Subscribe to our RSS Feed

လူပြိန်းကြိုက် မီဒီယာသမားများ၏ မစမှုကြောင့် ပျက်စီးသွားကြကုန်သော မြန်မာမှုနယ်ပယ်များ ( ၂ )

အချက်အလက်မှန်တယ်ဆိုတိုင်း သတင်းမဖြစ်

သတင်းတစ်ခုသည် အချက်အလက်မှန်ကန်ခိုင်မာရန်လိုအပ်သည်သာမက လူထုကိုအကျိုးပြုရန်လည်းအထူး အရေးကြီးလှပေသည် ၊ အောက်ပါသတင်းခေါင်းစဉ်များကို ကြည့်ပါ -

- မင်းမော်ကွန်း မုန့်ဟင်းခါးမကြိုက်ဟုဆို
- အိန္ဒြာကျော်ဇင် ကိုယ်ဝန် ၄ လရှိပြီ
- ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးထွက်၊ သူမ၏သားခွေးတစ်ကောင်နှင့်အတူ ပုဂံသို့ ၁ ရက်ကြိုရောက် - ဒေါ်အောင်ဆန်းစုကြည် တမာပင်အောက်မှ နာမည်မရှိသော ထမင်းဆိုင်လေးတွင်ထမင်းစားလေပြီ
- ဒေါ်စု အင်ကြင်းပင်သွားကြည့် ၊ ယခုသတင်းတင်ချိန်တွင် အင်ကြင်းပင်အောက်ရောက်နေပြီ
- သောကြာနေ့ဒေါ်စု အဲမန္တလေးလေကြောင်းဖြင့်ရန်ကုန်ပြန်မည် ။ ခွေးနှင့်သားက ကားနှင့်ပြန်မည် ။
- ချမ်းချမ်း ချစ်သူနှင့်လမ်းခွဲပြီးမှ ပိုမိုလွတ်လပ်လာ
- ကော်ဖီကြော်ငြာဖြင့် နာမည်ကြီးလာသော်လည်း ကော်ဖီမကြိုက်သောမင်းသား

အထက်ပါသတင်းများသည် အချက်အလက်များ မှန်ကန်ကြပါသည် ဆိုသော်လည်း လူထုကိုသော်လည်းကောင်း တိုင်းပြည်ကိုသော်လည်းကောင်း မည်သို့ အကျိုးပြုပါသနည်း ။မည်သို့မျှအကျိုးပြုမည်ဟုမထင်ပါ..သို့ရာတွင်အဆိုပါသတင်းများသည် အကျိုးမပြုသော်လည်း ဒုက္ခမပေးသောသတင်းများသာဖြစ်ကြ၍တော်သေးသည်ဟုဆိုရပေမည် ။


မြန်မာမှုနယ်ပယ်များကို ဖျက်ဆီးကြသူများ

အဆိုးတကာ့အဆိုးဆုံး သတင်းများမှာ မည်သည့်ကောင်းကျိုးမှမပြုသည့် အပြင် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် ဘာသာရေးအရ၄င်း ၊ ရှေးရိုးအစဉ်အလာများအရ၄င်း အခိုင်အမာ တည်ရှိပြီးသား မြန်မာမှု နယ်ပယ်များကို ဖျက်ဆီးပစ်လိုက်ကြသည့် သတင်းများ ၊ ပြောဆိုရေးသားမှုများဖြစ်သည် ။ ဥပမာဆိုရသော်-
- မိဘ ၊ ကျောင်းသား နှင့် ဆရာများအကြားဆက်ဆံရေးနယ်ပယ်
- ဆရာဝန်များနှင့် ပြည်သူလူထု လူနာများကြားဆက်ဆံရေး နယ်ပယ်
- တပ်မတော်သားများနှင့် ပြည်သူလူထုကြား ဆက်ဆံရေးနယ်ပယ်
- ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်
- တရားရေးဝန်ထမ်းများနှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်
- ရပ်ကွက် ၊ မြို့နယ် စသောအုပ်ချုပ်ရေး ဌာနအဆင့်ဆင့်နှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်

စသည်..စသည်တို့ဖြစ်ကြလေသသည် ၊ ယခုဖေါ်ပြခဲ့သည့် မြန်မာမှုနယ်ပယ်များမှာ ဥပမာမျှသာဖြစ်ပါသည် လူပြိန်းကြိုက်တို့၏ စောင်မမှုကြောင့် ပျက်စီးသွားကြကုန်သော အခြားမြန်မာမှုနယ်ပယ်များ များစွာကျန်ရှိပါသေးသည် ။


မိဘ ၊ ကျောင်းသား နှင့် ဆရာများအကြားဆက်ဆံရေးနယ်ပယ်

မြန်မာမှုနယ်ပယ်တွင် ဆရာသည် မိဘနှင့်တစ်ဂိုဏ်းတည်းထား လေးစားရိုသေကြရသော အနန္တောအနန္တ ငါးပါးဝင် ဖြစ်လေသည် ၊ ဆရာကလည်း ဆရာ့ဝတ် ၊ ကျောင်းသားကလည်း ကျောင်းသားဝတ်များဖြင့် တစ်ဦးပေါ် တစ်ဦး အပြန်အလှန်လေးစားယုံကြည်မှုများနှင့်ပြည့်နှက်ကာ ကြည်နူးဘွယ် ပီတိဖြစ်ဘွယ် ဆက်ဆံရေးဖြစ်လေသည်။



