆောင်တွေက ဒီတိုးတက်မှုတွေက ဒီထက်ပိုပြီး ကျယ်ပြန့်စွာနဲ့ ဆက်ဖြစ်ပေါ်နေမယ်လို့ အခိုင်အမာပဲ ပြောကြတယ်။ အဲဒီလိုဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ အပြောင်းအလဲကို အစစ်အမှန် ဖော်ဆောင်နေတဲ့ အစိုးရရော၊ အစိုးရ မဟုတ်သူတွေကိုရော စိတ်ဝင်တစားပဲ ထောက်ခံသွားပါမယ်"ဟု မစ္စစ်ကလင် တန်က ဆိုသည်။

သမ္မတဦးသိန်းစိန်က ၎င်းနှင့်တွေ့ဆုံရာတွင် မြန်မာအစိုးရအနေဖြင့် အကျဉ်းသားများ ဆက်လက်လွှတ်ပေးရေး၊ လွတ်လပ်မျှတသည့် ကြားဖြတ်ရွေး ကောက်ပွဲများ ကျင်းပရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတည်ထောင်မှု ကြိုးပမ်းချက်များ၊ အဏုမြူမပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မှုများအပါအ၀င် ဆက်လက် လုပ်ဆောင်သွားမည့် ပြုပြင်ပြောင်းလဲမှု များ၊ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေးတိုးတက်မှုတို့ကို ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

"သူ့(ဦးသိန်းစိန်)ရဲ့အစိုးရအဖွဲ့ထဲမှာ သူသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ထောက်ခံတဲ့လူတွေရှိသလို အပြောင်းအလဲ အတွက် ပူပန်နေတဲ့လူ တွေ၊ ဆန့်ကျင်နေတဲ့လူတွေရှိနေတဲ့အပြင် ဘာလုပ်ရမလဲစဉ်းစားရင်း အလယ်ကနေ ခြံစည်းရိုးခွထိုင်နေတဲ့လူ တွေလည်းရှိတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိလိုက်ရတယ်" ဟု မစ္စစ်ကလင်တန်က ဆိုသည်။

အမေရိကန်နိုင်ငံနှင့် ယခုထက် ကောင်းမွန်သောဆက်ဆံရေးကို တည် ထောင်နိုင်ရန်မှာ အစိုးရတစ်ဖွဲ့လုံးက နျူကလီးယား လက်နက်များအပေါ် နိုင်ငံတကာကထားရှိသည့်သဘောထား ကို လေးစားမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် သမ္မတအိုဘားမား ပြောကြားခဲ့သည့် စကားကို ကိုးကားကာ မြန်မာနိုင်ငံ၌ တိုးတက်မှု၏ မှုန်ပြပြအလင်းရောင်များ တွေ့နေရကြောင်း၊ အတိတ်သင်ခန်းစာများအရ အဆိုပါအလင်းရောင်များသည် ငြိမ်းသွားနိုင်သကဲ့သို့ ငြှိမ်းသတ်ခံရ နိုင်ကြောင်း၊ သို့မဟုတ် အလင်းရောင်များ ထွန်းလင်းလာခြင်းလည်းဖြစ်နိုင်ကြောင်း ပြောကြားသည်။

"ဒီ မှုန်ပျပျအလင်းရောင်တွေကနေ ဒီထက်ပိုကောင်းတဲ့ အနာဂတ်ကိုလမ်းပြနိုင်မယ့် လွတ်လပ်မှုမီးတောက်အဖြစ် ထတောက်နိုင်တဲ့ အထိရောက်အောင်ဆိုတာက ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်" ဟု မစ္စစ်ကလင်တန်က ဆိုသည်။

သမ္မတဦးသိန်းစိန်နှင့်တကွ မြန်မာ အစိုးရအား တွေ့ဆုံကာ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို နားထောင်ခွင့် ရခြင်းသည် ၎င်းအတွက် အလွန်ကောင်းမွန်သည့်အခွင့်အလမ်း ပင် ဖြစ်သကဲ့သို့ အမေရိကန်အစိုးရက အပြောင်းအလဲလမ်းကြောင်း ကို မည်မျှ ထောက်ခံကာ ထပ်မံတွေ့မြင်လိုသည့် အချက်များကို ၎င်းထံမှ မြန်မာအစိုးရ ကြားသိနိုင်သည့်အတွက် အားတက် ဖွယ်ပင်ဖြစ်ကြောင်း မစ္စစ်ကလင်တန်က ဆိုသည်။

ကျန်ရှိနေသေးသည့် အကျဉ်းသားများ လွှတ်ပေးရေးကိုလည်း သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့နှင့် ဆွေးနွေးခဲ့ပြီး မကြာမီတွင် အကျဉ်းသားများကို လွှတ်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

"အကျဉ်းသားတွေကို ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးတယ်ဆိုတာက လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးတွေအတွက် အစိုးရကထားရှိတဲ့ ကတိက၀တ်ကို စမ်းသပ်တာပါပဲ။ ကျွန်မတို့ နောက် ထပ်တစ်ဆင့်မတက်မီ ဒီကိစ္စတွေကို ဖြေရှင်းထားပြီးသားဖြစ်နေဖို့ လိုပါတယ်"ဟု မစ္စစ်ကလင်တန်ကဆိုသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုမှာ အစသာ ရှိသေးကြောင်း၊ ထပ်မံလုပ်ဆောင်မှုများ လိုအပ်နေသေးကြောင်း ၎င်းက ပြော ကြားသည်။

"အခုကတိပြုထားတာတွေက အစစ်အမှန်လားဆိုတာ သေချာအောင် စောင့်ကြည့်ဖို့လိုသေးတယ်ထင်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ပဲ တွေ့ဆုံတာမျိုးမဟုတ်ဘဲ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စကားပြောတယ်။ နိုင်ငံရေးဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ လူမျိုးစုဝင်တွေ နဲ့ စကားပြောတယ်။ တတ်နိုင်သမျှ ဖြစ်စဉ်တစ်ခုလုံးကို စေ့စေ့ငုံငုံ ကြည့်ချင် လို့ပါ"ဟု မစ္စကလင်တန်ကပြောသည်။

"ဒီဖြစ်စဉ်မှာ အတူတူ ဆက်လက်တွဲ သွားကြမှာဖြစ်လို့ ပိတ်ဆို့မှုတွေရုပ်သိမ်းရေးနဲ့ လျှော့ချရေးကို သေချာပေါက် စဉ်းစားမယ်လို့ ခေါင်းဆောင်ပိုင်းကို ကျွန်မ ပြောခဲ့ပါတယ်။ "ဒါတွေက အောက်ခြေမှာ တကယ် ဖြစ်နေဖို့ လိုပါတယ်။ စစ်ဆေးသုံးသပ်နိုင်ဖို့ လိုပါ တယ်။ ဒါပေမယ့် ကျွန်မတို့ ဘက်က ဒီအပြောင်းအလဲလမ်းကြောင်းကို ဆက်လက်ထောက်ခံနေမယ်ဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ ပြသသွားမှာ ဖြစ်ပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ အမေရိကန်အစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်း ကန့်သတ်မှု၊ သွင်းကုန် တင်ပို့ခြင်း ကန့်သတ်မှုများကို လျှော့ချရုပ်သိမ်းသွားနိုင်အောင် မူဝါဒလမ်းစဉ်ချမှတ်ရေးဆွဲ ဆောင်ရွက်သွားမည်ဟု မစ္စစ်ကလင် တန်က ပြောကြားသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

ဟီလာရီကလင်တန် လာရောက်လည်ပတ်မှုကြောင့် မြန်မာ့တိုးတက်မှုများ တကမ္ဘာလုံးက သိလာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှာ မြန်မာနိုင်ငံသို့ သုံးရက်တာ ခရီး လာရောက်လည်ပတ်မှု သတင်းများဟာ တကမ္ဘာလုံးမှ နိုင်ငံတိုင်းမှာ ထိပ်တန်းသတင်းဖြစ်ခဲ့ပါတယ်။ သတင်းဌာနများရဲ့ အင်တာနက် စာမျက်နှာများအားလုံးနဲ့ ရုပ်သံလိုင်းများ အားလုံးမှာ ထိပ်တန်းကနေ ဖော်ပြခဲ့ကြပါတယ်။ ဒီလိုဖော်ပြမှုတွေကြောင့် မြန်မာနိုင်ငံနဲ့ အစိုးရသစ်နောက်ပိုင်း နိုင်ငံရေး နဲ့ ဒီမိုကရေစီ ဖွံဖြိုးတက်လာမှုတွေကို တကမ္ဘာလုံးက အာရုံစိုက်မိလာကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုများကို အသိမှတ်ပြုကြောင်းနဲ့ ကြိုဆိုကြောင်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုများကြောင့် ဟီလာရီကလင်တန်ကိုလည်း မြန်မာနိုင်ငံကို ဒီဇင်ဘာလ ဆန်းတာနဲ့ လွှတ်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဟာ မြန်မာနိုင်ငံကို ၃ ရက်တာခရီး ညအိပ်ညနေ ရောက်လာပြီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ့ပြုလုပ်နိုင်ခဲ့ပြီး အပြန်အလှန် သဘောတူညီမှုတွေနဲ့ ကတိတွေ ရခဲ့ပါတယ်။

