Subscribe to our RSS Feed

ဒေါ်စုကြည် ကောင်းစားနေပြီ


ဒေါ်စုကြည်နှင့် NLD ပါတီ၏ နိုင်ငံရေး လှုပ်ရှားမှုများသည် မြန်မာနိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများ

အားလုံးအတွက် အကျိုး ဖြစ်ထွန်းမှု ဟူ၍ မည်သည့် အချိန်အခါကမျှ မရှိခဲ့ပေ။ ဆိုးကျိုးများနှင့် ဒုက္ခ

ပင်လယ်တွင်း သက်ဆင်းရန်သာ အကြောင်းဖန်စေ ခဲ့သည်။ NLD ပါတီ ဟူ၍ စတင်ပေါ်ပေါက် လာခဲ့သည်မှ

ယနေ့ အချိန်အထိ ပြည်သူများ အတွက် ဟူ၍ တစ်လုံး တစ်ပါဒမျှ ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိ။ သက်ညှာ

ထောက်ထား ခဲ့ခြင်း မရှိ။ အမျိုးမျိုး အဖုံဖုံ စိတ်အနှောင့်အယှက် ဖြစ်စေရန်သာ လုပ်ဆောင် ခဲ့ကြသည်။

အေးချမ်းသာယာစွာ နေထိုင်လိုကြသော ပြည်သူများအတွက် ဒေါ်စုကြည်နှင့် NLD ပါတီသည် ဆူပူ၊

အကြမ်းဖက်မှုများကိုသာ ဖြစ်ပေါ် စေခဲ့သည်။ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်မှုကို မြတ်နိုးသော

ပြည်သူများ အတွက် နိုင်ငံအတွင်း ပဋိပက္ခ များကိုသာ ဖြစ်ပွား စေခဲ့သည်။ နိုင်ငံတော် ရှေ့ဆက်သွားရမည့်

မူဝါဒများနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ အတွက် နှောင့်နှေးမှုများ ကိုသာ ဖြစ်စေခဲ့သည်။

ဒေါ်စုကြည်နှင့် NLD ပါတီသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အပြည့်အ၀ ရရှိစေရေး၊ ဒီမိုကရေစီ

ဖော်ဆောင်ရေး စသည်ဖြင့် အသံမျိုးစုံ ထွက်လျက် ပြည်ဖျက် ကြ၏။ ပါးစပ်ကသာ ပြည်သူ့အတွက်ဟု

ဆိုသော်လည်း လက်တွေ့တွင် ဒေါ်စုကြည် ကောင်းစားသွား၏။

ဒေါ်စုကြည်သည် ပြောင်ပြောင်တင်းတင်းပင် ပြည်ပ သြဇာခံ၊ ပြည်ပ အလိုကျ အဖျက်လုပ်ရပ်တွေ

လုပ်သောကြောင့် နိုင်ငံတကာမှ ချီးမြှင်၍ ရရှိခဲ့သော ဆုငွေ စုစုပေါင်းမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ

(၄,၅၇၇,၀၀၀) ရှိပြီ ဖြစ်သည်။ ထို့ထက် ပိုများကောင်း များနိုင်ပါသေးသည်။ ဒေါ်စုကြည်သည် ရသမျှ

ဒေါ်လာငွေများကို အင်္ဂလန်တွင် စုဆောင်း ထားရှိသည်။ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဟူသည့်

လူတန်းစားမျိုး ဖြစ်သော ဒေါ်စုကြည်သည် သူမ၏ ညဉ်အတိုင်း ရှေ့ဆက် ပြီးလည်း သူမ ကောင်းကျိုးအတွက်

နိုင်ငံတော်ကို အသုံးချ၊ ရောင်းစား နေဦးမည် ဖြစ်သည်။

ယခုလည်း ဒေါ်စုကြည်သည် “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်

စောင့်ရှောက်သည့် ဥပဒေပုဒ်မ (၂၂) ၏ စည်းမျဉ်း/ကမ်းများကို ချိုးဖောက်သည့် ပြစ်မှု ကျုးလွန်သောကြောင့်

တရားဥပဒေ နှင့်အညီ နိုင်ငံတော် က စီရင် ဆောင်ရွက် နေသည်ကို NLD ပါတီဝင်များက အကြောင်း

အမျိုးမျိုးပြ တားဆီးကြ၏။ “ကြမ်းပိုးလိပ်ဖြစ်၊ လိပ်ကြမ်းပိုး ဖြစ်အောင် ပြောဆိုကြသော” ဒေါ်စုကြည်၏

ရှေ့နေများက အမှုမှန်မှ သူမအား ဖုံးကွယ် ပေးနေ၏။

“ဘုမသိ၊ ဘမသိနှင့် သူများ ယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်းမသိ” ဟူသော လူတန်းစား

အရူးများက ဒီမိုကရေစီနှင့် ၎င်းတို့ ခေါင်းဆောင်အတွက် တိုက်ပွဲဝင်သည်ဟု ဆိုကာ အင်းစိန်ထောင်ရှေ့

ကိုးယိုးကိုးယားနှင့် အရူးထကြ၏။

အတိုင်အဖောက် ညီလွန်းလှသော ပြည်တွင်းရှိ အဆိုးမြင်ဝါဒီများ၊ ပြည်ပမှ မီဒီယာ သမားများ၊

အဖျက်သမားများနှင့် ပြည်ပြေး အုပ်စုများက မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာမှ အပြစ်တင် စကားများ

ပြောကြား လာအောင် ဆော်သြ ကြပြန်၏။

ဤအရေးကို အကြောင်းပြလျှက် မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ကြရန်၊ ရင်းနှီး မြုပ်နှံမှုများ

မပြုကြ စေရန်၊ ကမ္ဘာလှည့် ခရီးသည်များ မလာရောက်ကြစေရန် တောင်းဆိုကြသည်။ ဒေါ်စုကြည်နှင့် NLD

ပါတီ အဖွဲ့ဝင်များ၏ ဤနည်းဖြင့် မြန်မာပြည် ဖျက်ဆီးသည့် လုပ်ရိုးလုပ်စဉ် လမ်းစဉ်က ရိုးနေပြီ ဖြစ်သည်။

နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာ့ စီးပွားရေး ဆုတ်ယုတ် ပျက်သုဉ်း သွားသည်ဟူ၍

မည်သည့် အခါကမျှ မရှိခဲ့။ ၎င်းတို့က မည်မျှပင် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်သော်လည်း သယံဇာတ

ပေါကြွယ်ဝသော မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ မရှိခဲ့ သကဲ့သို့ ပူပင်စရာလည်း မလိုခဲ့ပေ။ ပြည်ပမှ

ရင်းနှီးမြုပ်နှံမှုများ မလာရောက် ကြသော်လည်း ကိုယ့် ပြည်တွင်း၌ တွင်သာ စီးပွားရေး ဖြစ်ထွန်းအောင်

စွမ်းဆောင် နိုင်ခဲ့သည်။ ကိုယ့်အား ကိုယ့်ကိုးကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်အောင်

ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံအတွက် ယခုတစ်ဖန် တားဆီး ပိတ်ဆို့မှုများ ထပ်မံ ကြုံလာ ပြန်လျှင်လည်း

အရေးထား စဉ်းစားမည် မဟုတ်ပေ။

လတ်တလော ဒေါ်စုကြည် အရေးကိစ္စနှင့် ပတ်သက်၍လည်း နိုင်ငံတကာမှ ပုဂ္ဂိုလ်များက မည်သို့ပင် ပြောဆို

နေကြ စေကာမူ မည်သည့် နိုင်ငံ၊ မည်သည့် ပုဂ္ဂိုလ်၏ ၀င်ရောက် စွက်ဖက်မှု ကိုမျှ လက်ခံ စဉ်းစားမည်

မဟုတ်ပေ။ မြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ဖြစ်သည်နှင့် အညီ

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့်ရှိသည်။ မိမိနိုင်ငံ၏ ပြည်တွင်းရေးကို မိမိဘာသာ ဖြေရှင်း ဆောင်ရွက်မည်။

ထို့အတွက် ဒေါ်စုကြည်၏ အရေးကိစ္စနှင့် ပတ်သက်၍ မည်သူတစ်ဦး၊ တစ်ယောက်၏ ပြောကြား စေခိုင်းမှု

ကိုမျှ အရေးယူ ဆောင်ရွက်မည် မဟုတ်။

ဥပဒေနှင့်မညီ၊ ဥပဒေကို ချိုးဖောက်သော လုပ်ရပ်များနှင့် တိုင်းပြည်နှင့်လူမျိုး ပျောက်ကွယ်

ပျက်သုဉ်းအောင် လုပ်ဆောင် နေသည့် ဒေါ်စုကြည်နှင့် အပေါင်းအပါများ အားလုံးကို တရားဥပဒေနှင့် အညီ

စီရင် ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့မှသာ မြန်မာ့ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ

တည်တံ့ခိုင်မြဲမည်။ တိုင်းပြည်နှင့် လူမျိုး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်မည် ဖြစ်ပါတော့သည်။


http://eaglefighter050.blogspot.com/2011/09/blog-post_15.html မှ ကူးယူဖော်ပြပါကြောင်း...



Myanmar Express

ချာတူးလန်ဇာတ်ကားလို့နာမည်တွင်တဲ့ The Lady ကြည့်မလား? အခြားအကျိုးရှိတဲ့ ဇာတ်ကားကိုကြည့်မလား?