ဘာကြောင့်မိဘနှင့်တစ်ဂိုဏ်းထဲထားရတာလဲ
တိရိစ္ဆာန်များတွင်လည်း ပညာသင်ကြားရေးရှိလေသည် ၊ ထိုပညာသင်ကြားရေးကို မိဘများက ကိုယ်တိုင်တာဝန် ယူကြရလေသည် ၊ ကြောင်ကလေးများကို ကြောင်မကြီးက ကြွက်ခုတ်နည်း ၊ ကြွက်ချောင်းနည်း တိတ်တဆိတ် ချဉ်းကပ်နည်းစသည်တို့ကို ကိုယ်တိုင်သင်ကြားပေး၏ ၊ ထို့နည်းတူစွာပင် ဗျိုင်းကလေးများကို ဗျိုင်းမကြီးက ကတွတ်ပေါက်တွင်ငါးစောင့်နည်း ၊ ဖမ်းနည်းများကို ကိုယ်တိုင်သင်ပေး၏ ၊ စွန်ရဲတစ်ကောင်က သားကောင်ရှာဖွေနည်း ၊ ထိုးသုတ်နည်း ၊ တို့ကို ၄င်းတို့၏သားသမီးများအား ကိုယ်တိုင် သင်ကြားပေးကြရလေသည် ၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်သော လူတို့တွင်ကား ထိုသို့ မဟုတ် အပြောကျယ်လှသော လူမှုနယ်ပယ်အသီးသီးတွင် လူသားဆန်စွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များအပြင် ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်သုံးသပ်ရပ်တည်နိုင်ရန် ပညာသင်ကြားခြင်းမှာ ကျယ်ဝန်းနက်ရှိုင်းလှသည် ဖြစ်ရာ ထိုတာဝန်ကို မိဘ နှစ်ဦးတည်းက တာဝန်ယူ၍ မဖြစ်နိုင်တော့သဖြင့် အရပ်ရပ်သောပညာတို့ကို သင်ကြားပေးရန်အတွက် ဆရာတို့သည် မိဘများကိုယ်စား တာဝန်ယူကြရလေသည် ၊ မိဘရဲ့တာဝန်တွေကို ကိုယ်စားဆောင်ရွက်ပေးနေရသူများဖြစ်တဲ့အတွက် မိဘနဲ့ တစ်ဂိုဏ်းထဲထားကာ ရိုသေ အလေးအမြတ်ထားနေကြခြင်းဖြစ်ပါသည်။


ဒီနေ့ခေတ်မှာရော ဆရာတွေဆရာစိတ်မရှိကြတော့ဘူးလား

ဤမေးခွန်း၏ အဖြေကို ပေါ်လွင်သွားစေရန် နိုင်ငံတော်အစိုးရမှ ၁၀တန်းအောင်သူတိုင်း ဆရာလုပ်ကြရမည် ဟု အမိန့်တပ်ရပ်ထုတ်ပြန်လိုက်စေလိုသည် ၊ ထိုသို့ထုတ်ပြန်လိုက်ပါက ဤမြန်မာပြည်တွင် ဆရာမလုပ်လိုသူ အမြောက်အများ ပေါ်ထွက်လာမည်ကို သင်တွေ့ရပါလိမ့်မည် ၊ "ကျွန်မသားလေးကိုမိဘ လက်ငုတ်စီးပွားရေးပဲလုပ်ခိုင်းမှာပေါ့ ဘာလို့ဆရာလုပ်ရမှာလည်း" ၊ " အောင်မလေး လစာလေးသုံးလေးသောင်းနဲ့ ငါ့ကလေးတွေကို ဆရာတော့မလုပ်ခိုင်းနိုင်ပါဘူး" ၊ " ထီးဖြူ ဘိနပ်ပါး အလုပ်ပါအေ...ဘာမှဖြစ်လာမှာမဟုတ်ပါဘူး " စသော စသော အသံတွေကို သင်သေချာပေါက် ကြားရပါလိမ့်မည် ၊ ဒီလိုဆိုရင် အခုလက်ရှိဆရာလုပ်နေသူများကို မလေးစားသင့်ပေဘူးလား ၊ သူများသားသမီးကို မိမိသားသမီးကဲ့သို့သဘောထား ပြုစုပျိုးထောင်ပေးရသော စေတနာ၊ အထူးစိတ်ရှည်ရသော သင်ကြားရေးကိုမှ စိတ်ဝင်စားသော ၀ါသနာ ၊ ဘာစီးပွားမှ မဖြစ်နိုင်မှန်းသိလျှက်နှင့် ဘ၀၏ အချိန်အမြောက်အများကို ပေးဆပ်နေရသော အနစ်နာခံမှုမျိုး ကို လွယ်သည်ဟုသင် ထင်ပါသလား ၊ ထိုသို့ပေးဆပ်ခဲ့သည့်အတွက် ပေးဆပ်နေကြဆဲဖြစ်သည့်အတွက် ဆရာများသည် ဘာများပြန်ရပါရဲ့လဲ ၊ မိမိပြုစုပျိုးထောင်ခဲ့သည့် ပန်းပွင့်လေးများ လောကအလယ်တွင် ဖူးပွင့်လာသောအခါတွင် ရသော ဥယျာဉ်မှူး ၏ ပိတိမျိုးမှ တစ်ပါး ဆရာတို့သည် ဘာများရနေသည်ဟု သင်ထင်ပါသလည်း ၊သေချာသည်မှာ ယခင်ခေတ် အဆက်ဆက်က ဆရာများမှသည် ယနေ့ခေတ်ဆရာဆရာမ များအထိ အားလုံးသောဆရာတို့သည် ထိုနာ ၃ နာနှင့် ပြည့်စုံကြသူများဖြစ်ကြလေသည် ။လေးစားထိုက်သူများဖြစ်ကြလေသည် ၊ ယနေ့ခေတ်တွင် နာမည်ကျော်ကျူရှင်ဆရာများ၏ ၀င်ငွေကောင်းမှုကို သင်ထောက်ပြကောင်းထောက်ပြပေလိမ့်မည် ၊ ထိုနာမည်ကျော်ဆရာများသည် မူလ နာ ၃ နာအပြင် သင်ကြားရေးတွင် ပါရမီထူးသူများဖြစ်ကြသည် ၊သို့ဖြစ်ခြင်းကြောင့် ထိုဆရာတို့ကို ကြည့်၍ မုဒိတာပွားနေခြင်းသည်သာ အမှန်ဆုံးဖြစ်ပေလိမ့်မည်ဟုသာ ဆိုချင်ပါသည် ။


ကျူရှင်သင်တာအပြစ်လား....

