Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ က ဧရာဝတီကို ကယ်တင်လိုက် အပြီးမှာ အင်တာနက်ပေါ်က ဧရာဝတီကိုချစ်ပြနေသူများ က ဆက်ချစ်အုံးမှာလား

ဧရာဝတီမြစ်ကြီးပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းတွေကို အစိုးရက ရပ်လိုက်ပြီဖြစ်ပါတယ်။ မရပ်တန့်ခင်တုန်းကတော့ လူအတော်များများ ဘယ်တုန်းကမှ သတိမရတဲ့ ဧရာဝတီကို အင်မတန်ချစ်ပြီး၊ လွမ်းပြလိုက်ကြတာ မျိုးစုံပါပဲ။ ဧရာဝတီမြစ်ထဲက ရေ ၇ ရာခိုင်နှုံးသုံးတာကို မြန်မာနိုင်ငံကြီး တစ်ခုလုံး ပျောက်ကွယ်သွားမည့်အလား၊ မြန်မာလူမျိုးတစ်မျိုးလုံး မျိုးတုံးသွားမည့်အလား စိုးရိမ်ကြောင့်ကျခဲ့ကြပြီး။ ဧရာဝတီ အကျီတွေဝတ်ကြ၊ ဧရာဝတီ သီချင်းတွေဆိုကြ လုပ်ကြပါတယ်။ မငိုပါနဲ့ ဧရာဝတီ၊ ငိုပါ ဧရာဝတီ ဆိုပြီး ပို့တွေလည်း တန်းဆီထွက်လာပါတယ်။ တစ်သက်လုံး ဧရာဝတီကို ပစ်စလက်ခက် နေလာသူတွေကလည်း အင်တာနက်သုံးရင်း ကယ်တင်းခဲ့ကြပါတယ်။

ဧရာဝတီမြစ်ဆိုတာ အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား အားလုံး မမွေးခင် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာပါ။ ဒါပေမယ့် ၂၀၁၁ ခုနှစ်ကတော့ ဧရာဝတီကို လူချစ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ကြာကြာ ချစ်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရပါအုံးမယ်။

နိုင်ငံတော် သမ္မကြီး၏ မြစ်ဆုံစီမံကိန်းဆိုင်ရာ သဝဏ်လွှာ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

သို့
ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြောင်းအရာ။ သဝဏ်လွှာပေးပို့ခြင်း

၁။ ပထမအကြိမ် ပြည်သူ့လွှတ်တော်/ အမျိုးသား လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့ လွှတ်တော်/ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ အနေဖြင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက် ရှိပါသည်။

၃။ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ တူညီသော မျှော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''ဝ''အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များ ရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။ အချို့အဖွဲ့ များသည်လည်း ပြည်နယ် အစိုးရများထံ ငြိမ်းချမ်းရေး ရယူရန် ဆက်သွယ် ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားများ အားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တချို့ ပြန်လာနေကြပြီ ဖြစ်ပါသည်။ အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာ အတွင်းမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွား အတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့ တို့သည် အစိုးရ အခက်အခဲ အကျပ်အတည်း တွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရ ပါသည်။

၅။ တိုင်းပြည် ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံ ထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် စက်မှုနိုင်ငံ ထူထောင်နိုင်ရန် လျှပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျှပ်စစ်စွမ်းအင် ရရှိနိုင်သည့် နည်းလမ်းများအနက် အဏုမြူစွမ်းအင် ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ် ကြီးမားလှသည့် အပြင် ငွေကြေး မပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှု တို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ကျောက်မီးသွေးသယံ ဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှု မရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင် ဖြစ်ပါ ၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ ထွက်ရှိသော်လည်း ပြည်ပ အရင်းအနှီးများဖြင့် ထုတ်လုပ်သည့် ကိစ္စဖြစ်၍ မိမိတို့ လိုအပ်သလောက် မရနိုင်ဘဲ အချို့အဝက်သာ ခွဲဝေရရှိပါသည်။ ပြည်ပ ချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည် ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများ အရစ်ကျ ပေးဆပ်နေရသည့် အခြေအနေ ဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန် အတွက်ပင် လုံလောက်မှု မရှိသေးပါ။

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် သဘာဝက ပေးထားသော မြစ်ချောင်းများ ရှိနေသဖြင့် အဆိုပါ မြစ်ချောင်းများမှ ပြည်တွင်း ပြည်ပအရင်းအနှီးများ ရယူ၍ လျှပ်စစ် ဓာတ်အားထုတ်ယူ နိုင်ရေးအတွက် တပ်မတော်အစိုးရ လက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (၂) ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၇) ရုံသာရှိခဲ့ပြီး စုစုပေါင်း စက်တပ်ဆင်အား (၅၂၉) မဂ္ဂါဝပ်သာရှိခဲ့ရာမှ နောက်ထပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ(၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁) မဂ္ဂါဝပ် တိုးတက် ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃ဝ) လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း (၆၄) ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ (၃)ခု အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ် (၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများ ရှိပါသည်။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း(၈)ခု အပါအဝင် ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငွေကြေး အရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန် စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထု အတွင်း အောက်ပါ စိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည်-

(က)ကချင်ပြည်နယ် အတွက်သာမက မြန်မာနိုင်ငံ အတွက်ပါ သဘာဝက ပေးထားသော (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှအပ ပျောက်ကွယ်သွားနိုင်ခြင်း၊

(ခ)မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေနစ်မြုပ်၍ ၄င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံး ပျက်စီးသွားနိုင်ခြင်း၊

(ဂ)ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ပျိုးထားသည့် ရော်ဘာ စိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း၊

(ဃ)ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံ ဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကျေပျက်စီးမှုရှိနိုင်ခြင်း၊

