ပြည်ပရောက်သူများ ပြန်လာနိုင်ကြောင်း သမ္မတကြီးပြောသော်လည်း မပြန်ချင်သဖြင့် အကြောင်းအမျိုးမျိုးပြကြ
နိုင်ငံတော်သမ္မတကြီးက အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာများ ပြန်လာနိုင်ကြောင်း ပြောခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာများက ပြန်မလာချင်တာကြောင့် အကြောင်းအမျိုးမျိုး ပြနေကြပြန်ပါတယ်။
အစိုးရအဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်ပြီး ဝရမ်းပြေးဖြစ်နေသူများကိုတောင် သဘောထားကြီးစဉ်းစားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်ပရောက် မြန်မာအများစုက မပြန်ချင်တာကြောင့် အကြောင်းတွေ အမျိုးမျိုး ပြနေကြတယ် လို့ ဝေဖန်သူတွေက ပြောပါတယ်။
ပြည်ပရောက် အတိုက်အခံများအနေနဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးခိုလုံခွင့်ရဖို့ အပြင်းအထန် ကြိုးစားခဲ့ရကြောင်း၊ နိုင်ငံရေးနဲ့ ပါတ်သက်ဖူးသူများကလည်း နိုင်ငံရေးနဲ့ပါတ်သက်ဖူးတာကြောင့် ပြန်သွားရင် အစိုးရက ဖမ်းမှာပဲ လို့ အကြောင်းပြကာ ရောက်ရာအရပ်မှာပဲ ဇိမ်ကျကျနေချင်ကြကြောင်း။ ပြည်ပရောက်နိုင်ငံရေးနဲ့ပါတ်သက်သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လောက် အရေးပါသူ မရှိကြောင်း။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဒေါ်အောင်ဆန်းစုကြည်ထက် အရေးပါတယ်ထင်နေကြကြောင်း၊ အခုလက်ရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်လုံးကိုတောင် နိုင်ငံရေးခရီးစဉ်တွေ သွားခွင့်၊ မိန်းခွန်းတွေ ပြောခွင့် ပေးထားတာကို အားလုံးသိနိုင်ကြောင်း။ ဒါက မြန်မာနိုင်ငံကို မပြန်ချင်တာကြောင့် အကြောင်းပြချက် သက်သက်သာဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦးက ဆိုပါတယ်။
"ရီတော့ ရီရတယ်ပြ... တချို့ကပြောကြတယ် သူတို့ကနိုင်ငံရေးသမားကြီးတွေပေါ့.. ပြန်သွားရင်အဖမ်းခံရမယ်ပေါ့...။ ကျွန်တော်မေးချင်လိုက်တာဗျ... နိုင်ငံရေးမှာ ခင်ဗျားတို့က ဘယ်လောက်များအရေးပါနေလို့တုန်းလို့...။
အစိုးရအတိုက်အခံတွေထဲမှာ ခေါင်းဆောင်းဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် အစိုးရက မဖမ်းတဲ့အပြင် ခရီးစဉ် ဖြောင့်တန်းချောမွေ့ရေးအတွက်က လုံခြုံရေး လုပ်ပေးနေတာ... ခင်များတို့က ဒေါ်အောင်ဆန်းစုကြည် ထက်အရေးပါတယ်လို့များ ပြောချင်တာလား... လို့ မေးလိုက်ချင်ပါတယ်.. တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နာမည်ပြပြီး လုပ်စားနေကြသူတွေချည်းပဲ... နိုင်ငံရေးခိုလုံဖို့ဆိုတာ လွယ်တာမှမဟုတ်တာ.. UNHCR က မြန်မာအချင်းချင်းကို အမျိုးမျိုးကျစ်တယ်၊ စစ်တယ်ဗျ.. ၁၀ ကြိမ်လောက် အပယ်ခံပြီးမှ တစ်ကြိမ် ကံကောင်းလို့ပါသွားတဲ့လူတွေက ဘယ်လိုလုပ် ပြန်ချင်မှာတဲ့တုန်း... ပြီးတော့ သူတို့တွေက ဒီဖက်မှာ နေသားကျနေကြပြီ။ တစ်ဆွေလုံး တစ်မျိုးလုံးတောင် ခေါ်တဲ့လူတွေ ခေါ်နေပြီး ခေါ်ဖို့လုပ်နေတဲ့လူတွေ လုပ်နေကြပြီ... ဒီတော့ အစိုးရဖမ်းမှာကြောင့် မပြန်တာလို့အကြောင်းပြရတာပေါ့" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က လွတ်မြောက်ခွင့်ပေးထားတာ ၁၀ လနီးပါးရှိပြီဖြစ်ပြီး နိုင်ငံရေးခရီးစဉ်များမှာတောင် အစိုးရက လုံခြုံရေးတွေ စီစဉ်ပေးနေပါတယ်။ အစိုးရကိုယ်စားလှယ်တွေနဲ့နလည်း တွေ့ဆုံခွင့်ပေးပြီး အရေးပါတဲ့ အစည်းအဝေးတွေမှာတောင် ဖိတ်ကြားထားတာတွေ ရှိပါတယ်။
