Subscribe to our RSS Feed

ဘယ်မှာလဲ လူကြီး လူကောင်း (ပေးစာ - ၃၂)


ပုထုဇဉ်လူသားတွေမှာ အတ္တဆိုတာ ရှိကြပါတယ်၊ မိမိအတ္တအတွက် တပါးသူကို မထိခိုက်ဘူး ဆိုလျှင် အကောင်းဆုံးပေါ့ဗျာ၊
တပါးသူ နှစ်ပါးသူလောက် ထိခိုက်တယ်ဆိုအုံးတော့ တော်သေးတာပေါ့၊

ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ထိခိုက်ပြီဆိုလျှင်တော့ အဲဒီလို လူစားတွေကို ကင်ပွန်းတတ်ရမယ့် အမည်ကိုတောင် ရှာမတွေ့နိုင်ပါဘူး၊
စကားလုံးနဲ့ ပြောမရနိုင်လောက်အောင် ဆိုးဝါးလွန်းလှပါတယ်၊ ဒါပေမယ့် ဒီလိုလူစားတွေဆိုတာကလည်း နိုင်ငံတိုင်း၊ နေရာတိုင်း၊ အဖွဲ့အစည်း တိုင်း၊ မိသားစုတိုင်းမှာ ရှိနေတတ်ကြပါတယ်၊
ဘ နဖူး သိုက်တူးတဲ့ လူစားတွေပေါ့။

အခုလည်း ပုတ်နေတဲ့ အထဲက ပေါ်လာတဲ့ အပုတ်ကောင်လေးတကောင်ရဲ့ အနံ့ပါ၊
DVB ခေါ် ဒီမိုကရက်တစ် မြန်မာ့အသံ (နော်ဝေနိုင်ငံအခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး အတွက် အသံလွှင့်ဌာနပါ) မြန်မာပြည်သူတွေ သိခဲ့ကြတဲ့ ကျောင်းသား အသံလွှင့်ဌာနပေါ့၊

အမေရိကန် ဒေါ်လာသုံးသိန်း၊ မြန်မာကျပ် သိန်းသုံးထောင်လောက်ကွာဟချက် တွေ့ရတယ်၊
ဒါဟာ အလွှဲသုံးစားမှုဖြစ်တယ်၊




ဒါကြောင့် သက်ဆိုင်သူတွေကို ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေး မယ်ပေါ့၊ ပြီးရင် ထိုက်သင့်တဲ့အရေးယူမှုတွေ ရှိလာမယ်ပေါ့၊
ဒီသတင်းတွေ ကြားရတော့ ရယ်လည်း ရယ်ချင်တယ်၊
ဒေါသနဲ့လည်း ရှက်မိပါတယ်၊
ရယ်ချင်တဲ့ အကြောင်းကတော့ ဒါမြန်မာတွေလေ၊
ဒေါ်လာသုံးသိန်းလောက် ကွာဟတာကို ပျင်းတောင် ပျင်းသေးတယ်၊
သမိုင်းသေ နာမည်ပျက်နဲ့ အမျိုးမိဘဂုဏ် ထိခိုက်တာလောက်တော့ လုံးဝထည့်မတွက်ပါဘူး၊

သူတို့လိုလူစား အများကြီးပဲဟာ၊ ဘာရှက်စရာမှတ်လို့၊ အရှက်ရှိရင် အငတ်ရှိမယ်၊
အရှက်မရှိမှ ချမ်းသာကြမယ် မဟုတ်လား၊
ဒီလိုခံယူချက်တွေနဲ့အတူ နိုင်ငံရေးလောကထဲ ရောက်လာကြတာတွေပေါ့။

သို့သော်လည်း အားငယ်စရာတော့ မလိုပါဘူး၊
ကံမကောင်း အကြောင်းမလှလို့ ပေါ်ရတဲ့အဖြစ်ပဲ၊
ကံကောင်းပြီး အကြောင်းလှနေလို့ မပေါ်သေးတာတွေ အများကြီးရယ်၊ ဖြေနိုင်ပါတယ်၊
တကမ္ဘာလုံးပဲဟာ၊

အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှု၊ အဂတိလိုက်စားမှုဆိုတာတွေသည် အခြေခံအားဖြင့် အဓိန္နာဒါနကံပါပဲ၊
ခိုးတာပေါ့ဗျာ၊

အကျင့်ပျက်လာဘ်စားတဲ့နိုင်ငံတွေထဲမှာ အမေရိကန်တို့ တရုတ်တို့ ရုရှားတို့တောင် မကင်းဘူးလို့ ဆိုပေမယ့် မြန်မာနိုင်ငံရဲ့အဖြစ်ကတော့ ဆိုလွန်းလှပါတယ်၊

စစ်အာဏာရှင်အစိုးရရဲ့ ခိုးဝှက်ယုံမျှမက အဓမ္မ ဓါးပြတိုက် ခံထားရလို့ ဖွတ်သထက်ညစ်နေတဲ့ ပြည်သူတွေ၊ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေ၊ အဲဒီမြန်မာပြည်သူ ပြည်သား တိုင်းရင်းသား အားလုံးကို ကယ်တင်ကြမယ် ဆိုပြီး နိုင်ငံရေးဂွင်ထဲ ဝင်လာ သူတွေထဲမှာ သူခိုးတွေပါ လာခဲ့တယ်။



သူခိုးက နှစ်မျိုးပါ၊ တစ်မျိုးက မခံချင်စိတ်နဲ့ တော်လှန်ရေးလုပ်ပါတယ်၊ ကနဦးမှာ ရိုးရိုးသားသားပါ၊
ပရီပိုဇယ်ဂွင်နဲ့ တွေ့ပြီး တော်လှန်ရေးသည် သာမည ကိုယ်ချမ်းသာ ဖူလုံရေးသည် အဓိက ဖြစ်သွားသူတွေပါ၊

နောက်တစ်မျိုးက နဂိုလ်ကတည်းက ဘာနိုင်ငံရေး ဘာအမျိုးသားရေး စိတ်ဓါတ်မှ မရှိဘဲ အခြေအနေတစုံတရာကြောင့် နိုင်ငံရေး ကွင်းထဲရောက်လာကြပြီး ပရီပိုဇယ်ဂွင်နဲ့လည်း တွေ့ရော ခွေး မစင်တွင်းကျသလို ဖြစ်သွားသူတွေပါပဲ၊

ဘာပဲဖြစ်ဖြစ် သူခိုးဟာ သူခိုးပါပဲ၊ ပြည်တွင်းဓါးပြကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူကို ကယ်တင်မယ်ဆိုသူက ပြည်ပသူခိုးဖြစ် နေပြီဆိုရင်တော့ ဒီနိုင်ငံ ဘယ်လို နွားလံထူတော့မှာလဲ။

မျက်မှောက်ခေတ် မြန်မာ့သမိုင်းကို ရေးပါဆိုရင် ရှစ်ဆယ်ရှစ် နောက်ပိုင်းကာလကို ပြည်ပ စောရသမိုင်း ကာလဟုပင် ဆိုရ ပါလိမ့်မည်၊

ဒါကြောင့်လည်း ပြည်ပမှာ နိုင်ငံရေးလုပ်ချင်သူတွေကို မြဝတီ မဲဆောက် အပေါက်မှ ခတ်ချောင်ချောင် ပေးထွက်ခဲ့သည် ဖြစ်ပါတယ်၊
သူခိုးနဲ့ ဓားပြ မြွှေမြွေခြင်း ခြေမြင်ပါသည်၊

ပြည်ပရောက်လျှင် ပရီပိုဇယ်စားတို့လက်ထဲမှာ ပျော်ပျော် ပါးပါးကြီး နိုင်ငံရေး လုပ်ကြပေရော့၊
စင်ပြိုင်အစိုးရမှစပြီး ဖွဲ့လိုက်ကြတဲ့ အဖွဲ့ပေါင်းစုံ၊ ဖွဲ့လို့မကုန်တော့ပါဘူး၊

ငွေတောင်းလို့ရမယ့် ပရီပိုဇယ်ဂွင်အတွက် ဖန်တည်းလိုက်ကြတဲ့ အစ်ရှုးတွေ စာအုပ်ရေးမယ်ဆိုရင် စစ်နှင့် ငြိမ်းရေး စာအုပ်တွဲကြီးက အရှုံးပေး ရလိမ့်မယ်၊

ကိုယ့်လူတွေစားဖို့ ဒီလိုပဲ လုပ်ရတယ်ဆိုတာက တမျိုး၊
ငွေရမှ တော်လှန်ရေးလုပ်နိုင်မယ်ဆိုတာက တဖုံ၊
ခေါင်းစဉ်က အရေးမကြီး ပြည်တွင်း အတွက် ငွေပေးနိုင်ဖို့က တဘာသာ၊
အဖြူတွေ ညာလို့ရတဲ့အချက် ဒို့အတွက်ဆိုတာက တနည်းနဲ့ အမျိုးမျိုး အဖုံဖုံစုံလှတဲ့ အကြောင်းပြချက် တွေနဲ့ နိုင်ငံရေး လုပ်လိုက်ကြတာ၊ အစိုးရအမျိုးမျိုးပြောင်းလဲကြတာ သူတို့ကြောင့်လို့များ ထင်နေကြသလား မသိပါဘူး။

မြန်မာပြည်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင် စနစ်မှလွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာ အမျိုးမျိုးသော ခေါင်းစဉ် ငယ်များခွဲခြားပြီး ပရီပိုဇယ်ရမယ့် ဥပဒေနဲ့ ကိုက်ညီတဲ့ နာမည် အမျိုးမျိုးနဲ့ အဖွဲ့တွေ ဖွဲ့ခဲ့ကြတယ်၊

အဖွဲ့ဆိုတာ ရုံးတွေ၊ ကားတွေ၊ အဆောက်အဦတွေ၊ ကွန်ပြူတာတွေ၊ ဆိုင်ကယ်၊ စက်ဘီးမှအစ ရုံးလုပ်ငန်းသုံး အသုံး အဆောင်တွေ၊ ဝန်ထမ်းခ၊ ဝန်ဆောင်ခတွေ စသည်ဖြင့် စုံစေ့နေအောင် သုံးစွဲဖို့ စာရင်းပြ ငွေတောင်းကြပေါ့၊

ပြည်တွင်းမှာ လိုအပ်တဲ့ လှုပ်ရှားမှုတွေအတွက် လူမွေးရတဲ့ အင်လိုင်းကြေးဆိုတာလည်း ရှိလေရဲ့၊
အခြေစိုက်ရုံးချုပ်မှ အောက်ခြေအထိ ပြည်တွင်းအထိ လှုပ်ရှားဖို့ ပရောဂျက်ကြီးတွေဆွဲပြီး ငွေတောင်းတယ်၊ သုံးစွဲကြတယ်၊

အဲဒီငွေတွေက အင်ဂျီအိုဆိုတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာက အဖွဲ့တွေက လှူဒါန်းငွေတွေ၊ တချို့ကြတော့လည်း နိုင်ငံများက တိုက်ရိုက်ထောက်ပံ့ငွေတွေလည်းပါတယ်၊
ပရီပိုဇယ်လို့ ခေါ်ပါတယ်၊



