Subscribe to our RSS Feed

'ကျွန်တော် အစိုးရိမ်ဆုံးက ဗျူရိုကရက်တွေကိုပဲ' နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်နှင့် တွေ့ဆုံခြင်း


ပြီးခဲ့သည့်နှစ်က အထွေထွေ ရွေးကောက်ပွဲကြီး ပြီးစီးသည့်နောက် မြန်မာနိုင်ငံ၏ တစ်နှစ်တာအတွင်း အပြောင်းအလဲများကို နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး တစ်ဦးဖြစ်သူ ဒေါက်တာနေဇင်လတ် နှင့် မြန်မာတိုင်းမ်မှ ဒုတိယ သတင်း စာတည်း ကျော်ဆုမွန် က တွေ့ဆုံမေးမြန်းခဲ့သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ - ၂၄ ၊ ၁၁ ၊ ၂၀၁၁)

* ၂၀၁၀ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၁ခုနှစ် နိုဝင်ဘာလအတွင်းမှာ အစိုးရသစ်လည်း ပြောင်းလဲသွားပြီ၊ လွှတ်တော်လည်း ခေါ်နေပြီ ဆိုတော့ ဒီကာလတစ်နှစ်အတွင်း အပြောင်းအလဲအပေါ် ဆရာဘယ်လို မြင်ပါသလဲ။

အမှန်က အစိုးရသစ်အနေနဲ့ သက်တမ်းက ခုနှစ်လသားပဲ ရှိပါသေးတယ်။ အဲဒီကာလအတွင်း နိုင်ငံရေးကဏ္ဍဘက်မှာ အင်မတန် ထင်ရှားတဲ့ သမိုင်းဝင်အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ နိုင်ငံရေးပါတီတွေနဲ့ ကမ္ဘာကတောင် အံ့ဩရတဲ့ အပြောင်းအလဲတွေ ကို မွေးထုတ်နိုင်ခဲ့တယ်။ တခြားကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ကဏ္ဍတွေမှာလည်း မူဝါဒ၊ စီမံကိန်း အပြောင်းအလဲတွေ အများကြီးပါပဲ။ ဒါပေမယ့် ရေရှည်ကိစ္စ ရပ်တွေဖြစ်တော့ ချက်ချင်း ရလဒ်တွေကို ထုတ်မပြနိုင်သေးတာပဲ ရှိတာပါ။ အပြောင်းအလဲရဲ့ သဘာဝကို သုံးသပ်ရရင် 'စစ်မှန်တဲ့ အပြောင်းအလဲ'ဖြစ်ပြီး နောက်ကြောင်း ပြန်မလှည့်တဲ့ အပြောင်း လည်း ဖြစ်တယ်လို့ မြင်တယ်။ အပြောင်းအလဲမှာ ရှုထောင့် တစ်ခုကကြည့်ရင် အဆင့်(၃)ဆင့်ရှိတယ်၊ ပထမအဆင့်က အချိန်မရွေး နောက်ကြောင်း ပြန်လှည့်နိုင်တယ်။ ဥပမာပေးရရင် သမီးရည်းစားအဆင့်ပေါ့။ နောက်တစ်ဆင့်က စေ့စပ်ကြောင်း လမ်းပြီးစီးခြင်း၊ နောက်ကြောင်း ပြန်လှည့်ခွင့် သိပ်နည်းသွားပြီ။ နောက်ဆုံးတစ်ဆင့်က လက်ထပ်ထိမ်းမြားခြင်းပဲ။ အခုအဆင့်က အဆင့်(၂)ကို ရောက်လုနီးပြီလို့ သုံးသပ်တယ်၊ မကြာခင် ကာလမှာ နောက်ကြောင်းပြန်လှည့်လို့ မရတော့တဲ့ စေ့စပ်ကြောင်းလမ်းခြင်း အဆင့်ကို ရောက်တော့မယ်လို့ ယူဆတယ်။

* မြန်မာနိုင်ငံ စီးပွားရေး ပြန်လည် ပြုပြင်ဖို့အတွက်အစိုးရသစ် တက်ပြီးကတည်းက လုပ်လာတာဖြစ်တဲ့ အတွက်အခုကာလအတွင်း ဘယ်လို အကြောင်းအရာတွေက အဓိကပြောင်းလဲသွားတယ်လို့ တွေ့ရပါသလဲ။ ဆရာမြင်တဲ့တွေ့တဲ့ စီးပွားရေး အပြောင်းအလဲတွေကို ပြောပေးပါဦး။

ဖြစ်ပျက်နေတဲ့ စီးပွားရေး အခြေအနေအမှန်ကို သမ္မတကြီး ကိုယ်တိုင် အတော်ကလေး ခြုံငုံသိနေတာက အဓိကအပြောင်းအလဲလို့ ယူဆတယ်။ အရင်က အရှိတရားတွေကို သတင်းပြတ်နေကြ တယ်။ ဒေါ်လာတန်ဖိုး သိပ်ကျသွားတဲ့ အချိန်တစ်ချိန်ရှိခဲ့တယ်။ စီးပွားရေးသမားတွေဆီက အသံထွက်လာတယ်။ ယာယီဈေး ပြန်တက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဆိုလိုချင်တာက သတင်းမပြတ် တာရယ်၊ လက်တွေ့ကျကျ အရေးယူဆောင်ရွက်တာရယ်၊ လျင်လျင် မြန်မြန် ဆောင်ရွက်ပေးနိုင်တာရယ်က သည်တိုတောင်းတဲ့ ကာလမှာ မြင်သာ ထင်သာတဲ့ အပြောင်းအလဲတွေလို့ တွေ့ရပါတယ်၊ ကျန်တဲ့ ရေတိုရေရှည်စီမံကိန်းတွေကတော့ ဆက်လက် လုပ်ကိုင်ဆဲဖြစ်ပြီး ချက်ချင်းရလဒ်တွေ ထင်သာမြင်သာ မရှိနိုင်သေးတာပဲ ဖြစ်ပါတယ်။ စီးပွားရေးမူဝါဒအသစ်တွေ၊ ဈေးကွက် စီးပွားရေးကို ပိုပြီး ပီပီပြင်ပြင် လိုက်နာကျင့်သုံးနိုင်မှုတွေ၊ ယှဉ်ပြိုင်စွမ်းအားကောင်းဖို့ အတွက် ပြင်ဆင်ဆောင်ရွက်မှုတွေဟာလည်း ထူးခြားတဲ့အပြောင်း အလဲတွေ ဖြစ်ပါတယ်၊

* အခုလိုနိုင်ငံကလိုအပ်တဲ့ စီးပွားရေးအပြောင်းအလဲအတွက် နိုင်ငံတကာ စီးပွားရေးပညာရှင်တွေနဲ့ ဆရာတို့လို ပြည်တွင်း ပညာရှင်တွေက ဘယ်လိုမှတ်ချက်ပေး ပြောဆိုခဲ့တယ်ဆိုတာကို လည်း သိချင်ပါတယ်။

နိုင်ငံရေးမှာလည်း Political Economy ဆိုတာရှိတယ်။ နိုင်ငံရေး ဘောဂဗေဒလို့ ပြောရမှာပေါ့။ နိုင်ငံတစ်ခု တိုးတက်ဖို့ ဆိုရင် အထူးသဖြင့် ကျွန်တော်တို့လို တတိယနိုင်ငံတွေ တိုးတက်ဖို့ ဆိုရင်လိုအပ်တာတွေ ဖြည့်ဆည်းရမှာတွေက အများကြီးပဲ။အယူအဆ သဘောတရားရေးရာကအစ၊ အကောင်အထည်ဖော်မှု လုပ်နည်းလုပ်ဟန်၊ နည်းပညာ၊ စီမံခန့်ခွဲမှုအတတ်ပညာ၊ အရင်းအနှီး၊ ဈေးကွက်၊ ထုတ်လုပ်မှုအင်ဂျင်နီယာစတာမျိုးတွေ အပါအ၀င် အများကြီးပဲ ဖြစ်ပါတယ်၊ အဲတော့အဲဒီလိုအပ်ချက်တွေကို နိုင်ငံ တကာက ရနိုင်တယ်။ နိုင်ငံတကာ ပညာရှင်တွေဆီက Transfer လုပ်ယူနိုင်တယ်။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စရိုက်၊ လက္ခဏာတွေနဲ့ လိုက်လျောညီထွေမှုဖြစ်အောင်တော့ ပြည်တွင်းက ပညာရှင်တွေရဲ့ ပူးပေါင်းမှုကလည်း လိုအပ်တာပေါ့၊ နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်အောင် နိုင်ငံတကာရဲ့ အတွေ့အကြုံတွေကို သုံးတဲ့သဘောလို့ ယူဆနိုင်ပါတယ်။

* လက်ရှိ အာဆီယံအသိုင်းအ၀န်းမှာတင် မြန်မာနိုင်ငံက အမီလိုက် ဖို့ ဘယ်လောက်ကြာအောင် လုပ်ရဦးမယ်လို့ ထင်ပါသလဲ။

ဘယ်သူမှ အတိအတကျ ပြောနိုင်မှာ မဟုတ်ပါဘူး။ အားသာ ချက်တွေ၊ အားနည်းချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အားသာ ချက်တချို့ကို တွေ့ရပါတယ်၊ မြန်မာလူမျိုးတွေရဲ့ Intelligence ကောင်းမွန်မှု၊ သဘာဝသယံဇာတ အင်အားကောင်းမှု၊ ပထ၀ီ အနေအထား အလေးသာမှုတွေက အားသာချက်ပါ။ စီမံကိန်းနဲ့ အစီအစဉ်ကောင်းတွေကို ရေးဆွဲနိုင်ရင် (၁၅) နှစ်လောက်ဆို မီနိုင် မယ်ထင်တယ်။ အဓိကကတော့ ဗျူရိုကရေစီယန္တရားကို ပြင်ဆင်နိုင် ရမှာ ဖြစ်ပါတယ်။ ကျွန်တော် အစိုးရိမ်ဆုံးက ဗျူရိုကရက်တွေ ကိုပဲ။

* မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဌရာထူးနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။

ခန့်မှန်းလို့ရတာက အခုတလောတွေ့ရတဲ့သံတမန်တွေ အားလုံးက အကောင်းဘက် မြင်လာကြပြီးအပြောင်းအလဲအပေါ် ရော၊ သမ္မတကြီးအပေါ်ရော ယုံယုံကြည်ကြည်ဖြစ်လာကြပြီး သူတို့ ဘာလုပ်ပေးရမလဲဆိုပြီးတော့တောင်မှ ပြောလာကြပြီ။ မြန်မာ နိုင်ငံအနေနဲ့လည်း အာဆီယံ ဥက္ကဋ္ဌရာထူးပြန်ရသင့်ပါတယ်။ ရလည်းရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ များမကြာခင် ကာလမှာလည်း ပြည်တွင်းမှာရော၊ ပြင်ပကရော သတင်းကောင်းတွေ ကြားလာရနိုင်တယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဟာ မူလအနေအထား (Normalcy) ကို ပြန်ရောက်သွားပြီလို့ နိုင်ငံတကာ အသိအမှတ်ပြုမှုဟာ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ရောက်လာတော့မှာပါ။ Normalcy ကနေ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ဖြောင့်ဖြောင့်ကြီး လုပ်ဆောင်လို့ ရသွားကြတော့မှာပါ။


http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

ဘာသာရေးနှင့်နိုင်ငံရေး ဆက်နွယ်ဟောပြောနေမှုများ ရပ်တန့်ပေးပါရန် ရွှေည၀ါဆရာတော် ဦးပညာသီဟအား လျှောက်ထားခြင်း (ပေးစာ - ၅၄)