ဒီခရီးစဉ်ကြောင့် မြန်မာကို တကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက်လာကြလာကြပါတယ်။ မြန်မာအစိုးရဖက်ကတော့ သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်တယ်လို့ ယူဆခဲ့ပါတယ်။ ဟီလာရီ ကြောင့် အဲဒီထက် အများကြီးသာတဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့လည်း လူအများက သုံးသပ်ကြပါတယ်။ အခုလည်း ဘီလာရုစ် နိုင်ငံဝန်ကြီးချုပ်ရောက်ရှိနေပြီး၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်လည်း လာဖို့ ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်မှာ ခရီးသွားဖို့ အကောင်းဆုံး ဒုတိယမြောက်နိုင်ငံအဖြစ်လည်း မြန်မာနိုင်ငံကို ရွေးချယ်ခြင်း ခံထားရပါတယ်။

နိုင်ငံတကာက ရုပ်သံအစီအစဉ်တွေမှာလဲ မြန်မာပြည်အကြောင်းတွေ ခဏခဏ ထုတ်လွှင့်လာကြသလို ၊ စီးပွားရေး သမားတွေ ကြားမှာလည်း မြန်မာဆိုတဲ့ ဝေါဟာရ ရေပန်းစားလာပါတယ်။ အထူးသဖြင့် စီးပွားပျက်ကပ်ဖြစ်နေတဲ့ အမေရိကန်၊ စီးပွားရေး ပြိုလဲတော့မယ့် ယူရိုဇုန်၊ တုံ့ဆိုင်းနေတဲ့ ဂျပန် နဲ့ လောလောဆယ် ဒုတိယ အဆင့်မှာရှိပြီး ပထမ လိုချင်နေတဲ့ တရုတ်တို့က စီးပွားရေးကို မြန်မာပြည်မှာ ခြေကုပ်ယူဖို့ ဇောင်းပေးပြောတာတွေတောင်ရှိလာ ကြောင်းကို ဂျပန်ရောက် ကျောင်းသား တစ်ဦးက အခုလိုပြောပါတယ်။

" အခု ဂျပန်က အ၀တ်လျှော်ဆိုင် ဖွင့်တားတဲ့သူတစ်ယောက်ကတောင် မြန်မာပြည်မှာ အ၀တ်လျှော်ဆိုင် ဖွင့်ဖို့ အထိ စိတ်ဝင်စားနေ ပါပြီ။ မြန်မာလို့ ပြောလိုက်တာနဲ့ အရင်လို မဟုတ်တော့ပဲ မျာက်နှာပွင့်လာသလိုပဲ နောက်ပြီး ဂျပန်မှာအခု ပြောနေတဲ့ စကားလုံးတစ်ခု ပေါ့... Kore kara Myanmar no jidai thar ( အခု ကစပြီး မြန်မာ ခေတ် ရောက်တော့မယ် ) လို့ ဆိုနေကြတာပါ .. မယုံမရှိပါနဲ့ နောက် ၃ နှစ်ဆိုရင် ပတ်စပို့ အနီ ကိုင်ထားရလို့ ဂုဏ်ငယ်စရာမရှိတော့ပါဘူး ..ဘန်ကောက်က လေဆိပ်မှာ ပတ်စပို့ကို ပစ်ပြီးပေးလိုက်လို့ရတဲ့ အနေအထား ရောက်လာတော့မှာပါ.." လို့ ပြောခဲ့ပါတယ်။

အစိုးရသစ်ရဲ့ လသားအရွယ်မှာပဲ အခုလို ကမ္ဘာ့အလည်မှာ ဆက်တိုက်အောင်မြင်မှုတွေ မြန်မာက ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အောင်မြင်မှု အားလုံးဟာ အစိုးရ နဲ့ လွှတ်တော်၊ လွှတ်တော် ထဲက ပါတီဝင် အားလုံးရဲ့ ကြိုးစားမှုကြောင့် ပဲဖြစ်ပါတယ်။ ဒီကနေ့ အောင်မြင်မှုထိတော့ NLD ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံတွေရဲ့ ကြိုးစားမှု စိုးစဉ်းမျှ မပါသေးပါဘူး။ သူတို့လုပ်သမျှ ဘာမှမဖြစ်လာပဲ အစိုးရလုပ်သမျှပဲ အကုန်ဖြစ်နေတာတွေကြောင့် အဲဒီအတိုက်အခံလူနည်းစုကို လူထုကလည်း စိတ်ပျက်နေကြကြောင်း သိရပါတယ်။

မြန်မာ ဘလော့ဂါများ အတွက် ဘလော့ လုံခြုံရေးသတိပြုဖွယ်

နိုင်ငံကျော် အဖျက် ဟက်ကာအဖွဲ့ BHG ကြီးပေါ်လာပြီးနောက်ပိုင်းမှာ အီးမေးလ် အကောင့် များပျောက်ဆုံးခြင်းနဲ့ ဆိုက်များအဟက်ခံရခြင်းများ ဆက်တိုက်ဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်...။ ဒီပို့စ်လေးကိုတင်ရခြင်းရည်ရွယ်ချက်ကလည်း မြန်မာဘလော့ဂါများမိမိတို့ ဘလော့ကို လုံခြုံအောင် မည်သို့မည်ပုံ လိုက်နာ ရမယ် ဆိုတာကို ပြောပြချင်တာပါ..။ (ကျွန်တော်သည် ဟက်ကာတစ်ဦးမဟုတ်ပါ.မည်သည့်မြန်မာ ၀က်ဘ်ဆိုက် တစ်ခုကိုမှလည်း ဖျက်ဆီးခဲ့ခြင်းမရှိဘူးပါ.. လေ့လာ ထားသမျှဖြင့် မျှဝေပေးခြင်းဖြစ်ပါသည်..။အမှားများတွေ့ရှိပါက ဖြည့်စွက်ပေးကြပါရန်..)

ပထမဆုံးပြောချင်တာ က ဘယ်လို အဟက်ခံရတယ်ဆိုတာကိုပြချင်တာ ဖြစ်ပါတယ်..။ ပထမဆုံးကျွန်တော်လေ့လာမိ သလောက်ဆိုက်များ .။ အထူးသဖြင့် ဘလော့ ဂါ မှ တင်ထားသော ဘလော့ဆိုက်များ အဖောက်ခံရခြင်း နဲ့ Deface အလုပ်ခံရခြင်း အကြောင်းကိုပြောပြမှာဖြစ်ပါတယ်..။ များသောအားဖြင့် ကျွန်တော်တို့ ဘလော့ဂါ အများစုဟာ မိမိ တို့ရဲ့ GMail ဖြင့်သာဘလော့ အကောင့်ကိုထိန်းချုပ်ထားကြခြင်း ဖြစ်ပါတယ်..။ ဆိုလိုချင်တာက အဲဒီဘလော့ရဲ့ Administration ဟာ အဲဒီ Gmail ပေါ်မှာသာ လုံးလုံးလျားလျားမူတည်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်..။ ဒီတော့ ပထမဆုံးလုံခြုံအောင် ထိန်းသိမ်းရမှာက မိမိရဲ့ Gmail အကောင့် ကိုဖြစ်ပါတယ်..။ Hacking သို့မဟုတ် Password ခိုးယူခံရခြင်း က ဘယ်လို ခိုးခံရတာလဲ ဘယ်လိုခိုးသွားတာလဲ ဆိုတာသိအောင် အရင်ပြောပြပါမယ်..။

အခု တစ်လောဂျီမေးလ်ပျောက်ဆုံး မှုများ က Phishing နည်းလမ်းလို့ခေါ်တဲ့ Gmail Log in Page အတုနဲ့ခိုးယူတဲ့ နည်းလမ်းနဲ့ဖြစ်တာ များပါတယ်... မေးလ်တော်တော် များများ က ဂျီမေးလ်လောက် လုံခြုံမှု မကောင်းကြတဲ့အတွက် ဒီနည်းလမ်းကို သုံးရခြင်းဖြစ်ပါတယ်..။ ကိုယ့်ဆီကို လင့်ခ်တစ်ခုရောက်လာမယ်..။ အဲဒီလင့်ခ်မှာလည်း မိမိမက်လောက်မယ့် စိတ်ဝင်စားမယ့်မက်လုံး တစ်ခုပေးထားပါလိမ့်မယ်..။အဲဒီလင့်ခ်ကိုဝင်လိုက်မိတာနဲ့ သူက Gmail Login Page တစ်ခုကိုပေးပါလိမ့်မယ် ..။ဒါပေမယ့် အဲဒီ Page က အစစ်မဟုတ်ပါဘူး..။ စာဖတ်သူတို့ ၀င်လိုက်မယ့် User name နဲ့ Password ကို Php ဖိုင်တစ်ခု ကနေပြီး သူတို့ရဲ့Txt ဖိုင်တစ်ခု လိုမျိုး Data baseတစ်ခုခု ထဲကိုညွှန်းပေးထားပါလိမ့်မယ်..။စာဖတ်သူတို့က ၀င်လိုက်ပြီဆိုတာနဲ့ User Name နဲ့ပတ်စ်ဝက်ကသူတို့
လက်ထဲကိုရောက်ပြီးသားဖြစ်ပါတယ်..။ အဲဒီအကြောင်းကို ကျွန်တော့်ဘလော့မှာလည်းတင်ထားပေးပါတယ်..။ အဲဒါလိုနည်းလမ်းနဲ့ ဂျီမေးလ်ပတ်စ်ဝက်ကတစ်ဆင့် သူငယ်ချင်းတို့ရဲ့ဘလော့ကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်...။ဒါက တစ်နည်းပါ..။ သူက တော့ အဆင့်နိမ့် တဲ့အဆင့်မရှိတဲ့သူတွေသုံးတာလို့ပြောလို့ရပါတယ်..။