နာမည်ကြီးမင်းသမီး Michelle Yeoh က ဒေါ်အောင်ဆန်းစုကြည် အဖြစ် ပါဝင် သရုပ်ဆောင် ထားပြီး ပြင်သစ် လူမျိုး ဒါရိုက်တာ Luc Basson ရဲ့ ဒေါ်စု ဘ၀အကြောင်းရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို အလွန်တရာပေါ့ပျက်ပျက်နိုင်ပြီး ကြည့်ရှုသူပရိသတ်ကို ဘာခံစားမှု မှ မပေးနိုင်တဲ့ ချာတူးလန် ဇာတ်ကားတစ်ကားလို့ ပြင်းပြင်ထန်ထန်ဝေဖန် ထားတာကို The Guardian သတင်းစာမှာ ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။


မှန်ပါတယ် ဒီဇာတ်ကားစရိုက်မယ်ဆိုတည်းက ဒေါ်စုရဲ့ မြန်မာပြည်အတွက် အနစ်နာခံမှုတွေ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကြီး ချီးမြှင့် ခံရအောင် မည်သို့ လုပ်ဆောင် ခဲ့တာတွေ စတာတွေကို အသားပေးရိုက်ကူးမယ်လို့ အများစုက ထင်မြင်ခဲ့ကြတာပါ။ ဒါပေမဲ့ မိမိဘ၀ငယ်ရွယ်စဉ် ကာလတွေမှာလည်း နိုင်ငံရေးဆိုတာကို စိတ်မ၀င်စား။ ပြည်ပမှာ နိုင်ငံခြားသားကိုလက်ထပ် ပြီး အိမ်ထောင်မှုသုခတွေကို ပြည့်ပြည့်၀၀ ခံစားပြီး အသက် ၄၃ နှစ်အရွယ် ၁၉၈၈ ခုနှစ်မှ နိုင်ငံရေးစလုပ်။ ၁၉၈၉ ခုနှစ်မှာ အကျယ်ချုပ်ကျခံရင်း ကိုယ့်အိမ်ထဲမှာ အိပ်လိုက်စားလိုက်နှင့် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကြီးကို ရရှိသွားသည့် ဒေါ်စုအနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာလည်းမရှိ၊ တိုင်းပြည်တိုးတက်ရေးအတွက် မကူညီခဲ့တဲ့အပြင် တိုင်းပြည်စီးပွားရေးကို ပိတ်ဆို့နှောင့်နှေးစတဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု Sanction ကိုတောင် ဖိတ်ခေါ်အားပေးလိုက်သေးပါတယ်။ ဒါကြောင့်မို့ The Lady ဇာတ်ကားကို ရိုက်ကားခဲ့ရာမှာ ဒေါ်စုရဲ့ သမိုင်းတွင်လောက်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုတွေ ပါရှိတဲ့ ဇာတ်ဝင်ခန်းတွေ မရိုက်ကူးနိုင်ဘဲ ဒေါ်စုနဲ့ သူရဲ့ ယောင်္ကျား Michael Aris အကြောင်းတွေ၊ သားနှစ်ယောက်အကြောင်းတွေနဲ့ ဘာအကြောင်းမှရေရေ ရာရာမရှိဘဲ လူထုခေါင်းဆောင်ဆိုပြီး ဖြစ်လာတွေကို ရိုက်ကူးပြထားပါတယ်။ ဒါ့အပြင် ဇာတ်လမ်းပါ ဆွေးနွေးခန်းတွေက လည်းတိုနှံ့နှံ့၊ သရုပ်ဆောင်တွေက လည်းအသက်မ၀င်နဲ့ ဇာတ်ကား နာမည် ကိုတောင် Aung San Su Kyi: Housewife Superstar လို့ နာမည်ပေးသင့်တယ် လို့ The Guardian သတင်းစာကြီးက ဝေဖန်ထား ပါသေးတယ်။ မရိုက်ခင်တုန်းကသာ ပြည်ပအတိုက်ခံတွေရော မီဒီယာတွေရောကပါ ဒေါ်စုလို တကယ့် နိုင်ငံရေးခေါင်းဆောင်ကြီး၊ ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးကိုစွန့်လွှတ် ဆောင်ရွက်ခဲ့တဲ့ အနစ်နာခံသူရဲကောင်းကြီး ရဲ့ ဘ၀ ဇာတ်ကြောင်းကို The Lady ဇာတ်ကားကြောင့် တကမ္ဘာလုံး ကသိမယ် ဒေါ်စုကိုလည်း ဒီ့ထက်ပိုပြီးထောက်ခံ အားပေးကြမယ် ဆိုပြီး အမွှန်းတင်ခန့်မှန်း ရေးသားပြောဆို ခဲ့ကြတာပါ။ ဒါပေမဲ့ နဂိုတည်းက နိုင်ငံနဲ့ငြိမ်းချမ်းရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့တာလည်း မည်မည်ရရမရှိ။ နိုဗယ်လ်ဆုနဲ့ ထိုက်တန်တဲ့ လုပ်ဆောင်မှုတွေလည်း ပြစရာမရှိ။ သာမန်နောက်ကြောင်း ရာဇ၀င်လောက်သာ ရိုက်ကူးပြသနိုင်တဲ့ The Lady ဇာတ်ကားကြောင့် အမွှန်းတင်ခဲ့သမျှ အရှက်ရစရာ ဖြစ်သွားရတာကို တကမ္ဘာလုံးက သိကြပါတော့မယ်။ ဒီဇာတ်ကားကို ဒီလောက်ပဲ ရိုက်ပြနိုင်တဲ့ အတွက် ဒါရိုက်တာ Luc Basson မှာလည်း အပြစ်မရှိပါဘူး။ တကယ်လည်း သူ့အတွက် ဒေါ်စုအကြောင်းရိုက်စရာ ကလည်း ဒါပဲရှိတာကိုး။ တကယ့်ကို ဒေါ်စုသမိုင်းမှာ စွမ်းစွမ်းတမံ လေးစားအားကျစရာ တွေလုပ်ဆောင်ပြခဲ့ရင် ဒီဇာတ်ကားထဲမှာ မပါမဖြစ်ထည့်ကိုထည့်ရိုက်မှာပါ။ ဒီဇာတ်ကားကို ကြည့်မယ်လို့ အားခဲထားတဲ့ ပရိသတ်တွအတွက်ကတော့ စိတ်ပျက်စရာဖြစ်လာမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း သမီးတစ်ယောက်လို့သာ သိကြပြီး ဖခင်ရဲ့နာမည်ကြောင့် လူသိများတဲ့ ဒေါ်စုအကြောင်းဟာ ပြည်ပအတိုက်အခံတွေ ရဲ့ တကယ့် ဖြစ်ရပ်မှန်ထက် ပိုမိုအသားပေး ရေးသားမှု တွေကြောင့် သာမန်ထက်ပိုပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသူ တစ်ယောက်လို့ နာမည်ကြီး နေခဲ့ရတာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး သူတို့ထင်သလို ဒေါ်စုရဲ့ နောက်ကြောင်းက သာမန်ထက်ပို စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်တာကြောင့်ပါ။

ဒါကြောင့်မို့ The Guardian ရဲ့ဝေဖန်ချက်တွေက မှန်မမှန်။ ပြည်ပအတိုက်အခံမီဒီယာတွေရဲ့ ဒေါ်လာတောင်းကောင်းအောင် မြှောက်ပင့်ဖော်ပြရေးထားသလို ဒေါ်စုရဲ့ နိုင်ငံအတွက် ငြိမ်းချမ်းရေး အတွက် စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ခဲ့တာတွေရှိမရှိ ဆိုတာတွေကို The Lady ဇာတ်ကားကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ပြီး စဉ်းစားဆုံးဖြတ်ကြပါ။ ဒါမှမဟုတ် သာမန်ထက်မပိုတဲ့ ဒီဇာတ်လမ်းကို အချိန်ပေးကြည့်မယ့် အစား ကိုယ့်အတွက်အကျိုးရှိမဲ့ စိတ်အပန်းပြေစေနိုင်မဲ့ ဇာတ်ကားတွေကြည့်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို အကျိုးရှိရှိ အသုံးချကြပါလို့ ရွှေမြန်မာမှ အကြံပြု လိုက်ချင်ပါတယ်။


သား တို့ကတော့ ရယ်သောသူ အသက်ရှည်တယ်ဆိုလို့ ဒါပဲကြည့်မယ် ..



Myanmar Express

မြန်မာမလေးများနှင့် ယမကာယဉ်ကျေးမှု့ (ပေးစာ - ၂၃)

ဒီမိုကရေစီရနေကြသော ပြည်ပရောက် ရွှေမြန်မာ မလေးများ

ဒီနေ့ ကျွန်တော် တစ်ယောက်ထဲ အားအား၇ှိတာနဲ့  East Point Ocean ဘက်ရောက်တော့ အထဲဝင်ပြီး window shopping လေးလုပ်၊ ပြီးတော့ အောက်ထပ်က မှန့် ဆိုင်မှာ ဂျာနယ်လေးဖတ် ၊မုန့် လေးစား နဲ့  တစ်ယောက်ထဲ အေးအေးဆေးဆေးနေနေတုန်း "အကို "ဆိုတဲ့ ခေါ်သံကြားလို့ ခေါင်းထောင်ကြည့်မိတော့ကျောင်းတုန်းက သူငယ်ချင်း မလေးတစ်ယောက်ဖြစ်နေတယ်။ သူငယ်ချင်းသာဆိုပေမဲ့  ကျွန်တော်ကသူတို့ ထက် ၂ နှစ်လောက်ကြီးတော့ အကိုလို့ ပဲခေါ်ကြတာပေါ့၊ မောင်နှမတွေလိုပါပဲ ။ အဲ့ ဒါနဲ့  ကျွန်တော်လဲ အေးဘာလဲညာလဲ နဲ့ နှုတ်ဆက်ပြီး စကားပြောတော့ အဲ့ ဒိ မမက ဘာမပြောညာမပြောနဲ့  ကျွန်တော့်ဘေးနား ဘုန်းခနဲ့ ပစ်ထိုင်လိုက်ပြီး ကျွန်တော့် ပုခုံးပေါ် သူ့ ခေါင်းကို ပစ်စလတ်ခတ်ကိုမှီထဲ့ လိုက်လေရဲ့ ။အစကတော့ ကျွန်တော် လဲကြောင်သွားတယ် ။ ဟုတ်တယ်လေဗျာ ကျွန်တော်က သူ့ ရည်းစားလဲ မဟုတ် ၊ မောင်နှမလိုခင်တယ်ဆိုပေမဲ့  သူ့ အကိုလဲမဟုတ်ဘူး။ဒါနဲ့  ကျွန်တော်ကြာကြာ မအံ့သြ လိုက်ရပါဘူး သူ့ ဆီကအနံ့ စူးစူးတစ်ချက်ရလိုက်တော့ ကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတယ် ။အရက်နံ့ လေ ။
အရက်နံ့ ပေါ့ ။
အကျင့်စုံ ၊ စရိုက်စုံနဲ့  လူတော်တော်များများပေါင်းဘူးတဲ့ ကျွန်တော့်အတွက်ကတော့ ဒါမျိုးကရိုးနေပါပြီ ။စိတ်လဲပျက်မိပါရဲ့  ။

