http://doctorsatephwar.blogspot.com/2011/09/blog-post_6846.html#more
Myanmar Express
ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ အထက်စီးဆန်တဲ့ အာဏာတွေကြောင့် ကမ္ဘာတလွှား စီးပွားရေးကပ် ဆိုက်ခဲ့ရသလို လူမှုရေး မညီမျှမှုတွေပါ ပေါ်ပေါက်လာခဲ့တယ်လို့လည်း အပြစ်တင်ခဲ့ပါတယ်။
မစ္စတာ အမာဒနီဂျက်ဒ်ဟာ အရင် ကုလသမဂ္ဂ ညီလာခံတွေမှာ သူပြောကြားခဲ့ဖူးသလိုပဲ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို အနောက်တိုင်း ၀င်ရိုးတန်း နိုင်ငံတွေရဲ့ အာဏာစက်အောက်ကနေ ရုန်းထွက်ပြီး အသစ်ပြန်လည် ဖွဲ့စည်းဖို့ပါ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက် အတိုက်ခိုက်ခံခဲ့ရတာကို အသုံးချပြီး အနောက်အင်အားကြီး နိုင်ငံတွေက အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေကို ၀င်ရောက် တိုက်ခိုက်တယ်လို့လည်း ကန့်ကွက်ခဲ့ပါတယ်။
မာမွတ်ဒ် အမာဒနီဂျက်ဒ် ရဲ့ မိန့်ခွန်းကို ကုလသမ္မဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၀၀ ကျော် က အားပေး ထောက်ခံ
ထမ်းဟင်စခန်း ဇုံ(၃) ရပ်ကွက်(၁)တွင် နေထိုင်သူ အသက် ၃၅နှစ်အရွယ် စောကျော်ကပေမှ 19 ရက်နေ့ နေ့လည်က အရက်မူးကာ အိမ်ရှေ့တွင် ဆော့ကစားနေသည့် မိမိဇနီးဘက်မှ တော်စပ်သော အသက် ၂နှစ်အ ရွယ် တူမလေးအား နေအိမ်တွင်း ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့တာ လို့ ထမ်းဟင်စခန်းလုံခြုံရေးမှ အတွင်းရေးမှူး စောဖိုးလယ်၏ ပြောပြချက်အရ သိရပါတယ်။
“သူ အရက်မူးပြီး အိမ်ပြန်လာတော့ သူ့တူမလေးက အိမ်ရှေ့မှာဆော့နေတာကိုတွေ့ပြီး အိမ်ထဲကိုခေါ်သွားတယ်။ ကလေးနဲ့ ကစားနေတဲ့ သူ့အဖော်တွေကလည်း ဘာမှမသိကြဘူး။ ခဏကြာတော့ ကလေးမလေးက ငိုပြီး ပြန်ထွက်လာတယ်။ အိမ်ကိုငို ပြီးပြန်လာတဲ့ ကလေးကို သူ့အမျိုးတွေက မေးကြည့်တော့ ကလေးကလည်း အရမ်းငိုပြီး လူကြီးတွေ ကိုင်တာတောင် မရဘူး။ အရမ်းနာနေတယ်။ နောက်တော့မှ ဖြစ်ခဲ့တာတွေကို ပြောပြတယ်။” လို့ ပြောပါတယ်။
အဲဒီ ကလေးကို စခန်းတွင်းရှိ ဆေးရုံမှာ သွားစစ်ဆေးကြည့်သောအခါ အဓမ္မကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိရသဖြင့် နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ(IRC)အဖွဲ့၏ အကူအညီဖြင့် စွန်ဖုမြို့နယ်ဆေးရုံသို့ ချက်ချင်း သွား ရောက်ပို့ဆောင်ပေးခဲ့ကြရပါတယ်။
ညနေ ၆နာရီအချိန်မှာတော့ အရက်မူးပြီး လူမှန်း သူမှန်း မသိ အိပ်ပျော်နေတဲ့ မျိုးချစ် ကရင် အောက်တန်းစား မုဒိမ်းကောင် စောကျော်ကပေကို သူ၏ နေအိမ်မှာပဲ ထိုင်းအာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။
