Subscribe to our RSS Feed
မှန်ကန်တဲ့ေ၇ွးချယ်မှု့ ဖြစ်ပါစေ
ယနေ့  မြန်မာနိုင်ငံရဲ့  သမ္မတ ဦးသိန်းစိန် တနည်းအားဖြင့်  နိုင်ငံတော်အစိုးရ၇ဲကြိုးပမ်းဆောင်၇ွက်မှု့ များကို လစ်လျူ၇ှု့ ပြီး အပစ်ပြောနေတာ ငဘတွေ့ တော့  အတော်လေးကို နေမထိ ၊ထိုင်မသာဖြစ်မိတယ်ဗျာ။ေ၇ွးကောက်ပွဲ မကျင်းပခင်က ဘယ်တော့ များမှ ကျင်းပမလဲ မသိဘူးပေါ့။လုပ်ပြန်တော့ လည်း ကန့် ကွတ်ကျပြန်တယ်။လွတ်တော်မခေါ်ဘူးလားဆိုပြီး ပြောပြန်ပြီး ခေါ်ပြန်တော့ လည်း ပြင်ဆင်ချိန် မ၇ဘူးလေးဘာလေးနဲ့ ပေါ့။အင်း ဟုတ်တော့ ဟုတ်နေပြီ ။စကတည်းက ယဉ်သကိုကိုး။ပြည်သူပေးတဲ့ေ၇ွးကောက်ပွဲကိုအကုန်ခံပြီး ဘူး ကျပါဆိုတဲ့  စာတမ်း၊စာ၇ွက်တွေကို ဖြန့် ၇တာလည်း မမောနိုင်၇ှာပြန်ဘူး။ နိုင်ငံတော်ကတော့  သူ၇ည်မှန်းချက်ကို အပျက်မခံပဲ ချမှတ်ထားတဲ့  စီမံကိန်း ၊ပေါ်လစီအတိုင်း ပန်းတိုင်ေ၇ာက်အောင်သွားနေတာပါ။
အင်းဒင်းတို့ ၇ည်မှန်းထားတဲ့ ခလုတ်ကန်သင်းဆိုတာ ပြီးတော့ လည်းကြက်ပျောက်ငှက်ပျောက်ပါပဲ။ဒီတော့  ငဘ ဘာစဉ်စားမိသလဲဆို၇င် အော်အလကားသက်သက် အချိန်ကုန်ခံလို့  လက်ထဲကို (၁၀၀၀)တန်ထည့်ပေးပါ၇က်နဲ့  (၉၀)တန် အဟောင်းလေး ကို ဘောင်သွင်းကိုးကွယ်နေလေတော့  အော် ဒုက္ခကလည်းမသေး၇ှာဘူးလို့ တွေးမိသဗျ။ငဘလို ပဲ ဒီဖြစ်၇ပ်လေးပေါ် ဘယ်လိုမြင်သလဲ လို့  NLD ပါတီ ဟောင်းပဲခူးမြို့ က ဦးသိန်းနိုင်ဦးကို မေးကြည့် တော့ ။
အလကားပါဗျာ။သိတိုင်းအတိုင်းပဲ။အထဲမှာလည်း အဆင်မပြေဘူးလေ။ဒါကြောင့် လည်း ကျနော်နှုတ်ထွက်ခဲ့ တာပါ။ကျနော်ထွက်တုန်းက ပဲခူးက ကျနော်အပါအ၀င် (၉)ယောက်ပေါ့။ကျနော်အထင် လူကြီး၊တွေ ဖြစ်ချင်တာနဲ့  လူငယ်တွေ၇ဲ့ လုပ်၇ပ်က ထပ်တူမကျဘူးလို့ မြင်ပါတယ်။ဒါကြောင့် လည်း ဖွဲ့ စည်းပုံကို ကန့် ကွက်ကျပြီးေ၇ွးကောက်ပွဲ မ၀င်ဘူးဖြစ်ကုန်တာပေါ့။ဒေါ်အောင်ဆန်းစုကြည် ၇ှိတုန်းကတော့  သူပြန်အလွတ်ကို အားကိုးပြီး လုပ်နေတာလေ။သူပြန်လွတ်ပေမဲ့ လည်း အဖွဲ့ ချူပ်အနေနဲ့  သိသာတဲ့  လမ်းပေါ်မှာေ၇ာက်မလာပဲ။ဒါကို ဘယ်လိုသိနိုင်သလဲဆို၇င် တလောက ပြည်ထဲေ၇းက ထုတ်ပြန်တဲ့ စာကို ကြည့် ၇င်သိနိုင်တာပဲလေ။ပါတီတခုကို ယုံယုံကြည်ကြည် နဲ့  နှစ်၇ှည်လများလုပ် ခဲ့ ပေမဲ့  ခုပြန်တွေးကြည့် ၇င် အချိန်အများကြီး
အလဟသတ်ကုန်ခဲ့ တယ်ဗျာ အ၇င်က မှန်တယ်ထင်တဲ့ လမ်းကို ခုတော့  အမှားတခုကို ကျူးလွန်မိသလို ခံစား၇တယ် လို့  ပြောခဲ့ တာကို ကြည့် ၇င် ငဘမပြောနဲ့  အ၇ွယ်ေ၇ာက်တဲ့  ကလေးတွေက အစ အကုန်သိလောက်ပြီပေါ့ဗျာ။
ခုလည်း နိုင်ငံတော်က အလုပ်၇ုံဆိုလည်း ဖိတ်၊ဆွေးနွေးပွဲတွေကို တက်ေ၇ာက်ခွင့်တွေပေး။ပြည်ပေ၇ာက်သူတွေကို ပြန်ခေါ် ၊ပြန်ခေါ်တယ်ဆိုတာကလည်း လူစွမ်းအားအ၇င်းအမြစ်အတွက် မဟုတ်လား။ဒီတော့ လည်း အာဆီယံဥက္ကဌ နေ၇ာ၇ဖို့  မျက်နှာ၇အောင်လုပ်တယ်ပေါ့။ေ၇ှ့ တန်းစစ်မြေပြင်က တပ်တွေ၇ုတ်တော့ လည်း ဘာအကြံ၇ှိနေပြီလဲ မသိဘူး။ဆိုလိုတာက ပါးစပ်ပါတဲ့ သူတိုင်းပြောလို့ ၇တာပဲလေ။ခက်တာက နိုင်ငံတော်ကို ဘာလုပ်ပေးလည်းဆို၇င်ထားတော့ ။ခုတော့ ကိုယ်အပြစ်လုပ်လို့ ဒါမှမဟုတ်ကိုယ်ပိုင်စီးပွားေ၇းတွေကြောင့်  ပြည်ပကို ထွက် ။နိုင်ငံေ၇းခိုလှုံခွင့် တွေတောင်း ၊ဒုက္ခသည် နာမည်ခံ ၊၊အင်းပြော၇င်းတောင် ငဘတို့ များ ၇ှက်လိုက်တာ ။အဲဒါကြောင့် ပြောတာ ပေါ့။ယိုသူမ၇ှက် ၊မြင်သူ၇ှက်ဆိုတာ ဒါမျိုးပေါ့။
ခုလည်း နိုင်ငံတော် သမ္မတစတက်ပြီဆိုကတည်းက သမ္မတကြီး ကိုယ်တိုင်ပြောထားသားပဲ။သန့် ၇ှင်းအစိုး၇လေ။ဒါကို သတိမပြုခဲ့ တာလား။သတိမမူခဲ့ တာလား မသိကျပါဘူး။စစ်တပ်ဘက်က အကြီးအကဲတွေသတင်းတွေထွက်လာတော့  ပြောလိုက်ကျတဲ့  ထင်ကြေးတွေ ၊ ဒီ clean goverment ဆိုတဲ့  စကားလုံး ကို မေ့ နေသလားလို့ ပဲ ငဘတွေး မိပြန်တယ်ဗျာ။အဘက်ဘက်က စေတနာနဲ့  သမ္မတ ကြီးကိုယ်တိုင်အလေးထားလုပ်နေပေးသလောက် ဇကောလောက်မှ ဇောက်မနက်တာကိုတော့  ငဘအံသြမိတယ်ဗျာ။စတုတ္ထမဏ္ဍိုင် ဆိုတာကို အလေးပေး၇မယ်လို့ ပြောတော့  ၀မ်းသာလိုက်တဲ့ သူတွေက သူ တော့ နှစ်ယောက် မ၇ှိပြန်ဘူး။လွတ်တော်ကို မီဒီယာတက်ခွင့် ၇မယ် ဆိုတော့ လည်း သူတို့ ပဲ။ ဂျာနယ်တွေမှာ ပြူးလို့  လွတ်တော်တက်ခွင့် ၇မယ်တဲ့ ဆိုလားပဲ ။အင်းပြီးတော့  လည်း သတင်းဂျာနယ် (၃)ခုပဲလာတယ်ဆိုလား။ပြည်သူတွေကို သတင်းချပြမယ်ဆိုတဲ့  ဒီမီဒီယာ ကေ၇ာ တာဝန်ကျေကျပါ၇ဲ့ လားလို့ လမ်းကြုံ၇င် ငဘမေးလိုက်ချင်သပဗျာ။
နောက်ဆုံး ငဘဘယ်လိုဖြစ်စေချင်သလဲဆို၇င် နိုင်ငံတော်ဘက်က ဒီလောက်စေတနာနဲ့ လုပ်ဆောင်နေပါ၇ဲ့  နဲ့  နိုင်ငံအတွက်ဆို ဘာလို့ ပူပေါင်းဆောင်၇ွက်မှု့ ကို ငြင်းနေ၇တာလဲ။ကိုယ်မြင်းကိုစိုင်း စစ်ကိုင်းေ၇ာက်ေ၇ာက်များလုပ်ချင်နေကျလို့ လား။ဘယ်လောက် ပြည်ပ အသံလွင့် ဌာန များအပေါ် ကြည်ဖြူ ခွင့် ပြုပေးခဲ့ သလဲ ဆို၇င် မြန်မာ့ အလင်းသတင်းစာမှာေ၇းထားတဲ့  VOA၊BBC တို့ ကို လည်း ဖြုတ်ပေးခဲ့ တယ်မဟုတ်ပါလား။ဒီလိုဆို၇င်တော့  ဘု၇ားဟောထား၇ှိခဲ့ သလို ၊နယူတန်နိယာမလို တန်ပြန်တက်ေ၇ာက်မှု့  ၇ှိဖို့ တော့  လိုနေပါပြီ။မှန်ကန်တဲ့  သတင်းဌာနလေးတခုအနေနဲ့  သူတို့ ဘယ်ချိန်မှာ ၇ှိနေပေးနိုင်ပါ့ မလဲ ဆိုတာ ငဘတွေ့ မြင်သွားချင်သေးတယ်ဗျာ။
မှတ်ချက် (ဒီလိုမျိုးဖြစ်ခဲ့ ၇င် တောင်းစားတဲ့  ဘုံတော့ ပျောက်လိမ့် မယ် ထင်တယ်:P)
ငဘ
http://shaesaunglungal.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း...