ကျွန်တော့် အပေါင်းအသင်းကိုမပြောနဲ့ ဦး ၊ကျွန်တော်နဲ့  မဆိုင်တဲ့  တခြားမြန်မာမိန်းကလေးတစ်ယောက်ကိုတောင် ကျွန်တော်ဒီလိုမျိုးမမြင်ချင်ဘူးလေ။ဒါနဲ့ဘာလို့သောက်လာတာလဲလို့မေးကြည့်ရသေးတယ်။(သိတယ်မှတ်လားအခုခေတ်မြန်မာမိန်းကလေးတော်တော်များများ က စတိုင်လားဘာလားတော့မသိဘူး အသဲကွဲတာတို့ ဘာတို့ ဆို သောက်တတ်နေတော့)။မေးကြည့်တော့ လဲ ဘားမှ ရေရေ ရာရာ မရှိဘူး

"သူငယ်ချင်းတွေလာခေါ်လို့ တဲ့  ဒီကိုလဲအကြောင်း၇ှိလို့ တစ်ယောက်ထဲထွက်လာတာတဲ့ ၊ အခု အကိုနဲ့ တွေ့ တာ အတော်ပဲတဲ့  မပြန်နိုင်တော့ဘူး လိုက်ပို့ ပါ တဲ့ " ။ ပွင့်ခဲ့  ပြီးသော ဘုရားအဆူဆူသာ ကျွန်တော်တမိပါရဲ့ ဗျာ ။ဒီလို ငမူးက ဘယ်လိုတစ်ယောက်ထဲထွက်လာခဲ့ လဲ ကျွန်တော်စဉ်းစားမိတယ် ။ တော်သေးတာပေါ့ ဘားမှမဖြစ်လို့  ဆိုတဲ့ နှမချင်းစာနာတဲ့ စိတ်လေးနဲ့ တွေးမိသေးတယ် ။

ဒါပေမဲ့  သိပ်တော့ကြည့်မရ ။နောက်အဲ့ဒိ မမ နဲ့ ချိန်းထားတဲ့  သူတွေရောက်လာတော့ ကျွန်တော်ဒုတိယအကြိမ် ဘုရားတမိတယ် ။

လားလား ယောကျာ်း မှ ယောကျာ်းတွေးကြီးပဲ ။ ဒါနဲ့ ကျွန်တော်လဲ အဲ့ လူတွေကိုမေးကြည့်တော့ မေးခွန်းစာရွက်ဆိုလာဘာဆိုလား လာပေးတာတဲ့ ။ထားပါ ဒါက ။ ကျွန်တော်တွေးမိတယ် ဒီနေ့ သာကျွန်တော် ဒီနေရာကိုမရောက်ခဲ့ရင်ဒီမိန်းကလေး ဘယ်လိုစခန်း သွားမလဲမသိ။နောက်တစ်ခု ကျွန်တော်သာ အကျင့်ပျက် တဏှာရူး ကောင်ဆို ဘယ်လိုလုပ် မလဲ ။ နောက်တော့ ကျွန်တော်ပဲ သူ့ ကိုတွဲပြီး ကားဌား ၊ သူပြောတဲ့  ဘီယာဆိုင် ကို ကိုယ်တိုင်လိုက်ပို့  လိုက်တယ် ။ ဟိုရောက်တော့ မြင်ရတဲ့  မြင်ကွင်းက မလှ ။ သူ့ သူငယ်ချင်း ဆိုသော(ကျွန်တော်သိသူများပါ ပါ၏) တခြားမိန်းကလေးများကို ပါ မူးမူးရူးရူး တွေ့ ရ၏ ။ သူတို့ ချည်းပဲ လားဆိုတော့ မဟုတ်။ ယောကျာ်းလေးနှစ်ယောက် သုံးယေ.ာက် လောက်ကိုပါတွေ့ ရ၏ ။

ကျွန်တော်လဲ ထိုမိန်းကလေးကို ပို့ ပြီး ထို နေရာမှအမြန်ဆုံးပြန်ထွက် လာခဲ့ မိသည် ။အပြန်လမ်းမှာ ကျွန်တော်အတွေးများခဲ့ ၏ ။ ဒီလိုမူးရူးနေတဲ့  မိန်းကလေးတွေ ကို ကျွန်တော် နေရာတော်တော်များများ မှာမြင်ဘူးသည်။ ရှိုးပွဲတွေ ၊ ပါတီတွေ ၊ ဘီယာဆိုင်တွေ ၊ တစ်တလေ အခါကြီးရက်ကြီးများမှာပင် ပန်းခြံ ၊ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ ကဲ့ သို့ သော လူအများရှိသောနေရာတွင် မြင်ဘူးတွေ့ ဘူးသေးသည်။ ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့  နိုင်ငံမှာ မိန်းမတစ်ယောက် မူးနေ တယ်ဟေ့  ဆိုတာနဲ့  တအံ့ တသြ ကိုပြေးကြည့်ခဲ့ ဘူး၏ ။ အခုတော့ ထို မြင်ကွင်းက မဆန်းသလိုပင် မြင်သူများက ပင် လျှစ်လျှူရှူ့  နေရတဲ့ အနေအထားရောက်နေကြပြီ ။

ဒီလိုတွေဖြစ်နေရတာ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်စဉ်းစားမိသလောက်ကို ပြောပြချင်တယ် ။
(၁)အရက်၊ဘီယာ ကို လွယ်လွယ်ဝယ်ယူရနေခြင်း
(၂)နိုင်ငံခြား ရုပ်သံမှ အတုခိုးမှားခြင်း
(၃)မိဘ ပြည်သူများက လျှစ်လျှူ ရှူ့  လွန်းခြင်း
(၄)နိုင်ငံအစိုးရက အရက်၊ ဘီယာများကို အခွန်မတင်းကျပ် ခြင်း
(၅)မိန်းကလေးများ မှ ယောကျာ်းလေးများ ကို ခွာယာတိုင်းခြင်း တို့ ကြောင့်ဖြစ်နိုင်ခြေရှိပါတယ်။

အထက်ပါကျွန်တော်ပြောခဲ့ သလို ပဲ အရက်၊ဘီယာကို လွယ်လွယ်ဝယ်ယူရနေခြင်းဆိုတဲ့ အချက်က ကျွန်တော်တို့ နိုင်ငံရဲ့  စည်းမဲ့ ကမ်းမဲ့  ပြယုဒ်တစ်ခုပါ ။ နိုင်ငံ တကာမှာ အသက် ၁၈ နှစ်မပြည့် သေးသူ မည်သူ့ ကိုမှ အရက် ဘီယာ ဆေးလိပ် မရောင်းရဆို တဲ့  စည်းကမ်းကိုတစ်နိုင်ငံလုံး တစ်တိုင်းပြည် သူ တပြည်သားလုံး လေးလေးစားစား လိုက်နာကြပါတယ် ။ ကလေးတွေက လာဝယ်ရင်တောင် ဆိုင်ရှင်းကဟောက်လွှတ် ၊ ဆူလွှတ်လေ့ရှိပါတယ် ။ငါ့စီးပွားရေး ပိုကောင်းတယ်ဆိုပြီး ဘယ်သူက မှလက်သိပ်ထိုးမရောင်းပါဘူး ။အရက်ရောင်းနေတဲ့သူတောင် စည်းကမ်း မမဲ့  ပါဘူး ။ အတုယူသင့်ပါတယ် ။ အရက် ၀ယ်ဖို့ ဆိုရင်တောင် လူ ကို အကဲခတ်သေးတာပါ ။ အရက်ဆိုင်ထဲ ၀င်ရင် လဲ အသက်ပြည့်မပြည့် အကဲ ခတ်သေးတာပါ ။ပြောမရဆိုမရ အသက်မပြည့်သူတွေ ဆိုင်ထဲရောက်နေပြီဆိုရင် ပိုင်၇ှင်ကိုယ်တိုင်က ရဲတိုင်းလေ့ ရှိပါတယ် ။