အဲဒီ ပရီပိုဇယ်ရဖို့အတွက် သတ်မှတ်ပြဌါန်းထားတဲ့ နည်း ဥပေဒတွေ အက်ဥပဒေတွေနဲ့ ကိုက်ညီအောင် အကြောင်းပြ တောင်းခံနိုင်ရပါမယ်၊

နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ အသီးသီးမှာပါ၊ အဲဒီတော့ ပရီပိုဇယ်ရဖို့အတွက်က နိုင်ငံတကာနှင့် အင်ဂျီအိုအဖွဲ့ အသီးသီးတို့ရဲ့ ထောက်ပံ့ကြေးဆိုင်ရာ ဥပေဒကို သိရှိနားလည်ဖို့က အရေးကြီးပါတယ်၊

အင်္ဂလိပ်လို ကျွမ်းကျင်ရုံမျှဖြင့်လည်း မလုံလောက်သေးပါ၊ ဥပေဒကို ကျွမ်းကျင်တဲ့ အဆက်အသွယ်ရှိဖို့က အဓိကဖြစ်နေပါတယ်၊
ထောက်ခံချက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့လည်း သိကျွမ်းဖို့၊ ယုံကြည်မှုရရှိဖို့လည်း လိုအပ်တဲ့ အောင်သွယ်တော် ကြားပွဲစား ပေါက်ပေါက်မြောက်မြောက် ရှိသူတွေလည်း လိုအပ်ပါတယ်၊
လိုအပ်ချက်တွေပြည့်စုံမှ ပရီပိုဇယ်ငွေရပါတယ်။

ပရီပိုဇယ်ငွေကိုတာဝန်ခံပြီး ခွဲဝေသုံးစွဲမည့် ပုဂ္ဂိုလ်၏လက်ဝယ်သို့ ငွေမရောက်မီ မည်သို့သောစနစ်ဖြင့် မည်သို့ပေးမည်၊
မည်သို့ပြန်လည်စစ်ဆေးမည်၊
ထောက်ပံ့ကြေး ရနိုင်သည့် အခြေအနေ ဟုတ်မဟုတ်ကို စစ်ဆေးလေ့လာမည် စသည့် အဆင့်ဆင့်သော ဝန်ဆောင်မှုလုပ်ငန်းများ၏ ကုန်ကျမှုအားလုံးသည်လည်း အမှန်တကယ် စာရင်း ဇယားမှန်များ ဟုတ်မဟုတ်ဆိုတဲ့ အပိုင်းကိုတော့ လက်လှမ်း မှီဖို့ ကြိုးပမ်း ကြရပါဦးမည်၊

ဒါက အဖြူတွေနဲ့ပါတ်သက်တဲ့ အပိုင်းပါ၊
အခု ပေါက်ထွက်လာတဲ့အပိုင်းက ငွေလက်ခံပြီး ခွဲဝေသုံးစွဲတဲ့ အပိုင်းမှာပါ။

ပရီပိုဇယ်စား အဖွဲ့တွေအားလုံးမှာ နှစ်စဉ် ရသုံးငွေစာရင်း ရှင်းတမ်းတွေ ရှိကြပါတယ်၊
အဖွဲ့ဆိုတော့ အဖွဲ့ဝင်တွေကို ရှင်းတမ်းထုတ်တဲ့ စာရင်းဇယားတွေပါ၊ ဟာသမြောက်လွန်းတဲ့စာရင်းတွေပေါ့ဗျာ၊

သို့သော်လည်း ကိုယ့်အချင်ချင်း မကျေနပ်တာကိုလည်း ဂရုစိုက်စရာမလိုပါဘူး၊
အဖြူ အောတစ်က အောရိုက်ဆိုရင် ပြီးတာပဲ၊
အဓိက က အဖြူ အောတစ်အဖွဲ့က ကျေနပ်ဖို့နဲ့ အောရိုက်လုပ်ဖို့ပဲ မဟုတ်လား၊

ဒါကြောင့် အဖြူအောတစ်ကို ပြဖို့ငွေစာရင်းက တမျိုး၊ နောက်အချင်းချင်း အဖွဲ့အတွင်းမှာ ပွစိပွစိ မဖြစ်အောင် ဆွဲရတဲ့ စာရင်းက တမျိုး၊ ဒါမျိုးက ရိုးနေပါပြီ၊

အလုပ်ကသင်သွား တာပဲ ဥစ္စာ၊ တော်လှန်ရေးနယ်မြေတွေတဲ့၊ ဘန်ကောက် ချင်းမိုင် မဲဆောက်နဲ့ နိုင်ငံတကာမှာ အဖွဲ့တွေ ရုံးတွေ မှိုလိုပေါက်နဲ့ ပျော်ပျော်ကြီး နိုင်ငံရေးလှုပ်ရှား နေလိုက်ကြတာ မြန်မာပြည်က ပြည်သူအများက ဘာမှမသိ သနား စရာအတိပါပဲ၊

အထင်ကြီးလေးစား မနက်ဖြန်လား သဘက်ခါလား မျှော်လင့်ခဲ့ကြတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပေါ့။



ပရီပိုဇယ်စကား မကျေနပ်ကြောင်းများ လာမပြောကြနဲ့၊ ဒါတော်လှန်ရေး၊ အင်လိုင်းတွေ လုပ်နေတာ မသိကြဘူးလား၊
မဲဆောက်ဂွင်မှာဆို ကျွန်းပင်ကြီးအောက် ရောက်သွားမယ်တဲ့၊ ဘယ်ကောင်က ဘယ်လောက် အရောင်တောက်လို့တုံး၊

ပေးတာယူ ကျွေးတာစား၊ ဒီမိုကရေစီရဖို့ ဖက်ဆစ်စနစ်ကို သုံးရမယ်ဆိုပါလား၊
ရသုံးငွေစာရင်း ရှင်းချင်မှ ရှင်းမယ်၊ မကျေနပ်ရင် စိမ်ခေါ်လိုက်၊ တိမ်ပေါ်လိုက်ပြီး ယှဉ်လိုက်မယ်တဲ့၊
ရေများ ရေနိုင် မီးများမီးနိုင် ပြိုင်ရဲလို့လားတဲ့။

ပရီပိုဇယ်တော်လှန်ရေးဂွင်ထဲက ရိုးရိုးသားသားနဲ့ မကျေနပ်သူများကရော ဘာတတ်နိုင်ကြလို့လဲ၊

သူခိုးချင်း ခေါင်းကွဲ ဖရိုဖရဲဖြစ်ကာမှ လျှံထွက်လာတဲ့ အပုတ်နံ့ကြောင့် မုံလာဥ မဟုတ်ဘူးလို့ သိကြတဲ့ အဖြစ်မျိုးတွေပါ၊
ဒီမိုကရေစီတော်လှန်ရေးအတွက် အလုပ်ဖြစ်ဖို့ အချင်းမများအောင် စာရင်းဇယား ဘောင်ဝင်ဖို့ အချိန်ကြည့်ပြီး လိမ်ညှိကြတာ လောက်ကို နိုင်ငံရေးသမားတွေအဖွဲ့ဝင်တွေက နားလည်မှု ပေးနိုင်ပါသေးတယ်၊

အခုဟာက လက်နက်ကိုင်ခေါင်းဆောင်နဲ့ အဖြူအောတစ်ကို မီးသေရင် လုပ်ချင်သလိုလုပ်ဆိုတာ မျိုးပါလား။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ခေတ်တခါကောင်းစားမယ့် ကံဇာတာပါလာတဲ့ သူခိုးခေါင်းဆောင်တွေရဲ့ ကိုယ်နံ့ကတော့ နံလွန်း လှပါတယ်၊

ဟိုနိုင်ငံသွား ဒီနိုင်ငံသွား၊ ဟိုအစည်းအဝေးလုပ် ဒီအစည်းအဝေးလုပ်၊ မျက်နှာပြောင်တိုက်ပြီး လူတောထဲကို ဝင်နေကြပေမယ့် မလုံတဲ့ စိတ်ကြောင့် အသဲငယ်နေရမယ့် ဘဝမျိုးပါ၊ ကင်းသူရှင်းသူ ရိုးသားသူ ဖြောင့်မတ်သူ လူတော် လူကောင်းများကိုတော့ ဘယ်အဆင့် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုရမှာပါ။

ခက်တာက သူများ မနာလို ကိုယ်အကျိုးမရှိ၊ ဆိတ်ဆိတ်နေထောင်တန်၊ တလုပ်စားဘူး သူ့ကျေးဇူး၊ မိုးခါးရေသောက်တာ ဆန်းသလား၊

သူများကို ဝေဘန်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်အုံး၊ စားရရင်စားလိုက် မစားရရင်ငြိမ်လိုက်၊ လူမုန်းမများဘို့ အရေးကြီးတယ်၊

အိုး ........ ဒီလို လူမျိုးတွေက အနမတက္ကပါလား အပြစ်မပြောလိုပါဘူး၊ သူစိတ်နဲ့ သူပဲဟာ၊ သူ့သတ္တိနဲ့ သူပဲဟာ၊
သို့သော်လည်း ဗမာအများရဲ့ ပြောစကားကတော့ သိသားပဲ မပြောချင်လို့တို့၊ ကိုယ်နဲ့ဘာဆိုင်လို့တုန်းတို့၊ အားနာလို့ ဆိုတာမျိုးတွေလည်း ကြားနေကျတွေပါ၊

အမှန်တကယ်တော့ ကြောက်မျိုးများရဲ့ ကြောက်မျိုးဆက်တွေ ဆင်ခြေပေးတဲ့ ကြောက်စကားတွေပါပဲ၊
ကြောက်ရောဂါကတော့ ကုလို့မရတဲ့ မွေးရာပါ ချို့ယွင်းချက်မို့ ဘာမှ မပြောလိုပါ၊

သို့သော် တိုင်းပြည်နဲ့ လူမျိုးအတွက်ကတော့ နစ်နာလွန်းလှပါတယ်၊
ပြည်တွင်းက စစ်အာဏာရှင် ဓားပြနဲ့ ပြည်ပက ပရီပိုဇယ်စား အလွဲသုံးစား သူခိုးတွေဆိုတာ တကယ်တော့ သတ္တိရှိတဲ့ သူတွေပါ၊
သူတို့ရဲ့ သတ္တိကို မကောင်းတဲ့နေရာမှာအလွဲသုံးစား လုပ်နေမိ သူတွေပါ၊

တိုက်ရဲလို့ တိုက်တယ်၊ ခိုးရဲလို့ ခိုးတယ်၊
သမိုင်းသေမှာတို့ ဂုဏ်သိက္ခာနဲ့ မျိုးရိုးထိခိုက်မယ်ဆိုတာမျိုးတွေ လာမပြောနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော၊
ဘနဖူးရော အမေကြီး နဖူးကိုပါ သိုက်တူးမယ့်သူတွေပါ၊