Myanmar Express
မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်လည်း
မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်လည်း .....ဗီဇာတော့ လိုသေးတယ် ပဒိုမန်းငြိမ်းမောင်
http://tabarwamyay.blogspot.com/
မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express
နိုင်ငံ့ဝန်ထမ်းများနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်
w64811
လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။
စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ
သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခု ဖြစ်ပြီ ဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက
သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့် တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို
ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တစ်ကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး ''ဂိုဘယ်''ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။
ဟောရောရှိနဲ့ ဘန်ဇိုင်း
အာရှတိုက်က ဂျပန်ဖက်ဆစ်တွေလည်း အလားတူ အသံလွှင့်ဝါဒဖြန့် လုပ်ငန်းကို ကောင်းကောင်းကြီး အသုံးချခဲ့တာပါပဲ။ ''အာရှတိုက် သာတူညီမျှရေး'' နဲ့ ''မဟာအာရှ ထူထောင်ရေး''ဆိုတဲ့ တိုကျို အသံလွှင့်ဌာနရဲ့ ၀ါဒဖြန့်ချိရေး မှိုင်းလုံးကြီးတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ကြတဲ့ အာရှနိုင်ငံအားလုံး အပေါ်မှာ အများကြီး ရိုက်ခတ်ခဲ့တယ်။ကျွန်တော်တို့ဆီမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့သလဲ ဆိုရင် ပါးရိုက်နားရိုက် အလုပ်ခံနေရတဲ့ကြားကတောင် လက်သီးဆုပ်ကို ဆန့်တန်းပြီး ''နီပွန်ဘိရုမာ ဘန်ဇိုင်း၊ ဘန်ဇိုင်း''လို့ အော်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဂျပန်စကား မတတ်ပေမယ့် မြန်မာလူမျိုးတိုင်း ''ယောရောရှိ'' နဲ့ ''ဘန်ဇိုင်း''တော့ ကောင်းကောင်း ပြောတတ်နေကြတယ်။
ဝန်ကြီးနဲ့ တန်းတူ
စစ်အေးကာလ တစ်လျှောက်လုံးမှာလည်း အရှေ့ဥရောပ နိုင်ငံအားလုံးမှာ သတင်းမီဒီယာလုပ်ငန်းကို ကောင်းကောင်း အသုံးချခဲ့တယ်။ ပရာဗဒါလိုတပ်စ်လို သတင်းစာနဲ့ သတင်းဌာနကြီးတွေရဲ့ အယ်ဒီတာချုပ်တွေဟာ
ဝန်ကြီးတွေလောက်နီးပါး အာဏာ ရှိခဲ့ကြတယ်။ နိုင်ငံခြားကို စေလွှတ်တဲ့ သတင်းထောက်တွေ ဆိုရင်လည်း သံအမတ်ကြီးတွေနဲ့ တန်းတူလောက် သဘောထားကြတယ်။ တချို့ သတင်းထောက်တွေဆို
သံအမတ်ကြီးတွေထက်တောင် သြဇာ ရှိကြတယ်။ စိတ်ချရတဲ့ လက်ရွေးစင်တွေကိုမှ ရွေးပြီး နိုင်ငံခြား သတင်းထောက် အဖြစ် စေလွှတ်တာ ဖြစ်တယ်။ အဲဒါကြောင့် ဒီလူတွေဟာ တော်လည်းတော်ကြတယ်။ နှမြောစရာ
ကောင်းတာက လူတော်တွေရဲ့ အရည်အချင်းတွေ လုပ်ရည်ကိုင်ရည်တွေဟာ ပြည်သူလူထု အတွက် ဖြစ်ရမယ့်အစား သူတို့ပါတီရဲ့ အကျိုးစီးပွား အတွက် သက်သက် အဟောသိကံ ဖြစ်ပြီး ဆုံးရှုံးသွားရတာပဲ။
အစိုးရလုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ် . . .