နောက်တစ်နည်းက တော့ တော်တော်ကို အဆင့်မြင့်ပြီး တကယ့် hacker တွေသုံးတဲ့နည်းပါ..။ (BHG ကသုံးတယ်လို့တော့ ပြောပါတယ်..။ (Sql Injection လို့ခေါ်ပါတယ်...။ ဒီနည်းလမ်းကိုသုံးဖို့ အဆင့် ၇ ဆင့်ရှိပါတယ်.. (အချို့ဆရာတွေက ၅ ဆင့်ပဲပြောပါ တယ်အချို့ကလည်း ၉ ဆင့်အထိပြောပါတယ်..။ ) ဒီနည်းလမ်းကိုသုံးဖို့အတွက် ဂူဂဲလ်ရဲ့ Password encrypting system ကိုသိရပါ မယ်..။ ဂူဂဲလ်မှာ သူငယ်ချင်းတို့ ပေးထားတဲ့ password ကို Encrypt လုပ်ပြီး 32 လုံး အဖြစ် Database မှာမှတ်သားသိမ်းဆည်း ထားလေ့ရှိပါတယ်..။ တကယ်တမ်း Sql injection ဆိုတာကိုယ် က Database ရေးသားသူ ရဲ့ချို့ယွင်းချက် တစ်ခုခု ကိုရှာဖွေပြီး အပေါက်ရှာကာinject (ထိုးသွင်း)တဲ့ နည်းလမ်းပါပဲ..။ ဘာကို ထိုးသွင်းတာလဲ ဆိုတော့ Sql Script Code တွေကို သွင်းလိုက်တာပါ..။

(အဲဒီအဆင့်တွေကိုတော့ နားရှုပ်သွားမှာစိုးလို့ မဖော်ပြတော့ပါဘူး..။)အစိုးရအသိအမှတ်ပြု ဟက်ကာတစ်ယောက်အနေနဲ့ သတိပေး တဲ့အဆင့် ဥပမာ ပြောရရင် Deface အဆင့် က နေ မပိုပါဘူး..။ တကယ်လို့ နာမည်ကြီးချင်လို့ပဲဖြစ်ဖြစ် ယုတ်ညံ့တဲ့ စိတ်ထားရှိလို့ပဲဖြစ် ဖြစ် Data base ကိုပါဖျက်ဆီး သွားရင်တော့ ဒီကောင်က Black Hat ဖြစ်သွားပါပြီ..။ Hacker တစ်ယောက်အနေနဲ့ ဒီလိုလူတွေဟာ နိုင်ငံတကာက ရာဇ၀တ်မှုသတ်မှတ်ထားခြင်းခံရတဲ့ ရာဇ၀တ်ကောင်တွေဖြစ်ပါတယ်..။ ပြီးရင်ဟက်တဲ့သူ အနေနဲ့ ခြေရာဖျောက်ရပါ တယ်..။ (ဟက်ကင်းအဆင့်မှာလည်း ခြေရာဖျောက် တဲ့အဆင့်က နောက်ဆုံးအဆင့်ဖြစ်ပါတယ်..။) ဒီနေရာမှာ တစ်ခု ပြောဖို့ကျန်ခဲ့တာက Back Door ချခဲ့တဲ့အကြောင်းပါ..။ တကယ်လို့ BackDoor ချခြင်းခံရတဲ့ ဆိုက်တစ်ခုဟာ Admin လုပ်သူမှ မည်သို့ပင် password ပြောင်း ပါစေ ..။ အဲဒီ Back Door အပေါက်ကနေ ပြန်လည်ဝင်ရောက်ပြီး မိမိနှစ်သက်တဲ့အချိန်မှာ လုပ်ချင်ရာလုပ်လို့ရနေပါပြီ..။ လုပ်ချင်ရာလုပ် တယ်ဆိုတဲ့နေရာမှာ Login ၀င်တဲ့သူတွေရဲ့ Password ကိုပဲခိုးမလား..။ D Dos တိုက်တဲ့အခါမှာပဲ လက်ဝေခံကွန်ပျူတာ အဖြစ်သုံးမလား ဆိုတာကိုပြောတာပါခင်ဗျ..။

ကဲ ပြောရင်းနဲ့လည်း လမ်းကြောင်းတွေလွဲကုန်ပါပြီ..။ ဒီလို ဟက်ခံရခြင်းကလည်း တစ်မျိုးပေါ့ခင်ဗျာ..။ နောက်တစ်မျိုးက Theme ကပေါက်တာပါ..။ အဲဒါက တော့ Download ချလို့ရတဲ့ Blog Theme တွေကတစ်ဆင့်ပေါက်တာပါ.. (ကိုညီနေမင်းဆိုက်လည်း ဒီလိုပေါက်တာလို့ယူဆရပါတယ်..။) ကဲ အဓိက အချက်လေးတွေပြောပါ့မယ်..။

မြန်မာဘလော့ဂါများအနေနဲ့ မိမိ တို့ဘလော့တွေနဲ့ အဖိုးတန်လှတဲ့ ပို့စ်တွေကို မပျောက်ပျက်ရလေအောင်.. အောက်ပါ အတိုင်းလုပ်ဆောင်ကြပါလို့ စေတနာ နဲ့တိုက်တွန်းလိုပါတယ်..။

၁) မိမိတို့ ဘလော့ကိုဝင်တဲ့ Gmail account ကိုသီးသန့်ထားပါ..။ တစ်ခြား Site တွေကိုဝင်တဲ့ အကောင့်နဲ့မတူပါစေနဲ့..။ မေးလ်အ၀င်အထွက် မရှိတာ အကောင်းဆုံးပါပဲ..။

၂) Blogger မှ Issue ပေးသော Theme ကိုသာ ကိုယ့်ဖာသာ လန်းအောင်ပြင်ပြီးသုံးတာ အကောင်းဆုံးပါ..။ (ကျွန်တော့်ဘလော့ကိုတော့ လာကြည့်ပြီး သူကျတော့ လုပ်ထားပြီးတော့လို့တော့မပြောကြပါနဲ့နော်..။ ကျွန်တော်က တစ်ခါခံရပြီးပါပြီ..။ အမှတ်မရှိတဲ့နေရာမှာ နံပါတ်တစ်ပါ.. :P.ထပ်ပြီပြောချင်တာက ဟုတ်ကဲ့ BHG ရဲ့မဟာရန်သူတော်ကြီး Myanmarexpress ကို ခုထိ ဘာမှ လုပ်လို့မရသေးတာ သူက issue theme ကိုသုံးထားလို့လို့ယူဆရပါတယ်.။

၃) မိမိ တို့ရဲ့ ဘလော့ကို Export Blog ကနေ Back Up လုပ်ထားပါ.. ဖြစ်နိုင်ရင် သုံးရက်တစ်ခါ တစ်ပတ်တစ်ခါလောက်လုပ်ပေးတာ ပိုကောင်းပါတယ်..။

ref : http://www.moba4all.org/profiles/blog/show?id=6388385%3ABlogPost%3A347313&xgs=1&xg_source=msg_share_post



Myanmar Express

တစ်ကမ္ဘာလုံးမှ ကားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်


မြန်မာနိုင်ငံတွင်း၌ ပြန်လည်ရောင်းချပေးမည်ဆိုပါက မည်သည့် နိုင်ငံမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကိုမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။

အဓိကအားဖြင့် ပြည်တွင်း၌ နိုင်ငံသားများ အလုပ်အကိုင်အခွင့် အလမ်းပေါများစေရန်အတွက် ဖြစ်ကြောင်း၊ ထုတ်လုပ်လိုသည့်နိုင်ငံများအနေဖြင့် MIC ဖြင့်လာရောက် ဆွေးနွေးနိုင်ကြောင်းနှင့် သတ်မှတ်ချက်ဖြင့်ညီပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