တကယ့်သတ္တိကောင်းတွေပါ၊ အကျင့်တန်အကြံရှိသူတွေပါ၊ သူတို့အတွက် ဘာမှပူစရာမလိုပါဘူး၊
သူတို့ လောကကြီးကလည်း အကျယ်ကြီးပါ၊ ဓါးပြကို ခံမချရဲဘူးဆိုရင် ဓါးပြက အမြဲတန်းတိုက်နေမယ်၊
သူခိုးကို သူခိုးလို့ မအော်ရဲ မပြောရဲ မဆိုရဲကြဘူးဆိုရင်လည်း သူခိုးက အမြဲတန်း ခိုးကြမှာပါပဲ၊
နောင်များမှာလည်း ဂွင်တွေ့ရင် အရင်ဓလေ့အတိုင်းပေါ့။

ဓါးပြကို ခံချဖို့ မကြိုးစားရင် ဓါးပြ အားပေးပဲ၊ မြစ်ဆုံဆန့်ကျင်ရေးဟာ ဓါးပြကို ခံချဖို့ လှမ်းလိုက်တဲ့ ချေလှမ်းပဲ၊
ပြည်သူတွေ လှမ်းလိုက်တယ်၊ နိုင်ငံရေးသမားတွေဘက်က အားရစရာ မကောင်းသေးဘူး၊

အရှေ့မျှော် တရုတ်ကြောက် စီကြောင်တွေက မတက်ကြွဘူး၊
ပြည်တွင်းရော ပြည်ပမှာပါ မတက်ကြွဘူး၊
ဓါးပြအားပေးတွေလား မေးစရာပါ၊

သူခိုးကို သူခိုးလို့ မပြောချင် မပြောရဲသူတွေကလည်း သူခိုးကို ရဲရဲတင်းတင်း ခိုးဖို့ အားပေးသလို ဖြစ်နေတယ်၊
သိသိနဲ့ ငြိမ်နေသူတွေ အဖို့ကတော့ အီးရှုရတဲ့ အဆင့်နဲ့ ထိမ်ချန်မှုပဲ၊ သူတို့က ပိုပြီး အပြစ်ကြီးတယ်၊
ဒါပေမယ့် သိတော်မူကြတဲ့အတိုင်း ဒီမိုကရေစီ ရရှိရေး၊ နိုင်ငံရေး ကွင်းထဲကို တိုက်မယ် ဖိုက်မယ် ဆိုပြီး ရောက်လာကြတယ်၊

ဒါပေမယ့် သူခိုးကိုတောင် သူခိုးလို့ မပြောဝံ့ကြဘူး၊
အရေးပါအရာရောက်တဲ့ အစည်းအဝေးမှာ တိတိကျကျမေးဝံ့ ပြောဝံ့သူက သိပ်ကိုရှားတယ်၊

ဒီတော့ ကြောက်လွဲ ရဲ မင်းဖြစ်ဆိုသလို သူခိုးတွေက ခိုးရဲလို့ ခိုးနေမှာပဲ၊
နစ်နာတာက တိုင်းပြည်နဲ့ လူမျိုးပါ၊
ပြည်ပက ပရီပိုဇယ်စား သူခိုးနဲ့ အကြံအဖန်စား သူခိုးလောကကို ဖွင့်ချတဲ့သူ၊

ပြည်သူကို အသိပေးတဲ့သူက နည်းပါတယ်၊
ပြည်သူကို အသိပေးတဲ့ မီဒီယာနဲ့ ဝက်ဆိုဒ်ကလည်း နည်းလွန်းပါသေးတယ်၊
ရန်သူသိရင် မကောင်းဘူးဆိုပြီး ဖုံးဖုံးဖိဖိနဲ့ ကြံရာပါတွေကများတယ်၊
မရှက်ကြဘူးလား၊ မရှက်ပါဘူး။

ဒီဗွီဘီအကြောင်း သိကောင်းပါတယ်၊
မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် လွတ်လပ်တဲ့ အသံလွှင့် မီဒီယာတခုပါ၊

နိုင်ငံရေး လိုအပ်ချက်အရ နော်ဝေနိုင်ငံမှာ အခြေစိုက်ပြီး အလှူရှင်နိုင်ငံတွေက ပံ့ပိုးကူညီလို့ ပေါ်ပေါက်ခဲ့တာပါ၊
ခေတ်သစ် ယူဂျီဌာနချုပ်ကြီး မဟုတ်ပါဘူး၊

စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ အပြောအရ သူတို့ အင်စီဂျီရှုးဘီ အစိုးရရဲ့ တခုတည်းသော အောင်မြင်မှုဖြစ်တဲ့ စွမ်းဆောင်နိုင်မှုလို့ ဆိုပါတယ်၊



ဘယ်သူတွေရဲ့ မျက်နှာနဲ့ ဘယ်လိုစည်းမျဉ်း စည်းကမ်းတွေနဲ့၊
ဘယ်နိုင်ငံတွေက ပံ့ပိုးငွေ ဘယ်၍ ဘယ်မျှ၊ နှစ်စဉ်ထောက်ပံ့တယ်ဆိုတဲ့ ဒီဗွီဘီရဲ့ ဖြစ်စဉ်ကို သိဖို့ရာ အလွန်ခဲယဉ်းလှပါတယ်၊
တကယ့်ထိပ်တန်းနိုင်ငံရေး လျှို့ဝှက်ချက်ကြီးပမာ ဂိုက်ဖမ်းထားပါတယ်၊
ဘက်မလိုက်တဲ့ သတင်းဌာနလို့လဲ ဆိုလိုက်သေးတယ်၊
ပြည်သူ့ဘက်ကို လိုက်ဖို့ဖွင့်ထားတဲ့ မီဒီယာဆိုတာကို မေ့သွားပြီ၊

နိုင်ငံရေးလိုအပ်ချက်အရ ပေါ်ပေါက်လာတယ်ဆိုတာ မမေ့သင့်ဘူး၊
ဗွီအိုအေ၊ ဘီဘီစီ၊ အာအက်(ဖ်)အေ တို့ရဲ့ နောက်မှာပဲ အမြဲတမ်းရှိတယ်၊
ဒါကိုတော့ မပြောလိုပါဘူး၊

သတင်းနှင့်အသံ အဆင့်ကလည်း ရပ်ကွက်အဆင့်လောက်ပဲ ရှိတယ်၊
အရေးအကြီးဆုံးက လူထုကို ဘယ်လောက် တိုးတက်လာအောင် လှုံဆော်နိုင်သလဲ၊
ဒီဗွီဘီရဲ့ စွမ်းဆောင်မှုကို လူထုကဘယ်လောက်စိတ်ဝင်စားလို့လဲ၊

နိုင်ငံခြားက အဖြူတွေကိုယ်တိုင် မြန်မာပြည်ထဲက ကျေးလက်အထိ ဆင်းပြီးသုတေသနလုပ်ဖို့ကောင်းတယ်၊
ဒါမှ အမှန်အတိုင်းသိကြမှာ၊

တာဝန်ခံတွေကတော့ အများကြီး လူကြိုက်များအောင်မြင်နေကြောင်း နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ အဖြူတွေ ယုံအောင်လုပ်ပြမှာပါ၊ ဒါ ခဲယဉ်းတဲ့ကိစ္စတွေမှ မဟုတ်ဘဲ၊

၂၉.၀၅.၂၀၀၅ ခုနှစ်ထဲမှာ ဒီဗွီဘီက ရုပ်သံလွှင့် အစီအစဉ်သစ်တခု တိုးချဲ့တယ်၊
အစီအစဉ်တိုးချဲ့မှုကို အော်စလိုမြို့မှာ ဖွင့်ပွဲအခန်းအနားလုပ်တယ်၊

စမ်းသပ်ရိုက်ကူးထားတဲ့ တီဗွီသတင်းတချို့ကိုပြတယ်၊
မြန်မာပြည်ထဲမှာ လူကြိုက်များကြောင်း အောင်မြင်ကြောင်းတွေ ပြောတယ်၊

အဲဒီတုန်းကတည်းက ရယ်ချင်သား၊ အင်စီဂျီယူးဘီက ဆရာကြီးတွေလည်း တက်ရောက်ပြီး မိန့်ခွန်းတွေခြွေကြတယ်၊
ဘာပဲဖြစ်ဖြစ် လိုင်းတလိုင်း ထပ်ပွင့်သွားတယ်၊ ငွေ တိုးပြီးရတယ်။

ရွှေဝါရောင်ကိစ္စမှာ ဘယ်သူတွေအကျိုးရှိသွားသလဲ၊
နိုင်ငံရေး ရှု့ထောင့်ကကြည့်ဖို့လိုတယ်၊
နာဂစ် ကိစ္စလဲ ဒီလိုပါပဲ၊ အရေးကြီးတာက နိုင်ငံရေးခံယူချက်နဲ့ နိုင်ငံရေးရပ်တည်ချက်ပဲ၊

ဗွီအိုအေနဲ့ ဘီဘီစီဆိုတာ ရပ်တည်ချက်ကို မေးစရာမလိုဘူး၊
နဂိုလ်ကတည်းက အရင်းရှင်စနစ်ဘောင်အတွင်းက တည်ထောင်ခဲ့တာဖြစ်တယ်၊

ဒါတောင် ကွန်မြူနစ်တွေက ဝင်ဝင်ပြီး နောက်ချင်တယ်၊
အာအက်(ဖ)အေနဲ့ ဒီဗွီဘီရဲ့ နိုင်ငံရေးရပ်တည်ချက်ကဘာလဲ၊
ဘက်မလိုက်ဘူးဆိုတာ ဘာကို ပြောတာလဲ၊

မြန်မာ့ဒီမိုကရေစီရေးဆိုတာ ဘယ်လိုပုံစံနဲ့ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ ဒီဗွီဘီက မီဒီယာတိုက်ပွဲ ဆင်နွဲနေတာလည်း၊
တချိန်တုန်းက မြန်မာ့ နိုင်ငံရေးမှာ ပီကင်းပြန်တွေ ဦးစီးခဲ့ဘူးတယ်၊

ဒီနေ့ခေတ်ပြည်ပနိုင်ငံရေးမှာ ကူမင်းပြန်တွေ ချေရှုပ်နေတယ်၊
သူတို့ အရှိန်သြဇာနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ဖြစ်စေ လွတ်ကင်းရဲ့လား၊

ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်နဲ့ အမေရိကန်တို့ စိန် စု ကန် သဟဇာတဖြစ်လာတဲ့ နောက်ပိုင်း အဖွဲ့အစည်းအသီးသီးရဲ့ နိုင်ငံရေးရပ် တည်ချက်က ပေါ်တော့မှာပါ၊

ဒီဗွီဘီက ဦးဆောင်ရဲဘော်ကြီးများရဲ့ ရပ်တည်ချက်လည်း ရှင်းတော့မှာပါ။

ချင်းမိုင်နဲ့မဲဆောက်က ဂုတ်စီး မန်နေဂျာလေးများရဲ့ ရှင်းလင်းပုံကလည်း ရှင်းလှပါတယ်၊
ဒါပြည်တွင်း ယူဂျီကိစ္စ လူရော ငွေပါ စာရင်းအတိအကျပြလို့ မရဘူးပေါ့၊
ဒါပေမယ့် ယူဂျီလုပ်ငန်းသူလျှိုလုပ်ငန်းဆိုတာ ခေတ်အဆက်ဆက်ရှိခဲ့တာပါ၊