ပည်သူလူထုမှတစ်ပါး
ဒီမိုကရေစီ နိုင်ငံတွေက သတင်းစာဆရာ စစ်စစ်တွေကတော့ သူတို့ကို သတင်းစာဆရာအဖြစ် သတ်မှတ်လေ့ မရှိကြဘူး။ ၀ါဒါဖြန့်ချိရေး အရာရှိတွေလို့ပဲ သဘောထားကြတယ်။ သတင်းသမား ဆိုတာ ပြည်သူလူထုမှ တစ်ပါး ဘယ်သူ့သစ္စာခံမှ မဖြစ်ရဘူး ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သိပ်အလေးထားကြတယ်။ သတင်းသမားစစ်စစ်ဟာ ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူး။ အစိုးရရဲ့ မျက်နှာကို မကြည့်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ မျက်နှာကိုလည်း မကြည့်ရဘူး။ ဘယ်သူ့ အထောက်အပံ့ကိုမှလည်း မခံယူရဘူး။ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ပါတီ တစ်ဖွဲ့တစ်စည်းရဲ့ အထောက်အပံ့ကို ရယူ လက်ခံမိရင် ဘယ်နည်းနဲ့မှ ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား မဖြစ်နိုင်တော့ဘူး။ ထောက်ပံ့ ကူညီတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့ မျက်နှာကို ငဲ့ကြည့်ရတော့မှာ အသေအချာ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြတယ်။
တန်ဖိုးထားလေးစား
ဒီလို ကျင့်ဝတ်တွေကို လိုက်နာ စောင့်ထိန်းတဲ့ သတင်းမီဒီယာတွေ ဆိုရင် စာဖတ်ပရိသတ် ပြည်သူလူထုကသာ မဟုတ်ဘူး အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကလည်း တန်ဖိုးထား လေးစားကြတယ်။ ထိုက်တန်တဲ့နေရာကို
ပေးကြတယ်။ ရှေးက နယူး ယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်တို့လို သတင်းစာတွေနဲ့ တိုင်းမ်မဂ္ဂဇင်းလို သတင်းမဂ္ဂဇင်းကြီးတွေက အယ်ဒီတာတွေ သတင်းထောက်တွေ မော်စကို သွားရင် ကရင်မလင်က ခေါင်းဆောင်ကြီးတွေ
ကိုယ်တိုင်က လက်ခံ တွေ့ဆုံလေ့ ရှိတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က ကျင်းပတဲ့ အလုပ်သမား ညီလာခံ တောင်သူလယ်သမားညီလာခံ ဆိုတဲ့ ညီလာခံကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းလို၊ ဆရာဇ၀နလို၊ ဆရာလူထုဦးလှလို အယ်ဒီတာကြီးတွေကို ရှေ့ဆုံးတန်း ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးပြီး ထိုင်စေတာ ဖြစ်တယ်။
သီလ၊သမာဓိ၊ သိက္ခာရှိရှိ
အခု အစိုးရ လက်ထက်မှာလည်း သမ္မတသစ် ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းမှာတောင် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါပုံကို အသိအမှတ်ပြု တန်ဖိုးထားပြီး ပြောကြားသွားခဲ့တယ်။ နောက်ပြောကြားတဲ့ မိန့်ခွန်းတိုင်းမှာလည်း စတုတ္ထမဏ္ဍိုင် အကြောင်း အမြဲလိုလို ပါခဲ့တယ်။ အစိုးရကိုယ်တိုင်က အခုလို အလေးအနက်ထား ပြောကြားနေချိန်မှာ သတင်းမီဒီယာသမားများ ဘက်ကလည်း သီလ၊ သမာဓိ၊ သိက္ခာရှိရှိနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီးတွေလို သတင်းသမား ဒီနေ့ ဘယ်နှယောက်များ ရှိသလဲသို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ကြဖို့ လိုတယ်။ အနာပေါ်တုတ်ကျ ဖြစ်ကြရင်လည်း မတတ်နိုင်ဘူး။ မှန်တဲ့အတိုင်း ပြောရမယ် ဆိုရင် လက်ချိုး ရေကြည့်တဲ့အခါမှာ လက်တစ်ဖက်တောင် ပြည့်အောင် မရှိပါဘူးလို့ပဲ ပြောလိုက်ပါရစေ။
ဒါလောက်မညံ့ဘူး
အစိုးရက အသိအမှတ်ပြု နေရာပေးတယ် ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်အောင်တော့ ကြိုးစားရမှာ ဖြစ်တယ်။ အစိုးရ လုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့ သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီနေ့ အစိုးရက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ကောင်းတယ်။ ဒါကြောင့် ကောင်းတယ်လို့ ပြောရဲရမယ် ရေးရဲရမယ်။ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်ကြီးတွေ ကိစ္စကို ပြန်လည် သုံးသပ်လေ့လာနေပါတယ်လို့ ပြောတာ ကောင်းတယ်။ ကောင်းတယ်လို့ ထောက်ခံရဲရမယ်။ သမ္မတဦးသိန်း စိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာဟာ အင်မတန် ကောင်းတယ်။ ထောက်ခံကြိုဆိုရမယ်။ အထူးသဖြင့် ဗိုလ်ချုပ်ဓာတ်ပုံ ချိန်ဆွဲထားတဲ့ နေရာမှာ ဓာတ်ပုံတွဲ ရိုက်ပြီး တိုင်းပြည်က သိအောင်ပြလိုက်တာဟာ အစိုးရအနေနဲ့ ချစ်ကြည်ရင်းနှီးလိုစိတ် ရှိကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ၀မ်းသာအားရ ကြိုဆို ထောက်ခံရမယ်။
မကြောက်မရွံ့ထောက်ပြ
အလားတူပဲ မသင့်လျော်ဘူးလို့ ထင်မြင် ယူဆစရာများ ရှိရင်လည်း မကြောက်မရွံ့ ထောက်ပြရမှာ ဖြစ်တယ်။ ဥပမာ စက်မှု(၁)က မော်တော်ကားရောင်းတဲ့ကိစ္စမျိုး ဆိုပါတော့။ လောလောဆယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရောင်းပေးတယ်။ နောက်ကျရင် တတ်သိ ပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမားတွေကို ရောင်းပေးမယ် ဆိုတဲ့ ကိစ္စမျိုးဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ အခွင့်ထူးခံ လူတန်းစား မရှိစေရဘူး ဆိုတဲ့ သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ဆန့်ကျင်နေတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့လည်း ဖီလာ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားဆိုတာ လုံးဝ မရှိရဘူး။ စာရေးဆရာမို့ စာနယ်ဇင်းသမားမို့ သာမန် ပြည်သူတွေထက် ပိုပြီး အခွင့်အရေး မယူသင့်ဘူး ဆိုတာကို ထောက်ပြရမယ်။
ဘယ်မှမသွားသူတွေ ပြန်လာစေသင့်
ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ အားလုံးကို ရှင်းလင်း ဖယ်ရှားပစ်နေချိန်မှာ မီဒီယာကော်နာဆိုတဲ့ ဆိုင်ကြီးတွေက ထီးထီး ကျန်ရှိနေတာက မတင့်တယ်ဘူး။ အခွင့်ထူးခံတွေလို ဖြစ်နေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်သွားသူတွေကို ပြန်လာခွင့် ပြုမယ်လို့ ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ် ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာ ဆိုတာကိုလည်း ရေးရဲရမယ်။