(င)ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ ကြားသိနေရပါသည်။

၁ဝ။ မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိ ပါသည်။ သို့ပါ၍ မိမိတို့ အစိုးရ လက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင် သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံအောင် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။

(သိန်းစိန်)
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://oppositeyes.blogspot.com/2011/10/blog-post.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

အမေရိကန်သံအမတ် ခရမ်းချဉ်သီးနဲ့ ပေါက်ခံရ

ဆီးရီးယားနိုင်ငံ ဒမတ်စကတ် (Damascus) မြို့မှာ ရှိတဲ့ အမေရိကန် သံအမတ် ရောဘတ် ဖို့ဒ် (Robert Ford) နဲ့ အပေါင်းအပါများကို ၁၀၀ ကျော်ရှိတဲ့ လူအုပ်က ခရမ်းချဉ်သီးတွေ၊ ကျောက်ခဲတွေနဲ့ ဝိုင်းပေါက်ခဲ့ပါတယ်။ အီရန်သမ္မတ မာမွတ်ဒ် အမာဒနီဂျက်ဒ် (Mahmoud Ahmadinejad) ကလည်း နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်ပွဲတွေနဲ့ ရန်စနေသလို ကမ္ဘာတ၀န်း စိတ်ဝမ်းကွဲပြားရေး ဖြစ်အောင် လုပ်ဆောင်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးနေတယ် ထုတ်ဖော် ပြောကြားခဲ့တာကို နိုင်ငံပေါင်း တစ်ရာ ကျော်အား ထောက်ခံ အားပေးခဲ့ကြပါတယ်။ ကမ္ဘာအရေး ကျွမ်းကျင်သူများကတော့ အမေရိကန်ရဲ့ အတွင်းစိတ်သဘောထားအမှန်ကို ကမ္ဘာတစ်ဝန်းက သိကုန်ကြလို့ အမေရိကန်ရဲ့ သြောဇာ တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာအတိုက်အခံ အင်အားစုများကတော့ အမေရိကန်ကို ခုထိ ယုံကြည်အားကိုးကာ အမေကျော် ပထွေးတော် လွမ်းနေတုန်း ဖြစ်ပါတယ်။

အမေရိကန် သံအမတ်ကို ခရမ်းချဉ်သီးဖြင့် ထပ်မံ ပေါက်လိုပါက
http://www.huffingtonpost.com/2011/09/29/robert-ford-tomatoes_n_986712.html



Myanmar Express

ဗုဒ္ဓဟောကြားတော်မူသော တရားတော်များထဲမှ လူယုတ်မာတို့၏ သဘောသဘာဝများ အကြောင်း

ဗုဒ္ဓဟောကြားတော်မူသော တရားတော်များထဲမှ လူယုတ်မာတို့၏ သဘောသဘာဝများ အကြောင်း

တချို့သော သူတို့သည် မိမိကိုယ်တိုင်က ကိုယ်ကျင့်သီလမရှိ။ သူတပါးကိုလည်း မဆောက်တည်စေ။ ညစ်ပေယုတ်ညံ့သော စိတ်ရှိ၏။ အမျိုးကိုလည်း မချစ်တတ်၊ စောင့်သိအပ်သော သစ္စာတရားမရှိ။ ကိုယ်ကျိုးကိုသာ ကြည့်တတ်၏။ သူတပါး အကျိုးကို မသယ်ပိုးတတ်၊ မိမိ၏ ဂုဏ်သိက္ခာ တိုးပွားရေးကိုသာ အလေးထားတတ်၏။ သူတပါး၏ ဂုဏ်သိန်ကို ချိုးနှိမ်တတ်၏။ အိနြေ္ဒမရှိသော ကျီးကဲ့သို့ သူတပါး၏ လာဘ်လာဘကို ကြားဖြတ်၍ ထိုးသုတ်တတ်၏။ မဟုတ်မမှန်ကို အဟုတ်အမှန် ဖြစ်အောင် လုပ်ကြံတတ်၏။ သူပြုဖူးသော ကျေးဇူးကိုလည်း မသိတတ်ချေ။

မိမိစိတ်နှင့် နှိုင်းယှဉ်၍ မြင်မြင်သမျှ လူမိုက်ချည်းသာ ထင်မှတ်နေတတ်၏။ အပြစ်ရှိသော အလုပ်ကို လုပ်ကိုင်ဆောင်ရွက် ခဲ့သော်လည်း ၀န်မခံတတ်ချေ။ ဆင်သေကို ဆိတ်သရေဖြင့် ဖုံးသကဲ့သို့ အရွဲ့တိုက်၍လည်း ကွယ်ဝှက်တတ်၏။ သာသည့်ဖက်သို့လည်း ကပ်တတ်၏။ မမြတ်သော တရားဖြင့် အမှားကို ခင်တွယ်တတ်၏။ ပရိသတ်အလယ်၌ သေးငယ်သောဂုဏ်ကို ပြောမကုန်နိုင်အောင် ဖေါ်ဆောင်ဝါကြွားတတ်၏။

ယုတ်မာသူကိုသာ ဆည်းကပ်တတ်၏။ မကောင်းသော အမြင်ရှိ၏။ မကောင်းသော အကြံကိုသာ ကြံတတ်၏။ မကောင်းသော စကားကို ဆိုတတ်၏။ မကောင်းမှုဖြင့် အသက်မွေးတတ်၏။