ကဲ ကျွန်တော်တို့ နိုင်ငံ ရော ဘယ်လိုလဲ အသက်မပြည်သူတွေ ဘီယာဆိုင်မှာ ၊ နိုက်ကလပ်မှာ ၊ ပါတီတွေမှာ ခွက်ကိုင်နေတာ ရှိုးပွဲတွေမှာ ခွက်ကိုင်နေတာ လူတိုင်းမြင် လူတိုင်းလျှစ်လျှူ ရှု့ နေကြတာပဲ ။ရောင်းတဲ့  သူတွေကလဲ ရောင်းတာပဲ ။အင်မတန် ရှက်ဖို့ ကောင်းတယ်နော် ။ရှက်တတ်ရင်ပြောပါတယ် ။ နောက်တစ်ချက်ဖြစ်တဲ့  နိုင်ငံခြားရုပ်သံတွေကနေအတုခိုးမှားတာကတော့ ဘယ်သူမပြုမိမိမှု့ ပါပဲ ။မိန်းကလေးတွေ ကိုယ့်ကိုကိုယ်အမျိုးကောင်းသမီးလို့ ခံယူရင် အရက်ကို သောက်ဖို့ မပြောနဲ့  အရက်ဆိုင်ရှေ့ ကလျှောက်ရမှာတောင်ရှက်ကြပါတယ် ။ နိုင်ငံခြားကားမှာ၊ကိုရီးယားကားမှာ မင်းသမီးတွေ အသဲကွဲလို့ အရက်သောက်တာ သူတို့ နိုင်ငံမှာပဲ ကောင်းတယ် ။သူတို့ နိုင်ငံ ရဲ့  ရာသီဥတု အရ ၊ ဓလေ့ အရ သူ တို့ လူမျိုးချင်အမြင်မှာ မရိုင်းဘူး ။အဲ့ မိန်းကလေးကို တန်ဖိုးမရှိဘူးလို့ မမြင်ဘူး ။ ဒီနိုင်ငံမှာ အသဲကွဲလို့ အရက်မူးပြနေရင်တော့
ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု့ အ၇ ၊ ဒီနိုင်ငံရဲ့  အဓိက ကိုးကွယ်မှု့ ဘာသာတရားအရ ၊ဒီနိုင်ငံရဲ့  ဓလေ့ အရ အင်မတန် အဆင့်အတန်း နိမ့် ပါးသော မိန်းမပျက် စာရင်းဝင်းသွားကြတာ သူတို့ မသိကြလေရော့ သလား။ ရှက်တတ်ရင်တော့ရှက်ဖို့ ကောင်းတယ်နော် ။

အခုခေတ်က လူကြီးမိဘတွေ အလွန်လျှစ်လျှူ ရှု့ လွန်းတယ်လို့ ကျွန်တော်မြင်တယ် ။ ငါတို့ ကဘာလို့ အမုန်းခံရမှာလဲ ၊ ကိုယ့်ထမင်းကိုယ်စားပြီးအရိုင်းခံ ရမှာလား လို့  ပြောကောင်းပြောပါလိမ့် မယ် ။ဒါဆို ကျွန်တော် တစ်ခုပဲမေးမယ် ။အဲ့ နေရာမှာ လူကြီးမင်းတို့ ရဲ့ သားသမီးတွေဆိုရင်ရော ဘယ်လိုလဲ ။ တခြားနိုင်ငံတွေက လူကြီးမိဘတွေကရော သူတို့ ရှေ့ မှ လူငယ်တွေ လမ်းမှားနေရင် ဘာကြောင့် အမုန်းခံလဲ ။ ဘာကြောင့် အရိုင်းခံပြီးပြောလဲ ။ ရှင်းတယ် သူတို့ နိုင်ငံကိုသူတို့ ချစ်တယ် ဒါကြောင့် နိုင်ငံအတွက် အနာဂါတ် မျိုးဆက်သစ်တွေကို ပျက်ဆီးမခံဘူး ။ ကိုရီးယား အရက်ဘယ်လောက်သောက်လို့ ရတဲ့  နိုင်ငံ ဖြစ်ဖြစ် ၁၈ နှစ်မပြည်တဲ့  ဘယ်ကလေးမှ သောက်ခွင့် မပြုဘူး ။ မိဘပြည်သူက တွေ့ ရင် တွေ့ တဲ့ နေရာမှာဆုံးမတယ် ပြောမရရင် ရဲတိုင်တယ် ရဲတွေကလဲ ဒါလောက်ကို အလုပ်ရှုပ်အောင်လာလုပ် တယ်လို့  မပြောဘူး ချက်ချင်း လာဖမ်းတယ် အရေးယူတယ် ။
ကျွန်တော် တစ်ခြားတိုင်းပြည်ကို အထင်ကြီးလို့ ပြောနေတာမဟုတ်ဘူး ။ ကိုယ့်နိုင်ငံက လူကြီးတွေကိုလဲ ဖြစ်စေခြင်လို့ ပြောပြတာ ။
မှားသွားရင် ကန်တော့တယ် ။နိုင်ငံကြီးသားပီသ ကြပါဆို့ ပေါ့ဗျာ။

နောက်တစ်ခုကတော့ ကျွှန်တော်တို့ နိုင်ငံမှာ အရက်တွေ အင်မတန်ဈေးပေါ်တယ် ၊ စာအုပ်တွေ အင်မတန် ဈေးကြီးတယ်။ ဘီယာ တစ်လုံး တစ်ထောင်ကျော်ပဲ၇ှိတယ် ၊ စာအုပ်တစ်အုပ် နှစ်ထောင်နားကပ်တယ် ။ အရက် တစ်ပါတ်ကို ၁၀၀ ၊ ၂၀၀ နဲ့ ရတယ် ။ တရားစာအုပ် အနည်းဆုံး ၄ရာကျော်တယ် ။အဲ့ ဒါပဲ ။ ဒီနိုင်ငံမှာ ဒါတွေကို မပေါ်စေချင်ရင် အစိုးးရက အခွန်း တင်းကျပ်လိုက် ။
အရက်တွေဈေး ကြီးသွားလိမ့် မယ် ၊ ဘီယာတွေဈေးကြီးသွားလိမ့် မယ် ။အဲ့ အခါကြရင် ဒီလိုလူငယ်တွေက မုန့် ဖိုးလောက်ရတာ ဘယ်လိုလွယ်လွယ်ဝယ်သောက်နိုင်တော့မှာလဲ ။ဖြေရှင်းနည်းက၇ှင်းရှင်းလေး ။ကျွန်တော် ကတော့ သိပ်မပြောချင်ဘူး ။(admin က ဘမ်းမှာ ကလဲကြောက်ရတယ်။)

နောက်ဆုံးအချက် ကတော့ ဘယ်အ၇ာတွေဘယ်လောက်ပေါ်နေနေ ၊ ဘယ်သူတွေဘယ်လောက် လျှစ်လျှူရှု့ ရှု့  ၊ မိန်းကလေးတွေက ကိုယ့်ဘာကို မိန်းကလေးဆိုတာသိနေရင် ပြီးပြီ ။ကိုယ် မိန်းကလေး ယောကျာ်းလေးနဲ့  တန်းတူအခွင့်အရေးရတယ် အလုပ်မှာ ၊ ကျောင်းမှာ ၊ ပညာမှာ ပြိုင်စမ်းပါ ။ဒါပေမဲ့  မကောင်းမှု့ ကိုတော့ ယောကျာ်းလေးနဲ့ ခွာယာ မတိုင်းနဲ့  ယောကျာ်းလေးဆိုတာ မကောင်းမှု့  လုပ်ဦး ။ ကြိုက်သလိုပျက်စီးဦး ။ ထောင်အပြင် တန်းမရှိဘူး ။ မိန်းကလေးတွေ အတွက် ကတော့ ထောင်အပြင်တန်း ပါရှိတယ် ။ ဘာတန်းလဲ ကျွန်တော် မပြောတော့ဘူး ။ယောကျာ်းလေးမူးနေလို့ ပါတ်ဝန်းကျင်ကမြင်ရင် တစ်ခွန်းပဲပြောမယ်။ငမူး ပေါ့ ။
မိန်းကလေးမူးနေ လို့ ပါတ်ဝန်းကျင်ကမြင်ရင် ပြောမှာ တစ်ခွန်းမ ကဘူး ။အဲ့ ဒါကြောင့် မိန်းကလေးတချို့  ပါ၊ ပြောချင်တာက
ခွာယာတော့တိုင်းပါ ဒါပေမဲ့  ပြိုင်မရိုင်းနဲ့  လို့ ..................။

(အထက်ပါအတွေးများသည် ကျွန်တော်တစ်ယောက်ထဲ၏ အမြင်သာဖြစ်ပါရု် မှန်သည်မှားသည် စိတ်ကြိုက်ဝေဖန်ခွင့်ရှိပါတယ် ။)

စေတနာဖြင့်
အချို့ မြစ်
ကိုတင့်



Myanmar Express

သီးလေးသီး နှစ်ခြမ်းကွဲခြင်း

မြန်မာနိုင်ငံကို ပထမဆုံး ပြန်ပြေးတဲ့ သီး နှစ်သီး အဖွဲ့

သီးလေးသီး (ခေါ်) လူရွှင်တော် တစ်စုနဲ့ဖွဲ့ထားတဲ့ အငြိမ့်အဖွဲ့ကို မြန်မာနိုင်ငံထဲက မြန်မာပြည်သူအချို့က မသိကြပါဘူး။ ဘာကြောင့် မသိတာလဲဆိုတော့ ဘာမှ နာမည်မကြီးခဲ့ဖူးလို့ပါ။ လူရွှင်တော်ဆိုရင် မော့စ်၊ မိုးဒီ နဲ့ တိန်ညွန့် တို့အဖွဲ့၊ ဧရာ၊ ကျော်ထူး နဲ့ ခင်လှိုင်တို့ အဖွဲ့၊ အရိုင်း၊ ကင်းကောင် နဲ့ ဖိုးဖြူ တို့အဖွဲ့၊ ငြိမ်းချမ်း၊ ထက်ထက် နဲ့ ရှဲဒိုး တို့အဖွဲ့.... စသည်ဖြင့် များစွာသော လူရွှင်တော်များကို သိကြသော်လည်း စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီး၊ ဂေါ်ဇီလာ တို့တော့ သိလည်း မသိ စိတ်လည်း မဝင်စားကြပါဘူး။ သီးလေးသီး ဆိုတာကလည်း အနုပညာ အသိုင်းအဝိုင်းမှာ နေရာ မရခဲ့ပါဘူး။