သင်ကြားရေးအလုပ်သည် ဆရာတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည် ၊ ကျူရှင်သင်သည်ဆိုသည်မှာလည်း စာသင်သည့်အလုပ်ပင်ဖြစ်သည် ၊ သင်ကြားရေးအလုပ်ဖြင့် အသက်မွေးသူက စာသင်တာအပြစ်ဟု ဆိုကြပါမည်လား..ဆိုလျှင်ကော တရားပါမည်လား ၊ဆရာဝန်က ဆေးကုသည် ၊ အင်ဂျင်နီယာက တည်ဆောက်ရေးလုပ်သည် ၊ ဆရာကစာသင်သည် ဘာများ ဆန်းပါသလည်း ဘာမှမဆန်းပါ ၊ အထက်တန်းပြဆရာတစ်ယောက်၏လစာသည် ၄၀၀၀၀ ကျပ်မျှသာဖြစ်သည် ၊ ကျောင်းကိုအသွားအပြန်လုပ်ရသည့် ခရီးစရိတ်မျှသာရှိသည် ၊ ဆရာတို့ဘ၀စားဝတ်နေရေးအတွက် မလောက်ငှကြ ၊ ဒီတော့ကျောင်းချိန်ပြင်ပတွင် စာသင်ပြီး အပိုဝင်ငွေရှာကြရင်း ဘ၀ရပ်တည်ရေး ဆောင်ရွက်ကြရသည် ။ ကျူရှင်သင်သောဆရာသည် မနက် ၅နာရီမတိုင်ခင်အိပ်ယာမှထရသည် ၊ မနက် ၆နာရီမှ ၈ နာရီအထိ ကျူရှင်တွင်စာသင်ရသည် ၊ ၈ နာရီနှင့် ၉ နာရီအကြားတွင် ကျောင်းကို အပြေးသွားကြရသည် ၊ ကျောင်းတွင် ညနေ ၄နာရီအထိ စာသင်ကြရသည် ၊ ညနေ၅နာရီမှ ည ၈နာရီခန့်ထိကျူရှင်တွင်တစ်ဖန် စာသင်ကြရပြန်သည် ၊ အိမ်အရောက်တွင်မနားရသေး ကျောင်းမှကလေးများ၏ အိမ်စာများကို စစ်ရဆေးရပြန်သည် ၊ ၁၀နာရီကျော်မှနားရသည် ၊ မနက် ၅နာရီပြန်ထရသည် ၊စနေ၊ တနင်္ဂနွေဟူ၍ မရှိ သင်ကြားနေရသည် ၊ ထိုသို့နေ့မအိပ်ညမအိပ်ကြိုးစား ရုန်းကန်နေကြရသော ဆရာတို့ကို လူပြိန်းကြိုက် တို့က အသပြာဆရာ ဟု ကင်ပွန်းတပ် ရုပ်လုံးဖေါ်ရေးသားနေကြသည်မှာ တရားမျှတပါရဲ့လား ၊ တရားတော်နဲ့ရော ညီပါရဲ့လား ၊ဒီလိုလူပြိန်းကြိုက်စာများရေးပြီးရတဲ့ဝင်ငွေဖြင့် အသက်မွေးဝမ်းကျောင်း ပြုခြင်းကို သမ္မာအာဇီဝ ဟု ဆိုနိုင်ပါမည်လား ။

နိုင်ငံတော်အစိုးရက ဘာလို့ ကျောင်းဆရာတွေကျူရှင်မသင်ရဘူးလို့အမိန့်ထုတ်ရတာလည်း

ဤအမိန့်ထုတ်ပြန်ရခြင်းမှာလည်း ထိုလူပြိန်းကြိုက်မီဒီယာသမားများ၏ မစမှုသသည် အဓိက အခန်းမှပါဝင်လေသည် ။ထိုသူတို့သည် ဆရာတို့က ကျောင်းတွင်သေချာမသင် ၊ ကျူရှင်တွင်သာ သေချာသင်ကြသည် ၊ ကျူရှင်တက်သောကလေးကို အမှတ်ပိုပေးသည် ၊ မတက်သောခလေးကို အမှတ်လျော့သည် ၊ ထိုကြောင့် ထိုအသပြာဆရာများသည် မြန်မာ့ပညာရေးလောက ကိုအရုပ်ဆိုးအောင် လုပ်နေကြသူများဖြစ်နေသယောင်ယောင် ရေးသားကာ အမှားကိုထောက်ပြသလိုလိုနှင့် ဆရာနှင့်တပည့် ၊ ဆရာနှင့်မိဘအကြား ခလောက်ဆန်ကာ အမျိုးမျိုးရေးသားကြသည် ၊ ထိုသို့လုပ်သောနည်းဖြင့် သားသမီးများအား ကျုရှင်မထားနိုင်သူမိဘများ ၊ ထားနိုင်သော်လည်းမထားကြသူ မိဘများ ကဆရာများအပေါ် တဖြည်းဖြည်း အမြင် စောင်းလာသည် ကြာလာတော့ အထက်ဌာနများသို့ မကြာခဏဆိုသလို တိုင်ကြ တောကြ ဖြစ်လာသဖြင့် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း ဆရာများကျူရှင်မသင်ရ ဟူသောအမိန့် ကိုထုတ်ပြန်ရသည်အထိ ဒုက္ခပေးခဲ့ကြသည် ။သို့သော်လည်း မိမိကလေးကို ထူးချွန်ထက်မြက်စေလိုသောမိဘများ၏ တောင်းဆိုမှုနှင့် ဆရာတို့၏၀င်ငွေမလောက်ငှမှု တို့ကြောင့် နောက်ဆုံးတွင် အနန္တဂိုဏ်းဝင် ဆရာများသည် မိမိတို့ ခင်မင်နီးစပ်ရာအိမ်များတွင် စာသင်သည့် အလုပ်ကိုပင် မူးယစ်ဆေးဝါးရောင်းဝယ်သကဲ့သို့ တိတ်တိတ်ပုန်း ခိုးလုပ်ရသော အဖြစ်သို့ ရောက်ရှိသွားလေတော့သည် ။