ယုံကြည်မှု၊ ကြည်လင်မှု သဒ္ဓါတရားမရှိ။ အရှက်အကြောက်မရှိ။ အကြားအမြင် နည်း၏။ ပျင်းရိတတ်၏။ သတိမေ့၍ ပညာကင်း၏။ အချင်းချင်း ရိုင်းပင်းမှု မရှိချေ။ သိမ်ဖျင်းသောစကား၊ ကြမ်းတမ်းသောစကားတို့ကို ပြောတတ်၏။ သူ့အသက်ကို သတ်တတ်၏။ မပေးသည်ကို ယူတတ်၏။ ကာမကို မှားယွင်းစွာ ပြုတတ်၏။ မိမိရရှိထားသည်တို့ကို သူတပါးတို့အား မပေးလို။ ၀န်တိုတတ်၏။

ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ ရမ္မက်ကြီး၏။ ကြမ်းကြုတ်၏။ သနားကရုဏာမရှိ။ အမြဲမြည်တွန်နေတတ်၏။ ပြစ်မှားတတ်၏။ ရန်ငြိုးဖွဲ့တတ်၏။ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်၏။ ငြူစူတတ်၏။ တွေဝေတတ်၏။ သတိသမ္ပဇဉ် ဥာဏ်နှင့်မယှဉ်တတ်။ တည်ကြည်မှုလည်း မရှိချေ။ အရာရာ၌ ခုန်မင်မက်မောခြင်းဟူသော အဘိဇ္ဈာ အားကြီး၏။ သူတပါးကို နှိပ်စက်လိုမှု ဗျာပါဒကြီး၏။ မိမိအတွက်ကိုသာ ကွက်၍ကြည့်တတ်၏။ တဖက်တည်းသာ မြင်၏။ အပြိုင်အဆိုင် ပြုတတ်၏။ စဉ်းလဲကောက်ကျစ်တတ်၏။ လှည့်ပတ်တတ်သော မာယာများ၏။ ကောင်းသောအကြံပေးခြင်းကို လက်မခံတတ်။ ဆုံးမရန် ခက်ခဲ၏။ အိနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိ၏။

မိမိကိုယ်တိုင်လည်း ပူပန်ဆင်းရဲ၏။ သူတပါးတို့ကိုလည်း ပူပန်ဆင်းရဲ စေတတ်၏။ မြတ်သောတရားနှင့် မယှဉ်တတ်။ အလိုဆိုး ရှိသည်ဖြစ်၍ မတရားသဖြင့် ဦးဆောင်လမ်းညွှန်တတ်၏။

အနှစ်မရှိသော ကျူပင်ကဲ့သို့ အချည်းနှီး တတ်ကြွ၏။ ထောင်လွှား၏။ လျပ်ပေါ်လော်လီ၏။ နုတ်ကြမ်း၏။ ပြန့်ကျဲသော စကားရှိ၏။ သတိလွတ်ကင်း၏။ ဆင်ခြင်ဥာဏ်လည်းမရှိ။ မတည်ကြည်၍ တုန်လှုပ်သော စိတ်လည်းရှိ၏။ အဓွန့်မရှည်သော အလုပ်တို့နှင့် ပြည့်စုံ၏။ တဖက်သား၏ ကောင်းကျိုးကို အလိုလို ၀န်တိုတတ်၏။ သူတပါးကို မတရားခြိမ်းခြောက်တတ်၏။ ချုပ်ချယ်တတ်၏။ မိမိကိုယ်ကို နှစ်မြုပ်၏။ သူတပါးကိုလည်း နှစ်မြုပ်စေ၏။ မကောင်းမှုကို ပေါ်ပေါ်လွှင်လွှင် ပြုတတ်၏။ ဖေါ်ထုတ်၏။ ပြိုင်ပွဲပင် ပြုလုပ်ပေးတတ်၏။

အယုတ်တရားတို့နှင့် ပြည့်စုံသော သူတို့သည် ဥာဏ်ပညာ အတွေးအခေါ် အားနည်းကြကုန်သော သူတို့အား လာဘ်လာဘ အခွင့်အရေး စသည်တို့ကို ကောင်းမွန်စွာပေး၍ တပည့်အဖြင့် စည်းရုံးပြီးလျှင် အင်အားပြတတ်ကြ၏။

အရှိန်အ၀ါကို အသုံးချတတ်၏။ ရက်စက်တတ်၏။ အဆိပ်ပြင်း၏။ မစင်သည် အနည်းငယ်ပင် ဖြစ်ပါသော်လည်း မကောင်းသော အနံ့ကား ကြီးကျယ်ပြန့်ပွား တတ်သကဲ့သို့ ယုတ်မာသော စိတ်ရှိသူ၏ ဂုဏ်သတင်းတို့သည်လည်း လွယ်ကူစွာ ကျယ်ပြန့်တတ်ကုန်၏။ ဖားသည် အသံကြောင့် သေသကဲ့သို့ ယုတ်မာသူတို့သည်လည်း ယင်းကျော်ကြားသော ဂုဏ်သတင်းကြောင့်ပင် ပျက်စီးတတ်ကြကုန်၏။ (ပျက်စီးရမည်သာတည်း)

(ပုဂ္ဂလ ပညတ်ပါဠိတော် / စတုက္က ပုဂ္ဂလ ပညတ်)



Myanmar Express

ပြင်သစ်နွားများက မြန်မာအတိုက်အခံများထက် အသိဥာဏ်ပိုရှိ ဟုဆို

မြန်မာ့နိုင်ငံရေး အတိုက်အခံများနဲ့ ဆွေးနွေးဖူးသူတိုင်း စိတ်ပျက်ရသည့် အဓိက အကြောင်းမှာ ဘယ်လောက်ပြောပြော နားမလည်ခြင်းပဲ ဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးတိုင်းမှာ ကန့်ကွက်ဖို့နဲ့ ငြင်းဖို့ပဲ စိတ်ကူးနေကြတာ အဆိုးဆုံးပါပဲ။ အတိုက်အခံအချင်းချင်း အစိုးရနဲ့ အစိုးရအဖွဲ့အစည်းတွေကို မကောင်းပြောရချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ထောက်ခံနေတတ်ကြပြီး အစိုးရဆန့်ကျင်သူများရဲ့ အမှားများကိုတော့ လုံးဝ အပြောမခံကြပါဘူး။