နိုင်ငံခြားရောက်မြန်မာတစ်ဦးကတော့ မီးပုံမှန် ပြန်လာမဲ့အချိန်၊ အင်တာနက်ကို ယူကျူ.အစရှိသည်များကို မပိတ်ပင်တော့တဲ့ အချိန် ၊ လမ်းတွေ ပြန်ကောင်းမဲ့အချိန် ၊ ဆေးရုံမှာ ပတ်တီး၊ ဂွမ်း စသည်များကို စရိတ်သက်သာစွာနဲ. အလွယ်တကူ အသုံးပြုနိုင်မဲ့အချိန် ၊ အတင်းအကျပ်၊ မထည့်မနေရ အလှူခံ မကောက်တော့မယ့် အချိန် ၊ ကိုယ်ပိုင်ကားကို လွတ်လပ်စွာ တရားဝင် ဝယ်စီးနိုင်မဲ့အချိန် ၊ ဖုန်းကဒ်ကို လမ်းဘေးဆိုင်တွင် လွယ်ကူသက်သာစွာ ဝယ်ယူနိုင်မယ့် အချိန် ၊ လစာ ကောင်းကောင်း ရတဲ့အချိန် ကျမှ မြန်မာနိုင်ငံကို ပြန်လာမယ် လို့ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားပြန် ပါရဂူဘွဲ့ရ ပညာရှင်တစ်ဦးက
"အဲ့လိုလူတွေက အများကြီးရှိတယ်... နိုင်ငံတော်အတွက် ဘာမှလုပ်မပေးတဲ့အပြင် နိုင်ငံတော်ဖက်က ပြည့်စုံမှ ပြန်လာမယ် ဆိုတာတွေပေါ့... ဒီလိုလူတွေ ထုနဲ့ဒေးရှိတယ်... နိုင်ငံတော်ထက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်ကြတယ်... နိုင်ငံရဲ့ရှေ့ရေးကို လုံးဝ မကြည့်ဘူး၊ ကိုယ့်ရှေ့ရေးကိုကြည့်တယ်... ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် အလုပ်မလုပ်ပေးဘူး၊ သူများနိုင်ငံက နိုင်ငံသားတွေကို အလုပ်အကျွေးပြုတယ်... ပြည်သူတွေကို ကိုယ်ချင်းမစာဘူး... ဒါမျိုးစိတ်ရှိတဲ့လူတွေကတော့ ပြန်လာဖို့ ဘယ်လိုနားလည်အောင် ပြောပြော ပြန်လာမှာမဟုတ်ဘူး... သူတို့က အခွင့်ရေး သမားပဲလေ... သူတို့လိုချင်တဲ့ အခွင့်အရေးတွေကိုပြောထားတာပဲ.. " လို့ ဆိုပါတယ်။
"မြန်မာပြည်သူအတွက် လုပ်ချင်ရင် လုပ်လို့ရတာတွေ အများကြီးရှိတယ်ဗျ.. သူတို့ကို ဘယ်သူကမှ အတင်းရိုက်ပြီး နိုင်ငံခြား မသွားခိုင်းဘူးလေ.. သူတို့ဘာသာ မရမက သွားကြတာ.. ပြန်လာရင် လည်းဘယ်သူကမှ ဘာမှမလုပ်ဘူး.. သူတို့ဘာသာ လျှောက်ပြီးအကြောင်းပြနေကြတာ" လို့ နာရေးကူညီမှုအသင်းမှ လုပ်အားပေးလူငယ်တစ်ဦးက ပြောပါတယ်။
နိုင်ငံခြားရောက် ပြန်မာတွေက နိုင်ငံကို စောင့်ရှောက်ဖို့၊ ပြည်သူတွေကိုစောင့်ရှောက်ဖို့ ဆိုတာတွေကို လုံးဝ မစဉ်းစားကြပါဘူး။ ယုတ်စွ အဆုံး ကိုယ့်အမျိုးဂုဏ်တောင် ကိုယ်မစောင့်ထိန်းတော့ပါဘူး။ တစ်ယောက်ပြီးတစ်ယောက် နိုင်ငံခြားသားတွေကို ယူနေကြတာ အားလုံးသိနေတာပါပဲ။ အစိုးရ မကောင်းလို့ နိုင်ငံခြားသားကို ယူကြတာမှ မဟုတ်ပဲ သူတို့သဘောနှင့်သဘောသာ ယူကြတာဖြစ်ကြောင်းကို စင်္ကာပူနိုင်ငံရောက် မြန်မာမိန်းခလေး တစ်ဦးဖြစ်သည့် မဝင့်က "ယူနေကြတာပဲလေ.. အများကြီး.. တစ်ယောက်ပြီးတစ်ယောက်ပဲ... လမ်းမှာဆိုတွေ့တွေ့နေရတယ်.. တစ်ချို့ဆိုရင် အိမ်ထောင်ရှိပြီးသား သူဌေးတွေနဲ့တောင် ယူကြတယ်.. မြန်မာမ အပျိုလေးတွေက ယူတာနော်.. အရမ်းအံ့သြဖို့ကောင်းတယ်... စလုံးမှာတင်မဟုတ်ပါဘူး... နိုင်ငံခြားရောက် မြန်မာအကုန်လုံး မြန်မာအချင်းချင်းဆိုရင် လမ်းတွေ့ရင်တောင် ဝေးဝေးရှောင်တယ်.. မြန်မာတွေပဲနေတဲ့ မြန်မာနိုင်ငံကို ပါးစပ်ကတော့ ပြန်ချင်တယ်ပေါ့... တကယ်တမ်းပြန်ခိုင်းတော့ ဘယ်သူမှ မပြန်ကြပါဘူး..." လို့ ပြောပါတယ်။
ဒီလူတွေကို ယူပြီး ဒီလိုနေတာ ဟာ အစိုးရကို မကျေနပ်လို့၊ ပြန်သွားရင်ဖမ်းမှာဆိုးလို့ ပါ(သနားပါတယ် စိတ်ညစ်နေရှာတဲ့ မျက်နှာပဲ ပိန်တောင်ပိန်နေပြီ)