ဝန်ထမ်းကြီးငယ်များပါ
နောက်ဆုံး ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသားခွင့် ဆိုတာက ရိုးရိုး အရပ်သူ၊ အရပ်သားများသာ ခံစားခွင့်ရှိတာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေထဲမှာ ပါဝင်နေတဲ့ အရာထမ်း
အမှုထမ်းတွေမှာလည်း ခံစားခွင့်ရှိကြောင်း ၀န်ထမ်းကြီး ၀န်ထမ်းငယ် အားလုံး သိရှိအောင် လုပ်ပေးဖို့ လိုကြောင်း ထောက်ပြသင့်တယ်။ ရပ်ကွက်တစ်ခုမှာ လူသတ်မှု၊ ဒါမှမဟုတ် လုယက်မှု ဖြစ်တယ် ဆိုရင် ရပ်ကွက်မှာ
တာဝန်ယူထားရတဲ့ ရဲစခန်းကို သတင်းထောက်က သွားမေးလိမ့်မယ်။ အဲဒီအခါ ရဲစခန်းက တာဝန်ရှိသူ ဘယ်သူမဆို ဖြစ်စဉ်အတိုင်း ဒါမှမဟုတ် ''ပထမ သတင်းပေး တိုင်ကြားချက်(FIR)မှာ ရေးမှတ်ထားတဲ့ အတိုင်း
ပြောခွင့်ပေးထားလိုက်ရင် အထက်ဆင့်တွေထိ မလိုအပ်ဘဲ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့။
အလေ့အကျင့်လုပ်
အလားတူပဲ ရပ်ကွက်ထဲက မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာ မီးသတ်ဌာနက တာဝန်ရှိသူက ဖြေလိုက်ပေါ့။ ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ၀န်ထမ်းတိုင်း သူတို့ရဲ့ ၀တ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ၀န်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ်လို့ ထောက်ပြ လိုက်ရပါတယ်။
လူထုစိန်ဝင်း
ဘူး ရောင်းစားနေတဲ့ အတိုက်အခံများ
ကျွန်တော်တို့ မြန်မာစကားပုံမှာ ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ ဆိုတဲ့ စကားပုံတခုရှိတယ်ဗျာ။အဲဒီစကားပုံ ရဲ့ အဓိပ္မါယ်ကတော့ကိုနဲ့ မတန်ရာမတန်ရာ မဝတ်ရဘူး ၊ မစားရဘူး ပေါ့ဗျာ။ရှင်းရှင်းပြောရရင်တော့ ကိုနဲ့မတန်ရာမတန်ရာမလုပ်နဲ့ပေါ့ဗျာ။သူများဘာပြောပြော ငြင်းနေတဲ့ ဘူး မဟုတ်ပါဘူး။
အခုပဲကြည့်လေ လွှတ်တော်မှာ သတင်းမီဒီယာသမားတွေ ဝင်ခွင့်မပေးတုန်းကတော့ တခါးပိတ်လွှတ်တော် ၊ ၁၅ မိနစ်လွှတ်တော် ၊ တပ်မတော်သားအမတ်တွေက ကျောက်ရုပ်တွေပါတဲ့ ။ အခုလ ၂၂ ရက်နေ့ကကျင်းပတဲ့ လွှတ်တော်မှာကြည့်ကြပါ သတင်းမီဒီယာသမားတွေ တက်ရောက်ခွင့်ပြုလိုက်ပါတယ် ။ ပထမနေ့တော့ သတင်းသမား ၁၀၀ လောက်ရှိတယ်ဆိုတော့ မဆိုးဘူးပေါ့ဗျာ ။ ဒုတိယနေ့ကျတော့ ၃ ပုံ ၁ ပုံလောက်ပဲရှိတော့တယ် ။တတိယနေ့ရောက်တော့ သတင်းမီဒီယာ ၃ ခုသာကျန်တော့ပါတယ် ။
ကဲ မတက်ရတော့ မတက်ရလို့ဆိုပြီး ပြည်ပကတဖုံ ၊ ပြည်တွင်းကတမျိုးအော်ကျတယ် ၊ လွတ်လပ်ခွင့်မရှိဘူးပေါ့ဗျာ။အခုတရားဝင်တက်ခိုင်းပြန်တော့လဲ မတက်ကျပြန်ဘူး။အခုကျသူတို့က မသိချင်ယောင်ဆောင်နေကျပြန်ရော။သေချာတာတခုကတော့ အစိုးရကဘယ်လိုကောင်းအောင်လုပ်လုပ် သူတို့ကတောပာနေမှာပါပဲ။
လွှတ်တော်မှာ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်များဆက်လက်ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို တင်သွင်းသွားခဲ့ပါတယ်။ထိုအဆိုကိုတင်သွင်းခဲ့ချိန်မှာ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦးတို့ကထောက်ခံဆွေးနွေးခဲ့ကြတာပေါ့။ ဒါ့အပြင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
အဲ့ ဒီသတင်းကို ကြားချိန်မှာတော့ လွှတ်တော်အမတ်အများစုအနိုင်ရထားသော ပြည်ခိုင်ဖြိုးပါတီ နှင့် ၂၅%သောတပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဘာလုပ်လုပ်ကန့်ကွက်နေမှာပါ ဘာမှအလုပ်ဖြစ်မယ့်လွှတ်တော်မဟုတ်ပါဘူး ဆိုသူများပင် အံ့အားသင့်သွားခဲ့ရပါတယ်။တစ်တိုင်းတစ်ပြည်လုံး အကျဉ်းကျ ခံနေရသူများနှင့်ဆွေမျိုးသားချင်းများ ၀မ်းမြောက်ကြရမည့်သတင်းကြီးအပါအ၀င် တိုင်းပြည်အတွက် အရေးပါလှသော သတင်းများကို ယူတဲ့သတင်းသမားကတော့ တကယ့်ကိုနည်းပါးလွန်းလှပါတယ်ဗျာ ။
ကျောက်ရုပ်တွေပါဆိုတဲ့ တပ်မတော်သားအမတ်တွေက ထောက်ခံခဲ့ချိန်မှာရောသူတို့ဘာပြောကြသလဲ ဆိုတော့ အလကားပါကွာ ၊ တမင် လူထုကိုလှည့်စားနေတာပါတဲ့ ။ဖြစ်ကြပြန်ပြီဗျာ... မလုပ်တော့လဲ မလုပ်လို့ ၊ မပြောတော့လဲ မပြောလို့ ၊ ပြောတော့လဲပြောပြန်ပြီ ၊ လုပ်တော့လဲ လုပ်ကြပြန်ပြီတဲ့ ။
ကျွန်တော်အမြင်ကို ပြောရမယ်ဆိုရင်တော့သားအဖသုံးယောက်နဲ့မြည်း ပုံပြင်လိုပဲ ဘာလုပ်လုပ်ပြောနေမဲ့ ပတ်ဝန်းကျင်က သူတို့ပဲပေါ့။
မပြောလို့လဲ မရဘူးလေ သူတို့က အစိုးရဘာလုပ်မကောင်းဘူး ၊ မဟုတ်ဘူးဆိုတဲ့ ဘူး တွေပြောမှ သူတို့ကို အလကားခေါ်တင်ကျွေးမွေးထားတဲ့သူတွေက ကြည် မှာကိုးဗျ။အဲဒီတော့ သေသေချာချာစဉ်းစားကြည့်ရင် သူတို့မှာ ဘာအလုပ်မှ မရှိကြဘူးလေဗျာ..။အစိုးရဘာလုပ်လုပ် ဘူး ပြောမယ်ဆိုတဲ့ အလုပ်ပဲရှိတယ်။အဲလိုပြောမှလဲ သူတို့ညာလိမ်စား လို့ကောင်းမှာပေါ့ဗျာ။
အဲတော့ ကျွန်တော်ကတော့ သူတို့ကို ဘူး ရောင်းစားနေတဲ့ အတိုက်အခံများ လို့ပဲမြင်
မိတော့တယ်ဗျာ .............။
သူရိယကိုကို
http://shaesaunglungal.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express
တိုင်းရင်းသားရင်ကြားစေ့ရေး မပူပါနဲ့ မောင်နှမတွေ ရင်ကြားစေ့အောင် လုပ်ပါအုံး အန်တီစု
အတိုက်အခံတွေရဲ့ အားကိုးရာ အမေစုခေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး တို့ရဲ့ အိမ်မြေပိုင်ဆိုင်တဲ့ အမှုနဲ့ပတ်သက်ပြီး တရားရုံးတော်မှာ မကြာခင်မှာ အမိန့်ချတော့မှာ ဖြစ်ပါတယ်။ ဒေါ်စု တစ်ယောက် ယခင်တပ်မတော် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပိုင်း ဒုတိယပင်လုံညီလာခံ ဆိုပြီး တိုင်းရင်းသားတွေ အားလုံးရင်ကြားစေ့ ပူးပေါင်း ဆောင်ရွက်ဖို့ တကြော်ကြော် အော်ခဲ့တာ သိကြမှာပါ။