အတိုက်အခံများဟာ အမြဲ အစွန်းရောက်နေကြပါတယ်။ သူတို့ရဲ့ လွဲမှားတဲ့ ယုံကြည်ချက်တွေကို စေတနာနဲ့ ပြင်ပေးသူတွေ အားလုံးကို ရန်သူလို သဘောထားကြပါတယ်။ အကျိုးသင့် အကြောင်းသင့်သေချာ ရှင်းပြရင် လက်မခံ တတ်ကြသလို သူတို့ကို ပြန်ရှင်းခိုင်းပြန်ရင်လည်း မရှင်းပြတတ်ကြပြန်ပါဘူး။

မျက်စိတစ်ဖက်ပဲ ဖွင့်ထားတတ်ကြပြီး နားတစ်ဖက်ကိုလည်း ပိတ်ထားကြပါတယ်။ အစိုးရ မကောင်းကြောင်းပြောသမျှ စကားသံအားလုံးကို နားထောင်၊ ရေးသမျှကို အလုပ်ကြီးအကိုင်ကြီးတစ်ခု လုပ်ပြီး ဖတ်တတ်ကြပေမယ့်။ အစိုးရရဲ့ ပြည်သူ့နဲ့ နိုင်ငံ့အကျိုး ဆောင်ရွက်မှုတွေကိုတော့ လုံးဝ နားထဲ အဝင်မခံပါဘူး။ အကျိုးသင့်အကြောင်း သင့် ပြောပြသူများကိုလည်း အစိုးရ အလိုတော်ရိ လိုလို စွတ်စွဲပြန်ပါတယ်။ ဆွေးနွေးလို့ မနိုင်တို့ရင်တော့ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ အနိုင်ယူဖို့ ကြိုးစားကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးကျရင်တော့ သူတို့တွေ နိုင်သွားတတ်ကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ထက်သာအောင် ဘယ်သူမှ မယုတ်မာ၊ မမိုက်ရိုင်း တတ်ကြလို့ပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမြင်ကျဉ်းတဲ့ အတိုက်အခံတွေနဲ့ စကားပြောဖူးသူ စင်္ကာပူမှ သင်္ဘောသား တစ်ဦးက "ဘယ်လိုပြောရမလဲဆိုတော့ အရမ်းကိုနိမ့်တယ်ဗျ... တစ်ဖက်လူရဲ့ စကားကို အဆုံးထိကို နားမထောင်တာ... သူတို့ပြောနေတာပဲ ပြောနေကြတော့တာ.. တစ်ခါတစ်လေ ကျွန်တော် နိုင်ငံတော်ရဲ့ တိုးတက်လာတဲ့ အခြေအနေလေးတွေကို forward လုပ်တယ်.. အဲဒီမှာ.. ကျွန်တော့ ကို အစိုးရ အလိုတော်ရိလား... ဘာလား.. ပြောပြီး နောက်မပို့ဖို့ ပြောကြတယ်..... သူတို့ကတော့ အစိုးရ မကောင်းကြောင်း တွေ့ နေ့တိုင်းပို့နေကြတယ်လေ... ကျွန်တော် တော်တော် စိတ်ပျက်တယ်ဗျာ... သူတို့က လက်ဝဲဖက် က နားကိုပဲ ဖွင့်ထားပြီး လက်ဝဲဖက်က အသံကိုပဲ ကြားချင်ကြတာ.. လက်ယာဖက်ကို ပိတ်ထားကြတယ်... ဘယ်လိုလုပ်ပြီး အဲဒီ ဦးနောက်က လိုက်လျှောညီထွေ စဉ်းစားတတ်မလဲဗျာ... " လို့ ပြောပါတယ်။

ပြင်သစ် နွားများက မြန်မာ အတိုက်အခံများထက် အသိဥာဏ် ပိုရှိ

စင်္ကာပူနိုင်ငံရောက် Facebook ပေါ်မှာ ဆွေးနွေးသူ တစ်ယောက်ကလည်း "ကျွန်တော်က ဘာမှလည်း မလုပ်ရဘူး.. အစိုးရကောင်းကြောင်းလည်း တစ်ခွန်းမှ မပြောဖူးဘူး... ဒါပေမယ့် သူတို့ ပြောတဲ့ ထဲက ရှေ့နောက်မညီတာလေးတွေ၊ လွဲနေတာလေးတွေကိုပဲ ထောက်ပြမိတာဗျာ... ကျွန်တော့ကို စစ်ခွေး စစ်ခွေး ဆိုပြီး အယုတ်တ အနတ္တပေါင်းဆုံဆဲတော့တာပဲ... အရမ်းအောက်တန်းကျတယ်ဗျ... " လို့ ပြောပါတယ်။

ရန်ကုန်မှ သံဃာတော် တစ်ပါးကတော့ "မြန်မာအတိုက်အခံတွေကိုတော့ ထားလိုက်ပါတော့... သူတို့မှာ အကုသိုလ်တွေ ဘယ်လောက်များနေလဲ ဆိုတာကို သူတို့တွေရဲ့ အမူအရာ၊ အပြောအဆို ၊ အသုံးအနှုံးတွေကို ကြည့်ရုံနဲ့ သိနိုင်တယ်... ဘယ်တော့မှ ငြိမ်းချမ်းမှု မရှိဘူး... အမြဲပူလောင်နေတယ်... ဝဋ်နာကံဋာ ဆိုတာ ဒါမျိုးပေါ့..." လို့ မိန့်ကြားပါတယ်။