"ဘယ်နိုင်ငံကမဆို သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ခွင့်ပြုပေးသွားမှာပါ။ MIC နဲ့လည်းလာပြီး ဆွေးနွေးနိုင်ပါတယ်။ အဓိကအချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများအောင်လို့ပါ။ ဒီမှာက အလုပ်အကိုင် မပေါသေးတဲ့အတွက် ၀င်ငွေနည်းတယ်၊ ပြည်ပမှာထွက်ပြီး အလုပ်လုပ်ကြရတာတို့ ဖြစ်နေတာ။ ဒါကြောင့် Show Room ထက် ကားထုတ်လုပ်မယ်ဆို ပိုပြီးခွင့်ပြုပေးသွားမှာပါ။ Show Room ကနောက်မှသာ တစ်ဖြည်း ဖြည်းခွင့်ပြုမှာ။ Show Room ဆိုရင် လူလေး လေးငါးယောက်ပဲ အလုပ်ရမှာ။ ကားထုတ်လုပ်ရင် လူအများကြီး အလုပ်အကိုင်ရမှာ။ ဒါပေမယ့် ကားထုတ်လုပ်တဲ့အခါမှာတော့ ဘယ်နိုင်ငံ ဘယ်ကားကုမ္ပဏီရဲ့ Under License နဲ့ထုတ်မယ်။ ပြည်တွင်းမှာပဲ ပြန်ရောင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့တော့လိုတယ်။ Proton လည်းပေးမယ်၊ Toyota လည်းပေးမယ်။ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလာမှ နည်းပညာတွေ တိုးတက်လာမယ်၊ အလုပ်အကိုင်တွေ များလာမယ်။ Foreign Investment ၁၀၀% လက်ခံမယ်။ ရှေ့လျှောက် JV, PPP အကုန်လက်ခံပေးသွား မယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခဲ့ပါသည်။

"ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ လာဘ်ပေးလာဘ်ယူကြားရင် တိုင်ကြားပါ။ ဖြေရှင်းပေးမယ်" ဟု လည်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ထပ်မံ ပြောကြားခဲ့ပါသည်။

http://groups.google.com/group/mayanmardailymail
မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

လူ့ပြည်တွင် ကျန်ရှိခဲ့သော ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော် စွယ်တော် နှစ်ဆူ (ဓာတ်ပုံ)



တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်


သီရိလင်္ကာ နိုင်ငံ ကန္နီမြို့မှ ဗုဒ္ဓမြတ်စွယ်တော်

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံလိုကြောင်း ကမ်းလှမ်းမှုများ


အမေရိကန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံလိုကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံမှတစ်ဆင့် အမေရိကန်လုပ်ငန်းရှင်များမှ ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။ ယင်းအပြင် ဂျာမဏီ၊ ဆွီဒင် နှင့် နော်ဝေနိုင်ငံအပါအ၀င် အီးယူနိုင်ငံအချို့မှလည်း လာရောက်ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများ လာရောက်ထောက်ပံ့ခြင်းများ ပြုလုပ်လိုသည်ဟု ပြောကြားထားသည်ဟု လည်းသိရှိရသည်။ "အမေရိကန်သံရုံး ယာယီတာဝန်ခံက ကျွန်တော့်ကို ပြောပါတယ်။ အမေရိကန်အစိုးရဘက်က တစ်ချို့လူတွေ လာရောက်မြှုပ်နှံချင်တယ်လို့ ပြောတယ်။ အမေရိကန်မှ မဟုတ်ပါဘူး ဆွီဒင်၊ နော်ဝေနဲ့ အီးယူနိုင်ငံတွေကလည်း လာရောက်မြှုပ်နှံပြီး နည်းပညာတွေ ထောက်ပံ့လိုတဲ့အကြောင်း အကြောင်းကြားထားပါတယ်"ဟု နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ရန်ကုန်မြို့ကဲ့သို့ အချက်အခြာကျသည့် မြို့များတွင်သာ မဟုတ်ပဲ အခြား မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမည်ဆိုပါက ခွင့်ပြုပေးသွားမည်ဟုလည်း သိရသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု များပြားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာခြင်းများ ရှိမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။

"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များပြားလာမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများလာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်း ပေါများမှ လုပ်သားတွေရဲ့ နေ့စဉ်ဝင်ငွေ တိုးတက်လာ မှာပါ။ အခု မြန်မာက အရှေ့တောင်အာရှမှာ တစ်ရက်ဝင်ငွေ အနိမ့်ဆုံးနိုင်ငံထဲ ပါနေတာလေ။ ဘယ်နိုင်ငံက မဆို သတ်မှတ်ချက်နဲ့ ညီရင် အားလုံးကို မြှုပ်နှံခွင့်ပြုသွားမှာပါ။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမယ့် အားလုံးကို ခွင့်ပြုပေးသွားမှာပါ။ ဘယ်ကဏ္ဍမဆို မြှုပ်နှံချင်ရင် MIC မှာ လာပြီးတွေ့ဆုံဆွေးနွေးပါ။ အမြန်ဆုံး ပြန်ချပေးသွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်အထိ အမေရိကန် ဒေါ်လာ ၃၆ ဘီလျံကျော်ရှိပြီး အီးယူနိုင်ငံများ အနေဖြင့် အလုံးအရင်းဖြင့် မြှုပ်နှံမှုမပြုသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟုသိရသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲမှုအပေါ် ဂျာမနီက ကြေညာချက်ထုတ်ပြန်

ဂျာမနီနိုင်ငံက ပြည်နယ်ဝန်ကြီး ဒေါက်တာဝါနာဟိုရာသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အတွင်း အလည်အပတ် ရောက်ရှိလာခဲ့ပြီး အစိုးရ၊ ပါလီမန်၊ အတိုက်အခံပါတီနှင့် လူမှုအဖွဲ့အစည်းတို့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော တိုးတက်ဖြစ်ထွန်းမှုများ ဆွေးနွေးခဲ့သည်။ ထိုအချက်နှင့် ဆက်စပ်၍ ဘာလင်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ လူထုဆန္ဒပြပွဲများ ပြုလုပ်ခွင့် ပြန်လည်ရရှိခြင်းသည် အားရကျေနပ်ဖွယ် ကောင်းကြောင်း၊ ပါလီမန် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောကြားခဲ့ခြင်းသည် ထူးခြား၍ အရေးကြီးသော သတင်းစကားအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း အဓိကမှာ အစိုးရအနေဖြင့် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲမျိုးဖြစ်စေရန် လုပ်ဆောင်ပေးရန်သာလိုကြောင်း၊ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အခြေခံ၍ ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အနာဂတ်ဆက်ဆံရေးများကို ချမှတ်သွားမည်ဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများ လွှတ်ပေးသည့် အချက်အပြင် တိုင်းရင်းသားလူနည်းစုများအနေဖြင့် နိုင်ငံရေးနှင့် လူမှုဖြစ်စဉ် ပြောင်းလဲမှုများတွင် ပါဝင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာတွင် ဤအချက်ကို ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ကြောင်း၊ စစ်မှန်သော ပြောင်းလဲမှုများအတွက် ဂျာမနီနိုင်ငံ၏ ထောက်ခံအားပေးမှုကို ကမ်းလှမ်းခဲ့ကြောင်း စသည်ဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD သည် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာ ၄၈ နေရာအား ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

အမေရိကန်ကို သတိထားပါ

















Myanmar Express

အာဆီယံ ဆက်သွယ်ရေးဝန်ကြီးများ ညီလာခံ နေပြည်တော်တွင် ကျင်းပမည်

အာဆီယံ ဆက်သွယ်ရေးဝန်ကြီးများနှင့် အကြီးတန်း အရာရှိကြီးများ တက်ရောက်ဆွေးနွေးမည့် 11th ASEAN Telecommunication and Information Technology Ministers Meeting (Telmin) နှင့် 12th ASEAN Telecommunication and Information Technology Seniors Officials Meeting(Telsom) အာဆီယံ ဆက်သွယ်ရေး ညီလာခံအား ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်နေ့ထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန၌ ကျင်းပမည်ဟု သိရသည်။

အာဆီယံ ဆက်သွယ်ရေးဝန်ကြီးအဆင့် ညီလာခံမှာ ဒီဇင်ဘာလ ၅ ရက်နေ့ မှ ၇ ရက်နေ့အထိဖြစ်ပြီး အာဆီယံ အကြီးတန်းအရာရှိကြီးများ ညီလာခံမှာ ဒီဇင်ဘာလ ၈ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းညီလာခံတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဆက်သွယ်ရေး ၀န်ကြီးများနှင့် အကြီးတန်းအရာရှိကြီးများမှ အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား အဓိကထား ဆွေးနွေးသွားမည်ဟု သတင်းရရှိပါသည်။

''Telmin နဲ့ Telsom ပွဲက အာဆီယံ ကိုးနိုင်ငံမှာ ကျင်းပပြီး သွားပါပြီ။ မနှစ်က မြန်မာနိုင်ငံမှာ ကျင်းပဖို့ အဆင်မပြေတာကြောင့် မလေးရှားနိုင်ငံက နှစ်ကြိမ်မြောက် လက်ခံကျင်းပခဲ့ရပါတယ်။ ဒီပွဲမှာ အာဆီယံနိုင်ငံတွေ အပြင် Dialogue Partners တွေ ဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေလည်း ပါဝင်မှာပါ'' ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