ဗုဒ္ဓဘာသာကို ယုံကြည်လေးစားမြတ်နိုး တန်ဖိုးထားသူတစ်ဦး အနေဖြင့် ရေးသားတင်ပြသင့်သော အကြောင်းအရာများကို ရေးသားတင်ပြလိုပါသည်။ ပထမဦးစွာ တင်ပြလိုသော အကြောင်းအရာသည် သီတဂူ ဆရာတော် ဟောကြားတော်မူသော တရားတော်ထဲမှ ဓမ္မကထိကများအတွက် လမ်းညွှန်ထားသော တရားစာတစ်ပိုဒ် ဖြစ်ပါသည်။ ဓမ္မကထိကများနှင့် ပတ်သက်၍ ပလ္လင်ပေါ်မှ ဆင်းမသွားနဲ့ ဟူသော သြ၀ါဒ ဖြစ်ပါသည်။ ထိုသြ၀ါဒကို ဆရာတော်က အကျယ်တ၀င့် ဟောပါသည်။ အနှစ်ချုပ်မှာ ဓမ္မကထိကသည် ဗုဒ္ဓဟောသည့် တရားအတိုင်း ဟောကြားရန်နှင့် ဗုဒ္ဓမြတ်စွာ မဟောကြားသည့် အကြောင်း အရာကို ထည့်သွင်း မဟောရန် ဖြစ်ပါသည်။

ရွှေည၀ါဆရာတော် ဦးပညာသီဟသည် ဗုဒ္ဓတရားတော်နှင့် မသက်ဆိုင်သည့် အကြောင်းအရာများကို ထည့်သွင်း ဟောကြားခဲ့ခြင်းကြောင့် ကြည့်မြင်တိုင်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဖြစ်မှလည်း ကောင်း၊ မြို့နယ်သံဃာဝန်ဆောင် အဖြစ်မှလည်းကောင်း ၁၁-၂-၂၀၁၁ ရက်နေ့မှစ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်းနှင့် ၁၁-၂-၂၀၁၁ရက်နေ့မှ ၁၀-၂-၂၀၁၂ရက်ထိ တစ်နိုင်ငံလုံးတွင် တရားဟောခွင့် မပြုခဲ့ကြောင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် အဖွဲ့ဝင်ဆရာတော် (၁၅) ပါး တို့မှ ဆုံးဖြတ်ခဲ့ပါသည်။

ယခုအခါ ရွှေည၀ါ ဘုန်းတော်ကြီးအနေဖြင့် နိုင်ငံရေးသမားများနှင့် တွေ့ဆုံကာ နိုင်ငံတော် အစိုးရအားဆန့်ကျင် သောစကားလုံးများ သုံးနှုန်းနေခြင်းတို့မှာ အမြင်အကြား မသင့်လျော်ပါ။ နိုင်ငံရေးသမားများ လုပ်ရမည့် အလုပ်များ အပြောအဆိုများအား ဘုန်းကြီးတစ်ပါး အနေနှင့် ပြောဆိုနေပါက လူနှင့်မခြားသော လုပ်ရပ်များ အဖြစ်မြင်နေမိ ပါသည်။ ဥပမာ - မြန်မာနိုင်ငံ ဒီမိုကရေစီ ရပြီဆိုတာ မဖြစ်စလောက်လေးဘဲ၊ ဒီမဖြစ်စလောက်လေးနဲ့ ပြည်သူတွေအတွက် ဘာများပြောင်းလဲလာမှာလဲ ဟူသော စကားရပ်မျိုး။ ဘုန်းကြီးတွေ မဲမထည့်ရလို့ မကျေနပ်တဲ့ အဟောမျိုး၊ ဒီတစ်ခါမဲပေးရင် လူဝတ်လဲပြီး မဲပေးလိုက်မယ်ဆိုတဲ့ အဟောမျိုးများသည် ဘုန်းကြီးတစ်ပါး အနေနှင့် မသင့်တော်သော ဟောပြောချက်များ ဖြစ်နေပါသည်။

အစိုးရအား ပုတ်ခတ်သော အပြောအဆိုများ၊ ဝေဖန်သော စကားများ ပြောဆိုလိုပါလျှင် လူထွက်၍ ပါတီနိုင်ငံရေး လုပ်ကိုင်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ပါသည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး အကောင်အထည် ဖော်သွားရေး တောင်းဆိုချက်များသည် ဘုန်းတော်ကြီးများနှင့် မအပ်စပ်ပါ။ သာသနာတော် တည်တံ့ရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးတို့ အတွက်သာလျှင် အားကြိုးမာန်တက် ဟောပြောစေလိုပါသည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်လျက် ရှိပါသည်။ အခြားသော မူဆလင်၊ ခရစ်ယာန် စတဲ့ဘာသာရေး ခေါင်းဆောင်များ အနေနှင့်လည်း ဘုန်းကြီးတို့ကဲ့သို့ နိုင်ငံရေးထဲ ပါလာမည်ဆိုပါက ရှင်းမရသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ကမ္ဘာတွင် ဖြစ်နေသော စစ်ပွဲများသည် သူတို့ဘာသာရေးကြောင့် ဖြစ်ပေါ်လာသည့် စစ်ပွဲများဖြစ် နေသည့်အတွက် ယနေ့တိုင် ငြိမ်းသတ်၍ မရနိုင်သေးပါ။ ဗုဒ္ဓဘာသာ ကြောင့်ဖြစ်သော စစ်ပွဲလုံးဝမရှိသည့်အတွက် ကမ္ဘာ့ပေါ်တွင် အကောင်းဆုံး၊ အသန့်ရှင်းဆုံးနှင့် အမွန်မြတ်ဆုံးသော ဘာသာအဖြစ် ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တညီတညွတ်တည်း ရွေးချယ် ဆုံးဖြတ်ထားပါသည်။ ထိုသတင်းသည် ဗုဒ္ဓဘာ သာဝင်များအတွက် ဂုဏ်ယူစရာ သတင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွှေည၀ါဘုန်းတော်ကြီး အနေဖြင့် နိုင်ငံရေးနှင့် သာသနာရေး ဒွေးရောယှက်တင် ဟောနေမည့်အစား အဘိဓမ္မာ တတ်ပြီး ၀ိပဿနာနှင့် ဆက်စပ် ဟောကြားပေးပါရန် ပန်ကြား လျှောက်ထားပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦး


Myanmar Express

KIAအဖွဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခံနေရကြောင်း စစ်ရေးအကဲခတ်များပြောကြား

ကချင်ပြည်နယ်အတွင်း အစိုးရစစ်ကြောင်းများ အင်အားထပ်မံဖြည့်တင်းပြီး အရှိန်မြင့်တိုက်ခိုက်လာတာနဲ့ တပြိုင်နက် KIA အဖွဲ့အစည်းအပေါ် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိကြောင်း တရုတ်-မြန်မာ စစ်ရေးအကဲခတ်များက သုံးသပ်ပြောဆိုလျက်ရှိပါတယ်။

နိုဝင်ဘာလဆန်းက စတင်ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိမြို့ရွာများမှာ KIA အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို ကချင်-မြန်မာနှစ်ဘာသာဖြင့် ရေးသားဖော်ပြထားတဲ့ လက်ကမ်းစာစောင် အများအပြား ပျံ့နှံ့နေကြောင်း တွေ့ရှိရပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ အဲဒီလိုပျံ့နှံ့နေတဲ့လက်ကမ်းစာစောင်များမှာ ရေးသားထားတဲ့အချက်တွေက အောက်တိုဘာလအတွင်းက အစိုးရနဲ့ပူးပေါင်းထားတဲ့ ပြည်သူ့စစ်အဖွဲ့များက ကချင်လွတ်မြောက်ရေး တပ်မတော်သို့ စာရေးသားတောင်းဆိုထားတဲ့ အချက်တွေနဲ့ တော်တော်များများ တူညီနေတာ တွေ့ရပါတယ်။





ဒါ့ကြောင့် ဒီလက်ကမ်းစာစောင်များဟာ အစိုးရစစ်တပ်က လုပ်တာဖြစ်နိုင်သလို KIA အဖွဲ့ရဲ့ မိုင်းထောင်၊ ဗုံးခွဲ၊ လူသစ်စု၊ ငွေကြေးတောင်းခံမှုများကို မခံမရပ်နိုင်အောင်ဖြစ်လာတဲ့ ကချင်အဖွဲ့တစ်ခုခုက လုပ်တာဖြစ်နိုင် ကြောင်း ဝေဖန်ပြောကြားလျက်ရှိပါတယ်။

အဲဒီလက်ကမ်းစာစောင်တွေ ပျံ့နှံ့နေချိန်မှာဘဲ မြစ်ကြီးနားမြို့ပေါ်က KIA ရဲ့ဖောက်ခွဲရေးပစ္စည်းတွေကို သိုလှောင်သိမ်းထားတဲ့အိမ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူအများအပြားသေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူမျိုးပေါင်းစုံအပါအ၀င် ပြည်သူများက KIA/KIO အဖွဲ့အစည်းအပေါ် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းအဖြစ် ပိုမိုမြင်လာလျက်ရှိပါတယ်။

ဘာသာရေးအသင်းတော်မှ သင်းအုပ်ဆရာတော်ကြီးများနှင့် ကချင်အတိုင်ပင်ခံကောင်စီ အပါအ၀င် ကချင်လူမှုရေးအဖွဲ့အစည်းများမှ လူကြီးများကတော့ KIA အဖွဲ့ရဲ့လုပ်ဆောင်ချက်များကြောင့် KIO အဖွဲ့အစည်းအပေါ် ကချင်လူမျိုးများ၏ ထောက်ခံအားပေးမှု ကျဆင်းမှာကို စိုးရိမ်လျက်ရှိနေကြကြောင်း သိရှိရပါတယ်။


Myanmar Express

ငွေကြေးလာဘ်လာဘကြောင့် ဗုဒ္ဓဘာသာ ညှိုးမှိန်မှာ စိုးရိမ်ပါသည် (ပေးစာ - ၅၃)


ဒယ်အိုးဆရာတော်လို့ နာမည်ကြီးနေတဲ့ အရှင်ဘဒ္ဒန္တသုမင်္ဂလရဲ့တရားပွဲတွေ နာမယ်ကြီးနေပါတယ်။ တရားဟောဆရာတော်က လူတွေအပေါ် ပြစ်ပြစ်နှစ်နှစ်ပြောဆိုမှုဟောပြောမှုတွေကြောင့် လူပိန်းတော်တော် များများကသဘောကျနေကြပါတယ်။ အုပ်ချုပ်သူတွေအပေါ်များများ ပုတ်ခတ်နိုင်လေ လူထုကများများ သဘောကျလေပုံစံမျိုးဆိုတော့ ကျွန်တော်တို့အမြင်မှာတော့လူရွင်တော် ဇာဂနာထက်တောင်ပိုပြီး သဘောကျမိ ပါတယ်။နိုင်ငံရေးသမားတွေ ဟောကြပြောကြရမယ့်အလုပ်တွေကို ဒယ်အိုးဆရာတော်လုပ်နေတာမို့ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကျေးဇူးတင်မိပါတယ်။


နိုင်ငံရေးသမားတွေ စင်ပေါ်တက်ပြီးဟောပြောရင် ဘယ်သူကမှ အလှူငွေထည့်ကြမှာမဟုတ်ပါဘူး။ အခုလို မျိုးတရားပွဲတွေကျင်းပတော့ ပိုက်ဆံထည့်ချင်တဲ့သူတွေ ထည့်လို့ကောင်းသွားပါတယ်။ ဒါပေမဲ့စိုးရိမ်တာတစ်ခုကို ပြောပြပါမယ်။ မူဆလင်ဘာသာဝင်တွေဟာ သူတို့ဘာသာပြန့်ပွားဖို့အတွက် နည်းမျိုးစုံနဲ့လုပ်ဆောင်နေသလို အခြားဘာသာတွေ ပျက်စီးသွားဖို့အတွက်လဲ နည်းလမ်းမျိုးစုံကျင့်သုံးနေပါတယ်။ မယုံမရှိပါနဲ့ ဒယ်အိုးဆရာတော်ရဲ့ တရားပွဲတိုင်းလိုလိုမှာ အလှူငွေ သိန်းငါးဆယ်အထက်ရနေပါတယ်။ အဲဒီအထဲမှာ မူဆလင်စစ်စစ်တွေရဲ့ လှူတဲ့ငွေ တွေပါပါတယ်။ အင်းစိန်ကြို့ကုန်းအရှေ့ရပ်ကွက် တရားပွဲမှာ သိန်း(၃၀)လှူတဲ့အလှူရှင်ဦးမောင်မောင်ဆိုတာ မူဆလင်အစစ် ဖြစ်ပါတယ်။


အစိုးရမကောင်းကြောင်းပြောတာ မူဆလင်တွေကြိုက်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်တဲ့အဟောအပြောတွေဆို မူဆလင်တွေအားပေးပါတယ်။ ဒယ်အိုးဆရာတော်ရဲ့ ``စိတ်နဲ့လူသတ်ထားတာ အများကြီးဆိုတဲ့အဟောအပြောမျိုးတွေ´´ မူဆလင်တွေပိုပြီးအားပေးပါတယ်။ ဒါကြောင့် မူဆလင်တွေက သက်သက်မဲ့မြှောက်ပေးနေတာဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒီတစ်ဦးရဲ့ အမြင်နဲ့ပြောရရင် ဒယ်အိုးဆရာတော် ဟောပြော နေတာတွေဟာ ဗုဒ္ဓဘာသာတရားတော်နဲ့ ညီညွတ်ပါရဲ့လား ဆိုတဲ့မေးခွန်း မေးချင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ ပယ်ရမယ်လို့ပဲသိထားပါတယ်။ ငါပြောတာအမှန်၊ ငါဟောတာအမှန်လို့ ဘုရားရှင်က မဟောခဲ့ပါဘူး။ ကာလာမသုတ်တော်မှာပြန်ကြည့်ရင်သိနိုင်ပါတယ်။ ငွေကြေး လာဘ်လာဘတွေကြောင့် ဗုဒ္ဓဘာသာညှိုးမှိန်မှာ ကိုတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနဲ့ ဗုဒ္ဓဘာသာဝင်များက အလွန်ပဲစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူး

Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....

မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး 019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။ ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။



ပုံမှန် ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင် http://www.google.com နဲ့ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး ရိုက်ထည့်လိုက်ရင် https://mail.google.com ဆိုပီးပြောင်းသွားတာကို တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန် Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့ Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊ နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပါဘူး။

အဲ့ဒိအတွက် https သုံးထားတဲ့ ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင် လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့် မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta, Land Rover, Virgin America, EPS, Brown University, National Geographic, တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို http://www.google.com/apps/intl/en/customers/ မှာသွားကြည့်နိုင်ပါတယ်။ အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။

https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်.... အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...


စာထဲမှာ ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။ အောက်ကပုံကိုကြည့်ရင် DNS Poisoning အလုပ်လုပ်ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။



အသုံးပြုသူဟာ www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမဲ့အစား www.n1cebank.com ကိုပြောင်းပလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်တွေကို ဖြည့်ပီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကိုအပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကိုအသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar ကနေ စစ်ကြည့်လို့ရပါတယ်။

အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။


ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင် သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်.... ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်.... အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်.... အစိုးရ လုပ်တာမဟုတ်ပါဘူး... Google ရဲ့ Restriction တစ်ခုပါ.... ဒါတွေကိုဖတ်ကြည့်ရင်တော့ အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့ အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့ မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့ လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။

http://mee-pya-tite.blogspot.com/ မှ ကူးယူဖော်ပြတာပါ။ Gmail, Gtalk တွေကို အစိုးရက ကြားက ဖောက်လို့ ရတယ်လို့ အသိ/အတက် ပညာနည်းပြီး လိမ်ညာ သတင်းလွှင့်ခဲ့တဲ့ စာမျက်နှာတွေကတော့ ထုံးစံအတိုင်း ဥာဏ်နည်းတဲ့ အတိုက်အခံ စာမျက်နှာတွေပဲဖြစ်ပါတယ်။








Myanmar Express

ဓာတုမိုးလား၊ ဓာတုရေလား

မြန်မာ့ ပညာရေးကို အောက်ဆုံးပို့တဲ့လူတွေ၊ မြန်မာ့ နည်းပညာကို ဘိတ်ဆုံးလို့ပြောတဲ့လူတွေနဲ့ မြန်မာ့ တပ်မတော်ကို နောက်ဆုံးလို့ပြောတဲ့လူတွေကပဲ ခုတစ်ခါ ရှေ့ဆုံးကို ပို့နေကြပြန်ပါပြီ။ အမြှောက်သံကြားပြီး ကြောက်လန့်ချောက်ချား မူးလဲအန်ထွက်သူတွေကို ဓာတုအဆိပ်မိတယ်လို့ ပြောကြပြီး ဘာမှန်းမသိတဲ့ အစက်တွေကို ဓာတုမိုးလို့ စွပ်စွဲကြယုံတင်မကဘူး။ ရေသန့်ဗူးထဲကရေကိုပါ ဓာတုရေဆိုပြီး အမျိုးမျိုး စွပ်စွဲတာတွေကို ဒီရက်ပိုင်းမှာ တွေ့နေရပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသာမက နိုင်ငံတော် သမ္မတကြီးကပါ KIA ကို တိုက်ချင်ရင် နာရီပိုင်း အတွင်း တိုက်လို့ရတယ်ဆိုတဲ့အကြောင်း၊ တိုက်လည်းမတိုက်ချင်သလို တိုက်စရာလည်း မလိုတဲ့အကြောင်း၊ နေ့စဉ်နဲ့အမျှ KIA ဖျက်ဆီးနေတဲ့ လမ်းတွေ၊ တံတားတွေ ကို ပြင်ဖို့အတွက်သာ စစ်တပ်က လုံခြုံရေးယူပေးနေရကြောင်း ပြောခဲပါတယ်။ ဒါပေမယ့် KIA ဟာ တစ်ဖက်မှာ ဗုံးခွဲဖျက်ဆီးတာတွေလုပ်နေပြီး၊ နောက်တစ်ဖက်မှာတော့ သူတို့ဗုံးခွဲ ဖျက်ဆီးနေတာတွေကို လူအများ အာရုံမစိုက်မိစေရန်အတွက် ဓာတုလက်နက်လိုလို၊ ဓာတုမိုးလိုလို ထင်ယေင်ထင်မှားတွေ သတင်းလွှင့်နေတာကို တွေ့ရပါတယ်။

အခုချိန်မှာ KIA က စစ်တပ်က သွားတိုက်စရာမလိုပဲ အလိုလိုပဲ တရုတ်ဘက်က ရိက္ခတင်ခွင့်မပေး၊ မြန်မာဘက်က ရိက္ခသယ်လို့မရနဲ့ ရိက္ခာပျက်ပြီး အလိုလိုချိနဲ့နေပြီ ဖြစ်ပါတယ်။ KIA ဟာ ဘာအင်အားမှ မရှိသလို၊ ဘာအင်အားမှလည်း မရှိပါဘူးဆိုတာ သိရပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကလည်း အလျင်စလို နိမ်နှင်းခြင်းတွေ မလုပ်ပဲ ဒီအတိုင်းလွှတ်ထားတာ ဖြစ်ပါတယ်။ ဘယ်လောက်မှ အင်အားမကြီးပဲ ဘာကောင်ကြီးမှ မဟုတ်လို့ စစ်တပ်က ဓာတုလက်နက်တွေ ဓာတုမိုးတွေသုံးပြီး တိုက်စရာမလိုကြောင်း မြန်နိုင်ငံရဲ့ စစ်ရေးကို အနီးကပ် စောင့်ကြည့်သူတစ်ဦးက အခုလို ပြောပါတယ်။

"KIA ဆိုတာ ဝ လောက်လည်း အင်အားမကြီးသလို၊ KNU လောက်လည်း စိတ်ဓာတ်ပြင်းပြတာ မဟုတ်ဘူးဗျ... ဒီလို ဘာမဟုတ်တဲ့ KIA ကို စစ်တပ်က ဓာတုမိုးတွေ ရွာအောင်လုပ်ပြီး တိုက်တယ်ဆိုတဲ့ သတင်းက တော်တော်ရီစရာကောင်းပါတယ်... " လို့ ပြောပါတယ်။

အရှေ့တောင် အာရှာမှ အကောင်းဆုံးခံစစ်စခန်းဆိုတဲ့ ဝခသစ် စခန်းကိုတောင် မြန်မာစစ်တပ်က အမြှောက်တပ်လောက်ပဲ သုံးပြီး အောင်အောင်မြင်မြင်တိုက်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ KIA ကျမှ ဓာတုတွေ၊ ရူပတွေ သုံးနေစရာလိုမလိုကြောင်း၊ မြန်မာသောင်းကျန်းသူ တွေထဲမှာ အဆင့်တန်းမရှိ ဗလာင်းဗလဲ အပြောဆုံးက KIA ဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်

" ဝခသစ် ကိုတောင် အမြှောက်တပ်လောက်နဲ့ တိုက်နိုင်နေတဲ့ မြန်မာစစ်တပ်က KIA လို ကောင်မျိုးကို ဦးသိန်းစိန်ပြောသလိုပဲ နာရီပိုင်းနဲ့ အမြစ်ဖြုတ်လို့ရတယ်ဗျ... သူပြေသလိုပဲ မြန်မာနိုင်ငံမှာ သောင်းကျန်းသူ ၈ ဖွဲ့တောင် ရှိတာ မှန်တယ်.. အဲဒီအထဲမှာ ဗလာင်ဗလဲ အလုပ်ဆုံးက KIA ပဲဗျ.. KIA လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့မတူဘူး... စစ်သားတွေက စစ်သားစကားပြော၊ စစ်သားလိုလုပ်ပေါ့ဗျာ... စစ်တိုက်စရာရှိတာတိုက်.. ရှုံးရင်ရှုံးတယ် နိုင်ရင် နိုင်တယ်ပေါ့... ခုတော့ ကိုယ့်ဘက်က အကျအဆုံးများလာတာနဲ့ ဓာတုလက်နက်လိုလို၊ ဓာတုမိုးလိုလို ဗလောင်းဗလဲတွေ လျှောက်ပြောတယ်.. ယောင်္ကျားတွေမဟုတ်သလိုပဲ... KNU တို့ ဝ တို့ က တိုက်စရာရှိရင် တိုက်တယ်... ဘာမှမပြောဘူး။ တိုင်းရင်းသား သောင်းကျန်းသူတွေထဲမှာ ကျွန်တော် အထင်မကြီးဆုံးက KIA ပဲ" လို့ ဆက်ပြောပါတယ်။

ဓာတုမိုးနဲ့ပတ်သက်ပြီး ဒေသခံတစ်ယောက်ကတော့ အခုလိုပြောပါတယ်... "ဓာတုမိုးတော့ မဟုတ်ပါဘူး... မိုးရွာတယ်ပြောရအောင်လည်း အပေါ်မှာ ဘာတိမ်မှာ မရှိပါဘူး၊ လေယဉ်နဲ့ ဖျန်းတယ်ပြောရအောင်လည်း ဘာလေယဉ်သံမှ မကြားရပါဘူး၊ မြန်မာစစ်တပ်မှ အသံတိတ်လေယဉ်တွေ ရှိနေရင်တော့မပြောတတ်ဘူးဗျ" လို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာ အဆင့်မြင့် ပညာတွေသင်ဖို့ ရောက်ရှိနေတဲ့ ပညာတော်သင် တစ်ယောက်ကို အသံတိတ်လေယဉ် တွေ မြန်မာ့တပ်မတော် မှာ ရှိမရှိ၊ နဲ့ ဓာတုနည်းပညာတွေ အလွန်းအမင်း တိုးတက်မှု ရှိမရှိ မေးမြန်းချိန်မှာတော့

"ဒီနေ့ မြန်မာ့တပ်မတော်က နည်းပညာတွေ အလျှင်အမြန်တိုးတက်နေပြီး ထူးချွန်တဲ့ ပညာတက်တွေ အမြောက်အများရှိတယ်ဆိုတာ ဟုတ်ပါတယ်.. ဒါပေမယ့် ဒီပညာတွေက ပြည်ထောင်စု ကို ကာကွယ်ဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် တပ်မတော်ပညာသည်တွေက ဝိုင်းဝန်းကြိုးပမ်းဖို့ပါ... ပြည်ထောင်စုသားအချင်းချင်း ပညာပြဖို့ မဟုတ်ပါဘူး.... ပညာ ပြဖို့လည်း အစီစဉ် မရှိပါဘူး... တကယ်လို့ ပညာပြလိုက်ရင်တောင် KIA အနေနဲ့ အခုလို အစက်ကလေးတွေတောင် မြင်လိုက်ရမှာမဟုတ်ဘူး... တစ်ခါတည်း ကုန်းကောက်စရာမရှိ ဖြစ်သွားမှာဗျ... အခုဟာက KIA ကြောက်ကန်ကန်ပြီး စွပ်စွဲတာ ဖြစ်ပါလိမ့်မယ်..." လို့ ပြောကြားပါတယ်။