ဘလော့ဂါတစ်ဦးကတော့ "ပြောကို မပြောချင်တော့ပါဘူးဗျာ... ကန့်လန့်တိုက်ရရင် အဟုတ်မှတ်နေကြတာ... လျှပ်စစ်မီး မရတော့လည်း မရလို့ဆိုပြီး အစိုးရကို အပြစ်တင်တယ်၊ လျှပ်စစ်ဆက်ရုံဆောက်တော့လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်လို့ အပြစ်တင်တယ်... စကောလောက်မှ စောက်မနက်တဲ့ အသိဥာဏ်ဆိုတာ အဲလိုလူတွေ ပြောတာ..." လို့ ဆိုပါတယ်။

ကနေဒါမှ ကျောင်းသား တစ်ဦးကတော့ အတိုက်အခံတွေကို ကျွဲပါးစောင်းတီး တွေလို့ ပြောခဲ့ဖူးပြီး။ ရုရှားရောက် ကျောင်းသားတစ်ဦးကလည်း နာလဗြိန်းတုံး တွေလို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဝါရင့် မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးကတော့ "အခြေအနေကတော့ ကုရာနထ္တိ ဆေးမရှိပဲ... တစ်လောက ပြင်သစ်က နွားတွေကို Jazz ဂီတ တစ်ဖွဲ့က ဖျော်ဖြေပွဲလုပ်အပြီးမှာ ပြင်သစ်က နွားတွေရဲ့ အသိဥဏ်တွေ တော်တော်တိုးတက်လာတယ် ပြောတယ်... မြန်မာအတိုက်အခံတွေကတော့ ပြင်သစ်က နွားတွေလောက်ကို အသိဥာဏ်ဖွံ့ဖြိုးမှု မရှိဘူးလို့ ပြောလို့ရတယ်... ပြောတဲ့ လူသာ အာပေါက်ပြီး သေသွားမယ်.. သူတို့ကတော့ ထူးမခြားနားပဲ" လို့ ပြောခဲ့ပါတယ်။

ကုရာနထ္တိ ဆေးမရှိဆိုပေမယ့်လည်း ၎င်း တို့ကို သနားမိသူများက ကြိုးစားဆုံးမ နေကြတာတွေ တွေ့နေရပါတယ်။ မြန်မာအတိုက်အခံများ အနေနဲ့ ပြင်သစ်က နွားများကို အတုယူသင့်ကြောင်း ဝေဖန်သူတွေလည်း ရှိပါတယ်။ နောက်လ မှာ လုပ်မယ့် ပြည်ပရောက် အတိုက်အခံအားလုံးရဲ့ လေးလပတ် အစည်းအဝေးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်လို့လည်း ထင်ကြေး ပေးကြပါတယ်။

နာမည်ကြီး အမေရိကန် ဂျက်ဇ် တေးဂီတဝိုင်းဖြစ်တဲ့ The New Hot 5 က စက်တင်ဘာလ ၁၂ရက်နေ့က မြန်မာအတိုက်အခံတွေထက် အသိဥာဏ် ပိုရှိတယ်လို့ နာမည်ကြီးနေတဲ့ ပြင်သစ်နိုင်ငံက အ်ာထရန်မြို့ လယ်ကွင်းထဲ နွားများကို ဖျော်ဖြေနေချိန်မှာ နားထောင်နေတဲ့ နွားတွေရဲ့ အသိဥာဏ်ရှိပုံကို မြန်မာ အတိုက်ခံများ အတုယူနိုင်ရန် တင်ပေးလိုက်ပါတယ်...။



အဘိုးကြီး၊ အဘွားကြီးများ ထိုင်ပြီး သန်းရှာနေတာ ၂၃ နှစ် ပြည့်ပြီ

ကမ္ဘာ ပေါ်တွင် အသက်အကြီးသူ အများဆုံး ပါဝင်သည့် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တဲ့ NLD ဟာ အခုဆိုရင် ဖွဲ့စည်းခဲ့တာ ၂၃ နှစ် ရှိပြီဖြစ်ပါတယ်။ အဖွဲ့ကြီးက ၂၃ နှစ် ပြည့်သလို လူများကလည်း ၆၀ ကျော် များမှ ၉၅ ကျော် အထိ ဖြစ်ကုန်ကြပါပြီ။ ဝီကီလိခ် စာမျက်နှာက ပင် NLD အန်ကယ်ကြီးများ ကို ပြည်သူတွေ အားမလို အားမရ ဖြစ်ကြောင်း ရေးသားခဲ့ဖူးပါတယ်။

ဒူးတုတ် ပြီးတောင် မထိုင်နိုင်တော့ပေမယ့် မသေခင် ဝန်ကြီး ဖြစ်ဖို့တော့ မျှော်လင့်ရမယ်


ဘဘ သေသွားရင် အုတ်ဂူမှာ ၉၀ ရွေးကောက်ပွဲ အနိုင်ရ လို့ ရေးပေးပါကွာ


သေရင် ကိုယ့်နောက် ဘာမှ မပါပါဘူး ဘဘ ရယ်။ စိတ်ဖြောင့်ဖြောင့်သာ သေပါ။

ပြည်ပမှ စိတ်အားထက်သန်သူများနဲ့ ပြည်တွင်းမှ လူငယ် အချို့ကတော့ NLD ရဲ့ လုပ်ဆောင်မှု နှေးကွေးပုံနဲ့၊ မယောင်ရာ ဆီလူးနေကြပုံကို အားမလို အားမရ ဖြစ်ကာ မေးခွန်းတွေ မျိုးဆုံ မေးကြပါတယ်။ ရန်ကုန်မြို့ အင်တာနက် ဆိုင်မှာ လူငယ် တစ်ဦးက