နောင်လည်းအမြဲ ရှိနေအုံးမှာပါ၊
စီအိုင်အေ၊ ကေဂျီဘီ၊ မော့ဆက် မှ အစ နိုင်ငံတိုင်းမှာ တရားဝင်သူလျှိုလုပ်ငန်းတွေရှိကြသလို တရားမဝင် တော်လှန်ရေး သူလျှိုလုပ်ငန်းတွေလည်း အနမတက္ကပါ၊



ယုံကြည်ချက် စိတ်ဓါတ်အဓိကနှင့် တည်ဆောက်ထားသလို တန်ရာတန်ကြေးနဲ့ လှုပ်ရှားမှုလည်း ရှိတယ်၊
ဘာပဲဖြစ်ဖြစ် အလွဲသုံးစားမှုကို ဖော်ထုတ်နိုင်တဲ့ နည်းစနစ်တွေ ရှိပြီးသားပါ၊
အင်လိုင်းဆိုတဲ့စကားလေးတလုံးနဲ့ ဖုံးဖိထားလို့ မရပါဘူး၊

ဒါပေမယ့် အော်စလို၊ ချင်းမိုင်၊ မဲဆောက်၊ ပြည်တွင်း ဆက်စပ်မှုကတော့ ခုမှ မရေမရာ ပေါ်ထွက်လာတယ်၊
ဒီလိုပါပဲ အင်လိုင်းနဲ့ မရေမရာ အဖွဲ့တွေက တစ်ပုံတစ်ပင်ပါ၊
ဒီဗွီဘီက အချင်းချင်းဝိရောဓိလေးကို ငြိမ်းချမ်းအောင် မလုပ်နိုင်လို့ ကံဆိုးသူမောင်ရှင် ဘဝရောက်ရတယ်၊ ဇာတာစခန်း လာဘ်ကျတဲ့အခါ ဖြစ်တတ်ပါတယ်။

အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းက ရာထူးက တာဝန်သိစွာ နုတ်ထွက်ပေးထားတယ်လို့ သတင်းထွက်လာတယ်၊ ဒါ ဘာဆိုင်လို့တုန်း၊ ဘယ်သူက ရာထူးချလိုက်တာလဲ၊

ဘယ်သူကမှ ရာထူးမချဘူးဆိုရင် ဘာကြောင့် နုတ်ထွက်ရမှာလဲ၊
ကိုယ့်ဘက်က မှန်နေရင် ရဲရဲကြီးရပ်တည် ဖြေရှင်းနိုင်ရမယ်၊

အတွေးအခေါ်မှားလို့ ပြည်သူတွေနစ်နာတဲ့ အတွက် နုတ်ထွက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ သမတတွေနဲ့ ဘာမှ မဆိုင်ဘူး၊

ဒါက ငွေကွာတဲ့ကိစ္စ၊အလွဲသုံးစားအမှု၊ ပြီးပြတ်အောင် စစ်ဆေးပြီးမှ အဖြေထွက်မယ်၊ ဘာအကြောင်းနဲ့မှ လက်ရှိတာဝန်က နုတ်ထွက်စရာ မလိုဘူး၊

ဟန်ရောင်ဝေက ဝင်ပြီး ထိန်းပေးထားတယ်၊
လောလောဆယ်မှာ ဒီဗွီဘီရဲ့ အဓိက အုပ်ချုပ်နေသူအဖြစ် ရပ်တည်တယ်၊
သူကအရင်တုန်းက ဒီဗွီဘီနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်သလဲ၊ လူထုသိအောင် ရှင်းဖို့လိုတယ်၊

ယူရိုအော့ဖစ်(စ်) ရုံးတို့၊ အီးအင်စီတို့၊ အင်စီဂျီယူးဘီတို့နဲ့ ပါတ်သက်ပုံ အမှန်ကိုလည်း လူထုသိဖို့လိုတယ်၊
ဦးစိန်ဝင်း၊ ဒေါက်တာသောင်းထွန်း တို့နဲ့လည်း၊ ဒီဗွီဘီ ပတ်သက်ပုံ ဘယ်အချိန်က ဘယ်အတိုင်း အတာအထိ အဆက်အစပ် ရှိခဲ့ပုံ၊
ဘယ်အချိန်ကစပြီး ဘယ်လိုအခြေ အနေမျိုးတွေကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာတွေလည်း လူထုသိသင့်တယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးမှာ အတွေးအခေါ် တိမ်းစောင်းမှုသည် အန္တရယ်တခုဖြစ်ပေမယ့် သောက်ကျင့် မကောင်းတာက ပိုဆိုးတယ်လို့ ပြောချင်တယ်၊ မြန်မာ့နိုင်ငံရေး လောကမှာ ရိုးသားကြိုးစားပြီး အမှန်တကယ်တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ ထွန်းကားပါစေကြောင်း ဆုမွန်တောင်းပါကြောင်း။



ဦးဖိုးသာအောင် -
--၁၀။၁၀-၂၀၁၁

အမြင်မတူလျှင် တပည့်တောင် ရန်သူသတ်မှတ်သည့် ပြည်သူ့ချဉ်ဖတ် လူပျက်ဇာဂနာ

လူပျက်ဇာဂနာ ထောင်ကလွတ်လာတာ မကြာသေးပါ။ ထောင်ဟူသည် ပြစ်ဒဏ်ကျခဲ့သူတို့၏ အပြစ်နှင့် ထိုက်သင့်သောပြစ်ဒဏ်များပေးရာနေရာ၊ ပြစ်ဒဏ်ကျခံရသူတို့၏ မကောင်းစိတ်၊ မကောင်းသည့် အမူအကျင့် တို့ကို ပြုပြင်ပြောင်းလဲ ပေးရာ နေရာဟု သတ်မှတ်လို့ရပေသည်။ ဇာဂနာသည် ထောင်မှ လွတ်လာသည်မှာ မကြာသေး သူ၏ မကောင်းတဲ့အမူအကျင့်တို့က မပျောက်။ အခုလည်းကြည့် မိမိ၏ လုပ်ဖော်ကိုင်ဖက် တပည့်များကို မိမိနှင့် အမြင်မတူတာနဲ့ ရန်သူလိုသဘောထားပြီး ပြောဆို ဆက်ဆံ နေလေသည်။

သမ္မတ၏ ပြည်ပရောက်မြန်မာများ ပြန်လာနိုင်ရန် ခွင့်ပြုမှုကြောင့် ပြည်တော်ပြန်လာကြသော သီးလေးသီး အဖွဲ့ဝင် ဂေါ်ဇီလာ၊ စိန်သီး၊ဇီးသီးနှင့် မင်းသမီးချောစုမျိုးသည် သူတို့၏ နိုင်ငံရေးအပေါ် အမြင်များကို ထုတ်ဖော်ပြောဆိုကြသည်။ ထိုအမြင်များအပေါ် မိမိနှင့်အမြင်မတူဘူးဆိုပြီး ဇာဂနာက အမွေဖြတ်မဲ့အထိ ရက်ရက်စက်စက် ကြိမ်းဝါးခဲ့သည်။
ဇာဂနာနဲ့ အမြင်မတူလို့ကတော့ ဒီလိုအမွေဖြတ်ခံရမယ်


မိမိကိုယ်တိုင်က လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုနေသူ၊ ကိုယ်ထင်ရာအမြင်များကို ပြောဆိုနေသူတစ်ယောက်သည် ဂေါ်ဇီလာတို့၏ မိမိအမြင်များအပေါ် အခြေခံ၍ ပြောဆိုမှုများကိုကျတော့ ပြောခွင့်မရှိ၊ မကြိုက်ဘူးဆိုကာ အပြစ်မြင်သည့် ဇာဂနာ၏ လုပ်ရပ်သည် တရားပါသလား။ ဒါ့အပြင် မိမိကိုယ်တိုင်က လူ့အခွင့်အရေး ဟု အော်ဟစ်တောင်းဆိုနေကာ သူတစ်ပါး၏ အခွင့်အရေး ကျတော့ အာဏာရှင်ဆန်ဆန် မိမိခွင့်ပြုမှ လုပ်ရမည်၊ မိမိခွင့်မပြုလျှင် လုပ်ခွင့်မရှိဟု တဖက်သတ်ပြော ဆိုနေမှုများသည် သူအော်အော်နေသော လူ့အခွင့်အရေးလား။

ဇာဂနာ၏ ငါခွင့်ပြုမှရမယ်၊ ငါခွင့်မပြုလျှင် မရဘူးဆိုသည့်
အာဏာရှင်ဆန်ဆန်ပြောဆိုမှု

အထက်ပါ လုပ်ရပ်များသည် ဇာဂနာ၏ မိမိနှင့် အမြင်မတူလျှင် မိမိတပည့်သားများအပေါ်ပင် ရန်သူလို့ သတ်မှတ်ကာ ရက်စက်တတ်သည်ကို ဖော်ပြနေပေသည်။ ထိုကဲ့သို့ လူမျိုး၏ နှုတ်မှထွက်လာသော လူ့အခွင့်အရေး၊ တိုင်းပြည်တိုးတက်ရေးဆိုသည့် စကားရပ်များသည် လူကြားကောင်းအောင် လျှောက်အော်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူမျိုး၏ စကားအပေါ် နားယောင်၍ ယုံကြည်မိပါက ဇာဂနာ၏ စိတ်အလိုကိုမလိုက်နိုင်ဘဲ အမြင်မတူစွာပြောဆိုမိသည့်တနေ့ သီးလေးသီးမှ ဂေါ်ဇီလာတို့ကဲ့သို့ အမွေဖြတ်ခြင်း၊ ရန်သူလိုသတ်မှတ်ခြင်း ခံရမည်ဖြစ်ကြောင်း လူပျက်ဇာဂနာနှင့် အလုပ်တွဲ လုပ်နေကြသော လူများအား ရွှေမြန်မာမှ သတိပေးလိုက်ရပါသည်။

အမြင်မတူလျှင် တပည့်ပါမချန် အမွေဖြတ်မဲ့ ဇာဂနာ


ဇာဂနာနှင့် အမြင်မတူ၍ အမွေဖြတ်ခံရတော့မည်
သီးလေးသီးအဖွဲ့ဝင်များ



http://goldenmyanmarnews.blogspot.com/2011/10/blog-post_14.html
မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

ဘာသာပြောင်းမည်ဆိုသော လူပျက် ဇာဂနာ



မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်သြလို၊ ဘာသာပေါင်းစုံလည်း ကိုးကွယ်ကြပါတယ်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ဆိုပြီး ဘာသာပေါင်းစုံ ကိုးကွယ်ကြပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ကိုလည်း ပေးထားပါတယ်။ အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၈) မှာ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ဆိုတဲ့ အခန်း ကဏ္ဍမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ် ပါတယ်။

