Subscribe to our RSS Feed

ပြောတော့ တွံတေးသိန်းတန် ဆိုတော့ ချိုမိုင်မိုင်

ကျီးကိုဘုတ်က မြှောက်လိုက်၊ ဘုတ်ကို ကျီးကမြှောက်လိုက်နဲ့ တိုင်ပတ်နေတဲ့ မြန်မာအတိုက်အခံလောကကြီးက တိုင်ပတ်ရုံနဲ့ အားမရတော့ပဲ နိုင်ငံပတ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ တော်တော်ကြာနေပါပြီ။ ပညာမဲ့သူတွေ၊ အဘိုးကြီးအဖွားကြီးတွေ ပေါင်းစုထားတဲ့ NLD ပါတီဝင်တွေရဲ့ မြှောက်စားမှုကို အပြည့်အဝခံနေရပြီး နိုင်ငံခြားရောက် ၁၀၉ - ၁၁၀ ပညာမဲ့တွေရဲ့ မြှောက်စားမှုကို အများကြီးခံနေရတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်စုရှင်ကြီး တစ်ယောက် အကျယ်ချုပ်ကျခံနေတုန်းက ဆင်ဖမ်းမယ် ကျားဖမ်းမယ် ပြောနေခဲ့ပေမယ့် အကျယ်ချုပ်က လွတ်လာတာ ၇ လ ခွဲအချိန်အထိ ယင်ကောင်တစ်ကောင်တောင် မဖမ်းနိုင်ခဲ့ပါဘူး။

အားပေးလိုက်ကြတာလဲ ဆူညံလို့၊ အားသွန်ခွန်စိုက်တော့လုပ်နေတာပဲ ရှေ့တော့မရောက်ဘူးဖြစ်နေတယ်

အကျယ်ချုပ်ကျတုန်းကတော့ အိမ်ထဲမှာ အပေါ်ထပ်နဲ့အောက်ထပ် ပတ်နေပါတယ်။ ခြေရာချင်းတွေ ထပ်ပြီး ဘာမှခရီးမရောက်ခဲ့ပါဘူး။ အကျယ်ချုပ်က လွတ်တာ ၇ လ ကျော်ပေမယ့်လည်း အပေါ်ထပ်နဲ့အောက်ထပ် ပြောင်းပတ်နေရာက ရုံးနဲ့အိမ်နဲ့ ပြောင်းပတ်တာပဲ ရှိပါတယ် ခရီးကတော့ အရင်လိုပါပဲံ ဘာမှမထူးပြန်ပါဘူး။ ရုံးဆိုလို့လည်း အထင်မကြီးပါနဲ့ အလုပ်ကြီးအကိုင်ကြီးတော့ဘာမှမရှိဘူး သက်ကြီးပူဇော်ပွဲ၊ သီချင်းဆိုပွဲ၊ ဓာတ်ပုံပြပွဲ၊ ဈေးရောင်းပွဲတွေပဲ ပုံမှန်လုပ်နေတဲ့ ဇရပ်သာသာနေရာပါ။ အကျယ်ချုပ်ကမလွတ်ခင်က ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံလေး ထောင်ပြီး Free Free ချက်ချင်းလွှတ် ချက်ချင်းလွှတ် အော်နေခဲ့တဲ့လူတွေလည်း ခုတော့ ဇတ်ကားရိုက်သူကရိုက်၊ ဘလော့ရေးသူကရေး၊ facebook မှာ ဆဲသူကဆဲ နဲ့ ၁၀၉ ၁၁၀ ဖြစ်ကုန်ကြပါပြီ။ ဒါပေမယ့်လည်း အခြေအနေမဲ့မဖြစ်ရေးအတွက် ဒီ နောက်ဆုံးကြိုးစလေးကိုတော့ အတင်းဆွဲထားနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာမလုပ်မလုပ်၊ ဘာမဖြစ်မဖြစ် သူ့ကို လက်လွှတ်လို့တော့မဖြစ်ပေ။