"ဦးတင်ဦးသေတော့မယ်
ဦးဝင်းတင်သေတော့မယ်
ဒေါ်စုသေတော့မယ်
အဘိုကြီးတွေသေတော့မယ်
အဖိုးလေးတွေသေတော့မယ်
၈၈-မျိုးဆက်ထောင်ထဲမှာ ဂေါက်နေပြီ
ပြည်ပအတိုက်အခံ အရက်သမားဖြစ်တော့မယ်
ဘယ်တော့ ဒီမိုကရေစီရမှာလဲ"

လို့ စိတ်မရှည်တဲ့ လေသံနဲ့ မေးထားပါတယ်။



ဒီမိုကရေစီက အရေးမကြီးဘူး.. လောလောဆယ် စားကြကွာ.. ဗိုက်ဝဖို့ အရေးကြီးတယ်

၂၃ နှစ် အတွင်း လူထုအတွက် NLD ဘာလုပ်ခဲ့လည်း မေးရင် ဖြေစရာမရှိပါ။ ပါတီဝင်များကလည်း ပါတီ အတွက် ဘာမှ မလုပ်နိုင်ခဲ့ပါ။ စတင်တည်ထောင်ချိန်တုန်းက ခမောက်ရူး ရူးကြပြီး ၂၄ နာရီ ခမောက် စောင်းခဲ့ကြပေမယ့် အခုချိန်မှာတော့ ခမောက်တွေကို ချောင်မှာ ထိုးထားလိုက်ကြပါပြီ။ အရင်တုန်းက တောင်သူ ဦးကြီးတွေကို ကိုယ်စားပြုကာ ခမောက် စောင်းတယ် လို့ ပြောခဲ့ကြပေမယ့် အခုတော့ ကိုယ်စား မပြုကြောင်း သက်သေပြနေပြီဖြစ်သည်။ လက်တလော ချိတ်ဆွဲထားသည်မှာ ဒေါင်းပုံများသာ ဖြစ်တာကြောင့် တိရိစ္ဆာန်ကိုသာ ကိုယ်စားပြုသည် ဟု မြန်မာ့အရေးလေ့လာသူများက သုံးသပ်နေကြပြီဖြစ်သည်။

၂၃ နှစ် အတွင်းမှာ ပါတီဝင် အချင်းချင်း အကွဲ အပြဲ တွေ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လူကြီးနဲ့ လူငယ် ဆိုပြီး ကွဲလာရာမှ ရွေးကောက်ပွဲ စတင်ချိန်မှာတော့ NDF နဲ့ NLD ဆိုပြီး နှစ်ခြမ်းကွဲခဲ့ရသည်။

အသက်ငယ်သူများဖြစ်တဲ့ ဦးခင်မောင်ဆွေ တို့ ဦးဆောင်တဲ့ NDF က တော့ ခမောက် ကိုပါ မ သွားပြီး ဆက်လက် ရပ်တည်နိုင်ခဲ့ပေမယ့် ဂီလာန အဖိုးကြီး အဖွားကြီးများ သာ ကျန်တော့တဲ့ NLD က တော့ မနက်ဖြန် ပျက်မလား၊ သဘက်ခါ ပျက်မလား စမ်းတဝါးဝါးနဲ့ ကျန်နေခဲ့ရပါတယ်။

NDF က တော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲ ဝင်သွားပါတယ်။ NLD က တော့ လက်မခံဘူး ဆိုပြီး ပေကပ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတော့ အရင်တုန်းက ပြောခဲ့သမျှကို မေ့ထားပြီး လက်ခံ သလိုလို လုပ်နေပြန်ပါတယ်။

NLD က ခွဲထွက် သွားတဲ့ NDF ကလည်း NLD ရဲ့ သွေးတွေပါတာကြောင့် ထပ်ပြီး နှစ်ခြမ်းကွဲပြန်ပါတယ်။ ပါတီထဲမှာ အချင်းချင်း မတည့်ကာ ခွဲထွက်ခြင်းက NLD ရဲ့ ထုံးစံ လို ဖြစ်နေပါတယ်။ NDF နဲ့ ဦးသိန်းညွန့် ဦးဆောင်နဲ့ ပြည့်သူ့ ဒီမိုကရေစီ ပါတီဆိုပြီး ထပ်မံ နှစ်ခြမ်းကွဲပြန်ပါတယ်။

ဒီနေ့ကတော့ NLD ၂၃ နှစ် ပြည့်ပွဲ လုပ်နိုင်ပြီး နောက်ရက်တွေမှာလည်း NLD နှစ်ခြမ်းကွဲပွဲနဲ့ NDF နှစ်ခြမ်းကွဲပွဲတွေ လုပ်သင့်တယ်လို့ ဝါရင့် နိုင်ငံရေး သမား တစ်ဦးက ပြောပါတယ်။

ပြည်တွင်းက အဖွဲ့တွေသာ အချင်းချင်း ကွဲနေတာ မဟုတ်ပါ။ ပြည်ပက NLD - LA များကလည်း နာမည်ပျက်နေတာ ကြာပြီဖြစ်ပါတယ်။ အထူးသဖြင့် မလေးရှား NLD မှာ အချင်းချင်း ချောက်ထွန်းကာ ထောင်ကျစေတဲ့ ကိစ္စတွေနဲ့ မှတ်ပုံတင် အတုတွေ နဲ့ လုပ်စား ခဲ့တာတွေ ဖြစ်ခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တစ်ဦးတည်းသော အစ်ကိုဖြစ်သူနဲ့ ရန်ဖြစ်ကာ အပြန်အလှန် တရားစွဲနေခဲ့ပါတယ်။ ခေါင်က မလုံတော့ အောက်က အချင်းချင်းအကွဲအပြဲတွေ ဖြစ်နေတာကို မထိန်းနိုင်ခဲ့ပါဘူး။