ဒါပေမယ့် နိုင်ငံရေး ကိစ္စအတွက် ဘာသာသာသနာကို အလွဲသုံးစားပြုခြင်း၊ လူမျိုးရေး၊ ဘာသာရေး စိတ်ဝမ်းကွဲမှုများ ဖြစ်စေနိုင်ခြင်း၊ တစ်ဖက်နှင့်တစ်ဖက် ဂိုဏ်းကဏ္ဍကွဲပြားမှုများ ဖြစ်စေနိုင်ခြင်း၊ မုန်းတီးခြင်း၊ ရန်မူခြင်းများ ဖြစ်စေနိုင်ခြင်းနဲ့ ပေါ်ပေါက်လာရန် အကြောင်းရှိတဲ့ အပြူမူများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်တဲ့ အတွက် ပြစ်ဒဏ် ပေးရန် ဥပဒေပြဌာန်းနိုင်တယ်လို့လည်း အတိအလင်း ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြောပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေ ဟာလည်း စာရွက်ပေါ်မှာတင် ရှိနေတာမျိုး မဟုတ်ဘဲ အမှန်တကယ် လိုက်နာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ကိစ္စအတွက် ဘာသာရေးကို အသုံးချလို့ မရပါဘူး။ ဘာသာရေးကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေက တားမြစ်ထားပါတယ်။

ကချင်ပြည်နယ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ လူပျက် ကိုဇာဂနာက ဗုဒ္ဓဘာသာကနေ တစ်ခြားဘာသာကို ကူးပြောင်း တော့မယ်လို့ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတာ ဖတ်ရှု့လိုက်ရပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ လွတ်လပ်စွာ ယုံကြည်ခွင့်ဟာ မိမိရဲ့ ကိုယ်ပိုင် အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဘာသာ တစ်ခု ကနေ အခြားဘာသာ တစ်ခုကို ပြောင်းလဲ ကိုးကွယ်တာဟာလည်း မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်လို့ ဘယ်သူ ကမှ တားဆီးပိတ်ပင်ခွင့် မရှိပါဘူး။ အဲဒီအတွက် ဘယ်သူမှလည်း ဝင်ရောက်စွက်ဖက်ကြမှာလည်း မဟုတ်ပါဘူး။

ဒါပေမယ့် လူပျက် ကိုဇာဂနာ ပြောတဲ့ မြန်မာပြည်မှာ အလှူအတန်းလုပ်ရင် ဖမ်းတယ်၊ တစ်ခြားဘာသာတွေ မဖမ်းဘူး ဆိုတဲ့ စကားကိုတော့ ဘယ်လိုမှ လက်ခံယုံကြည့်လို့ မရတဲ့ စကားဖြစ်ပါတယ်။ တရားစကားနဲ့ ပြောမယ်ဆိုရင် အာပတ် သင့်တဲ့ စကားဖြစ်ပါတယ်။ လက်ရှိတည်ဆဲ အစိုးရကို ဆန့်ကျင်လိုတဲ့ သဘောနဲ့ ပြောတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဒီလို ပြောလိုက်တာဟာ ဗုဒ္ဓဘာသာဝင်တွေကိုလည်း စော်ကားလိုက်တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင်တွေရှိတဲ့ ဘယ်နေရာကိုပဲ ကြည့်ကြည့် အလှူအတန်းနဲ့ ပြတ်တဲ့ နေရာရယ်လို့ တွေ့ရမယ် တောင် မထင်ပါဘူး။ အလှူရေစက် လက်နဲ့မကွာ ဆိုတာလို နေရာ မရွေး၊ ရာသီမရွေး အလှူအတန်း လုပ်နေကြ တာကို တွေ့မြင်ကြမှာ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် ဘုရားတွေမှာပဲ ကြည့်ကြည့်၊ ဘုန်းတော်ကြီး ကျောင်းတွေမှာပဲကြည့်ကြည့်၊ မိဘမဲ့ကလေးကျောင်းတွေမှာပဲကြည့်ကြည့်၊ ဘိုးဘွား ရိပ်သာမှာပဲ ကြည့်ကြည့် တွေ့မြင် နေကြရမှာ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ အလှူအတန်းဟာ ခွဲခြားလို့တောင် မရတဲ့ ကိစ္စလို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။ လူပျက် ကိုယ်ဇာဂနာ ပြောသလို မြန်မာပြည်မှာ အလှူအတန်းလုပ်ရင် ထောင်ကြတယ်ဆိုတဲ့ စကားသာ မှန်ခဲ့ရင် တစ်နိုင်ငံ ထောင်ထဲ ရောက်နေလောက်ပါပြီ။ ဒါပေမယ့် လူပျက် ကိုဇာဂနာ ကျတော့ ဘာလို့ထောင်ကျ သလဲလို့ မေးရင် ဘာသာရေးကို ခုတုံးလုပ်လို့၊ ခုတုံးလုပ်ဖို့ ကြိုးစားလို့လို့ ဖြေလိုက်ရင် အတိုဆုံးနဲ့ အမှန်ဆုံး အဖြေပဲ ဖြစ်ပါလိမ့်မယ်။
ကိုပြည်ချစ်

Credit:ကျေးစေတမန်




Myanmar Express

ထောင်ကလွှတ်ပေးလိုက်လို့ မကျေနပ်နိုင်၊ ဝမ်းမသာနိုင်ဖြစ်နေသူများ ထောင်ထဲပြန်ဝင်ကြရန် တိုက်တွန်း

ယနေ့ သီတင်းကျွတ်လပြည့်နေ့မှာပဲ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင် အသီးသီးကနေ ပစ်မှုကျူးလွန်ကာ အကျဉ်းကျနေတဲ့ အကျဉ်းသားပေါင်း ၆၃၅၉ ဦးကို နိုင်ငံတော် သမ္မတ အမိန့်နဲ့ လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ သမ္မတကြီး ဦးသိန်းစိန်လက်ထပ်မှာ ဒုတိယအကြိမ် လွှတ်တာဖြစ်ပြီး မေလ ၁၆ ရက်နေ့က ၁၄၅၇၈ ယောက် လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အကျဉ်းသားများ လွှတ်ပေးသည့် ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမ္မဂ္ဂနဲ့ ကမ္ဘာက ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်တစ်ဦးကတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းသား မရှိလေ ကောင်းလေ ဟု ပြောကြားခဲ့ဖူးပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ဆိုသူများလည်း ဒီနေ့ လွတ်တဲ့အထဲမှာ ပါလားတာ တွေ့ရပါတယ်။ ဘာကို ယုံကြည်လို့ အကျဉ်းကျလဲဆိုတာကိုတော့ မေးမြန်းချိန်မှာ ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ဆိုသူများမှာ ဒီနှစ် အတွင်းမှာ အတော် နာမည် ကြီးလာသော စကားလုံး ဖြစ်ပါတယ်။ အစိုးရ ဆန့်ကျင်သူများအနေနဲ့ နိုင်ငံတော် အစိုးရအဖွဲ့မှာ အခြေခံဥပဒေ ရေးဆွဲချိန်မှာ အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်တာ၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံစဉ်မှာ ချက်ချင်းလွှတ်ခိုင်းတာတွေ၊ မြစ်ဆုံ စီမံကိန်း လုပ်ဆောင်နေချိန်မှာ ကန့်ကွက်တာတွေ လုပ်ခဲ့ကြပေမယ့်လည်း အခုချိန်ခါမှာ မြစ်ဆုံ စီမံကိန်းကိုလည်း အစိုးရက ယာယီရပ်ဆိုင်းထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးပြီး ဖြစ်လို့ ဆန္ဒပြစရာ ခေါင်းစဉ် ပျောက်ခဲ့ကြပါတယ်။ ဒါကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ များ ချက်ချင်းလွှတ် ကောင်းစဉ်နဲ့ လှုပ်ရှားလာကြပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အဲဒီ အကျဉ်းသားတွေကို ဂရုစိုက်တာ မတွေ့ရပါဘူး။ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို တစ်ခါမှ ထောင်ဝင်စာ သွားတွေ့တာ မရှိပါဘူး။ အကျဉ်းမကျပဲ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေကိုတော့ အားပေးပါတယ်တဲ့။

အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ လုပ်ရပ်ကို ထောက်ခံကြပါတယ်။ ယုံကြည်ချက်ကြောင့် အကျဥ်းကျသူ ဆိုသူများမှာ နိုင်ငံတော်အတွက် လုပ်မယ်၊ ပြည်သူအတွက် အနစ်နာခံမယ်၊ ပေးဆပ်မယ် လို့ ကြွေးကြော်ကာ လုပ်ချင်တာ လုပ်ရဲသူများဖြစ်သည်။ လုပ်ချင်တာ လုပ်လို့ လိုက်ဖမ်းချိန်မှာ မပြေးပဲ ထောင်ကျလည်း ကျေကျေနပ်နပ် ခံမယ် ဆိုသူများလည်းဖြစ်သည်။

ထောက်ကျခံတဲ့လူကတောင် ကျေကျေနပ်နပ်ခံနေချိန်မှာ အပြင်က လူများက မကျေမနပ်ဖြစ်နေစရာ အကြောင်းမရှိပေ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝါရင့် နိုင်ငံရေး သမားတစ်ဦးက "အဲဒီ ထောင်ကျတဲ့ လူတွေဆိုတာ တုံးတဲ့လူတွေ၊ ထောင်ကျလည်း ကျေနပ်တယ် ဆိုတဲ့ လူတွေလေ... သူတို့အတွက် ဘေးကနေ ဘာမှ မကျနပ်စရာ အကြောင်းမရှိဘူး... ဘာမှလည်း ထောင်ဝင်စာ တွေ့ဖို့မလိုဘူး... အန်တီစု လုပ်တာ မှန်တယ်... ထောင်ကျတဲ့လူကို သွားမတွေ့ဘူး... အိမ်မှာ ကျန်နေတဲ့လူကို အားပေးတယ်.... ဒါ လုပ်သင့်တာပဲ... ထောင်ကျနေတဲ့လူတွေကို သွားလည်းတွေ့စရာမလိုဘူး၊ လွှတ်လည်း လွှတ်စရာမလိုဘူး.." လို့ ပြောပါတယ်။

ဒါ့အပြင် ထောင်မကျခံချင်ရင် အစောကြီးကတည်းက ထွက်ပြေးလို့ရကြောင်းနဲ့ အခု နိုင်ငံကြားမှာ ထောင်ကျမှာ ကြောက်လို့ ထွက်ပြေးခဲ့ကြတဲ့လူတွေ အများကြီး ရှိကြောင်း သူက ဆက်ပြောပါတယ်။ "ပြေးလို့ရနေတာပဲ ပြေးပေါ့... သူတို့ဘာသူ -င်ယားပြီး အဖမ်းခံတာ နည်းတောင် နည်းသေးတယ်၊ အခုနိုင်ငံခြားမှာနေပြီး ရှေ့ဆုံးက အော်နေတဲ့ သူရဲကောင်းအားလုံးက ထောင်ကျမှာ ကြောက်ပြီး ထွက်ပြေးလာတဲ့လူတွေချည်းပဲ..." လို့ ဆက်ပြောပါတယ်။