ဒါအပြင် မြန်မာလို့တောင် ပြောဖို့ ရှက်နေတဲ့သူတွေ ရှိကြောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့မခံယူပဲ ပျက်ဆီးနေတဲ့ မြန်မာတွေ ရှိကြောင်းကို " တချို့ကျတော့ မြန်မာချင်းတွေ့လို့ နှုတ်ဆက်ရင်တောင် သူက မြန်မာမဟုတ်ဘူးလို့ ပြောင်လိမ်ကြတယ်.. အသိသာကြီးကို.. ခဏခဏ ပဲ ကြုံဖူးတယ်... ပြီးတော့ Living Together နေကြတယ်လေ... အပြင်မှာလဲ နေကြတယ်၊ အွန်လိုင်းမှာလဲ ရည်းစားတွေ အများကြီးပဲ... အဲဒါ ယောက်ျားလေးတွေတင် မဟုတ်ဘူး မိန်းခလေးတွေလည်း အတူတူပဲ... ပြီးရင် အကျင့်မကောင်းတဲ့ ယောင်္ကျားလေးတွေက အတူနေပြီး ဗွီဒီယိုတွေ ရိုက်ထားကြပြီး အင်တာနက်ပေါ် တင်ကြပြန်တယ်... လူငယ်တွေရော လူကြီးရော.. အရမ်းကို ပျက်ဆီးနေကြပြီ..." လို့ မဝင့် က ဆက်ပြောပါတယ်...။ "
နိုင်ငံကိုစွန့်ခွာပြီး ပြည်ပမှာ အလုပ်အကျွေးပြုနေသူအများစုမှာ စင်္ကာပူနိုင်ငံမှာဖြစ်ပြီး ထိုင်း၊ မလေးရှား နဲ့ ဂျပန်နိုင်ငံတွေ မှာ လည်း အများကြီးရှိပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေ အများဆုံးလုပ်တဲ့အလုပ်ကတော့ အိမ်ပေါ်၊ သန့်ရှင်းရေး၊ စားပွဲထိုး နဲ့ တခြား အလုပ်ကြမ်းတွေ များပါတယ်။

"မြန်မာအစိုးရအနေနဲ့ ပြည်နှင်ဒဏ်ပေးထားတဲ့လူ တစ်ယောက်မှမရှိဘူး... အပြစ်ရှိတဲ့လူတွေက ကိုယ်လုပ်ထားတဲ့အပြစ်ကိုယ် ပြန်ခံ ရမှာ ကြောက်လို့ နိုင်ငံခြား ထွက်ပြေးတာပဲရှိတယ်" လို့ ရဲ တပ်သားတစ်ယောက်က ပြောပါတယ်။
UNHCR အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကနေ အခုချိန်အထိ ဒုက္ခသည် အမည်ခံပြီး မြန်မာနိုင်ငံမှာ မနေချင်ပဲ နိုင်ငံခြားမှာ အခြေချပြီး နေထိုင်ဖို့ ကိုယ့်သဘောနဲ့ကိုယ် လာရောက်လျှောက်ထားသူပေါင်း ၇၀,၀၀၀ ကျော်ကို တတိယနိုင်ငံတွေ ပို့ပးခဲ့ရပါတယ်။
ဧရာဝတီကို ကယ်တင်ပါ
ဧရာဝတီ သတင်းဌာနဟာ နှစ်ပေါင်း ၂၀ နီးပါးလောက် ကနေဒါ၊ ချက်၊ ဒိန်းမက်၊ နော်ဝေ၊ ပိုလန်၊ ဆီဒင်၊ နယူးဇီလန်၊ ဂျာမနီ၊ နယ်သာလန် နဲ့ အမေရိကား တို့ဆီကလေ လက်ဖြန့်တောင်း အသနားခံရင်း အသက်ဆက်နေရသူပါ။ အခုတော့ ထောက်ပံ့ကြေးတွေ လျှော့ချခံရ၊ ဖြတ်တောက်ခံရလို့ ရပ်တည်နိင်ဖို့အခြေအနေ တော်တော်ဆိုးနေပါပြီ။ ဘယ်လောက်တောင် ဆိုးသလဲဆိုရင်တော့ ဧရာဝတီရဲ့ စာမျက်နှာတွေမှာ ရှိတဲ့ ကြော်ငြာတွေသာ ကြည့်ပါတော့။ ကြော်ငြာတွေကို အပေါ်မှာ တစ်ခု အောက်မှာ နှစ်ခု ထည့်ပြီး ဝင်ငွေရှာနေရပါတယ်။ ပိုစ့်တိုင်းမှာကို ထည့်ထားပြီး စာဖတ်သူတွေ မနှိပ် နှိပ်မိအောင် ကို စီမံထားရပါတယ်။
နှိပ်မိလိုက်တဲ့သူတွေကတော့ ဧရာဝတီသတင်းဌာန က လူတွေရဲ့ ထမင်းရှင်တွေပါပဲ။ အစိုးရတခြားအရာရှိတွေက ပြည်သူတွေ လုပ်စာ စားမစားတော့ မသိပါဘူး။ ဧရာဝတီနဲ့ ဒေါက်တာလွမ်းဆွေတို့ကတော့ အင်တာနက်သုံးသူ မြန်မာတွေရဲ့ လုပ်စာကို ထိုင်စားနေကြသူတွေဆိုတာကတော့ အမှန်တရားပါပဲ။
ဒါ့အပြင် ဧရာဝတီ သတင်းဌာနက ပေါ်ပေါ်တင်တင် တောင်းထားတာလည်း ရှိပါတယ်။ https://www.paypal.com/au/cgi-bin/webscr?cmd=_flow&SESSION=PulSMjXhMcEH8AzjMCRO9y3GJy83tMNNN67buk_rtl-OJoMMCJO3n-K44Me&dispatch=5885d80a13c0db1f8e263663d3faee8d1e83f46a36995b3856cef1e18897ad75 ဧရာဝတီရဲ့ စာမျက်နှာပေါ်မျာ မြင်သာအောင် တင်ထားပါတယ်။

ဧရာဝတီ မြစ်အတွက် တောင်းတယ်လို့တော့ မထင်ပါနဲံ့ သူတို့တွေ အားလုံး စားဖို့ သောက်ဖို့ တောင်းထားတာပါ။ ပြည်သူတွေ ဆီက တောင်းစား၊ ပြည်သူတွေ လုပ်စား စားသောက်နေရ ပေမယ့် ဧရာဝတီက ပြည်သူတွေအပေါ်မှာ သစ္စာမရှိခဲ့ပါဘူး။ ဥပမာ မေဆွိသေတဲ့ သတင်းလိုမျိုး ကောလဟာလ ပေါင်းများစွာကို အမြဲ လျှောက်လွှင့်နေခဲ့ပါတယ်။ ပြည်သူတွေကို မထီမဲ့မြင်ပြုလာတာတွေ များလာတာကြောင့် မကျေနပ်သူတွေလည်း များလာပါတယ်