၂၃ နှစ် ပြည့် အထိမ်းအမှတ်နဲ့ ရွှေဂုံတိုင် ရုံးမှာ ဂီတ ဖျော်ဖြေပွဲများနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ပဲ ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီးချိန်က စပြီး NLD ရုံးမှာ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက် လိုလို လုပ်လာဖြစ်ပါတယ်။ ထူးထူးခြားခြားနေ့တွေ ရောက်တိုင်း သီချင်းဆိုပွဲ၊ ကာရာအိုကေ ပွဲ၊ ဈေးရောင်းပွဲ၊ ဓာတ်ပုံပွဲ စတဲ့ ပွဲတွေ ကို အလုပ်ကြီး အကိုင်ကြီး တစ်ခု သဖွယ် လုပ်ဖြစ်နေပါတယ်။ အဲဒီ ပွဲတိုင်းမှာလဲ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် အားပေးနေတတ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတွင်းက ပျော်ပွဲရွှင်ပွဲတွေကိုပင် တက်လို့အားမရပဲ ဘောလုံးပွဲတွေထိ အားအားယားယား သွားပြီး ထိုင်ကြည့်နေတတ်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ အစည်းအဝေးတွေ ဖိတ်ကြားလျှင်တော့ တက်ဖို့ ငြင်းဆန်တာတို့၊ ခဏ နဲ့ အစည်းအဝေး မပြီးခင် ပြန်လာတာတို့ လုပ်တတ်ပါတယ်။ NLD နဲ့ နည်းစပ်သူ တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်က တစ်ခါ တစ်လေ သူငယ်ပြန် တတ်တယ် လို့ပြောပါတယ်။

ဒုတ်ကောက်ကိုယ်စီ တက်ညီလက်ညီ၊

အသက်(၆၀) မပြည့်က မဝင်ရ၊

တောင်ဝှးကိုင်ပြီး နိုင်ငံကို ကာကွယ်မယ်၊

ကမ္ဘာ့အသက်အကြီးဆုံး ပါတီခေါင်းဆောင်များ၊

ပြည်သူအားလုံး ပါရမယ် (ဆံပင်ဖြူသူ၊ သွားမရှိသူ၊ ထိပ်ပြောင်သူ၊ မျက်စိမှုန်သူ၊ နားလေးသူ)၊

ဗာရာနသီပြည်ကို ဗြဟ္မဒတ်မင်းကြီးရဲ့ အုပ်ချုပ်ခဲ့တဲ့ အခြေခံဥပဒေ မူကြမ်းကိုပဲ ထောက်ခံရမယ်၊

ဘာမှမပူနဲ့ အဘိုးတို့ရှိတယ်၊

၁၂ ကို စိတ်ထဲမှာ မှတ် လက် ၁၀ ချောင်းထောင်၊

ဒါတော့ အဘယူလိုက်မယ် ကျန်တာတော့ ကိုယ့်ဘာကို ဝေစုခွဲကြ

ကျယ်ကျယ်ပြော မကြားရဘူး၊

မသေခင် ဝန်ကြီးတစ်နေရာလောက်ရရင် ကျေနပ်ပါပြီ၊

ရှေ့ကနေ ဦးဆောင်ပြီး တကမ္ဘာလုံးကို ကျော်တက်ပြမယ်၊

အကွဲအပြဲများ၊ အဘိုးကြီးအဖွားကြီးများနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်ကျင်းပရင်း ဒီမိုကရေစီ ပန်းတိုင်ကို စိတ်ပေါက်မှ လိပ်လောက် ချီတက်နေတဲ့ NLD ၂၃ နှစ်ပြည့် နှစ်ပတ်လည်အား ME Group မှ ဤပို့စ်ဖြင့် ဂုဏ်ပြုပါ၏။

ကိုယ့်အကျိုးဆောင် အများအကျိုးရှောင်


ဒီနှစ်ပိုင်းအတွင်းမှာ ဆရာဝန်တွေကို အပြစ်တင်တဲ့ သတင်းတွေ တော်တော်များများထွက်လာခဲ့ပါတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာတွေ ဆီက များပါတယ်။ ပြည်တွင်းက အထူးကုကြီးတွေ၊ ဆေးရုံတွေက ပါရဂူတွေ အပါအဝင် ဆရာဝန် တော်တော်များများကို ဝေဖန် အပြစ်တင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဆရာဝန်များသာမက ဆေးရုံများကိုပါ အပြစ်တင်ကြပါတယ်။ အပြစ်တင်တဲ့လူတွေထဲမှာတော့ ဘာမှမဟုတ်တဲ့ လမ်းဘေးက ကောင်တွေ များပါတယ်။ တကယ်တော့ ဆရာဝန်ဆိုတာ လူတွေကို ကူညီ ကယ်ဆယ်သူတွေဖြစ်ပြီး၊ ဆေးရုံဆိုတာ လူနာတွေကို ကူညီတဲ့ အဆောက်အအုံတွေပါ။

ဆရာဝန် တစ်ယောက် ဖြစ်ဖို့ မလွယ်တာကြောင့် ကိုယ်တိုင် ဆရာဝန် ဖြစ်အောင် မလုပ်နိုင်ပေမယ့် နိုင်ငံ့ဝန်ထမ်း ဆရာဝန်ကြီးတွေကိုတော့ လွယ်ကူစွာ အပြစ်တင်ကြတာ စိတ်ပျက်စရာပါ။ ဒါပေမယ့်လည်း အဲဒီ အပြစ်ပြောသူတွေအနေနဲ့ အခုချိန်မှာ စွံ့အ သွားစေတာတစ်ခုကတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များကို အခကြေးငွေနဲ့ ဆေးကုနေတဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) က ဆရာဝန် အားလုံး နီးပါးက ထိုင်းနိုင်ငံအတွင်းမှ ၎င်းတို့ရဲ့ မြန်မာလူမျိုးတွေကို ဆေးကုပေးတဲ့ အလုပ်တွေကို ယခုလကုန် ပိုင်းမှ စပြီး ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၊ စံခလဘူရီမြို့ရှိ MSF ရုံးခွဲကို ဇွန်လတွင် ပိတ်ခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအချင်းချင်းကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများအားလုံးကိုလည်း ရပ်စဲ လိုက်ပြီ ဖြစ်ပါတယ်။

