ဒီလိုဖြစ်တော့ ခင်ဗျားတို့လဲ ဒီလိုလုပ်ရတာပဲမဟုတ်လား
မီးတွေ ဒီလောက်လောင်နေတာ ဗြိတိန်မီးသတ်တွေက ၅ မနစ်လောက်ပဲ ဖျန်းပြီး ပြန်သွားကြလို့များလား
ကျောင်းသားတွေက အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ မီးရှို့တာ က မှန်ကန်တဲ့လုပ်ရပ် ဟုတ်/မဟုတ် သိကြပြီလား...
ဤသို့ လန်ဒန်မြို့လယ်ခေါင်တွင် မီးဟုန်းဟုန်း တောက်လောင်နေ သော်လည်း အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂတို့က မစိုးရိမ်ကြသေး
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) ဟာ အီတလီမှာ သွားရောက်ပြီး အနားယူနေတာကို ဖြတ်တောက်ပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ ဆူပူ အုံကြွမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လန်ဒန်မြို့ကို ရေးကြီးသုတ်ပြာ ဆိုသလို ပြန်လာ ခဲ့ရကြောင်းလဲသိရပါတယ် ။
မြို့တော်တစ်ခွင် မီးဟုန်းဟုန်း တောက်လောင်နေသော်လည်း အီတလီတွင် အပန်းဖြေမပျက်သည့် ဒေးဗစ်ကင်မရွန်း
အခုချိန်ထိတော့ လူပေါင်း ၂၁၅ ယောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားပေမယ့် ဒီထက် ၃ ဆလောက်ပိုလိမ့်မယ်လို့ ဒေသခံတွေကပြောကြားပါတယ် ။ရဲအရာ ရှိ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ယောက်ကတော့ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတုန်းမှာပဲ ကားတွေနဲ့ တက်ကြိတ်တာကို ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
စနေ နေ့ က လန်ဒန် မြို့ တော်တင်ဟမ် အရပ်မှာ ဖြစ်ပွား ခဲ့တဲ့ နွေရာသီ အားလပ်ရက် အီတလီ နိုင်ငံ မှာ သွားရောက် အပန်း ဖြေဖို့  စီစဉ် ထား တဲ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် က နိုင်ငံ ကို ပြန်လာ ပြီး အခြေအနေ တွေ ပြန်တည် ငြိမ်အောင် သူကိုယ်တိုင် ကိုင် တွယ် မယ် လို့  ဆိုပါတယ်။
နိုင်ငံ တ၀ှမ်း ထိ ဆက်လက် ပြန့် သွား မယ် လို့ ယူဆရ တဲ့ ဒီ အရေး အခင်း ကို စကော့တလန် ယာဒ် ရဲ တပ်ဖွဲ့  ကိုယ်တိုင် ကိုင် တွယ် ဖို့  ခက်ခဲ နေတယ် လို့ ဆိုပါတယ်။ ဒီလူထု အုံကြွမှု တွေ ဟာ တွစ်တာ နဲ့  ဖေ့ဘွတ် တို့  ကြောင့် ပိုမို အားကောင်းလာ ပြီး လန်ဒန် မြို့ လယ် နဲ့  အန်ဖီး အရပ် မှာ ဆို ရင် ဆယ် ကျော် သက် တွေ က အကျီ်အနက်ရောင် တွေ ၀တ် လက်နက် တွေ ကိုင် ဆောင် ပြီး အင်အား ပြကြတယ် လို့  ဆိုပါတယ်။
နိုင်ငံကြီးသားတွေတဲ့လား......
ဗြိတိန်အစိုးရကတော့ ဆန္ဒပြပွဲတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီး အခွင့်အရေးသမားတွေက လုပ်တဲ့ ဆန္ဒပြပွဲ ဖြစ်သလို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဒုတိယ၀န်ကြီးချုပ် နစ်ခ် ကလက်ဂ် (Nick Clegg) က ဆန္ဒပြသူတွေကို ဆူပူသောင်းကျန်းသူတွေလို့ အမည်တပ်ပြီးအပြစ်ဖို့ ပြောဆိုလိုက်ပါတယ်။
၈ လေးလုံး ၂၃ နှစ်ပြည့်များ လုပ်နေသလား ထင်မှတ်မှားရ
လန်ဒန်မြို့ မြောက်ပိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု မရှိတဲ့ အခြေအနေ၊ အလုပ်လက်မဲ့ဦးရေ များပြီး လူမှုဖူလုံရေး အစီအစဉ်တွေ လျှော့ချခံနေရတာတွေအပေါ် မကျေနပ်မှုတွေ ကြီးထွားနေတာကြောင့် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာလို့ လန်ဒန်မြို့ခံတွေက ပြောပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က ဆင်းရဲသားရပ်ကွက် တခုမှာ စနေညပိုင်းက အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာမှစတင်ခဲ့တာဖြစ်ပြီး ဗြိတိသျှ ရဲတပ်ဖွဲ့ဝင်တွေရော ဆန္ဒပြသူတွေပါ ဒဏ်ရာရသွားကြပြီး လူတချို့ အဖမ်းခံခဲ့ရပါတယ်။
ကြာသပတေးနေ့က ရဲရဲ့ ပစ်ခတ်မှုနဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားရတဲ့ ဖြစ်ရပ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတာက အစောပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာအစိုးရရဲ့ ကိုင်တွယ်ပုံညံ့ဖင်းတာကြောင့် အကြမ်းဖက်မှုတွေ ပါလာတဲ့အထိ ဖြစ်ပေါ်တာဖြစ်တယ်လို့ ဝေဖန်သူတွေလဲ ၇ှိနေကြောင်း သတင်းရရှိပါတယ် ။
အခြေအနေအရပ်ရပ်က အလွန်ကြောက်စရာ ကောင်းပြီး အလွန်စိုးရိမ်စရာဖြစ်ပါတယ်။ ဘန်ကီမွန်းနှင့် အိုဘားမားတို့ မစိုးရိမ်နိုင်ပေမယ့် ခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဗြိတိန်အာဏာရှင် အစိုးရ၏ လက်နက်ကိုင်ပြီး ကျောင်းသားများကို ဖမ်းစီးနိမ်နှင်းနေခြင်းနှင့်ပတ်သက်လို့ Myanmar Express အဖွဲ့သားများမှ အလွန်အင်မတန် စိုးရိမ်မိကြောင်း ပါ ခင်များ.......။