တစ်ခါ သူကပဲ ဦးအောင်နိုင်ဦး ပြောခဲ့သည့် " မြန်မာပြည်၏ နိုင်ငံရေးပြဿနာများသည် ချက်ချင်းလက်ငင်း ဖြေရှင်းရန် လွယ်ကူသည့် ပြဿနာများမဟုတ်ကြောင်း၊ လက်တွေ့ ဆန်စွာ စဉ်းစားမည်ဆိုလျှင် ရွေးကောက်ပွဲကို လက်ခံ၍ တဖြည်းဖြည်းခြင်းသာ ဒီမိုကရေစီကို ပြောင်းယူရမည်ဖြစ်ကြောင်း " ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး "ကိုအောင်နိုင်ဦး နှင့် ဇင်းမယ်အခြေစိုက်ငပေါများ.... ကိုလည်းပြောစရာရှိသေးတယ်။ ကြောင်တောင်တောင်နဲ့ နိုင်ငံရေးလေ့လာသူများ... ဖစ်ကုန်ကြပီ။ ရွေးကောက်ပွဲဝင်ချင်ရင် ဗမာပြည်ပြန်ကြဗျာ...။ ချင်းမိုင်မှာမနေကြနဲ့။ ၀ိုင်းရိုက်ခံနေရအုံးမယ်။ေ-ာက်ရှုးတွေလိုပဲ။ ဟားဗက်တက္ကသိုလ်က တနှစ်တန် မာစတာဘွဲ့က လက်တွေ့မှာအသုံးမ၀င်ဘူးဆိုတာ အားလုံးသိတယ်။" တို့ ပြန်ပြောခဲပါတယ်။
အခုနောက်ပိုင်းဆိုရင် အရည်အချင်းမရှိတဲ့ ဧရာဝတီက ပိုပြီးတောင် အခြေအနေဆိုးလာပါတယ်။ ပြည်သူတွေ ကြော်ညာကို နိပ်လိုက်လို့ရသမျှ ပိုက်ဆံတွေနဲ့ ၊ သနားလို့ ပေးလိုက်တဲ့ ပိုက်ဆံတွေကို စားသောက်မျိုဆို့ပြီး အပြင်မှာ သတင်းမရှာတော့ပဲ Facebook ပေါ်မှာ လှည့်ကာ သတင်းရှာကာ ပြန်တင်ရတဲ့ အနေအထား ဖြစ်နေပါပြီ။ ဧရာဝတီသတင်းဌာနဟာ ပြည်သူတွေဆီ သတင်းတွေ အလကားယူတင်ပြီး အခြားနိုင်ငံတွေကနေ ထောက်ပံ့ကြေးတောင်းတယ်၊ ပြည်သူတွေ သနားလို့ပေးတဲ့ ပေးစာကမ်းစာစားပြီး ပြည်သူတွေရဲ့ကောလာလတွေလွှင့်နေပါတယ်။ ဒီတော့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တပျက်ဆီးနေတဲ့ ဧရာဝတီ သတင်းဌာနကို ကယ်တင်ဖို့ အမြန်လိုအပ်ကြောင်း Myanmar Express မှ နှိုးဆော်လိုက်ရပါတယ်။
Myanmar Express
ရန်တိုက်၊ သွေးထိုး၊ အကောက်ကြံသူများ စာရွက်ပေါ်မှ ခါချ

အစိုးရသတင်းက အတိုက်အခံမီဒီယာတွေကို မပုတ်ခတ်ပေမယ့် အတိုက်အခံတွေက ပုတ်ခတ်နေတာတွေရှိနေကြောင်း၊ အတိုက်အခံမီဒီယာတွေအနေနဲ့ အစိုးရမီဒီယာကို အတုယူသင့်ကြောင်းကို ဝါရင့် သတင်းစာဟောင်း တစ်ဦးက သုံးသပ်ပါတယ်။ "အစိုးရဖက်က မီဒီယာကတော့ အတိုက်အခံမီဒီယာတွေကို ဥပက္ခာပြုပြီး သူ့လမ်းကြောင်းနဲ့သူ သွားနေပြီ အတိုက်အခံ မီဒီယာသမားတွေဖက်ကလည်း အစိုးရရဲ့ မီဒီယာကို အတုယူသင့်တယ်။ ပုတ်ခတ်တာတွေ၊ စောင်းမြောင်းတာတွေ၊ ဝေဖန်အပြစ်တင်တာတွေကိုပဲ တစိုက်မက်မက် ဆက်မလုပ်သင့်တော့ဘူး" လို့ ဝါရင့်သတင်းစာ ဆရာဟောင်းတစ်ဦးက ပြောပါတယ်
Myanmar Express
မေမေစုကို ချစ်တဲ့သူတိုင်း မြန်မာယောက်ျားများကို ဘေးဖယ်ပြီး နိုင်ငံခြားသားများကိုပဲ ရွေးချယ်ကြသည်
မေမေစုက ယောက်ျားတောင် မြန်မာ မသုံးဘူး။
မေမေစုက အင်္ဂလိပ်လိုပဲပြောတယ်၊ အင်္ဂလိပ်တွေနဲ့ ပျော်တယ်
သမီးတို့ကလည်း မြန်မာယောက်ျားတွေကို အဖြစ်ရှိတယ် မထင်ဘူး။ နိုင်ငံခြားသားကြီးတွေကမှာ ကျက်သရေရှိတာ တွေ့လား
မေမေစုတောင် နိုင်ငံခြားသားအတွက် အမိမြေကို အနှစ် ၂၀ စွန့်ခဲ့သေးတာပဲသမီးတို့က လျှာဖျားလေးပဲ စွန့်ရတာ မမှုပါဘူး
မေမေစုက သိသိသာသာ ပြောင်းလဲသွားတာတွေ ပြချင်တယ် ဆိုလို့
မေမေစုက ကမ်င်အဲရစ်ကို ဘုရားပေါ်ခေါ် ပွဲထုတ်သလိုသမိးတို့ကလည်း ကမ်ပဲမြစ်ကို ဘုရားပေါ်ခေါ်ပွဲထုတ်ပြတာ
အင်တာနက်ပေါ်မှာ မေမေစုကိုစောင့်ရင်း မေမေစု အမျိုးတွေနဲ့ တွေ့သွားတာ
မေမေစုသမီးတွေအတွက် အလိုအပ်ဆုံးက ဒီမိုကရေစီ
မေမေစုစကား အမြဲနားထောင်တယ်ပွင့်လင်းရမယ်၊ သိသာထင်ရှားအောင် ပြရမယ်
နိုင်ငံခြားသားတန်ဖိုးနဲ့ နိုင်ငံခြားသားကို လင်လုပ်ရတဲ့ ကောင်းကျိုးတွေကိုတော့ မေမေစု အသိဆုံးပေါ့
သမီးတို့ကတော့ အထင်ကိုမကြီးဘူးနိုင်ငံခြားသားဆို ခြေထောက်ကြားပဲ ညှပ်တယ်
မင်္ဂလာပွဲကတော့ မေမေစုထက် သာတယ်
ဘာမှ ဖုံးကွယ်စရာမလို
မေမေစုလိုပဲ ၂ ယောက်
မြန်မာပစ္စည်းဆိုရင် လုံးဝ စိတ်မဝင်စား
