Subscribe to our RSS Feed

ပညာရှိ နှင့် ပညာမဲ့ ခွဲခြားနည်း


ပညာမဲ့က....ငါကောင်းစားဖို့ ဒါနပြုတယ်။
ပညာရှိက....သာသနာပူဇော်ဖို့ ဒါနပြုတယ်။

(သာသနာပူဇော်ဖို့ ဒါနပြုတဲ့ အတိုက်အခံ တစ်ယောက်မှ မကြားဖူးဘူး၊ ဒုက္ခပါပဲ အတိုက်အခံတွေ ပညာမဲ့တာ လူသိကုန်ပါပြီ)

ပညာမဲ့က....ငရဲကြောက်လို့ ငါးပါးသီလ မြဲတယ်။
ပညာရှိက....မမြဲသောခန္ဓာကြီးကို အမိုက်ခံပြီး မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်။

(ငါးပါးမပြောနဲ့ တစ်ပါးတောင် တစ်နာရီကြာအောင် မစောင့်နိုင်ဘူး။ သတ္တဝါ ဆိုလည်း သတ်တာပဲ၊ တံတားမိုင်းခွဲတာနဲ့ ဗုံးထောင်တာ တောင်ပါသေး၊ တွေ့သမျှ ဆိုက်က တွေ့သမျှ စာအကုန်ခိုးတာ အတိုက်အခံ မီဒီယာ၊ အလိမ်အညာမှာလည်း စံပြ၊ စိုင်းသိန်းဝင်းတို့ မိုးသွေးငယ်တို့လို သူများသားမယား ကြာခိုတဲ့လူတွေကလည်း ရှိသေးတယ်၊ အရက်သေစာကတော့ ပြောစရာတောင်မလိုဘူး.. မူးရမ်း ဆဲဆို ရိုင်းပြနေကြတာ..
ဒုက္ခပါပဲ အတိုက်အခံတွေ ပညာမဲ့တာ လူသိကုန်ပါပြီ )

ပညာမဲ့က....နတ်ပြည်ရောက်ဖို့ ဥပုသ်စောင့်တယ်။
ပညာရှိက....တစ်နေ့တစ်ရက် တဏှာကျွန် အဖြစ်မှ ငြိမ်းချမ်းတဲ့ သုခကိုလိုချင်သောကြောင့် ဥပုသ်စောင့်တယ်။

(တစ်နေ့ တစ်စက္ကန့်တောင် တဏှာကျွန်အဖြစ်က မငြိမ်းချမ်းနိုင်တာ မြန်မာအတိုက်အခံ၊
ဒုက္ခပါပဲ အတိုက်အခံတွေ ပညာမဲ့တာ လူသိကုန်ပါပြီ)

ပညာမဲ့က....ငါတို့ ဘုန်းကြီးမှ ဂစ္ဆာမိတယ်။
ပညာရှိက...သံဃာအစစ်မှ ဂစ္ဆာမိတယ်။

(သွေးထွက်အောင်မှန်တယ်၊ အတိုက်အခံတို့အတွက် ဂစ္ဆာမိဆုံး ဘုန်းကြီးတွေက စက်တင်ဘာတုန်းက ဘုန်းကြီးတွေက လမ်းပေါ်ထွက်တဲ့ ၁ ဝါ ရ သံဃာတွေပဲ၊ ဒုက္ခပါပဲ အတိုက်အခံတွေ ပညာမဲ့တာ လူသိကုန်ပါပြီ


မြန်မာအတိုက်အခံတို့ အကြည်ညိုဆုံး ဘုန်းကြီး

ကဲကဲ ပညာရှိဖြစ်ချင်ရင် သံဃာ အစစ်ကို ရှာပြီး
ဂစ္ဆာမိ ကြရအောင်၊ အတုအစစ် သိချင်ရင် http://myanmarexpress.blogspot.com/2011/05/blog-post_3046.html )

ပညာမဲ့က...ထုံးစံကိုလေးစားတယ်။
ပညာရှိက...မဂ်ဥာဏ် ဖိုဉာဏ်ကိုလေးစားတယ်။

(
မဂ်ဥာဏ် ဖိုဉာဏ် ဆိုတာတောင် ဘာမှန်း သိကြမှာမဟုတ်ဘူးအတိုက်အခံ အားလုံးက ကိုယ်တိုင်လည်း ထုံးစံ အတိုင်း လိုက်လုပ်ပြီး၊ သူများကိုလည်း ထုံးစံအတိုင်း လုပ်မှာပဲ ထင်တဲ့လူတွေ ၊ ဒုက္ခပါပဲ အတိုက်အခံတွေ ပညာမဲ့တာ လူသိကုန်ပါပြီ)

ပညာမဲ့က...အများကောင်းရင် လိုက်ကောင်းတယ်။
ပညာရှိက...အများကောင်းတိုင်းလိုက်မကောင်း။

(ကဲကဲ အများကောင်းရင် လိုက်ကောင်းကြတဲ့ အတိုက်အခံများ... ဒုက္ခပါပဲ အတိုက်အခံတွေ ပညာမဲ့တာ လူသိကုန်ပါပြီ)

ပညာမဲ့က...နာမည်ကြီးသူပြောရင် ယုံကြည်တယ်။
ပညာရှိက...နာမည်ကြီးသူပြောတိုင်း လိုက်၍ မယုံ ။

(ကဲကဲ ဘယ်သူပြောတာပါဆိုပြီး အဟုတ်မှတ် ယုံနေကြတဲ့ အတိုက်အခံများ.. ဒုက္ခပါပဲ အတိုက်အခံတွေ ပညာမဲ့တာ လူသိကုန်ပါပြီ)

ပညာမဲ့က...အထူးအဆန်းကိုမြတ်နိုးတယ်။
ပညာရှိက....သဘောမှန်ကိုမြတ်နိုးတယ်။

(ဒုက္ခပါပဲဗျာ... အထူးအဆန်းမှန်သမျှ အင်တာနက်ပေါ်တင်နေတဲ့ အတိုက်အခံတွေ ပညာမဲ့တာတော့ လူသိကုန်ပါပြီ)

အတိုက်အခံတွေကို ပညာမဲ့ဘဝမှ လွတ်မြောက်စေချင်သူကတော့
(ကျေးဇူးတော်ရှင် နမ္မားဆရာတော်ဘုရားကြီး အရှင်ဉာဏ)



Myanmar Express

အကယ်ဒမီ တကယ်ရသင့်တာ ဘယ်သူတွေလဲ


၂၀၁၁ ခုနှစ်အတွက် ပေကြောင်ပေကြောင် အကယ်ဒမီဆု



၂၀၁၁ ခုနှစ်အတွက် သူများယောင်လို့လိုက်ယောင်တဲ့ အကယ်ဒမီဆု


နားနားပြီး ပေါ ကြပါ အတိုက်အခံများခင်များ

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