ကချင်ပြည်နယ်ကို သွားရောက် လေ့လာသူ ဓာတုပညာရှင် တစ်ဦးကတော့ "အမှန်တော့ ငှက်ချီးတွေပါ.. KIA က အကြောက်လွန်ပြီး လျှောက်ပြောနေတာ ဖြစ်ပါလိမ့်မယ်... ကျွန်တော်တို့ သေချာလေ့လာပြီးပါပြီ.. ဒီချိန်က ရာသီဥတုပြောင်းချိန်မို့ မြန်မာနိုင်ငံထဲကို ရွှေ့ပြောင်းငှက်တွေ အများအပြား ဝင်ချိန်ဖြစ်တယ်... အာဖရိက က ငှက်တွေလည်း အင်းလေးမှာရောက်နေကြတယ်.. ဒါဟာ ဘာမှ စိုးရိမ်စရာမရှိပါဘူး၊ အဲဒီ အရွက်တွေ ကို စာနေတဲ့လူတွေလည်း ရှိပါတယ်၊ ရေတွေသောက်နေကြတဲ့လူတွေလည်း ရှိပါတယ်.. ဘာမှမဖြစ်ကြပါဘူး" လို့ ပြောပါတယ်။

ဓာတုမိုးတဲ့... KIA ဘယ်လောက်တုံးလဲ လူသိကုန်ပြီ


လမ်းခင်းရတော့ စစ်တပ်၊ မိုင်းခွဲဖျက်တာက KIA


တစ်ခါ ရန်ကုန်မြို့က ရေသန့်ဗူးတွေအချို့မှာ စွယ်တော်မြတ်စေတီပုံ ပေါ်တာနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာတော့

"ဒါကတော့ သိပ္ပံနည်းနဲ့ ပြောဖို့ခက်တယ်ဗျ... ပေါ်တာက တကယ်ပေါ်တာပါ။ အားလုံးနီးပါး ပေါ်တယ်.. တချို့ ကံနိမ့်တဲ့လူတွေလောက်ပဲ မမြင်ရတာဗျ... ဒီကိစ္စမျိုးက အရမ်းဆန်းကျယ်တယ် ကျွန်တော်တို့အဆင့်နဲ့ လိုက်လို့မမှီနိုင်ဘူးဗျ.. ပြီးတော့ မြတ်စွာဘုရားဆိုတာ ဘယ်လိုမှ တုနိုင်းလို့ မရအောင် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်လေ.. ဘုရားရှင်ရဲ့ စွယ်တော်ဆိုတဲ့ ဓာတ်တော်ဆိုမှတော့ စဉ်းစားသာကြည့်ပေါ့ဗျာ... ပြီးတော့ ရေသန့်ဆိုတာကိုက ဓာတုနည်းနဲ့ စစ်ထားတာလေ.. ph 7 က နေ ph 7.3 ထိ မြန်မာပြည်မှာ သုံးတယ်.. ဘုရားပုံပေါ်အောင်တော့ ဓာတုနည်းနဲ့ လုပ်လို့မရပါဘူး... " လို့ဆိုပါတယ်။ ဒါ့အပြင် ငှက်ချီးကို ဓာတုမိုး စွတ်စွဲချင်စွတ်စွဲကြပါ၊ ဘုရားပုံပေါ်တဲ့ ရေသန့်ကိုတော့ ဓာတုရေလို့ မစွပ်စွဲ ပြီး အကုသိုလ် မယူကြနဲ့လို့ လည်းမှာကြားသွားပါတယ်။












မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်ရာ နိုင်ငံဖြစ်ပေမယ့်လည်း စွယ်တော်မြတ် အကြောင်းကိုတော့ မီဒီယာတွေက အကျယ်တဝင့် ရေးသားကြတာ မရှိကြပါဘူး။ မလာသေးတဲ့ ဟီလာရီကလင်တန်အကြောင်းကို တော့ ကြိုပြီး ဖော်ပြနေကြတာတွေ့ရပါတယ်။


Myanmar Express

မင်းမဲ့စရိုက်လူသတ်မှု မြောက်ဥက္ကလာမှာ ထပ်ဖြစ်ပြန်



မြောက်ဥက္ကလာပမြို့ ​နယ် အမှတ် ၂ ရပ်ကွက် ဘုန်း​ကြီး​လမ်း​မှာ​နေတဲ့​ အသက် ၂၅ နှစ်အရွယ် ကျူရှင်ဆရာမ မထက်ထက်​အေး​ကျော်ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က အသတ်ခံခဲ့​ရတာပါ။ ခင်ပွန်း​သည်က ​ဘောလုံး​ပွဲ​လောင်း​ရာ ရှုံး​ပြီး​ ​ငွေ​တောင်း​လို့​မရတာ​ကြောင့်​ ဇနီး​ဖြစ်သူ မထက်ထက်​အေး​ကျော်ကို သတ်တာလို့​ အမှတ် ၂ ရပ်ကွက်​နေသူ တဦး​က ​ပြောပါတယ်။

အသတ်ခံရတဲ့​ ​ကောင်မ​လေး​ရဲ့​ ​ယောက်ျား​က ​​ဘောပွဲရှုံး​လို့​ ဆိုပြီး​တော့​ ​ဘောပွဲဖိုး​ ပိုက်ဆံ သိန်း​ ၂၀ လောက် သူ့​မိန်း​မဆီမှာ​တောင်း​တာကနေ စဖြစ်တယ်လို့ သိရပါတယ်။ အိမ်ခန်း​ထဲ​ခေါ်ပြီး​တော့​ အရက်ပုလင်း ခွဲနဲ့ ​ အခန်း​ထဲမှာ ပိတ်ပြီး​တော့​ ထိုး​သတ်ခဲ့တာ ဖြစ်တယ်လို့ မြောက်ဥက္ကလာနေ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။

တရားခံကို ၂ ရပ်ကွက် ရဲ​တွေက အဲဒီညတွင်း​ချင်း​ ၁၀ နာရီမှာ ဖမ်း​သွား​ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီလထဲမှာပဲ မြောက်ဥက္ကလာမှာ လူ ယောက် ၂၀ က ဓားနဲ့ ဝိုင်းထိုးတဲ့ လူသတ်မှု အပြင် ဗိုလ်ချုပ်ဈေးအနီး ကားလမ်းတစ်လျောက် ကားနဲ့တရွတ်တိုက်ဆွဲ သတ်တဲ့ အမှုတွေ ရန်ကုန်မြို့မှာ ဖြစ်ခဲ့ပါတယ်။

အဲလို မှုခင်းတွေဖြစ်ပြီးဆိုရင်လည်း ဘေးကနေသာ ဝိုင်းအုံနေကြပြီး ဘယ်သူမှ စွဲလဲမစွဲရဲ၊ ဝင်လည်း မပြောရဲကြဘူးလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

"မှုခင်းဖြစ်တိုင်း လူတွေကတော့ အများကြီး ဝိုင်းအုံကြည့်တာပေါ့နော်... ဒါပေမယ့် ဘယ်သူမှလည်း မတားရဲဘူး... ဘာမှလည်း မပြောရဲဘူး... ရဲကိုပဲ အားကိုးကြရတာ... အဲလိုလူရမ်းကားတွေကလည်း ယူနီဖောင်းမြင်မှ ကြောက်ကြတာ.." လို့ ဆိုပါတယ်။

အစိုးရက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေချိန်မှာ ရန်ကုန်မြို့ခံတွေက စည်းမဲ့ကမ်းမဲ့နဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်စွာ မင်းမဲ့စရိုက် ရမ်းကားသတ်ဖြတ်မှုတွေ လုပ်နေလို့ ဒီရက်ပိုင်းမှာ လုံခြုံရေးတွေ တိုးပြီးချတာလယ်လို့လည်း သိရပါတယ်။

KIA ခေါင်းဆောင်ပိုင်းအချို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကချင်ပြည်သူများ သွေးမြေကျ

နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင်အမိန့်ထုတ်ပြန်ကမ်းလှမ်းနေပေမဲ့ ကချင်ပြည်နယ်မှာရှိတဲ့ KIA လက်နက်ကိုင်အဖွဲ့ကတော့ ငြိမ်းချမ်းရေးကို ကျောခိုင်းလျက်ရှိနေဆဲပင်ဖြစ်ပါတယ်။ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့အတတ်နိုင်ဆုံးလိုက်လျောကာငြိမ်းချမ်းရေး ပြုလုပ်ရန်ဆက်သွယ်ခဲ့ပေမဲ့ KIAလက်မခံတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားနေပါတယ်။မြစ်ကြီးနားမြို့ ၀ိုင်အမ်စီအေခန်းမမှာလည်း ကချင်ခေါင်းဆောင်တွေ၊ကချင်အတိုင်ပင်ခံအဖွဲ့တွေ၊ဘာသာရေးခေါင်းဆောင်တွေ၊ဓမ္မ ဆရာတွေကိုယ်တိုင်ဦးစီးတဲ့လူထုအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး KIO\KIAအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ် ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။



KIAခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂမ်ရှောင်ကတော့ ကချင်လူထုရဲ့ ငြိမ်းချမ်းရေးတောင်းဆိုမှုကို အသိ အမှတ်မပြုခဲ့ပါဘူး။ အစိုးရတပ်တွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့နဲ့ လမ်းတံတားတွေ၊ အဆောက်အဦးတွေမိုင်းခွဲ ဖျက်ဆီးပစ်ဖို့ အမိန့်တွေသာ တစ်ခုပြီးတစ်ခုထုတ်ပြန်လျက်ရှိပါတယ်။ အခုနောက်ဆုံးမှာတော့ ကေအိုင်အေ တပ်စခန်း နဲ့ ကေအိုင်အေစစ်သားတွေ ကျဆုံးမှုများပြားနေလို့ မြစ်ကြီးနားမြို့ကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုင်ရေး စီမံချက်ကို ဗိုလ်ချုပ်ဂမ်ရှောင်ကိုယ်တိုင်အသေးစိတ်ရေးဆွဲခဲ့တယ်လို့သိရပါတယ်။


ထိတ်လန့်ရွံရှာဖွယ်ကောင်းတဲ့မြစ်ကြီးနားမြို့သီတာရပ်ကွက်က ပေါက်ကွဲမှုမှာလူ(၁၀)ဦးသေဆုံးပြီး(၂၃)ဦး ဒဏ်ရာရခဲ့တယ်လို့အစိုးရသတင်းစာတွေမှာ ဖော်ပြထားပေမဲ့ မြေပြင်မှာသေဆုံးတာဒီထက်များတယ်လို့သိရပါတယ်။ အများစုဟာကချင်လူမျိုးတွေဖြစ်နေပြီး သူတို့အဖွဲ့ဟာ လိုင်ဇာကနေပြီး မြစ်ကြီးနားမြို့ကအရေးကြီးရုံးဌာနတွေဖောက် ခွဲဖို့ စေလွှတ်ခဲ့သူတွေဖြစ်ပါတယ်။



ဗုံးဖောက်ခွဲပုံအဆင့်ဆင့်ကို ပြင်ဆင်ပြသနေတုန်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ သူတို့ကိုယ်တွေမှာ ကပ်ထားတဲ့ဗုံးတွေပါ ပေါက်ကွဲကုန်တာမို့ဒီလောက်ကြီးပြင်းပြင်းထန်ထန်ဖြစ်သွားခဲ့တာပါ။

KIAတပ်ဖွဲ့ဝင်အများစုဟာ စစ်တိုက်ဖို့ဆန္ဒမရှိကြတော့ပါဘူး။ ခေါင်းဆောင်ပိုင်းသုံးလေးယောက်ရဲ့ အစွန်း ရောက်လူမျိုးရေးဝါဒစွဲတွေကြောင့် ခုလိုမျိုးစစ်ပွဲတွေဖြစ်နေရတာပါလို့ ဒေါက်တာမနမ်တူးဂျာက ပြောပါတယ်။ ဒီခေတ်ထဲမှာ လူမျိုးရေးအစွန်းရောက်မှုတွေ မရှိသင့်တော့ဖူလို့လဲ ပြောပါတယ်။