“အဲ့ဒီနေ့ညနေပိုင်း ၆နာရီအချိန်လောက်မှာ ထိုင်းပုလိပ် ၂ယောက်၊ ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းလုံခြုံရေး(အောစော်) ၁ ယောက်နဲ့ စခန်းလုံခြုံရေးအဖွဲ့က တာဝန်ရှိသူ ၂ယောက်က သူ့ကို ဖမ်းသွားပြီး စွန်ဖုမြို့နယ်မှာရှိတဲ့ ရဲစခန်းမှာ သွားပို့လိုက် ကြတယ်။”ဟု လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
စောကျော်ကပေ၏ မိသားစုဝင်များမှာ တတိယနိုင်ငံသို့ သွားရောက်နေကြပြီး ထိုသူများတွင်လည်း စောကျော်ပေ ကဲ့သို့ အကျင့်များ ရှိနိုင်သည် ဟု ဝေဖန်မှုများလည်း ရှိသည်။ မြန်မာပြည်တွင်းရှိ အကျင့်ပျက်၊ အောာက်တန်းကျသူ အများအပြားသည် ဥပဒေများကို ချိုးဖောက်ပြီးနောက် နယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလုံနေတတ်ကြသည်။
ဒုက္ခသည် စခန်းများတွင် အချင်းချင်း စည်းလုံးမှု မရှိကြသည့်အပြင် အချင်းချင်း အနိုင်ကျင့်နေတတ်ကြကြောင်း မယ်လ ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ တစ်ဦးက အခုလို ပြောပါတယ်။
"ပြောတော့ ဒုက္ခသည်တဲ့.. သူတို့လုပ်နေတဲ့ အလုပ်တွေ ကြည့်ရင် သနားစရာ တစ်ကွက်မှ မရှိဘူး..ေ-ာက်ကျင့်တွေကလည်း အောက်တန်းကျတယ်.. ကိုယ့်တူမ ကိုယ်တောင် မုဒိန်းကျင့်တယ်.. ပြီးရင် အဲဒီ မုဒိန်းကျင့်ခံရတဲ့ တူမက စစ်တပ်က မုဒိန်းကျင့်တာပါဆိုပြီး တတိယ နိုင်ငံတွေကို ထွက်ဖို့ အသနား ခံကြတယ်... သူတို့တွေ လုပ်နေတာတွေက အရမ်း ကလေး ဆန်ကြတယ်.. ကျွန်တော် ဆိုရင် ရောက်နေတာ ကြာပြီ ခုထိ တတိယ နိုင်ငံ မပါသေးဘူး.. ကျွန်တော်က သူတို့လို စစ်တပ်က မီးရှို့ပါတယ်.. သမီးတွေကို မုဒိန်းကျင့်ပါတယ် ညာမပြောတတ်ဘူးလေ... ဒါကြောင့် ခုထိ မရောက်နိုင်သေးဘူး.. ကြာပြီ.. အရင်ရောက်သွားတဲ့လူတွေ အကုန်လုံးက မရိုးသားတဲ့လူတွေချည်းပဲ.. ဥပမာ စောကျော်ကပေ လို ကိုယ့် တူမ ကိုယ် မုဒိန်းကျင့်တတ်တဲ့ ကောင်မျိုးတွေနဲ့ စောကျော်ကပေ တူမလို့ ကိုယ့်အချင်းချင်း မုဒိန်းကျင့်ခံရတာကို စစ်တပ်က မုဒိန်းကျင့်ပါတယ် လို့ လိမ်ပြောတဲ့လူတွေ ချည်းပဲ.. " လို့ ပြောပါတယ်။

နိုင်းနိုင်းစနေ ဆိုရင် ဒီနေ့ အင်တာနက် သုံးနေတဲ့ လူတိုင်း သိကြပါတယ်။ အင်တာနက် စာမျက်နှာပေါင်းများစွာ၊ ဖော်ဝတ် မေးပေါင်းများစွာမှာ နိုင်းနိုင်းစနေ ရေးထားတဲ့ စာတွေ ကို အများကြီး တွေ့နိုင်ပါတယ်။



အခုတစ်လော အရမ်းပေါ်ပြူလာ ဖြစ်နေတဲ့ ဧရာဝတီကြီး အသက်ငင်နေပီတို့ ဧရာဝတီကို ကယ်တင်မယ်တို့… ဟုတ်ကဲ့ ဘာတွေ ဖြစ်လို့ ဧရာဝတီကြီးက အသက်ငင်နေတာလဲဆိုတာကို မေးတော့…..