စွယ်တော်ပုံရိပ်ကို သိန်းချီလှူဒါန်း




Myanmar Express

ဟီလာရီကလင်တန် ရန်ကုန်ရောက်ရောက်ချင်း ဒေါ်စုဆီ တန်းမသွားပဲ ရွှေတိဂုံအရင်သွားသည်၊ ရေချိး၊ စားသောက်ကာ နားနားနေနေနေပြီး နောက်ဆုံး မိုးချုပ်မှ ဒေါ်စု နဲ့ တွေ့

မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဒီနေ့မနက် ၁၀ နာရီ ကျော်က စပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း တို့အပြင် အခြား မြန်မာတိုင်းရင်းသား များကို အချိန်ပေးပြီး တွေ့ဆုံခဲ့ပါတယ်။ မနက် ၁၀ နာရီကနေ စပြီး တစ်ယောက်ပြီး တစ်ယောက် အချိန်ပေးတွေ့ဆုံဆွေးနွေးလာခဲ့တာ နေပြည်တော်မှ ရန်ကုန်မြို့သို့ လေယဉ်ဖြင့် ရောက်ချိန်မှာတော့ ညနေ ၅ နာရီ ရှိနေပြီ ဖြစ်ပါတယ်။

သမ္မတကြီးကတော်နဲ့ ကလင်တန်တို့
တစ်ယောက်လက်ကို တစ်ယောက်တင်းတင်းဆုပ်ကိုင်ရင်း လျှောက်လာကြ


တပ်မတော်အရာရှိကြီးတွေနဲ့လည်း အချိန်ပေးနှုတ်ဆက်


တိုင်းရင်းသားတွေနဲ့လည်း တစ်ယောက်ချင်း အချိန်ပေးမိတ်ဆက်


လူဘယ်လောက်များများ အချိန်ပေးနိုင်


ရန်ကုန်ရောက်တော့ မိုးချုပ်နေပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဆီ တန်းမသွားပဲ ရွှေတိဂုံကိုဝင်


ဟီလာရီကလင်တန်ဟာ ရန်ကုန်မြို့ကိုရောက်ရောက်ချင်း ဒေါ်အောင်ဆန်းစုကြည်ဆီ မသွားပဲ ရွှေတိဂုံစေတီကို အရင်သွားပြီး ညနေ ၆ နာရီ ကျော်မှ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီနောက် ရေးချို၊ စားသောက်ကာ နားနားနေနေနေပြီး မိုးချုပ်မှ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လာနိုးလာနိုးနဲ့ အိကျီအဖြူကြီးဝတ်ပြီး ဖင်တကြွကြွနဲ့ စောင့်နေခဲ့ရတယ်လို့ NLD နဲ့ နီးစပ်သူများက ဆိုကြပါတယ်။ နောက်ဆုံး ၈ နာရီလောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဟီလာရီနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီတွေ့ဆုံချိန်မှာ မြန်မာတော်တော်များများ အိပ်နေကြပြီလို့လည်း သိရပါတယ်။


မျှော်လိုက်ရတာ ကျေးဇူးရှင်ရယ်... ခုမှ ရောက်လာတော့တယ်

ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင့်လက်ရှင်နာဝတ် လာစဉ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့အချိန်မရှိဘူးလို့ ပြောကာ ပြန်ထွက်သွားခဲ့ဖူးသည်။

တောတွင်းလက်နက်ကိုင်အဖွဲ့များ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်


နိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဆက်လက်လျှောက်လှမ်းနေခြင်း၊ တပ်မတော်အနေဖြင့်လည်း အဓိကလုပ်ငန်း တာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်သော ဒေသများ၌ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်တို့၏ သဘောထားအမှန်ကို သိမြင်လာကြသော သောင်းကျန်းသူအဖွဲ့ဝင်များသည် ၄င်းတို့၏ လုပ်ရပ်များအပေါ် နားလည်သဘောပေါက်လာပြီး နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့၏ ရင်ခွင်သို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လျက်ရှိသည်။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အောက်တိုဘာ ၂၅ ရက်တွင် ကေအိုင်အေ(ကချင်) အဖွဲ့မှ ဒုတိုက်နယ်မှူးအဆင့်ရှိ အိုက်စံသည်လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ဗိုလ်ကြီးအဆင့်ရှိ တက်ကယ်(ခ) အိုက်လီသည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်ငါးထောင့်၊ ဒုတပ်ခွဲမှူး အဆင့်ရှိ ဆန်နှုတ်သည် အမ်-၂၁ သေနတ်တစ်လက်၊ ကျည်ငါးထောင့်၊ တပ်ကြပ်အဆင့်ရှိ ကော်လာသည် အမ်-၂၁ သေနတ်တစ်လက်၊ ကျည်ငါးထောင့်တို့ဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၂၂ ရက်တွင် ကေအိုင်အေ(ကချင်) အဖွဲ့မှ တပ်သားအဆင့်ရှိ ဟုန်ရှင်းကွမ်သည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးထောင့်၊ ပွိုင့်-၃၈ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်လေးထောင့်၊ တရုတ်လက်ပစ်ဗုံးတစ်လုံး၊ တပ်သားအဆင့်ရှိ ရင်ကွယ်ရွှင်သည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးထောင့်၊ တရုတ်လက်ပစ်ဗုံးတစ်လုံးတို့ဖြင့် လည်းကောင်း လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ကြသည်။ အဆိုပါ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့သူများအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက လှိုက်လှဲပျူငှာစွာ ကြိုဆိုကြပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အလားတူ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ရန် ကျန်ရှိနေသေးကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

နိုင်ငံခြားရောက် လူလိမ်လင်မယား ( ပေးစာ - ၅၈ )








Myanmar Express

ဟီလာရီကလင်တန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင် ထံ သွားရောက်တွေ့ဆုံ

အမေရိကန် အဆင့်မြင့် အရာရှိ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တာဟန် နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် နိုဝင်ဘာ ၃၀ ရက်နေ့ မနေ့က ညနေကပဲ နေပြည်တော်သို့ ရောက်ရှိခဲ့ပါတယ်။ ဟီလာရီကလင်တန်နဲ့အတူ အရှေ့အာရှ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲ နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပေါ့စနာတို့ ပါဝင်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ဒဲရက် မစ်ချယ်က မြန်မာ နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ လေဆိပ်ကို သွားရောက်ကြိုဆိုခဲ့ပါတယ်။ အမေရိကန်ဖက်က အဆင့်မြင့်အရာရှိ နိုင်ငံခြားရေးဝန်ကြီး တစ်ယောက်က တကူးတက လာရောက်ခဲ့ပေမယ့် မြန်မာနိုင်ငံဖက်ကတော့ ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့် ကပဲ သွားရောက်ကြိုဆိုတာကို တွေ့ရပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုများ အပေါ် အမေရိကန် နိုင်ငံက အသိအမှတ်ပြုတဲ့ သင်္ကေတ တစ်ခုအနေဖြင့် လည်းကောင်း၊ မြန်မာ- အမေရိကန် ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်လာစေရေး၏ ခြေလှမ်း တစ်ရပ် အနေဖြင့် လည်းကောင်း လာရောက်ခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံဘက်မှ ကြည့်မည် ဆိုလျှင်လည်း အစိုးရသစ် လက်ထက် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးကို သာမက တစ်ကမ္ဘာလုံးနှင့် ဆက်ဆံရေး နယ်ပယ်ကို တိုးချဲ့လိုက်ခြင်းပင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘာလီကျွန်အစည်းအဝေးတုန်းကလည်း အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တိုးတက်မှုတွေကို အသိအမှတ်ပြု ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရှိရာ ရုံးခန်းကို သွားရောက်တွေ့ဆုံခဲ့ပြီး မနက် ၁၀ နာရီ ခန့်က နိုင်ငံတော် သမ္မတကြီးကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။


နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရောက် ဟီလာရီကလင်တန်ကို မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့် မှ ကြိုဆို


တွေ့ဆုံမိတ်ဆက်


ဟီလာရီကလင်တန်မှ ဦးဝဏ္ဏမောင်လွင်ထံ သွားရောက်တွေ့ဆုံ


နိုင်ငံခြားရေး ဝန်ကြီးအချင်းချင်း ဆွေးနွေးညှိနှိုင်း


ဟီလာရီကလင်တန်မှ နိုင်ငံတော် သမ္မတကြီး ရုံးခန်းသို့ သွားရောက် တွေ့ဆုံ


ကြုံတောင့်ကြုံခဲ နိုင်ငံတော် သမ္မတကြီးနှင့် အတူ


ဟီလာရီ ကလင်တန်နှင့် နိုင်ငံတော် သမ္မတကြီး တွေ့ဆုံဆွေးနွေး


ဟီလာရီကလင်တန် မြန်မာနိုင်ငံကို ရောက်မလာခင်ကတည်းက အမေရိကန် လုံခြုံရေးတွအများအပြား ရောက်နေကြာင်း သိရပါတယ်။ ကမ္ဘာပေါ်မှာ ဟီလာရီကလင်တန်နဲ့ အမေရိကန်ကို မကျေနပ်သူ အလွန်ပေါများပြီး လုပ်ကြံချင်သူ များတာကြောင့် ခရီးစဉ်အတွင်း လုံခြုံရေး တင်းကြပ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။


အမေရိကန် လုံခြုံရေးအဖွဲ့များ

အစိုးရရဲ့ ဓါတုလက်နက် ဆိုတာ ???