အခု ဒီလို တရားရုံးမှာ မောင်နှမနှစ်ယောက် အမွေကိစ္စအတွက် မောင်နှမတွေပီပီ ရင်ကြားမစေ့နိုင်၊မစည်းလုံး မချစ်ခင်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် တိုင်ကြား တရားစွဲဆိုကြတဲ့ သတင်းတွေကြားရတော့ တိုင်းရင်းသားတွေအားလုံး ရင်ကြားစေ့ ဖို့ ဒုတိယပင်လုံညီလာခံ လုပ်ပြီး ကြိုးပမ်းမယ်လို့ ဒေါ်စု တစ်ယောက် ပြည်တွင်း ပြည်ပ မီဒီယာတွေ အပေါ် တက်အော်ခဲ့တာကို ပြန်မြင်ပြီး ရယ်ချင်မိပါတယ်။ မောင်နှမနှစ်ယောက်တောင် အချင်းချင်း မညီညွတ် မစည်းလုံးနိုင်ဘဲ ကျန်တဲ့သူတွေ စည်းလုံးကြဖို့ဒေါ်စုက ဘယ်လိုများဆောင်ရွက်ပေးနိုင်မှာလဲ။ အရာရာကို အုပ်စိုးချယ်လှယ်ချင်တဲ့ ပြည်ပနိုင်ငံက ငြိမ်းချမ်းရေးနိုဗယ်ဆုကြီး ပေးအပ် ချီးမြှင့်တာခံရတဲ့ ဒေါ်စုတစ်ယောက် ဘာငြိမ်းရေးတွေ လုပ်လို့ အဲဆုတွေရခဲ့တယ် မသိပေမဲ့လောလောဆယ်မှာတော့ မောင်နှမနှစ်ယောက်ကြားတောင် ငြိမ်းချမ်းအောင် မလုပ်နိုင်တာ ဒီအမှုကိစ္စက ပြောပြနေသလိုပါပဲ။ ဒီလို မောင်နှမနှစ်ယောက်ကြားမှာ တောင် မပြေမလည် ဖြစ်နေတာ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးဆိုပြီး ဘယ်လို စွမ်းဆောင်ရည်နဲ့လုပ်ဆောင်မှာပါလဲ။တကယ်တမ်းတော့ ကျွန်တော်တို့တိုင်းရင်းသား ညီအစ်ကိုတွေကြားမှာ စည်းလုံးညီညွတ်မှု ဆိုတာ ယခင်တည်းက ရှိပြီးသားပါ။ အကြောင်းအမျိုးမျိုးကြောင့် မပြေလည်နိုင်တဲ့ အနည်းစုတိုင်းရင်းသားတွေနဲ့ လည်း ပြေလည်အောင် လက်ရှိ သမ္မတကြီးဦးဆောင်တဲ့ နိုင်ငံတော်အစိုးရကလည်း ကြိုးပမ်း ဆောင်ရွက်နေတာကိုသိကြမှာပါ။ အဲအတွက်တိုင်းရင်းသားတွေအရေးဒေါ်စုတစ်ယောက် စိုးရိမ် ပူပန်နေစရာမလိုပါဘူး။ ဒေါ်စု စိုးရိမ်ပူပန်ရမှာက အမှုကို တရားရုံးက ဘယ်လို အမိန့်ချမလဲဆိုတာပါပဲ။အမှုပြီးဆုံးတဲ့ အခါမှာလည်း ဘယ်သူပဲနိုင်သည်ဖြစ်စေ ရှုံးသည် ဖြစ်စေ မောင်နှမနှစ်ယောက်ကြား အမျက်ရှစရာ ရန်ငြိုးဒေါသမရှိဘဲ စည်းစည်းလုံးလုံး ရှိဖို့ မောင်နှမရင်ကြားစေ့ရေးကို လုပ်ဆောင်ရမှာပါ။ ဒါကြောင့်မို့ တိုင်းရင်းသားရင်ကြား စေ့ရေး မပူပါနဲ့ မောင်နှမတွေရင်ကြားစေ့အောင် လုပ်ပါအုံး အန်တီစုရေလို့ ရွှေမြန်မာ ကနေ တိုက်တွန်းလိုက်ချင်ပါတယ်။
ငယ်စဉ်အခါက မောင်နှမများချစ်ချစ်ခင်ခင်
http://goldenmyanmarnews.blogspot.com/
မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express
စည်းလုံး ရိုင်းပင်းကြဖို့ ဒေါ်စု ပြောသော်လည်း ပြည်ပရောက်မြန်မာများ အချင်းချင်းယုတ်မာနေကြဆဲ
လူထုခေါင်းဆောင် ခေါ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် အိပ်ဖွင့်ပေးစာ ပေးပြီး ၅ ရက်အကြာမှာ KIA က လက်နက်ငယ်များနဲ့ လူ ၇ ယောက်ကို ပစ်သက်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စစဉ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို KIA ကေ-ာက်ပေါကြီးဖြစ်အောင်လုပ်နေတယ် လို့ ဝေဖန်သူတွေအများအပြားရှိခဲ့ပါတယ်။ ဝေဖန်သူတွေထဲမှာ ပြည်ပရောက်မြန်မာတွေက အများဆုံးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ပရောက်မြန်မာတွေအတွက် အချင်းချင်းစည်းလုံးကြဖို့၊ ရိုင်းပင်းကြဖို့ အမြဲပြောဆိုတတ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်လိုပြောတတ်ပါတယ်။ ဒါပေမယ့်လည်း ပြည်ပရောက်မြန်မာတွေကလည်း KIA လိုပဲ ဒေါ်အောင်ဆန်းစုကြည်စကားကိုနားမထောင်ပဲေ-ာက်ပေါလုပ်တတ်ကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား ချစ်ကြည်ရင်းနီးဖို့ပြောပြီးမှ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ ရန်ဖြစ်နေပြန်၊ အပြန်အလှန်တရားစွဲဆိုနေပြန်တော့ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုသလို ဖြစ်နေပါတယ်။ အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို ယူထားပြီး မြန်မာနိုင်ငံမှာ အနှစ် ၃၀ ကျော် မနေခဲ့တော့ ယနေ့နောက်လူတွေကို ”စောင့်လေမျိုးနွယ်” ဆိုတဲ့အတိုင်း အမျိုးဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ မဆုံးမနိုင်သလို၊ နိုင်ငံအတွက် အလုပ်အကျွေးပြုဖို့ ပြန်လာရန်မပြောနိုင်ပြန်ပါဘူး။ မြန်မာအချင်းချင်း စည်းလုံးကြဖို့သာ ပြောနိုင်ပေမယ့်လည်း အပြောပဲအဖတ်တင်ပါတယ်။ လောလောဆယ် အဖွဲ့ပေါင်းများစွာကွဲနေတဲ့ အတိုက်အခံ အဖွဲ့တွေတောင် အချင်းချင်းမတည့်ကြပြန်ပါဘူး။
အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေတင်ပြီး အမေစု အမေစု အမြဲခေါ်တဲ့ သားများ သမီးများက အင်တာနက်ပေါ်မှာ ရည်းစားတွေထားကြ၊ အပြင်ထိ လိုက်တွေ့ကြ၊ အင်တာနက်ပေါ်မှာ ပြချင်တာပြကြ၊ အပြင်ထိလိုက်ပြီး အတူနေကြ လုပ်နေကြတဲ့အပြင် မိန်းခလေးများကလည်း အရှက်မရှိ ပြောင်ပြောင်တင်းတင်းလုပ်နေကြသလို ယောက်ျားလေးများကလည်း ပြောင်ပြောင်တင်းတင်း ယုတ်မာနေကြပါတယ်။
မေစုကိုသိပ်ချစ်တဲ့ သမီးလေး မေကိုလတ် ရုရှားမှ စစ်ဗိုလ်များထံတွင် အတူသွားအိပ်စဉ်က
မဗေဒါ ရဲ့သမီး၊ မငယ်နိုင်ရဲ့ မွေးစားသမီးလေး ဒီဇင်ဘာ တစ်ယောက် ရုရှားက စစ်ဗိုလ်လေးတွေဆီင်္မှ အပြန် နောက်တစ်ယောက်နဲ့ ဒီမိုကရေစီဖော်ဆောင်နေစဉ်
ဒီမိုကရေစီဘက်တော်သားတွေဟာ အထူးသဖြင့် လိင်မှုကိစ္စတွေမှာ အမြဲ ရှုတ်နေတတ်ကြပါတယ်။ မဗေဒါ (ခေါ်) မအေးအေးခိုင် ဆိုရင်လည်း ဦးတင်စိုး နဲ့ ဦးစိန်ဝင်း ဆိုပြီး ယောက်ျားနှစ်ယောက်၊ မငယ်နိုင်ဆိုရင်လည်း ဦးကျော်နိုင်အပြင် မိုးသွေးငယ်နဲ့ နောက်မီးလင်းပြန် ၊ RFA က အင်ကြင်းနိုင်ဆိုရင်လည်း VOA က သားညွန့်ဦးအပြင် စိုင်းသိန်းဝင်း နဲ့ မောင်တွေ မ တွေ ဖြစ်ရ၊ RFA က မဆုမွန်ဆိုရင်လည်း ဘုန်းကြီးကိုတောင် အလွတ်မပေးပဲ အွန်လိုင်းမှာ ရည်းစားလုပ်နဲ့ ဒီ ကာမဂုဏ်လေးအတွက်နဲ့ အလုပ်များကာ သတင်းဆိုးနဲ့ ကျော်ကြားနေကြပါတယ်။