မြစ်ဆုံစီမံကိန်းကို တစ်ချို့လူတွေက မြစ်ကြီး ပိတ်ပြီးဆည်ဆောက်မှာတဲ့ တစ်ချို့ကလဲ ပြောသေးတယ်.. နေရာအတိအကျမသိပဲ မြစ်ဆုံမှာ ဆည်ဆောက်မှာတဲ့ တစ်ချို့ကလဲ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်မို့ မရင်းနိုင်ဘူးတဲ့… တစ်ချို့ကလဲ မြစ်တိမ်ကောလာပြီး ဖြစ်ကြောင်းထဲက ငါးတွေ သေမယ်… သဘာဝအရင်းအမြစ်တွေ ရှုံးမယ်တဲ့၊ တစ်ချို့ကလဲ ဘာပဲပြောပြော ဘယ်လိုပဲ ရှင်းပြ ရှင်းပြ သူတို့က ဧရာဝတီမြစ်ကြီး သေမယ်ဆိုတာချည်းပဲ… အောင်မယ် Save The Irrawaddy ဆိုပြီး တီရှပ် ထုတ်ရောင်းစားလိုက်သေးတယ်… ပြီးတော့လဲ ပြောကြသေးတယ်… သူရဲကောင်းတွေပေါ့... များလိုက်တဲ့ သူရဲကောင်းတွေ မြန်မာမှာ သူရဲကောင်းတွေ ပေါတာ တကယ် မယုံမရှိနဲ့... ဧရာဝတီမြစ်ကြီးကို ကယ်ကြမယ့် သူရဲကောင်းတွေ အလျှိုအလျှိုပဲ... သူတို့ကပြောကြသေးတယ် ဧရာဝတီမြစ်ကြီးသေရင် မြန်မာပြည် ဒုက္ခရောက်ပီတဲ့ ကယ်တင်ရမယ်တဲ့… သူတို့ပဲ သိတယ်ပေါ့လေ… မသိရင်… သူတို့က သူရဲကောင်းတွေပေါ့… ကိုယ်ကျိုးစွန့် အနစ်နာ ခံသူကြီးတွေပေါ့… တကယ်တော့ ဧရာဝတီမြစ်ရဲ့ မြစ်ဆုံနဲ့ လေးမိုင်အကွာ ဆည်ရဲ့ စီမံကိန်းမှာဆိုရင် ဧရာဝတီမြစ်ကြီးကို ပိတ်ပြီးဆည်ကြီး တည်တာမဟုတ်ဘူး… အဲဒီအတွက် ကာတွန်းတွေ ရေးဆွဲထားသလို လုံးဝကြီး ပိတ်ဆောက်မှာ မဟုတ်ပါဘူး… ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကိုပဲ ဖမ်းပြီး အသုံးပြုမှာပါ… ကျန်တဲ့ ၉၃% ဆက်လက်စီးဆင်း နေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက မပြောင်းလဲ ပါဘူး… ရေနည်းနည်းပဲ အလျော့လေးပဲ ရှိတာပါ… ဒါက ဆည်အတွင်း ရေ ၇% ကိုတဖြည်းဖြည်း သိုလ်လောင်နေစဉ် အတွင်းပါ.. တကယ်လို့ ဆည်ထဲမှာ သတ်မှတ်ထားတဲ့ ရေတိုင်းကိရိယာအရ ဆည်ရေ ပြည့်သွားပီ ဆိုရင် လျှပ်စစ်ထုတ်ဖို့ ဂက်စ်တာဘိုင်လို့ ပြောတဲ့အတွက် ဂက်စ်ထည့်ပြီး အဲဒီရေနဲ့ ထည့်မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲကို ပုံမှန်အတိုင်း ပြန်စီးသွားပါမယ်။ အဲဒီနောက် မြစ်ကြောင်းကို ပြောင်းစေမယ့် ဟာတွေက ဘာတွေ ရှိလဲ ဟုတ်ပီ… ရေစီးကြောင်းတွေ ပြောင်းသွားပြီး မြစ်ကမ်းကမ်းကို သွားတိုက်စားရင် မြစ်ကမ်းပါးပြိုမယ် မြစ်ပြင်ကျယ်လာမယ်.. မြစ်တိမ်ပြီး သောင်ထွန်းလာမယ်.. ဒါကြောင့် မြစ်ရေကို ဆည်ထဲကို သိုလ်လောင်ဖို့ ရေသွင်းမြောင်း ချတဲ့အခါပဲ ဖြစ်ဖြစ် မြစ်ထဲကိုတိုင်တွေ ချမယ့် နေရာမှာ.. ရေစီးကြောင်း မပြောင်းလဲမဲ့နေရာ တွေကို တိုင်းတာပြီး ဆောက်လုပ်မှာပါ.. နောက်ပြီး