အထက်ပါဖြစ်ရပ်ကို ရိုးရိုးကလေးစဉ်းစားကြည့်လျင်ပင် အဖြေကရှင်းနေပါသည် စာတစ်ပုဒ်ကို ကျူရှင်မှာတစ်ခါသင် ကျောင်းမှာတစ်ခါသင် သောကလေးက ကျောင်းတွင် တစ်ခါသာသင်သောသူထက် ပို၍ တော်နေ ၊ ပို၍တတ်နေမည်မှာ ယေဘူယျ အမှန်တရားဖြစ်သည် ၊ ကျူရှင်သင်သောကလေးသည် အထက်တွင်ဆိုခဲ့သော ဆရာများနည်းတူ မနက် ၅ နာရီမှသည် ည ၁၀ နာရီကျော်ထိ သူတို့၏ ဘ၀ကို ပညာရေးတွင် မြှုတ်နှံထားရသည် ၊ ထိုသို့ပညာရေးကို အချိန်များစွာပေးထားသောကျောင်းသားကျောင်းသူ များသည် ၊ ကျောင်းသွားခါနီးမှအိပ်ယာထ အမေအဆင်သင့်လုပ်ထားသောထမင်းကိုစား ထမင်းချိုင့်ကိုဆွဲ ကျောင်းကိုသွား၊ ညနေကျောင်းဆင်းလျင် ဆော့ ၊ ညကြတော့မောပြီး အစောကြီးအိပ် သွားကြကုန်သော သူများထက် စာပေအရာတွင် အစစသာကြသည်မှာ ဘာများဆန်းပါသနည်း ၊ ထိုစာညံသောကျောင်းသား ကျောင်းသူများသည် လူငယ်သဘာဝ ညံ့သည်ဟု ၀န်မခံ ကြ ၊ အမေတို့ကသားတို့ကို ကျူရှင်မှမထားတာကိုး ...ကျူရှင်ထားရင်သားလဲတော်မှာပေါ့ ၊ ဆရာမက မေးခွန်းကို ကျူရှင်မှာသင်ထားတာနေမှပေါ့ စသောစကားများကို ခံတပ်သဖွယ်အသုံးပြုကာ မိဘတို့ကိုစိတ်ဆင်း ရဲအောင်လုပ်ရင်း မိမိတို့ အပြစ်ကို ဖုံးကွယ်ကြသည်မှာ ထိုစာညံ့ကြသူများ၏ လုပ်ရိုးလုပ်စဉ် အလုပ်မျိုးသာဖြစ်လေသည် ။ ထူးခြားချက်အနေဖြင့် တစ်ခါသင်ယုံမျှဖြင့်ပင် နှစ်ခါသင်ထားသူအချို့ထက် ပိုပြီးသိလွယ် တတ်လွယ်သော ကျောင်းသားမျိုးလဲရှိတတ်ပေရာ ဆရာတို့သည် ထိုကျောင်းသားမျိုးကို မိမိထံတွင်ကျုရှင်ယူသူများထက်ပင် ချီးမွမ်းခန်းထုတ်ကာ မိမိတို့ကျူရှင်သင်ရာနေရာ များသို့ ခေါ်ဆောင်သွားပြီး အခမဲ့သင်ကြားပေးရင်းမြေတောင်မြှောက်ပေး မှုကြောင့် အောင်မြင်ပေါက်မြောက်သွားကြသူများ မရေမတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်ပါသည် ။ ဒီလို ရိုးရှင်းသော အဖြေမှန်တွေရှိနေပါလျှက် မိမိတို့သားသမီး ညံ့တိုင်း ဆရာများကို ပုံချ လက်ညိုးထိုးနေကြမည် ၊ အပြစ်ဆိုနေကြမည်ဆိုပါလျင် တရားနည်းလမ်း ကျနိုင်ပါမည်လား ဟုမေးစရာ ဖြစ်လာပါသည် ။



ဆုံးရှုံးမှုများစွာ

အထက်ပါဖြစ်စဉ်များကြောင့် မိဘများနှင့်ဆရာများကြား ကျောင်းသားများနှင့်ဆရာများကြား အခိုင်အမာတည်ရှိပြီးသား ဆက်ဆံရေးတွင် အက်ကြောင်းထင်လာပါသည် ။ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းဆရာများ ကျူရှင်မသင်ရဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် ဥပဒေဘောင်အတွင်းနေထိုင်လိုသော အတွေ့အကြုံရှိ လုပ်သက်ရင့် ဆရာများ ဘ၀ရပ်တည်ရေးအတွက် မိမိတို့ချစ်ခင်လှစွာသော ကျောင်းစာသင်ခန်း များကို ကျောခိုင်း၍ အငြိမ်းစားယူကာ ပြင်ပစာသင်ခန်း များသို့ ရောက်သွားကုန်ကြပါသည် ၊ ယခင်ကအစိုးရစာသင်ကျောင်းများတွင် အခမဲ့ရနိုင်နေသော ဆရာတို့၏ သင်ကြားမှုကို ပြင်ပဘော်ဒါ စာသင်ခန်းများတွင် အခကြေးငွေများစွာပေးမှရနိုင်တော့သည့် အဖြစ်ကိုနေ့ချင်းညချင်း ရောက်သွားကြလေသည် ။ ဆရာများဘက် ၊ မိဘများဘက် ၊ ကျောင်းသားများဘက် စသည့်အဘက်ဘက်မှ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြပါသည် ။

ဤသို့ အဘက်ဘက်မှဆုံးရှုံးမှုများ ဖြစ်ပေါ်သွားခြင်းအပေါ်တွင် အသင် မီဒီယာလောကသားတို့ရော ပျော်နေနိုင်ပါ၏လော ၊ အောင်ပွဲရော ခံထိုက်ပါ၏လော ၊ ထိုသို့သူတပါးတို့ဆုံးရှုံးမှုအပေါ် မွေ့လျော်အာင်ပွဲခံနေကြသည့် အဖြစ်ကို အပြစ်ဟုဆိုပါလျင် ထိုအပြစ်တို့ ကို ပြင်ဆင်ရန်သည် အချိန်သည် နောက်ကျသည်ဟူ၍ ရှိမည်မထင်ပါကြောင်းတင်ပြအပ်ပါသည် ။

(ဆက်လက်ဖေါ်ပြပါမည်)

ဒေါက်တာဆိတ်ဖွား
http://doctorsatephwar.blogspot.com/2011/07/blog-post_16.html#more


Myanmar Express

ပြည်ပမှာ ဒီမိုကရေစီရနေတဲ့ တို့ ရွှေမြန်မာတွေ (၂)

imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.comimagebam.comimagebam.com imagebam.com imagebam.com