မေမေစုလို နိုင်ငံခြားပစ္စည်းပဲ ကြိုက်တယ်
လုပ်ရဲကိုင်ရဲရမယ်
အမျိုးသမီးအခွင့်အရေး အပြည့်အဝ
မေမေစုရဲ့ သမီးကွမေမေစုအပါပဝင် မြန်မာမိန်းခလေး၊ ယောက်ျားလေး အားလုံးအတွက် Myanmar Express မှ မူလတန်းတုန်းက ရွတ်ခဲ့တာလေးကို ပြန်ရွတ်ပြချင်ပါတယ်။ တခြားမဟုတ်ပါဘူး
မြတ်စွာဘုရားရှင်က သင်္ဂါလောဝါဒသုတ်တော်မှာ သင်္ဂါပါလသတို့သား ကိုဟောထားတာလေးပါ
သားသမီးဝတ်
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ....။
ဒါကတော့ ဘာလုပ်ခိုင်းတာလဲမသိကံရာဇာငယ်ရဲ့ ခုခံချေပချက်

ကျွန်တော် စာရေးတဲ့ အလုပ်ကိုပဲ ပြန်လည်ဇောက်ချ လုပ်နေတာ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ ဆယ်နှစ် ရှိသွားပြီ။ စာဖတ်တယ်၊ စာရေးတယ်၊ တရားမှတ်တယ်။ သစ်ပင်စိုက်တယ်။ သည်လိုနဲ့ အချိန်တွေ ကုန်သွားတာပဲ။ အချိန်တွေ မြန်မြန်ကုန်သွားပါစေလို့ ဆုမတောင်းမိပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အချိန်တွေ မြန်မြန် ကုန်သွားစေချင်နေတယ်။ အချိန်တွေ ကုန်သွားစေချင်တယ် ဆိုတော့ တစ်ခုခုကို မျှော်နေသလိုလည်း ဖြစ်နေတယ်။ မျှော်နေသလားလို့ မေးရင်လည်း တိတိကျကျ ဘာကိုမှ မျှော်နေတာ မဟုတ်ဘူးလို့ ဖြေရမှာပဲ။
စာတွေပဲ ဖိရေးနေတော့ တွေးချိန် သိပ်မရှိဘူး။ ဟိုအလျင်တုန်းက သီးသီးသန့်သန့် တွေးချိန်တွေ ရှိခဲ့ဖူးတယ်။ တွေးတာရယ်၊ တရားမှတ်တာရယ်က လွဲပြီး ဘာမှမလုပ်ဖြစ်တဲ့ အချိန်တွေပေါ့။ အခု တစ်ခါတစ်လေ အဲသလို
တွေးချိန်တွေ ပေါပေါများများ ရှိချင်လိုက်တာ။ ဒါပေမယ့် မရှိတော့ဘူး။
တွေးတာကိုပဲ အလုပ်တစ်ခု အဖြစ် လုပ်နေခဲ့ရချိန်များက ကျွန်တော့် အတွေးတွေထဲ ၀င်လာခဲ့ဖူးတဲ့ အကြောင်းအရာတွေ အများကြီးပဲ။ အထူးသဖြင့် ရာဇ၀င်ထဲက ဇာတ်ကောင်တွေ ကျွန်တော့်အတွေးထဲ ၀င်လာခဲ့ကြတယ်။
ကျွန်တော်နဲ့ သူတို့ အချေအတင် ဆွေးနွေး ငြင်းခုံကြတယ်။ တွေးချိန်တွေ ကုန်လွန်ပြီး ရေးချိန်ရောက်လို့ ရေးမယ်လုပ်တော့ သည်ပုံသဏ္ဌာန်မျိုးကို ဆရာချစ်ဦးညိုတို့ ရေးဖူးခဲ့ပြီဆိုတာ သိရတယ်။ ကျွန်တော် စာနဲ့ပေနဲ့ ဝေးနေရတဲ့ နှစ်ကာလများမှာ ဆရာချစ်က ရေးခဲ့တာကိုး။ ကျွန်တော် လုံးဝ မသိခဲ့ဘူး။ နောက်မှ သမိုင်းထဲက ဇာတ်ကောင်တချို့နဲ့ ဆရာချစ်ဦးညို ဆွေးနွေးဟန် အရေးအသားတွေ ရှာဖတ်ကြည့်တော့ သိပ်ကောင်းတာပဲ။ သိပ်တော်တာပဲလို့ ချီးကျူးမိတယ်။
ကျွန်တော် စာတွေပြန်ရေးနေတာ ဆယ်နှစ်နီးပါး ကြာသွားပြီးတော့ တစ်ညသ၌ မီးမလာလို့ မှောင်ထဲထိုင် ငိုင်နေတုန်း ကျွန်တော့်မိတ်ဆွေဟောင်း ရာဇ၀င်ထဲက ဇာတ်ကောင်တစ်ကောင် ၀င်ချလာပြန်တယ်။ လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်ကာလက သူနဲ့ ဆွေးနွေးငြင်း ခုံခဲ့တာတွေကို စာရေးလို့ ရတဲ့အချိန်ကျရင် စာပြန်ရေးမယ်လို့ ကျွန်တော်က ကတိပေးခဲ့ပြီး ခုထိ ဘာကြောင့် မရေးသေးလဲလို့ အပြစ်တင်တယ်။
ကျွန်တော်က သူ့ကို ရုတ်တရက် မမှတ်မိဘူး။ ကောင်းကင်ရောင်အောက်မှာ ကြည့်ရတာက ''Asoka'' (အသောက)ဇာတ်ကားထဲက ဇာတ်လိုက်လိုလိုပုံမျိုး ကုလားချော ချောတဲ့ လူငယ်လူရွယ်တစ်ယောက် အဖြစ် မြင်တွေ့ရတယ်။
''ခင်ဗျား ဘယ်သူလဲ ပြောဦးမှပေါ့''
ကျွန်တော်က မေးလိုက်တော့
''ကံရာဇာငယ်လေဗျာ၊ သံတိုင်တွေနောက်မှာ ခင်ဗျား စံမြန်းနေတုန်းက ခင်ဗျားဆီ ကျုပ်လာခဲ့ဖူးတယ်။ စောဒက တက်ဖူးတယ်။ မှတ်မိတယ် မဟုတ်လား''
''အင်း . . . မှတ်မိသလိုလိုပဲ ဒါနဲ့ ကံရာဇာဆိုတဲ့ နာမည်က တကောင်းခေတ်ကနော်။ ဒါပေမယ့် အခု ကျုပ်တို့ ၂၀ ရာစု၊ ၂၁ ရာစုမှာ ကံရာဇာ ဆိုပြီး နာမည်တွေ မှည့်နေကြတာ ခင်ဗျားသိရဲ့လား။ ကိုကိုကံရာဇာဆိုတာ ရှိတယ်ဗျ''