ဒါပေမဲ့ဗိုလ်ချုပ်ဂမ်ရှောင်ကတော့ စစ်ပွဲမှာရှုံးသွားရင်တောင် ကိုယ့်ကိုကိုယ် ပစ်သတ်သေမယ်လို့ ကြွေးကြော် ထား သူဖြစ်ပါတယ်။ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့လူမျိုးရေးခွဲခြား ထားတဲ့အမိန့်စာတွေဟာ ရှမ်းနဲ့ကချင်တွေကို ရန်တိုက်ပေး သလိုဖြစ်နေလို့ ရှမ်းတွေကလဲ မကျေမနပ်ဖြစ်နေပါတယ်။



ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ တယူသန်လုပ်ရပ်တွေကြောင့် အခုခါမှာတော့ ကချင်လူမျိုးတွေ ကိုယ်တိုင်က KIAအပေါ်မှာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်နေပါတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေ သေကြေအောင် သွားနေတဲ့ရထားတွေ မိုင်းထောင်ဖောက်ခွဲပစ်တာ လက်နက်တွေနဲ့ ပစ်ခတ်တာတွေကိုတော့က ချင် လူမျိုးတွေကိုယ်တိုင်က မကြိုက်ပါဘူး။ ကချင်လူမျိုးတွေ၊ ဒေသခံတွေကိုယ်နှိုက်က အစိုးရတပ်တွေ ကချင်ပြည်နယ် အတွင်း ၀င်ရောက်လာတာကို ကူညီပေးနေပြီး KIAတပ်တွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးနေတယ်လို့ သိရ ပါတယ်။
တကယ်တော့ ကချင်ပြည်နယ်ကြီး အထီးကျန်ပြီး ကချင်လူမျိုးများကို သွေးမြေကျအောင် ကချင်တိုင်းရင်းသားတွေရဲ့ အနာဂတ်ကိုပျက်စီးမှုတွေ လုပ်နေတာက KIA ခေါင်းဆောင်ပိုင်း အချို့က ဆောင်ရွက်နေတယ်ဆိုတာ လက်တွေ့မျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီလို့ ပြောပြချင်ပါတယ်။


Myanmar Express

မြန်မာကို ပိတ်ဆို့မှု အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် အတားအဆီးဟု အာဆီယံပြောကြား


အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများသည် အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွင်း မြန်မာနိုင်ငံ အပြည့်အဝ ဝင်ရောက်နိုင်ရန် အတားအဆီးဖြစ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း နိုဆာဒူဝါဒေသ လာဂူနာဟိုတယ်တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံများမှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် စီးပွားရေးအရ အလားအလာများစွာရှိသော နိုင်ငံဖြစ်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း၏ ဆင့်ပွားအကျိုးစီးပွားမှ အကျိုးရလဒ်များစွာ ရရှိသင့်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။ “ဒါကြောင့် (မြန်မာ) ရွေးကောက်ပွဲပြီးနောက်ပိုင်း စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ကျွန်တော်တို့ (အာဆီယံ) တောင်းဆိုခဲ့တာပါ” ဟု ဆူရင်က ဆက်လက်ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံ လွန်းဘတ်မြို့တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါနိုင်ငံတို့အနေဖြင့် မြန်မာအပေါ် စီးပွားရေး၊ သံတမန်ရေးရာများအရ ပိတ်ဆို့မှုများကို ရုပ်သိမ်းသင့်ကြောင်း အာဆီယံက တရားဝင် ထုတ်ဖော် ပြောကြားလိုက်ခဲ့သည်။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၊ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများက လာရောက်ကူညီ လုပ်ကိုင်ရန် မလွယ်ကူကြောင်း ဒေါက်တာဆူရင်က ပြောကြားသည်။ အထက်ပါ နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဂျပန်၊ အိန္ဒိယ ကဲ့သို့သော စီးပွားရေး အင်အားကြီးနိုင်ငံများမှ လုပ်ငန်းများသည် မြန်မာနိုင်ငံအပေါ် လာရောက်ရင်းနှီးမြှုပ်နှံရန် စောင့်ဆိုင်းလျက်ရှိသည်။ ဥရောပသမဂ္ဂသည် မြန်မာရွေးကောက်ပွဲအပြီး မြန်မာသံအမတ်များနှင့် အဆင့်မြင့်အရာရှိများ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို လျှော့ချထားပေးထားပြီး တိုးတက်မှုရလဒ်များအပေါ် မူတည်၍ အပြုသဘော တုံ့ပြန်သွားမည်ဖြစ်ကြောင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ဒေးဗစ်လစ်မွန်က ပြီးခဲ့သည့်တစ်ပတ် ရန်ကုန်မြို့တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းသွားပါက အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေနှင့် အကူအညီပြန်ပေးရန် အသင့်ရှိကြောင်း ယခုလဆန်းပိုင်းက ပြောဆိုခဲ့ဖူးသည်။ အာဆီယံစီးပွားရေး အသိုက်အဝန်းသည် ၂၀၁၅ ခုနှစ်တွင် အသက်ဝင်မည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံအတွင်း ကုန်သွယ်မှုလုပ်ငန်းများကို လွတ်လပ်စွာ ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း




Myanmar Express

မြန်မာဘုန်းကြီးတွေနဲ့ တိဘက်သီလရှင်တွေ ဆန္ဒပြပုံချင်း အလွန်ကွာခြား



တိဘက်တွင် မယ်လသီလရှင်တစ်ဦး မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြ

တိဘက်မှာ မယ်သီလရှင် တစ်ဦးက မိမိကိုယ်ကိုယ် မီးတင်ရှို့ကာ တရုတ်အစိုးရကို ဆန္ဒပြခဲ့ခဲ့ပါတယ်။ အသက်(၃၅)နှစ်ရှိ မယ်သီလရှင် ပယ်လ်ဒန်ချော့ဆိုသည် နိုဝင်ဘာလ (၁၃)ရက်နေ့က သူမကိုယ်ကိုယ် မီးတင်ရှို့၍ ဆန္ဒပြရင်း သေဆုံးခဲ့ပါတယ်။ သူမ၏ နောက်ဆုံးပုံရိပ်ကို ဗီဒီယို ရိုက်ယူထားပြီး ယင်းဗီဒီယိုကို တိဘက်လွတ်မြောက်ရေး ကျောင်းသားများအဖွဲ့က ဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။




Tibet

(မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြနေသည့် မယ်သီလရှင်)

ဆီချွန်ရှိ ဂန်ဇီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ဒါဝီမြို့ပေါ်မှ လမ်းတစ်ခုပေါ်တွင် ချော့ဆိုသည် မတ်တပ်ရပ်ရင်း မိမိကိုယ်ကိုယ် မီးရှို့ခဲ့သည်ကို ဗီဒီယိုက ရိုက်ကူးထားတာဖြစ်ပါတယ်။ တိဘက်သီလရှင်ဟာ နောက်ပိုင်း မှာ မီးဟုန်းဟုန်းတောက်လောင်လျက်သား လဲပြိုကျသွားခဲ့ပါတယ်။ လွတ်လပ်ပွင့်လင်းစွာ အတည်ပြုနိုင်ခြင်း မရှိတဲ့ အဲဒီ ဗီဒီယို ဟာ အင်တာနက်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့လာခဲ့ ပါတယ်။


မီးတင်ရှို့ကာ ဆန္ဒပြသော ဘုန်းတော်ကြီး (၁၀)ပါးထက်မနည်း ရှိခဲ့သည်ဟု ယူဆရပြီး ယခုအခါ အမျိုးသမီးဖြစ်သော မယ်သီလရှင် တစ်ဦးပါ ပါဝင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြင်းတွင်းမှာရော၊ ပြည်ပမှာပါရှိတယ် မြန်မာဘုန်းကြီးတွေလည်း အခါအားလျှော်စွာ ဆန္ဒပြတာတွေ ရှိပါတယ်။ ဒါပေမယ့် ဦးဝိစာရ လိုမျိုး သေတဲ့အထိ အစာငတ်ခံပြီး ဆန္ဒပြတာတွေ၊ တိဘက်က ဘုန်းကြီး နဲ့ သီလရှင်တွေလို မီးရှို့ပြီး ဆန္ဒပြတာတွေတော့ မရှိပါဘူး။ အန္ဒိယ နဲ့ သိရိလင်္ကာက မြန်မာဘုန်းကြီးတွေကတော့ ပြီးခဲ့တဲ့ နှစ်က မီးရှို့ဆန္ဒပြ မှုတွေ အကြီးအကျယ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မီးရှို့တာတော့ မဟုတ်ပါဘူး။ အလံကိုပဲ မီးရှို့ကြတာပါ။



မာတုကာမပုံကိုင်က ဆန္ဒပြသူ မြန်မာဘုန်းကြီး

မီးရှို့ဆန္ဒပြသူ မြန်မာဘုန်းကြီး (မှတ်ချက် - အလံ)

တံမြက်စီးကိုင် ဆန္ဒပြသူ မြန်မာဘုန်းကြီး

ဆိုင်းဘုတ်ကိုင် ဆန္ဒပြသူ မြန်မာဘုန်းကြီး



Myanmar Express

ကချင်လွတ်မြောက်ရေးအဖွဲ့ အမျိုးသမီးအစည်းအရုံး (KIWA)မှ KIA တပ်မတော်အတွက် ကချင်အမျိုးသမီး စစ်မှုထမ်းများ စုဆောင်းရန် လှည့်လည်စည်းရုံးမှုပြုလုပ်

မိုင်ဂျာယန် နိုဝင်ဘာလ ၁၈

KIAတပ်မဟာ(၃)နယ်မြေ မိုင်ဂျာယန်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးအမျိုးသမီးအစည်းအရုံး(KIWA) (မိုင်ဂျာယန်)မှ စည်းရုံးရေးမှူးဒေါ်မေလီအောင်ခေါင်းဆောင်တဲ့ အဖွဲ့ဝင်(၅)ဦးဟာ မော်တော်ယာဉ်(၂)စီးနဲ့အတူ ခင်ဒစ်ကျေးရွာကို နိုဝင်ဘာလ၁၆ရက်နေ့က ရောက်လာပါတယ်။ တိုက်နယ်မှူးဘရန်အောင်နဲ့KIOတပ်ဖွဲ့ဝင်(၃)ဦးတို့ ကြိုတင်စုစည်းထားတဲ့ ခင်ဒစ်၊ဆိုင်မိုင်ပါနဲ့ခိုင်ဘန်ရွာတွေကဒေသခံ ကချင်အမျိုးသမီး(၃၀)ဦးနဲ့တွေ့ဆုံပြီး ကချင် လွတ်မြောက်ရေးတပ်မတော်အတွက် အမျိုးသမီးစစ်မှုထမ်းအဖြစ်ဝင်ရောက်အမှုထမ်းကြဖို့ စည်းရုံးဟောပြောခဲ့တယ် လို့ မိုင်ဂျာယန်ကလာတဲ့သတင်းတွေအရ သိရပါတယ်။

``ဒေါ်မေလီအောင်ကပြောကြားခဲ့ရာမှာတော့``ကျွန်မတို့ကချင်တပ်မတော်ဟာခုဆိုရင်အစိုးရစစ်တပ်တွေရဲ့ထိုးစစ်တွေကြောင့်အင်အားလျော့နည်းလာနေပါတယ်။ကျတဲ့သူကျ၊သေတဲ့သူသေ၊ဒဏ်ရာရတဲ့သူရနဲ့ ဖြစ်နေပါ တယ်။ ဒီကြားထဲမှာ ကချင်တပ်မတော်ကနေ ထွက်ပြေးနေတဲ့သူတွေလဲရှိနေတာကြောင့် အခုဆိုရင် ကျွန်မတို့ရဲ့ တပ်မတော်ဟာ လူအင်အားတဖြည်းဖြည့်း လျော့နည်းနေပါတယ်။ ဒါကြောင့်မို့အခုကျွန်မလာရတဲ့ရည်ရွယ်ချက်က တပ်အင်အားတွေ တိုးတက်ဖို့၊ ကျွန်မတို့ကချင်အမျိုးသမီးတွေကလဲ ကချင်အမျိုးသားတွေနည်းတူတိုက်ပွဲဝင်နိုင်ဖို့ လာရောက်ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ ကချင်နိုင်ငံတော်ကို ကာကွယ်ဖို့၊ ကျွန်မတို့ရဲ့ စစ်ခေါင်းဆောင်တွေကို ၀န်းရံဖို့အတွက် KIAတပ်မတော်မှာ အမျိုးသမီးစစ်မှုထမ်းတွေ အများကြီးလိုအပ်နေပါတယ်။´´