အခုနောက်ဆုံး စင်္ကာပူကပေးစာ တစ်စောင်ကို ပြပါအုံးမယ်။ စင်္ကာပူက မိန်းကလေး တစ်ယောက်က မြန်မာအချင်းချင်း အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ခံရတော့မယ့် အခြေအနေမှ လွတ်မြောက်လာကာ စင်္ကာပူက မြန်မာအမျိုးသားများရဲ့ အကျင့်ယုတ်မာပုံကို ပြောထားပါတယ်။ စင်္ကာပူမှာ ဒီလိုကိစ္စတွေ အမြဲလိုလိုဖြစ်နေတတ်ပါတယ်။ စင်္ကာပူက မြန်မယ ယောင်္ကျားလေးများက နိုင်ငံခြားယောက်မြန်မာ ယောင်္ကျားလေး များထဲမှာ မလေးရှားပြီးရင် စည်းကမ်းမရှိဆုံးလို့ ပြောလို့ရပါတယ်။ စင်္ကာပူက မြန်မ ယောင်္ကျားလေး တစ်ယောက်က အတူနေပြီးမှ လက်မထပ်လို့ ဆိုပြီး တိုက်ပေါ်မှ ခုန်ချခဲ့ရတဲ့ မြန်မာအမျိုးသမီးတစ်ဦး စင်္ကာပူမှာ ရှိခဲ့ဖူးပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ရေသိုလှောင်ရေး ကန်တွေကြားမှာလဲ မြန်မာတွေ လိင်ဆက်ဆံကြလို့ စင်္ကာပူအာဏာပိုင်တွေဆီကို အရေးယူဖို့ ဒေသခံတွေက တိုင်ကြားခဲ့ဖူးပါတယ်။
စင်္ကာပူက မြန်မာအမျိုးသမီးအများစုကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ အဝတ်အစားတွေကို အမြဲဝတ်တတ်ကြပြီး စကားပြောရင်လည်း တရှစ်ရှစ် (shit) တဖက်ဖက် (fuck) နဲ့ ပါးစပ်က မချတတ်ကြပါဘူး။ ယောက်ျားလေးများနဲ့ ပြောင်ပြောင် တင်းတင်းလက်မထပ်ပဲ အတူနေကြတဲ့အပြင် ညအချိန်မှာ ကလပ်တွေသွားတာ၊ ဖဲရိုက်ကြတာ၊ ဘီယာ အရက် သောက်ကြတာတွေကို လူ့အခွင့်အရေးအပြည့်အဝ ရသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ သောက်စား ပျော်ပါးတတ်ကြပါတယ်။
ဒီစာကတော့ စင်္ကာပူောက် အမျိုးသမီး တစ်ယောက်ရဲ့ ရင်ဖွင့်စာပါ။
" ဇော်ဇော်အောင် ကျမ chat box ထဲကို ပို့ လာတဲ့ စာပါရှင် .။ မိန်းခလေးတို့ ရေ..သူပြောသလိုပဲ စလုံးမှာ ရှိတဲ့ မိန်းကလေးတွေဟာ သူလူပျိုပါလို့ လိမ်လည်လှည့်ဖျားတာခံရလောက်အောင် မအပါဘူးဆိုတာ ကျမအတွေ့ အကြုံနဲ့ ဆိုရင်မှန်နိုင်ပါတယ်.။ ကျမ မအခဲ့လို့ ၊ သူ့ စိတ်ဓာတ် မကောင်းမှန်းသိလို့ ၊ သူမြူဆွယ်ဖျားယောင်းပီး မူးယစ်စေတဲ့ ဘီယာအရက်လိုမျိုးတွေကို မသောက်ခဲ့လို့  သူ့ စော်ကားတာ မခံခဲ့ရတာပါ.။ ကျမသူနဲ့ သာမာန်ပဲ သိတာပါ..။ အဲ့ဒီလို စင်ကပူ ရောက်ခါစ မိန်းကလေးတယောက်ကို ညီမလေး ညီမလေး နဲ့ အတင်းဆက်သွယ်ပီး တညကျတော့ သူ့ ဆိုင်ကို လိုက်ပြမယ်ဆိုပီး အိမ်ကို လာခေါ်ပါတယ်..။ သူ့ ကို ကျမမိန်းမရှိမှန်းမသိခင်တဲက ရွံရှာစက်ဆုပ်ပါတယ်.။ အဲ့ဒါကြောင့် သူကျမကို ခြေတော်တင်ဘို့ ကြံစည် ကြိုးပမ်းနေမှန်း သိလို့  သူ့ အကြံအစည်မှန်သမျှကိုလဲ သိချင်လို့ တမင်လိုက်သွားလိုက်ပါတယ်.။ လမ်းမှာ သူတိုက်သမျှ ဘယ်အရာမှ မသောက်ပါဘူး.။ ပထမဦးဆုံး လမ်းလျှောက်ရအောင်လို့ ပြောပီးခေါ်တဲ့ သူက ကလပ် ( Club ) ကို အတင်း ခေါ်ဘို့ ကြိုးစားပါတယ်.။ ကျမမလိုက်ပါဘူး.။ နောက်တော့ သူက ကျမကို သူ့ ဆိုင်ကို ခေါ်ပါတယ်.။ ကျမသူ့ ဆိုင်နားရောက်တဲ့ အချိန်မှာ သူ့ ဆိုင်ရှေ့ကဆိုင်မှာ လူတွေရှိနေတာကိုလဲ ကျမလုံခြုံရေးအရ ကြိုတင် အကဲခတ်ထားခဲ့ပါတယ်..။ သတင်းစာတွေကပ်ထားပီး မီးပိတ်ထားတဲ့ အခန်းကို " ညီမလေး ခဏဝင်နားပါလား " ဆိုပီး အတင်းခေါ်ပါတယ်..။ ကျမအေးဆေးစွာ ငြင်းပယ်ပါတယ်.။ မရပါဘူး..။ နောက်ဆုံး အတင်းခေါ်တော့ ကျမ သူ့ ကို ပိုးစိုးပက်စက် ပြောပီး ပြန်လာခဲ့ပါတယ်.။ သူနဲ့ မပတ်သတ်ချင်လို့ သူ့ ကို ကျမဆီကို ဖုန်းဆက်သွယ်ခြင်း မပြုလုပ်ဘို့ ပြောတဲ့ အချိန်မှာ သူ့ မိန်းမ ဖုန်းကိုင်လို့  သူ့ မိန်းမ နဲ့တောင် စကားပြောခဲ့ရပါသေးတယ်။ သူ့ မိန်းမကလဲ သူမိန်းကလေးမှန်သမျှကို ခြေတော်တင်နေမှန်းသိပါတယ်.။ သူ့ မိန်းမက ဒီမုဒိန်းကောင်ရဲ့ ယုတ်မာတဲ့ အကျင့်တွေကို ပြောင်းလဲလို့ မရခဲ့ပါဘူး..။ သူ့မိန်းမကိုယ်တိုင် ကျမကိုပြောပါတယ်.။ သူ့ ကြောင့် ဗိုက်ကြီးသွားတဲ့ မိန်းကလေးတွေ အများကြီးဆိုတဲ့ အကြောင်း ၊ ဖခင်မပေါ်ဘဲ မွေးလိုက်ရတဲ့ ကလေးတွေလဲ ရှိကြောင်း ပြောပြပါတယ်..။ သူ့ မိန်းမက အေးဆေးသိမ်မွေ့ ပါတယ်.။
နောက်ပိုင်းထပ် သိရတာက သူကမိန်းကလေးတွေ ၊ အပျို ၊ အအို မရွေး ခြေတော်တင်နေတယ်ဆိုတာပါဘဲ.။ ကျမနဲ့ သိတဲ့ အိမ်ထောင်ရှိတဲ့ အမတောင် သူခြေတော်တင်ခဲ့ပါသေးတယ်.။ အဲ့ဒီလိုပဲ ဘီယာတိုက်ပီးတော့မူးနေတဲ့ အချိန်မှာပါ။
ကျမပြောချင်တာက သူက မိန်းကလေးတွေကို အလိုမတူရင် ဘာမှလုပ်မရဘူးဆိုပေမဲ့ သူက အရက်ကဲ့ သို့ သော မူးယစ်စေတတ်တဲ့ အရာတွေကို သူငယ်ချင်း မိတ်ဆွေလိုမျိုး အရင်တိုက်တာပါ.။ စင်ကပူမှာ ရှိနေတဲ့ မိန်းကလေးတွေကလဲ ဘီယာလောက်ကို သောက်ဘို့ သိပ်ဝန်မလေးကြပါဘူး.။ အဲ့ဒီမှာ သူက စပီး ဘီယာ တခွက်လောက်တိုက်ပီးမှ နောက်ထပ် ဆက်ခါ ဆက်ခါ တိုက်ပီး ခြေတော်တင်တာပါ..။ မိန်းကလေးတွေက စော်ကားခံလိုက်ရပေမဲ့ သူ့ ကို လူပျိုဆိုပီး တခြားနိုင်ငံမှာ ဘာမှ မလုပ်တတ်လို့ သည်းခံလိုက်ကြတယ်.။ ဒါပေမဲ့ သူက အိမ်ထောင်ရှိမှန်းလဲ သိရော တော်တော်စိတ်မကောင်းဖြစ်ကြမယ်ဆိုတာ ကျမကဲ့သို့ သူ့ ထောင်ခြောက်ကို ဝင်မသွားခဲ့တဲ့သူတောင် စာနာ နားလည်နိုင်ပါတယ်.။
ဒါ့ကြောင့် မိန်းကလေးများ သတိပြုဆင်ခြင်ကြပါ.။ အဲ့ဒီလို မုဒိန်းကောင်ကို တတ်နိုင်သမျှ ရှောင်ရှားကြပါလို့  သတိပေးနိုးစော်ချင်ပါတယ်။ သူ့ ဆိုင်က printing and internet ဆိုင်မို့ လို့  ဝင်ထွက်သွားလာနေကြတဲ့ မိန်းကလေးများလဲ သတိထားကြပါလို့ . ။ သူပြောသလိုပဲ သူ့ ပတ်ဝန်းကျင်မှာ သူ့ အကြောင်း မေးလို့ ရတယ်လို့ ပြောထားတဲ့ အတွက် ကျမကလဲ ပြန်ပြောချင်ပါတယ်။ သူ့ ပတ်ဝန်းကျင်မပြောနဲ့ ပင်နီစူလာ ရောက်လို့ အောက်ထပ်မှာမေးလိုက်ရင်တောင် အပျို အအိုမရွေး ခြေတော်တင်တဲ့ သူ့ အကြောင်းကို ပြောပြကြပါလိမ့်မယ်.။
မိန်းကလေးများ ခံလိုက်ရမှာစိုးလို့  သတိပေးတာပါ.။"