''နှစ် ၁၀၀၀ ကျော်တဲ့အထိ ကျုပ်တို့ နာမည်တွေ မတိမ်ကောတာဟာ ၀မ်းသာစရာ ကောင်းသေးဗျာ။ ဒါပေမယ့် ကျုပ်ပြောချင်တာက ကျုပ်ကံရာဇာငယ်အကြောင်း ခင်ဗျားတို့ ရာဇ၀င် ဆရာတွေ မကောင်းရေးခဲ့ကြတာကို
ဖြေရှင်းပေးဖို့ပဲဗျ''
''သမိုင်းဆိုတာ ကမ္ပည်းတင်ပြီးသားပဲဗျာ။ သမိုင်းတွင်ပြီးသားကို ခင်ဗျားက ဘယ်လို ပြင်ချင်သေးလို့လဲ''
''ကျုပ်က နာမည်ပျက်ရတဲ့ လူဗျ။ ကျုပ်ဘက်က ခုခံချေပခွင့်တော့ ရှိရမှာပေါ့။ အခု ခင်ဗျားတို့ ရာဇာဝင်ကျမ်းတွေက ကံရာဇာငယ်ဟာ ကံရာဇာကြီးနဲ့ အလှူမဏ္ဍပ် ပြိုင်ဆောက်ရာမှာ လူလည်ကျပြီး အနိုင်ယူသွားတယ်လို့ မရေးရုံ တစ်မည်ပဲ။ ကျုပ်က တစ်ပတ်ရိုက်ပြီး အနိုင်ယူတယ် ဆိုတဲ့ အဓိပ္ပာယ်ထွက်အောင် ရေးခဲ့ကြတယ် မဟုတ်လား။''
''ဘယ်လို ရေးခဲ့ကြတယ်ဆိုတာ ဖတ်ဖူးလို့လားဗျ''
''ဖတ်ဖူးရုံမကဘူး။ အလွတ်တောင်ရနေပြီ။ နားထောင်။ ကျုပ်ရွတ်ပြမယ်။ တကောင်းပြည်တွင် အဘိရာဇာမင်း ကံကုန်သောအခါ သားတော် ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့သည် တကောင်းပြည် ထီးနန်း အတွက် လက်ရုံး စစ်ထိုးရန် ပြင်ကြသည်။ ထိုအခါ အမတ်ပညာရှိတို့က အရှင့်သားတို့သည် လက်ရုံးစစ်ကို မထိုးကြပါကုန်လင့်။ ကုသိုလ်စစ်ကိုသာ ထိုးကြပါလေဟု နားတော် လျှောက်ကြလေသည်။ ကုသိုလ်စစ် ဆိုသည်ကား အဘယ်နည်းဟု ညီနောင်နှစ်ပါးက မေးကြရာ အလှူမဏ္ဍပ် နှစ်ဆောင်ကို တစ်ယောက် တစ်ဆောင်စီ ညဥ့်တွင်းချင်း ပြီးအောင် ဆောက်ကြပါ။ အလျင်ပြီးအောင် ဆောက်နိုင်သူသည် တကောင်းပြည် ထီးနန်းကို ဆက်ခံထိုက်သူ မည်ပါသည်။ ထိုသို့ ပြုခြင်းသည် ကုသိုလ်စစ်ထိုးခြင်း ဖြစ်ပါသည်ဟု လျှောက်ကြလေသည်။ ညီနောင်နှစ်ပါးလုံးလည်း ကောင်းပြီဟု ၀န်ခံ၍ အလှူမဏ္ဍပ် ဆောက်ကြလေသည်။ နောင်တော် ကံရာဇာကြီးသည် မိမိ၏ အလှူ မဏ္ဍပ်ကို သစ်ကြီးဝါးကြီးဖြင့် ဆောက်လုပ်၏။ ညီတော် ကံရာဇာငယ်သည် မိမိ၏ အလှူမဏ္ဍပ်ကို သက်ငယ်ဝါးငယ် တို့ဖြင့် ဆောက်၍ ဖျင်ဖြူပတ်ခြင်း၊ ထုံးဖွေးဖွေးသုတ်ခြင်း တို့ကို ပြုလေသည်။ နံနက်မိုးသောက်လတ်သော် ကံရာဇာကြီး၏ အလှူမဏ္ဍပ် အပြီးသို့ မရောက်ချေ။ ကံရာဇာငယ်၏ အလှူမဏ္ဍပ်သာလျှင် အပြီးသို့ ရောက်လေသည်။ ထို့ကြောင့် ကံရာဇာကြီးသည် အထက်စကား ကတိ ရှိသည့်အတိုင်း တကောင်းပြည် ထီးနန်းကို ကံရာဇာငယ်လက်သို့ အပ်၍ တကောင်းမြို့မှ ခွာလေသည် . . . တဲ့''
''အဲသလို ရေးထားတာ အချက်အလက် အရ မှန်တယ် မဟုတ်လားဗျ။ အမှားပါလို့လား''
''အမှားတော့ မပါဘူးပေါ့ဗျာ။ သို့သော်လည်းပဲ ကျုပ်က မရိုးမသား လုပ်သလိုလို ရိုးတိုးရိပ်တိတ် သဘောပါအောင် ရေးထားတာဗျ။ ခင်ဗျား သတင်းစာပညာ အကြောင်းတွေ ရေးနေတဲ့ လူပဲဗျာ။ မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့''
''အင်းလေ . . . သတင်းပဲရေးရေး၊ သမိုင်းပဲရေးရေး ပညာပါပါ ရေးတတ်ဖို့တော့ လိုတာပေါ့။ သမိုင်းဖြစ်ရပ် တစ်ခုကို ရေးတဲ့အခါ ဘက်မလိုက်ဘူး ဆိုပေမဲ့ အမှားနဲ့အမှန်ကို စာဖတ်ပရိသတ် ဝေခွဲနိုင်အောင် အစအနလေးတော့ ပေးတတ်ကြတာပဲ။ အဲဒီ အစအနပေါ်မှာ နောက်ထပ် အကျယ်ချဲ့ပြီး ဝေဖန် အကဲဖြတ်သူက အကဲဖြတ်တယ်။ ခင်ဗျားတို့ရဲ့ အဖြစ်အပျက်ကို ထင်ရှားတဲ့ ပညာရှင်ကြီး ဆရာဇော်ဂျီက သုံးသပ် ဝေဖန် ရေးသားခဲ့တာကို အတွေးအမြင်(စာစဉ် ၁၂) မှာ ထည့်ခဲ့ဖူးတယ်လေ။ ''သူတို့ညီနောင်နှင့် ကျွန်တော်''တဲ့။ စဉ်းစားစရာတွေ အများကြီး ပေးထားတယ်ဗျ''
''ဆရာဇော်ဂျီက လေးစားအပ်တဲ့ ပညာရှင်ကြီး ဆိုတာ ကျုပ်လက်ခံပါတယ်။ သို့ပေမယ့် ကာယကံရှင်ဘက်က ခုခံချေပတာကိုလည်း ခင်ဗျားတို့ မကြားသင့်ဘူးလား။ ဒီတော့ ကျုပ်ပြောမယ်။ ကျုပ်တို့ ပြိုင်ပွဲအကြောင်း