Source: http://drchatgyi.blogspot.com/2011/07/blog-post_9453.html

"ဝ" သောင်းကျန်းသူတို့၏ မျက်လှည့်ပြကွက်များ


wa -


Myanmar Express

ဂွကျလိုက်တာ

မျိုးဆက်သွေး

စာပေစိစစ်က မူတွေ ပြင်လိုက်တယ်။ လက်ရှိ စာနယ်ဇင်းတွေထဲက အနုပညာ၊ အားကစား၊ အိုင်တီ စသည်ဖြင့် ငါးမျိုးက တင်ထုတ် မဟုတ်တော့ဘဲ ထုတ်တင် ဖြစ်သွားတယ်။ သူတို့အဆို အုပ်စု ၁ ပေါ့။ ကျန်တာတွေ အဓိကအားဖြင့် သတင်း ဂျာနယ်တွေ၊ ပြဿနာ ဖြစ်နိုင်တဲ့ ဘာသာရေး ဂျာနယ်တွေကတော့ အရင်လိုပဲ တင်ထုတ်ပေါ့။ ဆိုလိုတာက စနစ်ဟောင်း အတိုင်း စာပေစိစစ်ကို ဖြတ်သန်းပြီးမှ ထုတ်ပေါ့။ ထုတ်တင်ဆိုတဲ့ စာပေစိစစ်ကို ဖြတ်သန်းစရာ မလိုတဲ့ ဂျာနယ်များအတွက် လိုက်နာရမယ့် စည်းကမ်းတွေလည်း ထွက်လာတယ်။ အဲဒါကို ကောင်းတယ်၊ ဆိုးတယ် အမျိုးမျိုး ပြောကြတာပဲ။ ဒီမှာ ပြောချင်တာက စည်းကမ်းတွေ အကြောင်း မဟုတ်ဘူး။ ရလာတဲ့ လွတ်လပ်မှုကို ထုတ်တင်ဆိုတဲ့ ဂျာနယ်များရဲ့ အယ်ဒီတာများက ဘယ်လိုများ ကျင့်သုံးနေသလဲ ဆိုတာပဲ။

ထုတ်တင်စနစ်စပြီး သိပ်မကြာပါဘူး စာပေစိစစ်က ထုတ်တင် ဂျာနယ်လေးငါးခုကို ခေါ်သတိပေးတယ်ဆိုတဲ့ သတင်းထွက် လာတယ်။ ပြည်ပ မီဒီယာတွေကတော့ ဒါဟာ စာပေ လွတ်လပ်ခွင့်က ဘာမှ မထူးဘူးလို့ ဖွင့်ဆိုကြတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲထင်တယ်။ ဒီတော့ ဘယ်ဂျာနယ်တွေ ခေါ်သတိပေးခံရသလဲ ဆိုတာ လေ့လာကြည့်တယ်။ နောက်ပြီး ဘာတွေ ရေးလို့များ စာပေကင်ပေတိုင်က ခေါ်ကြိတ်ရသလဲလို့ ရှာဖွေကြည့်တယ်။ အော် ဒီတော့မှ ကိုယ်လူတွေကလည်း ကိုယ့်လူတွေကိုးလို့ သက်ပြင်း ချရတဲ့ကိန်း ဆိုက်တော့တာပဲ။ ဒီမှာ ကြည့်လိုက်ဦး၊ ဘာတွေ ရေးလို့များ သတိပေးခံရသလဲ ဆိုတာ

Mobile Guide ဆိုတဲ့ အိုင်တီဂျာနယ်ကတော့ နန်းသူဇာဆိုတဲ့ မော်ဒယ်လ်ကို မျက်နှာဖုံးတင်တယ်။ အထဲမှာလည်း သူ့ပုံနဲ့ မိုဘိုင်းလ်ဖုန်းနဲ့ ကွန်ပျူတာကြော်ငြာ ဆန်ဆန်ပုံတွေ ထည့်တယ်။ မော်ဒယ်လ်က ပြိုင်စက်ဘီးကို ခွပြီး လက်တစ်ဝါးလောက် ပဲရှိတဲ့ ဂျင်းဘောင်းဘီအတိုနဲ့ တင်ပါးကို နောက်ပစ်ထားတဲ့ပုံ။ စာပေစိစစ်က မလုပ်ပါနဲ့လို့ ပြောထားတဲ့ မြန်မာ့ယဉ်ကျေးမှု အရဖော်ပြရန် မသင့်သော ကိုယ်အစိတ်အပိုင်းများကို ဖော်ပြခြင်း မပြုရဆိုတဲ့မူနဲ့ ကွက်တိပါပဲ။ စာပေကင်ပေတိုင်က မောင်တွေ မဆိုထားနဲ့ ကျွန်တော်တို့တောင် တံထွေးကို ဂလုလို့မြိုချရမယ့်ပုံမျိုး။

နောက်တစ်စောင်ကတော့ ကျန်းမာရေးဂျာနယ် Health Care ဂျာနယ်။ ဒင်းတို့မှာလည်း တော်ရှာပါတယ်။ အေးကမ္ဘာ ဒေါက်တာချစ် ဆိုတဲ့နံမည်နဲ့ အမျိုးသားများ၏ လိင်ဆက်ဆံမှု အခက်အခဲများဆိုတဲ့ ဆောင်းပါးရေးတယ်။ ဒါပေမယ့် တကယ်တော့ ဒါဟာ Sildora ဆိုတဲ့ ကာမအားတိုးဆေး ကြော်ငြာဆောင်းပါး ဖြစ်ပါတယ်။ ဒါပေမယ့် ကျင့်ဝတ်အရ ကြော်ငြာ ဆောင်းပါးဖြစ်ကြောင်းဖော်ပြရမှာကို မဖော်ပြပဲခပ်တည်တည်နဲ့ ဆေးပညာ ဆောင်းပါးပုံစံ အကြောင် ရိုက်ထားတယ်။ ဒီထက် ဆိုးတာက အရေးအသားတွေပဲ၊ အားလုံးတော့ ကူးပြီး မဖော်ပြတော့ပါဘူးဗျာ၊ တော်ကြာ ဟိုဝတ္ထု ရေးတယ် ထင်ပြီး ကိုပိတောက်က ဆင်ဆာဖြတ် နေဦးမယ်။ ဒီအပိုဒ်လေးတွေပဲ ဖတ်လိုက်ပါဦး

