Subscribe to our RSS Feed

ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ပါ... မပါဝင်ရင်တော့ ဆက်လက်တိုက်ခိုက်မည် ဟု ပြောကြား


နိုင်ငံငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့နှင့် ပူးပေါင်းမပါဝင်ပါက ဆက်လက်ပြီးတိုက်ခိုက်ခံနေရအုံးမှာ ဖြစ်ကြောင်း ကို စစ်ပွဲများရပ်စဲရေး၊ လွတ်လပ်စွာ သဘောထားကွဲလွဲရေး နှင့် ဒီမိုကရေစီ အရေး ဆိုတဲ့ စကားတွေကို အမြဲပြောတတ်တဲ့ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တာလီဘန်တွေကို ပြောကြားလိုက်ပါတယ်။

ဟီလာရီကလင်တန်ဟာ သမ္မတအိုဘားမားရဲ့ အားအကိုးရဆုံး ဖြစ်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာကွဲလွဲခွင့်ရရေးနဲ့၊ ဒီမိုကရေစီအရေးအပြင် အစိုးရရဲ့ လက်နက်ကိုင်တိုက်ခိုက် မှုတွေကိုပါ အပြစ် တင်နေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာ အမေရိကန်ရဲ့ သြဇာမခံတဲ့ အစိုးရတွေကို လက်နက်ကိုင်ပြီး အစိုးရဆန့်ကျင်သူတွေကို မတိုက်ခိုက်ဖို့ အပြစ်တင်နေချိန်မှာ တခြားတစ်ဖက်မှာတော့ အမေရိကန်နဲ့ အဆင်ပြေတဲ့ အစိုးရတွေဖက်ကလိုက်ပြီး အစိုးရဆန့်ကျင်သူတွေကို လက်နက်ချဖို့နဲ့ လက်နက်မချရင် ဆက်တိုက်မယ်ဖြစ်ကြောင်းတွေကို အာဏာရှင်ဆန်စွာ ပြောဆိုလျှက် ရှိပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စိုးရိမ်ကြောင်း မပြောခဲ့ကြပါဘူး။ ဘန်ကီမွန်း၊ ကင်တင်းနား၊ မစ်ရှဲ နဲ့ ဂျွန်မက်ကိန်းတို့လည်း စိုးရိမ်ဖို့ မေ့နေကြပါတယ်။


တစ်ချိန်က ဦးနေဝင်း ပြောခဲ့တဲ့ ဆူဆူပူပူလုပ်ရင် တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုချက်ကို မြန်မာအတိုက်အခံတွေက ဝေဖန်ခဲ့ကြပေမယ့် အခု ဟီလာရီကလင်တင်ပြောတဲ့ အစိုးရနဲ့မပူးပေါင်းရင် ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်မယ် ဆိုတဲ့စကားကိုတော့ မသိချင်ဟန်ဆောင်ပြီး အမေရိကန်ကို ဘုရားလို ကိုးကွယ်နေကြတုန်းပဲဖြစ်ပါတယ်။

မြန်မာအစိုးရကို ထိုးစစ်တွေရပ်ဖို့ ဆိုပြီး မြန်မာပြည်တွင်းက အစိုးရဆန့်ကျင်သူတွေရာ၊ ပြည်ပက အစိုးရ ဆန့်ကျင်သူ တွေအပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မကြာခဏ ပြောကြားခဲ့ပေမယ့်။ ဟီလာရီကလင်တန်ရဲ့ ထိုးစစ်တွေ ဆက်လုပ်ဖို့ ပြောကြားချက်ကိုတော့ အားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကုလသမ္မဂ္ဂအစည်းအဝေးမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အာဏာရှင်ဆန်မှု၊ နိုင်ငံငယ်တွေကို ရန်တိုက်ပေးမှု၊ ကမ္ဘာကြီးကို စစ်တွေဖြစ်အောင် လုပ်ဆောင်မှုတွေကြောင့် အပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာဖဂန်နစ္စတန်မှာ ရောက်နေပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က သမ္မတ ဟာမစ် ခါဇိုင်း ၊ တခြား အာဖဂန် အရာရှိ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရအတိုက်အခံအဖွဲ့အစည်းတွေနဲ့ လူထုခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။

အာဖဂန် နစ်စတန်မှာ အမေရိကန်တပ်တွေ ထားရှိပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော် ကြာမြင့်ပြီဖြစ်ပြီး ၂ဝ၁၅ ထိ အမေရိကန် တပ်တွေကို ထားရှိအုံးမှာ ဖြစ်ပါတယ်။


Myanmar Express

ဇာဂနာဆေးစစ်ဖို့ လိုနေပြီလား (သို့) ဇာဂနာအပေါ် မေးချင်သော မေးခွန်းများ

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်ကနေ သူများထက်စောပြီး လွတ်လာတဲ့ လူပျက်ဇာဂနာ တစ်ယောက်ဟာ SSA ကဗိုလ်ချုပ်ဆေထင်လို လွတ်လွတ်ချင်း ကျန်းမာရေး ဆေးစစ်ချက် ခံယူသင့်ပါတယ်။ ဇာဂနာအနေနဲ့ ဆေးစစ်သင့်တာကတော့ သူရဲ့ စိတ်ရောဂါ ကျန်းမာရေးကိုပါပဲ။ ဘာလို့လဲ ဆိုတော့ ထောင်ကထွက်လာလာချင်း သူ့ကိုလွှတ်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကို ကျေးဇူးတင် စကားမပြောဘဲ အဖွဲ့အစည်းပေါင်းစုံက မေးသမျှ ဟာတွေကို စိတ်လွတ်ကိုယ်လွတ် ပေါက်ကရ လျှောက်ပြောခဲ့လို့ပါပဲ။

အောက်က မေးခွန်းလေးတွေနဲ့ ပုံတွေကို ကြည့်ကြည့်ရင် ရှေ့နောက် အပြောမညီစွာနဲ့ စိတ်လွတ် ကိုယ်လွတ်ဖြစ်နေတဲ့ ဇာဂနာရဲ့ စိတ်အခြေအနေကို သိရှိနိုင်ပါလိမ့်မယ်။

၁။မြန်မာပြည်ပြောင်းလဲနေပြီလားဆိုတဲ့ မေးခွန်းကို "မယုံဘူး" ဖြေလိုက်၊"ယုံကြည်ပါတယ်" လို့ဖြေလိုက်နဲ့ အမျိုးမျိုး ဖြေနေတဲ့ ဇာဂနာက စိတ်ပုံမှန်မဟုတ်တော့လို့ ဒီလို အမျိုးမျိုးပြောနေတာလား။


၂။ပြည်ပရောက်ဖူးတဲ့ သီးနှစ်သီးနဲ့ ဂေါ်ဇီလာတို့က ပြည်ပကအတိုက်အခံ အဖွဲ့အစည်းတွေ မကောင်းကြောင်း ကိုယ်တွေ့ကြုံလာရလို့ ပြောဆို ဝေဖန်တာကို ပြည်ပကို လုံးဝမရောက်ဖူးတဲ့ ဇာဂနာက ပြည်ပကအတိုက်အခံတွေ ကောင်း၊မကောင်းကို ကိုယ်တွေ့ကြုံလာရတဲ့ ဂေါ်ဇီလာတို့ထက် ဘယ်လိုလုပ်ပိုပြီး သိနေတာလဲ။ အကြားအမြင်ရတာလား။ စိတ်ပုံမှန်မဟုတ်လို့ လျှောက်ပြောတာလား။


၃။ထောင်ကထွက်လာလာချင်း Facebook သုံးတဲ့ဇာဂနာက သူပြောခဲ့သလို မသုံးဖူးလို့ သုံးတာလား၊ ဒေါ်အောင်ဆန်းစုကြည် လို အကျယ်ချုပ်က လွတ်လာလာချင်း ပေါ်ပြူလာဖြစ်အောင် Social Network ကို သုံးမယ်ဆိုပြီး သုံးတာလား။ ဒါမှမဟုတ် တခြားအတိုက်အခံတွေလို အစိုးရမကောင်းကြောင်း Facebook ကနေ ကီးဘုတ်တိုက်ပွဲဝင်မလို့လား။


၎။ထောင်ကျနေတဲ့ အကျဉ်းသားတွေကို ဒီနှစ်မကုန်လွတ်အောင်လုပ်ပေးမယ်လို့ ပြောရအောင် ဇာဂနာက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ နိုင်ငံတော်သမ္မတလား။ ဒါမှမဟုတ် သမ္မတရူးရူးနေလို့ မိမိကိုယ်ကို သမ္မတထင်ပြီး ဒီလိုပြောတာလား။

အထက်ပါပုံတွေထဲက စကားတွေကတော့ ဇာဂနာ ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တာတွေပါပဲ။ သူပြောခဲ့တာတွေဟာ ရှေ့နောက်ညီမညီ၊ ကျိုးကြောင်းဆီလျော်မှုရှိမရှိ ကိုတော့ အသိဉာဏ်ရှိတဲ့ ရွှေမြန်မာများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ စဉ်းစားစေချင်ပါတယ်။ ရွှေမြန်မာကတော့ ဇာဂနာ ပြောခဲ့တာတွေဟာ ရှေ့နောက်မညီ တလွဲတွေဖြစ်နေတယ်လို့ ယူဆလို့ အထက်ပါမေးခွန်းတွေနဲ့ ဇာဂနာကို ရွှေမြန်မာက မေးလိုက်ရပါတယ်။

http://goldenmyanmarnews.blogspot.com/2011/10/blog-post_20.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

နော်ဝေရောက် မြန်မာများအား Social က ကျွေးထားတာ အေးဆေးစားကြရန် မေကိုလတ် မှ ပြောကြား

နော်ဝေနိုင်ငံရောက် မြန်မာအချို့ကို Social က ကျွေးထားတာ အေးအေးဆေးဆေးစားဖို့ အတွက် http://mabaydar88.blogspot.com/ ဘလော့ကို ရေးတဲ့ မဗေဒါ (ခေါ်) မအေးအေးခိုင်ရဲ့ သမီး မေကိုလတ် (ခေါ်) ဒီဇင်ဘာက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ပြောဆိုချိန်မှာ ဒေါသ ထွက်နေဟန်ရှိပြီး နော်ဝေကိုတောင် သောက်နော်ဝေ လို့ သုံးနှုံးထားတာ တွေ့ရပါတယ်။ နော်ဝေက မြန်မာတွေကို Stupid People တွေလို့ ပြောဆိုထားပြီး နော်ဝေမှာ မနေသင့်ကြတာကြောင့် မြန်မာနိုင်ငံပြန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။


မကိုလတ်ရဲ့ သတိပေးချက်

မေကိုလတ် (ခေါ်) ဒီဇင်ဘာ ဟာ အစိုးရအတိုက်အခံဘလော့ရေးနေတဲ့ မဗေဒါရဲ့ သမီး ဖြစ်ပြီး http://nge-naing.blogspot.com ကို ရေးသားသူ မငယ်နိုင်ရဲ့ သွန်သင် အုပ်ထိန်းမှု အောက်မှာ ကြီးပျင်းလာရသူဖြစ်ပါတယ်။ မဗေဒါက ယောင်္ကျားနှစ်ယောက် ယူခဲ့တဲ့ အပြင် မငယ်နိုင်ကပါ မိုးသွေးငယ်နဲ့ ဖောက်ပြန်မှုတွေကြောင့် တစ်ယောက်တည်းနေကာ စိတ်ထင်တိုင်း ကျဲပြီး လုပ်ချင်တိုင်းလုပ်နေသူ တစ်ယောက်ဖြစ်ပါတယ်။


ဒုက္ခသည်မလေး မေကိုလတ်

မကိုလတ်ဟာ အသက် ၁၇ နှစ် မပြည့်ခင်မှာ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး အစိုးရစစ်တပ်က စစ်ဗိုလ် တစ်ဦးနဲ့ အတူ အိပ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မဗေဒါတို့၊ မငယ်နိုင်တို့ ခြေရာကို နင်းကာအစိုးရအတိုက်အခံတို့ ထုံးစံအတိုင်း နောက်တစ်ယောက် မက နဲ့ အတူနေခဲ့သူဖြစ်ပါတယ်။

မေကိုလတ်အကြောင်း အစုံအလင်ကို သွန်သင်ထိန်းကျောင်းလာတဲ့ မငယ်နိုင်က သူ့ဘလော့မှာ အခုလို ရေးထားပါတယ်။

" ဒီဇင်ဘာ (ခ) မေကိုလတ် ကို ကျွန်မ စပြီး တွေ့ဖူးတာ ကတုံးဆံပင်လေးနဲ့ စကားပြောသင်ခါစ၊ လမ်းလျှောက်သင်ခါစ တနှစ်တောင် မပြည့်သေးပါဘူး။ ၁၉၉၃ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလတွေမှာ ABSDF ဗဟိုက ဖွင့်လှစ်ထားတဲ့ Rehabilitation Centre မှာ ယူနီဖေါင်းချုပ်ရာမှာ နှစ်ပတ်ခန့် သွားဝိုင်းလုပ်ဖို့ ကျွန်မနဲ့ အတူတာဝန်ကျတဲ့ သူ့အမေနဲ့ ပါလာရာမှ ရင်းနှီးခဲ့ပါတယ်။ အဲဒီမှာ လုပ်အားသွားပေးရတာ သူတို့အမေနဲ့ ကျွန်မကလွဲရင် အကုန်ုလုံးက အမျိုးသားတပ်ဖွဲ့ဝင်တွေပဲ ဆိုတော့ သူတို့သားအမိနဲ့ ကျွန်မနဲ့ အရင်ကမသိပေမဲ့ အဲဒီမှာ တော်တော်လေး ရင်းနှီးသွားပါတယ်။ အဲဒီမှာ နှစ်ပတ်ခန့် သွားဝိုင်းလုပ်ပြီး သူတို့သားအမိကလည်း မိသားစုရွာဖြစ်တဲ့ သံလွင်မြစ်ရဲ့ ထိုင်းဘက်ကမ်းအနည်းငယ် ၀င်ရတဲ့ နေရာမှာ ဆောက်ထားတဲ့ ရောင်နေဦးကိုပြန် ကျွန်မလည်း ဗဟိုဌာနချုပ် ဒေါင်းဂွင်ကို ပြန်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ သူ့အမေက ပြန်ကြားရေးတာဝန်နဲ့ ဒေါင်းဂွင် စတူဒီယိုမှာ DVB အတွက် အသံလာသွင်းဖို့ ဗဟိုကို ရောက်လာတိုင်း ဒီဇင်ဘာကို ကျွန်မပဲ တချိန်လုံး ခေါ်ထားတာ များပါတယ်။ ဒီဇင်ဘာကလည်း ကျွန်မနဲ့ဆို တနေကုန်နေပါတယ်။ ဒီဇင်ဘာဟာ အငိုသိပ်သန်ပေမဲ့ ကျွန်မလက်ထဲမှာ တနေကုန်နေလည်း ဘယ်တော့မှ မငိုတတ်ဘူး။ ဒါပေမဲ့ အဆောင်က တခြားမိန်းကဘေးတွေက လိုက်စရင် ဗြဲကနဲ အသံကုန်ဟစ်ပြီး အော်ငိုတတ်ပါတယ်။ ဒါကြောင့် ငိုစရာမဟုတ်ပဲ ငိုလွန်းလို့ဆိုပြီး သူ့အမေက ဒီဇင်ဘာ မငိုတဲ့နေ့များ တနေ့တလေ ရှိခဲ့ရင် အဲဒီနေ့မှာ သမီးကိုမေမေ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ် လို့ ဒီဇင်ဘာ ၁ နှစ် မပြည့်ခင်ကနေ ပြောလာခဲ့တာ ၄ နှစ်ခန့်အရွယ်ထိ ကြားရဆဲပဲ။ ဒီဇင်ဘာနဲ့ ရင်းနှီးပြီး နောက်ပိုင်းမှာ သူတို့နေတဲ့ ရောင်နီဦးကို သွားဖြစ်တိုင်း သူတို့အိမ်မှာပဲ တည်းဖြစ်ပါတယ်။