ပြန်လေ့လာကြည့်ဗျာ။ ကျုပ်တို့ ညီနောင်ရဲ့ ပြဿနာကို လက်ရုံးရည်နဲ့ မရှင်းဘဲ နှလုံးရည်နဲ့ ရှင်းကြဖို့ သဘောတူခဲ့ကြတာဗျ။ ဉာဏ်ချင်းပြိုင်ကြရမှာ ရှင်းနေတာပဲဗျာ။ အလှူမဏ္ဍပ်ကို ညဥ့်တွင်းချင်းဆောက်ရတဲ့ ပြိုင်ပွဲနော်။
အလှူမဏ္ဍပ်ရဲ့ အရွယ်အစား ပမာဏကို ကြိုတင် သတ်မှတ်ထားတာ မရှိဘူး။သစ်ကြီးဝါးကြီးနဲ့ ဆောက်ရမှာလား၊ သစ်ငယ်ဝါးငယ်နဲ့ မဆောက်ရဘူးလား။ ဘာစည်းကမ်းမှ မရှိဘူး။ သတ်မှတ်ချက် နံပါတ်တစ်က အလှူမဏ္ဍပ် ဖြစ်ရမယ်။ နံပါတ်နှစ်က ညဥ့်တွင်းချင်း ပြီးရမယ် ဒါပဲ။ ကျုပ်က ပြိုင်ပွဲ စည်းကမ်းအတိုင်း လုပ်ခဲ့တာပါ။ ညဥ့်တွင်းချင်း မဏ္ဍပ် အပြီး ဆောက်မယ်ဆိုရင် ပြီးစီးနိုင်အောင် ဘယ်လို ဆောက်မလဲ ဆိုတဲ့ စိတ်ကူးစိတ်သန်း ရှိရမယ်။ ပြီးတော့ အဲသလို ထမြောက် အောင်မြင်အောင် ၀ိုင်းဝန်းပံ့ပိုးတဲ့ နောက်လိုက် အင်အား ရှိရမယ်။ ကျုပ်တို့ ညီအစ်ကိုရဲ့ ပြိုင်ပွဲဟာ ဉာဏ်ချင်း ပြိုင်တာရယ်။ နောက်လိုက် အင်အား ပြိုင်တာရယ်။ အဲဒါ အဓိကပဲဗျ။ ကျုပ်အနိုင်ရခဲ့တာဟာ နောင်လာ နောက်သားတွေ ဂုဏ်ယူစရာတောင် ဖြစ်ပါတယ်ဗျာ။ အဲဒီလို မစဉ်းစားတဲ့ စာရေးသူ တချို့က ကံရာဇာငယ် လုပ်ရပ်သည် မြန်မာလူမျိုးတို့၏ ပြီးစလွယ် လုပ်တတ်သည့် အကျင့်စရိုက်ကို အစပျိုးခဲ့ခြင်း ဖြစ်သည်လို့ အမနာပ ရေးခဲ့ဖူးတယ်ဗျ။ တကယ်ကတော့ မြန်မာလူမျိုးတွေ ဖြတ်ထိုးဉာဏ် ကောင်းတာဟာ ကျုပ်ဆီက လက်ဆင့်ကမ်း အမွေလို့တောင် ဆိုနိုင်ပါတယ်ဗျာ''
''အင်း . . . ခင်ဗျားဘက်က ရှင်းလင်းချက်ကလည်း အတော် ခိုင်လုံပါတယ်လေ။ ဒီအကြောင်းကို သည်တစ်ခါတော့ ကျုပ်ရေးဖြစ်အောင် ရေးလိုက်ပါ့မယ်။ ဒါတင်မကဘူး၊ ခင်ဗျားတို့ ညီအစ်ကိုဟာ သွေးထွက်သံယို မဖြစ်ကြဘဲ ကတိစကား အတိုင်း တည်တည်ကြည်ကြည် ဆောင်ရွက်ခဲ့ကြတာကို ကျုပ်သိပ်သဘောကျတယ်ဗျာ။ ''မြန်မာအစ တကောင်းက''လို့ ခံယူထားကြတာ ဆိုတော့ ကျုပ်တို့ မြန်မာတွေရဲ့ သမိုင်းအစမှာ ပြဿနာကို လက်ရုံးရည်နဲ့ မရှင်းဘဲ နှလုံးရည်နဲ့ ရှင်းခဲ့ကြတာဟာ ဂုဏ်ယူလောက်ပါပေတယ်ဗျာ''
ကံရာဇာငယ်ကို ကျွန်တော် ပြောတုန်းမှာပဲ မီးပြန်လင်းလာပါတယ်။ ကိုယ်တော်လေး ကံရာဇာငယ်ကိုတော့ မတွေ့ရတော့ပါ။
မောင်ဝံသ
မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ၁၀၉-၁၁၀ တွေ အများကြီးရှိကြောင်း ME မှ တည်ပြု
လူငယ်တွေ တကယ် လုပ်နိုင်ပါပေတယ် (သောက်တလွဲ)ပြည်ပမှာဖြစ်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုတာကလည်း အုပ်ပျော်တွေများလာပြီး လေကန်သလိုဖြစ်လာနေပြီ။ ထိထိရောက်ရောက်မရှိသလို ဖြစ်နေတယ်။ တခုခုလုပ်ပြီးရင် စကားများ၊ ရန်ဖြစ်ပြီး ရှေ့ ဆက်လုပ်ဖို့ ရပ်တန့်သွား တာကိုသတိထားမိတယ်။ ဥပမာ- ၈၈၈၈ လေးလုံးအခန်းအနား၊ ဒေါ်စုမွေးနေ့ စတဲ့နိုင်ငံရေးအခန်းအနားလုပ် တာဟာ နောက်ပိုင်းကျတော့ ပါတီပွဲပေးသလိုမျိုး ဖြစ်လာခဲ့တယ်။
နောက်တခု ညီလာခံ။ အမေရိကမှာ ခဏခဏ ကြားရတယ်။ ဖို့ဝိန်း ညီလာခံ။ စစ်အာဏာရှင် ဖျက်သိမ်းရေးညီလာခံ။ ဟို..ညီလာခံ။ ဒီ...ညီလာခံ။ လူတွေနဲ့ ဆုံးဖြက်ချက်ချတယ်။ လူအများကြီးနဲ့ ဟို..ကော်မတီ ၊ ဒီ...ကော်မတီဖွဲ့တယ်။ နောက်ဆုံးညီလာခံရဲ့ ရလာဒ်က လူတွေစုံပြီး၊ ကော်မတီဖွဲ့စည်းရေး အဆင့်လောက်နဲ့ရပ်တန့်သွားတာများတယ်။