ဆွဲမိဆွဲရာ ကြိုးတစ်စ လှမ်းဆွဲထားရတယ်

အရင်ကတည်းကမှ အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ ၅ ယောက် တစ်ဖွဲ့ အဖွဲ့ပေါင်း ၄၀ ကျော်လည်း အချင်းချင်း စာခွက်လုဖို့ ကြံစည်နေကြပါတယ်။ မလေးရှားမှာတော့ အဖွဲ့အတွင်းမှာကို ဇတ်တူသားစားလို့ အချင်းချင်းဒုက္ခပေးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အခြေမကောင်းတာကြောင့် DVB သတင်းထောက်တွေတောင် ဘဝ အာမခံချက်ရရေး စိုးရိမ်နေကြရကြောင်း ကြာကူလီစိုင်းသိန်းဝင်း (ခေါ်) ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ချက်ရက်ကော့တွေ ကဖော်ပြနေပါတယ်။

http://2.bp.blogspot.com/-U4_zWIiahsc/TgCabuzBuUI/AAAAAAAABbI/N-Uu28zzirI/s1600/Ingjinpang%2Bmail%2B3%2Bon%2Bmyanmarexpress.blogspot.com.png
ကြာကူလီစိုင်းသိန်းဝင်း၏ ချက်ရက်ကော့တစ်ခု

ဒါပေမယ့် ထူးဆန်းတာက VOA က သားညွန့်ဦး ရဲ့ ဇနီး RFA က အင်ကြင်းနိုင်က ကြာကူလီစိုင်းသိန်းဝင်းနဲ့ ဖောက်ပြန်တဲ့အကြောင်းကို ဘယ်သတင်းဌာနတွေကမှ သတင်းမရလိုက်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ချန်နယ် မမိလိုက်ဘူးထင်ပါတယ်။ အဆိုးဆုံးကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အကြောင်းအမြဲပြောနေတဲ့ သတင်းဌာနတွေ အားလုံးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဆိုသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား) မှာဖြစ်သွားတဲ့ ပြဿနာတွေအတွက် တေမိလုပ်နေကြတာပါပဲ။

for NLD
BBC, VOA, RFA, DVB နဲ့ ဧရာဝတီ မဇ္ဈိမတို့ ချန်နယ်မမိလိုက်တဲ့ သတင်း


မလေးရှား NLD အတွင်းမှ စားခွက်လုပွဲ


အကျယ်ချုပ်က မလွတ်ခင်တုန်းကတော့ လွတ်လာရင် တစ်ခုမက ထူးခြားမယ်လို့ မျှော်လင့်သူတွေရှိခဲ့သလို ကြွေးကြော်သူတွေလဲ ဒုနဲ့ဒေးပါပဲ။ တချို့ကဆိုရင် ” လွှတ်လိုက်ရင် အများကြီး ထူးခြားပြောင်းလဲလာမှာကို ကြောက်လို့ အကျယ်ချုပ်ချထားတယ် ” လို့တောင် အော်နေကြပါသေးတယ်။ ခုဆိုရင် လွတ်နေတာလည်း ၇ လ ကျော်ပါပြီး ကြောက်စရာလဲ တစ်ကွက်မှ မရှိပါဘူး။

ဒီမိုကရေစီရဖို့ ဆိုဖာပေါ်တူတူထိုင် ဆွေးနွေးကြမယ်၊ ခေါင်းလေးဘေးချထား


ဘူးသီးပေးလိုက်တုန်းက ဘူး ဘူး ဆိုပြီး အခြေခံဥပဒေကို အမှားခြစ်ခဲ့သူတွေ၊ မဲသွားမထည့်သူတွေလည်း သူတို့လုပ်ခဲ့တဲ့အလုပ်အတွက် ဘယ်သူမှ တာဝန်မယူနိုင်ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲမထည့်ဖို့ ပြောခဲ့တဲ့စကားကို ယုံစားပြီး မဲမထည့်သူတွေလည်း သူတို့လုပ်ရပ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘာမှ တာဝန်မယူနိုင်ပါဘူး။