``ဒီစစ်ပွဲတွေကြောင့် ကျေးရွာတွေမှာရှိနေတဲ့လူထုတွေ ဒုက္ခဘေးမကြုံစေဖို့ လိုင်ဇာဌာနချုပ်မှာ သက်ကြီး ရွယ်အိုနဲ့ခလေးတွေလဲကျွန်မတို့စုစည်းထားပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာလဲသာမန်ပြည်သူတွေပဲမို့လို့ စားနပ် ရိက္ခာ၊ဆေးဝါးစတဲ့အထောက်အပံ့တွေလိုအပ်နေပါတယ်။ အရင်တုန်းကတော့တရုတ်ပြည်ဘက်က ထောက်ပံ့ တာတွေရှိခဲ့ပေမဲ့ တရုတ်ကလဲအဆင်မပြေဖြစ်ပြီး မထောက်ပံ့တော့ပါဘူး။ ဒါကြောင့်ကျွန်မတို့ရဲ့ စစ်ပြေးဒုက္ခသည် တွေလဲ အရမ်းကိုပဲ ဒုက္ခရောက်နေပါတယ်။´´

``ကချင်စစ်သည်တော်တွေအနေနဲ့လဲ အစိုးရတပ်တွေရဲ့လက်နက်ကြီးတွေ၊လက်နက်ငယ်တွေ၊လက်နက် ဆန်းတွေအသုံးပြုတိုက်ခိုက်နေတာတွေကြောင့် စိုးရိမ်ကြောက်လန့်မှုတွေရှိနေပါတယ်။ ဒါတွေကိုလဲကျွန်မတို့အမျိုး သမီးအစည်းအရုံးအနေနဲ့ အားပေးနေရပါတယ်။ အစိုးရတပ်တွေကလဲ အရင်တုန်းက ဗမာပြည်မြောက်ပိုင်းက တပ်တွေလောက်နဲ့တိုက်နေရာကနေ အခုဗမာပြည်အောက်ပိုင်းကတပ်တွေပါတက်လာနေပါတယ်။ဗိုလ်ချုပ်ဂမ်ရှောင် ကတော့ အစိုးရတပ်တွေအနေနဲ့ အဆိပ်လက်နက်တွေအသုံးပြုတိုက်ခိုက်တဲ့အကြောင်း ကချင်လူထုကိုဝါဒဖြန့်ပေးဖို့ နဲ့ကမ္ဘာ့မီဒီယာတွေအထိ ရောက်အောင်ဖြန့်ပေးဖို့ပြောထားတာရှိပါတယ်။ ဒါလေးတွေကိုလဲရွာတွေမှာ၊မြို့တွေမှာ ပြန့်သွားအောင်လုပ်ပေးကြပါ။ကျွန်မတို့ကချင်တိုင်းရင်းသားတွေအတွက် အခြားတိုင်းရင်းသားတွေနည်းတူ တန်းတူ အခွင့်အရေးရဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့်အခုတက်ရောက်လာကြတဲ့အမျိုး သမီးများအနေနဲ့ အပျိုဖြစ်ဖြစ်၊ အအိုဖြစ်ဖြစ် KIA တပ်မတော်မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ် ပါတယ်။´´လို့ပြောကြားခဲ့ပြီးတက်ရောက်လာကြတဲ့ အမျိုးသမီးတွေကို ဆန်(၅)အိတ်၊ဆီတစ်ပုံးနဲ့ ဆားတစ်အိတ် တို့ပေးခဲ့ပါတယ်။

စည်းရုံးရေးမှူး ဒေါ်မေလီအောင်နဲ့အဖွဲ့ဟာ ခင်ဒစ်ကျေးရွာကနေ ညနေပိုင်းမှာပြန်ထွက်သွားပြီး ညနေ(၄) နာရီခွဲမှာ မိုင်ဂျာယန်ကို ပြန်ရောက်တယ်လို့သိရှိရပါတယ်။ ဒေါ်မေလီအောင်ဟာ ကချင်လွတ်မြောက်ရေးအမျိုးသမီး အစည်းအရုံး(မိုင်ဂျာယန်)မှာစည်းရုံးရေးမှူးအဖြစ်တာဝန်ယူထားပြီး အမျိုးသမီးစစ်မှုထမ်းစုဆောင်းရေးတာဝန်ခံ တစ်ဦးအဖြစ်လဲတာဝန်ပေးအပ်ခြင်းခံထားရပြီး ကချင်လွတ်မြောက်ရေးတပ်မတော်အတွက် တက်ကြွရဲရင့်စွာ တာဝန် ကျေပွန်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။



Myanmar Express

ဘုရင်စနစ်ကို ပုတ်ခတ်ရေးသားရင် ထောင် အနှစ် ၂၀ ချ တဲ့ ထိုင်းနိုင်ငံ


ထိုင်းနိုင်ငံမှာ မနှစ်က မေလတုန်းက ၀န်ကြီးချုပ်ဖြစ်သူ အဘီဆစ် ၀ိချာချီဝထံကို ဒီ မသင့်လျော်တဲ့ သတင်းစကား (Message) ပေးပို့ခဲ့မှုနဲ့ လူတဦးကို နှစ် ၂၀ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ ဘန်ကောက်မြို့ ရာဇ၀တ် တရားခုံရုံးကနေ မ နေ့က ပဲ အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ အမ်ပွန်း တန်နော်ပါကူးလ် (Ampon Tangnoppakul) ကို ထိုင်းနိုင်ငံအုပ်ချုပ်မှုစနစ်ကို အသရေဖျက် ရေးသားမှုကြောင့် အပြစ်ရှိခဲ့တယ်လို့ အမိန့်ချလိုက်တာပါ။

ထိုင်းအာဏာပိုင်တွေက ဒီသတင်းစကားတွေထဲမှာ ဘာတွေပါလဲဆိုတာကို အတိအကျ ထုတ်မပြောခဲ့ပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ အန်ကယ်လ် အက်စ်အမ်အက်စ် (SMS) လို့ လူသိများပြီး အပြစ်ပေးခံရတဲ့ အမ်ပွန်းကတော့ သူ့အနေနဲ့ အပြစ်မရှိဘူးလို့ ပြောဆိုနေဆဲဖြစ်ပြီး ဒီသတင်းစကား ပေးပို့ခဲ့တဲ့ ဖုန်းကဒ်၊ ဆင်းမ်ကဒ်ကိုလည်း သူပိုင်တာမဟုတ်ဘူးလို့ ဆက်လက် ငြင်းထားပါတယ်။


အလားတူ အုပ်ချုပ်သူတွေကို ဝေဖန်ပုတ်ခတ် မှုကြောင့် အရေးယူဒဏ်ခတ်မှုတွေ လည်း အများကြီးရှိတယ်လို့ သိရပါတယ်။ ဒီလိုထောင်ချခံရသူအတွက် အမေရိကန်နဲ့ ကုလက စိုးရိမ်ကြောင်းမပြောခဲ့ပါဘူး။ ထိုင်းနိုင်ငံက ဖုန်းမက်ဆေ့ခ်ျပို့ရုံနဲ့ ထောင် အနှစ် ၂၀ ကျတဲ့လူကိုတော့ မလွှတ်ခိုင်းပဲ၊ မြန်မာနိုင်ငံက မက်ဆေ့ခ်ျပို့တာထက် အများကြီး ဆိုးတဲ့ ဥပဒေဖောက်ဖျက်၊ ရမ်းကားခဲ့မှုကြောင့် ထောင်ကျနေသူတွေကိုတော့ ယုံကြည်ချက်ကြောင့် ကျသူတွေပါဆိုပြီး လွှတ်ခိုင်းနေကြကြောင်း ထူးထူးဆန်းဆန်းတွေ့ရပါတယ်။


Myanmar Express

မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲလာမှုကို အာဆီယံကကြိုဆို


အောက်တိုဘာလကုန်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအား သတင်းထောက်များက ၀ိုင်းဝန်းမေးမြန်းနေစဉ်။
ဓာတ်ပုံ-ရတနာ

မြန်မာနိုင်ငံ၌ လက်ရှိ အရပ်သားအစိုးရသစ်တက်ပြီး နောက်ပိုင်း အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း၊ စာပေစိစစ် ဖြတ်တောက်မှု လျှော့ပေါ့ပေးခြင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးခြင်းတို့သည် မြင်သာထင်ရှားသော တကယ့် နိုင်ငံရေးပြောင်းလဲမှုများဖြစ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က ကြိုဆိုခဲ့သည်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သော အထွေ ထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပေါ်ထွက်လာရေးအတွက် အရေးကြီးသောရွေးကောက်ပွဲဖြစ်ရာ အာဆီယံအနေဖြင့် ကြိုဆိုကြောင်း ထိုစဉ်က အာဆီယံ ဥက္ကဌအဖြစ် တာဝန် ယူဆောင်ရွက်ခဲ့သည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲအပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်သာမက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းနှင့်ပါ ရှေ့ဆက် ပူးတွဲဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်း၊ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်ခြင်းတို့ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုပြီး လက်ရှိမြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ ထားမှုများ ကို အမြန်ဆုံးစဉ်းစားရုတ်သိမ်းပေးရန် လိုအပ်ကြောင်း ယခုနှစ် ဇန်န၀ါရီလက ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီး အားလုံးက တညီတညွတ်တည်း တောင်းဆိုခဲ့ကြသည်။

အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကာဆစ်ပီရိုမြ ကလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီစနစ်ကူးပြောင်းမှုကို ထောက်ခံအားပေးရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်း ခဲ့သည်။

ထို့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကူးပြောင်းရေး၊ အမျိုးသား ညီညွတ်ရေး၊ လူနေမှုဘ၀ အဆင့်အတန်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်း ကူညီဆောင်ရွက်ပေးရန်လိုကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင်လက်ရှိ မြန်မာအစိုးရသစ်လက်ထက် လူ့ အခွင့်အရေးနှင့် အမျိုးသားညီညွတ်ရေးအတွက် ဆောင်ရွက် နေမှုများသည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ ထားမှုများကိုရပ်တန့်စေနိုင်သည့် အခြေအနေရှိလာကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် လက်ရှိအခြေအနေတွင် ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေးအရ ပိတ်ဆို့ထားမှုနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးရန် အစီအစဉ်မရှိကြောင်း ယခုနှစ် မေလ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အီးယူ-အာဆီယံ စီပွားရေး ထိပ်သီးဆွေးနွေးပွဲတွင် အီးယူကုန်သွယ်ရေး ကော်မရှင်အဖွဲ့ဝင် Karel De Gucht က မြန်မာတိုင်း(မ်)ကို ပြောခဲ့သည်။

သို့သော် အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်လာသည့် အီးယူစီးပွားရေးလုပ်ငန်းရှင် အတော်များများက မြန်မာနိုင်ငံတွင် အထူးသဖြင့် ထုတ်ကုန်၊ စွမ်းအင်၊ သတ္ထု တူးဖော်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြပြီး အီးယူ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုကိုလည်း ရပ်တန့်စေလိုကြသည်။

ဥရောပသမဂ္ဂသည် အာဆီယံ၏ ဒုတိယ အင်အား အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကုန်သွယ်မှု ပမာဏမှာ 'ကန်'ဒေါ်လာ ၂၁၀ ဘီလျံအထိ ရှိသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌအဖြစ် လာအိုနိုင်ငံကိုယ်စား မြန်မာနိုင်ငံက လက်ခံဆောင်ရွက်ရန် အတွက် ယခုနှစ် မေလက ကျင်းပခဲ့သော (၁၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်မှ တင်ပြတောင်းဆိုထားရာ လက်ရှိ အာဆီယံ- မြန်မာ ဆက်ဆံရေးကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပိုမို အာရုံစိုက်လာကြသည်။