MSF အဖွဲ့မှာ ဒုစရိုက်မှုတွေ များတဲ့ ဒုက္ခသည် စခန်းမှ မြန်မာတွေကို အမြဲလိုလို ဆေးဝါး အကူအညီ ပေးခဲ့ရပါတယ်။ ဒါ့အပြင် အကျင့်စာရိတ္တပျက်ပြားသူတွေ ဒုက္ခသည်စခန်းများ အများအပြားရှိတာကြောင့် AIDS ဝေဒနာရှင်တွေကိုလည်း အခမဲ့ ကုသပေးခဲ့ကြရပါသေးတယ်။ ခုတော့ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းကာ ဂျပန်နိုင်ငံကို ကိုယ်ကျိုးအတွက် ထွက်ခွာကြတော့မှာ ဖြစ်ပါတယ်။

MSF ထွက်သွားလျှင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားများအတွက် ဆေးဝါးကုသမှု အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဘက် အဖွဲ့များအပါအ၀င် ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ပြောကြပါတယ်။

ဆရာဝန် တွေလုပ်ပြီး လူနာတွေကို ပစ်ထားကာ ကိုယ်လွတ် ရုန်းခြင်းအတွက် ရှုံ့ချသူတွေလည်း ရှိပါတယ်။ ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ တစ်ဦးက "ဆရာဝန်ဆိုတာ လူနာကို ကူညီဖို့ပါ.. ကိုယ့်ရှေ့မှာ ကိုယ့်နိုင်ငံသား လူနာတွေ ရှိနေတာကိုတောင်မှ မမြင်ချင်ဟန်ဆောင်ပြီး သူများနိုင်ငံမှာ ကိုယ့်အကျိုးအတွက် ဒီလူတွေကို ဥပက္ခာပြုတာတော့ ရှုံ့ချတယ်ဗျာ... " လို့ ပြောပါတယ်။

ဒါ့အပြင် အရင်တုန်းကလည်း ဆရာဝန် အဆင့်မဟုတ်သေးတဲ့ ဆေးကုသူတွေ အများအပြား ကိုယ်လွတ်ရုန်းသွားဖူးကြောင်းလည်း သူက အခုလို ဆက်ပြောပါတယ်။ "ဒါနဲ့ ဆို ခဏခဏ ရှိနေပြီဗျ.. အရင်တုန်းကလည်း ဆရာမ မငယ်နိုင် တို့လည်း အဲ့လိုပဲ... မြန်မာနိုင်ငံသား လူနာတွေကို ပစ်ပြီး သြော်ဇီက လူနာတွေကို ခု ဆေးသွားကုနေတယ်လေ.. စဉ်းစားကြည့်လေဗျာ.. သြောစတြေးလျနိုင်ငံမှာ သူတို့ထက် အရည်ချင်းရှိတဲ့ ဆရာဝန်တွေ ရိုက်သက်လို့ မကုန်ဘူး.. တကယ်လိုနေတာက နယ်ဆက်က မြန်မာတွေ ပါဗျာ... သူတို့တွေက အတ္တအရမ်းကြီးကြတယ်.. မြန်မာလူမျိုးကို ပါးစပ်ကပဲချစ်ကြတယ်၊ မြန်မာနိုင်ငံကို ပါးစပ်ကပဲ ချစ်ကြတာ.. တကယ်တမ်းကျတော့ ကိုယ့်ဘဝ နေကောင်း စားကောင်းဖို့အတွက် မြန်မာလူမျိုးတွေကိုရော၊ မြန်မာနိုင်ငံကိုရော စွန့်ခွာဖို့ ဝန်မလေးကြဘူး" လို့ သူက ဆက်ပြောပါတယ်။

အရင်တုန်းက ဒုက္ခသည်စခန်းက မြန်မာတွေကို ဆေးကုခဲ့ပြီး အခုတော့ ကိုယ်လွတ်ရုန်းက အော်ဇီနိုင်ငံသားတွေကို ဆေးကုနေတဲ့ ငယ်နိုင်

ဘုရားသုံးဆူမြို့တွင် မြန်မာအလုပ်သမား ၅၀၀၀ ခန့် ရှိပြီး အများစုမှာ MSF က အခမဲ့ထောက်ပံ့သည့် ဆေးဝါးနှင့် ကျန်းမာရေးကုသမှုကို ခံယူကြသူများဖြစ်ပါတယ်။ မနှစ်ကလည်း ဂျပန်နိုင်ငံကို မယ်လ ဒုက္ခသည်စခန်းမှ ၂၇ ဦး ထွက်ခွာသွားပြီး အခုလည်း နောက်တစ်သုတ် ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။

မြန်မာအများစုက ဒုက္ခသည် အယောင်ဆောင်ပြီး ဂျပန်၊ အမေရိကန်၊ သြောစတြေးလျနဲ့ နော်ဝေတို့ကို ထွက်ဖို့ အမြဲ ကျိုးစားနေပြီး အမှန်တကယ် ဒုက္ခသည်က အရမ်းနည်းတယ်လို့ သိရပါတယ်။


Myanmar Express

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အင်တာနက် သုံးပြီ


NLD က အဖိုးကြီး အဖွားကြီးများ အင်တာနက် သုံး


skype မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက် အားလုံး ကျောခိုင်း

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