သနားစရာလေး ဒီဇင်ဘာ

တခါတော့ ကျွန်မ ရောင်နီဦးသွားတော့ သူ့အမေက ရောင်နီဦးမှာ ငှက်ဖျားတွေ တက်ပြီး အပူတွေ သိပ်များနေတယ်။ ကျွန်မတို့ ပြန်ခါနီးကျတော့ ဒီဇင်ဘာကလည်း ထုံးစံအတိုင်း ခါတိုင်းလိုပဲ ကျွန်မနောက်ကို အသည်းအသန် ငိုလိုက်နေတော့ ကျွန်မလည်း သူ့အမေဖျားနေတာကို ကူညီရာလည်း ရောက်အောင် ဗဟိုကို ခေါ်လာလိုက်တယ်။ သူ့အမေကလည်း ဆေးဒဏ်ရော အဖျားဒဏ်ရော အလူးအလဲ ခံနေရတော့ ငိုလိုက်နေတဲ့ ဒီဇင်ဘာကို ထချော့လို့ မနိုင် ဖြစ်နေတာနဲ့ ကြည်ကြည်ဖြူဖြူပဲ ကျွန်မနဲ့ ထည့်လိုက်ပါတယ်။ ဗဟိုရောက်လို့ အိပ်ချိန်မရောက်ခင်ထိတော့ ဒီဇင်ဘာက ပျော်နေလို့ ဘာပြဿနာမှကို မရှိခဲ့ပေမဲ့ အိပ်ချိန် ရောက်တဲ့အချိန်ကစပြီး အိမ်ပြန်မယ်၊ မေဂျီကြားမယ် (အမေဆီသွားမယ်) ဆိုတာပဲ ထပ်ခါတလဲလဲ ဟစ်အော်ပြီးငိုတာ အဆောင်သူတွေ တယောက်မှ မအိပ်ရလို့ ကျွန်မကို ဘာလုပ်ဖို့ ခေါ်လာရတာလဲလို့ ၀ိုင်းအပြစ်တင်ကြတယ်။ လသာတဲ့ည ဖြစ်တော့ အဆောင်အောက်ကို ဆင်းပြီး အဆောင်ရှေ့မှာ လကိုသွားပြကာ လမ်းလျှောက်ရင်း သူ့ကိုချီသိမ့်တာ ပုခုံးပေါ်မှာ ခဏတော့ အိပ်ပျော်ပါတယ်။ အိပ်ပျော်ပြီဆိုပြီး အိပ်ရာမှာ သွားသိပ်ချလိုက်တာနဲ့ နိုးလာပြီး ငိုတော့တာပဲ အဲဒါနဲ့ အိမ်အောက်ကိုဆင်း ပြန်ချီသိမ့်ရပြန်တယ်။ ဒီလိုနဲ့ ကျွန်မ အဲဒီညက တညလုံးနီးပါး မအိပ်ခဲ့ရဘူး မနက်မိုးလင်းတော့ ရောင်နီဦးသွားတဲ့ လှေနဲ့ လိုက်သွားပြီး သူ့ကို ပြန်ပို့ခဲ့ရပါတယ်။ အဲဒီအချိန် သူ့အမေလည်း အဖျားကျပြီး တော်တော် သက်သာနေပြီ။ အဲဒီပြီးနောက်ပိုင်းမှာတော့ ကျွန်မနောက်ကို အမြဲငိုလိုက်တတ်တဲ့ ဒီဇင်ဘာဟာ သူ့အမေနဲ့ သူ့ကို ကျွန်မက ခွဲတယ်လို့ အစွဲဖြစ်သွားပုံရပါတယ် ကျွန်မကို တွေ့တာနဲ့ သူ့အမေကို အသေဖက်ထားတော့တာပဲ။ အဲဒီတုန်းက ကျွန်မစိတ်ထဲမှာတော့ ရည်စားကွဲလို့ အသည်းကွဲတယ်ဆိုတာ ဒါမျိုးလားမသိဘူးလို့ ထင်ရလောက်အောင် မချိမဆန့် ခံစားလိုက်ရပါတယ်။ ဒီဇင်ဘာဟာ ကျွန်မကို တော်တော်ကြာတဲ့အထိ စိမ်းသွားပြီး နောက်ပိုင်း အဲဒီအဖြစ်အပျက်ကို သူမေ့သွားတဲ့အချိန်မှ ကျွန်မ ပြန်ချီလို့ရတော့တယ်။ ကျွန်မလည်း အဲဒီအချိန်ကစပြီး ဒီဇင်ဘာကို ညအိပ်ညနေ သူ့အမေမပါဘဲ ဘယ်တော့မှ မခေါ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။


အသက် ၁၇ နှစ် မပြည့်ခင် ရုရှားမှ စစ်ဗိုလ်တစ်ဦးထံ အတူသွားအိပ်စဉ်က


ကျွန်မ ဒီဇင်ဘာကို ပြန်ချီလို့ ရသွားတော့လည်း ဒီဇင်ဘာဟာ ဒုံရင်းဒုံရင်းပါပဲ ကျွန်မကို ပြန်ချစ်ရှာတယ်။ စကားပြောတတ်လာတဲ့အချိန်မှာတော့ သူဟာ အရွယ်နဲ့ မလိုက်အောင် စကားတတ်ပြီး လူကြီးတွေ ပြောတဲ့စကား သူ့ပါးစပ်ထဲ အကုန်ရောက်တယ်။ သူ့အရွယ် တခြားကလေးတွေက ကျွန်မကို အန်တီငယ်လို့ ခေါ်ပေမဲ့ သူက ကျွန်မကို တခြားကလေးတွေနဲ့ မတူအောင် ငယ်ငယ် လို့ပဲခေါ်ပါတယ်။ ရန်သူထိုးစစ်ကြောင့် ဒေါင်းဂွင်ကျပြီး ABSDF ဗဟိုကို ကရင်နီမှာ သွားအခြေစိုက်တော့ ဒီဇင်ဘာ့ အမေဟာ ဗဟိုပြန်ကြားရေးဌာနမှာ အရင်ကလို တခါတလေမှ တာဝန်ကျတာမျိုး မဟုတ်တော့ဘဲ အမြဲတမ်းအဖွဲ့ဝင်ဝင်အဖြစ် တာဝန်အပေးခံရပြီး သူတို့သားအမိဟာ ဗဟိုသွားရာ ကရင်နီကို လိုက်လာရပြီး မိသားစုရပ်ကွက်မှာ အိမ်ဆောက်နေစရာ မလိုတော့ဘဲ ကျွန်မတို့ အပျိုဆောင်မှာပဲ လာနေရပြီး ဒီဇင်ဘာလည်း အဆောင်သူ တယောက်ဖြစ်လာခဲ့ပါတယ်။ အဆောင်သူ ဖြစ်သွားတော့ ဒီဇင်ဘာဟာ သူ့အမေပြောတဲ့စကားအပါဝင် အဆောင်က တခြား အပျိုတွေ ဘာပဲပြောပြော ဒီဇင်ဘာက အကုန်လုံး လိုက်ပြောတော့တာပဲ။ ဗဟိုက လူကြီးယောက်ယောက်က ကိစ္စရှိလို့ ရောက်နေရင်ဖြစ်စေ၊ အဆောင်မှာ မီးပြင်တာတို့ တခုခုအတွက် လိုအပ်လို့ ရဲဘော်တယောက်ယောက်က လာကူညီလုပ်ပေးတာဖြစ်စေ အဆောင်ထဲမှာ အမျိုးသားတဦးဦးကို တွေ့ရင် အမျိုးသမီးအဆောင်ထဲကို အမျိုးသားမ၀င်ရဘူးလို့ ပြောပြီး လူကြီးလေသံနဲ့ မှောင်းထုတ်တတ်ပါတယ်။ နောက်တော့ ကိစ္စရှိလို့ တာဝန်နဲ့ ၀င်ရင် ရတယ် အဲဒီလို မပြောရဘူးလို့ သူ့ကို ပြောပြထားတော့ ကျွန်မက ဘဏ္ဍာရေး ဌာနအဖွဲ့ဝင်ဆိုတော့ ကျွန်မဆီမှာ ပိုက်ဆံထုတ်ဖို့ ဖြစ်စေ၊ တခြားရဲမေတွ ဆီမှာ တခုခု လာယူတာပဲဖြစ်စေ ရဲဘော်တယောက်ယောက်က အဆောင် ခြံစည်းရိုးအပြင်ကနေပြီး အဆောင်သူ တယောက်ယောက်ကို လှမ်းခေါ်ရင် သူက သမီးအ၀တ်လဲနေတယ်.. ရေချိုးနေတယ် အဆောင်ထဲ အရမ်းမ၀င်လာနဲ့လို့ ပြောလေ့ရှိတယ်။



ဘုရားစူး ဒုက္ခသည်ပါ

ကရင်နီမှာ ကျွန်မတို့ စခန်းချထားတဲ့ ဗဟိုက ဒေါင်းဂွင်လို လှေစီးပြီး ဇိမ်နဲ့ သွားလို့ ရောက်တဲ့ နေရာမဟုတ်ဘဲ အဲဒီကို ရောက်အောင် တောင်အောက်မှာ ရှိတဲ့ တပ်ရင်း (၃၀၃) ရုံးရှိရာ ထိုင်းရွာကနေ သုံးလေးနာရီ တောင်တက်မှ ရောက်ပါတယ်။ အဲဒီမှာ ဗဟိုစခန်းဆောက်လို့ ပြီးချိန်မှာ မိုးရာသီအတွက် တမိုးစာ ရိက္ခာဆန်ကို တောင်ခြေရွာမှာ ရှိတဲ့ တပ်ရင်း (၃၀၃) ဆန်ဂိုဒေါင်ကနေ တောင်ပေါ် ရောက်အောင် တယောက်ကို ဆန် သံပုံးနဲ့ ငါးပုံး တပ်ဖွဲ့ဝင်တိုင်း သယ်ရပါတယ်။ သန်မာတဲ့ အမျိုးသားတွေကတော့ ငါးပုံးစာကို သုံးခေါက်နဲ့ ပြီးရင်လည်း ပြီးနိုင်တယ်။ ကျွန်မတို့ကတော့ အနည်းဆုံးတော့ ငါးခေါက်သယ်ရပါတယ်။ တခေါက်သယ်ပြီးတိုင်း ထောက်ပံ့ရေးဌာနက ချိန်တွယ်ထားပြီး ဘယ်သူက ဘယ်လောက် သယ်ထားပြီးပြီဆိုတာ စာရင်းမှတ်ထားပါတယ်။


နော်ဝေမှာ နောက်တစ်ယောက်နဲ့ အတူနေပြန်တဲ့ ဒီဇင်ဘာ

တခါတော့ သူတို့သားအမိနဲ့ ကျွန်မနဲ့ ဆန်သယ်ပြီး တောင်ပေါ်ပြန်အတက်မှာ သူ့အမေက အရှေ့ဆုံးမှာ နှစ်နှစ်သမီး ဒီဇင်ဘာက အလယ်မှာ သူ့မုန့်ထုပ်လေးကို ကြွပ်ကြွပ်အိပ်လေးနဲ့ ဆွဲလျက် ကျွန်မက နောက်ဆုံးကနေ လျှောက်ပြီး တောင်ကိုတက်လာတယ်။ ကလေးလည်းပါတယ် ခေါင်းပေါ်က ဆန်အိတ်ကြီးကလည်း လေးတယ်ဆိုတော့ ခဏတက်လိုက် နားလိုက်နဲ့ ဖြေးဖြေးပဲ တက်လာကြတယ်။ ဒီဇင်ဘာ့အမေက စာရေးစာဖတ် သိပ်ဝါသနာပါပြီး ရသစာလေးတွေ ဒေါင်းအိုးဝေစာစောင်တို့ အဖွဲ့အစည်းမှာ တခါတလေ ပြုလုပ်တဲ့ နံရံကပ်စာစောင်တို့မှာ ရေးပြီး ဆုရတာတွေ ရှိဖူးပါတယ်။ ဒါကြောင့် သူက စကားပြောရင်လည်း စာသံပေသံတွေနဲ့ ပြောတတ်ပါတယ် (အခုထိ ဒီအတိုင်းပါပဲ)။ အဲဒီနေ့ကလည်း ဆန်အိတ်ကြီးကိုရွက်ပြီး တောင်တက်လျက် စကားလုံး ကြီးကြီးတွေနဲ့ သူ့သမီးလေးကို တော်လှန်ရေး အကြောင်း Lecture ရိုက်လာတယ်။ သူကတော့ မိခင်မေတ္တာနဲ့ နဖူးမှချွေး ခြေမအထိ စီးဆင်းနေတာတောင်မှ မောရမှန်းမသိ သမီးကို တော်လှန်ရေး တရားတွေ တလမ်းလုံး ဟောပြီး လာနေချိန်မှာ ကျွန်မကတော့ မောလို့ ဘာမှကို မပြောနိုင်ခဲ့ဘဲ ခြေလှမ်း ကိုတလှမ်းချင်း လေးလေးပင်ပင်ဆွဲပြီး တောင်ကိုတက်နေရတယ်။ သူ့အမေကလည်း ဆက်ပြောနေတယ် ”သမီးရေ တော်လှန်ရေးဆိုတာ ခရီးကြမ်းတယ်၊ ငတ်မယ်၊ ပြတ်မယ် အမေတို့ ဒီလမ်းကိုလျှောက်မှ ဒီစခန်းကို ရောက်မယ်..သမီးတို့ မေမေတို့လျှောက်ရမယ့် လမ်းက ဒီလမ်းကွဲ့” ဆိုပြီး ပန်းခင်းတဲ့လမ်းမဟုတ်ဘူး ဆူးခင်းတဲ့လမ်း ဖြစ်တယ် ဆိုတာကိုပဲ ဆက်ပြောမလား မသိဘူး သူ့အမေက ဆက်ပြောမယ့်စကားကို ပါးစပ်ဟရုံပဲ ရှိသေးတယ် ဒီဇင်ဘာက ”မေမေ ဒါဆိုရင် ဟိုဘက်လမ်းက ဘယ်သူလျှောက်တဲ့ လမ်းလဲ” လို့ လမ်းခွဲလေးတခုကို လက်ညိုးထိုးပြီး မေးလိုက်တော့ သူ့အမေ ဘာဆက်ပြောရမှန်း မသိတော့ဘဲ ”ဟဲ..ဒီကောင်မလေးနော် အမေက စကားကောင်းပြောနေတာကို အလေးမထားဘူး” ဆိုပြီး စကားစခဏ ပြတ်သွားတယ်။ ကျွန်မကတော့ မောရတဲ့ကြားထဲ သူတို့သားအမိရဲ့ စကားကို နားထောင်ပြီး ”ကလေးကို ဒါတွေ ပြောနေလို့ ကလေးက ဘာနားလည်မလဲ” ဆိုတာ တခွန်းပဲ ပြောပြီး ရီရလွန်းလို့ အူကိုနှိပ်နေရတယ်။