ဗူးသီးပေးခြင်းမှ နောက်ဆက်တွဲ

မနက်ဖြန်ထူးမလား သဘက်ခါထူးမလား စောင့်နေရင်းနဲ့ ၇ လ သာကျော်သွားတယ် ဘာဆိုဘာမှ မထူးခြားခဲ့ပါဘူး။ အခြေအနေကတော့ တစ်ရက်ပြီးတစ်ရက် ထူးခြားလာမလား ဆိုပြီး ပါတီဝင်အနည်းစုနဲ့ ပြည်ပရောက်ပညာမဲ့ အစွန်းရောက်သူတွေက မျှော်လင့်နေပေမယ့် အခြေအနေက ထူးမလာပဲ ရူးလာပါတော့တယ်။ ၂၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီးက စာတစ်စောင်ပို့လိုက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရော ဦးတင်ဦးတို့ ဦးဝင်တင်တို့အပါအဝင် NLD ဝင် အားလုံး သွက်ချာပါတ လိုက်ကုန်တော့တာပါပဲ။

http://3.bp.blogspot.com/-slN5m82m690/Tgsx9GhxIBI/AAAAAAAAABg/byiiD6cpMPY/s1600/ope.png
အဘိုးကြီး၊ အဖွားကြီး များကို သွေးတက်သွားစေတဲ့ စာ

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ မေတ္တာရပ်ခံစာ ပို့ခဲ့ရပါတယ်။ သတင်းစာဆရာကြီး ဦးဝင်တင်ဆိုရင် အစိုးရိမ်လွန်လို့ အိပ်ယာထဲတောင် လဲသွားတယ် လို့နီးစပ်သူများက ပြောပါတယ်။ လေတလုံးမိုးတလုံးပြောခဲ့သူများနဲ့ နှစ်ရှည်ထောက်ကျဖူးတဲ့အပြင် အကျီအပြာပဲ အမြဲဝတ်တယ်ဆိုတဲ့ လူများက ဒါမျိုးကျတော့လဲ အကြောက်အလန့်က ကြီးလွန်းကြပါတယ်။

ကယောင်ကတမ်း ရှက်ရမ်းရမ်းရင်း အသနားခံလိုက်ရ

၂၀၀၈ အခြေခံဥပဒေ ကို မထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူး။ ၂၀၀၈ အခြေခံဥပဒေကဖြစ်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဖူးဆိုတဲ့ ဒေါ်စုကိုယ်တိုင်က ကယောင်ကတမ်းနဲ့ ၂၀၀၈ အခြေခံဥပဒေထဲက အချက်တွေကို ထောက်ပြပြီး ကယောင်ကတမ်းတွေ ဖြေရှင်းချက် တောင်းနေရရှာပါတယ်။ မှတ်ပုံတင်ပါ တင်ပါ ဆိုပြီး ၃ လ အချိန်ပေးတုန်းက အတိတ်မေ့သလိုလို ရွှေပြောက်သလိုလို လုပ်နေခဲ့ပြီးမှ အားလုံးပြီးချိန်ကျတော့ အယူခံဝင်လို့ဝင် ခုတော့လည်း အသနားစာ ပို့လို့ပို့ လုပ်နေရပါတယ်။

၇ လအတွင်းမှာ အစိုးရဖက်နဲ့ တခြားပါတီပေါင်းစုံက နိုင်ငံရေးနဲ့ ဆိုင်တဲ့အလုပ်တွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကတော့ ဈေးရောင်းလိုက်၊ သီချင်းဆိုပွဲလိုလို ဓာတ်ပုံပွဲလိုလိုလုပ်လိုက်နဲ့ အချိန်ကုန်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဘာမှမထူးခြားကြောင်း ဖိအားတွေ များလာတော့ လုပ်ကွက်ပြဖို့အတွက် ခရီးထွက်မယ် လို့ ကြေညာလိုက်ပါတယ်။ ခရီးထွက်မယ်ဆိုတော့ အမှတ်မရှိတဲ့လူတွေက ထပ်ပြီး မျှော်လင့်ကြပြန်ပါတယ်။ ခရီးထွက်ပြီး ဘာများလုပ်မှာလဲ? ပြည်သူတွေအတွက်ထွက်တာလား? ပါတီဝင်တွေအတွက်ထွက်တာလား? တောင်သူတွေအတွက်ထွက်တာလား? သို့လော သို့လောပေါ့။