သုတ်ထွက်စောခြင်း၊ တည့်မတ်ခြင်းသည် သန်မာ၍ ဖြစ်ဖြစ်၊ ပျော့တော့တော့ပဲဖြစ်ဖြစ်၊ အတွင်းသို့ထည့်ပြီးပြီးခြင်း ဖြစ်ဖြစ်၊ မထည့်ခင်တွင် ဖြစ်ဖြစ်++++++ အပြည့်အ၀မ၀င်ခင် ညှိုးကျသွားခြင်း++++ လက်ထပ်ပြီးကာစတွင် ကျွမ်းကျင်မှု မရှိ၊ စိတ်လှုပ်ရှားလွန်း၍၊ သန်မာမှုမရှိခင် သွားထဲ့လို့ +++++

ကဲဗျာ၊ အဲဒါမျိုးတွေ ပါတဲ့ကြော်ငြာကို မဆော်ရင် ဘယ်သူ့များ ဆော်ရမလဲနော်၊ စဉ်းစားကြပါဦး.

နောက်ထပ် အကောင်းစား နှစ်စောင်ကတော့ ဘောလုံး ဂျာနယ်နှစ်စောင် ဖြစ်တဲ့ Forever , Four Four Two တို့ပါပဲ။ သူတို့ကတော့ ပရီမီယာလိဂ် မရှိတော့ လူတွေ အားကစား ဂျာနယ် ၀ယ်လိုအား ကျသွားတာကို ကုစားတဲ့အနေနဲ့ ကာလသားကြိုက် Play Boy ဂျာနယ် မျက်နှာဖုံးမှာ မလုံ့တလုံ အရိုက်ခံထားတဲ့ ဂျာမန် အမျိုးသမီး ဘောလုံးသမား တစ်စုပုံကို မူရင်းကနေ ကူးယူ ဖော်ပြပြီး အဲဒီ ဘောလုံးသမားတွေ ကမ္ဘာ့အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင် ဂျာမနီ ဘောလုံးအသင်း ပထမ ၁၁ ဦးစာရင်းမှာ တစ်ယောက်မှ ပါမလာ လို့ ၀မ်းနည်းရတဲ့ အကြောင်း ရေးထားရှာပါတယ်။



ကဲဒီတော့ ကျွန်တော်တို့ မီဒီယာဆရာများက သူများ မီဒီယာ လွတ်လပ်ခွင့် ဆိုတော့ ကိုယ်ကလည်း မီဒီယာ လွတ်လပ်ခွင့် ဆိုပြီး အော်သာ နေတယ်၊ လွတ်လပ်ခွင့်ဟာ တာဝန်သိမှု၊ စည်းကမ်းရှိမှုနဲ့ အတူ တွဲနေတယ် ဆိုတာ သိပုံမရဘူး။ ဒါ့ကြောင့်လည်း ဗိုလ်ချုပ်က လွတ်လပ်ပြီ ဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှမ်းလို့ မရဘူးလို့ ပြောခဲ့တာပဲ။

တကယ်တော့ အိုင်တီဂျာနယ်က အစိုးရဲ့ အိုင်တီမူဝါဒအပေါ် သုံးသပ်လို့၊ ကျန်းမာရေး စာစောင်က ကျန်းမာရေး မူဝါဒအပေါ် သုံးသပ်လို့၊ အားကစား ဂျာနယ်က အားကစား လောက အခြေအနေအပေါ် သုံးသပ်လို့ စာပေစိစစ်က ဘောင်ကျော်တဲ့ ဆိုပြီး ခေါ်သတိပေးတာ ဆိုရင်တော့ လူကြားလို့ ကောင်းသေးတာပေါ့ဗျာ၊ ကျုပ်တို့မှာလည်း သူတို့ဘက်က ရပ်တည်ပြီး စာပေစိစစ်က ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောလို့ ကောင်းသေးတာပေါ့။ အခုတော့ အညှီအဟောက်နဲ့ ခေါ်ပြောခံရတော့ ဒါလားကွ၊ မင်းတို့ လိုချင်တဲ့ စာပေလွတ်လပ်ခွင့် ဆိုပြီး မေးငေါ့ခံရမယ့် အပေါက်ပဲ။

ထုတ်တင်တွေကို လွှတ်ပေးလိုက်တာနဲ့ အညှီအဟောက်လိုင်းပေါ် ရောက်သွားတာကို ကြည့်ပြီး ပျော်မယ့်သူတွေက စာပေ ကင်ပေတိုင်ချုပ်ကြီး မရဲတရဲ တင့်ဆွေနဲ့ အဖွဲ့သားတွေပဲ။ စာပေစိစစ်မူ အပြောင်းအလဲကို ကြေညာတဲ့ အခမ်းအနားမှာ သူတို့က အခုထုတ်တင်တွေရဲ့ အခြေအနေကို ကြည့်ပြီး နောက်ကျန်တဲ့ အုပ်စုတွေကိုလည်း ထုတ်တင်အဖြစ် ပြောင်းလဲ သွားမယ်လို့ ပြောခဲ့တယ်။ အခု ဖြစ်သလိုမျိုးများ ဖြစ်ရင်တော့ ဒင်းတို့ဘက်က ဟင် ခင်ဗျားတို့ လွတ်လပ်ခွင့် ပြောမနေနဲ့ ကျုပ်တို့ မစစ်တော့တာနဲ့ ဘာဖြစ်ကုန်ပြီလဲ တွေ့တယ် မဟုတ်လားလို့ ပြောစရာ အကွက် ရသွားတော့တာပေါ့။