အက္ခရာအစဉ်အလိုက်ကြည့်ပါက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင်သာ အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်နိုင်မည့် အလား အလာရှိသည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ် အာဆီယံဥက္ကဌ အဖြစ် ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး အာဆီယံ၏ဆွေးနွေး ဖက်ဖြစ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ဆန့်ကျင်ကြပြီး မြန်မာနိုင်ငံ ဥက္ကဌအဖြစ်ဆောင်ရွက်ပါက မြန်မာနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံနှင့်ပတ်သက်သည့် မည်သည့်အစည်းအဝေးမှ တက်ရောက်မည်မဟုတ်ဟု ပြောဆိုကြသည်။

အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ ကလည်း မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက် လိုမှုကို ကန့်ကွက်ကြသည်။

မြန်မာအစိုးရအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ဥက္ကဌအဖြစ် ဆောင်ရွက်လိုရေးအတွက် အထောက်အကူဖြစ်စေရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် (၁၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အခြားနိုင်ငံခေါင်း ဆောင်များနှင့် ဆွေးနွေးပွဲမပြုလုပ်မီ လက်ရှိ အာဆီယံဥက္ကဌ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသမ္မတ စူဆီလိုဘန်ဘန်း ယူဒိုယူနိုနှင့် ကနဦးတွေ့ဆုံပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်လိုကြောင်း တင်ပြဆွေးနွေးခဲ့သည်။ အဆိုပါ (၁၈)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး အပြီးတွင် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက လက်ရှိဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မာတီ နာတာလီဂါဝါအား မြန်မာနိုင်ငံသို့စေလွှတ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေနှင့် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်နိုင်ရန် အဆင့်သင့်ဖြစ်မဖြစ်တို့ စိစစ်လေ့လာရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်အရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၂၈ရက်နေ့က ရောက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ အခြားအစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားထင်ရှားသော ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ နှင့်မြန်မာလူ့အခွင့်အရေးကော်မရှင် ဥက္ကဌတို့နှင့် တွေ့ဆုံခဲ့သည်။

အောက်တိုဘာလ ၂၉ရက်နေ့ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌဖြစ်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားထင်ရှားသောပုဂ္ဂိုလ်တို့၏ ထင်မြင်ယူဆချက်ကိုလည်း ၎င်းအနေဖြင့် အလေးထား ကြောင်းပြောကြားသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့အထင် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေက အရမ်းအရေးကြီးပါတယ်။ဒေါ်အောင်ဆန်းစုကြည် သာမက အာဆီယံ အသိုက်အ၀န်း တခုလုံးရဲ့ ထင်မြင်ယူဆချက်လည်း အရေးကြီးပါတယ်။ အာဆီယံဆိုတဲ့ အဖွဲ့အစည်းက ပြည်သူတွေရဲ့အသံကို အမြဲစောင့်ကြည့်နားထောင်ပါတယ်။ သူနဲ့တွေ့ဆုံဆွေးနွေးတုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး သူရဲ့ထင်မြင်ချက် ယူဆချက်တွေကို သိရှိခဲ့ပါတယ်။ သူ ဒီကိစ္စကို ကောင်းကောင်း နားလည်ထားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ဥက္ကဌအဖြစ် တာဝန်ယူချင်ရတဲ့ ဆန္ဒကို လည်း နားလည်သဘောပေါက်ကြောင်း ကျွန်တော့ကို ရှင်းပြပါတယ်"ဟု မစ္စတာ နာတာလီဂါဝါက ပြောသည်။

"ဒီရောက်တုန်းတွေ့ခဲ့တဲ့ တခြားပုဂ္ဂိုလ်တွေရဲ့ သဘော တရားတွေ၊ ထင်မြင်ယူဆချက်တွေကို နားထောင်ခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက် တခြားနိုင်ငံခြားရေး ၀န်ကြီးတွေကို ပြန်လည်ဆွေးနွေးပြီး ဘာလီမှာ လုပ်မယ့် (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်တွေကို တင်ပြသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောခဲ့သည်။


http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း




Myanmar Express

ဘုရားသောက်တော်ရေခွက်ထဲတွင် ထူးဆန်းစွာ ပေါ်ထွက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြတ်စွယ်တော် နှင့် စေတီပုံပေါ် ရေသန့် ဘူးများ

နိုဝင်ဘာ၂၂ရက်၊ ည ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၀ါယာလတ် ပေါက်ကုန်းရပ်ကွက် အ ပိုင်း(၁၀)မဥူသကလမ်း၊ အိမ်နံပါတ်(၂၀၁) ကိုထွန်းလှ+မဘိုမတို့၏နေအိမ်တွင် နံနက်ခင်း၁၀နာရီခွဲခန့်က နေ ပြည်တော်မှ ရန်ကုန်မြို့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော ဂေါတမဗုဒ္ဓ၏စွယ်တော်မြတ်ပုံတော် ထူးဆန်းစွာပေါ်ပေါက်လာကြောင်းသိရှိရသည်။ ဖြစ်ပျက်ပုံမှာ အဆိုပါအိမ်ပိုင်ရှင် မဘိုမသည် ည(၈)နာရီတွင် MRTV-4မှထုတ်လွှင့်ရာတွင် တရုတ်ပြည်မှ ပင့် ဆောင်လာသည့် ဗုဒ္ဓစွယ်တော်အား တီဗွီဖန်သားပြင်မှ ဖူးမျှော်ရစဉ် ကိုယ်တိုင်အနီးကပ်ဖူးမျှော်ချင်သည့်ဟု စိတ်ထဲမှ ဆုတောင်းခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆုတောင်းပြီးခဲ့ပြီးနောက် နေအိမ်ရှိ ဘုရားစင်မှ ပန်း၊ဆီမီး၊အမွှေး တိုင်၊ ရေချမ်း စသည်တို့အားလုံးအသစ်လဲလှယ်ခဲ့ကြောင်း၊ ထိုသို့လဲလှယ်အပြီးတွင် မီးခဏပျက်သွားခဲ့သည်။

မီးပြန်လာချိန်၊ ည(၉)နာရီခန့်တွင် ဘုရားစင်အားရုတ် တရတ်အမှတ်မထင်ကြည့်မိရာ သူမကပ်ထားသည့် သောက်တော်ရေခွက်ထဲတွင် ဗုဒ္ဓစွယ်တော်နှင့်တထေရာတည်း တူနေသည့် စွယ်တော်ပုံ ထူးဆန်းစွာ ပေါ်ပေါက် နေသည်ကိုတွေ့ခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် အနီးတ၀ိုက်မှအိမ်နီးချင်းများအားခေါ်ယူပြသခဲ့ပြီး ထိုမှတဆင့် ၀ါယာလတ်မြို့နယ်တလျှောက်သတင်းပြန်နှံ့သွားခဲ့ကာ ည(၁)နာရီခန့်တွင် လာရောက်ကြည့်ရှု ဖူးမျှော်သူအများ အပြားဖြင့် စည်ကားလာခဲ့သည်။ အဆိုပါသတင်းကြောင့် သက်ဆိုင်ရာရပ်ကွက်လူကြီးများနှင့် ရဲဝန်ထမ်းများလာ ရောက်စစ်ဆေးပြီး သောက်တော်ရေခွက်အား အသစ်လဲလှယ်စေခဲ့သည်။

ထိုသို့ပြုလုပ်စေခဲ့သော်လည်း သောက် တော်ရေခွက်ထဲတွင် မူလအတိုင်း စွယ်တော်မှာ ပြန်လည်ပေါ်ပေါက် လျက်ရှိကြောင်းတွေ့ခဲ့ရသည်။ လက်ရှိအချိန်တွင် မင်္ဂလာဒုံမြို့နယ်အပြင် ရန်ကုန်တိုင်းအတွင်းရှိ တခြားမြို့နယ် များမှလည်း ကားများဖြင့် လာရောက်ကြည့်ရှုဖူးမျှော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။


စေတီပုံပေါ် ရေသန့် ဘူးများ

1 Votes

ဒီနေ့ မနက်သတင်းတွေဖွင့်ကြည့်လိုက်တော့ ရေသန့် ဘူးပေါ်တွေမှာ စွယ်တော်မြတ် ပေါ်နေပုံသတင်းတွေ အများကြီး တွေ့ ရပါတယ်။
ရေသန့် ဘူးနာမည်တွေက တော့ Bio Plus , Alpine အစရှိတဲ့ ရေသန့် ဘူးတွေမှာ တွေ့ မြင်ရပါတယ်။ Facebook မှ ရရှိသော ပုံများကိုတဆင့်မျှဝေလိုက်ပါတယ်။


ဒီပုံလေးကို တော့ မမြသွေးနီမှ ယူထားတာပါ..

လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြကျောက်ဆရာတော်ဘုရားကို ကျွန်မသွားဖူးခဲ့တုန်းက ဆရာတော်ဘုရားစွန့် လိုက်တဲ့ ရေသန့် ဘူးတွေမှာလည်း နေရောင်ထဲထောင်ကြည့်ရင် စေတီပုံပေါ်ပါတယ်…ဒါကြောင့် ဘုရားစင်ပေါ်မှာ တင်ထားတဲ့ မြကျောက်သောက်ရေသန့် ပုလင်းကိုယူပြီး ဒီနေ့ ဓာတ်ပုံရိုက်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ရေသန့် ဘူးခွံကို နေရောင်ထဲ ထောင်ကြည့်လိုက်ရင် စေတီပုံပေါ်နေပါတယ်




http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

မြန်မာဘုန်းကြီးကျောင်းကို မွန်လက်နက်ကိုင်တွေ ဝင်းစီး (ပေးစာ - ၅၂)