တောထဲမှာ ဒီလို ကြီးပြင်းခဲ့ရတာများလား

သူ့အမေ ဒီဇင်ဘာကို ပေးနေတဲ့ Lecture က တော်တော်နဲ့ မပြီးသွားဘူး။ ဆက်လျှောက်လာတော့ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းတာကို ထပ်ပြောနေသေးတယ်။ ”သမီးလေးလည်း အခုလို မေမေတို့ လူကြီးတွေနဲ့ လျှောက်လိုက်နေရတာ တော်တော်မောနေမှာပဲ” လို့ပြောပြီးတော့ သူ့သမီးရှိတဲ့ အနောက်ကို ပြန်လှည့်ကြည့်ပြီး ”မေမေလေ.. သမီးကို ကြည့်ပြီး သနားမှသနားပဲ” လို့ ပြောလိုက်တယ်။ ဒီဇင်ဘာကလည်း သူ့အမေနဲ့ တပုံစံတည်း ထပ်တူကျအောင် တုကာ ကျွန်မရှိနေတဲ့ အနောက်ကို ပြန်လှည့်ကြည့်ပြီး ”သမီးလည်းလေ ငယ်ငယ့်ကို ကြည့်ပြီး သနားမှသနားပဲ” ဆိုပြီး ပြန်ပြောလိုက်တော့တယ်။ ဒါနဲ့ သူ့အမေက ချက်ချင်းပဲ ”ဟောတော် အမေကိုတော့ မသနားဘဲနဲ့ ဘယ်လိုဖြစ်ပြီး ငယ်ငယ်ကို သွားသနားရလဲ” ဆိုပြီး မျက်နှာ ပျက်နေအချိန်မှာ ကျွန်မလည်း သူတို့သားအမိရဲ့ စကားဝိုင်းကို အူနှိပ်ရလွန်းလို့ သီးမခံနိုင်လောက်အောင် ဖြစ်နေပြီဆိုတော့ ”တော်ပြီ တော်ပြီ သီးမခံနိုင်တော့ဘူး တထောက်နားမှ ဖြစ်တော့မယ်၊ ခေါင်းပေါ်က ဆန်အိတ်က လေးရတဲ့ကြားထဲ မဗေဒါတို့ သားအမိလုပ်တာ ဒီတနေ့ တောင်ပေါ် နေရာက်နိုင်တော့မှာ မဟုတ်ဘူး” လို့ ပြောပြီး ဒီဇင်ဘာ့အမေရဲ့ ဒီဇင်ဘာကို ပေးနေတဲ့ တော်လှန်ရေး Lecture ကို တောင်းပန်ပြီး ရပ်ခိုင်းလိုက်ရတယ်။ ကျွန်မလည်း တောင်ပေါ်ရောက်တော့ အဆောင်မှာရှိတဲ့ သူတွေကို တောင်တက်တလမ်းလုံး ပြောလာတဲ့ ဒီဇင်ဘာတို့သားအမိ အကြောင်း အဆောင်မှာ အကုန်လုံးကို ပြောပြတော့တယ်။ ဗဟိုမှာလည်း သူ့အမေ ဆန်အိတ်ကြီးရွက်ကာ အမောခံပြီး တတွတ်တွတ် သူ့ကို Lecture ရိုက်လာတာတောင် သူ့အမေကို မသနားဘဲ ကျွန်မကို သနားတယ်လို့ ဒီဇင်ဘာက ပြောတဲ့အကြောင်း ဗဟိုမှာ ပြောစမှတ် ဖြစ်သွားတယ်။



ကျွန်မတို့ အဆောင်က ရင်ကွဲအဆောင်လို ဖြစ်ပေမဲ့ ထိပ်မှာ အပိတ်ရှိတော့ ဂငယ်ပုံသဏ္ဍန် အဆောင်ဖြစ်ပါတယ်။ အထဲဝင်လိုက်ရင် ဘေးတဘက်တချက်မှာ အခန်းတွေဖွဲ့ထားပြီး နံရံတွေခြားထားကာ အခန်းတွေ ဖွဲ့ထားပေမဲ့ ထိပ်မှာတော့ နံရံခြားထားတာ မရှိဘဲ ဘယ်ဘက်ထိပ်ထောင့်မှာ ကျွန်မအိပ်ရာ ရှိပြီး ညာဘက်ထောင့်မှာက သူတို့သားအမိ အိပ်ရာရှိပါတယ်။ ကြားမှာနံရံမရှိတော့ နေရာအကျယ်ကြီး ဖြစ်နေပြီး အဆောင်မှာ လူစုပြီး တခုခု လုပ်ရင် ဒီမှာပဲ လုပ်ကြပါတယ်။ တခါတော့ မိုးသီးထန်စွာရွာတဲ့ ညတညမှာ ဒီဇင်ဘာ့ အမေအပါအ၀င် အဆောင်က ရဲမေတွေက ပျင်းပျင်းရှိတာနဲ့ ကက်ဆစ်ကို အကျယ်ကြီးဖွင့်ပြီး ကကြ၊ ခုန်ကြ သီချင်းဆိုကြ စကားတွေဝိုင်းဖွဲ့ပြီး အပြောင်အရွှတ်တွေ ပြောကြနဲ့ ဆူညံနေခဲ့တယ်။ ကျွန်မတယောက်ပဲ ၀င်မပါဘဲ ပွဲကြည့်ပရိတ်သတ်လို နေတော့ ဒီဇင်ဘာက ကျွန်မရင်ခွင်ထဲမှာ လာထိုင်ပြီး တခြားသူတွေ တယောက်စီ လုပ်တာကို သေသေချာချာ ကြည့်ထားတယ်။ နောက်နေ့ နေ့လည်ကျတော့ ဗဟိုရုံးနဲ့ ရဲဘော်တွေကြားထဲမှာ ကျွန်မတို့ အဆောင်မှာ ညက ဘယ်သူက ဘယ်လိုကတယ်၊ ဘယ်လိုသီချင်းဆိုပြီး ဘာတွေ ပြောကြတယ်ဆိုတာ တိတိကျကျကို သိနေပြီး အပြင်မှာပြန့်နေတယ်။ မိုးသီးထန်စွာ ရွာနေတော့ တယောက်ယောက် လာချောင်းကြည့်လို့ သိတာလည်း မဖြစ်နိုင်ဘူး၊ ဘယ်လိုသိလဲဆိုတာ စုံစမ်းကြည့်တော့ တရားခံက ဒီဇင်ဘာ ဖြစ်နေတယ်။ ဒီဇင်ဘာ ရုံးမှာသွားပြောတာက ညက အဆောင်မှာ ငယ်ငယ်ကလွဲရင် ကျန်တဲ့သူတွေ အားလုံး အရူးတွေလိုပဲလို့ အစချီလိုက်တယ်တဲ့။ ရဲဘော်တွေက ဘယ်လိုဖြစ်လို့လဲ မေးတော့ တယောက်စီက ဘယ်လိုဆိုတယ် ဘယ်လိုကတယ် ဘာတွေ ပြောတယ်ဆိုတာကို လုပ်တဲ့သူရဲ့ အမူအယာနဲ့ အသံပါ တူအောင်တုပြီး လုပ်ပြတယ်လို့ ပြန်သိရတယ်။ နောက်နေ့ညကျတော့ အဆောင်က ရဲမေတွက သူ့ကို ”နင်နောက်တခါ ရဲဘော်တွေကြားမှာ ငါတို့အကြောင်း အဲဒီလို သွားပြောရင် နင့်ကိုရိုက်မယ်” လို့ ၀ိုင်းပြောကြတော့ သူက အသံဗြဲကြီးနဲ့ အော်ငိုလို့ ၀ိုင်းပြီး ပြန်ချော့ရပြန်တယ်။ ဒါကိုလည်း သူက အပြင်မှာ ပြန်သွားပြောသေးတယ်၊ သူအဆောင်ကအကြောင်း နောက်ဆိုဘာမှ ပြောတော့မှာ မဟုတ်တဲ့အကြောင်း၊ ပြောရင် သူ့ကို ရိုက်မယ်လို့ အဆောင်က အန်တီတွေက ပြောတဲ့အကြောင်းကို ရဲဘော်တွေကို ပြန်သွားပြောသေးတယ်။


ရုရှားနိုင်ငံ မော်စကိုမြို့မှာ မိုးမမြင်လေမမြင်ဖြစ်နေတဲ့ ဒီဇင်ဘာ

တခါတော့ ကျွန်မတို့ အဆောင်မှာ အသက်အငယ်ဆုံး ဖြစ်တဲ့ ဆေးအဖွဲ့က ကောင်မလေးတယောက်က အကြီးတွေကို တိုင်ပင်စရာ ရှိတယ်ဆိုပြီး အဆောင်မှာ လူစုံတော့ နောက်နေ့ကျရင် သူ့တပ်ရင်းမှာ ရဲမေနှစ်ဦး မင်္ဂလာဆောင်ရာမှာ သူ့ကောင်လေးနဲ့ သူလည်း လူသိရှင်ကြား ဖြစ်အောင် လက်မှတ်ထိုးထားချင်တဲ့ အကြောင်း လာတိုင်ပင်ပါတယ်။ ကျွန်မတို့ကလည်း လက်မှတ်ထိုးပြီးရင် လင်မယားဖြစ်သွားကြပြီ ဆိုတာနဲ့ တပ်ရင်းက မိန်းကလေးနှစ်ဦးကိုက အရင်တုန်းကတောင် အစီစဉ်လုပ်ထားလို့ မင်္ဂလာဆောင်ပေးတာ ဖြစ်တယ်၊ ဗဟိုက ရဲမေတဦးအနေနဲ့ စစ်ပူနေတဲ့ကာလမှာ ယောက်ျား မယူသင့်သေးကြာင်း၊ ပြီးတော့ အစီစဉ်မရှိ ဗြုန်းစားကြီးဆိုတော့ ရုံးကလည်း လုပ်ပေးနိုင်လိမ့်မှာ မထင်ကြောင်း၊ အခြေအနေ အေးအေးဆေးဆေး ဖြစ်မှ အသေအချာ လက်ထပ်ခွင့် စာတင်ပြီး မင်္ဂလာဆောင်ကြဖို့ကို ခြံဝမှာ စောင့်နေတဲ့ သူ့ကောင်လေးကိုပါ နားလည်အောင် အသေအချာ ရှင်းပြလိုက်တယ်။ အဲဒီအကြောင်းကို အကြောင်းပြုပြီး လက်မှတ်ထိုးမယ်ဆိုတာကို ဒီဇင်ဘာက ခေါင်းထဲမှာ ကောင်းကောင်းစွဲနေပြီး နောက်နေ့ ညဘက်ရောက်တော့ သူ့အမေကို ”မေမေ သမီးလက်မှတ်ထိုးချင်တယ်” လို့ ပြောတော့တာပဲ။ အဲဒါနဲ့ သူ့အမေက အံ့သြပြီး ”ဒီဇင်ဘာ ဘာပြောတယ်.. နင့်အရွယ်က လက်မှတ်ထိုးတဲ့ အရွယ်လား၊ လက်မှတ်ထိုးတာ ဘာလုပ်တယ်ဆိုတာ နင်သိလား၊ ဘုရား ဘုရား အတုမြင်အတတ်သင်ဆိုတာ ဒါပဲလားမသိဘူး မနေ့ညက ဒီလိုချိန်မှာ (--) က လက်မှတ်ထိုးဖို့ ပြောတာကို အခု ဒီစကားက ဒီဇင်ဘာပါးစပ်ထဲကို ရောက်သွားပြီ ” ဆိုပြီး တခြားသူတွေကိုပါ ကြားအောင် ပြောလိုက်တယ်။ အဆောင်မှာရှိတဲ့ သူတွေအားလုံးကလည်း အံ့သြနေကြတယ်။ ဒီဇင်ဘာက မျက်နှာငယ်လေးနဲ့ ဖြစ်နေပြီး ကျွန်မဆီကို ရောက်လာပြီး ကျွန်မရင်ခွင်ထဲမှာ လာထိုင်လိုက်တယ်။ ဒီဇင်ဘာက သူ့အမေဆူပြီးရင် ဖြစ်စေ၊ အကြောင်းတခုခုကြောင့် ငိုပြီးရင် ဖြစ်စေ ကျွန်မရင်ခွင်ထဲမှာ လာထိုင်တတ်ပါတယ်။ အခုလည်း ဒီလိုပဲ လာထိုင်ပြီး ”လက်မှတ်ထိုးတဲ့သူတွေကို ငယ်ငယ်က ပိုက်ဆံပေးလို့ သမီးက ပိုက်ဆံရအောင် ပြောတာကို မေမေက ဆူတယ်” ဆိုပြီး ကျွန်မကို လာပြောလို့ ကျွန်မလည်း ဒီဇင်ဘာ ဘာကိုဆိုလိုတယ် ဆိုတာ သဘောပေါက်သွားတယ်။



အိပ်ယာထဲမှာလဲ မှောက်လျှက်

ကျွန်မက ဘဏ္ဍာရေးမှာ လုပ်တော့ ပိုက်ဆံထုတ်တဲ့သူတွေက ဗဟိုဦးဆောင်ကော်မီတီဝင် တယောက်ယောက်ရဲ့ ခွင့်ပြုချက် လက်မှတ်ပါတဲ့ ငွေပမာဏ ရေးပြီးသား ငွေထုတ်ပြေစာ တခုယူလာပြီး ကျွန်မဆီမှာ လာထုတ်ရပါတယ်။ ပြေစာမှာ ခွင့်ပြုသူရော ထုတ်ယူသူပါ လက်မှတ်ရှိရမှာ ဖြစ်လို့ ကျွန်မက ထုတ်ယူသူ လက်မှတ်တိုးရမယ့် နေရာမှာ လာထုတ်သူကို လက်မှတ်ထိုးခိုင်းပြီးမှ ပိုက်ဆံကို ထုတ်ပေးပါတယ်။ ဒီဇင်ဘာက ဒါကို အမြဲမြင်တွေ့နေရတော့ လက်မှတ်ထိုးရင် ပိုက်ဆံရမယ် ဆိုတာပဲ သူသိနေတယ်။ ဒီဇင်ဘာ လက်မှတ်ထိုးချင်တဲ့ အကြောင်းအရင်းကို သဘောပေါက်သွားတော့ ကျွန်မက ဒီဇင်ဘာ ပြောတာ ယောက်ျားယူရင် ထိုးတဲ့လက်မှတ်ကို ပြောတာမဟုတ်ဘူး ပိုက်ဆံထုတ်ရင် ထိုးတဲ့လက်မှတ်ကို ပြောတာလို့ ပြန်ရှင်းပြမှ သူ့အမေလည်း စိတ်အေးရပြီး ကျန်တဲ့သူတွေလည်း ရီရတော့တယ်။ ဒီဇင်ဘာက သူ့ကို သူ့အမေ ဆူတာဖြစ်စေ၊ ဆုံးမတာဖြစ်စေ သူ့အမေရဲ့ စကားလုံး ကြီးကြီးတွေကို အဓိပ္ပါယ်သာ နားမလည်ပေမဲ့ စကားလုံးတွေကိုတော့ တလုံးမကျန် အကုန်မှတ်မိနေပြီး သူ့ကို သူ့အမေ တခုခု ပြောပြီးတိုင်း ဗဟိုလာလည်တဲ့ နိုင်ငံခြားသူတယောက် ၀ယ်လာပေးထားတဲ့ ဗိုလ်မရုပ်လေးကို အရှေ့မှာထားကာ သူက အမေနေရာကနေပြီး သူ့အမေလေသံနဲ့ သူ့အမေ သူ့ကိုပြောတဲ့ အသံနဲ့ အမူအယာအတိုင်း တူအောင် တုကာ တခွန်းမကျန် အရုပ်ကို အကုန် Lecture ပြန်ရိုက်တော့တယ်။ ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကတော့ ပြောမယ်ဆို ကျွန်မမှာ အများကြီး ရှိပါတယ်။


ဒါက နော်ဝေက တစ်ယောက်နဲ့

ဒါကတော့ ငယ်နိုင်နဲ့

တောထဲတုန်းက ဒီလိုနေခဲ့ရတာ တဲ့.. မထင်ရဘူးနော်


    • Ma Bay Dar အော် ငယ်ငယ်တုန်းက အင်မတန်ကို ချစ်စရာကောင်းခဲ့ပါလားးးးးးးးးးးးးးးးးးးးးးး..... အင်း ...အခုတော့လည်း ...အင်း.... ချစ်စရာကောင်းပါတယ်...
      19 December 2010 at 16:38 · 1 personLoading...
    • Mayco Latt အမေ... အဲ့ဒါတွေကြောင့် အမေ့ကို သမီး delete ထားတာ. . မခံစားနိုင်ဘူး. . ကျေးဇူးတင်ပါတယ်. .
      19 December 2010 at 17:02

    • Htay Thanhtwaykyu အော် သမီးက အမေကိုတောင်ဒီလိလုပ်ထားတယ်ဆိုပါလား အန်တီကိုလုပ်ထားတာကိုလည်း ခံစားနိုင်ရမှာပေါ့။ ဘာဖြစ်ဖြစ်သမီးရယ် အဲဒီတုန်းကအတူဖြတ်သန်းခဲ့ဖူးသူတွေ သမီးကို အဲဒီတုန်းကလိုပဲ ချစ်တုန်းပါပဲ။ စပရိုက်ဘူးခွံအစိမ်းလေးတစ်လုံးကို ပိုက်ပြီး အမီးရဲ့ အမီးလေးဆိုပြီး အမေသမီးကိုဆူတဲ့လေသံအတိုင်းလုပ်ပြီး အဲဒီပုလင်းလေးကို မျက်နှာထိမျက်နှာထားနဲ့ ဆူဆူနေတတ်တဲ့သမီးငယ်ဘ၀လေးကို အန်တီတွေးတိုင်းမျက်ရည်ဝဲတယ်သိလား။ သမီး ၁၈ နှစ်မြောက်မွေးနေ့မှသည် အသက်ရှင်သရွေ့ကာလပတ်လုံး ကိုယ့်ခြေပေါ်ကိုယ်မားမားရပ်တည်လို့ မိဘကျေးဇူးသိတတ်တဲ့သမီးရတနာဖြစ်ပါစေ အန်တီဆုတောင်းပေးလိုက်ပါတယ်
      19 December 2010 at 18:00
    • Mayco Latt
      ဟုတ် အန်တီ..ကျေးဇူးများကြီးတင်၏ .
      ဟုတ်ဘူး..အမေလေ..သမီးတင်တဲ့ပုံတွေက နည်းနည်း တိုနေတော့ ..သူရှက်တယ်လေ..အဲ့ဒါ သမီးလဲ အမေ့အသိတွေရှိနေရင် အမေမျက်နှာပျက်မှာဆိုးလို့ ..အမေ့အသိ..သမီးအကုန်ဖျက်ထားတာ အန်တီငယ်ကတော့ ရပါတယ်ဆိုလို့ သမီးလဲ. . မဖျက်ပဲနေတာပ...ါ. .
      thank u so much aunty!..;)
      See more
      19 December 2010 at 18:07