မိန်းခလေးရဲ့ သိက္ခာအတွက် အမည်မဖော်ပြပေးနိုင်တာကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။ နိုင်ငံခြားရောက်မြန်မာများအားလုံး ဆွေဂုဏ်မျိုးဂုဏ်စောင့်ထိန်းနိုင်ပြီး၊ မြန်မာ့ယဉ်ကျေးမှုအတိုင်း ဝတ်စားဆင်ရင် နေထိုင်ပြောဆိုကာ၊ အချင်းချင်း လူလည်ကျ ဖျံကြနေတာတွေ ရှောင်ရှားနိုင်ကြပါစေ....။
ဘာလဲဟဲ့ စတုတ္ထမဏ္ဍိုင်
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင်မူ ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် ကန့်သက်ခဲ့ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် မရခဲ့တုန်းက မကျေမနပ် ဖြစ်ကြက သတင်းယူလိုဇောဖြင့် အဆိုပါလွှတ်တော်များကို တရားမျှတမှုမရှိသောလွှတ်တော် ၊ ၁၅ မိနစ်လွှတ်တော် ၊ တံခါးပိတ်လွှတ်တော် စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဆိုသလို အမည်တပ်ကာ ကန့်ကွက်ခဲ့ကြပါတယ်။
ဒီအထဲမှာ နာမည်ကျော်ပြည်ပမီဒီယာ များနှင့် မြန်မာ အတိုက်အခံဆိုသူများ၏ အသံက အကျယ်လောင်ဆုံး အစူးရှဆုံး ဖြစ်ခဲ့သည် ။ ပြည်တွင်းမီဒီယာများက အကြောင်းကြောင်းကိုထောက်၍ ပေါ်ပေါ်တင်တင် မဟုတ်သော်လည်း မချိတင်ကဲ ရေးသားဖေါ်ပြမှု များ ပြုလုပ်ခဲ့ကြပါတယ်။ တချို့ ဆိုရင် သေမလိုလိုတောင် ဖြစ်ခဲ့ကြပါသေးတယ်။
ယခုလ ၂၂ ရက်နေ့ပမှစတင်ကျင်းပသော ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် များနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များအား သတင်းတက်ရောက်ယူခွင့် ပြုခဲ့ရာ ပထမနေ့တွင် နိုင်ငံပိုင် မီဒီယာများမှ သတင်းထောက်များအပါဝင် သတင်းထောက် ၁၀၀ ခန့်ပင်ရှိခဲ့ရာ..အထူးပင်စည်ကား ခဲ့ပါတယ်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယနေ့မှာပဲ သတင်းထောက် ၃ ပုံ ၁ ပုံခန့် လျော့ကျသွားလေသည် ၊ သို့ဖြစ်ပါ၍ ပြန်ကြားရေးမှ တာဝန်ရှိသူများက မပြန်ကြရန်နှင့် မစ္စတာကင်တားနားလွှတ်တော်သို့ လာရောက်မည်ဖြစ်ကြောင်း အသိပေးပြောကြားကာ မေတ္တာရပ်ခံတားမြစ်ယူရ သည်အထိ ပြန်ချင် သူများခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ပထမနေ့သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် ၃၂ ဦး တက်ရောက်သတင်းရယူခဲ့သော်လည်း စတုတ္ထနေ့(၂၅-၈-၂၀၁၁)ရက်တွင် သတင်းမီဒီယာ ၃ ခုသာ ကျန်ရှိပြီး တက်ရောက်သတင်းရယူခဲ့သည်ကို တွေ့ရပါတယ်။
အဲဒီ ၃ ခုကတော့ Eleven Media Group ၊ မြန်မာတိုင်းမ်နှင့် Envoy ဂျာနယ်တို့မှ သတင်းထောက်များဖြစ်ကြပါတယ်။ သတင်းမယူရလျှင်သေမလောက်ဖြစ်နေ ကုန်ကြသော နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် များ ကြက်ပျောက်ငှက်ပျောက် ဆိုသလို ပျောက် သွားကြကုန်လေတော့သည် ။ အလျှိုလျှို အိမ်ပြန်သွားကြကုန်တော့သည်။
" ပထမနေ့က ၁၀၀ လောက်လာပြီး ခုတော့ ၃ ယောက်တည်းကျန်တော့တယ်ဆိုတာက တော်တော်ရုတ်ပျက်ဆင်းပျက်ဖြစ်တာပေါ့ဗျာ။ မီဒီယာသမားတွေက အပြောနဲ့အလုပ်မညီဖြစ်တာပေါ့ .. ပြည်တွင်း ပြည်ပသတင်းထောက်တွေအနေနဲ့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်သတင်းရယူခွင့်ရတာ ပထမဆုံးအကြိမ် ဖြစ်လို့ ပထမဆုံးနေ့မှာ သတင်းမီဒီယာတွေစုံစုံညီညီလာရောက် သတင်းရယူကြတယ်။ ဒုတိယနေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana လာရောက်တဲ့အတွက် သတင်းထောက်အချို့ ရန်ကုန်ပြန်သွားပေမယ့်လည်း အတော်များများ ကျန်ရှိသတင်းရယူတာကို တွေ့ရသေးတယ်။ ဒါပေမယ့်လို့ တတိယနေ့နဲ့ စတုတ္ထနေ့မှာတော့ အကြာကြီးမထိုင်နိုင်တော့ဘူး။ အစတုန်းက ထူးထူးဆန်းဆန်းနဲ့ မတည်မငြိမ် အကွဲအပြဲတွေ ဖြစ်နေလို့ မီဒီယာသမားတွေကို မဝင်ခိုင်းတာထင်ပြီး အတင်းဝင်ချင်ကြတာ။ အခုတော့ အေးအေးဆေးဆေးနဲ့ ဆွေးနွေးစရာရှိတာကို အဆင့်တန်းရှိရှိဆွေးနွေးနေကြတာပဲဆိုတော့ ထင်ထားတာနဲ့ကွာနေတယ်။ ပြီးတော့ သတင်းစာနဲ့ သတင်းတွေထဲမှာလဲ ပြန်ပါလာမှာပဲလေ။ အဲဒီကျမှ ပြန်ဖတ်ပြီး ကိုယ့်ဘာကို စကားလုံးပြန်စီတော့ သက်သာတာပေါ့။ " လို့ မီဒီယာသမား တစ်ဦးက ပြောပါတယ်။
သတင်းသမားတွေကိုယ်တိုင်က သတင်းကို စိတ်မဝင်စားပဲ အတင်းကိုစိတ်ဝင်စားနေတယ်လို့ ဝေဖန်သူတွေလည်းရှိပါတယ်။ ပြည်ပအခြေစိုက် မီဒီယာတွေကို အတုခိုးတာလို့လည်း ပြောကြပါတယ်။ သြဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ တင်သွင်းတဲ့ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွေကို အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် ဆောင်ရွက်နေခြင်းများကို ထားရစ်ခဲ့ကြပါတယ်။
အဲဒီနေ့မှာပဲ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်တဲ့
(က) မြန်မာနိုင်ငံကုန်အမှတ်အသားဥပဒေ၊
(ခ) လယ် ယာထွက်ကုန် ဈေးကွက်များ အက်ဥပဒေ၊
(ဂ) ၁၉၄၇ခုနှစ် အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊
(ဃ) တင်းတောင်း ဆန်ပမဏ အက်ဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်သော
(က) The Myanmar Telegraph Act (1885)၊
(ခ) The Myanmar Post Office (1989)၊
(ဂ) The Myanmar Wireless Telegraphy (1933)
တို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတို့ကို တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်မှ လက်ခံဆောင်ရွက်နေခြင်းတို့ကို မျက်ကွယ်ပြုခဲ့ကြပါတယ်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆ န္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ် တော်သို့ တင်သွင်းခဲ့ချိန်မှာ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည် ထို့အပြင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ကြရာ..