အခြေအနေကို သုံးသပ်မိတဲ့ သီးလေးသီး အဖွဲ့က တခြားနည်းလမ်းနဲ့ နာမည်ကြီးနိုင်ဖို့ကြိုးစားကြရပါတယ်။ ရန်ကုန်မှာ နောက်ဆုံး အငြိမ့်ပွဲတစ်ခုလုပ်ကာ ပြောချင်သမျှ အကုန်ပြောအပြီး ပြည်ပသို့ သုတ်ခြေတင် ထွက်ပြေးကြပါတော့တယ်။ တမဟုတ်ခြင်းဆိုသလိုပဲ နာမည်တော့ ချက်ချင်းကြီးသွားပါတယ်။ ပြည်ပမှာရှိတဲ့ လူပေါင်းများစွာက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နေ့စဉ် ထမင်းစားဖို့ ဘယ်သူမှ တာဝန်မယူခဲ့ကြပါဘူး။

အဲဒီနောက်မှာ နော်ဝေ သွားဖို့ နဲ့ အမေရိကား ပြောင်းဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း ဘယ်နိုင်ငံကမှ တာဝန်မယူ၊ ဘယ်သူကမှ လက်မခံနိုင်တာကြောင့် ထိုင်းနိုင်ငံမှာပဲ သောင်တင်နေပါတော့တယ်။ ထိုင်းမှာလည်း အမြဲနေခွင့်မရလို့ ဟိုဖက် အထွက်ပြလိုက်၊ ဒီဖက် အထွက်ပြလိုက်နဲ့ ခွေးနေရာမရ ဖြစ်နေခဲ့ရတာ ကြာပါပြီ။
စပြေးကာစ တုန်းက ဟိုက လက်မခံလို့ ပြန်ပို့၊ ဒီက လက်မခံလို့ ပြန်ပို့နဲ့ နောက်ဆုံး လုံးဝ စားစရာမရှိတော့လို့ သနားကြပါ ဆိုပြီး ဗွီဒီယိုဖိုင်တွေနဲ့ တောင်းစားခဲ့ရပါသေးတယ်။ ခုဆိုရင်တော့ နောင်တ လှလှရနေကြပြီပေါ့။ ကိုယ်မွေးခဲ့တဲ့ နိုင်ငံကို ခြေစုံကန်တာကိုး။ ကန်တဲ့အပြင် မကောင်းကြောင်းတွေက ပြောသေးတယ်လေ။ ဟိုဖက်ကလည်း ဘာသမိုင်းမှ မရှိတဲ့လူကို ဘာမှ မထောက်ပံ့ချင်ဘူးလေ။ နောက်ဆုံးတော့ အမည်းစက်ကြီးပဲ ကျန်တော့တာပါပဲ။ ခုဆို သီချင်းတောင် မညီးနိုင်တဲ့ ဘဝဆိုး ကို ရောက်နေရှာပြီပေါ့။

အခြေနေ ကောင်းမလားလို့ ဘာနိုင်ငံရေး တစ်စက်မှာ မလုပ်ဖူးပေမယ့်၊ ဘာပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ခုမှ မလုပ်ဖူးပေမယ့် အစိုးရမကောင်းကြောင်း ပေါတောတော ပြက်လုံးတွေ ထုတ်တတ်ရုံနဲ့ အခြေနေကောင်းပြီထင်ပြီး နိုင်ငံခြားကို ထွက်ပြေးလိုက်တာ ခုဆိုရင် မြန်မာနိုင်ငံကို ပြန်ပြေးရတဲ့အထိ ဖြစ်နေပါပြီ။ အကယ်၍သာ ပြည်ပ ဒီမိုကရေစီ အဖွဲ့သားတွေက အားပေး စောင့်ရှောက်နေရင် ခုလို ပြန်ပြေးစရာတောင် မလိုပါဘူး။ ခုတော့ သမ္မတကြီးက ပြန်လို့ရတယ် လို့ ပြောပြီးပြီးချင်း အရင် ဆုံး ပြန်ပြေးကြရတဲ့ ဘဝ ကိုရောက်နေပါတယ်။

ပြည်ပမှ ၄ နှစ်လောက် အနုပညာလုပ်ငန်းတွေလုပ်ကိုင်ခဲ့တယ် လို့ ပြောကြပေမယ့် သီးလေးသီး က ၄ နှစ် လုံးကြိုးစားခဲ့လို့ မြန်မာ့အနုပညာ တိုးတက်သွားတာ၊ မြန်မာ့ဒီမိုကရေစီ အရေး တိုးတက်သွားတာ တစ်ခုမှ မရှိခဲ့ပါဘူး။ အမြဲတမ်းလိုလို အစိုးရနဲ့ ခေါင်းဆောင်တွေကို ဝေဖန် ဟသလုပ် ပြက်လုံးထုတ်ခဲ့ပြီးမှ။ အခုကျတော့ မျက်နှာလိုအားရနဲ့ သမ္မတကြီး
ရဲ့ ဖိတ်ခေါ်ချက်ကို သီးလေးသီးက လေးစားစွာဖြင့် ကြိုဆိုသောအားဖြင့် ပြန်ဝင်ခြင်း ဖြစ်ပါတယ် လို့တောင် အရှက်မရှိပြောနေတာကို တွေ့ရပါတယ်။ သီးလေးသီး မှ လူရွှင်တော် ဂေါ်ဇီလာက

“တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပရောက် မြန်မာများကို ဖိတ်ခေါ်ပါတယ် ဆိုတဲ့ ဖိတ်ခေါ်ချက်ကို ကျနော်တို့က လေးစားစွာဖြင့် ကြိုဆိုသောအားဖြင့် ပြန်ဝင်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ request လုပ်လိုက်တာကတော့ အရင်ဆုံး သက်ဆိုင်ရာ တိုင်းဒေသ ၀န်ကြီးချုပ်ရုံးတို့ကို လုပ်လိုက်တယ်။ ပြီးတော့ ကျနော်တို့ သံရုံးကို ဆက်သွယ်တယ်။ ပြီးတော့ နိုင်ငံတော်သမ္မတကြီးဆီကို ကျနော်တို့ စာပို့တယ်။ ကျနော်တို့ကလည်း ဘာမှ ကတိက၀တ် မပေးပါဘူး။ သူတို့လည်း မတောင်းပါဘူး။” လို့ လူပျက် ပီပီ မျက်နှာပြောင်တိုက် ပြောပါတယ်။

ဒါ့အပြင် လူပျက် ဂေါ်ဇီလာကပဲ
ပြန်ပမှာ ရပ်တည်ဖို့ ခက်ခဲကြောင်းနဲ့ အခု နေလာတဲ့ ၄ နှစ်တာ ကာလမှာ ထိရောက်မှုမရှိကြောင်း ဝန်ခံသွားပါတယ်။

မြန်မာသံရုံးကတော့ သီးလေးသီးကို အကူအညီပေးတယ်လို့ ဆိုပါတယ်။ သီးလေးသီး ပြည်ပရောက်ခါစ နေထိုင်၊ စားသောက်ရေး အစဉ်မပြေလို့ ဆိုပြီး လူရွှင်တော် ဇာဂနာ ဆီ စာရေးက အကူအညီ တောင်းခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း လူရွှင်တော် ဇာဂနာက နာဂစ်ဒေသမှ ဒုက္ခသည်များ အတွက် ဆိုပြီး ကောက်ထားတဲ့ အလှူငွေတွေကို သီးလေးသီး ဆီကို ပို့ခဲ့ဖူးပါတယ်။ ဇာဂနာ အမှုရင်ဆိုင်ချိန်မှာတော့ သီးလေးသီး အဖွဲ့မှ ဗွီဒီယို သေချာရိုက်ပြီး ယူကျူပေါ်မှာ တင်ကာ သူတို့တွေ နေထိုင် စားသောက် ရေး အခက်အခဲဖြစ်နေလို့ သဒါတရား အနည်းအများမဆို ပေးကမ်း စွန့်ကျဲ ကြဖို့ ပိုက်ဆံတောင်းခဲ့ရတာ ဖြစ်ပါတယ်။

“ပြည်ပမှာ ရပ်တည်ဖို့ ခက်ခဲတာလည်း ပါပါတယ်။ ဒါကတော့ သိပ်တော့ အဓိက မကျပါဘူး။ ဒါပေမဲ့ နံပါတ် (၂) အချက်လောက်မှာ ရှိပါတယ်။ နံပါတ် (၁) အချက်က ကျနော်တို့က ပြည်ပမှာ အခုနေလာတဲ့ ၄ နှစ်တာကာလအတွင်းမှာ ကျနော်တို့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ ပြန်လည် သုံးသပ်ကြည့်တာ ရှိပါတယ်။ သုံးသပ်ကြည့်တဲ့အခါကျတော့ ကျနော်တို့ ဒီအနုပညာနဲ့ ကျနော်တို့ တိုင်းပြည်အကျိုးကို ဆောင်ရွက်ပေးတဲ့နေရာမှာ သိပ်ပြီးတော့ မထိရောက်ဘူးလို့လည်း ကျနော်တို့ မြင်မိပါတယ်။ အဲဒါကြောင့် ကျနော်တို့က အဓိကထားပြီး ပြန်တာပါ။” လို့ ဂေါ်ဇီလာကာ ဆက်ပြောပါတယ်။