အခု ထောင်က လွှတ်လိုက်တဲ့အချိန်မှာ အချို့က အတိုင်းမသိ ဝမ်းသာပြီး ငိုကြွေးကြပါတယ်။ မိသားစုနဲ့ တွေ့ပြီး ကြည်နူးကြပါတယ်။ ဒါပေမယ့် အချို့ကတော့ ဝမ်းမသာနိုင်၊ မကျေနပ်နိုင် ဖြစ်ကြပြန်ပါတယ်။ အဲဒီလူတွေနဲ့ ပတ်သက်ပြီး လွတ်မြောက်လာတဲ့ အကျဉ်းသား တစ်ဦးက " ကျွန်တော်ဆိုရင် လွတ်ဖို့ နှစ်တွေ အများကြီး ကျန်သေးတယ်။ ခုချိန်မှာ ဘယ်လိုခံစားရလဲဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော်တောင် ပြောမပြတတ်ဘူး။ မိသားစုနဲ့တွေ့ချိန်မှာ မျက်ရည်တွေ အလိုလိုကျလာတာ၊ ဝမ်းသာလွန်းလို့... ထောင်က ထွက်တဲ့နေ့ဆိုတာ ဘဝ မှာ အပေါ်ဆုံး နေ့တွေထဲက တစ်နေ့ဖြစ်ပါတယ်။ ထောင်က ထွက်တာ ဘယ်လောက် ပျော်စရာကောင်းလဲ ဆိုတာ ထောင်ကျဖူးပြီး ထွက်လာသူ အားလုံး သိပါတယ်... အဲဒါကိုမှ ဝမ်းမသာနိုင်ဘူး... မကျေနပ်ဘူး.. ထောင်ကိုလွမ်းတယ်.. ကျန်ခဲ့တဲ့လူတွေကို ကိုယ်ချင်းစာတယ်ဆို ပြန်ဝင်ပေါ့..." လို့ တိုက်တွန်း ပြောဆိုပါတယ်။




ထောင်ထဲဝင်ချင်ရင် ဒုစရိတ်မှုတစ်ခုခုကို ချက်ချင်းလုပ်ပြီး ကိုယ်တိုင် သွားရောက် အဖမ်းခံသင့်ကြောင်းလည်း သူကပဲ အကြံပေးထားပါတယ်။ နိုင်ငံရေးအကဲခက်တစ်ဦးကတော့ ဒီနေ့လွတ်တဲ့ အထဲမှာ လေပစ်တဲ့လူတွေ ပါလားကြောင်း အခုလို ပြောပါတယ်။ "ဒီတစ်ခါ လွတ်တဲ့အထဲမှာ လေသမားတွေ ပိုများလာတယ်ဗျ... အလုပ်လက်ကြောတင်းအောင်မလုပ်ဖူးဘူး.. လေတော့ ပစ်နေတဲ့လူတွေ ပါတယ်... နားထောင်လို့တော့ ကောင်းတာပေါ့... နားထောင်ရတဲ့လူတွေကလည်း အားပေးတာပေါ့.. ဒါပေမယ့် နိုင်ငံ့အရေးနဲ့ ပြည်သူ့အကျိုးလုပ်တာဆိုတာ ပါးစပ်နဲ့ လေပစ်နေလို့ကတော့... လေပဲအဖက်တင်မယ်..." လို့ပြောပါတယ်။

" စကားများများပြောတဲ့လူကို အထင်မကြီးနဲ့ လို့ ပညာရှင်တွေလည်း ပြောခဲ့ဖူးပါတယ်.... မြန်မာ့အတိုက်အခံလောကမှာ လက်ကြောမတင်းတဲ့ လေသမားတွေများခဲ့လို့၊ အစိုးရကို မဝေဖန် အကြံမပေးပဲ လှောင်ပြောင် သရော်တာတွေ များခဲ့လို့၊ အရည်အချင်းမရှိတဲ့လူတွေ စုပြီး ရည်မှန်းချက် တိတိကျကျ မရှိလို့ အနှစ် ၂၀ ကျော် ကြိုးစားသမျှ ဘာမှဖြစ်မလာတာ.. " လို့ သူကပဲ ဆက်ပြီး သုံးသပ်ပြသွားပါတယ်။

ပြီးခဲ့တဲ့ ဗြိတိန်အဓိကရုန်း တုန်းက ဖမ်းဆီးခံနေရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများနဲ့ ပြီးခဲ့တဲ့ အပတ် အမေရိကန်မှာ ယုံကြည်ချက်ကြောင့် တံတားပေါ်မှာ ဆန္ဒပြပြီး အဖမ်းခံနေရသူများကတော့ ပြန်လွတ်မလာသေးပါဘူး။ ကုလသမ္မဂ္ဂနဲ့ နိုင်ငံတကာကလည်း မစိုးရိမ်သေးပါဘူး။



Myanmar Express

ရှက်တက်ရင် လဲသေဖို့တောင်ကောင်းတဲ့ ကချင်သတင်းဌာန KNG

အောင်တိုဘာလ ၃ ရက်နေ့က ကချင်သတင်းဌာနမှာ ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်းရပ်ဆိုင်း ဆိုတဲ့ခေါင်းစဉ်နဲ့ အရှက်ကင်းမဲ့စွာ သတင်းအမှားတွေကို လုပ်ကြံ ဖော်ပြခဲ့တာကိုတွေ့လိုက်ရပါတယ်။အဲဒီမှာပါတဲ့ ပုံနဲ့ စာမှာပါတဲ့အကြောင်းအရာတွေဟာ တော်တော်လေးရယ်စရာကောင်းပေမဲ့ ရယ်လို့မရဖြစ်နေပါတော့တယ်။မြစ်ဆုံစီမံကိန်းဘာလို့ရပ်တာလဲတော့ ကျွန်တော်မသိပါ ကချင်သတင်းဌာန(http://burmese.kachinnews.com/) မှာ ရေးထားတဲ့ ဟာနဲ့ ဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က သက်တန့်ချို (http://www.thettantcho.com/2010/06/blog-post_11.html) မှာ ရေးထားတာကတော့ တရုတ်ပြည်တောနက်ထဲမှာ အိပ်ပျော်နေတဲ့ မြွေကြီးနှစ်ကောင်တွေ့ကြောင်း Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်း အသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း မြွေကြီးတစ်ကောင်မှာ မြေတူးစက်နဲ့ မတော်တဆထိခိုက်မိလို့ သေဆုံးခဲ့တယ်လို့ ရေးထားပါတယ်။အသေးစိတ်သိချင်ရင်တော့ အပေါ်က လင့်နဲ့ မူရင်း (http://english.peopledaily.com.cn/) နေရာကိုသွားကြည့်လို့ရပါတယ်။ကချင်သတင်းဌာနကတော့ အရှက်မရှိစွာနဲ့ နောက်တစ်ရက်ဒီသတင်းကို ပြန်ဖြုတ်သွားပါတယ်။

ကမ္ဘာအ၀န်းမှာ အင်တာနက်ကြည့်ရှု့သူပရိသတ်ကြီးကို သတိပေးချင်တာကတော့ ဒီလိုမျိုးသတင်းအမှားတွေကို စိတ်ကူးတဲ့ရာ လျှောက်ရေးပြီး စာဖတ်သူတွေ အသိအမြင်လွဲမှားေ၀၀ါးသွားအောင်လုပ်နေကြတဲ့ သတင်းဌာနတွေရှိ နေတယ်ဆိုတာပြောချင်ပါတယ်။ဒီလိုမျိုးထင်ရာမြင်ရာ ကလေးအတွေးတွေနဲ့ လျှောက်ရေးနေတဲ့ website တွေရှိနေတဲ့အတွက် သတင်းအမှန်တွေကိုသာ ရေးသားနေတဲ့ website တွေကိုတောင်ယုံကြည်မှုတွေလျော့နည်းလာနိုင် တဲ့ ရိုက်ခတ်မှုတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဒီ ကချင်သတင်းဌာန website ဟာ ဒီလိုမျိုးစိတ်ကူးယဉ်သတင်းတွေကို ရေးသားနေပြီး စာဖတ်သူပရိတ်သတ် အထင်အမြင်တွေလွဲအောင် လုပ်နေကြတယ်ဆိုတာ ကမ္ဘာအ၀န်းမှာရှိတဲ့ သတင်းဖတ်ရှု့သူများအား အသိပေးလိုက်ပါတယ်။

Aungmyo Thu

နောက်ထပ် သူများယောင်လို့ လိုက်ယောင်သူ အားကိုစရာ စတုတ္ထမဏ္ဍိုင် များကတော့

http://moeminthu.blogspot.com/2011/10/04-2011-jum-bum-china-power-investment.html

http://www.shwemandalay.net/index.php?option=com_content&view=article&id=787:irrawaddy-dam--&catid=82:asia&Itemid=199

http://mandalaygazette.com/71338/uncategorized-other/copypaste

http://kohtut27.blogspot.com/2011/10/blog-post_06.html

http://www.pnsjapan.org/2011/10/blog-post_4146.html

http://burmese.bnionline.net/news/kng/8591-2011-10-04-12-09-52.html

http://www.thithtoolwin.com/2011/10/blog-post_6533.html

http://burmaddays.blogspot.com/2011/10/blog-post_04.html

တို့ ဖြစ်ကြပါတယ်

ကချင်သတင်းဌာန KNG သတင်း အတုလုပ်ဖို့ ဓာတ်ပုံခိုးယူခဲ့တဲ့ ဆိုက်ကတော့ http://zuzutop.com/2009/11/photo-of-huge-55ft-snake-shocks-world/ ဖြစ်ပါတယ်။ မူရင်း သတင်းကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။

Photo of Huge (55ft) snake shocks World

huge snake []

A photograph purporting to show a 55ft snake found in a forest in China has become an internet sensation.

It was originally posted in a thread on the website of the People’s Daily, the official Communist Party newspaper in China.

The thread claimed the snake was one of two enormous boas found by workers clearing forest for a new road outside Guping city, Jiangxi province.

They apparently woke up the sleeping snakes during attempts to bulldoze a huge mound of earth.

“On the third dig, the operator found there was blood amongst the soil, and with a further dig, a dying snake appeared,” said the post.

“At the same time, another gold coloured giant boa appeared with its mouth wide open. The driver was paralysed with fear, while the other workers ran for their lives.

“By the time the workers came back, the wounded boa had died, while the other snake had disappeared. The bulldozer operator was so sick that he couldn’t even stand up.”

The post claimed that the digger driver was so traumatised that he suffered a heart attack on his way to hospital and later died.

The dead snake was 55ft (16.7m) long, weighed 300kg and was estimated to be 140 years old, according to the post.

However, local government officials in Guiping say the story and photograph are almost certainly a hoax as giant boas are not native to the area.