သတင်းတွေနဲ့ ထင်မြင်ချက်တွေက အစုံပါပဲ ဒါပေမယ့် ထင်တာနဲ့ တကယ်လုပ်တာနဲ့က ကွဲပြန်ပါတယ်။ အကြိမ်ကြိမ် သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်း ထုံးစံအတိုင်း အရာမရောက်ထပ်ဖြစ်ရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးဆိုတာက ပြည်သူတွေအတွက်လည်း မဟုတ်ပါဘူး၊ တောင်သူတွေအတွက်လည်း မဟုတ်ပါဘူး၊ နောက်ဆုံးအဆင့် ပါတီဝင်တွေအတွက်လည်း မဟုတ်ပါဘူး။ ယုတ်စွအဆုံး မြန်မာနိုင်ငံသား တစ်ယောက်အတွက်တောင် မဟုတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံကို ကျွန်ပြုခဲ့တဲ့ ဗြိတိလျှနိုင်ငံသား အဲရစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂလန်မှာ နေတုန်းက ရလာတဲ့ သား ကမ်အဲရစ်အတွက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်က မြန်မာ့အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေးပါ၊
ဗိုလ်ချုပ်ရဲ့မျိုးဆက်တွေကို ခင်တွယ်သူအားလုံး ထိုင်ကန်တော့သင့်တယ်

ဒေါ်အောင်ဆန်းစုကြည် က ၁၄ နှစ်သမီးကတည်းက မြန်မာနိုင်ငံကို ခြေစုံကန်ပြီး ထွက်သွားခဲ့ပါတယ်။ ၁၉ နှစ်မှာတော့ သူနဲ့ လက်ထပ်မယ့် ဗြိတိလျှနိုင်ငံသား မိုက်ကယ်အဲရစ် ရှိတဲ့ အင်္ဂလန်ကို လိုက်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုတော့ ပြန်ဖို့ စိတ်ကူး မပေါ်ခဲ့ပါဘူး။ မြန်မာနိုင်ငံကို ကျွန်ပြုခဲ့တဲ့ ဗြိတိလျှတွေကြားမှာ လန်းချင်တိုင်းလန်း ကဲချင်တိုင်းကဲနေခဲ့ပါတယ်။ ၂၇ နှစ်ရောက်ချိန်မှာတော့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်ခဲ့ပါတယ်။ မြန်မာမြေကို ပြန်မလာချင်ရုံမျှမက မြန်မာယောက်ျားကိုတောင် လက်မထပ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ၂၇ နှစ်ဆိုတာ စိတ်လိုက်မန်ပါ ဆုံးဖြတ်တတ်တဲ့ မိုက်ရူးရဲဆန်တဲ့အရွယ် မဟုတ်ပါဘူး။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆုံးဖြတ်နိုင်တဲ့အပြင် ကမ္ဘာကျော် ကျောင်းမှာ ပညာသင်ထားသူတစ်ယောက်ဖြစ်လို ပိုပြီးတောင် မှန်မှန်ကန်ကန် စဉ်းစားရွေးချယ်နိုင်ရမှာဖြစ်ပါတယ်။

လင်ယူ သားမွေးဖို့၊ ပျော်ဖို့ပါးဖို့ပဲ စိတ်ဝင်စားတယ်၊ မြန်မာနိုင်ငံတော့ အသက် ၄၀ ကျော်မှ ပြန်တော့မယ်