ဒီအဖြစ်အပျက်ဟာ ဂျာနယ်လောကမှာ အယ်ဒီတာကောင်း ဘယ်လောက် ရှားနေသလဲ ဆိုတာ ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဆရာဦးဝင်းငြိမ်းက ထုတ်တင် ဖြစ်လာတဲ့အခါ အယ်ဒီတာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာပြီ၊ အရည်အချင်း မရှိရင် ပြုတ်ကျန်ခဲ့မှာပဲလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အဲထုတ်တင်မှာတင် ပြဿနာဖြစ်တာ မဟုတ်သေးဘူး။ တင်ထုတ်မှာလည်း စာပေစိစစ်က အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေကို ဝေဖန်တဲ့ စာတွေကို အတိအကျရေးရင် ထည့်စမ်းလို့ ပေးလိုက်တော့ Hot News နဲ့ SSC ဆေးရုံက စပြီး တရားတဘောင် ဖြစ်နေကြပြီ။ ဘယ်သူ မှန်တယ်၊ မှားတယ်ကို မဆိုလို၊ သို့သော် ကိုယ့်တာဝန် ကိုယ်ယူ၊ မှားတယ် ထင်ရင် အရင်ကလို စာပေစိစစ်က ကြားမ၀င်ဘူး၊ တရားရုံးမှာ ရှင်းကြဆိုတဲ့ ဒီမိုကရေစီ စနစ်မှာ မီဒီယာတေ ရင်ဆိုင်ရမယ့်အ ခြေအနေကို မိတ်ဆက် ပေးလိုက်တာနဲ့ ပေါ်လာတဲ့ အခြေအနေကိုသာ ဆိုလိုတယ်။ ဒါဟာ လွတ်လပ်ခွင့်နဲ့ တာဝန်သိမှု ကိစ္စကို ထုတ်ဝေသူများ၊ အယ်ဒီတာများ ရင်ဆိုင်ရတော့မယ့် အခြေအနေကို မီးမောင်း ထိုးပြလိုက်တာလဲ ဖြစ်တယ်။ ဟိုတုံးကတော့ တစ်ဘက်က ကန့်ကွက် လာရင်တော့ စာပေစိစစ်က ခွင့်ပြုပြီးသားပဲ ဆိုတဲ့ ဆင်ခြေလေးနဲ့ ပြောလို့ ရသေးတယ်။ နောင်ဒီလိုရမှာ မဟုတ်တော့ဘူး။

မီဒီယာ လောက ဆရာကြီး ဖြစ်တဲ့ ဇာတ်လိုက်ကြီး နေ၀င်းမောင် တစ်ယောက်လည်း သံဃ မဟာနာယကအဖွဲ့ နေပြည်တော် ရွှေ့ရမယ်ဆိုတဲ့ သတင်းကို အတည်ပေါက်နဲ့ လုပ်ချလိုက်လို့ သာသနာရေး ၀န်ကြီးက တရားစွဲမယ်လို့ ခြိမ်းခြောက် ခံရပြီး အခုတော့ တောင်းပန် တိုးလျှိုးကာ သတင်း မမှန်ကြောင်း ဖြေရှင်းချက် ထည့်ပေးပါ့မယ် ဆိုပြီး ခယနေရတယ်ဆိုပဲ။

ဒီကြားထဲမှာ ကိုယ့်တာဝန် ကိုယ်ယူ ဆိုတော့မှ ထုတ်တင်တစ်ချို့က စာပေစိစစ်ကို သွားပြီး အရင်လိုပဲ တင်ထုတ်လုပ် ပါရစေလို့ ပြောလိုပြော၊ အရင်စနစ်ပဲ ကောင်းပါတယ် ဆိုသူဆိုဖြစ်လို့ ဆရာမောင်ဝံသက ပြည်သူ့ခေတ် အင်တာဗျူးမှာ အဲဒီလို မလုပ်သင့်ကြောင်း၊ ကိုယ့်တာဝန် ကိုယ်ယူပြီး မီဒီယာ လွတ်လပ်ခွင့်ကို ကြိုးစား တိုက်ယူရမယ်လို့ သတိပေးခဲ့ရတယ်။ အော် ဖြစ်ပုံများ။

ကဲ ဒီလိုပုံနဲ့ကတော့ ဘယ်တော့များ သူတို့ပြောနေတဲ့ စတုတ္ထ မဏ္ဍိုင်ကြီး ပေါ်လာနိုင်ပါ့မလဲ၊ မျှော်သူပဲ မောရမယ့် ကိန်းဆိုက်ပြီ။ ဂွကျလိုက်ပုံများ၊ ပြောမပြောချင်တော့ဘူး။

မျိုးဆက်သွေး

http://padaukmyay.blogspot.com/2011/07/blog-post_15.html



Myanmar Express

မိုးသီးဇွန်းပြောတဲ့ မိုးသီးဇွန်း၏ မိဘများအကြောင်း

Tawwat Wat
Tawwat Wat ဘယ်တပ်ကလဲ


Moethee Zun
Moethee Zun ခလရ ၃၆ ပေါ့


Tawwat Wat
Tawwat Wat ရန်ကုန်ကလား
ဦးနေ၀င်းတပ်ကလား


Moethee Zun
Moethee Zun ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတော့ ကိုယ်အဖေက တပ်ကြပ်ဖြစ်နေပြီ။


Tawwat Wat
Tawwat Wat ကိုသန်းဝင်းတို့ြေ့ပာတာက ဘီအီးကလို့ ဆိုတယ်


Moethee Zun
Moethee Zun ဆောက်ရူးတွေပြောတာ


Tawwat Wat
Tawwat Wat ဟား


Moethee Zun
Moethee Zun သူအဖေမပြောနဲ့ သူအဖေ ပထွေးတောင်စစ်ထဲမရောက်သေးဘူး။


Tawwat Wat
Tawwat Wat စိတ်မတိုနဲ့အုံး


Moethee Zun
Moethee Zun ကိုယ်အဖေစစ်ထဲတုံးက.... ခွေးသူတောင်းစားတွေနာမည်ကြားရင်တော့တို သကွ။


Tawwat Wat
Monday
Tawwat Wat ထားပါဗျာ
ကိုယ်က ခေါင်းဆောင်ပဲဟာ


Moethee Zun
Moethee Zun ဒို့ အဖေစစ်ထဲက ဂျပန်ကို ချတော့ စောမောင်တောင်စစ်ထဲမရောက်သေးဘူး လေ


Tawwat Wat
Tawwat Wat တိုရင် ကိုယ်ပဲ ခံရတယ်.