    • Zaw Lin Htwe မငယ်ရေးတင်ပြမှု့ တအားကောင်းတယ်။ ဟုတ်တယ် ဒီဇင်္ဘာက စကားတတ်တယ်ဆိုတာ ယုံပါတယ်။ မငယ် တင်ပြမှု့ကလည်းကောင်းတော့ ABSDF အကြောင်းလေး လွှမ်းမောဖွယ်လေးတွေတော့ ဖြစ်ကုန်တယ် ။ အခုလဲ ဒီဇင်္ဘာက လိမ္မာပါတယ်။ ကျန်တော်တို့ မဗေဒါတို့ နိုင်ငံချင်း နီးတော့ သွားသွားလာလာ ရှိကြတယ်လေ။ အခုတော့ ဒီဇင်္ဘာက အရင်ကထက်တောင် ပိုတော်လာပါတယ်။ ဦးကျော်နိုင်ကြီးကိုလည်း သတိရပါတယ်လို့
    • Htay Thanhtwaykyu ကိုအောင်ဖြေအေးရေးလိုက်မှပဲ ပိုပြီးသတိရစေတယ် အဲဒီတုန်းက ဒီဇင်ဘာအမေကို ပိုးကြပန်းကြသူတွေမနည်းဘူးပဲ ကိုစိန်ဝင်းကြီးထီပေါက်သွားတယ် ဟိဟိ ကျမအချစ်ဆုံးသူငယ်ချင်းကြီး တစ်ယောက်တောင်ပါလိုက်သေး
      20 December 2010 at 00:59
    • Nge Naing
      Aung Khaing Myint- ဒီပို့စ်ကို ဘလော့ဂ်မှာ တင်ထားတာ ရှိပါတယ်။ ဘလော့ဂ်မှာ ပြန်တင်ရင် ဘလော့ဂ်က တိုက်ရိုက်ပြန်ကူးယူတာက ပိုကောင်းလိမ့်မယ်။ http://nge-naing.blogspot.com/ မှာ သွားကြည့်လိုက်ပါနော့်။ သမီး ဒီဇင်ဘာ အမေကို block လုပ်ထားတာ ပြန်ဖိတ်သင်...့ပါတယ်။ သမီးသူ့ကို ပိတ်ထားတော့ သမီး No Vote တုန်းကရော အခုလက်ပါ ဒီမိုကရေစီရေးမှာပါ Face Book ကနေပြီး နအဖ စစ်အုပ်စု ဘက်တော်သားတွေကို အချက်ကျကျ ဘယ်လိုပြန်ငြင်းပြီး ပါဝင် တိုက်ပွဲဝင်နေတယ်ဆိုတာ အမေမသိလိုက်ဘူး။ အခုဒီမှာ သမီးကို မှတ်ချက် လာရေးထားတဲ့ မောင်စန်းမောင် အပါအ၀င် ငယ်နိုင်ဘလော့ဂ်နဲ့ Face book မှာ ပြည်တွင်းပြည်ပက လူငယ်တွေ ရောက်လာပြီး သူတို့မသိသေးတာတွေ သိရဆတယ်လို့ ကျေးဇူးတင်စကား ဆိုလာသူတွေဟာ ဒီဇင်ဘာဆီက လာတဲ့ ပရိတ်သတ်တွေ အတော်များပါတယ်။ သူငယ်ချင်း မဗေဒါ သမီးက အမေခြေရာကို နင်းပါတယ်။ အန်တီဝင်း ၀တ်မှုံကို ကျွန်မလည်း အမြဲသတိရနေပါတယ်။ သူ့မှာ Facebook ရှိရင် ကျွန်မ လိုချင်ပါတယ်။ ဌေးငယ် ဒီဇင်ဘာကို ပြန်ဖိတ်လိုက်လို့ ရတာပဲ။ ဦးမျိုးသိန်းကလည်း အချင်းချင်း မြှောက်နေပြန်ပြီ။ မောင်စန်းမောင်နဲ့ ကိုအောင်သာငယ် ကျေးဇူးပဲ သမီးမွေးနေ့အမှတ်တရပို့စ်မှာ အမှတ်တရ လာရေးပေးသွားတာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ကစပြီး ဒီဇင်ဘာက ကလေးမဟုတ်တော့ပါဘူး။ လူကြီး ဖြစ်သွားပါပြီ...See more
      20 December 2010 at 05:12
    • May Sue Pwint မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဒီဇင်ဘာ။ သမီးအိမ်သာတက်ရင်း အမေကိုအတင်းပြောတဲ့အကြောင်းလေး အန်တီလည်း ရေးလိုက်ရမလား။
      20 December 2010 at 06:06
    • Mayco Latt သမီးအကြောင်းကလဲ အမျိုးမျိုးပါပဲလားနော်. . ဟဲဟဲ..
      20 December 2010 at 14:13
    • Ma Bay Dar အော် ငါငယ်ငယ်တုန်းက ငါ့အကြောင်းနဲ့ သမီးအကြောင်း ...အင်းးးးးးးးးးးး.... ရင်တုန်စေပါ၏................

      အမှတ်တရပါပဲဗျာ။ ဒီဇင်ဘာလို ကလေးငယ်တွေ အခုလဲ အများကြီးရှိနေသေးတယ်ဗျာ။ ခေတ်ရဲ့ရေစီးကြောင်းတွေ ပြောင်းလဲနေပေမဲ့...မပြောင်းလဲနိုင်တဲ့ အခြေအနေတွေ ဆက်ရှိနေတုန်းပါပဲ။

      စကားမစပ်..။ မငယ် ကျွန်တော်တို့လို ငယ်ကျိုးငယ်နာတွေရေးလို့ရပါတယ်ဗျ။ဟဲ..ဟဲ ကိုကိုဆူမှာစိုးလို့လား။

      ခင်မင်စွာဖြင့်
      မောင်မိုး

လာဖတ်သွားတယ် အစ်မရေ ညီမလည်း ကလေးအရမ်းချစ်တတ်တယ် အစ်မ အသည်းကွဲသလို ခံစားရတယ်ဆိုတဲ့အပိုဒ်လေးမှာ စိတ်မကောင်းဘူး...


1 Feb 10, 11:58
kiki: ဒီဇင်ဘာလေး လာကြည့်သွားပါတယ် မငယ်နိုင် ရေ..

1 Feb 10, 12:24
Nee: လာလည်ပါတယ် ဒီဇင်ဘာအကြောင်းဖတ်သွားပါတယ်။

1 Feb 10, 19:30
မြေကြီး: မငယ်..ဒီဇဘာင်္ရဲ့ပုံရိပ်ကိုခံစားသွားပါတယ်။သူလဲတော်လှန်ရေးရဲမေအဖြစ်အသိမှတ်ပြုပါတယ်

1 Feb 10, 20:00
ဒီဇင်လာ: အော်. . .သမီးငယ်ငယ်တုန်းကတော်တော်စကားတတ်တာပဲ . . .ဟဲဟဲ အခုလဲ တတ်တုန်းပဲ. .၁၇ နှစ်နဲ့ မလိုက်အောင်ပြောလွန်းလို့ အကိုကြီးတွေဆိုသိပ်ကြည့်မရဘူး အမေနဲ့ လဲခဏခဏရန်ဖြစ်ရတယ်. . အန်တီငယ်ကိုလဲကျေးဇူးတင်ပါတယ်. .

2 Feb 10, 08:05
Aye Aye Lwin: မငယ်ရေ-အလည်တခေါက်ရောက်ခဲ့ပါတယ်၊ ဒီဇင်ဘာအကြောင်းဖတ်ရင်း ကုန်လွန်ခဲ့တဲ့အချိန်တွေကို ပြန်တွေးမိပါရဲ့၊

2 Feb 10, 16:07
nn: မငယ်နိုင် အရေးကောင်းးး ဒီဇင်ဘာဆိုတဲ့ ကလေးကို ဖဘ မှာ ရှာကြည့်ဦးမှ.. ဘယ်လောက်ချစ်ဖို့ ကောင်းလဲလို့ 

(ဒီဇင်ဘာ ကိုယ်တိုင်နဲ့ စာလာဖတ်သူတွေရဲ့ စာဖတ်ပြီး C-Box မှာ ထားခဲ့တဲ့ မှတ်ချက်တွေကို သိမ်းထားချင်လို့ ကော်ပီကူးထည့်ထားလိုက်ပါတယ်။)



ဒေါ်အောင်ဆန်းစုကြည်လိုမျိုး လူမျိုးခြားကို အထင်ကြီး လက်ထပ်မိလို့ မြန်မာအမျိုးသမီးငယ်တစ်ဦး ဘဝပျက်ရပြန် (ပေးစာ - ၃၅)



ဖြစ်ရပ်မှန် (၁)

ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

တိတိကျကျပြောရရင် မုံရွာမြို့နယ်၊ အလုံမြို့လေးမှာဖြစ်ပါတယ်။ ဒီမြို့လေးဟာ ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီးစိုးစံခဲ့တာကြောင့် သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။

အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း သာယာစိုပြေလှပါသည်။ မြို့သူမြို့သားတွေဟာ ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့် ချင်းတွင်းမြစ်ရေဟာ အလုံမြို့သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။

မစုဟာ ဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အလုံမြို့၊ ရွေတံ ခါးရပ်မှာနေထိုင်ကြပါတယ်။ သူတို့မိသားစုဟာ မျိုးရိုးအစဉ်အဆက်ကတည်းက အေးအေး ဆေးဆေး နေတတ်ကြသူများဖြစ်ကြပါတယ်။ ဖခင်ဦးလှမြတ်ကတော့ အရောင်းအ၀ယ်နဲ့သာ အချိန် ကုန်နေတတ်ပြီး မိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်းပညာရေးဖြင့်သာ အချိန်ကုန်ခဲ့ရပါတယ်။

"တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏" ဆိုတဲ့သူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ သားသမီးများကို " အမျိုးကိုဘယ်လိုချစ်ရမယ်၊ ဘာသာတရားကိုဘယ်လိုလေးစားတန်ဖိုးထားရမယ်" စတာတွေကို ဆုံးမသွန်သင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ မစုတောင် အရွယ်ရောက်လို့ လှသွေးကြွလို့နေပါပြီ။ အသားကလည်းဖြူ ရုပ်ဆင်းအင်္ဂါကလည်းချောမွေ့၊ ခန္ဓာကိုယ်အချိုးအစားကလည်းပြေပြစ်တော့ မြင်သူတကာငေးမောရလောက်အောင် လှပလွန်းပါတယ်။ အလှပေါ်အယဉ်ဆင့်ဆိုသလို သူ့ရဲ့ရိုးသားမှုဂုဏ်ကလည်း ပိုပြီးတော့လှပတင့်တယ်မှုကို အရောင်တောက်စေပါတယ်။

အရွယ်လည်းရောက်လာတဲ့မစုစုဟာ မိဘတွေရဲ့ဝင်ငွေကို တစ်ဘက်မှကူညီပြီးရှာဖွေပေးချင်တဲ့ အတွက် စက်ချုပ်ပညာကိုသင်ယူခဲ့ပါတယ်။ ဒီပညာနဲ့ပဲ မိဘ၀င်ငွေကို တစ်ဘက်တစ်လမ်းကရှာဖွေပြီး မိဘကျေးဇူးဆပ်ခဲ့ပါတယ်။

အလုပ်အကိုင်လေးကလည်းရှိ၊ ရုပ်ရည်ကလည်းချော၊ သဘောမနောကလည်းဖြူဆိုတော့ သူကို လှမ်းခြူဖို့ကြိုးစားနေကြတဲ့ ကိုကိုလူပျိုကာလသားတွေကလည်း ၀ိုင်းဝိုင်းလည်အောင်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ မိုက်ကယ်ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ မိုက်ကယ်ဟာ မစု အပ်ချုပ်ဆိုင်ကိုသွားတိုင်း လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိခဲ့ပါတယ်။ ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ မစု ကို အာဘောင်အာရင်းသန်သန်ဖြင့် ချိုမြရွှင်ပြတဲ့ ရည်းစားစကားများပြောပြီး မစုရဲ့အချစ်ကို ရယူ နိုင်ခဲ့ပါတယ်။

အချစ်မျက်ကန်းသည်မလေးမစုဟာ မိုက်ကယ် ရဲ့အချစ်ကို လက်ခံရယူပြီးချိန်မှာတော့ မိုက်ကယ်ဟာ မစုအပေါ် အလိုလိုက်အကြိုက်ဆောင်ကာ အစွမ်းကုန်ယုယကြင်နာမှုများ ပေးစွမ်းခဲ့ ပါတယ်။ နောက်ပြီး မစုကြိုက်တတ်တဲ့ အမှတ်တရပစ္စည်းလေးများကို ၀ယ်ပေးလေ့ရှိခဲ့ပြီး အပြုံးချိုချိုမျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။ မိန်းခလေးတစ်ယောက်ကိုဘယ်လိုပြောရမယ် ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုမြူဆွယ်ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး မိန်းမကျမ်း ကျေထားပုံလည်းရပါတယ်။

မိုက်ကယ်နဲ့မစုဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ မတူညီတဲ့ခြားနားချက်တွေ ရှိခဲ့ကြပါတယ် အဲဒါကတော့ လူမျိုးလည်းမတူ၊ ဘာသာကလည်းခြားနားလို့နေပါတယ်။

မစုဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မြန်မာအမျီုးသမီး လေးပဲဖြစ်ပါတယ်။ မိုက်ကယ်ကတော့ မြန်မာလူမျိုးလည်းမဟုတ်သလို ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ် သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့ ခြားနားမှုလေးတွေကြောင့် မစုမိဘများကလည်း ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် မိုက်ကယ်က မစုကို "လူမျိုးမတူ ဘာသာမတူတာနဲ့ ကိုယ်တို့နှစ်ယောက် ဝေးရမယ်ဆိုတာ လုံးဝမဖြစ်စေရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို ကိုးကွယ်မယ်။ မင်းကိုလည်း မင်းကြိုက်နှစ်သက်တဲ့ဘာသာကို လွပ်လွပ်လပ်လပ် ကိုးကွယ်ယုံကြည်ခွင့်ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။


ဖြစ်ရပ်မှန် အပိုင်း( ၂ )

အရိုးခံမစုခမျာ စိတ်ထဲမှာ မိုက်ကယ်ဟာအခြားအခြားသောလူမျိုးခြား၊ ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။ လူမှုရေးရှိတယ်၊ သူ့အပေါ်ကို နားလည်မှုပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး တစ်ကိုယ်တော်ချီးမွမ်းခမ်းထုတ်ကာ မိုက်ကယ် ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို ထင်လာခဲ့ပါတယ်။

မစုမိဘတွေကလည်း မိုက်ကယ်နဲ့အဆက်အသွယ်ဖြတ်ဖို့ အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ် အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို လက်ထပ်ယူမယ်ဆိုရင် မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုပ်ဘူး၊ သမီးတို့လို အချစ်မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို ရောက်ဖို့ တာစူ နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့ သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ မေမေနားလည်ပါတယ်။ မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ် တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ မဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့ ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့ ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေမေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့ လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကို ငိုယိုပြီးတောင်းပန်ရှာပါတယ်။

ဒါပေမဲ့ မစုကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီးလုပ်ပြီး မိုက်ကယ်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြပါတယ်။ အဲဒီတုန်းက မစုဟာ ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူး ကာ ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊ လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။

သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့အခါမှာတော့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။ မိုက်ကယ်ဟာ သူတို့ဘာသာရဲ့ထုံးစံအတိုင်း မစုကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး မိုက်ကယ်က တကယ်လို့ မစုအနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို ဆက်လက်ကိုးကွယ်ယုံကြည်နေဦးမယ် ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ တရားဝင်ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ မှာလည်း တရားဝင်သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်ကြောင်း၊ မစုကိုယ်တိုင်မှာလည်း၊ တရားဝင်ဇနီးမယား မဖြစ်သေးတဲ့ အတွက် လင်မယားချင်းကွဲကွာတဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့ မစုကိုယ်တိုင် တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာနဲ့အညီ လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။

နောက်ပြီး မိုက်ကယ် ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်မှာတစ်ခြားဘာသာကို ကိုးကွယ် ယုံကြည်တဲ့ မစုရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး မစုအပေါ်အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။

အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုရဲ့ မိုးကောင်းကင် ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး ပျက်ပြယ်ခဲ့ရပါပြီ။ ပျော်ရွင် ရယ်မောခြင်း တွေဟာလည်း တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်းရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။ သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာတောလို ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာပုံရိပ်တွေဟာလည်း တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။

အခုတော့မစုခမျာ ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့မိဘဘိုးဘွား တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲ့အမိုက် ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့မယ်။ ဒီအချိန်မှာ အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊ မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့ အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အချစ်သူရဲ ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။



" သမီးရယ် အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို လက်ထပ်ယူမယ်ဆိုရင် မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုပ်ဘူး၊ သမီးတို့လို အချစ်မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို ရောက်ဖို့ တာစူ နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့ သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ မေမေနားလည်ပါတယ်။ မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ် တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ မဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့ ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့ ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေမေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့ လုံးဝလက်မထပ်နဲ့နော်"




အပိုင်း ( ၃ )ဇာတ်သိမ်း

အခုတော့ မစုရဲ့ဘ၀ကတော့ "ပေါက်တဲ့နဖူးမထူးဘူး" ဆိုတဲ့စကားလို ဘယ်အရာမျိုးကိုမှ မထူး တော့ဘဲ ကံကြမ္မာကိုသာယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။ လူမျိုးခြား၊ ဘာသာခြားဇာတ်ထဲဝင်ရတယ်ဆိုတာ ပါးစပ်ကအပြောနဲ့ဝင်ပါ့မယ်ဆိုပြီး လုပ်လို့မရဘူး။ သူတို့ယုံကြည်မှုရှိအောင် သူတို့ခိုင်းသမျှ အကုန်လုပ်ပြရတယ်။ မစုငယ်ငယ်လေးထဲက ဦးထိပ်မှာ ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့ မစုရဲ့ခြေဖ၀ါးအောက် ရောက်ခဲ့ရပါပြီ။


မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို ခေါင်းပြုအိပ်ခဲ့ရတဲ့မစုဟာ အခုတော့ ခြေအစုံပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။ အိမ်ဦးခန်းမှာကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း သာမန်သစ်သားတုံးအမှတ် ဖြစ်ခဲ့ရပါပြီ။ တန်ခိုးကြီးစေတီပုထိုးများဟာလည်း မစုဘ၀အတွက်တော့ အုပ်ပုံအဖြစ်ရောက်ခဲ့ရပါ ပြီ။

သို့ပေမယ့် မစုအနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှ လည်း တွေးပြီးမပူပန်ခဲ့ပါ။ မောင်သာ မေ့ဘ၀၊ မောင်သာမေ့ရဲ့ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ အမြတ်နိုးဆုံးအရာတွေလို့ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့် ဘာသာတရားတွေကို ချိန်ခွင်တစ်ဖက်မှာတင်ပြီးတော့ မိုက်ကယ်ဆိုတဲ့ မောင့်ကို ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့်ရမယ်ဆိုရင်တောင်၊ မောင့်ဖက်မှာပဲ အလေးပေးခဲ့တဲ့ အချစ်မျက်ကန်းသည်မလေး မစုမဟုတ်ပါလား။

၂၀၀၀ ပြည့်နှစ် မတ်လသို့ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ မစုတစ်ယောက် ကျမ္မာရေးမကြာခဏ ဖောက်ပြန်လို့နေပါတယ်။ ညတိုင်းအိပ်တဲ့အခါတွေမှာလည်း အိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်တဲ့အခါထွက်ပေါက်အဖြစ် လင်ယောက်ျားမသိအောင် ဗေဒင်ဆရာကို အားကိုး တကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာအုန်းညွန့်၊ ဒါန်းညွန့်များလှူပြီး ကုသိုလ်ကောင်းမှု များလုပ်ဖို့ ယတြာပေးလိုက်ပါတယ်။ မစုအနေနဲ့ ရောဂါဝေဒနာ သက်သာ ပျောက်ကင်းစေဖို့ ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကိုချေချင်ပါတယ်၊ ဒါပေမယ့် ဘာသာခြားဇာတ်ထဲဝင်ထားတဲ့ သူတစ်ယောက်အနေနဲ့ ဘုရားကျောင်းကန်မှာသွားပြီး အုန်းညွန့်၊ ဒါန်းညွန့်လှူဖို့ အခက်တွေ့ရ ပါတော့တယ်။

ဒါပေမယ့် ဥပါဒါန်ကြောင့်ဥပါဒ်ရောက် မဖြစ်ရအောင် ( ၆. ၃. ၂၀၀၀ )နေ့မှာ ဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာတင် လစ်ပိုပုလင်းထဲကို အုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက် ခုံပေါ်မှာပဲ တင်လှူလိုက်ပါတယ်။ ဒီစက်ချုပ်ခုံပေါ်မှာ ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက မစုဘုရားမှာပန်းတင်လှူကြောင်း အကိုဖြစ်သူ မိုက်ကယ် နှင့် သူ့အိမ်သားတွေကို တိုင်ကြားပါတယ်။

မိုက်ကယ်နဲ့ယောက္ခမဖြစ်သူများဟာ မစုသူတို့အိမ်မှာပန်းတင်လှူကြောင်းလည်း သိရော ယမ်းပုံမီးကျ ဒေါသပေါက်ကွဲကာ မစုကိုခေါ်ပြီး ပါးတွေနားတွေရိုက်ပစ်လိုက်ကြပါတယ်။

ပြီးတော့ က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီးရှိခိုး” ဆိုပြီး ပုဆိုးလှန်ပြကာ ရှိခိုးခိုင်းပါတယ်။ မစုကိုရိုက်နှက်တဲ့နေရာမှာ မိုက်ကယ်တင်မကပဲ မိုက်ကယ့် အမေနင့် မောင်နှမလေးယောက်တို့က ၀ိုင်းပြီးရိုက်နှက်ကြပါတယ်။ လူလေးယောက်က၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက် မစုခမျာ အလွန် နာကျင်လွန်းလှတာမို့ အော်ဟစ်ငိုကြွေးပြီး ပတ်ဝန်းကျင်ကိုအကူအညီလှမ်းတောင်းမိပါတယ်။ မစုက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမလားဆိုပြီး မိုက်ကယ် တို့မိသားစုရဲ့ ဒေါသဟာ အထွက်အထိပ်သို့ရောက်ရှိသွားပါတယ်။ အဲဒါကြောင့် အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး မစုပါးစပ်ထဲသို့ အ၀တ်စုတ်များကိုထည့်ကာ မသေမချင်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

မစုခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကို မယှဉ်နိုင်တာက တစ်ကြောင်းဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာ တင်ပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ မိုက်ကယ်တို့မိသားစုဟာ အလွန်လည်ကြပါတယ်၊ ယုတ်မာတဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ မစုအလောင်းကို မတော်တဆသေဆုံးမှု သေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ သူတို့အမျိုးတူ၊ ဘာသာတူ တွေအားလုံးကလည်း ငွေအားလူအားနဲ့ ၀ိုင်းဝန်းပြီး လက်စလက်နဖျောက်ပေးကြပါတယ်။

မစု အလောင်းကို မြေမမြုတ်ပဲမီးသဂြိုဟ်ဖို့ စီမံကြပါတယ်။ မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီးဟာ သွေးရိုးသားရိုးနဲ့ သေတာမဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အမှုဖွင့်အရေးယူမယ် ဆိုရင်လည်း လူမျိုးခြား၊ ဘာသာခြားတွေက ငွေအားလူအားနဲ့ ဖုံးဖိထားတဲ့အတွက် အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထားပါတယ်။ ဒါကြောင့်မို့ ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ် ခြင်း၊ မီးသဂြိုဟ်ခြင်းမပြုပဲ ပုံမပျက်အုတ်ဂူသွင်းပေးဖို့ တောင်းဆိုပါတယ်။ နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူသွင်းပြီးသင်္ဂြိုဟ်လိုက်ပါတယ်။

ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့ သံဃာတော်များနားထဲ သို့ရောက်ရှိသွားခဲ့ကြပါတယ်" သံဃာတော်များကလည်း ညတွင်းချင်းစုရုံးပြီး မစု ရဲ့အုပ်ဂူကို ဖောက်ထွင်းပြီး စစ်ဆေးကြည့်ကြပါတယ်။

ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့စကားအတိုင်း ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ထားတဲ့ အလောင်းရဲ့အမှုမှန်ကား ယခုအခါဘွားခနဲပေါ်လာပါတော့တယ်။

ဒီသတင်းစကားဟာ တစ်ခဏအတွင်းမှာပဲ တစ်မြို့လုံးပြန့်နှံ့သွားပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါ တယ်။ မြို့နေလူထုတွေအားလုံးဟာ မခံမရပ်နိုင်ဖြစ်ကာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ မျိုးချစ်စိတ်ဓာတ် ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ အမှိုက်ကစ ပြသာဒ်မီးလောင် မဖြစ်ရအောင် အမြော်အမြင်ရှိတဲ့အာဏာပိုင်အဖွဲ့အစည်းများမှ အကြီးအကဲပုဂ္ဂိုလ် များရောက်ရှိလာကြ ပြီး တရားခံများကို ဥပဒေအရထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း ပြောကြားတော့မှ ပြဿနာ ငြိမ်းအေးသွားပါတော့တယ်။ အာဏာပိုင်အဖွဲ့အစည်းမှ အကြီးအကဲပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ကတိ စကားအတိုင်း မိုက်ကယ် နှင့်တကွ အပေါင်းအပါလေးဦးတို့ကို ညတွင်းချင်းဖမ်းဆီးပြီး အားနွဲ့တဲ့ မိန်းခလေးကို လေးယောက်ဝိုင်းပြီး မတရားညှင်းဆဲသတ်ဖြတ်မှုနဲ့ အသီးသီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းစီ ချမှတ်လိုက်ပါတယ်။

တစ်ချိန်က သာယာလှပတဲ့အလုံမြို့လေးဟာ ယခုတော့သွေးစွန်းပြီးအကျည်းတန်လေခဲ့ပြီ။ ကြည်လင်အေးမြတဲ့ချင်းတွင်းရေဟာလည်း သွေးနှောပြီးတော့ နောက်ကျိခဲ့လေပြီတကား….။



ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာမိန်းခလေးများအနေနဲ့ ကိုယ့်လူမျိုးမဟုတ်တဲ့ ယောင်္ကျားများကို လုံးဝ မယူဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူမမှားဖို့ တင်ပြလိုက်ရပါတယ်။ အလွန် အင်မတန် ဆိုးသွမ်းနေတဲ့ သားသမီးများတောင် သားသမီးကျင့်ဝတ်တွေထဲက တခြား ဝတ်တွေကို ပြုလုပ်ဖို့ လစ်ဟင်းပေမယ့် စောင့်လေမျိုးနွယ် ဆိုတဲ့ အမျိုးဂုဏ် စောင့်ထိမ်းဖို့ကို မပျက်ကွက်တတ်ကြပါဘူး။ ကျွေးမွေးဖို့၊ လှူတန်းဖို့ ပျက်ကွက်တဲ့ သားမိုက် သမီးမိုက်တွေတောင် ဆွေဂုဏ်မျိုးဂုဏ် မပျက်အောင် စောင့်ထိန်းနိုင်ကြပါတယ်။ ယနေ့ မြန်မာ့အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မျိုးဆက် က မြန်မာမိန်းခလေးများအားလုံး သင်ခန်းစာယူကြဖို့ အကောင်းဆုံး သာဓကပါပဲဗျာ.....။



ဖြစ်ရပ်မှန်ကို နာမည်လွဲကာ ဖော်ပြလိုက်ပါသည်....

မင်းကိုနိုင်အတွက် မွေးနေ့ဆုတောင်း အိပ်ဖွင့်ပေးစာ

ကိုမင်းကိုနိုင်ရေ... ဒီနေ့ဆိုရင် ခင်များလည်း ၄၉ နှစ်ပြည့်ပြီ... ၄၉ နှစ်ဆိုတာ မိုက်မဲမှုမှာ ကျေနပ်နေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာ သတိရဖို့လိုပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မှာ လမ်းကြုံလို့ မြန်မာ့နိုင်ငံရေးလောကထဲ ပါလာသူလို့ ပြောကြတယ်.. တကယ်တော့ အဲလိုမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ၈၈ ကျောင်းသား အားလုံးက လမ်းကြုံလို့ မြန်မာ့နိုင်ငံရေးလောကမှာ ပါလာတာပါ။


၈၈ တုန်းက ကျောင်းသားတွေက အရင်တုန်းက နိုင်ငံရေးဆိုတာလည်း စိတ်မဝင်စားဘူး၊ နိုင်ငံရေးဗဟုသုတလည်း မရှိကြဘူးဆိုတာ ကိုမင်းကိုနိုင်တို့ ကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်။ နိုင်ငံရေး အတွေးအခေါ်ဆိုတာ အဝေးကြီးပါ၊ နိုင်ငံ့သမိုင်းတောင်း ကောင်းကောင်းသိကြတဲ့ ကျောင်းသားအရေအတွက်တောင် အရမ်းနည်းခဲ့ပါတယ်။

၈၈ တုန်းက ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေထဲမှာ အမှတ်ကောင်းပြီး ထူးချွန်တဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတွေက အနည်းဆုံးဖြစ်ပြီး၊ ဒုတိယ အနည်းဆုံးက ဥပဒေ သမားတွေနဲ့ သမိုင်း မေဂျာတွေ ဆိုတာကို ကိုမင်းကိုနိုင်တို့ မှတ်မိအုံးမယ်ထင်ပါတယ်။

စာဖတ်အားကောင်းပြီး ထူးချွန်တဲ့ ဆေးကျောင်းက ကျောင်းသားတွေက ကိုမင်းကိုနိုင်တို့ လို ဆန္ဒ မပြလို့ဆိုပြီး ကိုမင်းကိုနိုင် ကိုယ်တိုင် ဆေးကျောင်းသားတွေ ဆီကို ထမီထုတ်တွေ သွားပစ်ခိုင်းခဲ့တယ်လေ။

ခုပြန်စဉ်းစားကြည့်ရင်တော့ လူကြီးလူကောင်းမဆန်ပဲ လုပ်ခဲ့တာတွေအတွက် စိတ်ပျက်မိတယ်ဗျာ။

စာဖတ်အားကောင်းပြီး ထူးချွန်တဲ့ ဆောင်းကျောင်းသားတွေမပါ၊ ဥပဒေ ကျောင်းသားနဲ့ သမိုင်း ကျောင်းသားတွေ မရှိတဲ့ ကျောင်းသား အဖွဲ့တွေက နိုင်ငံရေးလုပ်မယ်ဆိုတော့ အချင်းချင်း မယုံမကြည်စိတ်တွေ ဖြစ်ခဲ့ကြတာကို မမေ့လောက်သေးဘူးထင်ပါတယ်။