အဲ့ဒီချိန်တုန်းက မြန်မာနိုင်ငံ၊ ဖေဖေတည်ထောင်ခဲ့တဲ့ နိုင်ငံ၊ မြန်မာပြည်သူ ဆိုတာကို ဘာကြောင့်များ သတိမရတာလဲ ဆိုတာ စဉ်းစားစရာပါပဲ။ အဲ့ဒီချိန်ထိ ဒေါ်စု ဘာနိုင်ငံရေးမှ မလုပ်ခဲ့ပါဘူး။ ကိုယ့် အတ္တ၊ ကိုယ့်ဆန္ဒနဲ့ တဏှာ က လွဲပြီး ဘာကိုမှ ဦးစားမပေးခဲ့ပါဘူး။ အဲ့လိုနဲ့ပဲ ယောင်္ကျားယူပြီး ၂ နှစ်မှာ ခလေး တစ်ယောက် စပြီး ရတော့တာပါပဲ။ အဲ့ဒီနောက် ၂ နှစ်မှာ နောက်တစ်ယောက်။ နိုင်ငံရေး လုပ်ဖို့ အစီစဉ်ရှိတယ်၊ နိုင်ငံရေးကို နားလည်တယ်ဆိုရင် အဲ့ဒီချိန်ကတည်းက အပျိုကြီး လုပ်လို့ရပါသေးတယ်။ နိုင်ငံခြားသားကို မယူချင်လို့ အပျိုကြီးလုပ်နေတဲ့ မြန်မာအမျိုးသမီးတွေ တစ်ပုံကြီးရှိပါတယ်။ လုံးဝ ယောင်္ကျားမယူပဲ မနေနိုင်လို့ ယူမယ်ပဲထားအုံး အစ်ကို ဦးအောင်ဆန်းဦး လို မြန်မာ ကိုပဲ ပြန်ယူသင့်ပါတယ်။

ဒေါ်စု အသက် ၄၃ နှစ်မှာ မှ မြန်မာနိုင်ငံကို စ ပြီး ပြန်လာတာပါ။ ဒါတောင် အမေ နေမကောင်းလို့ပါ။ ဒေါ်ခင်ကြည်သာ ခုချိန်ထိ ကျန်းမာနေပါက ဒေါ်စု တစ်သက်လုံး ပြန်လာမှာမဟုတ်ပါဘူး။ အဲ့ဒီချိန်မှ မြန်မာ့နိုင်ငံရေးကို စပြီး လုပ်ခဲ့ပါတယ်။ နိုင်ငံရေးဆိုတာ လူသားတိုင်းနဲ့ ဆိုင်တယ် ဆိုတဲ့ လူက နိုင်ငံရေးကို ၄၃ နှစ်မှ စလုပ်တာ အံ့သြစရာဖြစ်နေပါတယ်။ အရင်ကတည်းက ကိုယ့်စိတ်ကို အလိုလိုက်ခဲ့သူ၊ မြန်မာနိုင်ငံကို အသက် ၄၃ နှစ်အထိ မေ့ထားပြီး မြန်မာမဟုတ်တဲ့ ယောင်္ကျားတွေ၊ သားတွေနဲ့ မြန်မာမဟုတ်တဲ့ နိုင်ငံ မှာ ကြည်နူးပျော်ရွှင်နေခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသားတွေနဲ့ပျော်နေလိုက်တာ အသက် ၄၃ နှစ်မှ မြန်မာပြည်ပြန်ဖြစ်တော့တယ်