နိုဝင်ဘာ ၂၅ ရက်နေ့က အွန်လိုင်းကခင်တဲ့သူငယ်ချင်းတယောက်က လက်တို့ ပေးလို့ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်..လက်နက်အကြောင်းနည်းနည်းပါးပါး သိထားသူ
များအတွက်တော့ ဟာသတစ်ပုဒ်...။
ဗန်းမော်ခရိုင် မိုးမောက် မြို့ နယ် ဖကော်န် ဒေသတိုက်ပွဲများမှာ မြန်မာအစိုးရစစ်တပ်က ဓါတုလက်နက်
နဲ့ ပစ်ခတ်ခဲ့တဲ့လို့ ရေးထားတာတွေ့လိုက်တော့ တော်တော်လေး ခေါင်းစား သွားတယ်.။လာပြန်ပြီကောလ
ဟာလတစ်ခုဆိုတာလည်း သိလိုက်တယ်..။
အော် --- သူတို့ကိုယ်သူတို့  လက်နက်ကိုင်တွေထဲမှာ အင်အားအတောင့်ဆုံး စည်းကမ်းအရှိဆုံး တိုက်ရည်အတော်ဆုံး တပ်မဟာတွေပိုင်ဆိုင်တဲ့ တပ်ဖွဲ့ကြီးက ဒီလို ကလေးကလား အလုပ်တွေ တအားလုပ်တာ
ပါပဲလားဗျာ..။အများယုံအောင်လည်း ပုံတွေနဲံတကွတင်ပြတယ်ပေါ့လေ..။
အဲမှာ အရှက်ကွဲတော့တာပဲ..။
ရှင်းရှင်းလေးတွေးကြည့်ပေးပါ.ဓါတုလက်နက် ဆိုတာ လက်ထဲထားရင်တောင် နူကလီးယား လက်နက်ထက်တောင် အန္တရာယ်ရှိတယ်..။မြန်မာနိုင်ငံမှာ နူကလီးယားခြေလှမ်းစမယ်ဟေ့ လို့
ဆိုရင်တောင်နှစ်ပေါင်းများစွာလိုက်ယူရအုံးမှာပါ..။ဓါတုလက်နက် ထိမ်းသိမ်းမှု ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ကျနော်တို့ နိုင်ငံရဲ့လက်ဝယ်နည်းပညာ မဆိုနဲ့  ဝယ်မယ်ဆိုရင်တောင် တော်တော်လေး ထိမ်းရသိမ်းရခက်တဲ့
အနေအထားပါ..။ဘယ်လိုမှ ၁၀၀ % မဖြစ်နိုင်ပါဘူး..။ဓါတုလက်နက် နဲ့ပတ်သတ်လို့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေရှိနေတယ် ဆိုတာကို မူတည်ပြီး ကိုယ်ထင်ရာတွေးယူနေကြတာက အမှားဆုံးပါပဲ..။စစ်လက်နက်ဆိုတဲံနေရာမှာ ဘက်မျှစွာတပ်ဆင်မှု ဆိုတာကို စဉ်းစားပြီးမှ တပ်ဆင်ရတာပါ..။
ဥပမာ-နူကလီးယားပိုင်ဆိုင်လာပြီဆိုရင် သူများကိုမတိုက်ခင် ကိုယ့်လက်နက်ကို ကာကွယ်ရမှာ ဦးစားပေး-၁
ပါပဲ..။အဲဒါကို မထိဖို့အတွက် လေကြောင်းစနစ်လိုအပ်လာပြီ..ပြီးရင်ရေပြင်စနစ်လိုအပ်လာပြီ..။နောက်အများ
ကြီးပေါ့ဗျာ...။ကျနော်တို့ နိုင်ငံ စစ်တပ် အကြောင်း ပြောဆိုနေကြတယ်.။ဒါပေမဲ့ကျနော်တို့ လက်နက်တွေဆိုတာ တခြားနိုင်ငံတွေလို ဒေသတွင်း ခြိမ်းခြောက်ဖို့ မဟုတ်ဘူး.နယ်စပ်ဒေသပြဿနာမှာ မသုံးဘူး..။
အခုလက်ရှိဖြစ်နေတာကို ပြည်တွင်းစစ်ရယ်လို့  ဘယ်သူလက်ဆော့ခဲံ့လဲမသိဘူး..။အားလုံး ဒီစကားလုံးသုံးနေကြတယ်..။တကယ်တော့ နယ်စပ်ဒေသပြဿနာ ပါ..။ပြည်တွင်းစစ်မဟုတ်ပါဘူး..။
ကျနော်တို့ တွေ အသိခေါက်ခက် အဝင်နက်နေကြတယ်..။ပြည်တွင်းစစ်ဆိုတာ ဘာလဲဆိုတာ ကြုံရတဲ့ သက်ကြီးပိုင်းတွေ သိကြတယ်..။သမိုင်းပြန်လန်ပြောနေရင် ရှည်နေပါ့မယ်..။လွပ်လပ်ရေးရပြီးနောက်ပိုင်းကာ
လတွေ ကိုပြန်ကြည့်ပါ..။တကယ့်ပြည်တွင်းစစ်ပါ..။
KIA တွေနဲ့ ကျနော်တို့ တိုက်ပွဲတွေကြားမှာ ကြားညှပ်နေတဲ့ ပြည်သူတွေရှိတယ်..။
အဲဒါတွေကို ကျနော်တို့ ညှာတာနေရတယ်..ဒီတော့ လက်နက်တွေဆိုရင်တောင် မာနယ်ပလော/ဝါခသစ် တိုက်ပွဲ
တွေ တိုက်တုန်းကလောက်တောင် အိုဗာလုတ်(overload)တွေ မသုံးဘူး..။
ကျနော်တို့ ကချင်ဒေသတိုက်ပွဲစဉ်တွေမှာ တကယ်တမ်းသုံးရမယ်ဆိုရင် 155 ဟောင်ဝစ်ဇာ တွေ အစုံလောက် အတန်းလိုက်တောင် ပြိုင်ပြီးပစ်လို့ ရအောင် အခြေအနေတွေရှိနေပါလျက်နဲ့ မသုံးခဲ့ဘူး
သာမာန်တပ်ခွဲအကုပစ်တွေလောက်ပဲ များများသုံးပြီး တိုက်တာများတယ်..။မလိုအပ်တဲ့ ဆုံးရှူံးမှုတွေ
မရစေချင်လို့ပါ..။တိုက်ပွဲစတွေချိန်တုန်းက ကြားလိုက်ရပါသေးတယ်..။တိုက်ပွဲက အင်တာနက်ပေါ်ရောက်မလာလို့  လူသိတာမရှိခဲံပါဘူး.ကျနော်တို့ လည်း တချို့ အကြောင်းတွေ အတိအကျ
မပြောနိုင်ပါဘူး..။စစ်တပ်ရဲ့အင်အား ၁၀ယောက်ကျော်နဲ့ KIA အင်အား ၄၀နီးပါးတို့ တိုက်ပွဲဖြစ်တယ်..။
လက်နက်ကြီးပစ်ကုယူမယ်ကြံတော့ ရွှာနဲ့နီးတဲံအတွက် စစ်သည် ၂ ယောက်အကျခံပြီး ၃ ယောက် ဒဏ်ရာရနဲ့ အတင်းတက်တိုက်ခဲ့ရတယ်..။တကယ်ဆိုလက်နက်ကြီးပစ်ကူယူရင် ၃လုံးလောက်ဆို ကောင်းကောင်း ထိန်းနိုင်တဲ့အနေအထားပါ..။ဒါကို သိပေမဲ့ ရွာကိုငဲ့ပြီး တမင်အသေခံတိုက်ခဲ့ရတယ်.။
ကောင်းပါပြီ..။
ဓါတုလက်နက်အကြောင်းဆက်ပြောပါ့မယ်..။
အရင်တုန်းကလည်း ဓါတုမိုးရေလို့ဆိုပါတယ်..အဝါရောင်အပြောက်တွေလည်းဟင်းရွှက်တွေပေါ်ကျနေပါတယ်လို့ အော်ခဲ့ပါသေးတယ်..တကယ်တမ်းလေ့လာကြည့်တော့ ရာသီပြောင်းငှက်တွေရဲ့ ချီးတွေပဲဖြစ်နေပါတယ်..
အခုတစ်ခါလည်း ပုံနဲံတကွ ဓါတုလက်နက်လို့ တင်ထားပါတယ်..။
ဟာသပါ..။ပုံမှာတော့ ဟိတ်ကြီးဟန်ကြီးနဲ့ ဓါတ်ခွဲစစ်တယ်ပေါ့ဗျာ..။
ဟုတ်ကဲ့..ကျနော် ဓါတ်ခွဲမစစ်ပါဘူး..