ဒါတွေ ထားလိုက်ပါတော့။ နောက်ကြောင်းတွေကို ပြန်မပြောတော့ပါဘူး။ နိုင်ငံရေးမှာ ၈၈ ကျောင်းသားတွေ ပါလာတယ်ဆိုတာ ၈၈ ကျောင်းသားတွေက နိုင်ငံတော်နဲ့ လူထုအတွက် ဘာတွေလုပ်ခဲ့လို့လဲ၊ ဘာဥပဒေတွေ ပြဌာန်းနိုင်ခဲ့လို့လဲ၊ နိုင်ငံတော်ရဲ့ ဘယ်တာဝန်တွေ ယူခဲ့ရလို့လည်းလို့ ဒီနေ့လူငယ်တွေက မေးရင် ဖြေစရာမရှိဘူးဖြစ်နေတယ်။ ဘာလုပ်ခဲ့လို့လည်းဆိုတော့ ဘာမှမှမလုပ်ခဲ့တာပဲ။

လမ်းပေါ်ထွက် ဆန္ဒပြတာက နိုင်ငံရေး လုပ်တာလို့ ဒီနေ့အထိ အသက် ၅၀ ဝန်းကျင် ကျောင်းသားဟောင်းတွေ ထင်နေကြတာ စိတ်မကောင်းဖြစ်မိပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြဖို့ ၈၈ ကျောင်းသားမှ မဟုတ်ဘူး လူတိုင်းလုပ်နိုင်ပါတယ်။ ဘာဥပဒေမှ နားမလည်၊ ဘာသမိုင်းကြောင်းမှ မသိတဲ့ ၈၈ ကျောင်းသားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြလို့ အဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ကိုမင်းကိုနိုင်လည်း အသိပါ။

အဲဒီနေ့က လက်ဘက်ရည်ဆိုင်ထဲကို ကိုမင်းကိုနိုင် ထမင်းထုတ်တွေ လက်နှစ်ဖက်က ဆွဲပြီး လွယ်အိပ်တစ်လုံးနဲ့ ဝင်ခဲ့တယ်။ ပြီးတော့ အလုပ်မရှိလို့ ထိုင်နေတဲ့ ဆိုက်ကားသမားတွေနဲ့ အထမ်းသမားတွေကို ထမင်းထုတ်တစ်ယောက်တစ်ထုတ်ဆီပေး၊ ပိုက်ဆံ ၁၅၀ ဆီ ပေးပြီး ဆန္ဒပြဖို့ ကိုမင်းကိုနိုင် လာခေါ်တယ်လေ။

နောက်တော့ ဆန္ဒပြရုံတင်မကတော့ဘူး ဓာတ်တိုင်တွေ ဖျက်ဆီး၊ မီးပွိုင့်တွေ ရိုက်ခွဲ၊ ဂိုဒေါင်တွေ မီးရှို့ တွေပါ လုပ်လာကြပြန်တယ်။ ၈၈ ကျောင်းသားတွေ နိုင်ငံရေး လုပ်တယ်ဆိုတာ ဒါတွေပါပဲ။

နောက်ဆုံးတော့ ကိုမင်းကိုနိုင်လည်း အပြစ်တွေ ဆေးကြောဖို့ အဖမ်းခံရတယ်၊ ကျန်တဲ့ ကျောင်းသားတချို့လဲ ဖမ်းမှာ ကြောက်ပြီး ခွေးပြေးဝက်ပြေးနဲ့ နယ်စပ်ကို ပြေးကြတယ်။ ခုတော့ ကောင်းစားနေကြပါပြီ။ ၁၉၈၈ ဆိုတာ မြန်မာ့ နိုင်ငံရေးအတွက် အချိန်းအပြောင်း ဟုတ်မဟုတ် တော့ မသိဘူး။ ၈၈ ကျောင်းသားတွေ ဘဝ ကိုတော့ တကယ် ချိန်းပြောင်းပေးခဲ့တာ အမှန်ပါပဲ။ အခုဆိုရင် အမေရိကား၊ နော်ဝေ၊ အင်္ဂလန်၊ ဂျပန်၊ သြောစတြေးလျ နိုင်ငံဆုံမှာ ၈၈ ကျောင်းသားဟောင်းတွေ ကြွယ်ဝချမ်းသာပြီး ကောင်းစားနေကြပါပြီ။

ကိုမင်းကိုနိုင်တို့ကိုလည်း " ပြေးလို့ရတာ မပြေးပဲ... -င်ယားပြီး အဖမ်းခံတဲ့ကောင်တွေ နည်းတောင်နည်းသေတယ်" လို့ ကျိန်ဆဲ နေကြသူတွေ အများကြီး ရှိကုန်ပြီ။ လက်ရှိအစိုးရဲ့ သဘောထားပျော့ပြောင်းမှု ကြောင့် ကိုမင်းကိုနိုင်လည်း မကြာခင်မှာ လွတ်လာနိုင်ပါတယ်။ အသက် ၄၉ နှစ်ဆိုတာ ငယ်တော့တဲ့ အရွယ်မဟုတ်ပါဘူး။ လိမ်လိမ်မာမာနေပြီး ရိုးရိုးသားသား လုပ်စားရင် နောက်မကျသေးပါဘူး။

နိုဘယ်ဆုကြီးလည်းရ၊ တခြား ဆုတွေကလည်း တစ်လကို နှစ်ဆုလောက် အလိုလိုနေရင် ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် "မတာရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတာ ကနေ "အသုံးချခံရရင်လည်း ကျေနပ်တယ်" ဆိုတဲ့ လေသံပြောင်း လိုက်ရတဲ့ အချိန် ဖြစ်နေတာကို သတိပြုပါ။ ထောင်ကထွက်လာရင် ဘာကြီးဖြစ်မယ် ညာကြီးဖြစ်မယ်လို့တော့ ကြိုပြီး မျှော်လင့်မထားပါနဲ့။ နိုင်ငံတကာနဲ့ အဆင်ပြေပါတယ်၊ ဆုတွေ တစ်အိမ်လုံး ပြည့်နေပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် ဘာမှ မဖြစ်တာ အားလုံးအသိပါ။ လွှတ်တော်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေနဲ့ အလုပ်လုပ်နေတဲ့ ဒီနေ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်မှာ ၈၈ တုန်းက လမ်းပေါ် ထွက် ဆန္ဒပြဖူးရုံလောက်ကို ဒီခေတ်ကြီးမှာ နိုင်ငံရေးသမားလို့ ခေါ်လို့မရတော့ဘူး။

နိဂုံးချုပ်ပြောရရင်တော့ ထောင်ထဲမှာ လိမ်လိမ်မာမာနေပါဗျာ။ အလုပ်မရှိရင်လည်း ကိုဇာဂနာလို ကြောင်ရေချိုးပေးပါ။ ကိုဇာကနာကတော့ ထောင်ထဲမှာ တရားထိုင်တာ၊ အသိပညာရမယ့် စာတွေ ဖတ်တာ မလုပ်ပဲ ကြောင်တစ်ကောင်မွေးပြီး အလုပ်မရှိ ကြောင်ရေချိုးပေးခဲ့တယ်ပြောပါတယ်။ တချို့တွေကတော့ အချုပ်ကထွက်မှ ဘုန်းကြီးကျောင်း ခဏခဏ သွားဖြစ်ကြတယ်။ ကိုမင်းကိုနိုင်လည်း တစ်ခုခုကို အာယုံစိုက်ပါ။ ဟင်းတွေ ယူမလာနဲ့ လို့ အော်နေပြီး ၉၆ ပါး ရောဂါ ဖြစ်ပြနေပြန်ရင်လည်း မကောင်းပါဘူး။ ပြည်သူ့အတွက် လုပ်တာ ခံရဲတယ် ဆိုတဲ့ စိတ်မျိုး မွေးပြီး ထောင်ဝင်စာလည်း မတွေ့ခိုင်းပဲ၊ ဘာမှလည်း မမျှော်လင့်ပဲနေနိုင်အောင်နေပါ။ ယုတ်စွအဆုံး အစိုးရက လွတ်ရက်မစေ့ပဲ လွှတ်ရင်တောင် အစိုးရကို ဆန့်ကျင်သောအားဖြင့် ထောင်ကမထွက်ဘဲ ဆက်နေပါ။

ခေါင်းဆောင်ကောင်း ဥပဒိရုပ် မဟုတ်


မွေးနေ့မှာ အဓိကဆုတောင်းပေးချင်တာကတော့ ကိုမင်းကိုနိုင်ရဲ့ ရှေးဘဝက အကုသိုလ်တွေ များခဲ့လို့ ဒီဘဝမှာ ထောင်ချခံနေရတဲ့အတွက် အဲဒီ အကုသိုလ်တွေ အမြန်ကျေပါစေလို့ စုတောင်းပေးပါတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာလည်း ကိုမင်းကိုနိုင် ကြားဖူးမှာပါ။ အခု ဖမ်းဆီးချုပ်နှောင် ခံနေရတာဟာ အရင်ဘဝတွေက၊ ဒါမှ မဟုတ် ငယ်ငယ်တုန်းက သူတပါးကို ချုပ်နှောင်ဖို့၊ အဖော်မဲ့အောင် လုပ်ဖို့နဲ့ အခြား စိတ်ပုတ်စိတ်ယုတ် တွေ ထားခဲ့၊ လုပ်ခဲ့လို့ ခုချိန်မှာ ပြန်ခံရတာပါ။ ကိုမင်းကိုနိုင်လည်း ဘာသာရေး အားနည်းသူမဟုတ်တော့ ဒီသဘောတရားကို နားလည်မယ် ထင်ပါတယ်။ ဒါကြောင့် အခုချိန်က စ ပြီး စိတ်ကောင်းကောင်းလေးထားပါ။ ၈၈ တုန်းက လမ်းပေါ်ထွက် ကြ သူချင်းအချင်းချင်း မိုးသီးဇွန်း တို့ကတော့ သက်တောင့်သက်သာ ချမ်းသာနေပြီး၊ ကိုမင်းကိုနိုင်ကျတော့ သံတိုင်ကြားမှာ ရောက်နေရတာဟာ ကိုမင်းကိုနိုင်လုပ်ခဲ့တဲ့ အကုသိုလ်တွေ သိပ်များနေလို့ ဖြစ်ရတာပါ။ ကိုမင်းကိုနိုင် အပါအဝင် တခြား ထောင်ကျနေသူတွေအားလုံးရဲ့ အကုသိုလ်တွေ အမြန်ကျေဖို့ ဆုတောင်းပွဲတွေ လုပ်ပေးပါအုံးမယ်။


ဒေါက်တာလှိုင်မြင့် (မုံရွာ)

အတိုက်အခံများနှင့်လက်နက်ကိုင်တိုင်းရင်းသားများအောင်မြင်မှုရရှိ သွားသောအခါ

၂၁ ရာစု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အသွင်



နိုင်ငံပေါင်းစု၏ သမိုင်း

တစ်ချိန်အခါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟူရ်ျ အထက်ပါပုံကဲ့သို့ဝင့်ထည်စွာတည်ရှိခဲ့ဖူးလေသည်။
ထိုနိုင်ငံတွင် အစိုးရအား ရဲရဲဝံ့ဝံ့ ဖြင့် ၁ ဦးတည်းရှိစေကာမူ နာမည်အကြီးကြီးပေးကာ အတိုက်အခံဟုခေါ်သော အစိုးရအား လက်နက်ကိုင်ရ်ျသဖွယ် လက်သီးပုန်းပြရ်ျတနည်း လေလှိုင်းမှ အာကျယ်ရ်ျတဖုံ တိုက်ခိုက်ကြသော အတိုက်အခံ များနှင့် လက်နက်ကိုင်(လောက်လေးခွကိုင်ရ်ျ A4စာရွက်တွင်ကြေငြာချက်ဟုရေးသားထုတ်ပြန်တတ်သောအဖွဲ့သည်လည်း လက်နက်ကိုင်ဟု ခံယူလိုက်တတ်သေး၏)အဖွဲ့ အစည်းများက (ပုံပြင်များ-တရုတ်ရှေးသိုင်းကားများထဲကလို)မည်သို့ မည်ပုံတိုက်လိုက်လေသည်မသိ-အစိုးရ ပြုတ်ကျသွားပြီး
အောက်ဖော်ပြပါပုံအတိုင်း ဆိုင်ရာဆိုင်ရာနိုင်ငံများအဖြစ် ရပ်တည်လိုက်လေကြသတည်း။




ဓလေ့စရိုက်များ
ထိုနိုင်ငံရှိ ကမ္ဘာပေါ်တွင် ဒုတိယဆိုဗီယက် ဟူရ်ျ ဂုဏ်ယူဝင့်ကြွားကာ ပြောတတ်ကြသေးသည်။
၎င်းကဲ့သို့ နိုင်ငံများကွဲပြားနေသော်လည်း ဗိုလ်ချူပ်ဟူသော ပုဂ္ဂိုလ်တစ်ဥင်္ီး၏ ပုံကြီးအား ကွဲပြားသွားသော
နိုင်ငံတိုင်းတွင်ချိတ်ဆွဲလက်ညှိုးထိုး ဂုဏ်ယူကြလေသည်။ထိုဗိုလ်ချူပ်ဆိုသူ၏ နောက်ဆုံး မျိုးဆက်(ရေတစ်ဝက် တိတိရောထားသော မျိုးမဆစ်) အမျိုးသမီးဆိုသူကား နိုင်ငံတိုင်းတွင် လှည့်လည်လျှက် ကန်တော့ပွဲများ ၊ မင်္ဂလာဆောင်များ ၊အသုဘ များ ၊ဖွင့်ပွဲများ တွင်လည်း အထူးဖိတ်ကြား
ဝါးတီးဖွင့်လျှက်ရှိသေးသည်။
နိုင်ငံတိုင်းအရေးကြူံလျှင် ထိုအမျိုးသမီးအား ဖိတ်ကြားကာ အကြံဥာဏ်တောင်းပြီး ဟန်ရေးပြကာ
နောက်ဆုံး ထိုအမျိုးသမီး၏ စကားလုံးများအား အမှိုက်တောင်းတွင်း ထည့်ကာ မိမိထင်ရာသာ လုပ်ကြသော
ချစ်ဖွယ်ကောင်းသော ဓလေ့လည်းရှိ၏။သူ့မအားကွယ်ရာတွင် ဒုတိယမြောက် ဂိုဘာချော့ ဟုတသွယ်
ဂျူနီယာ ဂိုဘာချော့ ဟုတနည်း ချီးမြင့်ပြောဆိုလေသည်။အဘယ့်ကြောင့်ဆိုသော် ယခုကဲ့သို့ နိုင်ငံများကွဲရခြင်းမှာ သူမ၏ စနက်လည်းမကင်းသောကြောင့်ဖြစ်သည်။

ကိုးကွယ်ယုံကြည်မှု
ထိုနိုင်ငံစုများ၏ ကိုးကွယ်မှုမှာ ဘုရားမဟုတ် ၊ နတ်မဟုတ် ၊ အစိုးရအာဏာပိုင်များသာ ဖြစ်လေသည်။
အဘယ့်ကြောင့်ဆိုသော် လမ်းဘေးတွင် ခလုတ်တိုက်လဲလျှင်ပင် အစိုးရကြောင့် ၊ ရေကြီးလျှင်လည်း အစိုးရကြောင့် ၊မိုးခေါင်လျှင်လည်း အစိုးရကြောင့် ၊ အိမ်တွင် ဟင်းချက်သောအခါ ဟင်းအိုးမှ ဆီထပေါက်လျှင်ပင် အစိုးရကြောင့် ဟူရ်ျ အစိုးရအာဏာပိုင်များကိုသာ တသသ "တ"တတ်ကြသည်။

ကူးလူးဆက်သွယ်မှု
ထိုနိင်ငံစု များမှ ပြည်သူများသည် မိမိဆိုင်ရာမှတ်ပုံတင်နှင့်တကွ ဗီဇာ ၉ ခုတိတိ ကိုင်ဆောင်ထားကြသည်။
နိုင်ငံစုများသည် ဗမာ စကားကို ရေရေလည်လည် ပြောတတ်ကြလေသည်။ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းကလည်း ထိုနိုင်ငံစု အား စိုးရိမ်မှုမရှိပေ။အဘယ့်ကြောင့်ဆိုသော် တနိုင်ငံနှင့်တနိုင်ငံသည် အမြဲရန်စောင်နေကြသောကြောင့် အင်အားကြီးနိုင်ငံများမှ စိုးရိမ်ပူပန်မှုမပြုပဲ မြောက်ပင့်ထားကြလေသည်။
စစ်ရေး
နိုင်ငံစုတိုင်းတွင် ထက်မြက်သော စစ်တပ်များအားပိုင်ဆိုင်ကြလေသည်။အင်အားကြီးနိုင်ငံများနှင့်စစ်ရေးအင်အားကောင်းသောနိုင်ငံ
များမှထောက်ပံ့ထားလေသည်။သို့မှသာ ၄င်းတို့လက်နက်ဈေးကွက်ကျယ်ပြန့်မည်မဟုတ်ပါလော။ဥပမာ..ချင်းနိုင်ငံဆိုလျှင် ပါကစ္စတန်နိုင်ငံတွင် အခြေခံကောင်းခဲ့သော တောင်ပေါ်တိုက်ခိုက်ရေး အမေရီကန်တပ်များ အကူအညီ ၊ ကချင်နိုင်ငံဆိုလျှင် တရုတ်တို့၏ လေယာဉ်ပစ်စက်သနက်များ ၊လွပ်လပ်သော ကရင်နိုင်ငံဆိုလျှင် အမေရိကန်တို့ ၏ လက်နက်ငယ်များ စနိုက်ပါများ မိုင်းများ ၊ရှမ်းစော်ဘွားများဆိုလျှင် ထိုင်းနိုင်ငံနှင့် U.S ၏ စစ်ရေးထောက်ပံမှုလမ်းကြောင်း နှင့် ၁၀၀ မမ ပြောင်းတပ်ဆင်ထားသောတင့်များ
မဟာရက္ခိုတတွင် အိန္ဒိယနှင့်ဘင်္ဂးလားဒေ့ခ်ျ ရေတပ်ကျောက်ထောက်နောက်ခံ ၊တနသာင်္ရီ ဆိုလျှင် US NAVY အကူအညီ သစည်ဖြင့် ရှိကြလေသည်။နိုင်ငံစုများ၏ အခြေခံစိတ်ဓါတ်မှာကား နိုင်ငံစုသား အချင်းချင်းဆိုလည်း လက်သံပြောင်လေသတည်း။

အနာဂတ်မှာ ငါတို့နိုင်ငံတော်ကြီး ဒီလို ဖြစ်စေချင်တဲ့လူတွေရှိနေတယ်..ညီအစ်ကိုမောင်နှမတို့ ရေ..