ခုလည်း အကျယ်ချုပ်က လွတ်တာ ရ လ ရှိပြီ ဘာမှမထူးခြားလို့ စိတ်ပျက်နေသူများက ခရီးထွက်မယ်ဆိုလို့ မြန်မာနိုင်ငံသားတွေ၊ မြန်မာပြည်သူတွေနဲ့ မြန်မာတောင်သူလယ်သားမား၊ အလုပ်သမားတွေနဲ့ ပါတီဝင်များ အတွက်လား မျှော်လင့်နေကြပေမယ့် တကယ်တမ်းကျတော့ မြန်မာစကားကောင်းကောင်နားမလည်သလို၊ မြန်မာလို ကောင်းကောင်းမပြောတတ်တဲ့ သူနဲ့ မိုက်ကယ်အဲရစ် ရထားတဲ့ ကပြားကို စကားပြန်လုပ်ဖို့ ပုဂံကို ခရီးထွက်ပါမယ်တဲ့။ ကဲ ပြောလိုက်ရင်တော့ တွံတေးသိန်းတန် ပါပဲ ဆိုလိုက်ရင်တော့ ချိုမိုင်မိုင်ကကို မတတ်သေးပါဘူး။ အသက် ၆၂ နှစ်ဆိုတာ အဖွားခေါ်ရမယ့် အရွယ်ဆိုပေမယ့် အသက် ၈၀ ကျော်တွေ စုနေတဲ့ NLD မှာတော့ ငယ်သေးတယ် လို့ပြောလို့ရပါတယ်။ ခုမှတော့ မထူးတော့ဘူး ချိုမိုင်မိုင်ဆိုတော့လည်း ထုံးစံအတိုင်း လိုက်ပြီးချိုမိုင်မိုင်လိုက်ကြပါအုံး။


ချိုမိုင်မိုင် လက်သီး


လင်ရှိမယား အင်ကြင်းနိုင်ကို ကြာကူလီတဲ့ စိုင်းသိန်းဝင်း နှဲ့ လင်ရှိမယား ငယ်နိုင်ကို ကြာကူလီတဲ့ မိုးသွေးငယ်အတွက်


ရှေးကပြုဖူး ကုသိုလ်ထူးကြောင့်
မိ၊ ဖသွေးသား ရောစပ်ငြား၍
ရတောင့်ခဲလှ လူ့ဘ၀ကား
လူနှင့်နတ်ရွာ အပ်နှစ်စင်းမှာ
ထိပ်ချင်းထိဖို့ ခဲယဉ်းသည်
ထိပြန်သော်ငြား ဒုလ္လဘတရား
ငါးပါးဖြစ်ဖို့ ရခဲသည်။


မိ၊ ဖသွေးသား ထောက်ပံ့ငြားလည်း
ကံ၊ ကံအကျိုး ထိုနှစ်မျိုးဖြင့်
ကျား၊ မဘာဝ ကွဲပြားရသော်
ကျားသဘာဝ ပုရိသကား
ဣတ္ထိထိုထက် ဆင့်တန်းမြတ်၍
စိတ်ဓာတ်သတ္တိ အပြည့်ရှိသည်။


သို့ပါသော်ငြား ပေါင်းသင်းမှား၍
ကျူးလွန်ဖောက်ပြား စိတ်ဓာတ်များက
ဒု သ န သော ငရဲကြောဝယ်
သုံးသောင်းနှစ်ကြာ တစ်ကြိမ်ပေါ်လာပြီး
ကျိုက်ကျိုက်ဆူဝေ ခံနေစေကာ
တစ်ဖန်လူ့ဘ၀ ရပြန်ကလည်း
နှစ်မဲ့သစ်ပင် ဆံမဲ့စပါးလို
နပုံးပဏ္ဍုတ် အနေစုတ်ဖြင့်
ယုတ်နိမ့်မိန်းမ ဘ၀ပြန်ရောက်
ဝိပါတ်ထောက်၍ တိရစ္ဆာန်တစ်ဖန်ကား
သင်းကွပ်ထားသည်
ပြစ်ဒဏ်ခံရများလိမ့်မည်။


ထို့ကြောင့် ကြင်သူ
မိတ်ဆွေဟူသည် ယနေ့မှစ
မယားရှိငြား မ၀င်စားနှင့်
လင်ရှိမယား မပြစ်မှားနှင့်
သားပျို၊ သမီးပျို မဆွယ်လိုနှင့်
ကာမေသုကံ ထိုတစ်တန်ကို
စက်ဆုပ်ရွံရှာ မုန်းတီးစွာဖြင့်
ရှောင်နိုင် သာ၍ ကောင်းလှသည်။

မိဿမင်းသမီး


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