တထိုင်တည်း ပုံကြည့်ပြီး ပြောပြသွားပါ့မယ်..။

(လွပ်လပ်တဲ့သတင်းဌာနကြီးတွေတောင် သူများပုံခွင့်ပြုချက်မယူပဲတင်ကြသေးတာပဲ.ကျနော်လည်း
ဒီလောက်ယူသုံးတာ ပြောအုံးမှာလားခင်ဗျာ..)
ROCKET က နှစ်မျိုးရှိနိုင်ပါတယ်..။
ပထမ တစ်မျိုးက 84mm ထဲထည့်ပစ်တဲ့ ဒုံးပါပဲ..
ကျနော်တို့ စီစီဝမ်တာပန်တိုက်ပွဲကြီးမှာတောင် တခါသုံးဖူးပါတယ်..အရမ်းကြီးလည်း အိုဗာမဖြစ်ပါဘူး..ပတ်ဝန်းကျင်အတွက်ပေါ့နော်..။တိုက်ပွဲပေါ်မှာတော့ အတော်လေးထိရောက်ပါတယ်..။
ပစ်တဲ့ဒုံးအများကြီးရှိပါတယ်..။အဲင်္ဒီအထဲကမှ ခွင်းဒုံး (ဒါမှမဟုတ်) လေကွဲကျည် ဖြစ်ပါတယ်..။
လေကွဲကျည်ဆိုတာက အပေါ်ကပုံမှပြထားတာမဟုတ်ပါဘူး..သူက အဲထက်နည်းနည်းကြီးတယ်..။
ကျနော်တို့ လိုချင်တဲံနေရာကိုတိုက်ရိုက်ပစ်တယ်ပေါ့နော်.RPG ပုံစံပါပဲ..ဒါပေမဲ့ သူက အရာဝတ္ထုကို တိုက်ရီုက်မထိပါဘူး.ပစ်တဲံနေရာကနေ ပေါက်ကွဲချင်တဲ့ အကွာဝေးမှာ ဒုံးကို သတ်မှတ်ပေးလိုက်တယ်.ပစ်ပြီးတဲ့နောက်မှာ ဒုံးက အဖြူတန်းကြီး နဲ့အတူထွက်သွားပြီး ပေါက်ကွဲချိန်မှာ မီးပွင့်ကာ မီးခိုး အဖြုနဲ့အမည်း ထွက်လာပါတယ်..လေပေါ်မှာတင်ကွဲသွားတာပေါ့ဗျာ..
ရှင်းအောင်ပြောရရင် ဟိုဘက်တောင်ပေါ်မှာ အပေါ်ပိုင်းအကာကွယ်မဲံ့နေတဲ့ ရန်သူရှိတယ်.အဲဒါကို ဒီဘက်တောင်ကနေ သူတို့ ထိုင်နေ-မတ်တပ်ရပ်နေတဲ့ နေရာကိုတွက်ချက်ပြီး အဲဒီနေရာ ရန်သူတွေရဲ့ခေါင်းပေါ်လူ၂ရပ်၃ရပ်စာလောက်ကို ချိန်ပစ်လိုက်တာပါ.ဒုံးက ရန်သူအပေါ်လည်းရောက်ရော.ဒုံးကွဲပြီး အပေါ်ပိုင်း အကာကွယ်မဲံတဲံရန်သူတွေ ကိုထိခိုက်စေတာပါ..
အခုမှမဟုတ်ပါဘူး..ဒုတိယကမ္ဘာစစ်မှာတောင်သုံးခဲံတယ်..ကျနော်တို့ နိုင်ငံမှာဆိုလည်း စိစိဝမ်တာပန်တိုက်ပွဲကြီးမှာသုံးခဲံတယ်..မူရင်းထုတ်တာက ဆွစ်ဇာလန်ကပါ..။အောက်ကပုံကိုကြည့်ပါ.

84 mm အရင်ပုံဟောင်းပါ.အခုမသုံးတော့ပါဘူး.ဆင်တူတာလေးဖော်ပြလိုက်တာပါ-ဆွစ်-ထုတ်ပါ



ဖြစ်နိုင်ခြေရှိတဲ့ လက်နက်ပါ.မျိုးဆက်သစ်ပါပဲ.
ဒါကိုမမြင်ဘူးတဲ့ မသိတဲ့ အတွေ့အကြုံ ဗဟုသုတ မရှိတဲ့ KIA က သူရဲ့ ရဲဘော်တွေကိုရော ကချင်လူထုကိုရော လှည့်စားဖို့  ကောလဟာလတွေလျှောက် လုပ်နေတာပါ..။
ကေအိုင်အေပြောတဲ့ဓါတုလက်နက်တဲ့.တကမ္ဘာလုံးရီအောင်လုပ်တဲ့တော်တော်နောက်တဲ့ကေအိုင်အေ
အပေါ်မှာပြထားတဲ့ သူတို့တွေရထားတဲ့ဆိုတဲ့ဟာက သာမာန်ဒုံးပါပဲ..။
သူတို့ပြတဲ့ဒီပုံကတော့ ၈၄ မျိုးဆက်(သို့မဟုတ်)နောက်ပွင့်ရိုင်ဖယ်မျိုးဆက်သစ်တွေထဲက နောက်မှ ပုံစံပြောင်းထားတဲ့ တင့်ဖျက်နဲ့  ဘန်ကာဖြို ဒုံးပါ
ဒါကလည်း မီးခိုး အဖြူနဲ့မည်းပေါင်းထွက်ပါတယ်..ပြောပြီးသလို ဘန်ကာဖြိုတာပါ..ပစ်မှတ်(ဒါမှမဟုတ်)မြေပြင်.သစ်ပင် လို့ မာကျောတဲ့ အရာကို ထိမှ ပေါက်ကွဲတာပါ.။
တိုက်ရိုက်ဝါးလုံးထိုးပြေးသလို.သာမာန်အမြောက်ကျည်လို ၄၅ ဒီဂရီထောင်တတ်ပြီးမှ အောက်ပြန်စိုက်တဲ့ပုံစံနဲ့ ၂ မျိုး သွားပါတယ်..။
ဘာဓါတုလက်နက်မဟုတ်ပါဘူး..။
တိုက်ပွဲထဲမှာဗျာ ဗုံးငွေ့ ရှူရုံနဲ့ မူးတယ် အော့အန်တယ်.သတိလစ်တယ်ဆိုတာ ကတော့ စစ်တိုက်ဖူးသူတိုင်း ကြုံဖူးပါတယ်..ကျည်ကျတဲံနေရာမပြောနဲ့ အမြောက်-/-RPG ပစ်တဲ့ လူတောင် ကိုယ့်လက်နက်က ထွက်တဲ့
ယမ်းငွေ့နဲ့ကိုယ် မူးတတ်ပါတယ်..ခန္ဒာကိုယ်အားနည်းတဲ့ လူဆိုမူးပြီးမေ့လဲတတ်ပါတယ်..။သင်တန်းကျောင်းတွေမှာ လက်နက်ကြီးပစ်ခတ်လေ့ကျင်းခန်းတွေမှာဆိုရင် အားနည်းနေတဲ့သင်တန်းသားတွေတောင် အငွေ့ရှူပါများလာရင် မူးတတ် နုံးချိတတ် အန်တတ်ပါတယ်..။ဒါသဘာဝပါ..။
ပစ်တဲ့လူတောင် ဒီလိုဖြစ်တယ်ဆိုရင် ကျည်ကျနေရာက လူဆို စဉ်းစားပေါ့ဗျာ..ဒါက ယမ်းပေါက်ကွဲမှု ရဲ့ အကျိုးသက်ရောက်မှု နည်းနည်းလေးပါပဲ..။ရုရှားနိုင်ငံမှာ ဓါတုဗေဒနဲ့ ပညာတော်သင်တတ်နေတဲံ အရာရှိတစ်ယောက် ပြောတာကတော့ ရှင်းပါတယ်..ယမ်းမူန့် တထုပ်လောက်မီးရှိ့ပြီး ရှူကြည့်ပါလားတဲ့.။

ပုံနဲ့ပြရင်ပိုရှင်းမလားလို့ အရှင်းဆုံးဆွဲပြလိုက်ပါတယ်.