သံဖြူဇရပ်မြို့နယ်၊ ကြံခိုင်ရေးရပ်ကွတ်
၊အောင်ဆန်းလမ်းရှိ သိရိမင်္ဂလာဂိတ်ကျောင်းမှာ လွန်ခဲ့သောနှစ်ပေါင်း (၆၀)
ကျော်ကတည်းက မြန်မာဘုန်းတော်ကြီးဦးသုန္ဒရ မှ
တည်ထောင်ကာဘုန်းတော်ကြီးအဆက်ဆက် သာသနာပြန့်ပွါးရေးအတွက်
သီတင်းသုံးဆောင်ရွတ်ခဲ့ကြပြီးနောက်ဆုံး ( ၉-၁၀-၂၀၀၁)
နေ့တွင်ပျံလွန်တော်မှုခဲ့သော ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသလက်ထက်အထိ
မြန်မာဘုန်းတော်ကြီး (၅) ပါးအဆင့်ဆင့်ပြောင်းလဲဆက်ခံ သီတင်းသုံးနေခဲ့သည်။
အဆိုပါသိရိမင်္ဂလာဂိတ်ကျောင်းမှာ
မြန်မာလူမျိုးအစဉ်အဆက်ကိုးကွယ်ခဲ့သော သုဓမ္မာကျောင်းဖြစ်ပြီး
(၉-၁၀-၂၀၁၁)နေ့တွင်ဆရာတော် ဦးတေဇောဘာသ ၊
သက်တော် (၇၅)နှစ် ၊၀ါတော် (၅၅) ၀ါ ပျံလွန်တော်မူပြီး (၁၀-၁၀-၂၀၁၁)
နေ့တွင်ရွှေရင်ကွေ့သုသန်တွင် မီးသဂြိုလ်ခဲ့ပြီး ၄င်းမပျံလွန်မှီက
ကျောင်းကိစ္စအ၀၀ကို
၎င်း၏တပည့်သံဃာအား ထုံးစံနှင့် အညီလွဲပြောင်းပေးအပ်ခဲ့သည်။
သို့သော် (၁၅-၁၀-၂၀၁၁) ညနေ (၃း၀၀) နာရီအချိန်တွင် အဆိုပါကျောင်းသို့
သံဖြူဇရပ်မြို့နယ်/ကျေးရွာရှိ မွန်ဘုန်ကြီး (၉) ကျောင်းမှ ပူးပေါင်းကာ
မွန်ဘုန်းကြီး
(၂၃)ပါး ဒကာ ဒကာမ(၃၀)ကျော်နှင့် မွန်လက်နက်ကိုင်အမည်ခံသူ(၅) ဦးတို့က
ကျောင်းအတွင်းကို အဓမ္မ၀င်ေ၇ာက်သိမ်းပိုက်ကာ ကျောင်းနေ၀ါဆို သံဃာများလက်မှ
ကျောင်းကိုသိမ်းပိုက်ကြောင်း ကြေညာခဲ့သည့်အပြင်ကျောင်းသို့
ပစ္စည်းလေးပါးဆက်ကပ်နေသော မြန်မာ ဒကာ ဒကာမမှားအားကျောင်းအတွင်းသို့
မ၀င်ရန်နှင့် ၀င်ပါက ဖမ်းချုပ်မည်ဖြစ်ကြောင်းသေနတ်များဖြင့်
ဝိုင်းဝန်းခြိမ်းခြောက်ရုံမျှမက ၄င်းတို့တွင်ပါဝင်သောဘုန်းကြီးတပါးမှ
ကျောင်းဒကာ ဒကာမများအား ဓါတ်ပုံများ
လိုက်လံ ရိုက်ကူးခဲ့သည်။
ထိုသို့ ၀င်ရောက်သိမ်းပိုက်နေသော
မွန်လက်နက်ကိုင်အမည်ခံများတွင်သေနတ်များ၊ လက်ထိပ်များပါဝင်နေသောကြောင့်
မြန်မာဒကာ၊ဒကာမများမှာ များစွာ
ကြောက်ရွံ့နေရပါသည်။ထိုမျှမကသေးပဲ ကျောင်းနေသံဃာတော်များအား
ဆွမ်းချိုင့်များပို့နေခြင်းကိုလည်း ၀င်ခွင့်မပြုပဲ
လက်နက်ကိုင်အစောင့်အကြပ်များဝိုင်းရံ
ထားပြီး မင်းမဲ့စရိုက်ဆံစွာ ပြုမှုလုပ်ဆောင်နေကြပါသည်။
အဆိုပါ မွန်သံဃာများ၊ ဒကာ ဒကာမများနှင့်
လက်နက်ကိုင်များ၏ပြုလုပ်နေမှုအပေါ်အခြားကျောင်းများတွင်သီတင်းသုံးနေသော
ဆရာတော်ကြီးများ ၊ သံဃာ
တော်များ ၊ သိရိမင်္ဂလာဂိတ်ကျောင်းကို ကိုးကွယ်နေသော ဒကာ ဒကာမများမှာ
မခံမရပ်လောက်အောင်ဖြစ်နေရပါသည်။ထို့သို့ ဘာသာ သာသနာနှင့် ညီညွတ်မှုမရှိ
သောအဓမ္မကျူးကျော်သိမ်းပိုက်နေကြသောအဖွဲ့ကို
အခြားကျောင်းရှိဆရာတော်များနှင့် ကျောင်ဒကာ ဒကာမများကလည်း သဘောတူညီခြင်း
မရှိပါ။
ထို့ကြောင့် လူနည်းစုဖြစ်သော မွန်သံဃာများ ဒကာဒကာမများ နှင့်
၎င်းတို့၏ လက်နက်ကိုင်များ မင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်နေမှုကို ဟန့်တားပေးကြပါရန် ............


Myanmar Express

လူတွေအာရုံစိုက်လာကြတဲ့ လွှတ်တော်အခင်းအကျင်း

ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ - ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်တစ်နေ့တာ အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာကြစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး

ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ ပထမဆုံးခေါ်ယူကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ကြည့်မယ်ဆို လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို ပီပီပြင်ပြင် မပြသနိုင်ခဲ့ကြတာကို တွေ့ရပါမယ်။

အကူးအပြောင်းကာလဖြစ်တဲ့အလျောက် အစိုးရသစ်ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖွဲ့စည်းခြင်းနဲ့ အဆိုအနည်းငယ်၊ မေးခွန်း အနည်းငယ်ကိုသာ ဆွေးနွေးခဲ့တာမျိုးဖြစ်တာကြောင့် ပြည်သူတွေက လွှတ်တော်ရဲ့သဏ္ဍာန်ကို ခပ်ဝါးဝါးနဲ့သာ မြင်နေခဲ့ရပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင်းပ ပေးခဲ့တဲ့ ပထမအကြိမ် အစည်းအဝေးဖြစ်တာကြောင့် မေးခွန်းတွေကို ဖြေကြားခဲ့တဲ့ ၀န်ကြီးတွေဟာလည်း 'နယက' တနည်းပြောရရင် အရင်အစိုးရ ရဲ့ ၀န်ကြီးတွေ ဖြစ်နေကြပါတယ်။

အဲဒီနောက် အခုခေါ်ယူနေဆဲဖြစ်တဲ့ ဒုတိယပုံမှန်အစည်းအဝေးမှာတော့ ဆွေးနွေးခဲ့တဲ့ အဆိုတွေ၊ မေးခွန်းတွေဟာ လက်ရှိတာဝန်ယူ အကောင်အထည် ဖော်နေတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေက ပြန်လည်တုံ့ပြန်ဆွေးနွေး ကြတာဖြစ်လို့ ပိုပြီးလက်တွေ့ ကျတာကို တွေ့ရမှာပါ။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုတဲ့ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌအသီးသီးဟာလည်း လွှတ်တော်တွေကို အတော်လေး ပုံဖော်နိုင်ခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေ၊ မေးခွန်းနဲ့ အဆိုတွေ ဟာလည်း ပထမအကြိမ်အစည်းအဝေးမှာတုန်းက ပြည်သူတွေအားမလိုအား မရဖြစ်စရာတွေဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တိုးတက်မှုရှိလာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးစရာမလိုတဲ့ကိစ္စတွေကို တင်ပြနေသေးတာမျိုးတွေလည်း ရှိနေပါသေးတယ်။ လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးအတွက် ဒုတိယအစည်းအဝေး မစခင်ကတည်းက လွှတ်တော်အမြဲတမ်းကော်မတီတွေဟာ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပပြီး ဥပဒေပြုရေးအတွက်ပြင်ဆင်ခဲ့ကြပါတယ်။

ယခင်အစိုးရ လက်ထက်က အသုံးပြုခဲ့တဲ့၊ အသုံးပြုနေဆဲ ဥပဒေတွေထဲက ပယ်ဖျက်သင့်တဲ့၊ ပြင်ဆင်ရေးဆွဲသင့်တဲ့၊ အသစ်ရေးဆွဲသင့်တဲ့ဥပဒေတွေကို လေ့လာခဲ့ကြပါတယ်။

ပထမဦးဆုံးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတင် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ဆိုင်ရာဥပဒေတွေအနက်က အမြတ်ခွန်ဥပဒေကိုဖျက်သိမ်းပြီး အခြားဥပဒေလေးခုကို ပြင်ဆင်ဖို့တင်ပြခဲ့ပြီး ပြင်းပြင်းထန်ထန်ဆွေးနွေးစရာ မလိုဘဲ အတည်ပြု နိုင်ခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အဆင့်မှာတော့ ဥပဒေကြမ်း ၁၇ခု ကို ဆွေးနွေးခဲ့ကြပြီး အဲဒီဥပဒေကြမ်းတွေအနက် အလုပ်သမားအဖွဲ့အစည်းဥပဒေ ဟာ ပြည်တွင်းပြည်ပရဲ့ အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့လည်း ဒီဥပဒေကြမ်းဟာ အရေးပါလှပါတယ်။

လွှတ်တော်နှစ်ရပ်က သဘောတူညီမှုမရတဲ့ ဥပဒေကြမ်းတွေဟာ ပြည်ထောင်စုလွှတ်တော်ရဲ့အဆုံးအဖြတ်ကိုရယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အားလုံးမျှော်လင့်နေကြတဲ့ ဥပဒေတွေအနက်က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး ဥပဒေ၊ လွတ်လပ်စွာစုရုံးခွင့်နှင့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေ၊ ပုဂ္ဂလိက ကျောင်းမှတ်ပုံတင်ဥပဒေ၊ လယ်ယာမြေ ဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေဟာ အတည်ပြုနိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်နေတာကို တွေ့ရပါတယ်။

လွှတ်တော်ရဲ့သက်တမ်းနုနယ်သေးတဲ့အတွက် လွှတ်တော်လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ 'နယက'က ရေးဆွဲပေးခဲ့တဲ့ လွှတ်တော်ဥပဒေတွေကို လည်း ပြင်ဆင်ခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲကို မကြာမီမှာကျင်းပဖို့ ရှိတဲ့အတွက် လွှတ်တော်အရပ်ရပ်ရဲ့ ရွေးကောက်ပွဲဥပဒေတွေကိုလည်း လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုလည်း ဖြေလျော့မှုတွေနဲ့ ပြင်ဆင်ခဲ့တာကြောင့် လူအများစိတ်ဝင်စားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင် မတင်ဆိုတဲ့ ကိစ္စကို ပိုပြီးဂရုပြုမိစေပါတယ်။

လွှတ်တော်လုပ်ငန်းစဉ်အရ လွှတ်တော်နှစ်ရပ်က သဘောတူညီပြီးတဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က သဘော တူညီပြီးဖြစ်တယ်လို့ သတ် မှတ်ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က သဘောတူညီပြီးဖြစ်တဲ့ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတရုံးကို ပေးပို့ရမှာဖြစ်ပြီး သမ္မတအနေနဲ့ ပြင်ဆင်စရာမရှိရင် ၁၄ရက်အတွင်း လက်မှတ်ထိုးပြီး ပြန်လည်ပေးပို့ရမှာဖြစ်ပါ တယ်။

တကယ်လို့ ၁၄ရက်အတွင်း ပေးပို့ခြင်းမရှိရင်လည်း အတည်ပြုပြီး ဖြစ်တယ်လို့ သတ်မှတ်မှာဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေး အတွင်း လွှတ်တော်နှစ်ရပ်ရဲ့ သဘောထားကွဲလွဲမှု တွေဟာလည်း လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါသေးတယ်။ လွှတ်တော်တွင်း ဆွေးနွေးကြတဲ့ အဆိုတွေနဲ့ဥပဒေကြမ်းတွေက စိတ်ဝင်စား စရာကောင်းလာသလို ထပ်မံဖွဲ့စည်းလိုက်တဲ့ လွှတ်တော်ရေးရာ ကော်မတီတွေဟာ လည်း အာရုံစိုက်စရာဖြစ်လာပါတယ်။

သက်တမ်းတစ်နှစ်နဲ့ ယာယီဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေကို များ သောအားဖြင့် ယခင်အစိုးရ၀န်ကြီးဟောင်းတွေ၊ အတွေ့အကြုံရင့်သူတွေနဲ့ ဖွဲ့စည်းထားပြီး ကော်မတီအသီးသီးဟာ ပြည်သူနဲ့ထိတွေ့နိုင်သမျှထိတွေ့နိုင်ဖို့ ကော်မတီရဲ့ပုံရိပ်ကို ဖော်ညွှန်းနိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။ ပြည်သူ့လွှတ်တော်က အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီဆိုရင် ရေးရာကော်မတီတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် သတင်း မီဒီယာသမားတွေကို ခေါ်ယူတွေ့ဆုံပြီး ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲနေတဲ့ မီဒီယာဥပဒေနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို လွတ်လွတ်လပ်လပ် ပွင့်ပွင်းလင်းလင်း ဆွေးနွေးကြားနာခဲ့ပါတယ်။

ဒါ့အပြင် နောက်တစ်ကြိမ်အစည်းအဝေးမှာ နိုင်ငံရဲ့ရသုံးမှန်းခြေငွေ စာရင်းဥပဒေကြမ်းကို ဆွေးနွေးကြရမှာဖြစ်လို့ ဘတ်ဂျက် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲ ကိုလည်း လွှတ်တော်သဘင်ဆောင်မှာ ငါးရက်ကြာ ကျင်းပခဲ့ပါ သေးတယ်။

လွှတ်တော်အစည်းအဝေးကာလ သုံးလအတွင်း ရောက်လာပြီဖြစ်တာ ကြောင့် ကြန့်ကြာနေတဲ့ ဥပဒေကြမ်းတွေကိုပဲ အပြီးသတ်ဖို့ လွှတ်တော် နှစ်ရပ်စလုံးက ကြိုးစားနေကြတာဖြစ်ပြီး မကြာခင်မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေါ်ယူကာ ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို အဆုံးသတ်မယ်လို့ မျှော်လင့်ရပါတယ်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း




Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