အောက်ခံ မြစ်ပြင် တိုက်စားပြီး တခြားနေရာတွင် အနည်ပို့ချကာ မြစ်ကြောင်း ပိတ်ဆို့ခြင်းမဖြစ်အောင် ကျွန်တော်တို့ ဆည်ကနေ ၀ုန်းကတဲ့ ရေထွက်တဲ့အခါ အောက်က အောက်ခံမြေသားတွေကို တိုက်စားမသွားအောင်လဲ တည်ဆောက်သွားမှာပါ… နောက်တစ်ခုက.. ဧရာဝတီဖြစ်ထဲကို ဒီ မေခနဲ့ မလိခမြစ်လေး နှစ်သွယ်ကနေပြီး စီးဆင်းလာတဲ့ ရေတစ်ခုတည်းနဲ့ အမှီပြုပြီး ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးဟာ ရှင်သန်နေတာ မဟုတ်ပါဘူး… မြစ်ကြီးငါးသွယ်နဲ့ မြစ်ငယ်ချောင်းငယ် အသွယ်သွယ်တို့နဲ့ စီးဆင်းရှင်သန်နေတာဖြစ်ပါတယ်… နောက်ပြီး တခြား မြစ်ကြောင်း ကျယ်ပြီး မြစ်ရေတိမ်ကာ သောင်မထွန်းစေဖို့ ကမ်းပါးတွ မပြိုစေဖို့ စသည်တို့ကိုလဲ ဆောင်ရွက်သွားဖို့ နိုင်ငံတော်က အစီအစဉ်ရေးဆွဲ ဆောင်ရွက် လျှက်ရှိပါတယ်… ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားထားတာပါ… (ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မိခင်ဌာနဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီးဌာန တစ်ခုတည်းသာ ဆောင်ရွက်ရန်မဟုတ်ဘဲ မြစ်ကြောင်းများ ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ဆက်နွယ်နေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန တို့အပြင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးထားပြီး ဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီတို့ ပူးတွဲ၍ဆောင်ရွက်သွားရန်) ဆိုတဲ့ မြစ်ကြောင်းကြီးတွေကို မပြောက်ပျက်အောင် ထိန်းသိမ်းအကောင် အထည်ဖော်ပေးမယ့် အစီအစဉ် ရှိပြီး အဖွဲ့တွေဖွဲ့ကာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်…. ကဲအဲဒါဆို ဧရာဝတီကို နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချပြီး ဘယ်သူတွေ ကာကွယ်မှုတွေလုပ် ကယ်တင်ပြီး ဘယ်သူတွေ ကိုယ့်ကိုယ်ကို ကယ်တင်နေသလဲ ဘယ်သူတွေ စီးပွားရေးတွေလုပ်နေသလဲ ဘယ်သူတွေ ပေါ်ပြူလာဖြစ်အောင် လုပ်နေကြသလဲ… ဘယ်သူတွေ ပြည်သူတွေကို လမ်းပေါ်ထွက် အသေခံကြအောင် လုပ်နေကြတာလဲ ဘယ်သူတွေ လုပ်စားနေကြတာလဲ??? ဆိုတာ သိလောက်ပါပီ…
((သွေးသစ္စာ))
|
|
| Subscribe to Myanmar Express Group |
| Visit this group |
Myanmar Express Group သို့ စာမူ ပို့လိုလျှင် mm.exps@gmail.com သို့ လိပ်မူ ပေးပို့ နိုင် သည်။
အယ်ဒီတာ ထံသို့ အကြံပေး၊ တိုင်ကြား လိုလျှင် editor@myanmarexpress.net သို့ ပေးပို့ နိုင် ပါသည်။