တကယ်တော့ KIA ဆိုတာ ဘာမှ ဟုတ်္တိပတ္တိ မဟုတ်ပါဘူး..ငြိမ်းချမ်းရေးလုပ်နေတုန်းကာလမှ မှောင်ခိုငွေတွေနဲ့  လက်နက်ခိုးဝယ်ပြီး အင်အားပြလူစု ထားတာလောက်ပဲရှိတာ..တကယ့်တကယ်ကျတော့ဘာမှ ပြောပလောက်အောင် စာတင်လောက်အောင် ဇ ရှိတာမဟုတ်ဘူးလို့ လည်း တပ်မ ၈၈ က တပ်ကြပ်ကြီးတစ်ယောက်ကလည်း ပြောပါတယ်..။
အစိုးရပြောသလို ၁ ရက်ထဲနဲ့တောင် တိုက်လို့ ရနိုင်ပါတယ် လို့ လည်းပြောပါသေးတယ်..။သူတို့ ကတော့ လိုင်ဇာကိုတောင် သိမ်းပိုက်ဖို့  အသင့်ဖြစ်နေပြီး အမိန့် ကိုစောင့်နေကြတယ်လို့ ထပ်ပြောပါသေးတယ်..။
ဒီလောက်တပ်ခွဲအကုပစ်(တိုက်ရိုက်ချိန်-အနီးကပ်ပစ်)တဲ့လက်နက်ကြီးတောင် မခံနိုင်-မြင်လည်းမမြင်ဘူး.ကြောက်လန့်တကြားအော်နေတဲ့ KIA ကိုသာ တကယ့်စခန်းသိမ်းတိုက်ပွဲကြီးများလို OVERLOAD များနဲ့တိုက်ရင် အသံနဲံတင် လက်နက်ချ သွားလောက်ပါတယ်..
သို့ သော် အစိုးရမှလည်း မိမိတိုင်းရင်းသား အချင်းချင်း နှိပ်ကွပ်တယ်ဟူသော အပြောမျိုး မခံချင်လို သောကြောင့် ၄င်းတို့ ဘက်မှ အင်အားများများမသုံးပဲ ရင်ဆိုင်တပ်အင်အားနဲ့စိုးမိုးအင်အားလောက်သာ သုံးနေခြင်းဖြစ်ပါတယ်..။
တကယ်တော့ ဓါတုလက်နက် ဆိုတာ KIA တို့ရဲ့မျက်ကလူးဆန်ပြာ အော်ခြင်းနှင့်  ကချင်လူထုကိုအယုံသွင်း ဝါဒမိုင်းတိုက်နေခြင်းသာဖြစ်ပါကြောင်း ဤနေရာကနေဖြေရှင်းပေးလိုက်ပါတယ်..။

မောင်မောင်ဒိန်

http://mgkyautkhae.blogspot.com/2011/11/blog-post_29.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

ပြည်တွင်းပြည်ပ နိုင်ငံရေး ပျက်ဆီးမှု



Myanmar Express

မြန်မာအစိုးရအထူးအဖွဲ့နှင့်KIAဆွေးနွေး



မြန်မာအစိုးရအထူးကိုယ်စားလှယ်အဖွဲ့နှင့် KIO ဥက္ကဌ ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာလ ၂၉ ရက်နေ့ မနေ့က တရုတ်နိုင်ငံ ရွှေလီမြို့ Jing Cheng Earth Sea ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ ၉ ဦးတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပါဝင်ခဲ့ပြီး KIO ကိုယ်စားလှယ်အဖွဲ့ ၉ ဦးအား ဥက္ကဌ ဦးဇောင်းဟရားက ခေါင်းဆောင်ခဲ့ပြီး ၃ နာရီကျော်ကြာဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

မြန်မာအစိုးရနဲ့ KIO တို့ တဖက်တရုတ်နိုင်ငံတွင်ဆွေးနွေးအပြီး နှစ်နာရီခန့်အကြာ ည ၇ နာရီခန့်တွင် မြစ်ကြီးနားမြို့မှ ကချင်အများဆုံးနေထိုင်တဲ့ စီတာပူရပ်ကွက်မှာရှိတဲ့ ဘုရားကျောင်းခြံစည်းရိုးနှင့် ဇိုက်ဝါးစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ရုံးအား KIA ကချင်အဖွဲ့မှ ဗုံးဖောက်ခွဲဖျက်ဆီးခဲ့တဲ့အတွက် အသက် ၁၆ နှစ်အရွယ် နှင့် အသက် ၃၀ အရွယ် အမျိုးသား နှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

http://kachindailynews.blogspot.com/2011/11/kia_2806.html
မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

မြန်မာသတင်းထောက်တွေကို အမေရိကန်က အယုံအကြည် လုံးဝ မရှိ


ဟီလာရီကလင်တန်လာတော့ စတုတ္ထမဏ္ဍိုင် များက နှစ်ပေါင်း ငါးဆယ် ကျော်ခွဲနေရတဲ့ အမေနဲ့ ပြန်တွေ့ရတဲ့ အလား ဝမ်းသာစိတ် ငယ်ထိပ်ရောက်ကာ အားကိုးတကြီးပြေးကြပါတယ်။ ဟီလာရီနဲ့တွေ့ရင် ဟီလာရီက အနည်းဆုံး လက်ပြ ပြုံးပြပြီး hi လို့တော့ နှုတ်ဆက်မှာပဲလို့ မျှော်လင့်ကြပါတယ်။ လေးစားအားကျရတဲ့ ဒီမိုကရေစီနိုင်ငံကြီးက ဆိုတော့ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရမှာပဲပေါ့။ မျှော်လင့်ချက်တွေက တော့ အကြီးကြီးပါပဲ။ ဒါပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘုး။ ဘာလို့လည်းဆိုတော သူတို့ အားကိုးတကြီး ပြေးကြိုချင်တဲ့ အမေရိကန်တွေက သတင်းထောက်တွေကို လုံးဝ မယုံမကြည်မရှိပါဘူး။ ဘယ်တုန်းကမှ အစစ်မခံဘူးတဲ့ နည်းတွေနဲ့ အမျိုးမျိုး စစ်ပါတယ်။

လွှတ်တော်အစည်းအဝေးတွေ ကျင်းပတုန်းက သတင်းထောက်တွေကို စစ်ဆေးတုန်းက အသံတွေကို ဆူညံပွက်လောရိုက်အောင် ထွက်ခဲ့ပါတယ်။ အမျိုးမျိုးတင်းကြပ်တယ်၊ လွတ်လပ်စွာ သတင်းယူလို့မရဘူးပေါ့။ အခုတော့ ဘယ်သတင်းထောက်မှ ဘာမှမပြောရဲကြပါဘူး။ ရှိတာအကုန်ထုတ် ဆိုတော့ အသာလေး ထုတ်ပြလိုက်တာပါပဲ။ တစ်ခွန်းမှကို ပြန်မပြောရဲကြပါဘူး။

အမေရိကန်လုံခြုံရေးတွေက တစ်ခါရှာတယ်၊ မယုံကြည်လို့ ထပ်ခါ ထပ်ခါ အကြိမ်ကြိမ်ရှာတယ်။ ဘာမှ ပြန်မပြောရဲဘူး။ အိပ်ထဲရှိသမျှ အကုန်ထုတ်ပြီး အောက်ချပြရတော့တာပဲ။ နေပြည်တော် လေဆိပ်ထဲမှာ သုံးကြိမ်တိုင်တိုင် စစ်ဆေးတာတွေ လုပ်ထားတာကို မယုံသင်္ကာနဲ့ပဲ လေယဉ်ကွင်းထဲရောက်တော့ ထပ်ပြီး စစ်ပြန်ပါသေးတယ်။

ခွေးတစ်ကောင်မှ လိုက်လံစစ်ဆေးစဉ်

ခွေးမှ လိုက်လံစစ်ဆေးနေစဉ် သတင်းထောက်များမှ ဘေးတွင် အသာရပ်စောင့်နေရ

မြန်မာသတင်းထောက်တွေ ဒီနေ့အစစ်ခံရသလိုမျိုး ဘယ်ကြာကူလီ ဝရမ်းပြေးမှ အစစ်မခံရဖူးပါဘူး။ သတင်းထောက် သိက္ခာ၊ သတင်းထောက် ကျင့်ဝတ်ဆိုတာတွေလည်း ဘာမှ မရှိတော့ပါဘူး။ မဟုတ်တာလုပ်မယ့်လူတွေလိုလို ခိုးချောင်ခိုးဝှက် လုပ်မယ့်လူတွေလိုလို ကြည့်တာတွေ ခံရပါသေးတယ်။ အမေရိကန်ဖက်က မြန်မာသတင်းထောက်တွေအပေါ် ယုံကြည်မှု လုံးဝ မရှိပေမယ့် သတင်းထောက်တွေကတော့ အမေရိကန်တွေကို အကြည်ညိုမပျက် ကိုးကွယ်နေကြတုန်းပဲ ရှိနေကြပါတယ်။

အယုံအကြည်မရှိလို့ အကြိမ်ကြိမ် စစ်ဆေးခံရတဲ့ သတင်းထောက်တွေထဲမှာ အခြားနိုင်ငံတွေက သတင်းထောက် အနည်းအကျဉ်းသာ ပါပေမယ့် မြန်မာနိုင်ငံက သတင်းထောက် ၆၀ ကျော်လောက်ရှိတယ်လို့သိရပါတယ်။


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