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၏ တင်ပြ ချက်ကို ပြည်ထောင်စုဝန်ကြီးအနေ ဖြင့်လည်းကောင်း၊ နိုင်ငံတော်လုံခြုံ ရေးနှင့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး အနေဖြင့်လည်းကောင်း၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သ မ္မတအား မေတ္တာရပ်ခံကြောင်းကို နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင် ပြပေးသွားမည်ဟု ရှင်းလင်းဆွေး နွေးခဲ့ကြပါတယ်။
ယင်းကြောင့် အထွေထွေလွှတ် ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက် လက်ထုတ်ပြန်စေရေးအတွက် ပြည် သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ အား နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို မှတဆင့် မေတ္တာရပ်ခံကြောင်း အ တည်ပြုကြေညာခဲ့ပါတယ်။
လွှတ်တော်အမတ်အများစုအနိုင်ရထားသော ပြည်ခိုင်ဖြိုးပါတီ နှင့် ၂၅%သောတပ်မတော်သား ကိုယ်စားလှယ်တွေဟာ ဘာလုပ်လုပ်ကန့်ကွက်နေမှာပါ ဘာမှအလုပ်ဖြစ်မယ့်လွှတ်တော်မဟုတ်ပါဘူး ဆိုသူများပင် အံ့အားသင့်သွားခဲ့ရပါတယ်။
ထိုသို့သောတစ်တိုင်းတစ်ပြည်လုံး ရှိအကြောင်းအမျိုးမျိုးကြောင့်အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျ ခံနေရသူများနှင့်ဆွေမျိုးသားချင်းများ ၀မ်းမြောက်ကြရမည့်သတင်းကြီးအပါအ၀င် တိုင်းပြည်အတွက် အရေးပါလှသော သတင်းများကို ထားရစ်ခဲ့ကာ အိမ်ပြန်သွားကြကုန်သော စတုတ္ထမဏ္ဍိုင်များနှင့်သာ ဤမြန်မာပြည်ကြီး ခရီးဆက်ရမည်ဆိုပါလျှင် အလွန်စိုးရိမ်စရာဖြစ်ကြောင်းကို ဒေါက်တာဆိပ်ဖွားက ပြောဆိုထားပါတယ်။
ဒီနေ့ မီဒီယာသမားတွေက ထင်တာကိုပဲရေးချင်ကြပြီး အရင်ရေးထားခဲ့တာတွေနဲ့ပတ်သက်လို့ တာဝန်မခံနိုင်ကြကြောင်းကို
"ပြောထားတဲ့ စကားတွေကို တာဝန်ယူသင့်တယ်ဗျာ.. အထူးသဖြင့် ကိုယ့်သတင်းဌာနက အရင်တုန်းက ပြောထားတာက တစ်မျိုး၊ ဒါပေမယ့် အခုဖြစ်နေတာက တစ်မျိုးဆိုရင် ဝန်ခံရဲရမယ်ဗျ... အရင်တုန်းက ပြောခဲ့တာတွေရှိတယ်လေ.. တံခါးပိတ်လွှတ်တော်၊ ၁၅ မိနစ်လွှတ်တော်၊ တပ်မတော်သား အမတ်တွေက ကျောက်ရုပ်တွေပေါ့... ခုတော့ သူတို့ပြောတဲ့အတိုင်း ဟုတ်မှ မဟုတ်တာ.. တံခါးတွေလည်းဖွင့်ထားတယ်.. ၁၅ မိနစ်လွှတ်တော်မဟုတ်တဲ့အပြင် ခဏနားချိန် ၁၅ မိနစ်တောင် မနည်းတောင်းနေရတယ်... တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျသူလွတ်မြောက်ရေးမှာ ထောက်ခံကြတယ် ဆိုတော့ မီဒီယာသမားတွေအနေနဲ့ သူတို့ထင်ထားတာတွေ မှားယွင်းကြောင်း ဝန်ခံသင့်တယ်ဗျ.. ကြီးကြီးကျယ်ကျယ်တွေပြောပြီး ရှက်တတ်သင့်တာပေါ့ဗျာ.." လို့ ဝါရင့် နိုင်ငံရေးသမားတစ်ဦးက ဆိုပါတယ်။
ပြည်တွင်းမီဒီယာတွေရော ပြည်ပမီဒီယာတွေရောက ပရိတ်သက်အကြိုက် အတင်းတွေကိုပဲ ရေးချင်နေကြပါတယ်။ သတင်းအစစ်အမှန်ကို စိတ်လည်းမဝင်စားသလို ရေးလည်းမရေးချင်ကြပါဘူး။ အထူးသဖြင့် အစိုးရမကောင်းကြောင်းကို ရေးချင်ကြပြီး အစိုးရရဲ့ ကောင်းကြောင်းမရေးချင်ရင်တောင် လက်ရှိတကယ့်အခြေအနေကို ရေးဖို့ ဝန်လေးနေကြပါတယ်။ ပြည်ပမီဒီယာအခြေဆိုက် မီဒီယာတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့အချင်းချင်း၊ သူတို့ရဲ့ မီဒီယာ ဌာနထဲမှာ အကွဲအပြဲတွေ ဖြစ်နေတာကိုတော့ ဘယ်သူမှ မသိအောင် ဖုံးထားပြီး အစိုးရကိုတော့ ထင်ကြေးတွေပေးကာ အတင်းကွဲပြဲခိုင်းနေကြပါတယ်။
အထူးသဖြင့် မလေးရှား NLD LA အတွင်းမှ အကွဲအပြဲများ၊ RFA က အင်ကြင်းနိုင်နဲ့ စိုင်းသိန်းဝင်း တို့ ဇတ်လမ်း၊ RFA က မဆုမွန်နဲ့ ဘုန်းကြီးတစ်ပါး နဲ့ ကိစ္စ၊ မိုးသွေးငယ်နဲ့ ငယ်နိုင်ရဲ့ အရှုတ်တော်ပုံ၊ DVB က ကိုထက်အောင်ကျော်တို့ကို ထုတ်လိုက်တဲ့ကိစ္စ နဲ့ ဧရာဝတီနဲ့ ဒိန်းမတ် သံရုံး ကိစ္စတွေကို မီဒီယာတွေမှာမတွေ့ကြောင်း၊ ဖြစ်ရပ်မှန်တွေနဲ့ အတွင်းရေးကြတော့ မတင်ကြောင်း၊ အစိုးရမကောင်းကြောင်း အတင်းတွေကိုသာ ပြောနေကြပြီး ငွေတွေလိမ်တောင်းနေကြောင်းနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်ဟောင်း တစ်ဦးက
"မီဒီယာတွေ၊ မီဒီယာတွေ တော်တော်လည်းတရားကျဖို့ကောင်းပါတယ်..။ အစိုးရရဲ့ မကောင်း သတင်းတွေကြတော့ ဟုတ်တာတွေရော မဟုတ်တာတွေရော ရရင်ရသလိုတင်ကြပြုကြ ဆွေးနွေးကြနဲ့။ ကိုယ့်အတွင်းထဲက ကိစ္စကြတော့ ရေငုံနှုတ်ပိတ်နဲ့နေကြပါတယ်။ ဒါလား ဘက်မလိုက်တဲ့မီဒီယာ။ မလေးရှား NLD LA ကိစ္စ၊ RFA က အင်ကြင်းနိုင်နဲ့ စိုင်းသိန်းဝင်း ကိစ္စ၊ RFA က မဆုမွန်နဲ့ ဘုန်းကြီးတစ်ပါးကိစ္စ၊ မိုးသွေးငယ်နဲ့ ငယ်နိုင်ရဲ့ အရှုတ်တော်ပုံ၊ DVB က ကိုထက်အောင်ကျော်တို့ကို ထုတ်လိုက်တဲ့ကိစ္စကို မီဒီယာတွေမှာမတွေ့ဘူး ။ DVB ရဲ့ အတွင်းရေးကြတော့ မတင်။ ကာယကံရှင်က ရေးမှဖတ်ရတယ်...။ FTUB က ဦးမောင်မောင်အာဏာရှင်ဆန်ဆန် လုပ်နေတဲ့အပေါက်ကိုလည်း မီဒီယာတွေမတင်ပြန်။ ဘယ်အလုပ်သမားကိုမှ ကိုယ်စားမပြုတဲ့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဆိုပြီး ငွေတွေလိမ်တောင်း၊ မိမိအာဏာရအောင်ငွေတွေနဲ့ဝယ်၊ အလုပ်ရှင်လို မိမိဝန်ထမ်းတွေကို ဖြုချင်သလိုဖြုတ်၊ တယ်လည်းဟုတ်ကြပါတယ်။ ဒီလောက်ဖြစ်နေတာကိုကြတဲ့ သတင်းတွေကိုတော့ BBC VOA RFA DVB Irrawaddy Mizzima သတင်းဌာနတွေမှာမတွေ့။ အင်း..သတင်းမဖြစ်လို့နေမှာပေါ့ဗျာ.။ Irrawaddy ရဲ့ ဒိန်းမတ်သံရုံးကိစ္စတုန်းကလည်း ဒီလိုပဲ။ သူများဆီကထွက်လာမှကြားရ..။ ကိုယ့်အချင်းချင်းဆိုပြီး မတင်တာလားမသိ။ ဒါဆိုရင်တော့ ဘယ်တရားပါ့မလဲဗျာ..။" လို့ပြောပါတယ်။
စတုတ္ထမဏ္ဍိုင် ဆိုပြီးရပ်တည်နေတဲ့ မီဒီယာသမားတွေအနေနဲ့ မီဒီယာသမားကောင်း ပြီသဖို့လိုပါတယ်။ အရှိကို အရှိအတိုင်းလက်ခံဖို့နဲ့ ပြောရဲဆိုရဲဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဖူးပါတယ်။ ဒါကြောင့် မီဒီယာ သမားအားလုံး သူများအတွင်းရေးနဲ့ အကွဲအပြဲတွေကို မလွှတ်စတမ်း တင်နိုင်ကြသလို ထိန်ချန်ထားတဲ့ ကိုယ့်ဘက်က အကွဲ့အပြဲတွေကိုလည်း တင်နိုင်ပါမှသာ ဒီနေ့အချိန်မှာ တဖြည်းဖြည်း သိက္ခာကျဆင်းလာတဲ့ စတုတ္ထမဏ္ဍိုင် (သို့မဟုတ်)ေ-ာက်သုံးမကျ မဏ္ဍိုင် ဆိုတဲ့ မီဒီယာသမားတွေရဲ့ ဘဝကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
Myanmar Express
၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