အထက်ပါအတိုင်းနောင်တချိန်တွင် ဖြစ်ပေါ်မလာစေရန် သတိပေး သရော် ကာ ရေးသားလိုက်ပါသည်...။
ညီအကိုမောင်နှမများ စည်းလုံးကာ ဒီမိုကရေစီနိုင်ငံတော်သစ်သို့ အစိုးရအား ကူညီဝိုင်းရံပေးကြပါရန်
တောင်းဆိုသမှုပြုလိုက်ရပါသည်။

http://mgkyautkhae.blogspot.com/2011/10/blog-post_17.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်မှာ ဆန္ဒပြလျှင် ရဲက ငရုတ်ကောင်ရည်နဲ့ မျက်လုံးကို ပက်ဖျန်း သည်ဟုသိရ



အမေရိကန် ဘဏ္ဍာရေး နှင့် ငွေကြေး ဈေး ကွက် ဖြစ်သည့် ဝေါလ်ထရိတ် လမ်းရှိ မသမာ သည့် အရင်း ရှင် များ ကို အကြမ်းမဖက်သောနည်းဖြင့် ယုံကြည်ချက်ကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန့် ကျင် ဆန္ဒ ပြ နေ သည့် Occupy Wall Street လှုပ် ရှား မှု အဖွဲ့  ၀င်များ ကို အမေရိကန်ရဲများ က ငရုတ် ကောင်း မှုန့် များ ထည့် ထား သည့် မှုတ် ဆေး ဗူးများဖြင့် ပက် ဖျန်း ခံ တယ်လို့ သတင်းစာများမှာ ရေးသားထားတာ တွေ့ရပါတယ်။


သမ္မတအိုဘားမား တက်လာပြီးကတည်း စီးပွားရေး ချွတ်ခြုံကျခဲ့တဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားတွေက စိတ်မရှည်နိုင်တော့ပဲ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာ ဒါနဲ့ဆို ခဏခဏ ရှိနေပြီ ဖြစ်ပါတယ်။ ၀ါရှင်တန် ဒီစီ ရှိ ဆန္ဒပြ သူများက ဝေါလ်စထရိ ၊ H လမ်းမ နဲ့ နေရာ အတော်များများမှာ စုဝေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

နယူးယောက် တွင် လည်း ထောင် နှင့် ချီ သည့် ဆန္ဒပြ သူ များ သည် ၎င်း တို့  ၂၂ ရက်ကြာ စခန်း ချရာ ဇာကိုတီ ပန်းခြံ မှ အောက် မက်ဟတ်တန် ရှိ ၀ါရှင်တန် ရင်ပြင် သို့  ချီတက်ကြ ရာ လူထောင် ပေါင်း များ စွာ ပါဝင် ခဲ့ သည်။

ကော်လိုယာဒို ပြည်နယ် ဒင်ဗာ မြို့  မှာလည်း လူ ၇၀၀ ခန့် က ဗဟို ဘဏ် ရှေ့  တွင် စု ရုံး ပြီး ဆန္ဒပြ ကြသည်။

OWS လှုပ်ရှား မှု များ ကို အမေရိကန် မြို့  ပေါင်း ၁၀၀၀ ကျော် နှင့် နိုင်ငံ တကာ ရှိ မြို့  ပေါင်း ၁၀၀ ခန့် တွင် ကျင်း ပ နိုင်ခဲ့ သည် ။

ဆန္ဒပြ သူ များ ကြောင့် နယူးယောက် ရဲတပ်ဖွဲ့  ၀င် များ ကို အချိန် ပို ကြေး လုပ်ခ ကြေး များ တိုး ပေး ရ မှု သည် တစ်လ လျှင် ဒေါ်လာ တစ်သန်း ခန့်  ရှိ မည် ဟု နယူးယောက် တိုင်း သတင်း စာ တွင် ရေး သား ထားပါတယ်။

အမေရိကန် အရင်း ရှင် များ ၏ မသမာ မှု နှင့် လောဘဇော တိုက်ကာ စီပွား ရှာ မှု ကို ဆန့် ကျင် တိုက် ဖျက် သည့် Occupy Wall Street သည် ပြီး ခဲ့ သည့် သီတင်း ပတ် မှာ စတင် ကာ အမေရိကန် နိုင် ငံ တ၀ှမ်း သို့  ပျံ နှံ့ သွား ပြီး ယခု အခါ မြို့  တိုင်း နယ် တိုင်း ဉ် ဆန္ဒပြ မှု များ ဖြစ်ပွား နေသည်။ အစိုးရနဲ့ နီးစပ်သူ လူနည်းစုကပဲ ချမ်းသာနေပြီး ကျန်တဲ့ လူများစုမှာ ဆင်းရဲခြင်းနဲ့ ရင်ဆိုင်နေကြကြောင်း ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ၀ါရှင်တန် ၊ နယူးယောက် ၊ ဘော်စတွန် မြို့  များ တွင် ပြု လုပ် သည့် ဆန္ဒ ပြ မှု များ ဉ် အီရတ် နှင့် အာဖဂန် နစ္စတန် ရှိ အမေရိကန် တပ် များ ပါ ရုပ်သိမ်း ရေး တို့ ကိုပါ တောင်းဆိုခဲ့ကြပါတယ်။ ကုလသမ္မဂ္ဂအစည်းအဝေးမှာလည်း အမေရိကန်က ကမ္ဘာမှာ စစ်ဖြစ်အောင် အမျိုးမျိုးလုပ်နေတယ်လို့ ပြောခံခဲ့ရပါတယ်။

နယူးယောက် မြို့ တော် ၀န် မိုက်ကယ် ဘလွန်းဘာဂ် က ဆန္ဒ ပြ သူ များ သည် အမေရိကန် လုပ် ငန်း ခွင် များ ကို ဖျက်ဆီး နေခြင်း ဖြစ် သည် ဟု ပြောပြီး အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တဲ့တယ်လို့လည်း သိရပါတယ်။ တံတားမှာ ဆန္ဒပြသူတွေကိုလည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ခ် လင် တံတား မှာ ဆန္ဒပြနေသူ လူပေါင်း ၇၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဆန္ဒပြရာမှာ ခေါင်းဆောင် ခဲ့သူ တစ်ဦးက "ဆန္ဒပြတာ ၂၀၀၀ လောက်ရှိတယ်.... ၇၀၀ ရာလောက်က အဖမ်းခံရတယ်... " လို့ ပြောပါတယ်။ ရဲအင်အား ဘယ်လောက် ရှိလဲမေးချိန်မှာတော့ "မြင်ရတဲ့ အင်အားကို ပြောတာလား... မမြင်ရတဲ့ အင်အားကို ပြောတားလား... မြင်တွေ့နေရတာကတော့ ရဲအင်အား ၄၀၀၀ ထောက် ရှိတယ်... အမြင်နိုင်တဲ့ အင်အားကတော့ တစ်သိန်းလည်း ဖြစ်နိုင်တယ်.. နှစ်သိန်းလည်းဖြစ်နိုင်တယ်..." လို့ ဆိုပါတယ်။



အမေရိကန်နိုင်ငံဟာ တခြားနိုင်ငံငယ်တွေကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရေးအတွက် နိုင်ငံငယ်လေးတွေရဲ့ ပြည်တွင်းရေးကို ပါဝင်စွက်ဖက်တတ်သူ တစ်ဦးဖြစ်ပြီး သူ့နိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုတော့ ဖမ်းဆီးမှုတွေနဲ့ ငရုတ်ကောင်းရည်တွေနဲ့ ပတ်ဖျန်းတာတွေ လုပ်ခဲ့ပါတယ်။




ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဆန္ဒပြမှု ဖြစ်ခဲ့ပေမယ့် ရဲတွေက ဖမ်းဆီးတာတွေ၊ ငရုတ်ကောင်းရည်နဲ့ ဖျန်းတာတွေ မလုပ်ခဲ့ဘူးလို့လည်း သိရပါတယ်။

http://oppositeyes.blogspot.com/2011/10/blog-post_16.html
မှ ကူးယူဖော်ပြပါကြောင်း

Myanmar Express

ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တဲ့ ဗြိတိန်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီး နှုတ်ထွက်လိုက်ရ


ဒီမိုကရေစီနိုင်ငံကြီးလို့ မြန်မာအတိုက်အခံများ အပါအဝင် အခြားသူ အတော်များများက လေးစားအထင်ကြီးနေကြတဲ့ ဗြိတိန်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီး လီယမ်ဖောက်စ် (Liam Fox) ဟာ အခုဆိုရင် ရာထူးမှ နှုတ်ထွက်သွားပါတယ်။ ဝန်ကြီးချုပ်က နှုတ်ထွက်စာ တင်ခိုင်းတယ်လို့လဲ ပြောကြပါတယ်။ အပြစ်ကတော့ သူ့ ရဲ့ နိုင်ငံခြားခရီးစဉ်တွေကို ခေါ်သွားလေ့ရှိသူ သူ့သူငယ်ချင်းတစ်ယောက်က သူ့ကိုယ်သူ အစိုးရအကြံပေးအဖြစ် လိမ်ညာခဲ့တာကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်သွားတာလို့ ဆိုပါတယ်။ ဗြိတိန်စစ်တပ်ရဲ့ အကြီးတန်းတာဝန် ထမ်းဆောင်သူ တစ်ဦးအနေနဲ့ သူနဲ့ အတူ ခရီးစဉ်တွေမှာ ခေါ်ဆောင်သွားသူက လိမ်ညာနေတာကို မသိတာ အံ့သြောစရာ ကောင်းလွန်းပါတယ်။ အဲဒီလူက အရမ်းတော်လွန်းပြီး ဗြိတိန်ထောက်လှန်းရေးနဲ့ အနီးကပ်လူတွေကိုသာမက ကာကွယ်ရေးဝန်ကြီး ကိုပါ သူ့ကိုယ်သူ အကြံပေးနိုင်တာဆိုရင်တော့ ဗြိတိန်စစ်တပ်က ထောက်လှန်းရေးတွေနဲ့ အကြီးတန်းအရာရှိအားလုံး ဘယ်လောက် အသုံးမကျလဲ ဆိုတာ မြင်တွေ့နိုင်ပါတယ်။

ဒါပေမယ့် သောကြာနေ့က ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) ကိုပေးခဲ့တဲ့ နုတ်ထွက်စာမှာ မစ္စတာ ဖောက်စ် က သူ့ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားနဲ့ အစိုးရလုပ်ငန်းတွေကို ရောနှောခဲ့မိတဲ့ သူ့ရဲ့ အမှားကြောင့်လို့ ရေးသားထားတာ တွေ့ရပါတယ်။ ကာကွယ်ရေးဝန်ကြီး တစ်ဦးက ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနဲ့ အစိုးရလုပ်ငန်းကို ရောနှောမှုတွေ ရှိနေရင် အတွင်းပိုင်းနဲ့ အငယ်တန်းအရာရှိတွေမှာ ဒီထက် ဆိုးတဲ့ အကျင့်ပျက် ချစားမှုတွေ အသေအချာ ရှိနေမယ်လို့ ဗြိတိန်အရေး ကျွမ်းကျင်သူအချို့က ဆိုပါတယ်။

မစ္စတာ ဖောက်စ်ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ အဒမ်ဝါရီတီ (Adam Werritty) နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းရဲ့ ဆက်ဆံရေးကို အစိုးရက စုံစမ်းစစ်ဆေးဖို့ တစ်ရက်အလိုမှာပဲ သူ ခုလို ရာထူးကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ အစိုးရဖက်က စုံစမ်းမှု မလုပ်ရင် နှုတ်ထွက်မှုမရှိပဲ ဆက်ပြီး ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးတွေ ဆက်လက် ရှုပ်ထွေးနေမှာ ဖြစ်ပါတယ်။ မစ္စတာ ဖောက်စ် နိုင်ငံခြားကို အစိုးရတာဝန်နဲ့ သွားခဲ့စဉ်မှာ မစ္စတာ ၀ါရီတီ လည်း တာဝန်မရှိဘဲ အစိုးရစရိတ်နဲ့ လိုက်ပါခဲ့တယ်ဆိုတာကို မစ္စတာဖောက်စ် က ဒီသီတင်းပတ်အစောပိုင်းက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အခွန်အခတွေကို လိမ်ညာ စားသောက်၊ ဇိမ်ခံ သုံးယူနေခြင်းသာ ဖြစ်ကြောင်း သတင်းစာများမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရ ဆန့်ကျင်သူများကတော့ ချစားအကျင့်ပျက်နေတဲ့ ဗြိတိန်နိုင်ငံသားတွေနဲ့ ဗြိတိန်တပ်မတော်ကို အထင်ကြီးလျှက် ရှိနေပါတယ်။


Myanmar Express

စတုတ္ထမဏ္ဍိုင်ကို အားကိုးပါ၊ သို့သော် လက်သရမ်းတတ်သည် သတိထားပါ


မြန်မာနိုင်ငံမှာ အစိုးရရဲ့ သတင်းလွတ်လပ်ခွင့်တွေ ပေးမှုကြောင့် သတင်း တွေ၊ ဂျာနယ်တွေထဲမှာ အရင်တုန်းက မမြင်ဖူးတာတွေ မြင်လာရတာကြောင့် ပြောင်းလဲခြင်းတွေကို လူအများက အသိအမှတ်ပြုလာကြပါတယ်။ ဂျာနယ်တွေကဆိုရင် ဘယ်လောက်များသလဲ မမေးနဲ့ နေ့စဉ်ထုတ်နေရုံမကဘူး။ တစ်နေ့ ၃ လေးစောင် ထွက်နေလို့ ဘာဖတ်ရမှန်းတောင် မသိတော့ဘူး။ ဒါတောင် နေ့စဉ် သတင်းစာ ထပ်ထုတ်ချင်ကြသေးတယ်။ ပြည်သူအတွက် ရပ်တည်မယ့် စတုတ္ထမဏ္ဍိုင် တွေက ပြည်သူတွေကို တစ်ပတ်တစ်ခါ သတင်းရောင်းစားလို့ အားမရသေးဘူး။ နေ့စဉ် အမြတ်ထုတ်ချင်ကြသေးတယ်။ စီးပွားရေးတွေ သောင်းကျန်းကြလွန်းတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က မြန်မာအစိုးရမှ သမ္မတအမိန့်နဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသားခွင့် ပေးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်ကထွက်လာမယ့် ထောင်ဘူးဝ မှာ ဂျာနယ်၊ မဂ္ဂဇင်းပေါင်းဆုံမှ သတင်းထောက်တွေ စုပြုံတိုးဝေ့ပြီး စောင့်နေခဲ့ကြပါတယ်။ ပြည်သူလူထုက စိုးရိမ်တကြီးဖြင့် ၎င်းတို့ရဲ့ ဆွေမျိုးသားချင်းတွေကို စောင့်မျှော်နေချိန်မှာ သတင်းထောက်တွေက ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်လိုက် နောက်လိုက်ပြောင်လိုက် လုပ်နေကြကြောင်း အင်စိန်ထောင်ရှေ့မှ စောင့်နေခဲ့သူ တစ်ဦးက ပြောပါတယ်။

ဂျာနယ်တွေများလွန်းတော့ သတင်းထောက်ပေါင်း ၁၀၀ နီးပါးတောင်ရှိတယ်လို့ဆိုပါတယ်။ သတင်းထောက်တွေအနေနဲ့ တံခါးအတွင်းထိ ဝင်ခွင့်ရကြပြီး သူတို့အချင်းချင်း ကြိတ်ကြိတ်တိုးလိုက်၊ ဖိနပ်တက်နင်းလိုက်၊ ဓာတ်ပုံကျော်ရိုက်လိုက် နဲ့ ရန်ဖြစ်နေတာလည်း မြင်ခဲ့ကြရတယ်လို့ဆိုပါတယ်။ အဆိုးဆုံးကတော့ ခါးပိုက်နှိုတ်တာပဲဖြစ်ပါတယ်။ သတင်းထောက်တွေချည်းစုပြီး ကြိတ်ကြိတ်တိုးနေချိန်မှာ သတင်းထောက်အချင်းချင်း ကပ်ပြီး စာရွက်စာတမ်းတွေ၊ ပိုက်ဆံတွေကို ခါးပိုက်နှိုက်မှုတွေ ရှိကြောင်း သတင်းထောက်တစ်ဦးက အခုလိုပြောပါတယ်။

"ရှေ့က လူကို မေးဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ အားသန်နေတော့ နောက်ကို သတိမထားမိဘူးလေ.. ပြီးတော့ စတုတ္ထမဏ္ဍိုင် သမားတွေချည်းပဲဆိုတော့ စိတ်ချလက်ချ ပစ်ထားမိတာပေါ့...