Tawwat Wat
Tawwat Wat အော်
ဒီလိုလား
ဒါ့ကြောင့် ကိုမိုးသီးက စွာတာကိုး။


Moethee Zun
Moethee Zun ဒို အဖေရဲ့ တပ်ရင်းမှုးတွေက ဗိုလ်မှုး မြလှိုင်
ဗိုလ်မှုး - တင်ဝင်းညို
( မြနောင်းညိုအဖေ)
မစွာပါဘူးကွာ


Tawwat Wat
Tawwat Wat ကျနော်တော့ ကိုမိုးသီးကို သဘောကြပါတယ်


Moethee Zun
Moethee Zun ဒို့ ဖါးသားကြီးကသူရဲကောင်းဆုရဘူးတယ်
သူကို ဦးနေ၀င်းကိုယ်တိုင် ဆုချထားတာ။


Tawwat Wat
Tawwat Wat ဘာသူရဲကောင်းလဲ


Moethee Zun
Moethee Zun ဒီတုံးက ဦးနေ၀င်းက ဘီအိုင်အေမှာ
စစ်ရုံးချုပ် -ရုံးအဖွဲ့ မှုးပေါ့
ဗိုလ်မှုးကြီးနေ၀င်း ဆိုပြီး မှတ်တမ်းမှာလက်မှတ်ထိုးထားသကွ။


Tawwat Wat
Tawwat Wat အဖိုးကြီး စစ်တိုက်ကျွမ်းတယ်ပေါ့။


Moethee Zun
Moethee Zun ကျွမ်းတယ်
သူဒါပဲသိတယ်
စစ်ထဲက ထွက်တော့ ၆၄ နစ်မှာ
စစ်မှုထမ်း သက် ၂၂- နှစ်ကျော်တယ်


Tawwat Wat
Tawwat Wat ကောင်းတယ်
ထွက်တာ ကြာပီလား


Moethee Zun
Moethee Zun ၆၄ ခုနစ်ထဲက ထွက်တာလေ


Tawwat Wat
Tawwat Wat အာ
ကျနော်တောင် မမွေးသေးဘူး


Moethee Zun
Moethee Zun အေး


Tawwat Wat
Tawwat Wat ကိုမိုးသီးက အကြီးဆုံးလားဗျ


Moethee Zun
Moethee Zun ကိုယ်တောင် ၂ နစ်လား ၃ နစ်လားရှိသေးတာ
ဒို့ အထက်မှာ ၄ ယောက်ရှိတယ်


Tawwat Wat
Tawwat Wat ဒါဆိုရင်
အငယ်ဆုံးပေါ့


Moethee Zun
Moethee Zun အောက်မှာလဲ ၂- ယောက်


Tawwat Wat
Tawwat Wat အားပါး


Moethee Zun
Moethee Zun အဖိုးကြီး တော်တော်ဆော်ပုံ ရတယ်။


Tawwat Wat
Tawwat Wat တကယ်များပါလား
ဟား


Moethee Zun
Moethee Zun ငတုတ်ကြီးပဲ ထင်ပါတယ်။


Tawwat Wat
Tawwat Wat မောင်နှစ်မတွေ ဘာတွေလုပ်နေလဲ။


Moethee Zun
Moethee Zun ခုတော့သေရှာပြီ။
အေဘီ နှစ်ဖွဲ့ ကွဲတဲ့နေကသေတာ။
သေတော့ငယ်သေးသကွ။


Tawwat Wat
Tawwat Wat အေဘီကွဲတာနဲ့ သူသေတာ ဘာဆိုင်လို့လဲ


Moethee Zun
Moethee Zun ၆၆ နစ် ပဲရှိသေးတယ်
သူဘာသာသူသေတာပါ။ တိုက်ဆိုင်မှုပါ။
သူက အသက်မပြည့်သေးပဲ ဘီအိုင်အေထဲကိုဝင်ခဲ့တာ
ကလေးစစ်သား အစ မိုးသီး အဖိုးကြီးက လို့ ပြောလို့ ရသပေါ့။


Tawwat Wat
Tawwat Wat ဟား
ကိုမိုးသီးလဲ လူပြောင်ပဲ
ပေါက်ကရပြောတယ်


Moethee Zun
Moethee Zun ဗိုလ်ချုပ်ပါအမှုပတ် မှာစိုးလို့  ငြိမ်နေတာ
၁၅ နစ်လောက်နဲ့ ဝင်တာတဲ့။
ငကြွ တွေထင်ပါတယ်။
ဖျာပုံသားလေ
သူတို့ ဖျာပုံသား ဗိုလ်လက်ယာ လူကြီးဖြစ်လို့  သူတို့ လဲ အားကျပြီးဝင်တာ။


Tawwat Wat
Tawwat Wat အော်
ဒုက္ခ


Moethee Zun
Moethee Zun မျိုးချစ်စိတ်တွေဘာတွေ ရှိလို့ မဟုတ်ပါဘူး။
ဘော်ဒါကဏ တွေထင်ပါတယ်။


Tawwat Wat
Tawwat Wat ဖြစ်မယ်


Tawwat Wat
Tawwat Wat ဟဲ


Moethee Zun
Moethee Zun ဖွန်ကလည်းကြောင်ပုံရတယ်


Tawwat Wat
Tawwat Wat ကြွတက်လို့
ဟား
ကိုမိုးသီးလို စော်ကြည်တယ်ပေါ့


Moethee Zun
Moethee Zun ဗိုလ်ချုပ် တို့ ကျဆုံးတော့ ဂျူဗလီဟော မှာ ဈာပနကိုထားတယ် သူက လုံခြုံရေး တာဝန်ကျတယ်
တပ်ကြပ်ဖြစ်နေပြီ။
ီဒီမှာ အလေးလာပြုတဲ့  ကလေးမ တယောက်ကို ဖွန်ကြောင်နေပုံရတယ်။
ဈာပနပြီးတော့ယူလိုက်တယ်။
ကလေးမက ၁၇ နှစ်ပဲရှိသေးတယ်။ ကလေးမက ဒို့ အမေဖြစ်လာတယ်။
Child abuse ပေါ့
အိုကေ




Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