Myanmar Express

အပြောတစ်မျိုး အလုပ်တစ်မျိုး BHG

အခုတစ်လော မြစ်ဆုံကိစ္စနည်းနည်းငြိမ်သွားပြန်တော့BHGသတင်းကိုနည်းနည်းပြောချင်တယ်ဗျာ။
အရင်ကတည်းက ပြောမယ်ပြောမယ်နဲ့မပြောဖြစ်ခဲ့ဘူး။လူကြားလို့မှမကောင်းဗျာ..ညမင်းသားဆိုတဲ့18+ဆိုဒ်ကိုသွား
ဟက်တယ်တဲ့ ဘယ်လိုဟက်ကာတွေပါလိမ့် ကမာ့္ဘဟက်ကာလောကတော့ နာမည်ပျက်ရပါပြီ။

အက်ဒမင် လုပ်ခွင့်နဲ့ ကောင်မလေးတောင်းတာမရလို့တဲ့ ။လူကြားလို့မှမကောင်းဗျာ..မြန်မာတွေဆိုတာ အဲလိုလား နိုင်ငံခြားသားတွေသိရင်ဘယ်လောက်ရှက်ဖို့ကောင်းမလဲ?နောက်ပြီးအဖွဲ့စပေါ်လာကစတုန်း
ကတော့ " မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှင့် နည်းပညာထောက်ပံ့ရေး"
ဆိုပြီး အော်ခဲ့တယ်။ အခု အဖွဲ့ပျက်တော့လည်း "ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့်လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည် " ဆိုပြီး အရှက်ပြေ အော်ပြန်တယ်။

ဒါပေမဲ့ သေသေချာချာစဉ်းစားကြည့်မယ် ဆိုရင် ရှေ့ တစ်မျိုးနောက်တစ်မျိုး ဆိုတာအသိ
သာကြီးပါ။ဘာလို့လဲဆိုတာ့ နည်းပညာထောက်ပံရေး ရည်ရွယ်ချက်ပါလို့ နာမည်ကောင်းတပ် နေ
တဲ့ အဖွဲ့ ကြီးက ဟက်လိုက်တဲ့ဆိုဒ်တွေကတော့ တကယ်နည်းပညာထောက်ပံရေး ကိုအကူအညီပေး
နေတဲ့ ကိုညီနေမင်း ဆိုဒ်တောင်အလွတ်မပေးပါဘူး။ ဆိုဒ်တစ်ခု ဖြစ်လာဖို့ ဆိုတာမလွယ်ပါဘူး။
အွန်လိုင်းမှာရှိတဲ့ သူတွေ ဘလော့ဂါတွေသိကြပါတယ်။အချိန်အကုန်ခံ အပင်ပန်းခံပြီးတော့မှ ဖြစ်
လာရတာပါ။နောက်ပြီး အခုလိုနည်းပညာတွေကို အပင်ပန်းခံပြီးတော့ ရှာဖွေစုစောင်းပေးရတယ်
ဆိုတာ မလွယ်ပါဘူး။တော်ရုံဝါသနာ စေတနာနဲ့ လည်းမရပါဘူး ။အဲလိုဆိုဒ်တွေ တော်တော်နည်းပါတယ်။

သူတို့ကပြောတာတော့ " ပြသနာအကြောင်းအရင်းက Chatting က စတာ ကောင်မလေးတစ်ယောက်
အဲနည်းပညာတော်တော်လေးရင်းနှီင်္းတဲ့ကောင်မလေးပေါ့အဲကာင်မလေးနဲ့BHGကညီလေးစကားပြောနေရင်း
BHG က ညီလေးက သူက ညီနေမင်းထက်ပိုတော်တယ်ပေါ့ အဲဒါကို ကောင်မလေးက ညီနေမင်းက ပိုတော်ပါတယ် ဆိုပြီးပြောတော့ သူတော်တယ်ဆိုရင် ညီလေးက ငယ်သေးတော့ ကလေးစိတ်လိုပေါ့ အနိုင်လိုချင်စိတ်နဲ့ ထလုပ်ထည့်လိုက်တာအဲဒါနဲ့ ညီနေမင်းဆိုဒ်အဟက်ခံရပါလေရောအဲကောင်ညီနေမင်းကို ကျွန်တော် သတိပေးပါတယ် သိနေတယ်လေ လုပ်တော့မယ်ဆိုတာ ဒီကောင်ညီနေမင်းက ဘာ လုပ်နေတယ် မသိဘူးသတိပေးတာတောင်စကားတစ်ခွန်းမှ ပြန်မပြောဘူး သောက်ရေးလုပ်ဖို့မလိုဘူးဆိုတဲ့သဘော ဖြစ်
မှာပေါ့လေ အစကတည်းက ညီလေးက ပြသနာ ရှာဖို့ မုန်းလို့လုပ်တာမှ မဟုတ်ပဲ လူငယ် သဘာဝ အနိုင်လိုချင်စိတ်နဲ့ လုပ်ဖြစ်သွားတာ " တဲ့ သေသေချာချာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။

မိန်းကလေးတစ်ယောက်နဲ့ဘာမဟုတ်တဲ့ ကြောင်းအရာတစ်ခုကို ပြိုင်ငြင်းပြီးအခုလိုလုပ်တာတော်တော်
အောက်တန်းကျတယ်ဗျာ။တကယ်တော့ သူတို့ ဟက်ခဲ့တဲ့ အိမ်လွမ်းသူ ဖိုရမ်၊ အဖြူရောင်သံဇဉ် ရေဒီယို၊ ဧဒင်ဥယာဉ် နဲ့ ရတနာပုံ FC တို့ ဆိုတာတွေက ဒိုမိန်းဝယ်ထားတဲ့သူတွေပါ။အဲ့လို ဟာမျိုးတွေကိုသာဟက်
နိုင်တာပါ။တကယ်အရည်အချင်းရှိရင်သတ္တိရင်ရဲရဲဝံ့ဝံ့စိန်ခေါ်ပြီးယှဉ်ပြိုင်ပါလား။ဒါတောင်ပညာရပ်အတွက်
ပြိုင်သောယှဉ်ပြိုင်ခြင်းမျိုးပဲဖြစ်သင့်ပါတယ်။မိန်းကလေးတစ်ယောက်ရဲ့စကားတစ်ခွန်းကိုတွက်ကပ်ပြီး
ပြိုင်တယ်ဆိုရင်တော့လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါပဲ။

ကိုညီနေမင်း ဆိုက် ကို ဖျက်ဆီးစဉ်က



နောက်ပြီး ကိုညီနေမင်းဆိုဒ်ကို အဲလိုကြောင့် ဟက်ခဲ့တယ်ဆိုရင် အခြားနည်းပညာကို ထောက်
ပံ့နေတဲ့ IT mg mg ၊ Chindwin Teach ၊ နဲ့ Myanmar Engineer ဖိုရမ်တွေ ဆိုက်တွေကို ဖျက်ဆီးတာကြ
ရောဘယ်လိုပြောမလဲ?သူ့ဘာသူနေတဲ့GTI ကျောင်းသားတွေစုပြီးလုပ်ထားတဲ့ဆိုက်တွေနဲ့ ဆေးကျောင်း
သားတွေစုပြီးလုပ်ထားတဲ့ဆိုဒ်တွေကရောဘာအကြောင်းပြချက်နဲ့ဖျက်ရတာတုန်း?မိန်းကလေးအတွက်လား?
နည်းပညာတိုးတက်ရေးအတွက်လား?ဒါမှမဟုတ် အွန်လိုင်းမှာ နာမည်ကြီးချင်လို့လား?

ဘာပဲဖြစ်ဖြစ် နာမည်ကြီးချင်တာဆိုရင်တော့ Famous နဲ့မဟုတ်ပဲ Notorious နဲ့ကျော်
စောသွားပါကြောင်း နည်းပညာထောက်ပံရေးအတွက် လို့ခေါင်းစဉ်တပ်ထားတဲ့ BHG အဖွဲ့ ကိုပြောချင်ပါ
တယ်။
သူရိယကိုကို


http://shaesaunglungal.blogspot.com/2011/10/bhg.html
မှ ကူးယူဖော်ပြပါကြောင်း

Myanmar Express

လိမ်ညာမှုများဖြင့်ပြည့်နှက်နေသော သတင်းဌာန(သို့) ဧရာဝတီ

လွန်ခဲ့တဲ့ စက်တာဘာလ(၆) ရက်နေ့က လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် သမ္မတဦးသိန်းစိန်၏ ပြည်ပရောက် မြန်မာများ ပြန်လာနိုင်ခွင့်ကြောင့် ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားခဲ့သည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အရောက် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံ နေရသည်ဟု ဧရာဝတီသတင်းဌာန က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဖုံးကွယ်လို့မရသော ဧရာဝတီသတင်းဌာနရဲ့ လိမ်ညာမှုများ

သို့သော် ထို သတင်း မှားယွင်းကြောင်း ကို ကာယကံရှင် သတင်းထောက် ဦးစိန်ကျော်လှိုင်က မိမိသည်ဘာသာရေး ကိစ္စတစ်ခုကြောင့် ခရီးလွန်နေခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ကိုလည်း မပြန်ကြောင်း၊ စစ်ကြောရေး မှ ဖမ်းဆီးစစ်ဆေးခြင်းခံရသည် မှာလည်း မဟုတ်ကြောင်း ၊ ဧရာဝတီ မှ သတင်းမှားကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ ထို့အပြင် ဧရာဝတီမှ ထုတ်ပြန်သောသတင်းသည် လုံးဝ အခြေအမြစ် မရှိ ခိုင်လုံခြင်း မရှိကြောင်း၊ ထို့အတွက် ဧရာဝတီသတင်းဌာန မှ တာဝန်ယူသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ဧရာဝတီ သတင်းဌာနသည် ထိုကဲ့သို့ သတင်းမှားများဖြင့် ဖြူစင်သော မြန်မာပြည်သူလူထု အပေါ် မီဒီယာမှိုင်းဖြင့် လိမ်ညာခဲ့သည်မှာ ယခုမှမဟုတ် ကြာခဲ့ပြီဖြစ်သည်။ ယခင် တခါကလည်း နိုင်ငံကျော် အဆိုတော် မေဆွိသေဆုံးပြီဆိုပြီး မတ်လ(၁၁)ရက်နေ့တွင် ဧရာဝတီသတင်းဌာန အင်္ဂလိပ် ပိုင်းအစီအစဉ်မှာ ကောလဟာလအဖြစ် မဟုတ်မမှန် သတင်းလွှင့်ခဲ့ဖူးပါတယ်။ ဒီ့အတွက် မေဆွိကို ချစ်ခင်သော ပရိသတ်တွေအပြင် မိသားစုဝင်တွေပါ ၀မ်းနည်းကြေကွဲခဲ့ရပါသေးတယ်။ မေဆွိလည်း ဒီသတင်းမဟုတ်မမှန်ကြောင်း ချက်ချင်းဆိုသလို ဖေ့ဘုတ်မှာ ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။ ဒါ့အပြင် ဒီလိုသတင်းမျိုးတွေကို သေချာမှုရှိမရှိ စုံစမ်းစိစစ်ပြီးမှ အများပြည်သူကို ချပြ သင့်ကြောင်း ပြောဆို ခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် ဧရာဝတီသတင်းဌာနရဲ့ ပြည်သူတွေအပေါ် မဟုတ်မမှန် ၀ါဒဖြန့် သတင်းမှားတွေ ထုတ်လွှင့်နေမှု ဟာ ဖုံးကွယ်လို့မရပဲ အရှက်တကွဲ ပေါ်ပေါက်လာရပါတယ်။ မီဒီယာ ကျင့်ဝတ်နဲ့လည်း မညီညွှတ် သတင်းတစ်ခုကို မှန်ကန်မှုရှိမရှိ စိစစ်မှုမရှိဘဲ ထုတ်လွှင့်နေတဲ့ ဧရာဝတီရဲ့ သတင်းတွေကြောင့် ပုဂ္ဂိုလ်ရေးအရရော၊ နိုင်ငံနဲ့လူမျိုးအရပါ ထိခိုက်နစ်နာမှုတွေဟာ မနည်းလှပါဘူး။ ဒီ့အတွက်ဧရာဝတီ သတင်းဌာန ကနေ ဘယ်လိုများတာဝန်ယူ ဖြေရှင်းခဲ့ပါသလဲ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ဧရာဝတီသတင်းဌာန ဟာ ဂရုစိုက်ဖြေရှင်းနေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက်က ဘယ်သူသေသေငတေမာ ရင်ပြီးရော ဆိုသလို မိမိအတွက်သာ ကြည့်ပြီး အများအကျိုးကို ထည့်မတွက်တာကြောင့်ပါ။