နံပါတ် (၁) ပြည်ပ ကနေ လုပ်တာ ဘာမှ မထိရောက်လို့၊ နံပါတ် (၂) ပြည်ပမှာ ရပ်တည် နေထိုင် စားသောက်ရေး ခက်ခဲလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သီးလေးသီး အဖွဲ့ ပြန်မယ် ဆိုပေမယ့်လည်း။ အကုန်မဟုတ် ပြန်ပါဘူး။ လူလေးမှ ၇ ယောက် ရှိတဲ့ သီးလေးသီးက နှစ်ဖွဲ့ ကွဲကာ တစ်ဖွဲ့က ပြန်ပြီး တစ်ဖွဲ့က ကျန်ခဲ့ပါတယ်။
လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနဲ့ ခေါင်းဆောင် မင်းသမီး ချောစုမျိုးတို့ ၄ ဦး ပြန်ကြမှာဖြစ်ပြီး နောက်ထပ် လူရွှင်တော် ကြယ်သီး၊ ပန်းသီးနဲ့ မင်းသမီး မြစပယ်ငုံတို့ကတော့ ထိုင်းနိုင်ငံမှာ ကျန်ရစ်ခဲ့ပါတယ်။

ကြယ်သီး၊ ပန်းသီး နဲ့ မြစပယ် တို့ကတော့ ကြံရင်းဖန်ရင်း နေရေးထိုင်ရေး အတော် အဆင်ပြေနေလို့ မပြန်သေးဘူးလို့ ပြောပါတယ်။ ဂေါ်ဇီလာကတော့ ပြည်ပကနေ ၇ ယောက်ပေါင်းပြီး အနုပညာအလုပ်ကို ၄ နှစ်လုပ်ခဲ့တာ ဘာမှ မထိရောက်ဘူး ပြောခဲ့ပေမယ့်။ ကျန်တဲ့ ၃ ယောက်က မထိရောက်လည်း ဂရုမစိုက်တဲ့ ပုံစံနဲ့ ကိုယ်အဆင်ပြေရင် ပြီးရော သဘောနဲ့ ဆက်နေနေကြပါတယ်။

အစိုးရ ဆန့်ကျင်ရေးအဖွဲ့တွေမှာ အမြဲလိုလို နှစ်ခြမ်းကွဲတတ်ပြီး အခု သီးလေးသီးကတော့ နောက်ဆုံးနှစ်ခြမ်းကွဲခြင်း ဖြစ်ပါတယ်။ NCUB, NCGUB နဲ့ ABSDF အပါအဝင် နှစ်ခြမ်းကွဲကာ အချင်းချင်း အဝေမတည့်ကြတဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့တာကလည်း သမိုင်းက သက်သေဖြစ်ပါတယ်။

သီးလေးသီး အဖွဲ့အနေနဲ့ ကိုယ့်အဖွဲ့ရဲ့ နာမည် ဖြစ်တဲ့ သီးလေးသီး ဆိုတဲ့နာမည်ကို ထိန်းသိမ်းသင့်ကြောင်း၊ ပြန်မယ်ဆိုရင်လည်း အကုန် ပြန်သင့်ကြောင်း၊ မပြန်ဘူးဆိုရင်လည်း မကုန်မပြန်သင့်ကြောင်း၊ အနုပညာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း စည်းလုံး သင့်ကြောင်းကို ဝါရင့် နိုင်ငံရေး သမား တစ်ဦးက အခုလို ပြောပါတယ်။

"နာမည်ကိုက သီးလေး သီးလေ၊ အခုတော့ နှစ်သီး စီ ကွဲသွားပြီပေါ့ဗျာ.. ဖြစ်တော့ မဖြစ်သင့်ပါဘူး။ သူတို့ချင်း အဆင်မပြေတာလေးတွေ ရှိတယ် ဆိုတာကိုတော့ အစောကတည်းက ကြားမိပါတယ်။ ဘာပဲဖြစ်ဖြစ် အချင်းချင်း စည်းလုံးသင့်တာပေါ့။ ပြန်မယ်ဆိုရင်လည်း အကုန်ပြန်၊ မပြန်ဘူးဆိုရင်လည်း အကုန်မပြန်နဲ့ပေါ့.. ဒါမှလည်း သီးလေးသီး ဆိုပြီး ဆက် က လို့ ရမှာလေ.. ခုတော့ ပြန်လို့ရတယ် ဆိုတာနဲ့ အရင်ဆုံး ပြန်ပြေးတော့ နဲနဲတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်တာပေါ့..." လို့ပြောပါတယ်။

ဒါပေမယ့် သေချာတာကတော့ သီးလေးသီး ဆိုတာကြီးက နှစ်ဖွဲ့ကွဲပြီး ပြည်တွင်းမှာ သီးနှစ်သီး နဲ့ မင်းသမီးတစ်ယောက်၊ ပြည်ပမှာ သီးနှစ်သီး နဲ့ မင်းသမီး တစ်ယောက် ဖြစ်ကာ ပြည်တွင်းမှာရော ပြည်ပမှာရော နှစ်ခုစလုံးမှာ သီးလေးသီး ဆိုတဲ့ နာမည်နဲ့ ဘာအနုပညာမှ လုပ်နိုင်မှာ မဟုတ်တော့တာ အသေအချာပါပဲ။

အန်တီ မှားနေတာ ကြာပါပြီကော အန်တီရယ်

စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည် ဖြေကြားခဲ့ရာ ၌ “အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” လို့ သူမ၏လူ(အတိုက်အခံ) များသို့ ရည်ရွယ်တဲ့အာမခံ စကားတစ်ခုကိုထည့်သွင်းဖြေကြားခဲ့ပါတယ်။


ကျွန်တော့် အထင်ကတော့ အန်တီ မှားနေတာကြာပါပြီ။အန်တီပြောသလို တာဝန်ယူမယ် ဆိုရင်တောင် တာဝန်ယူသင့်တာကြာပါပြီ။ အန်တီ လုပ်ဆောင်ခဲ့သမျှ တွေကိုပြန်လည်သုံးသပ်ကြည့်မယ်ဆို လျှင် အန်တီ
လုပ်ဆောင်ခဲ့ တာဟာ တိုင်းပြည်ကောင်းဖို့ အတွက် လား ? သို့မဟုတ် ပြည်သူလူထု ကြား စိတ်ဝမ်းကွဲ အောင် လုပ်ဆောင်နေသလား ဆိုတာ ပြန်လည် သုံးသပ်စေချင်ပါသည်။ အန်တီ့ ဘ၀ တလျှောက် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ သက်တမ်း မည်မျှ ရှိသနည်း ။ အမိ နိုင်ငံ ကောင်းကျိုး မည်မျှ
လုပ်ဆောင်နိုင်ခဲ့ သနည်း စဉ်းစားစေချင်ပါသည် ။

အန်တီ ဟာ ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေး ဖခင်ကြီး ၏ သမီးတစ်ယောက် ဖြစ်သည် ဆိုသော အချက်ကြောင့်ပင် လူအများ ၏ ယုံကြည် ကိုးစားခြင်း ကိုရရှိခဲ့တာပါ ။ အန်တီ့ ရဲ့ လုပ်ဆောင် ချက် ကတော့ ကျွန်တော်တို့ တိုင်းပြည် အတွက် အနှုတ်ပြနေတာပါ ။ အန်တီသာအမှန်တကယ် တာဝန်ယူ ရဲတယ်ဆိုရင် မှန်ကန်တဲ့ လမ်းကိုရဲရဲဝံ့ဝံ့ လျောက်လှမ်း ပြီး လက်ရှိ အစိုးရသစ် နဲ့ လက်တွဲ ကာ တိုင်းပြည်ကောင်းကျိုး ကို ကြိုးစား လုပ်ဆောင် ရမှာပါ ။ အန်တီ့ ဖခင်ကြီး ရဲ့ မျက်နှာကို အိုးမဲသုတ်နေတာတွေကို ရပ်တန်း ကရပ်ပြီး သူလျောက်ခဲ့တဲ့ လမ်း ကိုပြန်လာပါတော့ လို့ တောင်းဆိုပါရစေ ။