ကော်မတီရဲ့ သက်တမ်၊ ကော်မတီရဲ့ အောင်မြင်မှု့ကိုတိုင်းတာတဲ့ပေတံ၊ တာဝန်ခံမှု၊ စနစ်တကျရုံးအဖွဲ့၊ လူအားငွေအားတွေကို မတွေ့ခဲ့ရသေးဘူး။ အလုပ်အားတဲ့အချိန်မှာ နိုင်ငံရေးကိုအပျင်းပြေ၊ အမြည်းလုပ် သလိုတွေဖြစ်လာနေတယ်။ လူစုံပါတီပွဲမှာ ပွားမယ်၊ ပြီးရင်သောက်မယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ လူအထင်မကြီးတော့ပဲ၊ လူသစ်တွေရဲ့ ပူးပေါင်းပါဝင်မှုအားနည်းလားတယ်။ ဒါဟာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ ဒါဟာ ပါတီပွဲပေးတာသာဖြစ်တယ်။ ရှင်းလင်းပြတ်သားတဲ့ စီမံကိန်းလည်းမရှိဘူး။ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို မြင်နိုင်ရမယ်။ အခုလိုမျိုးနိုင်ငံရေးလုပ်ရှားမှုဟာ ကတယ်တန်းတော့ အရမ်းရိုးတယ်၊ ရှယ်မဖြစ်သေးဘူး။" လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်ဟောင်းတစ်ဦး က ပြောပါတယ်။
တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့ (၂)
| ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ ဂျာနယ်အားလုံးလိုလို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့သတင်းကို မင်္ဂလာသတင်းအဖြစ် ၀မ်းသာအားရ ဖော်ပြကြတယ်။ ဒါတင်မက ဆောင်းပါးတွေရေးပြီးလည်း ကြိုဆိုထောက်ခံကြတာ တွေ့ရတယ်။ အားလုံး ကြိုဆိုထောက်ခံ ဂျာနယ်တချို့က နိုင်ငံရေးပါတီ အသီးသီးနဲ့ အလွှာပေါင်းစုံက ပြည်သူများရဲ့ အာဘော်ကို ဖော်ပြရာမှာ အားလုံး အားတက်သရော ထောက်ခံကြတာ တွေ့ရတယ်။'အလဲဗင်း' အွန်လိုင်းသတင်းစာမှာ ဖော်ပြထားတဲ့ စာရေးသူရဲ့'တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့' ဆောင်းပါးကို ဖတ်ရှုပြီး ထင်မြင်ချက်ပေးသူ အားလုံးကိုလည်း ကြိုဆို ထောက်ခံကြတာကို ထူးထူးခြားခြား တွေ့ရတယ်။ အွန်လိုင်းမှာ ထင်မြင်ချက် ၀င်ပေးတယ်ဆိုတာက ဘယ်သူဘယ်ဝါ နာမည်မဖော်ဘဲ ရေးကြတာ ဆိုတော့ အားလုံး ထောက်ခံတာမျိုး ရှိခဲတယ်။ တစ်ခါတလေ မူရင်း အကြောင်းအရာကို သေးသိမ်သွားအောင် တမင်တကာ ၀င်နှောက်သူ တစ်ယောက်ကြောင့် ထင်မြင်ချက်ပေးသူချင်း ရန်ဖြစ်ကြတာနဲ့ပဲ အချိန်ကုန်သွားတာမျိုးတွေ ရှိတယ်။ နေနဲ့ လကို တသလို
ကိုယ်စိတ်နှစ်ပါးချမ်းသာဖို့ ဒီခေတ် လူလတ်ပိုင်းနဲ့ လူငယ် အများစုက သန်းခေါင်ယံ အလည်လာသူများ (midnight visitors) များ ကြီးစိုးတဲ့ ခေတ်တစ်ခေတ်ကို ကြုံဖူးခဲ့ကြလေတော့ အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြရာမှာ အရင် အကြိမ်တွေနဲ့မတူ သတင်းမီဒီယာတွေကို တွေ့ဆုံခွင့်ပေး၊ မေးတာကိုဖြေ လုပ်ခဲ့ရုံသာမက ပူးတွဲကြေညာချက်ပါ ထုတ်ခဲ့တာကြောင့် ဒီတစ်ကြိမ်တော့ တကယ်ထူးပြီ ဆိုပြီး ရွှင်လန်းအားရ ဖြစ်နေကြတယ်။ဒါတင်မက 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်'ဆိုတဲ့ ပူးတွဲ ကြေညာချက်ကြောင့် ပိုပြီး အားတက်ကြရတာ ဖြစ်တယ်။
ဘာကိုလိုလားတောင့်တသလဲ
လိုအပ်မှုလည်း နည်းတယ်။ဆန်းပြား ထွေလီမှု(sophisticated) သိပ်မရှိဘူး။ အနေရိုးသလို သူတို့ရဲ့ လိုလား တောင့်တမှုလည်း ရိုးစင်းတယ်။ မြို့နေ ပညာတတ်တွေလို 'ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်အောင်' မလုပ်တတ်ကြဘူး။ ချစ်တီးကို ကြောက်ရသလို
ပဋိညာဉ် ကတိက၀တ်နဲ့
အားလုံးရဲ့ တာဝန်
ကာလရှည်ကြာကင်းကွာ
တိုးတိုးသားမဟုတ်
အပြန်အလှန်လေးစား
မတူခြားနားတဲ့ အယူအဆတွေ ကိုယ်စီ ရှိနေကြတာကို အပြန်အလှန် အသိအမှတ်ပြု လေးစားပြီး တူညီတဲ့ပန်းတိုင် အတွက် အတူ လက်တွဲလုပ်လို့ ရတာတွေကို အတူ တွဲလုပ်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ကွဲလွဲချက်တွေ ရှိနေတာကို လတ်တလော မကိုင်တွယ်ကြသေးဘဲ တူညီချက်တွေကိုရှာပြီး အရင်ဆုံး ကိုင်တွယ်သင့်ကြတယ်လို့ ယူဆပါတယ်။ အားရှိသူနိုင်မြဲ အန္တရာယ်တွေ ရှိနေတယ်
မလွဲဧကံ
|