ဧရာဝတီမှ မဟုတ်ပါဘူး အနောက်နိုင်ငံမှထောက်ပံ့ ထားတဲ့ ပြည်ပမီဒီယာ ဌာနတွေဟာ ဒီလိုမဟုတ်မမှန်တဲ့ သတင်းတွေကို အမြဲထုတ်လွှင့်တတ်ပြီး မိမိတို့သတင်းဌာန နာမည်ကြီးအောင် အမျိုးမျိုး လုပ်ပြတတ်ကြတာပါ။ အစိုးမကောင်းကြောင်း လွှင့်မယ်၊ ဟုတ်တာမဟုတ်တာ သူတို့အတွက် အရေးမကြီး ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုသတင်းတွေ အမြဲတမ်းလွှင့်နေ မှ သူတို့အတွက် ထောက်ပံ့ငွေရမယ်။ ၀မ်းရေးအတွက် အဆင်ပြေမှာမို့ပါ။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာလည်း ဒီလိုသတင်းဌာနတွေကြောင့် ကမ္ဘာ့အလယ်မှာ ကျဆင်းနေရတာပါ။ ဒါကြောင့်မို့ ရိုးသားဖြူစင်တဲ့ မြန်မာပြည်သူများ အနေနဲ့လည်း အထက်ပါ ဖြစ်ရပ်တွေကို ကြည့်ပြီး ဒီလို သတင်းဌာနတွေရဲ့ သတင်းတွေဟာ ကျိုးကြောင်းဆီလျော်မှုရှိမရှိ မှန်ကန်မှုရှိမရှိ သဘောပေါက်နားလည်ပြီလို့ ထင်ပါတယ်။ ဒီလိုပြည်သူလူထုအပေါ် လိမ်ညာလှည့်ဖျားနေတဲ့ ပြည်ပထောက်ပံ့ခံ ဒေါ်လာစားသတင်းဌာနတွေကို လည်း ရွှေမြန်မာအဖွဲ့မှ ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း ဖော်ပြလိုက်ရပါတယ်။

အမှန်တရားကိုကြားမှာထားပြီး လိမ်ညာနေတဲ့ ဒေါ်လာစားသတင်းဌာနများ

ဦးစိန်ကျော်လှို်င်


http://goldenmyanmarnews.blogspot.com/2011/10/blog-post_08.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

ဘာလဲဟဲ့ ဆိုင်ဘာ အလဲထိုးမှု



သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုခွင့် အတွက် အစိုးရက ကြိုးစားနေချိန်မှာ အင်တာနက် ပေါ်က အစိုးရဆန့်ကျင်သူများက လွတ်လပ်စွာ သတင်းရေးနေတဲ့ စာမျက်နှာတွေကို ဖျက်ဆီးဖို့ ကြွေးကြော်မှု တစ်ခု လွန်ခဲ့တဲ့ ၁၂ ရက် က ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားနဲ့ မြစ်ဆုံအတွက် လို့ အကြောင်းပြချက်ပေးထားပါတယ်။ အစိုးရ ရဲ့ သတင်း နည်းပညာ နယ် များ နှင့် ၎င်း ၏ ခက်လက် များကို အလဲ ထိုး သွား မယ် လို့ ကြေညာထားပြီး အဖွဲ့နာမည်က Operation Burma လို့ ခေါ်ပါတယ်တဲ့။ Operation Burma အဖွဲ့မှာ နည်း ပညာ အဖွဲ့  ခြောက် ဖွဲ့  ကြီးတောင် ပါတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ ၉ ရက် ကြာတဲ့အထိ ဘာမှ အလဲထိုးခံရတာ မတွေ့ရပါဘူး။ အလဲထိုးအောင် ကြိုးစားရင် ကိုယ်တိုင် လဲနေလား မသိရသေးပါ။ အောက်တိုဘာလ (၄) ရက်နေ့ကတော့ http://www.news-eleven.com/index.php?option=com_content&view=article&id=10378:eleven-media-group-website-user-account-&catid=42:2009-11-10-07-36-59&Itemid=112 မှာ့  Eleven Media Group Website အား Cyber Attack ပြုလုပ်ခြင်းများ ရှိနေသောကြောင့် Website မှာ မကြာခဏ down ကာ ၀င်ရောက်ကြည့်ရှု၍ မရခြင်းများ ဖြစ်ပေါ်နေ ကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လဲကျ မသွားပါဘူး။

နည်းပညာ အဖွဲ့ကြီး (၆) ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ Operation Burma ဆိုတဲ့ အဖွဲ့က လေလုံးထွားရာဇသံပေးထားပြီး ဘာမှလည်း မလုပ်နိုင်တဲ့ အကြောင်းကို white hacker group မှ အမည်မဖော်လိုသူ တစ်ဦးက အခုလိုပြောပါတယ်။

"Cyber attack လုပ်မယ်၊ နည်းပညာအဖွဲ့ (၆) ဖွဲ့နဲ့ ဖွဲ့ထားတယ် ဆိုတာ တွေ့တော့ ကျွန်တော်တို့တောင် ဘာများပါလိမ့်လို့ စောင့်ကြည့်နေတာ... နောက်တော့လည်း လေလုံးထွား ရာဇသံပေးပြီး ဘာမှလည်း မလုပ်နိုင်ဘူး.. ဟာသကြီး ဖြစ်နေတာပေါ့ဗျာ.." လို့ ပြောပါတယ်။

နည်းပညာ အဖွဲ့ ဆိုတာ ဘယ်သူတွေဖြစ်နိုင်လဲ လို့ မေးချိန်မှာတော့ သူကပဲ အခုလို ဆက်ရှင်းပြပါတယ် "နည်းပညာ အဖွဲ့ဆိုတော့ ဘယ်လိုအဖွဲ့တွေလည်းတော့ မပြောတတ်ဘူး.. အရင်တစ်ခါ BHG အဖွဲ့တော့ ပျက်သွားတယ်... R Hacker အဖွဲ့က ပညာပေးလိုက်လို့ ပျက်သွားတယ်လို့တော့ ကြားတယ်.. BHG ရဲ့ website တောင် offline လုပ်လိုက်ရတယ်လေ... အခုလည်း သူတို့ ပြောတဲ့ နည်းပညာအဖွဲ့ဆိုတဲ့ အထဲမှာ ဇတ်ပျက်သွားတဲ့ BHG အဖွဲ့သားတွေ စုထားတဲ့ အဖွဲ့တွေလည်းဖြစ်နိုင်တယ်.. " တို့ ပြောပါတယ်။

အခုလို တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား တစ်ဦးက "စစ်ကို စစ်နဲ့တိုက်၊ မီဒီယာကို မီဒီယာနဲ့ တိုက်၊ ဆိုင်ဘာကို ဆိုင်ဘာနဲ့ တိုက်တာက ဘာမှ ပြောစရာမရှိဘူးလေ... ဒါပေမယ့် အခုချိန်ခါမှာ အစိုးရက အလုပ်ကောင်းကောင်းလုပ်ပြနေချိန်လည်း ဖြစ်နေတယ်၊ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေကလည်း ထောက်ခံ ကြိုဆိုနေကြချိန်ဖြစ်တော့ မီဒီယာက အရင်လို လုပ်ကြံအတင်းလွှင့်တာတွေ လုပ်လို့ မရတော့ဘူး... လွှင့်ရင်လည်း ဘယ်သူမှ လက်မခံကြတော့ဘူးလေ... ဒီတော့ အောက်လမ်းသုံးပြီး တိုက်ဖို့ကြိုးစားကြတာ ဖြစ်မှာပေါ့ဗျာ..." လို့ ပြောပါတယ်။

ဒါပေမယ့်လည်း weekly eleven ကို တိုက်ခိုက်သူက ဒေါက်တာလွဏ်ဆွေ ဖြစ်နိုင်ကြောင်းနဲ့ Operation Burma အဖွဲ့မှာ ဒေါက်တာ လွဏ်းဆွေလည်း ပါနိုင်ကြောင်း သုံးသပ်ကြသူတွေလည်း ရှိပါတယ်။ ဒေါက်တာလွဏ်းဆွေ ဘလော့မှာ စက်တင်ဘာ ၂၇ ရက်နေ့က weekly eleven ကို အကြီးအကျယ် ဒေါသထွက်ကြောင်း သတင်းတင်ခဲ့အပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ Freedom News Group မှာ ဆိုင်ဘာ အလဲထိုးမှု စတင်မယ်လို့ ချက်ချင်း တင်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ (၄) ရက်နေ့မှာတော့ weekly eleven က တိုက်ခိုက်ခံရကြောင်း ဖော်ပြခဲ့ပါတယ်။ ဘယ်သူက ဘယ်အချိန်မှာ ဘယ်လို တိုက်ခိုက်ခဲ့တယ်လို့တော့ မဖော်ပြထားပါဘူး။


အရင် BHG အဖွဲ့တုန်းကလည်း နည်းပညာတိုးတက်ရေးအတွက် နဲ့ အင်တာနက် လွတ်လပ်ခွင့်အတွက် လို့ အကြောင်းပြပြီး နည်းပညာ ကူညီရေး ဆိုက်တွေ၊ အဖြူရောင်သံဇဉ် ရေဒီယို ဆိုက်တွေ၊ လူမှုရေး ဖိုရမ် တွေ အများအပြားကို ဖျက်ဆီးခဲ့လို့ လူအများက မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ အခုလည်း Operation Burma ဆိုတဲ့ အဖွဲ့ကို ဘယ်သူကမှ မကြိုဆိုကြဘူးလို့ သိရှိရပါတယ်။ ဒါပေမယ့် ခုထိတော့ ဘာမှ လုပ်မပြနိုင်တာဟာ R Hacker အဖွဲ့ကို ကြောက်လို့ ငြိမ်သွားတာ ဖြစ်နိုင်တယ်လို့ ထင်မြင်ချက် ပေးနေကြသူတွေလည်း ရှိပါတယ်။


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