အန်တီ့ ဖခင် ကြီးက အမိ နိုင်ငံ ထဲကနေ တိုင်းတပါးသားတွေကိုမောင်းထုတ် ခဲ့တာပါ ။လက်ရှိ အန်တီကတော့အဲ့လိုမဟုတ်ပဲ တိုင်းတပါးသားတွေ ကို လက်ကမ်းခေါ်နေတာပါ ။ ပြန်စဉ်းစားကြည့် ပါအန်တီ ။ အန်တီ ဟာ မိမိ တို့ တိုင်းပြည် ကိုနှစ်ပေါင်း ရာချီ အောင်ကျွန်ပြု နှိပ်စက် ခဲ့တဲ့ အင်္ဂလန် နိုင်ငံသား တစ်ဦး ကိုလက်ထပ် ခဲ့တာ အပြစ် မတင်လိုပါဘူး ။ ဖူးစာပေါ့နော် ။ အဲ့လိုပဲ သူတစ်ပါး နိုင်ငံ မှာ ဆယ်စုနှစ် ပေါင်းများစွာ နေထိုင်ခဲ့တာကိုလဲ အပြစ်မပြောရက်ပါဘူး ။ အကြောင်းကြောင်းကြောင့်ပေါ့နော် ။ အန်တီ ဟာ ၁၄ နှစ်သမီး အရွယ် ကတည်း ကအမိ နိုင်ငံ မှ ထွက်သွားခဲ့သူပါ ။ ၁၄ နှစ် မတိုင်ခင်ကလဲ အမိ နိုင်ငံ အကျိုး မသယ်ပိုးခဲ့ နိုင်ပါဘူး ။ ကလေးမို့လို့ပေါ့နော် ။ အဲ့လိုနဲ့ အန်တီ ဟာ အင်္ဂလန် နိုင်ငံ သားတစ်ဦး နဲ့ အကြောင်းဆက်ပြီး အသက် ၄၃ နှစ်ထိတိုင် အမိနိုင်ငံကိုလှည့်မကြည့်ခဲ့ပါဘူး ။ အဲ့တာလား အန်တီ့ ရဲ့ အမိ နိုင်ငံ ကိုချစ်တဲ့ စိတ် ၊ ဒါတောင် အန်တီ့ မိခင် နေမကောင်း လို့ ပြန်လာခဲ့တာပဲ ။ နိုင်ငံကိုချစ်လို့ နိုင်ငံ အတွက် ပြန်လာတာမှမဟုတ်ပဲ ။ ကျွန်တော်ပြောတာမမှားပါဘူးနော် ။ အဲ့နောက်မှ အန်တီ ဟာ နိုင်ငံ ကိုပဲချစ်သယောင်ယောင် နဲ့ နိုင်ငံရေးတွေလုပ်ပြနေလိုက်တာ ။ နောက်က ကြိုးကိုင်စေခိုင်း ချက်တွေကြောင့် ပဲလား ။ ဒါမှမဟုတ် ဒုက္ခသည် အမည်ခံ နိုင်ငံ ရေး သမားတွေရဲ့ ထောက်ပံ့ကြေးငွေ ရရှိ ရေး ၊ မိမိ ဘ၀ အဆင်ပြေရေး ၊ မိမိ မိသားစု ပြေလည်ရေး အတွက် သံယောင် ဟစ်နေတဲ့ အားပေးထောက်ခံမှု့ တွေအပေါ် မှာ သာယာလို့ပဲလား မသိ အန်တီ လုပ်ဆောင်နေတာပါ။မှားတဲ့ လမ်းပေါ် ဆက်လျောက်နေခဲ့တာပါ ။ တကယ်တမ်း လက်တွေ့ မှာ အန်တီ့ ရဲ့ လုပ်ဆောင်မှု့ ကဘာမှမယ်မယ်ရရ မရှိခဲ့ပါဘူး ။ အန်တီ ဟာ မြန်မာ့ရေမြေ အကြောင်း ၊ မြန်မာ လူမျိုးတွေ ရဲ့ စိတ်ဓါတ် ၊ လိုအပ်ချက် ကို အမှန်တကယ် နားမလည် ခဲ့ပါဘူး ။

အာရေဗျ ဆိုရိုးစကား တစ်ခု ရှိတယ် ဗျ "သိသူ ၊ သို့သော် မိမိ သိကြောင်းမသိသူ ၊ ထိုသူသည်အိပ်ပျော်နေသောသူ ၊ သူ့အားနှိုးပါလေ"တဲ့ ။ ကျွန်တော့် အမြင်အရအန်တီ ဟာ ထိုမျှတောင်မဟုတ်သေးပါဘူး ။ အန်တီ အိပ်မပျော် ပါဘူး ။ အန်တီ အိပ်ချင်ယောင်ဆောင်နေတာပါ ။ အဲ့တာကြောင့် ပဲ အနှိုးရခက်လေသလား အန်တီရယ် ။ နိုင်ငံတစ်နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ မှု့ဟာ အဘယ်မျှ အကျိုး သက်ရောက် သည် ကိုအန်တီ သိပါလိမ့်မည် ။ ထို့ကြောင့်ပင် အန်တီ ပိတ်ဆို့ အရေးယူခဲ့ပေမည် ။ ထိုသို့ ပြုလုပ် ခြင်းဟာ မည်သူများအပေါ် အကျိုးသက်ရောက် သနည်း ။ လက်ရှိ ခံစားနေရသူများ ဟာ မည်သူတွေနည်း ။ အန်တီ မြင်ကြည့်လှည့်ပါ ။

အန်တီပြောပြောနေတဲ့ မြန်မာနိုင်ငံကောင်းစားရေး ၊ မြန်မာပြည်သူ လူထု ကောင်းစားရေး ဆိုတာ အဲ့တာတွေလား အန်တီ ။ လက်ရှိ အန်တီ့ စနက် မီးကြောင့် မြန်မာ နိုင်ငံ တစ်ဝှမ်း စစ်မက်များ ဖြစ်ပွားနေကြ ရပါတယ် ။ အကြောက်အလန့် နဲ့ နေထိုင်နေကြရတာ မည်သူတွေနည်း ။ စစ်ဒဏ် ခံစားနေရတဲ့ ပြည်သူတွေပါပဲ အန်တီ ။ အန်တီ ကတော့ ဘယ်သိမလဲအန်တီ့ အိမ်နားမှာ ဖြစ်တာမှမဟုတ်ပဲ ။ ကျွန်တော် အဲ့လိုပြောလိုက်လို့ လွန်သွားမလား အန်တီ ။ လွန်ပါစေ အန်တီ ။ အန်တီ နိုးထနိုင်ဖို့ ပြောရမှာပါပဲ ။ လက်ရှိ မြန်မာ နိုင်ငံ ကြီး အရေးပါလို့ အသံကောင်း ဟစ်နေကြတဲ့ တိုင်းပြည်တွေ ၊ အသံကောင်း ဟစ်နေကြတဲ့ ပြည်ပြေးတွေ ဘယ်သူတွေမှ ကိုယ်တိုင်မခံစားကြရပါဘူး ။ ပြည်ပြေးတွေ ကလည်း အဝေးကနေပဲ သူ့တို့ နေထိုင်စားသောက်မှု့ အဆင့်အတန်းမြင့်မားရေးအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်နေကြတာပါ ။ လက်ရှိမှာ အမိနိုင်ငံ အတွက် အကျိုး ဆိုတာဖြစ်မလာပါဘူး ။ အထိကရုံး ဖြစ်ရေးသာ ရည်ရွယ်နေကြတာပါ ။ ဒါမှလည်း သူတို့ ဒုက္ခသည် အမည် ခံပြီး ဆက်လုပ်ဆောင်နေနိုင်မှာကိုး ။ သူတို့ ရဲ့ နေထိုင်စားသောက်နေမှု့ ၊ လုပ်ဆောင်နေမှု့ တွေမှာ အဆင့်အတန်းရှိတာ တခုမှ မရှိပါဘူး ။ သူတို့ နေထိုင်နေပုံ လုပ်ဆောင်နေပုံတွေကို အင်တာနက်စာမျက်နှာ တော်တော်များများ မှာတွေ့ နိုင်ပါတယ် ။ မြန်မာနိုင်ငံ ကောင်းစားရေး အော်ဟစ် စည်းဝေးနေကြတဲ့ နိုင်ငံတော်တော်များများ ဟာလည်း ထိုနည်း ငှင်းပါပဲ ။ နိုင်ငံ တစ် နိုင်ငံ နှင့် တစ်နိုင်ငံ မဆိုထားနှင့် ။ လူ တစ်ဦး တစ်ယောက်ချင်းမှာတောင် ကိုယ့်အတွက် အကျိုးမရှိရင် လှည့်မကြည့်တတ်ကြပါဘူး ။ ရှိရင်တောင် ၁၀၀ မှာ ၁ ယောက်မရှိပါဘူး ။

လက်ရှိ မြန်မာနိုင်ငံ အရေး ကြိုးပမ်းနေတဲ့ နိုင်ငံတွေရဲ့ လိုလားချက်တွေ ၊ ရယူလိုမှု့ တွေကလည်း ဖော်မပြနိုင်အောင်များပြား လှပါတယ် ။ ဒါတွေကို သိသိ ကြီး နဲ့ပဲ တိုင်းတစ်ပါးသားတွေ ကို လက်ယပ်ခေါ်နေတဲ့ အန်တီ့ ရဲ့ လုပ်ဆောင်မှု့ ကလည်း အံ့မခန်းပါပဲ အန်တီ ရယ် ။ ထိုသို့သော သူများကိုအန်တီကခေါင်းဆောင်နေရတာပါ ။ မပြတ်သား သူ ဟာ ဘယ်လိုမှ ခေါင်းဆောင်မဖြစ်နိုင်ပါဘူး ။ ဥာဏ် အမြော် အမြင် နှင့် စဉ်းစားဆင်ခြင်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်မှ သာခေါင်းဆောင်ကောင်းဖြစ်လာနိုင်တာပါ ။ လက်ရှိမှာ အန်တီ ဟာခေါင်းဆောင်နေတာမဟုတ်ပဲ မှားတဲ့လမ်းကိုညွှန်ပြပြီး ခေါင်းရှောင်နေတာပါ ။ အန်တီချပေးတဲ့ လမ်းအတိုင်း ပြည်သူများ ဟာ ထပ်ကြပ်မကွာ လျောက်ခဲ့ ကြပြီးပါပြီ။ဒါပေမယ့် အန်တီကတော့ အဲ့လမ်းကြောင်း ကိုချ ရုံ ချပေးခဲ့ပြီး ကိုယ်တိုင် လျောက်လှမ်းခဲ့တာ မဟုတ်ပါဘူး ။