ပါတာတော့ အိပ်ထဲရှိတာ အကုန်ပါသွားတာပဲ.. ပိုက်ဆံရော၊ မှတ်ပုံတင်ရော၊ memore stick တွေရောပဲ... "

လို့ပြောပါတယ်။ ရန်ကုန်လေဆိပ်ကို ဇာဂနာ ပြန်ရောက်လာတော့ ဇာဂနာကို ထောက်ခံသူတွေရော သတင်းထောက်တွေရော တိုးကြိတ်နေတုန်း သတင်းထောက်တဦးက တခြား သတင်းထောက်မတဦးကို လက်သရမ်း ကာ -င်နှိုက် ခဲ့တယ်လို့ လည်း ဆိုပါတယ်။ ဒီအကြောင်းကို အမည်မဖော်လိုတဲ့ ကာယကံရှင် သတင်းထောက်မ တစ်ဦးက အခုလို ပြောပါတယ်။

"ဟုတ်တယ်ရှင့်... မချင်းမစာမနာရှင် အရမ်း မိုက်ရိုင်းတယ်ရှင့်... ဘယ်နှကြိမ်မှန်းကို မသိဘူး.. ခဏခဏပဲ လာနှိုတ်တာ...

မဟုတ်ဘူး.. မတော်တဆ ထိသလိုမျိုမဟုတ်ဘူး.. သေသေချာချာကို လာနှိုတ်တာ..

ဟုတ်... ဘယ်သူလဲဆိုတာ သိပါတယ်.. နာမည်ကြီး ပြည်တွင်း သတင်းဌာနက သတင်းထောက်တစ်ဦးပါပဲ...

အဲဒီချိန်တုန်းက ပြောဖို့ဆိုတာထက်.. ရှေ့ကို မဲတင်းနေရတယ်လေ.. ရှေ့က ပြောနေတာကို အသံဖမ်းနေရတာ.. နောက်ကိုတော့ လှည့်ကြည့်ပြီး သိနေကြောင်း ပြတယ်... ဒါပေမယ့် ထပ်နှိုတ်တာပဲ... လူတွေကလည်း အရမ်းတိုးနေတော့ ရှေ့တိုးလို့လည်း မရဘူး၊ နောက်ဆုတ်လို့လည်း မရဘူး.. ဒါကြောင့် နှိုတ်သမျှ ခံနေရတာပဲ.. " လို့ ပြောပါတယ်။

နောက်ထပ် တခြား သတင်းထောက်တစ်ဦးကိုလည်း သတင်းထောက် မဟုတ်တဲ့ လူတစ်ယောက်က အလားတူ အပြုအမူမျိုးတွေ ပြုကျင့်ခဲ့ကြောင်း သူမက ဆက်ပြောပါတယ်

"အတူလာတဲ့ သူငယ်ချင်းကို ပြောပြတော့ သူလည်း အနှိုတ်ခံရတယ်တဲ့.. ဒါပေမယ့် သတင်းထောက်ထဲကတော့ မဟုတ်ဘူး.. ဇာဂနာကို ထောက်ခံသူ တစ်ယောက်ဖြစ်ပုံရတယ်တဲ့..." လို့ ဆက်ပြောပါတယ်။

ပြည်သူတွေအားကိးရမယ့် နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင် များအနေနဲ့ အခုလို မလုပ်သင့်ပါဘူး။ လူပျက် ဇာဂနာကို ထောက်ခံ သူများထဲမှာလည်း အောက်တန်းကျသူတွေ များနေကြောင်းကို ဝါရင့် သတင်းစာဆရာကြီး တစ်ဦးက အခုလိုပြောပါတယ်။

"စတုတ္ထမဏ္ဍိုင် ဆိုတာ ပြည်သူတွေ အားကိုးဖို့ပါ.. သမာသမတ်ကျရမယ်၊ ရိုးသားရမယ်၊ အကျင့်စာရိတ္တကောင်းဖို့ကတော့ ထိပ်ဆုံးကပေါ့... ဒီလို အကျင့်စာရိတ္တညံ့ဖျင်းမှုတွေ ရှိတော့ ဘယ်သူတွေက ဘယ်လိုယုံကြည် ဘယ်လိုအားကိုးရတော့မှာလဲပေါ့... ဒီကိစ္စကို ရှုံ့ချတယ်... ဂျာနယ်တွေက အရည်အတွက် များလာပြီး အရည်အသွေးက တက်မလာကြဘူးဖြစ်နေတယ်။ ပြီးတော့ သတင်းထောက်တွေကို ခန့်ဖို့ စစ်ဆေးတာတွေ သေချာ မလုပ်တာကြောင့်လည်း ပါတာပေါ့..." လို့ ဝေဖန်သွားပါတယ်။

မြန်မာ့အရေးစောင့်ကြည့်သူတစ်ဦးကတော့ "လူပျက် ကို ထောက်ခံတဲ့အထဲမှာ လူမကောင်းတွေပါတာ အဆန်းတော့ မဟုတ်ပါဘူး.. ဒါ ပထမဆုံး နေ့ပဲ ရှိသေးတယ်.. နောက်နေ့တွေမှ ဒီထက် ဆိုးစရာတွေ တွေ့ရအုံးမယ်" လို့ ခန့်မှန်းပြောဆိုသွားပါတယ်။

လူရွှင်တော် ဇာဂနာဟာ နာဂစ်မုန်တိုင်း ဖြစ်စဉ်က ပြည်သူများထံမှ ရရှိသော အလှူငွေများကို မုန်တိုင်းသင့်ဒုက္ခသည်တွေကို မပို့ပဲ အလွဲသုံးစားမှု၊ ယင်းငွေကြေးများဖြင့် ပြည်ပမှ မိသားစုနှင့် သီးလေးသီးကို ထောက်ပံ့မှု၊ သေဆုံးသူ အလောင်းများကို စာရင်းမတင်ပဲ ပြီးစလွယ် မြုပ်နှံမှု အစရှိတဲ့ ပစ်မှုတွေကြောင့် ထောင်ကျခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံတော် အကျိုးပြုတာတွေတော့ ဘာမှ လုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။


Myanmar Express

မြစ်ဆုံစီမံကိန်းမရပ်လျှင် ချက်ချင်းသေတော့မလို၊ မြန်မာနိုင်ငံကြီး ပျက်တော့မလို စိုးရိမ်ကြောင်းပြောကြသော်လည်း လက်တွေ့ လက်မှတ်ထိုးသူ ၂၀၀ တောင်မပြည့်

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ကို တည်ဆောက်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၂ နှစ်ကျော် ၃ နှစ် ရှိနေပါပြီ။ ဒါပေမယ့် ဒီနှစ်ထဲမှာမှ ဖုတ်ပူမီးတိုက် ကန့်ကွက်မှုတွေ ပေါ်လာပါတယ်။ နေ့ချင်းညချင်း ဆိုသလိုပဲ မြန်မာနိုင်ငံကြီး ပျောက်ကွယ်မှာလား၊ မြန်မာမျိုးဆက် ပျက်သုန်းသွားမှလား ဆိုပြီး အသံကျယ်ကျယ် အော်သံတွေထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီအတွက် ပန်ကြားချက် ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။

နေ့စဉ်နှင့်အမျှ ဆိုသလိုပဲ ဧရာဝတီကိုကယ်တင်ပါ၊ မငိုပါနဲ့ ဧရာဝတီ၊ ဧရာဝတီကို မသတ်ပါနဲ့၊ ဧရာဝတီအတွက် ပထွေးမလို ... စသည်ဖြင့် ပိုစ့်တွေ၊ အီးမေးတွေ ပလူပျံလာခဲ့ပါတယ်။ တစ်ခါမှ နားမထောင်ဖူးတဲ့ မှိုတက်နေတဲ့ ဧရာဝတီ သီချင်းတွေ ခေတ်ပြန်ထလာပြီး အချို့ဆိုရင် ဧရာဝတီအတွက် အကျိုးမရှိတဲ့ နိုင်ငံခြားမှာ သီချင်းဆိုရင်း ဧရာဝတီကို ကယ်တင်တာ၊ သီချင်းထဲမှာ သရုပ်ဆောင်ရင်း ဧရာဝတီကို ကယ်တင်တာတွေ လုပ်ခဲ့ကြပါတယ်။ ဧရာဝတီကို ကီးဘုတ်နဲ့ ကယ်တင်ဖို့ ကြိုးစားသူတွေ၊ ဘလော့ရေးပြီး ကယ်တင်ကြသူတွေ၊ facebook သုံးပြီး ကယ်တင်ကြသူတွေ ထောင် သောင်း မက ပေါ်လာပါတယ်။ ဒါပေမယ့် အင်တာနက်သုံးစွဲသူ မြန်မာအားလုံးထံမှ လက်မှတ်များ ကောက်ယူပြီး တရုတ်အစိုးရ၊ တရုတ်ပြည်သူများနှင့် CPI ကုမ္ပဏီ ကို ပို့ဖို့ ကြိုးစားချိန်မှာတော့ သေရေးရှင်ရေး ကယ်တင်လိုသူတွေ အားလုံး အတိတ်မေ့သလိုလို၊ ရွှေပျောက်သလိုလို ဖြစ်ကုန်ကြပါတော့တယ်။

မြန်မာပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဧရာဝတီချစ်သူများက ဧရာဝတီကို အမှန်တကယ်ချစ်သူများရဲ့ လက်မှတ် တစ်သန်းကျော် ကောက်ခံပြီး တရုတ်ကို ပို့ဖို့ ကြိုးစားနေပါတယ်။ အင်တာနက် သုံးစွဲသူများကို လက်မှတ်ရေးထိုးဖို့အတွက် မီးပြတိုက် ဦးစီးပြီး ကြိုးစားနေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း သုံးရက် ကြာချိန်ထိ လက်မှတ် ၂၀၀ တောင် မထိုးကြကြောင်း ကို http://www.mee-pya-tite.com/2011/10/blog-post.html မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဧရာဝတီကို ချစ်လှပါပြီဆိုတဲ့လူတွေ ဘယ်တွေများရောက်ကုန်ပါလိမ့်ဆိုတာ စဉ်းစားစရာပါပဲ။ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ရေးတွေ၊ ပိုစ့်တင်တာတွေ၊ အီးမေးနဲ့ ဝါဒဖြန့်တာတွေကိုတော့ လုပ်နေကြပြီး တရုတ်အစိုးရနဲ့ CPI ကို တိုက်ရိုက်ပို့မယ့် အချိန်ကျတော့ လက်မှတ် တစ်ခုတောင် မထိုးနိုင်ကြတာ အင်မတန်မှကို အံ့သြောစရာကောင်းပါတယ်။ (ဒေါ်စုလေသံဖြင့်)

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် အင်တာနက်သုံးပြီး ဧရာဝတီကိုချစ်သူ၊ အမျိုးသားရေးအတွက် ကြိုးစားသူ၊ နိုင်ငံနဲ့လူမျိုးအတွက် facebook သုံး၊ ဘလော့ရေးပြီး ဝါဒဖြန့်သူတွေရဲ့ သရုပ်မှန်ကို ပေါ်လွင်ထင်ရှားစေတယ်လို့ ထင်ပါတယ်။ သူတို့တွေပြောတဲ့ နိုင်ငံတော်ကို ချစ်တယ်၊ ဧရာဝတီကိုချစ်တယ် ဆိုတဲ့ စကားတွေနဲ့ လူထုအတွက် အလုပ်လုပ်တယ် ဆိုတဲ့ စကားတွေက သံသဖြစ်စရာပါပဲ။

ဧရာဝတီမြစ်ပေါ်က မြစ်ဆုံစီမံကိန်းကို ယာယီရပ်နားလိုက်တဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရအဖွဲ့ကို ပြည်သူတစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ကြိုဆိုမှုတွေရှိခဲ့ပါတယ်။ အချို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးအစ၊ ဧရာဝတီက လို့တောင် ကင်မွန်းတပ်ခဲ့ကြပါတယ်။ နောက်ထပ် ကင်မွန်းတပ်လို့ ရတာ ရှိပါသေးတယ်။ မြစ်ဆုံစီမံကိန်းမရပ်လျှင် ချက်ချင်းသေတော့မလို၊ မြန်မာနိုင်ငံကြီး ပျက်တော့မလို စိုးရိမ်ကြောင်း အကျိုးမရှိ ထိုင်ပြောနေကြပြီး၊ လက်တွေ့အကျိုးရှိဖို့ လက်မှတ် ကောက်ခံချိန်မှာတော့ လက်မှတ်ထိုးသူ ၂၀၀ တောင်မပြည့် ခြင်းကြောင့် "အင်တာနက်ပေါ်မှ နိုင်ငံ ချစ်သူများရဲ့ သရုပ်မှန်ဘဝ ဧရာဝတီက" လို့ ပြောလို့ရပါတယ်။ ဧရာဝတီကို အမှန်တကယ် ကယ်တင်လိုစိတ်မရှိပဲ ဧရာဝတီနာမည်နဲ့ ခေါင်းစဉ်တပ် လုပ်စားနေကြသူတွေကို ဧရာဝတီက ခွင့်လွှတ်မှာ မဟုတ်သလို၊ ဧရာဝတီကလည်း စိတ်ကောင်းမှာမဟုတ်ပါဘူး။

အရင်တုန်းက ချွေးသိပ်ပြီး မငိုပါနဲ့ ဧရာဝတီ လို့ သူတို့တွေ ပြောခဲ့ချိန်မှာ မငိုရပဲ ၊ ချွေးသိပ်သလိုလိုနဲ့ လုပ်စားသွားတာသိရင် ဧရာဝတီလည်း ခြုံးပွဲချ ငိုကြွေးနေမှာ သေချာပါတယ်။ ဧရာဝတီကို သက်သေထားပြီး အင်တာနက်ပေါ်ကနေ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ စကားသံတွေကို နားမယောင်စေဖို့ မြန်မာလူထု ကို အလေးအနက် သတိပေး လိုပါတယ်။ မီးပြတိုက် ရဲ့ လက်မှတ်ကောက်ခံမှု က တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။







၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