"ပညာရှင်ဆိုသူများဟာ အတွေးအခေါ် (Idea) တွေကို စိတ်ပါဝင်စားရုံသာမက ကိုယ်ထိလက်ရောက်လုပ်ကိုင်ဆောင်ရွက်သူများဖြစ်တယ်။ သူတို့က သူတို့ဟာ သူတို့တာဝန်အဖြစ် သတ်မှတ်ကြတယ်။တချို့က ဝတ္တရားတစ်ခုအဖြစ်လို့ကို သဘောထားကြတယ်။ သူတို့မှာရှိတဲ့ စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှုများကိုသာ ထိုက်ထိုက်တန်တန် အသုံးချခွင့်ရမယ်ဆိုရင်၊ သူတို့ဟာ ခွဲခြမ်းစိတ်ဖြာဖို့၊ မေးခွန်းတွေထုတ်ဖို့၊ ရှင်းလင်းချက်တွေလုပ်ဖို့၊ အမြင်သစ် ရှုထောင့်သစ်တွေ ရှာဖို့၊ အကြံပေးတင်ပြဖို့၊ ဝေဖန်ဖို့၊ စိန်ခေါ်ဖို့၊စောဒကတက်ဖို့၊ စစ်ဆေးစမ်းသပ် အဆိုပြုချက်တင်ဖို့၊ အချေအတင်ငြင်းခုံဖို့၊ ပညာပေးဖို့၊ သဘောထားပြောကြားဖို့၊ အကြံပြုဖို့ဖြစ်နိုင်ရင် အသစ်ရှာတွေ့ရှိဖို့ မဆုတ်မနစ် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ဒီအလုပ်တွေကို သူတို့က လူ့အဖွဲ့အစည်းကြီးအတွင်း စာရိတ္တရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေးစတဲ့ အရေးကိစ္စ များကို ပြောဆိုဆွေးနွေးလုပ်နေကြရမှာ သူတို့ရဲ့ ပါဝင် အကျိုးပြုမှုအဖြစ် သဘောထားကြတယ်။ ဒါတင်မက လူအဖွဲ့အစည်းကို သမိုင်းက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများအကြောင်း သတိပေးနှိုးဆော်ဖို့၊ အနာဂတ်အတွက် ပြုခဲ့တဲ့ ကတိကဝတ် ပြဋ္ဌာန်းချက်များကို မမေ့မလျော့ရှိစေဖို့ နှိုးဆော်ဖို့အဖြစ်လည်း သဘောထားခဲ့ကြတယ်။


အဲဒါကြောင့် ‘ပညာရှင်’ ဆိုသူများဟာ ‘ဆိုကရေးတီး’က သူ့ကိုယ်သူ ခိုင်းနှိုင်းပြောခဲ့တဲ့ စကားအတိုင်း ပြောရရင်၊ ‘တိုင်းနိုင်ငံတစ်ခုကို အစဉ်အမြဲ နိုးကြားနေအောင် ထိုးဆွပေးတဲ့ မှက်ကောင်များဖြစ်တယ်’လို့ ဆိုရပေလိမ့်မည်။"

လို့ ပြောကြားခဲ့ ဖူးပါတယ် ။ အန်တီ ဟာ မိမိ ကိုယ်ကိုယ် ခေါင်းဆောင် ပညာရှင်လို့သာ ဆိုနေတာပါ ထိုနည်းလမ်း တွေနဲ့ သွေဖယ်ပြီး တခြားဖက် ကိုရောက်နေတယ်ဆိုတာကို သတိ ပြုမိဖို့လိုအပ်နေပါပြီ ။ အန်တီ ဟာ အောင်မြင်တဲ့ အချိန်မှာ မိမိ ရင်ဘတ်ကိုပုတ်ပြပြီး အမှားအယွင်း အပျက် အစီးများ ကြုံ လာတဲ့ အခါမှာ ဘေးဘီ ကိုလက်ညှိုးထိုးပြနေတာဟာ ကလေး စိတ်မပျောက်သေးသူတို့ရဲ့ လက္ခဏာတစ်ရပ်ပါ ။ အဲ့လို အပြစ်ပုံ ချနေတာတွေကိုရပ်တန့်ပြီး လက်ရှိအစိုးရသစ် နဲ့ မြန်မာနိုင်ငံ အကျိုး ကိုညှိညှိ နှိုင်းနှိုင်းလုပ်ဆောင်သင့်တဲ့ အချိန်ကို ရောက်နေပါပြီ အန်တီ ။ အန်တီ မှားခဲ့ရင် အန်တီ ကျဆုံး ခဲ့ ရင်အန်တီ တာဝန် ယူပါ့မယ် ဆိုလျှင်ဖြင့် လက်ရှိ အချိန်မှာ အန်တီ ဟာ အန်တီ့ ရဲ့ အဖွဲ့ အစည်း ကြီးကို ပြတ်ပြတ်သားသား ဦးဆောင်ပြီး လက်ရှိအစိုးရသစ် နဲ့ ပူးပေါင်းကာ တိုင်းပြည် တာဝန် ကို တစ်ထောင့်တစ်နေရာမှ ထမ်းဆောင်သင့်ပါပြီလို့ အကြံပြုရင်း........................


http://aboutofmyanmar7.blogspot.com/2011/09/blog-post_12.html#more မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

ဒေါ်လာစားတို့၏ လူမှုရေးရာ အရှုပ်အထွေးများ

အိမ်ထောင်မှု ဖောက်ပြန်ခြင်း သည် လူကျင့်ဝတ်နယ်ပယ်တွင် အဆိုးရွားဆုံးသော ကျင့်ဝတ်ဖောက်ဖျက်မှု တစ်ခု ဖြစ်၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အတွက်လည်း ဒု သ န သော ဆိုသော ငရဲကို ကျခံ ဖို့ အကြောင်းဖန်လာသော လူကျင့်ဝတ် ချိုးဖောက်မှု တစ်ခုပင်ဖြစ်သည်။

ထိုကဲ့သို့ လူမှုရေးဖောက်ပြန်မှုများကို လူမှုနယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ကြားသိမြင်တွေ့ နေရသည်။ များမကြာသေးမီက အင်တာနက်ပေါ်တွင် ဟိုးလေးတကျော်ကျော် လူသိများခဲ့သော တပ်ပြေးသမား ပညာရှင်ယောင်ယောင် အရက်သမားယောင်ယောင် ဖြစ်သည့် စိုင်းသိန်းဝင်းနှင့် RFA မှ သားညွန့်ဦး၏ ဇနီး အင်ကြင်းနိုင်တို့၏ အရှက်တကွဲ လူမှုရေးဖောက်ပြန်မှု သတင်းများ၊ ငယ်နိုင်နှင့် မိုးသွေးငယ်တို့၏ သတင်းများမှာ အတိုက်အခံ ဒီမိုလုပ်စားတို့ကြား အထူးပင် အရှက်ရစရာ ဖြစ်ခဲ့သည်။ လူသိရှင်ကြား သတင်းဆိုး မထွက်ခဲ့သော်လည်း အခြားလူမှုရေးဖောက်ပြန်မှုများမှာ အများအပြားပင်ရှိသေးသည်။ ထိုသို့လူမှုရေး ဖောက်ပြန်မှုများအပြင် အတိုက်အခံအချင်းချင်း ပစ္စည်းဥစ္စာပြိုင်ဆိုင်မှု၊ ဇနီးမယားများ ဘယ်လိုချောကြောင်း သူ့ယောက်ကျားက ဘယ်လိုငွေရှာကောင်းကြောင်း၊ သူ့မှာတော့ဘယ်လို လက်ဝတ်လက်စား တွေနဲ့ ချမ်းသာကြောင်း အချင်းချင်းကြား ပြိုင်ဆိုင်ပြောဆိုမှုများ ရှိကြသည်။ ရတာမလို လိုတာမရသော အတိုက်အခံ ဒေါ်လာစားတို့သည် ထိုကဲ့သို့ ကိုယ့်ရှိတာနှင့် မတင်းတိမ် သူ့မယား ကိုယ့်မယား ဖြစ်ချင် သူ့ပစ္စည်း ကိုယ့်ပစ္စည်းဖြစ်ချင်သည့် အချင်းချင်းကြား သွားရည်ယို မျက်စောင်းထိုးမှု များ မှာလည်း ဒုနှင့်ဒေးနှင့်ပေါများလှသည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အပုပ်ချစော်ကား ၍ အားမရ မိမိ၏ ကိုယ်ကျင့်တရား၊ စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ် များကို ပါ မိမိကိုယ်တိုင် စော်ကား ဖျက်ဆီး နေကြသည်။ ယိုသူမရှက် မြင်သူရှက် ဆိုသလို မိမိတို့လုပ်ရပ် အတွက် မိမိကိုယ်တိုင် မရှက်သော်ငြား မြင်ရသိနေရ သည့် လူတို့မှာ အရှက်ရဖွယ်ကောင်းသော လူ့ကျင့်ဝတ် ဖောက်ဖျက်မှုများအတွက် လုံးဝလက်မခံ နိုင်သည့် ကိစ္စပင်ဖြစ်သည်။

လက်ရှိဘ၀အတွက်လည်း မကောင်း နောင်ဘ၀အတွက်ပါ အပယ်လားမည့် ထိုကိစ္စရပ်များကို လုပ်ဆောင်နေကြသည့် ဒေါ်လာစား အတိုက်အခံ များ အဖို့ မိမိတို့၏ အမှားများ ကိုသိ၍ ရပ်တန်းက ရပ်သင့်ပေသည်။ ထိုသို့ လူမှုရေးရာ အရှုပ်အထွေးများ ရှိမရှိ အတိုက်အခံတို့အကြား အချင်းချင်း သိပါလိမ့်မည်။ ထို့ကြောင့် တိုင်းရေးပြည်ရေး နိုင်ငံရေးကို ဘေးချိတ်၊ ထိုကိစ္စသည် လက်ရှိ နိုင်ငံတော်ကို ဦးဆောင်နေသော အစိုးရက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပါလိမ့်မည်။ အတိုက်အခံတို့ အတွက်ကား အထက်ပါကဲ့သို့ မိမိတို့ အသိုင်းအ၀ိုင်းအကြား အရှက်ရစရာ လူမှုရေး အရှုပ်အထွေးများကို ရှင်းလင်းအောင် ဖြေရှင်းကြပါဟု ရွှေမြန်မာမှ တိုက်တွန်း အကြံပြုချင်ပါသည်။


ရတာမလို လိုတာမရ သူတို့ဘဝ

http://goldenmyanmarnews.blogspot.com/2011/09/blog-post_11.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